၁၉ ဇန်န၀ါရီ ၂၀၀၉
မြန်မာနိုင်ငံမှ နာဂစ်မုန်တိုင်းဒဏ်ထိသူများအား လုံးဝနာလန်ထူအောင် ပြန်လည်ထူထောင်ရေး လုပ်ရမည်ဆို လျှင် (၄) နှစ်ခန့်ထိ အချိန်ယူရနိုင်သည်ဟု ကုလသမဂ္ဂအရာရှိတဦးက ပြောသည်။
အကူအညီငွေ ရသည့်အတိုင်းအတာပေါ် မူတည်ပြီး နာဂစ်မုန်တိုင်းဒဏ်ထိသူများအား လုံးဝနာလန်ထူ အောင် ပြန်လည်ထူထောင်ရေးမှာ (၃) နှစ်မှ (၄) နှစ်ထိ ကြာနိုင်သည်ဟု ကုလသမဂ္ဂ ဌာနနေကိုယ်စားလှယ် လည်းဖြစ်၊ လူမှုရေးညှိနှိုင်းမှုတာဝန်ခံလည်းဖြစ်သူ Bishow Parajuli က ရန်ကုန် IRIN ကုလသတင်းဌာနသို့ ပြောသည်။
၂၀၀၉ ဧပြီလထိ နာဂစ် အရေးပေါ်ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး ရန်ပုံငွေ အမေရိကန် ဒေါ်လာ (၄၇၇) သန်း လိုမည်ဖြစ်ကြောင်း ကုလသမဂ္ဂအဖွဲ့ (၁၃) ဖွဲ့နှင့် အန်ဂျီအို (၂၃) ခုကိုယ်စား ကုလသမဂ္ဂက ပြီးခဲ့သည့် ဇူလိုင်လအတွင်း မေတ္တာရပ်ခံခဲ့ရာ တောင်းခံငွေ၏ (၆၄) ရာနှုန်းသာ ရရှိသေးသည်။
REF: ခေတ်ပြိုင်


0 comments:
Post a Comment