Friday, October 7, 2011

ဉာဏ်နဲ့ ကြည့်၊ သတိနဲ့ ရံ

ပံသုကူ ရှင်ငယ် ( ဥတ္တရ ဒီပ )

အောက်တိုဘာ ၇၊ ၂၀၁၁

“ သတိဆို ပိုသည်မရှိ ” ဆိုတဲ့ စကားဟာ ဘုရားစကားတော်ကို အခြေခံပြီး ဖြစ်ပေါ်လာတဲ့ စကားပါ၊ ဘယ်လောက် လောကမှာ အရေးပါတယ် ဆိုတာ ဆင်ခြင်ဉာဏ် ရှိသူတိုင်း သဘောတူမှာပါ၊ အောင်မြင်လိုသူတိုင်း ဆုံးရှူံးမှုကို မလိုလားသူတိုင်း လက်ကိုင်ပြုရတဲ့ တရားပါ၊ သတိကြီးလို့ အန္တရာယ်က ရှောင်ကွင်းနိုင်ပြီး သတိတစ်ချက် လစ်သွားလို့ ဆုံးရှူံးရတဲ့ သာဓကတွေလည်း ၀န်းကျင်မှာ ဒုနဲ့ဒေးပါ၊ သတိရဲ့ အရေးပါတဲ့ ကဏ္ဍကို စာဖွဲ့လို့တောင် မကုန်နိုင်လို့ ဆိုလိုက်ချင်ပါတယ်။

အရှင်တို့ ကိုးကွယ်ရာ ဘုရားရှင် ကိုယ်တော်မြတ်ကြီးရဲ့ ဒေသနာတော်မှာ သတိဟာ နေရာတိုင်းမှာလို ပါဝင် ခဲ့ပါတယ်၊ မိုးကုတ် ဆရာတော် ဘုရားကြီးရဲ့ တွေ့ရှိချက်အရ သတိမကင်းကြဖို့ ဘုရားရှင်က အကြိမ် ကိုးရာကျော်မျှ မိန့်ခဲ့တယ်လို့ ဆိုပါတယ်၊ ပရိနိဗ္ဗာန် စံခါနီး မိန့်တော်မူတဲ့ စကားဟာလည်း “ အပ္ပမာဒေန သမ္မာဒေထ” ပါပဲ၊ အဓိပ္ပာယ်က သတိနဲ့ပြည့်စုံကြစေလို မှာတော်မူတာပါပဲ။

“ အပ္ပမာဒေါ အမဒံ ပဒံ၊ ပမာဒေါ မစ္စုနော ပဒံ” မမေ့မလျော့ခြင်းဟာ မသေတဲ့ အကြောင်း၊ မေ့လျော့ခြင်း ကတော့ အကြိမ်ကြိမ် သေစေတဲ့ အကြောင်းရယ်လို့လည်း ဟောတော်မူခဲ့ပါတယ်၊ နောက် ယုံကြည်ချက်လို့ ခေါ်တဲ့ သဒ္ဓါ၊ ကြောင်းကျိုးစဉ်းစား ဉာဏ်လိုခေါ်တဲ့ ပညာ၊ ဇွဲ လုံ့လလို့ခေါ်တဲ့ ၀ိရီယ စသည်တို့သာ ပိုကောင်းပိုမယ် “ သတိဆို ပိုသည်မရှိ ” လို့ ဆိုပါတယ်။

သတိရဲ့ အခန်းကဏ္ဍကို အခုလို ရှည်ရှည်ဝေးဝေးပြောလိုက်တာကတော့ မြန်မာပြည်ရဲ့ အခြေအနေဟာ ပြောင်းလည်းဖို့ အလွန်သိမ့်မွေ့တဲ့ အနေအထားကို ရောက်နေပြီဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားကြောင့်ပါပဲ၊ သိမ့်မွေ့တဲ့အနေအထားဆိုတာ ဘော်ဒါလိုင်းတစ်ခုပေါ် ရောက်နေတဲ့ အနေအထားလို့ နာလည်းမိပါတယ်၊ ဟန်တစ်ချက် ယိမ်းတာနဲ့ တစ်ဖက်ကို တိမ်းသွားနိုင်တဲ့ အနေအထားပေါ့၊ ဒါကြောင့် သတိ မလစ်ကြဖို့ သတိပေးချင်လို့ပဲ ဆိုပါတော့။

ပမာ လက်ဝှေ့ကြိုးဝိုင်း ရောက်သူဆိုပါတော့၊ တစ်ဖက်ယှဉ်ပြိုင်ထိုးသတ်သူရဲ့ အလှုပ်အရွေ့က စပြီး သတိပြုနိုင်မှ အောင်ပွဲရအောင် ယှဉ်ပြိုင်နိုင်သလို၊ သတိတစ်ချက်လစ်သွားတာနဲ့ ကြမ်းပြင်မှာ ဗုန်းဗုန်းလှဲ သွားနိုင်တယ်ဆိုတာလည်း သဘောပေါက်ကြဖို့ပါပဲ၊ အခုလူထူခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း လက်ရှိအစိုးရရဲ့ စိန်ခေါ်မှုအသစ် ကြိုးဝိုင်းထဲကို ရောက်နေတဲ့ အနေအထားပါ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပညာ၊ အတွေးအခေါ်၊ ယုံကြည်ချက်၊ ကိုယ်ကျင့်တရား၊ နိုင်ငံကိုချစ်မှု၊ လူထူအပေါ်အနှစ်အနာခံမှု စတဲ့ အရည်အချင်းတွေကို ယုံကြည်ပြီးသာဖြစ်ပေမယ့်၊ တစ်ဖက်က စိန်ခေါ်သူတွေရဲ့ အနေအထားကို ပြန်သုံးသပ်တဲ့အခါ ကတိမတည်မှု၊ စကားအကျကောက်မှု၊ မာန်ထောင်လွှားမှု၊ အင်အားသုံးမှု၊ အာဏာမက်မောမှု၊ နိုင်ငံတကာကို မထေမဲ့မြင်ပြုမှု၊ ပြည်သူကိုရက်စက် ညှင်းပမ်းမှု စတဲ့ အရည်အချင်းတွေကလည်း ရှိဖူးခဲ့ကြတဲ့ သူတွေဆိုတော့ သတိထားနိုင်မှ တန်ကာကျလိမ့်မယ်။

ဒီစကားကို အလွတ်ဆိုတာတော့ မဟုတ်ပါဘူး၊ လူထူခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖခင် မြန်မာပြည်ရဲ့ လွှတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းဟာလည်း သတိတစ်ချက်လစ်သွားလို့ ကျဆုံးခဲ့ရတာ မဟုတ်လား၊ ဘယ်လောက်တိုင်းပြည်အတွက် နှစ်နာခဲ့သလဲ၊ အဲဒီလို အဖြစ်စိုးမျိုး မဖြစ်စေချင်လို့ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း “ သတိဆိုပိုသည် မရှိ ” ဆိုတဲ့ ဘုရားစကားကို ထပ်ခါထပ်ခါ ပြောလိုက်ပါရစေ။

“ ပြည်သူအကျိုးရှိမယ်ဆို ဘယ်သူကအသုံးချ အသုံးချ ပေးဆပ်ဖို့ အသင့် ” ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြင့်မြတ်တဲ့ စိတ်ထားကို သိလိုက်ရလေလေ သတိပိုကြီးဖို့ လိုလေလေ ဟု မြင်မိပါတယ်၊ ပြည်သူတွေ အနေနဲ့လည်း ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက်ဝန်းရံဖို့ သတိနဲ့ ယှဉ်ပြီး ပြုလုပ်နေကြရမှာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းတို့ ဘိလပ်ကိုသွားပြီး အရေးဆိုစဉ်မှာ မြန်မာပြည်မှာ ကျန်ခဲ့တဲ့ တက်ကြွတဲ့ လူငယ်ခေါင်းဆောင်တွေက စုဝေးအင်အားတွေပြကာ ထောက်ခံနေကြသလို နိုင်ငံရေးမျက်ခြေမပျက်ဘဲ နိုင်ငံရေးအသိ နိုင်ငံရေးသတိ အသင့်ရှိနေဖို့ အရေးကြီးလှပါတယ်။

ဒါကြောင့် အရာရာကို ပညာဆင်ခြင်ဉာဏ်နဲ့ သုံးသပ်ဆင်ခြင်ပြီး ပြုလုပ်ရန် သတိရှိဖို့လိုပါတယ်၊ အရာရာကို သံသယကြီးဖို့ မလိုသလို သံသယမဲ့နဲ့လည်း မရှုစေချင်ပါဘူး၊ ခုဧရာဝတီကိစ္စကိုပဲ ဥပမာဆောင်ပါရစေ၊ ပြည်သူ့ဘဏ္ဍာတွေနဲ့ နေပြည်တော် အသစ်ကြီးတည်ပြီး စံစားခဲ့ကြတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေဟာ ဧရာဝတီကိစ္စကိုလည်း ပြည်သူကို ဂရုမစိုက်ပဲ ထင်ရာ မြင်ရာလုပ်ခဲ့ကြတာပါပဲ၊ စက်မှု ( ၁ ) ၀န်းကြီးဆိုသူရဲ့ စကားက သက်သေမဟုတ်လား။

ဒါကိုပြည်သူက မခံမရပ်နိုင်ဖြစ်ပြီး အုံကြွမည့်အရေးပေါ်လာတော့ သူတို့ ကိုယ်ရှိန်သက်လိုက်တယ်လေ၊ သူတို့ ဂုဏ်တယူယူရှိကြတဲ့ လွှတ်တော်ကြီးရဲ့ အဆုံးအဖြတ်ကိုတောင် မခံယူတော့ဘူး၊ သမ္မတကြီးကိုယ်တိုင်ကပဲ လူထူအကျိုးကို လိုက်လျှောလိုက်ပြီပေါ့။ ဒါကို ၀မ်းသာအားရနဲ့ တခဲနက်မက ကြိုဆိုနေလိုက်ကြတာ၊ အရှင်တို့လည်း ကြိုဆိုသူတွေရဲ့ အထဲ ပါပါတယ်။

ဒါပေမဲ့ သေချာစဉ်းစားကြည့်တော့ ငယ်ငယ်က ကြားဖူးတဲ့ ပုံပြင်လေး အတိုင်းပါပဲ၊ ဘုရင်ကြီးတစ်ပါးက သူ့အမတ်ကြီးတစ်ယောက်ကို သူ့စီးတော်မြင်း အတောင်ပံပေါက်အောင်လုပ်ပေးဖို့ အမိန့်ပေးပါသတဲ့၊ ဒီတော့ အမတ်ကလည်း သုံးနှစ်လောက် အချိန်ရရင်တော့ စီးတော်မြင်း အတောင်ပေါက်စေမယ်လို့ ၀န်ခံလိုက်ပါသတဲ့၊ ဒါနဲ့ အမတ်ကတော်က မြင်းဆိုတာ အတောင်ပေါက်တဲ့ မျိုးမဟုတ်ဘဲ ဘာလို့ ၀န်ခံလိုက်တာလည်း မလုပ်နိုင်ရင် ရာဇဒဏ်သင့်တော့မှာပဲလို့ စိုးရိမ်တကြီး ပြောတဲ့အခါ၊ မလုပ်နိုင်ပါဘူးလို့ ငြင်းလိုက်ပြန်ရင်လည်း ဒဏ်ခံရမည့်အတူမို့ နောက်သုံးနှစ်ဆိုရင် မြင်းရယ်၊ ဘုရင်ကြီးရယ်၊ ငါရယ် ဒီသုံးယောက်မှာ တစ်ယောက်ယောက်က တစ်ခုခုတော့ ဖြစ်မှာပေါ့ဟလို့ ပြောလိုက်ပါသတဲ့။

ခုလည်း ဒီပုံအတိုင်းပါပဲ၊ သမ္မတဟာ မြင့်နေတဲ့ နိုင်ငံရေး ရေချိန်ကို နှိမ့်ဖို့ပဲလို့ မြင်မိတယ်၊ ဘာကြောင့်လဲဆို သူတို့ သက်တမ်းမှာ ရပ်ဆိုင်းတယ်ပဲ ဆိုတာလေ၊ နောက်တတ်လာမည့် သူတွေအတွက် ဆိုးမွေ ချန်ထားခဲ့တဲ့ သဘောမဟုတ်လား၊ အခုပဲ သူတို့ကုမ္မဏီတွေရဲ့ အကျိုးစီးပွားကို ကာကွယ်ရမယ်ဆိုတဲ့ သူတို့ဆရာကြီးရဲ့ အသံထွက်လာပြီလေ။

သူတို့ ကိုယ်တိုင်လည်း ဒီအမွေဆိုးကို ဗိုလ်သန်းရွှေတို့ ဗိုလ်မောင်အေးတို့က ထားခဲ့ကြတာ မဟုတ်လား၊ အဲဒါကို လွှတ်တော်ထဲမှာ အပျော့အမာ အုပ်စုတွေကွဲနေတယ်၊ ပျော့တဲ့အုပ်စုက ဘယ်သူတွေ မာတဲ့အုပ်စုက ဘယ်ဝါတွေနဲ့ စိတ်ကူးနဲ့ ခဲပစ်နေလိုက်ကြတာ။

တကယ်တော့ မာသူတွေ ဧရာဝတီကိစ္စ ဆက်လုပ်မယ်လို့ ပြောဝံ့အောင် ကြိုးကိုင်သူကလည်း တစ်ယောက်ထဲ၊ ပျော့သူတွေ ဧရာဝတီကိစ္စ ရပ်ပါပြီလို့ ပြောနိုင်အောင် ကြိုးကိုင်သူကလည်း တစ်ယောက်ထဲပါပဲ၊ အဲဒီသူကတော့ အားလုံးသိတဲ့အတိုင်း ဒီဇာတ်ကို စီစဉ်ညွှန်ကြားခဲ့တဲ့ ဗိုလ်သန်းရွှေပါပဲ။

ဒါ အာဃာတစကားမဟုတ်ပါဘူး၊ စာဖတ်သူတွေ ပြန်စဉ်းစားကြည့်ရင် ထင်ရှားပါလိမ့်မယ်၊ ဒေါ်အောင်ဆန်းစုကြည်အိမ်အတွင်းကို “ ယက်တော ” ဆိုတဲ့ အမေရိကန်တစ်ယောက် ကျူးကျော်ဝင်ရောက်တဲ့ ကိစ္စ၊ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ရက်စေ့နေတာတောင် လွှတ်မပေးချင်တော့ ထောင်ဒဏ်သုံးနှစ် စီရင်လိုက်ပါရော။

ဒါကို ပြည်သူလူထုမကျေနပ်လို့ အုံကြွမည့်အရေး မြင်တော့ သူကပဲ သဘောထားကြီးသယောင်နဲ့ ဗိုလ်သန်းရွှေ ၀င်ပြီး အမှတ်ယူလိုက်ပုံက တစ်နှစ်ခွဲလျော့တယ်ဆိုတဲ့ အမိန့်ကို ပြစ်ဒဏ်နဲ့လျော့ရက် တစ်ပြိုင်နက် ကြော်ငြာလိုက်တယ်လေ၊ အဲဒီအချိန်မှာ မခံမရပ်ဖြစ်နေတဲ့ ပြည်သူလူထူက ဇဝေဇ၀ါဖြစ်သွားပြီး “ အော်…….ဒီလောက်ဆို မဆိုးသေးဘူးဟ ” ဆိုပြီး နိုင်ငံရေး ရေချိန် ကျသွားခဲ့တယ် မဟုတ်လား။ အဲဒီအချက်တွေကို သုံးသတ်ပြီး ပြောလိုက်တဲ့ စကားပါပဲ။ ဒီနှစ်ချက်ကို ကြည့်သောအားဖြင့် ကြိုးဆွဲတဲ့လက်ကို မြင်နိုင်ကြပါလိမ့်မယ်၊ ဒါကြောင့် သတိမြဲမြံဖို့ အကြိမ်ကြိမ် သတိပေးလိုက်ရခြင်းပါပဲ။

သို့သော်လည်း သူတို့ကိုယ်၌က ကမ္ဘာအရပ်ရပ်က ဖြစ်ရပ်တွေ အချင်းအရာတွေကို မြင်တွေ့ရလို့ရယ်၊ သူတို့ဝန်ခံသလို တိုင်းပြည်ဆင်းရဲးတွင်း နက်နေပြီဆိုတာ တကယ်သဘောပေါက်လို့ရယ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍကို မျက်ကွယ်ပြုလို့ မရနိုင်မှန်း သိတာကြောင့်ရယ်၊ အကောင်းဘက်ကို ပြောင်းလဲလို နေတာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

နိုင်ငံခြားရေးဝန်းကြီး အမေရိကန်အရာရှိတွေနဲ့ စကားဆိုခိုက် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတာရယ်၊ သမ္မတက ဧရာဝတီကိစ္စ ကြောငြာတာရယ် အချိန်ကိုက်လုပ်ရှားလိုက်တာကတော့ အရင်ကလည်း ဗိုလ်သန်းရွှေလုပ်ခဲ့တဲ့ နည်းနဲ့တော့ ထပ်တူပါပဲ၊ သို့သော်လည်း ဒီဖြစ်ရက်တွေအပေါ် လူထူခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က သတိနဲ့ချည်းကပ် ဆောင်ရွက်နေလေတော့ ပြည်သူလူထူကြီးအနေနဲ့လည်း မျက်စိနားအစွမ်းကုန်ဖွင့်ထားပြီး ၀န်းကြရံကြ ချီတက်ရမည့် အချိန်လို့ ဆိုလိုက်ပါရစေ။

နောက်ပြီး လူထူအကျိုးရှိသည်အထိ အတူဆောင်ရွက်သွားမယ်၊ အကျိုးမရှိလျှင် အခြားနည်းပြောင်းမယ်ဆိုတဲ့ အန်အယ်လ်ဒီရဲ့ အာဘော်ကိုလည်း သတိပြုမိဖို့လိုပါတယ်၊ အဲဒါကြောင့် သိမ်မွေ့တဲ့ အချိန်မှာ ခိုင်မြဲတဲ့ သတိနဲ့ ဒေါ်အောင်ဆန်းစုကြည် ရှေးရှုနေတဲ့ အပြောင်းအလဲကို ၀န်းရံနိုင်ကြဖို့ပါပဲ။

၉လပိုင်း ၃၀ရက် ( ည ၂နာရီ ၁၀မိနစ် )

Ref: မိုးမခ

Read More...

မြစ်ဆုံဆည် စီမံကိန်း ရပ်တန့်ထားမှု CPI ဥက္ကဋ္ဌနှင့် အင်တာဗျူး (၂)

Thursday, October 06, 2011


CPI ဥက္ကဋ္ဌ လူကျိရှို

အပိုင်း (၁) ဖတ်ရန်

မေး ။ တချို့လူတွေက ဒီဆည်ဆောက်ရင် ကြီးမားတဲ့ သဘာဝ ကပ်ကြီးတွေ ဖြစ်တဲ့ ရေကြီးတာတို့၊ မြေငလျင် လှုပ်တာတို့ ဖြစ်လိမ့်မယ်။ တကယ်ရော ဆည်ရဲ့လုံခြုံမှုက အလုံအလောက် ရှိရဲ့လား။

ဖြေ ။ ကျနော် သိထားသလောက်တော့ ရေအားလျှပ်စစ် ထုတ်လုပ်မှု သမိုင်းရဲ့ နှစ်ပေါင်း ၁၀၀ ကျော် အတွင်းမှာ တာတမံဆည်တွေ ဆောက်တဲ့ အတွက်ကြောင့် ရေကြီးတာတို့ အားပြင်းတဲ့ ငလျင်ကြီးတွေ လှုပ်တယ်ဆိုတာ ရှိကိုမရှိဘူး။ ကျနော်တို့ CPI ဆိုတာလည်း ဒီတရုတ်ပြည်မှာတင် ၁၈ ဂစ်ဂါဝပ် ပမာဏရှိတဲ့ ရေအားလျှပ်စစ်ကို ထုတ်လုပ်နိုင်တဲ့ ကျင့်ဝတ် သိက္ခာရှိတဲ့ အကြီးစား စွမ်းအင် လုပ်ငန်းဌာနကြီးပါ။ ဒီမြစ်ဆုံဆည်ကြီးရဲ့ လုံခြုံစိတ်ချရမှုကို ကျနော်တို့ တကယ်အာမခံ လုပ်ပေး နိုင်ပါတယ်။ ဒီဆည်ဒီဇိုင်းပုံစံ ဆွဲတာရော ဆောက်လုပ်တာ အတွက်ရော တရုတ်ပြည်မှာရှိတဲ့ ဒိတ်ဒိတ်ကြဲ ထိပ်တန်း ရေအားလျှပ်စစ် စက်ရုံဒီဇိုင်း ပညာရှင်တွေကို ခေါ်ယူခဲ့ပါတယ်။ ဒီပညာရှင်တွေဟာ ဆိုရင် ရေအားလျှပ်စစ် စက်ရုံ ၂၀၀ ကျော်ကို ဒီဇိုင်း ဆွဲပေးခဲ့တဲ့ ပုဂ္ဂိုလ်တွေပါ။ သူတို့ လုပ်ပေးခဲ့တဲ့ ဆည်တွေထဲမှာ ဆိုရင် မလေးရှားက Bakun Hydropower စက်ရုံလည်း ပါတယ်။ နောက်ပြီး ကျောက်သား တမံဖြည့် အပေါ်ယံ မျက်နှာပြင် ကွန်ကရစ်အုပ် ဆည်တွေထဲမှာ ဆိုရင် ကမ္ဘာ့ အကြီးဆုံးဖြစ်တဲ့ ကျနော်တို့ တရုတ်ပြည်က Shuibuya ရေအားလျှပ်စစ်စက်ရုံလည်း ပါတယ်။ (မြစ်ဆုံဆည်သည်လည်း အလားတူ concrete-face rock-fill dam အမျိုးအစားဖြစ်သည်။)

နောက် ဒီမြစ်ဆုံဆည်ဟာ ငလျင်အန္တရာယ် ကျရောက်နိုင်သလားဆိုတာ အကြိမ်အကြိမ်အလီလီ စမ်းသပ်ကြည့်တော့ ဆည်ဆောက်ဖို့အတွက် လုံးဝ ဥဿုံစိတ်ချရတယ်၊ ယုံကြည်စရာရှိတယ်ဆိုတာ တွေ့ရပါတယ်။ မြန်မာအစိုးကလည်း နာမည်ကြီးအကြံပေးအဖွဲ့တွေ ပညာရှင်တွေကို ဆွစ်ဇလန်တို့၊ ဂျပန်တို့ကတောင်ခေါ်ပြီး ဒီကိစ္စကို အကြိမ်ကြိမ် စမ်းသပ်ကြည့်ကြပါတယ်။ နောက်ဆုံး နှစ်ဦးနှစ်ဖက်က ဒီဆည်ဟာ ဘာငလျင်အန္တရယ်မှ မရှိဘူးဆိုတာကို သဘောတူ လက်ခံခဲ့ကြတာပါ။

ဒီမြစ်ဆုံဆည်ရဲ့ဒီဇိုင်းဟာ တောင့်တင်းခံနိုင်ခြင်းအဆင့် ၉ ရှိတဲ့ ဆည်အမျိုးအစားပါ၊ တရုတ်ပြည် စီချွမ်ပြည်နယ်မှာ Wenchuan မြေငလျင်ဘေးကြီးကို ကြံ့ကြံ့ခံနိုင်ခဲ့တဲ့ တောင့်တင်း ခံနိုင်ခြင်းအဆင့် ၇ ရှိတဲ့ Zipingbu ဆည်ကြီးထက် ပိုပြီး ဒီဇိုင်းအရ အဆင့်မြင့်ပါတယ်။ ဒါ့ထက်ပိုပြီး ဒီမြစ်ဆုံဆည်ရဲ့ အထွေထွေ မြေငလျင်ဒဏ်ခံနိုင်အား ကောင်းသထက်ကောင်းစေဖို့ ဆည်ရဲ့ရေစုန်ဘက်ကိုစီးမယ့် လျှောစောက်အပိုင်းမှာ ကွန်ကရစ်ချတဲ့အခါ သတ်မှတ်စံချိန်ထက်ကျော်ပြီး ပိုကောင်းအောင်လုပ် ထားတာပါ။ နောက်ပြီး တခြား မြေငလျင်ဒဏ်ကာကွယ်တဲ့ အစီအမံတွေလည်း လုပ်ထားတာတွေ ရှိပါသေးတယ်။

ပိုလျှံလာတဲ့ရေတွေကို ထုတ်ပစ်တဲ့ဆည်ရဲ့ ရေထွက်ပေါက် အဓိကလမ်းကြီးမှာရှိတဲ့ မျက်နှာပြင် ရေထွက်ပေါက်တွေ၊ အလယ်ဘက်က အပေါက်ကြီးတွေကို အသုံးပြုပြီး အရေးပေါ်အခြေအနေမှာ ဆည်ရေလှောင်ကန်ထဲက ရေအမြင့်ပေမြင့်လာရင် ရေကိုထုတ်ပြစ်လို့ရပါတယ်။ ဆည်ရေလှောင်ကန်ထဲကရေ အမြင့်ပေ ချက်ချင်းကျသွားအောင် လုပ်လို့ရတယ်၊ ဒီတော့ ဆည်ရဲ့လုံခြုံစိတ်ချရမှု၊ ဆည်အောက်ပိုင်းမှာနေသူတွေရဲ့ လုံခြုံမှုကိုလည်း သေချာအောင် လုပ်ပေးထားဖြစ်ပါတယ်။ နောက်ပြီး ဆည်လည်ပတ်နေတဲ့အချိန်မှာ အခြေအနေတွေအားလုံးကို မျက်ခြေမပြတ်စောင့်ကြည့်ဖို့ ကမ္ဘာ့အမြင့်ဆုံး ကျောက်သား တမံဖြည့် ဆည်ကြီးတွေရဲ့ စံနှုန်းအတိုင်း ရေလှောင်ကန်ဧရိယာထဲမှာပဲ ဒစ်ဂျစ်တယ် အဝေးထိန်းမြေငလျင်စောင့်ကြည့်ရေး စခန်း ၂၅ ခုတောင် ဆောက်ပြီး နောက်ထပ် ဆည်တခုလုံး နေရာအနှံ့ ဘေးအန္တရာယ် စောင့်ကြည့်ရေး ကိရိယာတွေ ၇၀၀ ကျော်ကို တပ်ဆင်ဖို့ စီစဉ်ထားပါတယ်။ မြစ်ဆုံဆည်ရဲ့ ရေကြီးဒဏ်ခံနိုင်တဲ့ စွမ်းအားဟာ နှစ် ၁၀၀၀ လောက်ကြာအောင် တည်တံ့အောင် ဒီဇိုင်းဆွဲထားတာပါ။

မေး ။ ရေအားလျှပ်စစ်ထုတ်တဲ့လုပ်ငန်းမှာ ပတ်ဝန်းကျင် ကာကွယ်ရေးဆိုတဲ့အကြောင်းလည်း ထိပ်တန်းက အမြဲပါဝင်တာ မဟုတ်လား။ တချို့အနောက်နိုင်ငံဘက်က အန်ဂျီအိုအဖွဲ့တွေက ဒီဆည်စီမံကိန်းဟာ ပတ်ဝန်းကျင်ကို ဆိုးဆိုးဝါးဝါးကြီးကို ထိခိုက်စေမယ်လို့ ဝေဖန်တာတွေ တွေ့ရပါတယ်။ ဒါကိုဘယ်လို တုန့်ပြန်ချင်ပါသလဲ။

ဖြေ ။ ဒီနေရာမှာ ကျနော် ပြန်မေးခွန်းထုတ်ချင်တာက ဒီလိုပြောတဲ့အဖွဲ့အစည်းတွေက မြန်မာတွေ သိပ်ကို အကျပ်အတည်း ရောက်နေတဲ့ ကာလမှာ မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်အောင် ဘာများ ကူညီခဲ့ဖူးတာရှိလဲ။ ခုခါကျမှ “မြန်မာတို့ရဲ့အကျိုးကို ကာကွယ်မယ်” ဆိုတဲ့ ကြွေးကြော်သံနဲ့ ဒီအဖွဲ့တွေဟာ မြန်မာအစိုးရက သူ့လူမျိုးရဲ့ဘဝတွေကို တိုးတက်ရာ တိုးတက်ကြောင်း လုပ်နေချိန်မှာ သွားပြီး နှောက်ယှက်နေကြတာပါ။ သူတို့ ဘယ်လို ရည်ရွယ်ချက်တွေနဲ့ လုပ်နေလဲဆိုတာတော့ ကျနော် မပြောတတ်ဘူး။ လျှပ်စစ်ထုတ်တာပဲဖြစ်ဖြစ် ဘာပဲလုပ်လုပ် လူသားတွေ တခုခုလုပ်ပြီဆိုရင်တော့ သဘာဝကို ထိခိုက်မှုတော့ ရှိမှာပေါ့။ ရေအားလျှပ်စစ်ပဲဖြစ်ဖြစ်၊ အပူစွမ်းအင်ပဲဖြစ်ဖြစ်၊ နျူကလီးယားစွမ်းအင်ပဲဖြစ်ဖြစ်၊ နောက်ဆုံး လေစွမ်းအင် နေရောင်ခြည်စွမ်းအင် ဘာပဲလုပ်လုပ် သဘာဝကို တနည်းမဟုတ်တနည်း ထိခိုက်တာပဲ။

ရေရှည်ကောင်းမွန်တဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် လုပ်တဲ့အခါ လူသားရဲ့ ပြုလုပ်မှုကြောင့် ဖြစ်တဲ့ သဘာဝ ပတ်ဝန်းကျင် ဆိုးကျိုးတွေကို တတ်နိုင်သမျှ နည်းသနည်းထက် နည်းအောင် လုပ်ကြရမှာပါ။ လူသားတွေ ရေအား လျှပ်စစ်က စတင်ထုတ်လာခဲ့တဲ့ နှစ် ၁၀၀ သက်တမ်းမှာ သဘာဝကို ဘယ်လို ကာကွယ် စောင့်ရှောက်ရတယ် ဆိုတဲ့ အသိကလည်း မြင့်မား လာခဲ့ပါပြီ။ ဒီအပိုင်းမှာ သူတို့ရဲ့ စွမ်းဆောင်နိုင်ရည် ကလည်း နည်းပညာ တိုးတက်လာမှုနဲ့ အတူ အဆက်မပြတ် တိုးတက် လာခဲ့ပါပြီ။ ပြောချင်တာက ကြီးမားတဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေအတွက် အသင့်တော်ဆုံး ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်ဟာ ရေအားလျှပ်စစ် စွမ်းအင် ဆိုတာ အားလုံးက တညီတညွတ်တည်း လက်ခံ ထားကြတယ် ဆိုတဲ့ အချက်ပါ။

အမေရိကမှာရှိတဲ့ ဟူးဗား ရေအားလျှပ်စစ် စီမံကိန်းဆိုရင်လည်း လည်ပတ်နေတာ နှစ် ၈၀ ရှိပြီလေ။ ဒီစီမံကိန်း ဆိုရင် အမေရိကန် အနောက်ဘက်ပိုင်းက ဟက်တာ ၇ သိန်း လောက်ရှိတဲ့ ဧရာမ သဲကန္တာရကြီး တခုလုံးကို မြေဆီသြဇာ ကောင်းမွန်တဲ့ လယ်ယာမြေအဖြစ် ပြောင်းလဲ ပေးနိုင်ခဲ့တယ်။ ဒေသရဲ့ တကယ့်ခိုင်မာတဲ့ ရေအရင်းအမြစ်လည်း ဖြစ်လာတယ်။ နောက်ပြီး Las Vegas မြို့အသစ်ကြီး တောင် ဖန်တီး ပေးနိုင်ခဲ့တယ် မှတ်လား။ ဘရာဇီးနဲ့ ပါရာဂွေးတို့ ပူးတွဲလုပ်တဲ့ Itaipu ရေအားလျှပ်စစ် စက်ရုံဆိုရင်လည်း နှစ်နိုင်ငံလုံးရဲ့ လူမှုစီးပွား ဖွံ့ဖြိုးရေးအတွက် အင်မတန် သိသိသာသာကြီး ဖြစ်အောင်လုပ်ပေးခဲ့တာပဲလေ။

ကျနော်တို့ CPI က (အခုမြစ်ဆုံဆည် အပါအဝင် ၇ ခုလို) အတွဲလိုက် ဆင့်ထပ် ရေအား လျှပ်စစ် စက်ရုံကို မြစ်ဝါမြစ်ကြီး ပေါ်မှာ ဆောက်ခဲ့လို့ စီးပွားရေးအတွက် အင်မတန်အားကိုးရတဲ့ စွမ်းအင်တွေအမြောက်အမြားကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကျနော်တို့ဒီမြစ်ဝါမြစ်ကြီးရဲ့ အောက်ပိုင်းမှာရော၊ အလယ်ပိုင်းမှာရော အဆက်မပြတ် ရေတွေဆက်လက်စီးဆင်းနိုင်အောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒီစီမံကိန်းတွေအားလုံးက ဒီဂရီအမျိုးမျိုးနဲ့ ပတ်ဝန်းကျင်ကို ထိခိုက်တာတော့ရှိပါရဲ့။ ဒါပေမယ့် ဒီစီမံကိန်းတွေကြောင့်ပဲ ဒေသခံတွေရဲ့ လူမှုစီးပွားရေးကို ကောင်းကျိုးရှိစေခဲ့တာကိုတော့ ဘယ်သူမှငြင်းလို့မရဘူး၊ အခိုင်အမာထင်ရှားပါတယ်။

CPI ဟာ စီမံကိန်းတွေကို အကောင်အထည်ဖော်တဲ့အခါ ပတ်ဝန်းကျင်ကိစ္စကို အင်မတန် အလေးအနက်ထားပါတယ်။ စီမံကိန်းစဆွဲပြီဆိုကတည်းကိုက ပတ်ဝန်းကျင်ထိခိုက်နိုင်မှုနဲ့ ပတ်သက်တဲ့ လေ့လာတွေမှု အမြဲလုပ်ပါတယ်။ မြစ်ဆုံဆည်မဆောက်ခင်ကဆိုလည်း ဒီဧရာဝတီ မြစ်ဝှမ်းတဝိုက်မှာရှိတဲ့ အပင်တွေ၊ အပင်မျိုးစိတ်တွေဟာ ဆည်ကြောင့် ဘယ်လောက်ထိခိုက်နိုင်မလဲဆိုတာ သိရဖို့ တရုတ်-မြန်မာ နှစ်နိုင်ငံက ပညာရှင် ၁၀၀ ကျော်ခေါ်ပြီး သဘာပတ်ဝန်းကျင် ထိခိုက်မှုကိုသုံးသပ်တဲ့ သုံးသပ်ချက်တွေ လုပ်ဆောင်ခဲ့ပါတယ်။ ဒီပညာရှင်တချို့ဆို မြန်မာ အန်ဂျီအိုအဖွဲ့တွေကတောင် ပါပါတယ်။

ဒီလေ့လာချက်တွေအရဆို ဆည်ရဲ့ရေလွှမ်းဧရိယာမှာရှိတဲ့ ဒေသရဲ့ မူလအပင်မျိုးစိတ်တွေက နည်းနည်းပါးပါးဘဲရှိတယ်ဆိုတာ တွေ့ရပါတယ်။ နောက်ပြီး ရေလွှမ်းမယ့် ကုန်းမြေပမာဏကလည်း မြစ်ဝှမ်းဧရိယာတခုလုံးရဲ့ ၁၄ % ပဲ ရှိတယ်ဆိုတာ သိရပါတယ်။ ဒါ့အပြင် ရေလွှမ်းဧရိယာထဲမှာရှိတဲ့ ထိန်းသိမ်းရမယ့် အပင်မျိုးစိတ်တွေကိုလည်း ဆည်ရေလှောင်ဧရိယာ အပြင်ဖက်မှာ အများကြီး ကျနော်တို့ ပြန်ဖြန့်စိုက်ထားလိုက်တာ ဇီဝမျိုးကွဲတွေကို ထိခိုက်နိုင်စရာအကြောင်းမရှိပါဘူး။ နောက်ပြီး ပင်လင်ရေစိမ့်ဝင်မယ်ဆိုတဲ့ ကိစ္စဆိုရင်လည်း ဆည်ရေလှောင်ကန်ကြီးပြီးတာနဲ့ တပြိုင်နက် ပျမ်းမျှရေစီးပမာဏက ရေလျှံတက်တဲ့ရာသီဆို ၃.၅ % လောက်ပဲ လျော့ကျသွားမယ်၊ ခြောက်သွေ့ရာသီဆို ၁၆ % လောက်လျော့ကျသွားမယ်။ ဒီတော့ ရေလျှံတက်တဲ့ကာလတွေမှာ ပင်လေရေစိမ့်ဝင်နိုင်စွမ်းဟာ မဖြစ်နိုင်သလောက်ပဲ။ ခြောက်သွေ့ရာသီမှာလည်း ပင်လေရေစိမ့်ဝင်ခြင်းမရှိအောင် တားဆီးပေးနိုင်ပါတယ်။ ဒါကြောင့် မြစ်ကြောင်းတလျှောက် ပုံမှန်အတိုင်း သင်္ဘောတွေလှေတွေ သွားလာဖို့ အဆင်ပြေသလို ရေလျှံတာကို ထိန်းတာတို့၊ စိုက်ပျိုးရေးအတွက်ရေပေးတာတို့လည်း အများကြီးအကောင်ထည်ဖော်ဖို့ အဆင်ပြေသွားစေမှာပါ။

မေး ။ ဆည်ဆောက်တဲ့အတွက် ဒေသခံတွေ ရွှေ့ပြောင်းပေးရတယ်ဆိုတာလည်း အားလုံးကအာရုံစိုက်တဲ့ ကိစ္စတခုပါ။ ဒီလိုရွှေ့ပြောင်းပေးတဲ့ကိစ္စမှာ ဒေသခံတွေရဲ့ ဘဝသစ်လူနေမှုအဆင့်အတန်း ဘယ်လိုရှိလဲဆိုတာ အခရာကျပါတယ်။ ဒီကိစ္စနဲ့ရော ဥက္ကဌကြီးတို့က ဘာတွေများလုပ်ဆောင်ခဲ့တာရှိလဲ။

ဖြေ ။ မြန်မာအစိုးရကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ အများကြီး အလေးအနက်ထားပါတယ်။ အဲဒီအလျောက် သူတို့လည်း ရွှေ့ပြောင်းပေးတဲ့ကိစ္စကို စီစဉ်တာရော၊ အကောင်အထည်ဖော်တာရော၊ ပုံစချတာရော အစစအရာရာ ထိထိရောက်ရောက် လုပ်ကိုင်ခဲ့ပါတယ်။

အစိုးရက ရွှေ့ပြောင်းပေးတဲ့ကိစ္စကိုမလုပ်ခင် ဒေသခံတွေနဲ့ ကြိမ်ဖန်များစွာ ဆွေးနွေးတိုင်ပင်ပြီး သူတို့ဘယ်လိုအိမ်မျိုးကို လိုချင်လဲ၊ ပြောင်းပေးရတဲ့အတွက် ထောက်ပံ့ကြေး ဘယ်လောက်လိုအပ်သလဲဆိုတာ သေချာ လုပ်ခဲ့တာပါ။ နောက်တော့ မြစ်ဆုံဒေသခံတွေကို ရွှေ့ပြောင်းနေထိုင်ဖို့ နေရာသစ် ၂ နေရာ ရွေးလိုက်ပြီး သူတို့အဆင်ပြေအောင် မြေနေရာသစ်ကို စီစဉ်ပေးတယ်၊ လမ်းတွေဖောက်ပေးတယ်၊ ကောင်းမွန်တဲ့ပတ်ဝန်းကျင် ရရှိအောင်လည်း လုပ်ပေးခဲ့ပါတယ်။ သဘောတူညီချက်အတိုင်း သူတို့ပြန်လည်နေရာချထားရေးမှာ ကျနော်တို့ဝင်ကူညီခဲ့တယ်။ ပြီးတော့ လူမှုရေးအရ ကျနော်တို့ လုပ်ပေးစရာရှိတဲ့ တာဝန်ဝတ္တရားတွေအားလုံးကို ကျေပြွန်အောင်ဖြည့်ဆည်းပေးခဲ့တယ်။ ဒီလိုလုပ်တဲ့နေရာမှာလည်း သူတို့ရဲ့ဆန္ဒတွေ၊ ဓလေ့ထုံးတမ်းတွေ၊ ကိုးကွယ်ယုံကြည်မှုတွေအားလုံးကို ကျနော်တို့ အင်မတန် တရိုတသေထားပြီး လုပ်ခဲ့တာပါ။

ဧရာဝတီမြစ်ညာအထက်ပိုင်း စီမံကိန်းရှိတဲ့ ဒီမြစ်ဝှမ်းနေရာဟာ မြင့်မတ်တဲ့တောင်တွေ၊ မြစ်ချိုင့်ဝှမ်းတွေ တည်ရှိတဲ့နေရာပါ။ စီမံကိန်းကြီး အကောင်ထည်ပေါ်တာနဲ့ ရေလွှမ်းဧရိယာဟာ ဒီမြစ်ဝှမ်းနေရာတခုလုံးရဲ့ ၁၄ % ပဲ ရှိမှာဖြစ်ပါတယ်။ ဒီဆည် ၇ ဆင့်ပါတဲ့ စီမံကိန်းကြောင့် ပြောင်းရွှေ့ရတဲ့ လူဦးရေဟာလည်း ၂၀၀၀၀ မကျော်ပါဘူး။ မြစ်ဆုံရေအားလျှပ်စစ် စက်ရုံဆောက်တဲ့ နေရာမှာ ကျေးရွာပေါင်း ၅ ရွာရှိတယ်။ ဒီထဲက အိမ်ခြေ ပေါင်း ၄၁၀ ရှိတာ၊ လူဦးရေက စုစုပေါင်း ၂၁၄၆ ယောက်ပဲရှိတယ်။

သူတို့အတွက် ၂ ထပ် အုပ်ပတ်ကားအိမ်တွေ ဆောက်ပေးတယ်၊ အိမ်ထောင်စုတိုင်းကိုလည်း ထောက်ပံ့ကြေး ကျပ် ၁ သိန်း၊ ၂၁ လက်မ ရောင်စုံတီဗီတလုံး၊ တခြားလိုအပ်တဲ့ ပစ္စည်းပစ္စယတွေလည်း ပေးပါတယ်။ နောက်ပြီး သူတို့ဥယျာဉ်ခြံမြေလုပ်ဖို့အတွက် ကျနော်တို့က ထောက်ပံ့ကြေးတွေ အတော်ကိုပေးခဲ့ပါတယ်။ ဒီမြစ်ဆုံဆည်တခုလုံး ဧရိယာအ တွက် နစ်နာကြေးထောက် ပံတာဟာ မြန်မာငွေ ကျပ်သန်းထောင်နဲ့ချီရှိပါတယ်။ ဒီငွေတွေအားလုံး ဒေသခံတွေရဲ့ လက်ထဲတိုက်ရိုက်ကို ထည့်ပေးခဲ့တာပါ။ သူတို့တွေနေရာသစ်မှာ အခြေချဖို့ ကျနော်တို့ မြေဧက ၄၄၀ လောက် ရှာပေးခဲ့ပါတယ်။ အိမ်ထောင်စုတိုင်းအတွက် ၁ နှစ်စာ ဆန်ထုတ်ပေးတယ်၊ မြေနေရာသစ်ကို ပြုပြင်ဖို့နဲ့ တခြားအသုံးစရိတ်တွေအတွက်လည်း ပိုက်ဆံတွေထောက်ပံ့ပေးခဲ့ပြန်ပါတယ်။

စိုက်ပျိုးရေးအတွက် စပါးမျိုးစေ့ ကီလို ၃၀၊ ဓာတ်မြေသြဇာ ကီလို ၅၀ လည်း ပေးပါတယ်။ နောက်တခြားအခြေခံ အဆောက်အအုံတွေဖြစ်တဲ့ ကျောင်းတို့၊ ဆေးရုံတို့ကိုလည်း ကွန်ကရစ်နဲ့ ဆောက်ပေးထားပါတယ်။ ပြီးတော့ ကျောင်းသူကျောင်းသားတွေ အတွက် ကျောင်းစာအုပ်တွေ၊ ကျောင်းဝတ်စုံတွေ၊ စာရေးကိရိယာတွေလည်း ဖြည့်ဆည်းပေးပါတယ်။ နောက်ပြီး အဆင့်မီ ဘာသာရေးဝတ်ပြုဖို့ အဆောက်အဦးတွေ၊ ရဲစခန်းတွေ၊ စာတိုက်တွေ၊ ဈေးတွေ၊ မီးသတ်စခန်းတွေ၊ အုပ်ချုပ်ရေးပိုင်းသုံးဖို့ အဆောက်အအုံတွေ အားလုံးကို ဆောက်ပေးပါတယ်။ ကီလိုမီတာ ၂၀ ရှည်တဲ့ ကွန်ကရစ်လမ်းမကြီးတလမ်းရယ်၊ ရေမီးပုံမှန်ရဖို့အတွက်ရယ်လည်း စီစဉ်ပေးပါတယ်။

ဒီရွှေ့ပြောင်း နေရာချထားပေးတဲ့အလုပ်လည်း ပြီးစီးခဲ့ပါပြီ။ ဒေသခံတွေရဲ့ လူနေမှုအဆင့်အတန်းလည်း ယခင်နဲ့ယှဉ်ရင် အရမ်းကို တိုးတက်သွားလို့ သူတို့ဘဝသစ်ကို သူတို့ကျေနပ်နေကြပါပြီ။ မြစ်ဆုံဆည် ရေလှောင်ဧရိယာအတွက် ပြောင်းရွှေ့ချထားမှုတွေ လုပ်တဲ့အခါ အများ လက်ခံနိုင်အောင် ဆင်ခြင်တုံ တရား ရှိရှိနဲ့ ကျနော်တို့ရဲ့ အတွေ့အကြုံတွေကို အစွမ်းကုန်အသုံးပြုပြီး လုပ်ဆောင်ခဲ့တာပါ။ ကျနော်တို့ဟာ ဒေသခံတွေရဲ့ ရေရှည်အကျိုးအတွက် ကူညီဖို့လည်း အလေးထားပါတယ်။ ဆိုတော့ ဒီမြစ်ဝှမ်းတခွင်မှာ တိရိစ္ဆာန်မွေးမြူရေး၊ အသီးအနှံ စိုက်ပျိုးရေးလုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့ အစီအမံတွေချပြီး လုပ်ကိုင်နေပါပြီ။ နောက်ပြီး ရေအားလျှပ်စစ် စီမံကိန်းကြီး တည်ဆောက်ချိန်မှာ လိုအပ်တဲ့ ဝန်ဆောင်မှုတွေအတွက် ဒေသခံတွေကိုလည်း အလုပ်ပေး ငှားရမ်းခဲ့ပါတယ်။ ရည်မှန်းချက်ကတော့ သူတို့ ပိုကောင်းတဲ့ အလုပ်အကိုင်တွေရရှိပြီး သူတို့ရဲ့ဘဝကို အရှည်သဖြင့် တိုးတက်လုပ်သွားစေအောင်ပါပဲ။

ကျနော်တို့ တရုတ်ပြည်မှာ ဆိုရိုးစကားနှစ်ခုရှိပါတယ်။ တခုကတော့ “ကိုယ်တိုင်မြင်မှပဲ ယုံကြည်ပါ” ၊ နောက်တခုကတော့ “ပညာရှိမည်သည် အကြံဥာဏ် မှန်သမျှအား လက်ခံ စဉ်စားတတ်သူ ဖြစ်ပြီး လူမိုက် ဆိုသည်မှာ သူအလိုရှိသည်ကို သာလျှင် တွေးတော ယုံကြည်သောသူ ဖြစ်၏” တဲ့။ လူတွေအားလုံး ပကတိ အခြေအနေမှန်ကို သဘောပေါက် နားလည်ပြီး ယထာဘူတ ကျကျ မျှမျှတတ ကောက်ချက် ဆွဲနိုင်ကြမယ်လို့ ကျနော် အများကြီး ယုံကြည် မျှော်လင့်ပါတယ်။


Ref: ဧရာဝတီဘလော့

Read More...

ကျောက်ဖျြူတွင် ဒေ၀ူးကုမ္ပဏီကို မကျေနပ်မူ တိုးပွား

10/6/2011

ကျောက်ဖြူမြို့တွင် ဒေသခံ ပြည်သူများက ကိုးရီးယားဒေ၀ူး ကုမ္ပဏီ အပေါ် မကျေနပ်မူ တိုးပွားနေကြောင်း သိရသည်။

" အဓိက မကျေမနပ်တာက စီမံကိန်းက ကားကြီးတွေကြောင့် လမ်းတွေ အကုန်လုံး ပျက်စီးသွားတဲ့ အတွက် ဖြစ်ပါတယ်။ အဲဒါကို သွားတင်ပြတော့ သူတို့က ဘာမှ အရေးမစိုက်တဲ့ ပုံစံမျိုးနဲ့ လမ်းတွေကို မပြင်ဘဲ ပစ်ထားတယ်။ ဒါ့အပြင် အရင်က ကုန်တန်ချိန် နည်းနည်းတင်ပြီး မောင်းတယ်။ အခုတော့ ဧရာမ ပိုက်လုံးကြီးတွေ တင်ပြီး ကားတွေ မောင်းနေတော့ လမ်းတွေ အကုန်လုံး ပျက်ကုန် တယ်" ဟု ဒေသခံ တစ်ဦးက နိရဉ္စရာသို့ ပြောသည်။


အဓိက ကျောက်ဖြူတွင် ပျက်စီးသွားသော လမ်းမှာ ကျောက်ဖြူမြို့နယ် ကပ်သပြေ ကျေးရွာ အုပ်စု အတွင်းရှိ လမ်းများ ဖြစ်ပြီး ကပ်ကပြေရွာမှ ကျောက်ဖြူ ကံ့ကော်တော ဘုရားထိ ဖေါက်လုပ်ထားသော လမ်းမှာ အားလုံး ပျက်စီးနေကြောင်း သူက ပြော သည်။

" အရင်က လော်ရီကား တစီးမှာ ပိုက်လုံး (၃) လုံးသာ တင်တယ်။ ရွာသားတွေ သွားကန့်ကွက်တော့ အခု ၅ လုံးတင်ပြီး ကား တွေကို မောင်းတယ်။ ကပ်သပြေ ကျေးရွာကနေပြီးတော့ ကျောက်ဖြူမြို့ ကံကော်တော ဘုရား ထိ လမ် အကုန်လုံး ပျက်စီး သွားတယ်။ တချို့နေရာ တွေမှာဆိုရင် လမ်းက နှစ်ခေါက်ချိုးသလို ဖြစ် သွားပြီး အကုန်လုံး ပျက်စီးသွားပါတယ်" ဟု ပြောသည်။

ကားများ စည်းမဲ့ကမ်းမဲ့ မောင်းနေသဖြင့် လမ်း၏ နေရာ အတော်များများတွင် ချိုင့်ခွက်များ ဖြစ်ပေါ်နေပြီး ဘုရားဖူးသွားသူများ မှာ မြင်မကောင်းအောင် ဖြစ်နေကြောင်း သိရသည်။

" လမ်းသွားလမ်းလာလုပ်နေကြတဲ့ ဒေသခံတွေ သာမက ဘုရားဖူး လာတဲ့ အဝေးက ပုဂ္ဂိုလ်တွေလည်း အားလုံး ဒုက္ခရောက် ကြရပါတယ်။ လမ်းတွေက မြင်လို့ မကောင်းတဲ့ အဆင့်ထိ ရောက်နေပါတယ်" ဟု တခြား ဒေသခံ တစ်ဦးကလည်း ပြောသည်။

၎င်းပြင် ကျောက်ဖြူ- ရန်ကုန် ကားလမ်းမကြီးမှာလည်း ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်းမှ ကားများကြောင့် မြင်မကောင်းအောာင် ပျက်စီးနေပြီး ကားဖြင့် ခရီးသွားနေကြသူ ပြည်သူများမှာ လမ်းများ ပျက်စီးနေသဖြင့် အထူး ဒုက္ခရောက်နေကြသည်ဟု သိရ သည်။

ယခုကဲ့သို့ ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်းကြောင့် ဒေသခံ ပြည်သူများ အကျိုး တစုံတရာ မခံစားရသည့် အပြင် ဒေ၀ူး ကုမ္ပဏီမှ ကားများ နေ့ည မပြတ် မောင်းနှင်နေမူကြောင့် ကားလမ်းများ ပျက်စီးပြီး ပြည်သူများ ဒုက္ခရောက်နေကြရသဖြင့် ဒေ၀ူးကို မကျေနပ် မူ တိုးပွားနေကြခြင်း ဖြစ်သည်။

" နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ထိစာရေး တိုင်ကြားသွားဖို့ ဒေသခံတွေက စည်းရုံးနေကြပါတယ်။ လမ်းတွေ ပျက်စီးနေတဲ့ အပေါ်မှာတော့ မြို့ပေါ်မှာ ရှိတဲ့ ဌာနဆိုင်ရာ ရုံးတွေ အားလုံးကို စာရေးအကြောင်းထားပြီး ဖြစ်ပါတယ်။ လမ်းတွေကို မပြင်ဘဲ ထားရင်တော့ လုပ်သင့်တာတွေကို ဆက်လုပ်သွားဖို့ ဒေသခံတွေက တိုင်ပင်နေကြပါတယ်" ဟု သူက ဆက်ပြောသွားသည်။

ကံကော်တောဘုရားမှာ ကျောက်ဖြူမြို့၏ အဓိက ရှေးဟောင်း သမိုင်းဝင် ဘုရား ဖြစ်ပြီး အဆိုပါ ဘုရားလမ်း ပျက်စီသွားသဖြင့် ၀ါကျွတ် လပြည့်နေ့ ပွဲတော်တွင် ဘုရားသွားသူများ အခက်အခဲတွေ့နိုင်သဖြင့် လူများ စိတ်မချမ်းမသာ ဖြစ်နေကြသည်ဟု ကျောက်ဖြူ ဒေသခံက ပြောကြားသွားသည်။

Ref: နိရဉ္စရာ

Read More...

ကွန်ဒိုမီနီယမ်ဥပဒေ လွှတ်တော်တွင် တင်သွင်း

ညီသစ်
အောက်တိုဘာလ ၀၆ ရက် ၂၀၁၁ ခုနှစ်

မြန်မာနိုင်ငံရှိ အထပ်မြင့် တိုက်ခန်းများ၊ ကွန်ဒိုမီနီယမ်များနှင့် ပတ်သက်ပြီး ဥပဒေထုတ်ပြန်ရန် လွှတ်တော်တွင် အဆိုတင်သွင်း လိုက်ပြီဖြစ်ရာ ဥပဒေ အသက်ဝင်လာပါက နိုင်ငံခြားသားများ တိုက်ခန်း ဝယ်ယူပိုင်ဆိုင်ခွင့်များပါ ပါလာနိုင်ဖွယ်ရှိကြောင်း ရန်ကုန် အခြေစိုက် ဆောက်လုပ်ရေးလုပ်ငန်း အသိုင်းအဝိုင်းက ခန့်မှန်းပြောဆိုသည်။

ထိုအဆိုကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ မောင်တောမဲဆန္ဒနယ်မှ ဦးဇော်ကိရ်အာမတ် (ခ) ဦးအောင်ဇော်ဝင်းက အဆင့်မြင့် ကွန်ဒိုမီနီယမ် ပိုင်ဆိုင်နေထိုင်နိုင်ရေးဆိုင်ရာ ဥပဒေကို တရားနည်းလမ်း မျှတစွာ ပြဋ္ဌာန်းရေးဆွဲနိုင်ရေး သက်ဆိုင်ရာမှ စီစဉ်မှုပြု လုပ်ပေးရန် ပြည်ထောင်စုလွှတ်တော်တွင် အောက်တိုဘာ ၄ ရက်နေ့က တင်သွင်းလိုက်ခြင်းဖြစ်သည်။ ဦးအောင်ဇော်ဝင်းသည် ရှိုင်း ဆောက် လုပ်ရေးလုပ်ငန်း၏ ပိုင်ရှင်လည်း ဖြစ်သည်။


အဆိုပါ အဆိုတင်သွင်းမှုကို အောက်တိုဘာ ၅ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်အတွင်းတွင် ဆွေးနွေးခဲ့သည်။

“ဈေးကွက်ထဲမှာ အခုဆို တစ်ချို့ဆောက်လုပ်ရေးလုပ်ငန်းတွေက အရောင်းပြခန်းတောင် ခဏပိတ်ထားတာမျိုး ရှိတယ်။ ဒီဥပဒေ ထွက်တာနဲ့ ဈေးတွေမြင့်သွားမလားဆိုပြီး တော့ပေါ့။ ပိုင်ဆိုင်ခွင့် ပိုခိုင်မာလာတာမျိုးကြောင့် လို့လည်း ပြောနေကြတယ်” ဟု ဆောက်လုပ်ရေး လောကသားတ ဦးကပြောသည်။

အဆိုပါဥပဒေကို ပြဋ္ဌာန်းလိုက်သည်နှင့် ဈေးကွက်အတွင်းရှိ ဝယ်လိုအားပိုင်းတွင် များစွာပြောင်းလဲ သွားနိုင်ကြောင်း အထူးသဖြင့် တိုက်ခန်း၊ ကွန်ဒိုဝယ်ယူထားသည့် သူများအတွက် ပိုင်ဆိုင်မှု ပိုမိုခိုင်မာသွားမည်မှာ သေချာကြောင်း ဆောက်လုပ်ရေး လုပ်ငန်း ရှင်တ ဦးက ပြောသည်။

ယင်း ကွန်ဒိုမီနီယမ်ဥပဒေတွင် နိုင်ငံခြားသားများ တိုက်ခန်း၊ ကွန်ဒို ဝယ်ယူရရှိခွင့်များ ပါပါဝင်လာဖွယ်ရှိသောကြောင့် လက်ရှိ အနေအထားထက် ဈေးကွက် ပိုကောင်းလာနိုင်ပြီး နိုင်ငံခြားရင်းနှီးမြှပ်နှံမှုများပါ ဆက်တိုက် ဝင်လာနိုင်ဖွယ် ရှိကြောင်း သိရသည်။

သို့ရာတွင် အဆိုပါ ဥပဒေကြောင့် တိုက်ခန်းနှင့် ကွန်ဒိုများ တန်ဖိုး အဆမတန်မြင့်မားနိုင်မှု မရှိစေရန်မူ အစိုးရက ကိုင်တွယ် ဖြေရှင်းရန် လိုကြောင်း အိမ်ခြံမြေလုပ်ငန်းကို လေ့လာသူများက သုံးသပ်သည်။

“နိုင်ငံခြားသားတွေကို ကွန်ဒိုဝယ်ခွင့်ပေးမယ်ဆိုရင် စီးပွားရေးကောင်းလာနိုင်သလို၊ ကွန်ဒိုတွေရဲ့ အရည်အသွေး ကိုလည်း တဘက်က ကောင်းအောင်လုပ်လာမှာ သေချာပါတယ်” ဟု အဆိုပါ ဆောက်လုပ်ရေး လုပ်ငန်းရှင်က ပြောသည်။

ထို့ပြင် တိုက်ခန်း၊ကွန်ဒိုများ၏ ပိုင်ဆိုင်မှုများ ပိုမို ခိုင်မာလာနိုင်သဖြင့်၊ ယင်းတို့ကို ပေါင်နှံကာ ဘဏ်များမှ တဆင့် ငွေအရင်း အနှီး ရယူပြီး စီးပွားရေးလုပ်ကိုင်နိုင်သည့် အခွင့်အလမ်းများလည်း ပေါ်လာနိုင်ကြောင်း သုံးသပ်ပြောသည်။

တိကျစွာပြဋ္ဌာန်းထားသော ဥပဒေမရှိခြင်းက မြန်မာနိုင်ငံတွင် ကွန်ဒိုမီနီယံခန်းများ ဝယ်ယူသူနှင့် ဆောက်လုပ် ရောင်းချသူများ ကြားတွင် ပဋိပက္ခဖြစ်လေ့ရှိတတ်သည်ဟု လေ့လာသူများက ပြောလေ့ရှိသည်။ ပြီးခဲ့သည့် နှစ်လခန့် ကလည်း ရန်ကုန်မြို့ရှိ အထင်ကရ ကွန်ဒိုမီနီယမ်တခုဖြစ်သည့် ဗဟန်းမြို့နယ်မှ ပုလဲကွန်ဒိုတွင် နေထိုင်သူများနှင့် ပိုင်ရှင်ကြား ပြဿနာများ ဖြစ်ပွား ခဲ့ကာ ရန်ကုန်တိုင်းဝန်ကြီးချုပ်အထိ တိုင်ကြားခဲ့မှုများ ဖြစ်ပေါ် ခဲ့သည်။

“ပုလဲကွန်ဒိုမှာက အခုထိ လူနေထိုင်ခွင့်မကျသေးဘူး။ ဒါပေမယ့် လူနေထိုင်တာ ၁ဝနှစ် နီးပါးရှိနေပြီ” ဟု ပုလဲကွန်ဒိုတွင် နေထိုင် သူများ ထံမှ သိရသည်။

ယခု ပြဋ္ဌာန်းရန် စီစဉ်နေသည့် ဥပဒေတွင် ကွန်ဒိုမီနီယမ်များနှင့် ပတ်သက်ပြီး ဆောက်လုပ်ရေးဆိုင်ရာ စံသတ်မှတ် ချက်များ လည်း ပါဝင်လာမည် ဖြစ်သောကြောင့် ဆောက်လုပ်ရေးသမားများက အရည်အသွေးကို ယခင်ကထက် လည်း ပိုမို မြှင့်တင် လုပ်ဆောင်ကြရတော့ မည်ဖြစ်ကြောင်းလည်း ဆောက်လုပ်ရေး လုပ်ငန်းလောကက သုံးသပ်ပြောသည်။

Ref: မဇ္ဈိမ

Read More...

ရှမ်းတောင်ပိုင်းက ငြိမ်းချမ်းရေးဆွေးနွေးရန် သဘောတူ

ဖနိဒါ
အောက်တိုဘာလ ၀၆ ရက် ၂၀၁၁ ခုနှစ်

မြန်မာအစိုးရက ငြိမ်းချမ်းရေးဆွေးနွေးရန် ကမ်းလှမ်းမှုကို လက်ခံလိုက်ပြီဖြစ်ကြောင်း ရှမ်းပြည် တပ်မတော် တောင်ပိုင်း ပြောခွင့် ရပုဂ္ဂိုလ် ဗိုလ်မှူးစိုင်းလောင်ဆိုင်က ပြောသည်။

ရှမ်းပြည်တောင်ပိုင်း နမ်ဆန်မြို့နယ် အခြေစိုက် ဌာနေပြည်သူ့စစ် ခေါင်းဆောင်များမှ တဆင့် နှုတ်စကားဖြင့် စက်တင်ဘာလ ကုန်ပိုင်းက ကမ်းလှမ်းမှုဖြစ်ပြီး ဆွေးနွေးမှုနေရာနှင့် အချိန်တို့ကို သတ်မှတ်ထားရခြင်း မရှိသေးဟု ဆိုသည်။

“အရင်ဆုံးကျနော်တို့ သဘောထားသိအောင် တီးခေါက်ကြည့်တဲ့ သဘောပဲ။ တရားဝင် ကမ်းလှမ်းလာမယ် ဆိုရင် လက်ခံ တွေ့ဆုံ ဖို့အတွက် ကျနော်တို့ အသင့်ဖြစ်ပါတယ်လို့ ပြန်အကြောင်းကြားခဲ့ပါတယ်။ ကျနော်တို့ကတော့ မပြေလည်သေးတဲ့ ပြဿနာ တွေကို ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ ဆွေးနွေးအဖြေရှာဖို့ ကျနော်တို့ လိုလားတဲ့အကြောင်း ထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။”ဟု ဗိုလ်မှူး စိုင်းလောင်ဆိုင်က ပြောသည်။

သမ္မတ ဦးသိန်းစိန်က ငြိမ်းချမ်းရေးဆွေးနွေးရန် ပြည်နယ် အစိုးရနှင့် အချိန်မရွေး ဆွေးနွေးနိုင်သည်ဟု ပြီးခဲ့သည့် သြဂုတ်လက ထုတ်ပြန်ခဲ့ပြီးနောက် အစိုးရတပ်များ ရှမ်းဘက်တွင် ထိုးစစ်ဆင်မှုများ ရပ်ဆိုင်းထားသည်ဟုလည်း ပြောသည်။

SSA-S နှင့် မြန်မာအစိုးရတို့ ငြိမ်းချမ်းရေးဆွေးနွေးရန် ကမ်းလာမှုများရှိလာသော်လည်း ရှမ်းပြည်နယ်မြောက်ပိုင်း တပ်မတော် SSA-N ကိုမူ ယခုထိ ငြိမ်းချမ်းရေးဆွေးနွေးရန် ပြောဆိုလာခြင်း မရှိသေးကြောင်း ပြောခွင့်ရသူ ဗိုလ်မှူးစိုင်းလှက ပြောသည်။

အစိုးရတပ်နှင့် SSA-N တပ်ဖွဲများအကြား ဝမ်ဟိုင်းဌာနချုပ်နယ်မြေအတွင်း နှစ်ဘက် တိုက်ပွဲများ ဖြစ်ပွားစဉ် ပြီးခဲ့သည့် ဇူလိုင်လက ငြိမ်းချမ်းရေးဆွေးနွေးရန် မြန်မာအစိုးရဘက်မှ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး နှစ်ပါးကို စေလွတ် ခဲ့သေးသည်။

သို့သော် SSA-N ကမူ ငြိမ်းချမ်းရေးဆွေးနွေးမည်ဟု ဆိုသော်လည်း ပဏာမ တွေ့ဆုံမှုသာဖြစ်ပြီး နိုင်ငံရေးအရ တွေ့ဆုံ ဆွေး နွေးရန် တိုင်းရင်းသား လက်နက်ကိုင် မဟာမိတ်အဖွဲ့ ၆ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ကောင်စီ UNFC ဖြင့်သာ ဆွေးနွေးမည်ဟု သူက ပြောသည်။

ကချင်လွတ်မြောက်ရေး တပ်ဖွဲ့ KIO ၏ တပ်မဟာ ၄ နယ်မြေအတွင်းမှ တိုက်ပွဲအတွင်း SSA-N ၏ တပ်မဟာ ၁ လက်အောက်ခံ တပ်ရင်း ၂၅ တပ်ဖွဲ့များ ပါဝင်တိုက်ခိုက်ခဲ့သဖြင့် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက မန်တုံဒေသ တိုက်ပွဲ၌ တပ်သား နှစ် ဦး ကျဆုံး ခဲ့ရသည်ဟု ဗိုလ်မှူး စိုင်းလောင်ဆိုင် က ပြောသည်။

အစိုးရမှ စစ်ရေး၊ နိုင်ငံရေးအရ ဖိအားပေးလာလျှင် စုပေါင်း၍ ခုခံကာကွယ်နိုင်ရန်အတွက် ဖွဲ့စည်းထားသော UNFC တွင် ပါဝင် သော SSA-N သည် KIO အဖွဲ့အတွင်း မြန်မာအစိုးရဘက်မှ ထိုးစစ်ဆင်လာပါက ဝင်ရောက်ကူညီရန် အသင့်ပြင်ဆင်ထားပြီး ဖြစ် သည်ဟု ဗိုလ်မှူး စိုင်းလှက ပြောသည်။

“ကျနော်တို့ တကယ်လို့ တိုက်ပွဲတွေ ဖြစ်လာမယ်ဆိုရင် ကျနော်တို့ဘဲ မဟုတ်ဘူး။ UNFC အနေနဲ့ အကုန်လုံးပေါင်း တိုက်ဖို့ အခြေ အနေရှိတယ်။”ဟု သူက မဇ္စျိမကို ပြောသည်။

UNFC က မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် တဦးချင်း ပဏာမ တွေ့ဆုံမှု သဘောတူထားပြီး အပစ်အခတ် ရပ်ဆိုင်းရေး နှင့် နိုင်ငံရေးအရ ဆွေးနွေးမည်ဆိုပါက ပူးပေါင်းအဖွဲ့ဖြင့်သာ ဆွေးနွေးမည်ဟု သဘောတူထားကြသည်။

ယခုကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို တဖွဲ့ချင်းအလိုက် တွေ့ဆုံနေခြင်းသည် မြန်မာအစိုးရမှ နိုင်ငံရေး အရ ဖြေရှင်းရန် ရှောင်နေသည့် သဘောသက်ရောက်နေသည်ဟု UNFC ၏ အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက ပြောသည်။

“သူတို့က တိုင်းရင်းသားတွေ စုစည်းနေမယ်ဆိုရင် တိုင်းရင်းသားတွေက တောင်းဆိုမှု ပိုပြီးတော့ များနေမယ်ဆိုတဲ့ သဘောထား မျိုး ရှိကောင်းရှိမယ်ပေါ့လေ။ တဘက်မှာလည်း နိုင်ငံရေးအရ ဆွေးနွေးဖြေရှင်းဖို့ ရှောင်ချင်တယ်။ အပစ်အခတ် ရဆဲလောက်ဘဲ လုပ်ချင်တယ်။ တိုင်းရင်းသားတွေကို ခွဲပြီးတော့ ရေရှည် အုပ်ချုပ်သွားနိုင်ဖို့ နောက် တနည်းအားဖြင့် တိုင်းရင်းသားအဖွဲ့တွေကို ဖျက်ဆီးဖို့ပဲ ကြံစည်နေတာကိုး”ဟု သူက မဇ္စျိမကို ပြောသည်။

ယခုလ ၁ ရက်နေ့က တိုင်းရင်းသားရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီ ဥက္ကဋ္ဌ ကြံ့ဖွံ့ အတွင်းရေးမှူး ၂ ဦးသိန်းဇော် ဦးဆောင်သော အဖွဲ့နှင့် ဝ ပြည် သွေးစည်းညီညွတ်ရေး အဖွဲ့ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးခဲ့ရာ ယင်းတို့၏ တောင်းဆိုချက်အချို့ကို သဘောတူညီမှု မရခဲ့ပေ။

အလားတူ မြန်မာအစိုးရနှင့် မိုင်းလား ခေါ် အမျိုးသား ဒီမိုကရေစီမဟာမိတ်တပ်ဖွဲ့ NDAA နှင့်လည်း ပြီးခဲ့သည့် လဆန်းပိုင်း ပဏာမ တွေ့ဆုံဆွေးနွေးခဲ့ပြီး ဖြစ်ရာ ငြိမ်းချမ်းရေးဆွေးနွေးရန် မကြာမီရက်ပိုင်းအတွင်း ထပ်မံ ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။

Ref: မဇ္ဈိမ

Read More...

နယ်စပ်ကုန်သွယ်လမ်းများ ဖောက်လုပ်ရေး အိန္ဒိယ-မြန်မာ ဆွေးနွေးစေလို

သဲသဲ
အောက်တိုဘာလ ၀၆ ရက် ၂၀၁၁ ခုနှစ်

အိန္ဒိယအစိုးရ၏ အကူအညီဖြင့် ချင်းပြည်နယ် ဖွံ့ဖြိုးရေးအတွက် နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်ရေးလမ်းများ တိုးမြှင့် ဖောက်လုပ်ရေး ကို မြန်မာသမ္မတသစ်၏ အိန္ဒိယနိုင်ငံ ချစ်ကြည်ရေး ခရီးစဉ်အတွင်း ထည့်သွင်း ဆွေးနွေးစေလိုကြောင်း ဒေသခံ ချင်း တိုင်းရင်း သား ပါတီများက ပြောဆိုသည်။

သမ္မတ ဦးသိန်းစိန်၏ တတိယမြောက် နိုင်ငံခြားခရီးစဉ်အဖြစ် အောက်တိုဘာလအတွင်း အိန္ဒိယနိုင်ငံသို့ သွားရောက်လည်ပတ် ရန် စီစဉ်ထားသည့်အပေါ် ချင်းတိုးတက်ရေးပါတီ CPP နှင့် ချင်းအမျိုးသားပါတီ CNP တို့က ပြောဆိုခြင်းဖြစ်သည်။

မြန်မာနှင့် အိန္ဒိယအစိုးရ ခေါင်းဆောင်များတွေ့ဆုံရာတွင် နှစ်နိုင်ငံ နယ်စပ်လုံခြုံရေးနှင့် စီးပွားရေး ကိစ္စရပ်များ ဆွေးနွေးဖွယ် ရှိကြောင်း သမ္မတ အကြံပေး ဒေါက်တာနေဇင်လတ်က မဇ္ဈိမနှင့် မေးမြန်းခန်းတခုတွင် ဖြေကြား ခဲ့သည်။


အိန္ဒိယ အရှေ့မြောက်ဒေသ မီဇိုရမ်ပြည်နယ် (ဇောကွတ်ထား)နှင့် ချင်းပြည်နယ် (ရိဒ်)ရှိ ဒုတိယ နယ်စပ်ကုန်သွယ်ရေး လမ်း ကြောင်းကို ၂ဝဝ၄ ခုနှစ်ကပင် ဖွင့်လှစ်ခဲ့သော်လည်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှု ကြောင့် ကုန်သွယ်မှု နှေးကွေးနေကြောင်း CPP ပါတီကပြောသည်။

“နယ်စပ်လမ်းဖောက်လုပ်ရေးကို ဦးစားပေးစေချင်တယ်။ တမူးမိုးရေး နယ်စပ်လမ်း ဖောက်သလိုမျိုးပေါ့။ ရိဒ်နဲ့ ဖလမ်း နယ်စပ် ကုန်သွယ်ရေး အတွက် လက်မှတ်ထိုးထားတာ အဲဒါ အခုထိ အကောင်အထည် မပေါ်ဘူး ဖြစ်နေတယ်”ဟု CPP ပါတီ ဥက္ကဋ္ဌ ဦးနိုထန်ကပ်က ပြောသည်။

အိန္ဒိယနှင့် ချင်းပြည်နယ်အတွင်းရှိ မြို့များသို့ တိုက်ရိုက် ကုန်သွယ်နိုင်မည့် ရိဒ်- ဖလမ်း၊ ရိဒ်- တီးတိန် ကားလမ်းများမှာ ဂျစ်ကားငယ်များသာ သွားလာနိုင်ပြီး မိုးရာသီတွင် လမ်းအသုံးပြုနိုင်ရန် ခက်ခဲသည်ဟု CPP က ဆိုသည်။

အိန္ဒိယ မြန်မာနယ်စပ် ကုန်သွယ်ရေး စခန်းများကို အိန္ဒိယဘက်မှ မဏိပူပြည်နယ် မိုးရေးနှင့် မြန်မာဘက်မှ စစ်ကိုင်းတိုင်း တမူးမြို့၊ အိန္ဒိယ မီဇိုရမ်ပြည်နယ် ဇောကထားနှင့် ချင်းပြည်နယ် ရိဒ်ခေါသာမြို့တို့တွင် ဖွင့်လှစ် ထားသည်။

မဏိပူ ပြည်နယ် မိုးရေးမှ စစ်ကိုင်းတိုင်း ကလေးဝမြို့အထိ ၉၉ မိုင်ရှည်သည့် တမူး-မိုးရေး ကားလမ်းကို အိန္ဒိယ အစိုးရက ဖောက်လုပ်ပေးခဲ့ပြီး ၂ဝဝ၁ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ကာ နှစ်နိုင်ငံ အချက်အချာ ကုန်သွယ်ရေး လမ်းကြောင်း ဖြစ်လာခဲ့သည်။

ထိုလမ်းကို အိန္ဒိယ- မြန်မာ- ထိုင်း သုံးနိုင်ငံ အမြန်လမ်းမကြီးအဖြစ် မန္တလေး၊ မြဝတီမြို့များမှ ထိုင်းနိုင်ငံအထိ ၂ဝ၁၄ ခုနှစ်တွင် အပြီးသတ် ဖောက်လုပ်သွားမည်ဖြစ်သည်။

အိန္ဒိယနှင့် နယ်စပ်ကုန်သွယ်ရေး တိုးတက်လျှင် ဒေသတွင်း လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်လာမည့် အပြင် ပြည်နယ် ဝင်ငွေ တိုးတက်လာမည်ဟု CNP ပါတီဆိုသည်။

“နယ်စပ် ကုန်သွယ်ရေးမှာ အိန္ဒိယရဲ့ မားကတ်လိုတယ်။ ချင်းပြည်နယ် ဝင်ငွေကလည်း မားကတ်ကနေ ကောက်ရတဲ့ အခွန် လောက်ပဲ အားကိုးစရာရှိနိုင်ပါတယ်”ဟု CNP ပါတီ ဥက္ကဋ္ဌ ဦးဇိုဇမ်က ပြောသည်။

၂ဝဝ၈ ခုနှစ် မေလ အတွင်း ဒုတိယ စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး မောင်အေးနှင့် အိန္ဒိယ အစိုးရတို့ သဘောတူ လက်မှတ် ရေးထိုး ခဲ့သည့် ကုလားတန် ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်းအပေါ် ဦးဇိုဇမ်က “ချင်းပြည်နယ်အတွက်တော့ အခုထိ ဘာအကျိုးကျေးဇူး မှ မတွေ့သေးဘူး” ဟု ဆိုသည်။

အိန္ဒိယ ကုန်းတွင်းပိုင်း ပြည်နယ်များကို ပင်လယ်ရေကြောင်း လမ်းပွင့်စေမည့် ကုလားတန် စီမံကိန်းတွင် အိန္ဒိယ မီဇိုရမ်ပြည်နယ်မှ ချင်းပြည်နယ် ပလက်ဝမြို့သို့ အဝေးပြေးလမ်းဖောက်လုပ်ရေး၊ ရခိုင်ပြည်နယ် စစ်တွေ ရေနက်ဆိပ်ကမ်း တည်ဆောက်ရေးတို့ ပါဝင်သည်။

မီဇိုရမ်ပြည်နယ်မှ ကုန်စည်များ ပလက်ဝ၊ စစ်တွေတို့ မှတဆင့် နိုင်ငံတကာသို့ တင်ပို့နိုင်ရန် ရည်ရွယ်ထားသည့်ထိုစီမံကိန်း မှာ ၂ဝ၁၃ ခုနှစ် တွင်ပြီးစီးမည်ဟု ခန့်မှန်းထားပြီး အမေရိကန် ဒေါ်လာ ၁၃၂ သန်း ကုန်ကျမည် ဖြစ်သည်။

အိန္ဒိယ အစိုးရက ကုလားတန်စီမံကိန်းနှင့် အာရှလမ်းမကြီး စီမံကိန်းများကို နိုင်ငံအတွင်း လုပ်ကိုင်ဆောင်ရွက် နေသော်လည်း ချင်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးမှာ ကွက်ကျန်နေသည်ဟု ချင်းပါတီများက ပြောသည်။

သမ္မတဦးသိန်းစိန်သည် တရုတ်နိုင်ငံသို့ ပြီးခဲ့သည့် မေလ ၂၆ရက်မှ ၂၈ ရက်နေ့အထိ ၃ ရက်ကြာ သွားရောက် လည်ပတ်ခဲ့ပြီး တရုတ်သမ္မတ ဟူကျင်တောင်းနှင့် တွေ့ဆုံခဲ့သည်။ တရုတ်အစိုးရမှ အမေရိကန်ဒေါ်လာ ၇၆၃ သန်းကို ချေးငွေအဖြစ် ကူညီခဲ့ပြီး နှစ်နိုင်ငံ သဘောတူစာချုပ် ကိုးခု ချုပ်ဆိုခဲ့သည်။

Ref: မဇ္ဈိမ

Read More...

ဘုရားသုံးဆူအနီး KNLA နှင့် တိုက်ပွဲဖြစ်

ကွန်းချမ်း
အောက်တိုဘာလ ၀၆ ရက် ၂၀၁၁ ခုနှစ်

မြန်မာအစိုးရတပ်နှင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တို့ ကြာသပတေးနေ့နံနက်က နယ်စပ်မြို့ ဖြစ် သော ဘုရားသုံးဆူ ပတ်ဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားရာ တပ်သားတဦး နှင့် လမ်းပြအဖြစ် ခေါ်ဆောင်ခံရသည့် ရွာသားတဦး ဒဏ်ရာရသွားခဲ့သည်။

ကရင်ပြည်နယ် ဘုရားသုံးဆူဒေသဝန်းကျင်တွင် လှုပ်ရှားနေသည့် အင်အား ၅ဝ ကျော်ရှိ အစိုးရတပ် ခမရ ၅၄၃၊ စစ်ကြောင်း နှစ်ခု ကို အင်အား ၂ဝ ခန့်ရှိ KNLA တပ်မဟာ ၆ လက်အောက်မှ တပ်ခွဲနှစ်ခုက ဘုရားသုံးဆူမြို့ အနောက်ဘက် ကီလိုမီတာ ၂ဝ ကျော်ရှိ ကျောက်ဂူရွာနဲ့ မြိုင်သာယာရွာကြားတွင် တိုက်ခိုက်ရာမှ ၁၅ မိနစ်ကြာ အပြန်အလှန် ပစ်ခတ်ခဲ့ပြီး အစိုးရတပ်က တဒိန်ကျေးရွာမှ လမ်းပြခေါ်ဆောင်လာသူ သုံးဦးအနက် အသက် ၄၇ နှစ်ရှိ ဦးမြင့်သိန်းနှင့် တပ်သားတဦး ဒဏ်ရာ ရရှိခဲ့သည်။

“ကျမ ဘုန်းကြီးကျောင်းက ဥပုသ်ထွက်ပြီး ၇ နာရီလောက်မှ အိမ်ကို ရောက်တယ်။ ၈ နာရီခွဲလောက်မှ စစ်တပ်က ရွာထဲ ဝင် လာပြီး ရွာသား ၃ ယောက်ကို လမ်းပြ ခေါ်သွားတယ်။ သိပ်မကြာပါဘူး။ တိုက်ပွဲဖြစ်တာပဲ။ ” ဟု တိုက်ပွဲ ဖြစ်ပွားရာအနီးရှိ တဒိန် ရွာသူ တဦးက မဇ္ဈိမကို ပြောသည်။

ဦးမြင့်သိန်းကို ထိုင်းနိုင်ငံ ကန်ချပူရီခရိုင် စံခလပူရီမြို့နယ်ရှိ ဟွေ့မလိုင် ခရစ်ယာန်ဆေးရုံတွင် တက်ရောက်ကုသမည် ဖြစ် ကြောင်း မြိုင်သာယာရွာမှ အမျိုးသမီးက ပြောသည်။

KNLA တပ်မဟာ ၆ မှ အရာရှိတဦးက အစိုးရတပ်ကို မိမိတို့ ခြုံခိုတိုက်ခိုက်ခြင်းဖြစ်သည်ဟု ဆိုကာ ထိခိုက်ဒဏ်ရာ ရသူစာရင်း ကို မသိရှိသေးကြောင်း ပြောသည်။

ဇွန်လ ၆ ရက်နေ့တွင်လည်း ခလရ ၃၇၃ စစ်ကြောင်းနှစ်ခု ပူးပေါင်းစစ်ကြောင်းက မြိုင်သာယာရွာမှ ရွာသား ၁ဝ ဦးနှင့် အပလုံ ရွာမှ ၂၄ ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပြီး၊ အမျိုးသမီးများ အပါအဝင် ရွာသားအချို့ကို စစ်ကြောင်းရှေ့မှ ချီတက်စေကာ ကျန်သူများကို တပ်ရိက္ခာ ထမ်းစေခဲ့သည်ဟု ဒေသခံများက ပြောသည်။

တိုက်ပွဲဖြစ်ပွားရာသည် အရှည် ၆၅ မိုင် ၅ ဖာလုံရှိ သံဖြူဇရပ်-ဘုရားသုံးဆူ လမ်းမပေါ်တွင် ရှိသည်။

Ref: မဇ္ဈိမ

Read More...

လွှတ်တော်တက် သတင်းယူသူများ စုံစမ်းခံရ

မင်းသက်နှင့် ထွန်းထွန်း
အောက်တိုဘာလ ၀၆ ရက် ၂၀၁၁ ခုနှစ်

နေပြည်တော်တွင် လွှတ်တော်တက် သတင်းယူနေသည့် သတင်းထောက် သုံးဦးထက် မနည်း၏ ကိုယ်ရေး အချက်အလက်များ နှင့် ပတ်သက်၍ အာဏာပိုင်များက နေအိမ်များတွင် လိုက်လံ စုံစမ်းမှုများ ပြုလုပ်နေသည်ဟု ပြည်တွင်း သတင်းရပ်ကွက်မှ စုံစမ်း သိရှိသည်။

“နေပြည်တော် လွှတ်တော်တက်တဲ့ သတင်းသမားတွေကို နောက်ကြောင်းလိုက်တယ်ဆိုတာ ဟုတ်တယ်။ ရန်ကုန်က အိမ်တွေ ဘာတွေကို လာမေးတာ။ သူ့မိသားစုနဲ့စကားပြောဖြစ်တယ်ဆိုတာလဲ ဟုတ်တယ်။ ဘာတွေပြော ဖြစ်လဲတော့ ပြန်မမေး ဖြစ်ဘူး တဲ့။ အိမ်ကစိတ်ပူမှာစိုးလို့ အရေးမကြီးသလိုပဲ လုပ်ထားလိုက် တာတဲ့” ဟု စုံစမ်းခံခဲ့ရသူ သတင်းထောက်နှင့် နီးစပ်သူတဦးက မဇ္ဈိမကို ပြောသည်။


အောက်တိုဘာလဆန်းက စတင်ခဲ့သော အမည်စာရင်းနှင့်တကွ လိုက်လံ စုံစမ်းခံရသူများမှာ ပြည်တွင်းထုတ် ဂျာနယ် များမှ သတင်းထောက်များ ဖြစ်ကြပြီး သတင်း ရဲတပ်ဖွဲ့ ကိုယ်တိုင် သော်လည်းကောင်း၊ ရပ်ရွာ အုပ်ချုပ်ရေးမှူးရုံး များမှ တဆင့် လည်းကောင်း စုံစမ်းခံရခြင်းဖြစ်သည်။ မည်သည့်အတွက်ကြောင့် စုံစမ်းနေ သည်ကို မသိရှိနိုင်ဘဲ ဖြစ်နေသည်။

စုံစမ်းခံရသူ ကာယကံရှင်များက လူသိရှင်ကြားထုတ်ပြောရန် စိုးရွံ့နေကြချိန်တွင် မေးမြန်းခံခဲ့ရသူများအနက် လွှတ်တော်တက် သတင်းရယူရန်အတွက် စာပေစိစစ်ရေးခွင့်ပြုချက် ရရှိထားသူဖြစ်ကာ မည်သည့် သတင်းတိုက် ကိုယ်စားပြုဖြစ်ကြောင်းနှင့် ကိုယ်ရေး အချက်အလက် တင်ပြထားပြီးသူများ ပါဝင်သည်ကို မဇ္ဈိမက စုံစမ်းသိရှိရသည်။

ပြန်ကြားရေးဝန်ကြီးဌာနလက်အောက်ခံ စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနသို့ ကိုယ်ရေး အချက်အလက် ပေးပို့ ထားသော သတင်းထောက် အနည်းဆုံး ၃၅ ဦးရှိသည်ဟု ဌာနတွင်း သတင်းရပ်ကွက်က ပြောသည်။

“နယ်က အိမ်မှာ ဒေါ်အောင်ဆန်းစုကြည်စီ အမြဲတမ်းသွားနေတာတွေ့လို့ သူက ဘာအလုပ် လုပ်တာလဲလို့ တခွန်းပဲ မေးတယ်။ ဟိုက သတင်းထောက်လို့ပြောတော့ သြော်…ဟုတ်လားဆိုပြီးတော့ပဲ ထွက်သွား တယ်တဲ့။ ဘယ်ကလဲလို့ မေးတော့ သတင်း တပ်ဖွဲ့ ကလို့တော့ ပြောသွားတယ်” ဟု စုံစမ်းခံခဲ့ရသူနှင့် နီးစပ်သူ တဦးက မဇ္ဈိမကို ပြောသည်။

လွှတ်တော်သတင်းတက်ရောက်ရယူထားသူများအနေဖြင့် စာပေစိစစ်ရေးသို့ပေးပို့ထားသော ကိုယ်ရေး အချက် အလက်သည် (လျှို့ဝှက်) ဟုရေးသားထားသော ကိုယ်ရေးရာဇဝင်ဖြစ်သည်။ ယင်းကိုယ်ရေးဖိုင်တွင် ကာယကံရှင် သတင်းထောက်၏ ငယ်စဉ် ကပင် တက်ရောက်ပညာသင်ကြားခဲ့သောကျောင်းများ၊ မိဘ၊ မိဘ၏ မိသားစု အလုပ် အကိုင်၊ ဇနီး/ခင်ပွန်း၏ မိသားစု အလုပ် အကိုင် စသည် အချက်အလက်များ ပါဝင်သည်။

“ဘာကြောင့်လုပ်တာလဲဆိုတာ ကျမတို့ တိတိကျကျ မသိရဘူး။ ကျမကလည်း နယ်မှာ မဟုတ်တော့ ပိုဆိုးတာ ပေါ့နော်” ဟု စုံစမ်းမေးမြန်းခံရသူတဦးက ပြောသည်။

ယခုကဲ့သို့ စုံစမ်းမှုများပြုလုပ်ချိန်မှာ ပြည်ပသတင်းဌာနများဖြစ်သည့် VOA နှင့် BBC မှ သတင်းထောက် များအား လွှတ်တော် တက် သတင်းယူခွင့်ချိန်လည်း ဖြစ်သည်။

Ref: မဇ္ဈိမ

Read More...

ထားဝယ် ရေနက်ဆိပ်ကမ်း ကွပ်ကဲရေးရုံး နေရာအတွက် ခြိမ်းခြောက်ခဲ့ဟုဆို

ကျော်ခ
အောက်တိုဘာလ ၀၆ ရက် ၂၀၁၁ ခုနှစ်

ထားဝယ်ရေနက်ဆိပ်ကမ်း ကွပ်ကဲရေးရုံး တည်ဆောက်ရန် မြေနေရာအတွက် ဒေသခံ များ၏ စိုက်ပျိုးခြံ ဧက ၁၂ဝ ကျော်ကို ဆိပ်ကမ်း အာဏာပိုင်များက သိမ်းယူရာတွင် ခြိမ်းခြောက်မှုများ ရှိခဲ့သည်ဟု ခြံရှင်များက ပြောသည်။

ထိုင်းနိုင်ငံရှိ အီတာလျံ၊ ထိုင်းကုမ္ပဏီက အကောင်အထည်ဖော်မည့် ထားဝယ်ဖွံ့ဖြိုးမှု စီမံကိန်း၏ တစိတ်တဒေသ ဖြစ်သော ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းနယ်မြေအတွင်း ကျရောက်နေသည့် တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် မင်းဒပ် ရွာခံများ၏ စိုက်ပျိုးခြံ ဧက ၁၂၃.၅ဝ ဧကကို သိမ်းယူရန်အတွက် ရွာသားများကို သဘောတူကြောင်း လတ်မှတ်ရေးထိုးခိုင်းမှုတွင် “သဘော မတူလျှင် အခကြေးငွေလွတ်ဖြင့် သိမ်းမည်” ဟု ဆိပ်ကမ်း တာဝန်ခံ ဦးခင်မောင်ဆွေက ပြောသည်ဟု ဆိုသည်။

“စာရွက်ပေါ်မှာက မြေပိုင်ရှင်ရှင်၏ ဆန္ဒဖြင့် ရောင်းဝယ်ခြင်းဖြစ်ကြောင်းဆိုပြီး အဲဒီမှာလတ်မှတ်ထိုးခိုင်းတယ်။ လက်မှတ်မထိုးတဲ့ လူတွေကြတော့ ဦးခင်မောင်ဆွေက ခင်ဗျားတို့ ထိုးချင်ထိုး မထိုးလဲ သိမ်းရမှာပဲလို့ပြောတော့ အခမဲ့တော့ အပါမခံနိုင်ဘူးဆိုပြီး မထိုးချင်ပဲထိုးလိုက်ရတယ်” ဟု လက်မှတ်ထိုးပေးခဲ့ရသူ တဦးက မဇ္ဈိမကို
ပြောသည်။

စက်တင်ဘာ လပိုင်းတည်းကပင် မကြာခန မြေပိုင်ရှင်များ၏ အမည်များ မြေကွက်များကို မင်းဒပ် ကျေးရွာ အုပ်ချုပ်ရေးမှူး အိမ်မှတဆင့် စာရင်းလာရောက်ကောက်ယူပြီး၊ အခကြေးငွေဖြင့် ဝယ်ယူမည် ဖြစ်ကြောင်း ပြောဆိုကာ အောက်တိုဘာ ၃ ရက် နေ့က ဦးခင်မောင်ဆွေ အပါအဝင် ရေဖြူမြို့နယ် အုပ်ချုပ်ရေးမှူး၊ မြေတိုင်း စာရေးများနှင့် လာရောက် စာရင်းကောက်ယူ သွား ခြင်းဖြစ် သည်။

ရာဘာနှင့် သီဟိုပင်များကို စီးပွားဖြစ် စိုက်ပျိုးထားသော အဆိုပါခြံများသည် ရေဖြူမြို့နှင့် လေးဖာလုံကွာဝေးသည့် မင်းဒပ်ရွာ၏ အရှေ့ဘက်တွင်ရှိသည်။ အသိမ်းခံရသည့် အထဲတွင် ရာဘာခြံအများစုဖြစ်ကာ တဧကလျှင် ရာဘာပင် ၂၂ဝ ရှိကြောင်းသိရပြီး တနှစ်လျှင် တပင်၏ ပျမ်းမျှ ထွက်နှုန်းမှာ ကျပ်ငွေ ၁၄,၄ဝဝ ဖြစ်ကြောင်း ခြံပိုင်ရှင်များက
ပြောသည်။

ခြံမြေများအား တဧကလျင် ကျပ်ငွေ ၂၅ သိန်းနှုန်းဖြင့် သတ်မှတ်ကာ လက်မှတ် ထိုးခိုင်းခဲ့ခြင်းကို ခြံပိုင်ရှင်များက ကျေနပ်မှု မရှိကြသော်လည်း အခမဲ့သိမ်းခံရမည်ကို စိုးရိမ်ကြသဖြင့် လိုက်လျောခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

အာဏာပိုင်များက သတ်မှတ်သိမ်းယူသည့် ဈေးနှုန်းမှာလည်း ကာလတန်ကြေးထက် သိန်းပေါင်းရာချီ ကွာဟနေ သည်ဟု ခြံသိမ်း ခံရသူတို့က ပြောသည်။

“ကိုယ့်လက်ငုတ်လက်ရင်း လုပ်စားနေတဲ့ခြံတွေ မတန်တဆ ဈေးတွေနဲ့ ဆုံးရှုံးမှာတော့ ကြောက်တာပေါ့။ ဒါပေမယ့် အလကား ပါသွားမယ့် အတူတူတော့ ရသလောက်နဲ့ပဲ လက်မှတ်ထိုးပေး လိုက်တာပေါ့။ စာထဲမှာတော့ ဘယ်ဌာန၊ ဘယ်သူ့အမိန့် ဆိုတာ တော့ မပါဘူး” ဟု ရွာခံတဦးကပြောသည်။

မြန်မာအစိုးရနှင့် အီတာလျံထိုင်း ကုမ္ပဏီ တို့က ၂ဝ၁၂ ခုနှစ်တွင်စတင်ကာ သုံးနှစ်အတွင်း အပြီးတည်ဆောက်ရန် လျာထားသော ထားဝယ်ရေနက် ဆိပ်ကမ်း စီမံကိန်းနယ်မြေတွင် ကျေးရွာပေါင်း ၂ဝ ကျော်တည်ရှိပြီး အဆိုပါ ကျေးရွာများမှာလည်း ရွှေ့ပြောင်းခံ ရမည်ကို စိုးရိမ်မှုများရှိနေကြသည်။

တောင်သူလယ်သမားများ လယ်ယာပိုင်ဆိုင်ခွင့် ဥပဒေမူကြမ်းကို ကျင်းပနေလျက်ရှိသော လွတ်တော်တွင် စက်တင်ဘာ ၁၉ ရက် နေ့က အတည်ပြုလိုက်ပြီဖြစ်သည်။ ယင်းဥပဒေထဲတွင် လယ်ယာမြေများကို အစိုးရက လိုအပ်၍ သိမ်းမည်ဆိုပါက အောက်ခြေ အဆင့်ဆင့်က မြေယာတိုင်းထွာတင်ပြကာ နိုင်ငံတော်သမ္မတက တာဝန်ပေးလျှင် သိမ်းပိုင်ခွင့်ရှိကြောင်း ဖေါ်ပြထားသည်။

Ref: မဇ္ဈိမ

Read More...

ထိုင်းဝန်ကြီးချုပ် ခရီးစဉ်အတွင်း ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေး ဆွေးနွေး

ကိုဝိုင်း
အောက်တိုဘာလ ၀၆ ရက် ၂၀၁၁ ခုနှစ်

ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စယင်လပ်ရှင်နာဝါထရာသည် သမ္မတ ဦးသိန်းစိန် အပါအဝင် ထိပ်တန်း ဝန်ကြီးများနှင့်နှစ်နိုင်ငံ ကုန်သွယ် မှု နှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေး ကိစ္စများကို အဓိကထား တွေ့ဆုံ ဆွေးနွေးပြီးနောက် ဗုဒ္ဓဟူးနေ့ ခရီးစဉ်ကို အဆုံးသတ် လိုက် သည်။

ဇူလိုင်လရွေးကောက်ပွဲမှ ရွေးချယ်ခံရကာ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ်အဖြစ် စတင်တာဝန် ထမ်းဆောင်အပြီး နှစ်လခန့် အကြာတွင် ယခုခရီးစဉ်ဖြစ်ပေါ်လာသည့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ စတင်နေသည့် မြန်မာခရီးစဉ် အတွင်း အစိုးရဘက် တဘက်တည်းနှင့်သာ တွေခဲ့ပြီး အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ခြင်း မရှိပေ။


ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမှုမရှိခဲ့ခြင်းသည် မြန်မာနိုင်ငံ ပြောင်းလဲရေး လုပ်ငန်းစဉ်အတွင်း ထိုင်းနိုင်ငံ၏ အခန်းကဏ္ဍကို မှေးမှိန်ပျောက်ကွယ်စေသည်ဟု ထိုင်းနိုင်ငံ ကြာသာပတေးထုတ် နေရှင်းသတင်းစာတွင် ဆောင်းပါးရှင် Supalak Ganjanakhundee သုံးသပ်ထားသည်။

“ဝန်ကြီးချုပ် (မစ္စယင်လတ်) က ဒေါ်အောင်ဆန်းစုကြည်နဲ့ မတွေ့ဆုံခဲ့တဲ့အတွက် မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး ကနေတဆင့် ဒေသဆိုင်ရာနိုင်ငံရေး ပြုပြင်ပြောင်းလဲမှုအထိ ထိုင်းနိုင်ငံက ဦးဆောင်နိုင်ဖို့ဆိုတဲ့ တန်ဘိုးကြီးတဲ့ အခွင့်အလမ်းတခုကိုလက်လွတ် လိုက်ရတာပါပဲ” ဟု သုံးသပ်ထားသည်။

မိတ်ဆက်ခရီးစဉ်ဟု ထိုင်းဘက်က ရည်ညွှန်းပြီး မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော်သို့ ရောက်ရှိခဲ့သည့် မစ္စယင်လပ်ကို သမ္မတ ဦးသိန်းစိန်က နေပြည်တော် သူ၏ ရုံးတွင် အခန်းအနားဖြင့် ဂုဏ်ပြု ကြိုဆိုခဲ့ကြောင်း ကြာသပတေးထုတ် နိုင်ငံပိုင် သတင်းစာ များက ဖော်ပြကြသည်။

ဦးသိန်းစိန် ဦးဆောင်သည့် ဆောက်လုပ်ရေး၊ ကာကွယ်ရေး၊ စီမံ/စီးပွား၊ ပို့ဆောင်ရေး၊ စွမ်းအင်၊ စီးပွား/ ကူးသန်း ပြည်ထောင်စု ဝန်ကြီးများ၊ ဒုဝန်ကြီးများနှင့် မစ္စယင်းလပ်ဦးဆောင်သည့် ထိုင်း ကိုယ်စားလှယ်အဖွဲ့တို့ ညနေ ၄ နာရီ မိနစ် ၅ဝတွင် တွေ့ဆုံကြစဉ် နယ်စပ်ကုန်သွယ်ရေး၊ ရင်းနှီး မြှုပ်နှံမှု၊ ထိုင်းနိုင်ငံရှိ မြန်မာ အလုပ်သမားများ ကိစ္စ၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကိစ္စများ ဆွေး နွေးကြသည်။

မစ္စယင်လပ်သည် ထိုင်းအစိုးရကိုယ်စား မိုးလေဝါသနှင့် ဇလဗေဒဆိုင်ရာ ကိရိယာများကို လွှဲပြောင်းသည့် အထိမ်း အမှတ် ဆိုင်း ဘုတ်ပေးအပ်ပြီး နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးများအကြား ကရင်ပြည်နယ် သင်္ကန်းညီနောင်မှ ကော့ကရိတ်အထိ လမ်းဖောက် လုပ်ရန် သဘောတူခဲ့ကြသည်။

နေးရှင်းသတင်းစာ ဆောင်းပါးရှင် Supalak Ganjanakhundee ကမူ ဒေသတွင်းအင်အားကြီး အိန္ဒိယ၊ တရုတ်နိုင်ငံ နှစ်နိုင်ငံ အကြား နယ်စပ်ချင်း ဆက်စပ်နေပြီး ကမ္ဘာ့မဟာဗျူဟာ ပထဝီအနေအထားတွင် တည်ရှိနေသည့် မြန်မာ နိုင်ငံကို စီးပွားရေး အကျိုးအမြတ်တခုထဲဖြင့် စဉ်းစားမဆက်ဆံသင့်ကြောင်း ဆောင်းပါးရှင်က ဝေဖန်ထားသည်။

မြန်မာနိုင်ငံ နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ရေးလုပ်ငန်းစဉ်များကို နိုင်ငံတကာအသိုင်းအဝန်းမှ သတိထား စောင့်ကြည့် နေကြ ပြီး ကုလသမဂ္ဂ၊ အမေရိကန်၊ ဥရောပသမဂ္ဂ တို့ကလည်း သူတို့၏ ထိပ်တန်း ကိုယ်စားလှယ်များကို ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ဆွေးနွေးပြီး အနာဂတ်ပုံစံသစ်ကို သိရှိနိုင်ရန် ကြိုးပမ်းနေကြသည်ကိုလည်း သတိချပ်မိစေရန် ထောက်ပြထားသေးသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် မတွေ့ဆုံခဲ့သည့် မစ္စယင်လပ်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် ဘောလုံးပွဲ အတူ ကြည့်ခဲ့သော ဗိုလ်ချုပ် များနှင့် နီးစပ်သူ ထိပ်တန်း စီးပွားရေးလုပ်ငန်းရှင် ဦးဇော်ဇော်နှင့်မူ တွေ့ဆုံခဲ့သည်။

စီမံ/ စီးပွားရေး ဝန်ကြီးဌာန၏ ၂ဝ၁၁ ဇွန်လ စာရင်းအရ ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၂.၄၉ ဘီလီယံဖြင့် ဒုတိယ အများဆုံး နိုင်ငံဖြစ်သည်။ တရုတ်နိုင်ငံက ၁၃ ဘီလီယံဖြင့် အများဆုံးဖြစ်သည်။

ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံ မုတ္တမပင်လယ်ကွေ့ ရတနာနှင့် ရဲတံခွန်လုပ်ကွက်မှ သဘာဝဓာတ်ငွေ့များကို ၁၉၉၈ ခုမှ စ၍ ဝယ်ယူ နေသည်။ အရှေ့အလယ်ပိုင်းနှင့် ဥရောပမှ ကုန်စည်များတင်သွင်း ရန် ရည်ရွယ်ပြီး ခန့်မှန်း အမေရိကန်ဒေါ်လာ ၁၃ ဘီလျံ ကုန် ကျခံ တည်ဆောက်မည့် ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်းကို BOT စာချုပ်အရ ထိုင်းက နှစ်ပေါင်း ၆ဝ စီမံ ခွင့်ရမည်ဖြစ်သည်။

အပြန်အလှန်အားဖြင့် ထိုင်းနိုင်ငံက ၂ဝ၁၄ တွင် မြန်မာနိုင်ငံက အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌနေရာ ရယူရေး ထောက်ခံထား သော်လည်း လက်ရှိ အလှည့်ကျ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတလီဂါဝါ Marty Natalegawa ကမူ မကြာမီ ဒေါ်အောင်ဆန်းစုကြည်နှင့် သွားတွေ့ပြီး သဘောထားမေးမြန်းမည်ဟု သိရသည်။

၂ဝ၁၁ ခု ဇူလိုင် ၃ ရက် အောက်လွှတ် တော် ရွေးကောက်ပွဲတွင် ဖူးရာ့ထိုင်းပါတီခေါင်းဆောင် မစ္စ ယင်လပ် ရှင်နာဝါထရာသည် ပြိုင်ဘက် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ မစ္စတာ အဖိဆစ် ဝေ့ခ်ျချာချီဝကို မဲ ၁ဝဝ ကျော်ဖြင့် အနိုင်ရခဲ့သည်။

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ပြည်နယ်ဇာတိ အသက် ၄၄ နှစ်အရွယ် မစ္စယင်လပ်သည် အမေရိကန် ကင်တပ် ကီပြည်နယ် တက္ကသိုလ်မှ ပြည်သူ့ရေးရာစီမံခန့်ခွဲမှု မဟာဘွဲ့၊ ချင်းမိုင် တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံဘွဲ့များ ရရှိထား သော်လည်း သူ၏ အကို ဝန်ကြီးချုပ်ဟောင်း မစ္စတာတပ်ဆင် ၏ အရှိန်ဖြင့် ဝန်ကြီးချုပ်ဖြစ်လာသည်ဟု စွပ်စွဲခံရပြီး
နိုင်ငံရေးအတွေ့အကြုံနည်းသည်ဟု ဝေဖန်မှုများ ရှိနေသည်။

မြန်မာ့အရေးဆောင်ရွက်သည့် အာဆီယံ ပါလီမန် အမတ်များအဖွဲ့ AIPMC အင်ဒိုနီးရှားရုံးမှ ဦးဆောင်ညွှန်ကြာရေးမှူး အာဂွန်း ပူထရီက မြန်မာပြုပြင်ပြောင်းလဲရေးကို ထောက်ခံကြောင်း ပြသသည့်အနေဖြင့် ထိုင်းနိုင်ငံက မစ္စယင်းလပ် သည် ဒေါ်အောင် ဆန်းစုကြည်နှင့် တွေ့ဆုံသင့် ကြောင်းပြောသည်။

“မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုဖြစ်စဉ်မှာ ထိုင်းနိုင်ငံရဲ့ အခန်းကဏ္ဍကို ကျဆင်းစေမှာဖြစ်ပြီး ထိုင်းအစိုးရနဲ့ မြန်မာ လူထု အကြား ပိုပြီး ကင်းကွာစေမှာဖြစ်ပါတယ်” ဟု သုံးသပ်ပြောဆိုသည်။

မြန်မာ- ထိုင်းနှစ်ဘက် နိုင်ငံခြားရေးဝန်ကြီးများ သဘောတူခဲ့သည့် ကရင်ပြည်နယ် သင်္ကန်းညီနောင်- ကော့ကရိတ် လမ်းသည် ၂ဝဝ၂ ခုတွင် အိန္ဒိယ၊ ထိုင်း၊ မြန်မာ သုံးနိုင်ငံ သဘောတူထားသည့် အိန္ဒိယ အရှေ့မြောက် မိုးရေးမှ မြန်မာနိုင်ငံ ပုဂံမြို့ကိုဖြတ်၍ ထိုင်းနိုင်ငံ မဲဆောက်သို့ သွယ်တန်းမည့် အမြန်လမ်းမကြီး၏ အစိတ်အပိုင်းတခု ဖြစ်သည်။

Ref: မဇ္ဈိမ

Read More...

လယ်​ဝေး​က တံတား​ သမ္မတလာမှ အား​ချင်း​ပြင်

October 6, 2011
အေး​နိုင်

လယ် ​ဝေး​မှာ လွန်ခဲ့​တဲ့​ လပိုင်း​က ​ရေကြီး​ပြီး​ တံတား​တွေပျက်စီး​တာ​ကြောင့်​ သွား​ရေး​လာ​ရေး​ ခက်ခဲ​နေရာက​နေ သမ္မတ ဦး​သိန်း​စိန်မလာခင် အမြန်ပြင်ဆင်​နေတာ​ကြောင့်​ တံတား​ပြီး​စီး​လုပြီလို့​ နယ်​မြေခံ​တွေက ​ပြောပါတယ်။

ပြင်ဆင်တဲ့​ တံတား​ဟာ ​ပေ ၃၀၀ ​ကျော်ခန့်​ရှိ ​ချောင်း​စုတံတား​ဖြစ်ပြီး​ လွန်ခဲ့​တဲ့​ တလ​ကျော်ခန့်​က ​ရေကြီး​မှုမှာ ပျက်စီး​ခဲ့​တာဖြစ် ပါတယ်။

ချောင်း​ စုတံတား​ကို သံကူကွန်ကရစ်အမျိုး​အစား​ တံတား​အဖြစ် ပြုပြင်​နေတယ်လို့​ ဆိုပါတယ်။ ​ချောင်း​စုတံတား​နဲ့​အတူ ပျက်စီး​ခဲ့​တဲ့​ စီမံကိန်း​တံတား​ကို​တော့​ မပြင်ရ​သေး​ပါဘူး​။

တံတား​ပျက်​ နေတဲ့​ တလတာအတွင်း​မှာ လယ်​ဝေး​မြို့ခံ​တွေ အဲဒီတံတား​ကို ဖြတ်ပြီး​ နာ​ရေး​ကိစ္စ​ဆောင်ရွက်ရာမှာ အခက်ကြုံခဲ့​ရတယ်လို့​ မြို့ခံတဦး​က ဆိုပါတယ်။

“သင်္ချိုင်း​ ပို့​တာက ကျ​နော်တို့​ မပို့​နိုင်​တော့​ဘူး​ဗျာ။ ​ချောင်း​ထဲကို ထမ်း​လို့​ရှိရင် နှစ်​သောင်း​ပေး​ရတယ်။ ဆိုင်ကယ်​တွေဘာ​တွေက ​ဖောင်နဲ့​ကူး​ရင် တစီး​ကို ငါး​ရာ​ပေး​ရတယ်။ လူ​တွေက​တော့​ ​ရေနည်း​တဲ့​အခါ ​ခြေကျင်​လျှောက်ကြ​ပေါ့​။ သင်္ဂြီုဟ်တဲ့​ စရိတ်​တွေက တအား​တက်​နေ​တော့​ ပျဉ်း​မနား​ကို​ကျော်ပြီး​ တပ်ကုန်း​နယ်ထဲက ကျီ​တောင်ကန်နား​က သင်္ချိုင်း​ကို သွား​င်္ဂြီုဟ်ကြရတယ်” လို့​ ​ပြောပါတယ်။

အဲဒီတံတား​ တည်ရှိတဲ့​ ချမ်း​သာကြီး​ရပ်ကွက်မှာ သစ်ကား​တွေ​ကြောင့်​ ထူ​ပြောတဲ့​ချိုင့်​ခွက်​တွေကို သမ္မတလာချိန်အမီ ​မြေဖို့​ပြီး​ ​ကျောက်ကြိတ်စက်နဲ့​ ကြိတ်ပြီး​ပြုပြင်ထား​ခဲ့​တာ​ကြောင့်​ ​ခေတ္တအဆင်​ပြေခဲ့​ကြောင်း​၊​ ဒါ​ပေမယ့်​ သမ္မတခရီး​စဉ်အပြီး​ မိုသည်း​သည်း​ရွာလိုက်တဲ့​အခါ ဗွက်ထပြီး​ စက်ဘီး​ သွား​မရ​လောက်​အောက် ပြန်ပျက်စီး​နေတယ်လို့​ ဆိုပါတယ်။

သမ္မတကြီး​ဟာ လယ်​ဝေး​မြို့​ကို ​ရောက်ခိုက်မှာ တပင်​ရွှေထီး​ရဲ့​ ခမည်း​တော် မင်း​ကြီး​ညိုလက်ထက် ဖို့​ခဲ့​တဲ ဆင်အုံကန်ကို ပြုပြင် မယ်၊​ အစိုး​ရသစ်ဟာ ကန်​တွေကို ပြုပြင်မယ်၊​ ပြည်သူ​တွေ ကံ​ကောင်း​ပါ​စေလို့​ မြို့​ခံ​တွေကို ​ပြောဆိုသွား​တယ်လို့​ ဆိုပါတယ်။
လယ်​ဝေး​မြို့က ​ရေကြီး​မှုမှာ လယ်သူမနှစ်ဦး​ တံတား​နဲ့​အတူ နစ်​မျောအသက်ဆုံး​ရှုံး​ခဲ့​ပါတယ်။

Ref: ဒီဗွီဘီ

Read More...

ဆင်း​ရဲနွမ်း​ပါး​မှုပ​ပျောက်​ရေး​ချေး​ငွေကို အာဏာပိုင်နှင့်​နီး​စပ်သူများ​သာရ

October 6, 2011
နော်နိုရင်း

ဧရာဝတီတိုင်း​ လပွတ္တာမြို့နယ် ​ညောင်လိန်​ကျေး​ရွာမှာ ဆင်း​ရဲနွမ်း​ပန်း​မှု​လျှော့​ချ ​ရေး​အတွက် ရွာသား​တွေကို ​ငွေထုတ်​ပေး​ရာမှာ ​ကျေး​ရွာအုပ်ချုပ်​ရေး​မှူး​က နီး​စပ်တဲ့​ သူ့ရွာသား​တွေနဲ့​ ​ဆွေမျိုး​တွေကိုသာ ထုတ်​ပေး​ခဲ့​တယ်လို့​ ရွာသား​တွေက ​ပြောပါတယ်။

ပြီး​ခဲ့​တဲ့​ ​အောက်တိုဘာလ ၂ ရက်​နေ့က ​ညောင်လိန်​ကျေး​ရွာက ရပ်ကွက်​တွေကို တအိမ်တ​ယောက် အစည်း​အ​ဝေး​ခေါ်ယူပြီး​ မြို့နယ်အမျိုး​သမီး​ရေး​ရာနဲ့​ ​ကျေး​ရွာအုပ်ချုပ်​ရေး​မှူး​က​နေပြီး​ တီဘီ တိုက် ဖျက်​ရေး​ဆိုပြီး​ ​ဟော​ပြောပွဲ​တွေ ပြုလုပ်ခဲ့​ပါတယ်။


ဟော​ ပြောပွဲပြီး​ ကျန်တဲ့​ရွာသား​တွေကို ပြန်လွှတ်​ပေမယ့်​ ကညင်ကုန်း​ ရပ်ကွက်သား​တွေကို ဆက်​နေခိုင်း​ပြီး​ ​ညောင်လိန်​ကျေး​ အုပ်စုအုပ်ချုပ်​ရေး​မှုး​က ဆင်း​ရဲ
နွမ်း​ပါး​မှု ​လျှော့​ချ​ရေး​အတွက်ဆိုပြီး​ ​ငွေထုတ်​ပေး​ခဲ့​တာလို့​ ​ညောင်လိန်ရွာသား​ ကိုလင်း​လင်း​က ​ပြောပါတယ်။

“ဆင်း​ရဲ့​မှု​ လျှော့​ချ​ရေး​နဲ့​ ​မွေး​မြူ​ရေး​ ဆိုပြီး​တော့​ မြို့​နယ်က တိရစ္ဆာန် ဆရာဝန် နဲ့​ ​ကျေး​ရွာ ဥက္ကဋ္ဌ ​ပေါင်း​ပြီး​ ကညင်ကုန်း​သား​ကို သာလျှင် အကုန်လုံး​ထုတ်တယ်။ အမျိုး​မ​တော်တဲ့​ အိမ်ကို ၃ ​သောင်း​ထုတ်​ပေး​တယ်။ အမျိုး​တော်တဲ့​ အိမ် ၃၀ ကိုကျ​တော့​ ၁ သိန်း​ ၃ ​သောင်း​ ထုတ်​ပေး​တယ်။ အဲဒါ တညင်ကုန်း​ တကုန်း​တည်း​ ကွင်း​ပြီး​ ထုတ်သွား​တာ။ တကယ် ဆင်း​ရဲ​နေတဲ့​လူ​တွေ လက်လုပ်လက်စား​တွေကျ​တော့​ ထုတ်မ​ပေး​ဘဲနဲ့​ ချမ်း​သာတဲ့​လူ​တွေကို ထုတ်​ပေး​တယ်ဆို​တော့​ နိုင်ငံ​တော် သမ္မတကြီး​ရဲ့​ လမ်း​ညွှန်ချက်နဲ့​ တခြား​စီပဲလို့​။ နာဂစ်တုန်း​ကလည်း​ အဆက်ဆက် ဒီလိုဖြစ်လာ​တော့​ မခံနိုင်​တော့​ဘူး​ ​ညောင်လယ်သား​တွေက။ ဒါ​ကြောင့်​ ကျ​နော်က တင်ပြတာပါ။”

အဲဒီ​ချေး​ငွေဟာ ဧရာဝတီတိုင်း​မွေး​မြူ​ရေး​ဌာနက အတိုး​ ၂ ကျပ်နှုန်း​နဲ့​ ထုတ်​ချေး​တာဖြစ်ပါတယ်။

ဒီကိစ္စနဲ့​ပတ်သက်ပြီး​ ​ညောင်လိန်​ကျေး​ ရွအုပ်ချုပ်​ရေး​မှူး​ ဦး​နေဝင်း​မြင့်​ကိုဆက်သွယ်ခဲ့​ပေမယ့်​ မရခဲ့​ပါဘူး​။

ဒါ​ပေမယ့်​ သူ့​ဆွေး​မျိုး​နီး​စပ်သူတဦး​က​တော့​ ​မွေး​မြူ​ရေး​လုပ်နိုင်တဲ့​ အရည်အချင်း​ရှိသူနဲ့​ ​ချေး​ငွေပြန်ဆပ်နိုင်မယ့်​သူကိုသာ ​ချေး​ပေး​တာလို့​ ​ပြောပါတယ်။

“သူ​ပြောတာက​ တော့​ အထက်က လမ်း​ညွှန်မှုနဲ့​ သူလည်း​ လုပ်တယ် ​ပြောတာပဲ။ မယကတို့​ ခယကတို့​က လှမ်း​ညွှန်တာတဲ့​။ ဒီ ကညင်ကုန်း​ရွာကို ​ပေါ့​နော်။ အဲဒါ​ကြောင့်​ သူတို့​ ဆင်း​လာတာပါတဲ့​ အဲဒီလို ​ပြောတာ ကြား​တာပဲ။”

စုစု​ပေါင်း​ ​ငွေ​ကြေး​ သိန်း​ ၅၀ ​ကျော်ကို ကညင်ကုန်း​ရွာ အိမ်​ခြေ ၉၀ ​ကျော်အတွက် ထုတ်​ချေး​ပေး​ခဲ့​တာလို့​ ဆိုပါတယ်။

၃ ​သောင်း​နဲ့​ ၁ သိန်း​တို့ ခွဲ​ပေး​တာနဲ့​ပတ်သက်လို့​လည်း​ အခုလို ​ပြောပါတယ်။

“ဝက်​မွေး​ မယ့်​လူက ၁ သိန်း​ပေါ့​နော်။ ကြက်​မွေး​မယ့်​လူက ၃ ​သောင်း​ပေါ့​။ ဝက်က အရင်း​အနှီး​ကြီး​တယ် ဆိုပြီး​တော့​ ဝက်သမား​ကို ၁ သိန်း​ပေး​တာ​လေ။ ​ငွေက ၂ ကျပ် တိုး​နဲ့​ ​ချေး​တာ။ ​ချေး​ပြီး​တော့​ သူတို့​ အဲဒီဟာ ဝယ်ရမယ်​ပေါ့​။ ဘယ်​နေ့​ လာစစ်မယ်​ပေါ့​ အဲဒါ​ပြောတယ်။”

ငွေထုတ်​ချေး​ ပေး​ပြီး​ ပြန်မဆပ်နိုင်မှာကို စိုး​ရိမ်တဲ့​အတွက် အခုလို သူနဲ့​နီး​စပ်တဲ့​ ရွာသား​တွေနဲ့​ သူ့​ဆွေမျိုး​တွေကို ထုတ်​ချေး​တာ ဖြစ်နိုင်တယ်လို့​လည်း​ ဆိုပါတယ်။

မွေး​မြူ​ရေး​ဌာနက ဆင်း​ရဲနွမ်း​ပါမှု​လျှော့​ချ​ရေး​အတွက်ဆိုပြီး​ ပထမဆုံး​အကြိမ် ​ငွေထုတ်​ချေး​ပေး​တာလို့​ ​ပြောပါတယ်။

တကယ့်​ ဆင်း​ရဲသူ​တွေက မရဘဲ ချမ်း​သာတဲ့​သူ​တွေ၊​ ​ကျေး​ရွာ အုပ်ချုပ် ​ရေး​မှူး​နဲ့​နီး​စပ်တဲ့​သူ​တွေသာ ရရှိ​နေတာ​ကြောင့်​ နိုင်ငံ​တော် သမ္မတညွှန်ကြား​ချက် နဲ့​ လွဲ​နေတဲ့​အတွက် လာ​ရောက်စစ်​ဆေး​ပေး​ဖို့​လည်း​ ​ညောင်လိန်​ကျေး​ရွာသား​တွေက ​တောင်း​ဆိုကြပါ တယ်။

Ref: ဒီဗွီဘီ

Read More...

သတင်း​ထောက်များ​၏အ​ကြောင်း​ အထူး​စုံစမ်း​စစ်​ဆေး​ရေး​အဖွဲ့က လိုက်လံ​မေး​မြန်း

October 6, 2011
ရွှေအောင်

ရန်ကုန်က ဂျာနယ်သတင်း​ထောက်တချို့နဲ့ မြန်မာနိုင်ငံ အ​ခြေစိုက် ပြည်ပ သတင်း​ဌာန​တွေက သတင်း​ထောက် တချို့ကို အထူး​ စုံစမ်း​စစ်​ဆေး​ရေး​ အဖွဲ့က လိုက်လံ စုံစမ်း​မေး​မြန်း​နေပါတယ်။

ကာယကံရှင်သတင်း ​ထောက်​တွေကို ​မေး​မြန်း​စုံစမ်း​တာမဟုတ်ဘဲ သူတို့​ ​နေအိမ်နဲ့ ​နေထိုင်တဲ့​ ရပ်ကွက်ရုံး​တွေကို သွား​ရောက်ပြီး​ ဗုဒ္ဓဟူး​နေ့က ​မေး​မြန်း​ စုံစမ်း​ခဲ့​တာပါ။

ရပ်ကွက်ထဲ ​နေထိုင်ခြင်း​ရှိမရှိ၊​ သတင်း​ထောက်လုပ်တာ ဟုတ်မဟုတ် စတာ​တွေ ​မေး​မြန်း ​စုံစမ်း​ကြတာလို့ အယ်ဒီတာ တဦး​က ​ပြောပါတယ်။

အခုလို ​မေး​မြန်း​စုံစမ်း​တာ​တွေ မလုပ်ခင်ကတည်း​က သတင်း​ယူတဲ့​နောက် တ​ကောက်​ကောက် လိုက်တာမျိုး​တွေ မကြာခဏ ကြုံရတယ်လို့ သတင်း​ဂျာနယ် အယ်ဒီတာတဦး​က ​ပြောပါတယ်။

အထူး​သဖြင့်​ ​နေပြည်​တော် လွှတ်​တော် သတင်း​သွား​ယူအခါမျိုး​တွေမှာ သန့်​စင်ခန်း​ဝင်တာကအစ ​နောက်က​နေ ​နောက်​ယောင်ခံ လိုက်ကြည့်​နေတာမျိုး​ထိ ကြုံကြရတာလို့​လည်း​ ဆိုပါတယ်။

သတင်း​ရေး​သား ​ဖော်ပြခွင့်​ကို အရင်ကထက်ပိုပြီး​ ​ဖော်ပြခွင့်​ပေး​နေချိန်မှာ အခုလိုမျိုး​ သတင်း​ထောက်​တွေကို လိုက်လံစုံစမ်း​မေး​မြန်း​တာ၊​ တ​ကောက်​ကောက် ​နောက်​ယောင်ခံ လိုက်​နေတာမျိုး​တွေကို လုပ်​နေတာနဲ့​ပတ်သက်လို့​ ရန်ကုန်တိုင်မ်း​ မီဒီယာဂရုပ်ဖ်ရဲ့​ အမှု​ဆောင်အရာရှိချုပ် ဦး​ကိုကို (စက်မှု) က ခုလို​ပြောပါတယ်။

“ကျ​နော်တို့​ သတင်း​အဖွဲ့​တွေက ဒီအတိုင်း​ မှတ်ပုံတင်ပြပြီး​ ဝင်ကြရတာ မဟုတ်ဘူး​။ ရုပ်ရှင်ရုံမှာလို လက်မှတ်ဖြတ်ပြီး​ ဝင်လို့​ရတာ မျိုး​မှ မဟုတ်တာ။ ကျ​နော်တို့​ အကုန်လုံး​က ကြိုတင်ပြီး​တော့​ အသိမှတ်ပြုထား​ရတယ်။ နိုင်ငံခြား​သတင်း​ထောက်​တွေဆို ရင်လည်း​ အသိအမှတ်ပြုပြီး​တော့​မှ တရား​ဝင် ဖြတ်သန်း​ပြီး​တော့​မှ စိစစ်ပြီး​တော့​မှ ခွင့်​ပြုထား​တဲ့​ လူ​တွေပဲ ဖြစ်တယ်။ လွှတ်​တော် သတင်း​ယူတယ်ဆိုရာမှာလည်း​ သတင်း​ယူမှာကို ကျ​နော်တို့​က တန်း​ပြီး​တော့​ မင်း​သွား​ဆိုပြီး​ သတင်း​ယူရတာမျိုး​လည်း​ မဟုတ်ဘူး​။ ကြိုတင်ပြီး​တော့​ လိုအပ်တဲ့​ ကိုယ်​ရေး​အချက်အလက်​တွေ ဘာ​တွေနဲ့​ ဖြည့်​စွက်ပြီး​တော့​မှ ယူရတဲ့​ လူ​တွေဖြစ်ပါတယ်။ ဆိုလိုတာက​တော့​ စိစစ်ခံပြီး​မှ ခွင့်​ပြုထား​တဲ့​ လူ​တွေ ဖြစ်တဲ့​အတွက်​ကြောင့်​ ဒီလူ​တွေကို​တော့​ ကျ​နော်က​တော့​ သတင်း​ယူတဲ့​အချိန်မှာ လွတ်လွတ်လပ်လပ် သတင်း​ယူခွင့်​ ​ပြော​စေချင်တယ်။

“လွှတ်​ တော်လိုဟာ မျိုး​ကို​တောင်မှ လွတ်လွတ်လပ်လပ် ​ပြောဆို​ဆွေး​နွေး​ခွင့်​ ရ​နေပြီး​ နိုင်ငံ​ရေး​နဲ့​ ပတ်သက်တာ အရင်တုန်း​က​တော့​ နိုင်ငံ​ရေး​အရ အစိုး​ရကို ​ဝေဖန်တာ​တွေ ​ပြောလို့​ မရဘူး​ဗျာ။ ​ဝေဖန်တာ​ပြောမိရင် ဒုက္ခ​ရောက်တယ်။ အခု ​ဝေဖန်​ပြောဆိုမှု​တွေကို​တောင်မှ တရား​ဝင်ခွင့်​ပြု​နေပြီ အခုဆိုရင် ငြိမ်း​ချမ်း​စွာ ဆန္ဒပြခွင့်​လို ဟာမျိုး​ကို​တောင်မှ ဥပ​ဒေကြမ်း​တွေ ထွက်​နေတဲ့​အချိန်မှာ ဒီလိုမျိုး​ သတင်း​အဖွဲ့​တွေ ​နောက်က​နေ ​နောက်​ယောင်ခံလိုက်တာတို့​ တခုခု လုပ်တာမျိုး​က​တော့​ စိတ်အ​နှောင့်​အယှက် ​ပေး​ရုံကလွဲလို့​ ဘာမှ အကျိုး​မရှိဘူး​လို့​ ကျ​နော် မြင်တယ်ခင်ဗျ။”

Ref: ဒီဗွီဘီ

Read More...

ရွှေဂက်စ် စီမံကိန်း​ကိုလည်း​ ရပ်တန့်ပေး​ရန် ​တောင်း​ဆို

October 6, 2011
နော်နိုရင်း

ဧရာဝတီမြစ်ဆုံ စီမံကိန်း​ကို ဆိုင်ငံ့​ထား​ပြီး​နောက် ရခိုင်ပြည်နယ် ​ကျောက်ဖြူမြို့က​နေ တရုတ် နိုင်ငံကို သွယ်တန်း​မယ့်​ ​ရွှေသဘာဝ ဓာတ်​ငွေ့ပိုက်လိုင်း​ တည်​ဆောက်မှု စီမံကိန်း​ကိုလည်း​ ရပ်ဆိုင်း​သင့်​ကြောင်း​ ​ရွှေဂက်စ် ဆန့်ကျင်​ရေး​ လှုပ်ရှား​မှုအဖွဲ့က ​တောင်း​ဆို လိုက်ပါတယ်။

ဒီက​နေ့​ ​ကြေညာချက်ထုတ်ပြန်​တောင်း​ဆိုလိုက်တာဖြစ်ပြီး​ ရခိုင်ပြည်နယ်၊​ မန္တ​လေး​တိုင်း​၊​ ရှမ်း​ပြည်နယ် တို့​အား​ ဖြတ်သန်း​သွား​မည့်​ ဓာတ်​ငွေ့​ပိုက်လိုင်း​ကြောင့်​ သဘာဝပတ်ဝန်း​ကျင် ထိခိုက်ပျက်စီး​မှု​တွေ၊​ ​ဒေသခံ ပြည်သူ​တွေရဲ့​ လူမှုစီး​ပွား​ရေး​ပျက်စီး​တွေ၊​ လူ့​အခွင့်​အ​ရေး​ ချိုး​ဖောက်မှုများ​ ရှိ​နေတာ​ကြောင့်​ ရပ်တန့်​ရန် ​တောင်း​ဆိုရခြင်း​ဖြစ်​ကြောင်း​ ​ကြေညာချက်မှာ ​ဖော်ပြထား​ပါတယ်။


ဒေသခံပြည်သူ​ တွေရဲ့​ စီး​ပျက်စီး​စေတဲ့​ အပြင်ပြည်သူ​တွေရဲ့​ အကျိုး​စီး​ပွား​ တစုံတရာ မရှိနိုင်တာ​ကြောင့်​ ရပ်တန်ဖို့​တောင်း​ဆိုတာ လို့​ ​ရွှေဂက်စ် လှုပ်ရှား​မှု အဖွဲ့က ကိုဝင်း​အောင်က ​ပြောပါတယ်။

“ဒီစီမံကိန်း​ ကြောင့်​ လူမှု​ရေး​၊​ စီး​ပွား​ရေး​၊​ လူထု​တွေရဲ့​ဘဝ စီး​ပွား​ရေး​တွေကအစ အကုန်လုံး​ အနာဂတ်မဲ့​ ဖြစ်သွား​နိုင်မယ့်​ အ​နေ အထား​တခုမှာ လူထု​တွေရဲ့​ အသံကို နား​ထောင်ဖို့​လိုတယ်။ ​နောက်တခုကလည်း​ ဒီစီမံကိန်း​က ဘယ်လိုမှ ပြည်သူလူထု​တွေ အတွက် အကျိုး​စီး​ပွား​အတွက် သတ်သတ်မှတ်မှတ်ကြီး​ ပြဋ္ဌာန်း​ထား​တာမျိုး​လည်း​ မရှိဘူး​။ စီမံကိန်း​တွေ အ​ကောင်အထည်​ဖော်တဲ့​ ​နေရာမှာလည်း​ အလုပ်အကိုင် အခွင့်​အလမ်း​ကအစ ဘာမှ မရှိခဲ့​ဘူး​ပေါ့​နော်။ အဲဒါ​ကြောင့်​ ဒီစီမံကိန်း​က တရုတ်စီမံကိန်း​ဖြစ်တယ်။ တရုတ်​တွေက လာလုပ်တယ်။ ဒီစီမံကိန်း​ပြီး​သွား​ရင်လည်း​ တရုတ်နိုင်ငံကိုပဲ သူတို့​ရဲ့​ အရင်း​အမြစ်​တွေကို၊​ သူတို့​ရဲ့​ အနာဂတ်စီး​ပွား​ရေး​တွေကို ​ရောင်း​စား​မှာ ဖြစ်တဲ့​အတွက် ဒီဟာကို အကုန်လုံး​ ဝိုင်း​ဝန်း​ပြီး​တော့​ ဆန့်​ကျင်သင့်​တယ်။ အဲဒါ​ကြောင့်​ ဒီစီမံကိန်း​ကို ရပ်သင့်​တယ်လို့​ ကျ​နော်တို့​ အ​နေနဲ့​ ​တောင်း​ဆိုတာပါ။”

ရွှေဂက်စ်စီမံကိန်း ​မှာ ကီလိုမီတာ ၂၈၀၀ ရှည်လျား​တဲ့​ ​ရေနံနဲ့​သဘာဝဓာတ်​ငွေ့​ ပိုက်လိုင်း​သွယ်တန်း​တည်​ဆောက်​ရေး​ စီမံကိန်း​ တို့​ပါဝင်​နေပါတယ်။

ဒီပိုက်လိုင်း ​ က​နေတဆင့်​ မြန်မာပြည် အ​နောက်ဘက်ကမ်း​ရိုး​တန်း​ရှိ ကမ်း​လွန်သဘာဝဓာတ်​ငွေ့​သိုက်မှ သဘာဝဓာတ်​ငွေ့​နဲ့​ အ​ရှေ့​အလယ်ပိုင်း​ဒေသမှ တင်သွင်း​လာတဲ့​ ​ရေနံတို့​ကို မြန်မာပြည် အလယ်ပိုင်း​ကို ဖြတ်သန်း​ပြီး​ တရုတ် ပြည်အ​နောက်​တောင်​ဒေသ ကို တင်ပို့​မှာ ဖြစ်ပါတယ်။ ဒီပိုက်လိုင်း​ဟာ ပြီး​စီး​သ ​လောက်ဖြစ်​နေပြီလို့​လည်း​ ကိုဝင်း​အောင်က ​ပြောပါတယ်။ ဒီသဘာဝ ဓာတ်​ငွေ့​ ​ရောင်း​ချခြင်း​ဖြင့်​ မြန်မာအစိုး​ရဟာ အ​မေရိကန်​ဒေါ်လာ ၂၉ ဘီလီယံ​လောက်ကို ရရှိမှာဖြစ်​ပေမယ့်​ အဲဒီ​ငွေ​တွေကို လူမှုဖွံ့​ဖြိုး​တိုး​တက်​ရေး​အတွက် အသုံး​ပြုမှာ မဟုတ်ဘူး​ဘဲ လူနည်း​စုဖြစ်တဲ့​ စီး​ပွား​ရေး​သမား​တွေနဲ့​ တရုတ်ကပဲ အကျိုး​ရရှိမှာဖြစ်တာ​ကြောင့်​ ဆန့်​ကျင်ကြဖို့​ တိုက်တွန်း​တာလို့​ ​ပြောပါတယ်။

Ref: ဒီဗွီဘီ

Read More...

မြစ်ဆုံစီမံကိန်း​ ပြည်သူများ​ ထိခိုက်မှုမရှိဟု တရုတ်ကုမ္ပဏီ​ပြောဆိုချက် မှား​ယွင်း​ဟု ဆို

October 6, 2011

မြစ်ဆုံ​ ရေကာတာ ​ဆောက်လုပ်ခြင်း​ဟာ မြန်မာပြည်သူ​တွေအ​ပေါ် ထိခိုက်မှုမရှိတဲ့​အ​ကြောင်း​ တရုတ်​ရေအား​လျှပ်စစ် ကုမ္ပဏီ တာဝန် ရှိသူက တရုတ်နိုင်ငံ ပိုင်မီဒီယာမှာ ​ဖြေကြား​ချက်ဟာ မှား​ယွင်း​တယ်လို့​ မြန်မာ့​မြစ်​ချောင်း​များ​ဆိုင်ရာ ကွန်ရက်အဖွဲ့​က ပြန်လည်​ချေပခဲ့​ပတယ်။

ကချင်ပြည်နယ်မှာ စင်ကာပူနိုင်ငံ​လောက် အရွယ်အစား​ကြီး​မား​တဲ့​ ​ရေကာတာ​ဆောက်လုပ်ဖို့​ တရုတ်အစိုး​ရပိုင် စီပီအိုင်ကုမ္ပဏီနဲ့​ မြန်မာအစိုး​ရတို့​ သ​ဘောတူထား​တာပါ။


ဒါ​ပေမယ့်​ သမ္မတဦး​သိန်း​စိန်က စက်တင်ဘာလကုန်ပိုင်း​မှာ ဒီစီမံကိန်း​ကို သူအစိုး​ရသက်တမ်း​ကာလတွင်း​မှာ ရပ်ထား​မယ်လို့​ ဆုံး​ဖြတ်​ကြေညာခဲ့​ပြီး​တဲ့​နောက် စီပီအိုင်ကုမ္ပဏီ ဥက္ကဋ္ဌကို တရုတ်မီဒီယာ​တွေက ​မေး​မြန်း​ရာမှာ မြန်မာပြည် သူ​တွေ ထိခိုက်စရာမရှိဘူး​လို့​ ​ပြောဆိုခဲ့​တာပါ။

တရုတ်နိုင်ငံ လျှပ်စစ်ဆိုင်ရာရင်း​နှီး​မြှုပ်နှံမှု ​ကော်ပို​ရေး​ရှင်း​ ဥက္ကဋ္ဌ လုချူအိုက်​ဇောဝ်က မြစ်ဆုံစီမံကိန်း​ဟာ တရုတ်မြန်မာ နှစ်နိုင်ငံ အကျိုး​စီး​ပွား​အတွက် ဖြစ်တယ်လို့​ဆင်ဟွာသတင်း​အေဂျင်စီနဲ့​ ​ပြောကြား​ချက်အ​ပေါ် မြန်မာ့​မြစ်​ချောင်း​ များ​ဆိုင်ရာ ကွန်ရက်အဖွဲ့​က မဟုတ်မမှန်​ကြောင်း​ ​အောက်တိုဘာလ ၄ ရက်​နေ့​မှာ ထုတ်ပြန်​ချေပခဲ့​တာပါ။

ကွန်ရက်အဖွဲ့​ ​ပြောခွင့်​ရသူ မအား​နန်က “သတင်း​မီဒီယာတခုမှာ အင်တာဗျူး​လုပ်ထား​တယ်​ပေါ့​ ဒီဟာက ဆိုး​ကျိုး​မရှိဘူး​ သူတို့​ဘက်က​နေ နှစ်ဦး​နှစ်ဖက် အကျိုး​ရှိတယ်ဆိုတဲ့​ဟာကို ​ပြော​နေတဲ့​ဟာက တကယ်တမ်း​ ​ဒေသခံ ပြည်သူလူထု​တွေအတွက် အကျိုး​မရှိဘူး​ဆိုတဲ့​ဟာ​တွေကို ကျမတို့​ ပြချင်လို့​ ဒါကို အဓိက ရည်ရွယ်ပြီး​ ထုတ်တာ​ပေါ့​နော်” လို့​ ​ပြောပါတယ်။

တရုတ်ကုမ္ပဏီဥက္ကဋ္ဌက ​တော့​ နှစ်နိုင်ငံအကျိုး​ရှိ​စေမယ့်​ ဒီစီမံကိန်း​ကို အချိန်ယူ​လေ့​လာပြီး​မှ အ​ကောင်အထည်​ဖော် ခဲ့​ကြောင်း​၊​ တရုတ်နိုင်ငံကို လျှပ်စစ်ဓာတ်​ရောင်း​ ချခြင်း​အား​ဖြင့်​ မြန်မာပြည်က အ​မေရိကန်​ဒေါ်လာ သန်း​ပေါင်း​ ၅ ​သောင်း​ ၄ ​ထောင်ရမှာ ဖြစ်သလို လျှပ်စစ်ဓာတ်အား​လည်း​ အခမဲ့​ရမှာဖြစ်တယ်။ ​ရေကာတာ​ကြောင့်​ ​ရေကြီး​တာကိုလည်း​ထိန်း​ထား​နိုင်မယ်။ ဒီအကျိုး​တွေအတွက် တရုတ်ဘက်က ​ငွေအား​လူအား​နဲ့​ ​ဆောင်ရွက်​နေတုန်း​မှာ ကြိုတင် အ​ကြောင်း​မကြား​ဘဲ ​ရေကာတာ စီမံကိန်း​ တဖက် သတ်ရပ်စဲ​ကြောင်း​ ​ကြေညာတာကို အံ့​အား​သင့်​မိ​ကြောင်း​။ ဒီကိစ္စ တရား​ ဥပ​ဒေ​ကြောင်း​အရ ပြန်​ဖြေရှင်း​မယ့်​ အ​ကြောင်း​ ​ပြောကြား​ခဲ့​ပါတယ်။

ဒီအချက်​တွေ မှန်ကန်မှုမရှိတာကို တချက်စီပြန်လည်​ချေပထား​တဲ့​အ​ကြောင်း​ မအား​နန်က ခုလိုဆက်​ပြောပါတယ်။

“လျှပ်စစ်မီး​ ၉၀ ရာခိုင်နှုန်း​က တရုတ်ရမယ်၊​ ကျန်တဲ့​ ဒီ ပိုက်စံက​တော့​ သူတို့​ ​ပေး​တာက​တော့​ အစိုး​ရ​ပေါ့​နော် သ​ဘောတူ စာချုပ် ချုပ်တဲ့​ အစိုး​ရ တစုရမယ်၊​ ပြီး​တော့​ တရုတ်ဘက်က​နေပြီး​တော့​ အကျိုး​အမြတ်ရမယ်​ပေါ့​နော်။ အဲဒီ အစိုး​ရကလည်း​ ကျမတို့​ ပြည်သူလူထု​တွေ ​ရွေး​ထား​တဲ့​ အစိုး​ရမဟုတ်ဘူး​။ ​နောက်တချက်က​တော့​ ဒီ​ရေလွှတ်မှုက​တော့​ ကျမတို့​ မြန်မာနိုင်ငံက ဧရာဝတီမြစ်ကို ထိန်း​သိမ်း​မှာ မဟုတ်ဘူး​။ ​နေပြည်​တော်က​နေပြီး​တော့​ ထိန်း​သိမ်း​နိုင်မှာ မဟုတ်ဘူး​။ ဒါက ​ပေကျင်း​မှာ ရှိတဲ့​ တရုတ်​တွေက​နေပြီး​တော့​ ​ရေ ဘယ်​လောက်လွှတ်မယ်၊​ ဘယ်​လောက် ထိန်း​ချုပ်ထား​မယ် ဆိုတာက ဒီ တရုတ်နိုင်ငံက​နေပဲ ပြန်ထိန်း​ချုပ်ထား​မယ်​ပေါ့​နော်။”

ဧရာဝတီမြစ်ဆုံ ​ရေအား​လျှပ်စစ်စီမံကိန်း​မှာ တရုတ်ဘက်က အ​မေရိကန်​ဒေါ်လာ သန်း​ပေါင်း​ ၃၆၀၀ ရင်း​နှီး​မြှုပ်နှံပြီး​ ၁၀ နှစ် စီမံကိန်း​နဲ့​ ​ဆောင်ရွက်သွား​ဖို့​ ၂၀၀၆ ခုနှစ် ကတည်း​က မြန်မာနဲ့​ လက်မှတ်​ရေး​ထိုး​ထား​ခဲ့​တာပါ။ မြစ်ဆုံစီမံကိန်း​အနီး​မှာ ​ရေအား​လျှပ်စစ်စီမံကိန်း​အတွက် ​ရေကာတာ အငယ်စား​ ​လေး​တွေက​တော့​ ဆက်လက်​ဆောက်လုပ်​နေကြပါတယ်။

Ref: ဒီဗွီဘီ

Read More...

မဲဆောက်-မြဝတီ ကုန်သွယ်ရေး ပြန်ဖွင့်ရန် မျှော်လင့်

သန်းထိုက်ဦး
06 October 2011

ထိုင်းဝန်ကြီးချုပ် ယင့်လပ် ရှင်နာဝပ်၏ မြန်မာနိုင်ငံသို့ တရက်ကြာ ခရီးစဉ်အပြီးတွင် မြန်မာအစိုးရက တနှစ်ကျော်ကြာ ပိတ်ထား ခဲ့ သော မဲဆောက်-မြဝတီ နယ်စပ်ကုန်သွယ်ရေးကို တရားဝင် ပြန်ဖွင့်ခွင့်ပေးလိမ့်မည်ဟု ထိုင်းစီးပွားရေးသမားများနှင့် ရင်းနှီး မြှုပ်နှံသူ များက မျှော်လင့်နေကြသည်။

မစ္စက် ယင့်လပ် ရှင်နာဝပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များသည် မြန်မာနိုင်ငံသို့ ယမန်နေ့တွင် သွားရောက်ခဲ့ပြီး နေပြည်တော်ရှိ သမ္မတရုံး၌ သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံကြောင်း၊ နယ်စပ်ကုန်သွယ်ရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး၊ ထိုင်းနိုင်ငံရှိ မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ အရေး၊ သင်္ကန်းညီနောင်မှ ကော့ကရိတ်မြို့နယ်အထိ ကားလမ်း ဖောက်လုပ် ရေး စသည်တို့ကို ဆွေးနွေးကြောင်း ယနေ့ထုတ် အစိုးရသတင်းစာတွင် ဖော်ပြထားသည်။


မြန်မာနိုင်ငံနှင့် ကုန်သွယ်ရာတွင် ယခင်ထိုင်းအစိုးရနှင့်စာလျှင် လက်ရှိ ထိုင်းအစိုးရက ပိုမိုကောင်းမွန်သည့် နယ်စပ်စီးပွားရေး အခွင့်အလမ်းများ ဆောင်ရွက်ပေးနိုင်မည်ဟု ထိုင်းလုပ်ငန်းရှင်အများစုက မျှော်လင့်နေကြခြင်း ဖြစ်သည်။

“တံတားကိုတော့ ပြန်ဖွင့်ပေးလိမ့်မယ်လို့ မျှော်လင့်ထားတယ်။ ၀န်ကြီးချုပ်ကလည်း သွားတာ မကြာသေးတော့ ဘာမှမသိရ သေးဘူး” ဟု တာ့ခ်ခရိုင် ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ Bunpot Kokiatcharone က ဧရာဝတီသို့ ပြောသည်။

နယ်စပ်ရှိ ထိုင်းလုပ်ငန်းရှင်အများစုက ထိုင်း-မြန်မာ နယ်စပ် ချစ်ကြည်ရေးတံတား ပြန်ဖွင့်ပေးမည့် သတင်းကောင်းကို မျှော်နေ သည်ဟုလည်း ၎င်းက ဆက်လက်ပြောသည်။

မြန်မာနိုင်ငံမှ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၏ ပြီးခဲ့သည့်နှစ်ဆန်းပိုင်း ထုတ်ပြန်ချက်အရ ထိုင်း သည် တရုတ်နိုင်ငံပြီးလျှင် မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုအများဆုံး ပြုလုပ်ထားသည့်နိုင်ငံ ဖြစ်ကြောင်း သိရသည်။

“ဒီအစိုးရက စီးပွားရေးကို ဦးစားပေးတဲ့အစိုးရ ဖြစ်တယ်။ နောက်ပြီး အစိုးရသစ်ရဲ့မူဝါဒက မြန်မာအစိုးရနဲ့ ဘာအတိုက်အခံမှ မလုပ်ဘူး၊ မြန်မာနဲ့ ဘာပြဿနာမှ ရှိမှာမဟုတ်သလို အရှိခံမှာလည်း မဟုတ်ဘူး။ ဒါကြောင့် မြန်မာဘက်က နယ်စပ်ဂိတ်ပြန်ဖွင့်မယ့် ကိစ္စနဲ့ပတ်သက်ပြီး ထိုင်းကုန်သည် အများစုက အဆင်ပြေမယ်လို့ ယုံကြည်နေကြတယ်” ဟု ထိုင်းစားသောက်ကုန်လုပ်ငန်းရှင် မစ္စတာ နိုင်ဆူချိုင်းက ပြောသည်။

ပြီးခဲ့သည့်လ ၁၉ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သော လွှတ်တော်အစည်းအဝေးတွင် မြ၀တီနယ်စပ် ကုန်သွယ်ရေးကို ကုန်သွယ်မှု ပြုနိုင်လောက်သည့် အခြေအနေရှိမှသာလျှင် ပြန်လည်ဖွင့်ပေးနိုင်မည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီး ဦးဝင်းမြင့်က ပြောကြားခဲ့သည်။

မဲဆောက်-မြ၀တီ ကုန်သွယ်ရေးလမ်းကြောင်းကို မြန်မာအာဏာပိုင်များဘက်က လုံခြုံရေးအကြောင်းပြချက်ဖြင့် ယမန်နှစ် ဇူလိုင်လမှ စတင်ကာ နှစ်နိုင်ငံချစ်ကြည်ရေးတံတား အပါအ၀င် တရားမ၀င်ဂိတ် ၃၀ ခန့်ကို ပိတ်ထားလိုက်သည်။

တာ့ခ် ခရိုင်အတွင်းရှိ သောင်ရင်းမြစ် ကမ်းပါးတလျှောက်တွင် ထိုင်းဘက်အခြမ်းက ကမ်းထိန်းတမံများ ဆောက်လုပ်နေခြင်းကို မြန်မာအာဏာပိုင်များက ကန့်ကွက်သည့်အနေဖြင့် ကုန်စည်စီးဆင်းမှုများကို ပိတ်ပင်ခြင်းဖြစ်နိုင်ကြောင်း ပြောဆိုကြသည်။

ထိုင်းဘက်အခြမ်းမှ ကမ်းပါး အကာအကွယ် တမံများ ဆောက်လုပ်မှုကြောင့် ရေကြောင်းပြောင်းလဲပြီး မြန်မာဘက်ကမ်းပါး တိုက်စားနိုင်သည့်အတွက် မြန်မာအစိုးရက ကန့်ကွက်ခဲ့သည်ဟု သတင်းများအရ သိရသည်။ သို့သော် တံတားကို ဆက်လက် ပိတ်ထားရခြင်း၏ အကြောင်းအရင်းကိုမှု မြန်မာအာဏာပိုင်များက တရားဝင်ထုတ်ပြန်ခြင်း မရှိခဲ့ပေ။

ယင်းသို့ ပိတ်ထားသောကြောင့် နှစ်ဘက်ကုန်သည်များက ကိုယ့်နည်းကိုယ့်ဟန်ဖြင့် တရားမဝင် ကုန်သွယ်ကြရာ လစဉ်ထိုင်းဘက် မှ ကုန်ပစ္စည်း ဘတ်ငွေ သန်း ၇၀၀ ဖိုးခန့် မြ၀တီဘက်သို့ တင်ပို့ကြပြီး မြန်မာဘက်မှ ကုန်ပစ္စည်း ဘတ် သန်း ၄၀၀ ဖိုးခန့်ကို မဲဆောက်ဘက်သို့ တင်သွင်းကြကြောင်း သိရသည်။

ထိုင်းနိုင်ငံရှိ နယ်စပ်ဂိတ်များအနက် မဲဆောက်-မြ၀တီ ချစ်ကြည်ရေး တံတားဂိတ်သည် နှစ်နိုင်ငံကုန်ပစ္စည်းများ အပြန်အလှန် တင်ပို့နေသည့် ကုန်စည်စီးဆင်းမှု အကြီးဆုံးဂိတ်ဖြစ်သည်။

Ref: ဧရာဝတီ

Read More...

ကားခိုးသွင်းမှု အရှုပ်တော်ပုံ အခုထိမရှင်းနိုင်သေး

06 October 2011

အာဏာပိုင် အဆင့်ဆင့် ပါဝင်ပတ်သက်နေသည်ဟု နာမည်ကြီးနေသည့် လိုင်စင်မဲ့ကားများ ဆိပ်ကမ်းများမှတဆင့် တရားမ၀င် တင်သွင်းသည်ကို ပြည်ထဲရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနတို့က စုံစမ်းစစ်ဆေးလျက် ရှိသော်လည်း အမှုမှန် ပေါ်ပေါက်ရေး အလှမ်းဝေးနေကြောင်း သတင်းရရှိသည်။

မြန်မာ့စက်မှုဆိပ်ကမ်း၊ အေးရှားဝေါလ်ဆိပ်ကမ်းတို့မှ တရားမ၀င်ကား ရာပေါင်းများစွာ တင်သွင်းခဲ့သော အမှုကို ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန လက်အောက်ရှိ အောင်ဘာလေ သိန်းဆုဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးသိန်းနိုင်၊ မြန်မာ့အာမခံ လုပ်ငန်းမှ တာဝန် ရှိသူတဦး၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ အရာရှိတဦး စုစုပေါင်း ၃ ဦးပါဝင်သော ခုံရုံးအဖွဲ့ကို ဖွဲ့စည်း စစ်ဆေးနေကြောင်း၊ သို့ရာ တွင် ခုံရုံးအဖွဲ့ဝင်များ ကိုယ်တိုင် လာဘ်ယူမှုများ ရှိသည်ဟု နေပြည်တော် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ အမည် မဖော်လိုသော အရာရှိတဦးက ပြောသည်။


“တရားမ၀င် ကားတွေသွင်းတဲ့အမှုက ၀န်ကြီးတွေ၊ ဗိုလ်ချုပ်တွေအထိပါ ပါဝင်ပတ်သက် နေတာပါ။ ညွှန်မှူးအဆင့် လောက်နဲ့ အဖွဲ့ဖွဲ့ပြီး စစ်ဆေးလည်း မပေါ်နိုင်ဘူး။ အဲဒီအဖွဲ့ကိုယ်တိုင်ကလည်း အမှုကို စစ်ဆေးတဲ့နေရာမှာ မှန်မှန်ကန်ကန် မစစ်ဆေး နိုင်အောင် တဘက်က လာဘ်ပေးထားတာတွေ ရှိတယ်လို့ သိထားပါတယ်” ဟု သူက ဆိုသည်။

ပြည်ထဲရေးဝန်ကြီးဌာန အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာနက လိုင်စင်မဲ့ကား ဆိပ်ကမ်းမှ တင်သွင်းမှု ကိစ္စများကို လာရောက် စစ်ဆေးသော်လည်း အမှုမှန် မပေါ်ပေါက်ဟု သိရသည်။

“စ သုံးလုံး ဘက်ကလည်း လာသာစစ်တာ၊ မယ်မယ်ရရ ဘာရလဒ်မှ ထွက်မလာဘူး။ စစ်ဆေးမှု အဆင့်မှာတင် ကြန့်ကြာနေ ပါ တယ်။ ၀န်ထမ်းအချင်းချင်း ဖြစ်တဲ့အတွက် တဦးနဲ့တဦး ငွေပေး၊ နားလည်မှုယူပြီး မစစ်ဘဲ ထားတာ ဖြစ်နိုင်တယ်” ဟု နေပြည်တော် မှ အရာရှိက ပြောသည်။

စုံစမ်းစစ်ဆေးမှုများ လုပ်နေစဉ်ကာလအတွင်း လာဘ်ပေးလာဘ်ယူမှုတွင် ပါဝင်ပတ်သက်ခဲ့သော အရာရှိတချို့မှာ ရုံးမတက်ဘဲ ခွင့်ယူရှောင်တိမ်း မှုများရှိနေသည်ဟု သိရှိရသည်။

“ဆိပ်ကမ်းတာဝန်ကျ အကောက်ခွန် လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ရဲထွဋ် ဆိုရင် လနဲ့ချီ ခွင့်တိုင်တယ်။စုံစမ်းစစ်ဆေးမှု ကာလအတွင်းမှာ အခြေအနေမကောင်းရင် ထွက်ပြေးမယ့်ပုံ ရှိတယ်” ဟု နေပြည်တော် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ရုံး အဖွဲ့မှူးရုံးမှ အရာရှိတဦးက ပြောသည်။

တရားမ၀င်လိုင်စင်မဲ့ ကားများကို ဆိပ်ကမ်း၊ နယ်စပ်စခန်းများမှ တဆင့် လာဘ်ပေးလာဘ်ယူ ပြုလုပ် တင်သွင်းကြပြီး ယင်း တင်သွင်းမှုတွင် နယ်မြေခံစစ်တပ်၊ ရဲများနှင့် ၀န်ကြီးဌာန အဖွဲ့အစည်းအသီးသီးမှ ၀န်ကြီး၊ ဗိုလ်ချုပ်များနှင့် ၎င်းတို့နှင့်နီးစပ်သော ဆွေမျိုးအသိုင်းအ၀န်းများ အထိ ပါဝင်ပတ်သက်သည်ဟု သိရသည်။

၂၀၀၆ ခုနှစ်အတွင်းက အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လေးအပါအ၀င် အကောက်ခွန်ဝန်ထမ်း ၆၀၀ ကျော်ကို လာဘ်ပေးလာဘ်ယူမှုဖြင့် ဖမ်းဆီးထောင်ချ အရေးယူမှုများ ပြုလုပ်ခဲ့သည်။

သက်ဆိုင်သည့်သတင်းများ ။ ။ ဇုန်ထုတ်ယာဉ်အဖြစ် အသွင်ပြောင်းရေး သိန်းထောင်ချီပေးရ
တရားမဝင်ကားလုပ်ငန်း ထိပ်တန်းအာဏာပိုင်များ ပတ်သက်နေ

Ref: ဧရာဝတီ

Read More...

ပါတီ မှတ်ပုံတင်ဥပဒေ ပြင်ဆင်ရေး လွှတ်တော်၌ ဆွေးနွေးမည်

ရန်ပိုင်
06 October 2011

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်းအား ဆွေးနွေးရန် ယမန်နေ့က ကျင်းပသည့် အမျိုးသား လွှတ်တော်၌ သဘောတူညီလိုက်ကြောင်း ယနေ့ထုတ် သတင်းစာများတွင် ရေးသားထားသည်။

အဆိုပါ ဥပဒေကြမ်းကို ဆွေးနွေးမည့် ကိုယ်စားလှယ်များ အနေဖြင့် လာမည့် အောက်တိုဘာ ၁၀ ရက်နေ့ နောက်ဆုံး စာရင်းပေး သွင်းရန်လည်း ဖော်ပြထားသည်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရ ကိုယ်စားလှယ် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်တို့ ပြီးခဲ့ သည့် သောကြာနေ့ အစိုးရ ဧည်ဂေဟာတွင် ဆွေးနွေးအပြီး ထိုသို့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်သည့် မူ ကြမ်း ထွက်ပေါ်လာခြင်းဖြစ်သည်။

အစိုးရ ကိုယ်စားလှယ် ဦးအောင်ကြည်ကလည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီအနေဖြင့် ဥပဒေနှင့်အညီ မှတ်ပုံ တင် မည်ဆိုလျှင် ကြိုဆိုကြောင်း၊ ဥပဒေအရ မှတ်ပုံတင်ပြီးလျှင် နှစ်ဦး နှစ်ဘက် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြီးနောက်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုထားသည်။

NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က“NLD ရဲ့ အခြေခံမူက တရားဝင်ပါတီအဖြစ်နဲ့ ဆက်လက် သွားဖို့လိုလားပါတယ်”ဟု ဆို သည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်ရန်အတွက် အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်မှ အတည်ပြုပြီး သမ္မတ ထံ တင်သွင်းရဦးမည်ဖြစ်ကြောင်း၊ ထို့အတွက် အချိန်ကာလများစွာလိုအပ်သည်ဟု ထင်ကြောင်း၊ ဥပဒေပြင်ဆင်ပြီးလျှင် NLD ပါတီအနေဖြင့် စဉ်းစားကောင်း စဉ်းစားနိုင်ကြောင်း ဦးအုန်းကြိုင်က ပြောဆိုသည်။

ပြီးခဲ့သည့် တနင်္လာနေ့က NLD ပါတီရုံးချုပ်၌ ဒေါ်အောင်ဆန်းစုကြည်နှင့် ဗဟိုအလုပ်အမှုဆောင်များ ပါတီမှတ်ပုံတင်ရေး ကိစ္စ ရပ် များကို ဆွေးနွေးခဲ့ကြသော်လည်း ဆုံးဖြတ်ချက်ချမှတ်ခြင်း မရှိသေးကြောင်း ဦးအုန်းကြိုင်က ဆက်လက်ရှင်းပြသည်။

၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲကာလတွင် ဒေါ်အောင်ဆန်းစုကြည်မှာ နေအိမ်အကျယ်ချုပ် ကျခံနေရသည်။ ပြစ်ဒဏ် ကျခံနေရ သူ များကို ရွေးကောက်ပွဲ ၀င်ခွင့်မပြုကြောင်း ၂၀၁၀ ရွေးကောက်ပွဲ ဥပဒေ၌ ဖော်ပြထားသည်။ NLD ပါတီ အနေဖြင့်လည်း၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မခံနိုင်ခြင်း စသည့်အချက်များကြောင့် ၂၀၁၀ ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခြင်း မပြုခဲ့ ပေ။

၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်တဦးဖြစ်သည့် ဦးအေးသာအောင်ကမူ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ဥပဒေကို ပြင်ဆင်ရုံမျှဖြင့် ပါတီမှတ်ပုံတင်ရန် မဖြစ်နိုင်သေးကြောင်း၊ အစိုးရအနေဖြင့် နိုင်ငံရေးအကျဉ်းသား များ လွှတ်ပေးရန်နှင့် ပြည်တွင်းစစ်ရပ်စဲရေး ပြုလုပ်ရန်များ လိုအပ်ကြောင်း ဧရာဝတီ သို့ ပြောဆိုသည်။

Ref: ဧရာဝတီ

Read More...

ကရင်ပြည်နယ် တိုက်ပွဲများ မရပ်စဲသေး

06 October 2011

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်း ယနေ့နံနက်ပိုင်းက ကရင်ပူးပေါင်းတပ်များနှင့် အစိုးရစစ်တပ်တို့ တိုက်ပွဲ ဖြစ်ပွား သည်ဟု တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(DKBA)က ပြောသည်။

DKBA ကလို့ထူးဘော စစ်ဗျူဟာ၏ စစ်ဆင်ရေးမှူး ဗိုလ်မှူးဆန်းအောင်က ယနေ့နံနက် ၁၁ နာရီမှ ၁၂ နာရီအထိ ကော့ကရိတ်မြို့ မြောက်ဘက် ၃ မိုင်ခန့်ရှိ နန်းရွှေနိမ့် နှင့် မယ်ဖလဲ့ ရွာကြားတွင် စစ်ရေးလှုပ်ရှားနေသည့် အစိုးရ တပ်ရင်း ၄ ရင်းကို DKBA နှင့် ကရင် ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဧရာဝတီသို့ ပြောပြသည်။

“ဆွဲမိုင်းနဲ့ တိုက်ခိုက်ခဲ့တယ်၊ ထိခိုက်မှုကတော့ နှစ်ဘက်လုံးမှာရှိနိုင်တယ်၊ အရေအတွက်တော့ အတည်ပြုလို့မရသေးဘူး”ဟု ဗိုလ်မှူးဆန်းအောင်က ဆိုသည်။


တိုက်ပွဲဖြစ်ပွားရာ နေရာများတွင် ဆွဲမိုင်းကိုအကြောင်းမဲ့ အသုံးပြုခြင်းမရှိဘဲ သတ်ကွင်းအတွင်း ရောက်ရှိလာသည့်ရန်သူများကို အမိအရ တိုက်ခိုက်ခြင်းဖြစ်သည့်အတွက် ထိခိုက်ကျဆုံးမှုများမှာ ဆယ်ဂဏန်းနှင့်အထက်တွင် ရှိနိုင်သည်ဟုလည်း ၎င်းက ပြော သည်။

ယနေ့တိုက်ပွဲတွင် ကော့ကရိတ်မြို့နယ် အခြေစိုက် ခြေလျင်တပ်ရင်း(ခလရ)၅၄၆-၅၄၇ ၊ ခလရ ၉၇ နှင့် တပ်မ၂၂ လက်အောက် ခံ ခြေမြန်တပ်ရင်း(ခမရ)၂၀၂ တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ပြီး DKBA ကလို့ထူးဝါး စစ်ဗျူဟာမှ ဗိုလ်မှူးကြီး ကျော်သက် ဦးစီး အဖွဲ့နှင့်အတူ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA) တပ်ရင်း ၁၀၁ တပ်ဖွဲ့ဝင် တချို့ပါရှိကြောင်း သိရ သည်။

တိုက်ပွဲဖြစ်ပွားသော်လည်း ကော့ကရိတ်-မြ၀တီ ကားလမ်း ထိခိုက် ပိတ်ပင်ခြင်း မရှိဟု တရက်ခြား ယာဉ်တန်းဖြင့် ယနေ့ မွန်းလွဲ ပိုင်းတွင် ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ ရောက်ရှိလာသည့် မြန်မာကုန်သည် ဦးယူနွတ်က ပြောပြသည်။

“တိုက်ပွဲဖြစ်တဲ့ အသံတွေကိုတော့ ကြားနေရတယ်။ ကားလမ်းအထိတော့ ရောက်မလာဘူး။ ကော့ကရိတ်ကနေ နည်းနည်းလှမ်း တယ်။ ဒီနေ့ ယာဉ်တန်းအတက်နေ့မှာ မြ၀တီကိုကောင်းကောင်းမွန်မွန်ပဲ ယာဉ်တန်းတွေ ရောက်လာတယ်”ဟု ၎င်းကပြော သည်။

၅၅ မိုင်ခန့် အကွာအဝေးရှိသည့် မြ၀တီ-ကော့ကရိတ် ဒေါနတောင်ကျော် ကားလမ်းနှင့် မြ၀တီမြို့နယ်၊ ကော့ကရိတ်မြို့နယ်၊
လှိုင်းဘွဲမြို့နယ်အတွင်း ယခင်လ ၁၅ ရက်နေ့မှ လကုန်ပိုင်းအထိ DKBAပူးပေါင်းတပ်ဖွဲ့များနှင့် မြန်မာစစ်တပ်များအကြား ၁၅
ကြိမ်ခန့် တိုက်ပွဲများဖြစ်ပွားခဲ့သေးသည်ဟု DKBA က ပြောဆိုချက်အရ သိရသည်။

ယင်းတိုက်ပွဲများကြောင့် မြန်မာစစ်တပ်ဘက်မှ တပ်ဖွဲ့ဝင် ၁၀ ဦးကျော် ကျဆုံးခဲ့ပြီး DKBA နှင့် ပူးပေါင်းတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၃ ဦး ကျဆုံး ခဲ့သည်ဟုလည်း DKBAက သတင်း ထုတ်ပြန်ထားသည်။

Ref: ဧရာဝတီ

Read More...

မြစ်ဆုံစီမံကိန်း ဆိုင်းငံ့မှု တရုတ် - မြန်မာဆက်ဆံရေး ထိခိုက်နိုင်

ခင်ဦးသာ
06 October 2011

ဧရာဝတီမြစ်ဆုံစီမံကိန်း ဆိုင်းငံ့ လိုက်ခြင်းကြောင့် တရုတ်-မြန်မာဆက်ဆံရေးကို ထိခိုက်မှုရှိလာနိုင်ကြောင်း နိုင်ငံတကာ ပဋိပက္ခ လေ့လာ စောင့်ကြည့်ရေးအဖွဲ့ (ICG) က ဆိုသည်။

မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းထားရန် မြန်မာ သမ္မတ ဦးသိန်းစိန်က ကြေညာခဲ့ခြင်းသည် တရုတ် - မြန်မာဆက်ဆံရေးနှင့် မြန်မာ-နိုင်ငံ တကာ ဆက်ဆံရေးတို့အကြား ချိန်ခွင်လျှာညှိလိုသည့် သဘော သက်ရောက်သွားပါက တရုတ်-မြန်မာ ဆက်ဆံရေးကို ထိခိုက် သွား မည် ဟု ICG ၏ အရှေ့တောင်အာရှ ဆိုင်ရာ ညွန်ကြားရေးမှူး Mr Jim.Della-Giacoma က ဧရာဝတီကို ပြော သည်။


မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့၏ မဟာဗျူဟာမြောက် ဆက်ဆံရေးသည် ကာလအတန်ကြာရှိခဲ့ကြောင်း၊ ယခုအခါ အပြောင်း အလဲ ပြုလုပ်လိုသော သမ္မတ ဦးသိန်းစိန်၏ အစိုးရ လက်ထက်တွင် နိုင်ငံတကာနှင့် မြန်မာ-တရုတ်တို့၏ ဆက်ဆံရေးအပေါ် ထိန်းညှိလာမည်ဆိုပါက တရုတ်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးကို အနည်းငယ် ထိခိုက်လာမည်ဟု ၎င်းက သုံးသပ်သည်။

“တရုတ်နဲ့နိုင်ငံတကာကို ချိန်ခွင်လျှာ ညှိမယ်ဆိုရင်တော့ တရုတ်ကို ဒေါပွစေမှာပဲ။ ဒါပေမယ့် နိုင်ငံတကာ ဆက်ဆံရေး မှာတော့ ကောင်းမွန်စေမှာပါ” ဟု ICG ဒါရိုက်တာ ကဆိုသည်။

သို့သော် တရုတ်နိုင်ငံအစိုးရ အနေဖြင့် မြစ်ဆုံကိစ္စတခုတည်း အတွက် ကြီးမားစွာထိခိုင်နိုင်မည့် ဆက်ဆံရေးကို လိုလားမည် မဟုတ်ကြောင်း၊ မြန်မာနိုင်ငံ၌ တရုတ်အကျိုးစီးပွားအတွက် ရင်းနှီးမြှုပ်နှံထားသည့် တခြားသော စီမံကိန်း အများအပြားရှိသေး ကြောင်းလည်း Mr. Jim.Della-Giacoma က ရှင်းပြသည်။

မြစ်ဆုံစီမံကိန်း ရပ်တန့်ရေးအတွက် ပြည်တွင်း၊ ပြည်ပရောက် မြန်မာနိုင်ငံသား အလွှာအသီးသီး၏ ကန့်ကွက်တောင်းဆိုမှုများ ကျယ်လောင်စွာ ထွက်ပေါ်လာခြင်းကြောင့် သမ္မတ ဦးသိန်းစိန်သည် စက်တင်ဘာလ ၃၀ ရက်နေ့တွင်ကျင်းပခဲ့သော လွှတ်တော် အစည်းအဝေးများမှ တဆင့်နိုင်ငံသို့ ၎င်းစီမံကိန်း ဆိုင်းငံ့မည်ဟု ကြေညာခဲ့သည်။

စီမံကိန်းအား မိမိတို့အစိုးရလက်ထက်၌ ဆိုင်းငံ့ထားမည်ဟု ဦးသိန်းစိန်က ကြေညာပြီး နောက်နေ့တွင် တရုတ်နိုင် ငံခြားရေး ဌာန က စီမံကိန်း၌ ပါဝင်နေသည့် ၎င်းတို့တရုတ်ကုမ္ပဏီများ၏ အကျိုးစီးပွားကို ထည့်သွင်းစဉ်းစားပြီး ပြန်လည် သုံးသပ် သင့် သည်ဟု ချက်ချင်း တုန့်ပြန်ခဲ့သည်။

တရတ်နိုင်ငံခြားရေးဌာန၏ ထုတ်ပြန်ချက်၌ ထိုစီမံကိန်းအား နှစ်နိုင်ငံဆွေးနွေးညှိနှိုင်း ပြီးမှလုပ်ဆောင်ခဲ့ကြောင်း၊ လိုအပ်သော သိပ္ပံဆိုင်ရာ အချက်အလက်များကို စနစ်တကျ ဆောင်ရွက်ပြီး စီမံကိန်းကို အကောင်အတည်ဖော်ခဲ့ကြောင်း ပြောသည်။

မြစ်ဆုံစီမံကိန်းအတွက်၂၀၀၆ ခုနှစ်တွင် သဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် ဆောက်လုပ်ရေး လုပ်ငန်းများအား တရုတ် အစိုးရပိုင် China Power Investment (CPI) ကုမ္ပဏီက ဦးဆောင်၍ စတင် တည်ဆောက် ခဲ့သည်။

မြစ်ဆုံစီမံကိန်းကို ဒေါ်လာ ၃ ဒဿမ ၆ ဘီလီယံ အကုန်အကျခံ တည်ဆောက်ရန် စီစဉ်ခဲ့ပြီး မေခ၊ မလိခမြစ်များပေါ်ရှိ ရေကာ စီမံကိန်းများအတွက် တရုတ်နိုင်ငံက ဒေါ်လာ ဘီလီယံ ၂၀ အထိ ရင်းနှီးမြှုပ်နှံထားသည်။

သမ္မတဦးသိန်းစိန်၏ မြစ်ဆုံစီမံကိန်း ရပ်တန့်ထားရေ့း ဆုံးဖြတ်ချက်ကို အံ့သြတုန်လှုပ်မိသည်ဟု စီမံကိန်းတွင် အများဆုံး ရင်းနှီး မြှုပ်နှံထားသော CPI ကုမ္ပဏီဥက္ကဋ္ဌ Mr. Lu Qizhou က China Daily သတင်းစာနှင့်ပြုလုပ်သော အင်တာဗျူး၌ ထုတ်ဖော် ပြောဆိုခဲ့သည်။

စီမံကိန်းအား ပုံမှန်အတိုင်း ပြန်လည်ပတ်နိုင်လိမ့်မည်ဟု မျှော်လင့်ထားကြောင်းလည်း ၎င်းက ဆိုသည်။ တရုတ်အစိုးရ၏ အာ ဘော် ကို ထင်ဟပ်သည့် သတင်းစာများနှင့် ဟောင်ကောင်အခြေစိုက် သတင်းစာတချို့ကလည်း မြန်မာအစိုးရ၏ လုပ် ဆောင် ချက်ကြောင့် တရုတ်နိုင်ငံအား အိမ်နီးချင်းနိုင်ငံများ၏ လေးစားမှုကို လျော့ကျစေသည်ဟု ပြင်းထန်စွာဝေ ဖန်ထုတ် လွှင့်ခဲ့ ကြသည်။

သမ္မတဦးသိန်းစိန်း၏ လုပ်ရပ်အပေါ် တရုတ်အစိုးရက ဝေဖန်၊ ကန့်ကွက်မှုများ လုပ်ဆောင်ခဲ့သော်လည်း အမေရိကန်အစိုးရက ထောက်ခံကြောင်း မရှေးမနှောင်း ကြေညာခဲ့သည်။

ထို့အတူ အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းကလည်း မြန်မာအစိုးရကို ချီးကျူးပြောဆိုလိုက်ပြီး ပြည်သူ လူထု ၏ အသံကို နားထောင်ပြီး ပြည်သူ့အကျိုးအတွက် အစိုးရမူဝါဒတွင် မထင်မှတ်သော ပြောင်းလဲမှုများပြု လုပ် လိုက် ကြောင်း ပြော သည်။ မစ္စတာ ဂျွန်မက်ကိန်း က “ဒီမိုကရေစီဆန်သော လုပ်ရပ်” ဟု လည်း ဆိုလိုက်သည်။

မြစ်ဆုံစီမံကိန်း ဆိုင်းငံ့ထားရန် မြန်မာအစိုးရက ဆုံးဖြတ်ခဲ့သော်လည်း တရုတ်နိုင်ငံအား အကြောင်းကြားခြင်း တစုံတရာမရှိဟု တရုတ်အစိုးရ အာဘော်သတင်းဌာန တချို့ကပြောဆိုခဲ့သည်။

ICG ညွန်ကြားရေးမှူးကမူ သမ္မတ ဦးသိန်းစိန်သည် မြစ်ဆုံ ရပ်ဆိုင်းထားရေး ကိစ္စအပေါ် နိုင်ငံတကာ၏ ထောက်ခံမှု ရရေး အတွက် အလွယ်တကူ ဆုံးဖြတ်ချက် ချခဲ့ဟန်မရှိဟုပြောဆိုပြီး ထိုဆုံးဖြတ်ချက်နှင့် ပတ်သက်၍လည်း သံသယများ ရှိနေကြ မည်ဖြစ်ကြောင်း Mr Jim.Della-Giacoma သုံးသပ်ပြောဆိုသည်။

Ref: ဧရာဝတီ

Read More...

မွန်ပြည်သစ် ငြိမ်းချမ်းရေးအဖွဲ့ ဖွဲ့စည်း

လဝီဝမ်
06 October 2011

မွန်ပြည်သစ်ပါတီသည် မကြာသေးမီက ငြိမ်းချမ်းရေးကော်မတီတရပ် ဖွဲ့စည်းလိုက်ပြီး ထိုကော်မတီက ပြည်နယ်အစိုးရနှင့် ယခု လအတွင်း ဆွေးနွေးဖွယ်ရှိသည်ဟု ပါတီနှင့် နီးစပ်သူတို့က ပြောသည်။

နေပြည်တော်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တို့နှင့် သီးခြားစီ တွေ့ဆုံပြီး ငြိမ်းချမ်းရေးဆွေးနွေးကြရန် ပြည်နယ်အစိုးရများ ကို တာဝန်ပေးပြီး မကြာမီ မွန်ပြည်သစ်ပါတီက ထိုသို့ ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။

မွန်ပြည်သစ်၏ ငြိမ်းချမ်းရေးကော်မတီတွင် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် တဦးဖြစ်သည့် နိုင်အောင်မင်းက ခေါင်းဆောင် မည် ဟု ပါတီနှင့် နီးစပ်သူတဦးက ပြောသည်။


ပါတီခေါင်းဆောင်များ၏ ယခုလလယ်ပိုင်း အစည်းအဝေးအပြီးတွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် ရက်သတ်မှတ်နိုင်မည်ဟု ၎င်းက ဆက်ပြောပြသည်။

ထိုကော်မတီ၏ တာဝန်မှာ ပါတီ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးမူဝါဒများနှင့် ပတ်သက်ပြီး အစိုးရသို့ ဆွေးနွေးပြောပြရန်သာ ဖြစ်ကြောင်း၊ မွန်ပြည်သစ်ပါတီသည် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ (UNFC) ၏ မူအတိုင်း ရပ်တည် နေကြောင်း ပါတီ အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက ဧရာဝတီကို ပြောသည်။

“ကော်မတီက အစိုးရကိုယ်စားလှယ်နဲ့ တွေ့မယ်။ နိုင်ငံရေးအရ ဆွေးနွေးတာတွေ၊ အပစ်ရပ်ရေး ညှိနှိုင်းတာတွေကိုတော့ UNFC တပ်ပေါင်းစုကပဲ ဦးဆောင်ပြီး လုပ်သွားမှာပါ” ဟု နိုင်ဟံသာက ဆိုသည်။

ဒေသခံ မွန်တိုင်းရင်းသား ခေါင်းဆောင်များကလည်း မွန်ပြည်သစ်ပါတီကို ဗဟိုအစိုးရအဆင့်နှင့်သာ တိုက်ရိုက် တွေ့ဆုံရန် ပြောဆိုနေကြသည်။

“နေပြည်တော်နဲ့ပဲ တိုက်ရိုက် စကားပြောပါလို့ ကျနော် သူတို့ကို ပြောထားပြီးပြီ။ ပြည်နယ်အစိုးရဆိုတာက လုပ်ပိုင်ခွင့်အာဏာ ရှိတာ မဟုတ်ဘူး” ဟု မွန်ပြည်သစ်ပါတီတွင် ဒုတိယ ကာကွယ်ရေးဦးစီးချုပ် တာဝန် ယူခဲ့ဖူးသည့် နိုင်ကောင်းရွတ်က ပြောသည်။

မွန်တိုင်းရင်းသား လူမှုခေါင်းဆောင်များက မွန်ပြည်သစ်ပါတီကို ဖိအား ပေးရာတွင် တိုင်းရင်းသားအင်အားစုများ ညီညွတ်မှု တည်ဆောက်ရေးအတွက် တပ်ပေါင်းစု အနေဖြင့် လုပ်ဆောင်ရန် အထူး လိုအပ်သည်ဟူသော အချက်လည်း ပါဝင်သည်။

“တပ်ပေါင်းစု စည်းကမ်းချက်တွေအတိုင်းလုပ်ဖို့၊ UNFC တပ်ပေါင်းစုထဲမှာ သဘောတူထားတာတွေကို လေးစားဖို့ တိုက်တွန်း ထားပါတယ်” ဟု ထိုင်းနိုင်ငံ အခြေစိုက် Mon Unity League အဖွဲ့ ဥက္ကဋ္ဌ နိုင်စွန်းထွန်းက ရှင်းပြသည်။

“ပြည်နယ်အစိုးရနဲ့ စကားပြောတာတွေဟာ လူထုအတွက် အကျိုးမရှိဘဲ တိုင်းရင်းသားအဖွဲ့တွေကြားထဲ နားလည်မှုလွဲတာတွေပဲ ဖြစ်လာမှာကို စိုးရိမ်ရတယ်” ဟု နိုင်စွန်းထွန်းက ပြောသည်။

မကြာသေးမီက အစိုးရကိုယ်စားလှယ်အဖွဲ့သည် ရှမ်းပြည်နယ်အခြေစိုက် UWSA နှင့် NDAA တပ်ဖွဲ့တို့ကို တွေ့ဆုံဆွေးနွေးခဲ့သည်။

ထို့အပြင် ကရင်ပြည်နယ်အစိုးရက ထိုင်းမြန်မာနယ်စပ်ရှိ KNU အဖွဲ့ထံသို့ ဘာသာရေးခေါင်းဆောင်တချို့ကို စေလွှတ်ပြီး သွား ရောက်တွေ့ဆုံစေခဲ့သည်။

တနင်္သာရီတိုင်း အာဏာပိုင်တို့ကလည်း KNU အမှတ် ၄ တပ်မဟာ တာဝန်ခံတို့နှင့် ဆွေးနွေးလိုသည်ဟု ဒေသခံ ကရင် တိုင်းရင်းသား လူမှုခေါင်းဆောင်တို့ကို ပြောဆိုခဲ့ကြောင်း သိရသည်။

အစိုးရက မွန်ပြည်သစ်ပါတီကို ငြိမ်းချမ်းရေးယူရန် ချည်းကပ်နေချိန်တွင် ကချင်၊ ရှမ်း၊ ကရင် ပြည်နယ်များရှိ KIA၊ SSA(N)၊ KNU တို့ကို ထိုးစစ်ဆင်နေခြင်းမှာ တိုင်းရင်းသား အဖွဲ့များအကြား နားလည်မှုလွဲမှားစေနိုင်ကြောင်း ဝေဖန်သူတချို့က ဆိုသည်။

တနင်္လာနေ့က ထုတ်ပြန်လိုက်သည့် နိုင်ငံတကာရောက် မွန်အမျိုးသား ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (OMCC) ၏ ကြေညာချက် တွင် အစိုးရ၏ ငြိမ်းချမ်းရေးအစီအစဉ်မှာ တိုင်းရင်းသားတို့ကို ချုပ်ကိုင်နိုင်ရေးအတွက် သွေးခွဲ နေခြင်းသာဖြစ် သည်ဟု ဖော်ပြထားသည်။

UNFC တပ်ပေါင်းစုနှင့် ရပ်တည်ရန် မွန်ပြည်သစ်ပါတီကို ဖိအားပေးသူများထဲတွင် ထိုကော်မတီလည်း ပါဝင်သည်။

UNFC ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၆ ဖွဲ့၊ တိုင်းရင်းသား နိုင်ငံရေးအဖွဲ့ ၆ ဖွဲ့တို့ ပူးပေါင်း၍ ယခုနှစ် ဖေဖော်ဝါရီလက စတင် ဖွဲ့စည်းခဲ့သည်။ အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရာ၌ တဖွဲ့ချင်း မဟုတ်ဘဲ အားလုံးနှင့် ဆွေးနွေးရန် မူဝါဒ ချမှတ်ထား သည်။

Ref: ဧရာဝတီ

Read More...

Thursday, October 6, 2011

လွှတ်တော် ၂ ရပ် သဘောကွဲလွဲ

2011-10-05

ပြည်သူ့လွှတ်တော်က အတည်ပြု ဆုံးဖြတ်ပြီး တင်သွင်းလာတဲ့ ပုဂ္ဂလိက ကျောင်းတွေကို ကြီးကြပ်ရေးမှာ ပညာရေး ဝန်ကြီးဌာန တင်သာမက တိုင်းနဲ့ပြည်နယ် လူမှုဖူလုံရေး ဝန်ကြီးဌာနတွေ ပါဝင် ဆောင်ရွက်ခွင့်ပြုရေး ဆိုတဲ့ ဥပဒေမူကြမ်းကို ဒီကနေ့ ကျင်းပ တဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးက ပယ်ချလိုက် ပါတယ်။

ဒါဟာ ပြည်သူလွှတ်တော်က ဆုံးဖြတ်ပြီး တင်သွင်းလာတဲ့ ဥပဒေမူကြမ်းကို အမျိုးသားလွှတ်တော်က ပထမဦးဆုံး ပယ်ချလိုက် တာ ဖြစ်တယ်လို့ အမျိုးသားလွှတ်တော်အမတ် ဦးဖုန်းမြင့်အောင်က ပြောပါတယ်။


အဲဒီလို အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် (၂)ရပ် သဘောထား ကွဲလွဲတဲ့ ဥပဒေမူကြမ်းကို လွှတ်တော် (၂)ရပ်ပေါင်း ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်မှာ ဖြေရှင်းကြရမယ်လို့ သိရပါတယ်။

ပြည်ထောင်စုလွှတ်တော် အနေနဲ့ လွှတ်တော် (၂)ရပ်က သဘောထားမတူတဲ့ ဥပဒေ တွေကို မဲခွဲဆုံးဖြတ် ကြမှာမဟုတ်ဘဲ အကျေ အလည် ဆွေးနွေးပြီး ညှိနှိုင်းဆုံးဖြတ်ကြမယ်လို့သိရပါတယ်။

ဒီအတောအတွင်း သင်္ကန်းကျွန်းမြို့နယ် ပြည်သူလွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ ပါတီသစ် (NNDP) ကို ရွေးကောက်ပွဲ ကော်မရှင်က ဒီကနေ့ နိုင်ငံရေးပါတီ တစ်ခုအဖြစ် အသိ အမှတ်ပြုလိုက်ပါတယ်။

ဦးသိန်းညွန့်က သူတို့ (NNDP) ပါတီအနေနဲ့ သင်္ကန်းကျွန်းမြို့နယ်ကို အမာခံထားပြီး ရန်ကုန်တိုင်းအတွင်း စည်းရုံးသွားမယ်လို့ ပြောပါတယ်။ ဒါအပြင် ကျန်တဲ့ တိုင်းဒေသကြီးတွေကို တိုးချဲ့ စည်းရုံးသွားမှာဖြစ်ပေမယ့် တိုင်းရင်းသားဒေသတွေ ပြည်နယ် တွေမှာ သူတို့ပါတီကို ဖွဲ့စည်းမှာ မဟုတ်ဘူးလို့ RFA ပြောပါတယ်။

ဦးသိန်းညွန့် အပါအဝင် အခု အမျိုးသားဒီမိုကရေစီ ပါတီသစ် မှာပါဝင်တဲ့ ပြည်သူလွှတ်တော်နဲ့ အမျိုးသားလွှတ်တော် အမတ်တွေ ဟာ အရင်က အမျိုးသား ဒီမိုကရေစီအင်အားစု NDF ပါတီမှာ ပါဝင်ခဲ့ကြ သူတွေဖြစ်ပါတယ်။

Ref: အာရ်အဖ်အေ

Read More...

နိုင်ငံခြားက မြန်မာပညာရှင်များ NDF ပါတီ ပညာပေးသင်တန်းမှာ ပို့ချ

2011-10-05

အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ပါတီ ရဲ့ ကိုယ်ရည်ကိုယ်သွေး မြှင့်တင်ရေး သင်တန်း တရပ်ကို မန္တလေးမြို့မှာ အောက်တိုဘာလ (၅) ရက်နေ့က စတင် ဖွင့်လှစ်နေပြီး နိုင်ငံခြားက မြန်မာပညာရှင်တွေ လာရောက်ပို့ချမယ်လို့ သိရပါတယ်။

သီတင်းတပတ်ကြာ ကျင်းပမယ့် အဲဒီ သင်တန်း အစီအစဉ်နဲ့ ပတ်သက်လို့ ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေက အာအက်ဖ်အေ ကို အခုလို ပြောပါတယ်။

"နိုင်ငံခြားက လာတဲ့ ပညာရှင်တွေကတော့ ဒေါက်တာ ကျော်ရင်လှိုင်တို့၊ ဒေါက်တာ တင်မောင်မောင်သန်းတို့ကတော့ ၉ ရက် ၁၀ ရက်လောက်မှ ပြောဖို့ အစီအစဉ် ရှိပါတယ်။ အစီအစဉ်တွေကတော့ နေ့စဉ် ကျင်းပသွားမှာပါ။ ပြည်တွင်းကတော့ အင်းဝ ဂုဏ်ရည် ဦးကိုလေးတို့နဲ့ တခြား ပညာရှင်တွေ ဟောပြော ပို့ချပေးဖို့ ရှိပါတယ်။"


သင်တန်းကို နိုင်ငံရေး စိတ်ဝင်စားတဲ့ လူငယ်တွေ သာမက မန္တလေး ဆေးတက္ကသိုလ် ကျောင်းသားတွေ အပါအ၀င် နှစ်ရာနီးပါး တက်ရောက်တယ်လို့ ဦးခင်မောင်ဆွေက ပြောပါတယ်။ NDF ပါတီရဲ့အထက်ဗမာပြည်က စီစဉ်တာ ဖြစ်တာကြောင့်လည်း ကချင်၊ ချင်းနဲ့ ရှမ်းပြည်နယ်တွေက ပါတီဝင် လူငယ်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ စနစ် အသွင် ကူးပြောင်းရေးမှာ ပြည်သူတွေရဲ့ အသိပညာ အရေးကြီးတာကြောင့် အခုလို သင်တန်း တွေကို ဆောင်ရွက် အကောင်အထည် ဖေါ်တာဖြစ်တယ်လို့ ဦးခင်မောင်ဆွေက ပြောပါတယ်။

ပြန်လှန်မေးခွန်းတွေအတွက် အချိန်များစွာ ပေးထားတဲ့ အတွက် ဆရာ တပည့် ပုံစံမဟုတ်ဘဲ မေးမြန်း ဆွေးနွေး ဖြစ်ကြကြောင်း၊ သိလိုတာတွေကို မေးကြကြောင်း၊ ဥပမာ ဒီမိုကရေစီနှင့်ပတ်သက်သော အကြောင်းရပ်များ၊ နိုင်ငံတကာနှင့် ပတ်သက်ပြီး မရှင်း လင်းတဲ့ အချက်များ၊ အခြေခံ ဥပဒေနှင့် ပတ်သက်သော အကြောင်းအချက်များကို မေးမြန်းကြကြောင်း၊ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ရှေ့စီးပွါးရေး အလားအလာမှာ အာဆီယံက ၂၀၁၅ မှာ အကောက်ခွန်မဲ့ လုပ်ဆောင်ဖို့ ရှိရာမှာ မြန်မာနိုင်ငံက ဘယ်လိုလုပ်ကြမ လဲ စသဖြင့် သိလိုတဲ့ အချက်တွေ အများအပြား ရှိလာတာကို တွေ့ရကြောင်း ဦးခင်မောင်ဆွေက ပြောပါတယ်။

သူကိုယ်တိုင်လည်း နိုင်ငံတကာ ဆက်ဆံရေးနဲ့ပတ်သက်လို့ မနေ့က ဆွေးနွေး ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

ဒီကနေ့ မှာတော့ ဒေါက်တာသန်းငြိမ်း၊ ဦးစိန်လှဦးနဲ့ ဒေါက်တာဝင်းနိုင်တို့ ဒီမိုကရေစီ၊ သတင်း မီဒီယာနဲ့ လူ့အခွင့်အရေး အခြေ အနေတွေနဲ့ပတ်သက်လို့ ဆွေးနွေး ဟောပြောကြမှာ ဖြစ်ပါတယ်။

Ref: အာရ်အဖ်အေ

Read More...

ထိုင်းဝန်ကြီးချုပ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖွယ် မရှိ

2011-10-05

ဒီနေ့ မြန်မာနိုင်ငံကို တရက်တာ ရောက်နေတဲ့ ထိုင်းဝန်ကြီးချုပ် မစ္စစ် ယင်းလပ် ရှင်နာဝပ်ဟာ သမ္မတ ဦးသိန်းစိန်နဲ့ နေပြည်တော် မှာ တွေ့ဆုံပြီး နှစ်နိုင်ငံ ချစ်ကြည်ရေးနဲ့ ကုန်သွယ်ရေး ကိစ္စရပ်တွေ ဆွေးနွေးခဲ့ကြတယ်လို့ သတင်း ရရှိပါတယ်။

ဒါပေမယ့် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့တော့ သွားရောက် တွေ့ဆုံဖွယ်ရာ မရှိဘူးလို့ အစိုးရအရာရှိ တဦးက ပြောပါတယ်။

ထိုင်း-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်ရေးဟာ ၂၀၁၀-၂၀၁၁ ပထမပိုင်းမှာ အမေရိကန် ဒေါ်လာ သန်းပေါင်း ၂ ထောင့် ၉ ရာဖိုး အထိ ရောက်ခဲ့ပါတယ်။


အဲဒီမှာ မြန်မာဘက်က တင်ပို့တဲ့တန်ဖိုးက အမေရိကန်ဒေါ်လာ သန်း ၂ ထောင့် ၄ ရာဖိုး ရှိခဲ့လို့ ကုန်သွယ်မှု ပိုငွေ သန်းပေါင်း ၁ ထောင့် ၈ ရာ ရှိခဲ့တယ်လို့ သိရပါတယ်။

ထိုင်းကနေ မြန်မာကို ပြန်သွင်းတဲ့ ကုန်သွယ်မှု တန်ဖိုးကတော့ ဒီကာလမှာ အမေရိကန် ဒေါ်လာ ၅၃၃ သန်းဖိုးဖြစ်တယ်လို့သိရပါ တယ်။ အဲဒီလို ထိုင်းကနေ ဝယ်လိုက်တဲ့ ကုန်တွေကတော့ အထည်အလိပ်၊ ဖိနပ်၊ ရေထွက်ပစ္စည်း၊ ဆန်၊ ရာဘာ၊ လက်ဝတ်ရတ နာ၊ မော်တော်ကား၊ ကွန်ပျူတာနဲ့ လျှပ်စစ်ပစ္စည်းတွေ ဖြစ်ပါတယ်။

မြန်မာကနေ ထိုင်းကိုတင်ပို့ရောင်းချလိုက်တဲ့ ပစ္စည်းတွေကတော့ သစ်တောထွက်ပစ္စည်းအမျိုးမျိုး၊ ရေထွက်ပစ္စည်း၊ လယ်ယာ ထွက်ကုန်နဲ့ အဓိကပစ္စည်းက သဘာဝဓါတ်ငွေ့ ဖြစ်ပါတယ်။

Ref: အာရ်အဖ်အေ

Read More...

မြစ်ဆုံစီမံကိန်း နှစ်ဘက်သဘောတူညီမှု နိုင်ငံသိအောင် ချပြဖို့လို

05 အောက်တိုဘာ 2011
ကိုသားညွန့်ဦး

သမ္မတအမိန့်နဲ့ ယာယီ ရပ်ဆိုင်းထားတဲ့ မြန်မာနိုင်ငံမြောက်ပိုင်း မြစ်ဆုံရေအား လျှပ်စစ်စီမံကိန်းဟာ တရုတ်နဲ့မြန်မာအကြား နှစ်ဘက်စလုံး အကျိုးအမြတ်ရှိဖို့ အသေအချာ တွက်ချက်လုပ်ကိုင်ခဲ့တဲ့ စီမံကိန်း ဖြစ်တယ်လို့ တရုတ်ပိုင် CPI တရုတ်စွမ်းအင် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ ဥက္ကဋ္ဌဖြစ်သူက တရုတ်အစိုးရပိုင် သတင်းဌာနတွေကို ပြောသွားပါတယ်။

ဒီစီမံချက်ကို မြန်မာဘက်က တဘက်သတ် ရပ်ဆိုင်းလိုက်တဲ့အပေါ် သူတို့ဘက်က ဥပဒေကြောင်း အရ ရင်ဆိုင်ဖြေရှင်းသွားမယ် လို့လည်း ပြောလိုက်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ စောင့်ကြည့်နေတဲ့ မြန်မာ့အရေး လေ့လာသူတွေကတော့ မြန်မာအစိုးရ ဘက် ကလည်း တရုတ်နဲ့ သဘောတူညီခဲ့တာတွေကို အများသိအောင် ချပြပြီး လူထုဆန္ဒနဲ့အညီ ဆက်လက် ဆောင်ရွက်သွားသင့် တယ် လို့ တိုက်တွန်းကြပါတယ်။ ကိုသားညွန့်ဦးက စုံစမ်းမေးမြန်းထားပါတယ်။

မြစ်ဆုံစီမံကိန်းမှာ ရင်းနှီးမြှုပ်နှံမှုလုပ်ခဲ့တဲ့ CPI တရုတ်စွမ်းအင်ရင်းနှီးမြုပ်နှံမှုကုမ္ပဏီ ဥက္ကဋ္ဌ လူကျိဇောင်ကို တရုတ်အစိုးရပိုင် နေ့စဉ် သတင်းဌာနက မေးမြန်းထားရာမှာ မြစ်ဆုံစီမံကိန်းကို နှစ်ဘက်စလုံးက အသေအချာလေ့လာပြီး ငွေအတော်များများ ရင်းနှီးမြှုပ်နှံခဲ့တာကြောင့် အခုလို စီမံကိန်းကို ရပ်မယ်ဆိုရင်တော့ လျော်ကြေးငွေတွေ၊ ထိခိုက်နစ်နာမှုတွေ မြန်မာရော တရုတ် ရော နှစ်ဘက်လုံးမှာ ရှိလိမ့်မယ်လို့ ပြောသွားပါတယ်။

အခုလို စီမံကိန်း ရပ်ဆိုင်းတယ်ဆိုတဲ့နေရာမှာ သတင်းတွေကတဆင့် ကြားရတာဖြစ်ပြီး သူတို့ကို ကြိုတင်ပြောဆိုတာမျိုး မရှိတာ ကြောင့် အလွန်တရာ အံအားသင့်ရတယ်လို့ ပြောပါတယ်။ ဒါကြောင့် CPI ဘက်ကတော့ ဒီကိစ္စကို ဥပဒေကြောင်းအရ ရင်ဆိုင် ဖြေရှင်းမယ်လို့ ဆိုပါတယ်။

ဒါပေမယ့် နိုင်ငံတကာ ဥပဒေကျွမ်းကျင်သူတဦးကတော့ ဒီလို နှစ်နိုင်ငံကုန်သွယ်ရေး စီးပွားရေး သဘောတူညီချက်မျိုးတွေဟာ နှစ်နိုင်ငံကြားမှာပဲ အကျုံးဝင်ပြီး နိုင်ငံတကာခုံရုံးသဘောမျိုးတော့ မရှိဘူး ပြောပါတယ်။ ဒါကြောင့် ဒီပြဿနာကိုတော့ နှစ်နိုင်ငံ အစိုးရအကြား ညှိနှိုင်းဖြေရှင်းရမယ့် အနေအထားဖြစ်တယ်လို့ ယူဆပါတယ်။ ပိုပြီးအရေးကြီးတာက လက်မှတ်ထိုးခဲ့တဲ့ မူလ သဘောတူညီချက်ပါ အချက်အလက်တွေ၊ လုပ်ငန်း ရပ်ဆိုင်းမယ်ဆိုရင် ဘယ်လို ကိုင်တွယ်မလဲဆိုတဲ့ အပိုဒ်တွေအပေါ် ဖြေရှင်း ရမှာဖြစ်ပြီး ဒီသဘောတူညီချက်ပါ အကြောင်းရပ်တွေကို မသိရတာကြောင့် မှတ်ချက်ပေးဖို့ ခက်တယ်လို့ ဗွီအိုအေကို ပြောပါ တယ်။ အမေရိကန်အခြေစိုက် မြန်မာ့ဒီမိုကရေစီရေး ဆောင်ရွက်မှုအဖွဲ့ USCB က ဦးအောင်ဒင်ကလည်း အရင်တုန်းက ဘယ်လို ပုံစံ သဘောတူညီခဲ့ကြသလဲ ဆိုတာ မရှင်းဘူးလို့ ပြောပါတယ်။

တချိန်တည်းမှာပဲ ဒီ စီမံကိန်းကို သမတအမိန့်နဲ့ ရပ်ဆိုင်လိုက်တာကြောင့် မြန်မာအစိုးရအဖွဲ့အတွင်း သဘောကွဲလွဲမှုရှိတယ်ဆိုပြီး ယူဆမှုတွေလည်းရှိကြပါတယ်။ မြန်မာစစ်ထောက်လှမ်းရေးဟောင်း ဦးအောင်လင်းထွဋ်ကတော့ ဒီ စီမံကိန်းစဖို့ ဆွေးနွေး ကတည်းက စစ်အုပ်စုအတွင်းမှာ သဘောကွဲလွဲမှုတွေရှိပြီး၊ ဒီစီမံကိန်းဟာလည်း တရုတ်ဖက်က ဖိအားကြောင့် လုပ်ရတာလို့ ပြောပါတယ်။

“သူတို့ဘက်က ဒီ စီမံကိန်းအတွက် အရင်းအနှီးတွေ အများကြီး တရားဝင် လုပ်ငန်းအတွက် သုံးတာတွေရော တရားမ၀င် လာဘ် ပေးတာတွေရော စသဖြင့် အများကြီး သုံးစွဲထားပြီးတော့ အကျိုးအမြတ်ကိုလည်း အများကြီး မျှော်လင့်ထားတာကိုး။ ဆိုတော့- ဒီအပေါ်မှာတော့ သူတို့ ဒေါသတကြီး တုံ့ပြန်ကြမှာ သေချာပါတယ်။ ကျနော်တို့ဘက်က မသိတာက နှစ်နိုင်ငံကြားမှာ လုပ်ငန်း အခြေအနေနဲ့ပတ်သက်လို့ ဘယ်လို စာချုပ်တွေ ချုပ်ထားတယ်ဆိုတာ ကျနော်တို့က မသိကြရဘူး”

တချိန်တည်းမှာပဲ ဒီစီမံကိန်းကို သမ္မတ အမိန့်နဲ့ ရပ်ဆိုင်းလိုက်တာကြောင့် မြန်မာအစိုးရအတွင်းမှာ သဘောကွဲလွဲမှု ရှိတယ် ဆိုပြီးတော့ ယူဆမှုတွေလည်း ထွက်လာပါတယ်။ မြန်မာစစ်ထောက်လှမ်းရေးမှူးဟောင်း ဦးအောင်လင်းထွဋ်ကတော့ စီမံကိန်းကို စဖို့ ဆွေးနွေးကတည်းက စစ်အုပ်စုအတွင်းမှာ သဘောကွဲလွဲမှု ရှိပြီးတော့ ဒီစီမံကိန်းဟာလည်း တရုတ်ဘက်က ဖိအားကြောင့် လုပ်ရတာလို့ ပြောပါတယ်။

“ဗိုလ်ချုပ်သန်းရွှေ စလုပ်ကတည်းကကိုက မကျေနပ်ဘူးပေါ့လေ။ ဒါဖြစ်ရင် ဘေးဒုက္ခတွေ တော်တော်များများ ရောက်မယ်ဆိုတာ သိကြပါတယ်။ ဒါပေမဲ့ ကိုးကန့်အရေးအခင်းမှာ လက်မှတ်ထိုးပြီးတဲ့အခါမှာတော့ သူတို့ အဲဒါကို ခွင့်ပြုလိုက်ရတဲ့ အနေအထား မျိုးရှိတယ်။ ကိုးကန့်အရေးအခင်း ဖြစ်တဲ့အခါမှာ ပထမ ဗိုလ်ချုပ်ရွှေမန်းသွားတယ်။ ဒုတိယ ဗိုလ်ချုပ်မောင်အေးကို ခေါ်တဲ့အခါမှာ မြစ်ဆုံဆည်ကိစ္စနဲ့ gas ပိုက်လိုင်း ကိစ္စဟာ မြန်မာအစိုးရက အင်တင်တင်လုပ်နေတဲ့ ကိစ္စကို bully လုပ်ပြီးတော့မှ တရုတ်ပြည်မှာ လက်မှတ်ထိုးဖို့အတွက်ကို သူတို့ အကုန်လုံးက စီစဉ်ပြီးတော့မှ လုပ်လိုက်တဲ့ အနေအထားမျိုးမှာ ရှိတယ်ခင်ဗျ”

ကိုးကန့်လက်နက်ကိုင်အဖွဲ့ကို မြန်မာဘက်က စစ်ရေးအရ နှိမ်နင်းခဲ့တုန်းက တရုတ်လူမျိုးတချို့ သေဆုံးတာ၊ စီးပွားရေးနစ်နာ မှုတွေ ရှိတာကြောင့် ဒီကိစ္စအပေါ်မှာ တရုတ်က အတော်လေး မကျေမနပ်ဖြစ်ခဲ့တယ်လို့ သတင်းထွက်ခဲ့ပါတယ်။ အခု သမ္မတ ဦးသိန်းစိန်ရဲ့ မြစ်ဆုံစည်စီမံကိန်း ရပ်ဆိုင်းဖို့ ဆုံးဖြတ်ချက်ကို ကြည့်မယ်ဆိုရင်တော့ အစိုးရအဖွဲ့အတွင်းမှာ အများစုဟာ တရုတ် အပေါ်မှာ မှီခိုလိုစိတ် ရော့လာတယ်လို့ ဦးအောင်ဒင်က ယူဆပါတယ်။

ဒါပေမဲ့လည်း မြန်မာနိုင်ငံအတွင်း တခြား တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ကြီးကြီးမားမား ရှိနေသေးတာကြောင့် ဒီပြဿနာ ကြောင့်နဲ့တော့ တရုတ်-မြန်မာ ဆက်ဆံရေး ဆိုးဆိုးဝါးဝါး ထိခိုက်နိုင်စရာ မရှိဘူးလို့ ဦးအောင်လင်းထွဋ်က သုံးသပ်ပါတယ်။

“နောင်တချိန်မှာ ဗမာအစိုးရက လူ့အခွင့်အရေး ကိစ္စမျိုးနဲ့ပဲဖြစ်ဖြစ်၊ ကျန်တဲ့ တခြားကိစ္စတွေနဲ့ပဲဖြစ်ဖြစ် တရုတ်ဟာ ဗမာပြည် ဘက်က ရပ်တည်ပေးဖို့ဆိုတာ တော်တော်လေး တင်းသွားမယ့် အနေအထားမျိုး ရှိပါတယ်။ သို့သော် တရုတ်ရဲ့ Investment ပေါ့လေ- အများအပြားက ဗမာပြည်ထဲမှာ ရှိနေတဲ့အခါကျတော့ တရုတ်အနေနဲ့ ဗမာအပေါ်မှာတော့ လက်လွတ်စပယ် လုပ်မယ့် အနေအထားမျိုးတော့ မရှိနိုင်ဘူး”

အခြားတဖက်မှာ စိုးရိမ်တကြီးပြောလာတာကတော့ အခုလို မြန်မာနိုင်ငံမှာ စီးပွားရေး ပြုပြင် ပြောင်းလဲမှုတွေ လုပ်နေချိန် အခု မြစ်ဆုံကိစ္စကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံလိုသူတွေဘက်က မြန်မာပြည်မှာ လုပ်ရင် အာမခံချက်မရှိဘူးလို့ ယူဆလာမလားဆိုတဲ့ အချက်ပါ။ ဦးအောင်ဒင်ကတော့ ရင်းနှီးမြုပ်နှံမှုတွေအတွက် လူထုဆန္ဒကို တကယ်ယူမယ်၊ လူထုဆန္ဒအတိုင်း လုပ်မယ်ဆိုရင် ဘာမှ စိုးရိမ်စရာမရှိဘူးလို့ မြင်ပါတယ်။

မြန်မာ့အရေးလေ့လာသူ သုတေသီ ဦးသန့်မြင့်ဦးကတော့ လက်ရှိ ရင်းနှီးမြုပ်နှံမှုတွေရော လာမယ့် ရင်းနှီးမြုပ်နှံမှုတွေကိုပါ လုံခြုံ အာမခံမှု ပေးနိုင်ဖို့ဆိုရင် မြန်မာနိုင်ငံအနေနဲ့ ဥပဒေဆိုင်ရာ လုပ်ထုံး လုပ်နည်းတွေ စည်းမျဉ်းတွေနဲ့ အုပ်ချုပ်မှုကောင်းဖြစ်ဖို့ အလျင် အမြန်လိုအပ်နေပြီလို့ ဗွီအိုအေကို ပြောပါတယ်။ တဘက်မှာလည်း ဒီ ရင်းနှီးမြှုပ်နှံမှုတွေမှာ ပွင့်လင်းမြင်သာမှုရှိဖို့၊ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးနဲ့ ဒေသခံပြည်သူ အကျိုးစီးပွားတွေကိုပါ ထည့်တွက်ဖို့လိုမယ်လို့ ဦးသန့်မြင့်ဦးက ပြောပါ တယ်။

CPI ဥက္ကဋ္ဌရဲ့ ပြောဆိုချက်မှာတော့ မြစ်ဆုံစီမံကိန်းဝန်းကျင်က ဒေသခံပြည်သူ ၂ ထောင်ကျော် အတွက် နှစ်ထပ်တိုက် အိမ်ယာ သစ်တွေ ဆောက်လုပ်ပေးတာ အပါအ၀င် လျော်ကြေးငွေ၊ နောက် သူတို့ရဲ့လိုအပ်ချက် ကျောင်း၊ ဆေးရုံ စသဖြင့် လူမှုရေး အထောက်အကူပြုမှုတွေ အတော်များများ ပေးခဲ့ပြီးသားဖြစ်တယ်လို့ ဆိုပါတယ်။ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်လို့လည်း သူတို့အသေအချာ တွက်ချက်ခဲ့ပြီး ဒီ ဆည်ကြောင့်ပဲ ရေလွှမ်းမိုးမှုတွေကို လျှော့ပါးသွားစေမယ်၊ ဧရာဝတီမြစ်ရဲ့ ရေစီးဆင်းမှုကို ပိုပြီး ထိန်းကျောင်းပေးနိုင်မယ်လို့ တရုတ်အစိုးရပိုင်သတင်းမှာ CPI ဥက္ကဋ္ဌက ပြောခဲ့ပါတယ်။ ဒါ့အပြင် ဒီစီမံချက်ကြောင့် အလုပ် အကိုင် ၄ သောင်းကျော် ဖန်တီးပေးနိုင်လိမ့်မယ် လို့လည်း တရုတ်ဘက်က ပြောဆိုခဲ့ပါတယ်။

Ref: ဗွီအိုအေ

Read More...

အပေါ်သို့