Friday, July 13, 2012

စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၊ အင်တိုင်းလေးအုပ်စု၊ ရွာသစ်ကုန်းကျေးရွာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖွင့်ပွဲ အခမ်းအနားအား ကြံ့ဖွံ့ပါတီဝင်များ နှောင့်ယှက်...

July 13, 2012

ဇူလိုင်လ ၈ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၊ အင်တိုင်းလေးအုပ်စု၊ ရွာသစ်ကုန်းကျေးရွာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဆိုင်းဘုတ်တင် ရုံးခန်းဖွင့်ပွဲ ကျင်းပပြုလုပ်ရာ အခမ်းအနားအား ပြည်ခိုင်ဖြိုးပါတီမှ ကျေးရွာ လုပ်အားပေး နေတဲ့အကြောင်း ဟွန်း (လော်စ ပီကာ) ဖွင့်ပြီး ဟောပြောပွဲ ပြုလုပ်မရစေရန် နှောင့်ယှက်ခဲ့ပါသည်။ အဆိုပါ နှောင့်ယှက်မည့် သူများထဲတွင် ပြည်ခိုင် ဖြိုးပါတီမှ နယ်မြေ စည်းရုံးရေးမှူး ပါဝင်နေသည်ဟု သိရှိရသဖြင့် (၇.၇.၂၀၁၂)နေ့က မနှောင့်ယှက်ပါရန် ပြည်ခိုင်ဖြိုး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဦးအောင်မျိုးငြိမ်းနှင့် တွေ့ဆုံဆွေးနွေးခဲ့ရာတွင် ၎င်းမှ မနှောင့်ယှက်ရန် ပြောထားမည်ဟု ကတိပေးခဲ့ သော်လည်း လက်တွေ့မှာတော့ နှောင့်ယှက်ခဲ့ခြင်း ဖြစ်ပါသည်။

ထိုသို့ နှောင့်ယှက် ဟန့်တားခြင်း ပြုရန်အတွက် အင်တိုင်းလေးကျေးရွာအုပ်စု ရွာသစ်ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကြည်စိုး (ဘ)ဦးသောင်း ထံသို့ ကြံ့ခိုင်ရေးပါတီမှ ကိုတင်မြင့်(ဘ) ဦးမြငြိမ်းနှင့် ကိုမောင်ဝင်း(ဘ) ဦးခင်မောင်တို့နှစ်ဦးမှ စက်ဖွင့်ခွင့်အတွက် သွားရောက်တောင်းခံရာ အချိန်(၁)နာရီသာ ဖွင့်ခွင့်ပြုခဲ့သည်ဟု သိရပါသည်။

အမျိုသားဒီမိုကရေစီအဖွဲ့ချုပ် ဆိုင်းဘုတ်တင်ပွဲနေ့တွင် ကြံခိုင်ရေးပါတီမှ အသံချဲ့စက်ဖြင့် ကျေးရွာလုပ်အားပေး နေတဲ့အကြောင်း ပြောနေပါသဖြင့် ခရိုင်ရဲမှူးကြီး ဦးမြင့်ထူးထံသို့ တိုင်ကြားခဲ့ပါသည်။ ထိုအခါ ရဲမှူးကြီးမှ မိမိသည် ကသာဘက်တွင် ခရီးလွန်နေသည်က တစ်ကြောင်း၊ မှုခင်းမဟုတ်သဖြင့် ကော်မရှင်သို့သာ ဆက်လက်တိုင်ကြားရန်လပြောကြားခဲ့ပါသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ခင်ဦးမြို့မှ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ကော်မရှင်ဥက္ကဌထံသို့ တိုင်ကြားသော်လည်း အကြောင်းမထူး သဖြင့် ခရိုင်ကော်မရှင်အုပ်ချုပ်ရေးမှူး ဦးလှဦးထံသို့ ထပ်မံတိုင်ကြား ခဲ့ပါသည်။ အဆိုပါ နှောင့်ယှက်မှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး ခင်ဦး မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ သက်ဆိုင်ရာကော်မရှင် အဆင့်ဆင့်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးသို့ ဆက်လက် တင်ပြသွားမည်ဟု သိရပါသည်။
ကျွန်ုပ်တို့ ဖြစ်လိုသည်မှာ အထက်တွင် မည်မျှပူးပေါင်း ဆောင်ရွက်နေသည် ဆိာသော်လည်း အောက်ခြေအဆင့် ရပ်ကျေး၊ ရွာများတွင် ကြံ့ခိုင်ရေးပါတီဝင်များ၏ ယခုကဲ့သို့ မလိုလားအပ်သော လုပ်ရပ်များကြောင့် သမ္မတကြီးဦးသိန်းစိန်၊ လွှတ်တော်ဥက္ကဌကြီး ဦးသူရ ရွှေမန်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ ဖော်ဆောင်နေသော ဒီမိုကရေစီလမ်းစဉ် ပျောက်ဆုံးမည်ကို တွေးကြောက်မိပါသည်။ သို့ဖြစ်ပါသဖြင့် သမ္မတကြီးတို့မှ ယခုကဲ့သို့သော နှောင့်ယှက်မှုမျိုး မဖြစ်ပေါ်စေရန် အောက်ခြေ အဆင့်ဆင့်သို့ ညွှန်ကြားလွှာများဖြင့် တားမြစ်ပေးသင့်ပါကြောင်း အသိပေးအပ်ပါသည်။


Ref: ဒီမိုဝေယံ

Read More...

ပန်းတောင်းမြို့နယ် တောင်သူလယ်သမား အရေးနှင့် ပတ်သက်၍ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများသို့ အရေးပေါ် ထုတ်ပြန်ကြေငြာချက် ....

July 13, 201



Ref: ဒီမိုဝေယံ

Read More...

Rakhine – ရခိုင်ပြည်နယ်အရေး အင်န်ဂျီအိုများ မစွက်ဖက်ရန် ဥရောပမြန်မာများ ထုတ်ပြန်

ဇူလိုင် ၁၃၊ ၂၀၁၂

လက်ရှိ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော နယ်စပ်ဒေသ အဓိကရုဏ်းတွင် အင်န်ဂျီအိုအဖွဲ့ ၃၁က အညင်းပွားနေသော ဘင်္ဂါလီ လူမျိုးစုများများအပေါ် သဘောထားထုတ်ပြန်ခြင်းကို ကန့်ကွက်ကြောင်း ဥရောပရောက် မြန်မာများက ထုတ်ပြန်လိုက်သည်။

သူတို့ထုတ်ပြန်ချက်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

NGOs ၃၁ ဖွဲ့၏ မြန်မာ လ.၀.က ဥပဒေပြင်ဆင်ဖို့ တောင်းဆိုသည်ကို တုန့်ပြန်ချက်။

နိုင်ငံရပ်ခြားမှာ ဆယ်စုနှစ် ၂ စုကျော်ကျော် နေထိုင်ခဲ့တဲ့ မြန်မာ့နိုင်ငံရေးလှုပ်ရှားသူများ အနေဖြင့် လူနည်းစု ပြဿနာကို အလေး အနက်ထားရှိပါသည်။ ပထမဆုံး ပြောလိုသည်မှာ မကြာခင်က ဖြစ်ပွားခဲ့သည့် ရခိုင်အရေး အခင်းကိစ္စသည် ၂ ဦး ၂ ဖက်မှ ရာဇ၀တ်မှု့ ကျူးလွန်ခဲ့ကြသည်သာဖြစ်ပြီး လူမျိုးရေး ၊ ဘာသာရေးအပေါ်မှာ အခြေမခံပါ။ ဥပဒေမဲ့မှု့၊ လာဒ်စားမှု့တို့ကို ကျင့်သုံးခဲ့သည့် နှစ်ပေါင်း များစွာ အုပ်ချုပ်လာသည့် စစ်အုပ်ချုပ်ရေးအပေါ်မှာသာ တာဝန်ရှိပါသည်။

(၃၁) ဖွဲ့သော နိုင်ငံခြား NGOs အုပ်စုအတွက် မေးခွန်းကတော့ ၈၀ ရာခိုင်နှုန်း နေရာယူထားသည့် စစ်တပ်နှင့် ၄င်း၏မိတ်ဆွေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက NGOs များ၏ အဆိုပြုချက်ကို နားထောင်လက်ခံ ပါ့မလား?? နားထောင်မှာ မဟုတ်သာ သေချာသည်။ အဲ့ဒါကိုလည်း NGOs အသိပင်။ ဒီ (၃၁) ဖွဲ့သော NGO အုပ်စုက လွှတ်တော်ထဲမှာ ၂၀ ရာခိုင်နှုန်းသာရှိသည့် အတိုက်အခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များကို ဒီကိစ္စနှင့်ပတ်သက်ပြီး တွန်းအားပေးနိုင်မည်လို့ယူဆလျှင် ဒီ NGOs တွေမှာ တစ်ခုခုတော့ မှားနေပြီဆိုတာကို ထောက်ပြချင်ပါတယ်။ အကယ်၍ မြန်မာနိုင်ငံတွင် ကောင်းမွန်စွာဒီမိုကရေစီ ဖွံ့ဖြိုးသော နိုင်ငံဖြစ်နေပြီဆိုကြပါစို့ မြန်မာနိုင်ငံထဲမှာရှိတဲ့ ဥပဒေပြုသူများသည် ၄င်းတို့ မဲဆန္ဒရှင်များ၏စကားကို နားထောင်ရမည်လော သို့မဟုတ် တိုင်းတပါးက NGOs အုပ်စု၏စကားကို နားထောင်ရမည်လော ဆိုသည်မှာ စဉ်းစားရန်ရှိသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဆိုသည်မှာ သူရဲ့မူလအဓိပ္ပာယ်အရ ပြည်သူလူထု၏ ဆန္ဒကို ပြည်သူလူထု ကိုယ်စား အကောင် အထည်ဖော်ရန် တာဝန်ရှိသူများသည်ဖြစ်သည်။ ဤအချက်ကို NGOs များအနေဖြင့် သိရှိပြီးသားဖြစ်ပါလိမ့်မည်။ နောက်တချက်ကတော့ ပါလီမာန်အနေဖြင့် လ.၀.က ပြန်လည်ပြုပြင်ရေးဆိုင်ရာ ဥပဒေကိစ္စကို ဆွေးနွေးမည် မဆွေးနွေးမည်ကို မသိရသေးဘဲ ဒီဥပဒေဟာ ဘာတွေထည့်ဆွေးနွေးမည်ဆို တာကို အကြံပေးတာ ပညာရှိမဆန်ပါ။ လက်တွေ့မှာတော့ မြန်မာနိုင်ငံ၏ ၂၀၀၈ အခြေခံဥပဒေသည် မည်သည့်လူနည်းစု၊ လူမျိုးစု ဤအခွင့်အရေးများကိုမှ အာမ မခံပါ။

အကယ်၍ ဤ NGOs များအနေဖြင့် သူတပါးတိုင်းပြည်များ၏ ဥပဒေပြုလုပ်ငန်းစဉ်များတွင် ပါဝင်စွက်ဖက်ရန် တာဝန်ရှိသည်ဟု ယူဆ ပါက၊ ၎င်းတို့အနေဖြင့် မိမိတို့နေထိုင်သော တိုင်းပြည်အသီးသီးတွင် ဥပဒေပြုလုပ်ငန်းစဉ်များ၌ မည်မျှပါဝင်ပတ်သက် ခဲ့ဖူးပါသလည်း။ မိမိကိုယ် မိမိ မေးခွန်းထုတ်ရန်ရှိသည်။ ပိုမိုဆိုးရွားသည်မှာ မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂ ပဋိညာဉ်အတိုင်း လ.၀.က ဥပဒေကို ပြုပြင်ပြောင်းလဲရမည့်အချက်ဖြစ်သည်။ မည်သည့်အစိုးရနိုင်ငံများမှ ကုလသမဂ္ဂ ပဋိညာဉ်အတိုင်း အကောင်အထည်ဖော် လုပ် ဆောင် ခြင်းမရှိသည်ကို သတိပြုသင့်သည်။

ဥပမာအားဖြင့် ကုလသမဂ္ဂအင်အားကြီး နိုင်ငံများသည် R2P (Responsible 2 Protect) ဟု ခေါ်သော စစ်ရေးအရ ၀င်ရောက်ဖြေ ရှင်း ခွင့် ဥပဒေကို အသုံးချပြီး Libya နိုင်ငံကို ကျူးကြော်သိမ်းပိုက်ခဲ့သော်လည်း လက်ရှိ Syria နိုင်ငံ၏ ပြဿနာတွင် ဤဥပဒေ အကြောင်း ကို ထည့်တွင်း စဉ်းစားခြင်းမရှိပါ။ အကယ်၍ ဥပဒေ တစ်ရပ်သည် နိုင်ငံတကားအဆင့်ဖြင့် သက်ရောက်ရှိရမည်ဟု ယူဆပါက ဤ NGOs များအနေဖြင့် ကုလသမဂ္ဂကို မေးခွန်းထုတ်သင့်ပါသည်။ ထုတ်ကော ထုတ်ဖူးပါသလား??

ဤနေရာမှာ ကျွန်ုပ်တို့ ပြောလိုသည့်အချက်မှာ ကမ္ဘာမှာ ပြီးပြည့်စုံသည့် ဥပဒေမရှိပါ။ သို့သော်လည်း ဥပဒေတိုင်းသည် မိမိနိုင်ငံ၏ နိုင်ငံသား အခွင့်အရေးများကို ကာကွယ် စောင့်ရှောက်ရမည်သာဖြစ်သည်။

နောက်ထပ်ဥပမာ တစ်ခုကတော့ ကမ္ဘာ့အင်းအားအကြီးဆုံး၊ ဒီမိုကရေစီ အထွန်းကားဆုံး အမေရီကန်နိုင်ငံမှ ယနေ့ထုတ်ပြန်ထားသော အမျိုးသားကာကွယ်စောင့်ရှောက်ရေး ဥပဒေ (NDAA, National Defense Authorization Acts) နှင့် တိုင်းတပါးသား မွတ်စလင်များကို ဥပဒေမဲ့ ဖမ်းဆီးချုပ်နှောင်ထားသော Guatanamo အကျဉ်းထောင် ကိစ္စတို့ဖြစ်ပြီး။ အမျိုးသားကာကွယ်စောင့်ရှောက်ရေးဥပဒေသည် အမေရီကန်နိုင်ငံ၏ အဖွဲ့အစည်း အုပ်ချုပ်ရေးဥပဒေကို ဆန့်ကျင်ပြီး၊ Guatanamo အကျဉ်းထောင်သည် နိုင်ငံတကာဥပဒေကို ချိုး ဖောက်ရာရောက်သည်ကို ဤ NGOs များအနေဖြင့် သိပါသလား။

သိသည်ဆိုပါက NGOs များအနေဖြင့် ဥပဒေမူကြမ်းများ အကြံပြုချက်များ အမေရီကန်အစိုးရကို ပေးပို့ခဲ့ဖူးပါသလား။ အမေရီကန် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မိမိနိုင်ငံ၏ အကျိုးစီးပွားထက် တိုင်းတပါး NGOs များ၏ အကြံဥာဏ်ကို လက်ခံလိမ့်မည်ဟု ကျွန်ုပ်တို့အနေဖြင့် မယူဆပါ။

နောက်ဆုံးပြောချင်တာကတော့ မြန်မာနိုင်ငံသားများ၏ ဆန္ဒကို မလေ့လာပဲ ဤ NGOs များအနေဖြင့် မိမိတို့ ထင်ရာ မြင်ရာများကို မြန်မာနိုင်ငံ၏ သဘာဝ အခြေအနေကို မလေ့လာဘဲ ၀င်ရောက်စွက်ဖက်နေပါက မိမိတို့၏၊ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေး ကူညီ ဆောင်ရွက်မှုများသည် အလဟဿ ဖြစ်နေမည်သာ ဖြစ်ကြောင်း ကျွန်ုပ်တို့အနေဖြင့် သတိပေးလိုက်သည်။

အလုပ်အမှုဆောင်ဗဟိုကော်မတီ

အလုပ်အမှုဆောင်ကော်မတီအဖွဲ့ ဝင်များ

Central Working Committee Working Committee

1. U Aung Than Oo (Germany) 1. Dr. Moe Moe Hnin (Belgium)

atoburma@web.de naga@fulladsl.be

2. U Hla Myint Naing (The Netherlands) 2. U Nai Htor Oo (Denmark)

hlamyingtnaing@yahoo.com htoroo@gmail.com

3. U Htay Tint (The Netherlands) 3.U Htin Kyaw Lwin (France)

htaytint@hotmail.com htinkyaw9954@hotmail.com

4. U Kyaw Thwin (Norway) 4. U Ko Htwe ( France )

kyawthwin2004@yahoo.com letkhine@gmail.com

5. Dr. Than Htike(Poland) 5. Ashin Zawana

htikemaungthan@gmail.com (The Netherlands)

mymmom2@gmail.com

6. U Maung Maung Aung (UK) 6. U Moe Kyaw (The Netherlands)

maungmaungag@gmail.com winmoekyaw@yahoo.com

7. Daw Ohnmar Oo (UK) 7. U Myat Thiha (The Netherlands)

shinminoo@gmail.com myatthiha101@yahoo.co.uk

8. Sai Mya Han

(The Netherlands)

nationsai@gmail.com

9. Set Myo Oo (The Netherlands)

Setmyo.oo@gmail.com

10. U Kyaw Thu King (Norway)

chitsayar18@yahoo.com

11. Ko Thant Zin Htike (UK)

tzhtike2004@gmail.com

12. Mr L Goon Tawng ( UK)

lgoontawng@yahoo.co.uk

13. Mr Chris (alias)

Ring Du Lachyung (UK)

rdlachyung@gmail.com

14. U Hla Win ( Maesod )

kolawin@gmail.com

Contect person

U Htay Tint (The Netherlands) +31206403687 +31 6 8151 9399

htaytintnl@gmail.com

Daw Ohnmar Oo (UK) +447727236419

shinminoo@gmail.com

Ref: မိုးမခ

Read More...

ချင်းအမျိုးသမီးတဦးအား ကိုယ်ထိလက်ရောက် စော်ကားသော စရဖ ကို အမှု တိုင်ချက်ဖွင့်

July 13th, 2012

ချင်းပြည်နယ် တီးတိန်မြို့ပေါ်ရှိ ၅၂၈ စားသောက်ဆိုင်ပိုင်ရှင် မမာမာန်းအား လည်ပင်းညှစ်ကာ ထိုး နှက်ခဲ့သူ စစ်ဘက် ရေးရာ လုံခြုံ ရေး(စရဖ) ရဲဘော် တပ်ကြပ် ဇင်ထွေး ကို သက်ဆိုင်ရာ အာဏာပိုင် များထံ မနေ့က အမှုဖွင့်တိုင်ကြားလိုက် သည်ဟုသိရသည်။

တီးတိန်မြို့အခြေစိုက် စရဖ ရဲဘော် ဇင်ထွေးဆိုသူသည် ဇွန်လ ၂၉ ရက်နေ့က ၅၂၈ စားသောက်ဆိုင် တွင် အကျွေးနဲ့ အရက် ၀ယ်ယူရန် သွားရောက်ကာ ဆိုင်ရှင်က အကြွေးဖြင့် မရောင်းကြောင်း ပြောခဲ့ ရာမှ စကားများကာ ဆိုင်ရှင်အမျိုးသမီးကို လည်ပင်းညှစ်ပြီး ဦးခေါင်း ကို ထိုးနှက်ခဲ့ခြင်းဖြစ်သည်။

ယင်းကိစ္စကို အထက်အရာရှိများမှ အရေးယူပေးရန် ကာယကံရှင်အမျိုးသမီးက တပ်မတော် ကာကွယ်ရေးစစ်ဦးစီးချူပ် ဗိုလ်ချူပ်ကြီး မင်းအောင်လှိုင်ထံ လိပ်မူပြီး ဇူလိုင် ၆ ရက်နေ့က စာရေးသား တိုင်ကြားခဲ့ပြီးဖြစ်ပြီး ယနေ့တွင် တီးတိန်မြို့ပေါ် ရှိ ရဲစခန်းတွင် ထပ်မံ အမှု တိုင်ကြား လိုက်ခြင်းဖြစ် သည်ဟု ထိုးနှက်ခံခဲ့ရသော မမာမာန်းက ပြောသည်။

“ သူတို့ဆရာကြီးက မှာထားတာလေ သူတို့ဆိုရင် အကြွေးမပေးနဲ့လို့မှာထားတာလေ၊ အဲဒါ ကျမကို အဲလောက်တောင် မယုံကြည် ဘူးလား စကားများတာ၊ စကားများတာ စကားနဲ့ပြောရင် ရရဲ့သားနဲ့ လက်သီးနဲ့ လာထိုးတာတို့၊ လည်ပင်းကို လာကိုင်တာ၊ ကျမ ကိုယ်တိုင်ဖြစ်စေချင် တဲ့အတိုင်း အဖတို့ ကိုပြောပြတာပါ၊ ၂၆၉ ရယ် မြို့နယ်အုပ်ချူပ်ရေးမှူးရယ် ရဲစခန်းရယ် စစ်ဘက်ဆိုင်ရာ လုံခြုံရေးရယ်၊ တပ်စွယ်မှူးရယ် ဒီမြို့မှာရှိတဲ့ဟာ ပို့လိုက် တာ’’ ဟု သူမက ပြောသည်။

စရဖ တပ်ကြပ် ဇင်ထွေးသည် တီးတိန်မြို့တွင် တာဝန်ထမ်းဆောင်ရန် ပြည်မဘက်မှ ပြောင်းရွှေ့လာ သည်မှာ ၁ လကျော်ကျော် သာရှိသေးသည်ဟုသိရသည်။

တီးတိန်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမတ်တဦးလည်းဖြစ် ချင်းအမျိုးသားပါတီ ဥက္ကဌ ပူးဇိုဇမ်းက ယင်းအဖြစ် ပျက်မျိုးကို လက်မခံနိုင်ကြောင်း ပြောဆိုသည်။

“တပ်မတော်သားတွေရဲ့ စည်းမဲ့ကမ်းမဲ့ လုပ်တာကိုင်တာတွေက ကျနော်တို့ ငယ်ငယ်ကတည်းက ကြုံတွေ့ခဲ့ ရတဲ့ကိစ္စ ပေါ့ဗျာ အခု ထက်ထိ ဒီလိုပြသနာမျိုးဖြစ်တယ်ဆိုတဲ့ဟာကတော့ ကျနော် လက်မခံနိုင်ပါဘူး၊ တပ်မတော်သားဆို တာ စည်းကမ်းရှိရမယ်၊ ရောက် တဲ့နေရာမှာ တိုင်း သူပြည် သားတွေနဲ့ အလျင်းသင့်ပေါင်းသင်းနေထိုင်ရမယ်၊ စော်ကားမော် ကားမလုပ်ရဘူး။ ဗိုလ်ကျစိုးမိုး မှုမရှိရဘူး၊ အတတ်နိုင်ဆုံး ကာကွယ်ပေးရမယ့်ကိစ္စပါ၊ အထူးသဖြင့် မိန်း ကလေးတွေနဲ့ ပတ် သက်လို့ရှိရင် ဒီအတွက်တော့ စိတ်မကောင်းယုံမက ဘူး ကျနော်တော်တော်ဒေါသထွက်ပါတယ်’’ ဟု သူကပြောသည်။


Ref: ခိုနှုမ်ထုန်

Read More...

ကန်ပက်လက်ချင်းခေါင်းဆောင်များက နယ်စပ်ဒေသစုံစမ်းရေးကော်မီတီထံ သီးသန့်တင်ပြသည့် စာတမ်း( မေမြို့၊ ၁၉၄၇ ခုနှစ် ဧပြီလ ၁၉ ရက်နေ့)

July 13th, 2012

ပင်လုံညီလာခံအပြီး ချင်းခေါင်းဆောင်များမှ မြန်မာအစိုးရကိုယ်စားလှယ်များထံ အနာဂါတ် ချင်းပြည် အုပ်ချုပ်ရေးဆိုင်ရာ စာတမ်း ( မေမြို့၊ ၁၉၄၇ ခုနှစ် ဧပြီလ ၁၉ ရက်နေ့) တင်ပြအပြီး နယ်စပ်ဒေသ စုံစမ်းရေးကော်မီတီ ( မြန်မာ အစိုးရ ကိုယ်စားလှယ်များ) သည် ချင်းခေါင်းဆောင် များအား သီးသန့်စီ ပြန်လည်တွေ့ဆုံမေးမြန်းခဲ့ကြသည်။

ဗမာပြည်မနှင့် တောင်တန်းဒေသနေလူမျိုးစုများ၏ ရေရှည်အကျိုးစီးပွားခိုင်မြဲရန်အလို့ငှာ လူနည်းစု တောင်တန်းဒေသ များ၏ သဘော ဆန္ဒကို ရယူမည့် စုံစမ်းစစ်ဆေးရေး ကော်မီတီ ဖွဲ့စည်းပေးခဲ့သော ဗြိသိသျှအစိုးရနှင့် မြန်မာအစိုးရတို့အား လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါ သည်။ဤကော်မီတီသည် လန်ဒန်သဘောတူညီချက်မှ ပေါ်ပေါက်ခဲ့သော အစိုးရ နှစ်ဖွဲ့၏ ကြိုးပမ်းချက်များဖြစ်သည်ဟု သိရှိရပါသည်။

ကန်ပက်လက်ခရိုင်ကောင်စီနှင့် ကန်ပက်လက်ချင်းအမျိုးသားများ၏ အစည်းအဝေး များ မှာ ရွေးချယ်ခဲ့ပြီး ယခု စုံစမ်းရေး ကော်မီတီသို့ စေလွှတ်ခဲ့ရာ သူတို့၏ထွက်ဆိုချက်များသည် ကန်ပက်လက်ခရိုင်၏အကျိုးစီးပွားအလို့ငှာ ထွက် ဆို ချက်များဖြစ်သည်ဟု ယုံမှား သံသယ မရှိပါ။ ကန်ပက်လက်ချင်းတို့၏ အနာဂါတ် လူမှုရေး၊ စီးပွားရေး၊ အုပ်ချုပ် ရေးတို့ ကို ဖော်ဆောင် ကြမည်ဟုယုံကြည်ပါသည်။

ကန်ပက်လက်ချင်းတို့သည် ယင်းဒေသရှိ လူမျိုးစု၊ လူနည်းစုပေါင်းစုံပါဝင်သော ကောင်စီတစ်ခု ဖွဲ့စည်းကာ ယင်းတို့ ဖွံ့ဖြိုးတိုး တက် မှုအတွက် ကိုယ်စားလှယ်များမှ တဆင့် စီမံခန့်ခွဲအကောင် အထည်ဖော်လိုသော ဆန္ဒရှိပါသည်။ ကန်ပက် လက်ခရိုင်ချင်းများသည် အောက်ပါ မူများအပေါ် အခြေခံပြီး တိုင်းပြုပြည်ပြုလွှတ်တော်သို့ ကိုယ်စားလှယ်များ စေလွှတ်လို ပါသည်။

ဗမာများနှင့် တန်းတူညီမျှ အခွင့်အရေးရရှိရန် ကာကွယ်ရေး၊ နိုင်ငံခြားရေး၊ ပို့ဆောင်ဆက် သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းအား ကန်ပက်လက်ခရိုင်အနေဖြင့် မိမိခြေထောက်ပေါ် မိမိရပ်တည်နိုင်သည်အထိ ဗဟိုအစိုးရမှ အထောက်အ ပံ့ပေးရန်၊ ဖက်ဒရေ ပြည်ထောင်စုမှ အချိန်မရွေးခွဲထွက်ခွင့် ရရှိရန်။

ပြည်နယ်တခုနှင့်ပါတ်သက်ပြီး ဆုံးဖြတ်ချက်တရပ်ချမှတ်မည်ဆိုလျှင် သက်ဆိုင်ရာ ပြည်နယ်၏ ကိုယ်စားလှယ်ဦးရေ သုံးပုံ နှစ်ပုံ၏ ထောက်ခံမှု ရရှိမှသာ တိုင်းပြုပြည်ပြုလွှတ်တော်က ချမှတ် ပိုင်ခွင့်ရှိရမည်။

ကန်ပက်လက်ဒေသအတွက် သီးခြားဥပဒေပြုအဖွဲ့ဖွဲ့စည်းရန်၊ တိုင်းပြုပြည်ပြုလွှတ်တော် ထဲ တွင် ဗြိတိသျှ ဓနသဟာယမှ ခွဲထွက်ရေး၊ ပူးပေါင်းရေး စသည့် ဆုံးဖြတ်ချက်ကို ကန်ပက်လက် ချင်းကိုယ်စားလှယ်များက မိမိတို့ကိုယ်ပိုင်ဆုံးဖြတ်ချက် နဲ့သာ လုပ်ဆောင်မည်။

အထက်ပါအချက်အလက်များကို ဗမာများက ဂတိပြုအာမခံချက် ပေးလျှင် ဗမာများနှင့် ကန်ပက်လက်ချင်းများ ဆက်ဆံ ရေးကို အကောင်အထည်ဖော်ထူထောင်မည့် အထက်ပါ သဘောတူညီချက်ကို ဗြိတိသျှအစိုးရက သက်သေအဖြစ် ရပ်တည်ပေးရန်။

ကန်ပက်လက်ချင်းဒေသအား ဗြိတိသျှအစိုးရက နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့သော်လည်း ချင်းအမျိုးသားတို့၏ တိုးတက်ဖွံ့ ဖြိုးရေးကို မယ်မယ်ရရလုပ်ဆောင်ခဲ့ခြင်းမပြုခဲ့ပါ။

ဗမာများနှင့် ချင်းများအကြားတွင် ဖွံ့ဖြိုးတိုးတက်မှုမှာ လွန်စွာခြားနားလျက်ရှိရာ ဤကွာဟ ချက်ကို နယ်ခြားဒေသ လူမျိုးစု များ သွေး စည်းညီညွတ်ရေးအဖွဲ့ ဗဟိုကောင်စီ အနေဖြင့် ဖြေ ရှင်းပေးရန်တာဝန်ရှိသည်ဟု ယူဆသည်၊ ကြားကာလ အချိန်အတောအတွင်း စီမံလုပ်ဆောင် ချက်များကို အကောင်အထည်ဖော်ရာတွင် နယ်ခြားဒေသလူမျိုးစုများ သွေးစည်းညီ ညွတ်ရေး ဗဟိုကောင်စီအဖွဲ့ကြီးမှ ကြီးကြပ်ကွပ်ကဲရန်။

ဖက်ဒရေပြည်ထောင်စုလွှတ်တော်သို့ ချင်းကိုယ်စားလှယ်စေလွှတ်ခွင့်ပြုရန်နှင့် ကန်ပက်လက်ဒေသ အတွက် နယ်မြေဒေသ အရေး ဖြေရှင်းဖို့ ကောင်ဆယ်လာတဦး ခန့်ထားခွင့်ပြုရန်။

ရခိုင်တောင်တန်းဒေသနှင့် ကန်ပက်လက်ဒေသတို့အတူ ပေါင်းစည်းရန်၊ ကန်ပက်လက် ချင်းတောင်တန်းဒေသများအတွက် အင်အား ၂၀၀ ထက်မနည်းသော လက်နက်ကိုင်ရဲ့ အဖွဲ့ဖွဲ့ စည်းရန်။

ကန်ပက်လက်ချင်းခေါင်းဆောင်များက ဧပြီ ၁၉ ရက် နိုင်ငံရေးအစည်းအဝေး တွင် တောင်းဆို ချက်များ

၁။ ဗြိတိသျှအစိုးရစတင်အုပ်ချုပ်ကတည်းက ကန်ပက်လက်ဒေသကို ခရိုင်တခုဖွဲ့စည်းပြီး ခရိုင် ၀န်ထမ်းတဦးက အုပ်ချုပ်ခဲ့ ပါတယ်၊ ၁၉၂၉ ခုနှစ်တွင် ဖလမ်းချင်းတောင်ဒေသ များနှင့် ပေါင်း စည်းလိုက်သောအခါ ခရီးလမ်းပန်ခက်ခဲ့ပြီး ဝေးလံလှ သည့်အတွက် ငွေကန်ုလူပမ်းဖြစ်ခဲ့ ရပါ တယ်၊ သက်ဆိုင်ရာ အထက်အဖွဲ့အစည်းသို့တင်ပြရမည် ကိစ္စရပ်များ တွင် ဖလမ်း မှ ထပ်ဆင့် တင်ပြ နေရပါတယ်၊ ဒါကြောင့် ကန်ပက်လက်ဒေသကို သီးခြားခွဲပြီး ကန်ပက်လက်မှ ဗမာနှင့် တိုက်ရိုက် ဆက် သွယ် လိုပါသည်။

၂။ ကျတော်တို့ ဒေသဟာ တခြားနယ်ခြားဒေသများနှင့် မတူပါ၊ ပညာရေးမှာလည်း များစွာ ခေတ် နောက် ကျလျက် ရှိပါသည်၊ လစဉ်၊ နှစ်စဉ် ဆိုသလို လူမျိုးစုအချင်းချင်း တဦး နှင့် တဦး၊ တရွာနှင့် တရွာ တိုက်ခိုက် သတ်ဖြတ် ခဲ့ကြပါတယ်၊ ပညာရေးဟာ ဒီ ရာဇ၀တ်မှု များကို ပပျောက်စေတဲ့ နည်းလမ်းဖြစ်တဲ့အတွက် အင်္ဂလိပ် မြန်မာ အထက်တန်းကျောင်းများ ဖွင့်လှစ်ဖို့ လိုအပ်လျက်ရှိပါတယ်။

၃။ ကန်ပက်လက်ဒေသရှိလူမျိုးများမှာ ရိုင်းစိုင်းနေသေးတဲ့အတွက် တောင်ယာခုတ်ခြင်းမှ လွဲပြီး အခြားဘာမှ မယ်မယ် ရရမလုပ် တတ်ကြပါ၊ သယံဇာတလည်းမရှိပါ။ အနည်းငယ်တိုးတက် ဖွံ့ဖြိုး တိုးတက်ဖို့အတွက် အခြားဒေသများနှင့် ကူးလူး ဆက်ဆံရေး လုပ်ရမှာဖြစ်ပါတယ်။ ဒါကြောင့် ဗမာပြည်မနဲ့ဆက်သွယ်ဖို့ ကားလမ်းဖောက်လုပ်ပေးစေလိုပါတယ်။

၎။ ကျန်းမာရေးအတွက် ပြည့်စုံလုံလောက်တဲ့ ဆေးရုံတစ်ရုံဆောက်လုပ်ပေးရန် လိုအပ်ပါတယ်။

၅။ ယောဗမာတောင်တန်းသားများဟာ ချင်းတောင်တန်းဒေသများနဲ့ ကပ်လျက်ရှိပြီး သူတို့ဟာ ဗမာရှင်ဘုရင် လက်ထက် ကတည်းက နယ်ခြားမျဉ်းကို ကျုးကျော်ခဲ့ကြပါတယ်၊ ဒါကြောင့် နယ်ခြား မျဉ်းကို ပြန်လည်သတ်မှတ် စေလိုပါ တယ်။

၆။ ခေတ်မှီ ဖက်ဒရေရှင်းဖွဲ့စည်းရာ၌ အဆင်ဗလီ ကောင်ဆယ်လာအဖွဲ့ဝင်များ ၊ ဆပ်ကော်မီတီ များ စသည်ဖြင့် ဟားခါး၊ ဖလမ်း၊ တီးတိန်တို့မှာကဲ့သို့ ဖွဲ့စည်းပေးရန်။

၇။ ကျတော်တို့ချင်းများဟာ ရိုင်းနေသေးသည့်အတွက် ရွေးကောက်တင်မြှောက်ခြင်း အကြောင်းကို လုံးဝနားမလည်း ကြပါ၊ နယ်ခြား ဒေသကိုယ်စားလှယ်များကို ရွေးချယ်သည့်အခါ နယ်ခြားဒေသအုပ်ချုပ်ရေးအရာရှိနဲ့ ချင်းအကြီးအကဲများက အ သင့် တော် ဆုံး လူများရွေး ချယ် စေလွှတ်မှုကို လက်ခံစေလိုပါတယ်။

၈။ ကျတော်တို့ချင်းများ၏ ရှေးထုံးစဉ်လာဓလေ့ထုံးစံများကို နှောင့်ယှက်ခြင်းမပြုပဲ ကိုယ်ပိုင် အုပ်ချုပ်ခွင့်တွင် ဆက်လက် တည်တံ့စေ လိုခြင်းဖြစ်ပါသည်။


Ref: ခိုနှုမ်းထုန်

Read More...

ပင်လုံညီလာခံအပြီး ချင်းခေါင်းဆောင်များမှ မြန်မာအစိုးရကိုယ်စားလှယ်များထံ အနာဂါတ်ချင်းပြည်အုပ်ချုပ်ရေးဆိုင်ရာ တင်ပြသည့်စာတမ်း ( မေမြို့၊ ၁၉၄၇ ခုနှစ် ဧပြီလ ၁၉ ရက်နေ့)

July 12th, 2012

စာတမ်းတင် ချင်းတောင်တန်းခရိုင် (ဖလမ်း၊ ဟားခါး၊ ကန်ပက်လက်) မှ ကိုယ်စားလှယ်များ

၁။ Thang Tin Lian (A T M Chief of Zahau Tract, Falam Subdivision)

၂။ Hniar Kulh (Chief of Laizo, Falam)

၃။ Chief Brother Sang Kir Village Khuangli, Falam Subdivision)

၎။ Thang Com (Than Village, Falam)

၅။ Tial Dum ( F C C S, Falam, Tiddim Subdivision)

၆။ Lian No ( Laizo Village, Falam Subdivision

၇။ Pum Za Mang ( K S M, A T M, Chief of Kam Hau, Tiddim)

၈ ။ Thawng Za Khup ( A T M, Chief of Saizang, Tiddim)

၉။ Thawng Za Mang ( A T M, Chief of Mual Bem, Tiddim)

၁၀။ Pau Chin ( K P M, O B, K S M, Village Kosak)

၁၁။ Khup Khen Kham ( Son of Pumza Mang)

၁၂။ Siang Lian ( Secretary, Siyin Councilor’ Society, Siyin Valley, Hakha Subdivision)

၁၃။ Van Kio ( Chief of Surkhua, Hakha Subdivision)

၁၄။ Mang Ling ( Chief of Tlangpi, Hakha Subdivision)

၁၅။ Mang Kio ( Chief of Hakha, Hakha Subdivision)

၁၆။ Bu Ki (Ex- Interpreter, Kanpetlet, Village Khui Long)

၁၇။ Law Ha ( Inspector of Police, Kanpetlet )

၁၈။ Pyun Thang ( Police Constable, Kanpetlet, News Area)

၁၉။ Ling Ge ( Police Constable, Kanpetlet)

ပြည်မ နဲ့ တောင်တန်းဒေသနယ် လူထုမျိုးစုများ၏ အရေရှည်အကျိုးစီးပွား တည်တံ့ခိုင်မြဲရန် အလို့ငှာ လူနည်းစု တောင်တန်းသား များ၏ သဘောထားများကို ရယူမည့် စုံစမ်း စစ်ဆေးရေးကော် မီတီဖွဲ့စည်းပေးခဲ့သော ဗြိတိသျှအစိုးရ နှင့် မြန်မာအစိုးရတို့အား ကျေးဇူး တင်ရှိပါသည်။ ဤကော်မီတီသည် လန်ဒန်သဘောတူညီ ချက်မှ ပေါ်ပေါက်ခဲ့သော အစိုးရ နှစ်ဖွဲ့၏ ကြိုးပမ်းချက်ဖြစ်သည်ဟု သိရှိရပါသည်။

ချင်းလူမျိုးတို့၏ ဆန္ဒသဘောထားအမှန်ကို သိရှိရန် စုံစမ်းစစ်ဆေးရေးကော်မီတီမက ဖိတ်ကြားသည့်အခါ ကျတော်တို့ သည် ချင်းလူမျိုးစုနှင့်အတူ သေချာစွာ စဉ်းစား ပြီးနောက် အောက်ပါတင်ပြချက်များကို စုံစမ်းစစ်ဆေးရေးကော်မီတီနှင့် အဖွဲ့ဝင်များထံ တင်ပြအပ်ပါသည်။ ယခုသက်သေထွက်ဆိုမည့် ကိုယ်စားလှယ်များကို ချင်းတောင် တန်းများခရိုင် အစည်း အ ဝေးများမှ ရွေးချယ် ထားခြင်းဖြစ်ပါသည်။

၁။ ဗမာတို့နှင့် ဖက်ဒရေပြည်ထောင်စု ဖွဲ့စည်းပြီးသောအခါ ဗမာများနှင့် တန်းတူအခွင့် အရေး နှင့် တန်းတူ ရပိုင်ခွင့်များ ရရှိရန်၊

၂။ ဗဟိုအစိုးရနှင့် ပူးပေါင်းရာတွင် တောင်တန်းသားများအနေဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် အပြည့်အ၀ ရရှိရန်နှင့် ရှေးထုံးအ စဉ်အလာ များကို ကျင့်သုံးမှုအတွက် ခွင့်ပြုပေး ရန်၊ နိုင်ငံခြားရေး၊ ကာကွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း၊ လမ်းပန်းဆက် သွယ်ရေး၊ ကျန်း မာရေး၊ ပညာရေး၊ အကောက်ခွန်၊ ငွေစက္ကူ နှင့် အကြွေသွန်းလုပ်ရေး၊ ဂုဏ်ထူးဂုဏ် ရည် နှင်းအပ်ခြင်း၊ မင်းပွဲစိုးပွဲကျင်းပခြင်း စသည်တို့တွင် ဗဟိုဖက်ဒရေအစိုးရက ဆောင်ရွက် ရန်၊

၃။ ချင်းဒေသများကို ကိုယ်ပိုင်အုပ်ချုပ်နိုင်ရန် ကောင်စီတခုဖွဲ့စည်းပြီး ဘဏ္ဍာငွေထောက်ပံ့ပေး ရန်၊

၎။ ချင်းလူမျိုးစု ၄၂ စု ရှိရာ လူမျိုးသုံးစုလျှင် ကိုယ်စားလှယ်တဦးကျ နှုန်း ကိုယ်စားလှယ်ပေါင်း ၁၄ ဦးရရှိရန်ဖြစ်ပါသည်။ သို့မဟုတ် ချင်းတောင်တန်းသားအားလုံးအတွက် တိုင်းပြုပြည်ပြု လွတ်တော်သို့ ကိုယ်စားလှယ် ၁၆ ဦးစေလွတ်ခွင့် ရရှိ ရန်၊ အထက်ပါ တောင်းဆို ချက်များမှာ ဘာသာစကားအမွေဆက်ခံမှု၊ ထိမ်းမြားလက်ထပ်မှု ဓလေ့ထုံးတမ်းများကွဲပြား မှုတို့အပြင် လမ်းပန်းဆက်သွယ်ရေး ခက် ခဲမှု၊ လူမျိုးစုတစု၏ ထုံးတမ်းစဉ်လာကို အခြေခံပြီး တောင်းဆို ရခြင်း ဖြစ်ပါ သည်။

၅။ မဲဆန္ဒပေးရွေးကောက်တင်မြှောက်ခြင်းကို လုံးဝနားမလည်သောကြောင့် တိုင်းပြုပြည်ပြု လွတ်တော်သို့ ကိုယ်စား လှယ် ရွေး ချယ်စေလွတ်ရာတွင် ချင်းတောင်တန်း များ ကောင် စီနှင့် ဒေသအောက်ပိုင်းတို့က ရွေးချယ်ခွင့်ရရှိရန်၊

၆။ မြန်မာ့ အထက်လွတ်တော်သို့ ချင်းကိုယ်စားလှယ် (၄) ဦးစေလွတ်ရန်၊

၇။ ဗဟိုကောင်စီတွင် ချင်းကိုယ်စားလှယ်တဦးပါဝင်စေရန်၊

၈။ ချင်းဝန်ကြီး သို့မဟုတ် ကောင်ဆယ်လာ တဦးရရှိရန်၊

၉။ ကာကွယ်ရေးဝန်ကြီးဌာနတွင် ချင်းလူမျိုးတဦးအား အတွင်းဝန်အဖြစ်ခန့်ထားပေးရန်၊

၁၀။ ရာထူးဝန်အဖွဲ့တွင် ချင်းအမျိုးသားတဦး ပါဝင်ခွင့်ရရှိရန်၊

၁၁။ ချင်းလူမျိုးတို့ မြန်မာစာပေကို သင်ကြားခွင့် မရရှိခဲ့သဖြင့် အဆင့်အတန်းနိမ့်ကျခဲ့ရသည်။ ရာထူးနေရာအတွက် သင်တန်းများတွင် လည်းကောင်း၊ ကျောင်းများ၊ ကောလိပ်ကျောင်း များတွင် လည်းကောင်း၊ အဆင့်အတန်းမှီလာသည်အထိ စောင့်ဆိုင်းရန်၊ ထို အတော အတွင်း ချင်းလူမျိုးသင်တန်းသားများ၊ ကျောင်းသားများ ရာထူးအတွက်စားမေးပွဲဖြေသူများ အား လျှော့ပေါ့ သက်ညှာပေးရန်။

၁၂။ နိုင်ငံခြားသို့ ပညာတော်သင်စေလွှတ်ရာ၌ လိုအပ်သော နေရာများအတွက် မျှမျှတတ စေ လွှတ်ပေးရန်၊

၁၃။ ပညာရေး၊ ကျန်းမာရေး၊ ပို့ဆောင်ဆက်သွယ်ရေး၊ တပ်မတော်အရာရှိရွေးချယ်ရေး ဘုတ် အဖွဲ့တွင် ချင်းအမျိုးသား ၀န်ကြီး သို့မဟုတ် ချင်းလူမျိုး အကြီးအကဲ တဦးပါဝင်ခွင့်ရရှိရန် အမြန်ဆုံးစီစဉ်ဆောင်ရွက်ရေး၊

၁၄။ ချင်းလူမျိုးတို့အနေဖြင့် ဗြိတိသျှဓနသဟာယအဖွဲ့တွင် ပါဝင်ရန် လိုလားကြသော်လည်း ဗမာများဆုံးဖြတ် သည့်အ တိုင်း လိုက်နာမည်ဖြစ်ကြောင်း၊

၁၅။ ပင်လုံသဘောတူညီချက်အရ ခွဲထွက်လိုလျှင်ခွဲထွက်ခွင့်ပြုရန်၊

၁၆။ ဗမာအစိုးရက အထက်ပါအချက်အလက်များကို သဘောတူလက်ခံကြောင်း ဂတိပြုပါက ချင်းလူမျိုးတို့သည် ဗဟိုအ စိုး ရအပေါ် သစ္စာရှိစွာ ဆက်ဆံနေထိုင်ပါမည်၊ ဗြိတိသျှ အစိုးရက လူနည်းစုများအကျိုးအတွက် သက်သေအဖြစ်ရပ် တည် ပေး ရန်၊ ချင်းလူမျိုး တို့သည် ပထမကမ္ဘာစစ်နှင့် ဒုတိက ကမ္ဘာစစ်ကြီးများအပြီးတွင် ဗြိတိသျှ အင်ပါယာ ၏ အကျိုးစီးပွားကို ကာကွယ်ရန် မဟာမိတ်တို့နှင့် ပူးပေါင်း၍ ရန်သူကို တိုက်ခိုက်ခဲ့ပါသည်။ ယင်းအချက်ကို ဗြိတိသျှအစိုးရနှင့် မြန်မာအစိုးရ တို့သည် မေ့ပျောက်ပစ်မည်ဟု မည်သည့် အခါမျှ မယူဆခဲ့ပါ၊ ဗမာတို့နှင့် ပူးပေါင်းဆောင်ရွက်ရေးတွင် အခြား တောင် တန်း ဒေသများ ထက် ပိုပါသည်၊ ထို့ကြောင့် ချင်းတို့ သည် ဗမာများနှင့် ရပိုင်ခွင့်၊ အခွင့်အရေး တန်းတူရလိုပါ သည်။ အခြား လူမျိုးစုများဖြစ်သော ရခိုင်၊ ကရင်၊ တလိုင်း၊ ဗမာမွတ်စလင် များကဲ့သို့ အခွင့် အရေး တန်းတူရလိုပါသည်။

မှတ်ချက်။

၁။ အင်္ဂလန်နိုင်ငံ ဘုရင်မင်းမြတ်၏ အစိုးရနှင့် မြန်မာနိုင်ငံတော်အစိုးရထံသို့ တင်သွင်းသည့် အစီရင်ခံစာ ( မေမြို့၊ ၁၉၄၇ ခုနှစ်၊ ဧပြီလ ၂၄ ရက်) မှ ကောက်နှုတ်တင်ပြသည်။

၂။ နောက်ဆက်တွဲများကို ပြန်လည်တင်ပြသွားမည်။

Ref: ခိုနှုမ်းထုန်

Read More...

မြောက်ဦး RNDP ဒုဥက္ကဌနှင့် ဗဟိုကော်မတီဝင်တို့အား ပြန်လွှတ်ပေးရန် မြောက်ဦးမြို့ခံများတောင်းဆို

ရွှေဘန်း(စစ်တွေ)
13 July 2012

ဇူလိုင်လ ၁၂ရက်နေ့က မြောက်ဦးမြို့ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ(RNDP) ဒု-ဥက္ကဌ ဦးအေးမောင်သန်းနှင့် ဗဟိုကော် မတီဝင် ဦးဘတင်အား မြောက်ဦးမြို့ တပ်ရင်း၅၄ ဗျူဟာမှူးမှ ဖမ်းဆီးသွားသောကြောင့် မြောက်ဦးမြို့ခံပြည်သူ တစ်သောင်းခန့် ယင်းနှစ်ဦးအား ချက်ချင်းလွှတ်ပေးရန် ချီတက်တောင်းဆိုခဲ့ကြောင်း သတင်းရရှိသည်။

မြောက်ဦးမြို့ ရွှေတောင်ရွာ ဆန်စက်ပိုင်ရှင် ဦးကျော်ဝင်းသည် မြောက်ဦးမြို့ တပ်ရင်း ၅၄၀ စစ်တပ်သို့ စပါးသွင်းဟန်ပြပြီး၊ စစ်တပ်ဖြင့် ပူးပေါင်းကာ ဘင်္ဂလီမူဆလင်များအား တစ်နေ့ကို စပါးတင်း ၄၀၀ခန့် နေ့စဉ်ရောင်းချနေခြင်းနှင့် စပ်လျဉ်း၍ မြောက်ဦးမြို့ RNDP ဒု-ဥက္ကဌ ဦးအေးမောင်သန်းနှင့် ဗဟိုကော်မတီဝင် ဦးဘတင်တို့မှ ယင်းဆန်စက်ပိုင်ရှင် ဦးကျော်ဝင်းအား နေ့စဉ် စပါးတင်း ၄၀၀အား စစ်တပ်မှတစ်ဆင့် ဘင်္ဂလီမူဆလင်များကို ရောင်းပေးနေခြင်းအား ရပ်တန့်ရန်နှင့် မြောက်ဦးမြို့ဆန်ဈေးကွက်သို့လည်း စပါးများရောင်း ချပေးရန် သွားရောက်ညှိုနှိုင်းခံသည်ဟု RNDPမှ ဆိုသည်။

ယင်းကဲ့သို့ သွားရောက်ညှိုနှိုင်းခြင်းကို ဦးကျော်ဝင်းက စစ်တပ်သို့ တိုင်ကြားလိုက်ရာ ဗျူဟာမှူးက ယင်းသွားရောက်ညှိုနှိုင်းသူနှစ်ဦးအား ရာဇ၀တ်သားသဖွယ် သွားရောက်ဖမ်းဆီးလိုက်ကြောင်း သိရှိရသည်။

"မြောက်ဦးမြို့ RNDPက ဆန်စက်ပိုင်ရှင် ဦးကျော်ဝင်းအနေနဲ့ ဘင်္ဂလီမူဆလင်တွေကိုဘဲ အမြတ်ကြီးယူပြီး စပါးထုတ်မရောင်းဘဲ မြို့ဒေသခံတွေကိုလည်း စပါးထုတ်ရောင်းဖို့ ပြေလည်ရာပြေလည်ကြောင်း သွားရောက်ဆွေးနွေးခဲ့တာပါ။ အဲဒါကို ဦးကျော်ဝင်းက စစ်တပ်ကိုတိုင်လိုက်တော့ ဗျူဟာမှူးက သူတို့နှစ်ယောက်ကို ညနေ ၄နာရီခွဲလောက်မှာ ဖမ်းခိုင်းလိုက်တယ်။ သူတို့နှစ်ယောက်ဖမ်း သွားတာကလဲ ဆိုင်ကယ်ပေါ်မှာ လက်ကိုနောက်ပြန် လက်ထိတ်ခတ်ပြီး ဖမ်းဆီးတယ်၊ အဲဒါကို မြို့နယ်ရဲစခန်းမှူးက သူတို့နှစ် ယောက်ကို ဒီလိုဖမ်းစရာမလိုဘူး၊ အေးအေးဆေးဆေး ခေါ်သွားပြီး ဆွေးနွေးလိုက်ရင်အဆင်ပြေတယ်လို့ စစ်သားတွေကိုတားတယ်။ အဲဒါကို စစ်သားတွေက မရဘူး လူတွေအလည်မှာ အဲလိုလက်ထိတ်ခတ် ကြမ်းကြမ်းတမ်းတမ်းပြောဆိုပြီးတော့ကို ဖမ်းဆီးသွား တယ်" ဟု မျက်မြင်ဒေသခံတစ်ဦးက ပြောသည်။

ယင်းသို့ဖမ်းဆီးသွားပြီးနောက်တွင် မြို့ခံပြည်သူများက မကျေမနပ်ကြသဖြင့် ညနေ ၆နာရီခန့်တွင် ရဲစခန်းရှေ့သို့ လူပေါင်း တစ် ထောင်ကျော် ချီတက်လာရာမှ လူပေါင်းတစ်သောင်းကျော်ထိဖြစ်သွားပြီး ဖမ်းဆီးထားသူ RNDP ဒု-ဥက္ကဌ ဦးအေးမောင်သန်းနှင့် ဗဟိုကော်မတီဝင် ဦးဘတင်တို့ နှစ်ဦးအား ချက်ချင်းလွှတ်ပေးရန် တောင်းဆိုခဲ့ရာ ညနေ ၈နာရီတွင် မြို့နယ်ရဲစခန်းမှ ယင်းနှစ်ဦးအား ၀န်ခံလက်မှတ်များ ထိုးခိုင်းပြီး လွှတ်ပေးလိုက်ရကြောင်း သိရှိရသည်။

Ref: အာရကန်တိုင်းမ်

Read More...

ဘင်္ဂလီများသို့ စားနပ်ရိက္ခာ မရောင်းရန်တားမြစ်သူ တဦးအား လုံထိန်းက ခေါ်ယူမေးမြန်း

စောဇင်ညီ(မြစ်မခ)
12 Jul, 2012

ဘင်္ဂလီများဘက်သို့ စားနပ်ရိက္ခာများရောင်းချနေသော ကြားခံပွဲစားများအား ဆက်လက်မရောင်းချရန် တားမြစ် ခြင်းကြောင့် ရခိုင်တိုးတက်ရေးပါတီမှ မြို့နယ်ဗဟိုကော်မတီဝင်နှစ်ဦးအား ယနေ့နေ့လည် တစ်နာရီခန့်တွင် စစ်တပ်နှင့် လုံထိန်းများက ခေါ်ယူ သွားကြောင်း သတင်းရရှိသည်။

အဆိုပါခေါ်ယူသွားသူနှစ်ဦးမှာ ရခိုင်တိုးတက်ရေးပါတီ၏ ဗဟိုကော်မတီဝင် ဦးဘတင်နှင့် ဦးအေးမောင်သန်းတို့ ဖြစ်ကြောင်း ရခိုင် တိုးတက်ရေးပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးလှစောမှ ပြောသည်။

“ကျွန်တော် သိရသလောက်ကတော့ ဘင်္ဂလီတွေနဲ့ ရခိုင်တွေကြားက စားနပ်ရိက္ခာတွေ ပြန်လည်ရောင်းချနေတဲ့ ကြားခံပွဲစား တွေကို သူတို့နှစ်ယောက်က သွားတားမိလို့ ရဲက ၀င်ထိန်းပြီး ခေါ်သွားတာပါ” ဟု အဆိုပါပုဂ္ဂိုလ်ကဆက်လက် ပြောသည်။

အဆိုပါ ဒေသခံသူနှစ်ဦးအား မြောက်ဦးရဲစခန်း၌ ထိန်းသိမ်းထားကြောင်း သိရသည်။

ထိုဖမ်းဆီးမှုနှင့်ပတ်သက်၍ မြောက်ဦးမြို့နေ ပြည်သူတစ်ထောင်ခန့် သံဃာတော် ၁၅၀ ခန့်မှာ မြောက်ဦးရဲစခန်း ရှေ့တွင် ထိုနှစ်ဦးအား ပြန်လည်လွှတ်ပေးရန် တောင်းဆိုနေကျကြောင်း သိရသည်။

“လူအင်အား တစ်ထောင်လောက်ပါတယ်၊ သံဃာတော် ၁၅၀လောက်ပါတယ် ရဲစခန်းရှေ့မှာ နေ့လည်ကတည်း က အခုအချိန်ထိ ပြန်လွှတ်ပေးဖို့ တောင်းဆိုနေတယ်” ဟု အဆိုပါတောင်းဆိုသူများတွင်ပါဝင်သော ကိုတင့်စိုး က ပြောသည်။


Ref: မြစ်မခ

Read More...

Export သင်္ဘောဆိုက်၍ ဆန်ဈေးတက်ရာ၌ ဆန်ကြမ်းဈေးနှုန်းပိုမိုမြင့်တက်

ရန်နိုင်(မြစ်မခ)
12 Jul, 2012

ဇုလိုင်လဆန်းပိုင်းမှစတင်၍ ဆန်ဈေးနှုန်းများပြန်လည်မြင့်တက်လာရာ၌ ဆန်ကြမ်းဈေးနှုန်းများမှာ ပိုမိုမြင့်တက် ခဲ့သည်ဟု ရန်ကုန် ဘုရင့်နောင်ဆန်ဈေးကွက်အတွင်းက သိရှိရသည်။

နိုင်ငံခြားExportသင်္ဘောများ ၀င်ရောက်နေခြင်းကြောင့် ဆန်ဈေးနှုန်း အနည်းငယ်ပြန်လည်မြင့်တက်လာ သော်လည်း ခေတ္တသာဖြစ်ပြီး ၀ါဆိုလပြည့်ကျော်သွားပါက ပြန်လည်ကျဆင်းနိုင်ကြောင်းကိုလည်း ဆန်ကုန် သည်ကြီးများက သုံးသပ်ကြသည်။

“ဆန်ဈေးပြန်တက်လာတာက ၀ါဆိုလပြည့် အခါတော်ရက်ကလေး နီးလာတာရယ်။ Export သင်္ဘောတွေဆိုက် လာတာကြောင့်ဆိုပြီး ပြောလို့ရတယ်။ တစ်ထောင်ကျော် နှစ်ထောင်နီးပါးလောက် တက်လာတယ်”ဟု ကောင်း မြတ်စံဆန်ပွဲရုံ (ဘုရင့်နောင်)မှ ဒေါ်နွဲ့နွဲ့ရီက ဆန်ဈေးနှုန်းများ ပြန်လည်မြင့်တက်လာရခြင်းနှင့် ပတ်သက်၍ ပြောသည်။

ဇွန်လကုန်ပိုင်းအထိ ဆန်ကြမ်းအမျိုးအစားဖြစ်သော ဇီယာ(ရိုး) တစ်အိတ်လျှင် (၁၂၅၀၀) ကျပ်ဝန်းကျင်နှင့် ဇီယာ(ရှယ်) တစ်အိတ်လျှင် (၁၃၀၀၀) ကျပ်ဝန်းကျင် ရှိခဲ့သော်လည်း ဈေးနှုန်းမြင့်တက်လာမှုကြောင့် ဇူလိုင်လ (၁၁) ရက်နေ့အထိ ဇီယာ(ရိုး) တစ်အိတ်လျှင် (၁၄၀၀၀) ကျပ်ဝန်းကျင်နှင့် ဇီယာ(ရှယ်) တစ်အိတ်လျှင် (၁၄၇၀၀) ကျပ်အထိ မြင့်တက်လာကြောင်း ဘုရင့်နောင်ဆန်ဈေး ကွက် အတွင်း က သိရှိရသည်။

သို့သော် ဆန်ချောအမျိုးအစားဖြစ်၍ လူစားများသော ဖျာပုံပေါ်ဆန်းဆန်မှာ ဈေးနှုန်းအနည်းငယ်သာ မြင့်တက်ခဲ့သည်။ ဇွန်လကုန်ပိုင်း အထိ ပေါ်ဆန်း(ရိုး) တစ်အိတ်လျှင် (၂၈၀၀၀) ကျပ် ၀န်းကျင်နှင့် ပေါ်ဆန်း (ရှယ်) တစ်အိတ်လျှင် (၂၉၀၀၀) ကျပ်ရှိခဲ့ရာမှ ဇူလိုင်လ (၁၁) အထိ ပေါ်ဆန်း(ရိုး) တစ်အိတ်လျှင် (၂၈၆၀၀) ကျပ်ဝန်းကျင်နှင့် ပေါ်ဆန်း(ရှယ်) တစ်အိတ်လျှင် (၃၀၀၀၀) ကျပ်ဝန်းကျင်သို့ မြင့်တက်ခဲ့သည်။

သို့သော် ဇွန်လကုန်ပိုင်းအထိ ဆန်းဈေးနှုန်းများ ကျဆင်းခဲ့သော်လည်း စားသုံးသူဈေးကွက်အတွင်း ဈေးနှုန်း သိသိသာသာ ကျဆင်း မှုမရှိခဲ့ပဲ ဇူလိုင်လဆန်းပိုင်း ဆန်ဈေးနှုန်းများ ပြန်လည်မြင့်တက်လာချိန်တွင်မူ စားသုံးသူ ဈေးကွက်တွင် သိသိသာသာမြင့် တက်ခဲ့သည် ဟု ရန်ကုန်မြို့နေ ပြည်သူများကဆိုသည်။

“ကျွန်မတို့လို အိတ်လိုက်မ၀ယ်နိုင်ဘဲ နှစ်ရက်၊ သုံးရက်တစ်ခါ တစ်ပြည်ချင်းစီ ၀ယ်စားကြတဲ့သူတွေအဖို့ ဆန်ဈေးကျတာဆိုတာ မရှိသလောက်ပဲ ကျချိန်မှာမကျပဲ၊ ဆန်ဈေးတက်ချိန်ကြတော့ အတက်ဈေးနဲ့ပဲ ၀ယ်စားနေရတယ်”ဟု ဒဂုံမြို့သစ်မြောက်ပိုင်းနေ အိမ်ရှင်မတစ်ဦးဖြစ်သူ မ၀င်းမာက ပြောသည်။

လက်ရှိတွင် ရန်ကုန်မြို့ ဘုရင့်နောင် ဆန်ဈေးကွက်အတွင်းသို့ ဧရာဝတီတိုင်းဒေသကြီးမှ ဆန်အများဆုံး ဝင်ရောက်လျက်ရှိပြီး တစ်နေ့ လျှင် ဆန်တန်ချိန် (၅၅၀)ကျော်တင်ပို့လျက်ရှိကြောင်း သိရသည်။ ထိုမှတဆင့် အခြားဒေသများ ဖြစ်သော မော်လမြိုင်၊ သထုံ၊ ဖားအံ၊ ပခုက္ကူနှင့် အညာဒေသများသို့ ပြန်လည်ရောင်းချပေး လျက်ရှိကြောင်းကိုလည်း သိရှိရသည်။

Ref: မြစ်မခ

Read More...

နယ်စပ် ဘုရားသုံးဆူ တပ်မြေအတွင်း ဖယ်ရှားခံအိမ်ခြေ(၁၀၀)ကျော် ရှိနေ

အောင်ညိမ်းဝေ-ချင်းမိုင်(မြစ်မခ)
13 Jul, 2012

ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူ မြို့ တပ်ပိုင်နယ်မြေအတွင်းရှိ နေအိမ်တစ်ရာကျော်မှာ အောက်တိုဘာလ (၁)ရက်နေ့ နောက်ဆုံး ရွှေ့ပြောင်းရန် ခံဝန်လက်မှတ်ထိုးခဲ့ရသော်လည်း ပြောင်းရွှေ့ရမည့်နေရာ သတ်မှတ် ပေးခြင်းမရှိသဖြင့် အခက်အခဲဖြစ်နေကြောင်း နယ်ခံများထံက သိရှိရသည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တပ်မှအရာရှိငယ်အချို့ ပူးပေါင်း၍ မြေနေရာရောင်းစားနေခြင်းက အဆိုပါအိမ်ခြေ(၁၀၀)ကျော်ကို အထက်အမိန့်အရ(၃)လအတွင်း အပြီး ပြောင်းရွှေ့ရမည်အမိန့် ထွက်ပေါ်စေခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

“အဓိကကတော့ တပ်က ဆာဂျင်အဆင့်တွေနဲ့ ဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေက ဒီနေရာတွေကို ရောင်းစား နေတာကို တပ်ရင်းမှူးက သိသွားတယ်လေ။ အုတ်တံတိုင်းတွေ၊ သံဆူးကြိုးတွေနဲ့ ခြံစည်းရိုးတွေ အခိုင်အမာ ကာထားကြတာကလည်း တပ်ရင်းမှူး အိမ်နားထိ ရောက်သွားတယ်။ အဲလိုမျိုး အပိုင်ခတ်ထားတာတွေ တွေ့ သွားလို့ ပြောင်းခိုင်းတာ။” ဟု ဘုရားသုံးဆူ မြို့ တပ်ပိုင်နယ်မြေအတွင်းမှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါနေရာသည် ဘုရားသုံးဆူမြို့ရပ်ကွက်(၂)နှင့်(၃)အတွင်းပါဝင်၍ တပ်မတော်မှ ကွယ်လွန်သူစစ်မှုထမ်း ဟောင်းများ၏ ဇနီးသား သမီးများအပါအ၀င် ၀န်ထမ်းအချို့နှင့် ရပ်ဝေးမှလာရောက်အခြေချသူလူဦးရေ (၈၀၀)၀န်းကျင် နေထိုင်သောနေရာလည်း ဖြစ်သည်။

ဘုရားသုံးဆူမြို့တွင် တာဝန်ကျသည့်တပ်ရင်းမှူး အစဉ်အဆက်ထံ လွန်ခဲ့သည့် (၁၀) နှစ်ခန့်ကတည်းက မြေယာတောင်းခံ၍ နေထိုင်ခဲ့ရာ ပြဿနာ မရှိခဲ့သော်လည်း နောက်ပိုင်းတွင် တာဝန်ရှိသူ အချို့က ရပ်ဝေးမှ ရောက်ရှိလာသူများအား ပေ (၄၀ X ၆၀) အကျယ်အ၀န်းခန့် မြေတကွက်လျင် ထိုင်းဘတ်ငွေ (၁၅၀၀) နှင့် (၂၀၀၀) ကြား သတ်မှတ်၍ ရောင်းချခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

ယင်းကိစ္စ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးထံ ဆက်သွယ် မေးမြန်းကြည့်ရာ ၎င်းအနေဖြင့် ပြောဆို ပိုင်ခွင့်မရှိကြောင်း ယခုကဲ့သို့ဖြေကြားခဲ့သည်။

“ကျွန်တော်လည်း ဂဃနဏ မသိသေးဘူး။ ခရီးက ပြန်ရောက်တာလည်း မကြာသေးလို့ပါ။ ပြီးတော့ ပြောဆို ခွင့်လည်း မရှိလို့ပါ ခင်ဗျာ။” ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြောသည်။

လက်ရှိနေရာမှ ပြောင်းရွှေ့ရန် လက်မှတ်ထိုးခဲ့ရသော်လည်း ပြောင်းရွှေ့ရမည့် နေရာအတည်တကျ သတ်မှတ်ပေးခြင်း မရှိသည့် အတွက် အခက်အခဲ ဖြစ်နေကြောင်း ဒေသခံများက ဆိုသည်။

“အစကတည်းက ကျမတို့နေလာတာ ဘာပြဿနာမှ မရှိခဲ့ဘူး။ အေးအေးဆေးဆေးပဲ။ အခုသူတို့ပေါင်းပြီး လုပ်စားကြလို့ ကျမတို့ ပြောင်းရတော့မယ်။ ဘယ်ကို ပြောင်းရမလဲ ဆိုတာလည်း မသိသေးဘူး။ မြေ၀ယ်ရ အောင်ကလည်း ပိုက်ဆံကမရှိတော့ ဘယ်လို လုပ်ရမလဲ မသိတော့ပါဘူး။” ဟု အဆိုပါ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

လက်ရှိအနေအထားအရ ရပ်ကွက်အုပ်ချုပ်ရေးမှူးအချို့မှာ ၎င်းတို့ကိုယ်ပိုင် မြေယာများအား ခုတ်ထွင် ရှင်း လင်း၍ ပြောင်းရွှေ့ လာမည့်သူများအား ရောင်းချရန် ပြင်ဆင်နေကြောင်းနှင့် နေရာအကျယ်အ၀န်းအလိုက် ထိုင်းဘတ်ငွေ တစ်သောင်းမှ သုံးသောင်းအထိ ဈေးသတ်မှတ်ထားရှိသည်ဟု သတင်းများထွက်ပေါ်လျက် ရှိသည်။

Ref: မြစ်မခ

Read More...

မြန်မာပြည်တွင် ရိုဟင်ဂျာများလက်ခံရန် မဖြစ်နိုင်ကြောင်း နိုင်ငံတော်သမ္မတပြောကြား

ကျော်ဇင်မန်း(မြစ်မခ)
12 Jul, 2012

တိုင်းရင်းသားမဟုတ်ပဲ ခိုးဝင်လာသော ရိုဟင်ဂျာများကို လက်ခံရန်မည်သို့မျှမဖြစ်နိုင်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr.Antonio Guterres ဦးဆောင်သောကိုယ်စားလှယ် အဖွဲ့အား ဇူလိုင်လ(၁၁) ရက်နေ့က နေပြည်တော်ရှိနိုင်ငံတော်သမ္မတအိမ်တော် ဧည့်ခမ်းမဆောင်တွင် ပြောကြားခဲ့ သည်။

နိုင်ငံတော်သမ္မတအနေဖြင့် နောက်ဆုံးဖြေရှင်းသည့်နည်းလမ်းမှာ ခိုးဝင်လာသည့်ရိုဟင်ဂျာများကို UNHCR သို့ အပ်နှံပြီး ဒုက္ခသည် စခန်းအဖြစ်ထားရှိရန်ဖြစ်ကြောင်း၊ UNHCR (ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး) က ကျွေးမွေး စောင့်ရှောက်ပေး ရန်ဖြစ်ကြောင်းနှင့်တတိယနိုင်ငံက လက်ခံမည်ဆိုပါကပို့ဆောင်ပေးမည်ဟု ပြောကြားခဲ့ကြောင်း ပြည်ထောင်စုသမ္မတ နိုင်ငံတော် သမ္မတ ရုံး ၀က်ဆိုဒ်တွင် ဖော်ပြပါရှိသည်။

ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကလည်းရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ သမ္မတကြီး၏ ပြောကြားမှုအပေါ်တွင်ထောက်ခံခဲ့သည်။

“နိုင်ငံခြားသားကို နိုင်ငံခြားသား၊ ကျူးကျော်သူကို ကျူးကျော်သူလို့မြင်ရင်ကောင်းတာပေါ့။ တို့တိုင်းရင်းသားတွေပဲ ဒီနိုင်ငံကို ထူထောင် နေကြတာဒီတိုင်းရင်းသားတွေကို အနှောင့်အယှက်ပေးမယ်ဆိုရင် ဘယ်သူက လက်ခံနိုင်ကြမှာတုန်း”ဟု ရခိုင်တိုင်းရင်းသား တိုး တက်ရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်ဦးဘရှိန်ကပြောသည်။

သမိုင်းကြောင်းအရ မြန်မာနိုင်ငံသို့ ဘင်္ဂါလီများ ၀င်ရောက်လာသည်မှာ (၁၉၄၈)ခုနှစ်တွင် အင်္ဂလိပ်နယ်ချဲ့များက လယ်ယာလုပ် ကိုင်ရန်ခေါ်သွင်းလာခြင်းဖြစ်ကြောင်း နောက်ပိုင်းတွင်အလုပ်အကိုင်ကောင်းမွန်သောကြောင့် မပြန်ကြ တော့ပဲ အခြေချနေထိုင် သူများရှိကြောင်းကိုလည်း သမ္မတကြီးက ဆက်လက်ပြောကြားခဲ့သည်။

သို့သော် မိမိတို့နိုင်ငံ၏ ဥပဒေအရ (၁၉၄၈) ခုနှစ်မတိုင်မီမြန်မာနိုင်ငံသို့ ရောက်ရှိ သူမိဘနှစ်ပါးက မွေးဖွားသူ တတိယ မျိုးဆက် (Third Generation)မြေးအဆင့်ကိုသာ နိုင်ငံသားအဖြစ် လက်ခံမည်ဟူသောဥပဒေရှိကြောင်း၊ ရခိုင်ပြည်နယ် ကို လေ့လာကြည့်ပါက (၁၉၄၈) မတိုင်မီင်္ဘါလီများမှ ပေါက်ဖွားလာသူများ နောက်ပိုင်းတွင် ရိုဟင်ဂျာအမည်ခံ၍ ခိုးဝင်လာ ကြသူများ စသည့်ဖြင့် ရှုပ်ထွေးလျက်ရှိပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကိုပါ ခြိမ်းခြောက် လာကြောင်း နိုင်ငံတော် သမ္မတအနေဖြင့် ထိုကိစ္စကို အလေးအနက်ထား၍ စဉ်းစား လျက်ရှိကြောင်းကိုလည်းသိရှိရသည်။

အထက်ပါကိစ္စရပ်များနှင့်ပတ်သက်၍လူဝန်မှုကြီးကြပ်ရေးဥပဒေအတိုင်းဆောင်ရွက်သင့်ကြောင်း(၈၈)မျိုးဆက်ကျောင်း သား ခေါင်းဆောင်တစ်ဦးက သုံးသပ်ခဲ့သည်။

“ဒါကတော့ဗျာ လူဝင်မှုကြီးကြပ်ရေးဥပဒေရှိပြီးသားပဲလေ ဟုတ်တယ်မလား။ အဲတော့အဲဒီဥပဒေအတိုင်း ရှိရမှာပဲလေ။ ဒီနေရာမှာတော့ သမ္မတကြီးမှန်တယ်တို့မှားတယ်တို့ အဲလိုပြောနေမယ့်အစား ဒီလူဝင်မှုကြီးကြပ်ရေးဥပဒေပရပဲ ပြဿနာကို ဖြေရှင်းသင့်တယ် လို့မြင် ပါတယ်”ဟု ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုမြအေးက ပြောသည်။

Ref: မြစ်မခ

Read More...

ဇေယျာသီရိအဆင့်မြင့်အားကစားကွင်း တည်ဆောက်မှုလုပ်ငန်း(၈၀)ရာခိုင်နှုန်းကျော် ပြီးစီး

ဥာဏ်ဥာဏ် (မြစ်မခ)
12 Jul, 2012

နေပြည်တော်ကောင်စီနယ်မြေ ပုပ္ပားကုန်းကျေးရွာ သိုက်ချောင်းအနီးရှိဇေယျာသီရိနိုင်ငံတကာအဆင့်မီအားကစားကွင်း မှာ(၈၀) ရာခိုင် နှုန်းကျော်တည်ဆောက်ပြီးစီးပြီဖြစ်ကြောင်း မက်စ်မြန်မာဆောက်လုပ်ရေးကုမ္ပဏီကသိရှိရသည်။

“နိုင်ငံတကာအဆင့်မီဆောက်လုပ်နေတာဖြစ်တဲ့အတွက် အခုနှစ်အောက်တိုဘာလကုန်ပိုင်းလောက်မှာ အပြီးသတ် တည်ဆောက်နိုင် မယ်လို့မျှော်လင့်ပါတယ်”ဟု မက်စ်မြန်မာကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

နေပြည်တော် ဇေယျာသီရိမြို့နယ်ရှိ အဆိုပါ အားကစားကွင်းအား (၇၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အဓိက လက်ခံကျင်းပနိုင်ရန်အတွက် ၂၀၀၉ ခုနှစ် ဒီဇင်ဘာလနှောင်းပိုင်းကမက်စ်မြန်မာဆောက်လုပ်ရေးကုမ္ပဏီက စတင်တည်ဆောက် ခဲ့ခြင်းဖြစ်သည်။

နေပြည်တော် ဇေယျာသီရိအဆင့်မြင့်အားကစားကွင်းကို အင်ဂျင်နီယာဌာန၊စီမံအုပ်ချုပ်မူဌာန၊ငွေစာရင်းဌာန၊အုတ်စက်ဌာန၊ ကျောက်ခွဲ စက်ဌာန၊မော်တော်ယာဉ်ဌာန၊လုံခြုံရေးဌာန၊စသည်တို့အတွက် မက်စ်မြန်မာကုမ္ပဏီမှဝန်ထမ်း(၉၃) ဦး၊ နေ့စားဝန်ထမ်း (၄၁)ဦး အနေ ဖြင့် ယာဉ်၊စက်၊ယန္တရားကြီးများဖြင့် နေ့/ညမနား သက်မှတ်ချိန်အမီပြီးစီးရေးကြိုးပမ်းတည် ဆောက်လျက်ရှိကြောင်း မက်စ်မြန်မာ ကုမ္ပဏီက သိရှိရသည်။

ပွဲကြည့်စင်အပါအ၀င် ဘောလုံးကွင်း (၃၂) ဧက ၊ ဘောလုံးကွင်းနှင့်ယာဉ်ရပ်နားကွင်း (၁၃၄) ဧက၊ လေ့ကျင့်ရေးကွင်း ၂၂ ဧက အားကစားရုံး (၂၁)ဧကစီကျယ်ဝန်၍ ပွဲကြည့်ပရိသတ် သုံးသောင်းကျော် ၀င်ရောင်းကြည့်ရှုနိုင်မည့် အားကစားကွင်း ဆောက်လုပ် နေခြင်း ဖြစ်သည်။

နိုင်ငံတကာအဆင့်မီ ဇေယျာသီရိအဆင့်မြင့်ဘောလုံးကွင်းတွင် မြေညီထပ်(ပထမထပ်)သည် စတုရန်းမီတာ ၄၅၆၉၀၊ (ဒုတိယထပ်) သည် စတုရန်းမီတာ ၉၂၀၀၊တတိယထက်သည် စတုရန်းမီတာ ၂၃၀၀ ၊ ကျယ်ဝန်းပြီး၍ အထပ်တိုင်းတွင် ပြခန်းများ ၊စားသောက် ခန်းများ၊ ရုံးခန်းများ၊ အစည်းအဝေးခန်းမများ၊ မီဒီယာခန်း၊အားကစားခန်းများ စသည်ဖြင့် ပါဝင် ကြောင်း သိရှိရသည်။

၂၀၁၃ (ဆီးဂိမ်း) အရှေ့တောင်အာရှအားကစားပြိုင်ပွဲအတွက် နေပြည်တော်တွင်ဇေယျာသီရိအဆင့်မြင့်အားကစားကွင်း နှင့် ဇမ္မူသီရိ အားကစားကွင်းတွင်ပြိုင်ပွဲများ ယှဉ်ပြိုင်သွားမည်ဖြစ်သလို ရန်ကုန်၊မန္တလေးနှင့်ဧရာဝတီတိုင်းရှိ ကမ်းခြေ ဒေသများတွင် အားကစား နည်း( ၃၂)မျိုးဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ပြိုင်ပွဲအရေအတွက်(၄၅၈)ပွဲ ကျင်းပသွားမည်ဖြစ်သည်။

Ref: မြစ်မခ

Read More...

ရခိုင့်အရေးတွင် နံရံကိုလုံအောင်ကာကွယ်သင့်ဟု မင်းကိုနိုင်အကြံပြု

မိုးဝေ-ရခိုင်ပြည်နယ်(မြစ်မခ)
12 Jul, 2012

ပြီးခဲ့သည့် လအတွင်းကဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ်အတွင်းလူမျိုးရေးအဓိကရုဏ်းများကြောင်း နှစ်ဘက် ဒုက္ခရောက်ခဲ့ သဖြင့် ပြဿနာ များထပ်မံမဖြစ်ပွားစေရန် မိမိတို့ပိုင်နက်အား ကာကွယ်သင့်ကြောင်း(၈၈)မျိုး ဆက်ကျောင်းသားများ၏ ရခိုင်ပြည်နယ် ခရီးစဉ်တွင်ကိုမင်းကိုနိုင်က ပြောကြားသည်။

ဇူလိုင်လ(၁၁)ရက်နေ့က စစ်တွေမြို့ ဘောက်သီးစုရပ်ကွက်ဝံလက်ဖောင်ဒေးရှင်းရုံးတွင် ပြုလုပ်ခဲ့သည့် (၈၈)မျိုးဆက်ကျောင်း သား အဖွဲ့နှင့် ရခိုင်လူမှုအဖွဲ့အစည်းများနှင့်တွေ့ဆုံရာတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

“ပြဿနာကို ကိုင်တွယ်ဖြေရှင်းမယ်ဆိုရင် အခုတစ်ထိုင်တည်းနဲလည်း မရပါဘူး ၊အများစုကနေပြီးတော့ သမိုင်းကြောင်း အမှန်နဲ့ အထောက်အထားခိုင်ခိုင်လုံလုံနဲ့တင်ပြနိုင်ရမယ်။ လတ်တလော ဖြေရှင်းရမှာတွေကကျွန်တော်တို့ပြည်ထောင်စုရဲ့ အစိတ်အပိုင်းကို ကာကွယ်ရမယ့်ဟာကိုကျွန်တော်တို့ အားလုံး သဘောတူ ရပါမယ်။ ကျွန်တော်တို့ရဲ့ ပိုင်နက်ကို ကျွန်တော်တို့ကာကွယ်ရမယ်”ဟု (၈၈)မျိုးဆက်ကျောင်းသားခေါင်းဆောင်မင်းကိုနိုင်က ပြောကြားခဲ့သည်။

အဆိုပါအဖွဲ့သည် ယမန်နေ့က စစ်တွေမြို့ဒုက္ခသည်စခန်းများသို့သွားရောက်ခဲ့ပြီး စစ်တွေမှ ရဟန်းသံဃာတော်များ၊နိုင်ငံရေး ပါတီ များနှင့်လည်း တွေ့ဆုံခဲ့သည်။ ထို့အပြင်ရခိုင်တွင်ဖြစ်ပွားခဲ့သော အဓိရုဏ်းပြဿနာများကို ရခိုင်တိုင်းရင်းသားများ ကိုယ်တိုင်လည်း ဖြေရှင်း သင့်ကြောင်းကိုလည်း ပြောကြားခဲ့သေးသည်။

“အဲဒီပြဿနာကို ရခိုင်သားတွေကိုယ်တိုင်ရခိုင်ပြည်နယ်အစိုးရနဲ့သော်လည်းကောင်း၊ ပြည်ထောင်စု အစိုးရနဲ့သော်လည်းကောင်း ကိုယ်တိုင်ပြောပါ၊ တဖက်ကလည်းကျွန်တော်တို့ကြိုးစားပြောပ့ါမယ်။ နံပါတ်တစ် နံရံကို လုံအောင်ကာမယ်ဆိုရင် ကျန်တဲ့ပြဿနာကို ကျွန်တော်တို့ရှင်းရမယ်။ သမိုင်းနဲ့ရှင်းရှင်းတကယ့်သမိုင်း ယဉ်ကျေးမှုမြင့်မားတဲ့လူမျိုး သမိုင်းခိုင်မာတဲ့လူမျိုး ဘာမှမရှင်းရဲစရာ မရှိ ပါဘူး”ဟု ကိုမင်းကိုနိုင်က ပြောသည်။

အဆိုပါ တွေ့ဆုံပွဲတွင် ကိုမင်းကိုနိုင်ကရခိုင်လိုပြောကြားခဲ့ခြင်းကိုလည်း ထူးခြားမှုအနေဖြင့် တွေ့ရှိရသည်။ဆက်လက်၍ ပြီးခဲ့သည့်လက ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်အတွင်းဒေသတစ်ဝန်းအကြမ်းဖက်မှု ပြဿနာ များအား ဒေသခံများက ဆွေးနွေးခဲ့ကြသည်။

“၈၈ မျိုးဆက် အဖွဲ့လာတာ အရမ်းဝမ်းသာပါတယ်။အားလဲကိုးပါတယ်။အခုဖြစ်နေတဲ့ကိစ္စမှာ ပြောချင်တာကအမျိုးသားရေးကိစ္စပါ။ ဒီအမျိုးသားရေးမှာကျွန်တော်တို့ပြည်မက လူတွေ ဘယ်လောက်လုပ်ခဲ့ပြီးပြီလဲ ၊ဒီမိုကရေစီလူ့အခွင့်အရေးရတာတော့ ဟုတ်ပါတယ် ၊အမျိုးသားရေးမရှိဘဲနဲ့ဒီမိုကရေစီသွားမယ်ဆိုရင် ကျွန်တော် တို့ကမ္ဘာ့နိုင်ငံတွေမှာကြုံခဲ့တဲ့အတိုင်း အမျိုးပျောက် တာတွေ အမျိုး ပျောက်တဲ့ဒီမိုကရေစီနိုင်ငံတွေ အများကြီး ရှိပါတယ် ကျွန်တော်တို့ပြည်မက လူတွေအမျိုးသားရေး စိတ်ဓာတ် ရှိအောင် ကိုမင်းကိုနိုင်တို့ ကိုဌေးကြွယ်တို့ ကိုလဲအရမ်းအားကိုးပါတယ်။ကျွန်တော်တို့ကိုအဲဒီအချက်လေး တစ်ချက် ကူညီပေးပါလိုပြောချင်ပါတယ်”ဟု စစ်တွေမြို့ ခံတစ်ဦးက(၈၈)မျိုးဆက်ကျောင်းသားများထံတွင် အကူအညီတောင်းခံခဲ့သည်။

စစ်တွေမြို့ခံများအနေဖြင့် ဘင်္ဂလီများနှင့်ရခိုင်တိုင်းရင်းသားများကြားရန်တိုက်ပေးမှုကိုလည်း မလိုလား ကြောင်း ဒေသခံ များ၏ ပြောဆိုမှုအရ သိရှိရသည်။


Ref: မြစ်မခ

Read More...

ဂျပန်မှ ထောက်ပံ့ငွေ ဒေါ်လာ(၁၀)သန်းကို ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းတွင်သုံးမည်

စည်သူနိုင်(မြစ်မခ)
12 Jul, 2012

မြန်မာ့လျှပ်စစ်စွမ်းအင်လိုအပ်ချက်များတွင် အကူအညီအထောက်အပံ့ဖြစ်စေရန် ဂျပန်နိုင်ငံအစိုးရက ဒေါ်လာငွေ (၁၀)သန်း ထောက်ပံ့ ကူညီသွားမည်ဖြစ်ကြောင်းအမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန က သိရှိရသည်။

အဆိုပါကူညီထောက်ပံ့ငွေမှာ အရေးပေါ်ကူညီထောက်ပံ့ငွေအဖြစ်ကူညီခြင်းဖြစ်ပြီးမြန်မာနိုင်ငံဒေသ အနှံ့အပြား အတွက်လျှပ်စစ် ဓာတ်အားဖြန့်ဖြူးနိုင်ရေးလုပ်ငန်းများတွင် အဓိကထားအသုံးပြုသွားမည် ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဦးစီးဌာန၊ ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးခင်မောင်ဝင်းက ပြောသည်။

“အရေးပေါ်ထောက်ပံ့ငွေအနေနဲ့ကူညီသွားဖို့ သူတို့ဆီက ကမ်းလှမ်းထားတာကိုလက်ခံထားပြီးပါပြီ။ လိုအပ်တဲ့ စာရွက်စာတမ်းတွေ လည်း ပို့ထားပြီးသားပါ။လိုအပ်တဲ့နေရာတွေမှာ လျှပ်စစ်ဓာတ်အားဖြန့် ဖြူးရေးလုပ်ငန်းတွေလုပ်ဆောင်သွားမှာပါ” ဟု ဦးခင်မောင်ဝင်း က ပြောသည်။

အရေးပေါ်ထောက်ပံ့ငွေ ဒေါ်လာငွေ(၁၀)သန်းရရှိလာပါက ဒီဇယ်နှင့် သဘာဝဓာတ်ငွေ့စသော လောင်စာများ သယ်ယူပို့ဆောင်ရန် လွယ်ကူသော ရန်ကုန်မြို့တွင်လျှပ်စစ်ဓာတ်အားပေးမီးစက်များ တည်ဆောက်၍ တစ်နိုင်ငံလုံးသို့လျှပ်စစ်ဓာတ်အားဖြန့်ဖြူးနိုင်ရန် လျာထားကြောင်းလျှပ်စစ်စွမ်းအားဝန်ကြီးဌာနက သိရှိရသည်။

ရန်ကုန်မြို့တော်ရှိ စက်မှုဇုန်များအား အချိန်ပြည့်လျှပ်စစ်မီးပေးနိုင်ရေးအတွက် ဂျပန်မှ Mitsubishi ကုမ္ပဏီနှင့်ထိုင်းနိုင်ငံမှ EGAT ကုမ္ပဏီတို့မှသဘာဝဓာတ်ငွေ့သုံးလျှပ်စစ်ဓာတ်အားပေးစက်များ ကူညီပေးမည်ဖြစ်ကြောင်းလည်း ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ် အားပေးရေးအဖွဲ့က သိရှိရသည်။

မြန်မာနိုင်ငံအနေဖြင့် ဂျပန်အစိုးရသို့ပေးဆပ်ရန်ကြွေးမြီအမေရိကန်ဒေါ်လာသန်း(၆၀၀၀) ကျော်ရှိပြီး ၄င်းအနက်မှ အမေရိကန် ဒေါ်လာသန်း(၃၇၀၀) ကို လျှော်ပစ်ရန် သမ္မတဦးသိန်းစိန်၏ ဂျပန်နိုင်ငံ ခရီးစဉ်တွင်ဂျပန်အစိုးရက ပြောကြားခဲ့ကြောင်းကိုလည်း သိရှိရသည်။

နိုင်ငံတော်အစိုးရမှ စွမ်းအင်ကိစ္စအရပ်ရပ်တွင် ရေတို၊ရေရှည်စီမံကိန်းများရေးဆွဲဆောင်ရွက်ရန်နှင့် ပြည်ထောင်စု အစိုးရက ထုတ် လုပ်ဖြန့်ဖြူးမည့်အပိုင်း၊ ဒေသအစိုးရများက ထုတ်လုပ်ဖြန့်ဖြူးမည့်အပိုင်း၊ ပြည်တွင်းပြည်ပ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု များဖြင့်ထုတ် လုပ်ဖြန့်ဖြူးမည့်အပိုင်းများကို နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားရန် နိုင်ငံတော်သမ္မတကြီး ဦးသိန်း စိန်ကဇူလိုင်လ (၁၉)ရက်နေ့တွင် ပြောကြားခဲ့သော မိန့်ခွန်းတွင်ထည့်သွင်းပြောကြားခဲ့သည်။

၁၉၈၈ ခုနှစ်မှ ၂၀၁၁ ခုနစ်အထိ နိုင်ငံတော်၏ဘဏ္ဍာငွေကျပ်သန်းပေါင်း(၂.၈)သန်းကျော်နှင့် နိုင်ငံ ခြားချေးငွေဖြင့်ဆောင် ရွက် သည့် ရေအားလျှပ်စစ် စီမံကိန်းများအတွက် အမေရိကန်ဒေါ်လာ (၇) ဘီလီလျံခန့် သုံးစွဲခဲ့ပြီး လျှပ်စစ်ဓာတ်အား ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်း များလုပ်ဆောင်ခဲ့သော်လည်း လူဦး ရေနှင့်လျှပ်စစ်ဓာတ်အားသုံးစွဲမှုတိုးတက်လာသောကြောင့် လျှပ်စစ်ဓာတ် အားသုံးစွဲမှုလိုအပ်ချက် များ ရှိနေဆဲဖြစ်ကြောင်း သိရှိရသည်။

Ref: မြစ်မခ

Read More...

ကော်မရှင်ဖွဲ့၍ ဆန္ဒပြ အကြောင်းရင်း ဖြေရှင်းရန် အဆိုတင်

ဝေစန္ဒာ
ဇူလိုင်လ ၁၂ ရက် ၂၀၁၂ ခုနှစ်

အလုပ်သမားတို့ ဆန္ဒထုတ်ဖေါ်ရသည့် အကြောင်းရင်းများကို လေ့လာ၍ အဖြေရှာနိုင်ရန် စုံစမ်းရေးကော်မရှင်တရပ် ဖွဲ့စည်းသင့်ကြောင်း ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းသည့် အဆိုတရပ်ကို ပြည်သူ့ လွှတ်တော် အမတ် ဦးသိန်းညွန့်က ဗုဒ္ဓဟူးနေ့တွင် တင်သွင်းခဲ့သည်။

အလုပ်သမားတဦး၏ လစာ ၆၀၀၀ ကျပ်ရရှိနေချိန်တွင် ဆန်တပြည် ၈၅၀ ဖြစ်နေခြင်း၊ အချိန်ပိုကြေး ၁ နာရီလျှင် ၇၀ ကျပ်သာရ ရှိခြင်း ကြောင့် ကုန်ကျစရိတ် မကာမိခြင်း စသည့် ကုန်ဈေးနှုန်း ကြီးမြင့်သည့် အခြေအနေများကို လွှတ်တော် အတွင်း ဆွေးနွေးမှုတွင် တင်ပြ ခဲ့သည်ဟု ဦးသိန်းညွှန့်က မဇ္ဈိမကို ပြောသည်။

ယခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်ရုံအလုပ်ရုံများမှ အလုပ်သမားများ၏ ဆန္ဒထုတ်ဖေါ်မှုများကို လည်း ဦးသိန်းညွှန့် က ထောက်ပြဆွေးနွေးခဲ့ပြီး "အခုလိုဖြစ်ရတဲ့ လက်ငင်းအကြောင်းအရင်းနဲ့ အခြေခံ အကြောင်းအရင်းတွေကို ထဲထဲဝင်ဝင်သိဖို့အတွက် စုံစမ်းရေးအဖွဲ့ ဖွဲ့ဖို့လိုတယ်။" ဟု အဆိုတင်သွင်းဖြစ်ပုံကို ဦးသိန်းညွှန့်က ပြောသည်။

ဦးသိန်းညွန့်၏ အဆိုကို ရွာငံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းက ထောက်ခံဆွေးနွေးခဲ့ သည်။ အဆိုကို လွှတ်တော်က လက်ခံဆွေးနွေးရန် သဘောတူသည့်အတွက် ဆက်လက် ဆွေးနွေးရန် ရှိသည်။

ဆန္ဒထုတ်ဖေါ်မှုများနှင့် ပတ်သက်၍ ပြည်နယ်နှင့် တိုင်း အစိုးရများအနေဖြင့် ဒေသတွင်း အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပ၍ ပြည်သူ များ၏ အခက်အခဲများကို ဖေါ်ထုတ်ဆွေးနွေး ဖြေရှင်းပေးသည့်နည်းကို သုံးသင့်ကြောင်း ဇွန်လ ၁၉ ရက်နေ့တွင် ပြုလုပ်သည့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြုပြင်ပြောင်းလဲရမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်သည့် ရှင်းလင်းပွဲတွင် သမ္မတ ဦးသိန်းစိန်က လမ်း ညွှန်မှာကြားခဲ့သေးသည်။

Ref: မဇ္ဈိမ

Read More...

စစ်တွေ အဓိကရုဏ်း သေဆုံးသူများ အတွက် ကျောက်တိုင်စိုက်

ကွန်းချမ်း
ဇူလိုင်လ ၁၂ ရက် ၂၀၁၂ ခုနှစ်

ရခိုင်ပြည်နယ် စစ်တွေမြို့ အဓိကရုဏ်းအတွင်း သေဆုံးသွားသူများအတွက် ဂုဏ်ပြုကျောက် တိုင် စိုက်ထူခြင်းကို အောင်မင်္ဂလာဆုတောင်း ပြည့်စေတီ ပရဝုဏ်အတွင်း ပြုလုပ်ခဲ့ကြောင်း ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ဗဟိုကော်မတီဝင် ဦးစံကျော်လှ က ပြောသည်။

အခမ်းအနားကို ကြာသပတေးနေ့က သံဃာတော် ကိုးပါး ဦးဆောင်ကာ စစ်တွေမြို့ ရွာသာယာအရှေ့ အာကျပ်တော် ကုန်းမြေရှိ အောင် မင်္ဂလာ ဆုတောင်းပြည့်စေတီ ပရဝုဏ်အတွင်းတွင် ကျင်းပခဲ့ပြီး ရခိုင်အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ၊ ရခိုင့်သဟာယအသင်း (ရန်ကုန်)၊ ရခိုင်အင်အားစုအဖွဲ့ စသည်တို့နှင့် အဓိကရုဏ်းအတွင်း သေဆုံးသွားသူတို့၏ မိသားစုဝင်များ ၁၅၀ ခန့် တက်ရောက်ကြသည်။

“ကျနော်တို့ ကျဆုံးသွားတဲ့ သူတွေအတွက် အမှတ်တရအနေနဲ့ လုပ်တာတော့ ကောင်းပါတယ်။ ကောင်းတယ်လို့ မြင်တဲ့အတွက် ကျနော်တို့ ဒုဥက္ကဌ ကိုယ်တိုင် သွားတက်ပါတယ်” ဟု ဦးစံကျော်လှ က ပြောသည်။

အမည်မဖော်လိုသော အခမ်းအနား ဦးဆောင်ကျင်းပသော ဆရာတော်တပါးက “နောင်ကာလမှာ ဒီလို အဖြစ်ဆိုး အဖြစ်မျိုးတွေ မဖြစ်ရ ပါစေနဲ့ ဆိုပြီးတော့ စံနမူနာ သင်ခန်းစာ ယူနိုင်အောင် ရည်မှန်းပြီး အခုလို ကျောက်တိုင်စိုက် တာ ဖြစ်တယ်” ဟု ပြောသည်။

အဓိကရုဏ်း တလပြည့် ဖြစ်သည့် ဇူလိုင် ၈ ရက်နေ့တွင်လည်း စစ်တွေမြို့ အပါအဝင် ရခိုင်ဒေသ အသီးသီး၌ သေဆုံး သူများအတွက် ဝမ်းနည်းခြင်းနှင့် ငြိမ်းချမ်းရေး အထိမ်းအမှတ်အဖြစ် သာသနာ့ အလံများ လွှင့်တင်၍ ဂုဏ်ပြုခဲ့ကြ သည်။

Ref: မဇ္ဈိမ

Read More...

ဦးသိန်းစိန်နှင့် ဟီလာရီကလင်တန် ပိတ်ဆို့မှု ရုပ်သိမ်းရေးဆွေးနွေးမည်

ဇူလိုင်လ ၁၂ ရက် ၂၀၁၂ ခုနှစ်

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် မြန်မာ သမ္မတ ဦးသိန်းစိန်တို့ ကမ္ဘောဒီးယားနိုင်ငံ Siam Reap မြို့၌ သောကြာ နေ့တွင် တွေ့ဆုံရန်ရှိပြီး အမေရိကန်၏ စီးပွါးရေးပိတ်ဆို့ အရေးယူမှု များ ဖြေလျှော့ပေးရေး အပါအဝင် အခြားကိစ္စရပ်များ ဆွေးနွေး မည်ဖြစ်ကြောင်း အမေရိကန် အရာရှိတဦးက ကြာသပတေးနေ့တွင် ပြောသည်။

ကမ္ဘောဒီးယားနိုင်ငံ Siem Reap တွင်ကျင်းပသည့် အာရှ အမေရိကန် စီးပွါးရေးလုပ်ငန်းများ အကြီးမားဆုံး စုဝေးမှု ဖြစ်သည့် ညီလာခံသို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တက်ရောက်ရန်လာသည့် ခရီးစဉ်အတွင်း မြန်မာသမ္မတနှင့် တွေ့ဆုံခြင်း ဖြစ်သည်။ တဆက်တည်းတွင် အမေရိကန် ကုမ္ပဏီများ အနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ တရားဝင် လုပ်ကိုင်နိုင်ပြီဖြစ်ကြောင်းလည်း အမေရိကန်က ဗုဒ္ဓဟူး နေ့တွင် ကြေညာခဲ့သည်။

မြန်မာအစိုးရဘက်မှလည်း မြန်မာနိုင်ငံအနေဖြင့် နိုင်ငံ၏ စီးပွါးရေး ပြုပြင်ပြောင်းလဲမှု "ဒုတိယလှိုင်း" သို့ တက်လှမ်း နေချိန်တွင် အနောက် နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှု အားလုံး ရုပ်သိမ်းပေးပါရန် မြန်မာ သမ္မတ ဦးသိန်းစိန်က ကြာသပတေးနေ့တွင် တိုက်တွန်းခဲ့သေးသည်။

ဦးသိန်းစိန်က ဗြိတိန် အခြေစိုက် Financial Times သတင်းစာသို့ ပြောကြားခဲ့ရာတွင် “အခုအချိန်မှာ နိုင်ငံအနေနဲ့ အရေးတကြီး လို အပ်နေတဲ့ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ဖော်ဆောင် နိုင်ရေးအတွက် ဘဏ္ဍာရေး ပိတ်ဆို့မှု အပါအဝင် အခြား စီးပွါးရေး ပိတ်ဆို့အရေးယူမှုတွေကို ရုပ်သိမ်းပေးဖို့ အလွန်အရေးကြီးပါတယ်။” ဟု ဆိုခဲ့သည်။

ဟီလာရီကလင်တန်သည် နှစ်ပေါင်း ၅၀ အတွင်း မြန်မာနိုင်ငံသို့ ပထမဆုံးလာရောက်သည့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးတဦး၏ ခရီးစဉ်အဖြစ် ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလ ပထမပတ်အတွင်းက လာရောက်ခဲ့သေးပြီး မြန်မာသမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံခဲ့သည်။

တွေ့ဆုံဆွေးနွေးမှုအတွင်း နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ရန် ဘဏ်လုပ်ငန်းစနစ်များတွင် အမေရိကန်နိုင်ငံမှ ကူညီရန်၊ ကျေးလက် ဒေသ ဖွံ့ဖြိုးရေး၊ အသေးစားချေးငွေလုပ်ငန်းများ ဖွံ့ဖြိုးရန်အတွက် အမေရိကန်မှ ကူညီမည်ဟု ဟီလာရီ ကလင်တန်က ကတိပေးခဲ့သည်။

ယင်းအပြင် တိုင်းရင်းသား လက်နက်ကိုင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း လုပ်ငန်းစဉ်များ၊ အပစ်အခတ် ရပ်စဲခြင်း လုပ်ငန်းစဉ်များတွင် အမေရိကန်ဘက်မှ ကူညီပေးသွားမည်ဖြစ်ပြီး စီးပွားရေး ပိတ်ဆို့မှု၊ ခရီးသွား လုပ်ငန်းများတွင် အမေရိကန်ဘက်မှ ကန့်သတ်ထားမှုများ၊ သွင်းကုန်ထုတ်ကုန် လုပ်ငန်းများတွင် ကန့်သတ်ထားမှုများကိုလည်း လျော့ချ ရုပ်သိမ်းသွားနိုင်အောင် ကူညီသွားမည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက သမ္မတနှင့် ဆွေးနွေးမှုတွင် ထည့်သွင်း ပြောသွားခဲ့သည်။

Ref: မဇ္ဈိမ

Read More...

အစိုးရတပ် ထိုးစစ်ဆင်မှု ရပ်သင့်ဟု ကိုမြအေး ပြော

ဖနိဒါ
ဇူလိုင်လ ၁၂ ရက် ၂၀၁၂ ခုနှစ်

ကချင်ဒေသတွင်း တိုက်ပွဲများ ရပ်တန့်ထားသင့်ပြီး အစိုးရတပ်ဘက်မှ ထိုးစစ်ဆင်မှုများ ရပ်ဆိုင်းသင့်ကြောင်း ၈၈ ကျောင်းသားခေါင်း ဆောင် တဦးဖြစ်သော ကိုမြအေးက ပြောဆိုလိုက်သည်။

၈၈ မျိုးဆက်ကျောင်းသားများက ကချင်လွတ်လပ်ရေးအဖွဲ့ KIO ခေါင်းဆောင်များနှင့် သွားရောက် တွေ့ဆုံ၍ ငြိမ်းချမ်းရေး ခရီးစဉ် မှအပြန် မီးရထားဝန်ကြီး ဦးအောင်မင်းနှင့် ဗုဒ္ဓဟူးနေ့က နေပြည်တော်တွင် သွားရောက် တွေ့ဆုံ ပြီးနောက် မဇ္ဈိမကို ပြောကြားခြင်း ဖြစ်သည်။

“နှစ်ဖက်တပ်တွေ ဂုဏ်သိက္ခာရှိရှိ ရွှေ့ရေးပေါ့နော်။ တွေ့ဆုံပွဲလုပ်နေတဲ့ အချိန်မှာတောင် တိုက်ပွဲတွေ ဖြစ်နေကြတယ် ဆိုတော့ တယောက်နဲ့တယောက် သံသယ ရှိနေတဲ့ အချိန်။ ဆွေးနွေးပွဲတွေလုပ်တဲ့ အချိန်မှာ တိုက်ပွဲတွေ ရပ်ထား သင့်တယ်။ တဖက်က (အစိုးရဘက်) ထိုးစစ်ဆင်တဲ့ ကိစ္စတွေ ရပ်သင့်တယ်”ဟု ကိုမြအေးက ပြောသည်။

ငြိမ်းချမ်းရေးရရှိမှ ဒီမိုကရေစီရရှိ နိုင်မည်ဖြစ်၍ ကချင်တိုင်းရင်းသားအရေး အပါအဝင် အခြားသော တိုင်းရင်းသားများ၏ တန်တူ ညီမျှရေး၊ တရားမျှရေးတို့ကို ဝိုင်းဝန်း တည်ဆောက်လိုကြောင်း ကိုမြအေးက ဆက်ပြောသည်။

“ကျနော်တို့ မေတ္တာ ရပ်ခံပါတယ်။ အစိုးရ တပ်မတော်အရာရှိတွေကိုရော စိတ်ရှည်လက်ရှည်နဲ့ ပြဿနာကို ပညာရှိကြီးများ ပီပီ ဖြေရှင်း ကြပါလို့ တိုက်တွန်းချင်ပါတယ်”ဟု သူက မဇ္စျိမကို ပြောသည်။

တိုက်ပွဲများ ဖြစ်ပွားနေဆဲဖြစ်နေကြောင်းလည်း KIO ဘက်က သတင်းထုတ်ပြန်ထားသည်။ မဇ္ဈိမအနေဖြင့် သီးခြား အတည်ပြုချက် ရယူနိုင်ခြင်းမရှိပါ။

ကချင်ပြည်နယ် ချီဖွေမြို့နယ်၊ KIO ၏ တပ်မဟာ (၂ ) နယ်မြေ တနိုင်းမြို့နယ်၊ KIO ၏ တပ်မဟာ (၅) နယ်မြေလည်း ဖြစ် KIO ဌာန ချုပ်အနီးတဝိုက်လည်းဖြစ်သော ဗန်းမော်မြို့နယ်တွင်းနှင့် ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်ဘက် အစိုးရတပ်များ ထိုးစစ်ဆင် မှုများ ရှိနေသည်ဟု KIO ငြိမ်းချမ်းရေးကိုယ်စားလှယ် ဒု-ဗိုလ်မှူးကြီး ဂျီးနောင်က ပြောသည်။

လိုင်ဇာမြို့နေ ဒုဗိုလ်မှူးကြီး ဂျီးနောင်သည် ယခင်ကတည်းက KIO ၏ ဆက်ဆံရေးတာဝန်ယူခဲ့သူ ဖြစ်သည်။ အစိုးရ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ စတင်ချိန်မှ စတင်၍ KIO ဘက်မှ ငြိမ်းချမ်းရေးအဖွဲ့ဝင် တဦးအဖြစ် ပါဝင်ခဲ့သည်။

သို့သော် ငြိမ်းချမ်းရေး ဖြစ်ထွန်းနိုင်ကြောင်း ကိုမြအေးက ပြောသည်။

“KIO ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးပြီး အပြန်မှာ ဝန်ကြီး ဦးအောင်မင်းနဲ့ ဝင်တွေ့တယ်။ နှစ်ဖက်လုံးရဲ့ အနေ အထား၊ သဘော ထားကို သိခဲ့ရတာပေါ့။ အဲတော့ ချုံပြီးပြောရမယ်ဆိုရင် နှစ်ဖက်လုံး ဝန်ကြီး ဦးအောင်မင်းရော၊ ကေအိုင်အို အနေအထားရော ငြိမ်းချမ်း ရေး လိုလားတယ်ဆိုတာ ယေဘုယျအားဖြင့် ပြောနိုင်ပါတယ်”ဟု ပြောသည်။

ထိုစဉ်တွင် ဝန်ကြီးဦးအောင်မင်းမှာ ရထားဝန်ကြီးအဖြစ်မှ သမ္မတရုံးဝန်ကြီးအဖြစ် ရာထူးအပြောင်းအလဲ ဖြစ်လိမ့်မည် ဟူသော ခန့်မှန်း ချက်များ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေသည်။ ဦးအောင်မင်းသည် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များနှင့် အစိုးရအကြား အပစ် ခတ်ရပ်စဲရေးမှသည် ငြိမ်းချမ်းရေးရရှိအောင် သမ္မတ၏ အထူးကိုယ်စားလှယ်အဖြစ် ဆောင်ရွက်နေခဲ့သူ ဖြစ်သည်။

အစိုးရတပ်နှင့် KIO တို့သည် ပြီးခဲ့သည့်နှစ် ဇွန်လမှ စတင်၍ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ငြိမ်းချမ်းရေး ဆွေးနွေးမှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့သော်လည်း ပြေလည်မှု တစုံတရာ မရရှိဘဲ ဖြစ်နေချိန် ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့ဝင် ကိုမြအေး၊ ကိုပဏ္ဍိတ်ထွန်း၊ ကိုထွန်းမြင့်အောင်၊ ကိုစိုးထွန်း၊ မစန်းစန်းမော်၊ မနီနီလွင်တို့ ယခုလ ၆၊ ၇ ရက်နေ့က သွားရောက်၍ KIO ဒုစစ်ဦးချုပ်ချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်နှင့် တွဲဘက်အတွင်းရေးမှူး ဦးလနန်တို့နှင့် တွေ့ဆုံခဲ့သည်။

KIO မှ ဖမ်းဆီးထိန်းသိမ်းထားသော အစိုးရတပ်သား သုံ့ပန်း (၃၄) ဦးကိုလည်း ၈၈ ကျောင်းသားများ လာရောက်စဉ် တွေ့ဆုံခွင့် ပေးခဲ့ခြင်း ဖြစ်သည်။

ယခု ဇူလိုင်လ ၁၀ ရက်နေ့ထိ တိုက်ပွဲ အကြိမ်ပေါင်း ၄၀ ခန့် ရှိသွားပြီ ဖြစ်ပြီး ပြီးခဲ့သည့် ယမန်နှစ် ဇွန်လမှ ယမန်နေ့ထိ တိုက်ပွဲ ဖြစ်ပွား မှုအကြိမ် ၁,၆၀၀ ကျော်ဖြစ်ပွားခဲ့ကြောင်း KIO က ထုတ်ပြန်ထားသည်။

Ref: မဇ္ဈိမ

Read More...

ရိုဟင်ဂျာ ဘင်္ဂါလီ များ ကို လက်ခံထား ရန် မဖြစ် ဟု သမ္မတ ပြော

July 12, 2012

မြန်မာ အစိုးရ သမ္မတ ဦးသိန်းစိန် သည် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ရုံး မှ Mr. Antonio Guterres ဦးဆောင် သော အဖွဲ့  ၀င် များ အား လက်ခံ တွေ ဆုံ စဉ် ” ဘင်္ဂါလီ ရိုဟင်ဂျာ များ သည် ခိုးဝင်လာ သည့် သူများ ဖြစ်သော ကြောင့် လက်ခံ ရန် လုံးဝ မဖြစ် နိုင်
ကြောင်း ပြော ကြား ခဲ့ သည်။

မေလ နှောင်း ပိုင်း နှင့် ဇွန် လအတွင်း က ရခိုင် ပြည်နယ် တွင် ဖြစ် ပွား ခဲ့ သည့်မငြိမ် သက်မှုများ ဖြစ်ပွား ပြီးနောက် လူဝင်မှု ကြီး ကြပ် ရေး ၀န်ကြီး ဦးခင်ရီ အပါ အ၀င် အစိုးရ အရာ ရှိ အချို့ က ဘင်္ဂါလီ ရိုဟင်ဂျာ များ ကို လက်ခံ မည် ဟု တရား ၀င် သတင်း ထွက် ပေါ် ခဲ့ သည်။

နိုင်ငံ တော် သမ္မတ ရုံး အင်တာ နက် စာမျက် နှာ ၏ ကြေငြာချက် တွင် ” နောက် ဆုံး ဖြေရှင်းသည့် နည်း လမ်းမှာ UNHCR သို့  အပ် နှံ ပြီး ဒုက္ခသည် အဖြစ် ဒုက္ခသည် စခန်း တွင် ထား ရှိ ရန် မှာ ဖြစ်နိုင် ကြောင်း လက္ခံ မည့် တတိယ နိုင်ငံ ရှိ လည်း ပို့  ပေး မည် ” ဟု ဖော်ပြထား သည်။

ရခိုင် ပြည် နယ် မြောက် ပိုင်း တွင် အစု လိုက် အပြုံ လိုက် ခိုးဝင်လာသည့် ဘင်္ဂါလီ ရိုဟင် ဂျာ များ ကြောင့် ဒေသ တည် ငြိမ် မှု ကို ခြိမ်း ခြောက် လျှက် ရှိသည် ဟု ရခိုင် ဒေသခံ များ က ကန့် ကွက်မှု များ ပြင်းထန် လာ ပြီး နောက် သမ္မတ ဦးသိန်းစိန် က တရားဝင် လက်မခံ နိုင် ကြောင်း ထုတ် ဖော် ပြောကြား ခဲ့ ခြင်း ဖြစ်သည်။

ဘင်္ဂလား ဒေရှ့်  နိုင်ငံ မှ ကူးဝင်လာသည့် ရိုဟင်ဂျာ များ ကို မြန်မာ အစိုးရ အဆက် ဆက် က တစ် နည်း တစ်ဖုံ လက္ခံ ခဲ့ ပြီး ၂၀၁၀ ရွေးကောက် ပွဲ တွက် လက်ရှိ အာဏာရ ကြံ့ခိုင်ရေး ပါတီ က မဲရရှိ နိုင်ရေး အတွက် ရိုဟင်ဂျာ အချို့  ကို နိုင်ငံ သား အဖြစ် အသိ အမှတ် ပြု ခဲ့ သည်။

သမ္မတ က ဘင်္ဂါ လီ ရိုဟင်ဂျာ များ ကို လက်မခံ နိုင် ဟု ပြောထား သော် လည်း တပ်မတော်သား ကိုယ်စား လှယ် များ ၏ ထောက်ခံ အဆို ပြု ထားသည့် ဒုတိယ သမ္မတ လောင်း တစ်ဦး ဖြစ် သူ ရန်ကုန် တိုင်း ၀န်ကြီး ချုပ် ဦး မြင့် ဆွေ မှာ ရန်ကုန် မှ ကြေးရတတ် ဘင်္ဂါ လီ ရိုဟင်ဂျာ များ နှင့် ရင်း ရင်း နှီး နှီး ရှိ သည် ဟု နီးစပ် သူ များ က ပြော ဆို ကြသည်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ရုံး မှ Mr. Antonio Guterres က ယနေ့  ညနေ ရန်ကုန် မြို့  ဆီဒီုနား ဟိုတယ် တွင် ကျင်းပသည့် သတင်းစာ ရှင်းလင်း ပွဲ ဉ် ” အနာဂတ် တွင် ရခိုင် တိုင်းရင်းသား များ စိတ်ဝမ်း ကွဲ ပြား မှု မရှိ ပဲ ပြန်လည် ရင်ကြား စေ့ရန် မျှော် လင့် ကြောင်း ” Eleven Media ၏ မေးမြန်မှု ကို ဖြေကြား ခဲ့ သည်။

မြန်မာ အစိုးရ က ကုလ သမဂ္ဂဒုက္ခသည် များ ဆိုင်ရာ မဟာ မင်းကြီး ရုံး မှ ၀န်ထမ်း ၃ ဦး အပါအ၀င်NGO ၀န်ထမ်း ၁၀ ဦး ကို ရခိုင် ပြည် နယ် မငြိမ် မသက် မှု များ တွင် သွေး ထိုး လှုံ ဆော် မှု ဖြင့် ဖမ်း ဆီးထား သည်။

Ref: အဖ်အဲန်ဂျီ

Read More...

ဘင်္ဂါလီ ရိုဟင်ဂျာတွေကို လက်ခံဖို့ မဖြစ်နိုင်ကြောင်း သမ္မတ ဦးသိန်းစိန်ပြောကြား

2012-07-12

တိုင်းရင်းသား မဟုတ်ဘဲ ခိုးဝင်လာတဲ့ ဘင်္ဂါလီ ရိုဟင်ဂျာတွေကို လက်ခံဖို့ ဘယ်လိုမှ မဖြစ်နိုင်ကြောင်း မြန်မာအစိုးရ အနေနဲ့ ရခိုင် ပြည်နယ်က ရိုဟင်ဂျာကိစ္စကို ဖြေရှင်းဖို့ အလေးအနက် စဉ်းစားနေကြောင်း သမ္မတ ဦးသိန်းစိန်က ပြောကြားလိုက်ပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ရဲ့ အကြီးအကဲ Antonio Guterres နဲ့ မနေ့က တွေ့ဆုံ ဆွေးနွေးချိန်မှာ အခုလို ပြောကြားခဲ့တာလို့ သမ္မတရုံး အင်တာနက် စာမျက်နှာမှာ ဒီကနေ့ ရေးသားထားပါတယ်။

ဘင်္ဂါလီ ရိုဟင်ဂျာကိစ္စကို ဖြေရှင်းရာမှာ UNHCR ဒုက္ခသည်စခန်း ဖွင့်လှစ် စောင့်ရှောက်ထားဖို့ ဒါမှမဟုတ် တခြားလက်ခံမယ့် နိုင်ငံတခုခုကို ပို့ဆောင်ပေးဖို့ နည်းလမ်းသာ ရှိကြောင်း သမ္မတ ဦးသိန်းစိန်က ပြောပါတယ်။

“သမိုင်းကြောင်းအရ မြန်မာနိုင်ငံကို ဘင်္ဂါလီတွေ ဝင်ရောက်လာတာဟာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးမရခင် အင်္ဂလိပ် နယ်ချဲ့တွေက လယ်ယာ လုပ်ကိုင်ဖို့ ခေါ်သွင်းလာတာ ဖြစ်ကြောင်း၊ အဲဒီအချိန်က အလုပ်အကိုင် ကောင်းမွန်တဲ့အတွက် မပြန်တော့ဘဲ အခြေချ နေထိုင်သူတွေလည်း ရှိကြောင်း၊ မိမိတို့ ဥပဒေအရ ၁၉၄၈ ခုနှစ်မတိုင်မီ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ မိဘနှစ်ပါးက မွေးဖွားသူ၊ တတိယမျိုးဆက် “မြေး” အဆင့်ကိုသာ နိုင်ငံသားအဖြစ် လက်ခံမယ်ဆိုတဲ့ ဥပဒေ ရှိကြောင်း၊ ရခိုင်ပြည်နယ်ကို လေ့လာကြည့်ရင် ၁၉၄၈ ခုနှစ် မတိုင်မီ ဘင်္ဂါလီတွေကနေ ပေါက်ဖွားလာသူတွေ၊ နောက်ပိုင်းမှာ ရိုဟင်ဂျာ အမည်ခံပြီး ခိုးဝင်လာသူတွေ စသဖြင့် ရှုပ်ထွေးနေ ကြောင်း၊ နိုင်ငံတည်ငြိမ် အေးချမ်းမှုကိုပါ ခြိမ်းခြောက်လာကြောင်း" ဦးသိန်းစိန်က ပြောကြားတယ်လို့ ဖော်ပြထားပါတယ်။

Ref: အာရ်အဖ်အေ

Read More...

ချင်းမိုင် တက္ကသိုလ်မှာ မြန်မာ့ မီဒီယာအကြောင်း ဆွေးနွေး

2012-07-12

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ လက်ရှိ မြန်မာနိုင်ငံရဲ့ မီဒီယာ ပြောင်းလဲခြင်း ဆိုတဲ့ခေါင်းစဉ်နဲ့ ပြည်တွင်း ပြည်ပမှာ ရှိတဲ့ မီဒီယာသမားတွေနဲ့ မြန်မာ့ မီဒီယာအကြောင်း စိတ်ဝင်စားသူတွေဟာ မနေ့ နေ့လည်ပိုင်းက ချင်းမိုင် တက္ကသိုလ်မှာ ဆွေးနွေးပွဲတစ်ခု ကျင်းပခဲ့ပါတယ်။

ချင်းမိုင် တက္ကသိုလ်က Dr Jennifer Leehey နဲ့ ချင်းမိုင်မြို့ အခြေစိုက် ဧရာဝတီ သတင်းဌာန အယ်ဒီတာချုပ် ဦးအောင်ဇော်တို့က ဒီမိုကရေစီအသွင် ကူးပြောင်းရေးကာလ မီဒီယာရဲ့ အခန်းကဏ္ဍအကြောင်းနဲ့ သတင်းထောက်များရဲ့ အရည်အသွေး အကြောင်း ဆွေးနွေးခဲ့ကြပါတယ်။

မြန်မာ့ တိုင်းရင်းသား မီဒီယာနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံ မဲဆောက်အခြေစိုက် ကရင်သတင်းဌာနက အယ်ဒီတာ နန်းဖောဂေ က တိုင်းရင်းသား မီဒီယာအဖွဲ့တွေအနေနဲ့ မြန်မာနိုင်ငံ အတွင်းမှာ မိမိဘာသာစကားနဲ့ သတင်းဂျာနယ်တွေ ထုတ်ဝေဖို့ မလွယ်ကူ သေး ဘူးလို့ ပြောပါတယ်။

"အဓိက စိန်ခေါ်မှုကတော့ တိုင်းရင်းသား သတင်းဌာနတွေက ကိုယ့်ရဲ့ ဘာသာစကားကို လွတ်လွတ်လပ်လပ် တင်ပြရမဲ့ အနေအထား အခုလောလောဆယ် မရှိသေးဘူး။ အဲဒါကလည်း အကြီးမားဆုံး ကျွန်မတို့ရဲ့ စိန်ခေါ်မှု တစ်ခုလည်း ဖြစ်တာပေါ့နော်။ နောက်တစ်ခုက ကိုယ့်ရဲ့ သက်ဆိုင်ရာ ပြည်နယ်ဒေသတွေမှာ ဆိုလို့ရှိရင် ကျွန်မတို့ ကိုယ့်ရဲ့ ဘာသာစကားနဲ့ သတင်းလုပ်ငန်းကို လုပ်နိုင်မယ်ဆိုလို့ ရှိရင်တော့ စာပေယဉ်ကျေးမှု ထိန်းသိမ်းမှု တစ်မျိုးလို့ ပြောလို့ ရတာပေါ့၊ အခုလက်ရှိမှာက တောက်လျှောက်က ပြည်တွင်းစစ် ဖြစ် လာတယ်။ အခု လူထုတွေကလည်း ဒီပေါ်မှာလည်း အရမ်းကို ငြီးငွေ့လာပြီ ဆိုတော့ ဒီလူထုတွေနဲ့ ပတ်သက်ပြီး ကျွန်မတို့ အမြဲတမ်း သတင်းရေးနေရတာက ဆိုးတဲ့ သတင်းတွေပဲ ရေးနေရတာ ဆိုတော့ ဒါက စိတ်ခေါ်မှု တစ်ခုလို့တော့ ပြောနိုင်တာပေါ့ရှင့်"

မြန်မာနိုင်ငံထဲမှာ ဖေ့စ်ဘုတ်ပေါ်က သတင်းတွေကို စောင့်ကြည့် လေ့လာသူ တစ်ဦးဖြစ်တဲ့ မမွန်မွန်မြတ်ကတော့ ဆိုရှယ်မီဒီယာ တိုးမြင့်လာမှုနဲ့ ရိုက်ခတ်မှု၊ သက်ရောက်မှုတွေ အကြောင်း ဆွေးနွေး ခဲ့ပါတယ်။

"ဖေ့စ်ဘုတ် မရှိရင် မဖြစ်သလောက်ဖြစ်နေတာ၊ ဖေ့စ်ဘုတ်ပေါ်မှာ သတင်းအချက်အလက်တွေ ဝေငှတယ်။ တခုခုဆိုရင် လှမ်းပြီးတော့ ဘယ်နေရာမှာတော့ အစည်းအဝေးရှိတယ်။ ဘယ်မှာတော့ ဘာပွဲရှိလဲဆိုတာ ဖေ့စ်ဘုတ်ပေါ်က ပြောဖြစ်နေကြ နေရာဖြစ်တာလေ။ ဆိုးကျိုးကတော့ အမှားတွေလည်း အများကြီး ပေးနိုင်တယ်။ တခါတလေမှာ ဒီဖေ့စ်ဘုတ်ပေါ်မှာ ပြန့်ပွားနေတဲ့ သတင်းတွေကနေ တချို့ အဓိကရုဏ်းတွေ ပိုပိုပြီးတော့ ဖြစ်လာအောင် ဖန်တီးတာမျိုး ဖြစ်တယ်။ ဖေ့စ်ဘုတ်က လူတိုင်းဖွင့်လို့ရတဲ့ ဖေ့စ်ဘုတ်ဖြစ်နေတဲ့ အခါကျတော့ ဘယ်သူ့သတင်းက ဘယ်လောက်မှန်တယ်၊ ဘယ်လောက်မှားတယ်လို့ ဘယ်သူမှ မပြောနိုင်ဘူး"

ဒီဆွေးနွေးပွဲကို The Best Friend အဖွဲ့က ဦးစီး ကျင်းပခဲ့တာ ဖြစ်ပြီး ထိုင်းအပါအ၀င် နိုင်ငံခြား သတင်းထောက်တွေနဲ့ မြန်မာ့ မီဒီယာအကြောင်း စိတ်ဝင်စားသူ ၁၀၀ နီးပါး တက်ရောက်ခဲ့ပါတယ်။

Ref: အာရ်အဖ်အေ

Read More...

မြောက်ဦးလူထု အာဏာပိုင်များနှင့် ရုန်းရင်းဆန်ခတ်ဖြစ်

2012-07-12

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဒု ဥက္ကဋ္ဌ ဖြစ်သူ ဦးအေးမောင်သန်းနဲ့ ပါတီဝင်တစ်ဦးဖြစ်သူ ဦးဘတင်တို့ကို မနေ့က ဇွန်လ (၁၂) ရက်နေ့ ညနေပိုင်းက စစ်တပ်နဲ့ ရဲက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ပြန်လွှတ်ပေးဖို့ တောင်းဆိုကြ တဲ့အတွက် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပါတယ်။

ဖမ်းဆီးခံရသူ (၂) ဦးက မြောက်ဦးမြို့၊ ကျောက်ရစ်ကေ ရပ်ကွက်ရှိ ဦးကျော်ဝင်း ဆန်စက်ကို သွားရောက်ပြီး ဘင်္ဂါလီ ရိုဟင်ဂျာတွေနဲ့ ရခိုင်လူမျိုးတွေ ပဋိပက္ခတွေ ဖြစ်နေတဲ့ကာလမို့ ဘင်္ဂါလီ ရိုဟင်ဂျာတွေကို စပါးကြိတ်မပေးဖို့ ပြောဆိုခဲ့ပါတယ်။

ဒါနဲ့ပတ်သက်ပြီး ဆန်စက်ပိုင်ရှင်က စစ်တပ် အာဏာပိုင်တွေဆီ သွားတိုင်တဲ့အတွက် စစ်တပ်နဲ့ ရဲက လာရောက် ဖမ်းဆီးသွားတာ ဖြစ်တယ်လို့ မြောက်ဦးမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ မြို့နယ် ဥက္ကဋ္ဌလည်း ဖြစ်တဲ့ ဦးထွန်းလှိုင်က RFA ကို ပြောပါတယ်။

ပါတီဒု ဥက္ကဋ္ဌ ဦးအေးမောင်သန်းနဲ့ ပါတီဝင် ဦးဘတင် တို့ကို စစ်တပ်နဲ့ ရဲက နေအိမ်ကနေ ဖမ်းဆီးနေဆဲ ကာလမှာ မြောက်ဦးမြို့လယ်၊ တောင်ရပ်လေးခွဆုံ အနီးမှာ မြို့ခံ လူထု ၃ - ၄ ရာ လောက်က လှုပ်ရွ အုံကြွလာခဲ့ရာ၊ စစ်သား(၂၀)လောက် ရောက်ရှိလာပြီး သေနတ် တွေ အသင့်ပြင်တဲ့ အနေအထားမျိုး ရောက်တော့မှ လူစုကွဲ သွားခဲ့ကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။

အဲဒီနောက် မြို့ခံလူစုဟာ မြောက်ဦးမြို့ပြင်မှာ တည်ရှိတဲ့ နာရေးကူညီမှု အသင်းရုံးအနီးမှာ ပြန်လည်စုရုံးခဲ့ကြပြီး ဖမ်းဆီးထားသူ ၂ ဦးကို ထိန်းသိမ်းထားတဲ့ မြို့နယ် ရဲစခန်းရှေ့ကို ဆက်လက် ချီတက်ခဲ့ကြတယ်လို့ သိရပါတယ်။

ဦးအေးမောင်သန်းနဲ့ ဦးဘတင်တို့ကိုတော့ ပါတီတာဝန်ရှိသူတွေ၊ မြို့ပေါ် ရဟန်းသံဃာတွေ၊ မြို့မိမြို့ဖတွေနဲ့ ညှိနှိုင်း ဆွေးနွေးခဲ့ ကြပြီးနောက် ည ၈ နာရီ ၁၅ မိနစ်မှာ အာဏာပိုင်တွေက ပြန်လွှတ် ပေးခဲ့တယ်လို့ သိရပါတယ်။

Ref: အာရ်အဖ်အေ

Read More...

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနဲ့ မြန်မာ သမ္မတ တွေ့ဆုံမယ်

2012-07-12

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Hillary Clinton ဟာ သမ္မတကြီး ဦးသိန်းစိန်နဲ့ ကမ္ဘောဒီးယားနိုင်ငံ Siem Reap မြို့မှာ မနက်ဖြန် တွေ့ဆုံမှာ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန အရာရှိတစ်ဦးက သတင်းထောက်တွေကို ပြောပါတယ်။

ကမ္ဘောဒီးယား Siem Reap မြို့မှာ ကျင်းပနေတဲ့ အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးတွေ အစည်းအဝေးရဲ့ နောက်ဆက်တွဲ စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံပွဲမှာ နှစ်နိုင်ငံ ခေါင်းဆောင်တွေ တွေ့ဆုံ ဆွေးနွေးကြမယ်လို့ သိရပါတယ်။

နှစ်ဖက် တွေ့ဆုံတဲ့အခါ ပြီးခဲ့တဲ့ ၂ ရက်က အမေရိကန် အစိုးရက မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေကို လျော့ချ ပေးလိုက်တဲ့ကိစ္စ အဓိကထား ဆွေးနွေးကြမယ်လို့ ဆိုပါတယ်။

သမ္မတကြီး ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာပြည်သူတွေဟာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ တိုးတက်မှုတွေ ဖြစ်လာ အောင် ကြိုးပမ်းနေကြတာ တွေ့ရပါတယ်။ အစိုးရဘက်ကလည်း နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ ဆက်တိုက် လုပ်ဆောင် နေပါတယ်လို့ အမေရိကန် သမ္မတ အိုဘားမား မနေ့က ထုတ်ပြန်လိုက်တဲ့ အိမ်ဖြူတော် ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ အပါအ၀င် တခြား စီးပွားရေး လုပ်ငန်းတွေမှာ အမေရိကန် ကုမ္ပဏီတွေ အနေနဲ့ ရင်းနှီးမြှုပ်နှံ မှုတွေ လုပ်နိုင်ပြီလို့ အမေရိကန် အစိုးရက ခွင့်ပြုလိုက်ပေမယ့် တစ်ချိန်တည်းမှာလည်း မြန်မာအစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု တွေကို စိုးရိမ်လျက် ရှိသေးတယ်လို့လည်း သိရပါတယ်။

သမ္မတ ဦးသိန်းစိန်ကလည်း မြန်မာနိုင်ငံမှာ ဒုတိယအဆင့် နိုင်ငံရေး စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ အကောင်အထည် ဖော်နေပြီ ဖြစ်တာကြောင့် အနောက်နိုင်ငံတွေက ချမှတ်ထားတဲ့ ဘဏ္ဍာရေး၊ စီးပွားရေး စတဲ့ ပိတ်ဆို့မှုတွေကို ရုပ်သိမ်းပေးဖို့ လိုအပ်ကြောင်း၊ ဒါမှသာ မြန်မာနိုင်ငံ လိုအပ်နေတဲ့ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လမ်းပွင့်မှာ ဖြစ်ကြောင်း ဒီကနေ့ ပြောလိုက်ပါတယ်။

Ref: အာရ်အဖ်အေ

Read More...

ဒုတိယ သမ္မတ အရည်အချင်း စိစစ်မယ့်အဖွဲ့

2012-07-12

ဒီကနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြည်ထောင်စု လွှတ်တော် နာယကရဲ့ အကြောင်းကြားချက်အရ လစ်လပ်နေတဲ့ ဒုတိယ သမ္မတ နေရာအတွက် တပ်မတော်သား ကိုယ်စားလှယ် အဖွဲ့က အမည်စာရင်း တင်သွင်း ထားတဲ့ပုဂ္ဂိုလ်ကို အရည်အချင်း စိစစ်ဖို့ အတွက် "နိုင်ငံတော် သမ္မတနှင့် ဒုတိယ သမ္မတ အရည်အချင်း ပြည့်မီမှု ရှိမရှိ စိစစ်ရေးအဖွဲ့" ကိုဖွဲ့စည်းလိုက်ကြောင်း သိရပါတယ်။

ဒီအဖွဲ့က တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်အဖွဲ့မှ ရွေးချယ် တင်မြှောက်ထားသူဟာ အရည်အချင်းနှင့် ပြည့်စုံခြင်း ရှိမရှိ စိစစ်ပေးရမယ်လို့ ဆိုပါတယ်။ ဒီအဖွဲ့မှာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ ဒု ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ ဒု ဥက္ကဋ္ဌ တို့အပြင် အခြား အဖွဲ့ဝင် ကိုယ်စားလှယ် ၃ ဦး ပါဝင်မယ်လို့ သိရပါတယ်။

အဖွဲ့ဝင်အဖြစ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ထဲက ဟင်္သာတ မဲဆန္ဒနယ်မှ ဦးဌေးဦး (ပြည်ခိုင်ဖြိုးပါတီ/အထွေထွေအတွင်းရေးမှူး) ကို ထည့်သွင်း ရွေးချယ်လိုက်ကြောင်း သိရပါတယ်။

ဒီအတောအတွင်း ဒုတိယ ဗိုလ်ချုပ်ကြီးဝေလွင်ကို ရန်ကုန်တိုင်း ဒေသကြီး တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် အဖြစ် ခန့် အပ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဇူလိုင်လ ၁၁ ရက်နေ့က ထုတ်ပြန် ကြေညာခဲ့ပါတယ်။

ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်ဟာ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ်လည်းကောင်း၊ ကာကွယ်ရေး ဝန်ကြီးဌာန စစ်ထောက် ချုပ် အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရပါတယ်။

ဒုတိယ သမ္မတလောင်းအဖြစ် အမည်စာရင်း တင်သွင်းခြင်းခံထားရတဲ့ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေရဲ့ နေရာမှာ ၎င်းအား အစားထိုး ခန့်အပ်ဖွယ် ရှိတယ်လို့ လေ့လာသူတွေက သုံးသပ်နေကြပါတယ်။

Ref: အာရ်အဖ်အေ

Read More...

အမေရိကန် လျှော့ချပေးမှု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ကြိုဆို

2012-07-12

အမေရိကန် အစိုးရက မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့ အရေးယူမှုတွေ လျှော့ချ ပေးလိုက်တာကို NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ထောက်ခံ ကြိုဆိုကြောင်း ဒီကနေ့ ပြောလိုက်ပါတယ်။

အမေရိကန် အစိုးရရဲ့ ဆောင်ရွက်ချက်နဲ့ ပတ်သက်ပြီး အထွေအထူး စိတ်ပျက်စရာ မရှိကြောင်း၊ အမေရိကန် အစိုးရအနေနဲ့ လုပ်စရာ ရှိတာကို လုပ်တာပဲ ဖြစ်ကြောင်း NLD ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း အမေရိကန် အစိုးရက အခုလို ဆောင်ရွက်တာဟာ ထူးထူး ခြားခြား မဟုတ်တဲ့အကြောင်း၊ မိမိ အရင်တုန်းက ပြောခဲ့တဲ့ အတိုင်း မြန်မာ့ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့လုပ်ငန်း MOGE အနေနဲ့ ပွင့်လင်း မြင်သာမှုရှိဖို့ နိုင်ငံတကာ အသိုင်းအဝန်းက ဖိအားပေး တောင်းဆိုသင့်ကြောင်း ဒီကနေ့ ပြောပါတယ်။

တစ်ချိန်တည်းမှာပဲ အရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယံ အဖွဲ့ကလည်း အမေရိကန် အစိုးရရဲ့ ပိတ်ဆို့ အရေးယူမှု လျော့ချ ပေးလိုက်တာကို ထောက်ခံ ကြိုဆိုလိုက်ကြပါတယ်။ အနောက်နိုင်ငံတွေက မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ကျန်နေသေးတဲ့ ပိတ်ဆို့ မှုတွေကိုလည်း အမြန်ဆုံး ရုပ်သိမ်းပေးဖို့ အာဆီယံအဖွဲ့က ထပ်မံ တောင်းဆိုတယ်လို့ သိရပါတယ်။

ဒီ အတောအတွင်း အမေရိကန် အစိုးရရဲ့ ဆုံးဖြတ်ချက်ကို လူ့အခွင့်အရေး အဖွဲ့တွေက ဝေဖန်လိုက်ပါတယ်။ မြန်မာ့ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့လုပ်ငန်း MOGE ဟာ မြန်မာစစ်တပ်နဲ့ ဆက်စပ်နေသလို အရင် စစ်အစိုးရတွေ အာဏာရဖို့ အတွက် ကျားကန် ပေးခဲ့တာလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံက သဘာဝ အရင်းအမြစ် စီမံကိန်းတွေထဲက ရတနာ သဘာဝဓာတ်ငွေ့ စီမံကိန်း တစ်ခုတည်းတင် မြန်မာအစိုးရအတွက် နိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ငါးရာ ရရှိနေတယ်လို့ အမေရိကန် လွှတ်တော်က ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေကို ကိုး ကားပြီး လူ့အခွင့်အရေး အဖွဲ့တွေက ပြောပါတယ်။

Ref: အာရ်အဖ်အေ

Read More...

သမ္မတဦးသိန်းစိန်နဲ့ ဝန်ကြီး Clinton တွေ့ဆုံမည်

12 ဇူလိုင် 2012

အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် စီးပွားရေးအရချမှတ်ထားတဲ့ အရေးယူ တားဆီးပိတ်ဆို့မှုတွေ ကို ပြန်လည် ရုပ်သိမ်း ပေးလိုက်ပြီးတဲ့နောက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် ဟာ မြန်မာသမ္မတဦးသိန်းစိန်နဲ့ အခုသတင်းပတ်နှောင်း ပိုင်းမှာ တွေ့ဆုံကြဖို့ စီစဉ်ထားပါတယ်။

တွေ့ဆုံမှုကို သောကြာနေ့မှာ ပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်း အရာရှိတဦးက VOA ကိုပြောပါတယ်။ ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပနေတဲ့ ညီလာခံရဲ့ပြင်ပမှာ အလွတ် သဘော တွေ့ဆုံကြမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဝန်ကြီးကလင်တန်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံကို ထူးခြားအရေးပါတဲ့ ခရီးစဉ်တခု အဖြစ် သွားရောက်ခဲ့ပြီး သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ်ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေကို မနေ့က ရုပ်သိမ်းလိုက်ပြီး ၁၅ နှစ်အတွင်း ပထဆုံးအကြိမ်အဖြစ် အမေရိကန် ကုမ္ပဏီတွေကို မြန်မာနိုင်ငံမှာ သွားရောက်ရင်းနှီး မြှုပ်နှံဖို့ ခွင့်ပြုလိုက်ပါတယ်။

ဒါဟာ မြန်မာနိုင်ငံက အရပ်သားအစိုးရရဲ့ အရေးပါတဲ့ နိုင်ငံရေး စီးပွားရေး ပြုပြင်ပြောင်းလဲ မှုတွေ ပြုလုပ်ခဲ့ တဲ့အပေါ်မှာ မူတည်ပြီး ပြန်လည်တုံ့ပြန် လုပ်ဆောင်တာဖြစ်ကြောင်း အမေရိကန်သမ္မတ အိမ်ဖြူတော် က ပြောပါတယ်။

Ref: ဗွီအိုအေ

Read More...

သမ္မတဦးသိန်းစိန်နဲ့ UNHCR အကြီးအကဲ ရခိုင်ဒေသ ဒုက္ခသည်အရေးဆွေးနွေး

12 ဇူလိုင် 2012

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်က ရိုဟင်ဂျာမူဆလင်တွေကို တတိယနိုင်ငံတခုခုဆီ ပို့ပေးတာ ဒါမှမဟုတ် ကုလသမဂ္ဂ ဒုက္ခသည် များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က စောင့်ရှောက်ပေးတာမျိုး ဖြစ်စေချင်တယ်လို့ မြန်မာသမ္မတ ဦးသိန်းစိန်က ပြောပါ တယ်။ UNHCR မဟာ မင်းကြီး Antonio Guterres နဲ့ ဗုဒ္ဓဟူးနေ့က တွေ့ဆုံ ဆွေးနွေးပြီး တဲ့နောက် မြန်မာသမ္မတက အဲဒီလို ပြောခဲ့တာပါ။

ဒါပေမဲ့ မစ္စတာ Guterres ကတော့ အဲဒီလိုလုပ်ဖို့ရာဟာ UNHCR ရဲ့ တာဝန်မဟုတ်ဘူးလို့ ပြန်တုံ့ပြန်ပါတယ်။

ပြီးခဲ့တဲ့လပိုင်းက ရခိုင်ပြည်နယ်မှာဖြစ်ခဲ့တဲ့ ရုန်းရင်းဆန်ခတ်မှုတွေကြောင့် လူ ၇၈ ယောက်ထက်မနည်း သေဆုံး ခဲ့ရပြီး ထောင်ပေါင်းများ စွာ နေအိမ်တွေကို စွန့်ခွာထွက်ပြေးခဲ့ကြရပြီးတဲ့နောက် ဒီပြဿနာကို ဘယ်လိုဖြေရှင်းမလဲ ဆိုတဲ့ ပြောဆို ဆွေးနွေးမှုတွေ ရှိလာတာပါ။

UNHCR က ကမကထပြုစီစဉ်တဲ့ ရွှေ့ပြောင်းအခြေချနေထိုင်ရေး အစီအစဉ်ဟာ နိုင်ငံတခုကနေ နောက်နိုင်ငံတခု ဆီ ထွက်ပြေး ခိုလှုံကြရတဲ့ ဒုက္ခသည်တွေအတွက်ပဲဖြစ်ပြီး အခုကိစ္စရပ်ဟာ အဲဒီလိုအခြေအနေမျိုးနဲ့ အကျုံး မ၀င် ဘူးလို့ UNHCR အကြီးအကဲက ပြောပါတယ်။

Ref: ဗွီအိုအေ

Read More...

ဆီးရီးယားဟာမာဒေသမှာ လူ ၂၀၀ ကျော် သေဆုံး

12 ဇူလိုင် 2012

ဆီးရီးယားနိုင်ငံ၊ ဟာမာခရိုင်ထဲက ရွာတရွာမှာ အစိုးရစစ်တပ်က အရပ်သားအများစုဖြစ်တဲ့ လူ ၂၀၀ ကျော်ကို အစုအဝေးလိုက် သတ်ပစ် ခဲ့တယ်လို့ ဆီးရီးယား အတိုက်အခံ လှုပ်ရှားသူတွေက ပြောပါတယ်။

မြို့ကို ၀င်မစီးခင်မှာ အစိုးရတပ်တွေက Treimsa ရွာကို အမြောက်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ လှုပ်ရှားသူတွေနဲ့ မျက်မြင်တွေက ပြောပါတယ်။

အတိုက်အခံတွေနဲ့ အရပ်သားတွေကို လက်နက်ကြီးတွေနဲ့ ဆက်ပြီး ပစ်ခတ် တိုက်ခိုက်နေမယ်ဆိုရင် ဆီးရီးယား အစိုးရအပေါ် ပြင်းထန်တဲ့ ဒဏ်ခတ်အရေးယူမှုအသစ်တွေ ချမှတ်ဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အကြိတ် အနယ် ဆွေးနွေးနေချိန်မှာပဲ ကြာသပတေးနေ့က အဲဒီတိုက်ခိုက်မှုဖြစ်ခဲ့တာပါ။

အနောက်နိုင်ငံတွေက ထောက်ခံထားတဲ့ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်အရ စစ်ရေးအရ အရေးယူနိုင်တဲ့ အလားအလာကို ဖွင့်ထားတာပါ။ ဒါပေမဲ့လည်း ရုရှားက တချက်လွှတ် ဗီတိုအာဏာသုံးမယ်လို့ ခြိမ်းခြောက် ထားပါတယ်။ ဆီးရီးယားက ကုလသမဂ္ဂ လေ့လာစောင့်ကြည့် ရေးအဖွဲ့ကို နောက်ထပ် သုံးလ သက်တမ်းတိုးဖို့ပဲ ရုရှားတို့က လိုလားနေတာပါ။

ရုရှားနိုင်ငံဟာ ဆီးရီးယားအစိုးရရဲ့ အနီးကပ်ဆုံး မဟာမိတ်နိုင်ငံတခုဖြစ်ပြီး အရင် ကုလသမဂ္ဂ ဆုံးဖြတ်ချက်တွေ ကိုလည်း ဗီတို အာဏာသုံး ပယ်ချခဲ့ဖူးပါတယ်။

Ref: ဗွီအိုအေ

Read More...

အမေရိကန်ဒဏ်ခတ်မှုရုပ်သိမ်းတာ NLD သတိနဲ့တုံ့ပြန်

12 ဇူလိုင် 2012
မစုမြတ်မွန်

မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့အတွက် ပွင့်လင်းမြင်သာမှုရှိရေး လိုအပ်နေသေးတယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ကပြောလိုက်ပါတယ်။ အမေရိကန်ဘဏ်လုပ်ငန်းနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အရေးယူ ပိတ်ဆို့မှုတွေကို လျှော့ပေါ့ဖယ်ရှားလိုက်ပြီလို့ အမေရိကန်အစိုးရက ကြေညာခဲ့တဲ့အပေါ်မှာ NLD ကခုလို တုံ့ပြန်တာဖြစ်ပါတယ်။ ခုလို အမေရိကန်ကထပ်ပြီး လျှော့ပေါ့လိုက်တဲ့ အရေးယူမှုတွေက အမေရိကန် စီးပွားရေးလုပ်ငန်းတွေ ပိုပြီး အကျိုးများ စေပေမဲ့ ပြည်တွင်းလုပ်ငန်းတွေအတွက်လည်း သက်ရောက်မှု ရှိလာနိုင်တယ်လို့ စီးပွားရေးလုပ်ငန်းရှင်တယောက်က ပြောပါတယ်။ အပြည့်အစုံကို မစုမြတ်မွန်က တင်ပြပေးထားပါတယ်။

၁၅ နှစ်နီးပါးအတွင်းမှာ အမေရိကန်စီးပွားရေးလုပ်ငန်းတွေ မြန်မာနိုင်ငံမှာ ပြန်ပြီးရင်းနှီးမြှုပ်နှံနိုင်ဖို့ အမေရိကန်အစိုးရက ခွင့်ပြုလိုက် သလို မြန်မာနိုင်ငံမှာ အမေရိကန်ဘဏ္ဍာရေးလုပ်ငန်းတွေ ဝန်ဆောင် မှုပေးနိုင်ရေးအတွက်ကိုလည်း ခွင့်ပြုလိုက်ပါတယ်။ မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲမှုတွေကို အသိအမှတ်ပြုတဲ့ အနေနဲ့ ခုလိုအရေးယူမှုတွေကို ထပ်ပြီး လျှော့ပေါ့တာလို့ အမေရိကန်အစိုးရ ထုတ်ပြန်တဲ့ ကြေညာချက်ထဲ မှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံက နိုင်ငံရေးအပြောင်းအလဲတွေအပေါ်မှာ တော်တော်များများက အရမ်းကာရော အကောင်းမြင်လွန်းနေတယ်လို့ အမျိုးသားဒီမိုကရေစီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ပြောနေချိန်မှာ ခုလို အမေရိကန်က ဒဏ် ခတ်ပိတ်ဆို့မှုတွေကို ထပ်ပြီး ဖယ်ရှားပေးလိုက်တာဖြစ်ပါတယ်။

ဒီအပေါ်မှာ NLD ပါတီရဲ့ သဘောထား ဘယ်လိုရှိပါသလဲ၊ NLD ပြောခွင့်ရသူ ဦးအုန်းကြိုင်က လက်ရှိမြန်မာနိုင်ငံ အခြေအနေဟာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်နိုင်ဖို့ ပွင်းလင်းမြင်သာမှုတွေ လိုအပ်နေဆဲဖြစ် တယ်လို့ တုံ့ပြန်ပါတယ်။

“ဒါကတော့ အမေရိကန်အစိုးရက သူ့ရဲ့ဆောင်ရွက်ပိုင်ခွင့်တွေထဲက သူ့ဖာသာသူ ဆောင်ရွက်တာပါ။ ကျနော်တို့အပေါ်မှာ ဒီမိုက ရေစီ ရေး အတွက် အလွန်ထက်သန်တဲ့စေတနာ ထားတယ်ဆိုတာလည်း ကျနော်တို့ သဘောတူပါတယ်။ ဒါပေမဲ့ transparency ရှိဖို့နဲ့ နောက် ဒီမိုကရေစီရေးကို ရှေ့ရှုတဲ့၊ တဘက်မှာလည်း စီးပွားရေးတိုးတက်လာတာနဲ့ တပြိုင်နက်တည်းမှာ ဒီမိုကရေစီရေးကိုပါ ပိုပြီးတော့ရှင် သန်စေမယ့် ပိုပြီးတော့ ဆထက်တပိုး တိုးပြီးတော့ လွတ်လပ်ခွင့်တွေ၊ ပြည်သူလူထုရဲ့လွတ်လပ်ခွင့်တွေ ပိုပြီးတော့ ရလာဖို့အတွက် ဦးတည်ပြီးလုပ်ရင်တော့ ပိုကောင်းမယ်လို့ မြင်ပါတယ်ခင်ဗျာ။”

အမေရိကန်အစိုးရက အခုနောက်ဆုံး လျှော့ပေါ့ပေးလိုက်တဲ့ အရေးယူ ဒဏ်ခတ်မှုတွေဟာ အဓိကအားဖြင့် အမေရိကန် စီးပွားရေး တွေအတွက် အကျိုးပိုရှိနိုင်တယ်လို့ စီးပွားရေးလုပ်ငန်းရှင်တချို့က မြင်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံလာနိုင်တဲ့ အမေရိကန် လုပ်ငန်းကြီးတွေ အတွက် ငွေအေပြာင်း အရွှေ့လုပ်နိုင်ဖို့ ဘဏ္ဍာရေးလုပ်ငန်းတွေ လိုအပ်လာမှာဖြစ်လို့ပါ။ ဒီတော့ ပြည်တွင်း ဘဏ်လုပ်ငန်းတွေ အတွက်ရော ဘယ်လိုအကျိုးရနိုင်ပါသလဲ။ စီးပွားရေးလုပ်ငန်းရှင်တယောက်ပြောပြတာကတော့-

“ဘဏ်လုပ်ငန်းကတော့ ကျယ်ကျယ်ပြန့်ပြန့်ဆက်သွယ်နိုင်လေ၊ အကျိုးရှိလေပေါ့။ သူတို့တွေ ဝင်လာတဲ့ အခါမှာ အထူးသဖြင့် Insurance တို့လို မျိုးတွေမှာ အဓိက finacial market တွေမှာ အဓိက အခြေ ခံတွေဖြစ် တဲ့ အမေရိကန်ဘက်က ဝင်လာနိုင်မယ်ဆိုရင် ပြည်တွင်းဘက်က နည်းပညာ အရရော ၊ ငွေရေးကြေးရေး အရရော အကျိုး အများကြီးရှိနိုင်ပါတယ်။ ကုမ္ပဏီကြီးတွေ ရောက်လာတာ နဲ့အမျှ သူတို့ရဲ့ facility တွေကို service လုပ်ပေးနိုင်တဲ့--- ကတော့ လိုလာမှာပေါ့နော်။ အဲဒီတော့ အနည်းဆုံးတော့ --- ရှိလာ မယ်လို့ ယူဆရတာပေါ့။”

အမေရိကန် ဘဏ်လုပ်ငန်းတွေဘက်က ကန့်သတ်ချက်တွေ လျော့သွားတဲ့အတွက် သွင်းကုန် ထုတ်ကုန် လုပ်ငန်းတွေအတွက် ပိုပြီးတော့ အဆင်ပြေနိုင် သွားမယ်လို့လည်း ဆိုပါတယ်။

“အရင်တုန်းကဆိုရင် ကျနော်တို့က ---- finacing လုပ်ဖို့ဆိုရင် အမျိုးမျိုး လုပ်ရတာတွေ ရှိတယ်။ -- တခြား currency တွေနဲ့ ဖွင့်ရတာ ရှိတယ်။ ဒါမျိုးတွေထက်တော့ အများကြီး အဆင်ပြေသွား တာပေါ့။ တော်တော်ကြီးကို အဆင်ချောသွားနိုင်ပါတယ်။ အရင်တုန်း ကဆိုရင် ကျနော်တို့က ပစ္စည်းဝယ် တာပဲဖြစ်ဖြစ်၊ ဒီ ပစ္စည်းရောင်းတာပဲဖြစ်ဖြစ် နယူးယောက်ကို ထွက်သွားတဲ့အခါမှာ ကျနော်တို့မှာ freeze အလုပ်ခံရမှာစိုးတဲ့အတွက် ရှောင်ကွင်းပြီးတော့ တခြားငွေကြေးနဲ့ဖွင့်ပါတယ်။ နောက်တခါ တခြား third country တခုကို အသုံးပြုတာပဲဖြစ်ဖြစ် လုပ်တော့ မလိုအပ်ဘဲနဲ့ ကျနော်တို့ Trasation Cost တွေ ပိုကုန်တာပေါ့နော်။ တခါတလေ တချို့ဆိုရင် လုပ်ရတဲ့ငွေရင်းထက် ၂ ဆလောက် ပိုကုန်သွားတဲ့ ဟာမျိုးတွေ ရှိတာပေါ့။ အဲဒါမျိုးတွေကို အများကြီး ရှောင်ကွင်းသွားနိုင်တယ်ဆိုရင် trade ကလည်း ပိုပြီး ချောချောမွေ့မွေ့ဖြစ် သွားနိုင်တာပေါ့။ နောက်တခါကျတော့ ကိုယ့်ရဲ့ပစ္စည်းတွေ- အမေရိကန်မှာထက်ကို တချို့ ပစ္စည်းတွေ restriction ရှိသေးတယ်လို့ ပြောပါတယ်။ ဒါပေမဲ့လည်း ဝယ်တဲ့နေရာရော ရှောင်ကွင်းပြီး ဝယ်စရာမလိုတဲ့အတွက် မလို လားအပ်တဲ့ ကုန်ကျစရိတ်တွေကို လျှော့ချသွားနိုင်တာပေါ့။ ကြားထဲက မလိုဘဲနဲ့ ကော်မရှင်တို့၊ ပွဲစားခတို့ နည်းသွားတာပေါ့။ ”

ဦးသိန်းစိန်အစိုးရက စီးပွားရေးနဲ့ ဘဏ်လုပ်ငန်းဆိုင်ရာ လွတ်လပ်ခွင့်တွေ လုပ်လာတာကြောင့် မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ဖို့ မျက်စိကျနေသူတွေ အမြောက်အမြားရှိပါတယ်။ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေတွေ မထွက်လာသေးတဲ့အတွက်တော့ လက်တွေ့ လာပြီး ရင်းနှီးမြှုပ်နှံကြတာမျိုး သိပ်မရှိကြသေး ပါဘူး။ မြန်မာနိုင်ငံမှာ တာဝန်သိရင်းနှီးမြှုပ်နှံမှုတွေကို အမေရိကန်လုပ်ငန်း တွေက စံပြလုပ်နိုင်ပါလိမ့်မယ်လို့ အမေရိကန်အစိုးရထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။ ဒီအပေါ် NLD ပါတီပြော တာကတော့ -

“ဒါ- အမေရိကန်လုပ်ငန်းရှင်တွေရဲ့ ethic ဆိုရင်တော့ ဘာမှ မဝေဖန်လိုပါဘူး။ အဲလိုဖြစ်ဖို့ကောင်းတယ်လို့သာ ကျနော်တို့က ပြော ချင်တာပါ။ နိုင်ငံခြားရေး ဝန်ကြီးဌာနကိုပါ ကြိုပြီးတော့ ပရိုဂရမ်တွေ ဘာတွေ တင်ရမယ် ဆိုရင်တော့ ဒါကတော့ ဆောင်ရွက်ခွင့်တော့ ပေးလိုက်ပြီ၊ သို့သော်လည်း transparence ရှိရဲ့လား ရှိသေး လား၊ ဒီအရင်းအနှီးတွေဟာ ပြည်သူလူထုလက်ထဲကို တကယ်အကျိုး ရှိရှိရောက်သွားနိုင်ရဲ့လား၊ ပြီးတော့ ဒီမိုကရေစီအရေးအတွက် အထောက်အကူဖြစ်နိုင်သလားဆိုတာ စိစစ်မယ်ဆိုရင်တော့ စိစစ် နိုင် သေး တယ်လို့ ကျနော်ကတော့ အဲလိုပဲမြင်ပါတယ်ခင်ဗျ။”

မြန်မာနိုင်ငံက လူ့အခွင့်အရေးအခြေအနေ၊ လာဘ်ပေး လာဘ်ယူမှုတွေနဲ့ စီးပွားရေး လုပ်ငန်းတွေအပေါ်မှာ စစ်တပ်ပါဝင်မှု အခန်း ကဏ္ဍတွေ အပေါ်မှာလည်း အမေရိကန်အစိုးရက စိုးရိမ်မှုရှိဆဲလို့တော့ ဗုဒ္ဓဟူးနေ့က ထုတ်ပြန်တဲ့ အမေရိကန်အစိုးရရဲ့ ကြေညာ ချက်ထဲမှာ ဖော်ပြထားပါတယ်ရှင်။

Ref: ဗွီအိုအေ

Read More...

သမ္မတအရည်အချင်း စိစစ်ရေးအဖွဲ့ ဖွဲ့စည်းမည်

12 ဇူလိုင် 2012
မနန္ဒာချမ်း

မြန်မာနိုင်ငံမှာ သမ္မတ - ဒုသမ္မတ အရည်အချင်းနဲ့ ပြည့်စုံမှု ရှိ - မရှိ စိစစ်ရေး အဖွဲ့မှာ ပါဝင်ဖို့ အတွက် ပြည်သူ့လွှတ်တော်နဲ့ အမျိုးသား လွှတ်တော်တွေက ကိုယ်စားပြု ကိုယ်စားလှယ်တွေကို ဒီကနေ့ မှာ ရွေးချယ်ခဲ့ကြပါတယ်။ ဒီအဖွဲ့အနေနဲ့ အဆိုပြု တင်သွင်းလာတဲ့ သမ္မတလောင်းတွေကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အချက်တွေနဲ့ ကိုက်ညီ မညီဆိုတာကို စိစစ်အတည်ပြုပေးရမှာ ဖြစ်ပါတယ်။ အသေးစိတ်ကို မနန္ဒာချမ်း က စုံစမ်းတင်ပြထားပါတယ်။

အဖွဲ့ဝင် ၇ ဦး ပါဝင်မယ့် သမ္မတနဲ့ ဒုသမ္မတ အရည်အချင်း ပြည့်စုံမှု ရှိ မရှိ စိစစ်ရေးအဖွဲ့ မှာ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကိုယ်စားလှယ်တဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားပြု ကိုယ်စားလှယ်တဦးနဲ့ တပ်မတော်သား ကိုယ်စားပြု ကိုယ်စားလှယ်တဦးတို့ ပါရှိမှာဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူ့လွှတ်တော်ကနေ ပြည်သူ့လွှတ်တော် ကိုယ်စား ပြု ကိုယ်စားလှယ်အဖြစ် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဋ္ဌေးဦးကို ရွေးချယ်ခဲ့ပြီး အမျိုးသားလွှတ်တော် ကတော့ အမျိုးသားလွှတ်တော် ကိုယ်စားပြု ကိုယ်စားလှယ် အဖြစ် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ဦးဇော်မြင့်ဖေတို့ကို ကြာသာပတေးနေ့ က ရွေးချယ်ခဲ့ ပါတယ်။ ဒီလို ရွေးချယ်ခဲ့တာနဲ့ပတ်သက်ပြီး ရခိုင်တိုင်းရင်း သားဖွံ့ဖြိုးတိုးတက်ရေး ပါတီ RNDP ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်း က အခုလို ပြောပြပါတယ်။

“နိုင်ငံတော်သမ္မတနဲ့ ဒုတိယသမ္မတ ရွေးချယ်ရေးဆိုင်ရာ နည်းဥပဒေ ၂၆ အရ စိစစ်ရေးအဖွဲ့ကို ဖွဲ့စည်းရ မည်လို့ ပါတယ်ခင်ဗျ။ အဲဒီ တော့ ပြည်သူ့လွှတ်တော်မှာ ဦးဌေးဦးကို သမ္မတများစိစစ်ရေးကော်မတီ အဖွဲ့ဝင်အဖြစ် ပြည်သူ့လွှတ်တော်ကနေ ရွေးချယ်လိုက်ပါတယ်။ မလှိုင်က ဦးအေးမောက်က အဆိုတင်သွင်း တယ်။ လယ်ဝေးက ဦးဌေးဝင်းက ထောက်ခံပြီးတော့ ပြည်သူ့လွှတ်တော်ရဲ့ အတည်ပြုချက်ကို ရယူပါတယ်။ ဦးဌေးဦးကို ပြည်သူ့လွှတ်တော် ရွေးကောက်ခံအစုအဖွဲ့ကနေပြီးတော့ သူ့ကို အဖွဲ့ဝင် အဖြစ် ထောက်ခံပေး လိုက်တယ်။ အမျိုးသား လွှတ်တော်မှာ ဆိုရင်တော့ ဦးဇော်မြင့်ဖေလို့ ကြားပါတယ်ခင်ဗျ။ တပ်မတော်သား ကိုယ်စားလှယ်အဖွဲ့ကလည်း ၂ စုခွဲမှာပါ။ အမျိုးသားရယ်၊ ပြည်သူ့လွှတ်တယ်ရယ်ဆိုပြီးတော့ ၂ စုခွဲပြီး သူတို့ကလည်း တင်ပါလိမ့်မယ်။ အတိအကျတော့ မသိ သေးပါဘူး။ ဦးဌေးဦးနဲ့ ဦးဇော်မြင့်ဖေ ၂ ယောက်ပဲ ကျနော်တို့ သိတယ်။”

တပ်မတော်သားကိုယ်စားပြု ကိုယ်စားလှယ်ကတော့ ဘယ်သူဖြစ်မယ်ဆိုတာ အတိအကျ ကြေညာခြင်း မရှိသေးပါဘူး။ ဒါ့အပြင် ဒီ သမ္မတနဲ့ ဒုသမ္မတ အရည်အချင်း ပြည့်စုံမှု ရှိ မရှိ စိစစ်ရေးအဖွဲ့အနေနဲ့ သမ္မတလောင်းတွေကို စိစစ်တဲ့နေရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၃ ဖြစ်တဲ့ နိုင်ငံတော်သမ္မတနဲ့ ဒုသမ္မတများအခန်းမှာပါဝင်တဲ့ ပုဒ်မတွေနဲ့ အရည်အချင်း ကိုက်ညီမညီ စိစစ်ပြီးတော့ အတည်ပြုပေးရ မှာ ဖြစ်တယ်လို့ လည်း ဦးဖေသန်း က ဆက်ပြောပြပါတယ်။

“အဲဒါကတော့ နိုင်ငံတော် သမ္မတနဲ့ ဒုတိယသမ္မတရွေးချယ်ရေးဆိုင်ရာအဖွဲ့ - အဲဒါက ဥပဒေအရ ဖွဲ့ပေးရမယ် လို့ ပါတယ်။ ဖွဲ့ပြီးရင်တော့ ဦးမြင့်ဆွေရဲ့ သမ္မတတစ်ယောက်ရဲ့ အရည်အချင်းရှိလား မရှိလားဆိုတာကို သူတို့ စစ်ဆေးမှာပေါ့နော်။ စစ်ဆေးပြီးလို့ အတည်ပြု ချက်ရမှ သမ္မတဖြစ်လာမှာပေါ့။ အခြေခံဥပဒေမှာလည်း သမ္မတ တယောက်ရဲ့အရည်အချင်းပေါ့- အဲဒီမှာပါတဲ့ အချက်တွေနဲ့လည်း စစ်ဆေးမယ်လို့ ပြောပါတယ်။”

ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၃ ဖြစ်တဲ့ နိုင်ငံတော် သမ္မတနဲ့ ဒုသမ္မတများအခန်းရဲ့ ပုဒ်မ ၅၉ အရဆိုရင် သမ္မတဖြစ်မည့်သူဟာ နိုင်ငံတော်နဲ့ နိုင်ငံသားတွေအပေါ် သစ္စာရှိသူ၊ မြန်မာနိုင်ငံသား မိဘ ၂ ပါး ကနေ မွေးဖွားသူ၊ အသက် အနည်းဆုံး ၄၅ နှစ် ပြည့်ပြီးသူ၊ နိုင်ငံတော် အရေး အရာတွေ ဖြစ်တဲ့ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ စစ်ရေး စသည့် အမြင်တွေ ရှိသူ၊ သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခံရတဲ့ အချိန်အထိ အနည်းဆုံး အနှစ် ၂၀ မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ပြီးသားဖြစ်သူ၊ ဒီနေရာမှာ ချွင်းချက် အဖြစ်နဲ့ ပြည်ပကို နိုင်ငံတော်တာဝန်နဲ့သွားသူဟာ မြန်မာ ပြည်မှာ နေထိုင်သူအဖြစ် သတ်မှတ်ရမယ်လို့ ပါရှိပါတယ်။ ပြီးတော့ သမ္မတအဖြစ် အမည်တင် သွင်းခံရသူကိုယ်တိုင် ဒါမှမဟုတ် သူ့မိသားစု ၀င်တွေ ဟာ နိုင်ငံခြားအစိုးရရဲ့ လက်အောက်ခံမဖြစ်ရဘူးလို့ ပါရှိတာပါ။ ပုဒ်မ ၆၀ မှာ တော့ သမ္မတကို လွှတ်တော် ၂ ရပ်က ရွေးချယ်ရုံတင် မဟုတ်ဘဲ တပ်မတော်ကပါ လွှတ်တော်လိုမျိုး သမ္မတတဦးကို ရွေးချယ်နိုင် ခွင့် ပေး အပ် ထားတာဖြစ်ပါတယ်။ အခုလို ဒီသမ္မတ အရည်အချင်း စိစစ်ရေးအဖွဲ့ကို ဖွဲ့စည်းဖို့ လုပ်ဆောင်နေ ချိန် ဟာ ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးနေရာ အစားထိုးဖို့ ဦးမြင့်ဆွေကို အမည်တင်သွင်း ထားတဲ့ အချိန်နဲ့ လည်း တိုက်ဆိုင်နေတာပါ။

မြန်မာ့တပ်မတော်မှာ အရေးပါတဲ့ စစ်ရာထူးကြီးတွေကို ထမ်းဆောင်ခဲ့ပြီး လက်ရှိမှာလည်း ရန်ကုန် တိုင်း ဒေသကြီးရဲ့ ဝန်ကြီးချုပ်ဖြစ်တဲ့ အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး ဦးမြင့်ဆွေကို လစ်လပ်နေတဲ့ ဒုတိယ သမ္မတ နေရာအတွက် ပြည်ထောင်စုလွှတ်တော်က တပ်မတော် သား လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အစုအဖွဲ့ က အမည်စာရင်းတင်သွင်းလိုက်ပြီလို့ တပ်မတော်သား လွှတ်တော်ကိုယ်စား လှယ် တစ်ဦး ဖြစ်တဲ့ ဗိုလ်မှူးချုပ်ဝေလင်း က သတင်းဋ္ဌာနတွေကို ပြောဆိုခဲ့တာဖြစ်ပါတယ်။ ဒါကို လွှတ်တော်နှစ် ရပ်ပေါင်း ပြည်ထောင်စု လွှတ်တော် ရဲ့ အစည်းအဝေး ပြန်လည်ကျင်းပတဲ့အခါမှာ တရားဝင်ကြေညာဖွယ် ရှိပါတယ်။

Ref: ဗွီအိုအေ

Read More...

တောင်တရုတ်ပင်လယ်အငြင်းပွားမှု ညှိနှိုင်းဖြေရှင်းရန် ကလင်တန်တိုက်တွန်း

12 ဇူလိုင် 2012

တောင်တရုတ်ပင်လယ် ပိုင်ဆိုင်မှုဆိုင်ရာ နယ်မြေအငြင်းပွားမှုတွေအပေါ် ပူးပေါင်းပြီးတော့ သံတမန်နည်းလမ်း အရ ညှိနှိုင်းအဖြေရှာကြဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က အရှေ့တောင် အာရှနိုင်ငံတွေ ကို တိုက်တွန်းလိုက်ပါတယ်။

အငြင်းပွားနေတဲ့ ပင်လယ်ရေပြင်ပိုင်ဆိုင်မှုမှာ ပါဝင်ပတ်သက်နေတဲ့ နိုင်ငံတွေအားလုံးအနေနဲ့ ခြိမ်းခြောက် တာတွေကို ရှောင်ရှားပြီး အရှေ့ တောင် အာရှနိုင်ငံများအဖွဲ့အတွင်းမှာ ဆွေးနွေးပြောဆိုပြီးတော့ လုပ်ဆောင် သင့်တယ်လို့ ကြာသပတေးနေ့ကလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း ကလင်တန်က ပြောခဲ့ပါတယ်။

တရုတ်နိုင်ငံအနေနဲ့ နယ်မြေပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားနေတာနဲ့ပတ်သက်ပြီး ညှိနှိုင်းဆွေးနွေးပွဲတွေမှာ စက်တင် ဘာလ အစောဆုံး ထားပြီး ပါဝင်ဖို့ ဆန္ဒရှိတယ်ဆိုတာကို ကလင်တန်နဲ့ တွေ့ဆုံ ဆွေးနွေးပြီးတဲ့နောက် တရုတ်နိုင် ငံခြားရေးဝန်ကြီး ယန်ကျီးချီက သတိ ထားပြောဆိုခဲ့တယ်လို့ အမေရိကန် တာဝန်ရှိသူတွေက ပြောပါတယ်။

ဘရူနိုင်း၊ တရုတ်၊ မလေးရှား၊ ဖိလစ်ပိုင်၊ တိုင်ဝမ်နဲ့ ဗီယက်နမ်နိုင်ငံတွေက တောင်တရုတ်ပင်လယ် တစိတ်တပိုင်း ဒါမှမဟုတ် အားလုံးကို ပိုင်ဆိုင်တယ်လို့ ပြောထားကြပါတယ်။

Ref: ဗွီအိုအေ

Read More...

ဥရောပနဲ့အမေရိကန် စီးပွားရေးအကျပ်အတည်း အာရှကိုထိခိုက်နေ

12 ဇူလိုင် 2012

တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေရဲ့ စီးပွားရေးတိုးတက်မှုနှေးကွေးကျဆင်းနေတာကြောင့်လည်း အာရှဒေသတွင်း စီးပွားဖွံ့ဖြိုးမှု တိုးတက် အောင် ကြိုးပမ်းတဲ့နေရာမှာ အခက်အခဲတွေ ကြုံခဲ့ရတယ်လို့လည်း အစီရင်ခံစာ က ထောက်ပြပါတယ်။

ဒါတွေကြောင့် ဒေသအတွင်း ၂၀၁၂ နဲ့ ၂၀၁၃ ခုနှစ်တွေမှာ ဖွံ့ဖြိုးတိုးတက်မှုဟာ နိမ့်ကျနေအုံးမှာဖြစ်တယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ်က ခန့်မှန်းပါတယ်။

ဥရောပတိုက်မှာ ဖြစ်ပွားနေတဲ့ ငွေကြေးဆိုင်ရာပြဿနာတွေနဲ့ အမေရိကန်ပြည်ထောင်စုမှာလည်း စီးပွားရေး ပြန်လည် နလံထလာမှု နှေးကွေး နေတဲ့ဖြစ်ရပ်တွေကြောင့် အာရှဒေသတွင်း နိုင်ငံတွေရဲ့ ဖွံ့ဖြိုးမှုကို ထိခိုက်နေတယ်လို့ အာရှ ဖွံ့ဖြိုးရေးဘဏ် ADB က ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ဥရောပနဲ့ အမေရိကန်ပြည်ထောင်စုတို့မှာ ဖြစ်ပွားနေတဲ့ အခက်အခဲတွေကြောင့် အာရှတိုက်ကနေ တင်သွင်းတဲ့ ကုန်ပစ္စည်းတွေကို ဖြတ်တောက်မှုတွေ ရှိခဲ့တဲ့အတွက် အာရှရဲ့ အခုနှစ် ပထမနှစ်ဝက် ဖွံ့ဖြိုးတိုးတက် မှုနှေးကွေးသွားကြောင်း ADB အဖွဲ့က ကြာသာ ပတေးနေ့မှာ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

ဝယ်လိုအားတွေကျဆင်းသွားတာကြောင့် ကမ္ဘာအနှံ့မှာ အစားအသောက်နဲ့ လောင်စာဆီဈေးနှုန်းတွေ ကျဆင်းသွားနိုင်ပြီး ငွေဖောင်း ပွမှုဖြစ်စေနိုင်တဲ့ အခြေအနေမျိုးက ကင်းဝေးနိုင်ကြောင်းလည်း အစီရင်ခံ စာမှာ ဖေါ်ပြထားပါတယ်ခင်ဗျား။

Ref: ဗွီအိုအေ

Read More...

ထိုင်းနှင့် မြန်မာသတင်းထောက် များကိုJATမှ ဖိတ်ခေါ် မိတ်ဆက်ပွဲပြုလုပ်

12 July 2012
နန်းသူးလေ

ထိုင်းနိုင်ငံတာ့ခ်ခရိုင် သတင်းထောက်များအသင်း (Journalist Association of Thailand-JAT)မှ ထိုင်း-မြန်မာနယ်စပ် အခြေစိုက် မဲဆောက်မြို့ နှင့် မြ၀တီမြို့ရှိထိုင်းသတင်းထောက်နှင့် မြန်မာ သတင်းထောက်များကိုဖိတ်ခေါ်၍ ယနေ့နေ့လည် ၁၂နာရီ မှ ၁နာရီ အထိမဲဆောက်မြို့တွင် ပထမဦးဆုံးတွေ့ဆုံမိတ်ဆက်ပွဲပြုလုပ်ကျင်းပခဲ့သည်။

“ထိုင်းနဲ့ မြန်မာဆိုတာနီးစပ်မှုတွေ ရှိနေတယ်။ဒါပေမယ့် ကျနော်တို့အချင်းချင်းကတော့ တခါမှဒီလိုမတွေ့ဆုံဖူးဘူး။ ဒါကြောင့် တယောက်နဲ့ တယောက် ဖေးမကြပြီးသတင်းတွေကိုပိုမိုကျယ်ပြန့်အောင် ရေးနိုင်ဖို့အတွက် တွေ့ဆုံကြတာပါ။” ဟုJAT ဥက္ကဌ
Aumnat Yuwaphan ကပြောသည်။

ဆက်လက်၍ လာမည့် ၂၀၁၅ခုနှစ်တွင် အာဆီယံနိုင်ငံများရှိ သတင်းထောက်များပါဝင်သည့် The Union Media of Asean (UMA) ကွန်ယတ်အဖွဲ့ကိုဖွဲ့စည်းသွားရန်ရှိပြီးအာရှနိုင်ငံရှိသတင်းများကိုလွတ်လွတ်လပ်လပ်ကျယ်ကျယ်ပြန့်ပြန့် ရေးသားနိုင်ရန်အောင် လုပ်ဆောင်ရန် ရှိသည်ဟုလည်း ၎င်းက ဆက်ပြောသည်။

တွေ့ဆုံမိတ်ဆက်ပွဲတွင် မြန်မာသတင်းဌာနဘက်မှ မြန်မာ့အလင်း၊Weekly Eleven၊ ပေါ်ပြူလာနယူးစ် ဂျာနယ်၊ ဒီဗွီဘီ၊ ဗွီအိုအေ၊ အာရ်အက်ဖ်အေနှင့် ထိုင်းသတင်းဌာနဘက်မှ အမှတ်(၇)၊(၅)၊ Mae Sot Post၊ Morden and TV စသည့် သတင်းဌာနများမှ သတင်း ထောက်များအပါအ၀င် ပရိဿတ်စုစုပေါင်း ၂၀ ကျော်တက်ရောက်ခဲ့သည်။

မိတ်ဆက်ပွဲတွင် စကားပြန်လုပ်ပေးသည့် ပေါ်ပြူလာနယူးစ်ဂျာနယ်မှကိုရဲရင့်မောင်က “ဒီတွေ့ဆုံမှုအပေါ်ကိုကျနော်အနေနဲ့ကတော့ ကြိုဆိုပါတယ်။ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့ နှစ်နိုင်ငံမှာရှိတဲ့ သတင်းထောက်တွေအချင်းချင်းသတင်းတွေဖလှယ်လို့ရမယ်။ သက်ဆိုင်ရာထိုင်းတာဝန်ရှိသူတွေနဲ့လည်း ရင်းနှီးမှု တွေရတော့ မြန်မာသတင်းထောက်တွေအနေနဲ့ သတင်းယူရတာအရင်ကထက် ပိုအဆင်ပြေလာတာပေါ့။”ဟုပြောသည်။

ထို့အပြင် ရင်းနှီးမှုနှင့်အတူလက်တွဲသွားကာ ပြီးပြည့်စုံပြီးမှန်ကန်သည့် သတင်းများဖြစ်အောင် ရေးသားနိုင်ရန်တွေ့ဆုံခြင်း ဖြစ်သည်ဟု လည်းထိုင်းအမှတ်(၇) ကသတင်းထောက် မစ္စတာဖီးချယ်ရှ်က ပြောသွားခဲ့သည်။ တဆက်တည်းမှာပင်မိတ်ဆက်ပွဲတွင် အထူးဧည့်သည် အဖြစ် ဖိတ်ကြားခံရ သည့်မဲဆောက်မြို့စည်ပင်သာယာရေးရုံး ဥက္ကဌTeardkietChinsoranantကလည်း မဲဆောက်မြို့ကိုစီးပွားရေးဇုံ အဖြစ် တည်ထောင်ပြီး နှစ်နိုင်ငံလမ်းပမ်းဆက်သွယ်ရေးများ၊ ပူးပေါင်းလုပ်ဆောင်မှုများပိုမိုကျယ်ပြန့်လာအောင် ကြိုးပမ်းသွား မည်ဟု လည်းပြောဆိုခဲ့သည်။

အလားတူသတင်းထောက်များအားဖိတ်ခေါ်မိတ်ဆက်ပွဲမျိုးကိုလာမည့် ၂၀၁၃ နှစ်၌လည်းကမ္ဘောဒီးယားနိုင်ငံတွင် သွားရောက် ကျင်းပ သွားမည်ဟုသိရသည်။

Ref: ကေအိုင်စီ

Read More...

KNU ဒူးပလာယာခရိုင် ၁၃ကြိမ် ညီလာခံ ပြီးစီး

13 July 2012

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ကရင်အမျိုးသားအစည်းအရုံး-KNU ဒူးပလာယာခရိုင်မှ ပြီးခဲ့သည်အပတ်က ခရိုင်ညီလာခံ ကျင်းပပြုလုပ်ခဲ့သည်။

ညီလာခံကို ဇူလိုင်လ ၃ရက်နေ့မှ ၇ရက်နေ့အထိ ကျင်းပခဲ့ခြင်းဖြစ်ပြီး ခရိုင်အမြဲတမ်း ကော်မတီအဖွဲ့ဝင် ခေါင်းဆောင်များအဖြစ် ဥက္ကဌ ပဒို စောရွှေမောင်း၊ ဒုဥက္ကဌ ဗိုလ်မှူးချုပ်ဆာမိစေးဖိုး၊ အတွင်းရေးမှူး ပဒိုစောလစ္စတန်နှင့် တွဲဖက် အတွင်းရေးမှူး ပဒိုစောမိုးအဲ့ဒို့ထူး အပါအ၀င် အဖွဲ့ဝင်ပေါင်း ၂၁ဦးအား ရွေးကောက်တင်မြှောက်ခဲ့သည်။

“ညီလာခံကို ကျင်းပတာ ပြီးသွားပြီပေါ့နော်။ ပြန်လည်အရွေးခံရတဲ့ ခရိုင်ခေါင်းဆောင်တွေထဲမှာ အဓိကကျတဲ့ လေးဦးကတော့ အပြောင်း အလဲ မရှိဘူး။ လုပ်ငန်းကတော့ အရင်တိုင်းပဲ ဆက်လုပ်သွားမယ်။”ဟု KNU ခေါင်းဆောင်တဦးက ကေအိုင်စီသို့ ပြောဆို ခဲ့သည်။

ယင်းညီလာခံတွင် KNU ဗဟိုမှ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောမူးတူးစေးဖိုး အပါအ၀င် ၄ဦးနှင့် KNU ဒူးပလာယာခရိုင် ကိုယ်စားလှယ် များ စုစုပေါင်း ၃၀၀ကျော် တက်ရောက်ခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့် မေလ ၁၅ရက်နေ့က ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)အနေဖြင့် ဆက်ဆံရေးရုံးခွဲကို အဆိုပါ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရား သုံးဆူမြို့တွင် ဖွင့်လှစ်ခဲ့ပြီး ကေအဲန်ယူ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးနှင့် အစိုးရဘက်မှ ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့ခေါင်း ဆောင် ဦးအောင်မင်းနှင့် ဦးခင်ရီတို့ တက်ရောက်ခဲ့ကြသည်။

KNU လက်အောက်ခံတွင် သထုံ၊ တောင်ငူ၊ ညောင်လေးပင်၊ ဘိတ်-ထားဝယ်၊ ဖာပွန်(မူတတြော်)၊ ဒူးပလာယာနှင့် ဖားအံ စသည့် ခရိုင် ၇ခုရှိပြီး ၎င်းတို့၏ ဖွဲ့စည်းပုံအရ ခရိုင်အဆင့် ညီလာခံကို ၂နှစ်တကြိမ် ကျင်းပရခြင်း ဖြစ်သည်။

Ref: ကေအိုင်စီ

Read More...

Thursday, July 12, 2012

မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်အရေးယူမှု အမေရိကန် လျှော့ချ

11 ဇူလိုင် 2012
ဦးသိန်းထိုက်ဦး

မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ တနှစ်တာအတွင်း သမိုင်းဝင် ပြုပြင်ပြောင်းလဲမှုတွေ လုပ်ခဲ့တာကို တုံ့ပြန်တဲ့ အနေနဲ့ မြန်မာနိုင်ငံအပေါ် ငွေကြေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို အမေရိ ကန်ပြည်ထောင်စုက လျှော့ချပေးမှာဖြစ်တယ်လို့ မေလတုန်းက ကြေညာ ထားခဲ့တဲ့အတိုင်း အမေရိကန်ပြည်ထောင်စုရဲ့ ရင်းနှီးမြှုပ်နှံမှုအသစ်တွေ ပြုလုပ်ခွင့်ရှိမယ့် ပြုပြင်ပြောင်းလဲမှုတွေကို သမ္မတ အိုဘားမား အစိုးရ က မနေ့တုန်းက ကြေညာလိုက်ပါတယ်။ တချိန်တည်းမှာပဲ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ တည်ငြိမ်ရေး တွေကို အန္တရာယ်ပြုမယ့် ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေပေါ်မှာလည်း အမေရိကန် အစိုးရက ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ခွင့် ပြုဖို့ကို သမ္မတအိုဘားမားက အမိန့်သစ် ထုတ်ပြန်လိုက်ပါ တယ်။ ဒီအကြောင်းအသေးစိတ်ကို ဦးသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့မေလတုန်းက သမ္မတအိုဘားမားနဲ့ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် ကြေညာခဲ့တဲ့ ဒဏ်ခတ်ပိတ်ဆို့မှု ယာယီဆိုင်းငံ့ရေး အစီအစဉ် အသေးစိတ်ကို အမေရိကန်အစိုးရက ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ခဲ့တာပါ။

သမ္မတအိုဘားမားရဲ့ အိမ်ဖြူတော်ကြေညာချက်ထဲမှာ အမေရိကန်ကုမ္ပဏီတွေအနေနဲ့ မြန်မာနိုင်ငံမှာ တာဝန်သိသိ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ကြ ဖို့ အခုလို ကန့်သတ်ချက်တွေကို လျှော့ချပေးလိုက်တာဖြစ်တယ် လို့ ဖော်ပြထားပါတယ်။ ဒါဟာ မြန်မာနိုင်ငံမှာ တွေ့မြင်နေရတဲ့ ပြုပြင်ပြောင်း လဲရေးတွေကို အမေရိကန် က အခိုင်အမာ ထောက်ခံကြောင်းနဲ့ ပြုပြင်ပြောင်းလဲရေး လိုလားသူတွေအတွက် ချက်ခြင်း လက်ငင်း အသိအမှတ် ပြုမှုဖြစ်တဲ့အပြင် မြန်မာပြည်သူတွေအားလုံးအတွက် သိသာထင်ရှားတဲ့ အကျိုးအမြတ်တွေ ရစေဖို့အတွက် ဖြစ်တယ်လို့လည်း သမ္မတ အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ် Jay Carney က ဆိုပါတယ်။

မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ အခုလို ယာယီဆိုင်းငံ့ပြီး အမေရိကန်ရင်းနှီးမြှုပ်နှံမှုတွေအတွက် လမ်းခင်းပေးတာဟာ အချိန်စော နေသေးတယ်လို့ ဝေဖန်သူတွေလည်း ရှိပါတယ်။ ဒီလို ဝေဖန် သူတွေ ထောက်ပြထားတဲ့ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု၊ တိုင်းရင်းသားဒေသ အတွင်း ဖြစ်ပွားနေတဲ့ပဋိပက္ခ စတာတွေအပြင် အစိုးရရဲ့လုပ်ငန်းတွေမှာ ပွင့်လင်းမြင်သာမှု မရှိ သေးဘူး ဆိုတဲ့ အချက်တွေ ကို အမေရိကန်အစိုးရအနေနဲ့ အလေးအနက်ထား သုံးသပ်ပြီး အခုလို အစီအစဉ်တွေ ထုတ်ပြန်ခဲ့ တာလို့ လည်း Jay Carney က ရှင်းပြပါ တယ်။

“မနေ့က ထုတ်ပြန်လိုက်တဲ့ အစီအစဉ်တွေဟာ အတော် လေးနက်သိမ်မွေ့ပါတယ်။ နဂိုရှိပြီးသား ဒဏ်ခတ် မှုတွေ အချိန်မရွေး ပြန်လုပ်နိုင်တယ်ဆိုတာ ခပ်ရှင်းရှင်းဖေါ်ပြထားသလို မေလတုန်းက ပြောထားခဲ့ သလိုပဲ မြန်မာစစ်တပ်နဲ့ ကာကွယ်ရေး ၀န်ကြီးဌာန ပိုင်လုပ်ငန်းတွေမှာ ရင်းနှီးမြုတ်နှံဖို့ အခု ဥပဒေအရ ခွင့်မပြုပါဘူး။ ဒါ့အပြင် မြန်မာနိုင်ငံအတွင်း ရင်းနှီးမြုတ်နှံမှုတွေနဲ့ ပတ်သက်လို့ အမေရိကန် ကုမ္မဏီတွေ ဟာ နိုင်ငံတကာစံချိန်စံညွှန်းနဲ့အညီ ပွင့်လင်းမြင်သာစွာ ထုတ်ပြန် ကြေညာမှုတွေ လုပ်ပေးရမယ်လို့လည်း စည်းကမ်းသပ်မှတ်ထားပါတယ်” -လို့ Jay Carney က ရှင်းပြသွားတာပါ။

အမေရိကန် စီးပွားရေးလုပ်ငန်းတွေအတွက် အထွေထွေလုပ်ပိုင်ခွင့်လိုင်စင် အမှတ် ၁၆ နဲ့ ၁၇ လို့ အမည် တပ်ပြီး အမေရိကန် ဘဏ္ဏာရေး ဌာနက ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ခဲ့တဲ့ကြေညာချက်မှာ မြန်မာနိုင်ငံအပေါ် ဘဏ္ဏာရေးဝန်ဆောင်မှုများ တင်ပို့လုပ်ဆောင် ပေးခွင့်အပြင် ရင်းနှီးမြှုပ်နှံမှုအသစ်များ လုပ်ဆောင်ခွင့်လည်း ပါဝင်ပါတယ်။

ရင်းနှီးမြှုပ်နှံမှုတွေမှာ ပွင့်လင်းမြင်သာမှုတွေ ရှိစေဖို့အတွက် ဒေါ်လာငါးသိန်းနဲ့အထက် ရင်းနှီးမျြုပ်နှံမှု အသစ် တိုင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနကို စည်းကမ်းချက်တွေနဲ့အညီ သတင်းပို့ အကြောင်းကြားရမှာဖြစ်သလို အထူးသဖြင့် ပွင့်လင်းမြင် သာမှုမရှိ ဘူးလို့ ဒေါ်အောင်ဆန်းစုကြည် က ထောက်ပြထားခဲ့ဖူးတဲ့ မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံမှုမှန်သမျှကို ရက် ပေါင်း ခြောက်ဆယ် အတွင်း အကြောင်းကြားရမယ်လို့လည်း ဖေါ်ပြထားပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းနဲ့ အင်းဝဘဏ်တို့ကို ဒဏ်ခတ် ပိတ်ဆို့မှုတွေ ဆက်လက် လုပ်ဆောင် ထားမှာ ဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ တည်ငြိမ်မှုတို့ကို ထိပါးစေပြီး နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွေ၊ တိုင်းရင်းသားဒေသတွင်း ငြိမ်းချမ်းရေးကြိုးပမ်းမှုတွေ ကို ထိခိုက်စေမယ့် လူပုဂ္ဂိုလ်၊ လက်နက်ကိုင်အဖွဲ့အစည်း စတာတွေကိုလည်း ဆက်လက် ဒဏ်ခတ်ပိတ်ဆို့ ထားမှာ ဖြစ်ပါတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြောက်ကိုရီးယားနိုင်ငံနဲ့ စစ်ရေးအရ ဆက်နွယ်မှုတွေကို အဆုံးသတ်နိုင်ဖို့လည်း လက်ရှိ ဒဏ်ခတ်မှုတွေ အတိုင်း ဆက်လက် လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သမ္မတအိမ်ဖြူတော်ရဲ့ ကြေညာချက် ထဲမှာ ဖော်ပြထားပါတယ်။


Ref: ဗွီအိုအေ

Read More...

အာဆီယံနိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးတက်ဖို့ ကလင်တန် ကမ္ဘောဒီးယားကိုရောက်

11 ဇူလိုင် 2012

အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ စည်းဝေးပွဲကို တက်ရောက်ဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Hillary Clinton ဟာ Cambodia နိုင်ငံ Phnom Penh မြို့တော်ကို ဗုဒ္ဓဟူးနေ့က ရောက်သွားခဲ့ပါတယ်။

Cambodia နိုင်ငံမှာရှိနေတဲ့ အမေရိကန် ထိပ်တန်း စီးပွားရေးလုပ်ငန်းရှင်တွေက အာရှဒေသတွင်းမှာ အမေရိကန်ပို့ကုန်တွေ တိုးမြှင့်ရေး နည်းလမ်းတွေကို ဆွေးနွေးကြမယ့် အစည်းအဝေးပွဲကိုလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Clinton က ဦးဆောင်ကျင်းပမှာဖြစ်ပါတယ်။ မဲခေါင်မြစ်ဝှမ်းတလျှောက်က နိုင်ငံတွေအတွက် အမေရိကန် တာဝန်ရှိသူတွေက အင်မတန်မှ ရေရှည်ခံမယ့် အစီအစဉ်သစ်တွေကိုလည်း နိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖော်ပြောမယ်လို့ ခန့်မှန်းရပါတယ်။

အစောပိုင်းတုန်းကတော့ Laos နိုင်ငံကို နှစ်ပေါင်း ၅၇ နှစ်အတွင်းမှာ ပထမဆုံး နိုင်ငံခြားရေးဝန်ကြီးအဖြစ် Hillary Clinton သွားခဲ့ပါတယ်။ မဲခေါင်မြစ်ဝှမ်း အောက်ပိုင်းဒေသမှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် လာအိုခေါင်းဆောင်တွေနဲ့ ဆွေးနွေးခဲ့ကြပါတယ်။

Ref: ဗွီအိုအေ

Read More...

အပေါ်သို့