Friday, February 27, 2009

မြန်မာနိုင်ငံ၊ အတိုက်အခံများနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု

Friday, 27 February 2009

ဒေးဗစ် အိုင်၊ စတိန်းဘာ့ဂ်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့တွင် “အထူးထုတ်ပြန်ကြေညာချက်” ထုတ်ပြန်ခဲ့ပြီး ဆယ်စုနှစ် နှစ်ခုကျော် ကြာပြီးဖြစ်သည့် မေးခွန်းဟောင်းဖြစ်သော ၎င်းတို့အဖွဲ့နှင့် စစ်အစိုးရအကြား "တွေ့ဆုံဆွေးနွေးပွဲများ ပြုရန်" ထပ်မံတောင်းဆိုခဲ့ပြန်သည်။

သို့သော်လည်း အံ့သြတုန်လှုပ်ဖွယ်နှင့် ခွင့်မလွှတ်နိုင်ဖွယ် ဖြစ်သည့် စာပိုဒ်တခုကို ဖော်ပြခဲ့ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) က မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူအများ သာယာဝပြောစေရန် ကိစ္စများကို အလေးပေး ဆောင်ရွက်ရန် ပျက်ကွက်ခဲ့ခြင်းအတွက် အတူတာဝန်ရှိကြောင်း (အချိန်နှောင်းခါမှ) ၀န်ခံဖော်ပြလာခဲ့သည်။

ကြေညာချက်၏ အပိုဒ် (၇) တွင် "ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ အကြံပေးအရာရှိနှင့် တွေ့ဆုံရာတွင် အခြားဆွေးနွေးသည့်အချက်မှာ မိမိတိုင်းပြည်တွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဖြစ်ပါသည်။ ဤကိစ္စနှင့်ပတ် သက်၍ အဖွဲ့ချုပ်၏ ကိုယ်စားလှယ်များက ပြန်လည်ဆွေးနွေးခဲ့သည်မှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး လုပ်ရသည့်အကြောင်း ရင်းနှင့် မည်သို့မည်ပုံ လုပ်မှာလဲ ဆိုသည့်အချက်များကို မသိရသေး၍ မဆွေးနွေးနိုင်သေးကြောင်းတို့ ဖြစ်ပါသည်" ဟု ဖော် ပြထားခဲ့သည်။

ဤထုတ်ပြန်ကြေညာချက်မှာ ၎င်းတို့၏ စွမ်းဆောင်ရည် ကင်းမဲ့မှုနှင့် နေ့စဉ်နှင့်အမျှ စီးပွားရေးကြပ်တည်းမှုဒဏ်ကို ခါးစည်း ရုန်းကန်နေကြရသည့် မြန်မာပြည်သူများ၏ သာယာဝပြောရေးကို အလေးမထားကြောင်း ဖော်ပြသည့် ထုတ်ပြန်ကြေညာချက်ပင် ဖြစ်တော့သည်။

အရည်အချင်း နည်းလှသည်ဟု ဆိုရမည်။ အဘယ်ကြောင့်ဆိုသော် မူဝါဒဆုံးဖြတ်ချမှတ်သည့် နေရာတွင် ရှိမနေသော်လည်း ပထမတန်းစား မြန်မာ့ စီးပွားရေး ပညာရှင်များ တိုင်းပြည်အတွင်း၌ပင် ရှိနေကြပါသေးသည်။ ထိုသူတို့တွင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပြဿနာများနှင့် ပတ်သက်၍ လိုအပ်သည့် ကျွမ်းကျင်မှု အရည်အချင်း၊ အတွေ့အကြုံများ ရှိနေကြပြီး ထိုသူများနှင့် တိုင်ပင်အကြံဉာဏ် ရယူနိုင်ကြပါသည်။

နိုင်ငံတကာ အတွေ့အကြုံရှိပြီး ဖြစ်သည့် ဒေသခံ ပညာရှင်များမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်ပိုင်းနှင့် နီးနီး ကပ်ကပ် ဆက်ဆံမှု ရှိနေကြပြီး၊ ဤကိစ္စနှင့် ပတ်သက်၍ ထိုသူများက သက်ဆိုင်ရာ မူဝါဒအကြံပေးချက်များ ပြုခဲ့ကြပါသည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ထို ပညာရှင်များ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ပတ်သက်သည့် အမြင်များကို အလွယ်တကူ လေ့လာကြားနာနိုင်ခဲ့သည်။

ထိုမျှမက ရန်ကုန်တွင် ရုံးစိုက်ထားသည့် ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် (UNDP) ရုံးမှလည်း အလားတူပင် အကြံဉာဏ် ရယူနိုင်မည်မှာ စိုးစဉ်းမျှ သံသယဖြစ်ဖွယ် မရှိပါ။ ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF)၊ အာရှ ဖွံ့ဖြိုးရေးဘဏ် (ADB) တို့ကလည်း မြန်မာနိုင်ငံနှင့် ပတ်သက်၍ လွန်ခဲ့သောနှစ်များ အတွင်းက ကိုယ်စားလှယ်အဖွဲ့များ စေလွှတ် လေ့လာခဲ့ကြဖူးပါသည်။ ထို့အပြင် မြန်မာနိုင်ငံအတွင်း အစိုးရမဟုတ်သည့် နိုင်ငံတကာအဖွဲ့အစည်းမျိုးစုံ တည်ရှိလုပ်ကိုင်နေကြပြီး၊ ၎င်းအဖွဲ့များ၏ ထိပ်တန်းအရာရှိများကလည်း ဖွံ့ဖြိုးရေးလုပ်ငန်းစဉ် များနှင့် ပတ်သက်၍ ပံ့ပိုးအကြံပေးမှုများ လုပ်ပေးနိုင်ကြပါသည်။

အထက်ဖော်ပြပါ ထုတ်ပြန်ကြေညာချက်ကို ကြည့်ခြင်းအားဖြင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ကိစ္စ၊ ပြည်သူများ၏ ဘ၀ သက်သာချောင်ချိရေး ကိစ္စများကို စစ်အစိုးရ အလားတူ အဖွဲ့ချုပ်က အလေးမထားပုံ ပေါက်နေပါသည်။

ဒီမိုကရေစီနိုင်ငံများရှိ ပြည်သူများ၊ အစိုးရများက အဖွဲ့ချုပ်၏ ရည်ရွယ်ချက်များဖြစ်သည့် ဒီမိုကရေစီ ရရှိရေး၊ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး၊ မြန်မာနိုင်ငံတွင် တွေ့ဆုံဆွေးနွေးပွဲများ ဖြစ်မြောက်လာစေရေး စသည့် ရည်ရွယ်ချက်များကို တသားတည်း အလေးထားကြပါသည်။

သို့သော်လည်း အဖွဲ့ချုပ်ခေါင်းဆောင်ပိုင်းက ပြုခဲ့သည့် ထုတ်ပြန်ကြေညာချက်အရ ၎င်းတို့နှင့် စစ်အစိုးရအကြား နိုင်ငံရေးသဘောတူညီမှုများ မရရှိမချင်း ဆင်းရဲတွင်းနက်နေသည့် ပြည်သူများကို ဆက်၍ ဆင်းရဲတွင်းထဲ ထားရန် အဓိပ္ပါယ်ပေါက်နေသည်။ ဤသည်မှာ အလွန် မလျော်ကန်လှသည့် အမြင်သာ ဖြစ်ပါသည်။

သေချာသည်မှာ ၁၉၆၂ ခုနှစ်မှ စတင်လာခဲ့သည့် အဆက်ဆက်သော စစ်အစိုးရများက မြန်မာနိုင်ငံ၏ စီးပွားရေးစနစ်ကို တလွဲတချော် စီမံခန့်ခွဲခဲ့ကြပါသည်။ သို့အတွက်ကြောင့်လည်း အများစုသော ပြည်သူများအဖို့ စီးပွားကျပ်တည်းမှုဒုက္ခများ ၄၇ နှစ်ကျော် ခံစားခဲ့ကြရပြီ ဖြစ်သည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်မှုက ကနဦးပိုင်းတွင် စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့မှုအပေါ် ထောက်ခံဖော်ပြခဲ့ကြပြီး၊ ယခုတိုင်လည်း ဆက်လက်၍ ဤမူကို ဆုပ်ကိုင်ထားပြီး နိုင်ငံ၏ စီးပွားရေးနှင့် ပြည်သူများ၏ သာယာဝပြောရေး၊ ဖွံ့ဖြိုးရေးကိစ္စများကို ပိတ်ဆို့ထားသည့်သဖွယ် ဆောင်ရွက်နေသည်မှာလည်း လွတ်လပ်မှု သို့မဟုတ် အခြား ဖွံ့ဖြိုးတိုးတက်မှုများ ဖြစ်ပေါ်လာစေရန် အထောက်အကူပြုနိုင်မည် မဟုတ်ပါ။

ယခင်အတိတ်ကာလက စီးပွားဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုကိစ္စများနှင့် အကျိုးဆက်များအပေါ် သဘောတူနိုင်သည် ဖြစ် စေ၊ မတူနိုင်သည် ဖြစ်စေ သီးခြားမူဝါဒဆိုင်ရာကိစ္စဟု ယူဆလျှင် ရနိုင်ပါသေးသည်။ သို့သော်လည်း ပြည်သူများ၏ ဘ၀ တိုးတက်ရာ တိုးတက်ကြောင်းအတွက် လုပ်ဆောင်ရန် လိုအပ်ချက်များကို နားမလည် သဘောမပေါက်နိုင်ဖြစ်နေ သည့်ကိစ္စ၊ အရည်အချင်းနည်းပြီး မစွမ်းနိုင်သည့်ကိစ္စ၊ မျက်စိမှိတ် ငြင်းပယ်နေသည့်ကိစ္စမှာ မဖြစ်သင့်ပါ။

စာရေးသူက ယခင်ကတည်းကပင် စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုကို အမေရိကန်ပြည်ထောင်စုက မချမှတ်မီကပင် ဆန့်ကျင်ခဲ့ကြောင်း ဖော်ပြလိုပါသည်။ အကြောင်းမှာ ဤနည်းဖြင့် သူတို့၏ ရည်ရွယ်ချက်ဖြစ်သည့် အစိုးရပြောင်းလဲရေး ရည်မှန်းချက်ကို မပြည့်မြောက်နိုင်၊ မည်သည့်အခါမျှလည်း မဖြစ်နိုင်ဟု ယုံကြည်သောကြောင့် ဖြစ်ပါသည်။

ပါတီ၏ ခေါင်းဆောင်များ ဖိနှိပ် ကွပ်ညှပ်ခံနေကြရပြီး၊ အဖွဲ့အစည်းဆိုင်ရာ လုပ်ငန်းများလည်း ချိနဲ့နေသည် ဆိုသော် လည်း၊ ပြည်သူများ၏ဘ၀ သာယာတိုးတက်ရေးကို လျစ်လျူရှုထားသည့် နိုင်ငံရေးပါတီဟု ဆိုပါက ပြည်သူများ၏ ထောက်ခံမှုကို ရရှိနိုင်ဖွယ် မမြင်ပါ။ ထိုမျှမက ကျင့်ဝတ်ပိုင်းဆိုင်ရာ မူအပေါ် ရပ်တည်နေသည် ဆိုသည့် အပြောနှင့်လည်း လွဲချော်နေပါလိမ့်မည်။

စစ်အစိုးရက ပြည်သူများကို သနားထောက်ညှာရမည်ဆိုသည့် ဗုဒ္ဓ၏ အစိုးရကောင်းတို့၏ ကျင့်ထုံးကို လျစ်လျူရှု ကျင့်သုံး နေသည်။ သို့သော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကပါ ပြည်သူတို့၏ အသက်မွေးဝမ်းကြောင်းဆိုင်ရာ ကိစ္စ များကို လျစ်လျူရှုနေသည်မှာ လုံးဝခွင့်မလွှတ်နိုင်ဖွယ် ဖြစ်ပါသည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဆိုသည်မှာ ပြည်သူတို့ စားဝတ်နေရေး ချောင်လည်စေရန် ဖြေရှင်းပေးသည့် လုပ်ငန်းများပင် ဖြစ်ပါသည်။

စစ်အစိုးရက နိုင်ငံခြားအရန်ငွေကြေးများစွာ စုဆောင်းရရှိနိုင်ခဲ့သော်လည်း၊ နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ရရှိ အောင် မစွမ်းဆောင်နိုင်ဘဲ ကျရှုံးခဲ့ရပါသည်။ ကမ္ဘာတ၀ှမ်းက ကျယ်ကျယ်ပြန့်ပြန့် လေးစားနေကြရသည့် အဓိကအတိုက်အခံပါတီကြီးနှင့် ခေါင်းဆောင်များကလည်း အရေးပါလှပြီး ချက်ချင်း လက်ငင်း ကိုင်တွယ်ဖြေရှင်းရမည့် ပြဿနာကိစ္စများကို ငြင်းပယ်နေသည်ကို တွေ့ရပြန်သည့်အခါ မြန်မာပြည်သူများနှင့် သူတို့၏ အနာဂတ်အတွက် များစွာ အဆိုးမြင် စိတ်ပျက်ဖွယ် ဖြစ်ရပါတော့သည်။

ဒေးဗစ် အိုင်၊ စတိန်းဘာ့ဂ် (David I. Steinberg) သည် မြန်မာ၊ မြောက်နှင့် တောင်ကိုရီးယား၊ အရှေ့တောင်အာရှ ရေးရာ နှင့် အမေရိကန်ပြည်ထောင်စုက ချမှတ်ကျင့်သုံးနေသည့် အာရှ မူဝါဒများရေးရာကိစ္စ ကျွမ်းကျင်သူ ဖြစ်ပါ သည်။ သူသည် ၀ါရှင်တန် ဒီစီမြို့ရှိ ဂျော့တောင်းတက္ကသိုလ်၊ နိုင်ငံခြားရေးလုပ်ငန်းများကျောင်းတွင် စာသင်ကြားနေသည့် ပါမောက္ခတဦး ဖြစ်ပါသည်။

DAVID I. STEINBERG ရေးသားသည့် Burma, the Opposition and Economic Development ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။


REF: ဧရာဝတီ

Read More...

မြန်မာနိုင်ငံအပေါ် နိုင်ငံတကာဒဏ်ခတ်မှု စစ်အစိုးရကို တရုတ်ကူညီနေသည့် အတွက် အဓိက မအောင်မြင်

၂၇ ဖေဖော်ဝါရီ ၂၀၀၉

မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ စီးပွားရေး ဒဏ်ခတ်မှု မအောင်မြင်ရခြင်း အချက် (၅) ချက် ရှိကြောင်း သမ္မတ ဘွတ်ရှ် လက်ထက် အမေရိကန် ကွန်ဂရက်သို့ တင်သွင်းသည့် မြန်မာ-အမေရိကန် ဆက်ဆံရေး အစီရင်ခံစာ တစောင်တွင် ဖော်ပြသုံးသပ်ထားသည်။

ခေတ်ပြိုင်မှ ဖတ်ရှုခွင့်ရသည့် အဆိုပါ အစီရင်ခံစာကို အမေရိကန် ကွန်ဂရက်ဆိုင်ရာ သုတေသနဌာန စာတမ်းတခုအသွင်ဖြင့် ၂၀၀၈ ခု ဇွန်လတွင် ကွန်ဂရက်သို့ တင်သွင်းခဲ့ခြင်း ဖြစ်သည်။ အဆိုပါ အစီရင်ခံစာပါ အချက်များကြောင့် အိုဘားမား အစိုးရက မြန်မာနိုင်ငံအပေါ် အမေရိကန် စီးပွားရေး ဒဏ်ခတ်မှု ပေါ်လစီကို ပြန်သုံးသပ်ဖို့ ဆုံးဖြတ်ခြင်း ဟုတ်မဟုတ်ကိုမူ ရှင်းရှင်းလင်းလင်း မသိရပေ။

ပထမအချက်အနေနှင့် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ ဒဏ်ခတ်မှု အတိုင်းအတာ မတူသည့်အပေါ် မြန်မာစစ်အစိုးရ အမြတ်ထုတ်သွားနိုင်ခဲ့သည်ဟု ထောက်ပြထားသည်။

“မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ရာတွင် အမေရိကန် စီးပွားရေး ဒဏ်ခတ်မှုမှာ အကျယ်ပြန့်ဆုံး ပေါ်လစီဖြစ်သည်။ အီးယူ၊ ဂျပန်နှင့် သြစတြေးလျ နိုင်ငံများ၏ မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်မှုမှာ အကန့်အသတ်နှင့် သာဖြစ်ပြီး မြန်မာနိုင်ငံအပေါ် ကုန်သွယ်ရေး ရင်းနှီးမြှုတ်နှံမှု စသည်တို့ လုံးဝ ဖြတ်တောက်ခြင်းမျိုး မဟုတ်ပေ။

မြန်မာနိုင်ငံအပေါ် အီးယူက ဒဏ်ခတ်ပိတ်ဆို့ရာတွင် စစ်ခေါင်းဆောင်များအား ဗီဇာပိတ်ပင်ခြင်း၊ လက်နက်ရောင်းချခွင့် ပိတ်ပင်ခြင်း၊ အီးယူနိုင်ငံများရှိ စစ်ခေါင်းဆောင်များ၏ ပိုင်ဆိုင်မှုကို ထိန်းချုပ်ခြင်း၊ အထည်ချုပ်လုပ်ငန်းများ အခွန် ကင်းလွတ်ခွင့် ပိတ်ပင်ခြင်း စသည်တို့ ဖြစ်ပြီး မြန်မာကုန်စည်များ အီးယူနိုင်ငံများသို့ တင်သွင်းခွင့် သို့မဟုတ် မြန်မာနိုင်ငံတွင် အီးယူ ပုဂ္ဂလိက ရင်းနှီးမြှုတ်နှံမှုတို့ကိုမူ ပိတ်ပင်ခြင်း မရှိပေ။” ဟု အစီရင်ခံစာ၌ ဖော်ပြထားပြီး အင်္ဂလန်၊ ဂျပန်တို့ မြန်မာနိုင်ငံနှင့် မည်သို့ ဆက်ဆံနေသည်ကို ရင်းနှီးမြှုတ်နှံမှု ကိန်းဂဏန်းများဖြင့် အသေးစိတ် ရှင်းလင်းထားသည်။

မြန်မာစစ်အစိုးရသည် မြန်မာထွက်ကုန်များကို အာရှနိုင်ငံများသာမက အခြားနိုင်ငံများသို့ပါ တင်ပို့ ရောင်းချနေနိုင်ခြင်းသည်လည်း မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ စီးပွားရေး ဒဏ်ခတ်မှု မအောင်မြင်ရခြင်း ဒုတိယအချက်ဟု အစီရင်ခံစာမှာ ရေးထားသည်။

အစီရင်ခံစာ၌ “၂၀၀၄ နှင့် ၂၀၀၅ ခုတွင် သဘာဝဓာတ်ငွေ့ ရောင်းချရာမှ မြန်မာစစ်အစိုးရ ၀င်ငွေမှာ ဒေါ်လာသန်း (၁,၀၀၀) ရှိသည်ဟု မှန်းထားသည်” ဟု ရေးထားပြီး မည်သည့်ကုမ္ပဏီများ ရေနံနှင့် သဘောဝဓာတ်ငွေ့ ရှာဖွေရေးတွင် လုပ်ကိုင်နေကြောင်း အသေးစိတ်ရှင်းထားသည်။

ထို့ပြင် မူးယစ်ဆေး မှောင်ခိုရောင်းချမှုမှ ရသည့် မြန်မာနိုင်ငံ၏ ၀င်ငွေမှာ တနှစ်ကို ဒေါ်လာသန်း (၁,၀၀၀) မှ ဒေါ်လာသန်း (၂,၀၀၀) ကြားရှိသည်ဟု ထောက်ပြသည်။ အထူးသဖြင့် မြန်မာစစ်ထောက်လှမ်းရေး အရာရှိများနှင့် ၀ခေါင်းဆောင်းများကြား နားလည်မှု ယူထားရာတွင် ဘိန်းကိုသာ အထွက်လျော့အောင် လုပ်ပေးလျင် ၀တွေ မက်တာအဖက်တမင်း စိတ်ကြွဆေး ထုတ်လုပ်မှုကို ကြိုက်သလောက် တိုးချဲ့ ထုတ်လုပ်ခွင့်ပေးထားသည်ဟုပါ အစီရင်ခံစာမှာ ဖော်ပြထားသည်။

တတိယ အချက်အနေနှင့် ဒဏ်ခတ်မှုနှင့် သံတမန်ရေး ဖိအားကို လျော့ပါးစေသည့် အာဆီယံ နိုင်ငံများ၏ အပြုသဘောဆောင်သည့် ဆက်ဆံရေးသည်လည်း မြန်မာစစ်အစိုးရအပေါ် နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့မှု မအောင်မြင်ရခြင်း ဖြစ်သည်ဟု အကျယ်တ၀င့် ရှင်းထားသည်။

စတုတ္တ အချက်လည်းဖြစ် ဒဏ်ခတ်မှု မအောင်မြင်ခြင်း၏ အဓိက အချက်လည်း ဖြစ်သည့် အချက်မှာ မြန်မာနိုင်ငံအပေါ် တရုတ်က စီးပွားရေးနှင့် စစ်ရေး ကူညီနေခြင်းဖြစ်သည်ဟု ကောက်ချက် ဆွဲထားပြီး အထောက်အထားများနှင့်တကွ အကျယ်တ၀င့် ရှင်းပြထားသည်။

ပဉ္စမအချက်ဟု ပြောနိုင်စရာရှိသည့်အချက်မှာ စီးပွားရေးလုပ်ငန်းများ ချုပ်ကိုင်ထားသည့် ထိပ်ပိုင်း စစ်ဘက်အရာရှိများနှင့် ၄င်းတို့ မိသားစုများအတွက် ၀င်ငွေရအောင် စစ်အစိုးရက လုပ်ပေးနေနိုင်သည့်အချက်ဟု ထောက်ပြထားသည်။



REF: ခေတ်ပြိုင်

Read More...

ဦးကျော်မြင့်ပေးလိုက်တဲ့သဲလွန်စများ (နိုင်ငံရေးသမားများသတိထား)

UDP ခေါင်းဆောင် ဦးကျော်မြင့် ကို ဆက်သွယ်မေးမြန်း

24 February 2009

မြန်မာစစ်အစိုးရက ကြေငြာထားတဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေတဲ့ ကနေဒါနိုင်ငံ (Canada) အခြေစိုက် ယူဒီပီ (UDP - United Democratic Party of Myanmar) ညီညွတ်သော ဒီမိုကရက် တစ်ပါတီ (မြန်မာပြည်) ပါတီခေါင်းဆောင်ဖြစ်သူ ဦးကျော်မြင့် (ခေါ်) မိုက်ကယ် ဟွာဟူး (Michael Hua Hu) က သူဟာ အများက စွပ်စွဲနေသလို မှုးယစ်ဆေးဝါးမှောင်ခိုခြင်း၊ ငွေခဝါချအလုပ်တွေနဲ့ လုံးဝသက်ဆိုင်ခြင်း မရှိပါကြောင်း၊ ပြီးနောက် 'ဝ' နယ်မြေတွေမှာ မှုးယစ်ဆေးဆိုတာ ခွင့်ပြုချက်ရှိသူတွေသာ လုပ်ပိုင်ခွင့်ရတဲ့ အလုပ်ဖြစ်ပါကြောင်း ဗွီအိုအေကို ရှင်းလင်းဖြေကြားခဲ့ပါတယ်။

ယူဒီပီ အဖွဲ့ခေါင်းဆောင် ဦးကျော်မြင့်ရဲ့ရှင်းလင်းချက်အပြည့်အစုံကို သိရှိနိုင်ဖို့ ဗွီအိုအေမြန်မာသတင်း ဌာနမှူး ဦးသန်းလွင်ထွန်းက ဦးကျော်မြင့် ကို ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

ဗွီအိုအေ - ဦးကျော်မြင့်အနေနဲ့ မြန်မာနိုင်ငံမှာ ကျုံယွမ်ကုမ္ပဏီနဲ့ လုပ်ငန်း လုပ်ခဲ့စဉ်တုန်းက ငွေကြေးနဲ့ စီးပွားရေးပြဿနာတွေအတွက် စစ်အစိုးရကနေပြီးတော့ ထောင်ဒဏ် အပြစ်ပေးခံခဲ့ရဖူးတယ်လို့ စွပ်စွဲထားတာတွေ ရှိပါတယ်။ အဲဒီအချိန်က ဘာကြောင့်မို့ ဦးကျော်မြင့် အနေနဲ့ ထောင်ဒဏ် အပြစ်ပေးခံခဲ့ရတာလဲခင်ဗျ။

ဦးကျော်မြင့် - ကျနော် ၉၇ ခုနှစ်တုန်းက စစ်အစိုးရနဲ့ ပြဿနာဖြစ်တာ ငွေကြေးစီးပွားရေးပြဿနာ မဟုတ်ဘူး။ အဓိက နိုင်ငံရေးပါ။ နိုင်ငံရေးဆိုတာ ၅(ည)ပေါ့။ ကျနော်တို့ ငွေရေး ကြေးရေး စီးပွားရေး ထောင်ဒဏ်ချတာ မရှိပါဘူး။ သူတို့ ချထားတာ ၅(ည)၊ နိုင်ငံတော် ဆန့်ကျင်မှုပေါ့။ အဲဒါနဲ့ ထောင်ဒဏ်ချတာပါခင်ဗျ။

ဗွီအိုအေ - အဲဒီ ၅(ည)က ဘာ့ကြောင့်ချတာလဲ။

ဦးကျော်မြင့် - ကျနော် စာဖြန့်တာပေါ့နော်။ အဲဒီအချိန်မှာ စစ်အစိုးရရဲ့ အားနည်းချက်ပေါ့။ ဟို ပြည်သူ အစိုးရတခု လိုပါတယ် လို့။ စာဖြန့်တယ်။ ပြီးတော့ တချို့ ပါဝါတွေလည်း ဒေါ်အောင်ဆန်းစုကြည် တို့ကို လွဲပေးဖို့ လိုပါတယ်။ အဲဒါမျိုး စာဖြန့်တာပါခင်ဗျ။

ဗွီအိုအေ - အင်တာနက်မှာဖြန့်တဲ့ ဦးအောင်ခင်ဆိုတဲ့လူတယောက် ရေးထားတဲ့ စာမှာလည်း ဖတ်လိုက်ရပါတယ်။ ဦးကျော်မြင့်အနေနဲ့ အဲဒီအချိန်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို တိုက်ရိုက် စကားပြောပြီးတော့ မြန်မာစစ်အစိုးရ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အာဏာခွဲဝေပေးဖို့ လိုအပ်တယ်ဆိုတဲ့အကြောင်း တိုက်တွန်းခဲ့တယ်လို့ ရေးထားတာ တွေ့လိုက်ရတယ်။ အဲဒါ ဟုတ်ပါသလား။

ဦးကျော်မြင့် - ဟုတ်ပါတယ်ခင်ဗျ။ ကျနော် စာလည်း တင်ထားပါတယ် သူ့ဆီမှာ။

ဗွီအိုအေ - ကိုယ်တိုင်ရော စကားပြောခဲ့သလား။

ဦးကျော်မြင့် - ကိုယ်တိုင်တော့ အဲဒါမျိုးတွေကတော့ ကိုယ်တိုင် မပြောပါဘူး။ စာရေးတင်တာပါ။

ဗွီအိုအေ - စာတင်တော့ မြန်မာစစ်အစိုးရရဲ့ တုန့်ပြန်ချက်က ဘာပါလဲခင်ဗျ။

ဦးကျော်မြင့် - ကျနော့်ဆီကို ဘာမှ မပြန်လာဘူး။ ပြီးတော့မှ ကျနော် အဖမ်းခံရတာပါခင်ဗျ။

ဗွီအိုအေ - အဲဒီတော့ ဘယ်နှစ်နှစ် ထောင်ချခံရလဲခင်ဗျ။ ပြီးတော့ ဘယ်လို လွတ်မြောက်လာပါသလဲ။

ဦးကျော်မြင့် - စုစုပေါင်း ၉ နှစ် ချတာပါခင်ဗျ။

ဗွီအိုအေ - ဟုတ်ကဲ့၊ ဦးကျော်မြင့်အကြောင်း ရေးသားချက်တွေထဲမှာ ဦးကျော်မြင့်က ထောင်ကနေ ထွက်ပြေးလာတယ်လို့ ဆိုပါတယ်ခင်ဗျ။ အဲဒါ ဘယ်နှစ်ခုနှစ်လောက်ကလဲ။

ဦးကျော်မြင့် - ဟုတ်ပါတယ်။ ကျနော် နေမကောင်းတော့ မန္တလေးဆေးရုံ ရောက်တဲ့အခါမှာ ဘုန်းကြီးကနေပြီးတော့ ကျနော့်ကို ကယ်လိုက်ပါတယ်။ အဲဒီဘုန်းကြီးနာမည်တော့ ပြောလို့ မကောင်းပါဘူး။ အဲဒါတော့ ကျနော့်ကို ခွင့်လွတ်ပါ။ ကျနော် ပြောပိုင်ခွင့် မရှိပါဘူး။

ဗွီအိုအေ - အဲဒီတော့ ဒီ မြန်မာပြည်အကျဉ်းထောင်ကနေ ထွက်ပြေးလာပြီးတော့ ဒီ နိုင်ငံခြားကို ထွက်ပြေးတာပေါ့။

ဦးကျော်မြင့် - ဟုတ်ကဲ့။ ကျနော်အဲဒီမှာ နေပြီးတော့ ဘုန်းကြီးက ကျနော့်ကို ယိုးဒယားနယ်စပ်ပေါ့၊ မြဝတီ မဲဆောက် တိုက်ရိုက် သွားတယ်။

ဗွီအိုအေ - မြန်မာပြည်ကနေ ထွက်ပြေးလာပြီးနောက်ပိုင်းမှာ ဦးကျော်မြင့်အနေနဲ့ အမေရိကန် ပြည်ထောင်စုကို ဘယ်လိုလုပ် ရောက်လာလဲခင်ဗျ။ အထူးသဖြင့် ကျနော် မေးရတဲ့ အကြောင်းရင်းက ဦးကျော်မြင့်က တချိန်က ဆိုရင် မြန်မာပြည်မှာ ဝတပ်ဖွဲ့တွေနဲ့ အတူတူ တိုက်ခိုက်တဲ့ လုပ်ငန်းတွေ လုပ်ခဲ့ဖူးတယ်။ အဲဒါအပြင် အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေးလုပ်ခဲ့ပြီးတဲ့ နောက်ပိုင်းမှာ မြန်မာပြည်မှာ စီးပွားရေးတွေ လုပ်ခဲ့တယ်။ ဦးကျော်မြင့် ပတ်သက်ခဲ့ဖူးတဲ့ ဝတပ်ဖွဲ့ ဆိုတာတွေကလည်း အမေရိကန် ပြည်ထောင်စု အနေနဲ့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တယ် ဆိုပြီး စွပ်စွဲထားတဲ့ အဖွဲ့တွေ ဖြစ်နေတယ်လေ။ ဒီလိုဖြစ်နေတဲ့ ကြားထဲက ဦးကျော်မြင့် အနေနဲ့ အမေရိကန် ပြည်ထောင်စုကို ဘယ်လိုဝင်လာသလဲခင်ဗျ။

ဦးကျော်မြင့် - ကျနော် ရန်ကုန်မှာ စီးပွားရေး လုပ်တာလည်း ဝနဲ့ လုံးဝ မပတ်သက်ပါဘူး။ အဲဒါ ကျနော် အပြင်မှာ ကျနော့်ကို ဒါရိုက် အင်တာဗျူးတဲ့သူ တယောက်မှ မရှိပါဘူး။ အဲဒါ သူတို့ထင်တဲ့အတိုင်း သူတို့ ရေးတာပါ။ အဲဒါကြောင့်ကို ကျနော် ပြန်လာ နိုင်ငံခြားထွက်လာတဲ့အခါမှာလည်း ဟို ဘန်ကောက်ရောက်မှလည်း အမေရိကန်သံရုံးနဲ့ ကျနော် တွေ့ပါတယ်။ အဲဒီမှာ တွေ့တဲ့အခါမှာလည်း NCGUB က ဦးစိုးပိုင်နဲ့ ဦးသိန်းဦးလည်း ပါပါတယ်၊ အဲဒီ အမေရိကန် ဌာနမှာ။ ကျနော် ဝ နဲ့ စီးပွားရေးပိုင်းလည်း လုံးဝ မပတ်သက်ပါဘူးဆိုတာ အမေရိကန်အစိုးရက ရှင်းရှင်း သိပါတယ် အမေရိကန် အစိုးရက။ အဲဒါကြောင့်ကို ကျနော် အမေရိကန်လာတာ သူတို့ ကျနော့်ကို ဗီဇာပေးပြီးတော့ လာတာ။ အဲဒါပဲ။

ဗွီအိုအေ - ဦးကျော်မြင့်က ဗမာပြည်ကနေ အကျဉ်းထောင်ကနေ ထွက်ပြေး လွတ်မြောက်လာတော့ ဗမာ ပတ်စ်ပို့လည်း မပါတော့ အမေရိကန်ကနေ ဒီကို လာခွင့်ပေးတယ် ဆိုတာဟာ နိုင်ငံရေးခိုလှုံခွင့်နဲ့ လာခွင့်ပေးတယ် ဆိုတဲ့ သဘောပေါ့။

ဦးကျော်မြင့် - ဟုတ်ကဲ့။ ကျနော် အဲဒီမှာ ဟို - အေးပေါ့ - အဲဒါပေါ့၊ ရဖျူဂျီပေါ့။

ဗွီအိုအေ - ဘန်ကောက်မှာရှိတဲ့ အမေရိကန်သံရုံးကို သွားတွေ့တုန်းက ဒီ NCGUB လို့ ခေါ်တဲ့ ပြည်ထောင်စု မြန်မာနိုင်ငံ အဝေးရောက် အစိုးရအဖွဲ့ရဲ့ ဦးစိုးပိုင်နဲ့ ဦးသိန်းဦး ပါတယ်လို့ စောစောက ဦးကျော်မြင့် ပြောလိုက်ပါတယ်။ သူတို့က ဘာကြောင့် ပါတာလဲ။

ဦးကျော်မြင့် - ဟုတ်ပါတယ်။ ဟို အဲဒီအချိန်မှာ ဦးစိုးပိုင်က စကားပြန် လုပ်ပါတယ်။ ဦးသိန်းဦးလည်း ပါတာပေါ့။ ဒါပေမယ့် စကားပြန်လုပ်တာတော့ ဦးစိုးပိုင်ပါ။

ဗွီအိုအေ - ဦးသိန်းဦးတို့၊ ဦးစိုးပိုင်တို့နဲ့ ဦးကျော်မြင့် ဘယ်လိုဆက်စပ်ခဲ့လဲ အဲဒီအချိန်က။

ဦးကျော်မြင့် - အဓိကကတော့ မြန်မာပြည်နိုင်ငံရေးကိစ္စ ဆွေးနွေးဖို့ပါ။ အဲဒါကို လူတယောက်က ကြားမှာ နေပြီးတော့ ကျနော့်ကို ကွန်တက် လုပ်ပေးတာပါ။ အဲဒါပါပဲ။

ဗွီအိုအေ - ဘန်ကောက်မှာ ရှိတဲ့ အမေရိကန်သံရုံးနဲ့ သွားတွေ့တဲ့ အချိန်မှာ NCGUB အမျိုးသား ညွန့်ပေါင်း အစိုးရအဖွဲ့က ဦးသိန်းဦးက ပါပြီးတော့ လိုက်ပါလာပြီး ဆောင်ရွက်ပေးတယ် ဆိုတော့ ဘယ်လိုအကြောင်းချင်းရာမျိုးနဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်း အစိုးရက ဝင်ပြီးတော့ ပါပြီး ဆောင်ရွက်ပေးရတာလဲ။

ဦးကျော်မြင့် - အဓိကကတော့ သူတို့လည်း အဲဒီအချိန်မှာ ကျနော်နဲ့ ဟိုဟာပေါ့ - ပူးပေါင်းပြီးတော့ ပုဂ္ဂိုလ်အနေနဲ့ပေါ့ ဟုတ်လား၊ - ဒီမိုကရေစီ လုပ်ငန်းကို လုပ်စေချင်လို့ တွဲပြီးတော့ လုပ်စေချင်တဲ့ သဘောမျိုးပေါ့။

ဗွီအိုအေ - အဲဒီတော့ ဦးကျော်မြင့် အမေရိကန်ပြည်ထောင်စုကို လာဖို့အရေးကို ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်း အစိုးရက ထောက်ခံပေးတယ် ဆိုတဲ့သဘောလား။

ဦးကျော်မြင့် - အဲဒီအတွက်တော့ သူတို့မပြောပါဘူး။ သူတို့က သူတို့လိုက်သွားတာက ဦးစိုးပိုင် လိုက်သွားတာ ကျနော် ပြောချင်နေတော့ စကားပြန် လုပ်ပေးတာပါ။ ထောက်ခံတယ်တို့ အမေရိကန်လာဖို့အတွက်တို့ အဲဒါတော့ သူတို့ လုပ်ပေးတာ မရှိပါဘူး။

ဗွီအိုအေ - ဦးသိန်းဦးကရော ဒါဆိုရင်။

ဦးကျော်မြင့် - ဦးသိန်းဦးလည်း သူလုပ်တာ ပုဂ္ဂိုလ်အနေနဲ့ပေါ့။ သူ - - သြစတေးလျသွားဖို့ဖြစ်ဖြစ်၊ - တခြား တော်တော် ကူညီပါတယ်။ - အဲဒါပေါ့။

ဗွီအိုအေ - ဘာကြောင့်မို့ ဦးကျော်မြင့်ကို သူက ကူညီရတာလဲ။

ဦးကျော်မြင့် - သူက ကူညီတာက၊ ကျနော်လည်း ပြည်တွင်းမှာလည်း တိုင်းရင်းသား ခေါင်းဆောင်တယောက် အနေနဲ့ နောက်ပြီးတော့လည်း ကျနော်တို့ ပြည်တွင်းမှာ နိုင်ငံရေး တော်လှန်ရေး လုပ်လာတဲ့ ပုဂ္ဂိုလ်တယောက်။ အဲဒီအနေနဲ့ အကူအညီပေးတာပါ။

ဗွီအိုအေ - စောစောကပြောတော့ ဦးကျော်မြင့် အနေနဲ့ ဝတပ်ဖွဲ့တွေနဲ့ ဆက်စပ်မှု မရှိဘူး ဆိုပေမယ့် ဦးကျော်မြင့်နဲ့ ဦးပေါက်ယူချန်းတို့က အဆက်အသွယ် မရှိဘူးလားခင်ဗျ။ ကျနော်တို့ သိထားတာကတော့ ဦးကျော်မြင့်ဟာ ဒီ ဝ အမှတ် ၂ အထူးဒေသ အပစ်အခတ် ငြိမ်းချမ်းရေး အဖွဲ့ရဲ့ ကိုယ်စားလှယ်၊ ဒုတိယဘဏ္ဍာရေးမှူးလို့ ပြောပါတယ်။ အဲဒါ မဟုတ်ဘူးလားခင်ဗျ။

ဦးကျော်မြင့် - အဲဒီကိစ္စ ဒီလိုဖြစ်တယ်၊ ကျနော် အမှန် ငြိမ်းချမ်းရေး ပထမဦးဆုံး ယူတာ စပြီးတော့ ဗကပနဲ့ ခွဲထွက်တာက ကျနော် ဝဒေသ မဟုတ်ဘူး။ ကျနော်က မုန်းကိုး ဒေသပါ။ မုံးကိုး ဆိုတာ အခု ကြူကုတ် ပန်ဆိုင်း အဲဒီနေရာပါ။ ဒါ - အမှန် - ကျနော် အဲဒီနေရာက ခေါင်းဆောင်တယောက် ဖြစ်ပါတယ်။ အဲဒီမှာ ပြီးတော့မှ ခင်ဗျားသိတဲ့အတိုင်း ငြိမ်းချမ်းရေးယူတဲ့ တပ်ဖွဲ့တွေဟာ မုံးကိုးရော ကိုးကန့်ရော ဝရော ဦးစိုင်းလင်ရော၊ ဦးစခုန်တိန်ယိမ်းရော အကုန်လုံး အဲဒီ ငြိမ်းချမ်းရေးယူတာ ကေအိုင်အေ လက်အောက်မှာ သူ့နေရာနဲ့သူ။ ဒါပေမယ့် အဲဒီပေါ်မှာ တပ်ပေါင်းစုတခု လုပ်ပါတယ်။ အဲဒီ တပ်ပေါင်းစုအောက်မှာ ဝလည်း ပါလာတာပေါ့။ ပါလာတဲ့အခါမှာ ကျနော်လည်း သူတို့ဆီကို ကျနော် တပ်ပေါင်းစုအနေနဲ့ နေပြီးတော့ သူတို့လည်း တပ်ပေါင်းစုကို ကူညီတုန်းကပေါ့။ အဲဒီ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို စီမံ ခန့်ခွဲတတ်တဲ့သူတယောက်ကို သူတို့ ဗဟိုမှာ ဝဒေသကို အဲဒီအချိန် ဗကပထဲမှာ စ ခွဲထွက်လာတဲ့အခါမှာ ဘိန်းဖြူလည်း ပိတ်ထားတယ် ဝင်လို့မရဘူး စီးပွားရေးလည်း ခက်တယ်။ အဲဒီအချိန်မှာ ကျနော် ဖွံ့ဖြိုးတိုးတက်မှုကို တရုတ်ပြည်ကို ဟို တခါးဖွင့်ဖို့ကို သူတို့က အကူအညီ လိုချင်လို့ ကျနော်က သူတို့ဆီမှာ အဲဒီအဖွဲ့ကို ဟို သူတို့ ဗဟိုမှာ ကျနော့်ကို တာဝန်၊ တာဝန်ဆိုတာ တကယ် သူတို့ထဲမှာ ဝင်တာ မဟုတ်ဘူး။ သူတို့ကို ကူညီပေးတာပါ။ အဲဒါကြောင့် လူတွေက နည်းနည်း ကွန်ပလိန်း ရှိတာပေါ့။ ဝ၊ ဝ၊ ဝ ။ အမှန်က ကျနော် ဝ မဟုတ်ဘူး။

ဗွီအိုအေ - အဲဒီတော့ ၁၉၉၃ ခုနှစ်မှာ ဦးကျော်မြင့်က ရန်ကုန်မြို့ကို ရောက်လာတယ်။ အဲဒီမှာ ဦးကျော်မြင့်ကိုယ်တိုင် ကျုံယွမ် ကုမ္ပဏီကို ထူထောင်တယ်။

ဦးကျော်မြင့် - ဟုတ်ကဲ့ခင်ဗျ။ ဟုတ်ပါတယ်။

ဗွီအိုအေ - အဲဒီတော့ ကုမ္ပဏီ ထူထောင်တော့ ဦးကျော်မြင့် အနေနဲ့ ဘယ်လို အရင်းအနှီးတွေနဲ့ မ တည်ခဲ့လဲခင်ဗျ။

ဦးကျော်မြင့် - ကျနော် အရင်တုန်းက နယ်စပ်မှာ နယ်စပ်ကုန်သွယ်ရေးဆိုတာ ရှိတယ်။ တရုတ်ပြည်ထဲက ကုန်တွေ ဗမာပြည် သွင်းတာ။ ဗမာပြည်က ကုန်က အဲဒီ - မူဆယ် ကြူကုတ် ပန်ဆိုင်း တရုတ်ပြည် ဝမ်တိန် အဲဒီ - BORDER TRADEလုပ်တော့ အဲဒီမှာလည်း ကျနော် BORDER TRADE လုပ်တယ်။ နောက်ပြီးတော့ ကျနော် ကျောက်စိမ်း လုပ်တယ်။ သတ္ထုတွေလည်း တူးတယ် အဲဒီ ဒေသမှာ။ နောက် - သစ်လုပ်ငန်းတွေလည်း ကျနော်တို့ ဒေသတွေမှာ တချို့ သစ်- ။ အရင်တုန်းက ကျနော်တို့ ရခဲ့တဲ့ ငွေဟာ ရန်ကုန်ရောက်လာတော့မှ အဲဒီငွေဟာ ကျနော် ကျုံယွမ်ကုမ္ပဏီကို ထူထောင်တာ။ အဲဒါပါ။

ဗွီအိုအေ - အဲဒီ ငွေအရင်းအနှီးတွေက ဒီဘက်က အများစုရဲ့ အပြောအရ ဆိုရင် ကျောက်စိမ်းမှောင်ခိုလုပ်ငန်း၊ ဒါ့အပြင်ကို မူးယစ်ဆေးဝါးလုပ်ငန်းတွေက ရတဲ့ ငွေမည်းတွေ ဖြစ်ပြီးတော့၊ ဒီငွေမည်းတွေကို ငွေဖြူဖြစ်အောင် ခဝါချတဲ့ ဟန်ပြလုပ်ငန်းတခုအဖြစ် ပြောကြားထားတာ တချို့ ရှိပါတယ်။ money laundering business ပေါ့နော်။ အဲဒါနဲ့ ပတ်သက်လို့ရော ဦးကျော်မြင့် အနေနဲ့ ဘယ်လို ငြင်းချက်ထုတ်နိုင်လဲခင်ဗျ။ ဒီလောက် များပြားတဲ့ အရင်းအနှီး ငွေတွေက ချက်ချင်းကြီး မြို့ပေါ်ကို ဘယ်လိုလုပ် ရောက်လာနိုင်သလဲ။

ဦးကျော်မြင့် - အဲဒီဟာတော့ မဟုတ်ဘူးဗျ။ ကျနော်တို့ ဒေသတွေမှာ အရောင်းအဝယ်လုပ်တဲ့ BORDER TRADEလည်း ကျနော်တို့က အခွန် ပေးပါတယ်။ ခင်ဗျား အဲဒီပစ္စည်း ဝင်လာကတည်းက ကာစတန်ရှိတယ်၊ ရဲရှိတယ်၊ လဝက ရှိတယ်။ အဲဒါ အခွန်ပေးပြီးသား ပိုက်ဆံကို ငွေမည်း ပြောလို့ မရပါဘူး။ အဲဒါလည်း ကျနော် အထောက်အထားတွေ ရှိပါတယ်။ နောက်တခုလည်း ကျနော်တို့ အဲဒီဒေသ ကျနော်တို့ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ လို့ ခေါ်ပါတယ်။ ကိုယ်ပိုင်အုပ်ချုပ်ရေး ဆိုတာ စီးပွားရေးလုပ်ရင် ကျနော်တို့ အဲဒီဒေသမှာ အခွန်ပေးပါတယ်။ ဒေသအစိုးရကနေ တရားဝင် ခွင့်ပြုမှုတွေ ဖြစ်ပါတယ်။ အဲဒါလည်း ငွေမည်း ပြောလို့ မရပါဘူး။ နောက်ပြီးတော့ သတ္ထုတို့ သစ်လုပ်ငန်းတို့၊ တရုတ်ပြည် ဘိလပ်မြေတို့ သံချောင်းတွေ သွင်းတာ အဲဒါ ပုံမှန် BUSINESS ပဲ။ ဒါ အမေရိကန် ကနေဒါလည်း ဒါမျိုး BUSINESS တွေ လုပ်လို့ ရတာပဲ အခွန်ပေးရင်။ အဲဒါ မကောင်းတဲ့လုပ်ငန်း ပြောလို့ မရပါဘူး ဒါတွေကို။

နောက်တခုကလည်း အဲဒီဒေသမှာ ဘိန်းက လူတိုင်း ကိုင်လို့ မရဘူး။ ဟို သူ့လမ်း သူ့နည်းနဲ့ သူတို့ ခွင့်ပြုတဲ့လူမှ အဲဒီ ဘိန်းလုပ်ငန်း လုပ်လို့ ရတယ်။ ခင်ဗျား ခွင့်ပြုချက် မရဘဲကိုင်ရင် အဲဒီဒေသ ကိုယ်ပိုင်အုပ်ချုပ်ရေး ဥပမာ ကိုးကန့်တို့ ဝတို့ သူတို့ ဒေသ အုပ်ချုပ်ရေးပေါ့ အဲဒါလည်း ထောင်ဒဏ်ချတယ်။ ဘိန်း လူတိုင်း သွားကိုင်လို့ မရဘူး။ ကျနော်က တသက်လုံး အဲဒီလမ်း မသွားဘူ။ ကျနော်က ခုနက ပြောသလို ကျောက်စိမ်းတို့ သစ်လုပ်ငန်းတို့ BORDER TRADE ။ အပြင်ကလူ ထင်ထားတယ် အဲဒီ ဘိန်းလုပ်ငန်းရတယ်၊ မရဘူး လုံးဝ မရဘူး။ အဲဒီဒေသရဲ့ အခြေအနေ အသိဆုံးပါ၊ ဒါ အမေရိကန် အဲဒီ DEA တို့ သူတို့ အေးဂျင့်တွေ အသိဆုံးပဲ အဲဒါက။

ဗွီအိုအေ - အဲဒီတော့ ဦးကျော်မြင့်ကို အဲဒီ DEA တို့ အဖွဲ့အစည်းတွေက ကူညီခဲ့တာ ရှိသလား။

ဦးကျော်မြင့် - ရှိပါတယ်ခင်ဗျ၊ ရန်ကုန်မှာ။

ဗွီအိုအေ - အဲဒီတော့ ကူညီခဲ့ပေးပြီးတော့ သူတို့က အမေရိကန်ကို ရောက်အောင် ထောက်ခံပေးတယ်။

ဦးကျော်မြင့် - ဟုတ်ပါတယ်ခင်ဗျ။

ဗွီအိုအေ - ဦးကျော်မြင့်အနေနဲ့ အမေရိကန်ကို ရောက်လာပြီးတဲ့ နောက်ပိုင်းမှာ ဝါရှင်တန်မှာရှိတဲ့ မြန်မာသံရုံးကို လာရောက်ဆက်သွယ်ပြိးတော့ သံအမတ်ကြီးဦးလင်းမြိုင်နဲ့ တွေ့ခဲ့ဖူးတယ်လို့ ကျနော်တို့ သိရပါတယ်။ အဲဒီအချိန်က ဦးကျော်မြင့် အနေနဲ့ တရုတ်စီးပွားရေးအဖွဲ့တခုကို ခေါ်ဆောင်လာပြီးတော့ တရုတ်ပြည်နဲ့ ဆက်ဆံရေးအတွက် လာပြီးတော့ ဆောင်ရွက်ပေးတာလို့ ကြားရပါတယ်။ အဲဒီအကြောင်း နည်းနည်းလေး ပြောပြပါ။

ဦးကျော်မြင့် - အဲဒီအချိန်မှာ ကျနော် အမေရိကန် နယူးဂျာစီ နယူးယောက်ဘက်မှာ နေပြီးတော့ ဝါရှင်တန်ဒီစီ မြန်မာသံရုံးမှာ သွားတွေ့တဲ့အခါမှာ ဦးလင်းမြိုင် ရှိတယ်။ ဦးလင်းမြိုင်နဲ့ တွေ့တဲ့အခါမှာ တရုတ်လည်း ပါပါတယ်။ တရုတ်ဆိုတာ အမေရိကန်တရုတ်တွေပေါ့။ သူတို့ကလည်း ဗမာပြည်စီးပွားရေးကို စိတ်ဝင်စားလို့ ကျနော် ခေါ်သွားတယ်။ ဒါပေမယ့် စီးပွားရေးကိစ္စ ပြောပြီးပေမယ့် ဒါပေမယ့် ကျနော် တကယ် အဲဒီမှာ ပတ်သက်သွားတာက ဦးလင်းမြိုင်တို့ ဘယ်သူတို့က ကျနော့်ကို ပြန်ပြီးတော့ ခေါ်စေချင်တယ်ပေါ့ ဗမာပြည်ကို။

ဗွီအိုအေ - ဦးကျော်မြင့်က ဆက်သွယ်တာလား မြန်မာသံရုံးက နေပြီးတော့ ဦးကျော်မြင့်ကို စတင် ဆက်သွယ်တာလား။

ဦးကျော်မြင့် - တရုတ်ကို စီးပွားရေးကိစ္စ ကျနော် မြန်မာသံရုံးကို သူတို့ကို ပို့တယ်။ ဒါပေမယ့် နောက်ပိုင်းတော့ မြန်မာပြည်ကိစ္စတော့ နိုင်ငံရေးကိစ္စတော့ သူတို့ ကျနော့်ကို ဆက်သွယ်ပါတယ်။

ဗွီအိုအေ - ဦးကျော်မြင့်အနေနဲ့ မြန်မာသံရုံးကို ဆက်သွယ်ရတဲ့ အကြောင်းရင်းက မြန်မာနိုင်ငံမှာ လွတ်ငြိမ်းချမ်းသာခွင့် ပြန်လိုချင်လို့လား။

ဦးကျော်မြင့် - မဟုတ်ပါဘူး။ ကျနော် ဆက်သွယ်တာ အစက တရုတ်က သူတို့က ဟို ဗမာပြည်စီးပွားရေး နယ်စပ်စီးပွားရေးကို လုပ်ချင်လို့ ကျနော် လည်း သူတို့ကို နည်းနည်းလုပ်ပေးလိုက်ရင် ပြီးပြီ၊ နောက်ပိုင်း ကျနော်လည်း ဗမာပြည် ဖြစ်နိုင်တဲ့အကြောင်းကို ဗမာပြည် နိုင်ငံရေးကိစ္စ၊ တိုင်းပြည် တိုးတက်စေချင်လို့ လွတ်ငြိမ်းချမ်းသာခွင့် လိုချင်လို့ မဟုတ်ပါဘူး။ ကျနော့်တိုင်းပြည်မှာ တိုးတက်စေချင်လို့ပေါ့။ အဲဒါမျိုးတွေကလည်း သူတို့ကို နည်းနည်း ပြောစေချင်တယ်။

ဗွီအိုအေ - ဦးကျော်မြင့်အနေနဲ့ အခု ကနေဒါကို ပြောင်းရွှေ့သွားပြီးနောက်ပိုင်းမှာ UDP လို့ ခေါ်တဲ့ United Democratic Party ကို ထူထောင်ပြီးတော့ မြန်မာနိုင်ငံမှာ ပြန်ပြီးတော့ ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်နေတယ်လို့လည်း ဆိုတယ်လေ။ အဲဒီတော့ ဦးကျော်မြင့် အနေနဲ့ မြန်မာနိုင်ငံကနေပြီးတော့ အကျဉ်းထောင်ကနေ ထွက်ပြေးလာရတဲ့ လူတယောက်ကို မြန်မာနိုင်ငံ စစ်အစိုးရ အနေနဲ့ ပြန်ပြီးတော့ လိုလိုလားလား လက်ခံနိုင်ပါ့မလားခင်ဗျ။ အထူးသဖြင့် ဦးကျော်မြင့်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့ သူတို့မှာ ရည်ရွယ်ချက်များ ရှိသလား။

ဦးကျော်မြင့် - လွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့က သူတို့အပိုင်း။ ကျနော်က ဒါကို အဓိက ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲ လုပ်မယ်ဆိုရင် ဒါ ကောင်းတဲ့ကိစ္စ။ ဒါကြောင့်ကို နယဖမှာ ဒီဟာ ကျနော် ထောက်ခံပါတယ်။ ကျနော် ထောက်ခံတယ်ဆိုတာ ကောင်းတဲ့ဥစ္စာမှာ ထောက်ခံတယ်။ ဥပမာဆိုရင် နယဖကနေပြီးတော့ - နိုင်ငံရေးအကျဉ်းသား လွတ်ငြိမ်းချမ်းသာခွင့် ပေးမယ်ဆိုရင် ဒါ ကောင်းတဲ့ကိစ္စပဲ။ ကျနော်တို့ ထောက်ခံရမယ်လေ။ ဒါကြောင့်မို့ နယကကို အကုန်လုံး မထောက်ခံဘူးဆိုတာ အဲဒီလို ပြောလို့ မရဘူး။ ကောင်းတဲ့ကိစ္စဆိုရင် တိုင်းပြည်အကျိုးရှိတဲ့ ကိစ္စဆိုရင် ကျနော်တို့ ထောက်ခံမယ်လေ။ အခု သူတို့လုပ်တာ ဥပမာ လွတ်ငြိမ်းချမ်းသာခွင့် ပေးမယ် နိုင်ငံရေးအကျဉ်းသားတွေ လွတ်ငြိမ်းချမ်းသာခွင့် ပေးမယ်၊ ၂ဝ၁ဝ ခုနှစ်မှာ ရွေးကောက်ပွဲလုပ်မယ် တအားကောင်းတဲ့ကိစ္စ။ ဒါကြောင့် ကျနော် ထောက်ခံတယ်။ တကယ်လို့ သူတို့ ကျနော့်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးနိုင် မပေးနိုင် ဒါတော့ သူတို့ ဆုံးဖြတ်မှာ။ ကျနော်လည်း ပြောလို့ မရဘူးခင်ဗျ အဲဒါတော့။

ဗွီအိုအေ - လောလောဆယ် ဦးကျော်မြင့်ရဲ့ UDP ပါတီမှာ မြန်မာပြည်တွင်းကနေ ပါဝင်ဆောင်ရွက်ပေးနေတဲ့ ဦးသုဝေတို့ ဦးရဲထွန်းတို့လို ပုဂ္ဂိုလ်မျိုးတွေနဲ့ အရင်က ရင်းနှီးမှုတွေ ရှိခဲ့လားခင်ဗျ။

ဦးကျော်မြင့် - ကျနော် အရင်က နာမည် ကြားဖူးပါတယ်။ လူချင်း မတွေ့ဖူးပါဘူး။ ဦးရဲထွန်းလည်း သူက တကယ် ပညာရှင်၊ ပြီးတော့မှ လူလည်း နိုင်ငံရေး အရည်အချင်း တော်တော်ရှိတဲ့သူ၊ ဟို ဦးသုဝေ အပါပေါ့။ သူတို့လည်း နိုင်ငံရေးတခု ဆိုတာလည်း သူတို့ သေချာ စဉ်းစားပြီးတော့ ဆုံးဖြတ်ချက်ချတဲ့ ပုဂ္ဂိုလ်တဦး ဖြစ်ပါတယ်။ ကျနော်တို့လည်း ဗမာပြည် နိုင်ငံရေး တော်လှန်ရေးဆိုတာ နှစ်ပေါင်းများစွာ တောက်လျှောက် လုပ်လာတဲ့ပုဂ္ဂိုလ်။ ဒီအပေါ်မှာလည်း ကျနော်တို့ အရည်အချင်း တူပါတယ်။ အဲဒီလို အရည်အချင်း တူတဲ့အခါ ကျနော်တို့ ဦးရဲထွန်းတို့၊ ဦးသုဝေတို့၊ ကျနော်တို့က ယုံကြည်မှု အပြည့်အဝ ရှိပါတယ် ကျနော်တို့ သုံးယောက်က။

ဗွီအိုအေ - UDP ပါတီကို အဓိက ငွေကြေးထောက်ပံ့တာကတော့ ဦးကျော်မြင့်ရဲ့ ငွေကြေးသက်သက်ပေါ့နော် အခု လောလောဆယ်က။

ဦးကျော်မြင့် - ငွေကြေးထောက်ပံ့တာကတော့ ကျနော်လည်း ပါပါတယ်။ ဒါပေမယ့် တော်တော်များများဗျာ၊ ကျနော်တယောက်တည်းဆိုရင် ထောက်ပံ့လို့လည်း မရပါဘူး။ အဓိက ကျနော် ပတ်သက်တဲ့ ပုဂ္ဂိုလ်များပေါ့။ ဥပမာ တရုတ်တွေရော၊ တချို့ အမေရိကန် စီးပွားရေးရှင်တွေရော၊ ကနေဒါမှာရှိတဲ့ စီးပွားရေး တချို့ ASSOCIATION တွေရော ပံ့ပိုးပါတယ်ခင်ဗျ။ ကနေဒါ ဒီမှာရှိတဲ့ သူတို့က ကျနော့် ပုဂ္ဂိုလ်ရေး ခင်တော့ ပံ့ပိုးတာပါ။ သူတို့က အစိုးရကနေ လာတာ မဟုတ်ပါဘူး။

ဗွီအိုအေ - လောလောဆယ် မြန်မာပြည်ထဲမှာ ရှိနေတဲ့ အပစ်အခတ် ရပ်စဲထားတဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေပေါ့နော်၊ ကချင်အဖွဲ့တို့ ဝအဖွဲ့တို့ နဲ့ရော UDP ပါတီ အနေနဲ့ ဘယ်လို ဆက်သွယ်နေလဲ။

ဦးကျော်မြင့် - ကျနော်တို့ UDP ပါတီ အနေနဲ့တော့ ဒီလို ဒါရိုက်ပြောတာ မရှိပါဘူး၊ ဟို ဒါပေမယ့် ပုဂ္ဂိုလ်အနေနဲ့တော့ ကျနော် သူတို့နဲ့ ရောက်ပါတယ်။ UDP နာမည်နဲ့ ရောက်တာပါ။ တရားဝင်တော့ သူတို့လည်း ဒီလို ကမ်းလှမ်းတာတော့ မရှိပါဘူး။ ပုဂ္ဂိုလ်အနေနဲ့ပဲ ကျနော် ရှိပါတယ်။ ငြိမ်းချမ်းရေးတပ်ဖွဲ့ တောင်ပိုင်း ဗဟို၊ တောင်ပိုင်း KNU အဖွဲ့တော့ ကျနော် သိပ်မတွေ့ဘူး။ အရင်တုန်းက ဗိုလ်ချုပ်မြ ကျနော် ဘန်ကောက်ရောက်တုန်းက ဗမာပြည်ထွက်လာတုန်းက အဲဒါ - တခါ မဲဆောက်မှာ အစည်းအဝေးလုပ်တာ အဲဒါလည်း NCGUB ဦးသိန်းဦး ပါပါတယ်။ အဲဒီအဖွဲ့တော့ မဟုတ်ဘူး။ အဓိက အဖွဲ့တော့ ဒီ မြောက်ပိုင်းပါ။ ဒီ မြောက်ပိုင်းအဖွဲ့တော့ ကျနော်တို့ ပုဂ္ဂိုလ်အနေနဲ့ အမြဲတမ်း ဆက်ဆံပါတယ်ခင်ဗျ။

ဗွီအိုအေ - ဦးကျော်မြင့်တို့ရဲ့ UDP ကိုယ်စားလှယ်တယောက်က ရန်ကုန်ကို သွားနေပြီးတော့ ရန်ကုန်မှာ နေပြည်တော်က မြန်မာစစ်အစိုးရ ခေါင်းဆောင်ပိုင်းနဲ့ပေါ့နော်၊ အရာရှိ တချို့နဲ့ ညှိနှိုင်းပြီးတော့ UDP ပါတီကို မြန်မာပြည်မှာ တရားဝင် ထူထောင်ခွင့်ရအောင် ညှိနှိုင်းနေတယ်လို့လည်း ကြားရပါတယ်။ အဲဒါ ဟုတ်သလားခင်ဗျ။ အဲဒါဆိုရင် UDP ပါတီကို မြန်မာပြည်မှာ လက်ခံလိမ့်မယ်လို့ မျှော်လင့်ထားလား။

ဦးကျော်မြင့် - အခုတော့ တရားဝင် အမေရိကန်မှာရှိတဲ့ သံရုံးမှာ လာပါတယ်။ ၂ဝ၁ဝ ခုနှစ်မှာ UDP ကို ဝင်ဖို့အတွက် သူတို့က ရွေးကောက်ပွဲကော်မရှင် စည်းမျဉ်းစည်းကမ်းအရကို သူတို့က သဘောတူပါတယ်။ အဲဒီ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်အရပေါ့ - - UDP ၂ဝ၁ဝ ခုနှစ်မှာ ရွေးကောက်ပွဲ ဝင်ဖို့ သဘောတူတဲ့ တရားဝင်စာ ကျနော်တို့ဆီ ရောက်လာပါတယ်။ ဟုတ်ပါတယ်ခင်ဗျ။

ဗွီအိုအေ - အဲဒါက ဘယ်ကနေ ပို့ပေးတာလဲခင်ဗျ။

ဦးကျော်မြင့် - ဝါရှင်တန်ဒီစီ မြန်မာသံရုံးပါ။ နေပြည်တော်က သူတို့ကို ညွှန်ကြားတာ။

ဗွီအိုအေ - အဲဒီတော့ ဦးကျော်မြင့်ကိုယ်တိုင်ရော မြန်မာနိုင်ငံကို ဘယ်တော့ ပြန်မလဲခင်ဗျ။

ဦးကျော်မြင့် - ကျနော် လောလောဆယ်တော့ ပြည်ပမှာ ကျနော် လုပ်ငန်းတွေ ရှိနေတော့ - လောလောဆယ်တော့ ပြည်ပမှာ တာဝန်ယူထားပါတယ်။ လောလောဆယ် ကျနော် မပြန်ပါဘူး။ ဒါပေမယ့် ကျနော်တို့ ဥက္ကဋ္ဌ ဦးသုဝေတို့၊ ဒုဥက္ကဋ္ဌ ဦးရဲထွန်းတို့ အထွေထွေအတွင်းရေးမှူး တို့ သူတို့ သုံးယောက် အဲဒီမှာ။ ကျနော်တော့ လောလောဆယ်တော့ UDPရဲ့ နိုင်ငံခြားတာဝန်ခံ ဆိုပြီး ကျနော့်ကို ပေးထားပါတယ်။

ဗွီအိုအေ - အခု လက်ရှိအားဖြင့်ဆိုရင် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ Vancouver Sun သတင်းစာမှာ ရေးထားတဲ့ သတင်းတပုဒ်အရ ဦးကျော်မြင့် ထူထောင်ထားတဲ့ Future Canada China Environment ကုမ္ပဏီပေါ့နော်၊ ဒီ ကုမ္ပဏီက ငွေရေးကြေးရေးအရ စတော့ရှယ်ယာဈေးကွက်မှာ မသမာမှုတချို့ တွေ့ရတယ် ဆိုပြီးတော့ US Securities and Stock Exchange Commission ကနေ လုပ်ငန်းတွေ ရပ်ဆိုင်းထားတယ်၊ စုံစမ်းမှုတွေ လုပ်နေတယ်လို့ ရေးသားထားပါတယ်ခင်ဗျ။ ဦးကျော်မြင့်တို့ ဒီကိစ္စကို စုံစမ်းစစ်ဆေးမှုတွေ ခံနေရတယ် ဆိုတာ တကယ်ပဲလားခင်ဗျ။

ဦးကျော်မြင့် - အဲဒီ Future Canada China Environment ကုမ္ပဏီဟာ British Columbia ဟို Canada မှာ ကျနော် Register လုပ်ထားတဲ့ ကုမ္ပဏီတခု ဖြစ်တယ်။ အဲဒီ ကုမ္ပဏီရဲ့ နာမည်က အမေရိကန် ဟို Stock နာမည်နဲ့ တူလို့ အဲဒါ သူ CONFUSE ဖြစ်ပြီးတော့ ဒီ ကုမ္ပဏီနဲ့ ဟို ကုမ္ပဏီဟာ ဘာမှ မပတ်သက်ဘူး၊ နာမည်တူလို့၊ တရုတ်နာမည် ဆိုတာ မူရင်းက တရုတ်နာမည်။ အဲဒါ တရုတ်နာမည်ကို အင်္ဂလိပ်လို ပြန်တဲ့အခါ Future Canada China အဲဒါတော့ ကုမ္ပဏီနာမည်တူလို့ သူ မှားရေးတာ။ ကျနော် ကုမ္ပဏီဟာ ဒီ PUBLIC ကုမ္ပဏီ မဟုတ်ဘူး။ ဒီ Vancouver ကုမ္ပဏီ။ ထင်ထားတာ AMERICAN STOCK ရှိတဲ့ FCCE ခေါ်တာပေါ့ အတိုကောက်။ အဲဒီ FCCE ကုမ္ပဏီတခုတည်းလို့ သူထင်တာ။ သူရေးတာ။ အဲဒါ သူရေးမှားထားတဲ့၊ အဲဒါ Vancouver Sun ရဲ့ သတင်းထောက် ကျနော်လည်း တွေ့ပြီးပြီ။ အဲဒါ သူပြောတာ တချို့ သူ အထင်လွဲပြီးတော့ သူ American ကုမ္ပဏီနဲ့ Vancouver ကုမ္ပဏီကို မှားရေးတာ။

ဗွီအိုအေ - အဲဒီတော့ နာမည်တူနေတဲ့ ကုမ္ပဏီ နှစ်ခုကို ဦးကျော်မြင့်နဲ့ လုံးဝ မပတ်သက်တဲ့ ကုမ္ပဏီတခုနဲ့ မှားယွင်းပြီး ရေးတယ်လို့ Vancouver Sun သတင်းထောက် ဒေးဗစ်ဗိန်းက တရားဝင် ဦးကျော်မြင့်ကို တောင်းပန်ထားပြီးပြီလားခင်ဗျ။

ဦးကျော်မြင့် - သူ ပြန်ရေးမယ်၊ - ပြန်ပြီးတော့ ပြင်မယ်၊ အဲဒါ - ဒီကိစ္စမှာ (ဦးကျော်မြင့်က ဆွေးနွေးပါတယ်။) သူ ပြန်ပြီးတော့ သူ write ခိုင်းမယ်လေ။ အဲဒီ ဘိန်းတို့ ဘာတို့ ညာတို့ အဲဒါတော့ သူကပြောတာ အဲဒါ Irrawaddy က သူ ကော်ပီကူးလာပြီးတော့ ထည့်တာ။

ဗွီအိုအေ - ဒီကိစ္စကို သေချာအောင် ထပ်မေးရမယ် ဆိုရင် ဦးကျော်မြင့် ထူထောင်ထားတဲ့ ဒီ ကုမ္ပဏီဟာ အမေရိကန် Securities and Exchange Commission ရဲ့ စုံစမ်း စစ်ဆေးမှုကို လုံးဝ မခံရဘူးပေါ့။

ဦးကျော်မြင့် - လုံးဝ မခံရဘူးခင်ဗျ။ ဘာမှ မရှိဘူး။ အခုထက်ထိ ဘာမှ မရှိဘူး။

ဗွီအိုအေ - အဲဒီတော့ ကနေဒါမှာ ဦးကျော်မြင့် ထူထောင်ထားတဲ့ တချို့ လုပ်ငန်းတချို့မှာ တရားစွဲဆိုမှုတချို့ ခံနေရတယ် ဆိုတဲ့ သတင်းတွေလည်း ရှိတယ်။ အဲဒါ ဘာကိစ္စတွေအတွက် တရားစွဲခံထားရတာလဲ။

ဦးကျော်မြင့် - လုပ်ငန်း ထူထောင်ထားတဲ့ ကိစ္စကို တရားစွဲတာ ကုမ္ပဏီ တရားစွဲတာ မရှိပါဘူးခင်ဗျ။ တခုမှ မရှိဘူးခင်ဗျ။

ဗွီအိုအေ - နောက်ဆုံး UDPပါတီက ထုတ်ပြန်ထားတဲ့ ကြေညာချက်တခုမှာ ထိုင်းနိုင်ငံမှာ အခြေစိုက်တဲ့ ဧရာဝတီသတင်းမဂ္ဂဇင်းကို တရားစွဲမယ်လို့ ကြေညာထားပါတယ်။ အဲဒါ ဘယ်အကြောင်းအချက်တွေနဲ့ တရားစွဲမှာလဲ။ အဲဒါက ဘာကြောင့်မို့လို့ တရားစွဲမှာလဲ ဆိုတာ နည်းနည်းလေး ရှင်းပြပါ။

ဦးကျော်မြင့် - အဲဒါတော့ ဟုတ်ပါတယ်။ သူက ကျနော့်ကို PERSONAL ဟို ဘိန်းလုပ်တယ်လို့ ရေးတယ်လေ။ ကျနော် ဘိန်းသမားပေါ့ သူက ရေးတယ်၊ နံပတ်တစ်။ နံပတ်နှစ်က ကျနော် MONEY LAUNDARY တဲ့။ MONEY LAUNDARY ဆိုရင် ဘိန်းလုပ်တဲ့ ပိုက်ဆံရော သို့မဟုတ် တခြား တရားမဝင်တဲ့ အဲဒါ ပိုက်ဆံကနေ MONEY LAUNDARY။ ကျနော်တို့ အဲဒါ ရှိကို မရှိတဲ့ဥစ္စာ သူ စွပ်စွဲတယ်။ အဲဒါ သူ ရေးတာပေါ့။ အဲဒါကြောင့် အထောက်အထား ပြပါ။ ကျနော့်ကို ခင်ဗျား DIRECT အင်တာဗျူး လုပ်ဖူးသေးလား။ နို့မဟုတ်လို့ဆိုရင် ကျနော် ဘယ်မှာ LAUNDARY လုပ်သလဲ။

အဲဒီ နှစ်ခုကို ယူပြီးတော့ ကျနော်က ယိုးဒယား တရားရုံးမှာ ကျနော် တရားစွဲမယ်။ အခုလည်း ရှေ့နေတွေ အကုန်လုံး၊ ကျနော်တို့ ပထမတော့ အဲဒီ မစ္စတာ အောင်ဇော်ဆီ ပေါ့၊ ခင်ဗျား ဖြစ်နိုင်တဲ့ဥစ္စာကိုရေး။ မမှန်တဲ့နေရာကို ခင်ဗျား ပြင်ပေးရမယ်။ ဟို ကျနော် သူ့ဆီမှာ နှစ်ကြိမ်လောက် စာပေးပါတယ်။ သူက နောက်ပြီးတော့ မစ္စတာ အောင်ဇော်ကို ကျနော့်ကို ဘာလုပ်လိုက်သလဲလို့၊ ဘာမှ မလုပ်နိုင်ဘူးတဲ့ အဲဒီစကား ကျနော့်ဆီ ထွက်လာတယ်။ ထွက်လာတော့ ကောင်းပြီ အဲဒါဆိုရင် ကျနော် တရားစွဲမယ်။ အဲဒါ အခု ယိုးဒယားရှေ့နေတွေ အခု စာရွက်တွေ ပြင်နေပါတယ်။ ကျနော် ထင်တယ် ဒီလ ကုန်ခါနီး ဆိုရင် တရားရုံးအထိ ရောက်ပြီလို့ ကျနော် ထင်ပါတယ်။ အခုတော့ စာရွက်စာတမ်းတွေ ပြင်ဆင်နေပါတယ်ခင်ဗျ။ ။




REF: ဗွီအိုအေ

Read More...

မြန်မာ့ လူ့အခွင့်အရေး အခြေအနေ အမေရိကန် ထုတ်ပြန်

Thursday, 26 February 2009

စစ်အစိုးရသည် အတိုက်အခံများကို ထောင်သွင်း အကျဉ်းချပြီး ပြည်သူ လူထုကို ဆက်လက် အနိုင်ကျင့်ခဲ့ခြင်းကြောင့် ပြီးခဲ့သည့် နှစ်အတွင်း မြန်မာပြည်၏ လူ့အခွင့်အရေး အခြေအနေများ ဆိုးဝါးခဲ့သည်ဟု အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဌာနက ထုတ်ပြန်သည့် နှစ်ပတ်လည် အစီရင်ခံစာတွင် ဖော်ပြထားသည်။

“မြန်မာပြည်မှ စစ်အစိုးရသည် ဖိနှိပ်ရေး နည်းလမ်းများကို ဆက်လက် ကျင့်သုံးခဲ့သည်။ ပြည်သူ လူထုကိုလည်း ၎င်းတို့ နှစ်သက်ရာ အစိုးရအား ရွေးချယ်ပိုင်ခွင့် မပြုခဲ့ပေ။ ထို့အပြင် တခြားသော လူ့အခွင့်အရေး ဆိုးဆိုးဝါးဝါး ချိုးဖောက်မှုများကို ကျူးလွန်ခဲ့သည်” ဟု အစီရင်ခံစာက ဆိုသည်။

သတင်းဌာနများ၏ မေးခွန်းများကို ဖြေကြားရာတွင် ဒီမိုကရေစီရေးရာ လက်ထောက် ညွှန်ကြားရေးမှူး မစ္စ ကယ်ရင် စတီးဝပ်က မြန်မာပြည် လူ့အခွင့်အရေး အခြေအနေများ တိုးတက်မှုမရှိဟု ဆိုသည်။

ပြီးခဲ့သည့် နှစ်အတွင်း ဒီမိုကရေစီအရေး လှုပ်ရှားသူ အများအပြားကို တရားမျှတမှု မရှိသည့် ထောင်ဒဏ်များ ချမှတ် ခဲ့သည်ဟု မစ္စ ကယ်ရင် စတီးဝပ်က ဆိုသည်။

“အကျဉ်းသား အရေအတွက်က သိသိသာသာ တိုးလာပါတယ်၊ ယေဘုယျအားဖြင့်တော့ အစိုးရက ဌာနဆိုင်ရာ အားလုံးကို ချုပ်ကိုင်ထားတုန်းပါပဲ” ဟု မစ္စ ကယ်ရင် စတီးဝပ်က ပြောကြားလိုက်သည်။

စစ်အစိုးရက အတိုက်အခံ ပြုသူများကို သတ်ဖြတ်ခြင်း၊ အစဖျောက်ခြင်း၊ နှိပ်စက်ခြင်း စသည့် နည်းလမ်းများကို သုံးပြီး ရက်ရက်စက်စက် ချေမှုန်းခဲ့သည်ဟု အစီရင်ခံစာက ဆိုသည်။ လူ့အခွင့်အရေး လှုပ်ရှားသူများကို တရား စွဲဆိုခြင်း မရှိဘဲ ထိန်းသိမ်းခဲ့သည်ဟု ရေးသားထားသည်။

“လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအရေး လုပ်ဆောင်သူ အများအပြား အနိုင်ကျင့် နှိပ်စက်ခံရသည်၊ ဖမ်းဆီး ထိန်းသိမ်းခံရသည်၊ ထောင်ဒဏ် ၆၅ နှစ်အထိ ချခံရသည်။ ထိန်းသိမ်းခံရသူများ၊ အကျဉ်းသားများ အသက်အန္တရာယ် ရှိသည့် အနေအထားဖြစ်သည်”ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

တိုင်းရင်းသားလူမျိုးစု ဒေသများတွင် မြန်မာ့တပ်မတော်က စစ်ဆင်ရေးများ ဆက်လက် ပြုလုပ်ခဲ့သောကြောင့် စစ်အာဏာပိုင်တို့သည် နိုင်ငံသားများ၏ လွတ်လပ်မှုကို အမြဲတမ်း ထိပါးခဲ့ကြောင်း၊ လွတ်လပ်စွာ ပြောဆိုခွင့်၊ ပုံနှိပ်ဖော်ပြခွင့်၊ စုဝေးခွင့်၊ အသင်းအဖွဲ့ ဖွဲ့စည်းခွင့်၊ ဘာသာရေးလွတ်လပ်ခွင့်၊ လှုပ်ရှား သွားလာခွင့် စသည်တို့ကို ကန့်သတ် ပိတ်ပင်ခဲ့ကြောင်းကိုလည်း ဖော်ပြထားသည်။

“အမျိုးသမီးများ၊ တိုင်းရင်းသား လူနည်းစုများကို အကြမ်းဖက်ခြင်း၊ ခွဲခြား ဆက်ဆံခြင်း၊ လူကုန်ကူးခြင်းတို့ ဆက်လက် ဖြစ်ပွားခဲ့ကြောင်း၊ အလုပ်သမား အခွင့်အရေးများ ကန့်သတ်ခံခဲ့ရပြီး လုပ်အားပေး ခိုင်းစေခြင်းများ ပြုလုပ်ခဲ့ကြောင်း” စသဖြင့် အစီရင်ခံစာတွင် ရေးသားထားသည်။ အစိုးရက ထိုမတရားမှုများအတွက် တာဝန်ရှိသူများကို သိသိသာသာ အရေးယူခြင်း၊ အပြစ်ပေးခြင်းများ မပြုလုပ်ခဲ့ဟုလည်း ဆိုသည်။

သေဆုံးမှုပေါင်း သိန်းနှင့်ချီ ရှိခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်အပြီးတွင် နိုင်ငံသားတို့အား ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများကို စစ်အစိုးရက မနှစ်မြို့ဟန်ပြခဲ့ကြောင်း၊ လူ့အသက်ပေါင်း များစွာကို ကယ်တင်ပေးမည့် နိုင်ငံတကာမှ အကူအညီများကို နှောင့်နှေးအောင် ပြုခဲ့ကြောင်း၊ ထိုအချိန်တွင် အတုအယောင် ဆန္ဒခံယူပွဲကို အကောင်အထည် ဖော်ခဲ့ကြောင်း စသဖြင့် ဖော်ပြထားသည်။



REF: ဧရာဝတီ

Read More...

အာဆီယံသည် စစ်အစိုးရကို အရေးယူရန် ပျက်ကွက်ဟု လူ့အခွင့်အရေးအဖွဲ့ ပြော

ကိုဝိုင်း

ကြာသပတေးနေ့၊ ဖေဖေါ်ဝါရီလ 26 2009

ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာစစ်အစိုးရသည် ကလေးစစ်သားများ အသုံးပြုနေဆဲဖြစ်ပြီး ကလေးသူငယ်များ အခွင့်အရေးကို လိုက်နာ စောင့်ထိန်းရန် ပျက်ကွက်နေသော်လည်း အာဆီယံ အဖွဲ့ဝင်နိုင်ငံများ အနေဖြင့် ဝိုင်းဝန်း အရေးယူ ဆောင်ရွက်ခြင်း မရှိကြောင်း ထိုင်းနိုင်ငံအခြေစိုက် လူ့အခွင့်အရေးအဖွဲ့ တဖွဲ့က ယနေ့ ပြောဆိုလိုက်သည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ မြန်မာ့အရေး ဆောင်ရွက်နေသည့် အာဆီယံ လွှတ်တော်အမတ်များအဖွဲ့ AIPMC မှ စီစဉ်သော အစည်းအဝေး ယနေ့ ကျင်းပပြီးနောက် လူ့အခွင့်အရေး ပညာပေးဌာန (မြန်မာနိုင်ငံ) HREIB မှ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ယခုလို ပြောဆိုခြင်း ဖြစ်သည်။

ကလေးစစ်သားအသုံးပြုခြင်း၊ ကလေးများကို သတ်ဖြတ်ခြင်း၊ အရွယ်မရောက်သေးသည့် ကလေးများကို လိင်ပိုင်းဆိုင်ရာ စော်ကားခြင်း၊ ကလေးများ၏ စာသင်ကျောင်းများနှင့် ဆေးရုံများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်း၊ ကလေးများကို ပြန်ပေးဆွဲခြင်း သာမက လူသားချင်း စာနာမှုအကူအညီများကို ခွင့်မပြုခြင်း စသည့် အချက် ၆ ချက်ကို အဖွဲ့ဝင်နိုင်ငံတိုင်း မဖြစ်မနေ ရှောင်ကြဉ်ရမည်ဟု ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၆၁၂ တွင် ပြဌာန်းထားသည်။

“အဲဒီ အချက် ၆ ချက်ကို ကုလသမဂ္ဂအဖွဲ့ဝင် ဘယ်နိုင်ငံကမှ မကျူးလွန်ရဘူး။ ကျူးလွန်လို့ရှိရင် ဝိုင်းဝန်းအရေးယူဖို့ လိုတယ်လို့ အတိအကျ ပြဋ္ဌာန်းထားတယ်။ မြန်မာနိုင်ငံမှာတော့ အဲဒီ ၆ ချက်လုံး အတိအကျ ကျူးလွန်နေပေမယ့် အာဆီယံ နိုင်ငံတွေက ဒီဟာကို သိပ်ပြီး အရေးယူဆောင်ရွက်တာ၊ စိတ်ဝင်စားတာ မရှိတဲ့အတွက် မြန်မာနိုင်ငံက ဆက်ပြီးတော့ ကျူးလွန်နေတယ်” ဟု ဦးအောင်မျိုးမင်းက ပြောသည်။

“ ဒီအဖြစ်အပျက်တွေက ဖြစ်နေတာ ကြာခဲ့ပါပြီ။ မကြာခင်ကပဲ မြန်မာနိုင်ငံရဲ့ ကရင်ဒေသ၊ ရှမ်းဒေသတွေမှာ အဲဒီအချက်တွေကျူးလွန်တယ်။ ရွှေ့ပြောင်းပုန်းအောင်းနေရတဲ့ ပြည်တွင်းဒုက္ခသည်ဒေသတွေက ကလေးတွေ၊ ကျောင်းတွေကို တမင်ဖျက်တာတွေ၊ ကျောင်းတက်နေတဲ့ကလေးတွေ ကျောင်းဆရာ-မ တွေကို နှိပ်စက်တာတွေ” ဟု သူက ထပ်ပြောသည်။

ဘန်ကောက်မြို့၌ ယခုလ ၂၇ ရက်နေ့တွင် ကျင်းပမည့် အာဆီယံအစည်းအဝေးသို့ တက်ရောက်လာမည့် အဖွဲ့ဝင်နိုင်ငံများမှ အစိုးရကိုယ်စားလှယ် ဝန်ကြီးများကို AIPMC ကိုယ်စားလှယ်တဖွဲ့က အလွတ်သဘောတွေ့ဆုံ၍ မြန်မာ့အရေးကိစ္စများကို ပြောဆိုဆွေးနွေးရာ အချက်အလက်အမှန်များ ရယူနိုင်ရေး ရည်ရွယ်၍ ယနေ့ အစည်းအဝေးကို ကျင်းပကြခြင်းဖြစ်သည်။

“ကရင် တပ်မဟာ (၃) နယ်ထဲက အိုင်ဒီပီဒေသ ကျောက်ကြီးခရိုင်ထဲမှာ ကျောင်းတွေကို မီးရှို့တာက ၂၀၀၈ ခု နှစ်ကုန်ပိုင်းမှာဖြစ်တာ။ တွေ့သမျှကျောင်းတွေအကုန်လုံးကို မီးရှို့တာ။ ကလေးတွေက ကျောင်းတက်နေတဲ့နေရာကနေ ထွက်ပြေးရတယ်။ ပြန်လာတော့ ကျောင်းမရှိတော့ဘူး” ဟု ကိုအောင်မျိုးမင်းက ပြောသည်။

AIPMC အဖွဲ့ ဥက္ကဋ္ဌ မစ္စတာ ကရိုင်စက် ချွှန်ဟာဗန်နှင့် ထိုင်းတရားရေးဝန်ကြီး မစ္စတာ Pirapan တို့က အဖွင့်စကားပြောသည့် ယနေ့ အစည်းအဝေးသို့ ထိုင်းနိုင်ငံ လူ့အခွင့်အရေးကော်မရှင်၊ Action Network for Migrants ၊ AAPP-B၊ FDB အဖွဲ့များမှ ကိုယ်စားလှယ်များအပြင် သက်ဆိုင်ရာ ကျွမ်းကျင်သူများလည်း တက်ရောက်ဆွေးနွေးခဲ့သည်။

ကလေးများကို စစ်သားများအဖြစ် အသုံးပြုခြင်းဖြင့် ရာဇဝတ်မှုကျူးလွန်နေပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို ချိုးဖောက်နေသော နအဖ အား အာဆီယံ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ရင်းနှီးစွာ ပေါင်းသင်းခြင်း မပြုရန်နှင့် သံတမန်ရေးအရ ထောက်ပံ့ပေးနေမှုများကို ရုတ်သိမ်းပေးရန်လည်း ဦးအောင်မျိုးမင်းက ယနေ့ အစည်းအဝေးမှတဆင့် တောင်းဆိုခဲ့သည်။

အာဆီယံ ၁၀ နိုင်ငံအတွင်း ချမှတ်ထားသည့် အဖွဲ့ဝင်နိုင်ငံတနိုင်ငံ၏ အရေးကို ဝင်ရောက်မစွက်ဖက်ရေးမူ ‘non-interference’ နှင့် အဖွဲ့ဝင်နိုင်ငံများအားလုံး သဘောတူမှ ဆုံးဖြတ်ချက်ချမှတ်သည့် မူများသည်လည်း မြန်မာ့နိုင်ငံရေး ပြဿနာများကို ဝင်ရောက်ကူညီဖြေရှင်းပေးရန် အခက်အခဲ အတားအဆီးများဖြစ်သည်ဟု သူက ဆိုသည်။

ယခုလ အာဆီယံအစည်းအဝေးသို့ တက်ရောက်လာမည့် အစိုးရကိုယ်စားလှယ် ဝန်ကြီးများက ဆွေးနွေးဖွယ်ရှိသည့် အာဆီယံ ပဋိညာဉ်စာချုပ်အတွင်း၌လည်း စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုများကိုသာ အဓိကထားပြီး လူ့အခွင့်အရေးနှင့် ပတ်သက်၍မူ အဖွဲ့ဝင်နိုင်ငံတနိုင်ငံက ချိုးဖောက်လျှင် သွားရောက်စုံစမ်းနိုင်သည့် အခွင့်အလမ်းပင် သတ်မှတ်ထားခြင်း မရှိသောကြောင့် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး ကိစ္စများအတွက် အားကိုးရမည့် အနေအထားမရှိကြောင်း သိရသည်။

မြန်မာနိုင်ငံသည် ကုလသမဂ္ဂ ကလေးများဆိုင်ရာ အခွင့်အရေးစာချုပ် CRC Convention on the Rights of the Child ကို လက်မှတ်ထိုးထားသည်။ CRC ၏ အပိုဒ် ၃၈ တွင် အသက် ၁၅ နှစ်အောက် ကလေးများကို စစ်သားအဖြစ် သွပ်သွင်းခြင်း မပြုရန် တားမြစ်ထားသည်။ မြန်မာနိုင်ငံ၏ စစ်မှုထမ်းဥပဒေအရလည်း အသက် ၁၈ နှစ်အောက် ကလေးများကို စစ်သားအဖြစ် မစုဆောင်းရန် ပြဋ္ဌာန်းထားသေးသည်။

သို့သော် ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် ILO အပါအဝင် အစိုးရမဟုတ်သော အဖွဲ့အစည်းများက မြန်မာစစ်တပ်အတွင်း၌ ကလေးစစ်သားများ ရှိကြောင်း ပြောဆိုဝေဖန်မှုများ ရှိသကဲ့သို့၊ မြန်မာစစ်တပ်မှ ကလေးစစ်သား တပ်ပြေးများလည်း နယ်စပ်ဒေသများသို့ ထွက်ပြေးလာသည့် သတင်းများ ထွက်ပေါ်လေ့ရှိသည်။



REF: မဇ္ဈိမ

Read More...

ယခုနှစ်အတွက် ပထမ 'လေးလပတ် အစည်းအဝေး' ကျင်းပရန် စစ်အစိုးရ ပြင်ဆင်နေ

မုံပီး

ကြာသပတေးနေ့၊ ဖေဖေါ်ဝါရီလ 26 2009

နယူးဒေလီ (မဇ္ဈိမ)။ ။ မြန်မာစစ်အစိုးရသည် ၂ဝဝ၉ ခုနှစ်အတွက် ပထမဆုံး လေးလပတ် အစည်းအဝေးကို မတ်လ ဒုတိယ အပတ်အတွင်း ကျင်းပရန် ပြင်ဆင်နေသည်။

ဤအစည်းအဝေးတွင် ၂ဝ၁ဝ ရွေးကောက်ပွဲအတွက် အစီအစဉ် များအပါအဝင် ကိစ္စရပ် အမြောက်အမြားကို ဆွေးနွေးဖွယ် ရှိသည်ဟု စစ်ဘက် သတင်းရပ်ကွက်များက ပြောသည်။

ဤအစည်းအဝေးပြီးလျှင် ဗိုလ်ချုပ်ကြီးများသည် ၂ဝ၁ဝ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ ဥပဒေကို ကြေညာဖွယ် ရှိသည်ဟုလည်း အဆိုပါ သတင်းရပ်ကွက်က ပြောသည်။

ဤလေးလပတ် အစည်းအဝေးများသည် စစ်တိုင်းမှူးများ၊ တပ်မဟာမှူးများနှင့် ဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များပါ စုံညီစွာ တက်ရောက်သော အစည်းအဝေး ဖြစ်သည်။ ဤအစည်းအဝေးများကို နေပြည်တော်တွင် ကျင်းပလေ့ရှိပြီး တိုင်းပြည်တဝှမ်းမှ အရာရှိကြီး တက်ရောက်လေ့ ရှိသည်။

သို့သော် တရုတ်-မြန်မာ နယ်စပ်အခြေစိုက် စစ်ရေးလေ့လာ သုံးသပ်သူ ဦးအောင်ကျော်ဇောကမူ ဤအစည်းအဝေး၌ ဆွေးနွေးအပြီးတွင် ဗိုလ်ချုပ်ကြီးများက ရွေးကောက်ပွဲဥပဒေကို ကြေညာရန် ရာခိုင်းနှုန်းများသော်လည်း စစ်တပ်ထဲမှ အစိတ်အပိုင်း တချို့၊ အထူးသဖြင့် အသက်ကြီးပိုင်းက ရွေးကောက်ပွဲဥပဒေ ကြေညာခြင်းကို နောက်ထပ် ရွှေ့ဆိုင်းထားသင့်သည်ဟု ယူဆနေကြသည်။

“အောင်သောင်းနဲ့ ကျော်ဆန်းလိုလူတွေက ရွေးကောက်ပွဲ ဥပဒေကို အခု ကြေညာသင့်တယ်လို့ ထင်တယ်။ သူတို့က သူ တို့ဘက်က လုံလုံလောက်လောက် ပြင်ဆင်မှု ရှိထားပြီလို့ သေချာပေါက် တွက်နေတာ” ဟု စစ်အစိုးရ၏ စက်မှု (၁) ဝန်ကြီးနှင့် ပြန်ကြားရေး ဝန်ကြီးတို့ကို ရည်ညွှန်းကာ သူက ပြောကြားသွားခဲ့သည်။

သို့သော် ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲ ကျင်းပစဉ်က စစ်တပ်မှ ရှုံးနိမ့်ခဲ့ရသည်ကို ကြုံထားရဖူးသည့် စစ်တပ်ထိပ်တန်း ခေါင်းဆောင် နှစ်ဦးဖြစ်သော ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ကမူ အတိုက်အခံများကို ပြင်ဆင်ချိန် အကန့်အသတ်နှင့်သာ ပေးနိုင်ရန်အတွက် ဥပဒေ ကြေညာခြင်းကို ရွှေ့ဆိုင်းထားသင့်သည်ဟု ယူဆကြသည်။

“ဒီကိစ္စက အခု လေးလပတ် အစည်းအဝေးမှာ သူတို့ ဆွေးနွေးနိုင်တဲ့ အကြောင်းအရာပဲ” ဟု သူက ဆက်ပြောသည်။

စစ်တပ်သည် ဤ လေးလပတ်အစည်းအဝေး ၃ ခုကို နှစ်စဉ် ဇန်နဝါရီ၊ မေနှင့် စက်တင်ဘာလများတွင် ကျင်းပလေ့ရှိသည်။ သို့သော် ၂ဝဝ၈ ခုနှစ်အတွင်း စစ်တပ်က မေလတွင် ကျင်းပရမည့် အစည်းအဝေးကို ၂ ကြိမ် ဖျက်သိမ်းခဲ့သည်။ အလားတူပင် နောက်ဆုံးကျင်းပရမည့် လေးလပတ် အစည်းအဝေးကိုလည်း နိုဝင်ဘာလတွင် ပြောင်းလဲ ကျင်းပခဲ့သည်။

“ကျနော့် သဘောပြောရရင် ဒီလေးလပတ် အစည်းအဝေးတွေက အနှစ်သာရ မရှိတော့ပါဘူး။ ထိပ်တန်း စစ်တပ်ခေါင်းဆောင် အနည်းငယ်လောက်ကပဲ သူတို့ ဘာလုပ်မယ်ဆိုတဲ့ အစီအစဉ်တွေ၊ စီမံကိန်းတွေကို လက်အောက် အရာရှိတွေကို ချပြတဲ့ အစည်းအဝေး ဖြစ်နေတာ” ဟု ဦးအောင်ကျော်ဇောက ပြောသည်။

သူ့အဆိုအရ ထိပ်တန်းစစ်ခေါင်းဆောင် ၅ ဦးဖြစ်သော ဗိုလ်ချုပ်မှူး ကြီးသန်းရွှေ၊ ဒုဗိုလ်ချုပ်မှူးကြီး မောင်အေး၊ ဗိုလ်ချုပ်ကြီး သူရရွှေမန်း၊ ဝန်ကြီးချုပ် သိန်းစိန်နှင့် အတွင်းရေးမှူး (၁) သီဟသူရ တင်အောင်မြင့်ဦးတို့သည် အစည်းအဝေး မတိုင်ခင် ကြိုတင် တွေ့ဆုံဆွေးနွေးကြပြီး လေးလပတ် အစည်းအဝေး မတိုင်ခင်ပင် အဓိကကျသော ဆုံးဖြတ်ချက်များကို ကြိုတင် ချမှတ်ထားကာ အစည်းအဝေးသို့ တက်ရောက်လာသည့် လက်အောက် အရာရှိများကို သူတို့၏ ရှေ့အစီအစဉ်များ ရှင်းလင်းပြခြင်းသာ လုပ်သည်ဟု ဆိုသည်။

“အကြံပေးတာ၊ ဆွေးနွေးတာ ဒီအစည်းအဝေးမှာ နဲနဲပါးပါးတော့ လုပ်တယ်။ ဒါပေမဲ့ အဓိက ဆုံးဖြတ်ချက်တွေက ခုန ၅ ယောက်က အစည်းအဝေး မတိုင်ခင်ကတည်းက ကြိုချထားပြီးပြီ” ဟု ဦးအောင်ကျော်ဇောက ပြောသည်။

တပ်တွင်းနေရာ အရွှေ့အပြောင်း အများစုသည် ဤလေးလပတ် အစည်းအဝေးများ အတွင်း ဖြစ်ပွားလေ့ရှိပြီး၊ ထို လေးလပတ် အစည်းအဝေးများထဲမှ နောက်ဆုံးဖြစ်သော စက်တင်ဘာလတွင် ကျင်းပသော အစည်းအဝေးသည် အရေးအပါဆုံးဖြစ်ကာ၊ စစ်တပ်အတွင်း အဓိကကျသော နေရာ အပြောင်းအရွှေ့များကို အမြဲ ကြေညာလေ့ရှိသည်ဟု စစ်ရေးအကဲခတ် အများစုက ပြောကြသည်။



REF: မဇ္ဈိမ

Read More...

စစ်ခေါင်းဆောင်တွေကို ဘန်ကီမွန်းက အကျပ်ကိုင်ခိုင်းလို့မရဟု ဂမ်ဘာရီပြော

၂၆ ဖေဖော်ဝါရီ ၂၀၀၉

မြန်မာ့အရေး ဆောင်ရွက်ရာမှာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ဘန်ကီမွန်းက မြန်မာစစ်ခေါင်းများအား လုပ်သင့်သည်များကို အတင်းအကျပ်ခိုင်း၍မရဘဲ တိုက်တွန်းသည့်နည်း၊ ဆွဲဆောင်သည့်နည်းမျိုးဖြင့်သာ လုပ်ကိုင်နိုင်ကြောင်း မစ္စတာ ဂမ်ဘာရီက ထုတ်ဖော်ပြောဆိုသည်။

မြန်မာ့အရေး ကူညီဆောင်ရွက်ပေးရသည့် ကိစ္စသည် အပတ်တကုတ် အားထုတ်ရသည့် အလုပ်ဖြစ်ကြောင်း အချို့အသိုင်းအ၀ိုင်းများက နားလည်ပုံမရ ဖြစ်နေသည်ဟု ကုလသမဂ္ဂ သတင်းဌာနနှင့် တွေ့ဆုံရာတွင် ဂမ်ဘာရီက ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံသို့ (၇) ကြိမ်တိုင် သွားရောက်ခဲ့သော်လည်း တကြိမ်သွားတိုင်း မျှော်လင့်ချက်တွေ များနေကြောင်း သတိထားမိသည်ဟုပါ ဂမ်ဘာရီက ပြောသည်။

“အဲသလို မျှော်လင့်ချက်တွေများနေတာ ကိုင်တွယ်ဖို့ဆိုရင် ခုလိုဆောင်ရွက်နေတာဟာ ဖြစ်စဉ်သာဖြစ်ပြီး အဖြစ်အပျက် မဟုတ်ဘူးဆိုတာ မြင်တတ်ဖို့ပါပဲ။ ဒီလိုကိစ္စမျိုးကို နည်းနည်းပါးပါး ခရီးသွားလိုက်တာနဲ့ ဆုံးဖြတ်လို့ မရပါဘူး။ ဖြေးဖြေးချင်း တိုးတက်မှုကို တည်ဆောက်ယူရမှာပါ” ဟု ဆက်ရှင်းပြသည်။

REF: ခေတ်ပြိုင်

Read More...

စီးပွားရေးဒဏ်ခတ်မှုဥပဒေ ရုတ်သိမ်းအောင် အန်အယ်လ်ဒီလုပ်ရန်မလို

၂၆ ဖေဖော်ဝါရီ ၂၀၀၉

မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ အရေးယူထားမှုများသည် အန်အယ်လ်ဒီပါတီက ပြုလုပ်ထားခြင်း မဟုတ်သည့်အတွက် ပါတီဘက်မှ ရုတ်သိမ်းပေးရမည့် ကိစ္စရပ်များမဟုတ်ကြောင်း ပါတီပြောခွင့်ရ ပုဂ္ဂိုလ်က ခေတ်ပြိုင်သို့ ပြောသည်။

လွန်ခဲ့သော ရက်ပိုင်းများအတွင်း အန်အယ်လ်ဒီပါတီမှ ထုတ်ပြန်ခဲ့သော ကြေငြာချက်အမှတ် (၂/၀၂/၀၉) ၌ စီးပွားရေး ကိစ္စရပ်များနှင့် စပ်လျဉ်းသော ဖော်ပြချက်ပါ စာသားကြောင့် အဓိပ္ပါယ် ရောထွေးမှုများ ဖြစ်ပေါ်လာရသဖြင့် ခေတ်ပြိုင်က ဆက်သွယ်မေးမြန်းရာ ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ယင်းကဲ့သို့ ပြောဆိုခဲ့ ခြင်းဖြစ်သည်။

“အဲဒါကို တချို့မီဒီယာတွေရော၊ နိုင်ငံရေးအင်အားစုတွေရော အဓိပ္ပါယ်ကောက် လွဲမှာစိုးလို့ ပြန်လည်ပြင်ဆင်ချက် ထုတ်ထားပြီးပါပြီ။ အန်အယ်လ်ဒီ ပါတီအနေနဲ့က စီးပွားရေး ပိတ်ဆို့မှုတွေကို ထောက်ခံတာလည်းမရှိဘူး။ ကန့်ကွက် တာလည်းမရှိဘူး။ ဒါတွေဟာ သက်ဆိုင်ရာ နိုင်ငံတွေက သူ့သဘောနဲ့သူ ဆောင်ရွက်ခဲ့ကြတာပါ။ အဲဒီတော့ ရုတ်သိမ်းပါဆိုတဲ့ဟာ ကျနော်တို့ လုပ်ထားတာ မဟုတ်တဲ့အတွက် ရုတ်သိမ်းလို့မရဘူး။ ဒီဥစ္စာက တိုင်းပြည်နဲ့ လူထုအတွက် အကျိုးမရှိဘူးလို့ ယူဆလို့ရှိရင် အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ပါ့မယ်လို့ ဒီလိုအကြံပြုတာပါ” ဟု ဦးဥာဏ်ဝင်းက ပြောသည်။

အန်အယ်ဒီက စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှု ဥပဒေကို ပြဌာန်းသည့်အဖွဲ့အစည်း မဟုတ်သော်လည်း တချိန်က မြန်မာစစ်အစိုးရအပေါ် နိုင်ငံတကာက စီးပွားရေးပိတ်ဆို့ အရေးယူဖို့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တောင်းဆိုခဲ့သည့် သာဓကရှိသည်။

၁၉၉၆ ခု ဇူလိုင်လတွင် အီးယူ ပါလီမန် အမတ်များအား ပြသရန်အတွက် မြန်မာနိုင်ငံမှ ခိုးထုတ်လာသည့် ဒေါ်အောင်ဆန်းစုကြည်၏ ဗီဒီယိုတိတ်ခွေထဲမှာ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာက ဒဏ်ခတ် ပိတ်ဆို့ဖို့ တောင်းဆိုသည့်အကြောင်း ၁၉၉၆ ခု ဇူလိုင် (၁၈) ရက်နေ့စွဲပါ ဘရပ်ဆဲမှ လာသည့် ရိုက်တာ သတင်းမှာ ဖော်ပြ ထားသည်။ မြန်မာနိုင်ငံကို စီးပွားရေး ဒဏ်ခတ်သည့်အတွက် အခွင့်ထူးခံ လူတန်းစားကိုသာ ထိခိုက်မှာဖြစ်ပြီး လူထုကို မထိခိုက်နိုင်ကြောင်း အဆိုပါ ဗီဒီယိုတိတ်ခွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောထားသည်။

၁၉၉၇ ခု ဖေဖော်ဝါရီလမှာလည်း မြန်မာစစ်အစိုးရအပေါ် ဒဏ်ခတ်ပိတ်ဆို့ဖို့အတွက် ရန်ကုန်အခြေစိုက် နိုင်ငံခြားသတင်းထောက်များနှင့် တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် မေတ္တာရပ်ခံခဲ့သည့် အကြောင်း ၁၉၉၇ ခု ဖေဖော်ဝါရီ (၃) ရက်နေ့စွဲပါ ရန်ကုန်မှာလာသည့် အေပီ သတင်း၌ ဖော်ပြထား သည်။ အဆိုပါ သတင်းများကို ပြည်ပ မြန်မာဘာသာ ရေဒီယိုများမှလည်း ထုတ်လွှင့်ခဲ့သည်။

မြန်မာနိုင်ငံအပေါ် အမေရိကန် စီးပွားရေး ဒဏ်ခတ်မှုသည် စစ်အစိုးရအား နိုင်ငံရေးပြောင်းလဲရန် သြဇာ မညောင်းခဲ့သည့်အတွက် အဆိုပါ ဒဏ်ခတ်မှု ပေါ်လစီကို ပြန်လည်သုံးသပ်ဖို့ ရှိသည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က ပြောခဲ့သော်လည်း စီးပွားရေး ဒဏ်ခတ်မှု ဥပဒေကို ရုတ်သိမ်းမည်ဟု တိတိကျကျ ပြောခဲ့ခြင်းမရှိပေ။ သို့သော် မြန်မာစစ်အစိုးရအပေါ် စီးပွားရေး ဒဏ်ခတ်မှု ဥပဒေကို ပြင်ဆင်ဖို့ ကြိုးစားသည်နှင့် အမေရိကန် ကွန်ဂရက်မှာ အတိုက်အခံအင်အားနှင့် ကြုံရနိုင်သည်ဟု ၀ါရှင်တန်ပိုစ့် သတင်းစာကြီးက ထောက်ပြထားသည်။



မင်းနိုင်သူ
REF: ခေတ်ပြိုင်

Read More...

မြန်မာနိုင်ငံသားတဦးဝင်ငွေ ၂၀၀၈ ခုနှစ်မှာ တဦးကျပ်သုံးသိန်းခွဲရှိဟု ဒုဗိုလ်ချုပ်ကြီး မြင့်ဆွေပြော

၂၆ ဖေဖော်ဝါရီ ၂၀၀၉


ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၄) ရက်နေ့ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် UMFCCI မှာ ပြုလုပ်သည့် စက်မှုကုန်ထုတ်လုပ်သူများအသင်း (၁၅) ကြိမ်မြောက် နှစ်ပတ်လည်အစည်းဝေးပွဲမှာ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေက ၂ဝဝ၈ ခုနှစ်အတွင်း မြန်မာနိုင်ငံသားတဦး တနှစ်ဝင်ငွေ (၃၄၉,ဝဝဝ) ကျပ် ရှိပြီး ရန်ကုန်သားတဦး တနှစ်ဝင်ငွေ (၆၃၅,၆၆၈) ကျပ် ရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

အဆိုပါ အစည်းဝေးပွဲသို့ တက်ရောက်ခဲ့သည့် စီးပွားရေး လုပ်ငန်းရှင်ကြီး တဦးက

“လွန်ခဲ့တဲ့ (၃) နှစ် ခုလို အစည်းအဝေးမျိုးမှာပဲ ဗိုလ်ချုပ်မြင့်ဆွေက ၂ဝဝ၅ အတွက် မြန်မာနိုင်ငံသားတယောက် တနှစ် ဝင်ငွေ ကျပ် (၁၆၇,ဝဝဝ) ရှိတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ဖူးတယ်။ ခု (၃) နှစ်အတွင်း ဂျီဒီပီ၊ ဂျီအင်န်ပီ (၂) ဆ လောက်တိုးလာတယ် ဆိုတာကတော့ မဖြစ်နိုင်ဘူး။ သဘာဝ ဓာတ်ငွေ့ရောင်းလို့ရတဲ့ဆီက ဝင်ငွေတွေ တိုးလာတယ် ဆိုဦး လူတဦးဝင်ငွေ (၃) နှစ်အတွင်း (၂) ဆကျော် တိုးလာတာတော့ မဖြစ်နိုင်ဘူး” ဟု ပြောသည်။

ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေသည် ၂ဝဝ၆ ဇန်နဝါရီလအတွင်းက မြန်မာနိုင်ငံသားတဦး တနှစ်ဝင်ငွေ ကျပ် (၁၆၇,ဝဝဝ) ရှိကြောင်း ကြေငြာခဲ့ဖူးသည်။ အဆိုပါ ဝင်ငွေသည် တိုးတက်မြင့်မားလာသည့် ဝင်ငွေဖြစ်ကြောင်း လည်း ထုတ်ဖော်ပြောဆိုခဲ့သည်။

ပြည်တွင်းပြည်ပ သတင်းမီဒီယာများ ဝေဖန်ဆန်းစစ်သူများက အဆိုပါအချိန်က ဒေါ်လာပေါက်ဈေးကို အခြေပြုပြီး မြန်မာနိုင်ငံသားတဦး တစ်နေ့ဝင်ငွေ (၁) ဒေါ်လာအောက်သာ ရှိကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံသည် ဆင်းရဲသည့် တိုင်းပြည်ဖြစ်ကြောင်း ဝန်ခံသလို ဖြစ်သည်ဟု ဝေဖန်ခဲ့ကြသည်။ ၄င်းဝေဖန်ချက်များနှင့် ပတ်သက်ပြီး ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်ဆွေက ဒေါ်လာဈေးနှုန်းကို ပြင်ပပေါက်ဈေးနဲ့ မတွက်ချက်သင့်ကြောင်း ပြန်လည် တုန့်ပြန်ခဲ့ဖူးသည်။

ကမ္ဘာ့ဘဏ်၏ သတ်မှတ်ချက်အရ လူတဦး၏ တနေ့ဝင်ငွေသည် အမေရိကန်ဒေါ်လာ (၁) ဒေါ်လာထက် နည်းနေခြင်းကို အခြေခံ ဆင်းရဲမှုအဆင့် (Poverty line သို့မဟုတ် Poverty threshold) ဟု သတ်မှတ်ထားသည်။ နိုင်ငံတခုရှိ လူနေမှုစရိတ်နှင့် ကာမိအောင် နေနိုင်ရမည့် လူတဦး၏၀င်ငွေနှင့် ဆင်းရဲမှုအခြေအနေ အချိုးကိုတော့ ဆင်းရဲမှုစံအချိုး (Poverty ratio) ဟု သုံးနှုန်းသည်။ ထိုအချိုးများလေ ဆင်းရဲမှု ပိုလေဖြစ်သည်။

မြန်မာနိုင်ငံက တကြိမ်သာထုတ်ပြန်ဖူးသည့် ဆင်းရဲမှုစံအချိုးမှာ မှန်ကန်မှုမရှိဟု စီးပွားရေး ပညာရှင်တဦးက ထောက်ပြရာတွင်-

“၂၀၀၁ ခုနှစ်က ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ ကျင်းပခဲ့တဲ့ UNSD ကုလသမဂ္ဂ စာရင်းအင်းအဖွဲ့ အလုပ်ရုံ ဆွေးနွေးပွဲကို တင်ပြခဲ့တဲ့ မြန်မာနိုင်ငံ ဗဟိုစာရင်းရုံး လက်ထောက် ညွှန်ကြားရေးမှူး ဦးညွန့်ရှိန်နဲ့ ဗဟိုစာရင်းရုံးအရာရှိ ဒေါ်လှလှမြင့်တို့ရဲ့ စာတန်းကိုကြည့်ရင် ၁၉၉၇ ခုနှစ် မြန်မာနိုင်ငံ ကျေးလက်ဒေသ ဆင်းရဲမှုစံအချိုးက (၂၂.၄) ရှိပြီး မြို့ပြ ဆင်းရဲမှု စံအချိုးမှာ (၂၃.၉) ရှိတယ်လို့ ပြောထားတယ်။ သဘောကတော့ အဲဒီိအချိန်က မြို့ပြက ကျေးလက်ထက်ပိုပြီး ဆင်းရဲနေတယ်ဆိုတဲ့ အဓိပ္ပါယ်ပေါ့။ တနိုင်ငံလုံး အတိုင်းအတာနဲ့ ဆိုရင် ဆင်းရဲမှု စံအချိုးက (၂၂.၉) ရှိတယ်ဆိုပြီး အဲဒီ စာတန်းမှာ ဖော်ပြထားတယ်။ ဒါပေမယ့် မြန်မာစစ်အစိုးရ ဗဟိုစာရင်းရုံးက ဖော်ပြတဲ့ ဆင်းရဲမှု စံအချိုးဟာ အလားတူ တဦးချင်း ၀င်ငွေရှိတဲ့ နိုင်ငံတွေက အချိုးနဲ့ ယှဉ်ကြည့်ရင် သိပ်ကိုနည်းနေတဲ့အတွက် ဗဟိုစာရင်းရုံးက တင်ပြခဲ့တဲ့ ဆင်းရဲမှုစံအချိုး (၂၂.၉) ဆိုတဲ့ ကိန်းဂဏန်းဟာ မှားယွင်းနေတာ ဖြစ်နိုင်တယ်ဆိုပြီး အေဒီဘီ အာရှ ဖွံ့ဖြိုးရေးဘဏ်ရဲ့ ၂၀၀၂ ခု အစီရင်ခံစာမှာ ထောက်ပြထားတယ်။ စစ်အစိုးရ လိမ်ချင်တိုင်း လိမ်လိုမရဘူးဆိုတာ ပြနေတာပဲမှုတ်လား” ဟု ရှင်းပြသည်။

စီအိုင်အေ အမေရိကန်ထောက်လှမ်းရေးအဖွဲ့ အချက်အလက်မှတ်တမ်းများအရ မြန်မာနိုင်ငံ၏ ၂၀၀၈ ခုနှစ် ဆင်းရဲမှု စံအချိုးမှာ (၃၂.၇) ထိရှိသည်။ သဘောမှာ အခြေခံ ဆင်းရဲမှု နှုန်းထက် (၃၃) ရာနှုန်းနီးပါး မြန်မာပြည်သူတွေ ပိုဆင်းရဲနေသည်ဆိုသည့် သဘောဖြစ်သည်။ ၂၀၀၉ နှစ်ဆန်းပိုင်း ထုတ်ပြန်သည့် FAO ကမ္ဘာ့ စားနပ်ရိက္ခာအဖွဲ့၏ အစီရင်ခံစာအရဆိုလျင် မြန်မာနိုင်ငံ၌ အခြေခံဆင်းရဲမှုနှုန်းထက် ပိုပြီး ဆင်းရဲနေသူပေါင်း (၅) သန်းရှိသည်ဟု ထောက်ပြထားသည်။

ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေ၏ ပြောဆိုချက်များနှင့် ပတ်သက်ပြီး စီးပွားရေးပညာရှင် စာရေးဆရာ တဦးကတော့ ယခင်က အမ်ဘီအေ ကျောင်းသားများ၏ ဟောပြောပွဲတခုမှာ ဗိုလ်မှူးချုပ် ဇော်ထွန်း ပြောခဲ့သည့်စကား ရှိကြောင်း၊ (၄) လပတ် အစည်းအဝေးတခုမှာ စစ်တိုင်းမှူးများကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သက်ဆိုင်ရာ စစ်တိုင်းအလိုက် ဂျီဒီပီ တိုးတက်အောင် လုပ်ဆောင်ဖို့ ညွှန်ကြားခဲ့ကြောင်း၊ အစည်းအဝေးအပြီး စစ်တိုင်းမှူးတွေ ပြန်သွားပြီး မကြာခင် တိုင်းမှူး တစ်ချို့က သူတို့တိုင်းမှာ ဂျီဒီပီ (၃) ဆခန့် တက်လာသည်ဟု အကြောင်းကြားခဲ့ခြင်းမျိုး ရှိဖူးကြောင်း ထုတ်ဖော်ပြောဆိုသည်။

ဗိုလ်မှူးချုပ် ဇော်ထွန်း ဆိုလိုသည်မှာ စာရင်းဇယားများကို အထက်လူကြီးအကြိုက် ထင်သလို လုပ်နေကြခြင်း ဖြစ်ကြောင်း၊ နောက်ပိုင်း အဆိုပါ ဟောပြောချက်စာတမ်း ပြန့်နှံ့သွားခဲ့ပြီး ဗိုလ်မှူးချုပ် ဇော်ထွန်းလည်း ရာထူးမှ ထုတ်ပယ်ခံခဲ့ရသည်။ ယခုလည်း ဒုဗိုလ်ချုပ်ကြီးမြင့်ဆွေက ၂ဝဝ၆ ခု ဇန်နဝါရီလက ပြောခဲ့သည့် ကိန်းဂဏန်းများ အဝေဖန်ခံရသဖြင့် ယခုလို နိုင်ငံသားများ၏ ဝင်ငွေကို (၂) ဆ၊ ရန်ကုန်သားများ၏ ဝင်ငွေ (၂.၇) ဆ တိုးလာတာဟု ပြောတာမျိုး ဖြစ်နိုင်ကြောင်း၊ ၄င်းတို့ပြောသည့် ကိန်းဂဏန်းများ ယုံကြည်စိတ်ချရမှု မရှိကြောင်း ဝေဖန်သည်။

ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်ဆွေကတော့ လာမည့် ၂ဝ၁ဝ- ၂ဝ၁၁ ဘဏ္ဍာရေးနှစ်မှာ မြန်မာတနိုင်ငံလုံးရှိ လူတဦး တနှစ်ဝင်ငွေ ကျပ် (၆) သိန်း ရရှိဖို့၊ တနည်းအားဖြင့် လက်ရှိဝင်ငွေ၏ နှစ်ဆနီးပါး ရရှိဖို့ အကောင်အထည်ဖော်ရန် ဗိုလ်ချုပ်မှူကြီး သန်းရွှေက လမ်းညွှန်ထားကြောင်း၊ အဆိုပါ လမ်းညွှန်ချက်အတိုင်း ပြည့်မီမည်ဟု သူယုံကြည် ကြောင်းလည်း ယင်းအစည်းအဝေးမှာ ထုတ်ဖော် ပြောဆိုခဲ့သည်။



REF: ခေတ်ပြိုင်

Read More...

Thursday, February 26, 2009

စစ်အစိုးရနှင့် အမေရိကန် ဆက်ဆံရေး ပြန်ထူထောင်တော့မည်လော - အောင်ဇော်

Wednesday, 25 February 2009

အမေရိကန် ပြည်ထောင်စု၏ နိုင်ငံခြားရေး ၀န်ကြီး ဟေလာရီ ကလင်တန်က ၀ါရှင်တန်ရှိ အစိုးရသစ် အနေနှင့် မြန်မာ နိုင်ငံဆိုင်ရာ မူဝါဒများကို ပြန်လည် သုံးသပ်လျှက် ရှိကြောင်း ထုတ်ဖော်ပြောကြားလာခဲ့သည်။ ဤပြောဆိုချက်အပေါ် ဉာဏ်ကြီးရှင်များကလည်း မြန်မာစစ်အစိုးရနှင့် အမေရိကန် ဆက်ဆံရေး ပြန်လည်ထူထောင်တော့မည်လောဟု သို့လော သို့လော စောကြောစရာ ဖြစ်လာစေခဲ့သည်။

"လက်ရှိ မြန်မာအစိုးရကို ဘယ်လိုလုပ်ငန်းစဉ်မျိုးကတဆင့် ကျမတို့ သြဇာလွှမ်းမိုး သက်ရောက်နိုင်မလဲဆိုတာ နည်း လမ်းရှားနေပါတယ်။ မြန်မာပြည်သူတွေကို ဘယ်လိုနည်းလမ်းနဲ့ ကူညီနိုင်မလဲဆိုတာ လေ့လာနေပါတယ်" ဟု မစ္စ ကလင်တန်က သူ၏ အာရှခရီးစဉ် ပထမနေရာ ဂျပန်နိုင်ငံတွင် ပြောကြားခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးဌာနတွင် တာဝန်ယူပြီးချိန်မှစ၍ နိုင်ငံရပ်ခြားခရီးအဖြစ် ပထမဦးဆုံးအကြိမ် လှည့်လာသော ခရီးစဉ် တွင် မစ္စကလင်တန်က ပြောကြားရာတွင် အမေရိကန်အစိုးရအနေနှင့် မြန်မာပြည်ဆိုင်ရာ မူဝါဒကို ပို၍ ထိရောက်စေ ရန်၊ မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲမှုများ မြင်ရစေရန်၊ နိုင်ငံရေးနှင့် စီးပွားရေးလွတ်လပ်ခွင့်များ ဖြစ်ထွန်းလာရေး အတွက် တွန်းအားပေးနိုင်ရန် ရည်ရွယ်သည်ဟု ဆိုပါသည်။

အမေရိကန်ပြည်ထောင်စု အစိုးရအနေနှင့် ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှု ချမှတ်ကျင့်သုံးနေသည့် မူဝါဒများမှ လမ်းခွဲ၍ ပြောင်းလဲလာမည်ဟု ပြောရန် အလွန်စောနေပါသေးသည်။

အချို့လေ့လာသူများက ပြောကြရာတွင် အမေရိကန် ပြည်ထောင်စုအနေနှင့် ဖိနှိပ်အုပ်ချုပ်နေသည့် မြန်မာနိုင်ငံ စစ် အစိုးရနှင့် မကြာမီ ပြန်လည်ဆက်ဆံတော့မည်ဟု ဆိုကြပါသည်။ ဤခန့်မှန်းချက် မှန်-မမှန်ကို အချိန်က စကားပြော လိမ့်မည် ဖြစ်ပါသည်။ သို့သော်လည်း ယခုလိုအပ်နေသည့် အချက်မှာ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒနှင့် ပတ်သက်၍ ဖက်စုံ ထောင့်စုံကြည့်သည့်မူ ဖြစ်ရန်လိုအပ်ပြီး၊ မိတ်ဖက်နိုင်ငံများ၊ ဒေသဆိုင်ရာအတွင်း အရေးပါသည့် နိုင်ငံများမှ အမြင်များ ကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်မည် ဖြစ်ပါသည်။

အမေရိကန်ပြည်ထောင်စု အနေနှင့် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံကြီး ၂-ခု ဖြစ်သည့် တရုတ်နှင့် အိန္ဒိယ အပါအ၀င် အာရှနိုင်ငံများနှင့် တိုးတက်ဆက်ဆံမည် ဆိုခြင်းကြောင့် မြန်မာ့အရေးအပေါ် မူဝါဒအသစ်ကို အထောက်အကူဖြစ်စေ မည် ဖြစ်ပါသည်။ သို့သော်လည်း နှစ် ၂၀-ကျော်ကြာ မြန်မာ့အရေးကို တစိုက်မတ်မတ် လေ့လာခဲ့သူတဦးအနေနှင့် မိမိ က အသက်ကိုအောင့်၍ ကြည့်နေရဆဲ ဖြစ်သည်။

သမ္မတဘုရှ် ကာလတွင် အမေရိကန်နိုင်ငံ၏ မူဝါဒက မြန်မာစစ်အစိုးရအပေါ် ပြတ်ပြတ်သားသားနှင့် ကျယ်ကျယ် လောင်လောင် ဝေဖန်ပြောဆိုခဲ့သည်။ သို့သော်လည်း ဝေဖန်သူများကမူ အမေရိကန်က တကိုယ်တော်ဝါဒကျင့်သုံးခဲ့ သည်၊ အခြားနိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုကို မရယူနိုင်ခဲ့ဟု ဆိုပါသည်။

အမေရိကန်ပြည်ထောင်စုက မြန်မာပြည်ဆိုင်ရာ မူဝါဒကို ကုလသမဂ္ဂနှင့် ဒေသတွင်း နိုင်ငံများအကြား တင်သွင်း တိုက်တွန်းလာသည့်အခါ ထောက်ခံမှု မရနိုင်ဖြစ်ခဲ့ရသည်။ အရှေ့အလယ်ပိုင်းဒေသအတွင်း သမ္မတဘုရှ်ကျင့်သုံးနေ သည့် ကပ်သင့်စေသော မူဝါဒများကြောင့်လည်း လူအများက သံသယရှိခဲ့ကြသည်။

အုပ်ချုပ်ရေးအသစ် ပြောင်းလာသောအခါ သမ္မတသစ် ဘားရက် အိုဘားမားနှင့် မစ္စ ကလင်တန်ဦးဆောင်သည့် နိုင်ငံ ခြားရေးဝန်ကြီးဌာနတို့က မြန်မာနိုင်ငံအပေါ် သြဇာညောင်းနိုင်သည့် အိမ်နီးချင်းနိုင်ငံများက ထောက်ခံပံ့ပိုးမှုကိုလည်း ပို၍ ရဖွယ် ဖြစ်လာသည်။ မြန်မာစစ်အစိုးရအနေနှင့် စစ်မှန်သော နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ လုပ် ဆောင်ရန်လည်း ပို၍ထိရောက်စွာ ပူးပေါင်းဆောင်ရွက်နိုင်မည်ဟု မျှော်လင့်ရသည်။

သမ္မတဘုရှ်လက်ထက် ပြင်းထန်သည့် မြန်မာနိုင်ငံဆိုင်ရာ မူဝါဒများနှင့် တွမ် လန်းတို့စ်၏ ၂၀၀၈ ခုနှစ်၊ မြန်မာ့ကျောက် စိမ်းများ ပိတ်ပင်သည့် ဥပဒေ (စစ်အစိုးရ၏ ဒီမိုကရေစီဆန့်ကျင်ရေးလုပ်ရပ်များအပေါ် အရေးယူသည့် ဥပဒေ) Tom Lantos Block Burmese JADE (Junta’s Anti-Democratic Efforts) Act 2008 အရ အမေရိကန်ပြည်ထောင်စုက မြန်မာစစ်အစိုးရ ခေါင်းဆောင်များနှင့် ၎င်းတို့နှင့် အကျိုးတူစီးပွားဖက်များကို တိုက်ရိုက်ဒဏ်ခတ်အရေးယူမှုများ ချမှတ် ဆောင်ရွက်ခဲ့ပါသည်။ ထိုမျှမက ဤဥပဒေအသစ်အရ အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအရေး "မူဝါဒရေးရာ ပူးပေါင်းဆောင်ရွက်မည့် အထူးသံကိုယ်စားလှယ်တဦး" ခန့်အပ်ပြီး အိမ်နီးချင်းနိုင်ငံများနှင့် လက်တွဲလုပ်ကိုင်ရန်၊ ပို၍ လက်ဦးမှုရှိစွာ ဆောင်ရွက်သည့် ချည်းကပ်မှုများ လုပ်ဆောင်ရန်လည်း တာဝန်ပေးခဲ့ပါသေးသည်။

အကယ်၍ အမေရိကန်ပြည်ထောင်စု၏ မြန်မာပြည်အရေး မူဝါဒများကသာ ပို၍ လက်ဦးမှုရှိစွာ ဆောင်ရွက်မည်၊ ရေတို အတွက် မတွေးဘဲ လုပ်ကိုင်ဆောင်ရွက်မည် ဆိုပါက ဒေသတွင်းနိုင်ငံများက ထောက်ခံပံ့ပိုးကြမည်မှာ သေချာသည့် ကိစ္စ ဖြစ်သည်။ ဤသို့ဆိုလျှင် အမေရိကန်ပြည်ထောင်စု အနေနှင့် ဒဏ်ခတ်အရေးယူပိတ်ဆို့မှု မူဝါဒတခုတည်းကိုသာ စွဲကိုင်ထားရန် မလိုအပ်ပါ။ ၎င်း၏ ရည်ရွယ်ချက်များကို မထိခိုက်စေဘဲ စစ်အစိုးရနှင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုနိုင်သည့် နည်းလမ်းသစ်များလည်း ရှာဖွေနိုင်မည် ဖြစ်ပါသည်။ ၎င်းတို့ရည်ရွယ်မျှော်မြင်ထားသည့်အတိုင်း လွတ်လပ်သည့်၊ ငြိမ်း ချမ်းသည့်၊ ကြွယ်ဝချမ်းသာသည့် မြန်မာနိုင်ငံအဖြစ်ကိုလည်း မြင်တွေ့နိုင်ကြမည် ဖြစ်ပါသည်။

အမေရိကန်ပြည်ထောင်စုက ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများနှင့် မူဝါဒများကို ကြားကောင်းရုံ ပြောဆို ဆောင်ရွက်နေ သည့် " လောက်စပီကာ သံတမာန်ရေး"၊ ဟန်ပြအဖြစ် ဆောင်ရွက်နေသည်၊ အလေးအနက် မလုပ်ဟု ပြောဆိုဝေဖန်မှု များ ရှိနေသော်လည်း၊ ၀ါရှင်တန်အစိုးရ၏ မြန်မာနိုင်ငံနှင့်ပတ်သက်၍ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအရေး ရပ်တည် ချက်ကိုမူ မြန်မာနိုင်ငံသာမက အခြားနေရာများတွင်ပါ အသိအမှတ်ပြုကြရပါသည်။

ဖိနှိပ်ခံနေကြရသည့် မြန်မာပြည်သူများက စစ်အစိုးရကို အံတုဆန့်ကျင်ရန် ပြင်ပကမ္ဘာမှ အားပေးကူညီမှု၊ စိတ်ဓါတ်ပိုင်း ဆိုင်ရာ ထောက်ခံပံ့ပိုးမှုများ လိုအပ်သည့်အခါ သူတို့က တရုတ်၊ အိန္ဒိယ၊ ထိုင်းနိုင်ငံ၊ သို့မဟုတ် အာဆီယံအဖွဲ့တို့ထံသို့ မျှော်ကြည့်မနေကြပါ။ ကုလသမဂ္ဂနှင့် အချို့သော အနောက်နိုင်ငံများကိုပင် ကိုပင် အားမကိုးခဲ့ကြပါ။ အမေရိကန်နိုင်ငံ ကိုသာ မျှော်လင့်အားထားခဲ့ကြပါသည်။

သို့သော်လည်း အမေရိကန်ပြည်ထောင်စု၏ ထောက်ခံ ပံ့ပိုးမှု ပါသည်ဖြစ်စေ၊ မပါသည် ဖြစ်စေ မြန်မာပြည်သူတို့က သူတို့၏ အရေး ကို ဆက်လက်တိုက်ပွဲဝင်ကြမည်သာ ဖြစ်သည်။ စစ်အစိုးရ၏ ဖိနှိပ်အုပ်ချုပ်နေသည့် လုပ်ရပ်များကို ဆက်လက်ဆန့် ကျင်နေကြမည်သာ ဖြစ်သည်။ နိုင်ငံရေးအကျဉ်းသား ၂,၀၀၀ ကျော်၏ အရေးက တရားမျှတမှု ရရှိရေးအတွက် ဆက် လက်ဆောင်ရွက်ကြရဦးမည်ကို တောင်းဆိုနေပါသည်။

စစ်အစိုးရနှင့် ဆက်ဆံခြင်းကြောင့် ဖြစ်လာနိုင်သည့် ပြဿနာမှာ အနောက်နိုင်ငံများသည်လည်း အခွင့်ကောင်းယူ အမြတ်ထုတ်နေကြသည့် မြန်မာ့အိမ်နီးချင်းနိုင်ငံများကဲ့သို့ပင်၊ ရံဖန်ရံခါေ၀၀ါးရှုပ်ထွေးမှုများ၊ လွဲမှားသည့်သတင်းရရှိမှု များ ဖြစ်လာနိုင်ခြင်းပင် ဖြစ်သည်။

ဇန်န၀ါရီလတွင် စကင်ဒီနေးဗီးယန်းနိုင်ငံများမှ ၀န်ကြီး ၂-ဦးကလည်း မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့သေး သည်။

ဒိန်းမတ်နိုင်ငံ၏ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဝန်ကြီး အူလာ တိုနေးစ် (Ulla Tørnæs) နှင့် နော်ဝေနိုင်ငံ၏ ဖွံ့ဖြိုးမှုနှင့် သဘာဝပတ်ဝန်းကျင်ရေးရာ ၀န်ကြီး အဲရစ်က် ဆိုလ်ဟိမ်း (Erik Solheim) တို့က စစ်အစိုးရအုပ်ချုပ်နေ သည့် မြန်မာနိုင်ငံသို့ လွန်ခဲ့သည့် နှစ် (၂၀) အတွင်း သွားရောက်ခဲ့သည့် ဥရောပနိုင်ငံများမှ အမြင့်ဆုံးသော အစိုးရ အရာရှိများ ဖြစ်ကြသည်။

မြန်မာနိုင်ငံတွင် ဖြစ်ခဲ့သည့် နာဂစ်မုန်တိုင်း ကပ်ဘေးအတွက် ဒိန်းမတ်နိုင်ငံက အမေရိကန်ဒေါ်လာ ၁၁. ၄ သန်းနှင့် နော်ဝေနိုင်ငံက ၇. ၇ သန်းကို ကူညီလှူဒါန်းခဲ့ကြသည်။ ကုလသမဂ္ဂ၊ အာဆီယံအဖွဲ့နှင့် မြန်မာစစ်အစိုးရတို့ ပူးပေါင်း ဖွဲ့စည်းထားသည့် ကပ်ဘေးကယ်ဆယ်ရေး သုံးပွင့်ဆိုင်ဗဟိုအဖွဲ့ (TCG) မှ တဆင့် ပေးပို့ လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

အူလာ တိုနေးစ်က ဒိန်းမတ်နိုင်ငံရှိ သတင်းစာတစောင်ဖြစ်သည့် (Politiken ) သတင်းစာသို့ မြန်မာနိုင်ငံ ခရီးစဉ် နိဂုံး ချုပ် သုံးသပ်ချက်အဖြစ် ပြောကြားရာတွင် "သေချာတာကတော့ မြန်မာနိုင်ငံဟာ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ တခုပါ။ ဒီ အချက်ကို ကျမတို့က လျစ်လျူရှုထားလို့ မဖြစ်နိုင်ပါဘူး။ လျစ်လျူရှုပြီးလည်း ထားမသင့်ပါဘူး။ ကျမတို့ တတ်နိုင် သလောက် ဆောင်ရွက်ပေးရပါလိမ့်မယ်။ အနည်းဆုံး တဆင့်ပြီးတဆင့် သွားရသည်ဖြစ်စေဦး၊ လုပ်ဆောင်ပေးရပါ လိမ့်မယ်" ဟု ဆိုခဲ့သည်။

ယခု ပြောကြားချက်မတိုင်မီ သူပြောဆိုခဲ့သည့်ကိစ္စများတွင်လည်း တိုနေးစ်က မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု အရေးယူမှုများနှင့် နိုင်ငံခြားခရီးသွားလုပ်ငန်းအပေါ် သပိတ်မှောက်ကြသည့်အတွက် မလိုလားအပ်သည့် ဆိုးကျိုး ရလဒ်များ ဖြစ်စေခဲ့ကြောင်း၊ မြန်မာနိုင်ငံအနေနှင့် နိုင်ငံခြားခရီးသွား ပိုများများ သွားခါမှ၊ ကမ္ဘာနှင့် ကုန်သွယ်ဆက်ဆံ သည့်အခါမှသာ အကျိုးများဖွယ်ရှိသည်ဟုလည်း အကြံပြုဖော်ပြခဲ့သေးသည်။

ဤသို့ ရဲရဲဝံ့ဝံ့ သူ၏အမြင်ကို ရှိသည့်အတိုင်း ထုတ်ဖော်ပြောဆိုခဲ့သည်ကို ကြိုဆိုရမည် ဖြစ်ပါသည်။ သို့သော်လည်း ဒိန်းမတ်နိုင်ငံမှ ၀န်ကြီးဖြစ်သူ သဘောပေါက်သင့်သည်မှာ မြန်မာနိုင်ငံရှိ ပြဿနာအများစုမှာ လူဖန်တီးထားသည့် ကပ် ဘေးပြဿနာများ ဖြစ်ပြီး၊ စစ်ဗိုလ်ချုပ်များက ဖန်တီးထားခြင်းသာ ဖြစ်သည်။ ဤသို့ လုပ်ဆောင်ထားမှုများအပေါ် လည်း သူတို့က တာဝန်ခံကြရမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် နိုင်ငံရေးပြေလည်မှုရရန် အမြန်ဆုံးလိုအပ်နေပါ သည်။ ဤပြဿနာ နှစ်ရပ်ကို ခွဲခြားကြည့်မြင် ကိုင်တွယ်ရန် မဖြစ်နိုင်ပါ။

သူတို့က ဒဏ်ခတ်ပိတ်ဆို့ရေး မူဝါဒကို ပြစ်တင်ရှုံ့ချ ပြောဆိုရုံသာမက၊ တိုနေးစ်က ပို၍ ကျယ်ပြန့်သည့် မြန်မာ့နိုင်ငံနှင့် ဆက်ဆံရေး မူဝါဒကိုပင် တင်ပြလာခဲ့ပါသည်။ သို့သော်လည်း ဤမူဝါဒများကို ကောက်ယူကျင့်သုံးရန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စကလင်တန် အသာထား၊ မြန်မာနိုင်ငံ ပြည်တွင်းပြည်ပရှိ အင်အားစုများအကြားတွင်ပင် သံသယအပြည့်နှင့် စောင့်ကြည့်နေကြပါသည်။

မစ္စကလင်တန်က တိုနေးစ်လို မဟုတ်ပါ။ မြန်မာနိုင်ငံအရေးနှင့် ပတ်သက်၍ ချမှတ်မည့် မူဝါဒအပေါ် မစ္စကလင်တန်က အလေးထား၍ ဆောင်ရွက်လိမ့်မည် ဖြစ်ပါသည်။ ဤမူဝါဒတွင် လုပ်ကိုင်ဆောင်ရွက်နိုင်သည့် နည်းလမ်းမျိုးစုံကို ဖိတ် ခေါ်ရှာဖွေ ကြံဆရပါလိမ့်မည်။ သို့သော်လည်း သတိထားသင့်သည့်အချက်တခုမှာ အနောက်နိုင်ငံများအကြား မြန်မာ နိုင်ငံအရေး မူဝါဒနှင့် ပတ်သက်၍ သဘောထား ကွဲပြားမှုများ ဖြစ်ပေါ်နေခြင်းအားဖြင့် စစ်ဗိုလ်ချုပ်များ၏ ဖိနှိပ်အုပ်ချုပ် ရေး သက်ဆိုးရှည်နေစေမည့်အရေး အခွင့်ကောင်းရနေရန် မဖြစ်စေဖို့သာ ဖြစ်ပါတော့သည်။

အောင်ဇော်ရေးသားသည့် Does US Plan Greater Engagement with Burmese Regime? ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။


အောင်ဇော်
REF: ဧရာဝတီ

Read More...

ဒေါ်အောင်ဆန်းစုကြည် တပေါင်းလပြည့်မှာ လွတ်မည် - ပညာကျော်

(မြန်မာ့နိုင်ငံရေး ဟောစာတန်း)

၂၆ ဖေဖော်ဝါရီ ၂၀၀၉
လူတဦးတယောက်၏ ကံအနိမ့်အမြင့်သည် ကုသိုလ်၊ အကုသိုလ်နှင့်ဆိုင်သလို ထိုကုသိုလ်နှင့် အကုသိုလ်ကိုလည်း ဇာတာ (ကံ) က ပြုလုပ်ပေးတတ်ပါသည်။ လောကသဘောအရလည်း မြဲသောတရား သဘောတို့သည်ကား မရှိကြကုန်ရာသာ ဖြစ်သည်။

မြန်မာစစ်အာဏာရှင်တို့ကလည်း ထာဝရကိုသာ ယုံကြည်ကာ အာဏာတည်မြဲရေးအတွက် ကြိုးစားနေကြရာ တပေါင်းလပြည့်နေ့မှာ အကျဉ်းသား လွတ်မည်ဟု ကျွန်ုပ်ပြောတော့ ကျွန်ုပ်ကို ရူးများနေပြီလားဟု လူတွေက ပြောကြသည်။

ပြောမည်ဆိုလည်း ပြောကြမည်သာ။ ဗေဒင်ကို ပညာရှင်ဘွဲ့ တတ်ခြင်းမခံရသော ကျွန်ုပ်လို လူက ကမြောက်ကချောက် လျှောက်တွက်နေတော့ မယုံတာလည်း အကြောင်းတော့ မဟုတ်ပါ။ သို့သော်လည်း လွတ်မယ့်လွတ်တော့ အကျဉ်းသားတွေက ကြိုလွတ်လာတယ်။ အကျဉ်းသားလွတ်တော့လည်း ဝမ်းသာရတာပေါ့။ ဝမ်းသာသာနဲ့ ဟိုတွက်ဒီတွက် လျှောက်ချက်တွက်တာ ဒီတခါ ဒေါ်စု လွတ်ကိန်းကိုပါ တွေ့နေပြန်သည်။

ယခုနှစ် မြန်မာသက္ကရာဇ် ၁၃၇၀ ခုနှစ်သည် ထူးခြားသော နှစ်တခုဟုဆိုရပါမည်။ အထူးသဖြင့် အုပ်ချုပ်သူအစိုးရကို ဒုက္ခပေးသော နှစ်လည်းဖြစ်သည်။

၁၃၇၀ ကိုတည် ခုနှစ် (၇) ဖြင့်စားလျှင်၊ (၅) ကြွင်းသည်။ မဟာဘုတ်ထူလျှင် တနင်္ဂနွေမရဏတွင် ကျနေသဖြင့် လူကြီး မင်းအစိုးရတို့ အပြောင်းအလဲရှိသည်။ မင်းအစိုးရကျဆုံးမည်။ မြန်မာစစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးသန်းရွှေ သောကြာသားသည် ပုတိတွင်ရောက်နေခြင်းကြောင့် အောက်လူတို့၏ အတိုက်အခိုက် ခံရမည်။ မြန်မာ၏ ကံကြမ္မာသက်ရောက်မှာလည်း စနေသက်ရောက် ဖြစ်နေခြင်းကြောင့် ကိုးကွယ်ရာမရ ဖြစ်ရမည်။

၁၃၇၀ ကို အကြေပေါင်းလျှင် (၂) ရသဖြင့် မဟာဘုတ်အလို သန်းရွှေအား အောက်လက်ငယ်သားများက တော်လှန်ပြီး အာဏာသိမ်းရန်လည်း ရှိနေပြန်သည်။

မြန်မာ၏ ဂြိုဟ်မှာလည်း တနင်္လာဂြိုဟ်၊ တနင်္လာသက်ရောက် ဖြစ်နေ၍ မိန်းမဂြိုလ် ဖြစ်သဖြင့် တနင်္လာ၊ သောကြာ၊ စနေ၊ ဗုဒ္ဓဟူးသား တို့၏ အာဏာလု အာဏာသိမ်းယူခြင်းကို ခံရတတ်သည်။

သန်းရွှေ၏ နန်းစံသက်မှာလည်း (၁၇) ဖြစ်နေပြန်၍ ဂြိုလ်မိန်းမ ဖြစ်သလို ရာဟုကြီးစိုးကာ မိန်းမကို ဦးစားပေးကိုးကွယ်မှ အသက်ချမ်းသာရမည့် ကိန်းဆိုက်နေသည်။

ထိုအချက်ကိုသိသော သန်းရွှေတို့ကလည်း နန်းသက်ကိုဆက် အကျဉ်းလွှတ်ဆိုပြီး စနေနေ့၊ တနင်္လာ အချိန် ညနေ လေးနာရီမှ စတင်ပြီး အကျဉ်းသား (၆,၃၁၃) ဦးကို လွှတ်ပေးခြင်းဖြစ်သည်။

(၂၆.၁.၂၀၀၉) တပို့တွဲလဆန်း (၁) ရက် တနင်္လာနေ့တွင် နေကြတ်ခြင်းကို ကြည့်ပြန်လျင်လည်း ထိုနေ့မှာ ပြဿဒါးဖြစ်ခြင်း၊ နေကြတ်ချိန် ညနေ (၄) နာရီ ဖြစ်သဖြင့် နေ့အလိုအခါကို ကြည့်သော် ဗုဒ္ဓဟူး အခါဖြစ်ပြီး ညနေဆိုသောကြောင့် ရာဟုသာဖြစ်ခြင်း၊ နေကြတ်ခြင်းတို့ကို ဖော်ပြသော အိန္ဒိယ ဗြိုဟဇ်သံကဟိတကျမ်း အလိုနှင့် မြန်မာ့သရ တွက်ရိုးကျမ်းအလိုအရ အုပ်ချုပ်သော မင်းတို့ နာအံ့။ စစ်သူကြီးများ ကျဆုံးအံ့။ စစ်သားများ ပုန်ကန်အံ့ ဟု ဆိုထားသဖြင့် စစ်အစိုးရအဖို့ တပူပေါ်နှစ်ပူဆင့်ကာ ပိုပြီး အရေးတကြီး စဉ်းစားရကိန်း ဆိုက်လာနေတော့သည်။

(၁) မြန်မာ့ မူလဇာတာနှင့် ခုနှစ်ဇာတာကို နှိုင်းယှဉ်သော် ဇာတာနှစ်ခုစလုံးတွင် မင်းဇာတာမှာ အပျက်တွင်ရှိနေပြီး ပြည်သူတို့၏ သြဇာ လွှမ်းမိုးနေခြင်းတို့ကြောင့် ၂၀၀၉ ခုနှစ် အတွင်းတွင် ပြည်သူအများ ဆူပူအုံကြွမည်။ အစိုးရကို ဆန့်ကျင့်မည့် ကိန်းအရတခု။

(၂) မြန်မာသက္ကရာဇ် ၁၃၇၁ ခု နှစ်ဆန်းတစ်ရက်သည် သောကြာဖြစ်ပြီး သင်္ကြန်ကျချိန်မှာ အင်္ဂါနေ့ နံနက် (၃) နာရီ (၁၅) မိနစ် (၃၆) စက္ကန့် ဖြစ်ပြီး တက်ချိန်မှာ ကြာသပတေးနေ့ နံနက် (၇) နာရီ (၂၀) မိနစ် (၁၇) စက္ကန့် ဖြစ်နေပြန်ရာ ကျချိန်မှာ စနေအခါ ဖြစ်နေခြင်း၊ တက်ချိန်မှာလည်း ကြာသပတေးအခါတွင် တက်နေခြင်းကြောင့် နှစ်ဆန်းတစ်ရက်နေ့မှ သောကြာဆိုသည်မှာ ရက်အလိုသာဖြစ်၍ သင်္ကြန် တက်ပြီးချိန်မှ နောက်အချိန် သည်နှစ်ဆန်းအချိန် (ရက်) ဖြစ်သဖြင့် (ကြာသပတေးနှင့် စနေ) မှာ ပြဿဒါးဖြစ်ကာ ဇာတာခွင်အလို တိုင်းကားပြည်ရွာပျက်စီးခြင်း၊ ရေဘေးကြုံရခြင်း။

(၃) ကောဇာ ၁၃၇၁ ခု၏ ဇာတာအရ သောကြာသား၊ စနေသား၊ တနင်္လာသား မင်းတို့ ကျဆုံးကိန်းတွင် ရှိနေပြန်ပြီး၊ ပြည်သူတို့ ထကြွကာ လက်အောက်ငယ်သားတို့၏ တော်လှန်မှုကိုခံရမည်။ တိုင်းတစ်ပါး၏ အတိုက်အခံကြောင့် ကျဆုံးရမည့် ကိန်းဆိုက်နေခြင်း။

ဖော်ပြပါ ဇာတာသဘောကို နှိုင်းယှဉ်ပြီး ထိုကိန်းတို့မှ လွတ်မြောက်နိုင်ရေးကို ကြည့်လျှင် “အင်္ဂါကယ်မှ ပြည်ငြိမ်မည်။ တနင်္လာလွတ်မှ ရန်ငြိမ်းမည်" ဟူသော အယူကိုမသုံးလျင် အကုန်ကျဆုံးရမည်ဖြစ်၍-

-အင်္ဂါအလို ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရမည်။
-တနင်္လာအလို ခွန်ထွန်းဦးကို လွှတ်ရန်ရှိသည်။

အင်္ဂါအလို နေ့နမ်ကိုတွက်သော် ဇာဂနာ၊ စုစုနွေး တို့လည်း ပါနိုင်ပြီး၊ တနင်္လာအလို ကိုကိုကြီး တို့ကိုပါ စဉ်းစားရမည်။ ခွန်ထွန်းဦးကို လွှတ်ခြင်းမှာ တိုင်းတစ်ပါးရန်ကို ကာကွယ်ရန် လူမျိုးခြားကို လွှတ်ပြီး ဓာတ်တူနမ်တူ ပြုခြင်းဖြစ်သည်။

ဘယ်လတွင် လွှတ်မည်ဆိုလျင် "တပေါင်းလပြည့် အင်္ဂါနေ့တွင် လွှတ်မည်”။

အကယ်၍ တပေါင်းလပြည့် မလွှတ်သော် ၁၃၇၁ ခုဆန်းပြီး ခြောက်လ (သီတင်းကျွတ်လထိ)အတွင်း လွှတ်ရမည်။

(အကျယ်ရေးလျင် ရှည်မည်စိုးသဖြင့် သဘောတရားကို အကျဉ်းချုံး ဖော်ပြခြင်းဖြစ်သည်။ )
ပညာကျော်
(သတ္တဝါမှန်သမျှ ချမ်းသာရာ ရနိုင်ကြပါစေ။)



ပညာကျော်
REF: ခေတ်ပြိုင်

Read More...

မြန်မာပြည် လူ့အခွင့်အရေးကို စိန်ခေါ်ခြင်း (မစ္စတာ ကွင်တားနားနှင့် အင်တာဗျူး)

အင်တာဗျူး

မဇ္ဈိမသတင်းဌာန

ကြာသပတေးနေ့၊ ဖေဖေါ်ဝါရီလ 26 2009

အခြား အကျဉ်းသား ၆ဝဝဝ ကျော်နှင့်အတူ နိုင်ငံရေးအကျဉ်းသား ၂၄ ဦးမျှ လွှတ်ပေးလိုက်ခြင်းသည် လူ့အခွင့်အရေး အခြေအနေများ ထူးထူးခြားခြား တိုးတက် ကောင်းမွန်လာခြင်းဟု ပြောဆိုရန် မလုံလောက်ကြောင်း မကြာသေးခင်က မြန်မာနိုင်ငံသို့ ၆ ရက်ကြာ သွားရောက်ခဲ့သည့် ကုလသမဂ္ဂ လူ့အခွင့်အရေး ကျွမ်းကျင်သူ တောမတ်စ်အိုဟေး ကွင်တားနား - Tomas Ojea Quintana က ပြောဆိုလိုက်သည်။

မြန်မာနိုင်ငံသို့ ဖေဖော်ဝါရီလ ၁၄ ရက်မှ ၁၉ ရက်အထိ ဒုတိယအကြိမ် သွားရောက်ခဲ့သည့် မစ္စတာ ကွင်တားနားက မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေများ တိုးတက်မှု ရှိသည်ကို သူ မမြင်တွေ့ခဲ့ရပါဟု ပြောသည်။

လူ့အခွင့်အရေး ပြဿနာများကို ကိုင်တွယ် ဖြေရှင်းရန် လိုလိုလားလား ရှိကြောင်း ပြသသည့် အနေနှင့် သူ၏ ထောက်ခံတင်ပြထားချက်များကို မြန်မာစစ်အစိုးရက အကောင်အထည်ဖော်ရန် လိုအပ်သည်ဟုလည်း သူက ပြောသည်။

သို့သော် ခန့်မှန်းခြေအားဖြင့် လာမည့် နွေရာသီ အစောပိုင်း ကာလလောက်တွင် သွားရောက်နိုင်ဖွယ်ရှိသည့် နောက်တကြိမ် ခရီးစဉ်အတွင်း သူ၏ ထောက်ခံ တင်ပြချက်များကို အကောင်အထည် ဖော်ရန် မြန်မာစစ်အစိုးရကို ဆက်လက်၍ တွန်းအားပေးသွားမည်ဟု မစ္စတာ ကွင်တားနားက ဆိုသည်။

သူ၏ မကြာသေးခင်က သွားရောက်ခဲ့သည့် ခရီးစဉ်နှင့်ပတ်သက်၍၎င်း၊ သူ စစ်ဆေးကြည့်ရှုခဲ့သော လူ့အခွင့်အရေး အခြေအနေများနှင့် ပတ်သက်၍၎င်း ပိုမိုသိရှိနိုင်ရန် မဇ္ဈိမသတင်းထောက် ဆော်လမွန်က မစ္စတာ ကွင်တားနားနှင့် သီးသန့် ဆက်သွယ် မေးမြန်းမှု ပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်လို့ ခင်ဗျား ဘယ်လို ထင်ပါသလဲ။ မကြာသေးခင်က သွားရောက်ခဲ့တဲ့ မြန်မာနိုင်ငံ ခရီးစဉ်အပေါ် ကျေနပ်မှု ရှိပါသလား။

ကျနော် ပြောနိုင်တာကတော့ မြန်မာနိုင်ငံတွင်းက လူ့အခွင့်အရေး အခြေအနေတွေဟာ တိုးတက်မှု မရှိသေးဘူး ဆိုတာပါပဲ။ ဒီအကြောင်းကို ရန်ကုန်မြို့မှာ ကျင်းပခဲ့တဲ့ ပထမဆုံးအကြိမ် သတင်းစာ ရှင်းလင်းပွဲမှာလည်း ပြောခဲ့ပါတယ်။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ခရီးစဉ် အစီအစဉ်တွေနဲ့ ပတ်သက်ပြီး ပြောရရင်တော့ တချို့ အစိတ်အပိုင်းတွေအပေါ်မှာ သဘောကျ ကျေနပ်မှု ရှိပါတယ်။ လွတ်လပ်တဲ့ တရားစီရင်ရေးနဲ့ ပတ်သက်ပြီး တရားသူကြီးချုပ် ဦးအောင်တိုးနဲ့ ဆွေးနွေးပြီး နားလည်မှု ရခဲ့တာမျိုးပေါ့။ သူက ကျနော့် ထောက်ခံ တင်ပြချက်တွေကို လက်ခံပါတယ်။

ခင်ဗျားရဲ့ ခရီးစဉ်မှာ အဓိကရည်မှန်းချက်က ဘာလဲခင်ဗျ။ ဘာတွေ အောင်မြင်ခဲ့ပါသလဲ။

ဒါ ကျနော်ရဲ့ ဒုတိယခရီးစဉ်ပါ။ ကျနော် အစိုးရကို မေတ္တာရပ်ခံခဲ့တဲ့အတိုင်း နိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေတွေကို လေ့လာ အကဲဖြတ်ဖို့ ဖြစ်ပါတယ်။ ကျနော် အင်းစိန်ထောင်ကိုသွားပြီး ၄ နာရီကျော်ကြာ နေခဲ့ပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေနဲ့ ၂ နာရီ တွေ့ဆုံ မေးမြန်းမှုတွေ လုပ်ခဲ့တယ်။ ကျနော့်ခရီးစဉ်ရဲ့ ရည်မှန်းချက်တရပ်က ကျနော့် ထောက်ခံ တင်ပြချက်တွေကို မြန်မာအစိုးရက ဘယ်လောက်အထိ တုံ့ပြန် ဆောင်ရွက်လိုစိတ် ရှိသလဲဆိုတာကို တိုင်းတာ အကဲဖြတ်ဖို့ ဖြစ်ပါတယ်။

ကျနော့် ထောက်ခံ တင်ပြချက်တွေထဲက တခုကတော့ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေကို လွှတ်ပေးဖို့ပဲ ဖြစ်ပါတယ်။ ဒီလုပ်ငန်းကို အခုပဲ ချက်ချင်း စတင်သင့်တယ်လို့ ကျနော် ရှင်းရှင်းလင်းလင်း နားလည်ထားပါတယ်။

ခင်ဗျားက နိုင်ငံရေး အကျဉ်းသားတချို့နဲ့ တွေ့ခဲ့ရတယ်ဆိုတော့ သူတို့ အခြေအနေနဲ့ ပတ်သက်ပြီး ခင်ဗျားရဲ့ အကဲဖြတ်ချက်က ဘယ်လိုပါလဲ။

ဟုတ်ပါတယ်၊ လက်ရှိ အခြေအနေအရ ကျနော့်အမြင်အရ ပြောရမယ်ဆိုရင် လူ့အခွင့်အရေး အခြေအနေတွေ တိုးတက် ကောင်းမွန်လာခြင်း မရှိသေးပါဘူး။ အစိုးရအနေနဲ့ တိုင်းပြည်တွင်းက လူ့အခွင့်အရေး အခြေအနေ အားလုံးကို ကိုင်တွယ်ဖြေရှင်းတာမျိုး လုပ်သင့်ပါတယ်။ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေအတွက်ချည်း ပြောနေတာ မဟုတ်ပါဘူး။ နယ်စပ်မှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခကြောင့် အရပ်သားတွေကို ထိခိုက်နစ်နာစေတဲ့ ကရင်ပြည်နယ်က အခြေအနေတွေလည်း ပါပါတယ်။ ဒေသခံ မူဆလင်တွေ နေထိုင်နေတဲ့ မြန်မာပြည်မြောက်ပိုင်းက ရခိုင်ပြည်နယ် အခြေအနေတွေလည်း ပါပါတယ်။ ဒါတွေဟာ ကျနော်ရဲ့ ယေဘုယျအမြင်တွေပါ။ ဘာပဲဖြစ်ဖြစ် လူ့အခွင့်အရေး ကောင်စီကို မတ်လမှာ တင်ပြတဲ့အခါကျရင် စံကျတဲ့ ပြဿနာတွေကို တင်ပြဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

သွားချင်တဲ့နေရာ အကုန်လုံးကို သွားခွင့်ရခဲ့ပါသလား။ တွေ့ချင်တဲ့သူ အားလုံးနဲ့ရော တွေ့ခွင့်ရခဲ့ရဲ့လား။

ကျနော်ပြောခဲ့တဲ့ အတိုင်းပါပဲ။ ကျနော့် ပြဿနာတွေက ကျနော့် မေတ္တာရပ်ခံချက် အားလုံးကို အစိုးရက လက်မခံခဲ့တာပဲ ဖြစ်ပါတယ်။ တချို့ကိုတော့ လက်ခံခဲ့ပါတယ်။ ဒါကြောင့် ဒီပေါ်မှာ ကျနော် ဆက်လက် ဆောင်ရွက်နေဆဲ ဖြစ်ပါတယ်။ ဒီနှစ်ထဲ နောက်တကြိမ် သွားနိုင်ဖို့ စတင် ဆွေးနွေးနေပါပြီ။ ဒါကြောင့် ကျနော်ထင်ပါတယ်၊ အခု ကျနော့် လုပ်ပိုင်ခွင့်ကို အတားအဆီး ဖြစ်နေတဲ့ ကိစ္စတွေ ပြေလည်သွားအောင် ဒီနည်းနဲ့ပဲ လုပ်ရမှာ ဖြစ်ပါတယ်။ တိုင်းပြည်တွင်းကို သွားပြီး ကိုယ်တိုင်ကိုယ်ကျ သက်သေ အထောက်အထားတွေကို ရရှိဖို့ဟာ ကျနော့်အတွက် အလွန် အရေးကြီးပါတယ်။ ကျနော်ပြောခဲ့တဲ့ အတိုင်းပါပဲ။ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက် ကောင်းမွန်လာရေးအတွက် ကျနော့် ထောက်ခံ တင်ပြချက်တွေကို အစိုးရက အကောင်အထည် ဖော်ရေးအတွက် ဆွေးနွေးနိုင်မှာ ဖြစ်ပါတယ်။

နောက်တကြိမ် ဘယ်တော့သွားမှာလဲ ခင်ဗျာ။

ဒီကိစ္စနဲ့ ပတ်သက်လို့ နေ့ရက်အတိအကျ မရှိသေးပါဘူး။ ဒါပေမဲ့ ကျနော်ပြောခဲ့တဲ့ အတိုင်းပါပဲ၊ ကျနော့် ဒုတိယ အကြိမ်ခရီးစဉ်အတွင်း ဒီနှစ်ထဲမှာ တတိယအကြိမ်မြောက် ခရီးစဉ် သွားရောက်နိုင်ဖို့ စတင် ဆွေးနွေးခဲ့ပါတယ်။ နွေရာသီ အစောပိုင်းမှာ ဖြစ်ပါလိမ့်မယ်။

ခင်ဗျားရဲ့ ခရီးစဉ်ကို အစိုးရက ထိန်းချုပ်ထားတယ်လို့ ခံစားမိပါသလား။

မှန်ပါတယ်။ ပြဿနာက အစိုးရနဲ့ ဆွေးနွေးညှိနှိုင်းခြင်း ဆိုတဲ့ ပြဿနာပါ။ ဒါပေမဲ့ ကျနော့်ခရီးစဉ်နဲ့ ပတ်သက်လို့ကတော့ ကျနော် ကရင်ပြည်နယ်က ဘားအံထောင်နဲ့ ရန်ကုန်က အင်းစိန်ထောင်တို့ကို သွားရောက်နိုင်ခဲ့တယ်။ ကျနော့်ရဲ့ ထောက်ခံ တင်ပြချက်တွေနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ကျနော် ဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။ ဒီအစီအစဉ်ဟာ ဘာပဲဖြစ်ဖြစ် ကျနော့်မျှော်လင့်ချက် တချို့ကိုတော့ ဖြည့်ဆီးပေးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်တကြိမ် ခရီးစဉ်အတွင်း ပိုမိုကောင်းမွန်တဲ့ အစီအစဉ်တွေ ရရှိဖို့ မျှော်လင့်ထားပါတယ်။

မြန်မာနိုင်ငံရဲ့ အကျဉ်းထောင် အခြေအနေတွေနဲ့ ပတ်သက်လို့ ဘယ်လိုထင်ပါသလဲ။

သာမန် အကျဉ်းသားတွေနဲ့ ပတ်သက်လို့ ပြောရရင် သူတို့က အစားအသောက်နဲ့ တခြားလိုအပ်တဲ့ အသုံးအဆောင် ပစ္စည်းပစ္စယတွေရဖို့ သူတို့မိသားစုတွေအပေါ်မှာပဲ မှီခိုနေရတာ ဖြစ်ပါတယ်။ ဒါ တကယ့် ပြဿနာပါ။ တချို့ အကျဉ်းသားတွေက ဒီလို အစားအသောက်နဲ့ ပစ္စည်းတွေ ပို့ပေးမယ့် မိသားစုတွေ မရှိကြပါဘူး။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ရော ခွင့်တောင်းခဲ့ပါသေးသလား။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့ ကျနော် ခွင့်တောင်းခဲ့ပါတယ်။ ဒါပေမဲ့ အစိုးရက ကျနော့်ရဲ့ မေတ္တာရပ်ခံချက်ကို ခွင့်မပြုခဲ့ပါဘူး။ ဒါပေမဲ့ နောက်တကြိမ် ခရီးစဉ်အတွင်း ထပ်ပြီး တွေ့ခွင့်တောင်းပါဦးမယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မပေးတာ ဘာကြောင့်လို့ ထင်ပါသလဲ။

ဒီကိစ္စကို ကျနော် မပြောတတ်ပါဘူး။ ဘာ့လို့လဲဆိုတော့ အစိုးရက ဘာအကြောင်းပြချက်မှ မပေးလို့ပါပဲ။ ဒါပေမဲ့ ကျနော့် အစီရင်ခံစာထဲမှာ ဖော်ပြထားတဲ့အတိုင်းပါပဲ၊ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီး အရေးယူထားတာဟာ စည်းမဲ့ကမ်းမဲ့ အရမ်းကာရော အရေးယူထားတာ ဖြစ်ပါတယ်။ ဒါဟာ နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်တွေကို ဆန့်ကျင်နေရုံသာ မကပါဘူး၊ ပြည်တွင်း ဥပဒေကိုလည်း ဆန့်ကျင်ပြီး အရေးယူခံထားရတာ ဖြစ်ပါတယ်။ သူမဟာ လက်လွတ်စပယ် ဖမ်းဆီး ထိန်းသိမ်းခံထားရတယ် ဆိုတာကို ဒီခရီးစဉ်အတွင်း ကျနော် ရှင်းလင်း ပြောပြခဲ့ပါတယ်။ သူမဟာ ဘယ်တရားရုံးကိုမှလည်း သွားရောက် တိုင်တန်းခွင့် မရခဲ့ပါဘူး။ ဒါကြောင့် လူ့အခွင့်အရေး ကောင်စီက လူ့အခွင့်အရေး ကျွမ်းကျင်သူ တယောက်ရဲ့ လုပ်ပိုင်ခွင့်အနေနဲ့ ဒီလို လက်လွတ်စပယ် ထိန်းသိမ်းထားခြင်းကို လေ့လာ စုံစမ်းသွားမှာ ဖြစ်ပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်တွေနဲ့ တွေ့ခွင့်ရဖို့ကော ခင်ဗျား ခွင့်တောင်းခဲ့ပါသေးသလား။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အပါအဝင် တခြား နိုင်ငံရေးပါတီတွေရဲ့ ကိုယ်စားလှယ် အများအပြားနဲ့ တွေ့ခွင့်ရဖို့ ကျနော် မေတ္တာရပ်ခံခဲ့ပါတယ်။ ဒါပေမဲ့ ဒါကို ခွင့်မပြုခဲ့ပါဘူး။

အစိုးရက အကျဉ်းသား ၆ဝဝဝ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးတာနဲ့ ပတ်သက်လို့ ခင်ဗျား ဘယ်လို ထင်ပါသလဲ။ ခင်ဗျားရဲ့ ခရီးစဉ်အပြီး ဖြစ်ထွန်း တိုးတက်မှု တရပ်အဖြစ် ခင်ဗျား ရှုမြင်ပါသလား။

ဟုတ်ကဲ့၊ ကျနော့် ထောက်ခံ တင်ပြချက်တခုက ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေကို ဆက်လက်ပြီး လွှတ်ပေးနေဖို့ ဖြစ်ပါတယ်လို့ ကျနော် ထင်ပါတယ်။ ဒါကြောင့် အခုလို အစိုးရက ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူပေါင်း များစွာကို လွှတ်ပေးဖို့ ဆုံးဖြတ်လိုက်တာဟာ ကျနော့် ထောက်ခံ တင်ပြချက်ကို တစိတ်တပိုင်း ဖြည့်ဆီးပေးခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကျနော့် နောက်ဆုံးအစီရင်ခံစာထဲမှာ ယုံကြည်ချက်ကြောင့် အကျဉ်းချခံနေရသူပေါင်း ၂ဝဝဝ ကျော် ရှိတယ်လို့ ဖော်ပြထားခဲ့ပါတယ်။ အခုထိ ကျနော် သိရသလောက်၊ ကျနော်ရရှိတဲ့ သတင်း အချက်အလက်တွေအရ အကျဉ်းသား ၆ဝဝဝ ကျော် လွှတ်ရာမှာ ဒီလို အကျဉ်းသားမျိုးက ၂၄ ဦးပဲ ပါတယ်လို့ သိရပါတယ်။

လူ့အခွင့်အရေး သံတမန်တဦးအနေနဲ့ လွတ်လပ်မှု ပြဿနာကို ကျနော် ကိုင်တွယ် ဆောင်ရွက်ရပါမယ်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာ စုဝေးခွင့်၊ လွတ်လပ်စွာ နိုင်ငံရေး လုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ခွင့် စတဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကြီးမှာ ဖော်ပြထားတဲ့ လွတ်လပ်ခွင့်တွေပဲ ဖြစ်ပါတယ်။ အဲဒီလိုပဲ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေရဲ့ လွတ်လပ်ခွင့် အခွင့်အရေးတွေ ကျင့်သုံးခွင့်ရရေး အတွက်လည်း ကျနော် ကိုင်တွယ် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

လူ့အခွင့်အရေး အခြေအနေတွေ တိုးတက် ကောင်းမွန်လာရေးအတွက် မြန်မာစစ်အစိုးရကို ဘာများ အကြံပေးချင်ပါသလဲ။

ဟုတ်ကဲ့၊ ဒီအချက်ကို ခင်ဗျား ကျနော့် အစီရင်ခံစာထဲမှာ တွေ့နိုင်ပါတယ်။ ကျနော် လူ့အခွင့်အရေး ကောင်စီနဲ့ အထွေထွေ ညီလာခံကို တင်ပြထားတာပါ။ ကျနော့် အစီရင်ခံစာထဲမှာ အစိုးရအနေနဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေကို စတင်ပြီး လွှတ်ပေးသင့်တယ်လို့ တင်ပြထားပါတယ်။ ဒုတိယ အချက်အနေနဲ့ တရားစီရင်ရေး စနစ်ကို ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်သင့်တယ်လို့ ဖော်ပြထားပါတယ်။ ဘာလို့လဲဆိုတော့ အခုအခြေအနေမှာ တရားစီရင်ရေး စနစ်ဟာ လွတ်လပ်မှုလည်း မရှိ၊ ဘက်လိုက်ခြင်းလည်း မကင်းလို့ပါ။ ဒါကြောင့် တရား ဥပဒေစိုးမိုးရေးကို နိုင်ငံတွင်းမှာ ကျင့်သုံးသင့်ပါတယ်။ ဒါကြောင့် တရားစီရင်ရေး စနစ်မှာ ပြုပြင်ပြောင်းလဲမှုတွေကို အခုချက်ချင်း စလုပ်သင့်ပါတယ်။

တတိယအချက်အနေနဲ့ ဥပဒေပြုရေး ကဏ္ဍဆိုင်ရာ ကိစ္စအားလုံးကို အစိုးရအနေနဲ့ ပြန်သုံးသပ်တာ လုပ်သင့်ပါတယ်။ စတုတ္ထ အချက်အနေနဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ကို လူ့အခွင့်အရေးတွေ လေးစား လိုက်နာရေးအတွက် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို အစိုးရက စလုပ်သင့်ပါတယ်။ ကျနော် ပြောခဲ့သလိုပါပဲ၊ နိုင်ငံတွင်းက တချို့ဒေသတွေမှာ လူ့အခွင့်အရေးအတွက် အလွန် အန္တရာယ်ကြီးမားတဲ့ အခြေအနေနဲ့ ကြုံနေရပါတယ်။ တချို့သော အခြေအနေတွေမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ကိုယ်တိုင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ ပါဝင်နေနိုင်တာတွေ ရှိပါတယ်။ ဒါကြောင့် ဒီအချက်တွေကို ဆောင်ရွက်ဖို့ လိုတယ်လို့ ကျနော် ထောက်ခံ တင်ပြခဲ့ပါတယ်။

ဘယ်အချက်တွေမှာ တိုးတက်မှုတွေ ရှိတယ်လို့ မြင်ပါသလဲ။ ပထမ ခရီးစဉ်အတွင်း ထောက်ခံ တင်ပြချက်တွေထဲမှာ အစိုးရက ဘာတွေ တုံ့ပြန်ဆောင်ရွက်ထားပါသလဲ။

ကျနော် အမြဲတမ်း ပြောခဲ့သလိုပါပဲ၊ မြန်မာနိုင်ငံတွင်းမှာ လူ့အခွင့်အရေး အခြေအနေတွေဟာ တိုးတက်မှု မရှိသေးပါဘူး။ ကျနော် မြန်မာနိုင်ငံက ထွက်ခွာလာတဲ့အခါ အစိုးရက နိုင်ငံရေးအကျဉ်းသား ၂၄ ဦး အပါအဝင် အကျဉ်းသား ၆ဝဝဝ ကျော်ကို လွှတ်ပေးခဲ့ပါတယ်။ ဒါ အရေးကြီးတယ်လို့ ကျနော် ပြောပါမယ်၊ ဒါပေမဲ့ ဒါလောက်နဲ့တော့ မလုံလောက်ပါဘူး။

ကရင်ပြည်နယ် ခရီးစဉ်အတွင်း ကရင်ငြိမ်းချမ်းရေး အဖွဲ့တွေနဲ့ တွေ့ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ခင်ဗျား ကရင်အမျိုးသား အစည်းအရုံး (KNU) နဲ့ မတွေ့ခဲ့ဘူးလို့ ဆိုပါတယ်။ ဘာလို့ KNU နဲ့ မတွေ့ခဲ့တာလဲ။ ဒါမှမဟုတ် KNU နဲ့ တွေ့ဖို့ ကြိုးစားခဲ့ပါသေးသလား။

လက်နက်ကိုင် ပဋိပက္ခ ဖြစ်နေတဲ့ အခြေအနေကို သွားရောက် စူးစမ်းလေ့လာဖို့ ကျနော် ကရင်ပြည်နယ်ကို သွားရောက်ဖို့ ကြိုးစားခဲ့တယ်ဆိုတာ မှန်ပါတယ်။ ဒီခရီးစဉ်အတွင်း အစိုးရနဲ့ ငြိမ်းချမ်းရေး ရယူထားတဲ့ အဖွဲ့တွေနဲ့ပဲ ကျနော် တွေ့ခဲ့ပါတယ်။ နောက်ခရီးစဉ်အတွင်း KNU နဲ့ တွေ့ခွင့်ရအောင် ကျနော် ကြိုးစားပါမယ်။

တခြား နောက်ထပ်ပြောချင်တာများ ရှိပါသေးသလားခင်ဗျာ။

ကျနော် ပြောခဲ့သလိုပါပဲ၊ ကျနော် မြန်မာနိုင်ငံက ထွက်ခွာလာပြီးတဲ့နောက် အကျဉ်းသားတွေကို လွှတ်ဖို့ အစိုးရက ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒါနဲ့ မလုံလောက်ပါဘူး။ ကျနော်တို့ဟာ အာဆီယံ အပါအဝင် အိမ်နီးချင်း နိုင်ငံတွေ၊ အစိုးရတို့နဲ့ အတူတကွ ပူးပေါင်း ဆောင်ရွက်သင့်ပါတယ်။ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး နယ်ပယ် အားလုံးမှာ တိုးတက်မှုတွေ ရရှိဖို့ မြန်မာအစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့အတွက် အာဆီယံဟာ ဒေသတွင်း အင်အားကောင်းတဲ့ အဖွဲ့အစည်းတရပ် ဖြစ်ပါတယ်။



REF: မဇ္ဈိမ

Read More...

မြန်မာ့အရေး အမြင့်ဆုံးရောက်လုချိန် ကုလသမဂ္ဂတုန့်ဆိုင်းဆိုင်းဖြစ်နေဆဲ - လွင်အောင်စိုး

ပြီးခဲ့တဲ့ သီတင်းပတ်အဆုံးမှာတော့ နာမည်အပျက်ဆုံး အင်းစိန်အကျဉ်းထောင်အပါအ၀င် တနိုင်ငံလုံးမှာရှိ တဲ့ အကျဉ်းထောင်တွေထဲက အကျဉ်းသား ၆၃၁၃ ယောက်ကို မြန်မာအာဏာပိုင်တွေက လွတ်ငြိမ်းချမ်းသာ ခွင့်ပေးလိုက်ပါတယ်။ ဒီထဲမှာ နိုင်ငံရေးအကျဉ်းသားဘယ်နှစ်ယောက်ပါသလဲဆိုတာကိုတော့ ဘယ်သူမှ အတိအကျ မပြောနိုင်သေးပါဘူး။ ဒါပေမယ့် ရှင်းနေတာကတော့ နိုင်ငံရေးအကျဉ်းသားနှစ်ဦးဖြစ်တဲ့ အတိုက် အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးတို့ကတော့ လွတ်ငြိမ်းချမ်းသာခွင့်စာရင်းထဲမှာ ပါမလာ ခဲ့ပြန်ပါဘူး။ သူတို့နှစ်ယောက်ကို ၂၀၀၃ ခုနှစ် နှစ်လယ်ပိုင်း အစလောက်ကတည်းက နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းဆီးထိန်းသိမ်းထားတာဖြစ်ပါတယ်။

ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် ကွင်တာနာ (Tomas Ojea Quintana) က မြန်မာနိုင်ငံ ကိုမလာမီ တရက်အလို ၂၀၀၉ ဖေဖော်ဝါရီလ (၁၄) ရက်မှာ ကြိုတင်သိထားတာမရှိဘဲ ဦးတင်ဦးရဲ့ နေအိမ် အကျယ်ချုပ် ဖမ်းဆီးခံသက်တမ်းကို အာဏာပိုင်တွေက နောက်တနှစ် ထပ်တိုးလိုက်ပြန်ပါတယ်။ ဒါဟာ မြန်မာ့ဒီမိုကရေစီအရေးကို အထူးကြိုးပမ်းဆောင်ရွက်နေတဲ့ ကုလသမဂ္ဂကို စော်ကားလိုက်တာပါဘဲ။ မကျေ မနပ်ဖြစ်စရာပါ။ နောက်ဆက်လုပ်ဖို့ကိစ္စတွေလည်း တွန့်ဆုတ်သွားရသလို ဖြစ်နိုင်ပါတယ်။

နောက်ထပ်တိုက်ဆိုင်နေတာ တခုလည်း ရှိနေပြန်ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန် ဂမ်ဘာရီက မြန်မာပြည်မှာ သူဘာတွေလုပ်ခဲ့သလဲဆိုတာ လုံခြုံရေးကောင်စီကို ရှင်းပြပြီး နောက်တရက် အကြာမှာ ဦးတင်ဦးကို နေအိမ်အကျယ်ချုပ်သက်တမ်း ထပ်တိုးလိုက်တာ ဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးတာကို ကြိုဆိုရပါမယ်။ ဒါပေမယ့် ဒါမျိုးသက်သက်နဲ့တော့ မြန်မာ နိုင်ငံမှာ ပြည်သူတွေ ဒုက္ခရောက်နေတာဟာ အမြဲတမ်းဖြစ်နေမှာ မဟုတ်တော့ပါဘူးလို့ မယူဆသင့်ပါဘူး။
မြန်မာ့အရေးဟာ ပက်ကျိလိုဘဲ နှေးနှေးကွေးကွေး ဖြစ်နေပါတယ်။ နိုင်ငံတွင်းမှာ ဖြစ်လာတာတွေကို ဘာဘဲ ဖြစ်ဖြစ် အတော့်ကို ဂရုတစိုက် သတိထားပြီးကြည့်ရပါလိမ့်မယ်။

စစ်အစိုးရအုပ်စိုးတဲ့ မြန်မာပြည်ကို ဂမ်ဘာရီသွားရောက်ခဲ့တဲ့ ဒီတခေါက်မှာလည်း အရင်နောက်ဆုံးခရီးစဉ် နှစ်ခေါက်လိုဘဲ ကုလသမဂ္ဂလုံခြုံရေးကောင်စီကို ပြန်ပြောပြစြရာ များများစားစားမရှိခဲ့ပါဘူး။ လုံခြုံရေးကောင် စီက လုပ်ပေးနိုင်စရာတွေလည်း မတင်ပြနိုင်ခဲ့ပါဘူး။ ဒါကြောင့်လည်းဘဲ သူ့ကို ပြင်းပြင်းထန်ထန် ပြစ်တင်ဝေ ဖန်ခဲ့ကြပါတယ်။ ကုလသမဂ္ဂဆိုင်ရာ ပြင်သစ်သံအမတ်ကြီး Jean-Maurice Ripert က ဆိုရင် လုံခြုံရေး ကောင်စီကို ဂမ်ဘာရီသတင်းပို့တာ သိပ် သိပ်တိုးလွန်းပြီး စိတ်တိုင်းကျစရာတွေ မရှိပါဘူးလို့ ပြောယူရတဲ့ အထိပါဘဲ။

၂၀၁၀ ခုနှစ်မှာ လုပ်မယ့် မြန်မာနိုင်ငံက ရွေးကောက်ပွဲဟာ ဒီမိုကရေစီနည်းလမ်းမကျပဲနေရင်၊ ပြီးတော့ အတိုက်အခံတွေအားလုံးကလည်း မပါဝင်နိုင်ဘူးဆိုရင် အဲဒါကို တရားဝင် အသိအမှတ်မပြုဖို့ သူက ပြောပြ ပါတယ်။

ဂမ်ဘာရီ ခရီးစဉ် မအောင်မြင်တာကို ကြိုတွက်ဖို့ သိပ်အခက်အခဲ မတွေ့ခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက သူ့ကို လက်ချည်းသက်သက် မြန်မာပြည်ကို စေလွှတ်လိုက်လို့ ဖြစ်ပါတယ်။ (လုံခြုံရေးကောင်စီမှ အမှာစကားများမပါဘဲ စေလွှတ်လိုက်သည်ဟု ဆိုလိုသည်။)

ဘန်ကီမွန်းမတိုင်မီက ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟာ ကိုဖီအာနန်ဖြစ်ပြီး သူ့ရဲ့ မြန်မာ့အရေး သံတမန်ကတော့ ရာဇာလီအစ္စမေးလ်ဖြစ်ပါတယ်။ ဘန်ကီမွန်း-ဂမ်ဘာရီ အတွဲလိုဘဲ ရာဇာလီကလည်း ပေ ကပ်ကပ်နဲ့ ခေါင်းမာလှတဲ့ မြန်မာစစ်ဗိုလ်ချုပ်တွေနဲ့ တွေ့ရာမှာ ဘာမှ တိုးတက်အောင် မလုပ်နိုင်ခဲ့ပါဘူး။

ကုလသမဂ္ဂအထူးသံတမန်တွေကတော့ မြန်မာပြည်ကို သွားလိုက်လာလိုက် လုပ်နေကြတုန်းပါဘဲ။ သူတို့ ခရီးစဉ် အောင်မြင်သွားပြီလားဆိုတာ ဆုံးဖြတ်ဖို့ ကမ္ဘာကလည်း အဆင့်တခုတော့ သတ်မှတ်ထားနေကြတုန်း ပါဘဲ။ ဒေါ်အောင်ဆန်းစုကြည် ဒါမှမဟုတ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ကုလသမဂ္ဂ သံတမန်တွေက သွား ရောက်တွေ့ဆုံတဲ့ ဓာတ်ပုံတွေကို ကြည့်ပြီး အဆင့်တခုခု အောင်မြင်သွားပြီလို့ မပြောနိုင်ပါဘူး။

နိုင်ငံတကာအသိုင်းအ၀ိုင်းနဲ့ စောင့်ကြည့်နေသူတွေ ပြောနေတဲ့ "တမျိုးသားလုံးပြန်လည်သင့်မြတ်ရေး"၊ "ဒီမိုကရေစီတည်ဆောက်ရေး" ဆိုတာတွေဟာ သူ့အစီအစဉ်နဲ့သူ ဖြစ်လာမယ်ဆိုရင်တော့ သူတို့အတွက် သိပ်ကောင်းတာပေါ့။ ဒါပေမယ့် မြန်မာစစ်အစိုးရအတွက်ကတော့ ဒီကိစ္စတွေဟာ အမှန်တကယ် ဖြစ်လာမ လားဆိုတာ သိချင်နေကြတဲ့ စကားလုံးတွေပါ။

ဒီကိစ္စတွေကို မျှမျှတတကြားဝင်ဆောင်ရွက်ဖို့ ကုလသမဂ္ဂမှာ မြန်မာဗိုလ်ချုပ်တွေကို ပြစ်ဒဏ်ခတ်နိုင်စွမ်း လည်းမရှိ၊ ဆွဲဆောင်စရာ မက်လုံးလည်းမရှိ ဖြစ်နေပါတယ်။ ဒါပေမယ့် ကုလသမဂ္ဂက အကြံဉာဏ်တွေထုတ် ပေးနိုင်ပါတယ်။ အကြံဉာဏ်တွေကိုသာ လက်ခံကျင့်သုံးကြမယ်ဆိုရင် အတော်များများကိစ္စတွေမှာ အလုပ် ဖြစ်နိုင်ပါမယ်။

ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းအတော်များများမှာ ရှင်းလင်းပြတ်သားတဲ့ ရည်မှန်းချက်နဲ့ မဟာဗျူ ဟာမရှိပါဘူး။ ဒီလိုနဲ့ဘဲ မြန်မာ့အရေးကို ကြားဝင်ဖြေရှင်းပေးနေတာ အချိန်တွေတောင်လွန်နေခဲ့ရပါပြီ။

နအဖကို သဘောမကျဘူးလို့ ပြောနေရုံသက်သက်နဲ့တော့ အလုပ်မဖြစ်တော့ပါဘူး။ ဒီ့ထက်ပိုပြီးကို လုပ်ယူရ ပါတော့မယ်။ မြန်မာနိုင်ငံထဲမှာ သက်ဆိုင်သူတွေအားလုံး ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ပါဝင်နိုင်မယ့် အစီအစဉ် တခုကို ကုလသမဂ္ဂက မရေးဆွဲလို့ မဖြစ်တော့ပါဘူး။

ဆိုလိုတာကတော့ မြန်မာဗိုလ်ချုပ်တွေ ထောင်အကျခံမလား၊ ဒါမှမဟုတ် အရပ်ဘက် အစိုးရအဖွဲ့မှာ ပါဝင်မ လားဆိုတာပါဘဲ။ တခုခုကတော့ သူတို့ကိုစောင့်နေပြီလို့ ဗိုလ်ချုပ်တွေ သိထားဖို့လိုနေပါတယ်။

မြန်မာရဲ့ဒေသတွင်းနိုင်ငံတွေ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက မြန်မာ့အရေး တိုးတက်ပြောင်းလဲစေဖို့ စိတ်မပါ့ တပါနဲ့ တခါတလေ ထလုပ်တတ်တာကလည်း အချိန်တွေ သိပ်ကိုကြာလှပါပြီ။ "လမ်းပြမြေပုံ" (Road Map) ဆိုတဲ့ စကားလုံးနဲ့ "အပြုသဘောဆောင်တဲ့ ချဉ်းကပ်ညှိနှိုင်းမှု" (Constructive Engagement) ဆိုတဲ့ စကား လုံးကို မြန်မာ့အရေးမှာ သုံးစွဲနေခဲ့ကြပါတယ်။ "လမ်းပြမြေပုံ" ဆိုတာ အရှေ့အလယ်ပိုင်းပြဿနာကနေ ယူသုံးထားတဲ့ စကားလုံးပါ။ "အပြုသဘောဆောင်တဲ့ ချဉ်းကပ် ညှိနှိုင်းမှု" ဆိုတာ တောင်အာဖရိကနိုင်ငံမှာ အသားအရောင်ခွဲခြားရေး အဆုံးသတ်ရေးတုန်းက သုံးခဲ့တဲ့စကားလုံးပါ။ အရှေ့အလယ်ပိုင်းနဲ့ တောင်အာဖရိ ကမှာသုံးခဲ့တဲ့ အဲဒီစကားလုံးတွေရဲ့ တကယ့် အဓိပ္ပအမှန်ကို သဘောမပေါက်ပဲ မြန်မာ့အရေးမှာ အလွယ် တကူ ဆွဲသုံးနေကြတာဖြစ်ပါတယ်။

ထိုင်းနိုင်ငံက ဝန်ကြီးချုပ်ဟောင်း သာခ်ဆင် (Thaksin Shinawatra) က မြန်မာ့အရေးကို ဖြေရှင်းပေးမယ်ဆို ပြီး "Bangkok Process" လို့ စတန့်ထွင်လိုက်ပေမယ့် ချက်ချင်းပြုတ်ကျပြီး သူ့ကို ဝိုင်းဟားခဲ့ကြပါတယ်။ စစ် အစိုးရက သူတို့နည်းသူတို့ဟန် "လမ်းပြမြေပုံ" သုံးပြီး ဒီမိုကရေစီကို တည်ဆောက်မယ်လို့ ကြေညာလိုက် တော့ သာခ်ဆင်တို့လူသိုက်လည်း နောက်ပြန်ဆုတ်လိုက်ကြရပါတယ်။ ၂၀၁၀ ခုနှစ်ရောက်ရင်ရွေးကောက်ပွဲ လုပ်မယ်လို့ မြန်မာစစ်အစိုးရက ကြေညာလိုက်တာကြောင့် အခုအချိန်မှ အာဆီယံနဲ့ ကမ္ဘာ့အသိုင်းအဝိုင်း အတွက် တခုခုကို အလေးအနက်ထား မလုပ်ဘူးဆိုရင် အချိန်တွေ သိပ်နှောင်းသွားနိုင်ပါတယ်။

အမေရိကန်ပြည်ထောင်စု သမတသစ် အိုဘားမား (Barack Obama) ရဲ့ အဖွင့်မိန့်ခွန်းမှာ အာဏာရှင်နိုင်ငံ တွေကို အဆိုပြုသွားပါတယ်။ အာဏာရှင်တွေဘက် ဆက်ပြီး တင်းမာချင်စိတ်မရှိတော့ဘူးဆိုရင် အမေရိကန် က ပိုပြီး လက်ကမ်းဖို့ရှိလာမယ်လို့ ပြောသွားတာပါ။ ("We will extend a hand if you are willing to unclench your first.")

ဒီတော့ ဘာဖြစ်လာမလဲ။ အိုဘားမားက အာဏာရှင်နိုင်ငံတွေကို သူပြောသလို ချဉ်းကပ်တော့မှာ သေချာနေ ပါပြီ။ သူ့ချဉ်းကပ်ပုံ မှန်-မမှန် ပထမဦးဆုံး စမ်းသပ်ခံရမှာကတော့ မြန်မာ့အရေးဖြစ်နိုင်တယ်ဆိုတာက သိသာ လာနေပါတယ်။

၁၉၉၀ ဝန်းကျင်နှောင်းပိုင်းနှစ်တွေလောက်ကစပြီး အမေရိကန်က မြန်မာနိုင်ငံအပေါ် စီးပွားရေးဒဏ်ခတ်ပိတ် ဆို့မှုတွေ စလုပ်လာခဲ့တာ ခုထိပါဘဲ။ ဒါပေမယ့် ဟိုတလောက အင်ဒိုနီးရှားကို လက်ရှိ အမေရိကန်နိုင်ငံခြား ရေးဝန်ကြီး ဟီလာရီကလင်တန် လာတုန်းမှာ မြန်မာပြည်အပေါ်ထားတဲ့ အမေရိကန်ပေါ်လစီကို သုံးသပ်နေ တယ်လို့ ကြေညာသွားပါတယ်။ စီးပွားရေး ပြစ်ဒဏ်ခတ်ပိတ်ဆို့အရေးယူတာတွေကို လျှော့ပေါ့ဖို့ ဒါမှမဟုတ် အခြား သံတမန်ရေးနည်းလမ်းတွေ သုံးဖို့ကို ကလင်တန်က ငြင်းဆိုမသွားခဲ့ပါဘူး။

"သိသာတာကတော့ စီးပွားရေး ပြစ်ဒဏ်ခတ် ပိတ်ဆို့အရေးယူတာတွေကို မြန်မာစစ်အစိုးရက မဖြုံပါဘူး" လို့ ကလင်တန်က ပြောသွားပါတယ်။ ပြီးတော့ မြန်မာအိမ်နီးချင်းနိုင်ငံတွေက စစ်အစိုးရနဲ့ပေါင်းပြီး ညှိနှိုင်းတဲ့ ချဉ်းကပ်ပုံကလည်း အလုပ်မဖြစ်ခဲ့ပါဘူးလို့ ဆက်ပြောသွားပါသေးတယ်။

အိုဘားမားအရင် သမတဘွတ်ရှ် လက်ထက်မှာတုန်းက မြန်မာစစ်အစိုးရအပေါ် သဘောထားခပ်တင်းတင်း ဆက်ဆံခဲ့လို့ အတော့်ကို ချီးကျူးခံရပါတယ်။ ဒါပေမယ့် ဒီလိုလုပ်နေရုံနဲ့ စစ်အစိုးရကြောင့် ပြည်သူတွေ မလှုပ်နိုင်အောင် ဖိနှိပ်ခံနေခဲ့ရတာတွေကိုတော့ လျှော့မပစ်နိုင်ခဲ့တာက အမှန်ပါ။ ပြည်သူတွေရဲ့ စားဝတ်နေ ရေး၊ လုံခြုံရေးတွေလည်း တိုးတက်မလာခဲ့ပါဘူး။

အခုတော့ အိုဘားမား အလှည့်ရောက်ပါပြီ။ မြန်မာ့အရေးအတွက် အမေရိကန်အစိုးရဟာ သူ့ပေါ်လစီကို ပြန် သုံးသပ်ရမှာကတော့ သေချာနေပါတယ်။ ဒါပေမယ့် သမတ အိုးဘားမားဟာ သူ့ရဲ့ သမိုင်းဝင် သမတသစ် အဖွင့်မိန့်ခွန်းမှာ ပြောခဲ့တဲ့အတိုင်း လုပ်ကိုလုပ်ရပါလိမ့်မယ်။ သူပြောခဲ့တာကတော့ …..

"ခင်ဗျားတို့ ပြည်သူတွေအပေါ် ဖိနှိပ်ချုပ်ချယ်နေတာတွေကိုလျှော့လိုက်ပါတော့။ ဒါဆိုရင် ခင်ဗျားတို့ကို အမေရိကန်က ပိုပြီး လက်ကမ်းပေးလာပါမယ်။"

The Korea Herald ၏ အယ်ဒီတာ့ အာအော် "Burma nears high noon and still the UN falters" (၂၄-၂-၂၀၀၉ အင်တာနက်စာမျက်နှာ) ကို မြန်မာပြန်ဆိုထားခြင်းပါဖြစ်ပါသည်။

မူရင်း - http://www.koreaherald.co.kr/newkhsite/data/html_dir/2009/02/24/20090224002.asp
လွင်အောင်စိုး
(၂၄-၂-၂၀၀၉)



REF: Buram Digest

Read More...

နိုင်ငံရေး ပြောင်းလဲရန် အီးယူ ဥက္ကဋ္ဌက မြန်မာကို တိုက်တွန်း

မုံပီး

ဗုဒ္ဓဟူးနေ့၊ ဖေဖေါ်ဝါရီလ 25 2009

နယူးဒေလီ (မဇ္ဈိမ)။ ။ ဥရောပသမဂ္ဂ လက်ရှိ ဥက္ကဋ္ဌက အတိုက်အခံ အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ရန် မြန်မာ စစ်အစိုးရကို တိုက်တွန်းလိုက်သည်။

ထို့အပြင် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးရန်နှင့် နိုင်ငံရေးပါတီများအား ကန့်သတ် ချုပ်ချယ်ထားမှုများ ဖယ်ရှားပေးရန်လည်း တနင်္လာနေ့က ကြေညာချက်တရပ် ထုတ်ပြန်ကာ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများ အားလုံးနှင့် ထိန်းသိမ်းထားသူများကို ချက်ချင်းနှင့် ခြွင်းချက်မရှိ လွှတ်ပေးရန်၊ နိုင်ငံရေး ပါတီများအား ကန့်သတ် ချုပ်ချယ်ထားမှုများကို ဖယ်ရှားပေးရန်၊ အစိုးရ အာဏာပိုင်များနှင့် တိုင်းရင်းသားများ အပါအဝင် ဒီမိုကရေစီ အင်အားစုများအကြား အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ရန် ဥရောပသမဂ္ဂ (အီးယူ) ဥက္ကဋ္ဌက ပြင်းထန်စွာ တောင်းဆိုပါသည်” ဟု ကြေညာချက်ထဲတွင် ဖော်ပြထားသည်။

၂ဝဝ၉ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ ချက်သမ္မတနိုင်ငံက ဥရောပသမဂ္ဂ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေပြီး၊ ၂ဝဝ၉ ခုနှစ် ဒုတိယနှစ်ဝက်တွင် ဆွီဒင်နိုင်ငံသို့ လွှဲပြောင်းပေးမည်။

ချက်သည် မြန်မာ့ ဒီမိုကရေစီရေးကို ထောက်ခံခဲ့သော နိုင်ငံဖြစ်ပြီး မကြာသေးမီကလည်း မြန်မာ ဒုက္ခသည်များကို နိုင်ငံတွင်း၌ လက်ခံခဲ့သည်။

ချက် သမ္မတဟောင်း ဗားကလပ်ဟာဗဲလ် (Vaclav Havel) သည် တောင်အာဖရိက ဘုန်းတော်ကြီး ဒက်စမွန်တူးတူး (Desmond Tu Tu) နှင့်အတူ ‘ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေခြင်း’ (Threat to Peace) ဆိုသည့် အစီရင်ခံစာ တစောင်ကို ပူးတွဲရေးသား၍ ၂ဝဝ၅ ခုနှစ် စက်တင်ဘာလက ထုတ်ဝေဖြန့်ချိခဲ့ကာ မြန်မာစစ်အစိုးရအပေါ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဆုံးဖြတ်ချက်တရပ် ချမှတ် အရေးယူပေးရန် တောင်းဆိုခဲ့သည်။

ကုလအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး မစ္စတာဂမ်ဘာရီ ထုတ်ဖော်ပြောကြားခဲ့သည့် ‘နိုင်ငံတကာ အသိုင်းအဝိုင်းက စိုးရိမ်ပူပန်လျက်ရှိသော ပြဿနာများကို တိတိကျကျ၊ ခိုင်ခိုင်မာမာ ကိုင်တွယ်ဖြေရှင်းရန်’ မိမိ၏ ကတိကဝတ်ကို မြန်မာနိုင်ငံက ပြသရမည့်အချိန် ရောက်ပြီဟူသော အမြင်ကိုလည်း အီးယူ ဥက္ကဋ္ဌက သဘောတူသည်။

အီးယူသည် ၁၉၉၆ ခုနှစ်မှ စတင်၍ မြန်မာနိုင်ငံအပေါ် ဘုံသဘောထားတရပ် ချမှတ် အရေးယူခဲ့ရာ စီးပွားရေး ပိတ်ဆို့မှုများ၊ လက်နက်တင်ပို့မှု တားမြစ် ကန့်သတ်မှုများ၊ မြန်မာ စစ်အရာရှိကြီးများနှင့် သူတို့၏ မိသားစုဝင်များအား ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်ခြင်း စသည်တို့ ပါဝင်သည့် ပိတ်ဆို့ အရေးယူမှုများ ပြုလုပ်ထားခဲ့သည်။

ဤ ဘုံသဘောထား ရပ်တည်ချက်တွင် အီးယူ အဖွဲ့ဝင်နိုင်ငံများမှ အဆင့်မြင့် ခေါင်းဆောင်များ မြန်မာနိုင်ငံသို့ သွားရောက် လည်ပတ်ခြင်းကိုလည်း တားမြစ် ပိတ်ပင်ထားသည်။

သံဃာတော်များ ဦးဆောင်သည့် ဆန္ဒပြပွဲများကို ၂ဝဝ၇ ခုနှစ် စက်တင်ဘာလအတွင်းက မြန်မာစစ်အစိုးရက နှိမ်နင်းခဲ့အပြီး။ မြန်မာနိုင်ငံအပေါ် ပိုမိုတင်းကျပ်သော ပိတ်ဆို့အရေးယူမှုများကို အီးယူက ပြုလုပ်ခဲ့သည်။

သို့သော် နာဂစ်ဆိုင်ကလုံးမုန်တိုင်း တိုက်ခတ်အပြီး ပေါ်ပေါက်လာခဲ့သော လူသားချင်း စာနာမှု အကျပ်အတည်းကို တုံ့ပြန်ကူညီသည့်အနေနှင့် ယူရိုငွေ ၃၉ သန်း (အမေရိကန်ဒေါ်လာ သန်း ၅ဝ) တန်ဖိုးမျှရှိသည့် ကနဦး နာလန်ထူရေး စီမံကိန်းအတွက် အီးယူက မြန်မာနိုင်ငံကို ပေးအပ်ကူညီခဲ့သည်။

ယခု ရက်သတ္တပတ်ကုန်ပိုင်းတွင် ဂျာမဏီနိုင်ငံ ပါလီမန် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးရေးရေးရာ ကော်မတီဝင်များ ဖြစ်ကြသော Jürgen Klimke နှင့် Hellmut Königshaus သည် နာဂစ်မုန်တိုင်းဒဏ် ခံခဲ့ရသည့် ဧရာဝတီ မြစ်ဝကျွန်းပေါ်သို့ သွားရောက်ကာ မြန်မာစစ်အစိုးရ၊ အာဆီယံနိုင်ငံများအသင်း၊ ကုလသမဂ္ဂတို့ ပူးပေါင်း ဖွဲ့စည်းထားသည့် သုံးပွင့်ဆိုင် ဗဟိုအဖွဲ့ (TCG) က လုပ်ကိုင်နေသည့် နာလန်ထူရေး စီမံကိန်းများကို လိုက်လံ စစ်ဆေးခဲ့သည်။

ဤခရီးစဉ်သည် အီးယူ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့၏ ဒုတိယအကြိမ် ခရီးစဉ်ဖြစ်ပြီး၊ ပြီးခဲ့သောလက နော်ဝေနိုင်ငံ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် နိုင်ငံတကာ ဖွံ့ဖြိုးရေးဝန်ကြီး Erik Solheim နှင့် ဒိန်းမတ်နိုင်ငံ ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်မှု ဝန်ကြီး Ulla Toernaes တို့သည် မြစ်ဝကျွန်းပေါ်သို့ သွားရောက်ကာ နာဂစ်လွန်ကာလ တုံ့ပြန်ဆောင်ရွက်မှုများ၏ တိုးတက်မှုကို စစ်ဆေးအကဲဖြတ်ရန်နှင့် နာလန်ထူရေးအတွက် အနာဂတ်တွင် လိုအပ်ချက်များကို သိရှိနိုင်ရန် စစ်ဆေးခဲ့သေးသည်။



REF: မဇ္ဈိမ

Read More...

အာဆီယံစည်းဝေးတွင် မြန်မာ့အရေးများ ဆွေးနွေးမည်

ဖနိဒါ

ဗုဒ္ဓဟူးနေ့၊ ဖေဖေါ်ဝါရီလ 25 2009

ချင်းမိုင်(မဇ္ဈိမ)။ ။ အာဆီယံ ခေါ် အရှေ့တောင်အာရှ နိုင်ငံများအသင်း၏ ၁၄ ကြိမ်မြောက် အစည်းအဝေးကို ထိုင်းနိုင်ငံတောင်ပိုင်း၌ ယခုလကုန်ပိုင်းတွင် ကျင်းပသည့်အခါ လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေ အပါအ၀င် မြန်မာရေးရာ ကိစ္စရပ်များ ထည့်သွင်း ဆွေးနွေးမည်ဟု သိရသည်။

အစည်းအဝေးကို ယခုလ ၂၇ ရက်မှ မတ်လ ၁ နေ့အထိ ဘန်ကောက်မြို့မှ ကီလိုမီတာ ၁၅ဝ ခန့် ကွာဝေးသော ဟွေဟင် Hua Hin ကမ်းခြေ၌ ကျင်းပသည့်အခါ မျက်မှောက် မြန်မာ့နိုင်ငံရေး၊ နိုင်ငံရေး အကျဉ်းသားများ အရေးနှင့် လှေစီးဒုက္ခသည် ရိုဟင်ဂျာ အရေးများ ပါဝင်ထည့်သွင်း ဆွေးနွေးနိုင်ကြောင်း သိရသည်။

“နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး၊ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီ မကြာခင်က မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့အပေါ် ဆွေးနွေးမှုတွေ၊ ရိုဟင်ဂျာကိစ္စ၊ ၂ဝ၁ဝ ရွေးကောက်ပွဲကိုတော့ အဓိက ပါဝင် ဆွေးနွေးနိုင်မယ်" ဟု ထိုင်းနိုင်ငံတွင် အခြေစိုက်ပြီး မြန်မာနိုင်ငံအတွက် အခြားဖွံ့ဖြိုးရေး နည်းလမ်းများ ရှာဖွေရေး စီမံကိန်းအဖွဲ့မှ မခင်ဥမ္မာက မဇ္ဈိမကို ပြောသည်။

“နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးဆိုရင် အာဆီယံက charter ကလည်း အသက်ဝင်နေတဲ့ အချိန်ဆိုတော့ ဆက်ပြီး ဆွေးနွေးမယ်လို့ ထင်တယ်လေ။ အဲဒီ charter အရဆိုရင် မြန်မာပြည် ကိစ္စတွေကို စားပွဲပေါ်တင်ပြီး ဆွေးနွေးရမယ့် အဆင့်ရောက်နေပြီ။ ဒေသတွင်းမှာ လူ့အခွင့်အရေး ကော်မရှင်ဖွဲ့ဖို့ လုပ်နေတဲ့အချိန်လည်း ဖြစ်တယ်။ အရင်ကထက်စာရင် နအဖက အတွင်းရေးကိစ္စကို ဘယ်လောက်ထိ ပြောမယ်ဆိုတာ မသိသေးဘူး။ သေချာပေါက်က ၂ဝ၁ဝ ရွေးကောက်ပွဲ အတွက်တော့ ပါမှာပဲ” ဟု သူက ဆက်ပြောသည်။

မြန်မာ့အရေးနှင့် ရိုဟင်ဂျာများအရေး အဓိကထား ဆွေးနွေးမည်ဟု ယမန်နေ့ထုတ် ထိုင်းသတင်းစာ ဘန်ကောက်ပို့စ်တွင် ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနမှ အာဆီယံဆိုင်ရာဌာန ညွှန်ချုပ် Vitavas Srivihok ကလည်း ပြောဆိုထားသည်။

သူက “မြန်မာပြည် ဒီမိုကရေစီအရေးနဲ့ လှေစီး ရိုဟင်ဂျာအရေးဟာ ဒေသတွင်းနိုင်ငံ အတော်များများနဲ့ ပတ်သက်နေလို့ အဓိက တခုအနေနဲ့ ဆွေးနွေးမယ်။ ဒါ့အပြင် လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ကနေ အာဆီယံ နိုင်ငံ အတော်များများမှာ လူ့အခွင့်အရေး ချိုးဖောက်မှု ပြဿနာတွေနဲ့ ရင်ဆိုင်နေရတဲ့အတွက် အဲဒါတွေ အဓိကထားပြီး ဆွေးနွေးမယ်” ဟု ယခုလ ၂၃ ရက်နေ့က သတင်းဌာနများကို ပြောကြားခဲ့သည်။

ပြီးခဲ့သည့်လအတွင်း ထိုင်းနိုင်ငံတောင်ပိုင်းတွင် ဖမ်းဆီးမိခဲ့သည့် မြန်မာနိုင်ငံသား ရိုဟင်ဂျာ ဦးရေ ၄ဝဝ ခန့်အား ကမ်းစပ်တွင် ထိုင်းစစ်တပ်က ဝမ်းလျားမှောက်ခိုင်းကာ လက်များကို ခေါင်းပေါ်တင်ထားစေပြီး သေနတ်ဖြင့် ချိန်၍ နိုင်ငံတကာ ရေပိုင်နက်အတွင်း အင်ဂျင်မပါသော စက်လှေဖြင့် မောင်းထုတ်သဖြင့် သေဆုံးသူ အနည်းဆုံး ၄ ဦး ရှိပြီး၊ ၃ဝဝ ခန့် ပျောက်ဆုံးကြောင်း နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့များက ပြောဆိုခဲ့ကြသည်။

ထို့နောက် အင်ဒိုနီးရှားနိုင်ငံ ဆဘန်ကျွန်းတွင် လှေစီးပြေး ရိုဟင်ဂျာ ၄ဝဝ ကျော်ကို ကယ်ဆယ်ခဲ့ရပြီး အိန္ဒိယနိုင်ငံ အန်ဒမန်ကျွန်းတွင်လည်း ရာနှင့်ချီ၍ ကယ်ခဲ့ရသည်ဟု သိရသည်။

ရိုဟင်ဂျာများကို ထိုင်းရေတပ်က လူမဆန်စွာ ပြုမူသည့် ကိစ္စနှင့် ပတ်သက်၍ စုံစမ်းဖော်ထုတ်သွားမည်ဟု ထိုင်း ဝန်ကြီးချုပ် အဖိဆစ် ဝေ့ခ်ျချာချီဝက လူ့အခွင့်အရေး အဖွဲ့များအား ပြောဆိုခဲ့သည်။

ရိုဟင်ဂျာများက မိမိတို့သည် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ လာသည်ဟု ပြောဆိုရာ၊ မြန်မာစစ်အစိုးရကမူ မြန်မာပြည်တွင် ရိုဟင်ဂျာလူမျိုး ဟူ၍ မရှိကြောင်း ယတိပြတ် ငြင်းပယ်မှုများ ဖြစ်ပွားခဲ့သည်။

ထိုင်းအစိုးရ အရာရှိတဦးက ယခုလ ၂၇ ရက်နေ့မှ လာမည့် မတ်လ ၁ ရက်နေ့အထိ ထိုင်းနိုင်ငံတွင် ကျင်းပမည့် အာဆီယံ အစည်းအဝေးတွင် ရိုဟင်ဂျာ ကိစ္စကို တင်ပြသွားမည်ဟု ယခင် မဇ္ဈိမသတင်းတရပ်တွင် ဖော်ပြခဲ့သည်။

"အာဆီယံ အစည်းအဝေးမှာ ရိုဟင်ဂျာကိစ္စ တင်ပြဆွေးနွေးသွားဖို့ ကျနော်တို့ သင့်တော်လျောက်ပတ်တဲ့ နည်းလမ်း ရှာနေတယ်" ဟု သူက ပြောခဲ့သည်။

ထိုင်းနိုင်ငံ ဝန်ကြီးချုပ် အဖိဆစ် ဝေ့ခ်ျချာချီဝ၏ ဖိတ်ကြားချက်အရ မြန်မာဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး သိန်းစိန်သည် အာဆီယံထိပ်သီး အစည်းအဝေးသို့ တက်ရောက်မည်ဟု ယမန်နေ့ထုတ် စစ်အစိုးရ အာဘော် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံတွင် မတည်မငြိမ် ဖြစ်ခဲ့သော ပြည်တွင်းနိုင်ငံရေးကြောင့် အာဆီယံ အစည်းအဝေး ကျင်းပရန် နေရာပြောင်းလဲ စီစဉ်ခဲ့သည်မှာ ယခုနှင့်ဆိုလျှင် ၄ နေရာမြောက်ဖြစ်သည်။

ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက အစည်းအဝေးကို ဘန်ကောက်မြို့၌ ကျင်းပရန် စီစဉ်ခဲ့သော်လည်း ပြုတ်ကျသွားသော ယခင် ၀န်ကြီးချုပ်ဟောင်း ထပ်ဆင် ရှင်နာဝပ်ကို ထောက်ခံသော ပြည်သူ့စွမ်းအားပါတီ People Power Party ကို ဆန့်ကျင်သည့် PAD များက ဆန္ဒပြမှုကြောင့် နိုင်ငံမြောက်ပိုင်း ချင်းမိုင်သို့ ပြောင်းရွှေ့ကျင်းပရန် စီစဉ်ခဲ့သည်။

အာဆီယံ နှစ်ပတ်လည် အစည်းအဝေးတွင် အာဏာရှင် ဆန့်ကျင်သည့် ညီညွတ်သော ဒီမိုကရေစီ အင်အားစုများ United Front of Democracy against Dictatorship - UDD က အာဆီယံ အစည်းအဝေးကို အဟန့်အတား ဖြစ်စေမည်ကို စိုးရိမ်၍ ပြောင်းရွှေ့ရကြောင်း ဝန်ကြီးချုပ် အဖိဆစ် ဝေ့ခ်ျချာချီဝ Abhisit Vejjajiva က သတင်းထောက်များကို ပြီးခဲ့သည့်လ ၇ ရက်နေ့က ပြောကြားခဲ့သည်။

အာဆီယံကို ၁၉၆၇ ခုနှစ် သြဂုတ်လ ၈ ရက်နေ့တွင် အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်္ကာပူနှင့် ထိုင်းနိုင်ငံက စတင် တည်ထောင်ခဲ့သည်။ နောက်ပိုင်းတွင် မြန်မာ၊ ဘရူနိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့ ပါဝင်လာခဲ့သည်။



REF: မဇ္ဈိမ

Read More...

အပေါ်သို့