Saturday, May 1, 2010

နေ့စဉ်သတင်းများ ( ၃၀ - ၄ - ၁၀ )

နာဂစ်မုန်တိုင်းဒဏ်သင့်သူတွေ အကူအညီ ဒေါ်လာသန်းပေါင်းများစွာ လိုအပ်ဆဲ သတင်း
နာဂစ်မုန်တိုင်း (၂) နှစ်အကြာ မေ့မရတဲ့ အမျိုးသမီးတွေရဲ့အသံ သတင်း
နယ်ခြားစောင့်တပ်ဖွဲ့ရေး ကေအန်ယူက ငြင်းဆို သတင်း
ရှမ်းပြည်တောင်ပိုင်းက ထောင်နဲ့ချီတဲ့လူတွေ ထွက်ပြေးတိမ်းရှောင်လာ သတင်း
စစ်အစိုးရအပေါ် NLD နဲ့ ဒေါ်အောင်ဆန်းစုကြည် တရားစွဲဆိုမှု တရားရုံးချုပ် စတင်ကိုင်တွယ် သတင်း
စစ်အစိုးရကို တရားစွဲမှု ဗဟိုတရားရုံးချုပ်က လက်ခံ သတင်း
အန်အယ်လ်ဒီရုံးများ စီမံခန့်ခွဲရေး ပါတီဥက္ကဌ ညွှန်ကြားချက် ထုတ်ပြန် သတင်း
အဖွဲ့ချုပ် ဗဟိုလုပ်ဆောင်ချက်ကို နမူနာယူရန် အောက်ခြေအဆင့်ဆင့်ကို ညွှန်ကြား သတင်း
ဒေါ်အောင်ဆန်းစုကြည် နေအိမ်ပြင်ဆင်ခွင့် စည်ပင်သာယာ ထုတ်ပေး သတင်း
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေးရဲ့ ကျန်းမာရေးအတွက် စိုးရိမ်နေရ သတင်း
အမေလူထုဒေါ်အမာ (ဆောင်းပါး)
ရန်ကုန်သင်္ကြန် ဗုံးကြောင့် ထိခိုက်ဒဏ်ရာရသူ (၃၂) ဦးသာ ဆေးရုံတွင် ကျန်ရှိနေ သတင်း
တရားစွဲခံရသည့် လယ်သမားများ စားဝတ်နေရေး အခက်တွေ့ သတင်း
ပါတီခေါင်းဆောင် ၀န်ကြီးချုပ်ဖြစ်နေမှု ဥပဒေနှင့် ကိုက်ညီခြင်းမရှိ သတင်း
ဝန်ကြီးချုပ်က ပါတီထောင်တာ ဥပဒေနဲ့ ညီသလား သတင်း
ဝန်ကြီးချုပ်နဲ့ ကြံ့ဖွံ့ပါတီ ရွေးကောက်ပွဲဝင်မယ့်အပေါ် မြန်မာ့နိုင်ငံရေးအသိုင်းအ၀န်း စိုးရိမ်မကင်းဖြစ် သတင်း
ကြည့်မှန်ကွဲလေးတချပ် (ဆောင်းပါး)

Read More...

Friday, April 30, 2010

ပါတီမဖျက်ရေး တားဝရန်းထုတ်ရန် အန်အယ်ဒီ တရားရုံးသို့ လျောက်ထား

ဖနိဒါ
ကြာသပတေးနေ့၊ ဧပြီလ ၂၉ ရက် ၂၀၁၀ ခုနှစ်

ချင်းမိုင်(မဇ္ဈိမ) ။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အား ဖျက်သိမ်းခြင်း မပြုရေး တားဝရန်း ထုတ်ပေးရန်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ဆက်လက် ရပ်တည်ခွင့်ရှိကြောင်း ကြေညာပေးရန် တရားရုံးချုပ်သို့ အတိုက်အခံ ပါတီအမတ်များက ယနေ့ ဦးတိုက် လျှောက်ထားလိုက်ကြသည်။

အတိုက်အခံ ပါတီကြီးသည် မှတ်ပုံတင်ထားသော ပါတီဖြစ်ကြောင်းနှင့် စစ်အစိုးရက ထပ်မံ ထုတ်ပြန်လိုက်သော နိုင်ငံရေးပါတီများ မှတ်ပုံများ မှတ်ပုံတင်ခြင်း ဥပဒေက ရက်ပေါင်း ၆၀ အတွင်း ပြန်လည် မှတ်ပုံမတင်လျှင် အလိုအလျောက် ပျက်ပြယ်သွားမည် ဆိုခြင်းကို ကန့်ကွက်သော အားဖြင့် တရားရုံးက တားဝရန်း ထုတ်ပေးရန် လျှောက်ထားခြင်း ဖြစ်သည်။

ထို့အပြင် ရွေးကောက်ပွဲ ဥပဒေကြောင့် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၏ သက်တမ်း အလိုအလျောက် ပျက်ပြယ်သည် ဆိုခြင်းက ထိခိုက်နစ်နာမှု ဖြစ်သောကြောင့် တရားရုံးက အမတ်များ၏ ရပ်တည်ပိုင်ခွင့်ကို အသိအမှတ်ပြု ကြေညာပေးရန်နှင့် လွှတ်တော် ခေါ်ယူပေးရန် လျှောက်ထား လိုက်ကြခြင်း ဖြစ်သည်။

ရှေ့နေ ဦးကြည်ဝင်း၊ ဒေါ်ခင်ဌေးကြွယ်နှင့် ဦးကျော်ဟိုးတို့က နံနက် ၁၁ နာရီချိန်တွင် သွားရောက် လျှောက်ထားခဲ့ကြခြင်း ဖြစ်ပြီး လျှောက်ထားချက် အဆိုပြုလွာများကို ၁ နာရီချိန်တွင် တရားရုံးချုပ်မှ ဒု ညွန်ကြားရေးမှူး ဒေါ်စုငယ်က လက်ခံထားလိုက်သည်။

အန်အယ်ဒီဥက္ကဌ ဦးအောင်ရွှေအပါအဝင် လွှတ်တော်အမတ် ၂၆ ဦးက တရားရုံးသို့ လျှောက်ထားခြင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်က တရားရေးအရ ရင်ဆိုင်ရန် တိုက်တွန်းခဲ့သည်ဟု စုံစမ်းသိရှိရသည်။

တရားရုံးသို့လျှောက်ထားသူများတွင် အန်အယ်ဒီ ပြန်လည်မှတ်ပုံတင်ရေး၊ မတင်ရေး အငြင်းပွားမှုတွင် မှတ်ပုံတင်လိုသော လူနည်းစု ဘက်မှဖြစ်သော စမ်းချောင်းမြို့နယ်အမတ် ဦးခင်မောင်ဆွေ၊ ကျောက်တန်း မြို့နယ်အမတ် ဒေါက်တာသန်းငြိမ်းတို့လည်း ပါဝင်သည်။

အမှုများကို တရားရုံးက လက်ခံသင့် မသင့်ကို မနက်ဖြန် မွန်းလွဲ ၁ နာရီတွင် အမိန့်ချမည်ဟု ချိန်းဆိုလိုက်ပြီး လက်ခံ စဉ်းစားလျှင် အမှုတခုချင်း သီးခြား ရင်ဆိုင်ရမှာဖြစ်သည်။

၁၉၉၀ ခု ရွေးကောက်ပွဲတွင် အန်အယ်ဒီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၄၈၅ ဦးအနက် အန်အယ်ဒီက ၃၉၂ နေရာ အနိုင် ရခဲ့သော်လည်း စစ်အစိုးရက အာဏာလွှဲပေးရန် ငြင်းဆန်သည်။

အန်အယ်ဒီက တရားရေးအရ ရင်ဆိုင်သော်လည်း မြန်မာနိုင်ငံ၏ တရားရုံးများမှာ အစိုးရ အလိုကျ ဆုံးဖြတ်သော တရားရုံးများ ဖြစ်သဖြင့် ထိရောက်မှု မရှိဟု ဝေဖန်သူများက ပြောသည်။။

ဦးဥာဏ်ဝင်းကတော့ ” ကျနော်တို့ ပြောချင်တာက တရားဥပဒေအရ လုပ်ပိုင်ခွင့်ရှိတာ ဥပဒေဘောင်ထဲက လုပ်ပိုင်ခွင့်ရှိတာ အကုန်လုပ်မယ်။” ဟုပြောသည်။

ရွေးကောက်ပွဲဥပဒေများ တရားမျှတမှုမရှိ ဆိုကာ အန်အယ်ဒီက နိုင်ငံရေးပါတီ အဖြစ် ပြန်လည် မှတ်ပုံမတင်ရန် ဆုံးဖြတ်ထားသည်။

၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှကျန်ရစ်သော နိုင်ငံရေးပါတီ ၁၀ ပါတီအနက် ပါတီ ၄ ခုသာလျှင် ပြန်လည် မှတ်ပုံတင်ရန် ရွေးကောက်ပွဲ ကော်မရှင်သို့ လျှောက်ထားသည်။

၂၀၁၀ ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ မေလ ၆ ရက်နေ့မတိုင်မီ ပါတီဟောင်း ပါတီသစ်များ မှတ်ပုံ တင်ရမှာဖြစ်ပြီး ကျော်လွန်သွားလျှင် ပါတီပျက်မှာ ဖြစ်သည်။

Ref: မဇ္ဈိမ

Read More...

DASSK and NLD Filed Two New Lawsuits Against the Regime

30 April 2010


Burma Update -29 April 2010

Read More...

နေ့စဉ်သတင်းများ ( ၂၉ - ၄ - ၁၀ )

ဒီလိုအချိန်မျိုးမှာ စကားလုံးတွေနဲ့ ရှုပ်မနေကြဖို့ပဲလိုတယ်ဟု ဦးဝင်းတင် ပြော သတင်း
DKBA နှင့် စစ်အစိုးရ ဆက်ဆံရေး တင်းမာ သတင်း
အပစ်ရပ်အဖွဲ့နယ်မြေများ အခြေအနေ ငြိမ်သက် သတင်း
ကရင်ဒုက္ခသည် (၁) သောင်းခန့် ထိုင်းနိုင်ငံသို့ ဦးတည်ထွက်ပြေးလာနိုင် သတင်း
ဗုံးပေါက်ကွဲမှု ထပ်ဖြစ်နိုင်ဟု စစ်အစိုးရ သတိပေး သတင်း
မြစ်ဆုံဗုံးလက်သည် ရွာသားများကို စစ်ဆေး သတင်း
ဗုံးထိတ်လန့်မှု ကုန်စည်ပြပွဲ လူဝင်နည်း သတင်း
၂၀၁၀ အတွင် ဗုံးပေါက်ကွဲမှုများ သတင်း
ဘိုကလေးမြို့နယ်၊ မလော့ကျေးရွာက လယ်သမားများကို အာဏာပိုင်နဲ့ လုပ်ငန်းရှင်တို့ မတရားဖိနှိပ် သတင်း
မောင်တောမြို့တွင်း နစကများ သေနတ်ပစ်ခတ်သဖြင့် မြို့နေလူထု စိုးရိမ်မှုပိုခဲ့ရ သတင်း
စစ်တကောင်းတောင်တန်းမှ ဗုဒ္ဓဘာသာ မာရမာလူငယ်များ ခရစ်ယာန်ဘာသာသို့ စတင်ကူးပြောင်း သတင်း
ရခိုင်ပြည်နယ်မှ ပါတီတခုကို မှတ်ပုံတင်ခွင့်ပြုလိုက်ပြီ သတင်း
အမျိုးသမီးရေးရာအဖွဲ့ချုပ် နိုင်ငံရေးပါတီပြောင်းရန် ဖွဲ့စည်းပုံပြင် သတင်း
ဒီဗွီဘီသတင်းထောက် အယူခံ ပလပ် သတင်း
အမှောင်ကမ္ဘာအတွင်းမှ ငိုရှိုက်သံ (ဆောင်းပါး)
နောင်အရှည်မှန်းလို့ အောင်သပြေကမ်းစို့ (ဆောင်းပါး)
နှာစေးမပစ်လိုက်ကြစေလိုပါ (ဆောင်းပါး)
နာဂစ်ကူညီရေး စစ်အစိုးရ ပိတ်ဆို့နေဆဲ သတင်း
နာဂစ်သင့်ဒေသတွင် အာဏာ အလွဲသုံးစားလုပ် ကိုယ်ကျိုးရှာ သတင်း
မြန်မာ့ရေတပ် အဓမ္မ စီးပွားရှာ သတင်း
ပြင်းအားကောင်း ငလျင် ရခိုင်တွင် လှုပ်ခတ် သတင်း
စိတ်ကြွဆေးပြား (၂) သိန်း ဖမ်းဆီးရမိ သတင်း
နေဘုန်းလတ် လွတ်လပ်စွာ ထုတ်ဖော်ရေးသားခွင့် ဆုရ သတင်း
UDD ဆန့်ကျင်ကန့်ကွက်ပွဲကြီး မေ (၂) ရက်မှာ လုပ်မယ် သတင်း

Read More...

Thursday, April 29, 2010

ဒီလိုအချိန်မျိုးမှာ စကားလုံးတွေနဲ့ ရှုပ်မနေကြဖို့ပဲ လိုတယ် - ဦးဝင်းတင်ပြော

ဧပြီ ၂၉၊ ၂၀၁၀

လတ်တလောအခြေအနေမှာ ၂၀၁၀ ရွေးကောက်ပွဲမ၀င်တဲ့ အင်န်အယ်ဒီရဲ့ ရှေ့ရေးအတွက် ပါတီတွင်း ပါတီပ လူအများက စိတ်ဝင်တစား မေးခွန်း ထုတ်နေကြချိန်မှာ စိတ်ရှင်းရှင်းနဲ့ ရင်ဆိုင်ကြဖို့သာ လိုအပ်ချက် အဓိက ဖြစ်ကြောင်း အင်န်အယ်ဒီ ပါတီရဲ့ ခေါင်းဆောင် ဦးဝင်းတင်က ပြောလိုက်ပါတယ်။

“ပါတီက နိုင်ငံရေးရပ်တည်ချက်ကို မစွန့်လွှတ်ဘူး၊ ပြီးတော့ လူထုကို မျက်နှာမူတဲ့ နိုင်ငံရေးလုပ်ငန်း၊ လူမှုရေး လုပ်ငန်းတွေ လုပ်မယ်လို့ ပြောလိုက်တယ်။ ဒါကို ပါတီက အလံထောင်ပြီး လူမှုရေးလုပ်ရင် ကန့်ကွက်မယ်တို့ ဘာတို့ ပြောလာတာမျိုးတွေ ဖြစ်လာတယ်။ လက်ရှိ ပါတီရုံးခန်း ငှားထားတဲ့ဆီမှာ အိမ်ရှင်ကို တဖက်လှည့်နဲ့ ခြိမ်းခြောက် တာတွေ လုပ်လာတာတွေ ရှိတယ်။ အိမ်ရှင်က ဘယ်လိုမှ သဘောထား မရှိပေမယ့် ဘေးလူတွေကို တွန့်ဆုတ် စေတာပေါ့။ အိမ် အသိမ်းခံရလိမ့်မယ်တို့၊ စသည်ဖြင့် စကားတွေ ရှုပ်လာတာတွေ ရှိနေတယ်။” လို့ ဆရာ ဦးဝင်းတင်က သူ့အမြင်ကို ပြောလိုက်ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်က ပါတီရုံးခန်းကို ပိတ်စရာ မလိုဘူး။ အလံကို ကိုယ်တိုင် ချစရာ မလိုဘူးလို့ ပြောထားပြီးပြီ။ လူမှုရေး လုပ်ကြတယ် ဆိုတာကလည်း လူထုကို မျက်နှာမူတဲ့ နိုင်ငံရေးဆိုတာမှာ လူမှုရေး ဆိုတာက သူ့ရဲ့ အစိတ်အပိုင်း တခုဖြစ်တယ် ဆိုတာလည်း ရှင်းပြီးပြီပဲ။

ကျနော်တို့က နိုင်ငံရေးလုပ်မှာပဲ။ ပါတီရုံးခန်းထဲက အခမ်းအနားတွေ လုပ်နေတာတွေက ထွက်လာပြီးတော့ ပြည်သူကြားက နိုင်ငံရေးအခြေခံ လူမှုရေး လုပ်ငန်းတွေ လုပ်ကြရမယ်။ လူမှုရေးက နိုင်ငံရေးနဲ့ မပတ်သက်ဘဲ ခွဲခြားပြီး သီးသန့် နေလို့ရတယ်။ နိုင်ငံရေးက လူမှုရေးကို ခွဲခြားပြီး မပါဝင် မပတ်သက်ဘဲ နေလို့ မရဘူး။
Social Rights ဆိုတာ နေ့စဉ် လူနေမှုဘ၀ သာရေး၊ နာရေးတွေ၊ လိုအပ်ချက်၊ အားနည်းချက်တွေကို ဖြည့်ဆည်းရတာ ဖြစ်တယ်။ ကျနော်တို့ကတော့ Human Rights – လူ့အခွင့်အရေး ကိစ္စတွေကို ဆောင်ရွက် ကြရမှာ ဖြစ်တယ် လို့ မြင်တယ်။ လူမှုရေး ပြဿနာတွေတင် သာမက နိုင်ငံရေး ပြဿနာတွေကို ဖြေရှင်းကြဖို့ ဆောင်ရွက်ကြဖို့ ကျနော်တို့ ရှေ့ရှုကြဖို့ ကျနော်တို့က ရှင်းရှင်းလင်းလင်း ပြောခဲ့ပြီးပြီ” လို့ ဦးဝင်းတင်က ရှင်းပြပါတယ်။

လတ်တလောမှာ အင်န်အယ်ဒီရဲ့ ရှေ့နေကြီး၊ ပြန်ကြားရေးတာဝန်ခံ ဦးဉာဏ်ဝင်းက လူမှုရေး လုပ်ကြတဲ့ နေရာမှာ ရန်ကုန်မြို့ထဲမှာ ရှုပ်နေတဲ့ ပလတ်စတစ်တွေ ကောက်ကြမယ် ဆိုတာမျိုးကို ပြောခဲ့တာအပေါ်မှာ ကြားရသူတွေ အချို့က မေးခွန်းမျိုးစုံ ထောက်လာတာနဲ့ ပတ်သက်ပြီး မေးဖြစ် ပါသေးတယ်။

“ခုချိန်မှာ အားလုံးသော လူတွေက အင်န်အယ်ဒီကို အနီးကပ် အသေးစိတ် စောင့်ကြည့်နေကြတဲ့ အချိန်ဆိုတော့ စကားကို ရှင်းထားမှ တော်ရုံကျပါတယ်။ ပလတ်စတစ် ကောက်မယ်လို့ ပြောလိုက်တာနဲ့ ပလတ်စတစ် ကောက်သမား သက်သက်လို့ မမြင်လိုက်ကြဖို့ လိုပါတယ်။ မင်းကိုနိုင်တို့ ၈၈ မျိုးဆက် ကျောင်းသားတွေက ၂၀၀၇ စက်တင်ဘာမှာ ပြည်သူတွေ ဒုက္ခ ပင်လယ်ဝေနေရတဲ့ ကြီးမားတဲ့ ကုန်ဈေးနှုန်းတွေ ကျဆင်းစေဖို့ လှုပ်ရှားကြတဲ့ နေရာမှာ သူတို့တွေက ခွပ်ဒေါင်းအလံကြီးကို နေရာတကာ လွှင့်ပြီး သွားလာနေတာလဲ မဟုတ်ဘူး။ ကုန်ဈေးနှုန်း ကျဆင်းရေး ဆိုတာဟာ လူမှုရေး စားဝတ်နေရေးကိစ္စ ဖြစ်တယ်လို့ ပြောနိုင်တယ်။ နိုင်ငံရေး အနှစ်သာရ ပါဝင်နေတယ် ဆိုတာကို လူတွေက သိကြပါတယ်” လို့ ဆရာက ဖြေကြားပါတယ်။

လွန်ခဲ့တဲ့လ မတ် ၂၉ မှာ အင်န်အယ်ဒီရဲ့ တခဲနက် ဆုံးဖြတ်ချက်ဖြစ်တဲ့ ၂၀၁၀ ရွေးကောက်ပွဲကို မ၀င်ဘူး၊ ပါတီကို ၂၀၁၀ ရွေးကောက်ပွဲ ဥပဒေအတိုင်း မှတ်ပုံ ထပ်မတင်ဘူးလို့ ဆုံးဖြတ်ချက် ချခဲ့ပြီး အခုလို ၁ လ အကြာမှာ အင်န်အယ်ဒီနဲ့ ပါတီဝင်တွေရဲ့ စိတ်ဓာတ်နဲ့ စည်းလုံးညီညွတ်မှု အလားအလာနဲ့ အနေအထားကို မေးကြည့် ပါသေးတယ်။

“တဖက်က မျိုးစုံပြောကြတာပေါ့ဗျာ။ ယူဂျီတို့၊ အကြမ်းဖက် အဖွဲ့အစည်းတို့ ဒါမျိုးတွေနဲ့ အသံတွေ ပစ်ကြတယ်။ ဥပဒေပြင်ပက အဖွဲ့အစည်းတို့ ဘာညာ ပြောကြတယ်။ ၂၀၀၈ အခြေခံဥပဒေက ပြဌာန်းတဲ့ ဥပဒေတွေကို လက်မခံနိုင်ဘူးလို့ ကျနော်တို့က ပြောထားပြီးတော့ သည်ကိစ္စက ရှင်းပြီးသား ဖြစ်နေပြီ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ အင်န်အယ်ဒီ ရပ်တည်ချက်တို့ ဖွဲ့စည်းပုံတို့မှာ အထက်ကအောက်ကို စီးဆင်းတဲ့ ပုံစံမျိုးတော့ ရှိတော့မှာ မဟုတ်ဘူး။ အဲသည်အတွက်လည်း စိုးရိမ်နေစရာ မရှိဘူး။ နီးစပ်ရာ အစုအဖွဲ့တွေ၊ နက်ဝပ်တွေနဲ့ ဆက်လုပ်ကြမှာ ဖြစ်တယ် ဆိုတာလည်း ပြောခဲ့ပြီးပါပြီ။ အစုအဖွဲ့တွေ ချိတ်ဆက်ပြီး ဆက်လက် လုပ်ကိုင်ကြမယ်။ နားလည်မှုတွေ ယူကြမယ်။ ကွန်ယက်တွေ ဆက်ကြမယ် ဆိုတာမျိုးကို ရှင်းရှင်း နားလည်ကြဖို့သာ လိုပါတယ်။
စကားလုံးတွေ အချင်းချင်း ရှုပ်ထွေးနေတာမျိုးကို ကျနော်တို့က အချိန် မကုန်နေကြဖို့ အရေးကြီးပါတယ်” လို့ ဆရာက ဖြေကြားပါတယ်။ လာမည့် နာရီပိုင်းအတွင်း အင်န်အယ်ဒီပါတီရုံးတွင် အထူးအစည်းအဝေး ကျင်းပမည် ဖြစ်၍ နောက်မှ ဆက်သွယ် မေးမြန်းပြီး တင်ဆက်ပါဦးမည်။

Ref: မိုးမခ

Read More...

နေ့စဉ်သတင်းများ ( ၂၈ - ၄ - ၁၀ )

ပြည်တွင်းစစ်ဖြစ်လာနိုင်သည်ဟု SSA ခေါင်းဆောင် စ၀်ယွက်စစ်ပြော သတင်း
တောင်ပိုင်း ၀ နယ်မြေ ကျေးလက်လူထုထောင်ချီ ဆက်လက်ထွက်ပြေး သတင်း
ပေါ်တာဆွဲရန် အာဏာပိုင်များ ကြိုတင်စီစဉ် သတင်း
ကချင်လွတ်မြောက်ရေးအဖွဲ့ ဗိုလ်ချုပ်သိန်းဇော်နဲ့ တွေ့ သတင်း
မိုင်းလားတွင် နယ်ခြားစောင့်တပ်ကိစ္စ ဆွေးနွေး သတင်း
စစ်ပွဲအတွက် မွန်ပြည်သစ် ပြင်ဆင် သတင်း
မွန်ဒေသအနှံ့အပြား စိုးရိမ်ထိတ်လန့်နေပြီး နေရာပြောင်းရွေ့နေ သတင်း
စစ်အစိုးရ ရာဇသံကို ငြိမ်းချမ်းရေးကောင်စီ ငြင်းဆန် သတင်း
ကရင်ငြိမ်းချမ်းရေးကောင်စီ စခန်းအနီး နအဖတပ်များ စစ်ရေးပြ သတင်း
ဒီကေဘီအေနယ်မြေဘက်ကို မြန်မာစစ်တပ် စစ်ရေးပြင် သတင်း
ဗုဒ္ဓဘာသာ ကရင်တပ်ဖွဲ့အချို့ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေး သဘောတူ သတင်း
တပ်အသွင်ကူးပြောင်းရေးကိစ္စ နောက်ဆုံးနေ့ အခြေအနေ သတင်း
ကရင်ဒုက္ခသည်များ ထိုင်းနယ်စပ်သို့ ထွက်ပြေး သတင်း
မနက်ဖြန်တွင် အန်အယ်လ်ဒီ၏ အထူးအစည်းအဝေး ကျင်းပမည် သတင်း
NLD အလံ သုံးလျှင် ဦးခင်မောင်ဆွေ ကန့်ကွက်မည် သတင်း
ဗိုလ်ချုပ်ကြီးကို ၀န်ကြီးချုပ် ဦးသိန်းစိန်အဖြစ် နအဖ ပွဲထုတ် သတင်း
ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး စင်္ကာပူတွင် ဆေးကုနေရ သတင်း
ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်၏ ဆင်ဖြူများ လျစ်လျူရှုခံထားရ သတင်း
လွိုင်ကော် ရဲဌာန ဗုံးကွဲလို့ လူတဦး သေဆုံး သတင်း
ရန်ကုန်သင်္ကြန်၌ ဗုံးပေါက်ကွဲပြီးနောက် လွိုင်ကော်တွင် လုံခြုံရေးတင်းကျပ်ကာ ပိုမိုစစ်ဆေး သတင်း
သောက်ရေခန်း ရေအားလျှပ်စစ်စီမံကိန်းကို ကေအန်ယူက တိုက်ခိုက်ခြင်းဖြစ် သတင်း
ကွတ်ခိုင်တပ်သို့ ဗုံးခြိမ်းခြောက်စာရောက် သတင်း
ဧရာဝတီမြစ်ဆုံ ဗုံးပေါက်ကွဲမှု ဒေသခံများ စစ်ဆေးခံနေရ သတင်း
ကျောက်စိမ်းတွင်းဒေသတွင် လူငယ်များကို ဖမ်းဆီးမှုရှိနေ သတင်း
ကာတွန်း ဟန်လေး Hellman/Hammett ဆုရ၊ နေဘုန်းလတ် ရွှေကလောင်ဆုရ သတင်း
ထိုင်းစစ်တပ်နဲ့ ရှပ်နီတွေကြား ထိပ်တိုက်ရင်ဆိုင်မှုကြောင့် စစ်သားတဦး သေဆုံး သတင်း
ချာဗာလစ် အဖမ်းခံရနိုင် သတင်း
မတရားမှု ဖိနှိပ်မှု ရှိနေသမျှ လူထုက အုံကြွအန်တုနေမှာပဲ (အင်တာဗျူး)
မြန်မာပြည်သားတို့၏ ပြည်သူ့ဂုဏ်ရည်ဆုချီမြှင့်ခြင်း အခမ်အနားမြင်ကွင်းနဲ့ အသံများ (ဆောင်းပါး)
မရှိ၍ ရှိသူ၊ ရှိ၍ မရှိသူ (ဆောင်းပါး)

Read More...

Wednesday, April 28, 2010

အပစ်ရပ်တွေ အဖြေပေးရမယ့် နောက်ဆုံးအချိန်

28 April 2010

ဒီနေ့ ဧပြီလ ၂၈ ရက်နေ့ဟာ မြန်မာစစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို စစ်အစိုးရတပ် လက်အောက် နယ်ခြားစောင့်တပ် အဖြစ် အသွင်ပြောင်းဖို့ နောက်ဆုံး အကြောင်းပြန်ရမယ့်နေ့ ဖြစ်ပါတယ်။ နယ်ခြားစောင့်တပ် အဖြစ် အသွင် မပြောင်းဘူးဆိုရင် စစ်အစိုးရရဲ့ တရားမ၀င် အဖွဲ့အဖြစ် သတ်မှတ်ခြင်းနဲ့ တိုက်ခိုက်ခြင်းကို ခံရနိုင်ဖွယ် ရှိတယ်လို့ သတင်းတွေ ထွက်နေပါတယ်။ အခုအချိန်ထိတော့ အဓိက အပစ်ရပ်အဖွဲ့တွေက ငြင်းဆိုထားကြဆဲ ဖြစ်ပါတယ်။ ဒါကြောင့် တရုတ်၊ မြန်မာ နယ်စပ်မှာ တိုက်ပွဲတွေ ပြန်စလာမလား ဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ဗွီအိုအေ သတင်းထောက် ကိတ်တ် ၀ုဒ်စမ် (Kate Woodsome) ပေးပို့ထားတဲ့ သတင်းကို အခြေခံပြီး နော်ရှိုးက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံဟာ စစ်အစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိတယ် ဆိုပေမဲ့ ထိုင်းနဲ့ တရုတ်နိုင်ငံတို့နဲ့ ထိစပ်နေတဲ့ တိုင်းရင်းသား ဒေသ တွေကတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အသီးသီးရဲ့ စိုးမိုးမှုအောက်မှာ လုံးလုံး ရှိနေဆဲပဲ ဖြစ်ပါတယ်။ ဒီနေ့ နောက်ဆုံးထားပြီး နယ်ခြားစောင့်တပ် အဖြစ် အသွင်ပြောင်းဖို့ စစ်အစိုးရက ဖိအားပေးထားတာကို အခုအချိန်ထိ အဓိက အပစ်အခတ်ရပ် အဖွဲ့အစည်း တွေကတော့ ငြင်းဆိုထားဆဲ ဖြစ်ပါတယ်။ အဲဒီထဲက အကြီးဆုံးကတော့ အင်အား ၂၀,၀၀၀ ရှိတဲ့ UWSA ၀ ပြည် သွေးစည်းညီညွတ်ရေး တပ်ဖွဲ့လည်း အပါအ၀င် ဖြစ်ပါတယ်။

အခုလို အခြေအနေမှာ စစ်အစိုးရဘက်က စစ်အင်အားသုံးပြီး နှိမ်နင်းလာနိုင်ခြေ ရှိတာကြောင့် ၀ တပ်တွေဟာ တိုက်ပွဲရှည်ကြီးကို ဆင်နွှဲဖို့အတွက် အသင့် ပြင်နေကြပြီလို့ မြန်မာနိုင်ငံနဲ့ နယ်စပ် တရုတ်ပြည်ထဲမှာ အခြေစိုက်နေတဲ့ သူပုန်ဟောင်း တဦးဖြစ်တဲ့ ဦးအောင်ကျော်ဇောက သုံးသပ်ပါတယ်။ ၀ တပ်တွေအနေနဲ့ စစ်မတိုက်ချင်ကြပေမဲ့ စစ်အစိုးရဘက်က ညှိနှိုင်းတဲ့သဘော မဟုတ်ဘဲ တဖက်သတ် ဖိအားပေးနေတဲ့ လုပ်ရပ်တွေက ၀ တွေအတွက် ရွေးစရာလမ်း မရှိအောင် ဖြစ်စေတယ် လို့လည်း ဦးအောင်ကျော်ဇောက သုံးသပ်ပါတယ်။

“ကျနော်တို့ သိသလောက် ၀ ခေါင်းဆောင် အများစုကတော့ မဖြစ်ချင်ပါဘူး။ ပြည်သူတွေလည်း မဖြစ်ချင်ပါဘူး။ ဒါပေမဲ့ ကျနော်တို့ တတ်နိုင်သမျှ ဆွေးနွေးခဲ့တယ်။ အဓိကအားဖြင့် Border Guard ပေါ်လစီကို ချပြပြီး ၁၃ ကြိမ်တိတိ ကျနော်တို့ ဆွေးနွေးခဲ့တယ်။ နောက်ဆုံး အကြိမ်မှာ တခါမှ မလိုက်လျောဘူးတဲ့ အချက်တွေ ပေးပြီးတော့ ဆွေးနွေးပါတယ်၊ အလျှော့ပေးပြီးတော့ပေါ့။ အထူးသဖြင့် တရုတ်ပြည်ရဲ့ ၀င်ရောက် ဖျောင်းဖျမှုတွေလည်း ပါတာပေါ့။ ဒါပေမဲ့ ဗမာအစိုးရဘက်က Compromise သဘော မဟုတ်ဘဲနဲ့၊ ဆွေးနွေးတဲ့ သဘော မဟုတ်ဘဲနဲ့ အမိန့်ပေးတဲ့ သဘော ဖြစ်ပါတယ်။”

၁၉၉၀ ခုနှစ်လွန် နှောင်းပိုင်းအတွင်း ၀၊ ကချင်၊ ကိုးကန့်နဲ့ တခြား လက်နက်ကိုင် တိုင်းရင်းသား တပ်ဖွဲ့တွေဟာ စစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး ရယူခဲ့ပါတယ်။ အပစ်အခတ် ရပ်စဲရေး ယူခဲ့ပြီးနောက် အထူးသဖြင့် ၀ ဒေသမှာဆိုရင် နိုင်ငံရေးနဲ့ ဘာသာရေး လွတ်လပ်ခွင့်တွေ ပိုပြီး ရရှိခဲ့သလို စစ်အစိုးရက ၀တွေကို သစ်ပါမစ်တွေ၊ တရားမ၀င် မူးယစ်ဆေးဝါး ရောင်းဝယ်ခွင့်တွေ၊ နယ်စပ် ကုန်သွယ်ခွင့်တွေ ပေးခဲ့တယ်လို့ ဆိုပါတယ်။ ဒီကရတဲ့ ငွေတွေနဲ့ လျှပ်စစ်မီးတွေ ၀ယ်ယူနိုင်တာကြောင့် ၀ ဒေသမှာတော့ လျှပ်စစ်မီးတွေ ထိန်ထိန်ညီးနေပါတယ်။

အခုလို အခြေအနေမျိုးကနေ စစ်အစိုးရ တပ်မတော် လက်အောက် နယ်ခြားစောင့်တပ် အဖြစ် အသွင် ပြောင်းလိုက်ရင် သူတို့မှာ ရှိနေတဲ့ လက်ရှိ အခွင့်အရေးတွေ တစတစ ဆုံးရှုံးသွားမှာကို ၀ တွေက စိုးရိမ်နေကြတာပါ။ ၀ တပ်က စစ်အစိုးရရဲ့ တောင်းဆိုမှုကို လိုက်လျောဖို့ ငြင်းဆိုခဲ့ပြီးနောက် ရှမ်းပြည်နယ်အတွင်း ၀ ဒေသတွေမှာ စစ်အစိုးရဘက်က စစ်ရေးဆိုင်ရာ လှုပ်ရှားမှုတွေ လုပ်ဆောင်လာတာကို တွေ့ရတယ်လို့လည်း ဦးအောင်ကျော်ဇောက ပြောပြပါတယ်။

“ကျနော်တို့ သိသလောက် စစ်ရေး ပြင်ဆင်မှုကတော့ သက်ဆိုင်ရာ လူမျိုးစု လက်နက်ကိုင် အဖွဲ့အစည်း တွေမှာတော့ တလျှောက်လုံး ပြင်ဆင်နေတာ တွေ့ရပါတယ်။ မြန်မာအစိုးရ အနေနဲ့ ရှေ့တန်းကို တပ်တိုးချဲ့ ပို့တာတွေတော့ အတော်နည်းပါသေးတယ်။ တကယ်တမ်း တိုက်ခိုက်ဖို့ လိုအပ်တဲ့ အင်အား ဖြည့်တင်းမှုတို့၊ ရိက္ခာ ခဲယမ်း ဖြည့်တင်းမှုတို့ မလုပ်သေးပါဘူး။ အဲဒါကို ကျနော် မတွေ့ရသေးဘူး။

“ဒါပေမဲ့ ခြိမ်းခြောက်တဲ့ ရည်ရွယ်ချက်နဲ့ လုပ်တဲ့ လှုပ်ရှားမှုတွေတော့ တွေ့ရတယ်။ အမြောက်တွေကို ဟိုကနေ ဟိုဆွဲတာ၊ ဒီကနေ ဒီကိုဆွဲတာ၊ တင့်ကားတွေကို လူမြင်အောင် ရှေ့တန်းကိုပို့တာ၊ ရှေ့တန်းကနေ ပြန်မောင်းသွားတာတို့၊ ပြီးခဲ့တဲ့ လထဲမှာဆို MIG-29 တွေကို လားရှိုး လေယာဉ်ပျံကွင်းတို့၊ ကျိုက်ထို လေယာဉ်ပျံကွင်းတို့၊ အပစ်ရပ်တွေနဲ့ နီးစပ်တဲ့၊ အပစ်ရပ် ရဲဘော်တွေ နေနိုင်တဲ့ နေရာမျိုးတွေမှာ MIG-29 တွေကို မောင်းပြတာတို့၊ ရပ်ထားတာတို့ ဒါမျိုးတွေ လုပ်ပါတယ်။”

အခုလို မရေရာတဲ့ အခြေအနေတွေ စစ်အစိုးရဘက်က တပ်တွေ တိုးချဲ့ နေရာယူလာတာကြောင့် ဒေသခံ ပြည်သူ အများကလည်း စိုးရိမ် ထိတ်လန့် နေကြပါတယ်။ တချို့ဆိုရင် သူတို့ပိုင်တဲ့ ကားတွေ၊ တန်ဖိုးကြီး ပစ္စည်းတွေကို တရုတ်နယ်စပ်ထဲ သယ်ဆောင်သွားပြီ ဖြစ်သလို ကလေးသူငယ်နဲ့ သက်ကြီးရွယ်အို တချို့လည်း တရုတ်ပြည်ဘက်ကို ထွက်ပြေး တိမ်းရှောင်သွားကြပြီ ဖြစ်ပါတယ်။

တဆက်တည်းမှာပဲ ၀ါရှင်တန်ဒီစီ အခြေစိုက် US Campaign for Burma အဖွဲ့က မြန်မာ့အရေး အသိပညာပေး နှိုးဆော်ရေးဆိုင်ရာ တာဝန်ခံ ဂျနီဖာ ကွစ်လီကလည်း တကယ်လို့ စစ်ဖြစ်လာမယ်ဆိုရင် အရပ်သား ပြည်သူတွေ အပေါ်မှာ တကယ်ပဲ အန္တရာယ် ရှိလာနိုင်တယ်လို့ ဆိုပါတယ်။

“စစ်အစိုးရဟာ အစဉ်အလာ အားဖြင့်တော့ လက်နက်ကိုင် တပ်တွေကိုချည်း မဟုတ်ဘဲနဲ့ အရပ်သား ပြည်သူတွေကိုပါ ပစ်မှတ်ထား ထိုးစစ်ဆင် တိုက်ခိုက်လေ့ ရှိပါတယ်။ ဒါဟာ တကယ်လို့ စစ်တွေဖြစ်လာရင် သူတို့က မြေတွေကို သိမ်း၊ အဓမ္မလုပ်အားပေး ခိုင်းစေမှုတွေ လုပ်၊ ကလေးတွေကို ဖမ်းဖို့ အလားအလာက အများကြီး ရှိနေပါတယ်။ တရုတ်နိုင်ငံကို ဒုက္ခသည် ၁၀၀,၀၀၀ ကျော် ထွက်ပြေးနိုင်မယ့် အနေအထားကို တွေ့နိုင်ပါတယ်။”

မြန်မာနိုင်ငံနဲ့ နယ်စပ်တလျှောက် တရုတ်ပြည် ယူနန်နယ်မှာ တရုတ်စစ်သားတွေ ထောင်နဲ့ချီ တပ်ချထားပါတယ်။ အဲဒီနယ်စပ် တလျှောက်ကနေပဲ တရုတ်က မြန်မာနိုင်ငံကို ကုန်ပစ္စည်းတွေ တင်ပို့ ရောင်းချနေတာ ၂၀၀၈ ခုနှစ် တနှစ် အတွင်းမှာတင် အမေရိကန် ဒေါ်လာ သန်း ၂,၀၀၀ လောက် ရှိတယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း နယ်စပ်ဒေသ တိုင်းရင်းသားတွေနဲ့ စစ်အစိုးရအကြား တင်းမာမှုတွေ ပြေလျော့ လာစေရေးအတွက် တရုတ်အစိုးရ ခေါင်းဆောင်တွေက နေပြည်တော်ကို ပုံမှန် သွားရောက်ပြီး မြန်မာ စစ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံလာနေတာ ဖြစ်ပါတယ်။

မကြာခင်တုန်းက စစ်အစိုးရနဲ့ သွားရောက် တွေ့ဆုံခဲ့တဲ့ ၀ခေါင်းဆောင်တချို့ရဲ့ လုံခြုံရေးအတွက် တရုတ်က ၀ိုင်းရံ လိုက်ပါ ပေးခဲ့ပါတယ်။ ၀တပ်ဖွဲ့အပြင် ကချင် လွတ်မြောက်ရေးတပ် (KIO) ကလည်း နယ်ခြားစောင့်တပ် အဖြစ် အသွင်ပြောင်းဖို့ ငြင်းဆို ထားသလို ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းကပဲ ဗိုလ်ချုပ်ထိန်မောင် ခေါင်းဆောင်တဲ့ ကရင် ငြိမ်းချမ်းရေး ကောင်စီကလည်း မြန်မာ စစ်အစိုးရ ကမ်းလှမ်းထားတဲ့ နယ်ခြားစောင့်တပ်နဲ့ ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းလဲ ဖွဲ့စည်းဖို့ ငြင်းဆိုခဲ့ပါတယ်။

Ref: VOA News

Read More...

နေ့စဉ်သတင်းများ ( ၂၇ - ၄ - ၁၀ )

ဥရောပသမဂ္ဂ ပိတ်ဆို့အရေးယူမှု ဦးဝင်းတင် ကြိုဆို သတင်း
အီးယူက မြန်မာနိုင်ငံကို ပိတ်ဆို့မှု (၁) နှစ် ထပ်တိုး သတင်း
သောက်ရေခပ် ရေအားလျှပ်စစ် စီမံကိန်းတွင် ဗုံးကွဲ သတင်း
ဗုံး ဒဏ်ရာရ စစ်ဒေသမှူး စင်္ကာပူတွင် ဆေးကု သတင်း
လွိုင်ကော် ရဲစခန်း၌ ဗုံးပေါက်ကွဲ၍ လူတဦး သေဆုံး သတင်း
အင်္ဂပူမြို့နယ်အတွင်း ဗုံးဖောက်ခွဲမှုနှင့် ကျေးရွာအာဏာပိုင်များ လာဘ်စားမှု များပြားနေ သတင်း
မြန်မာစစ်ဗိုလ်ချုပ်များ အရပ်ဝတ်လဲလိုက်ရပြီ သတင်း
ဝန်ကြီး (၂၀) ၀န်းကျင် စစ်ယူနီဖောင်းချွတ်မည်ဟုဆို သတင်း
စစ်ဗိုလ်ချုပ်အချို့ ယူနီဖောင်းချွတ်မှု ပြည်သူများ စိတ်မ၀င်စား သတင်း
ဝန်ကြီးချုပ် သိန်းစိန် ခေါင်းဆောင်သည့် ကြံ့ဖွံ့ နိုင်ငံရေးပါတီ ထောင်ပြီ သတင်း
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (၉) ပါးသီလ စောင့်ထိန်း သတင်း
သဘာဝဓာတ်ငွေ့လုပ်ငန်း ဘဏ္ဍာရေးဆိုင်ရာ ရှင်းလင်းရန် ERI တောင်းဆို သတင်း
ဒီကေဘီအေနှင့် နအဖ ထိပ်တိုက်တွေ့၊ နယ်မြေမကျော်ရန် သတိပေးထား သတင်း
ပြည်တွင်းစစ်သစ်နှင့် တိုင်းရင်းသားပြည်သူများ၏ ဒုက္ခ သတင်း
မွန်ရွာသား (၅ဝဝ) နီးပါး နယ်စပ်ဘက် ထွက်ပြေးတိမ်းရှောင်လာ သတင်း
အပစ်ရပ် SSA ဌာနချုပ်တပ်ဖွဲ့ နအဖလက်အောက်ခံ စိန်ကျော့ဌာနေ ပြည်သူ့စစ်အဖြစ်ပြောင်း သတင်း
နယ်ခြားစောင့်တပ် ဆွေးနွေးပွဲ အဆုံးသတ်ပြီလော သတင်း
လုံခြုံရေး တိုးမြှင့်ရန် လုံထိန်းတပ်သား (၁၀၀) ကျော် စစ်တွေပို့ သတင်း
အခမဲ့ မျက်စိကုရင်း ကြံ့ဖွံ့အသင်းဝင် စုဆောင်း သတင်း
စစ်အစိုးရက ငွေပေးလျှင် လက်ခံမည်ဟု DPP ပြော သတင်း
နေပြည်တော် ၀န်ထမ်းများ မိသားစုစရိတ် မဖြေရှင်းနိုင် သတင်း
မွေးမိခင်ရော ကလေးပါ သေဆုံးသည့် သတင်းအပေါ် စုံစမ်း သတင်း
အနှိပ်ခန်းနှင့် လောင်းကစားဒိုင်များမှ ဆက်ကြေးကောက် သတင်း
ပခုက္ကူလေပြင်း အိမ်များ ပျက်စီး သတင်း
စစ်တွေတွင် ရေရှား၊ အောင်ဒိုင်ချောင်းဆည်က ရေကိုဖြန့်ဖြူးသော်လည်း လုံလောက်မှုမရှိ သတင်း
ရခိုင်ပြည်နယ်မှ ကျွဲနွားများ ဘင်္ဂလားဒေ့ရှ်သို့ ခိုးထုတ်နေ သတင်း
စိတ်ကြွဆေးပြားသယ် မြန်မာ အဖမ်းခံရ သတင်း
ဆန္ဒပြပွဲတွေကြောင့် ကုန်သည်ကြီးများအသင်း ဘတ်ငွေ (၉၀) ဘီလျံ ဆုံးရှုံး သတင်း
လူမသာတွေကို လမ်းထဲ အဝင်မခံတာမျိုး မလုပ်ကြပါနဲ့ (ကျော်သူနဲ့ ဆက်သွယ်မေးမြန်းချက်)
တိုက်ဆိုင်လှတဲ့ ပေါက်ကွဲမှုတွေ (ဆောင်းပါး)
တရားဥပဒေစိုးမိုးမှုနဲ့ စီဗယ်လ် လေဘာတီးစ် (ဆောင်းပါး)
နဂါးဒေါ်ဦး၏ ဘ၀စာမျက်နှာများ (ဆောင်းပါး)

Read More...

Tuesday, April 27, 2010

တိုက်ဆိုင်လှတဲ့ ပေါက်ကွဲမှုတွေ

ရဲဘော်ဖိုးသံချောင်း
၂၇/ ဧပြီ ၂၀၁၀

နအဖရဲ့ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲဟာ မြန်မာပြည်နိုင်ငံရေးမှာ အပြောင်းအလဲတွေ ဖြစ်ပေါ်စေမယ်လို့ တွက်ခဲ့ကြ၊ တွက်ထား ကြသူတွေ မနည်းပါဘူး။ အခုတော့ ဖြစ်ပေါ်လာတဲ့ အပြောင်းအလဲတွေဟာ မြန်လည်းမြန်၊ ပုံသဏ္ဌာန် တွေလည်းစုံ၊ စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ နအဖဟာ နယ်စပ်တွေကို ဖိအားပေးနေတုန်း ရန်ကုန် မြို့လယ်ခေါင်မှာ ဗုံးတွေကွဲပါတယ်။ မြန်မာပြည်ရဲ့ အရှေ့ဖျားဆုံး တရုတ်-မြန်မာ၊ ထိုင်း-မြန်မာ နယ်စပ်တွေကို တပ်တွေ ပို့နေတုန်း အနောက်ဖျားက ရခိုင်ပြည်နယ်မှာ ဗုံးတွေ ကွဲပြန်ပါတယ်။ ဒီဗုံးကွဲမှုတွေရဲ့ အနှံ့အပြားဖြစ်မှုနဲ့ အရေအတွက်ဟာ သိပ်ထူးခြား နေပါတယ်။ အချိန် ကာလအရ ပြောရရင်လည်း မြန်မာပြည် နိုင်ငံရေးရဲ့ တကယ့် အကွေ့အချိုးကာလ၊ အရေးကြီးကာလ ဖြစ်နေပါတယ်။

နောက်ထူးခြားတာတချက်က ဘယ်မှာမှ လက်သည်မပေါ်၊ သဲလွန်စလေးတောင်မှ မရတာပါ။ နအဖရဲ့ အုပ်ချုပ်ရေး ယန္တရားနဲ့ ထောက်လှမ်းရေး အဖွဲ့မျိုးစုံတို့ဟာ ရွေးကောက်ပွဲအတွက် အလုပ် ရှုပ်နေကြလို့လား၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ အပစ်ရပ် အဖွဲ့တွေအပေါ် ဆင်နွှဲတော့မယ့် နောက်ဆုံး နှိပ်ကွပ်ပွဲကြီး အတွက် အသားကုန်လုံး ပန်းနေကြလို့လား။ ဘာကြောင့်ပဲ ဖြစ်ဖြစ် နအဖအစိုးရ အုပ်စိုးမှုယန္တရားရဲ့ ယိုပေါက် ဟာကွက်တွေကို အထင်အရှား မြင်တွေ့ နေရတာကတော့ အမှန်ပါပဲ။ လာမယ့် ရွေးကောက်ပွဲအမီ နအဖကို အပြတ် ဖားနေကြရတဲ့ “ဆောင်းပါးရှင်” ဆိုသူတွေမှာတော့ ဒီပေါက်ကွဲမှုတွေနဲ့ ပတ်သက်ပြီး ဘယ်သူ့ဘယ်လို တွယ်ရမယ်မှန်း မသိဖြစ်နေပြီး အသားလွတ် ရမ်းသမ်းချနေရတဲ့အခြေအနေ ဆိုက်နေပါတယ်။

တချို့ကတော့လည်း “သူခိုးလိမ္မာမျက်နှာကြီးမို့” လက်သည်မပေါ်တာ၊ ရဲတွေက တက်တက်ကြွကြွ မရှာဖွေတာလို့ ပြောနေကြပါတယ်။ ဘာမဆို ဖြစ်နိုင်တဲ့ အနေအထားမို့ ဒါလည်း စဉ်းစားစရာအဖြစ် သတ်မှတ် သင့်ပါတယ်။

တကယ်တော့ နအဖကို ဆန့်ကျင်တာပဲဖြစ်ဖြစ်၊ အချင်းချင်းတွယ်ကြတာပဲဖြစ်ဖြစ်၊ ပြည်သူလူထုကို ထိခိုက်သေကျေ စေတဲ့အထိ ဖြစ်တာကတော့ မကောင်းတာအမှန်ပါပဲ။ ဒါမျိုးကို တော်လှန်ရေး မဆန်တဲ့ လုပ်ရပ်လို့ပဲ သတ်မှတ်ရမှာပါ။ အားမပေး သင့်ပါဘူး။

ဒါပေမယ့် ရက်စက်ရှည်ကြာတဲ့ အုပ်စိုးမှုတခုကို မခံနိုင်လွန်းလို့ ဖြစ်တဲ့နည်းနဲ့ ဆန့်ကျင်တဲ့လူတွေကိုတော့ နားလည်ဖို့ လိုပါတယ်။ နိုင်ငံတိုင်းလိုလိုမှာ အမျိုးသားတော်လှန်ရေး၊ လူတန်းစားတော်လှန်ရေး စတာတွေ ဖြစ်လာတယ်ဆိုရင်၊ အထူးသဖြင့် အစပိုင်းမှာ ဒီလိုပဲ တဦးချင်းစွန့်စား လုပ်ကြတဲ့၊ မဆိုင်သူတွေကို ထိခိုက်စေတဲ့ လုပ်ရပ်တွေ ပေါ်လာလေ့ရှိကြတယ်ဆိုတာကို သတိပြုဖို့လိုပါတယ်။ အယူအဆ မကြည်လင်တာကြောင့်မို့ မင်းလောင်းပုံစံနဲ့ အင်္ဂလိပ်ကို ထ’ချကြတာကို မြန်မာပြည်ရဲ့ မဝေးလှတဲ့ သမိုင်းမှာ လှမ်းတွေ့နိုင်ပါတယ်။ ကျေးလက်တွေမှာ ဓားပြဂိုဏ်းလိုလို၊ သူပုန်အဖွဲ့လိုလိုဆိုတာတွေကလည်း ဒီသဘောပါပဲ။ မြန်မာပြည်က ‘ရော်ဘင်ဟု’ တွေဟာ ခေတ်မီနိုင်ငံရေး အတွေးအခေါ် မတပ်ဆင်နိုင်တဲ့ လယ်သမား သူပုန်တွေသာ ဖြစ်ပါတယ်။ သူတို့ရဲ့လုပ်ရပ်တွေမှာ လွန်ကျွံတယ်လို့ ထင်မြင်စရာရှိတာ၊ မဆိုင်သူကို ထိခိုက်တာတွေ ပါလာတတ်ပါတယ်။ နိုင်ငံရေးအားနည်းသေးလို့သာ ဖြစ်ပါတယ်။

ရုရှနိုင်ငံမှာ ဘော်ရှီဗစ်တွေရဲ့ တော်လှန်ရေးမတိုင်မီ အနားခစ္စလို့ခေါ်တဲ့ လုပ်ကြံရေးဂိုဏ်းက အရင် ပေါ်လာတာပါ။ လီနင်ရဲ့အစ်ကိုကိုယ်တိုင် အဲဒီအထဲမှာပါခဲ့ပြီး ဖမ်းမိလို့ ကွပ်မျက်တာလည်း ခံခဲ့ရပါတယ်။

မြန်မာပြည်မှာတော့ ၁၃၀၀ ပြည့် အရေးတော်ပုံနောက်ပိုင်းမှာကိုပဲ နဂါးနက်ဂိုဏ်းဆိုတာ ပေါ်ခဲ့ပါတယ်။ အဲဒီဂိုဏ်းဟာ ပေါ်ကာစတုန်းက လုပ်ကြံရေးဂိုဏ်းတမျိုးသာဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီဂိုဏ်းသားတွေဟာ နောက်ပိုင်းမှာ တော်လှန်တဲ့ အတွေးအခေါ်တွေ၊ အသိတွေနဲ့ ပေါင်းစပ်မိတော့ ရာသက်ပန် တော်လှန်ရေးသမားတွေဖြစ်လာပြီး တော်လှန်ရေးထဲမှာပဲ ကျဆုံးသွားကြပါတယ်။ အလားတူပဲ လက်နက်ကိုင်တော်လှန်ရေး ထဲကို ပြောင်းလဲပါဝင်လာကြတဲ့ ဓားပြတွေ၊ ‘ရော်ဘင်ဟု’ တွေ အများကြီးရှိခဲ့ပါတယ်။ ဒီနေ့လို တိုင်းပြည်ရဲ့ စီးပွားရေးက အောက်ဆုံးရောက်နေ၊ ကြံ့ဖွံ့လို နအဖရဲ့ လူမိုက်တွေက နေရာတကာမှာ ရမ်းကား အနိုင်ကျင့်နေ၊ ဒီကြားထဲမှာ နအဖရဲ့ ဒီမိုကရေစီကြောင့် မှန်ကန်တဲ့ နိုင်ငံရေး အတွေးအခေါ်တွေကို ဖြန့်ချိခွင့် မရ ဖြစ်နေတဲ့ အခြေအနေမှာ နည်းမျိုးပေါင်းစုံသော ဆန့်ကျင်မှုတွေ ပေါ်ပေါက်လာတာဟာ သဘာဝကျတယ်လို့ပဲ ဆိုရမှာပါ။

ဒီလိုနာကြည်းပေါက်ကွဲမှုတွေကို နည်းမှန်လမ်းမှန်ရောက်အောင် တည့်မတ်ပေးဖို့ဟာ အင်မတန်မှ အရေးကြီးတယ် ဆိုတာကို အထူးပြောနေစရာမလိုပါဘူး။ သူတို့လုပ်တဲ့နည်းဟာ မအောင်မြင်နိုင်ဘူး၊ မကောင်းတဲ့ဆိုးကျိုးတွေ ဖြစ်စေ နိုင်တယ်ဆိုတာတွေ ထောက်ပြရပါမယ်။ နအဖကို ရွံမုန်းနာကြည်းတယ်၊ ဖြုတ်ချရမယ် ဆိုတဲ့ သာမန် စဉ်းစား တွေးခေါ် နည်းလောက်နဲ့ မလုံလောက်တော့ဘူး ဆိုတာ ရှင်းနေပါတယ်။ မှန်ကန်တဲ့ အတွေးအခေါ်ကို လူထုဆီ ပို့ဖို့ဆိုတာဟာ အပြော လွယ်သလောက် လက်တွေ့မှာ မလွယ်လှပါဘူး။ အထူးသဖြင့် မြန်မာပြည်လူဦးရေရဲ့ (၈၀) ရာခိုင်နှုန်းကျော်ဖြစ်တဲ့ ကျေးလက် လူထုဆီကို ပို့ဖို့ဖြစ်ပါတယ်။

တကယ်က ဒီအရေးတော်ပုံမှာ လယ်သမားတွေပါလာဖို့ဟာ အင်မတန်မှ အခရာကျပါတယ်။ သူတို့ပါလာမှ ပွဲက
ပြတ်မှာပါ။ ဒါပေမယ့် ဒီနေ့အခြေအနေမှာ လယ်သမားတွေကို စည်းရုံးဖို့ဆိုတာ တယ်လွယ်လှတာ မဟုတ်ပါဘူး။ သူတို့ဆီကို ကားစီးသွား ပြောချင်တာပြော၊ တောထမင်း တောဟင်းစားပြီး ပြန်လာရုံနဲ့ မရပါဘူး။ အချိန်ယူ လုပ်ရမယ့် အလုပ်ဖြစ်ပါတယ်။ သူတို့အကြားမှာ အကြာကြီး နေလို့ရအောင် ဘယ်လိုလုပ်မလဲ။ ရအဖတွေ၊ ကြံ့ဖွံ့တွေ မသိအောင် ဘယ်လိုဝပ်မလဲ စတဲ့ လက်တွေ့ ပြဿနာတွေကို ဖြေရှင်းရပါမယ်။ မြို့ပြနဲ့ ကျေးလက် ပေါင်းစည်းတဲ့ လှုပ်ရှားမှုတွေ ဘယ်လိုဖော် ထုတ်မလဲ စဉ်းစာ အဖြေရှာ ကြရပါမယ်။ ဒါဆိုရင် တိုက်ပွဲ ခွင်လည်းကျယ်လာ၊ နည်းသဏ္ဌာန် တွေလည်း စုံလာ၊ လူထု ထောက်ခံမှုလည်း ပိုရလာမှာ ဖြစ်ပါတယ်။

နောက်ပြီး လယ်သမား သားသမီး အများစုဖြစ်တဲ့ သံဃာတွေ၊ စစ်သားတွေရဲ့ အသည်းနှလုံးကိုလည်း ဖမ်းစား နိုင်မှာဖြစ်ပါတယ်။

Ref: ခေတ်ပြိုင်

Read More...

စစ်ဗိုလ်ချုပ်တွေ အရပ်ဝတ်လဲပြီ

27 April 2010

ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်နဲ့ ၀န်ကြီး အနည်းဆုံး ၁၇ ယောက်တို့ဟာ စစ်ရာထူးတွေကနေ အနားယူလိုက်ကြပြီ ဖြစ်ပါတယ်။ အခုလို စစ်ရာထူးက အနားယူ လိုက်တာဟာ လာမယ့် ရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ပြိုင်ကြမယ့် ခြေလှမ်း ဖြစ်တယ်လို့ စစ်တပ် သတင်းရပ်ကွက်က ပြောပါတယ်။ အနားယူကြတဲ့ အထဲမှာ ဗိုလ်ချုပ်ဌေးဦးလည်း ပါဝင်ပါတယ်။

စစ်ယူနီဖောင်းကနေ အရပ်ဝတ် ပြောင်းဝတ်တာသာဖြစ်ပြီး အခု အစိုးရအဖွဲ့ ရာထူးတွေကတော့ ဒီအတိုင်းပဲ ဖြစ်ပါတယ်လို့ အမည် မဖော်လိုသူ အစိုးရ အရာရှိ တယောက်က ပြောပါတယ်။

အစိုးရ သတင်းမီဒီယာတွေကတော့ ဒီသတင်းကို အတည်ပြု ဖော်ပြတာ မတွေ့ရသေးပါဘူး။ စစ်ရာထူးတွေကနေ အနားယူတဲ့ သတင်းတွေ လာပါဦးမယ်၊ ဒါက ပထမအသုတ် ဖြစ်ပါတယ်လို့ သတင်းပေးသူက ဆိုပါတယ်။

စစ်ထွက် ပုဂ္ဂိုလ်တွေနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံရေးပါတီ တရပ်ကို မကြာမီ မှတ်ပုံတင်မယ်လို့ အများက မျှော်လင့် ထားကြပါတယ်။

စစ်တပ်လိုလားတဲ့ အစိုးရတရပ်ဟာ ရွေးကောက်ပွဲနဲ့ ထွက်ပေါ်လာပြီး ဗိုလ်ချုပ်ကြီးတွေရဲ့ အာဏာ ချုပ်ကိုင်မှုကို ပိုမို ခိုင်မာ စေလိမ့်မယ်လို့ ရွေးကောက်ပွဲကို ဝေဖန်သူတွေက ပြောကြပါတယ်။

ဒီနှစ်နှောင်းပိုင်းမှာ ကျင်းပမယ်လို့ ယူဆရတဲ့ ရွေးကောက်ပွဲတွေမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပါဝင်ခွင့် မပေးတဲ့အတွက် နိုင်ငံတကာ အသိုက်အ၀န်းကလည်း စစ်အစိုးရကို ဝေဖန် နေကြပါတယ်။

တကယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ရွေးကောက်ပွဲဝင်ဖို့ ပါတီမှတ်ပုံတင်မယ် ဆိုရင် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်ပစ်ရမယ်လို့ ရွေးကောက်ပွဲ ဥပဒေတွေက ပြဋ္ဌာန်းထားပါတယ်။ ဒါကြောင့် NLD ပါတီက ပါတီအဖြစ် မှတ်ပုံ မတင်တော့ဘဲ ရွေးကောက်ပွဲကို သပိတ်မှောက်မယ်လို့ ပြောပါတယ်။

Ref: VOA News

Read More...

နေ့စဉ်သတင်းများ ( ၂၆ - ၄ - ၁၀ )

NLD အလံနှင့် ဆိုင်းဘုတ် ဖြုတ်လိမ့်မည်မဟုတ် သတင်း
ဗိုလ်ချုပ်မှူးကြီး ဆင်ဖြူတော်စီး သတင်း
လက်နက်ကိုင်တိုက်ပွဲများ ဆင်နွှဲမည်ဟု မဒတ ပြော သတင်း
ကျိုင်းတုံစစ်ဒေသ သျှမ်းပြည်တပ်မတော်နှင့် နအဖတပ် ဆက်တိုက် တိုက်ပွဲဖြစ် သတင်း
မွန်ပြည်သစ်မှ စစ်ရေးအသင့်ပြင်ထားသည့် အနေအထားမှာ ရှိနေ သတင်း
နယ်ခြားစောင့်တပ် လက်မခံသည့် ကရင်အဖွဲ့၏ စီးပွားရေးလုပ်ငန်းများ စတင်ကန့်သတ်ပိတ်ပင်ခံရ သတင်း
ဝ ဒေသ တိုက်ပွဲဖြစ်မည်ကို ဒေသခံများ စိုးရိမ် သတင်း
ရှမ်းပြည်တပ်မတော် ပြည်သူ့စစ်အသွင်ပြောင်း သတင်း
မွန်ပြည်သစ်ပါတီနယ်မြေအတွင်းရှိ ရွာသားများ အိုးအိမ်စွန့်ကြပြီ သတင်း
ကောလဟာလ သတင်းတွေကြောင့် ရွာသားများ ထိတ်လန့်နေကြ သတင်း
တရုတ်နယ်စပ် ဖြတ်သူများထံမှ စစ်တပ် ငွေတောင်း သတင်း
ရန်ကုန်မြို့ခံများ ကျီးလန့်စာစား ဖြစ်နေ သတင်း
NLD လူမှုရေးလုပ်ငန်းများ မေ (၇) ရက်တွင် စတင်မည် သတင်း
ပြည်သူ့ဂုဏ်ရည်ဆု ကိုကျော်သူကို ရွေးချယ် သတင်း
ပထမအကြိမ် ပြည်သူ့ဂုဏ်ရည် ချီးမြှင့်ဂုဏ်ပြုပွဲတွင် ဆုရရှိသွားသော နာရေးကူညီမှုအသင်း(ရန်ကုန်)ဥက္ကဌ “ပြည်သူ့ဂုဏ်ရည် ဦးကျော်သူ” နှင့် ဘားမားပါပါရာဇီ တွေ့ဆုံမေးမြန်းခြင်း သတင်း
တရားမ၀င် မြန်မာ (၃၆) ဦး၊ ထိုင်းရေပိုင်နက်တွင် ဖမ်းမိ သတင်း
၈၈ မျိုးဆက်ပါတီ ရန်ပုံငွေ ကောက်ပြီ် သတင်း
တိုက်ပွဲမှသည် အောင်ပွဲဆီသို့ (ဆောင်းပါး)
(၄၈) နာရီအတွင်းမှာ (ဆောင်းပါး)
လွမ်းတော်မူ စာကိုစီ (ဆောင်းပါး)
နိုင်ငံတကာနဲ့ နယ်စပ်ဒေသ မြန်မာ့ရေးရာ သတင်းများ သတင်း
ကြားဖြတ်နှောက်ယှက်သူတွေက ၀န်ကြီးချုပ်ရဲ့ ရုပ်သံစကားပြောခန်း ထုတ်လွှင့်မှု ရပ်သွားအောင်လုပ် သတင်း

Read More...

Monday, April 26, 2010

မြန်မာ့နိုင်ငံရေးသမိုင်းလေ့လာချက် ကိုလိုနီခေတ်သမိုင်းဝင် မဂ္ဂဇင်း တစ်စောင်

Written by တင်နိုင်တိုး

၁၉၃၆ ခုနှစ် ဇန်န၀ါရီလတွင် သမိုင်းမှတ်တမ်းတင်ရမည့် မဂ္ဂဇင်းတစ်စောင် ပေါ်ထွက်လာခဲ့သည်။ ယင်းမဂ္ဂဇင်းမှာ အိုးဝေ မဂ္ဂဇင်းပင် ဖြစ်ပါသည်။ အိုးဝေမဂ္ဂဇင်းကို ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂမှ ထုတ်ဝေခဲ့ခြင်း ဖြစ်သည်။ ၁၉၃၆ခု ဇန်န၀ါရီလတွင် မဂ္ဂဇင်းအတွဲ ၅၊ အမှတ် ၁ ကို ထုတ်ဝေပါသည်။ ဤ မဂ္ဂဇင်းကို ထုံးစံအတိုင်း မြန်မာပိုင်းနှင့် အင်္ဂလိပ်ပိုင်းဟူ၍ နှစ်ပိုင်းခွဲခြား ထုတ်ဝေခဲ့၏။ မဂ္ဂဇင်း၏ တာဝန်ခံ အယ်ဒီတာမှာ တက္ကသိုလ်ကျောင်းသား ကိုအောင်ဆန်းဖြစ်သည်။

မြန်မာပိုင်းကဏ္ဍ
မြန်မာပိုင်းကဏ္ဍတွင် တက္ကသိုလ်ကျောင်းသားများအပြင် ပြင်ပမှ စာရေးဆရာကြီးများလည်း ၀င်ရောက် ရေးသားခဲ့ကြ၏။ ဆရာကြီး သခင်ကိုယ်တော်မှိုင်း၊ မြန်မာ့အလင်းဦးစိန်း၊ အမျိုးသား ပညာဝန်ဦးဖိုးကျား၊ ဒီးဒုတ်ဦးဘချို၊ သိန်းနေနွယ်(ဦးသိန်းဖေမြင့်) တို့မှာ ပင်တိုင် ပါဝင်နေကျ ဖြစ်ပါသည်။ ၁၉၃၆ ခုဇန်န၀ါရီ လ အတွဲ(၅)၊ အမှတ်(၁)တွင် သခင်ကိုယ်တော်မှိုင်း၏ ''သမဂ္ဂအကြောင်း''၊ မြန်မာ့အလင်း ဦးစိန်း၏ ''ပမာပမည်းအကိုးအကားပြခြင်း''၊ ပညာဝန်ဦးဖိုးကျား၏ ''ကျွန်ုပ်၏ လက်ဆောင်''၊ ဒီးဒုတ် ဦးဘချို၏ ''မြန်မာပြည်နိုင်ငံရေး ရာဇ၀င်နှင့် လက်ရှိအခြေအနေ'' ဆောင်းပါးများပါရှိ၏။

ဝတ္ထု၊ ကဗျာများအဖြစ် သိန်းနေနွယ်၏ ''၅၂၈'' ၀တ္ထုတို၊ မင်းသုဝဏ်၏ ''အတိတ်ဘီလူး''၊ ဇော်ဂျီ၏ ''အိုမြန်မာတို့၊ တက်လူတေးသံ၊ ယခုအခါ၊ သင်သေသွားသော်'' ကဗျာများ၊ မြဒေါင်းညို၏ ''အိုးဝေ'' ကဗျာ၊ သီတာဧ၏ ''လွတ်လပ်ရေးနတ်ပြည်'' ကဗျာ (ရာဘင်ဒြာနတ်တဂိုး၏ Heaven of Freedom ကို မြန်မာပြန်)တို့ ပါရှိပါသည်။ ထို့ပြင် မောင်ထင်နှင့်ညိုမြတို့၏ ''မိချောပြဇာတ်)၊ ခြင်းကြား၏ ''ခြင်းကြားမှတ်စု''၊ မောင်မျိုးညွန့်၏ ''တိုက်ရိုက်ပေးစာ'' နှင့်ရေးသူဖော်ပြ မထားသော ''အလားအလာ'' ဆောင်းပါးများလည်း ပါရှိ၏။



အိုးဝေမဂ္ဂဇင်းအယ်ဒီတာအဖွဲ့ (ထိုင်လျှက်ဝဲဘက်ဒုတိယပုဂ္ဂိုလ်မှာ ကိုအောင်ဆန်းဖြစ်သည်။)

အင်္ဂလိပ်ပိုင်းကဏ္ဍ
အင်္ဂလိပ်ပိုင်းကဏ္ဍတွင် Dumb Shows and Noise ခေါင်းစဉ်ဖြင့် အယ်ဒီတာ အာဘော်နှင့် ထင်ရှားသော ပုဂ္ဂိုလ်ကြီးများ၏ သ၀ဏ်လွှာများကို တွေ့ရှိရသည်။ သ၀ဏ်လွှာ ရေးသူများမှာ အိန္ဒိယ မြန်မာ ရေးရာ ဗြိတိသျှ ကော်မတီ ဒုဥက္ကဋ္ဌဗိုလ်မှူး ဒီ ဂရေဟန်ဖိုး၊ ဥပဒေပြု ကောင်စီဥက္ကဋ္ဌ ဦးချစ်လှိုင်၊ သစ်တောရေးရာ ၀န်ကြီး ဦးဘဘေ၊ ပညာရေးရာဝန်ကြီး ဒေါက်တာဘမော်၊ နယူးဘားမား သတင်းစာ အုပ်ချုပ်မှု အယ်ဒီတာ ဒေါက်တာ သိန်းမောင်တို့ ဖြစ်ကြပါသည်။

ဆောင်းပါးများ
အင်္ဂလိပ်ဆောင်းပါးများမှာ များပြားလှပါသည်။ Noblesse Obilige (မြင့်မြတ်သူတို့ ပြုကျင့်အပ်သော ၀တ္တရားများ-ဂျေအက်စ်ဖာနီဗယ်)၊ University Students and Journalism (ကျောင်းသားများနှင့် ဂျာနယ်လစ်ဇင်-ရန်ကုန်တိုင်းသတင်း စာအယ်ဒီတာဂရန့်)၊ Inspiration (ဥာဏ်ကွန့်မြူးခြင်း - မောင်ညိုမြ)၊ Thoughts of Democracy (ဒီမိုကရေစီ အတွေးအခေါ်များ-ပန်းတနော် ဦးသန့်)၊ Western Students in a Changing World (ပြောင်းလဲနေသော ကမ္ဘာမှ အနောက်တိုင်း ကျောင်းသားများ)၊ A Fadeless Picture (ဆေးရောင်မပြယ်သော ပန်းချီကား- NN)၊ The Boy-cott of 1920 (၁၉၂၀ ကျောင်းသားသပိတ်-ဦးဘဦး)၊ A Sketch of the Principal Characters of the Burmese (Myanmar)၊ Court in the Reign of Bagyidaw (ပါမောက္ခဒေဆိုင်း)၊ Civilization (ယဉ်ကျေးမှု-ဂျော့အိုဝဲ) တို့ ဖြစ်ကြပါသည်။

ပေးစာကဏ္ဍ
Points From the Letter ဟု အမည်ပေးထားသည့် ပေးစာကဏ္ဍ တွင် The Hell Hound At Large (ငရဲခွေးကြီးလွတ်နေသည်) ဟူသည့် စာတိုကလေး ပါဝင်လာပါသည်။ အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည့် ယင်းစာတိုကလေးတွင် နယ်ချဲ့ လက်ကိုင်တုတ် အဖြစ် အ၀ီစိသို့ ကျရောက်လာသော ခွေးနက်ကြီး တစ်ကောင် ငရဲပြည်မှ ထွက်ပြေးသွားသည်။ ယင်းကို သတိပြုကြပါ။ အထူးသဖြင့် တက္ကသိုလ် နယ်မြေတွင် သောင်းကျန်းနေသည်။ သူ့ကိုတွေ့လျင် ငရဲပြည် ပြန်ပို့ လိုက်ကြပါဟူ၍ ရေးသား ဖော်ပြထားပါသည်။

ရေးသူအမည်
ဤစာတိုကလေးကို ရေးသားသူမှာ Yamamin (ယမမင်း) ဟူသော အမည်ဝှက်ဖြင့် ရေးသားခဲ့ခြင်း ဖြစ်သည်။ ပေးစာပါ ခွေးနက်ကြီး ဆိုသည်မှာ တက္ကသိုလ်အာဏာပိုင် တစ်ဦးကို ရည်ညွှန်းထားသည် ဆိုပါသည်။ ဤတွင် ကျောင်းအုပ်ဆရာ ကြီးစလော့( Mr. D.J. Sloss)က ယမမင်းမှာ မည်သူမည်ဝါ ဖြစ်သည်ကို ဖော်ထုတ် ပေးရမည်ဟု အိုးဝေ မဂ္ဂဇင်းတာဝန်ခံ အယ်ဒီတာ ကိုအောင်ဆန်းကို တောင်းဆိုသည်။ ကိုအောင်ဆန်းက စာနယ်ဇင်းတို့၏ ထုံးစံအတိုင်း ယမမင်းကို ထုတ်ဖော် မပြောနိုင်ဟု အကြောင်း ပြန်ကြားခဲ့၏။

ယမမင်းသို့မဟုတ်ညိုမြ
The Hell Hound At Large ပေးစာကိုရေးခဲ့သူမှာ ယမမင်းအမည်ခံ ညိုမြ ဖြစ်ပါသည်။ ညိုမြ၏ အမည်ရင်းမှာ ဦးသိန်းတင်ဖြစ်သည်။ ညိုမြ ကို ၁၆ ဧပြီ ၁၉၁၆ တွင် မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ အမြင့်မြို့ သောတပန်ရွာတွင် ရှေ့နေဦးသာဇံ ဒေါ်ရွှေအံ့ တို့က ဖွားမြင်ခဲ့သည်။ ၁၉၃၂ ခုနှစ် တွင် မုံရွာ ဗုဒ္ဓဘာသာ အထက်တန်းကျောင်းမှ ဆယ်တန်း အောင်မြင်ခဲ့ပြီး ၁၉၃၃ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်သို့ ရောက်ရှိလာခဲ့သည်။ ၁၉၃၄ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ် ကျောင်းသားသမဂ္ဂသို့ ၀င်ရောက်ခဲ့၏။

၁၉၃၈ ခုနှစ်တွင် ညိုမြ ရန်ကုန်တက္ကသိုလ်မှ ၀ိဇ္ဇာဂုဏ်ထူးတန်း အောင်သည်။ ထို့နောက် အင်္ဂလန်နှင့် အမေရိကန် နိုင်ငံများတွင် စာနယ်ဇင်းပညာများ ဆည်းပူးခဲ့သည်။ ၁၉၃၉ ခုနှစ်တွင် အမေရိကန်နိုင်ငံ ချီကာဂိုမြို့မှ သတင်းစာပညာ မဟာ ၀ိဇ္ဇာဘွဲ့ ရရှိခဲ့သည်။

အနှိုင်းခံရသူ
The Hell Hound at Large ပေးစာတွင် ငရဲခွေးအဖြစ် အနှိုင်းခံရသူမှာ ဘာဆာ(Bur Sar)ခေါ် တက္ကသိုလ်ကျောင်း ငွေထိန်း ဦးတင် ဖြစ်သည်ဆိုပါသည်။ ဘာဆာဦးတင်မှာ မျက်နှာဖြူ ကျောင်းအုပ်ကြီး အပေါ် အမြဲ မျက်နှာလုပ်တတ်ပြီး ကျောင်းသားများအား ဖိနှိပ်လေ့ ရှိသူဖြစ်သည် ဆို၏။ ယင်းဘာဆာဦးတင်မှာ နောင် ဖဆပလ အစိုးရလက်ထက်တွင် ကျန်းမာရေးဝန်ကြီး မြန်အောင်ဦးတင် အဖြစ် ထင်ရှားခဲ့သည်။

ကျောင်းထုတ်ခံရခြင်း
၂၁ ဖေဖော်ဝါရီ ၁၉၃၆ တွင် တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုနုကို တက္ကသိုလ်မှ ထုတ်ပယ်သောစာ လက်ခံ ရရှိခဲ့ပါသည်။ တစ်ဆက်တည်း၌ပင် ကိုအောင်ဆန်း အားလည်း တက္ကသိုလ်မှ ဖယ်ရှားပစ်မည်ဟု သတင်းများ ပေါ်ထွက်နေပါသည်။ ကိုအောင်ဆန်းကို တက္ကသိုလ် မှ သုံးနှစ် ထုတ်ပယ်ရန် ဆုံးဖြတ်ချက်မှာ အမှန်ပင် ဖြစ်ကြောင်း နောက်ပိုင်း သိရှိရပါသည်။ ဤသို့ဖြင့် ဖေဖော်ဝါ ရီလ ၂၃ ရက်နေ့တွင် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ အမှုဆောင် အစည်းအဝေးကို ကျင်းပခဲ့ကြ၏။ သို့ဖြင့် ဒုတိယ အကြိမ်မြောက် တက္ကသိုလ်ကျောင်းသား သပိတ် ပေါ်ပေါက်လာခဲ့ရသည်။

Ref: Eleven Media Group


Read More...

ခြေနှစ်ဖက်မရှိသူတောင် ဧ၀ရတ်တောင်ရောက်အောင် တက်နိုင်သေးတာပဲ

Written by လူထုစိန်ဝင်း

တစ်နှစ်ကူးခဲ့ပြန်ပြီ။ ရိုးရာပြက္ခဒိန်အလိုအရ ကူးခဲ့ရပေမယ့် နှစ်သစ်ကူးပြောင်းခြင်းဆိုတဲ့ သင်္ကြန်ပွဲတော်ရဲ့ အမှတ်အသား သင်္ကေတဖြစ်တဲ့ သင်္ကြန်မိုး မရွာခဲ့လို့ ပိတောက်တွေ မပွင့်နိုင်ကြဘူး။ ပိတောက်မဲ့ သင်္ကြန်ဆိုတဲ့ ထူးခြားချက်က လွဲပြီး တခြား ထူးခြားပြောင်းလဲမှုမျိုးတော့ ဘာတစ်ခုမှ မတွေ့ရဘူး။

ကြားမြဲတွေကြားရ
မနက်မိုးလင်းလို့ မျက်စိနှစ်လုံး ဖွင့်လိုက်တာနဲ့ မင်္ဂလာ မရှိတဲ့အသံတွေကို ကြားမြဲကြားရတယ်။ အီရတ်နဲ့ အာဖဂန် နစ္စတန်မှာ ဗုံးဒဏ် စက်သေနတ်ဒဏ်ကြောင့် အရပ်သူအရပ်သားတွေ၊ ကလေးငယ်တွေ သေကျေကြရတဲ့ သတင်း၊ တရုတ်ပြည်မှာ ငလျင်ကြီးလှုပ်လို့ အကြီးအကျယ် ပျက်စီးဆုံးရှုံးပြီး လူတွေ သေကြရတဲ့သတင်း၊ အိန္ဒိယမှာ မုန်တိုင်းဝင်မွှေလို့ ဒုက္ခရောက်ရတဲ့သတင်း၊ အိုက်စလန်နိုင်ငံ မီးတောင် ပေါက်ကွဲမှုကြောင့် ဥရောပလေကြောင်း ခရီးစဉ်အားလုံး ရပ်ခိုင်းထားရလို့ လူသန်းပေါင်းများစွာ သောင်တင် နေကြရတဲ့ သတင်း စတဲ့ စတဲ့ အမင်္ဂလာ သတင်းတွေချည့်ပါပဲ။

အနီးဆုံးနေရာက အနိဋ္ဌာရုံ
ဒီကြားထဲကိုယ်နဲ့အနီးကပ်ဆုံး နေရာမှာ အနိဋ္ဌာရုံမြင်ကွင်းကြီး တစ်ခုက ဗြုန်းကနဲထပြီး ပေါ်ပေါက် လာခဲ့ရသေးတယ်။ သင်္ကြန်အကြတ်နေ့ ကန်တော်ကြီး ရေကစားမဏ္ဍပ် တစ်ခုရှေ့ ဗုံးပေါက်ကွဲမှုကြီးပါ။ လူရှစ်ယောက် သေဆုံးပြီး ၁၇၀ ဦး ထိ ခိုက်ဒဏ်ရာရသွားခဲ့ကြတယ်လို့ သတင်းစာမှာ ဖတ်ရတယ်။ အကြတ်နေ့ နေ့ခင်း သုံးနာရီခွဲ လောက်မှာ ပူလွန်းလို့ ကြမ်းပြင်ပေါ် ဖျာခင်းပြီး လှဲရင်းနဲ့ ဟောဟဲ လိုက်နေစဉ်မှာ မန္တလေးက ဖုန်းလှမ်းဆက်တယ်။ ဗုံးကွဲတာ သိပြီးပလားတဲ့။ မသိသေးဘူးဆိုတော့ အယ်လ်ဂျာဇီးရာမှာ တင်နေတယ်၊ ဖွင့်ကြည့်လိုက်လို့ ပြောတာနဲ့ ဖွင့်ကြည့်လိုက်တယ်။ ဟုတ်တယ်။ စာတန်းထိုးပြတဲ့ သတင်းမှာက လူပေါင်း ၂၄ ယောက် သေဆုံးပြီး ၇၀ ကျော် ဒဏ်ရာရတယ်လို့ ဖော်ပြထားတယ်။ တော်တော်ကြီး စိတ်ထဲမှာ နောက်ကျိ သွားတယ်။

ကမ်းကုန်အောင်ယုတ်မာ
မြန်မာလူမျိုးတို့ရဲ့ ငြိမ်းချမ်းခြင်း၊ အေးမြခြင်းသင်္ကေတဖြစ်တဲ့ သင်္ကြန်ပွဲတော်လို အခါသမယ မျိုးမှာ အစဉ်အလာအတိုင်း ပျော်ပါး မြူးတူးနေကြတဲ့ လူငယ် လူရွယ်တွေကြားထဲမှာမှ ဗုံးခွဲရတယ်လို့။ ဒါဟာ ကမ်းကုန်အောင် ယုတ်မာတဲ့ လုပ်ရပ် ဖြစ်တယ်။ ဘယ်လို အကြောင်းပြချက်မျိုးနဲ့မှ တရားတယ်လို့ မဆိုနိုင်ပါဘူး။ ဘယ်အဖွဲ့အစည်းနဲ့ ဘယ်ပုဂ္ဂိုလ်မျိုးကပဲ လုပ်လုပ် ဒီလုပ်ရပ်ဟာ ခွင့်မလွတ်နိုင်တဲ့ ရက်စက် ကြမ်းကြုတ်မှုကြီးပဲ ဖြစ်တယ်။ လုပ်သူတွေရဲ့ ရည်ရွယ်ချက်ကတော့ လူတွေ အထိတ်တလန့်နဲ့ ချောက်ချောက်ချားချား ဖြစ်ကုန်အောင် လုပ်တဲ့သဘော ဖြစ်ပါလိမ့်မယ်။

ဘိန်းစားသတ္တိ
သူတို့ရည်ရွယ်သလို ဖြစ်မလာပါဘူး။ နောက်ရက် သင်္ကြန်အတက်နေ့မှာ ရေပက်ကစားမြဲ ကစားနေကြတာ ပါပဲ။ ဗုံးခွဲသူတွေကို လူတွေက စက်ဆုပ်ရွံရှာ မုန်းတီးစိတ်တွေပဲ ဖြစ်နေကြပါတယ်။ ဒီလုပ်ရပ်မျိုးကို ဘယ်သူကမှ တော်လိုက်တာလို့ ချီးကျူးမှာ မဟုတ်ပါဘူး။ ချီးကျူးရမယ့် ကိစ္စမျိုးလည်း မဟုတ်ပါဘူး။ ဆေးဖိုးပြတ်နေတဲ့ ဆေးသမား တစ်ယောက်ကို ပိုက်ဆံပေးခိုင်းရင် ဖြစ်နေတာမျိုးပဲ။ ဘာသတ္တိမှ မလိုပါဘူး။ ဘိန်းစား သတ္တိလောက် ရှိရင်ဖြစ်ပါတယ်။ တရားခံ ဘယ်သူဘယ်ဝါ မသိပေမယ့် ဒီမိုကရေစီရဲ့ ရန်သူဖြစ်တယ် ဆိုတာတော့ အသေအချာ ပြောရဲတယ်။ ဘာကြောင့်လဲ ဆိုတော့ ဒီလုပ်ရပ်မျိုးတွေကြောင့် ဒီမိုကရေစီ ပန်းတိုင်နဲ့ ဝေးသထက် ဝေးသွားစရာ အကြောင်းသာရှိလို့ဖြစ်တယ်။

တောင့်တတဲ့ချိုးကူသံ
ဒီနေ့ မြန်မာပြည်သူတစ်ရပ်လုံး လိုလားတောင့်တနေတဲ့ အသံက ချိုးကူသံဖြစ်တယ်။ ဗုံးသံ၊ သေနတ်သံ မဟုတ်ဘူး။ နှစ်ပေါင်းခြောက်ဆယ်ကျော် ဗုံးသံ၊ သေနတ်သံတွေ ကြားနေရတာ စိတ်ပျက်လှပါပြီ။ ငြိမ်းချမ်းရေးကို လိုချင်လှပါပြီ။ ငြိမ်းချမ်းရေး သင်္ကေတ သင်္ကြန်ပွဲတော် အခါသမယမှာ အရပ်သူ အရပ်သားတွေကို ပစ်မှတ်ထားပြီး ဗုံးခွဲ တိုက်ခိုက်လိုက်တာဟာ ပြည်သူလူထုရဲ့ ဆန္ဒစစ် ဆန္ဒမှန်တွေကို ရိုက်ချိုး ဖျက်ဆီးပစ်လိုက်ခြင်း ဖြစ်တယ်။ ပြည်သူကို စော်ကားသူ၊ ပြည်သူကို သတ်ဖြတ်သူဟာ ဘယ်တော့မှ သက်ဆိုး မရှည်ပါဘူး။ တစ်နေ့မှာ ပြည်သူက ဒဏ်ခတ်တာခံရမှာ မလွဲမသွေပါပဲ။

ပြည်သူကိုတန်ဖိုးထားလို့
ဂျပန်တော်လှန်ရေးကာလတုန်းက တော်လှန်ရေးတပ်သားများ ရန်သူကိုတိုက်တဲ့ အခါမှာ ဘယ်တော့မှ ရွာတွေထဲကနေပြီး တိုက်ခိုက်လေ့ မရှိပါဘူး။ အရပ်သူ၊ အရပ်သားများ ထိခိုက်မှာ စိုးတဲ့ အတွက်နဲ့ ရန်သူ ဂျပန်တပ်ကရွာကို မီးလောင်တိုက်သွင်းပစ်မှာ စိုးတဲ့ အတွက်ကြောင့်ပါ။ တိုက်စရာရှိရင် ရွာနဲ့ ဝေးတဲ့နေရာက စောင့်ပြီး တိုက်ပါတယ်။ ပြည်သူလူထုကို အဲဒီလို တန်ဖိုးထားတဲ့ အတွက် ပြည်သူလူထုကလည်း တော်လှန်ရေး တပ်သားတွေကို တန်ဖိုးထားပြီး ကာကွယ် စောင့်ရှောက်ကြ၊ ၀ိုင်းဝန်း ကူညီကြတာဖြစ်တယ်။ ပြည်သူနဲ့ တစ်သားတည်းရှိလို့ ဖက်ဆစ်တော်လှန်ရေး တိုက်ပွဲတွေနဲ့ နယ်ချဲ့ဆန့်ကျင်ရေး တိုက်ပွဲတွေ အဆင့်ဆင့် အောင်ပွဲခံပြီး လွတ်လပ်ရေး ရယူနိုင်ခဲ့ကြတာ ဖြစ်တယ်။

မျှော်လင့်ချက်သစ်တွေနဲ့
အခုတော့ ပြည်သူတွေရဲ့အသက်ကို ဖက်ရွက်တစ်ရွက်လောက်မှ တန်ဖိုး မထားကြတော့ပါလား။ စိတ်ပျက်စရာ ကောင်းလိုက်တာ။ အကြမ်းဖက် ရက်စက် ကြမ်းကြုတ်မှုတွေကို စိတ်ပျက်တာပါ။ အနာဂတ် မျှော်လင့်ချက်တွေ ပျက်သွားတာ မဟုတ်ပါဘူး။ နှစ်သစ်ကို မျှော်လင့်ချက်သစ်တွေ၊ အားမာန်သစ်တွေနဲ့ ကြိုဆိုလျက်ပါပဲ။ ဘာကြောင့်လဲ ဆိုတော့ အမှောင်မိုက်ဆုံးဆိုတဲ့ သန်းခေါင်အချိန် ကုန်ဆုံး လွန်မြောက်သွားတာနဲ့ တစ်ပြိုင်နက် နေ့သစ်တစ်ခု စတင်ဖို့ အတွက် အမှောင် တိုက်ကြီးထဲကနေပြီး ရောင်နီကလေး စတင် ပေါ်ထွက်လာမြဲဖြစ်လို့ပါ။

ပြဿနာရှိမှနည်းလမ်းရှာ
ဒီဗုံးခွဲတိုက်ခိုက်မှုကြောင့် ရွှေပြည်တော်သို့ သွားရာ လမ်းခရီးမှာ အဖျက်အဆီးတွေရှိတယ်၊ ဒီမိုကရေစီကို မလိုလားတဲ့ သူတွေ ရှိတယ်ဆိုတာကို မျက်ဝါးထင်ထင် သိမြင် လိုက်ကြရပြီဖြစ်တယ်။ အဲဒီတော့ ပြည်သူ တစ်ရပ်လုံး သတိကြီးစွာ ထားနေကြ တော့မှာ သေချာတယ်။ လူ့သဘာဝက ဘာမှမဖြစ်ရင် ဘာမှ ဂရုမစိုက်ဘဲ ပေါ့ပေါ့လျော့လျော့ နေလေ့ရှိတယ်။ ပြဿနာတစ်ခု၊ အခက်အခဲတစ်ခု ရင်ဆိုင် ကြုံတွေ့လိုက်ရမှ ပြဿနာဖြေရှင်းဖို့ တွေးတော ကြံဆတတ်ကြတယ်။ သာမန်အသိဉာဏ် (common sense) လောက် ရှိသူဆိုရင်တောင် ရှေ့မှာ တားဆီးနေတဲ့ ကျောက်တုံးကြီးကို ခေါင်းနဲ့ ၀င်ဆောင့်မှာ မဟုတ်ပါဘူး။ ကျောက်တုံးကြီးကို ဖယ်ရှားပစ်ဖို့ နည်းလမ်း ရှာမှာ သေချာပါတယ်။

နည်းလမ်းဆိုတာ ရှာရင်တွေ့ပါတယ်။ မတွေ့ဘဲနေကို မနေပါဘူး။ အရေးကြီးတာက ဦးတည်ချက်ပန်းတိုင် တိကျ ခိုင်မာ ပြတ်သားဖို့နဲ့ ရောက်အောင် သွားမယ်ဆိုတဲ့ သန္နိဋ္ဌာန် စွဲစွဲမြဲမြဲရှိဖို့သာ ဖြစ်တယ်။ ဒီအချက်နှစ်ချက်နဲ့ ပြည့်စုံရင် ဘယ်လို အတားအဆီး၊ အနှောင့်အယှက် မျိုးကိုမှ ကြောက်စရာ မလိုပါဘူး။ အဖျက်အင်အား ကြီးမားလေလေ သူ့ကို တန်ပြန်တဲ့ စွမ်းအားတွေလည်း ကြီးမားလာလေလေဖြစ်တယ် ဆိုတာ နိယာမပဲ။ မကြောက်နဲ့၊ စိတ်မပျက်နဲ့၊ သန္နိဋ္ဌာန် စွဲမြဲခိုင်မာရင် မကျော်ဖြတ်နိုင်တဲ့ အခက်အခဲ၊ အတား အဆီးဆိုတာ မရှိဘူး။ ခြေနှစ်ဖက်စလုံး မရှိတဲ့သူတောင် ဧ၀ရတ်တောင်ထိပ်ကို ရောက်အောင် တက်နိုင်သေးတာပဲ မဟုတ်ဘူးလား။

Ref: Eleven Media Group

Read More...

စစ်တပ်ရေးတဲ့ ဖွဲ့စည်းပုံကြောင့် ထိုင်းနိုင်ငံရေး မတည်ငြိမ်ဟု ဒေါ်စု ဝေဖန်

25 April 2010

နေအိမ်မှာ အကျယ်ချုပ်နဲ့ ဖမ်းဆီးထိန်းသိမ်း ခံထားရတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လက်ရှိ ထိုင်းနိုင်ငံရဲ့ နိုင်ငံရေး ပြဿနာကို ကြည့်ပြီး စစ်တပ်က ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အုပ်ချုပ်နေတာကြောင့် ရေရှည်မှာ ပြဿနာတွေ မပြေလည်နိုင်ဘူးလို့ ပြောဆိုလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင် ရှေ့နေကြီး ဦးဉာဏ်ဝင်းနဲ့ မနေ့က တွေ့ဆုံချိန် အဲဒီလို ပြောဆိုလိုက်တာပါ။ အပြည့်အစုံကို မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က စစ်တပ်က ရေးဆွဲထားတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ ရေရှည်မှာ တိုင်းပြည်ရဲ့ ပြဿနာကို မပြေလည်စေဘူးလို့ သူ့ရဲ့ အကျိုးဆောင် ရှေ့နေကြီး ဦးဉာဏ်ဝင်းနဲ့ တွေ့ဆုံချိန်မှာ မနေ့က ပြောဆိုခဲ့တာပါ။ ထိုင်းနိုင်ငံမှာ အဂတိလိုက်စားမှုနဲ့ ၀န်ကြီးချုပ်ဟောင်း တပ်ခ်ဆင် ရှင်နာဝပ် (Thaksin Shinawatra) ကို ဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်း ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကြောင့် လက်ရှိ ထိုင်းနိုင်ငံမှာ နိုင်ငံရေး ပဋိပက္ခတွေ ဖြစ်ပေါ်နေတာ ဖြစ်တဲ့အကြောင်း၊ ဒီပြဿနာရဲ့ အရင်းခံဟာ စစ်တပ်က ရေးဆွဲခဲ့တဲ့ မခိုင်မာတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကြောင့် ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုတဲ့အကြောင်း ရှေ့နေကြီး ဦးဉာဏ်ဝင်းက အခုလို ပြောပြခဲ့ပါတယ်။

“သူက အဲဒါနဲ့ ပတ်သက်ပြီးတော့ အခု ဒီမှာလည်း စစ်တပ်က ကြီးကြပ် ဆောင်ရွက်တဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ရွေးကောက်ပွဲ ပြုလုပ်တော့မှာ။ ထိုင်းနိုင်ငံမှာ ဆိုရင်လည်း အခုဖြစ်နေတဲ့ အခြေအနေတွေရဲ့ အခြေခံက စစ်တပ်က ပြုလုပ်တဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပဲလို့ အဲဒီလိုသဘောနဲ့ သူ ပြောပြတယ်။”

မြန်မာနိုင်ငံမှာလည်း ရွေးကောက်ပွဲကို ဘယ်တော့ကျင်းပပေးမယ် ဆိုတဲ့ တရားဝင်ရက် အတိအကျကို စစ်အစိုးရဘက်က မသတ်မှတ်ရ သေးပေမဲ့ စစ်အစိုးရက ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပေါ် မူတည်ပြီးတော့ ရွေးကောက်ပွဲကို မကြာခင် ကျင်းပတော့မှာပါ။ ဒီလို ကျင်းပဖို့အတွက်လည်း ရွေးကောက်ပွဲ ၀င်ကြမယ့် နိုင်ငံရေးပါတီတွေ အနေနဲ့ ပါတီ မှတ်ပုံတင်တာတွေ၊ ကိုယ်စားလှယ်လောင်း အမည်စာရင်း သွင်းတာတွေနဲ့ ပါတီ စည်းရုံးရေးအတွက် ပြင်ဆင်မှုတွေကို လုပ်ဆောင် နေကြပါပြီ။ လောလောဆယ်မှာ ရွေးကောက်ပွဲအတွက် ပါတီမှတ်ပုံတင်တဲ့ အဖွဲ့ပေါင်း ၁၉ ဖွဲ့အထိ ရှိပြီး အဲဒီထဲက ၅ ဖွဲ့ကိုတော့ အသိအမှတ်ပြု လက်ခံထားပြီး ဖြစ်တယ်လို့ စစ်အစိုးရပိုင် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

ဒီအပေါ်မှာလည်း မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်အတွက် အမှန်တကယ် အဓိပ္ပာယ်ပြည့်ဝတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ရာအတွက် မဲပေးကြမယ့် မဲဆန္ဒရှင် ပြည်သူတွေ အနေနဲ့ စစ်အစိုးရက ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို သေသေချာချာ ဂဃနဏ သိရှိအောင် ကြိုးစားဖို့ လိုအပ်တယ်လို့ ပြောဆိုခဲ့တဲ့ အကြောင်းလည်း ဦးဉာဏ်ဝင်းက အခုလို ဆက်ပြောပြခဲ့ပါတယ်။

“သူက ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ မဲဆန္ဒရှင် တယောက်က ရွေးကောက်ပွဲ လုပ်ရတဲ့အကြောင်း၊ ရွေးကောက်ပွဲရဲ့ အခြေခံ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ အဲဒါတွေကို သိရှိအောင် ကြိုးစားသင့်တယ်။ အကယ်၍ သိရှိဖို့ အခွင့်အရေး မရဘူး၊ မသိရှိဘူးဆိုရင် အဲဒီမဲဆန္ဒရှင်ရဲ့ မဲပေးမှုဟာလည်း ဘာမှ အဓိပ္ပာယ်ရှိမှာ မဟုတ်ဘူးလို့ ပြောပါတယ်။”

NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ မဲအပြတ်အသတ် အနိုင်ရခဲ့တဲ့ တရားဝင် နိုင်ငံရေး ပါတီကြီး ဖြစ်ပေမဲ့ ဒီ ၂၀၁၀ ရွေးကောက်ပွဲမှာ မှတ်ပုံ မတင်တာကြောင့် လက်ရှိ ပြဋ္ဌာန်းထားတဲ့ စစ်အစိုးရရဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေအရ မေလ ၇ ရက်နေ့ နောက်ပိုင်း တရားဝင် ဆက်လက် ရပ်တည်နိုင်ခြင်း မရှိတော့ပါဘူး။ တကယ်လို့သာ ပါတီကို ဖျက်သိမ်းရမယ် ဆိုရင် မိမိတို့ဘာသာ ဖျက်သိမ်းပေးမှာ မဟုတ်သလို ပါတီ ဆိုင်းဘုတ်တွေ၊ ပါတီ အလံတွေကိုလည်း ဖြုတ်သိမ်းမှာ မဟုတ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က သူ့သဘောထားကို ပြောဆိုတဲ့ အကြောင်းလည်း ဦးဉာဏ်ဝင်းက အခုလို ဆက်ပြောပြပါတယ်။

“ရုံးတွေက ဆိုင်းဘုတ်တွေ ဘာတွေကတော့ ကိုယ့်ဆိုင်းဘုတ် ကိုယ် မချနိုင်ဘူး၊ ဒီလို ပါတီကို ပျက်ပြယ်စေတယ် ဆိုတာလည်း တပ်မတော် အစိုးရကလုပ်တဲ့ ဥပဒေပဲ၊ အဲတော့ သူ့အနေနဲ့တော့ ကိုယ့်ဆိုင်းဘုတ် ကိုယ် ဖြုတ်တာမျိုး ဘယ်တော့မှ လုပ်မှာမဟုတ်ဘူး။ ရုံးတွင်းပစ္စည်း ဘာညာကိစ္စကတော့ ကိုယ့်ဟာကိုယ် ထိန်းသိမ်းထားမယ်။ အဖွဲ့ချုပ် ဆိုရင်လည်း ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သူ ပြန်လွတ်မြောက် လာမှ၊ ပြန်လွတ်မြောက်ဖို့ နိုဝင်ဘာကိုလည်း မျှော်လင့်တယ်ပေါ့ဗျာ၊ အဲဒီကျရင် သူ ပြန်လည် စိစစ်မယ်။ ဒီသဘော ပြောပါတယ်။”

ဒါကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မနေ့က တွေ့ဆုံခွင့်ရခဲ့တဲ့ အကျိုးဆောင် ရှေ့နေကြီး ဦးဉာဏ်ဝင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။

NLD အနေနဲ့ အခုလာမယ့် မေလ ၇ ရက်နေ့ ကျော်သွားတာနဲ့ ဥပဒေအရ အလိုအလျောက် ပါတီပျက်ပြယ်ချိန်မှာ ရှိထားတဲ့ အစုအဖွဲ့တွေနဲ့ လူထုအကျိုးပြု လုပ်ငန်းတွေ၊ လူမှုကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်သလို တဘက်မှာလည်း နိုင်ငံရေးအရ NLD ရဲ့ မူနဲ့အညီ ဆက်လက်ရပ်တည်နေမှာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

Ref: VOA News

Read More...

နေ့စဉ်သတင်းများ ( ၂၅ - ၄ - ၁၀ )

စစ်တပ်က ဖွဲ့စည်းပုံဥပေဒရေးဆွဲတာ ပြဿနာရှိနေကြောင်း ဒေါ်အောင် ဆန်းစုကြည် ပြော သတင်း
အခြေခံဥပဒေ အခြေခံကိုမှ မသိပါက မဲဆန္ဒရှင်၏ မဲပေးမှုသည် အဓိပ္ပါယ် မရှိဟု ဒေါ်အောင်ဆန်းစုကြည် ပြော သတင်း
စစ်အစိုးရတပ်တွေ ၀ စခန်းတွေကို ပစ်ခတ်တိုက်ခိုက် သတင်း
မွန်နယ်စပ်၌ ဒုက္ခသည် တိုးလာပြီး ၀ နယ်မြေတွင် တိုက်ပွဲဖြစ် သတင်း
SSA မြောက်ပိုင်းဗဟိုအဖွဲ့ နယ်ခြားစောင့်တပ်အရေး သဘောတူ သတင်း
တိုင်းရင်းသားလက်နက်ကိုင် ဘယ်ကိုလှမ်းမလဲ သတင်း
နယ်ခြားစောင့်တပ်အသွင်ပြောင်းမလား၊ မူလအခြေအနေ ပြန်သွားမလား သတင်း
သင်္ကြန်ဗုံးပေါက်မှု သေဆုံးသူ (၁၀) ဦးရှိဟု စစ်အစိုးရ သတင်းဖော်ပြ သတင်း
ပြည်သူ့ဂုဏ်ရည်ဆုရှင် ကိုကျော်သူ ရွေးချယ်ချီးမြှင့်ခံရ သတင်း
NLD လူငယ်တဦး နှုတ်ထွက်ဖို့ ခြိမ်းခြောက်ခံရ သတင်း
ပြည်သူ့ဂုဏ်ရည် ပထမအကြိမ် ဂုဏ်ပြုအခမ်းအနားက ကိုကျော်သူကို ဆန္ဒပြုသူအ များဆုံးဖြင့် ဂုဏ်ပြုပြီ သတင်း
အပစ်ရပ် SSA ဥက္ကဌ HGF လက်ခံ၊ တပ်ဖွဲ့ နှစ်ခြမ်းကွဲဖွယ်ရှိ သတင်း
ရာနှင့်ချီသော တိမ်းရှောင်သူများ ဟလော့ဟနီ မွန်ဒုက္ခသည်စခန်းသို့ ရောက်ရှိ သတင်း
နိုင်ငံရေးမှုဖြင့် လူငယ် (၇) ဦးကို ရဲက ဖမ်းဆီး သတင်း
နယ်စပ်ခြံစည်းရိုးကာရန်မှုအပေါ် မြန်မာဘက်က အိမ်နီးချင်းနိုင်ငံကို တရားဝင် ရှင်းလင်း သတင်း
ကော်လိုရာဒို အော်ရိုရာမှာ ဒုတိယအကြိမ်မြောက် သက်ကြီးပူဇော်ပွဲ ကျင်းပ သတင်း
မြန်မာ့အသံမှာ ဆိုခဲ့ကြတဲ့ တို့ပြည်ထောင်စုသား (အသံလွှင့်ဆောင်းပါး)
သက်သေပြချက် (ဆောင်းပါး)
အပုပ်နံ့ ထွက်မည့်သူများ (ဆောင်းပါး)

Read More...

Sunday, April 25, 2010

“လူထုကို ဘယ်တော့မှ ကျောခိုင်းမသွားပါဘူး”

ဧရာဝတီ Saturday, April 24, 2010

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဒုတိယ ဥက္ကဋ္ဌ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦး ၏ နိုင်ငံရေး ဖြတ်သန်းခဲ့မှုများ၊ ပါတီ မှတ်ပုံ ဆက်မတင်ရန် ဆုံးဖြတ်ပြီးနောက် NLD ၏ အခြေအနေ၊ NLD ဆက်လက်ရပ်တည် သွားမည့် အနေအထားများကို ဧရာဝတီက မေးမြန်းထားပါသည်။

အသက် ၈၃ နှစ်အရွယ်ရှိ ဦးတင်ဦးသည် ၂၀၀၃ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ဒီပဲယင်း လူသတ်ပွဲအပြီး၌ နေအိမ်အကျယ်ချုပ် ၇ နှစ် နီးပါး ကျခံခဲ့ရသူဖြစ်သည်။

မေး။ ။ ပါတီမှတ်ပုံတင်ဖို့ ကုန်ဆုံးမယ့် ရက်ကလည်း နီးကပ်လာပါပြီ။ NLD အနေနဲ့ ဒီမိုကရေစီလှုပ်ရှားမှုတွေ မလုပ်နိုင် တော့မှာကို စိုးရိမ် နေကြတာရှိပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ ဘဘအနေနဲ့ ဘာပြောချင်ပါသလဲ။

ဖြေ။ ။ ဒီလိုရုံးနဲ့ အလံတော်နဲ့ ဆိုတာက အဖွဲ့ချုပ် တခုအနေနဲ့ ဒါဟာ ပြည့်စုံတယ်ဆိုတဲ့ သဘောတော့ ရှိမှာပေါ့လေ။ သို့သော်လည်းပဲ အဖွဲ့ချုပ်က အလံတော်တို့ ဆိုင်းဘုတ်တို့ မရှိကြသော်လည်း နိုင်ငံရေးဆိုတာက လူတွေရဲ့နေရေးထိုင်ရေး စားရေးသောက်ရေး စသည်ဖြင့် စနစ်တခုချပြီးတော့ လုပ်ဖို့အရေးမှာ အားလုံးသိတဲ့ အတိုင်းပဲ ဒီမိုကရေစီရေး ဖြစ်လာတာပေါ့။ နောက်ပြီးတော့ ပြည်သူလူထုရဲ့ဆန္ဒကို ကျောခိုင်းသွားတာမျိုးမှ မဟုတ်ဘဲ။ ပြည်သူလူထုကို ဘယ်တော့မှ (ဘယ်တော့မှ) ကျောခိုင်းမှာ မဟုတ်ပါဘူး။ လွတ်လပ်ရေး၊ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ အဖွဲ့ချုပ်က ဆောင်ရွက်ရတဲ့ ကိစ္စအရပ်ရပ် အားလုံးကို တစိုက်မတ်မတ် အေးချမ်းစွာ ဆောင်ရွက်သွားပါမယ်။ အဘတို့ အနေနဲ့ ဆောင်ရွက်နိုင်မယ့် အနေအထားလည်း ရှိပါတယ်။

အရင်တုန်းကလည်း ဒီလိုပဲ ဖြုတ်ချလို့ အလံမရှိဘဲနဲ့ ရုံးမရှိဘဲနဲ့တောင် လုပ်လို့ရအောင် လုပ်ခဲ့ကြသေးတာပဲ။ အဲဒီတုန်းကလည်း အဖွဲ့ချုပ်ရုံးကြီးထဲ ၀င်စီးနင်းပြီးတော့ သုံးလေးလလောက် ပိတ်ထားခဲ့တယ်။ ဆောင်ရွက်တဲ့ ပုဂ္ဂိုလ်တွေကို အကျဉ်းချပြီး နှစ်ရှည်လများ ထောင်တွေထဲ ပို့ခဲ့တာပဲ။ အဲဒါလည်းပဲ ဆက်လက်ကြိုးပမ်းတာပဲ။ အပြင်မှာ ကျန်တဲ့သူတွေနဲ့တော့ ရှင်လျက်သန်လျက် လုပ်လျက်ကိုင်လျက်ပါ။ ဘဘတို့ကတော့ အသက်ရလာပြီ၊ ရလာတော့ကာ အခု မျိုးဆက်သစ်အနေနဲ့က သိပ်တက်ကြွကြတာပဲ။

အဖွဲ့ချုပ်မှာရှိနေတဲ့ လူငယ်တွေပဲဖြစ်ဖြစ် အခြားခြားသော အဖွဲ့အစည်းမှာရှိနေတဲ့ လူငယ်တွေကပဲဖြစ်ဖြစ်၊ နောက်ပြီး အထူး သဖြင့် ကျောင်းသားထုကလည်း ဒီမိုကရေစီအရေးမှာ ပါဝင်လာကြမှာပဲ။ ဘဘတို့ အနေနဲ့ အသက်တွေကြီးလို့ မပါနိုင်ရင် တောင်မှပဲ ဒီနေ့မျိုးဆက်သစ် အပိုင်းတွေက ဒီမိုကရေစီရေးနဲ့ ပတ်သက်တာ လူ့အခွင့်အရေးနဲ့ ပတ်သက်တာ သူတို့ လုပ်သွားကြမှာပဲ။

လုပ်သွားတဲ့ နေရာမှာ သူတို့က ပေါင်းစပ်ပြီးတော့ ဒီမိုကရေစီ အင်အားစုဖြစ်သွားမှာပဲ။ ဘဘတို့က အဲဒါကို ယုံကြည်တယ်၊ တခုတော့ ရှိတာပေါ့၊ လူငယ်တွေကို ပြောနေရတာ စိတ်လိုက်မာန်ပါ မလုပ်ဖို့။ လူထုကတော့ မှန်ပါတယ်၊ သူတို့ကတော့ အားကိုးတကြီးနဲ့ ဖြစ်နေတာ၊ ဘဘတို့လည်းပဲ အားကိုးတကြီး ဖြစ်နေမှန်းလည်း သိတယ်။ သို့သော် အားကိုးတကြီး ဖြစ်နေတဲ့ အတိုင်းအတာလောက်နဲ့ ရွေးကောက်ပွဲကို အခုလို ၀င်လိုက်ပြန်ရင်လည်း လုပ်နိုင်မလား ဆိုတဲ့ မေးခွန်းက ဘဘတို့ ကိုယ့်ဟာကိုယ် မေးကြည့်တာပါပဲ၊ မလုပ်နိုင်ပါဘူး။

ထုတ်ပြန်ထားတဲ့ ၂၀၀၈ ခုနှစ် ဥပဒေကြီးကိုက ဘယ်လိုမှ လက်ခံပြီး မလုပ်နိုင်ပါဘူး။ သူတို့ပြောတာကိုပဲ နားထောင်ပြီးတော့ နောက်ဆုံး ဒါသဘောတူလား တူပါတယ် ဆိုပြီးတော့ လုပ်ကိုင်ပေးရမယ့် အဖွဲ့ကြီးတွေ ဖြစ်မှာပဲ။ အခုလည်း ၀င်တာနဲ့ပတ်သက် လို့ ကြည့်လိုက်၊ ဘယ်သူ များသောအားဖြင့် ၀င်လည်းဆိုတော့ သူတို့နဲ့ သဟဇာတ ဖြစ်တဲ့ အဖွဲ့ကြီးတွေပဲ အများဆုံး ၀င်ကြတာပါပဲ။

အဲဒီလို ဘဘတို့ မလုပ်တော့ဘဲနဲ့ လူထုလိုလားတဲ့ ကိစ္စရပ်အ၀၀ကို၊ လူထုကို ဘယ်တော့မှ ကျောခိုင်း မသွားပါဘူး၊ မျက်ကွယ် မပြုပါဘူး။ လုပ်လို့ရတဲ့ အနေအထားအတိုင်းကတော့ဖြင့် ကြုံးပြီးကုန်းပြီးတော့ လုပ်ရမှာပါပဲ။ အသက်ကြီးရင်းနဲ့ ဖြစ်စေကာမူ တက်တက်ကြွကြွမို့လို့ သိပ်ပြီး သောကရောက်စရာ မရှိပါဘူးလို့ ဘဘကတော့ လူထုကို အခုလိုပဲ ပြောလိုက်ချင်ပါတယ်။

မေး။ ။ ပါတီမှတ်ပုံမတင်ရေးမှာ အခြေခံဥပဒေကို လက်မခံနိုင်တဲ့အတွက်ဆိုတာကို လူထုနားလည်အောင် ဘယ်လို ပြောပြချင်ပါသလဲ။ အခြေခံဥပဒေဟာ ဘယ်လို မျိုးလဲဆိုတာကို နားလည်တဲ့သူက လက်ချိုးရေတွက်လို့ရအောင် နည်းပါးကြပါတယ်။

ဖြေ။ ။ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့အပိုင်းမှာ ထုတ်ပြန်ထားတဲ့ဥပဒေက အရမ်း တင်းကျပ်ထားတယ်၊ ဒါကို သိတဲ့ လူတွေကတော့ အထူး ပြောစရာ မလိုဘူးပေါ့။ ဒီဥပဒေက အားလုံးကို မလှုပ်နိုင် မကိုင်နိုင်အောင်ကို သူတို့က လုပ်ထားတဲ့ ဥပဒေပါ။ ပြောရရင် ဥပဒေလို့တောင် ပြောဖို့ ခက်ပါတယ်၊ ဥပမာ လူထု နားလည်အောင် ပြောရမယ်ဆိုရင် လူထုခေါင်းဆောင် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုတောင် ပါတီကနေ ဖယ်ထုတ်ပစ်ရမယ် စသည်ဖြင့် လူထု ထောက်ခံအားပေးမယ့် သူတွေကို ရွေးကောက်ပွဲ မပါနိုင်အောင် လုပ်ထားတယ်။

ဒါတင်မကသေးဘူး၊ ပိုပြီး သိသာမြင်သာအောင် ပြောရမယ်ဆိုရင် နိုင်ငံရေး အကျဉ်းသားတွေ ကိစ္စပေါ့။ အဘကတော့ ပြင်ဆင်မှုတို့ အယူခံတို့ အချိန်အခါကြားမှာ လူတယောက်အနေနဲ့ အပြစ်ကျပြီလို့ ယူဆလို့ မရသေးဘူးလေ။ အယူခံ တင်ထားတုန်း အချိန်အခါ မျိုးမှာတောင်မှ ဒီပုဂ္ဂိုလ်ကို ၀င်ခွင့်မပေးရဘူး ဆိုတာတွေက တရားမျှတမှု မရှိဘူး။ ဒီမိုကရေစီရေးမှာ ဒါမျိုးတွေ မလုပ်ရဘူး။ မဖြစ်သင့်ဘူး။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အပြတ်အသတ် လူထုထောက်ခံမဲတွေနဲ့ အနိုင်ရခဲ့တဲ့ လွှတ်တော် ကိုယ်စားလှယ် တွေကိုလည်းပဲ ပယ်ပစ်ရမယ်။ ဒီလောက်တောင် တရားမျှတမှု မရှိဘူး၊ သိက္ခာ ကျလွန်း အားကြီးတော့ ဘဘတို့က ဘယ်လာ လုပ်လို့ ရမလဲ။ သို့သော် ပြည်သူကို ပန်ကြားတဲ့ အထဲမှာ အဲဒီလို ဒုက္ခသုက္ခတွေ ဖြစ်ငြားသော်လည်းပဲ NLD က လုပ်ခဲ့နိုင်သလောက် လုပ်ခဲ့တာတွေ ရှိပါတယ်၊ လုပ်လို့ မရဘူးဆိုတာ မရှိပါဘူး။ အဲဒါတွေပေါ်မှာ မူတည်ပြီးတော့ အေးအေးချမ်းချမ်း ညှိနှိုင်းလို့ရလည်း ညှိနှိုင်းဆွေးနွေး အဖြေရှာပြီးတော့ ဆက်လက် လုပ်ကိုင် သွားကြဦးမှာပါ။

မေး။ ။ အခု ရွေးကောက်ပွဲ ၀င်ကြမယ့် ပါတီတွေကိုရော အဘ ဘယ်လို မြင်ပါသလဲ။ တကယ်တမ်း ရွေးကောက်ပွဲမှာ မဲထည့်ရတော့မယ် ဆိုရင် လူထု အနေနဲ့ မှန်ကန်တဲ့ ရွေးချယ်မှု ပြုလုပ် နိုင်လိမ့်မယ်လို့ ထင်ပါသလား။

ဖြေ။ ။ အဲဒီဟာနဲ့ပတ်သက်လို့ ဘာမှမပြောပါဘူး။ လူထုက သူငယ်နှပ်စား မဟုတ်ပါဘူး၊ လူထုက သိပါတယ်။ အသိဉာဏ် ရှိပါတယ်။ လူထုဟာ တကယ် ဒီမိုကရေစီ လိုချင်တယ်။ အဲဒါနဲ့ ပတ်သက်တာ အားလုံး ခေါင်းထဲမှာရှိပါတယ်။ ရှိတဲ့အတိုင်းပဲ အသည်းကြားထဲက မဲတပြားကိုပဲ သူတို့ အသုံးချနိုင်တဲ့ နည်းနဲ့ ကြိုက်သလို အသုံးချပါတယ်။ လူတယောက်ရဲ့ ဆန္ဒနဲ့ ပတ်သက်တာ အားလုံးကိုတော့ ဘယ်လိုပြောမလဲ။ ဘယ်သူလုပ်ပါ ဘယ်လိုလုပ်ပါ မီဒီယာကို ပြောလိုက်လို့ရှိရင် တော်ကြာ သူတို့ (စစ်အစိုးရ) က လာမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ NLD က မှတ်ပုံတင်ခြင်း မပြုရုံသာမက လူတွေကိုပါ သွေးဆောင်တိုက်တွန်း ပျက်စီးရာ ပျက်စီးကြောင်း လုပ်တယ်၊ အနှောင့်အယှက် ပြုနေတဲ့သူများ ဖြစ်တယ်ဆိုပြီး သတင်းစာထဲ ထည့်လိမ့်မယ်။

လူထုက မညံ့ပါဘူး။ သူတို့ သိပ်နားလည်ပါတယ်။ အဲတော့ နားလည်တဲ့ အတိုင်းအတာနဲ့ ပညာရှိရှိသူတို့ လိုချင်တဲ့ ပုံသဏ္ဌာန်ဖြစ်အောင် သူတို့ဟာသူတို့ ဖန်တီးဆောင် ရွက်ဖို့ပဲ။ ဒီလိုပဲပြောရမှာပဲ။

မေး။ ။ ဒီမိုကရေစီရေး တိုက်ပွဲဟာ အခုမှ စလာတာလား၊ အရင်တုန်းကတည်းက တိုက်နေခဲ့ကြ တာလား။ အဖွဲ့ချုပ် အနေနဲ့ ဘယ်လိုမျိုး တိုက်ပွဲ ၀င်ခဲ့ကြတာပါလဲ။

ဖြေ။ ။ စစ်တပ်က အာဏာသိမ်းပြီးတဲ့ ၁၉၆၂ ခုနှစ်က စပြီးတော့ ဒီနေ့အထိ အခြေအနေမှာ ဒီမိုကရေစီ အရေးပေါ့၊ သို့သော်လည်းပဲ ဒီနောက်ပိုင်း နအဖ စစ်အုပ်ချုပ်ရေး အနေနဲ့က နှစ်ပေါင်း ၂၀ ကျော်ရှိလာပြီ။ ဒီအတောအတွင်းမှာ အဖွဲ့ချုပ်အနေနဲ့ လုပ်ခဲ့ရတဲ့ သက်တမ်းတလျှောက် ပြန်ကြည့်ရင် အစအားဖြင့်တော့ အဖွဲ့ချုပ်ဖွဲ့ပြီး ၁၉၉၀ ၀န်းကျင်မတိုင်ခင်၊ ရွေးကောက်ပွဲဥပဒေ မထွက်ခင်ကတည်းက အဖွဲ့ချုပ် ခေါင်းဆောင်တွေ အနေနဲ့၊ ဘဘနဲ့ ဒေါ်အောင်ဆန်းစုကြည်လည်း အပါအ၀င်ပေါ့၊ စပြီးတော့ အချုပ်ထဲ ရောက်နေပြီ။ ကျန်တဲ့ လူတွေအနေနဲ့ အေးအေးချမ်းချမ်း ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လုပ်ကိုင် သွားရတဲ့အတွက် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာလည်း ပြည်သူလူထုဆန္ဒ တခဲနက် ရယူခဲ့ပြီး ဖြစ်ခဲ့တာပဲ။

နောက်ပိုင်းကျတော့ သူတို့ (စစ်အစိုးရ) က ကတိကျင့်ဝတ်တွေနဲ့ ပတ်သက်လို့ အများကြီး ပြောခဲ့တာပဲ။ ဒါပေမယ့် လက်တွေ့ ကျတော့ လွှတ်တော် ကိုယ်စားလှယ်တွေ မလုပ်နိုင် မကိုင်နိုင်အောင် လုပ်တယ်။ မကြာခဏ ဖမ်းဆီး ထိန်းသိမ်းတယ်။ ဒါတွေကလည်း တိုက်ပွဲတွေပါပဲ။ ပြီးတော့ အမျိုးသားညီလာခံ ခေါ်ပြတယ်၊ ညီလာခံထဲမှာလည်း ပြောခွင့်မရ ဆိုခွင့်မရ၊ ပြောပြန် ဆိုပြန်တော့လည်း အရေးယူမယ် ဆိုပြီး ကန့်သတ် ချုပ်ချယ်တယ်။ ချုပ်ချယ်ပြီး လူထုအရေးတွေ ပြောလို့မရ ဆိုလို့မရအောင် လုပ်တယ်။ အဲလို လွန်လာတော့ ညီလာခံကနေ ထွက်ခဲ့ကြတယ်။

ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် လွတ်လာပြန်တော့လည်း ဒီအခြေအနေ အ၀၀ကို ရှင်းလင်းပြီးတဲ့နောက် ညီလာခံ တက်ဖို့ ကြိုးစားတာပဲ။ ကြိုးစားတာ ဘာလဲဆိုတော့ အဖွဲ့ချုပ်က တင်ထားတဲ့ ကိစ္စရပ် အ၀၀ကို ညီလာခံမှာ ဆွေးနွေးခွင့်ပြုပါ၊ ဆွေးနွေးခွင့်ပြုမယ် ဆိုရင် ညီလာခံကို ဆက်လက်ပြီးတော့ တက်ပါမယ် ဆိုတဲ့သဘောမျိုးနဲ့ ပြောသော်လည်း တုံ့ပြန်မှုတောင် မလုပ်ဘူး။ သဘောက ငါတို့ ဒါလုပ်တာ ငါတို့မှာ လက်နက်ရှိတယ်၊ အားရှိတယ် စသည်ဖြင့် လုပ်တာ။ သူတို့မှာ လက်နက်ရှိ တယ်၊ အာဏာရှိတယ်၊ သူတို့မှာ မရှိတာက ပြည်သူလူထုပဲ။ သူတို့အနေနဲ့ မတွက်ဘူးလေ။ သူတို့က လေးလေးနက်နက် မလုပ်ခဲ့တော့ ညီလာခံ မတက်နိုင်တဲ့ အခြေအနေထိ ဖြစ်ခဲ့တာပေါ့။

အဲဒီနောက်ပိုင်းမှာ ဆိုလို့ရှိရင် သိတဲ့အတိုင်းပဲ အဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ် အကုန်လုံးပဲ ၃ နှစ် နီးပါးလောက် အကျဉ်းထောင်ထဲ ထည့်တဲ့သူ ထည့်တယ်။ အိမ်ချုပ်ချတဲ့လူ ချတယ်။ နောက်ပြီးတော့ တပ်ချုပ်ချတဲ့လူ ချတယ်။ အဲဒီလိုနဲ့ နေခဲ့တာ ဘာမှမလုပ်နိုင် မကိုင်နိုင်တဲ့ အခြေအနေမျိုးပါပဲ။ လူးလှိမ့်ပြီးတော့ နေရတာပဲ။ ဒါလည်း ဒီမိုကရေစီအရေး အတွက် လုပ်ဆောင်နေတာပါပဲ။ အဲလိုလုပ်ရင်းကနေပဲ အချိန်မရွေး အဖွဲ့ချုပ်ရဲ့ မြို့နယ်တွေမှာရှိတဲ့ အဖွဲ့အစည်းက လူတွေကိုလည်း ဖိအားပေးပြီး အဖွဲ့ချုပ်က ထွက်သွားအောင် လုပ်တယ်၊ အင်အားလျော့သွားပြီ ဆိုပြီးတော့ တပ်ထဲက အုပ်ချုပ်ရေးအပိုင်းက ပါတဲ့လူတွေနဲ့ ကော်မရှင် ဆိုတာ လုပ်ပြီးတော့ အဖွဲ့တွေဖျက်ပစ်၊ မလုပ်နိုင်အောင် တားပစ်၊ ဆိုင်းဘုတ်တွေ ချခိုင်းလို့ချ၊ လုပ်ခဲ့တာ တောက်လျှောက်ပဲ။

ဒေါ်အောင်ဆန်းစုကြည်တို့လည်း ထပ်ပြီး ထိန်းသိမ်းခံရ၊ ဘဘတို့လည်း အတူတူ ထိန်းသိမ်းခံရပြီး ပြန်ထွက်လာတဲ့ အခါကျတော့ စည်းရုံးရေးနဲ့ ပတ်သက်ပြီး ဆိုင်းဘုတ်တွေ ပြန်တင်နိုင်ဖို့ ကြိုးစားခဲ့ကြ တာပဲ။ လုပ်ရင်းလုပ်ရင်းနဲ့ သူတို့ဟာသူတို့ အမြင်မကြည်၊ သံသယတွေ ၀င်ပြီးတော့ အဖွဲ့ချုပ်နဲ့ အဖွဲ့ဝင်တွေကို ဒီပဲယင်း ထိတောင် ရိုက်တယ်နှက်တယ် ဖြစ်တာပါပဲ။

အဲဒီလောက်အထိ ဆိုးဆိုးဝါးဝါး ဖြစ်လာတဲ့အခါမှာလည်း ဒီပဲယင်း ဖြစ်တာက ဖြစ်တာပဲ ဆိုပြီးတော့ ဒေါ်အောင်ဆန်းစုကြည်တို့ က ညီလာခံ တက်ဖို့နဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပါ၊ ရုံးတွေ ကနားတွေ၊ မြို့နယ်က ဟာတွေ ပြန်ဖွင့်ပေးပါ။ ညီလာခံတက် ဖို့ အခြေအနေတခု ဖန်တီးပြီးတော့ အဖြေရှာဖို့အတွက် တွေ့ဆုံ ဆွေးနွေးပါရစေ။ ဘာတခုမှလည်း မလိုက် လျောတဲ့အပြင် ထပ်မံပြီးတော့ အကျဉ်းချတယ်၊ အဖွဲ့ချုပ် အဖွဲ့ဝင်တွေကိုလည်း ကန့်သတ်မှုတွေ၊ အနှောင်အဖွဲ့ တွေနဲ့ လုပ်ခဲ့တာ တောက်လျှောက်ပဲ။ ပြန်စဉ်းစားကြည့်ရင် အဖွဲ့ချုပ်ဟာ ကိုယ့်ဟာကို လုပ်နိုင် ကိုင်နိုင်တဲ့ အနေအထား လွတ်လွတ် ကျွတ်ကျွတ် မရှိခဲ့ဘူး။ အကျဉ်းချ၊ ဖမ်းဆီး အချုပ်အနှောင် ကြားထဲမှာလုပ်တာ အခုလည်းပဲ နည်းတာ မဟုတ်ဘူး၊ တပုံ တခေါင်း ထည့်ထားတာပဲ၊ အဖွဲ့ချုပ်က တကယ်ကို ကျဉ်းကျဉ်းကျပ်ကျပ် ထဲကနေ ဒီမိုကရေစီအရေး လုပ်လာခဲ့တာ အခုမှ မဟုတ်ပါဘူး စတည်ထောင် ကတည်းကနေ လုပ်လာခဲ့တာပဲ။

မေး။ ။ ဘဘနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့က နိုင်ငံရေးကိစ္စတွေကို အတူတူ တွဲလုပ်ကြသလို၊ ဒီပဲယင်း ကာလကိုလည်း အတူတူ ဖြတ်သန်း ခဲ့ကြတယ် ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး ဘဘရဲ့ အမြင်ကို သိပါရစေ။

ဖြေ။ ။ သူက အိမ်ချုပ်ကျရင် ဘဘလည်း အိမ်ချုပ်၊ သူက အိမ်ချုပ်ကနေ ထောင်ဒဏ် အရှည်ကျရင် ဘဘက အင်းစိန်ထောင်ကျ၊ နောက်တခါ သူကအိမ်ချုပ် ဘဘကရဲမွန် အကျဉ်းထောင်ကိုသွား၊ တခါ ကိုယ်က ပြန်လွတ်လာ၊ သူကတခါပြန်လွတ်၊ အဲလိုသွားရင်းနဲ့ သိလာတယ်။

ဘာပဲဖြစ်ဖြစ် လူထုက ဒေါ်အောင်ဆန်းစုကြည်မှ ဒေါ်အောင်ဆန်းစုကြည် ဖြစ်လာတယ်။ နောက်တော့ ဒေါ်အောင်ဆန်းစုကြည် သွားတဲ့ ပွဲတွေကျတော့ ပြည်နယ်တွေကရော၊ တိုင်းရင်းသားတွေကရော လူငယ်တွေ များလာတယ်။ အရင်တုန်းကတော့ ဗိုလ်ချုပ်အောင်ဆန်း သမီးဆိုပြီးတော့ လူလတ်ပိုင်းနဲ့ အကြီး ပိုင်းတွေပေါ့လေ။ နောက်ပိုင်းကျတော့ ဒီလိုမဟုတ်ဘူး၊ သွားတဲ့နေရာမှာ လူငယ်တွေ ကျောင်းသားတွေပဲ၊ အဲလို ဖြစ်လာတဲ့ အခါကြတော့ နအဖက စိုးရိမ်မှုတွေ ဖြစ်နေပါတယ်။

ကချင်ပြည်နယ်ခရီးက စပြီးတော့ ပစ်ရင်းခတ်ရင်း လုပ်လာတာပဲ။ ပစ်တယ် ဆိုတာကလည်း သေနတ်နဲ့ပစ်တာ မဟုတ်ဘူး။ လောက်စာလုံးတို့၊ ခဲတို့နဲ့ ပစ်တာတို့၊ ကားသွားရင် ကားကို ခဲနဲ့ ပစ်ပေါက်တာတို့ လုပ်လာတယ်။ နောက်ဆုံး ကျတော့မှ ဒီပဲယင်းမှာ တော်တော်ကို ဆိုးဆိုးဝါးဝါး လုပ်ခဲ့တာပေါ့။

နဂိုကတည်းက လာတာကိုက သူက အောင်မြင်အောင် တတ်သလောက် မှတ်သလောက် လုပ်ပေးမယ် ဆိုတဲ့ စိတ်ဓာတ်နဲ့ လာတာ။ ဟိုဟာဖြစ်ဖို့ ဒီဟာဖြစ်ဖို့ ဆိုတာမျိုး တခုမှ မပါဘူး။ အဲဒီတော့ လိုလည်း မလိုချင်ဘူး၊ သူကိုယ်တိုင် ကလည်း ဘာရယ်ညာရယ် ဖြစ်ဖို့ဆိုတဲ့ စိတ်ဓာတ်လည်း မရှိဘူး။ သူ့စိတ်ထဲမှာ ခေါင်းထဲမှာရှိတာက သူ့အဖေဟာ လွတ်လပ်အောင် လုပ်ပေးသွားခဲ့တာကို ပြန်လွတ်လပ်အောင် လုပ်ချင်တယ်။ တိုင်းရင်းသားနဲ့ ပတ်သက်လို့ ရှိရင်လည်းပဲ လုပ်ပေးချင်တယ်။ ဒီစိတ်ကူးတွေ ရှိပြီးတော့ လာခဲ့တာ လုပ်ခဲ့တာပဲ။ အခုထိလည်း သူက ဒီမိုကရေစီရေးမှာ နောက်ဆုတ်မှာ မဟုတ်ဘူး၊ လုပ်ဦးမှာပဲ၊ လုပ်ရဦးမှာပဲ။

မေး။ ။ ငယ်ဘဝ ပုံရိပ်တချို့နဲ့ နိုင်ငံရေးလောကထဲ ရောက်ရှိလာပုံကို ပြောပြပေးပါဦး။

ဖြေ။ ။ ဘဘ ငယ်ငယ်တုန်းက ကောလိပ်ကျောင်း သိပ်နေချင်တာ၊ ဆရာဝန်လည်း သိပ်ဖြစ်ချင်တယ်၊ ဒါပေမယ့် စစ်ကြီး ဖြစ်သွားတော့ စိတ်ကူးတွေ အကုန်ပျောက်သွားတယ်၊ အထက်တန်းကျောင်း တက်ပြီးတော့ စစ်ကြီး ဖြစ်သွားတဲ့အခါ တပ်ထဲ ရောက်သွားပြီး ပညာရေးက Gap ဖြစ်နေတာပေါ့။ စိတ်ကူးတွေက အကုန် ပျောက်သွားပြီး အဖေသေတော့ သာမဏေဘ၀နဲ့ နေလိုက်တာ တော်တော်ကြာတယ်။

နောက်တခါ စစ်ဖြစ်တော့လည်း သာမဏေကနေထွက် တပ်ထဲကိုဝင်၊ ဒီလိုနဲ့ စစ်သား ပြန်ဖြစ် လာတာပေါ့လေ။ တော်လှန်ရေး ပြီးတော့လည်း ဆက်မလုပ်တော့ ဘူးလားပဲ။ ဒါနဲ့ ရန်ကုန်ရောက်လာရော၊ အဲဒီမှာလည်း ကံက ပြန်ပါလာတယ် ထင်တယ်။ သူများတွေ ဗိုလ်ရွေးတာထဲမှာ မပါဘူး၊ တော်တော်များများ ပြုတ်ကျတယ်၊ အားလုံး အများကြီးထဲကမှ ၁၅၀ လောက် ရွေးတာ၊ ဘဘက ၁၅၀ ထဲ ပြန်ပါသွားပြန်တယ်။ အဲလိုပါတော့ လုပ်လိုက်တာ။ စိတ်ထဲမှာကတော့ ငယ်ငယ်တုန်းက ကိုယ်ဖြစ်ချင်ခဲ့တာ ပြန်ပြန်စဉ်းစားမိပြီး အဲလိုပဲ ဖြစ်ချင်တယ် ပေါ့လေ။ ရဟန်း ဘ၀တုန်းကလည်း မထွက်တော့ဘူးလို့ နေတာ ဒါပေမယ့်လည်း အိမ်က မပြေမလည် ဆိုတော့၊ သားသမီးတွေ ကလည်းပဲ အိမ်မှာ ကြည့်မယ့်သူ မရှိ၊ ပျက်စီးကုန်တော့မှာပဲ ဆိုပြီး စိုးရိမ်တာနဲ့ ရဟန်းဝတ် နေရာကနေ ထွက်လိုက်တာ၊ ထွက်ပြီးတော့ Law ဖြေတာပဲ။

Law ဖြေတော့လည်း RL ကော LLB ရော ပြီးသွားတယ်။ မာစတာ ဆက်တက်မလို့ လုပ်နေရင်းနဲ့ ပရော်ဖက်ဆာ ဦးတင်အုန်း ကလည်း ဆုံးသွားတယ်။ ဆုံးသွားတဲ့ အချိန်မှာ ၈၈ ကလည်း ကောက်ဖြစ်တော့ အကုန်လုံးပဲ တပည့်တွေက တိုင်းမှူးဟောင်း တွေရော လာခေါ်တယ်၊ တိုက်တွန်းတယ်။ အဲဒီမှာ ဦးအောင်ရွှေတို့ တို့နဲ့ ပေါင်းလိုက်တဲ့ အချိန်၊ တခါ ဒေါ်အောင်ဆန်းစုကြည်လည်း ပေါ်လာရော၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုကို သဘောကျတာနဲ့ သူက ထက်လည်း ထက်မြက်တယ်လေ။ ဘဘတို့က တပ်ထဲမှာ နေပြီးတော့ တပ်လိုပဲနေတယ်။ သူကတော့ စာပေလောက က ဆိုတော့ နှံ့စပ်တယ်။ သူ့အမြင်လေးတွေ ကလည်း ကောင်းတယ်။ ဗိုလ်ချုပ်အောင်ဆန်း သမီးလည်း ဖြစ်တယ်။ သူ့အမြင်ကလည်း မလွတ်လပ်တာကို လွတ်လပ်အောင်နဲ့၊ ဒီမိုကရေစီ ဆုံးရှုံးတာ ပြန်ရအောင် လုပ်ရင်းနဲ့ ပါလာပြီး နောက်ဆုံးကျတော့ ဒီနေ့အထိ လက်တွဲပြီး လုပ်ဖြစ်သွားတာပေါ့။

Ref: ဧရာဝတီ်

Read More...

နေ့စဉ်သတင်းများ ( ၂၄ - ၄ - ၁၀ )

ရက်ပေါင်း (၆၀) ကျော်ပေမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆိုင်းဘုတ်တို့၊ အလံတို့ကို ဖြုတ်ချထားစရာ အကြောင်းမရှိဟု ဒေါ်အောင်ဆန်းစုကြည် ပြောဆို သတင်း
သျှမ်းပြည်တပ်မတော်ဟုဆိုကာ တောင်ပိုင်း ၀ တပ်ဖွဲ့အား နအဖ စတင်တိုက်ခိုက် သတင်း
မြန်မာနိုင်ငံနဲ့ မဆက်ဆံဖို့ တရုတ်ကို သြစတြေးလျ တိုက်တွန်း သတင်း
“လူထုကို ဘယ်တော့မှ ကျောခိုင်းမသွားပါဘူး” (ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးနှင့် အင်တာဗျူး)
စစ်တွေမှာ ဆန္ဒပြပွဲအပြီး လျှပ်စစ်မီးပြန်ရ သတင်း
စစ်အစိုးရ အဆိုပြုချက် မွန်ပြည်သစ်ပါတီ ငြင်းဆို သတင်း
မွန်ဒုက္ခသည် (၂၀၀) ကျော် ထိုင်းနယ်စပ်ကို ထွက်ပြေးရောက်ရှိ သတင်း
လူမှုရေးလုပ်ကြဖို့ ဒေါ်အောင်ဆန်းစုကြည် မှာကြား သတင်း
မြန်မာ့ဒီမိုကရေစီအင်အားစုများ နှီးနှောပွဲ မလေးရှားမှာ ကျင်းပ သတင်း
စစ်အစိုးရ ရွေးကောက်ပွဲ ကျင်းပမယ့်ကိစ္စ ဥရောပသမဂ္ဂ လေ့လာရေးအဖွဲ့ စေလွှတ်မည် သတင်း
အထူးကိုယ်စားလှယ်အဖွဲ့ကို လက်ခံဖို့ စစ်အစိုးရကို အီးယူ တိုက်တွန်း သတင်း
ကျောင်းသားခေါင်းဆောင် ကိုလှမျိုးနောင် လိုအပ်တဲ့ မျက်စိကုသမှုမရ သတင်း
နိုင်ငံရေးပါတီ (၃) ခု ထပ်မံခွင့်ပြု၊ တိုင်းရင်းသားပါတီ (၃) ခု ထပ်မံလျှောက်ထား သတင်း
တရားလို တရားခံ အားလုံးစစ်ဆေးပြီး အမိန့်မချလို့ အခက်တွေ့ သတင်း
စာရေးဆရာ၊ သတင်းစာဆရာကြီး သာဂဒိုး ကွယ်လွန် သတင်း
ရန်ကုန်မြို့ ကန်တော်ကြီး ဗုံးပေါက်ကွဲမှု သေးဆုံးသူများ၏ နောက်ဆက်တွဲ ဓာတ်ပုံများ သတင်း
မွန်ပြည်သစ်ပါတီ အမြင့်ဆုံး တပ်လှန့်ထား သတင်း
ဌာနေပြည်သူ့စစ်တပ်ဖွဲ့စည်းရန် မွန်ပြည်သစ်ပါတီမှ လက်မခံဟု စစ်အစိုးရကို အကြောင်းပြန် သတင်း
စစ်တပ်အများဆုံး အခြေစိုက်နယ်မြေ ဓားပြတိုက်မှုများ တိုးပွားနေ သတင်း
ခြံစည်းရိုး ကာရံနေသည့် စစ်တပ်စခန်းများမှ ဖမ်းမိ ပြည်တန်ဆာ (၁၈) ဦး မောင်တောတွင် ရုံးတင် သတင်း
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ မှတ်ပုံတင်မည် သတင်း
ရက် (၃၀) အတွင်း လွှတ်တော်ဖျက်သိမ်းဖို့ တောင်းဆိုချက် ထိုင်းဝန်ကြီးချုပ် ပယ်ချ သတင်း

Read More...

အပေါ်သို့