Saturday, March 26, 2011

ဂျပန်တွေရဲ့ စွမ်းပကား ဒေါ်အောင်ဆန်းစုကြည် ဂုဏ်ပြုပြောကြား

2011-03-26

ဂျပန်နိုင်ငံမှာ မတ်လ ၁၁ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ မြေငလျင်နဲ့ ဆူနာမီ ရေလှိုင်း နောက်ဆက်တွဲ အနုမြူ ဓာတ်အားပေးစက်ရုံ ပေါက်ကွဲမှု အန္တရာယ်တွေဟာ ကြီးမားလှတာ မှန်ပေမယ့် ဂျပန်နိုင်ငံသားတွေရဲ့ တုန့်ပြန် ရင်ဆိုင်နိုင်တဲ့ စွမ်းပကားက ပိုမို ကြီးမားလှပါတယ်လို့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က RFA ကို ပြောကြားလိုက်ပါတယ်။


RFA က ထုတ်လွှင့်နေတဲ့ အမေးအဖြေကဏ္ဍ အတွက် ဖြေကြားခဲ့ရာမှာ ဂျပန်နိုင်ငံက ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ မြန်မာနိုင်ငံသားတွေ ပါဝင် ကူညီနေကြတဲ့အတွက် ဝမ်းသာ အားရပါကြောင်းနဲ့ ပြည်တွင်းပြည်ပ NLD အဖွဲ့ဝင်တွေကလည်း တတ်အားသမျှ ပါဝင် ကူညီမှာဖြစ်ကြောင်း၊ ပြည်တွင်း NLD အဖွဲ့ဝင်တွေအနေနဲ့ ရုပ်ပိုင်းဆိုင်ရာအရ မကူညီနိုင်ပေမယ့် ကရုဏာထား စာနာကြောင်း ပြသတဲ့အနေနဲ့ ဆူနာမီနဲ့ ပတ်သက်တဲ့ ကဗျာတွေ စုပြီး ပို့ဖို့ စီစဉ်နေကြောင်း၊ နိုင်ငံခြားမှာရှိတဲ့ NLD လွတ်မြောက်နယ်မြေ အဖွဲ့ဝင်တွေက ငွေကြေးစုဆောင်းပြီး ဂျပန်ကိုပို့ဖို့ စီစဉ်နေတယ်လို့လည်း သိရကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။

Ref;RFA

Read More...

အနိမ့်ဆုံးလစာ တိုးပေးဖို့ တောင်းဆို

2011-03-26

နိုင်ငံတကာ အလုပ်သမားတွေ နည်းတူ မြန်မာနိုင်ငံက အလုပ်သမားတွေ အနိမ့်ဆုံး လုပ်ခလစာ ရရှိ အောင် လက်ရှိ စစ်အစိုးရ အနေနဲ့ ပြဋ္ဌာန်းပေး သင့်ကြောင်း ရန်ကုန်မြို့အခြေစိုက် မြန်မာနိုင်ငံ အလုပ်သမား၊ လယ်သမား သွေးစည်းညီညွတ်ရေး အဖွဲ့ချုပ်က မတ်လ ၂၅ ရက် နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။


အရှေ့တောင်အာရှ နိုင်ငံတွေက အလုပ်သမားတွေ အနိမ့်ဆုံးလစာ ဒေါ်လာ ၄ဝ ကျော်ကနေ ၁၇ဝ နီးပါး ရနေချိန်မှာ မြန်မာနိုင်ငံမှာတော့ နိုင်ငံခြားကုမ္ပဏီပိုင် စက်ရုံတွေမှာ လုပ်နေတဲ့ မြန်မာအလုပ်သမားတွေဟာ တလကို အမေရိကန် ဒေါ်လာ ၂ဝ နီးပါးသာ ရကြတာကြောင့် အခုလို စစ်အစိုးရကို တိုက်တွန်းရတာ ဖြစ်ကြောင်း သွေးစည်း ညီညွတ်ရေး အဖွဲ့ချုပ်က ဆိုပါတယ်။

ဒါပေမယ့်လည်း မြန်မာစစ်အစိုးရဟာ မိမိတို့ မြန်မာအလုပ်သမားတွေ ရသင့်ရထိုက်တဲ့ လုပ်ခလစာကို တောင်းပေးရမယ့်အစား နိုင်ငံခြားက လာရောက် ရင်းနှီးမြုပ်နှံတဲ့ ကုမ္ပဏီတွေနဲ့ အကျိုးတူ ပူးပေါင်း လုပ်ကိုင်နေပြီး အလုပ်သမားတွေ အရေးကို လျှစ်လျူရှုထားသလို တွေ့နေရကြောင်း ထောက်ပြထားပါတယ်။

မြန်မာနိုင်ငံတွင်းက နိုင်ငံခြားကုမ္ပဏီပိုင် စက်ရုံ အလုပ်ရုံတွေမှာ လုပ်နေတဲ့ မြန်မာ အလုပ်သမားတွေရဲ့ လုပ်ခလစာဟာ အရှေ့တောင်အာရှမှာ အနိမ့်ဆုံး ဖြစ်နေတယ်လို့ ဆိုပါတယ်။

အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်မှာ အလုပ်သမားတဦးကို အနိမ့်ဆုံးလစာ ၄၃ ဒေါ်လာ၊ ကမ္ဘောဒီးယားမှာ ၆၁ ဒေါ်လာ၊ အင်ဒိုနီးရှားမှ ၁၂၃ ဒေါ်လာနဲ့ တရုတ်နိုင်ငံ ရှန်ဟိုင်း စက်မှုဇုန်မှာ တလ ၁၆၆ ဒေါ်လာ ရကြကြောင်း မြန်မာနိုင်ငံ အလုပ်သမား၊ လယ်သမား သွေးစည်းညီညွတ်ရေး အဖွဲ့ချုပ်ရဲ့ ကြေညာချက်က ဆိုပါတယ်။

မြန်မာအစိုးရသစ်ရဲ့ သမ္မတ လစာဟာ တလကို ကျပ်သိန်း ၅ဝ နဲ့ ကား ခြောက်စီး ခံစားခွင့်ရနေချိန်မှာ မြန်မာ အလုပ်သမားတွေကတော့ တလကို ကျပ်သုံးသောင်း ဝန်းကျင်သာ ရတာကြောင့် ဒီလို ကွာဟမှုမျိုး မဖြစ်သင့်ကြောင်းလည်း ကြေညာချက်မှာ ထောက်ပြထားပါတယ်။

Ref;VOA

Read More...

လုံခြုံရေးကောင်စီရဲ့လစ်ဗျား ဆုံးဖြတ်ချက် ဒေါ်အောင်ဆန်းစုကြည် ထောက်ခံ

2011-03-26

လစ်ဗျားအာဏာရှင် ဗိုလ်မှူးကြီးဂဒါဖီ သြဇာခံ စစ်တပ်တွေရဲ့ ရက်ရက်စက်စက် ချေမှုန်းမှုဒဏ်ကို ခံနေရတဲ့ လစ်ဗျားပြည်သူတွေကို ကယ်တင်ဖို့ နိုင်ငံတကာတပ်ဖွဲ့တွေ စစ်ရေးအရ ဝင်ရောက်နိုင် ရေးအတွက် ပြီးခဲ့တဲ့ မတ်လ ၁၇ ရက်နေ့မှာ လုံခြုံရေးကောင်စီက ဆုံးဖြတ်ချက်အမှတ် ၁၉၇၃ ကို ချမှတ်ခဲ့တာဟာ သင့်တော်တဲ့လုပ်ရပ် ဖြစ်တယ်လို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုလိုက်ပါတယ်။


RFA က အပတ်စဉ် ထုတ်လွှင့်နေတဲ့ လူထုနဲ့ ‘ဒေါ်အောင်ဆန်းစုကြည် အမေးအဖြေ’ ကဏ္ဍအတွက် အဖြေစကားတွေကို သောကြာနေ့က ကြိုတင်ပြီး ရရှိခဲ့ရာမှာ ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ သဘောထားကို အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

တဆက်တည်းမှာပဲ မြန်မာစစ်အစိုးရကို လုံခြုံရေးကောင်စီက အလားတူ အရေးယူနိုင်မယ့် အလားအလာနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့တာကိုတော့ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး အတွက် လုံခြုံရေးကောင်စီအနေနဲ့ အားပေးတဲ့ ဆုံးဖြတ်ချက်မျိုးကို မိမိလိုလားကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

အမျိုးသား ရင်ကြားစေ့ရေး ရရှိမှသာလျှင် စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မှာ ဖြစ်တဲ့အတွက် ရေရှည်အတွက် အားပေး ဆောင်ရွက်သင့်တယ်ဆိုတဲ့ အချက်ကို လုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေ အားလုံး သဘောပေါက်အောင် စည်းရုံး ပြောဆိုနိုင်ရင် ကောင်းမွန်မှာဖြစ်ကြောင်း၊ အဲဒီလို လိုက်လျောမှုမျိုး ရရှိဖို့ဆိုတာ လွယ်ကူမှာ မဟုတ်ပေမယ့်လည်း ဖြောင်းဖြတိုက်တွန်းတဲ့ နည်းအပါအဝင် နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်းကြဖို့ လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

Ref;VOA

Read More...

ရှမ်းပြည်အရှေ့ပိုင်းငလျင် သေဆုံးသူ ၁၅၀ အထိ မြင့်တက်နိုင်

ဝေမိုး
26 March 2011

ရှမ်းပြည်အရှေ့ပိုင်းတွင် မတ်လ ၂၄ ရက်နေ့၌ လှုပ်ခတ်သွားသော အားပြင်းငလျင်နှင့် နောက်ဆက်တွဲ ငလျင်များကြောင့် သေဆုံးသူ အနည်းဆုံး ၁၅၀ အထိ မြင့်တက်နိုင်ပြီး ကူညီကယ်ဆယ်ရေး လုပ်ငန်းများပိုမိုလုပ်ဆောင်ရန် လိုအပ်နေသေးကြောင်း သိရသည်။

ပြင်းအားအဆင့် ၇ ရှိ ငလျင်ကြောင့် သေဆုံးသူ ၇၃ ဦးရှိကြောင်း စစ်အစိုးရ မီဒီယာများက ဖော်ပြထားသော်လည်း မတ်လ ၂၅ ရက်နေ့အထိ နောက်ဆက်တွဲ လှုပ်ခတ်နေသော ငလျင်ငယ်များကြောင့် သေဆုံးသူအရေအတွက် ထပ်တိုးလာနိုင်ကြောင်း ကူညီ ကယ်ဆယ်ရေး ဆောင်ရွက်နေသော ဒေသခံများက ပြောသည်။

“ကြာသပတေးနေ့ ငလျင်နဲ့ သောကြာ နေ့တွေမှာ ဆက်ဖြစ်နေတဲ့ နောက် ဆက်တွဲ ငလျင်တွေကြောင့် တာလေ နဲ့မိုင်းလင်းလို ငလျင်ဒဏ် အဆိုးဆုံးထိတဲ့ နေရာတွေမှာ အနည်းဆုံး လူ ၁၅၀ လောက် သေနိုင်တယ်” ဟု တာချီလိတ်မြို့မှ ဒေသခံ ကြက်ခြေနီ အဖွဲ့ဝင်တဦးက ပြောသည်။

“ပြိုကျ ပျက်စီးနေတဲ့ နေရာတွေမှာ ကူညီကယ်ဆယ်ရေး အလုပ်သမားတွေနဲ့ ဒေသခံတွေက ဆက်ရှာနေတုန်းပါ။ လေ့ကျင့်ပေးထားတဲ့ အနံ့ခံခွေးတွေလို အပါအဝင် ကိရိယာစုံစုံလင်လင် မရှိတာနဲ့ အတွေ့အကြုံ မရှိကြတာရယ်ကြောင့် အခက်အခဲတွေ အများကြီးတွေ့ရပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

ထိုင်း-မြန်မာ နယ်စပ်မှ ဒေသခံများနှင့် ထိုင်းနယ်စပ်မြို့ မယ်ဆိုင်မှ ဒေသခံများက ငလျင်ဒဏ်ခံရသူများအတွက် အစားအသောက်နှင့် အထောက်အပံ့ပစ္စည်းများ စုဆောင်းပေးပို့နေကြောင်း၊ ရှမ်းပြည်နယ်ရှိ တခြားမြို့နယ်များမှလည်း အလှူငွေများနှင့် ကူညီကယ်ဆယ်ရေးသမားများ ပေးပို့စေလွှတ်နေကြောင်း သိရသည်။

တာချီလိတ် မြို့ခံတဦးက “ငလျင်ဒဏ်ခံရသူတွေအတွက် ကျနော်တို့ ဆန်၊ သောက်ရေနဲ့ စောင်တွေကို စုဆောင်းတယ်။ တာလေနဲ့ မိုင်းလင်းကို ပို့တယ်” ဟု ပြောသည်။

ဒေသခံများနှင့် ကူညီကယ်ဆယ်ရေးသမားများက သေဆုံးသူ ၁၅၀ အထိ ရှိနိုင်သည်ဟု ဆိုသော်လည်း စစ်အစိုးရ မီဒီယာများက ယမန်နေ့က ကြေညာချက်အတိုင်း ယနေ့ နေ့လည်အထိ သေဆုံးသူ ၇၃ ဦးနှင့် ဒဏ်ရာရသူ ၁၂၅ ဦးဟု ထုတ်လွှင့်ဆဲ ဖြစ်သည်။

စစ်အစိုးရ သတင်းစာများတွင်လည်း ငလျင်ဘေးနှင့် ကူညီကယ်ဆယ်ရေး သတင်းထက် မနက်ဖြန် ကျရောက်မည့် တော်လှန်ရေးနေ့ဆိုင်ရာ ဝါဒဖြန့်ကိစ္စများကိုသာ ဦးစားပေး ဖော်ပြထားသည်။

သတင်းစာ ကျောဖုံးနှင့် အတွင်းပိုင်းတွင် တာချီလိတ်မြို့၊ တာလေမြို့၊ နားယောင်းရွာ၊ မိုင်းလင်းရွာနှင့် မိုင်းကိုး ကျေးရွာအုပ်စု၊ ကျကူနီရွာတို့တွင် စုစုပေါင်း အိမ်ခြေ ၂၂၄ လုံးနှင့် ခြောက်ခန်းတွဲ လူနေလိုင်းခန်း ၁ ခု၊ သာသနိက အဆောက်အအုံ ၁၁ ခုနှင့် ဌာနဆိုင်ရာ အဆောက်အအုံ ၉ လုံး ပြိုကျပျက်စီးကြောင်း၊ ငလျင်ဒဏ်ခံဒေသသို့ ကာကွယ်ရေး ဝန်ကြီးဌာနမှ ဗိုလ်ချုပ် အောင်သန်းထွဋ်နှင့် တြိဂံဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထွန်းဦးတို့ သွားရောက်ကြည့်ရှုစစ်ဆေးကြောင်း ဖော်ပြထားသည်။

စစ်အစိုးရ၏ ကူညီကယ်ဆယ်ရေး တုံ့ပြန်မှုများနှင့် ပတ်သက်၍ နိုင်ငံ တကာ NGO တခုမှ မြန်မာဝန်ထမ်း တဦးက “ရှမ်းပြည်မှာ အခု ငလျင် လှုပ်တဲ့ ကိစ္စအပေါ် အစိုးရတဲ့ တုံ့ပြန်ပုံကိုမြင်တော့ နာဂစ် ဆိုင်ကလုန်းတုန်းက အခြေအနေ ကိုသွားသတိ ရတယ်။ လူတွေ ဒုက္ခရောက်နေတုန်း စစ်ဗိုလ်ချုပ်တွေက ဓာတ်ပုံလာအရိုက်ခံပြီး ဝါဒဖြန့်နေတယ်” ဟု ပြောသည်။

နေပြည်တော်တွင် ကျင်းပနေသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ငလျင်ကြောင့် ထိခိုက်ဆုံးရှုံးမှုများအတွက် လွှတ်တော်မှ ဝမ်းနည်းကြောင်း အဆိုကို ယမန်နေ့က အတည်ပြုကြသည်။ သို့သော် ယင်းဝမ်းနည်းကြောင်းအဆိုကို လွှတ်တော် ဥက္ကဋ္ဌက အတည်ပြုကြောင်းကြေညာရာ လွှတ်တော်ကိုယ်စားလှယ်များက လက်ခုပ်တီး ကြသဖြင့် စစ်အစိုးရရုပ်သံမှ စောင့်ကြည့်နေသူများနှင့် မီဒီယာတချို့က ဝေဖန်ခဲ့ကြသည်။

လွှတ်တော်သို့ တက်ရောက်နေသော ကိုယ်စားလှယ်တဦးက “ပုံမှန်ကတော့ လွှတ်တော်မှာ အတည်ပြုလိုက်တယ်၊ မှတ်တမ်းတင်လိုက်တယ်လို့ ကြေညာရင် လက်ခုပ် ထတီး လိုက်ကြတာပါပဲ။ အခုက ငလျင်အတွက် ဝမ်းနည်းကြောင်း အတည်ပြုတာကိုလည်း လက်ခုပ်တီးရမယ်ထင်ပြီး တီးလိုက်မိတာပဲ” ဟု ပြောသည်။

တရုတ်သမ္မတ ဟူကျင်တောင်က သမ္မတလောင်း ဦးသိန်းစိန်ထံသို့ ဝမ်းနည်းကြောင်း သဝဏ်လွှာပို့ခဲ့ကြောင်း ဆင်ဟွာသတင်းက ဖော်ပြသည်။

ရှမ်းပြည်အရှေ့ပိုင်း ငလျင်ကြောင့် တရုတ်အနောက်တောင်ပိုင်း ယူနန်ပြည်နယ်တွင်လည်း လူပေါင်း ၆၅၀၀ ကျော် ထိခိုက်ခံစားရမှု ရှိခဲ့ကြောင်းလည်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။ မြန်မာစစ်အစိုးရကမူ ငလျင်ဒဏ်ခံရမှုများနှင့် ပတ်သက်၍ ဒေသအတွင်း လူမည်မျှ ထိခိုက်ခဲ့မှုရှိကြောင်း မကြေညာနိုင်သေးပေ။

Ref;Irrawddy

Read More...

ထိုင်းနယ်စပ်မှ မြန်မာဘက်သို့ ဓာတ်ဆီတင်ပို့မှု ၂ ဆ မြင့်တက်

26 March 2011

မြန်မာနိုင်ငံတွင် ဓာတ်ဆီဈေးနှုန်းများ အဆမတန် မြင့်တက်မှုကြောင့် ထိုင်းနယ်စပ်မှတဆင့် တရားမ၀င် ဓာတ်ဆီတင်ပို့မှုမှာ ယခင်ကထက် ၂ ဆ တိုးလာကြောင်း သိရသည်။

ဓာတ်ဆီကို ထိုင်း-မြန်မာနယ်စပ် မဲဆောက် မြို့မှတဆင့် တင်ပို့ခြင်းဖြစ်ပြီး မြန်မာ ဘက်ခြမ်း မြ၀တီမြို့သို့ တရက်ခြား ဓာတ် ဆီလီတာ ၄ သိန်းကျော်ကို ဒေသခံ အာဏာပိုင်များနှင့် နားလည်မှုယူကာ တင်သွင်းနေကြသည်ဟု မြန်မာကုန်သည် များက ပြောသည်။

မြန်မာကုန်သည်ကြီးတဦးက “မဲဆောက်ကနေတဆင့် မြ၀တီဘက်ကို အရင်က ဓာတ်ဆီသွင်းတာ တရက်ခြား လီတာ ၂ သိန်းကျော်ကနေ ဒီလဆန်းကစပြီး တရက်ခြား လီတာ ၄ သိန်းကျော် သွင်းနေရတယ်။ ဒီလိုအချိန်က ဆီကုန်သည်တွေ အလုပ်ဖြစ်သလို ဆီတင်သွင်းခွင့်ရထားတဲ့ မြန်မာဘက်က အဖွဲ့အစည်းတွေလည်း အရင်ထက်ကို အလုပ် ပိုဖြစ်ကြတယ်” ဟု ဧရာဝတီသို့ ပြောသည်။

မြန်မာဘက်မှ ဓာတ်ဆီအပါအ၀င် စက်သုံးဆီများကို နားလည်မှုဖြင့် တင်သွင်း ခွင့်ရရှိသည့်အဖွဲ့များမှာ ကရင်နယ်ခြားစောင့်တပ်ဖွဲ့၊ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) ၉၉၉ တပ်မှ ဗိုလ်ချစ်သူအဖွဲ့၊ မြန်မာစစ်တပ် အပါအ၀င် တခြားအာဏာပိုင် အဖွဲ့အစည်းများ၏ သက်သာချောင်ချိရေး ရံပုံငွေအတွက် အမည်ခံ ဆောင်ရွက်ပေးသည့် လုပ်ငန်းရှင်များနှင့် ကုန်သည်ကြီးများဖြစ်သည်ဟု သိရ သည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှတဆင့် တစီးလျှင် ဓာတ်ဆီလီတာ ၄ သောင်း ပါရှိသည့် ၂၂ ဘီးတပ် ဆီတင်ကားများဖြင့် မဲဆောက်-မြ၀တီနယ်စပ်မျဉ်းအထိ ထိုင်းလောင်စာဆီ ကုမ္ပဏီများက လာရောက် ပို့ဆောင်ပေးခြင်းဖြစ်သည်ဟု ကုန်သည်တဦးက ပြောသည်။

ထိုင်းဘက်အခြမ်း နယ်စပ်မျဉ်းအနီး ရောက်ရှိလာသည့် ဓာတ်ဆီများကို နှစ်နိုင်ငံ ချစ်ကြည်ရေး တံတား မြောက်ဘက် ထာ့အာရွာရှိ လှေဆိပ်ကြီး ၃ ခုမှတဆင့် နယ်ခြားသောင်ရင်းမြစ်ကို ဖြတ်ကျော်ကာ ယာယီသွယ်တန်းထားသည့် ဆီပိုက်များကို အသုံးပြု၍ မြန်မာဘက်ခြမ်းရှိ ဆီလှောင်ကန်များသို့ တင်ပို့ကြခြင်းဖြစ်သည်။

ဘန်ကောက်မှတဆင့် မြ၀တီဘက်သို့ ဓာတ်ဆီလာရောက်ပို့ဆောင်သည့် ဆီလီတာ ၄ သောင်းဆံ့ ဆီတင်ကားများမှာ တရက်ခြားပုံမှန် အစီးရေ ၁၀ စီးမှ ၁၂ စီးအထိရှိကြောင်း၊ ချစ်ကြည်ရေးတံတား တောင်ဘက်ရှိ အမှတ် ၆ လှေဆိပ်မှတဆင့် မြန်မာဘက်သို့ တင်ပို့မှုများလည်း ရှိကြောင်း သိရသည်။

လက်ရှိ မဲဆောက်နယ်စပ်မှတဆင့် မြ၀တီသို့တင်ပို့နေသည့် ဓာတ်ဆီများမှာ ထိုင်းကုမ္ပဏီများက ပြည်ပမှတဆင့် တင်သွင်းလာသည့် အဆင့်မြင့်ဓာတ်ဆီများဖြစ်ပြီး ၎င်းဆီများကို မဲဆောက်အပါအ၀င် တာ့ခ်ခရိုင်အတွင်း တလီတာလျှင် ယနေ့ပေါက်ဈေး ၄၂.၉၅ ဘတ်ဖြင့် ရောင်းချလျှက်ရှိသည်။ ယမန်နေ့က မဲဆောက်နယ်စပ်ရှိ မြန်မာငွေ ပေါက်ဈေးမှာ ကျပ် ၁၀၀ လျှင် ထိုင်း ငွေ ၃.၄၂ ဘတ် ဖြစ်သည်။

မဲဆောက်တွင် ဓာတ်ဆီဆိုင်ဖွင့်ထားသည့် ကိုမင်းမင်းက ဓာတ်ဆီ ၁ ဂါလံလျှင် ၅ လီတာ ရှိပြီး ယနေ့ ရန်ကုန်မြို့၏ ပြင်ပဓာတ်ဆီဈေးနှုန်းမှာ တဂါလံလျှင် ကျပ် ၄၆၀၀ ရှိပြီး ယခင်လဆန်းက ပြင်ပပေါက်ဈေးမှာ ကျပ် ၄၀၀၀ ခန့်သာရှိသည်ဟု ပြောသည်။

မြ၀တီဘက်သို့ တင်သွင်းရန် ဘန်ကောက်ရှိ ဓာတ်ဆီကုမ္ပဏီများမှ နယ်စပ်အထိ လာရောက် ပို့ဆောင်ပေးသည့် ဓာတ်ဆီဈေးနှုန်းများမှာ ထိုင်းနိုင်ငံအတွင်း တရား ၀င်ရောင်းချနေသည့် ဈေးနှုန်းထက် သက်သာကြောင်းလည်း မြန်မာဆီ ကုန်သည်များက ပြောသည်။

ထိုင်း-မြန်မာနယ်စပ်၏ အကြီးဆုံး ကုန်သွယ်ရေးစခန်းဖြစ်သည့် မဲဆောက်-မြ၀တီ နယ်စပ်ကုန်သွယ်ရေးကို မြန်မာဘက်က လုံခြုံရေးအကြောင်းပြချက်ဖြင့် ယမန်နှစ် ဇူလိုင်လမှစတင်၍ ပိတ်ထားခဲ့သည်။

ထိုသို့ ပိတ်ပင်ထားသော်လည်း ဒေသခံအာဏာပိုင်များနှင့် နားလည်မှုယူကာ ကုန်သည်များက ထိုင်းကုန်ပစ္စည်းများကို ညဘက်တွင် မြ၀တီဘက်သို့ တင်ပို့လျှက်ရှိရာ ထိုင်းနိုင်ငံမှ တရားမ၀င် တင်သွင်းသည့် ဓာတ်ဆီနှင့် ဂျပန်နိုင်ငံမှတဆင့် တင်သွင်းသည့် တပတ်ရစ်ကားများမှာ အရေအတွက် အများဆုံး ဖြစ်သည်။

Ref;Irrawaddy

Read More...

ကမ္ဘောဇ လေကြောင်းလိုင်းသစ် မကြာမီ ပြေးဆွဲမည်

25 March 2011

ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးနှင့် နီးစပ်သူဟု လူသိများသော ကမ္ဘောဇ ဘဏ်ပိုင်ရှင် ဦးအောင်ကိုဝင်း တည်ထောင်သည့် ကမ္ဘောဇ (KBZ)လေကြောင်းလိုင်းသည် လာမည့် ဧပြီလ ၁ ရက်နေ့မှ စတင်ပြီး လေယာဉ်သစ်များဖြင့် မြန်မာနိုင်ငံ တ၀န်းရှိ မြို့များသို့ ခရီး စဉ်များ စတင်ပြေးဆွဲမည်ဖြစ်ကြောင်း KBZ လေကြောင်းလိုင်းက ပြောသည်။


KBZ လေကြောင်းလိုင်းကို ထူထောင်ခြင်းသည် တရားဝင်စီးပွားရေးလုပ်ငန်းများမှ ရရှိထားသော ငွေကြေး များကို အသုံးပြု တည် ထောင်ခြင်းဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း(MAI)နှင့် ဆက်စပ်သော လေကြောင်းလိုင်း လုပ်ငန်းတခု ပင်ဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူက ရှင်းပြသည်။ MAI ၏ အစုရှယ်ယာအများစု ကို ကမ္ဘောဇ ဘဏ်အုပ်စုက ပိုင်ဆိုင် ထားကြောင်း သိရသည်။

မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)မှ စီးပွားရေးသမား တဦးကမူ KBZ လေကြောင်း လိုင်း ထပ်မံပေါ်ထွက်လာခြင်းသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်သော စီးပွားရေးအုပ်စုနှင့် ဒု ဗိုလ်ချုပ်မှူးကြီး မောင် အေး ဦးဆောင်သော စီးပွားရေးအုပ်စုများအကြား အားပြိုင်မှု အရှိန် မြင့်မားလာခြင်းဖြစ်သည်ဟု ပြောသည်။

“ဦးသန်းရွှေရဲ့လူလို့ လူသိများတဲ့ ဦးတေဇက အဲပုဂံနဲ့ Asian Wings လေကြောင်းလိုင်းနှစ်ခု ပိုင်ထားတယ်။ ဦးမောင်အေး ရဲ့ လူ လို့ လူသိများတဲ့ ဆရာကျောင်း(ဦးအောင်ကိုဝင်း)ကလည်း MAI နဲ့ KBZလေကြောင်းလိုင်း နှစ်ခု ပိုင်ဆိုင်လာပြီ။ ဦးမောင်အေး ရဲ့ ခမည်းခမက် ဦးအောင်သောင်းရဲ့သား ပြည်အောင်၊ နေအောင်တို့ရဲ့ IGE စီးပွားရေးအုပ်စုကလည်း စီးပွားရေးသြဇာချဲ့ဖို့ ကြိုးစား နေ တယ်။ ဦးထွန်းမြင့်နိုင်၊ ဦးဇော်ဇော် လို နာမည်ကြီး စီးပွားရေးသမားတွေကလည်း သူ့တို့ ပိုင်ရာဆိုင်ရာတွေနဲ့စီးပွားရေးအင်အားစု တွေ ထူထောင်နေကြတာဆိုတော့ သိပ်မကြာခင် အစိုးရသစ်လက်ထက်မှာ စီးပွားရေးပြိုင်ဆိုင်တာတွေ ရေချိန် တက်လာမယ်။ စီးပွားရေး အင်အားစုတွေကို အခြေခံပြီး နိုင်ငံရေးအရ ပါဝါပြိုင်တာတွေလည်း မြင်လာရမယ်”ဟု UMFCCI မှ ဗဟို အလုပ်အမှုဆောင် တဦးက ဆိုသည်။

နေပြည်တော်စစ်ဘက် အသိုင်းအ၀ိုင်း၏ အဆိုအရ နောင်ဖြစ်ပေါ်လာမည့် အစိုးရသစ်အတွက် အရေးကြီးသောရာထူး နေရာများ ဖြစ်သည့် သမ္မတ၊ ဒု သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ် ရာထူးများ ခန့်အပ်တာဝန်ပေးရာတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ အကြား မကျေလည်မှုများ ရှိနေကြောင်း သိရှိရသည်။

မြန်မာနိုင်ငံသည် စီးပွားရေးပိတ်ဆို့မှုများကြောင့် ဖွံ့ဖြိုးတိုးတက်မှုနောက်ကျပြီး ပြည်သူ များ၏ဘ၀ကို ထိခိုက်သည်ဟု စစ်အစိုးရက မကြာခဏ ပြောဆိုလေ့ရှိသော်လည်း ယနေ့ မြန်မာနိုင်ငံတွင် ဒေါ်လာသန်းပေါင်းများစွာချမ်းသာသူ မြောက်မြားစွာရှိနေခြင်းသည် အလွန်အံ့သြဖွယ်ရာဖြစ်ကြောင်း ပြည်တွင်း စီးပွားရေးပညာရှင်တဦးက ပြောသည်။

“ပြည်သူပိုင်အဆောက်အအုံတွေကို အစိုးရက လေလံပစ်တော့ ၀ယ်တဲ့သူတွေက ငွေကျပ် သန်းပေါင်း ငါးသောင်း၊ တသိန်း ပေး ၀ယ်တယ်ဆိုတဲ့ သတင်းတွေ ဂျာနယ်တွေမှာပါလာတယ်။ စီးပွားရေးပိတ်ဆို့နေတဲ့ကြားက မြန်မာတွေ ဒီလောက် ချမ်းသာနေတာ ပဲ ဘာလို့များ စီးပွားရေးပိတ်ဆို့မှုကြောင့် ထိခိုက်ပါတယ်၊ နစ်နာပါတယ် အော်နေသလဲ။ ဘဏ်၊ လေကြောင်းလိုင်း၊ သစ်၊ ကျောက် မျက် တကယ့်ဝင်ငွေကောင်းတဲ့ စီးပွားရေးလုပ်ငန်းတွေကို လုပ်နေတဲ့ သူဌေးတွေ အများကြီးပဲ။ ဒီလူတွေအားလုံးက စစ်အစိုးရနဲ့ပတ်သက်တဲ့ သူတွေချည်းပဲ”ဟု ၎င်းက ပြောဆိုသည်။ ဦးအောင်ကိုဝင်း သည် ကမ္ဘောဇ ဘဏ်လုပ်ငန်း၊ ကျောက်မျက်ရတနာ တူးဖော်ရေးလုပ်ငန်း၊ သစ် လုပ်ငန်း၊ ရွှေ လုပ်ကွက်၊ နီလာရိုးမ စက်သုံးဆီ အရောင်းဆိုင် လုပ်ငန်း အပါအ၀င် စီးပွားရေးလုပ်ငန်းပေါင်း မြောက်မြားစွာလုပ်ကိုင်လျက်ရှိကြောင်း သိရ သည်။

ဦးတေဇ၏ Asian Wings လေကြောင်းလိုင်းသည် ၂၀၁၁ ခုနှစ် ဇန်ဝါရီလ ၂၇ ရက်နေ့တွင် စတင်၍ ပြည်တွင်းခရီးစဉ်များ ဖြစ်သော ရန်ကုန်၊ မန္တလေး၊ ညောင်ဦး၊ ဟဲဟိုး၊ တာချီလိတ်၊ လာရှိုး၊ မြစ်ကြီးနား၊ ကလေး၊ ထားဝယ်၊ မြိတ်၊ ကော့သောင်းမြို့များသို့ ပြေးဆွဲလျက်ရှိပြီး သံတွဲ၊ ခန္တီး၊ ဗန်းမော်၊ ကျောက်ဖြူ၊ စစ်တွေ၊ မော်လမြိုင်၊ မုံရွာ၊ ဟုမ္မလင်း နှင့် လောက်ကိုင်မြို့များသို့ ပြေးဆွဲရန်ပြင်ဆင် နေကြောင်း နီးစပ်သူများက ပြောသည်။

မြန်မာနိုင်ငံ၌ လတ်တလောတွင် အဲမန္တလေး ၊ ရန်ကုန်အဲဝေး ၊ အဲပုဂံ နှင့် အဲကမ္ဘောဇ စသည့် ပုဂ္ဂလိက လေကြောင်းလိုင်း ၄ လိုင်း ရှိနေသည်။

စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်ကြီးများသည် လေကြောင်းလိုင်းများကို ဖွင့်လှစ်ပြေးဆွဲနေသော်လည်း အမေရိကန် ပြည်ထောင်စုနှင့် ဥရောပ သမဂ္ဂ(EU) အဖွဲ့ဝင် နိုင်ငံများ၏ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုကြောင့် လေယာဉ်အပိုပစ္စည်းများ ၀ယ်ယူ ရန် ခက်ခဲသည်ဟု သိရသည်။

Ref;Irrawaddy

Read More...

Uncensored Burma - Daily News ( 2011 Mar, 25)

News on Mar 25 Earthquake

Read More...

ငလျင်ကြောင့် သေဆုံးသူ ၁ဝ၄ ဦးဟု ဒေသခံများ ပြော

ဖနိဒါ
မတ်လ ၂၅ ရက် ၂၀၁၁ ခုနှစ်

ရှမ်းပြည်နယ်အရှေ့ပိုင်း လွယ်မွေကို ဗဟိုပြုခဲ့သော ငလျင်ကြောင့် သေဆုံးသူ ၇၄ ဦး ရှိကြောင်း မြန်မာအစိုးရ ရုပ်မြင်သံကြားက ထုတ်ပြန်ချိန်တွင် မျက်မြင်သက်သေများနှင့် ဒေသခံများကမူ သေဆုံးသူ ၁ဝ၄ ဦး ရှိပြီဟု သောကြာနေ့ နှောင်းပိုင်းတွင် ပြောဆို ကြသည်။

ဒေသတွင်း ကြည့်ရှု့စာရင်းကောက်ခဲ့သူနှင့် ဒေသခံများသို့ မဇ္ဈိမ မေးမြန်းချက်အရ တာချီလိတ်မြို့ အရှေ့တောင်ဘက် တာလေမြို့၌ပင် သေဆုံးသူ ၄၇ ဦး ရှိပြီး၊ မိုင်းယောင်းအုပ်စု ကျကူနီရွာ၌ ၂၂ ဦး၊ မိုင်းလင်း ၂၉ ဦး၊ တာချီလိတ် ၃ ဦးနှင့် နားယောင်း ၃ ဦး ဖြစ်သည်။ ထို့အပြင် တာလီရွာ၌ ပျောက်ဆုံးနေသူများ ရှိသည်ဟု ဒေသခံများက ဆိုသည်။

တာလေသို့ သွားရောက်ခဲ့သူ တာချီလိတ်မြို့ခံ တဦးက “တာလေက အခြေအနေ တော်တော်ဆိုးတယ်။ လမ်းဘေးမှာပဲ အခေါင်းတွေနဲ့ ထားထားတယ်” ဟု မဇ္စျိမကို ပြော သည်။

ကျကူနီရွာ၌ သေဆုံးသူများမှာ နှစ်ခြင်းခရစ်ယာန်အသင်းတော် ဘုရားကျောင်းထဲတွင် ကျမ်းစာသင်နေစဉ် ငလျင်လှုတ်ခတ်သဖြင့် သေဆုံးရခြင်း ဖြစ်သည်။

သောကြာနေ့ မွန်းလွဲပိုင်းတွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထွန်းဦးနှင့်အဖွဲ့ တာလေနှင့် မိုင်းလင်းသို့ သွားရောက်ခဲ့သလို၊ တာလေမြို့ ကယ်ဆယ်ရေးတွင် စစ်သား ၃ဝဝ ခန့် ပါဝင်လုပ်ကိုင်နေခဲ့သည်။

MRTV-4 က မွန်းလွဲပိုင်း ထုတ်ပြန်ချက်တွင် တာချီလိတ်၊ တာလေ၊ နားယောင်း၊ မိုင်းလင်း၊ မိုင်းကိုး၊ ကျကူနီရွာ စသည့် ကျေးရွာများ၌ ၇၄ ဦး သေဆုံးကာ၊ ၁၁၁ ဦး ဒဏ်ရာရခဲ့ပြီး အိမ် ၂၂၄ လုံး၊ တိုက်ခန်းတွဲ ၆ ခု၊ သာသာနာ အဆောက်အအုံ ၁၁ ခု၊ အစိုးရ အဆောက်အုံ ၉ ခု ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဖော်ပြထားသည်။

ကြာသပတေးနေ့ကတည်းက လျှပ်စစ်မီးပြတ်တောက်နေပြီး သောက်သုံးရေသန့် လုံလောက်စွာ မရသော တာလေ၌ လူအများမှာ ကွင်းပြင်များ၌ မိုးကာတဲများထိုး၍ နေကြကာ၊ မုန့်ခြောက်နှင့် ခေါက်ဆွဲခြောက်များကို အားကိုးနေရသည်။

ယူနီဆက်၊ World vision၊ ကြက်ခြေနီ၊ အမျိုးသားပြန်လည် နေရာချထားရေး အဖွဲ့များလည်း ကယ်ဆယ်ရေး လုပ်ငန်းတွင် ပါဝင်ဆောင်ရွက်နေသည်။

Ref;Mizzima

Read More...

ဦးဌေးဦး၏ ဆန်ရှင် ကန့်ကွက်ရေးအဆို အတည်ပြု


ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှအမတ်ဖြစ်သော လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဌေးဦးကတင်ပြသည့် စီးပွားရေးပိတ်ဆို့မှုများကို ကန့်ကွက်ရေး အဆိုကို နောက်လာမည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးများအတွင်း ဆက်လက်ဆွေးနွေးရန် သောကြာနေ့ ပြည်ထောင်စု လွှတ်တော်က အတည်ပြုပေးလိုက်သည်။

အမေရိကန်နှင့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက မြန်မာစစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုကြောင့် ပြဌာန်းထားသော စီးပွားရေးပိတ်ဆို့မှုကို ကန့်ကွက်ရေးအဆိုကို ဦးဌေးဦးက တင်သွင်းထားခဲ့ရာ ကြံ့ခိုင်ရေး လွှမ်းမိုးသော ပြည်ထောင်စုလွှတ်တော်တွင် ဆက်လက်ဆွေးနွေးမှာ ဖြစ်သည်။

ဥပဒေမူကြမ်း ဖြစ်လာရေး မသေချာ သော်လည်း လွှတ်တော်မှ သဘောတူ သည့် ပြန်တမ်းအဖြစ် ထုတ်ပြန်နိုင် ပြီး နိုင်ငံတကာသံရုံးများသို့ ပေးပို့နိုင် ကြောင်း အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီအမတ် ဦးခိုင်မောင်ရည်က ဆိုသည်။

“အောင်တဲ့အဆိုတွေသည် ဒုတိယ အကြိမ်မှာကျင်းပမယ့် အစည်းအဝေးမှာ မူကြမ်းတွေ ဖြစ်ဖို့ ဆွေးနွေးကြမှာ ဥပဒေမူကြမ်းဖြစ်မယ်လို့တော့ ကွက်တိ ပြောလို့မရဘူး။ အဆိုတွေသည် သတင်းစာတွေမှာ ပြန်တမ်းအဖြစ် ကြေညာနိုင်တယ်ပေါ့နော်၊ နောက်ပြီး ပြန်တမ်းဖြစ်ပြီးတော့ လွှတ်တော်က အတည်ပြုတာဖြစ်တဲ့အတွက် နိုင်ငံတကာ သံရုံးတွေကို ပို့နိုင်တယ် ပြန်တမ်းမှာ ထုတ်ပြန်နိုင်တယ်” ဟု ဦးခိုင်မောင်ရည်က ပြောသည်။

စီးပွားရေးပိတ်ဆို့မှုများရုတ်သိမ်းစေချင်သောအဆိုကို ထောက်ခံသူ ၇ ဦးရှိပြီး လွှတ်တော် တွင်း အတိုက်အခံပါတီများလည်း ပါဝင်နေသည်။

အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် အမတ်များ ဖြစ်သည့် ဦးသိန်းညွှန့်နှင့် ဒေါက်တာမြတ်ဥာဏစိုး တို့လည်း ထောက်ခံ ဆွေးနွေးခဲ့ကြသည်ဟု လွှတ်တော်တက် အမတ်တဦးက ပြောသည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရက်တစ်ပါတီမှ လွှတ်တော်အမတ် ဦးလှမြင့်က ထိုအဆိုကို ဖြည့်စွက် ဆွေးနွေးရာတွင် ပိတ်ဆို့မှုကို ကန့်ကွက်ပါသည် ဆိုသည့်အဆိုသည် သံတမန်ရေးအရ မသင့်လျော်သည့် အဆိုဖြစ်ပြီး စီးပွားရေး ပိတ်ဆို့မှုများ ပြန်လည် ရုပ်သိမ်းပေးရန် မေတ္တာ ရပ်ခံပါသည် ဆိုသည့် အဆိုပြုချက်များ ဖြစ်သင့်ကြောင်း ထည့်သွင်းဆွေးနွေးသွားသည်။

သောကြာနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးများတွင် ဒေါက်တာအေးမောင်၏ ကြက်ငှက်တုတ်ကွေးဖြစ်သည့် ဒေသများတွင် တိကျသည့် ဧရိယာ သတ်မှတ်ပေးရေး၊ ကြက်များကို သုတ်သင်ရာတွင် ခြံပိုင်ရှင်များကို လျော်ကြေးပေးရေး အဆိုကို လွှတ်တော်က ကန့်ကွက်သူမရှိ ထောက်ခံခဲ့ပြီး ထိုအဆိုကို တနင်္လာနေ့ ပြည်ထောင်စုလွှတ်တော်တွင် ဆက်လက် ဆွေးနွေးမည် ဖြစ်သည်။

အခြားအဆိုတခုဖြစ်သည့် ပြည်ပရောက် ရွှေ့ပြောင်းအလုပ်သမားများအရေး ကူညီပေးရေး အမျိုးသားဒီမိုကရေစီ အင်အာစုပါတီမှ ဒေါက်တာမြတ်ဥာဏစိုး၏ အဆိုကို ထောက်ခံသူ ၃ဝဝ ကျော်နှင့် ကန့်ကွက်သူ ၂ဝဝ ကျော်ရှိခဲ့ခြင်းကြောင့် ထိုအဆိုကိုလည်း တနင်္လာနေ့ ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးမည်ဖြစ်သည်။

ဒေါက်တာ မြတ်ဥာဏစိုး၏ အဆိုသည် ရွှေ့ပြောင်းအလုပ်သမားများကို ကူညီပေးရေးထက် ရှုပ်ထွေးမှုများသာ ဖြစ်လာနိုင်ကြောင်း ပါတီတူ အမတ်တဦးဖြစ်သည့် ပြည်သူ့ လွှတ်တော်အမတ် ဦးခင်မောင်ရည်က ဝေဖန်လိုက်သည်။

“အဲဒါက ကူညီဖို့ထက် အစိုးရလက်ထဲ ရောက်သွားတဲ့အတွက် အခွန်ကောက်ခံမှုတွေ ဖြစ်လာနိုင်တယ်၊ အရေးယူခံရမယ့် ကိစ္စမျိုးတွေ ပေါ်လာနိုင်တယ်၊ အဲဒါတွေကို ပိုဆိုသွားနိုင်တယ်” ဟု သူက ဆိုသည်။

ပြည်ထောင်စုလွှတ်တော်၏ သောကြာနေ့ မေးခွန်းများတွင် ဝန်ထမ်းများ လစာ တိုးပေးရေး ကိစ္စနှင့် ပတ်သက်သည့် မေးခွန်းကို စက်မှု ၁ ဝန်ကြီး ဦးအောင်သောင်းက ပြည်ပမီဒီယာများ၏ မမှန်မကန် သတင်းလွှင့်မှုကြောင့် ဝန်ထမ်းများ လစာတိုးပေးမည်ဆိုသော သတင်းများ ထွက်ပေါ်လာ၍ ကုန်ဈေးနှုန်းများ ကြီးမြင့်ရခြင်းဖြစ်ကြောင်း ဖြေကြားပြီး ထိန်းချုပ်နိုင်ရန် ကြိုးစားနေကြောင်း ဖြေခဲ့သည်။

အခမဲ့ ပညာရေးနှင့် ပတ်သက်သည့် အမတ်များ၏ မေးခွန်းကို ပညာရေးဝန်ကြီး ဒေါက်တာ ချမ်းငြိမ်းက မူလတန်းအထိ အခမဲ့ ပညာသင်ကြားရေးစနစ်ကို လုပ်ပေးနေကြောင်း ဖြေခဲ့သည်။

သောကြာနေ့ ပြည်ထောင်စုလွှတ်တော်တွင် ကြာသပတေးနေ့ညက တာချီလိတ်မြို့နှင့် အနီးတဝိုက်တွင် ဖြစ်ပွားခဲ့သည့် ငလျင်ကြောင့် သေဆုံးသူများအတွက် ဝမ်းနည်း မှတ်တမ်းကို လွှတ်တော်နာယကမှ ဖတ်ပြခဲ့သေးသည်။

သို့သော် လွှတ်တော်အမတ်များက ထုံးစံအတိုင်းလုပ်ဆောင်နေကြဖြစ်သော လွှတ်တော် နာယကပြောအပြီး လက်ခုတ်တီးမိကြသဖြင့် ရယ်စရာဖြစ်ခဲ့ကြရကြောင်း အမတ်တဦးက ပြောသည်။

“ဒီနေ့ ဝမ်းနည်းကြောင်း လွှတ်တော်အခမ်းအနားခင်မှာ လွှတ်တော်နာယကက ကြေညာချက်ကို ဖတ်ပြရာမှာ ကြေညာအပ်ပါတယ် ဆိုတာကို နာယကက ဒါဟာ ဝမ်းနည်းတာဖြစ်တဲ့အတွက် လက်ခုပ်တီးဖို့ မလိုပါဘူး ဆိုတာကို ပြောမထားဘူး။ ဝမ်းနည်းကြောင်း အတည်ပြုပါတယ်ဆိုတော့ လက်ခုပ်တီးကြသေးတယ်၊ တဝက် လောက်ကတော့ မတီးဘူးပေါ့။ ဝမ်းနည်းတာကို လက်ခုပ်တီးတဲ့အတွက် သောင်းသောင်းဖျဖျ ဖြစ်သွားတာပေါ့နော်” ဟု သူက ပြောသည်။

ပြည်ထောင်စု လွှတ်တော်အစည်းအဝေးများကို ယခုလ ၂၉ ရက်နေ့အထိ ကျင်းပဖွယ်ရှိပြီး သမ္မတ ဦးသိန်းစိန်က အတည်ပြုပေးထားသော ဝန်ကြီး အယောက် ၃ဝ ကိုလည်း တာဝန်ထမ်းဆောင်ရန် ဌာနများသတ်မှတ်ပေးဖွယ်ရှိကြောင်း အမတ်များက ခန့်မှန်းနေ ကြသည်။


Ref;Mizzima

Read More...

Friday, March 25, 2011

မြန်မာပြည်မှာ တီဘီရောဂါရှိသူ ၃၀၀,၀၀၀ ကျော်

နော်ရှိုး
ကြာသပတေး, 24 မတ် 2011

မြန်မာနိုင်ငံမှာ နောက်ဆုံးကောက်ယူ ရရှိထားတဲ့ စစ်တမ်းတွေအရ တီဘီ ရောဂါပိုး ရှိနေသူပေါင်း ၃၀၀,၀၀၀ ရှိနေပြီး အဲဒီထဲက ၃၀% ကျော်ကို စစ်ဆေး ဖော်ထုတ်နိုင်ခြင်း မရှိသေးဘဲ ဖြစ်နေတယ်လို့ ဒီနေ့ ကျရောက်တဲ့ ကမ္ဘာ့ တီဘီရောဂါ တိုက်ဖျက်ရေးနေ့မှာ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံဟာ ကမ္ဘာမှာ တီဘီရောဂါ ကူးစက်ပျံ့နှံ့မှု အများဆုံး ၂၂ နိုင်ငံ ထဲမှာလည်း ပါဝင် နေတာပါ။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး အပြည့်အစုံကို နော်ရှိုးက တင်ပြ ပေးထားပါတယ်။

မြန်မာနိုင်ငံတွင်း တီဘီ အဆုတ်ရောဂါပိုးရှိသူ အားလုံးရဲ့ ၃၀% ကျော်ကို စစ်ဆေးေ ဖ်ာထုတ် နိုင်ခြင်း မရှိသေးဘဲ ဖြစ်နေတယ်လို့ ဒီကနေ့ ကမ္ဘာ့ တီဘီရောဂါ တိုက်ဖျက်ရေးနေ့မှာ WHO ကမ္ဘာ့ ကျန်းမာရေး အဖွဲ့က ပြောလိုက်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ်အတွင်း မြန်မာနိုင်ငံက လူဦးရေ ၅၃ သန်းအနက် ၃၀၀,၀၀၀ လောက်မှာ တီဘီရောဂါပိုး ရှိနေတယ်လို့ ခန့်မှန်း ရတာကြောင့် လူ ၁,၀၀၀ မှာ ၆ ယောက်နှုန်း ဖြစ်နေတာပါ။ တီဘီရောဂါဟာ လေကနေတဆင့် လွယ်လွယ်ကူကူ ကူးစက်နိုင်ပြီး ရောဂါပိုးရှိတဲ့သူ တယောက်ကနေ အနည်းဆုံး ၁၅ ယောက်အထိ အလွယ်တကူ ကူးစက်နိုင်တာကြောင့် ၁,၀၀၀ မှာ ၆ ယောက်နှုန်းဆိုတာ အတော်လေး များတယ်လို့ WHO က ပြောပါတယ်။

ဒါ့အပြင် မြန်မာ နိုင်ငံမှာရှိတဲ့ တီဘီ ရောဂါပိုးရှိသူ အားလုံးရဲ့ ၆၄% ကိုပဲ ရောဂါပိုး ရှိမရှိ စစ်ဆေးနိုင်တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ကျန်တဲ့ ၃၀% ကျော်ကိုတော့ စစ်ဆေး ဖော်ထုတ်ဖို့ လက်လှမ်းမမီဘဲ ဖြစ်နေတာပါ။ ဒီအချက် အလက်တွေကို ပြီးခဲ့တဲ့နှစ်နဲ့ ဒီနှစ်အတွင်း ကောက်ယူခဲ့တဲ့ စစ်တမ်းတွေ အရ သိရှိရတာလို့ ရန်ကုန်အခြေစိုက် WHO ရုံးက တီဘီရောဂါရေးရာ ကျွမ်းကျွင်သူ အီဗာ နေသန်စန် (Eva Nathanson) က ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

“၂၀၀၉ နဲ့ ၂၀၁၀ ခုနှစ်အတွင်း မြန်မာနိုင်ငံတ၀န်း တီဘီရောဂါ ကူးစက်ပျံ့နှံ့မှုနဲ့ ပတ်သက်ပြီး မြန်မာ အစိုးရ တီဘီ တိုက်ဖျက်ရေးဌာန၊ နိုင်ငံတကာ အဖွဲ့တွေနဲ့ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့တို့ ပူးပေါင်း စစ်တမ်း ကောက်ယူ ခဲ့ပါတယ်။ ကနဦး တွေ့ရှိချက် တွေက တီဘီ ရောဂါသည်တွေ အတော်လေး များနေတာကို တွေ့ရပါတယ်။ မြို့ပြနဲ့ ကျေးရွာ ဒေသပေါင်း ၇၀ က လူပေါင်း ၅၀,၀၀၀ ကြားမှာ စစ်တမ်း ကောက်ခံခဲ့တာမှာ မြန်မာနိုင်ငံ လူဦးရေ ၅၃ သန်းအနက် ၃၀၀,၀၀၀ မှာ တီဘီရောဂါ ရှိနေပါတယ်။”

မြန်မာနိုင်ငံမှာရှိတဲ့ ၃၀၀,၀၀၀ သော တီဘီရောဂါပိုး ရှိသူတွေထဲက အများစု ကလည်း ဆေးကုသမှုကို ကောင်းကောင်း မခံယူ ကြဘူးလို့ ပြောပါတယ်။ ကုသမှု ခံယူတဲ့သူ တချို့ကျပြန်တော့ နေနည်းနည်း ပြန်ကောင်းလာပြီ ဆိုတာနဲ့ ဆေးကို ကုန်တဲ့အထိ မသောက်တော့ တာကြောင့် ဆေးတမျိုးပြီး တမျိုး စားလည်း ဆေးမတိုး တော့ဘဲ ရောဂါက အင်မတန် ကုရခက်တဲ့ အခြေအနေကို ရောက်သွားတယ်လို့ ဆိုပါတယ်။ ဒီလို တီဘီရောဂါ ကာကွယ် တိုက်ဖျက်ရေး အတွက် လိုအပ်တာတွေကို WHO က အစိုးရ ကျန်းမာရေးဌာနနဲ့ ပူးပေါင်း ကြိုးစား သွားမယ်လို့လည်း မစ်စ် အီဗာ နေသန်စန်က ပြောပါတယ်။

“အခုနောက်ဆုံး ကောက်ခံရရှိတဲ့ စစ်တမ်းက စုဆောင်းရရှိထားတဲ့ အချက်အလက်သစ် တွေနဲ့ ရှေ့ဆက် ဘယ်လို နည်းဗျူဟာတွေ ချမှတ် ဆောင်ရွက်ရမယ် ဆိုတာ ပိုပြီး ရှင်းရှင်းလင်းလင်း သိထားပါတယ်။”

တကယ်တော့ ကမ္ဘာ့လူဦးရေရဲ့ ၃ ပုံ ၁ ပုံမှာ တီဘီရောဂါပိုးတွေ ရှိကြတယ်လို့ WHO က ဆိုပါတယ်။ အဲဒီထဲက ၁၀% ဟာ သူတို့ရဲ့ သက်တမ်း တချိန်ချိန်မှာ တီဘီရောဂါ ထလာ တတ်ကြပါတယ်။ ဒါပေမဲ့ ကိုယ်ခံအားကောင်းပြီး အာဟာရ မျှတမယ်၊ ကျန်းမာမယ်ဆိုရင် မိမိခန္ဓာကိုယ်ထဲမှာ တီဘီရောဂါပိုး ရှိရင်တောင် တီဘီရောဂါသည် ဖြစ်လာမှာ မဟုတ်ပါဘူး။ ကိုယ်ခံအားမကောင်း၊ မကျန်းမာလို့ တီဘီရောဂါ ထလာတယ် ထားဦး၊ စနစ်တကျ ကုသမှု ခံယူမယ်ဆိုရင် ဒီရောဂါဟာ လုံးဝ ပျောက်ကင်း နိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် လူတိုင်းလူတိုင်း ရက်ရှည်ကြာ ချောင်းဆိုးလာပြီး ဖျားလာပြီဆိုရင် စစ်ဆေးကုသမှု ခံယူဖို့ အရေးကြီးတယ်လို့ မစ်စ် အီဗာ နေသန်စန်က ဆိုပါတယ်။

“တီဘီဟာ လုံးဝ ပျောက်ကင်းအောင် ကုသနိုင်တဲ့ရောဂါ ဖြစ်ပါတယ်။ တီဘီရောဂါပိုး ရှိသူတွေ အနေနဲ့ ရောဂါ ကုသမှုကို အစောဆုံး ခံယူ သင့်ပါတယ်။ မြန်မာနိုင်ငံမှာ တီဘီဆေးဝါးတွေ၊ စစ်ဆေးတာတွေကို အစိုးရ ဒေသန္တရ ဆေးခန်းတွေက အခမဲ့ ဆောင်ရွက် ပေးနေပါတယ်။ လူမှု အသိုင်းအ၀ိုင်းတွေ အနေနဲ့လည်း တီဘီရောဂါ အကြောင်းကို သိရှိပြီး ၀ိုင်းဝန်း ကာကွယ်ဖို့ လိုပါတယ်။”

အခုနောက်ဆုံး ကောက်ယူထားတဲ့ စစ်တမ်းတွေအရ မြန်မာနိုင်ငံမှာ တီဘီ ရောဂါဟာ အမျိုးသားတွေနဲ့ လူနေ ထူထပ်တဲ့ မြို့ပြ ဒေသတွေမှာ နေထိုင်ကြသူတွေ ကြားမှာ အဖြစ်များ တယ်လို့ ဆိုပါတယ်။ တိုင်းတွေထက် ပြည်နယ်တွေမှာလည်း အဖြစ်များတယ်လို့ ဆိုပါတယ်။ ကမ္ဘာပေါ်မှာ တီဘီရောဂါကြောင့် နှစ်စဉ် လူ ၁,၀၇၀,၀၀၀ လောက် သေဆုံး နေကြရတာပါ။ ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ် အတွင်းမှာ တီဘီ ရောဂါပိုး ထပ်ပြီး ကူးစက် ခံရသူ ၉,၀၀၀,၀၀၀ ကျော် ရှိတယ်လို့ ဆိုပါတယ်။ အဲဒီထဲက ၅၅% ဟာ အာရှ နိုင်ငံတွေ ဖြစ်ပါတယ်။ မြန်မာ နိုင်ငံမှာတော့ ပြီးခဲ့တဲ့နှစ်အတွင်း တီဘီ ရောဂါကြောင့် သေဆုံးသူပေါင်း ၂၉,၀၀၀ လောက် ရှိတယ်လို့ WHO ရဲ့ အင်တာနက် ၀က်ဘ်ဆိုက်ဒ်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် မြန်မာ နိုင်ငံဟာ ကမ္ဘာပေါ်မှာ တီဘီရောဂါ ကူးစက်ပျံ့နှံ့မှု အများဆုံး ၂၂ နိုင်ငံ ထဲမှာလည်း အပါအ၀င် ဖြစ်ပါတယ်။

Ref: VOA News

Read More...

Uncensored Burma - Daily News ( 2011 Mar, 24)

news on Mar 24

Read More...

ငြိမ်းချမ်းရေးကို လိုလား - စစ်ကိုဆန့်ကျင်သည်


Read More...

စိစစ်ရေးကော်မတီဝင် ၂၂ ဦးအနက် ကြံ့ဖွံ့ ၁၈ ဦး


ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယအစည်းအဝေးမှစ၍ လွှတ်တော် အမတ်များကို စိစစ်နိုင်ရန် စိစစ်ရေးကော်မတီ ဖွဲ့စည်းရာ၌ အဖွဲ့ဝင် ၂၂ ဦးအနက် ၁၈ ဦးမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး အမတ်များ ဖြစ်နေသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီနှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ၂ ဦးစီဖြင့် စုစုပေါင်း ၄ ဦး ပါဝင်ကာ ကျန် ၁၈ ဦးကို ကြံ့ဖွံ့အမတ်များအဖြစ် ဗုဒ္ဓဟူးနေ့ ၁၄ ကြိမ်မြောက် ပြည်ထောင်စု လွှတ်တော်က ကန့်ကွက်သူမရှိ ဖွဲ့စည်းပေးလိုက်ခြင်း ဖြစ်သည်။

ယင်းကော်မတီက အမတ်များကို ကတ်ပြား ထုတ်ပေးခြင်း၊ လွှတ်တော်အဝင် အထွက် စစ်ဆေးခြင်း၊ လွှတ်တော်ထံ တင်ပြသည့် စာရွက်စာတမ်း များအား စိစစ်၍ လွှတ်တော်ဥက္ကဋ္ဌ ထံ တင်ပြခြင်းတို့ ပြုလုပ်ရမည် ဖြစ်သည်။

“ခါတိုင်း လွှတ်တော်ရေးရာ ကော်မတီတွေမှာ ကြံ့ဖွံ့ပါတီနဲ့ တိုင်းရင်းသားပါတီတွေကို ၅ ပုံ ၁ ပုံ၊ ၄ ပုံ ၁ ပုံ လောက် ပါနေတာ တွေ့ရတယ်။ အခု မတရားဘူး။ ဒါသည် ပြည်ထောင်စုအဆင့် မပါဘူး သတ်မှတ်တယ်။ သူတို့လူတွေပဲ ထပ်ထည့်လိုက်တော့ သူတို့ နေရာတကာ အားလုံးယူတဲ့ သဘောပဲ။ သူတို့က စိစစ်လာမယ်ဆိုရင် မသမာမှုတွေ သူတို့ထဲမှာတင် အများကြီး ရှိလာနိုင်တယ်” ဟု အမတ်တဦးက မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့် မတ်လ ၇ ရက်နေ့တွင်လည်း ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် အစည်းအဝေးများတွင် အစိုးရ၏ အာမခံချက်၊ ကတိနှင့် ဝန်ခံချက်များကို ဆောင်ရွက်ရန် စိစစ်ရေးကော်မတီတရပ် ဖွဲ့စည်းခဲ့သေးသည်။

ယင်းကော်မတီသည် ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၇၁ အရ “လွှတ်တော်တွင် ပြည်ထောင်စု အစိုးရက အခါအားလျော်စွာ ပေးခဲ့သည့် အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များကို လိုက်နာဆောင်ရွက်ခြင်း ရှိ၊ မရှိ စိစစ်ပြီး လွှတ်တော်သို့ တင်ပြရမည်” ဟု ပြဋ္ဌာန်းပါရှိသည်။

၎င်းတို့၏ တာဝန်မှာ လွှတ်တော်အမတ်များ၏ မေးမြန်းချက်ကို ဖြေကြားသည့် ပြည်ထောင်စုအဖွဲ့အစည်းက မည်ကဲ့သို့ ဆောင်ရွက်ပေးမည်ဆိုသည့် စကား၊ ကတိ၊ အာမခံချက်များကို မှတ်တမ်းတင်ထားပြီး စိစစ်ရမည်။ ထို့အပြင် ပြည်ထောင်စု အစိုးရအဖွဲ့က တင်သွင်းသော ဥပဒေကြမ်း၊ ဆုံးဖြတ်ချက်၊ အဆို သို့မဟုတ် အစီရင်ခံစာများနှင့် စပ်လျဉ်းပြီး ကတိပြုထားသည့် အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များကိုလည်း စိစစ်ရမည်ဖြစ်သည်။

လွှတ်တော် နှစ်ရပ်လုံးတွင် ကော်မတီ ၄ ရပ်စီ ဖွဲ့စည်းခဲ့ရာ ပြီးခဲ့သည့် ဖေဖော်ဝါရီ လကုန်ပိုင်းတွင် စိစစ်ရေးကော်မတီ အပါအဝင် ဥပဒေကြမ်း၊ ပြည်သူ့ ငွေစာရင်းနှင့် လွှတ်တော်အခွင့်အရေး ကော်မတီတို့ ဖွဲ့စည်းခဲ့သည်။

ထိုကော်မတီဝင်အားလုံး၏ လုပ်ပိုင်ခွင့် သက်တမ်းများကို လွှတ်တော်က တနှစ်ပြည့် သောအခါ ပြန်လည်သုံးသပ်ပြီး သင့်လျော်သလို လဲလှယ်အစားထိုး တာဝန်ပေးအပ်မည် ဖြစ်သည်။

အလားတူ ဗုဒ္ဓဟူးနေ့တွင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တိုင်းရင်းသားလူမျိုးများအရေး၊ စီးပွားရေး၊ ဘဏ္ဍာရေး၊ လူမှုရေး၊ နိုင်ငံခြားရေးတို့အပြင် အခြားရေးရာကိစ္စများကို လေ့လာတင်ပြစေရေးအတွက် လွှတ်တော်နှစ်ရပ်လုံး ညှိနိုင်းနိုင်ရန် ပူးပေါင်းကော်မတီများ ဖွဲ့စည်းခဲ့သည်။

လွှတ်တော်ကော်မတီ ၄ ရပ်က ဆောင်ရွက်ရမည့် ကိစ္စများမှအပ အကြောင်းကိစ္စ တရပ်ရပ်ကို လွှတ်တော်နှစ်ရပ်လုံးက လေ့လာရန်ရှိပါက လွှတ်တော်ဥက္ကဋ္ဌနှင့် ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့ ညှိနိုင်း၍ တူညီသော ကိုယ်စားလှယ်များ ပါဝင်သော ယင်းသို့သော ပူးပေါင်းကော်မတီကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

ထိုပူးပေါင်းကော်မတီများ၏ သက်တမ်းသည် သက်ဆိုင်ရာ လွှတ်တော်များသို့ အစီရင်ခံစာ တင်သွင်းပြီးသည့် အချိန်အထိ ဖြစ်သည်။

စိစစ်ရေးကော်မတီ ပြည်သူ့လွှတ်တော် နှင့် အမျိုးသားလွတ်တော် စာရင်း
Ref;Mizzima

Read More...

ရပ်ရွာခေါင်းဆောင်ကို ဒီမိုကရေစီနည်းဖြင့် ရွေးချယ်လို

March 24th, 2011
မိကျဲဂို

နိုင်ငံတော် အုပ်ချုပ်ရေးတွင် အခြေခံ အကျဆုံး ဖြစ်သည့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ရာတွင် ပြည်သူများက ၄င်းတို့ဆန္ဒအလျှောက် ကြိုက်နှစ်သက်သူကို ကိုယ်တိုင် မဲပေး ရွေးချယ်စေလိုသည်ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ က ပြောကြားလိုက်သည်။

“ပြည်သူတွေက အများဆန္ဒနဲ့ ရွေးချယ် စေချင်တယ်။ ဒါပေမဲ့ မြို့နယ် အုပ်ချူပ်ရေးမှူးက ရွေးချယ်မယ် ဆိုတော့ အများဆန္ဒ မဖြစ်တော့ဘူး၊ တမျိုး ဖြစ်နေတာပေါ့” ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ပြည်နယ်လွှတ်တော်အမတ် ဒေါက်တာမင်းနွယ်စိုးက ပြောသည်။

အထက်မှ ရွေးချယ် ခန့်အပ်ပါက ပြည်သူများ မျှော်မှန်းထားသည့်အတိုင်း ဖြစ်မလာ နိုင်သည့်အပြင်၊ လက်ရှိ ကျေးရွာများအတွင်း အုပ်ချုပ်နေသူ အများစုကိုလည်း ပြည်သူများက သဘောမကျသည့်အတွက် အပြောင်းအလဲကို လိုလားကြခြင်း ဖြစ်ကြောင်း ဒေါက်တာမင်းနွယ်စိုးက ပြောသည်။

စစ်အစိုးရ အာဏာသိမ်းပြီးစ ၁၉၈၉ ခုနှစ် န၀တ အစိုးရလက်ထက် ထုတ်ပြန်ထားသော ညွှန်ကြားချက်ထဲ၌ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်သူများ ရွေးချယ်ရာတွင် မြို့နယ် အဖွဲ့ဝင်များက “ကျေးရွာအုပ်စုရှိ ပြည်သူများနှင့် မျက်နှာစုံညီ လက်ဖက်ရည် ဝိုင်းဖြင့် ထိတွေ့ ရွေးချယ်ရန်” ဟု ပါရှိသည်။

ထို့ပြင် ရပ်ကွက်/ကျေးရွာအုပ်စု သံဃနာယကအဖွဲ့မှ ဆရာတော်များထံ တင်ပြ လျှောက်ထား၍ သဘောထားရယူရန်၊ ရွေးချယ်ရာတွင် အဖွဲ့ဝင် ၃ ဦးနှင့် အရန်အဖွဲ့ဝင် ၃ ဦး လျာထား ရွေးချယ်တင်ပြရန် ဖြစ်ပြီး၊ ၄င်းတို့အထဲမှ တဦးကို ဥက္ကဋ္ဌအဖြစ် မြို့နယ်မှ ရွေးချယ် တာဝန်ပေးရန် ဟုလည်း ပါရှိသည်။

သို့သော် ယခင်ကတည်းက ယင်းလုပ်ထုံးလုပ်နည်းများဖြင့် ရွေးချယ်ခဲ့ခြင်း မရှိဟု ရပ်ရွာ ခေါင်းဆောင် လုပ်ခဲ့ဖူးသူ တဦးက ဆိုသည်။

“အဲဒီ့ အချက်တွေ တခုမှ မပါဘူး။ မြို့နယ် မယက က ရွေးချယ် ပြီးတော့၊ သူ့လူနဲ့သူ ဆွဲထည့်လိုက်တာပဲ” ဟု မုဒုံမြို့နယ်အတွင်းရှိ ကျေးရွာတရွာမှ ဥက္ကဋ္ဌဟောင်းက ပြောသည်။

ရပ်ရွာ အုပ်ချူပ်ရေးမှူး အရည်အချင်း သတ်မှတ်ချက် ၁၀ ချက် ရှိသည့်အနက် မည်သည့်နိုင်ငံရေး အဖွဲ့အစည်းတွင်မှ ပါဝင်ခဲ့သူ မဖြစ်စေရ၊ အစိုးရအဖွဲ့ အဆက်ဆက်တွင် နေရာယူခဲ့ကြသော ပွဲလန့်ဖျာခင်းသူများ မဖြစ်စေရ၊ မြို့နယ်အဖွဲ့အစည်းသို့ ချဉ်းကပ်၍ အခွင့်အရေးကို လက်ဦးမှု ရရှိတတ်သူများ မဖြစ်စေရ၊ ပြစ်မှုကျူးလွန်သူများ ပြစ်ဒဏ် ကျခံရသူများ ဆိုးသွမ်းသူများနှင့် ရပ်ရွာလူထု၏ ကြည်ညိုလေးစားမှု မရှိသူများ မဖြစ်စေရ စသော အချက်များ ပါဝင်သည်။

ရပ်ရွာ အုပ်ချုပ်ရေးမှူး ရာထူးအတွက် ရာထူးသက်တမ်း၊ အကြိမ်အရေအတွက် သတ်မှတ်ချက် မရှိဟု ပြည်ထဲရေးဝန်ကြီး ဦးမောင်ဦး၏ ပြောကြားချက်ကို ယမန်နေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြခဲ့သဖြင့်၊ စစ်အစိုးရနှင့် အဆင်ပြေသော ယခင်လူဟောင်းများကိုပင် ပြန်လည်ခန့်အပ်လိမ့်မည်ကို မွန်ပြည်သူများက စိုးရိမ်နေ ကြသည်။

Ref;Non

Read More...

ထိုင်းက သောင်းကျန်းသူကို ခြေကုပ်ပေးထားဟု ပြန်ကြားရေးဝန်ကြီး ပြော

March 24th, 2011

မြန်မာနိုင်ငံ၏ ဆူပူသောင်းကျန်းမှုကို လုပ်ဆောင်နေသည့် လက်နက်ကိုင် သောင်းကျန်း သူများကို ထိုင်းနိုင်ငံက ခြေကုပ်ပေးထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီး ဦးကျော်ဆန်းက မတ်လ ၂၂ ရက်နေ့တွင် ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ယမန်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ တွင် ဝန်ကြီး ဦးကျော်ဆန်းက ထိုင်းနိုင်ငံဟု အမည်နာမတိုက်ရိုက်သုံးနှုန်း ပြောဆိုခြင်း မဟုတ်ပဲ ကရင်ပြည် နယ်ကို ရည်ညွှန်းပြီး နယ်နိမိတ် ချင်း ထိစပ်နေသော အိမ်နီးချင်း နိုင်ငံဟု သုံးနှုန်း ပြောဆိုခဲ့သည်။

ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၄) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစခုန်တိန့်ယိန်း၏ လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများနှင့် စပ်လျဉ်းသည့် မေးခွန်းကို မြန်မာနိုင်ငံ အစိုးရ ပြောရေးဆိုခွင့် အာဏာပိုင် အဖွဲ့ခေါင်းဆောင် ဦးကျော်ဆန်းက ပြောကြားခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံသည် မြန်မာ့ဒုက္ခသည်များကို အများဆုံး လက်ခံထားသည့် နိုင်ငံ ဖြစ်သည့်ပြင် အချို့ဒုက္ခသည် စခန်းများတွင် သောင်းကျန်းသူ သူပုန်များ ပုန်းအောင်းနေကြောင်းလည်း ထပ်လောင်းပြောဆိုခဲ့သေးသည်။

ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံတွင် အများဆုံး စီးပွားရေး ရင်းနှီးမြှပ်နှံမှု ပြုထားသည့် နိုင်ငံတနိုင်ငံ ဖြစ်သည်။ အနောက်နိုင်ငံများက မြန်မာနိုင်ငံအပေါ် စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့မှုများကို တရုတ်နိုင်ငံကဲ့သို့ မကန့်ကွက်ပဲ ထောက်ခံသောနိုင်ငံ ဖြစ်သည်။

၎င်းပြင် “နိုင်ငံတော် အစိုးရ၏ ငြိမ်းချမ်းရေး နည်းလမ်းသစ်ဖြင့် ဆောင်ရွက်မှုကြောင့် နိုင်ငံတော်အစိုးရအား ဆန့်ကျင်တိုက်ခိုက်နေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ကြီး ၁၇ ဖွဲ့၊ အဖွဲ့ငယ် ၂၃ ဖွဲ့ ဥပဒေဘောင်အတွင်း ဝင်ရောက်ခဲ့ပြီး ယင်းအဖွဲ့များမှ ပဲ့ထွက် ကျန်ခဲ့သည့် အဖွဲ့ ၃ ဖွဲ့သာ ဥပဒေပြင်ပ၌ ကျန်ရှိကြောင်း” ဦးကျော်ဆန်းက ထည့်သွင်း ပြောကြားခဲ့သေးသည်။

သို့သော်လည်း ၂၀၁၀ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့နှင့် ၂၀၁၁ ခုနှစ် ဖေဖေါ်ဝါရီလထုတ် မြန်မာ့အလင်း သတင်းစာကပင် အပစ်ရပ် သဘောတူချက် ပျက်ပြားခဲ့သည့် အဖွဲ့များ ဖြစ်သည့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ၏ လက်နက်ကိုင်တပ်မတော် (KIA) နှင့် မွန်ပြည်သစ်ပါတီတို့ကို လက်နက်ကိုင် သောင်းကျန်းသူအဖွဲ့ဟု အသီးသီး သုံးနှုန်းခဲ့သေးသည်။


Ref;Mon

Read More...

Thursday, March 24, 2011

ပြင်းအား ၇ ငလျင် ရွှေတြိဂံကို ဗဟိုပြုလှုပ်

မသင်းသီရိ
24 မတ် 2011

မြန်မာ၊ ထိုင်း၊ လာအိုနယ်စပ်က ရွှေတြိဂံနယ်မြေကို ဗဟိုပြုပြီး မြေငလျင်ကြီးတခု လှုပ်ခတ်သွားခဲ့ပါတယ်။ ပြင်းအား ၇ ရှိတဲ့ ဒီမြေငလျင်ကို မြန်မာနိုင်ငံ ရန်ကုန်မြို့၊ နေပြည်တော် အပါအ၀င် မြို့တော်တော်များများက သိရှိ ခံစားလိုက်ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံ အရှေ့မြောက် ဒေသကို ဗဟိုပြုပြီး ပြင်းထန်တဲ့ မြေငလျင်တခု ဒီကနေ့ ဒေသစံတော်ချိန် ညပိုင်းမှာ လှုပ်ခတ်သွားခဲ့ပါတယ်။ မြန်မာ၊ ထိုင်း၊ လာအို ၃ နိုင်ငံ ထိစပ်နေတဲ့ ရွှေတြိဂံနယ်မြေမှာ ပြင်းအား ၇ ရှိတဲ့ ငလျင် လှုပ်ခတ်ခဲ့ကြောင်း အမေရိကန် ဘူမိဗေဒ တိုင်းထွာရေးဌာနက ပြောပါတယ်။

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ကနေ မိုင် ၇၀ အကွာ အနက် ၆ မိုင် ဖြစ်တယ်လို့ USGS လို့ခေါ်တဲ့ အမေရိကန် ဘူမိဗေဒ တိုင်းထွာရေးဌာနက စာထုတ်ပြန်ပါတယ်။ ဒီငလျင်လှုပ်တာကို မြန်မာနိုင်ငံက မြို့တော်တော်များများမှာ ခံစားသိလိုက်ပါတယ်။ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့နဲ့ ထိစပ်တဲ့ မြို့တွေဖြစ်တဲ့ တာချီလိတ်၊ မယ်ဆိုင် စတဲ့ ဒေသတွေမှာလည်း ရိုက်ခတ်ခဲ့တာ ရှိတယ်လို့ မယ်ဆိုင်မြို့ခံ တယောက်က သူ့အတွေ့အကြုံကို အခုလို ပြောပြပါတယ်။

“ကျနော်တို့ အခု အိမ်အပြင်မှာ ရပ်နေကြတယ်။ အိမ်ထဲကို ဘယ်သူမှ မ၀င်ရဲကြဘူး၊ ဒီတ၀ိုက်လုံးမှာ။ မယ်ဆိုင်မှာ ကျနော်တို့က ရှိနေတာလေ။ ငလျင်က တော်တော်လေး ပြင်းပြင်းထန်ထန်ကို လှုပ်တယ်။ အိမ်တွေ ဘာတွေဆို လုံးဝ တုန်သွားတာ။ တမြို့လုံးလိုလို အခု ဒီမှာ လူတွေက အိမ်အပြင်မှာပဲ ရောက်နေကြတယ်။ အဲဒီအချိန်မှာ အနည်းဆုံး လေးငါးမိနစ်လောက်ကို ကောင်းကောင်းကြီး လှုပ်ပြီးတော့မှ ရပ်သွားတယ်။ ရပ်သွားပြီး ခဏနေတော့ နောက်တခါ ပြန်လှုပ်တယ်။ လှုပ်ပြီး နည်းနည်းလေး ငြိမ်ပြီးတော့မှ အခုတခါ မိနစ်ပိုင်းလေးလောက်မှာ နောက်တခါ ပြန်လှုပ်တယ်။”

စက္ကန့်အပိုင်းအခြားတွင်း ၃ ကြိမ်လောက် ဆက်တိုက်လှုပ်ခဲ့ပေမဲ့ ပထမအကြိမ် လောက်တော့ မပြင်းဘူးလို့လည်း ပြောပါတယ်။ ဒီငလျင်ကြောင့် အခုချိန်ထိ ပျက်စီးဆုံးရှုံးမှု စာရင်းကိုတော့ မသိရသေးဘူးလို့လည်း မယ်ဆိုင် ဒေသခံက ပြောပါတယ်။

“ပထမတော့ တော်တော်ပြင်းတယ်။ အခုနောက်ပိုင်းတော့ တဖြည်းဖြည်းနဲ့ လျော့သွားပြီ။ အပျက်အစီးတော့ ရှိနိုင်တဲ့ အနေအထားရှိတယ်။ ဒါပေမဲ့ ကျနော်တို့လည်း အပြင်အထိ သိပ်မကြည့်ဘူးပေါ့။ အနီးအနားမှာ မြင်တာတော့ တချို့အိမ်တွေရဲ့ အပေါ်က ခေါင်မိုးအောက်မှာ မပူအောင် ၃ ပြားထည့်ထားတာ၊ အဲဒါတွေ ပြုတ်ကျတာတွေတော့ ဒီအနီးအနားလေးမှာ နည်းနည်းတွေ့တယ်။ အခုထိတော့ ဘာမှ မကြားဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဖုန်းလိုင်းတွေက တော်ရုံတန်ရုံ ဆက်လို့မရဘူး ဖြစ်နေတယ်။”

အလားတူ လွိုင်ကော်မြို့မှာလည်း တမိနစ်ကျော်လောက် ငလျင်လှုပ်ခဲ့တယ်လို့ လွိုင်ကော်ဒေသခံ တဦးက ပြောပါတယ်။

“ခုနတုန်းကတော့ မကြာလိုက်ဘူးပေါ့။ တမိနစ်နီးပါးလောက် ရှိမယ်ထင်တာပဲ။ နည်းနည်းလေး သိသိသာသာလေးတော့ လှုပ်သွားတယ်။ ထိုင်နေရင်လည်း ခုံတွေက လှုပ်သွားတယ်။ ပုလင်းတွေ ဘာတွေဆိုလည်း လှုပ်သွားတယ်။ သိသာသွားတယ်ပေါ့။ ၈ နာရီ ၁၅ မိနစ်လား ၂၀ လား၊ အဲဒီလောက်တော့ ရှိမယ်။ အဲဒီဝန်းကျင်လောက်မှာ ရှိမယ်။ အပျက်အစီး ထိခိုက်တာတော့ မရှိလောက်ဘူးလို့ ထင်တာပဲ။ တအား ပြင်းထန်တာတော့ မဟုတ်ဘူး။ သိသာတယ်၊ အဲဒီတခုလောက်ပဲ။”

ဒီကနေ့ မြန်မာစံတော်ချိန် ည ၈ နာရီ နောက်ပိုင်းမှာ ငလျင်လှုပ်ခဲ့တဲ့ အကြောင်းကို မြန်မာနိုင်ငံအတွင်းက ဒေသခံတချို့ ပြောပြခဲ့တာ ဖြစ်ပါတယ်။

မယ်ဆိုင်မြို့မှာ နောက်ဆက်တွဲ လှုပ်ခတ်မှုတချို့ကို ခံစားရတယ်လို့လည်း မြို့ခံတွေက ပြောပြပါတယ်။ ထိုင်း၊ မြန်မာ နယ်စပ်မြို့ တမြို့ဖြစ်တဲ့ တာချီလိတ်မှာလည်း ငလျင် လှုပ်ခတ်တဲ့အတွက် အိမ်ပြင်မှာ ထောင်ထားတဲ့ မော်တော်ဆိုင်ကယ်တွေ လဲပြိုကျတဲ့အထိ ဖြစ်ခဲ့သလို မီးတွေလည်း ပြတ်တောက်သွားတယ်လို့ နယ်ခံတွေက ပြောပါတယ်။

Ref;VOA

Read More...

ပြည်သူနဲ့ လက်တွဲကာ အာဏာရှင်ဆန့်ကျင်ရေးအတွက် တပ်မတော်သားတွေကို ဖိတ်ခေါ်စာများ ရန်ကုန်မှာ ဖြန့်ဝေ

အဆိုပါ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ တပ်နှင့်ပြည်သူ လတ်တွဲကာ အာဏာရှင်ကို ဖယ်ရှားစို့ ဆိုတဲ့ စာတန်းပါစတေကာတွေ ကို ဖြန့်ဝေခဲ့ကြခြင်း ဖြစ်ပါတယ်။

ဒီလှုပ်ရှားမှုကို ဦးဆောင်သူတဦးဖြစ်တဲ့ လူငယ်ခေါင်းဆောင် ကိုရန်နိုင် က…

“ကျနောတို့အနေနဲ့ ဒီတကြိမ်လှုပ်ရှားမှုက မတ်လအတွင်းဒုတယအကြိမ်ပါ၊ ၂၇ ရက်နေမှာ ကျရောက်မယ့် တော်လှန် ရေးနေ့အတွက် တပ်မတော်သားတွေနဲ့ ပြည်သူတွေပူးပေါင်းပြီး အာဏာရှင်စနှစ်ကို တိုက်ဖျက်ပြစ်ကြဖို့ ရည်ရွယ်ပါတယ် ဘာလို့လဲဆိုတော့ အရှေ့ အလယ်ပိုင်းမှာလည်း ယနေ့ ဒီမိုကရေစီ တော်လှန်ရေးလှုပ်ရှားမှုတွေမှာ တပ်မတော် သားတွေ က ပြည်သူနဲ့ ပူးပေါင်းပါဝင်လာတာတွေ ရှိနေတယ်ဗျာ ဒါဟာကောင်း တဲ့ အချက်ပဲလေ ဒီနိုင်ငံမှာလည်း ပြည်သူနဲ့ ပူး ပေါင်းဆောင်ရွက်ပြီး စစ်အာဏာရှင် ကို တိုက်ဖျက်မယ့် တပ်မတော်သားတွေရှိနေတယ်ဆိုတာ ကျနော်တို့ ယုံကြည်ပါ တယ်။ ဒါကြောင့် တပ်မတောသားတွေအနေနဲ့ ပြည်သူတွေနဲ့လတ်တွဲပြီး ဒီမိုကရေစီတော်လှန်ရေးကို ပါဝင်ဆင်နွှဲကြဖို့ အတွက် ဖိတ်ခေါ်ပါတယ်။ သမိုင်းကပေးတဲ့ တာဝန်ကို ထမ်းဆောင်ကြဖို့၊ ပြည်သူလူထု မျက်နှာကိုထောက်ထားဖို့နဲ့ တပ် မတော် နဲ့ ပြည်သူလက်တွဲပြီး လက်တဆုပ်စာအာဏာရှင်တွေကို ဖြုတ်ချဖို့က အချိန်တန် နေပါပြီးလို့ ကျနော်ပြောချင်ပါ တယ်” လို့ ပြောပြသွားပါတယ်။

ရန်ကုန်တိုင်အတွင်း ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားဆောင်ရွက်နေတဲ့ ကျောင်းသား လူငယ်များအင်အားစုအဖွဲ့ အ နေနဲ့ စစ်အာရှင်စနစ် လုံးဝပပြောက်သည်အထိ ဆက်လက်လှုပ်ရှားသွားမယ်လို့ တဆက်တည်း ပြောကြားသွားပါတယ်။

သတင်း၊ ဓါတ်ပုံ … လွင်မြင့်


Ref;Naytthit

Read More...

မီဒီယာသို့ ပေါက်ကြားသည့် အမေး/အဆိုများ ပယ်ချခံရ

မျိုးသန့်
မတ်လ ၂၄ ရက် ၂၀၁၁ ခုနှစ်

လွှတ်တော်ထဲ မေးမြန်းမည့် မေးခွန်းများနှင့် အဆိုများသည် မဆွေးနွေးမီ ပြည်ပ မီဒီယာများသို့ ကြိုတင်ပေါက်ကြားခဲ့သဖြင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင် အောင်မြင့်က ပယ်ဖျက်မှုများ ပြုလုပ်ခဲ့ကြောင်း လွှတ်တော်တက် အမတ်များထံမှ စုံစမ်းသိရှိရသည်။

“ဦးခင်အောင်မြင့် ပြောတာက တချို့ဟာတွေက ကောင်းတယ်တဲ့၊ သင့်တော်တဲ့ အဆိုတွေဖြစ်တယ်တဲ့။ တချို့ဟာတွေက လွှတ်တော်မှာ တင်သွင်းဆွေးနွေးမှုတွေ မလုပ် ရသေးဘဲနဲ့ အပြင်မီဒီယာတွေကို ရောက်နေတဲ့အတွက် အဲဒါတွေကို ဖြုတ်လိုက်တယ် တဲ့။ ဘယ်ဟာ ပယ်ဖျက်တယ်တော့ မပြောဘူး” ဟု လွှတ်တော်အမတ်တဦး က မဇ္ဈိမကို ပြောသည်။

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌလည်းဖြစ်၊ ပြည်ထောင်စုလွှတ်တော်၏ နာယကလည်းဖြစ်သူ ဦးခင်အောင်မြင့်သည် တပ်မတော် စိတ်ဓာတ်စစ်ဆင်ရေးဌာန၏ အကြီးအကဲ ဟောင်းတဦးလည်း ဖြစ်သည်။ သူသည် ဇန်နဝါရီလ ၃၁ ရက်နေ့ အမျိုးသားလွှတ်တော် အစည်းအဝေးတွင်လည်း လွှတ်တော်အတွင်း သူနိုင်ကိုယ်နိုင် စကားနိုင်လုပြောခြင်းမျိုး မဖြစ်စေရန် အမတ်များကို မှာကြားခဲ့သေးသည်။

လွှတ်တော်တက် အမတ်များအနေဖြင့် လွှတ်တော်တွင်း ဆွေးနွေးမည့် အဆိုများနှင့် မေးခွန်းများကို ၁ဝ ရက်ကြိုတင်၍ လွှတ်တော်ရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ်မှတဆင့် သက်ဆိုင်ရာ လွှတ်တော်ဥက္ကဋ္ဌများထံ ပေးပို့ခဲ့ရသည်။

ထို့နောက် လွှတ်တော်ဥက္ကဋ္ဌ စိစစ်ပြီးဖြစ်သည့် မေးခွန်းများနှင့် အဆိုများကို မည်သည့် နေ့တွင် ဆွေးနွေးရန်ရှိကြောင်း တရက်ကြိုတင်ကာ အမတ်များထံ လွှတ်တော်ရုံး က ပေးပို့ထားလေ့ရှိပြီး နောက်နေ့တွင် ဆွေးနွေးကြခြင်း ဖြစ်သည်။

ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေများ အခန်း ၁၇ (ဃ) တွင် လွှတ်တော် ဥက္ကဋ္ဌများက ဆွေးနွေးရန် ခွင့်ပြုချက် မရသေးမီ မည်သည့်အဆိုကိုမျှ ထုတ်ပြန်ကြေညာခြင်း မပြုရဟု ဖော်ပြထားသည်။

အချို့အဆိုများ ပယ်ဖျက်ခဲ့ကြောင်း ဗုဒ္ဓဟူးနေ့ အစည်းအဝေးတွင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောဆိုခဲ့သည့်အပြင်၊ ထိုသို့မဖြစ်ရေး ထိန်းသိမ်းရန် လိုအပ်ကြောင်း မှာကြားခဲ့သေးသည်ဟု အမျိုးသား လွှတ်တော်တက် အမတ်တဦးကလည်း ပြောသည်။

အမျိုးသားလွှတ်တော်တွင် အဆိုများ ပယ်ဖျက်ကြောင်း ပြောခဲ့သော်လည်း ပြည်သူ့ လွှတ်တော်တွင် ထိုသို့သော ဖြစ်ရပ်မျိုး မရှိဘဲ အဆိုများ ဆွေးနွေးခွင့်ရခဲ့သည်ဟု ပြည်သူ့လွှတ်တော်တက် အမတ်တဦးက ဆိုသည်။

ယနေ့ ပြည်ထောင်စုလွှတ်တော်တွင် ကြံ့ဖွံ့အမတ်၊ လယ်/ဆည်ဝန်ကြီး ဦးဋ္ဌေးဦး၏ စီးပွားရေးပိတ်ဆို့မှု ကန့်ကွက်ရန် အဆိုတင်ခဲ့ပြီး၊ ၎င်းအဆိုကို သောကြာနေ့ အစည်း အဝေးတွင် ဆွေးနွေးကြမည်ဖြစ်သည်။

အနောက်နိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့မှုကို ပြန်လည်ရုပ်သိမ်းစေရန် ရွေးကောက်ပွဲဝင် ပါတီများ လိုလားနေကြပြီး ယခု ဦးဋ္ဌေးဦး၏ အဆိုသည် စီးပွားရေးပိတ်ဆို့မှုကို ရုပ်သိမ်းရန် တောင်းဆိုသည့် အဆိုမဟုတ်ဘဲ ကန့်ကွက်သည့် အဆိုဖြစ်နေခြင်းကြောင့် သောကြာနေ့လွှတ်တော်တွင် သူ့အနေဖြင့် ပါဝင်ဆွေးနွေးမည် မဟုတ်ဟု အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ပါတီမှ အမတ် ဦးခိုင်မောင်ရည်က ဆိုသည်။

“ကျနော်တို့ပါတီက စီးပွားရေးပိတ်ဆို့တာကို ရုပ်သိမ်းပေးဖို့အဆို ဆိုရင်တော့ ကျနော်က ထောက်ခံတယ်။ အခုဟာက သူတို့ဟာ ဘာကြောင့်ပိတ်ဆို့တာလဲ၊ ပိတ်ဆို့တဲ့ အကြောင်း ရင်းတွေရှိပါတယ်။ အဲဒီပိတ်ဆို့တဲ့ အကြောင်းရင်းတွေကို တဖက်က လိုက်လျော မှ တဖက်က လိုက်လျောလာမှာ ဖြစ်တဲ့အတွက် နှစ်ဖက်လုံး ကိစ္စဖြစ်တယ်။ အဲဒီတော့ ပိတ်ဆို့တဲ့ ဘက်ကိုကော၊ ပိတ်ဆို့ခံရတဲ့ ဘက်ကိုကော နှစ်ဖက်လုံးကို တောင်း ဆိုရမှာ ဖြစ်တယ်။ အဲဒီလို ဆွေးနွေးဖို့ အခုဟာက ရုပ်သိမ်းပေးဖို့ တောင်းဆိုတာလည်း မဟုတ်ဘူး၊ ကန့်ကွက်ပါတယ်ဆိုတော့ ကျနော်တို့က ဆွေးနွေး စရာကို မရှိတော့ဘူး” ဟု သူက ပြောသည်။

ကြာသပတေးနေ့ ပြည်ထောင်စုလွှတ်တော်တွင် ဒေါက်တာမြတ်ဥာဏစိုးက မြန်မာနိုင်ငံတွင် စီးပွားရေးကို အထောက်အကူပြုမည့် အမျိုးသားစီးပွားရေး ကော်မရှင်တခု ဖွဲ့စည်းရန် အဆိုကို တင်သွင်းခဲ့ရာ ထောက်ခံမည်သူ မရှိဟု လွှတ်တော်အမတ်များက ပြောသည်။

ဒေါက်တာမြတ်ဥာဏစိုး၏ ဒုတိယအဆိုဖြစ်သည့် စီးပွားရေး အထူးဇုန်များ ထပ်မံတိုးချဲ့ရန် အဆိုသည်လည်း ထောက်ခံမဲ ၁၃၉ မဲ ကန့်ကွက်မဲ ၄ဝဝ ကျော်ဖြင့် ရှုံးနိမ့်ခဲ့သည်။

ကြံ့ဖွံ့အမတ်ဖြစ်သူ စက်မှု ၁ ဝန်ကြီး ဦးအောင်သောင်း၏ ကျောင်းသားများအတွက် ပညာသင် ထောက်ပံ့ကြေးပေးရန် ရှိ/မရှိ မေးခွန်းကို ပညာရေးဝန်ကြီး ဒေါက်တာ ချမ်းငြိမ်းက တနှစ်လျှင် ကျောင်းသား ၁၅ဝဝ ကျော်ကို ပညာသင်စရိတ် ပေးနေကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ဓာတ်မြေသြဇာများ ထုတ်လုပ်မှု အရည်အသွေးမြင့်မားရေး မေးခွန်းကို လယ်/ဆည်ဝန်ကြီးက ဓာတ်မြေသြဇာများ အတုထုတ်လုပ်မှုများ ရှိပါက အရေးယူ သွားမည်ဟု ဖြေကြားခဲ့သည်။

ပြည်ထောင်စုလွှတ်တော်သည် ယခုလ ၂၈-၂၉ ရက်နေ့များအထိ ကျင်းပဖွယ်ရှိပြီး၊ ၃ဝ ရက်နေ့တွင် ဝန်ကြီးများ နေရာချထားရန် ရှိနိုင်သည်ဟု အမတ်များက ခန့်မှန်းကြသည်။

Ref;Mizzima

Read More...

မြန်မာခြိမ်းခြောက်မှု နျူကလီးယားမဟုတ် စကဒ်ဒုံးကျည်

ဂျင်အင်ဒရူး
မတ်လ ၂၄ ရက် ၂၀၁၁ ခုနှစ်

မြန်မာနိုင်ငံက စကဒ်ပုံစံဒုံးကျည်များ ထုတ်လုပ်ရန် စီစဉ်နေသည်ဟူသော သတင်း များသည် အရှေ့တောင်အာရှ နိုင်ငံများအတွင်း အာဏာချိန်ခွင်လျှာကို ပျက်စီးသွား စေနိုင်ပြီး ဒေသတွင်း စစ်လက်နက်ပြိုင်ပွဲတရပ် ပေါ်ထွက်လာစေနိုင်ကြောင်း မြန်မာ့အရေးကျွမ်းကျင်သူ ဘာတီလင်တနာ Bertil Lintner က သတိပေးထားသည်။

မြန်မာနှင့် မြောက်ကိုရီးယား နိုင်ငံများအကြောင်း ယုံကြည်အားထားလောက်သည့် စာအုပ်များ ရေးသားခဲ့သူ လင်တနာက “ကျနော်ရထားတဲ့ အထူးသီးသန့် သတင်းတွေအရ ဧရာဝတီအနောက်ဘက်ကမ်း မကွေးတိုင်း မင်းဘူးမြို့တောင်ဘက်မှာ ရှိတဲ့ မင်းလှဆိုတဲ့ မြို့လေးက စစ်တပ်လက်နက်စက်ရုံတွေမှာ ခေတ်မီဆန်းပြားတဲ့ စကဒ်ဒုံးကျည်တွေ ထုတ်လုပ်နေတယ်လို့ သိထားရပါတယ်’’ ဟု ပြောသည်။

ဤထိပ်တန်း လျှို့ဝှက်စီမံကိန်းတွင် မြန်မာစစ်တပ်ပညာသည်များကို မြောက်ကိုရီးယား လက်နက်ပါရဂူများက အကူအညီပေးနေသည်ဟု ဟောင်ကောင်အခြေစိုက် သတင်းဌာန Asia Pacific Media Services ၏ ဝဘက်ဆိုက်တွင် တင်ထားသော ဘာတီလင် တနာ၏ စာတမ်းတွင် ပါရှိသည်။

နည်းဗျူဟာသုံး ပဲ့ထိန်းအမျိုးအစား ဒုံးကျည်များဖြစ်သော စကဒ်ဒုံးကျည်များကို စစ်အေးတိုက်ပွဲကာလအတွင်း ဆိုဗီယက်ယူနီယံက စတင်ထုတ်လုပ်ခဲ့သည်။ ထို့နောက် မြောက်ကိုရီးယားက အဆိုပါ စကဒ်ဒုံးကျည်များကို သူ့လက်နက်တိုက်အတွင်း လွန်ခဲ့သော နှစ် ၂ဝ ကျော်ကပင် ထည့်သွင်းတပ်ဆင်ခဲ့သည်။ အီဂျစ်နိုင်ငံမှ နည်းဗျူဟာသုံး လက်နက်အမြောက်အမြား ဝယ်ယူတပ်ဆင်ခဲ့သည်။ လက်ရှိအသုံးပြုနေသော သူ့ကိုယ်ပိုင် Hwasong-6 အမျိုးအစား ဒုံးကျည်ကို နောက်ပိုင်းတွင် ထုတ်လုပ်ခဲ့ပြီး အီရန်နှင့် ဆီးရီးယား နိုင်ငံများသို့ တင်ပို့ခဲ့သည်။

လက်ရှိ အသုံးပြုနေသော ထိုလက်နက်သည် ထိပ်ဖူး ၈ဝဝ ကီလိုဂရမ်ကို သယ်ဆောင်ကာ ၇ဝဝ ကီလိုမီတာ အကွာအဝေးအထိ ရောက်ရှိအောင် ပစ်ခတ်နိုင်သည်။ ထို့ကြောင့် ဒေသတွင်း စစ်ပွဲများတွင် ထိရောက်သော အလွန်အစွမ်းထက်သည့် တာလတ်ပစ်လက်နက် ဖြစ်လာခဲ့သည်။

“မြန်မာနိုင်ငံသာ စကဒ်ဒုံးလက်နက် ပိုင်ဆိုင်သွားပါက ယင်းသို့ တာဝေးပစ် ဒုံးကျည် မရှိသည့် အရှေ့တောင်အာရှ အိမ်နီးချင်းနိုင်ငံများကြားတွင် နှာတဖျား သာသွားမည် ဖြစ်သည်။ လက်နက်ပြိုင်ပွဲတရပ်လည်း အဆိုပါ နိုင်ငံများကြားတွင် ပေါ်ပေါက်လာစေနိုင်ပြီး၊ အိမ်နီးချင်း ထိုင်းနိုင်ငံကိုလည်း အလားတူ ဒုံးလက်နက်များ ထုတ်လုပ်ရန်သော်၎င်း၊ ဝယ်ယူရန်သော်၎င်း တွန်းအားပေးလိုက်သလို ဖြစ်လိမ့်မည်’’ ဟု လင်တနာက သတိပေးသည်။

မြန်မာနိုင်ငံသည် နျူကလီးယားလက်နက် ပိုင်ဆိုင်ရန် ကြိုးပမ်းနေသည်ဆိုသည့် ယူဆချက်များအစား မြန်မာနိုင်ငံ၏ ဒုံးလက်နက် အစီအစဉ်ကို ပို၍ အလေးအနက်ထား ကိုင်တွယ်သင့်သည်ဟု သူက ဆိုသည်။ မြန်မာနိုင်ငံက နျူကလီးယားလက်နက် ပိုင်ဆိုင် ရေးဆိုသည်မှာ လတ်တလော ကာလအတွင်း ဖြစ်နိုင်ခြေမရှိသည့် စိတ်ကူးယဉ် စီမံကိန်း တခုမျှသာဖြစ်သည်ဟုလည်း သူက ပြောသည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏ စကဒ်ဒုံးကျည် ထုတ်လုပ်ရေး အစီအစဉ်ကိုသာ လေးနက်စွာ ကိုင်တွယ်ရန် လိုအပ်သည်ဟုပါ သူက ပြောသည်။

ဤဒုံးကျည် အစီအစဉ်များအကြောင်း ပထမဆုံးပေါ်ထွက်လာသည်မှာ ဝီကီလိ ဝဘ်ဆိုဒ်က ဖော်ထုတ်ခဲ့သည့် ရန်ကုန်ရှိ အမေရိကန်သံရုံးမှ ဝါရှင်တန်သို့ ၂ဝ၁ဝ ခုနှစ်တွင် ပေးပို့ခဲ့သော ကြေးနန်းစာတွင် ဖြစ်သည်။

အမေရိကန်သံရုံး၏ သတင်းရင်းမြစ်တခုက မကွေးတိုင်းအတွင်း စစ်တပ်ပိုင်မြေအတွင်း သံကူကွန်ကရစ် မြေအောက်အဆောက်အအုံတခု တည်ဆောက်လျက်ရှိပြီး ထိုအထဲတွင် မြောက်ကိုရီးယား ပညာသည်များက မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်များ တပ်ဆင်လျက်ရှိသည်ဟု သတင်းပေးပို့လာသည်။ အဆိုပါ သတင်းရစ်မြစ်ကပင် “ပုံမှန်အရွယ်ထက် ပိုမိုကြီးမားသော အရွယ်အစားရှိသည့် အားဖြည့် သံမဏိ ထည်ကြီးတခုကို ဖောင်ကြီးတခုဖြင့် တင်ဆောင်သွားသည်ကို မြင်တွေ့ခဲ့ရကြောင်း’’ ပြောကြားခဲ့သည်။

လက်နက်စက်ရုံကို မြေအောက်တွင် တဝက်တပျက်မြှုပ်၍ တည်ဆောက်ထားခြင်းကြောင့် ဝေဟင်မှ ထောက်လှမ်း လေ့လာရန် ခဲယဉ်းသည်ဟု လင်တနာက ပြောသည်။ ယခုအခါ လက်နက်စက်ရုံနှစ်ခုက စကဒ်ပုံစံ ဒုံးကျည်များ အပါအဝင် တိုင်းပြည်တွင်း ယခုထိ ထုတ်လုပ်ခဲ့သမျှထက် ပိုမိုအဆင့်မြင့်သော လက်နက်များကို ထုတ်လုပ်လျက်ရှိသည်ဟု သူ့သတင်းရင်းမြစ်များက သူ့ကိုပြောပြသည်ဟု သူက ဆိုသည်။

“သံရုံးကြေးနန်းထဲမှာ ရည်ညွှန်းဖော်ပြထားတဲ့ စက်ရုံဟာ မင်းလှမြို့နယ် ကုန်းကြီး ကျေးရွာအတွင်း တည်ရှိတဲ့ ကပစ အမှတ် ၁ဝ စက်ရုံဖြစ်တယ်ဆိုတာ အခုအခါ ရှင်းသွားပြီ။ အဲဒီစက်ရုံကို ၁၉၉၃ ခုနှစ်မှာ စတင်ဆောက်လုပ်ခဲ့ပြီး မကြာသေးခင်ကမှ ပြီးစီးသွားခဲ့တယ်’’ ဟု လင်တနာက ပြောသည်။

“အဆိုပါ စက်ရုံသည် မြေဧက ၆ဝဝဝ (၂၄၂၈ ဟက်တာ) ကျယ်ဝန်းပြီး စက်ရုံ တည်ဆောက်ခြင်း ရည်ရွယ်ချက်မှာ မြေပြင်မှ ဝေဟင်ပစ်၊ မြေပြင်မှ မြေပြင်ပစ်နှင့် ဝေဟင်မှ ဝေဟင်ပစ် ဒုံးလက်နက်များ ထုတ်လုပ်ရန်ဖြစ်သည်’’ ဟု စက်ရုံတွင် အလုပ်လုပ်ကိုင်ခဲ့သူ သတင်းရင်းမြစ်၏ အပြောအရ သိရသည်။

’’စက်ရုံမှာ အလုပ်လုပ်တဲ့ မြောက်ကိုရီးယား ပညာရှင်တွေက ပထမတော့ တရုတ်ပြည် ကတဆင့် ကုန်းလမ်းကနေ တိတ်တဆိတ် ဝင်လာတာလို့ သိရတယ်။ သူတို့ကို မြန်မာနိုင်ငံ ကာကွယ်ရေးဌာန လက်နက်ထုတ်လုပ်ရေး ညွှန်ကြားရေးမှူးရုံး (ကကထုတ်) က အရာရှိတွေက နယ်စပ်မှာ သွားကြိုပြီး ခေါ်လာခဲ့တာလို့ သိရတယ်’’ ဟု အဆိုပါ သတင်းရင်းမြစ်က ပြောသည်။

အဆိုပါ ကပစ ၁ဝ တွင် စစ်ဘက်ပညာသည်နှင့် အခြားစစ်သည် ၆ဝဝ မှ ၉ဝဝ ကြား အခြေစိုက်ကာ တာဝန်ထမ်းဆောင်နေသည်ဟု လင်တနာက ပြောသည်။ “အစပိုင်းမှာ ရုရှနဲ့ တရုတ်ပညာရှင်တွေလည်း စက်ရုံဆောက်လုပ်ရေးမှာ ပါသေးတယ်။ နောက်တော့ သူတို့ ထွက်သွားပြီး မြောက်ကိုရီးယား စစ်လက်နက်ပါရဂူတွေ အစားဝင်လာပုံရတယ်’’ ဟု သူက ပြောသည်။

မင်းလှမြို့နယ်ရှိ ဒုတိယစစ်လက်နက်စက်ရုံဖြစ်သော ကပစ ၂ ကို မလွန်ကျေးရွာအနီး မြေဧက တသိန်းပေါ်တွင် ခွဲဖြန့်တည်ဆောက်ထားသည်ဟု သူက ဆိုသည်။ ထိုစက်ရုံဟောင်းတွင် အင်ဂျင်နီယာနှင့် အခြားစစ်သည် ၉ဝဝ တာဝန်ထမ်းဆောင်နေပြီး ၆ဝ မမ၊ ၈၁ မမ၊ ၁၂ဝ မမ စိန်ပြောင်းများနှင့် ၁ဝ၅ မမ အမြောက်များ ထုတ်လုပ်နေသည်ဟု သူ့သတင်းရင်းမြစ်က သူ့ကို ပြောပြသည်။

အဆိုပါ စက်ရုံဝင်းအတွင်း အလွန်ကြီးမားသည့် စက်ပစ်ကွင်းနှင့် လက်နက်စမ်း သပ်ကွင်းတခုလည်း ထည့်သွင်းတည်ဆောက်ထားပြီး အမြောက်နှင့် ဒုံးများ အပါအဝင် လက်နက်ကြီးများကို စမ်းသပ်ပစ်ခတ်နေသည်ဟု အဆိုပါ သတင်းရင်းမြစ်ကပင် လင်တနာကို ပြောသည်။

“ဒီသတင်းရင်းမြစ်ရဲ့ အပြောအရ စင်္ကာပူလို မြေလုံလုံလောက်လောက် မရှိတဲ့ နိုင်ငံက ဒီလက်နက်စမ်းသပ်ကွင်း တည်ဆောက်ရေးအတွက် ငွေထုတ်ပေးခဲ့တယ်။ လက်နက် တွေကို စင်္ကာပူက ယူလာပြီး ဒီမှာ စမ်းသပ်ပစ်ခတ်ကြတယ်’’ ဟု လင်တနာက ပြောဆိုသည်။

“အခုအထိ ရရှိထားတဲ့ သတင်းတွေအရတော့ မင်းလှမှာရှိတဲ့ ကပစ စက်ရုံနှစ်ရုံကနေ အခုမှ အစပျိုးစ၊ အလွန်အငြင်းပွားဖွယ် လျှို့ဝှက်သိပ်သည်းလှတဲ့ နျူကလီး ယားလက်နက်တွေ ထုတ်လုပ်နေတယ်၊ ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ သတင်းတွေ တော့ မကြားရသေးပါဘူး။ နျူကလီးယား သုတေသန လုပ်ငန်းတွေကို ပခုက္ကူမြောက်ဘက်က မြိုင်မှာ လုပ်နေတယ်လို့ သိရတယ်။ မကွေးတိုင်းအတွင်း မင်းလှစက်ရုံတွေနဲ့ အတော်ဝေးဝေး နေရာမှာလည်း လုပ်နေတယ်လို့ သိရတယ်’’ ဟု လင်တနာက ပြောသည်။

ကပစ ၂ စက်ရုံတွင် မြောက်ကိုရီးယားနိုင်ငံ ပါဝင်ပတ်သက်နေမှုမှာ နိုင်ငံတကာအတွက် စိုးရိမ်ပူပန်စရာ ဖြစ်နေဆဲဖြစ်သည်။ မြန်မာနိုင်ငံ၏ အစဉ်အလာ စစ်ရေးမဟာမိတ် တရုတ်နိုင်ငံအတွက်ပင် စိုးရိမ်စရာ ဖြစ်နေသည်။ ၁၉၉ဝ စုနှစ်များအတွင်း ၂ဝဝဝ စုနှစ်များ အစောပိုင်းအထိ အလုံးအရင်းဖြင့် စစ်လက်နက်ပစ္စည်း အမြောက်အမြားကို တင်ပို့ ခဲ့ပြီးနောက် တရုတ်နိုင်ငံမှ လက်နက်များ ပေးပို့ခြင်းမှာ သိသာစွာ လျော့နည်းကျဆင်း သွားပြီဟု လင်တနာက ပြောဆိုသည်။

Ref;Mizzima

Read More...

မြန်မာ ဘောလုံးအသင်းကို စိတ်ပျက်ကုန်ပြီ

ရန်ပိုင်
24 March 2011

ရန်ကုန်မြို့တွင် ကျင်းပနေသည့် အာရှ ဘောလုံး အဖွဲ့ချုပ် ဥက္ကဌ ဖလား AFC Challenge Cup ပြိုင်ပွဲ၌ ယမန်နေ့က မြန်မာ့ လက်ရွေးစင် ဘောလုံးအသင်းက ဘင်္ဂလားဒေ့ရှ် လက်ရွေးစင်အသင်းအား၂ ဂိုးပြတ် ရှုံးနိမ့်သွားသည့်အတွက် အာရှ ဖလားပြိုင်ပွဲ ၀င်ရောက်ရန် မျှော်လင့်ချက် မရှိတော့ကြောင်း ဘောလုံးဝါသနာ အိုးများက ပြောဆိုနေကြသည်။

News-Myanmar-Football-March-24-11

မြန်မာဘောလုံးအသင်းသည် ပြီးခဲ့သည့် ဒီဇင်ဘာလက ကျင်းပသည့် ဆူဇူးကီးဖလားတွင် ဗီယက်နမ်အသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် ဒုတိယ အကြိမ်မြောက် ဆက်လက် ရှုံးနိမ့် ခြင်းဖြစ်သည့် အတွက် မြန်မာဘောလုံး အသင်းကို အားပေးသည့် ပရိသတ်မှာ စိတ်ပျက် လက်ပျက်ဖြစ်သွားရကြောင်း အားကစားဝါသနာရှင် တဦးက ပြောသည်။

“နည်းပြတွေ ဘာတွေလည်းပြီးလို့ ဟုတ်ပြီ ထင်နေတာ၊ အရင်ပုံ အတိုင်းပါပဲ၊ စိတ်ပျက်ဖို့ ကောင်းတယ်”ဟု ၎င်းက ဆိုသည်။

ဝါရင့်အားကစားကလောင်ရှင် ခင်မောင်ထွေး(ပျဉ်းမနား)ကမူ မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း ကျဆုံးရခြင်းသည် အာရှအဆင့်အတန်း မီသည့် ကစားသမား မရှိတော့၍ ဖြစ်ပြီး နည်းပြမှာလည်း အသင်းသားများနှင့် ကိုက်ညီခြင်းမရှိသည့် စနစ်ကို အသုံးပြသည့် အတွက် ဖြစ်သည်ဟု ပြောသည်။

ယခုအခါ မြန်မာဘောလုံးလောကတွင် အားကစားသမားကောင်းများ ထပ်မံပေါ်ထွက်ရန် အခွင့်အလမ်းမရှိတော့ကြောင်း၊ ယခင် လမ်းဘေးဘောလုံးပွဲများမှ ကစားသမားကောင်း ထွက်သကဲ့သို့ ကျောင်းပေါင်းစုံ၊ ပြည်နယ်တိုင်း၊ ၀န်ကြီးဌာန၊ စစ်တပ် စသည့်အဖွဲအစည်းများမှလည်း ထွက်ပေါ်ကြောင်း၊ ယခုအခါ ဘောလုံးကလပ်အသင်းကြီး များကိုသာ မှီခိုနေရကြောင်း ဦးခင်မောင်ထွေး က ဆက်လက်ပြောဆိုသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ပြန်ကြားရေးတာဝန်ခံ ဦးစိုးမိုးက ယခု ဘင်္ဂလားဒေ့ရှ် အသင်းအား ရှုံးနိမ့်မှုနှင့် ပတ်သက်၍ အဖွဲ့ချုပ်နှင့် တကွ၊ အားလုံးတွင် တာဝန်ရှိကြောင်း၊ ရွေးချယ်ထားသည့် ကစားသမားများတွင် ဒဏ်ရာရရှိသူများပြားနေပြီး နည်းပြအသစ်နှင့် လည်း အံဝင်ခွင်င်ကျ မရှိသေးကြောင်း၊ သို့သော် မနက်ဖြန်တွင်ယှဉ်ပြိုင်ရမည့် ပါလက်စတိုင်း အသင်းကို အနိုင်ရလျှင် မြန်မာ အသင်း မှာ မျော်လင့်ချက်ရှိသေးကြောင်း ဧရာဝတီ သို့ ရှင်းပြသည်။

“ပွဲချိန် မိနစ် ၈၀ လောက်ကို မြန်မာအသင်းက ဖိထားတာ၊ ဒါပေမယ့် ဘင်္ဂလားဒေ့ရှ်က ရတဲ့ အခွင့်အရေးကို အသုံးချသွားတာ”ဟု ၎င်းက ဆိုသည်။

အကယ်၍ မြန်မာ့လက်ရွေးစင်အသင်း အောင်မြင်မှုများမရရှိခဲ့လျှင် လက်ရှိနည်းပြနှင့် ချုပ်ဆိုထားသည့်စာချုပ်ကို လျော်ကြေး ပေး ကာ ဖျက်သိမ်းပစ်မည်ဖြစ်ကြောင်း ဦးစိုးမိုးက ပြောသည်။

လက်ရှိနည်းပြမှာ ဆားဘီးယား နိုင်ငံသား ဇီဗာဒီနိုဗစ် ဖြစ်ပြီး လွန်ခဲ့သည့် ဇန်န၀ါရီလကမှ စတင်၍ မြန်မာ့ လက်ရွေးစင် အသင်းကို ကိုင်တွယ်ခဲ့ခြင်း ဖြစ်သည်။

နည်းပြ ဇီဗာဒီနိုဗစ် ကမူ ယခုကဲ့သို့ မြန်မာအသင်းရှုံးနိမ့်ရခြင်းမှာ လူငယ်လက်ရွေးစင် ကစားသမားများကို မရွေးချယ်ဘဲ သက်ကြီး ကစားသမားများကို ရွေးချယ်ခဲ့၍ ဖြစ်ကြောင်း၊ ထို့အတွက် ရာထူးမှထုတ်ပယ်လျှင်လည်း လက်ခံမည်ဖြစ်ကြောင်း ယမန်နေ့က ပြုလုပ် သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြောင်း အားကစား သတင်းများကို ဖော်ပြပေးနေသည့် Soccer Myanmar အင်တာ နက် စာမျက်နှာတွင် ရေးသား ထားသည်။

ယခု ပြိုင်ပွဲမှာ အာရှတိုက်အတွင်းရှိ ဘောလုံးအားကစား ဖွံဖြိုးမှု အားနည်းသည်ဟု သတ်မှတ်ခံရသည့် မြန်မာ၊ ဘင်္ဂလား၊ ဖိလစ် ပိုင်၊ ပါလက်စတိုင်း နိုင်ငံများ အတွက် သီးသန့် ကျင်းပပေးခြင်း ဖြစ်ပြီး ဗိုလ်စွဲသည့် အသင်းသည် အာရှဖလား ပြိုင်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

မြန်မာဘောလုံးအသင်း၏ အတောက်ပဆုံး အချိန်ကာလများမှ ၁၉၆၀ ခုနှစ်တ၀ိုက်က ဖြစ်ခဲ့ပြီး ထိုမှ တဖြည်းဖြည်း နိမ့်ကျလာခဲ့ရာ ၁၉၉၀-၉၃ ခုနှစ်ကာလများတွင်မူ ပြန်လည်၍ အသက်ဝင်လာခဲ့ပြီးနောက် ထိုးစိုက်ကျဆင်းသွားခဲ့ပြန်သည်။

စစ်အစိုးရက မြန်မာ ဘောလုံးလောက တိုးတက်စေရန်ဆိုသော အကြောင်းပြချက်ဖြင့် ၂၀၀၉ ခုနှစ်မှ စတင်ကာ ၎င်းနှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင် ဦးဇော်ဇော်ကို ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ခန့်အပ်၍ တခြားသော စီးပွားရေး လုပ်ငန်းရှင်များကိုလည်း ကိုယ် ပိုင် ဘောလုံး အသင်းများကို တည်ထောင်စေကာ ၀န်ကြီးဌာနအဆင့် အပျော်တမ်းစနစ်မှ ကြေးစားဘောလုံးစနစ်ကို ပြောင်းလဲ စေ ခဲ့သည်။

ထိုသို့ ပြောင်းလဲခဲ့ပြီးနောက် မြန်မာ့လက်ရွေးစင်အသင်းမှာ တိုးတက်မှု ရှိမလာဘဲ ပိုမိုဆုတ်ယုတ်ခဲ့သည်။ အဆိုးရွားဆုံး ရှုံးနိမ့်မှုမှာ ပြီးခဲ့သည့် နှစ် ဒီဇင်ဘာလက ဆူဇူကီးဖလားတွင် ဗီယက်နမ်အသင်းကို ၇ ဂိုး ၁ဂိုးဖြင့် ရှုံးနိမ့်ခြင်းဖြစ်သည်။

မကြာသေးမီကလည်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဆတ်ဘလတ္တာ မြန်မာ နိုင်ငံသို့လာရောက်ပြီး ဘောလုံးအားကစား တိုးတက် စေရန် ဖီဖာအကူအညီဖြင့် မန္တလေးမြို့တွင် တည်ဆောက်နေသည့် ဘောလုံးအကယ်ဒမီ သင်တန်းကျောင်ကို ဖွင့်လှစ်ပေးခဲ့သည်။

မြန်မာ အသင်းသည် ပြီးခဲ့သည့် တနင်္လာနေ့က ဒေသတွင်း ပြိုင်ဘက် ဖိလစ်ပိုင်အသင်းကို တဖက်တဂိုးစီ သရေကျခဲပြီး ဘင်္ဂလား ဒေ့ရှ် အသင်းကိုမူ ရှုံးနိမ့်ကာ ၁ မှတ်သာ ရရှိထားသည်။ မနက်ဖြန်တွင် ပါလက်စတိုင်းအသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ယခုအုပ်စု တွင် ပါလက်စတိုင်းအသင်းက ၄ မှတ်နှင့် အုပ်စု ပထမ၊ ဘင်္ဂလားဒေ့ရှ်က ၃ မှတ်၊ ဖိလစ်ပိုင်နှင့် မြန်မာက ၁ မှတ်စီရထားသည်။

Ref;Irrawaddy

Read More...

စက်မှု (၂) ထုတ် ကားဝယ်လျှင် ထောက်ခံစာ လိုမည်

ဟိန်းဇော်
24 March 2011

တရုတ်နိုင်ငံနှင့် ပူးပေါင်း စမ်းသပ်ထုတ်လုပ် လျက်ရှိသော အမှတ် (၂) စက်မှုဝန်ကြီးဌာနမှ Myanmar Mini(Cherry Wagon) ကား များကို အစိုးရအရာရှိများအား ရောင်းချ ပေးမည်ဖြစ်သော်လည်း အပြင်လူများအနေဖြင့် အစိုးရ၀န်ထမ်းအကြီးအကဲ၏ ထောက်ခံစာ လိုအပ်ကြောင်း တာဝန်ရှိသူ တဦးက ဆိုသည်။

ပြည်တွင်း စက်မှုဇုန်ထုတ် ကားများကို ကျပ် သိန်း၃၀၀ ဖြင့် ရောင်းချ နေသည့်အတွက် အဆိုပါ Cherry Wagon ကားများကို ကျပ် ၅၅ သိန်းဖြင့်ရောင်းချပေးမည့် သတင်း ကြောင့် ဝယ်ယူလိုသူများ စိတ်ဝင်စားလျက်ရှိနေကြောင်း ဟံသာဝတီ ကားပွဲစားတန်းမှ ကား ၀ယ်ရောင်း အကျိုးဆောင် တဦးက ဆိုသည်။

မြန်မာနိုင်ငံတွင် စက်မှုဇုန် ၁၈ ခု၌ ပြည်တွင်း ကားထုတ်လုပ်မှု လုပ်ငန်းပေါင်း ၃၀၀ ခန့်ရှိပြီး အမှတ်(၂)စက်မှုဝန်ကြီး ဌာနနှင့် ပုဂ္ဂလိ က ကုမ္ပဏီများမှ တနှစ်လျှင် ကားအစီးရေ တသောင်း ကျော် ထုတ်လုပ်ပေးလျက် ရှိသည်ဟု သိရသည်။

အဆိုပါ Cherry Wagon ကားများကို တရုတ်နိုင်ငံမှတင်သွင်း၍ အမှတ်(၂) စက်မှုဝန်ကြီးဌာန(စက်မှု ၂)ရှိ မော်တော်ယာဉ် တပ်ဆင် ရေးစက်ရုံတွင် တပ်ဆင်ပြီး ရောင်းချပေးမည်ဖြစ်ကာ ၀ယ်ယူလိုသူများအနေဖြင့် လျှောက်ထားနိုင်ကြောင်း စက်မှု(၂)မှ တာဝန်ရှိသူ တဦးက ပြောသည်။

“Cherry Wagon ကားတွေကို ၅၅ သိန်းနဲ့ ရောင်းပေးတယ် ဆိုပေမယ့် အိမ်တော်(နေပြည်တော်)ကို ရောင်းပေးတဲ့ဈေးပါ။ အပြင် လူ လျှောက်ထားမယ်ဆိုရင် အစိုးရဝန်ထမ်းထဲက လူကြီးတဦးရဲ့ထောက်ခံစာ လိုအပ်မယ်”ဟု စက်မှု(၂) ကား အရောင်း စင်တာမှ ဝန်ထမ်း တဦးကလည်း ပြောဆိုသည်။

လက်ရှိတွင် Cherry Wagon မော်တော်ယာဉ် အစီး ၃၀ ထုတ်လုပ်ပြီးဖြစ်၍ အစိုးရအကြီးအကဲများကို ရောင်းချပေးလျက်ရှိပြီးအရပ် သားများ လျှောက်ထားမည်ဆိုပါက အချိန်ကာလကြာမြင့်မည် ဖြစ်ကြောင်း၊ Cherry Wagon ကားများဝယ်ရန် ကမ္ဘာအေး ဘုရား လမ်း စက်မှု(၂)ရုံးရှိ အရောင်းစင်တာတွင် လျှောက်လွှာများလက်ခံလျက်ရှိပြီး လျှောက်ထားသူဦးရေ ၇၀၀ ကျော်ရှိကြောင်း သိရှိရ သည်။

မကြာသေးခင်က နေပြည်တော်၌ကျင်းပသည့် လွှတ်တော်အစည်းအဝေးတွင် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ် ဉာဏစိုးက ပြည်တွင်း စက်မှုဇုန်များက ကား ထုတ်လုပ်နေသော်လည်း အဆင့်မီကားတစီးလျှင် ကျပ် သိန်း ၃၀၀ ၀န်းကျင် ဖြစ် နေ ၍ လူလတ်တန်းစားများ လက်လှမ်းမီရန် ခက်ခဲနေသည့် အနေအထား ဖြစ်နေကြောင်း ပြောဆိုမေးမြန်းခဲ့သည်။

ယင်း မေးမြန်းချက်နှင့် ပတ်သက်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ၀န်ကြီး ဦးတင်နိုင်သိန်းက ယာဉ်နှင့် စက် ပစ္စည်းတင်သွင်းမှုနှင့်ပတ်သက်၍ တည်ဆောက် ရေးလုပ်ငန်းတွင်အသုံးပြုသည့် ယန္တရားများ၊ ကုန်တင်ယာဉ်ကြီးများ၊ ဘတ်စ်ကား ကြီးများကို ဦးစားပေးအဆင့်နှင့် ရက်သတ္တပတ်တပတ်လျှင် အစီး ၁၀၀ ကျော်နှင့်တလလျှင် အစီး ၅၀၀ ခန့် တင်သွင်းခွင့်ပေးလျက် ရှိကြောင်း အိမ်သုံး လူစီးကားများတင်သွင်းခွင့်ကို ကန့်သတ်ထားပြီး ပြည်တွင်းထုတ်လုပ်မှုကို အားပေးမြှင့်တင် လျက်ရှိကြောင်း ပြန် လည်ဖြေဆိုထားသည်။

စက်မှု(၂)၀န်ကြီးဌာနမှ ကားများကို လွန်ခဲ့သော နှစ်များစွာကတည်းက ထုတ်လုပ် ရောင်းချလျက်ရှိပြီး စက်မှုဇုန်များမှ ကားများကို ၁၉၉၇ ခုနှစ် ၀န်းကျင်က စတင် ထုတ်လုပ်ရောင်းချကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် ပြည်ပမှ ကားတင်သွင်းခြင်းကို ၁၉၉၇ အထိသာခွင့်ပြုခဲ့ပြီး နောက်ပိုင်းတွင် ပြည်တွင်းစက်မှုဇုန်များတွင် ပြည်ပမှ ကား အပိုပစ္စည်းများ တင်သွင်း၍ တပ်ဆင် ရောင်းချလျက် ရှိသည်။

အမှတ်(၂)စက်မှု ၀န်ကြီးဌာန မှ ၀ယ်ယူ သုံးစွဲလျက်ရှိသည့် Myanmar Double Cab နှင့် SUV ကားများသည် လက်ရှိ အချိန်တွင် ရောင်းအားကျဆင်းလျက်ရှိပြီး ကားများကို အခမဲ့ စစ်ဆေးပေးခြင်းနှင့် ဆီစစ်လဲလှယ်ခြင်းများကို ပြုလုပ်ပေး၍ ရောင်းအားမြင့် တက် လာစေရန် ဝန်ဆောင်မှုများ ပေးလျက်ရှိသည်။

အမှတ်(၂) စက်မှုဝန်ကြီးဌာနသည် ကား ဖက်စပ် ထုတ်လုပ်မှုကို မြန်မာနိုင်ငံတွင် ၁၉၇၀ ၀န်းကျင်ကာလက ဂျပန်နိုင်ငံ မာဇဒါ ကုမ္ပဏီနှင့် လည်းကောင်း၊ ၁၉၉၀ ၀န်းကျင်ခန့် က တောင်ကိုရီးယားနိုင်ငံ ဒေ၀ူးကုမ္ပဏီနှင့် လည်းကောင်း၊ ၂၀၀၃ ခုနှစ် ၀န်းကျင် ခန့်က ဂျပန်နိုင်ငံ ဆူဇူကီး ကုမ္ပဏီနှင့်လည်းကောင်း၊ ၂၀၀၉ ခုနှစ်တွင် တရုတ်ကုမ္ပဏီ တခု ဖြင့်လည်းကောင်း ဖက်စပ် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

Ref;Irrawaddy

Read More...

စိတ်ကြွဆေး ရောင်းဝယ်မှုနှင့် မြန်မာ ၃ ဦး ဘန်ကောက်တွင် အဖမ်းခံရ



သန်းထိုက်ဦး
24 March 2011

မြန်မာနိုင်ငံသား ၃ ဦးကို ရာဘ (ခေါ်) မက်သာ အဖက်တမင်း စိတ်ကြွဆေးပြား ၃ သိန်းကျော်နှင့် အတူ ဘတ်ငွေ ၅ သိန်း ၆ သောင်း တို့ကို ထိုင်း အာဏာပိုင်များက ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ပြီးခဲ့သောအင်္ဂါနေ့က ဖမ်းဆီးခဲ့ကြောင်း ထိုင်း သတင်း များအရ သိရသည်။

အဆိုပါ မြန်မာနိုင်ငံသားများကို ဘန်ကောက်မြို့ရှိ တက္ကသိုလ်အရှေ့ တနေရာတွင် ထိုင်းရဲများက သတင်းအရ ၀င်ရောက် ဖမ်း ဆီး ခဲ့ပြီး သက်သေခံ ပစ္စည်းများအဖြစ်စိတ်ကြွဆေးပြား ၂၀၀၀၀၀ အပြင် ကားတစီး၊ ဘဏ်စာအုပ် ၃ အုပ်နှင့် ဘတ်ငွေ ၅၆၀၀၀၀ တို့ကို သိမ်းဆည်းရမိကြောင်း Office oF The NARCOTICS CONTROL BOARD(ONCB) ၏ အင်တာနက် စာမျက် နှာတွင် ဖော်ပြထားသည်။

ထို့အပြင် ဖမ်းမိထားသော တရားခံများ၏ နေထိုင်သော အခန်းများ၌ ဆက်လက် ရှာဖွေမှုပြုလုပ်ခဲ့ရာစိတ်ကြွဆေးပြား ၁၂၁၆၀၀ ထပ်မံ ဖမ်းဆီးရမိခဲ့ပြီး စုစုပေါင်း ၃၂၁၆၀၀ ရှိကြောင်း ONCB က ဆိုသည်။

အဖမ်းခံရသူများသည် ဘန်ကောက်မြို့သို့ တရားမ၀င် လာရောက် အလုပ်လုပ်ကိုင်နေပြီး ဘန်ကောက် အနီးတ၀ိုက် တွင် လည်းစိတ်ကြွဆေးပြားများ ရောင်းချနေကြောင်း ၎င်း သတင်း၌ ရေးသားထားသည်။

အဖမ်းခံရသူများသည် အသက် ၂၅ အရွယ် တဦး အပါအ၀င် အသက် ၂၈ နှစ် နှင့် ၃၆ နှစ် အရွယ်များဖြစ်ပြီး ဖမ်းမိထားသောစိတ်ကြွ ဆေးပြားများ၏ တန်ဖိုးမှာ ခန့်မှန်းခြေ ဘတ် သန်း ၁၀၀ ခန့် ရှိပြီး အမေရိကန် ဒေါ်လာဖြင့် ၃၃၀၀၀ ခန့်ရှိကြောင်း သိရ သည်။

တရားခံများကို မည်သည့်နေရာ၌ ထိန်းသိမ်းထားသည်ကို မသိရှိရသကဲ့သို့ ဥပဒေအရ မည်သို့ အရေးယူဆောင်ရွက်မှုများကို ယင်း သတင်းတွင် ဖော်ပြထားခြင်း မရှိပေ။

ယခု မတ်လဆန်းပိုင်းတွင်လည်း အသက် ၂၃ နှစ်နှင့် ၁၉ နှစ် အရွယ် မြန်မာ အမျိုးသမီး ၂ ဦးတို့ကို ဘန်ကောက်မြို့တွင် စိတ်ကြွ ဆေးပြား ၃ သိန်းနှင့် အတူ ဖမ်းဆီးမိခဲ့ကြောင်း ONCB က ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ် ဧပြီလ အတွင်းကလည်း မူးယစ်ဆေးဝါး သယ်ဆောင် လာသူများနှင့် ထိုင်းစစ်တပ်တို့ ထိုင်း-မြန်မာ နယ်စပ်တွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ မူးယစ်ဆေးသယ်ဆောင်သူ ၃ ဦး သေဆုံးပြီး စိတ်ကြွဆေးပြား ၂ သိန်း ဖမ်းဆီးမိခဲ့သည်။

မူးယစ်ဆေးဝါးများကို ရှမ်းပြည်နယ်အတွင်းရှိ တချို့သော တိုင်းရင်းသားလက်နက်ကိုင် ငြိမ်းချမ်းရေးအဖွဲ့များက ထုတ်လုပ် နေကြပြီး တာချီလိတ်မြို့ဘက်မှ ထိုင်းနိုင်ငံအတွင်းသို့ သယ်ဆောင်ရောင်းချမှုများ ရှိကြောင်း သတင်းများတွင် ဖော်ပြထားသည်။

ယင်း ဒေသတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင် ငြိမ်းချမ်းရေးအဖွဲ့ တဖွဲ့ ဖြစ်သော ၀ ပြည်သွေးစည်းညီညွတ်ရေး တပ်ဖွဲ့ (UWSA) သည် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများကို အာရှတွင် အမြောက်အမြား ကျယ်ပြန့်စွာ ထုတ် လုပ်နေသည့်အဖွဲ့ တဖွဲ့ဖြစ်ကြောင်း အမေရိကန် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့ကဆိုသည်။

တချိန်တည်းတွင်ပင် မြန်မာအာဏာပိုင်များကလည်း မူးယစ်ရာဇာ နော်ခမ်းကို ဖမ်းဆီးမိန့် ထုတ်ပြန်ထားသည်။ နော်ခမ်းသည် ရွှေတြိဂံဒေသတွင် မူးယစ်ဆေးဝါး မှောင်ခို ကုန်ကူးနေသူဖြစ်ပြီး ၎င်းမှာ တရုတ်၊ ထိုင်းနှင့် လာအို နိုင်ငံများကလည်း အလိုရှိနေ သူ ဖြစ်သည်။

Ref;Irrawaddy

Read More...

လက်နက်ကိုင် နာဂအဖွဲ့ချင်း စစ်ကိုင်းတိုင်းမှာ တိုက်ပွဲဖြစ်ပွား

2011-03-23

စစ်ကိုင်းတိုင်း အထက်ပိုင်း နာဂတောင်တန်းမှာ နာဂ လက်နက်ကိုင် အဖွဲ့  နှစ်ဖွဲ့ အကြား တိုက်ပွဲတွေ ဖြစ်ပွား နေတဲ့ အတွက် ဒေသခံ ရွာသားတွေ ထွက်ပြေး ကြရပြီး ရွာပြင် တောင်ယာ တဲတွေမှာ ခိုလှုံ နေထိုင် နေကြရ တယ်လို့ သိရပါတယ်။


ဦးခပ်ပလန် ဦးဆောင်သော NSCN-K နာဂ လက်နက်ကိုင် အဖွဲ့မှ တပ်ဖွဲ့ဝင်များကို
လက်နက်ကိုယ်စီဖြင့် တွေ့ရပုံ ဖြစ်ပါသည်။ (Photo: RFA)


ဦးခပ်ပလန် ဦးဆောင်တဲ့ နာဂ လက်နက်ကိုင် အဖွဲ့အခြေပြုရာ နန်းယွန်းမြို့နယ် မြောက်ပိုင်းကို သူတို့ရဲ့ ပြိုင်ဖက် တီမွိုက်ပါး ဦးဆောင်တဲ့ နာဂလက်နက်ကိုင် အဖွဲ့တွေ ဝင်ရောက် လာတဲ့ အတွက် ဒီလ ၁၇ ရက်နေ့က စပြီး အခုအချိန် အထိ တောက်လျှောက် ဆိုသလို တိုက်ပွဲတွေ ဖြစ်ပွား နေတယ်လို့ သိရပါ တယ်။

အဲဒီ နာဂလက်နက်ကိုင်အဖွဲ့  နှစ်ဖွဲ့ ရဲ့ တိုက်ပွဲကြောင့် ဟက်စီနုတ်ခွန်း ဆိုတဲ့ ရွာ တရွာ မီးလောင်ပြီး ရွာအတော် များများက ရွာသားတွေ ထွက်ပြေး နေကြရကြောင်း အိန္ဒိယ-မြန်မာ နယ်စပ်မှာ နေထိုင်တဲ့ နာဂ အမျိုးသား ကိုမိုးကြည်က RFA ကို ပြောပါတယ်။

အိမ်ခြေ ၉၀ ကျော် မီးလောင်သွားပြီး ရွာသားများ ဒုက္ခရောက်နေတယ်လို့ သူက ပြောပြပါတယ်။

နာဂလက်နက်ကိုင် တွေဟာ မူလက NSCN နာဂ အမျိုးသား ဆိုရှယ်လစ် ကောင်စီ ဆိုတဲ့ အမည်နဲ့ တဖွဲ့တည်း ဖြစ်ပြီး ၁၉၈၈ ခုနှစ်မှာ နှစ်ဖွဲ့ ကွဲခဲ့ပါတယ်။ ဒါပေမဲ့လည်း နှစ်ဖွဲ့စလုံးက သူတို့ရဲ့  NSCN ဆိုတဲ့ မူရင်း နာမည်ကိုပဲ သုံးထား ကြပါတယ်။

နှစ်ဖွဲ့စလုံးရဲ့  ရည်မှန်းချက်ကတော့ အိန္ဒိယဖက်က နာဂ နယ်မြေနဲ့ မြန်မာပြည် ဖက်မှာ ပါဝင်တဲ့ နာဂ တောင်တန်း တို့ကို ပေါင်းပြီး လွတ်လပ်တဲ့ နာဂနိုင်ငံ ထူထောင်ရေးပဲ ဖြစ်ပါတယ်။ အဲဒီ အတွက်လည်း အိန္ဒိယနဲ့ မြန်မာ အစိုးရ အဆက်ဆက်တွေကို နှစ်နိုင်ငံစလုံး လွတ်လပ်ရေး ရပြီးစ ကတည်းက လက်နက်ကိုင် ဆန့်ကျင် ခဲ့ကြပါတယ်။

Ref: RFA News

Read More...

လစ်ဗျားတိုက်ပွဲ အရှိန်မြင့်

ဗုဒ္ဓဟူး, 23 မတ် 2011 ။ ။

လစ်ဗျားနိုင်ငံအပေါ် လေယာဉ်မပျံသန်းရ ဇုန်နယ်မြေ သတ်မှတ်နိုင်ဖို့ မြောက် အတ္တလန္တိတ် စစ်စာ ချုပ်အဖွဲ့ (NATO) က ကြိုးပမ်း နေတဲ့ တချိန် တည်းမှာပဲ လစ်ဗျားခေါင်းဆောင် မိုမာ ကဒါဖီ (Moammar Gadhafi) ကို သစ္စာခံ တပ်ဖွဲ့တွေက နိုင်ငံ အရှေ့ပိုင်းနဲ့ အနောက်ပိုင်းမှာ ရှိတဲ့ အတိုက်အခံတွေ ထိန်းချုပ်ရာ မြို့တွေကို တိုက်ခိုက် နေပါတယ်။

လစ်ဗျားခေါင်းဆောင်ကို လိုလားသူ တပ်တွေက နိုင်ငံ အနောက်ပိုင်းမှာ ရှိတဲ့ မီစ်ရာတာ (Misrata) နဲ့ ဇင်တန် (Zintan) မြို့တွေကို ထိုးစစ်ဆင် တိုက်ခိုက် နေချိန်မှာပဲ ဒီကနေ့ မြို့တော် ထရီပိုလီ (Tripoli) မှာ ပေါက်ကွဲမှု တွေနဲ့ လေယာဉ်ပစ် သေနတ်သံ တွေကိုလည်း ကြားကြရတာပါ။

အရှေ့ပိုင်းဒေသက အက်ဂ်ျဒါဘီယာ (Ajdabiya) မြို့မှာလည်း အစိုးရ လိုလား သူတွေနဲ့ သူပုန်တွေကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့ အတွက် အကြီး အကျယ် ပျက်စီးမှုတွေ ရှိခဲ့တယ်လို့လည်း မျက်မြင် တွေ့သူတွေက ပြောပါတယ်။

တချိန်တည်းမှာပဲ ကုလသမဂ္ဂရဲ့ လက်နက်တင်ပို့မှုတွေအပေါ် အရေးယူ ပိတ်ဆို့မှုတွေကို အကောင်အထည် ဖော်နိုင်ဖို့ အတွက် နေတိုး စစ်သင်္ဘောတွေ လစ်ဗျား ကမ်းခြေမှာ ရောက်နေတယ် လို့လည်း AP သတင်းတပုဒ်က ဖော်ပြပါတယ်။

လစ်ဗျားနိုင်ငံအပေါ် ကန့်သတ်မှုတွေ လုပ်သွားဖို့ အဓိက အခန်းကဏ္ဍမှာ နေတိုး တပ်ဖွဲ့တွေ တာဝန် ယူသွားဖို့ အတွက် ပြင်ဆင်မှုတွေ လုပ်နေပြီလို့လည်း သံတမန်တွေက ပြောပါတယ်။

သူပုန်တွေနဲ့ နိုင်ငံတကာ တပ်ဖွဲ့တွေကို အောင်မြင်အောင် တိုက်ခိုက် သွားမယ်လို့ လစ်ဗျား ခေါင်းဆောင်က သန္နိဋ္ဌာန်ချ ပြောဆို အပြီး နာရီပိုင်း အတွင်းမှာပဲ အခုလို နောက်ဆက်တွဲ သတင်းတွေလည်း ထွက်ပေါ်လာတာပါ။

သီတင်းတပတ်အတွင်း ပထမဆုံးအကြိမ် အဖြစ်နဲ့ ထောက်ခံသူတွေကို မိန့်ခွန်းပြောဖို့ ထရီပိုလီမြို့က သူ့အိမ် ၀န်းထဲကို ထွက်လာတဲ့ လစ်ဗျား ခေါင်းဆောင်ကတော့ အချိန်တို အတွင်းမှာပဲ ဖြစ်ဖြစ်၊ ရေရှည်မှာပဲ ဖြစ်ဖြစ် တိုက်ပွဲတွေ ဆင်နွှဲသွားဖို့ သူ့အနေနဲ့ အဆင်သင့် ရှိနေတယ်လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

လစ်ဗျားနိုင်ငံပေါ်မှာ လေယာဉ်မပျံသန်းရ ဇုန်နယ်မြေ သတ်မှတ်ဖို့ ကြိုးပမ်း တာဟာ အစ္စလာမ် ဘာသာ အပေါ် စစ်ဆင်နွှဲတာ ဖြစ်တယ်လို့ သူ့ရဲ့ တပ်တွေကို တိုက်ခိုက်နေတဲ့ နိုင်ငံတကာ တပ်တွေကို လစ်ဗျားခေါင်းဆောင်က ပြစ်တင် ပြောဆို လိုက်တာပါ။

Ref: VOA News

Read More...

အမှတ် (၁၉) နယ်ခြားစောင့်တပ်ရင်း သရက်ဖြူစခန်း တိုက်ခိုက်သိမ်းပိုက် ခံရ

March 24, 2011

ကရင်ပြည်နယ် မြဝတီအနီးက မယ်ပလဲ၊ ဝှေ့ရှမ်း၊ ထိပေါပလော ကြားမှာရှိတဲ့ သရက်ဖြူ စခန်းမှာ အခြေပြုတဲ့ နယ်ခြား စောင့်တပ် တပ်ရင်း ၁၉ ကို ကေအန်ယူနဲ့ ဒီကေဘီအေ ပူးပေါင်း တပ်ဖွဲ့တွေက မတ်လ ၂၂ ရက်နေ့က ဝင်ရောက် တိုက်ခိုက် သိမ်းပိုက် လိုက်ပါတယ်။


တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ ဒီကေဘီအေ မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ဆန်းအောင် ပြောပြတာက ..

“ဒီ သရက်ဖြူစခန်းမှာ တာဝန်ယူတာက BGF တပ်ရင်း ၁၉ ပါ ဗိုလ်မှူး ဒီးဒီး က ဦးဆောင်တယ်။ ၂၂ ရက်နေ့ နေ့ခင်း ၁၁ လောက်မှာ ကျနော်တို့ ဘက်က စခန်းကို သိမ်းပြီး မီးရှို့ပစ်ခဲ့တယ်။ စစ်အာဏာရှင် လက်အောက်မှာ နယ်ခြားစောင့် အဖြစ်နဲ့ ကျန်ခဲ့တဲ့ ညီအစ်ကိုတွေကို ကျနော် တခုပြောချင်တယ်၊ ကျနော်တို့ တော်လှန်ရေး ညီအကိုတွေ အချင်းချင်း အမြန် ပူးပေါင်းဖို့ လိုပြီ စစ်အာဏာရှင်က နယ်ခြားစောင့် တပ်တွေကို ရှေ့မှာထားပြီး ထိုးကျွေး ထားတာ ဖြစ်တယ်။ ဒီအတိုင်း ဆက်သွားမယ် ဆိုရင်တော့ လုံးပါးပါးပြီး ပျောက်သွား လိမ့်မယ်။ ကျနော်တို့လည်း ညီအကို အချင်းချင်း မတိုက်ချင်းပါဘူး၊ ခုလောလောဆယ် သူတို့တွေဟာ စစ်အာဏာရှင်ရဲ့ ဒေါက်တိုင်၊ စစ်အာဏာရှင်က အသုံးချခံ ဖြစ်နေတဲ့ အတွက် မဖြစ်မနေ တိုက်နေရတာ ဖြစ်တယ်” လို့ ပြောပြ သွားပါတယ်။

ကော့ကရိတ်မြို့နယ်ထဲက ထိပိုးစံရွာ အနီးမှာလည်း ကေအန်ယူ တပ်ရင်း ၁၀၁ နဲ့ ဒီကေဘီကေ တပ်ရင်း ၉၀၅ တို့ ပူးပေါင်း တပ်ဖွဲတွေက နအဖ ခလရ (၉၇) ကို မတ်လ ၂၃ ရက်နေ့က တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ပွဲ အခြေအနေ အသေးစိတ်ကိုတော့ မသိရှိရသေးပါ။

အခုဆိုရင် ကေအန်ယူနဲ့ ဒီကေဘီအေတပ်ဖွဲ့တွေဟာ မြဝတီမြို့နယ် ကော့ကရိတ် မြို့နယ် တွေမှာ လူထု စည်းရုံးရေး လုပ်ငန်းတွေ လူထု အုပ်ချုပ်ရေး လုပ်ငန်းတွေ ပြုလုပ်နေပြီး နအဖ တပ်စခန်း တွေကို ဆက်လက် ထိုးနှက် တိုက်ခိုက်ဖို့ ပြင်ဆင်နေတယ် လို့လဲ ကြားသိရပါတယ်။


Ref: နေ့သစ်

Read More...

စီးပွားရေး ပိတ်ဆို့မှုများ ဆက်ထားဖို့ လိုကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

2011-03-23

မြန်မာနိုင်ငံ အပေါ် အနောက် နိုင်ငံတွေက စီးပွားရေးအရ ပိတ်ဆို့ ထားတာတွေကို ဆက်ပြီး ထားဖို့ လိုမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က မတ်လ ၂၃ ရက် ဒီကနေ့ ဂျာမနီက သတင်းစာ တစောင်နဲ့ မေးမြန်းခန်းမှာ ပြောကြား လိုက်ပါတယ်။

မြန်မာနိုင်ငံ အပေါ် ထားရှိတဲ့ ပိတ်ဆို့မှုတွေကို ရုပ်သိမ်းရေး ဥရောပ သမဂ္ဂက ပြန်လည် စဉ်းစားမဲ့ အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က ခုလို ပြောဆို လိုက်တာပါ။



ဒေါ်အောင်ဆန်းစုကြည်က ဂျာမန်သတင်းစာ Franfurter Rundschau နဲ့ မေးမြန်းခန်းမှာ ပိတ်ဆို့မှုတွေ ရုပ်သိမ်း ပေးဖို့ ဆိုရင် တိုးတက်မှု အပြောင်းအလဲ တခုခု မြင်တွေ့ရဖို့ လိုတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံက လူ့ အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ဥရောပနဲ့ အမေရိကန် နိုင်ငံတွေက စီးပွားရေး အပါအဝင် တခြား ပိတ်ဆို့မှုတွေ ကန့်သတ်ထားတာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံအပေါ် ကန့်သတ်ထားတဲ့ ပိတ်ဆို့မှုတွေကို ဆက်ပြီး ထားရှိဖို့ ဆုံးဖြတ် ထားပေမဲ့ ဥရောပသမဂ္ဂ EU အနေနဲ့လာမဲ့ ဧပြီလအတွင်း ပြန်လည် သုံးသပ် စဉ်းစားဖို့ ရှိနေပါတယ်။

စီးပွားရေးပိတ်ဆို့မှုကို ထောက်ခံသူတွေအနေနဲ့ နိုင်ငံရေးအကျဉ်းသား ၂,၂၀၀ ကျော် ရှိနေတဲ့ စစ်အစိုးရကို ဖိအားပေးနိုင်ဖို့ မြန်မာနိင်ငံအပေါ် ပိတ်ဆို့မှုတွေ ထားရှိဖို့ လိုအပ်တယ်လို့ ယူဆပါတယ်။

ဒါပေမဲ့ သဘာဝ သယံဇာတ ကြွယ်ဝတဲ့ မြန်မာနိုင်ငံက အရင်းအမြစ်တွေကို မျက်စိကျနေတဲ့ အနောက်နိုင်ငံက စီးပွားရေး သမားများ အာဆီယံ ကုမ္မဏီများ၊ အိန္ဒိယ၊ တရုတ်၊ ထိုင်းနဲ့ တောင်ကိုရီးယားက စီးပွားရေး သမားတွေကတော့ ဒီအယူအဆကို လက်ခံချင်ပုံ မရဘူးလို့ AFP သတင်း တရပ်မှာ ဖော်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ဂျာမန်သတင်းစာနဲ့ မေးမြန်းခန်းမှာရွေးကောက်ပွဲ ပြီးကတည်းက မြန်မာ နိုင်ငံမှာ ဘာတွေ ပြောင်းလဲ လာတာ မြင်ရသလဲလို့ မေးခွန်း ပြန်ထုတ် ထားပါတယ်။ ကျွန်မ အရင်ပြောခဲ့ဖူး သလိုပါပဲ၊ ဘာမှ ရှင်းရှင်းလင်းလင်း မမြင်ရ သေးပါဘူးလို့ ပြောဆို သွားပါတယ်။

Ref: RFA News

Read More...

Monthly News Commentary - March 2011 (Eng)

PDC Monthly News Commentary - March 2011 (Eng)

Read More...

Uncensored Burma - Daily News ( 2011 Mar, 23)

news on Mar 23

Read More...

Wednesday, March 23, 2011

Uncensored Burma - Daily News ( 2011 Mar, 22)

news on Mar 22

Read More...

သောက်သုံးရေ အရင်းအမြစ် မြန်မာနိုင်ငံမှာ အချိန်မီ ထိန်းသိမ်းဖို့လို

မသင်းသီရိ အင်္ဂါ, 22 မတ် 2011

ဒီနေ့ကျရောက်တဲ့ ကမ္ဘာ့သောက်သုံးရေနေ့မှာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူတွေက မြန်မာနိုင်ငံက နေရာတော်တော်များများမှာ သောက်သုံးရေ ရှားပါးမှုကြောင့် မသန့်ရှင်းတဲ့ရေကို အသုံးပြုနေကြရတဲ့သူတွေ အများအပြား ရှိနေဆဲ ဖြစ်တယ်လို့ ထောက်ပြကြပါတယ်။ ဒီလို ပြဿနာတွေကို ဖြေရှင်းနိုင်ရေးအတွက် မြစ်ရေခန်းခြောက်မှု ပြဿနာကိုလည်း အစိုးရက အချိန်မီ ထိန်းသိမ်းပေးဖို့ကိုလည်း တိုက်တွန်းနေကြပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံဟာ သောက်သုံးရေ ရှားပါးမှု ပြဿနာ၊ ရေမသန့်ရှင်းတဲ့ ပြဿနာတွေအပြင် မြစ်ရေခန်းခြောက်မှု ပြဿနာတွေ အတော်လေး ကြုံနေရတာ ဖြစ်တယ်လို့ ဒီကနေ့ ကျရောက်တဲ့ ကမ္ဘာ့ရေနေ့မှာ မှတ်ချက်ပေးရမှာပါ။

နိုင်ငံရဲ့နေရာ တော်တော်များများမှာ ပူပြင်းတဲ့ နွေရာသီ ရောက်လာရင် သောက်သုံးရေ ပြတ်လပ်တာ၊ ရေတွင်းရေကန် ခန်းခြောက်တာတွေ ဖြစ်တာကြောင့် မနှစ်ကဆို ၀မ်းရောဂါတွေလည်း အတော်ဖြစ်ခဲ့ပါတယ်။ ပဲခူးတိုင်း အရှေ့ခြမ်းမှာဆိုရင် မနှစ်က ရေရှားပါးမှု ပြဿနာ အကြီးအကျယ် ကြုံခဲ့ရတဲ့ နေရာတခု ဖြစ်ပါတယ်။

“မနှစ်က သောက်ရေရော၊ သုံးရေရော အတော်လေး အခက်အခဲ ဖြစ်သွားတယ်ဗျ။ ကားကြီးတွေနဲ့ မိုးကာတွေထဲကို ရေတွေလှောင်ပြီးတော့မှ မြို့နယ်ချောင်းက ဆည်မြောင်းက လွှတ်တဲ့ရေ၊ နောက် တချို့ နီးစပ်ရာ ဆည်တွေက လွှတ်တဲ့ရေတွေကို သွားပြီးတော့ စုပ်ယူပြီးတော့မှ မြို့ထဲမှာ ပေးဝေတာတွေ လုပ်ရတယ်။ မနက်ပိုင်းနဲ့ ညနေပိုင်းတွေမှာ။”

ပဲခူးတိုင်း ဒေသခံ ပြောပြခဲ့တာ ဖြစ်ပါတယ်။

အခုလို ပဲခူးတိုင်း အရှေ့ခြမ်း ရေရှားပါးတာလိုမျိုး အနောက်ဘက်ခြမ်းတွေမှာ သိပ်မကြုံရပေမဲ့ ရေကို ကြိုချက်တဲ့အခါ ထုံးဓာတ်များတာမျိုး တွေ့ရတယ်လို့လည်း သူက ပြောပါတယ်။

“ရေသန့်ထုတ်လုပ်တဲ့ ကုမ္ပဏီတွေက ရေတွေလာပြီး စမ်းသပ်တဲ့ အချိန်မှာ Iron Toxic ဖြစ်တယ်လို့ ပြောတယ်။ အ၀ီစိတွင်းတွေ တူးတယ်ဆိုရင်လည်း ရေစမ်းသပ်တဲ့သူတွေက သံဓာတ်တွေ အရမ်းများနေတဲ့ လက္ခဏာ တွေ့တဲ့အတွက် သောက်သုံးရန်မသင့် ဆိုတဲ့အထဲမှာ ပါတယ်ဗျ။ တောနယ်ဘက်တွေကတော့ ရေကန်ကြီးထဲကနေပြီးတော့ သောက်တယ်၊ ရေတွင်းတွေက သောက်တာ များတယ်။ အိမ်တွေမှာ ရေနွေးအိုးကြိုတဲ့ အိုးတွေဆိုရင်လည်း ချိုးတွေ အထူကြီး တက်သွားတဲ့အထိ အရမ်းများတယ်ဗျ၊ ရေချိုးတွေ။ ထုံးဓာတ်များတဲ့သဘော ရှိတယ်ဗျ။”

အခုလို ရေရှားပါးတာ၊ ရေမသန့်တာတွေကို ဧရာဝတီတိုင်းနဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းတွေမှာ အကြီးအကျယ် ကြုံရသလို ရန်ကုန်လို မြို့ကြီးတွေမှာလည်း လျှပ်စစ်မီးမရရင် သုံးရေသောက်ရေ ပြတ်လပ်တဲ့ ပြဿနာ ကြုံကြရတာ ဖြစ်ပါတယ်။ ဒီလို အခြေအနေတွေအပြင် သောက်သုံးရေ အရင်းအမြစ် တခုဖြစ်တဲ့ မြစ်ကြောင်းတွေ ခန်းခြောက်လာမှုဟာ အဓိက သတိထားစရာ ဖြစ်နေပြီလို့ သဘာဝ ပတ်ဝန်းကျင် လေ့လာသူတွေက မှတ်ချက်ပေးပါတယ်။

မြန်မာနိုင်ငံအတွက် ပင်မသွေးကြောကြီး တခုဖြစ်တဲ့ ဧရာဝတီမြစ်ဟာ အခုဆိုရင် မြစ်ရေခန်းခြောက်ပြီး သောင်ထွန်းမှု ပိုကျယ်ပြန့်လာတာနဲ့အတူ မြစ်ရေတွေအတွင်း အဆိပ်အတောက် ဖြစ်စေတဲ့ ဓာတုဆေးဝါးမျိုးတွေလည်း တွေ့လာနေတယ်လို့ မန္တလေးမြို့က မော်ဒန်ဂျာနယ်ရဲ့ အယ်ဒီတာချုပ် ဦးကျော်ရင်မြင့်က ပြောပါတယ်။

“တဖြည်းဖြည်းနဲ့ အခြေအနေက တော်တော်ကို ဆိုးလာတယ်။ အခုဆိုရင် မြစ်ရေက သောက်ရဲစရာ မရှိတော့ဘူး။ မြစ်ကမ်းတ၀ိုက်မှာရှိတဲ့ စက်ရုံတွေက စွန့်ပစ်ရေတွေ တော်တော်ကိုဆိုးတဲ့ အခြေအနေကို တွေ့နေရတယ်။ မြန်မာပြည် အထက်ပိုင်း ထီးချိုင့်တ၀ိုက်မှာရှိတဲ့ စက်ရုံတချို့က စွန့်ပစ်တဲ့ ရေတွေကြောင့် အဲဒီနားမှာဆို ဧရာဝတီ လင်းပိုင်တွေ မရှိတော့ဘူးလို့ သိရတယ်။ နောက်တခါ ရွှေကျင်တဲ့သူတွေ စွန့်ပစ်တဲ့ ရေတွေထဲမှာ ပြဒါးတွေ ပါတဲ့အတွက် ပြဒါးအဆိပ်သင့်ပြီး ငါးတွေမှာ အန္တရာယ် ဖြစ်လာတယ် ဆိုတာမျိုးတွေ မျိုးစုံ ကျနော်တို့ ဒီဘက်ပိုင်းမှာ သိလာရတယ်၊ ကြားလာရတယ်၊ တွေ့လာရပါတယ်။”

မန္တလေးမြို့က သတင်းအယ်ဒီတာ၊ စာရေးဆရာ ဦးကျော်ရင်မြင့် ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဧရာဝတီမြစ်ကို မှီတင်းလုပ်ကိုင်နေကြတဲ့ စိုက်ပျိုးရေး လုပ်ငန်းတွေ ပျက်စီး ထိခိုက်လာတဲ့အပြင် ဧရာဝတီတွင်း ရေကြောင်းလုပ်ငန်းတွေပါ ထိခိုက်လာတဲ့ အဆင့်ထိ ဖြစ်နေပါပြီ။ သစ်တောတွေခုတ်တာ၊ တောမီးလောင်တာ၊ တောတွေခုတ်ပြီး စိုက်ပျိုးရေး လုပ်တာဟာ အပေါ်ယံ မြေဆီလွှာတွေ ပျက်စီးမှုကို ဖြစ်စေပြီး ဒါဟာ မြစ်ကြောင်းပျက်စီးမှုအတွက် အဓိကကျတဲ့ အချက်တချက်လည်း ဖြစ်တယ်လို့ သဘာဝ ပတ်ဝန်းကျင် ၀ါသနာရှင် ဆရာ ဦးအုန်းက ဆိုပါတယ်။

“ဧရာဝတီ မြစ်ရိုးတလျှောက်မှာ အဆောက်အဦးတွေ ဆောက်ဖို့ သဲတို့ ကျောက်တို့ သယ်ကြတယ်။ ကမ်းပါး ပြိုတယ်။ ကမ်းပါးပြိုတဲ့အတွက် နုံးတွေပို့တယ်။ ကမ်းပါးပြိုတဲ့အတွက် စိုက်ပျိုးမြေတွေလည်း ပျက်စီးတယ်။ ရေကာတာတွေ ဆောက်တဲ့အခါကြတော့ အဓိက ရေပေးနေတဲ့ Water Shed၊ Water Shed ကို ထည့်မစဉ်းစားရင် အဓိပ္ပာယ် မရှိဘူး။ တောတွေ ရှိရမယ်၊ ခြုံပုတ်တွေ ရှိရမယ်။ အဲဒါတွေမရှိရင်၊ မထိန်းရင် မရဘူး။”

အလားတူ သံလွင်၊ စစ်တောင်း စတဲ့ မြစ်တွေမှာလည်း ဧရာဝတီမြစ်လိုပဲ ရေခန်းခြောက်မှု၊ မြေဆီလွှာ ပျက်စီးမှုတွေ ကြုံနေရပြီလို့ သုံးသပ်ပါတယ်။ အခုလို ရေမသန့်ရှင်းတဲ့ ပြဿနာနဲ့ မြစ်ရေ ခန်းခြောက်လာတာတွေဟာ မြန်မာနိုင်ငံမှာ အခြေအနေဆိုး တခုမှာ ကြုံနေရပေမဲ့ ကာကွယ်နိုင်တဲ့ အဆင့်မှာ ရှိနေသေးတာမို့ သက်ဆိုင်ရာ အစိုးရ အနေနဲ့ အချိန်မီ ထိန်းသိမ်းဖို့ကိုလည်း တိုက်တွန်းပါတယ်။

“ရေကလည်း မသန့်တော့ဘူး။ ရေတွေကို Quality သန့်တဲ့အခါမှာ ဘိုကလေးတို့၊ ဖျာပုံတို့မှာရှိတဲ့ ကျနော်တို့ရွာတွေမှာ အဆိပ်အတောက်ဖြစ်တဲ့ ဓာတ်တွေ တော်တော်များများ ပါလာတယ်။ ဘက်တီးရီးယားတွေ ဘာတွေ တွေ့ရတယ်။ အဲဒီအတွက် ကျနော် သိပ်စိုးရိမ်တယ်။ ကျနော်တို့နိုင်ငံက ကံကောင်းသေးတယ်။ ဒီမြစ်တွေ ချောင်းတွေက တဖြည်းဖြည်းတော့ ဆိုးနေပြီ။ သို့သော် အဆိုးကြီးအဆင့် မရောက်သေးတဲ့အတွက် အချိန်မီသေးတယ်။ တောတွေ၊ Water Shed တွေကို ထိန်းပါ။”

ဒီကနေ့ မြန်မာနိုင်ငံမှာ ကြုံနေရတဲ့ ရေရှားပါးမှု၊ ရေမသန့်ရှင်းမှုတွေနဲ့ အတူ မြစ်ကြောင်းတွေ ရေခန်းခြောက်လာမှု အခြေအနေတွေကို ဆရာ ဦးအုန်း ပြောပြခဲ့တာ ဖြစ်ပါတယ်။

Ref;VOA

Read More...

ထပ်စင်ကို ၀န်ကြီးချုပ်အမည်စာရင်းတင်သွင်းဖို့ ဖွေ့ထိုင်းပါတီက စောင့်နေ

အစိုးရက အောက်လွှတ်တော်ဖျက်သိမ်းဖို့ တောင်းဆိုလိုက်တာနဲ့ချက်ချင်းပဲ အတိုက် အခံပါတီက နောက်ဝန်ကြီး ချုပ် သစ်တယောက်အတွက် အမည်စာရင်းကို ကြေညာ မှာဖြစ်တယ်။ လို့ ၀ရမ်းပြေးဝန်ကြီးချုပ်ဟောင်း ထပ်စင်ရှီနာ ၀ပ်ထ် က တနင်္ဂနွေ နေ့ညကသတင်းစကားပါးလိုက်ပါတယ်။“အောက်လွှတ်တော်မဖျက်သိမ်းခင်မှာ ၀န်ကြီးချုပ် အမည်စာရင်း ကို ကြေညာဖို့ မလိုပါဘူး။ ထပ်စင်က ကျနော်တို့ရဲ့ မက်လုံးဆိုတာ ရှင်းနေတာပဲ။” လို့် ပါတီရဲ့အဓိက ခေါင်းဆောင်တ ယောက် The Nation သတင်းဌာနကိုပြောပါတယ်။

၂၀၀၆ခုနှစ် အာဏာသိမ်းမှုမှာမောင်းထုတ်ခံရပြီး ၂၀၀၈ ခုနှစ်မှာ ပြည်ပြေး ဘ၀ရောက်နေပေမဲ့လည်း ထပ်စင်ဟာ အခုထိ သူ့ပါတီကို အမိန့်ပေးနေတုန်း ဖြစ်ပါတယ်။ ထပ်စင် က အမည်တင်သွင်းမှသာ ပါတီမှာ ခေါင်းဆောင်ဖြစ်တာပါ။ ရွေး ကောက်ပွဲနိုင်တဲ့အခါ ပါတီခေါင်းဆောင်က ၀န်ကြီးချုပ်ဖြစ်လာရမယ်ဆိုတာက အစဉ်အလာ ဖြစ်နေတယ်။ ဒါပေမဲ့ ထပ် စင် ကျောထောက်နောက်ခံ ပါတီကတော့ ဒီလိုမဟုတ်ပါဘူး။ ဒါကို ထပ်စင်က ရှင်းရှင်းလင်းလင်းမပြောပေမဲ့လည်း အင် တာနက်တွစ်တာအစီအစဉ်မှာ အဓိကပြောတဲ့အချက်က သူ့အနေနဲ့ ပါတီခေါင်းဆောင်အခန်းနဲ့ ၀န်ကြီးချုပ်ကို သီးခြားခွဲ ထားမယ်လို့ ဆိုတာပါပဲ။

“ဘယ်နာ မည်နဲ့ဖြစ်ဖြစ် ကျနော်တို့ပါတီကတော့ အမြဲတန်း အနိုင်ကျင့်ခံနေရပါ တယ်။ ကျနော်တို့ပြိုင်ဖက်ပါတီတွေက သူတို့မှာ အပြစ်ရှိပေမဲ့လည်း အဖျက်သိမ်းမခံရချိန်မှာ ကျနော်တို့ကတော့ ပါတီ ဖျက်သိမ်းတာကို ခဏခဏ ခံနေရ တယ်။ ဒါကြောင့် ကျနော်က ဒီလို တိုက်တာ ဖြစ်တယ်” လို့ ထပ်စင်က အင်တာနက် တွစ်တာကနေ ပြောပါတယ်။ ပုံ မှန်ဆိုရင်တော့ နိုင်ငံရေးပါတီအားလုံးဟာ သူတို့ပါတီအတွက် ၀န်ကြီးချုပ်လောင်း စာရင်းတွေကို တင်ပြီး မဲဆွယ်စည်း ရုံးရမှာပါ။ ဒါပေမဲ့ ထပ်စင်က နောက်ရွေးကောက်ပွဲမှာ ဒီမဟာဗျူဟာကို ပြောင်းပါမယ်။ နောင်မှာ သူ့ပါ တီဖျက်သိမ်း ခံရတယ် ဆိုရင် ပါတီခေါင်းဆောင်တယောက်ကိုပဲ နိုင်ငံရေးကနေ တားမြစ်ပိတ်ပင်ထားလို့ရမှာ ဖြစ်ပါတယ်။ သူတို့တင် ထားတဲ့ ၀န်ကြီးချုပ်ကတော့ ၀န်ကြီးချုပ်အနေနဲ့ ဆက်လက်တာဝန်ထမ်းဆောင်နေနိုင်မှာ ဖြစ်ပါတယ်။

ထပ်စင်က ထိုင်းရတ် ထိုင်းပါတီရဲ့သင်ခန်းစာကို လေ့လာထားပါတယ်။ ရွေးကောက် ပွဲမဲလိမ်မှုတွေ ဖြစ်အပြီးမှာ အခြေ ခံဥပဒေတရားရုံးက ပြည်သူ့အင်အား အဖွဲ့တွေကို ဖျက်သိမ်းခဲ့ပါတယ်။ သူ့ယောက်ဖ ဆုမ်ချိုင်းဝေါင်ဆာဝပ်ကို နိုင်ငံရေး ကနေ ၅ နှစ် တားမြစ်ထားပါတယ်။

တနင်္ဂနွေနေ့ ညပိုင်း ၁၀နာရီ၃၀မီးနစ်က အွန်လိုင်းတွစ်တာအစီအစဉ်ကနေ ထပ်စင် ထွက်ပြောတဲ့ ရည်ရွယ်ချက်က သူ့ပါ တီတွင်း ရှုပ်ထွေးမှုတွေကို တည်ငြိမ်အောင် ထိန်းသိမ်းတဲ့ပုံပါ။ ပြီးခဲ့တဲ့ အပတ် ပါလီမန်အတွင်း အခြေအတင် ဆွေးနွေးပွဲ မှာ ပါတီရဲ့ အဖွဲ့ခေါင်းဆောင် မင်းခွမ်ဆေန်ဆူဝမ်က သူဟာ လာမယ့် ၀န်ကြီးချုပ်နေရာအတွက် ထပ်စင်နဲ့ ပြိုင်မယ့် အ ဓိက ပြိုင်ဖက်ဖြစ်တယ်လို့ ကြေညာပြောဆို လိုက်တဲ့အပေါ်မှာ ဖွေ့ထိုင်းပါတီထဲမှာ ရှုပ်ထွေးမှုတွေ ဖြစ် ပေါ်ခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ပါတီနှစ်ပတ်လည်အစည်းအဝေးမှာ ဆုံးဖြတ်မှာဖြစ်တယ်လို့ ဖွေ့ထိုင်းပါတီ ပြောရေးဆိုခွင့်ရှိသူ ဖရွမ် ဖုံနော့ပါထိက ချက်ချင်းပဲ ပြောဆိုပါတယ်။ မင်းခွမ်သာ ပါတီရဲ့ ၀န်ကြီးချုပ်လောင်းဖြစ်လာမယ်ဆိုရင် နိုင်ငံရေးကနေ သူ ထွက်မယ်လို့ ချလမ်ယူးဘွမ်ရုန်းက ပြောပါတယ်။ ဒါပေမဲ့ ယင်လပ်ရှီနာဝပ်ထ်သာ ဖြစ်မယ်ဆိုရင်တော့ သူ့ဆုံးဖြတ်ချက် ကို ပြန်သုံးသပ်ဖို့ အဆင်သင့်ပဲလို့ ပြောပါတယ်။

ဝန်ကြီးချုပ်လောင်း အမည်စာရင်း ဘယ်သူ့ကို တင်မယ်ဆိုတာက ထပ်စင်ရဲ့ အဆုံးအဖြတ်ကသာ အဓိက ဖြစ်တယ်လို့ ချင်းမိုင်အမတ် ဆူလဖုံ ထိုဝီ ချတ်ချိုင်းခူးလ် က ပြောပါတယ်။ ပါလီမန်တွင်းအခြေအတင်ဆွေးနွေးပွဲတွေမှာ ဦးဆောင်ဖို့ မင်းခွမ်ကို ထပ်စင်က အတည်ပြုပေးပြီးနောက်မှာ သူက ထပ်စင်ကို ချောင်ထိုးထားချင်တယ်ဆိုတာနဲ့ ထပ်စင်နေရာမှာ အစားထိုးဖို့ သူ့နာမည်ကို ထည့်ချင်နေတယ်ဆိုတာ မင်းခွမ်ရဲ့ပြောဆိုမှုတွေမှာ တွေ့မြင်ရပါတယ်။ ထပ်စင်ရဲ့သတင်း စကားမှာ ရှင်းတာတခု ရှိပါတယ်။ မင်းခွမ်ကို ထောက်ခံဖို့ သူ့အနေနဲ့ အခုထိ ဆုံးဖြတ်ချက်မချရသေးဘူး ဆိုတာပဲ။ မင်း ခွမ်အမည်ကို ထဲ့ မပြောပေမဲ့လည်း ထပ်စင်အနေနဲ့ သူ့ညီမ ယင်လပ်ကို အဆင့် တိုးမြှင့်ပေးခဲ့ပုံ ပေါ်ပြီး သူ့ညီမဟာ အ မေရိကားကနေ ဘွဲ့ရပြီး သူနဲ့အတူ အလုပ်လုပ်ခဲ့တယ်။ သူဟာ အရောင်း ကိုယ်စားလှယ်အနေနဲ့ စအလုပ်လုပ်ခဲ့ပြီး AIS (Advanced Info Service) ကုမ္ပဏီရဲ့ ဥက္ကဋ္ဌ အထိ ဖြစ်လာခဲ့တယ်ဆိုပြီး ထပ်စင်က ပြောပါတယ်။

ဒါပေမဲ့ မင်းခွမ်ဟာ ထပ်စင်ရွေးချယ်မယ့် သူတယောက်အဖြစ် ဆက်ရှိနေပါသေးတယ်။ သူတွစ်တာမှာပြောတဲ့ စကား တွေထဲမှာ ၀န်ကြီးချုပ်တယောက်ဖြစ်ဖို့ ရှိရမယ့်အရည်အချင်း ၉ ရပ်ကို ပြောခဲ့ပါတယ်။ ဒါပေမဲ့ ဒါတွေက ယေဘုယျတွေ ပါ၊ အထူးသီးသန့်အချက်တွေ မဟုတ်ပါဘူး။ ၀န်ကြီးချုပ်အမည်စာရင်းအတင်ခံရတဲ့သူတွေဟာ ဒီအရည်အချင်းတွေနဲ့ ကိုက်မကိုက် စဉ်းစားရမှာဖြစ်ပါတယ်။

ပါတီရဲ့ဝန်ကြီးချုပ်လောင်းစာရင်းကြေညာချက်အပေါ် ထပ်စင်ရဲ့နည်း ပရိယာယ် က မှန်ပုံပေါ်ပါတယ်။ ”ရွေးကောက်ပွဲ အပြီးမှာ လူထုက မြင်တွေ့ချင်တဲ့ ပါတီ ခေါင်ဆောင်တွေရဲ့အရည်အချင်းတွေကို ကျနော်အကြံပြုထားတာပါ။ အဖြေတွေ ကတော့ ပြည်သူလူထုနဲ့စကားပြောဆိုကြည့်ရာကနေ၊ ပြည်သူ့ဆန္ဒတွေကို စစ်တမ်း ကောက်ယူတာကနေ ထွက်ပေါ်လာ တာပါ။ ဖွေ့ထိုင်းပါတီအနေနဲ့ လူထုလိုချင်တဲ့အတိုင်း အရည်အသွေးပြည့်မီတဲ့ တဦးဦးကို ရှာဖွေအဆိုပြုရမှာ ဖြစ်ပါ တယ်။ အဲဒီလူတွေမှာ ရှိရမှာတွေကတော့ …

၁။ နှိမ့်ချတဲ့သူဖြစ်ရမယ်။ ခဏခဏ ရန်သူရှာနေတာမဟုတ်ဘဲ၊ ဘက်အားလုံးနဲ့ ညှိနှိုင်းလုပ်ကိုင်နိုင်သူဖြစ်ရမယ်။

၂။ ကြင်နာပြီး ရိုင်းပင်းစာနာတတ်ရမယ်။

၃။ တရားဥပဒေကို ချစ်မြတ်နိုးရမယ်။

၎။ မှားနေတာကို ပြောင်းလဲဖို့ သတ္တိရှိရမယ်။

၅။ လူထုရဲ့စီးပွားရေးဘ၀နဲ့ လုပ်ငန်းကဏ္ဍတွေကို နားလည်ရမယ်။

၆။ အဖွဲ့အစည်းကြီးတွေရဲ့အုပ်ချုပ်ရေးလုပ်ငန်းတွေမှာ အတွေ့အကြုံရှိပြီး လက်တွေ့ကျကျ လုပ်ကိုင်တတ်ရမယ်။

၇။ ပြည်သူလူထုကို ချစ်မြတ်နိုးရမယ်။

၈။ ဒီမိုကရေစီကို ချစ်မြတ်နိုးရမယ်၊ ပြည်သူတွေရဲ့ညဏ်ပညာနဲ့ အရည်အချင်းတွေကို လေးစားရမယ်။

၉။ စည်းမျဉ်းခံဘုရင်စနစ်ကို စွဲမြဲယုံကြည်ရမယ်။” စတာတွေ ဖြစ်ပါတယ်။

မတ် ၂၂၊ ၂၀၁၁ (The Nation)


Ref;Naytthit

Read More...

အထက်နှင့် အောက်လွှတ်တော် ပြန်ပေါင်း စည်းဝေးမည်

ကျော်ခ
မတ်လ ၂၂ ရက် ၂၀၁၁ ခုနှစ်

နေပြည်တော်၌ သီးခြားပြုလုပ်သော ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် အစည်းအဝေးများ ဗုဒ္ဓဟူးနေ့တွင် အဆုံးသတ်ပြီး ပေါင်းစု၍ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးအဖြစ် ဆက်လက် ပြုလုပ်မှာဖြစ်သည်ဟု အမတ်များက ပြောသည်။

အောက်နှင့်အထက် လွှတ်တော်ပေါင်းကာ ပြုလုပ်သော အစည်းအဝေးများကို မတ်လ ၂၄ ရက်နေ့တွင် ပြန်လည်စတင်မှာဖြစ်ပြီး မတ်လ ၂၇ ရက်နေ့ မတိုင်ခင် ပထမအကြိမ် လွှတ်တော်အစည်းအဝေးကို လုံးဝပြီးဆုံးလိမ့်မည်ဟု အမတ်များက ခန့်မှန်းထားသည်။

ယနေ့အထိ ကျင်းပပြီးစီးခဲ့သည့် လွှတ်တော် အစည်းအဝေးများတွင် အတိုက်အခံပါတီ အမတ်များ၏ မေးခွန်းနှင့် အဆိုများကို သက်ဆိုင်ရာ ဝန်ကြီးများက အချက်ကျကျ ပြန်လည်ဖြေကြားနိုင်ကာ၊ မေးမြန်းသူများဘက်က ယေဘုယျဆန်သဖြင့် အားနည်းချက် ရှိခဲ့သည်ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP မှ ဦးစိုင်းဆောင်စီက ပြောသည်။

“သူတို့ (ဝန်ကြီးများ) ကတော့ ဝန်ကြီးအဆင့်လည်း ဖြစ်တယ်၊ အစိုးရလည်း ဖြစ်တယ်ဆိုတော့ အချက်အလက်တွေနဲ့ ပတ်သက်ပြီးတော့ လွယ်တာကိုး။ တရက်အတွင်း တတိုင်းပြည်လုံးရဲ့ အချက်အလက်တွေ အကုန်ပို့စမ်းဆိုလည်း ရတာပဲ။ သူတို့ဘက်ကတော့ ပြည့်ပြည့်စုံစုံ ဖြေသွားနိုင်တယ်။ ပထမအကြိမ်မှာတော့ အန်ကယ်တို့က ယေဘုယျဆန်ဆန် မေးတော့ အန်ကယ်တို့ဘက်က နည်းနည်း အားနည်းတာပေါ့” ဟု သူက ပြောသည်။

ထို့ပြင် အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီမှ ပါတီတူအမတ်အချင်းချင်း လွှတ်တော်တွင်း တင်ပြမှုများ၌ သဘောထား ကွဲလွဲကာ ဦးစိုးဝင်း၊ ဦးခိုင်မောင်ရည်၊ ဦးအောင်ဇင်တို့၏ အဆိုပြုချက်များကို ဦးကြည်မြင့်က ကန့်ကွက်ခဲ့သေးသည်။

ထိုသို့သော လွှတ်တော်တက်အမတ်များ၏ အားနည်းချက်များအပြင် အမတ်နေရာ ၆၄ နေရာဖြင့် ဒုတိယ အများဆုံးအနိုင်ရ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) က မေးမြန်းမှု၊ အဆိုတင်သွင်းမှု မပြုခဲ့ဘဲနေသည်။

သမ္မတဦးသိန်းစိန် ဦးဆောင်သော အစိုးရသစ်ကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးဆောင်သော နအဖ စစ်အစိုးရက ယခုလကုန် သို့မဟုတ် နောက်အကျဆုံး ဧပြီလဆန်းထဲမှာပင် အာဏာလွှဲပေးဖွယ်ရှိကြောင်း လွှတ်တော်အစည်းအဝေးများ တက်ရောက်သည့် အမတ် များက ခန့်မှန်းထားကြသည်။


Ref;Mizzima

Read More...

ရွှေတိဂုံရှိ ကျောင်းသားသပိတ် ကျောက်တိုင် ထာဝရပိတ်မည်

22 March 2011

ရန်ကုန်မြို့ရှိ ရွှေတိဂုံ စေတီပေါ်၌ စိုက်ထူထားသော ကျောင်းသားသပိတ် အထိမ်းအမှတ် သမိုင်းဝင် ကျောက်စာတိုင်အား နိုင်ငံရေး လှုပ်ရှားမှုများ ပြုလုပ်မည်ကို စိုးရိမ်သည့်အတွက် ဆက်လက်ပိတ်ပင်ထားရန် အာဏာပိုင်များက ညွှန်ကြားထားသည်ဟု ရွှေတိဂုံစေတီ ဂေါပကအဖွဲ့တာဝန်ရှိသူ တဦးက ပြောဆိုလိုက်သည်။

အစိုးရသစ် ပြောင်းလဲသွားမည် ဖြစ် သော်လည်း ရွှေတိဂုံစေတီ ဂေါပက အဖွဲ့ အနေနှင့် မူဝါဒပိုင်း အရသော် လည်းကောင်း၊ အုပ်ချုပ်ရေး ပိုင်းတွင် သော်လည်းကောင်း အပြောင်းအလဲ ရှိမည်မဟုတ်ဘဲ စေတီပေါ်၌ နိုင်ငံ ရေးလှုပ်ရှားမှု များ မဖြစ်ပေါ် စေရန် လုံခြုံရေး အရ တားဆီးမှု များကို သက်ဆိုင်ရာ အာဏာပိုင် များနှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဂေါပက တာဝန်ရှိသူက ပြောပြသည်။

“မူဝါဒပိုင်းကော၊ လုပ်ငန်းဆောင်ရွက်တဲ့ အပိုင်းကော ဘာမှမပြောင်းလဲပါဘူး။ စေတီ တော်မှာ လုံခြုံရေးယူနေတဲ့ အဖွဲ့တွေကလည်း သူတို့လုပ်ငန်းစဉ်တွေ ဆက်လုပ်ကြ မယ်။ အစိုးရသစ် ဆိုပေမယ့် အရင်က လူကြီးတွေဆိုတော့ သိပ်ထူးထူးထွေ ထွေ ပြောင်းစရာ မရှိဘူး။ စနေထောင့်က သမိုင်းဝင် ကျောက်စာတိုင်လည်း ဖွင့်ပေးဖို့ မရှိဘူး။ အစကတည်းက တသက်လုံး ပိတ်ထားဖို့ ညွှန်ကြားထားပြီး သား။ အဲဒီနေရာကို ကျောင်းသားတွေ လာစုပြီး ဆူပူဖို့ စုဝေးတာတွေ ဖြစ်မှာစိုးလို့”ဟု ဂေါပက တာဝန်ရှိသူက ဆိုသည်။

၂၀၀၉ ခု နှစ်ကုန်ပိုင်း ကတည်းက အထူးကန့်သတ် နယ်မြေအဖြစ် ပိတ်ပင်ထားသည့် ရွှေတိဂုံစေတီ စနေထောင့်အနီး နေ လ ဘုရား နှစ်ဆူဘေးတွင် စိုက်ထူထားသော ကျောက်စာတိုင်သည် မြန်မာနိုင်ငံ၏ ပထမဆုံး ကျောင်းသား သပိတ်ဟု ဆိုနိုင်သော ၁၉၂၀ ခုနှစ် ကျောင်းသား အရေးတော်ပုံကြီး စတင်ပေါက်ဖွားရန် ရန်ကုန်ကောလိပ် ကျောင်းသားကြီးများ လျှို့ဝှက်တိုင်ပင် စည်းရုံး သစ္စာပြုခဲ့သည့် နေရာတခုဖြစ်ပြီး ယင်းသမိုင်းဝင် ကျောင်းသားသပိတ် ကျောက်စာတိုင် ၀န်းကျင်တခုလုံးကို သံပန်းများဖြင့် ကာရံ၍ အနီးတွင် လုံခြုံရေး ၀န်ထမ်းများ စဉ်ဆက်မပြတ် ချထားခဲ့သည်မှာ ဆယ်နှစ်ကျော်ရှိနေပြီ ဖြစ်ကြောင်း ဘုရားဂေါပက အဖွဲ့ထံမှ သိရှိရသည်။

ယင်းကျောင်းသားသပိတ် ကျောက်စာတိုင်တွင် ၁၉၂၀ ကျောင်းသားသပိတ်ဆင်နွှဲမည့် ဆွေးနွေးသစ္စာပြုသည့် ကောလိပ်ကျောင်း သားကြီး ၁၁ ဦးဖြစ်သော ကိုဘရှင်-သံတွဲ ၊ ကိုညီပိတ်၊ ကိုဖိုးကွန်း၊ ကိုဧ၊ ကိုလှတင်၊ ကိုဘဦး၊ ကိုဖေသိန်း၊ ကိုထွန်းဝင်း၊ ကိုဘရှင်-ထားဝယ်၊ ကိုဘခင်၊ ကိုအောင်ဒင် တို့၏ အမည်များနှင့် ဤနေရာတွင် အင်္ဂလိပ်အစိုးရ၏ မတရားသော ရန်ကုန်တက္ကသိုလ် အက် ဥပဒကို သပိတ်မှောက်ရန် ကျောင်းသားများ လျှို့ဝှက်သစ္စာပြုခဲ့ကြသည်ဟု ကျောက်စာတိုင်တွင် ရေးထိုးထားသည်။

ထိုသို့ ကျောင်းသားများ စတင်သပိတ်မှောက်သော ၁၉၂၀ ခုနှစ် ဒီဇင်ဘာလ ၅ ရက်၊ မြန်မာ သက္ကရာဇ် ၁၂၈၂ ခုနှစ် တန်ဆောင် မုန်း လဆုတ် ၁၀ ရက်နေ့ကို အမျိုးသားနေ့ အဖြစ် သတ်မှတ်ခဲ့ကြသည်။

မြန်မာကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်တက်ရောက်နိုင်ရန် ခက်ခဲလွန်းသည့် ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို အင်္ဂလိပ် အစိုးရက ၁၉၂၀ သြဂုတ်လ ၂၈ ရက်နေ့တွင် ပြဋ္ဌာန်းလိုက်သည့်အတွက် ကောလိပ်ကျောင်းသားကြီးများက ထိုဥပဒေကို စတင် သပိတ်မှောက်ခဲ့ကြခြင်း ဖြစ်သည်။

ကိုလိုနီခေတ်စနစ်၏ ကျွန်ပညာရေးစနစ်ကို တော်လှန်သော သမိုင်းဝင်နေရာကို ပိတ်ပင်ထားခြင်းသည် သမိုင်းကိုဖျောက်ဖျက်ရန် ကြိုးစားခြင်းဖြစ်ပြီး နိုင်ငံအတွက် ရှေးဟောင်းသမိုင်းဝင် နေရာတခုဆုံးရှုံးလိုက်ရခြင်းဖြစ်ကြောင်း ဂျာမန် ဧည့်လမ်းညွှန် တဦးက ပြော သည်။

“ဧည့်သည်တွေက မေးတယ်။ အဲဒီ ကျောက်တိုင်ကြီးက ဘာလဲ။ ဘာလို့ပိတ်ထားတာလဲ မေးကြတယ်။ ကျနော်တို့ကတော့ မေးရင် ရှင်းပြတယ်။ ဒီနေရာက ကျောင်းသားတွေ အင်္ဂလိပ်ကိုလိုနီကိုတော်လှန်ဖို့ဆွေးနွေးကြတဲ့ အထိမ်းအမှတ်နေရာလို့ပြောတော့ သူတို့က သမိုင်းတန်ဖိုးအရမ်းကြီးတယ်လို့ ပြန်ပြောတယ်။ သမိုင်းဝင်နေရာကို ပိတ်ပင်တာ မိုက်မဲတဲ့လုပ်ရပ်ပဲလို့ ဝေဖန်ကြတယ်”ဟု ၎င်းက ဆိုသည်။

ရွှေတိဂုံစေတီသည် ဗုဒ္ဓဘာသာဝင်များအတွက် အထွဋ်အမြတ်နေရာတခုဖြစ်ရုံမျှမက မြန်မာ့နိုင်ငံရေးအတွက် အလွန်အရေးပါသော နေရာတခုဖြစ်ပြီး လွတ်လပ်ရေး ကြိုးပမ်းစဉ်ကာလ၊ လွတ်လပ်ရေးရပြီးနောက်ကာလ အပါအ၀င် နိုင်ငံရေးလှုပ်ရှား မှုများ စတင် မွေးဖွားသန္ဓေတည်ရာ သမိုင်းဝင်နေရာတခုဖြစ်သောကြောင့် အာဏာရှင် အစိုးရအဆက်အဆက် စိုးရိမ်ကြခြင်းဖြစ်နိုင်ကြောင်း ပြည်တွင်း သတင်းဂျာနယ် အယ်ဒီတာတဦးက ပြောဆိုသည်။

“အာဏာရှင်တွေကြောက်မယ်ဆိုရင်လည်း ကြောက်လောက်စရာပဲ။ ဒီစေတီတော်ကြီးကို သစ္စာပြုပြီး တော်လှန်ရေးလုပ်ခဲ့ကြတဲ့ သူရဲကောင်း ရဲဘော်တွေကလည်း သမိုင်း တလျှောက်မှာ နည်းမှ မနည်းပဲကိုး။ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးလို သံဃာတော် တွေ ဦးဆောင်တဲ့ တော်လှန်ရေးကြီးကလည်း ဒီစေတီတော်ကြီးကိုပဲ အခြေပြုပြီးဖြစ်ခဲ့တာဆိုတော့ အာဏာရှင်တွေ ချောက်ချားကြ တာ မဆန်းပါဘူး”ဟု ရန်ကုန်မြို့ခံတဦးကလည်း ပြောသည်။

ရွှေတိဂုံစေတီ ရင်ပြင်သို့ တက်ရောက်မည့် မုခ်များအားလုံးတွင် ရဲ၊ စစ်ဖက်ဆိုင်ရာ လုံခြုံရေးအဖွဲ့(စရဖ) နှင့် အရပ်ဝတ် ထောက်လှမ်းရေးများ ပါဝင်သော လုံခြုံရေး တပ်ဖွဲ့များကို ၂၄ နာရီမပြတ်ချထားပြီး ဘုရားဖူးလာသူများအား စစ်ဆေးလေ့ရှိကာ စေတီရင်ပြင် တခုလုံးတွင်“မိုင်း အသိ၊ မိုင်း သတိ” ဆိုသော ဆိုင်းဘုတ်တချို့ ထားရှိသည်ကိုလည်း တွေ့ရသည်။

စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ၂၀၀၅ ခုနှစ်တွင် ပျဉ်းမနား ကြပ်ပြေးဒေသကို နေပြည်တော်ဆိုသော အမည်နှင့် မြို့တော်အဖြစ် သတ်မှတ် ပြောင်းရွှေ့ပြီးနောက် အဆိုပါမြို့သစ်တွင် ရွှေတိဂုံစေတီ ပုံတူ ဥပ္ပါတသန္တိစေတီတဆူ ကို တည်ထား ကိုးကွယ်လျက်ရှိသည်။

Ref;Irrawaddy

Read More...

အပေါ်သို့