Thursday, January 22, 2009

အရေးတကြီး ဖြည့်ဆည်းရမယ့် ကွက်လပ် - စိုးနေလင်း


ကျနော်တို့ မြန်မာနိုင်ငံရဲ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီတည်ဆောက်ရေး ကြိုးပမ်းအားထုတ် မှု ဖြစ်စဉ်တလျှောက်မှာ ကျောင်းသားဆန္ဒပြမှု၊ သပိတ်တိုက်ပွဲ၊ အလုပ်သမားသပိတ် အုံကြွမှုတွေအများကြီး ဖြစ်ပွားခဲ့ပါတယ်။ အထူးသဖြင့် ကျောင်းသားလှုပ်ရှားမှု တိုက်ပွဲတွေက များခဲ့ပါတယ်။

အစိုးရပြုတ်ကျရေး ရည်မှန်းချက်နဲ့ မဟုတ်ဘဲ အခွင့်အရေးနစ်နာဆုံးရှုံးမှု၊ ပြဿနာတရပ်ပေါ်မှာ အစိုးရရဲ့ ဖြေရှင်းပုံကို မကျေနပ်တဲ့အတွက် ဆန္ဒပြ ကန့်ကွက်သပိတ်မှောက်မှုတွေလည်း ရှိခဲ့ပေမယ့် အဲဒါတွေ အားလုံးဟာ ၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့မှာ ကျောင်းသား သွေးမြေကျ၊ သမိုင်းဝင်ကျောင်းသား သမဂ္ဂ ကြီး ပြိုကျအောင် ပစ်ခတ်နှိမ်နှင်း ဖောက်ခွဲဖျက်ဆီးခဲ့တဲ့ အာဏာရှင်အစိုးရကို နာကြည်းစိတ်၊ တော်လှန် ဆန့်ကျင် ဖြိုဖျက်ချင်စိတ်တွေကို အခြေခံခဲ့ကြတာပါပဲ။

အဲဒီစိတ်ဓာတ် အခြေခံနဲ့ပဲ (တချို့ ဒီထက်နက်နဲတဲ့ အတွေးအခေါ် အခြေခံနဲ့ ဆန့်ကျင်ကြတဲ့သူတွေလည်း ရှိ ပါတယ်) ၆၂ ခုနှစ် နောက်ပိုင်းကာလ တက္ကသိုလ်ကျောင်းသား မျိုးဆက်တွေဟာ အစိုးရကို ဆန့်ကျင်ရင်ဆိုင် ဖို့ ကြိုးစားခဲ့ကြပါတယ်။ အဓိက စိတ်ဓာတ်ကတော့ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး ဒီမို ကရေစီ ဖွံ့ဖြိုးဖြစ်ပေါ်ရေးပါပဲ။

ဒါကို ၆၂ ခုနှစ် နောက်ပိုင်းကာလ ကျောင်းသားတိုက်ပွဲ အဆက်ဆက်မှာ ပါဝင်လှုပ်ရှားပြီး စစ်အစိုးရကို ဆန့် ကျင်အာခံ တွန်းလှန်ခဲ့ကြတဲ့ ကျောင်းသားကျောင်းသူတိုင်း သိပြီးဖြစ်ပါတယ်။ ဒါပေမယ့် ကျောင်းသားတိုက်ပွဲ တွေ အားလုံးဟာ တစိတ်တပိုင်း အောင်မြင်မှုမျိုး၊ ယာယီအောင်မြင်မှုမျိုး ရတာမျိုးပဲ ဖြစ်နေပါတယ်။

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီတည်ဆောက်ရေး ကြိုးပမ်းအားထုတ်မှု ဖြစ်စဉ်ကြီးကို အောင်မြင်ပြီးဆုံးအောင် မသယ်ဆောင်နိုင်ခဲ့ပါဘူး။ အကြောင်းရင်းကတော့ အဲဒီအချိန်က ကျောင်းသား လှုပ်ရှားမှုတွေဟာ ကျောင်းသားသက်သက် လှုပ်ရှားမှုတွေသာ ဖြစ်ခဲ့ပြီး၊ အလုပ်သမား၊ လယ်သမားနဲ့ လူထု လူတန်းစားတွေအားလုံးနဲ့ မပေါင်းစည်းနိုင်ခဲ့ပါဘူး။

၁၉၇၄ ခုနှစ် ဇွန်လ အလုပ်သမားအရေးအခင်းမှာတော့ အလုပ်သမားနဲ့ ကျောင်းသား ပေါင်းစည်းလှုပ်ရှားနိုင် ခဲ့ပေမယ့် လူထုလှုပ်ရှားမှုအဖြစ် မကူးပြောင်းနိုင်သေးခင်မှာဘဲ စစ်အာဏာရှင်တွေရဲ့ ရက်ရက်စက်စက် ခြေမှုန်းတာကို ခံခဲ့ရပါတယ်။

အဲဒီ ကျောင်းသားနဲ့ အလုပ်သမား တိုက်ပွဲတွေက ရရှိခဲ့တဲ့ နိုင်ငံရေးအမြတ်နဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး စိတ်ဓာတ်၊ နှစ်ပေါင်းများစွာ ခါးစည်းခံခဲ့ရတဲ့ ဖိနှိပ်မှုတွေ မတရားမှုတွေအပေါ် ပြည်သူလူထုရဲ့ မကျေနပ် ဖြစ်မှုတွေ ပေါင်းစည်းသွားတဲ့အချိန်မှာတော့ ၁၉၈၈ လူထုဒီမိုကရေစီ အရေးတော်ပုံကြီး ပေါ်ပေါက်လာခဲ့ပါ တော့တယ်။

ဒါပေမယ့် အဲဒီအရေးတော်ပုံကြီးဟာ အောင်ပွဲရလုဆဲဆဲ အခြေအနေမှာပဲ လျှော့ပေါ့တွက်ချက်မှု၊ တိုက်ပွဲ အပေါ် သုံးသပ်အကဲဖြတ်ချက် မှားယွင်းမှု၊ နိုင်ငံရေးအတွေ့အကြုံ အားနည်းမှု စတဲ့ အမှားတွေကြောင့် အောင်ပွဲနဲ့ ဝေးခဲ့ရပါတယ်။

နောက်ဆုံးမှာတော့ စစ်အာဏာရှင်အစိုးရဟာ သူတို့လိုချင်တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို အတင်း ရအောင် ရေးဆွဲ၊ အတင်းအကျပ် အတည်ပြုပြီး အခု ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို အပြီးသပ် ပယ် ဖျက်ပစ်တော့မယ့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကို ကျင်းပဖို့ ပြင်ဆင်နေပါပြီ။ အဲဒီလို ပြင်ဆင်တဲ့နေရာမှာ စစ် အစိုးရဟာ နောက်ထပ် လမ်းပေါ်ဆန္ဒပြပွဲတွေ ပေါ်ထွက်မလာရအောင် လူထုအုံကြွမှု ထပ်ဖြစ်ပေါ်မလာရ အောင် အစိုးရဆန့်ကျင်သူမှန်သမျှ လုံးဝ နလန်မထူနိုင်အောင် ဖိနှိပ်ခြေမှုန်းရေး ပုံစံကို အသုံးပြုနေပါတယ်။

သူတို့ ချမှတ်ဖော်ဆောင်နေတဲ့ လုပ်ငန်းစဉ်တွေကို ထိပါးဆန့်ကျင်သူ မှန်သမျှကို ကျားကုတ်ကျားခဲ ဖော် ထုတ် ဖမ်းဆီးပြီး၊ မကြားဝံ့မနာသာ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်၊ ရက်ရက်စက်စက် နှိပ်ကွပ်နေတာကို မြင်သာထင်ရှားဖြစ်နေပါပြီ။ တဖက်ကလည်း ပြည်သူလူထုကို အသက်ရှင်နေထိုင်ရေးအတွက် အကျပ်အ တည်း တွေ့နေအောင် လုပ်ပြီး၊ မက်လုံးပေး စည်းရုံးသိမ်းသွင်းတဲ့နည်းနဲ့ ကိုယ်ကျိုးစီးပွား ကာကွယ်လိုသူ တွေကို လူထုထဲက ဖဲ့ထုတ်စည်းရုံးပြီး လက်ကိုင်တုတ် အဖွဲ့အစည်းတွေကို အခိုင်အမာ ဖွဲ့စည်းနေပါတယ်။

အဲဒီဒေါက်တိုင်တွေရဲ့ အင်အားနဲ့ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ယူပြီး အရေခွံ အရပ်ဝတ်နဲ့ စစ်အစိုးရ တရပ် တရားဝင် ပေါ်ထွန်းလာအောင် မဖြစ်မနေ ကြိုးစားတော့မှာ အသေအချာပါပဲ။

စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေး၊ ဒီမိုကရေစီ တည်ဆောက်ရေး အရေးတော်ပုံကြီးဟာ ပကတိ အခြေ အနေအရ ပြည်တွင်းက ပြည်သူလူထု မပါဘဲ ဘယ်နည်းနဲ့မှ အောင်မြင်မှု မရနိုင်ပါဘူး။ တကယ့် အခြေခံ ပြည်သူလူထုကြီးကတော့ စစ်အာဏာရှင်စနစ်ကို ခါးခါးသီးသီး အာခံဆန့်ကျင် တွန်းလှန်ဖို့ အဆင်သင့် ရှိနေ ကြတယ်လို့ ကျနော်ကတော့ ယုံကြည်ပါတယ်။

ဒါပေမယ့် ပြည်သူလူထုဟာ မှန်ကန်ရဲရင့်တဲ့ ဦးဆောင်ပါတီ၊ ဦးဆောင်အဖွဲ့အစည်းတခုရဲ့ ခေါင်းဆောင်မှု မရှိဘဲနဲ့တော့ ရက်စက်ကြမ်းတမ်း ဉာဏ်နီဉာဏ်နက် များလှသလို အင်အားတောင့်တင်းတဲ့ ဖက်ဆစ်စစ် အစိုးရကို အောင်ပွဲရအောင် တိုက်ခိုက်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။

ဒီတာဝန်ကို ဘယ်သူ ထမ်းဆောင်မှာပါလဲ။ အဖြစ်သင့်ဆုံးကတော့ လူထုက ယုံကြည်အပ်နှံ ရွေးချယ် တင်မြှောက်ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပဲ ဖြစ်ပါတယ်။ လူထုကို မှန်ကန်တဲ့ တိုက်ပွဲလမ်းကြောင်းပေါ် ဆွဲတင်ပြီး၊ လူထုရှေ့က ရဲရဲရင့်ရင့် ဦးဆောင်ရင်း စစ်အာဏာရှင်တွေ လက်မြှောက် အရှုံးပေးလာတဲ့အထိ ဖော်ဆောင်လို့ ရနိုင်သမျှ တိုက်ပွဲပုံစံမျိုးစုံကို ဖော်ဆောင်တိုက်ပွဲဝင် ရပါလိမ့်မယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် လူထုရဲ့ ယုံကြည်အပ်နှံ တာဝန်ပေးအပ်ခံရတဲ့ ပါတီတရပ်အနေနဲ့ စစ်အာဏာရှင် စနစ်ကို ဆန့်ကျင်တိုက်ဖျက်ပြီး၊ ဒီမိုကရေစီထွန်းကားရေး ကြိုးစားအားထုတ်ပေးဖို့ အဓိက တာဝန်ရှိနေတယ် ဆိုတာကလည်း ရှင်းနေပါတယ်။

ဒါပေမယ့် ဒီတာဝန်ကို ကျေကျေပွန်ပွန် ထမ်းဆောင်ဖို့ဆိုတာ အလွန်ခက်ခဲ ပင်ပန်းမှာဖြစ်သလို၊ အန္တရာယ် ကြီးမားတဲ့အတွက် ယုံကြည်ချက် ခိုင်မာအားကောင်းဖို့ လိုသလို စွန့်လွှတ်အနစ်နာခံမှုတွေ အများကြီး လိုအပ် မှာ ဖြစ်ပါတယ်။

အတိုက်အခံ ဒီမိုကရေစီအင်အားစုတွေ အနေနဲ့လည်း မိမိတို့ရဲ့ ယုံကြည်ချက်၊ ရပ်တည်ချက်နဲ့ လက်တွေ့ လုပ်ရပ်တွေကို မှန်မှန်ကန်ကန် ပြန်လည်သုံးသပ်၊ မိမိကိုယ်ကိုယ် ဝေဖန်ရေးလုပ်ပြီး မိမိတို့ရဲ့ တဦးချင်း ချို့ယွင်းအားနည်းချက်တွေနဲ့ အမှားတွေ၊ အသင်းအဖွဲ့နဲ့ ပါတီတခုလုံးအရ ချို့ယွင်းအားနည်းချက်နဲ့ အမှား တွေကို ပြုပြင်တည့်မတ်ဖို့ လိုအပ်ပါလိမ့်မယ်။

ဒီအချိန်ဟာ တဦးနဲ့ တဦး၊ တဖွဲ့နဲ့ တဖွဲ့ အပြန်အလှန် အပြစ်တင်နေရမယ့်အချိန် မဟုတ်ပါဘူး။ အပြုသဘော ဝေဖန်ရေးနဲ့ ပြုပြင်ထိန်းမတ်ဝေဖန်ရေး တည်ဆောက်ရမယ့် အချိန်ပါ။ တခုသတိထားဖို့ လိုအပ်တာက ရိုးရိုး သားသား ဝေဖန်သုံးသပ်၊ အမှားကို အမှန်ပြုပြင်တာမှာ အချိန်နောက်ကျတယ်ဆိုတာ မရှိပါဘူး။ ကိုယ်ကိုယ် တိုင်က အမှားကို အမှားလို့ မြင်ပြီး၊ ပြုပြင်တည့်မတ် အမှန်လမ်းကြောင်းကို ရွေးချယ်ရဲဖို့တော့ လိုအပ်ပါလိမ့် မယ်။

လူထုဒီမိုကရေစီ တော်လှန်ရေးကြီးဟာ ကာလရှည်ကြာလာတာနဲ့အမျှ အကျအဆုံး၊ အဆုံးအရှုံးတွေ၊ နစ်နာ မှုတွေ များပြားလာနေပါပြီ။ နောက်ဆုံး တိုင်းပြည်နဲ့ လူမျိုး အဆုံးစွန် ပျက်သုဉ်းသွားနိုင်တဲ့ အခြေအနေ ဖြစ်လာပြီလို့ ယူဆနိုင်တဲ့ အခြေအနေ ရောက်လာနေပြီဖြစ်လို့ နှောင့်နှေးကြံ့ကြာ အချိန်ဆွဲနေလို့ မဖြစ်ပါ ဘူး။

အမြန်ဆုံး ပြန်လည်ဝေဖန်သုံးသပ်၊ ချို့ယွင်းအားနည်းချက်နဲ့ အမှားတွေကို အမြန်ဆုံး ပြုပြင်တည့်မတ်ပြီး၊ စစ် အာဏာရှင်တွေရဲ့ ထာဝရ အာဏာတည်မြဲရေး ကြိုးပမ်းအားထုတ်မှုတွေကို အမြန်ဆုံး ရိုက်ချိုးချေဖျက်ပစ် ကြဖို့ လိုအပ်ပါတယ်။



စိုးနေလင်း
REF: မဇ္စျိမ

Read More...

ဟီလာရီ၏ Smart Power နိုင်ငံခြားရေးပေါ်လစီနှင့် မြန်မာစစ်အစိုးရ

၂၂ ဇန်န၀ါရီ ၂၀၀၉

မစ္စဟီလာရီကလင်တန်အား အိုဘားမားအစိုးရ၏ နိုင်ငံခြားရေးဝန်ကြီးအဖြစ် အမေရိကန် အထက်လွှတ်တော် က အတည်ပြုလိုက်ပြီဖြစ်သည်။

နိုင်ငံခြားရေးဝန်ကြီးရာထူးသည် အိုဘားမားအစိုးရ၏ အရေးပါသည့် ရာထူးဖြစ်သည်။ ထို့ကြောင့် မစ္စ ဟီလာ ရီကလင်တန်အား နိုင်ငံခြားရေးဝန်ကြီးခန့်ခြင်းသည် ခင်ပွန်းဖြစ်သူ သမ္မတဟောင်း ကလင်တန် လုပ်ကိုင်နေ သည့် ဖောင်ဒေးရှင်းအတွက် အလှူငွေထည့်နေသည့် နိုင်ငံခြားအစိုးရများကို ဆက်ဆံရာတွင် အကျိုးစီးပွား ပဋိပက္ခဖြစ်နိုင်သည်ဟု လွှတ်တော်၌ အငြင်းပွားပြီးနောက် ယခုကဲ့သို့ အတည်ပြု ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။

အိုဘားမားအစိုးရ၏ နိုင်ငံခြားရေးပေါ်လစီကို သံတမန်နည်း၊ စစ်ရေးနည်း (၂) မျိုးလုံး အလျဉ်းသင့်သလို သုံး မည့် Smart Power ပေါ်လစီသုံးခြင်းဖြင့် အမေရိကန်၏ ဦးဆောင်မှုကို ပြန်ထိန်းနိုင်မည်ဟု ယုံကြည်ကြောင်း မစ္စဟီလာရီကလင်တန်က သန္နိဋ္ဌာန်ချထားသည်။

၂၀၀၃ ခုနှစ် အီရတ်ကို အမေရိကန်သိမ်းပိုက်ပြီးနောက်ပိုင်းမှာ သံတမန်နည်း၊ စစ်ရေးနည်း (၂) မျိုးလုံး အလျဉ်းသင့်သလိုသုံးသည့် Smart Power ဆိုသည့် စကားကို နိုင်ငံတကာ ဆက်ဆံရေးမှာ ထွင်သုံးလာကြ သည်။ အစိုးရတရပ်က ယဉ်ကျေးမှုနည်း၊ အတွေးအခေါ်နည်းများဖြင့် သွယ်ဝိုက်ပြီး သြဇာသက်ရောက်ရန် ကြိုးပမ်းမှုများကို Soft Power ဟု သုံးပြီး စစ်ရေးနည်း စီးပွားရေးနည်းတို့ဖြင့် သြဇာသက်ရောက်ရန် ကြိုးပမ်း မှုများကိုမူ Hard Power ဟု သုံးလေ့ရှိသည်။

ဟားဗတ်တက္ကသိုလ်မှ နိုင်ငံတကာဆက်ဆံရေး ပါမောက္ခ ဒေါက်တာ Joseph Nye ကမူ smart power ဆို သည်မှာ soft power နှင့် hard power (၂) မျိုးပေါင်းစပ်ထားသည့် အောင်မြင်ရေးနည်းဗျူဟာ အရည် အသွေး ဖြစ်သည်ဟု အဓိပ္ပာယ်ဖွင့်ဆိုထားသည်။

သမ္မတဟောင်း ဘွတ်ရှ်၏ ၂၀၀၅ ခုနှစ် ဒုတိယသက်တမ်း ဘိသိက်ခံပွဲတွင် ရက်စက်ကြမ်းကြုတ်သည့် ဖိနှိပ် ညှဉ်းပန်းအုပ်ချုပ်မှုဆိုသည့် စကားကို (၅) ကြိမ်သုံးခဲ့သည်။

ထိုအချိန်က ဟီလာရီကဲ့သို့ နိုင်ငံခြားရေးဝန်ကြီးရာထူး လျာထားခံရသူ မစ္စကွန်ဒါလီဇာရိုက်စ်ကလည်း မြန်မာ၊ မြောက်ကိုရီးယား၊ ဇင်ဘာဘွေ၊ ဘေလာရှစ်၊ ကျူးဘားနှင့် အီရန် (၆) နိုင်ငံကို ရက်စက်ကြမ်းကြုတ် စွာ ဖိနှိပ်အုပ်ချုပ်မှု စိုးမိုးရာဒေသများ (Outposts of Tyranny) ဟု သုံးနှုန်းခဲ့သည်။

သဘောမှာ အဆိုပါ (၆) နိုင်ငံသည် အမေရိကန်အစိုးရ စောင့်ကြည့်ရမည့်နိုင်ငံများဖြစ်ပြီး ထို (၆) နိုင်ငံမှ ပြည်သူများ လွတ်မြောက်ရေးအတွက် အမေရိကန်အစိုးရမှာ တာဝန်ရှိသည်ဆိုသည့် အဓိပ္ပာယ်ဖြစ်ကြောင်း လန်ဒန် Independent သတင်းစာ ဆောင်းပါးရှင် Rupert Cornwell က ထောက်ပြခဲ့သည်။

ထိုအချိန်က မစ္စကွန်ဒါလီဇာရိုက်စ် ပြောသည့်စကားကို အမေရိကန်နိုင်ငံခြားရေးပေါ်လစီသစ်အဖြစ် ကမ္ဘာက လည်း မှတ်ယူခဲ့ကြသည်။

အစောပိုင်းကမူ အီရန်၊ အီရတ်နှင့် မြောက်ကိုရီးယား (၃) နိုင်ငံကို မိစ္ဆာအုပ်စုဝင်နိုင်ငံများ (Axis of Evil) ဆို ပြီး အမေရိကန်သမ္မတ ဘွတ်ရှ်က ကင်ပွန်းတပ်ခဲ့သည်။ သို့သော် အီရတ်ကို အမေရိကန်က ၀င်တိုက်ပြီး နောက ပိုင်း မိစ္ဆာအုပ်စုဝင်နိုင်ငံများစာရင်းမှ အီရတ်ကို ပယ်ဖျက်ခဲ့သည်။

အိုဘားမား၏ သမ္မတ နန်းတက်ပွဲမိန့်ခွန်းမှာမူ သမ္မတဟောင်း ဘွတ်ရှ် ဒုတိယ နန်းတက်ပွဲ မိန့်ခွန်းကဲ့သို့ အာဏာရှင်နိုင်ငံများအပေါ် တိတိကျကျ ကြိမ်းဝါးမှုမရှိသည့်အတွက် ဟီလာရီကလင်တန်၏ smart power နိုင်ငံခြားရေးပေါ်လစီသည် မြန်မာစစ်အစိုးရနှင့် ဆက်ဆံရာတွင် ထိထိရောက်ရောက် ရှိပါ့မလားဆိုသည်မှာ စောင့်ကြည့်ရမည် ဖြစ်သည်။

သမ္မတ ဘွတ်ရှ်လက်ထက်က မြန်မာ့အရေး လုံခြုံရေးကောင်စီရောက်အောင် ကြိုးပမ်းခဲ့သည့် Soft power နည်း မအောင်မြင်ခဲ့မှု၊ အီရတ်နှင့် အာဖဂန်အရေးကို hard power နည်းသုံးပြီး မအောင်မြင်ခဲ့မှုတို့ကြောင့် ဟီလာရီကလင်တန်၏ smart power နိုင်ငံခြားရေးပေါ်လစီသည် မြန်မာ့အရေးအတွက် အနာနှင့် ဆေး တည့်ပါ့မလားဆိုသည်မှာလည်း မသေချာပေ။

သေချာသည့်အချက်မှာ လက်ရှိမြန်မာစစ်အစိုးရအပေါ် ဒဏ်ခတ်ထားသည့် စီးပွားရေးပိတ်ဆို့မှုဥပဒေကို တချိန်က အိုဘားမား၏ဒီမိုကရက်ပါတီ အာဏာရစဉ် သမ္မတကလင်တန် ပြဋ္ဌာန်းခဲ့သည့်အတွက် အိုဘားမား အနေဖြင့် အဆိုပါဥပဒေကို ဆက်ပြီး သက်တမ်းတိုးသည့်ကိစ္စ ထောက်ခံသည့်အဆင့်လောက်တော့ လုပ် လိမ့်မည်ဟုသာ မျှော်လင့်နိုင်သည်။



သတင်းထောက် ဟန်တင်အောင်
REF: ခေတ်ပြိုင်

Read More...

သတင်းစာဟောင်း ဂျာနယ်ဟောင်း - လူထုဒေါ်အမာ

စာကြည့်တိုက်ကြီးတွေများများနဲ့ ကောင်းကောင်းမရှိတဲ့ ဗမာပြည်၊ စစ်ဘေးစစ်ဒဏ်ကို အလူးအလဲခံခဲ့ရတဲ့ ဗမာပြည်မှာ သတင်းစာအဟောင်းတွေ၊ ဂျာနယ်အဟောင်းတွေကို မပျောက်မပျက် သိမ်းထားနိုင်တဲ့လူတွေ ရှိသေးတယ်ဆိုတာ နဲနဲနောနော ၀မ်းသာဘို့ကောင်းတာ မဟုတ်ဘူး။ 'လိုရစေကြိုးနှယ်ခွေ' ဆိုတဲ့ သဘောမျိုး ပိုးမထိုး ခြမကိုက်အောင် သိမ်းကြရမှာဘဲ။ ရှေးဟောင်းနှောင်းဖြစ်တွေကို ပြန်လည်ဖော်ထုတ်တဲ့အခါ ဒါတွေ က သိပ်အသုံးကျတာ မဟုတ်လား။ အကြောင်းအရာ တစုံတခုကို ကိုယ်က ပြောချင်တယ်ဆိုရင် အဲဒီ အကြောင်းအရာနဲ့ ပါတ်သက်ပြီး၊ ဘယ်နေ့ထုတ် ဘယ်သတင်းစာက ဘယ်လိုရေးသားဖော်ပြတယ် ဆိုတာ ကိုများ ဆွဲထုတ်ပီး ကိုးကားပြနိုင်တယ်ဆိုရင် ကိုယ်ပြောလိုက်တဲ့ အကြောင်းအရာက အပုံကြီး ခိုင်မာ တောင့် တင်းသွားတော့တာကိုး။ ဒါကြောင့် တတ်နိုင်ရင် သတင်းစာဟောင်း၊ ဂျာနယ်ဟောင်း၊ မဂ္ဂဇင်းဟောင်းတွေကို သိမ်းကြရတယ်။ ပိုးမထိုး ခြမကိုက်အောင်လဲ အတတ်နိုင်ဆုံး စောင့်ရှောက်နေကြပါတယ်။


ဒီလိုအဖိုးတန် အသုံးဝင်ရာမှာ တခုတော့ သတိထားရပါတယ်။ ကိုယ်သုံးတဲ့ သတင်းပါတဲ့ သတင်းစာ ဂျာနယ် မဂ္ဂဇင်းဟာ ဘယ်လိုအမျိုဒအစားထဲက ဖြစ်တယ်ဆိုတာကိုတော့ ကိုယ်ကိုယ်တိုင်ကလဲ သတိထားဘို့ လို တယ်။ အထူးသဖြင့် ကိုယ်ကပြန်ပြီး အသုံးချမယ်၊ အကိုးအကားပြုမယ်ဆိုရင်ပေါ့။ ဒါမှလဲ ကိုယ့်အကိုးအကား ဟာ လေးနက်မှုရှိပါတယ်။ ဒီလိုမဟုတ်ဘဲ၊ ကိုယ်ကိုယ်တိုင်က ဒီ စာနယ်ဇင်းအဟောင်းဟာ ဘယ်အရည် အသွေးရှိတယ်ဆိုတာ မသိဘဲသုံးရင် ကိုယ့်စာဟာ တန်ဘိုးတက်သင့်သလောက် မတက်ဘူး။ သိတော့သိ တယ် ဒါပေမယ့် မဖော်ပြဘဲ သုံးတယ်ဆိုရင်လဲ ရိုးသားမှုမရှိတဲ့ အနေအထားမို့ မလုပ်သင့် မလုပ်အပ်ဘူး။ ဒီ စကားကို ရှင်းပါအုံးမယ်။

ပါလီမန်ဒီမိုကရေစီခေါ်တဲ့ အရင်းရှင်ဒီမိုကရေစီခေတ်၊ ဗြိတိသျှကျွန်ဘ၀ခေတ်တွေတုန်းက သတင်းစာတွေ၊ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေဆိုတာ အသွေးအရောင်အမျိုးမျိုးနဲ့ ထုတ်ဝေကြတာ ဖြစ်တယ်။ ပါလီမန်ဒီမိုကရေစီ က အလုပ်သမား လယ်သမားတွေကို တကယ်ကိုယ်စားပြုတဲ့ လက်ဝဲပါတီမျိုးကို တရားဝင် ရပ်တည်ခွင့် မပေးပေမဲ့၊ အရင်းရှင် ကိုယ်စားပြု၊ မြေရှင်ကိုယ်စားပြုပါတီတွေကိုတော့ ဆိုင်းဘုတ်အမျိုးမျိုးနဲ့ ဘယ်နှစ်ပါတီ ဖွဲ့ဖွဲ့၊ ဘယနှစ်မျိုးဘဲပေါ်ပေါ် ထွက်ပေါ်ရပ်တည်ခွင့် ပေးပါတယ်။ ဒါတွေအတွက် ၀ါဒဖြန့်စရာလဲ စာနယ်ဇင်း အမျိုးမျိုးကို လွတ်လပ်စွာ ရေးသားထုတ်ဝေခွင့်ရှိပါတယ်။

ဒါကြောင့် သတင်းစာဆိုရင်လဲ အစောင်ပေါင်းမြောက်မြားစွာ၊ ဂျနယ်ဆိုရင်လဲ အမျိုးအမည် အများကြီး၊ မဂ္ဂဇင်းဆိုရင်လဲ စုံစေ့အောင်၊ ရေတွက်လို့ မလွယ်လောက်အောင် အများကြီး ထွက်ပေါ်ခဲ့တယ်။ နို့ပေမဲ့ ထွက်တဲ့ စာနယ်ဇင်းတိုင်း စောင်ရေတွေအများကြီး ရိုက်နှိပ်ကြရသလားဆိုတော့ မဟုတ်ပါဘူး။ စာဖတ် ပရိသတ် ပြည်သူလူထုအပေါ် သြဇာရှိသလားဆိုတော့ မဟုတ်ပါဘူး။ သတင်းစာတစောင်ဘဲ၊ ဂျာနယ် တစောင်ဘဲဆိုပေမဲ့ မည်ကာမတ္တဘဲ ပြည်သူလူထုအပေါ် သြဇာမရှိပါဘူး။ လူတွေရဲ့အမြင်ကို လှည့်စား ဖျက်ဆီးဘို့အတွက် ကြိုးပမ်းထားတာတွေဘဲ ဖြစ်ပါတယ်။ အဖြူပေါ် အမဲထင်ပြီး စာနဲ့ရေးထားတာဆိုရင် မှန်လိမ့်မယ်လို့ ရိုးအ,သေးတဲ့လူတွေက ထင်ကြလေရဲ့ဆိုပြီး ပြည်သူကို မှိုင်းတိုက်ဘို့ ကြိုးစားခဲ့ကြမှုတွေပါ။ ဒါမျိုးကိုဘဲ တနေရာကနေပြီး ကိုးကားရာမှလဲ အသုံးကျတယ် မှုတ်လား။ ဥပမာဆိုပါတော့ ရန်ကုန်မြို့မှာ ကုလားဗမာရိုက်ပွဲကြီး ဖြစ်နေတယ်။ အဲဒီရိုက်ပွဲနဲ့ ပါတ်သက်ပြီး ကုလားငွေနဲ့ ထုတ်ဝေနေတဲ့ စောင်ရေ (၁၀၀၀-၉၀၀)မှ မရှိတဲ့ သတင်းစာလေးတစောင်က ဒီအဓိကရုဏ်းနဲ့ ပါတ်သက်လို့ ဘယ်လိုရေးတယ်လို့ အိန္ဒိယသတင်းစာအချို့က ကိုးကားရင် ကမ္ဘာမှာလဲ ဒီအာဘော်က ပြန့်လွင့်နိုင်တယ် မဟုတ်လား။ အဲဒီလို အသုံးချရအောင်၊ ဒီလို နာမည်ခံသတင်းစာလေးတွေ ထုတ်ဝေကြတာ ဖြစ်တယ်။ ဒါကြောင့် ဟိုခေတ်က ဆိုရင် သတင်းစာတချို့က ထွက်နေတယ်ဆိုရုံ သတင်းစာတစောင်လို့သာ ဆိုရတယ်၊ တနေ့မှ စောင်ရေ ၃၀၀ နဲ့ ၅၀၀ ကြားသာ ရိုက်နှိပ်နေတာမျိုးလဲ ရှိတယ်။ ဒီလောက်စောင်ရေနဲ့ဟာ စီပွါးရေးအရ ရပ်တည်နိုင် သလားလို့ အဲဒီခေတ်ကို အသိမီလိုက်သူများက မေးချင်လိမ့်မယ်။ အံ့သြနေလိမ့်မယ်။ ရပ်တည်နေခဲ့ပါတယ်။ တချို့များ အဲဒီ စောင်ရေမျိုးနဲ့ ၁၅ နှစ်၊ နှစ် ၂၀ကြာအောင် ထုတ်ဝေနေတာတောင် ရှိပါတယ်လို့ ဖြေကြား ပါမယ်။

သူတို့ ရပ်တည်ပုံက အစိုးရကဖြစ်စေ၊ တခြား ငွေကြေးပေးကမ်းနိုင်သူတွေက ဖြစ်စေ၊ တိုက်စရိတ် ကာမိတဲ့ အပြင် တိုက်ရှင်များ စားသုံးနိုင်လောက်တဲ့ ငွေကြေးမျိုးထိ ရရှိစေနိုင်တဲ့ ကြော်ငြာများ ထည့်ပေးထားပါတယ်။ အဲဒီငွေကြေးနဲ့ဘဲ ဒီသတင်းစာမျိုးက ထုတ်ဝေထွက်ပေါ်နေတယ်။ ဒါကြောင့် သူ့မှာ သတင်းစာဆိုပေမဲ့ သတင်းစုံစုံလင်လင်မပါဘူး။ သတင်းထောက်တွေ ဘာတွေကို ငွေကုန်ကြေးကျခံပီးခန့်မထား၊ သတင်းဝယ် ယူမှု မပြုဘဲကိုး။ သတင်းသာ စုံစုံစောစောစီးစီး မပါသလား။ ဆောင်ပါးတော့ ဖတ်ချင့်စဖွယ် အပါသား မဟုတ်လားလို့လဲ မမေးစေချင်ဘူး။ လူရိုသေ ရှင်ရိုသေကလောင်မျိုးက ဒီလိုသတင်းစာမျိုးမှာ ၀င်မရေးလို ဘူး။ ငွေကြေးရမှရေးတဲ့ ကလောင်ကောင်းတွေကလဲ ငွေကြေးမပေးလို့ မရေးကြဘူး။ အဲဒီတော့ ကလောင် နာမည်တလုံး ဖြစ်မလာသေးလို့ နာမည်ရချင်တဲ့ ကလောင်ရှင်ရဲ့ဆောင်းပါးမျိုး၊ အဆင့်အတန်းမမီလို့ ဘယ်ကမှ လက်မခံတဲ့ဆောင်းပါးမျိုးဘဲ ပါပါတယ်။

အဲဒီလို သတင်းစာမျိုးတွေ မန္တလေးမှာလဲ ရှိခဲ့တယ်။ ရန်ကုန်မှာလဲ ရှိခဲ့တယ်။ ဒီသတင်းစာဟာ ရှင်းရှင်းဆိုရ ရင် ကိုလိုနီသမားရဲ့ အလိုတော်ရိ သတင်းစာသက်သက်ဘဲ၊ ဒါကြောင့် သူတို့သြဇာ ပြည်သူကြားမှာ ဘာမှ မရှိဘူး။ သူတို့ ဘာရေးနေနေ ဘယ်သူကမှ အရေးယူ အချိန်ကုန်ခံပြီး ဖတ်မနေကြဘူး။ သူတို့ စီပွါးရေး အတွက် လုပ်စားနေကြတဲ့ ကြေးစားသတင်းစာလို့ဘဲ လူတွေက နားလည်ထားကြတယ်။ ဒါက တမျိုးပါ။

တချို့သတင်းစာဂျာနယ်များကတော့၊ သတင်းစာတစောင်၊ ဂျာနယ်တစောင် မဖြစ်မနေ ထုတ်ဝေမယ်ဆိုပြီး၊ စိတ်အားထက်ထက်သန်သန်နဲ့ စတင်ထုတ်ဝေတာတော့ မှန်ရဲ့။ နို့ပေမဲ့ ငွေရေးကြေးရေးကြောင့် ဖြစ်စေ၊ အရေးအသားကြောင့်ဖြစ်စေ ဒီသတင်းစာ၊ ဒီဂျာနယ်ကို သက်ဇိုးရှည်အောင် မတတ်နိုင်ဘူး။ ဒါကြောင့် ထွက် လာပြီး ၃ လနဲ့ ပိတ်လိုက်ရ၊ ၆ လနဲ့ ပိတ်လိုက်ရ၊ တနှစ်လောက်ခံတယ် ပျက်သွားရော ဆိုတာမျိုးဖြစ်ကုန်လို့ သတင်းစာတစောင်၊ ဂျာနယ်တစောင်ဆိုတဲ့နာမည်၊ မှတ်ပုံတင်တခုတော့ဖြင့် ကျန်ရစ်ပါရဲ့၊ ပြည်သူ့ကြားမှာ ကြာကြာသြဇာသက်ရောက်မှု ရှိမသွားရလို့ မေ့ပျောက်သွားကြတယ်။

တချို့ ဂျာနယ်၊ တချို့ သတင်းစာကတော့ နိုင်ငံရေးတကွေ့မှာ တခုသော အရင်းရှင် နိုင်ငံရေးပါတီတရပ်က သူတို့အတွက် ၀ါဒဖြန့်ဘို့ သက်သက်ရည်ရွယ်ပြီး ထုတ်ဝေတဲ့ သတင်းစာဂျာနယ်ဖြစ်တယ်။ ဒါမျိုးကလဲ သက်ဇိုးမရှည်တတ်ဘူး။ နိုင်ငံရေး နောက်တကွေ့မရောက်ခင် ပျောက်ကွယ်သွားတတ်တယ်။ ဒီသတင်းစာမျိုး ကတော့ နိုင်ငံရေးရာသီအလိုက်ပေါက်တဲ့ မှိုသတင်းစာမျိုးပေါ့။

အချို့ သတင်းစာကျတော့ သက်တမ်းရှည်တယ်။။ လူကြားမှာလဲ သြဇာတိက္ကမကြီးတယ်။ နို့ပေမယ့် ဒီ သတင်းစာမျိုးထဲကကိုဘဲ သတင်းစာရဲ့ ပေါ်လစီဟာ ထွက်ကတဲကစပြီး နောက်ဆုံးအထိ တသမတ်ထဲ ရှိချင် မှ ရှိတတ်တယ်။ အကြောင်းအမျိုးအမျိုးကြောင့် အပြောင်းအလဲတွေရှိတယ်။ ဥပမာ ဆိုပါတော့ သူရိယ သတင်းစာကြီး။ သက်တမ်းဟာ အနှစ် ၃၀ ကျော် ၄၀ နီးပါးရှည်ခဲ့တယ်။ ပြည်သူကြားမှာ သြဇာကြီးခဲ့တယ်။ နို့ပေမယ့် သူရိယသတင်းစာထဲမှာပါတဲ့ သတင်းကိုဖြစ်စေ၊ ခေါင်းကြီးကိုဖြစ်စေ၊ ဆောင်းပါးကိုဖြစ်စေ ကိုးကား ဖော်ပြချင်တယ်ဆိုရင်ဖြင့် ခုနှစ်သက္ကရာဇ်ကိုသာမက သူရိယသတင်းစာက ဘယ်ပေါ်လစီကို ကိုင်စွဲနေချိန်မှာ ဖြစ်တယ်ဆိုတာကိုပါ ဖော်ပြထိုက်ပါတယ်။

သူရိယသတင်းစာဟာ ၁၉၁၁ ခုက စထွက်တယ်။ ၁၀ နှစ် ၁၁ နှစ်ကြာ ၀ိုင်အမ်ဘီအေ၊ ဂျီစီဘီအေတို့ရဲ့ ၀ါဒ အမျိုးသားလွတ်လပ်ရေးကို ကိုင်စွဲတယ်။ တိုင်းရင်းသားပညာတတ် လူတန်းစားရဲ့အမြင်ကို ထင်ဟပ်တယ်။ နောက် ဂျီစီဘီအေနှစ်ခြမ်းကွဲပြီး ၂၁ ဦး ဒိုင်အာခီကို လက်ခံတဲ့အချိန်၊ သူရိယကိုအုပ်စီးတဲ့ ဦးဘဖေ၊ ဦးလှဖေ၊ ဦးဘကလေးတို့ ၂၁ ဦးခေါင်းဆောင်ကြီးတွေ ဖြစ်သွားတဲ့အချိန်မှာ သူရိယဟာ ဗြိတိသျှကိုလိုနီသမားနဲ့ လက်တွဲရေး 'ပူးသတ်' ၀ါဒကို ကိုင်စွဲခဲ့တယ်။ ဂျီစီဘီအေတခြမ်းကို ဆန့်ကျင်တယ်။ ၁၉၃၀ ခုနှစ်လွန်တော့ ဦးဘဖေကြီးက သွေးသစ်လောင်းပါသော်ကောလို့ ဦးစောကို လက်သပ်မွေးလာတယ်။ အကြံကြီးလှတဲ့ ဦးစောက ဦးဘဖေရဲ့ မြှောက်စားချက်ကို အခွင့်ကောင်းယူပြီး ဦးဘဖေကြီးကို ငြမ်းသဖွယ် အသုံးချတယ်။ သူရိယကို အပိုင်စီးတယ်။ သူအာဏာရရေးအတွက် လုံးလုံးအသုံးချတယ်။ ဒီအချိန်မှာ သူရိယဟာ တိုးတက် တဲ့ လူငယ်များ ဆန့်ကျင်ရေးသတင်းစာ လုံးလုံးဖြစ်လာတယ်။

ဒါကြောင့် သတင်းစာတစောင်တောင်မှ အချိန်အခါလိုက် ထားရှိတဲ့ ပေါ်လစီအပြောင်းအလဲတွေ ရှိနေတာမို့ နောက်လူတွေက နိုင်ငံရေး၊ လူမှုရေး၊ စီပွါးရေးအတွက် သတင်းစာဟောင်းတွေကို ပြန်လည်ကိုးကား ဖော်ပြ တယ်ဆိုရင် အဲဒီသတင်းစာဟာ ဘယ်သူတွေက ဦးစီးထုတ်ဝေတဲ့ ဘာပေါ်လစီရှိတဲ့ သတင်းစာ၊ ပြည်သူ ကြားမှာ သြဇာတိက္ကမ ဘယ်လောက်ရှိတဲ့ သတင်းစာကိုပါသိမှ ကိုးကားသင့်တယ်။ ကိုးကားရာမှာလဲ အဲဒီ သတင်းစာရဲ့ အရေအရောင်ကို ဖော်ပြသင့်တယ်။ ဒီလိုမဟုတ်ဘဲ သာမန်ဆွဲသုံးရင်တော့ အကျိုးထက် အပြစ် ဖြစ်နိုင်တယ်။ သိရက်နဲ့ လုပ်ရင်လဲ မရိုးသားမှု ကြီးလွန်းတယ်လို့ဘဲ ဆိုရလိမ့်မယ်။ သတင်းစာတွေရဲ့ ထိပ်မှာ 'မကြောက်မညှာ မှန်ရာရေးမည်' ဆိုတဲ့ စာတန်းမျိုး၊ 'မည်သည့်ပါတီ၊ မည်သည့်ဂိုဏ်းဂဏနှင့်မျှ မဆိုင်' ဆိုတဲ့ စာတန်းမျိုး၊ 'အမျိုးဘာသာ သာသနာအတွက်' ဆိုတဲ့ စာတန်းမျိုး ထည့်တတ်ကြတယ်။ ဒီလို ထည့်တာဟာ အဓိပါယ်တစုံတရာ အလေးအနက် မရှိပါဘူး။ ဖတ်တဲ့လူတွေ ယုံအောင် ထည့်တာပါ။ ဘာဆိုင်းဘုတ်ကြီး တပ်ထားထား၊ သတင်းစာမှန်ရင် ကိုယ်ရပ်တည်တဲ့ လူတန်းစားဘက်ကနေ ရေးတာ၊ ဘက်လိုက်တာပါဘဲ။ ခေါင်းကြီးပိုင်းမှာမှ ဘက်လိုက်မှုက ရှိတာမဟုတ်ဘူး။ သတင်းရေးရာ၊ ခေါင်းစဉ်တပ်ရာ၊ နေရာပေးရာ အစ ခပ်သိမ်း၊ ကိုယ်မလိုရင် မလိုသလို၊ လိုရင်လိုသလို ဘက်လိုက်ြပီး ဖော်ပြတာချည်းပါဘဲ။ ဆောင်းပါးကျတော့ သာဆိုးပါတယ်။ သတင်းစာရဲ့ ပေါ်လစီနဲ့ ဆန့်ကျင်တဲ့ ဆောင်းပါးမျိုး လုံးဝထည့်မပေးဘူး။ သတင်းစာရဲ့ ပေါ်လစီနဲ့ ဘောင်ဝင်မှ ထည့်တယ်။ 'ဆောင်းပါးရှင်ရဲ့ အာဘော်ဖြစ်သည်' ဆိုပေမဲ့ သတင်းစာရဲ့ မူလ ပေါ်လစီကို မဆန့်ကျင်ကြဘူး။

ဒါကြောင့် သတင်းစာသမိုင်းကို ရေးကြဘို့ ကြိုးစားမယ်၊ ပြန်လည်ဖော်ထုတ်မယ်ဆိုတဲ့ အခါမှာလဲ ဘယ် သတင်းစာက ဘယ်နိုင်ငံရေးပါတီအတွက် ဘယ်သူထောက်ပံ့တဲ့ ငွေကြေးနဲ့ ထွက်ပေါ်လာတာ၊ ဘယ်ဝါဒ အတွက် ရေးထားတာဆိုတဲ့ သတင်းစာရဲ့ ရှင်သန်ရာ အသက်သွေးကြောကိုလဲ တိတိကျကျဖော်ထုတ်ဖို့ လို ပါလိမ့်မယ်။

စစ်ကြီးမဖြစ်ခင် ဗြိတိသျှကျွန်ဘ၀တုန်းကဆိုရင် ဘယ်သတင်းစာဟာ ဘယ်သူ့ငွေနဲ့ ထုတ်တာ၊ ဘယ်ဘက် က ရေးပေးဘို့ ထုတ်တာဆိုတာတွေ သိတဲ့လူတွေ အများကြီးပါ။ ဖုံးကွယ်လို့ မရပါဘူး။ ဒါကြောင့် ရှေးမီ နောက်မီ လူကြီးတွေဆီက မေးမြန်းမှတ်သားတာ၊ သတင်းစာတစောင်အတွက် ဒီသတင်းစာရဲ့အာဘော်ကို ကာလအမျိုးအမျိုးမှာ ဖမ်းယူတာမျိုးလဲ လုပ်ဆောင်သင့်ပါတယ်။ ခွဲရေးတွဲရေးခေတ်မှာ ကုလားငွေနဲ့ ထုတ်တဲ့ သတင်းစာက ဘယ်ဟာဘယ်ဟာ၊ ဘယ်သတင်းစာက ဘယ်ကုန်တိုက်ကြီးတွေရဲ့ ကြော်ငြာနဲ့ တသက်လုံး ဘယ်လိုရပ်တည်ခဲ့တယ် ဆိုတာတွေ ပြောပြနိုင်သူတွေ ရှိပါသေးတယ်။

ဒါကြောင့် သတင်းစာ ဂျာနယ်အဟောင်းကို ဖော်ထုတ်ကိုးကားတဲ့အခါ အဲဒီ စာနယ်ဇင်းဟာ ဘယ် လူတန်းစားက ဘာအတွက် ထုတ်ဝေတာဆိုတာကိုပါ ဖော်ပြကိုးကားနိုင်အောင် ကြိုးစားကြပါစို့။

အမာ။
{ ဦးဝင်းတင် စီစဉ်တည်းဖြတ်တဲ့၊ ဟံသာဝတီတိုက်ထုတ်၊ "ပြည်သူတို့၏စကားပြန်" စာအုပ်၊ ပထမအကြိမ်၊ ဒီဇင်ဘာ ၁၉၇၄ မှ ကူးယူဖော်ပြပါတယ်။ }

Read More...

မိတ်ဆွေ ဘယ်လဲ ဘာလဲ - လူထုစိန်ဝင်း

မိတ်ဆွေ....

သင့်အိမ်ထဲကို တဖက်ခြံက မွေးကင်းစမြွေပွေးတကောင် တိုးဝင်ရောက်ရှိလာတယ်ဆိုရင် သင်ဘာလုပ်မလဲ။ အမိဝမ်းဗိုက်က ထွက်လာကာစကလေး သနားပါတယ်ဆိုပြီး နို့တိုက်မွေးမြူထားမလား။ ဒါမှမဟုတ်။ တနေ့ နေ့မှာ ကိုယ့်အိမ်က ကလေးတွေကို ကိုက်သတ်မယ့် အန္တရာယ်ကောင်လေးလို့ သဘောထားပြီး ရိုက်သတ် ပစ်လိုက်မလား။ မြွေပွေးလေးတကောင်မဟုတ်ဘဲ၊ မျက်လုံးကလေးတောင် ကောင်းကောင်း မဖွင့်တတ်သေး တဲ့ မွေးကင်းစ ကြောင်ငယ်ကလေးတကောင်ကို တွေ့လိုက်ရမယ်ဆိုရင်တော့ မိတ်ဆွေ ဘာလုပ်မလဲ။

ဒီ ဒုတိယမေးခွန်းကို မိတ်ဆွေဘယ်လိုဖြေမယ်ဆိုတာ လူတိုင်းဆဝါး မိနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘယ်လိုလူသားမျိုးမဆို ကြောင်သတ္တဝါကို ရွံတတ်မုန်းတတ်သူ ဖြစ်စေအုံးတော့ မွေးကင်းစ သနားစရာ သတ္တဝါလေးတကောင် တကျီကျီ တကျာကျာနဲ့ အော်မြည်နေတာကို မြင်တွေ့လိုက်ရရင် သနားဂရုဏာ သက်ဝင်ပြီး ရင်ခွင်ထဲပွေ့ပိုက်ထားမိကြမှာ။ နို့ရှာပြီး တိုက်မိကြမှာချည့် ဖြစ်လို့ပါ။ ပထမမေးခွန်းရဲ့ အဖြေကို ဆဝါးမိဖို့ကြတော့ သိပ်မလွယ်လှပါဘူး။ ဘာကြောင့်လဲဆိုတော့ ဖြေတဲ့လူရဲ့ အတွေးအခေါ်ကိုလိုက်ပြီး အဖြေအမျိုးမျိုး ထွက်လာနိုင်လို့ပါ။

မိတ်ဆွေဟာ မြွေပွေးဆိုတာ ကြီးကြီးငယ်ငယ် မြွေပွေးပဲ။ အဆိပ်နဲ့၊ အစွယ်နဲ့၊ လူကိုသေစေ အန္တရာယ်ဖြစ်စေ တဲ့ သတ္တဝါပဲလို့ တွေးမိမယ်ဆိုရင် ကျောက်တုံးကြီးကြီးတတုံးယူပြီး ထုသတ်လိုက်မှာပါ။ မိတ်ဆွေဟာ မြွေပွေးကို မြွေပွေးလို့မတွေးပဲ မွေးကင်းစ သနားစရာ သတ္တဝါကလေးတခုအဖြစ်နဲ့သာ တွေးမိမယ်ဆိုရင် တော့ နို့တိုက်ပြီး မွေးမြူထားမိမှာပါ။ မိတ်ဆွေဟာ မြွေပွေးကို မြွေပွေးလို့တွေးမိပေမယ့် လတ်တလော အန္တရာယ် မဖြစ်စေတာရယ်၊ ဘေးလူတွေက ရက်စက်ကြမ်းကြုတ်သူ တဦးရယ်လို့ အထင်ခံရမှာ စိုးရိမ်တာ ရယ်ကြောင့် တုတ်ကလေးတချောင်းနဲ့ ကော်ပြီး နီးရာချုံပုတ်တခုထဲ ပစ်ထည့်လိုက်မိပါလိမ့်မယ်။

မိတ်ဆွေ....

သင် ဘယ်လိုတွေးပြီး ဘယ်လိုလုပ်မလဲ။

မိတ်ဆွေ....

သင်ဟာ ရိုးရိုးလူသာမန်တဦး မဟုတ်ပဲ၊ စာတိုပေစ အဖတ်အရှု အလေ့အလာ ဝါသနာထုံသူတဦး ဖြစ်နေ မယ်ဆိုရင် ပြီးတော့ မြန်မာပြည်မှာနေပြီး မြန်မာစကားပြောတဲ့ မြန်မာလူမျိုးတဦး ဖြစ်နေမယ်ဆိုရင် မေးခွန်း ကို ပုံစံပြောင်းပြီး မေးကြည့်ပါရစေ။ ဒီနေ့ မြန်မာစာပေနယ်အတွင်းကို မျက်မှောက်ခေတ် မြန်မာပြည်သူတွေရဲ့ ဖြစ်ပေါ် တိုးတက်မှုအဆင့်၊ ပကတိအခြေအနေတို့နဲ့ နည်းနည်းလေးမှ မအပ်စပ်တဲ့၊ ဖြစ်တည်မှု ပဓါနဝါဒတို့၊ ကပ်ဖကာဝါဒတို့၊ ဆာရီယယ်ဝါဒတို့စတဲ့ စိတ္တဇစာပေ အယူအဆဝါဒ အမျိုးမျိုးတွေ၊ ကာလလရေကြည် သန္ဓေတည်အောင် အစွမ်းကုန် ကြိုးစားအားထုတ်နေကြတာတွေကို.....

မိတ်ဆွေ ဘယ်လိုတွေးပြီး ဘယ်လိုလုပ်မလဲ။ ဒီ စိတ္တဇ စာပေဝါဒတွေကို သွတ်သွင်းလာကြခြင်းဟာ ပြည်သူ ပြည်သားတွေ အထူးသဖြင့် လူငယ်လူရွယ်လေးတွေကို မိမိတို့ရဲ့ ပကတိ အခြေအနေမှန်ကို မျက်ခြည်ပြတ် သွားအောင် တမင်တကာ ရည်ရွယ်ချက်ရှိရှိနဲ့ မျက်စိထဲသဲပက်ပြီး လမ်းလွှဲကိုဆွဲခေါ်သွားဖို့ လုပ်ဆောင်နေပါ လားလို့ ရှုတ်ချမလား။

ဒါမှမဟုတ် စာပေတို့ အနုပညာတို့ဆိုတာ ပုံသဏ္ဍာန် အမျိုးမျိုးရှိနေအောင် ဆန်းသစ် တီထွင်နေကြရတာ ဖြစ် တယ်။ ဆန်းသစ်တာမှန်သမျှ အားလုံးကို လက်ခံရမယ်လို့တွေးပြီး၊ အဲဒီ စိတ္တဇအယူဝါဒတွေကို ကြိုဆိုထွေး ပိုက်ထားမလား။

ဒါမှမဟုတ် သမိုင်းအချိုးအကွေ့တခုကို ကြုံကြိုက်တဲ့အခါတိုင်း အခါတိုင်းမှာ လှိုင်းဂယက်ကလေးတွေ ထ တတ်မြဲ ဖြစ်တယ်။ နောင်ကျတော့လဲ အချိန်က ဆုံးဖြတ်သွားပါလိမ့်မယ်။ သမိုင်းက သက်မှတ်ပေးသွားပါ လိမ့်မယ်။ ဒါမျိုးတွေဟာ လက်ဖက်ရည်ပန်းကန်ထဲမှာကျတဲ့ မုန်တိုင်းလောက်သာရှိပါတယ်။ ဘာမှ ကြီးကြီး ကျယ်ကျယ် အန္တရာယ်မပြုနိုင်ပါဘူး။ ဒါကြောင့် ဘာမှဝင် ရှုတ်ချတားဆီးတာတွေ လုပ်ဖို့မလိုပါဘူးလို့တွေးပြီး ကိုယ်ထိုးမြဲ တယောလေးကိုပဲ အေးအေးဆေးဆေး ဆက်ထိုးနေလိုက်မလား။

မိတ်ဆွေ

သင်ဘယ်လိုတွေးပြီး၊ ဘယ်လိုပြောမယ်ဆိုတာ ဘယ်သူမှ သိထားနိုင်မယ် မဟုတ်ပါ။ ဘာကြောင့်လဲဆိုတော့ သင့်ရဲ့အဖြေဟာ သင်ဘယ်နေရာက ရပ်ကြည့်နေသလဲဆိုတဲ့ အပေါ်မှာ တည်နေလို့ပါ။ လူတယောက်ရဲ့ အမြင်ဆိုတာ သူရပ်ကြည့်နေတဲ့နေရာ အပေါ်မှာတည်ပြီး ဖြစ်လာရတာပါ။ အဲဒီအမြင်ကို အခြေခံပြီးမှ သူ့ အတွေး၊ သူ့ဆုံးဖြတ်ချက်တို့ ဖြစ်ပေါ်လာရပါတယ်။ အဲဒါကြောင့် မိတ်ဆွေရဲ့အတွေးနဲ့ မိတ်ဆွေရဲ့အဖြေကို ဘယ်သူမှ မှန်မှန်ကန်ကန် သိထားနိုင်စွမ်း ရှိမယ်မဟုတ်ပါဘူး။ ကျွန်တော်လည်း မသိထားနိုင်ပါဘူး။

ဒါပေမယ့် ဒီမေးခွန်းသုံးခု မေးဖို့ဖြစ်လာရတဲ့ အခြေခံအကြောင်းတရားတွေ အကြောင်းကိုတော့ ကျွန်တော် ရှင်းပြနိုင်ပါတယ်။ အဲဒီအခြေခံအကြောင်းတရားတွေကို ဆင်ခြင်သုံးသပ်ကြည့်ပါ။ လေးလေးနက်နက် တွေး ကြည့်ပါ။ ရှေ့ကိုလှမ်းမျှော်ကြည့်သလို အတိတ်ကိုလည်း ပြန်သုံးသပ်ကြည့်ပါ။ လတ်တလော ပစ္စုပ္ပန် မျက်မွေးတထောက်ကလေးကိုသာ မကြည့်ဘဲ မျက်စိတဆုံးထိ မျှော်ကြည့်လိုက်ပါ။ ပြီးတော့ မိတ်ဆွေ ကိုယ်တိုင်ရဲ့အတွေးအမြင်အသိနဲ့ ကြိုက်သလိုဆုံးဖြတ်ပြီး အဖြေထုတ်လိုက်ပါ။ အဲဒီအဖြေဟာ ကျွန်တော်နဲ့ သဘောထားကိုက်ညီတဲ့ အဖြေဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ မညီပေ မတူပေမယ့်လည်း မိတ်ဆွေရဲ့အဖြေက အငှားတွေး၊ အငှားမြင်၊ အငှားသိကပေါ်ထွက်လာတဲ့ သူများရဲ့ခေါင်းထဲကအတွေးကို မိတ်ဆွေရဲ့ အငှား ပါးစပ်က ပြောပေးတဲ့ အဖြေမဟုတ်ပဲ မိတ်ဆွေရဲ့ကိုယ်တိုင်အတွေး၊ ကိုယ်တိုင်အမြင်၊ ကိုယ်တိုင်အသိက ပေါ်ထွက်လာတဲ့ အဖြေဖြစ်တယ်ဆိုရင် ကျွန်တော် လေးစားပါတယ်။ တန်ဖိုးထားပါမယ်။ လက်ခံသင့်တဲ့ အဖြေလို့ထင်ရင်လည်း ကျွန်တော့်အဖြေကို ကြက်ခြေခတ်ပစ်လိုက်ပြီး မိတ်ဆွေရဲ့အဖြေကို ပြောင်းလဲ လက်ခံပါ့မယ်။

အမှန်တရားကို ရှာကြတဲ့အခါမှာ မျက်စိကိုဖွင့် နားကိုစွင့်ထားဖို့ လိုအပ်တယ်လို့ ကျွန်တော်ခံယူပါတယ်။

ကဲ အခု ကျွန်တော် မေးခွန်းသုံးခု ပေါ်ထွက်လာစေတဲ့ အခြေခံအကြောင်းတရားကို ရှင်းပြပါရစေ။

ဒီနေ့ မြန်မာစာပေလောကမှာ လက်ချိုးရေတွက်ရင် လက်နှစ်ဖက်တောင် ပြည့်အောင်မရှိတဲ့ လူတစုက မြန်မာ ပြည်သူတွေရဲ့ ပကတိ အခြေအနေကို လုံးဝမျက်ကွယ် ပြုထားရုံသာမက လူငယ်လူရွယ်လေးတွေ အားလုံးကိုပါ ပကတိအခြေအနေကို မျက်ခြည်ပြတ်သွားအောင် ရည်ရွယ်ချက်ရှိရှိနဲ့ အနောက်နိုင်ငံတွေက ဗုံမဟုတ်ပတ်မဟုတ် စိတ္တဇစာပေ အယူအဆတွေ သွတ်သွင်းပေးနေကြပါတယ်။ သူတို့သွတ်သွင်းလာတဲ့ စာပေအယူအဆ ဆိုတာတွေဟာ တကယ်တော့ တိုးတက်ပါတယ်လို့ နာမည်ကောင်းယူချင်ပြီး တိုးတက်တဲ့ သူတွေရဲ့အလုပ်မျိုးကို မလုပ်နိုင်တဲ့၊ မလုပ်ရဲတဲ့၊ အချောင်သမားတွေရဲ့ ဆင်ခြေလုံးတွေသာ ဖြစ်ပါတယ်။ အတ္တသမားတွေရဲ့ သမားဂုဏ်ပြဝါဒတွေသာ ဖြစ်ကြပါတယ်။ ဒါတွေကို တချို့က လူငယ်တွေရဲ့အသံလို့ လွဲမှားစွာ ထင်မှတ်နေကြပါတယ်။ လူငယ်တွေကို တီထွင်ခွင့်တွေပေးကြပါ။ ဆန်းသစ်ခွင့်တွေ ပြုကြပါ။ လူငယ်တွေရဲ့ လွတ်လပ်တဲ့ ဆန္ဒပြုသံတွေကို ပိတ်ပင်တားဆီးမလုပ်ကြပါနဲ့ ဆိုတဲ့စကားမျိုးတွေလဲ ပြော တတ်ကြပါတယ်။ လူငယ်၊ လူငယ်နဲ့သာ ပြောနေကြတာ ဘယ်လိုလူငယ်လဲဆိုတာတော့ ခွဲခွဲခြားခြား မပြော ကြပါဘူး။ ဂျာမဏီနိုင်ငံမှရှိတဲ့ တူရကီလူမျိုးတွေရဲ့ အိမ်တွေကို လိုက်ပြီးမီးရှို့နေတာ၊ တအိမ်သားလုံး ကလေးတွေပါမကျန် မီးလောင်တိုက်သွင်းနေတာစတဲ့ လုပ်ရပ်မျိုးတွေကိုလုပ်နေတဲ့ နာဇီ လက်သစ် လူငယ် မျိုးတွေလား။

အမေရိကန်နိုင်ငံမှာရှိတဲ့ လူမည်းဘုရားရှိခိုးကျောင်းတွေကို မီးလိုက် ရှို့နေကြတဲ့ ကေသုံးလုံးဂိုဏ်းသား လူငယ်မျိုးတွေလား။

ဂျပန်ပြည်ထဲမှာရှိနေတဲ့ ပါကစ္စတန်နိုင်ငံသားတွေ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေကို မော်တော်ဆိုင်ကယ်တွေ နဲ့ လိုက်တိုက်၊ ချိန်းကြိုးတွေနဲ့ရိုက် လုပ်နေကြတဲ့ Hell's Angels လမ်းသရဲဂိုဏ်းသား လူငယ်မျိုးတွေလား။

ဒီလို လူငယ်မျိုးတွေကိုတော့ ကျွန်တော်တို့ အားမပေးနိုင်ပါဘူး။ တီထွင် ဆန်းသစ်တယ် ဆိုတိုင်းလည်း မထောက်ခံသင့်ပါဘူး။ အနုမြူဗုံးတို့၊ ဓာတုဗေဒနဲ့ အဆိပ်ငွေ့ဗုံးတို့၊ ရောဂါပိုးမွှားဗုံးတို့၊ နပန်းလောင်မီးဗုံးတို့ စတဲ့ တီထွင်မှုတွေကို ကျွန်တော်တို့ ထောက်ခံကြရမှာလား။ ဆန်းတိုင်း၊သစ်တိုင်း ထွင်တိုင်းလည်း ကောင်း တာမဟုတ်ပါဘူး။ လူသားတွေကို အကျိုးရှိစေတဲ့၊ ဆန်းသစ်တီထွင်မှုမျိုးသာ လိုလားအပ်ပါတယ်။

လူသားတွေရဲ့ ဦးဏှောက်ကို အဆိပ်ကျွေးတဲ့၊ အယူအဆမှန်သမျှ၊ ဝါဒမှန်သမျှ၊ လုပ်ရပ်မှန်သမျှ ရှုတ်ချကြရ ပါမယ်။ ကိုယ့်တယောလေး ကိုယ်ထိုးပြီး အေးအေးနေမယ်ဆိုရင်တော့ အဆိပ်ပင်လေးတွေ တနေ့တခြား ကြီးထွားလာပါလိမ့်မယ်။ မြွေပွေးလေးက မြွေပွေးကြီး ဖြစ်သွားပါလိမ့်မယ်။ မြွေပွေးကြီးကနေ မြွေပွေးလေး တွေ အရာအထောင် ဖြစ်သွားပါလိမ့်မယ်။

အဲဒီ အခြေခံအကြောင်းတရားတွေကြောင့် ကျွန်တော်ရဲ့ မေးခွန်းသုံးခု ပေါ်ထွက်လာရတာပါ။ ဒီအခြေခံ အကြောင်းတရားတွေကို နက်နက်နဲနဲ ဆင်ခြင်ပြီး မေးခွန်းတွေကို ဖြေကြည့်လိုက်ပါ မိတ်ဆွေ။ မှန်တာနဲ့ မှားတာ၊ တရားတာနဲ့ မတရားတာတို့မှာ ကြားဆိုတာ မရှိပါဘူး။ ဓမ္မနဲ့ အဓမ္မတို့မှာလည်း ကြားဆိုတာ မရှိပါ ဘူး။

ကဲ..... မိတ်ဆွေ......

ဘယ်လိုတွေးပြီး ဘယ်လိုလုပ်မလဲ။

လူထုစိန်ဝင်း။
မဏ္ဍိုင်မဂ္ဂဇင်း။ ၁၉၉၇၊ ဂျူလိုင်လ။

(မော်ဒန်လက်ဖက်ရည်ပန်းကန်ထဲက မုန်တိုင်းငယ်နှင့် အခြားဆောင်းပါးများ စာအုပ်၊ ပထမအကြိမ် ၁၉၉၉၊ စာမျက်နှာ ၈၁မှ ကူးယူဖော်ပြပါတယ်)

Read More...

လုပ်နိုင်မှ အဓိဋ္ဌာန်ပြုပါ - လူထုစိန်ဝင်း

မကြာသေးမီတစ်ညက ကျောင်းသား၊ ကျောင်းသူဟောင်း ဇနီးမောင်နှံ လာရောက်နှုတ်ဆက်ပါတယ်။ ဗိုလ်တ ထောင်ဘုရားကအပြန် ဝင်လာကြတာလို့ ပြောပါတယ်။ ထူးထူးဆန်းဆန်း ဘုရားတွေ၊ ဘာတွေသွားလို့ပါ လားလို့ပြောလိုက်တော့ တပည့်ကျောင်းသားဟောင်းက ဘုရားသွားပြီး သစ္စာဓိဋ္ဌာန်ပြုတာပါလို့ ဖြေပါတယ်။ ပြီးတော့ တစ်ဆက်တည်း ဘီယာမသောက်တော့ပါဘူးလို့ အဓိဋ္ဌာန်ပြုတာပါလို့ မလုံမလဲမျက်နှာလေးနဲ့ ပြော လိုက်ပါတယ်။

‘ဘုရားကိုလိမ်တာ ဒါနဲ့ပါဆို အကြိမ်၂ဝလောက်ရှိပြီဆရာ၊ အလကားပါ၊ သူ့အဓိဋ္ဌာန်က ဘယ်တော့မှ တစ်ပတ်ပြည့်အောင် မခံပါဘူး’

တပည့်မ ကျောင်းသူဟောင်းက တပည့်ရဲ့ ‘အိုးစရည်း’ လောက် ရှိနေပြီဖြစ်တဲ့ ဝမ်းဗိုက်ကြီးကို လက်ညိုးထိုး ရင်း ဝင်ပြောလိုက်ပါတယ်။

‘အမယ်၊ ဒီတစ်ခါ တကယ်ပါ၊ စောင့်ကြည့်နေ’

‘စောင့်ကြည့်ရင် မျက်စိညောင်းရုံ ရှိတော့မှာပေါ့။ မကြည့်ပါဘူး’

တပည့်နှစ်ယောက် အချီအချ ပြောနေကြတာကိုကြည့်ပြီး ပြုံးနေမိတယ်။ ဘာမှတော့ ဝင်မပြောဖြစ်ပါဘူး။ သူတို့အလုပ်အကိုင်အကြောင်းကိုသာ မေးလိုက်ဖြစ်တယ်။ နှစ်ယောက်လုံးက ဆရာဝန်တွေပါ။ အသက်တွေ လည်း ငယ်ကြတော့တာ မဟုတ်လေတော့ ဆုံးမစကားတွေ ဘာတွေပြောနေဖို့ မလိုတော့ပါဘူးလေ။ ပညာ တတ်တွေပဲ ဟော့ဟော့ရမ်းရမ်းတော့ ဖြစ်မှာမဟုတ်ပါဘူးလို့ စိတ်ချယုံကြည်ထားပါတယ်။

သူတို့မောင်နှံပြန်သွားကြတော့ စောစောကပြောခဲ့တဲ့ ‘သစ္စာအဓိဋ္ဌာန်’ ဆိုတဲ့အကြောင်းကို ဆက်ပြီးတွေးနေ မိတယ်။ လူတော်တော်များများမှာ ဒီ အလေ့အထ ရှိတတ်ကြပါတယ်။ နှစ် တစ်နှစ်ကုန်ဆုံးလို့ နှစ်သစ်တစ်ခု ရောက်တဲ့အခါမျိုးဖြစ်စေ၊ ကိုယ့်မွေးနေ့အချိန်အခါ ရောက်တဲ့အခါမျိုးမှာဖြစ်စေ သစ္စာဓိဋ္ဌာန်တစ်မျိုးမျိုးလုပ် လေ့ရှိကြတယ်။ အထူးသဖြင့် မြို့သား ပညာတတ်အလွှာတွေမှာ ခေတ်စားတယ်။ နှစ်သစ်ကူးပွဲတို့၊ မွေးနေ့ပွဲ တို့ ဆိုတာမျိုးကို အစဉ်အလာအားဖြင့် မြန်မာလူမျိုးများက လုပ်လေ့လုပ်ထ မရှိကြပါဘူး။

အဲဒီလိုမြို့သားတွေ လုပ်တတ်ကြတဲ့ သစ္စာအဓိဋ္ဌာန်ဆိုတာမျိုးဟာ ဘယ်လောက်ကြာကြာခံတတ်ကြသလဲ။ တစ်ပတ်လား၊ ဆယ်ရက်လား၊ တစ်လလား။ သေချာတာကတော့ အဓိဋ္ဌာန်ပြုခဲ့တဲ့အတိုင်း တစ်နှစ်ပတ်လုံး မပျက်မကွက် လိုက်နာလုပ်ဆောင်နိုင်သူ တစ်ယောက်တလေရှိဖို့တောင် မလွယ်ဘူးဆိုတာဖြစ်တယ်။ ဘာ့ ကြောင့် တစ်ယောက်တလေတောင်ရှိဖို့ ခက်တာလဲ။ ရှည်ရှည်ဝေးဝေးစဉ်း စားနေဖို့မလိုပါဘူး။ ကိုယ့်ဘာသာ ကိုယ် ပြန်ဆန်းစစ်ကြည့်ရုံနဲ့သိနိုင်ပါတယ်။ လူတိုင်းဟာ ဘယ်အခါမဆို အကောင်းဆုံးကိုသာ စဉ်းစားလေ့ရှိ တယ်။ ဖြစ်နိုင်တာနဲ့ လုပ်နိုင်တာကို စဉ်းစားလေ့မရှိပါဘူး။ ကျောင်းသားက တစ်နေ့ကို ၅ နာရီ မပျက်မကွက် နေ့တိုင်းစာကျက်မယ်လို့ အဓိဋ္ဌာန်ပြုတယ်။ ဒါပေမဲ့ လက်တွေ့ကျတော့ ကျောင်းချိန်၊ ကျူရှင်ချိန်နဲ့ အချိန် အများကြီး ကုန်နေရတာကြောင့် ၂ နာရီ၊ ၃ နာရီတောင် အနိုင်နိုင် ကျက်ရပါတယ်။

လခစားဝန်ထမ်းကလည်း ရရ စားစား မဖြစ်ရလေအောင် တစ်လကို ဘယ်လောက်သုံးပြီး ဘယ်လောက် စု မယ်လို့ အဓိဋ္ဌာန်ပြုခဲ့တယ်။ လက်တွေ့ကျတော့ မစုနိုင်ခဲ့ဘူး။ ဘာ့ကြောင့်လဲဆိုတော့ စကတည်းက လုပ်နိုင် တာ၊ ဖြစ်နိုင်တာကို မစဉ်းစားဘဲ ကိုယ့်စိတ်ထဲ လုပ်ချင်တာ၊ ဖြစ်ချင်တာကိုသာ စဉ်းစားခဲ့တာကိုး။ ဘယ် အရာမဆို ကာလ၊ ဒေသ၊ ပယောဂအပေါ်မှီပြီး ဖြစ်ကြ၊ ပျက်ကြရပါတယ်။ ဘာလုပ်လုပ် ဒီအချက်သုံးချက်ကို ထည့်သွင်း စဉ်းစားဖို့လိုပါတယ်။

အဓိဋ္ဌာန် ခဏခဏ ကျိုးပေါက်တာဟာ ပတ်ဝန်းကျင်ရဲ့ အထင်သေး ပြက်ရယ်ပြုမှုကို ခံရစေရုံမက ကိုယ့် ကိုယ်ကိုယ်လည်း ယုံကြည်မှုလျော့ရဲစေပါတယ်။ နောက်ပြီးတော့ ဘာမဆို ပြီးပြီးရော ပြောတတ်၊ လုပ်တတ် တဲ့ အကျင့်ဆိုးကို ရစေတယ်။ ကိုယ့်ကိုယ်ကိုယ်တောင် ယုံကြည်စိတ်ချမှု မခိုင်မာတဲ့လူမျိုးကို တခြားဘယ်သူ က လာပြီး ယုံကြည်စိတ်ချတော့မှာလဲ။ ယုံကြည်စိတ်ချမှုဆိုတာ လူတစ်ယောက်ရဲ့ တန်ဖိုးဖြစ်တယ်။ အောင် မြင်မှုရဲ့ သော့ချက်လည်ြး ဖစ်တယ်။

တစ်ခုခုလုပ်တော့မယ်ကြံရင်၊ တစ်ခုခုဆုံးဖြတ်တော့မယ်စိတ်ကူးရင် ကိုယ့်လုပ်နိုင်စွမ်းရှိတာရဲ့အနိမ့်ဆုံးက စတင်ပါ။ ဒါမှ မပျက်မကွက် သေချာ ပေါက်လုပ်နိုင်မှာဖြစ်တယ်။ ဥပမာ- ည ၁၂ နာရီထက်ကျော်ပြီး နေနိုင် စွမ်း မရှိသူဟာ ညစဉ် ၁၂ နာရီထိ စာကျက်မယ်လို့ အဓိဋ္ဌာန်ပြုမယ့်အစား ည ၁၁ နာရီထိ စာကျက်မယ်လို့ပဲ အဓိဋ္ဌာန်ပြုသင့်တယ်။ ဒါဆိုရင် အဓိဋ္ဌာန်ပြုတဲ့အတိုင်း လုပ်ဖြစ်မှာ သေချာတယ်။ ဒီနည်းနဲ့ ကိုယ့်ကိုယ်ကိုယ် စိတ်ချယုံကြည်မှု အားကောင်းစေလိမ့်မယ်။ ဘေးပတ်ဝန်းကျင်ရှိ လူများကလည်း ကိုယ့်ကို စိတ်ချယုံကြည်မှု တိုးလာစေနိုင်ပါတယ်။

မလုပ်နိုင်တဲ့အဓိဋ္ဌာန်မျိုး ဘယ်တော့မှ မချပါနဲ့။ လုပ်ရဲတဲ့သတ္တိမရှိဘဲ ဘယ်တော့မှ မခြိမ်းခြောက်ပါနဲ့။ အပြော သာရှိပြီး အလုပ်မဖြစ်တဲ့လူမျိုးကို ဘယ်သူကမှ အလေးမထားပါဘူး၊ အထင်မကြီးပါဘူး။ ‘ဆိုခဲစေ မြဲစေ’ ဆိုတဲ့စကားကို သတိချပ်သင့်တယ်။ ပြောရင် ပြောတဲ့အတိုင်းလုပ်တဲ့လူမျိုးကိုမှ လူလေးစားပါတယ်။ မလုပ် နိုင်ဘူးထင်ရင် အစကတည်းက ဘာအဓိဋ္ဌာန်မှမချပါနဲ့။ နှစ်သစ်တစ်ခါ ကူးတိုင်း၊ မွေးနေ့တစ်ကြိမ်ရောက် တိုင်း အဓိဋ္ဌာန်တွေချရမယ်လို့ ဥပဒေသတ်မှတ်ထားတာ မရှိပါဘူး။ အဓိဋ္ဌာန်ပြုတဲ့အတိုင်း မလုပ်နိုင်လို့ လူ အထင်သေး ခံ၊ ပြက်ရယ်ပြုခံရတာထက်တော့ စကတည်းကိုက ဘာအဓိဋ္ဌာန်မှမချဘဲ ပေါ့ပေါ့ပါးပါး နေလိုက် တာက ပိုကောင်းပါတယ်။ လူတိုင်းလုပ်လို့၊ ထုံးစံရှိလို့ဆိုတိုင်း လိုက်လုပ်စရာမလိုပါဘူး။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှ၊ ကိုယ်တိုင်ဆန္ဒရှိမှ၊ အမှန်တကယ်လည်း စွမ်းဆောင်နိုင်မှလုပ်တာ အကောင်းဆုံးပါပဲ။ ခက်တာ က လူတွေဟာ သူများလုပ်သလို လိုက်လုပ်မှ ခေတ်မီတယ်လို့ ထင်နေကြတာဖြစ်တယ်။

အမှတ်စဉ် ၁၄၅ (ဇူ လိုင် လ ၂၂ ၇က်၊ ၂၀၀၈)
REF: အခွင့်အလမ်းဂျာနယ်

Read More...

အိန္ဒိယက နာဆာလိုက်တွေအကြောင်း တစေ့တစောင်း - ရှင်ဒိသာ

Monday, January 19, 2009

နာဆာလိုက် (သို့မဟုတ်) နာဆာဝါဒဆိုတာ အကြမ်းဖက်တော်လှန်တဲ့ပင်ရင်းစွဲ ကွန်မြူနစ်အုပ်စုတွေကို တရားမ၀င်ခေါ်တဲ့ အမည်ပါ။ အိန္ဒိယကွန်မြူနစ်လှုပ်ရှားမှုအတွင်းမှာ တရုတ်-ဆိုဗီယက် အကွဲအပြဲကနေ မွေးဖွားလာခဲ့တာဖြစ်ပါတယ်။ အတွေးအခေါ်အရ သူတို့ဟာ တူရူချက်အမျိုးမျိုးရှိတဲ့ မော်ဝါဒ လက်ခံသူတွေ ပါ။ ကနဦးတုန်းက ဒီလှုပ်ရှားမှုရဲ့ ဗဟိုချက်မက အနောက်ဘင်္ဂလားနယ်မှာပါ။ မကြာသေးခင် နှစ်အတွင်းက အိန္ဒိယကွန်မြူနစ်ပါတီ (မော်ဝါဒီ) လို မြေအောက်အဖွဲ့တွေကတဆင့် ချာတီဂါနဲ့ အန်ဒရာပရာဒက်ရှ် စတဲ့ အိန္ဒိယအလယ်ပိုင်းနဲ့ အရှေ့ပိုင်းကနေ ဖွံဖြိုးမှုနိမ့်တဲ့ ကျေးလက်ဒေသတွေအထိ ပျံ့နှံ့ခဲ့ပါတယ်။ CPI (Maoist) နဲ့ တခြားနာဆာလိုက်ဂိုဏ်းတချို့ကို အိန္ဒိယအစိုးရနဲ့ပြည်နယ်အစိုးရအချို့က အကြမ်းဖက်သမား တွေလို့ ယူဆထားကြတယ်။

သမိုင်း

နာဆာလိုက် ဆိုတဲ့အခေါ်က အနောက်ဘင်္ဂလားနယ်က ရွားလေးတရွာဖြစ်တဲ့ နာဆာဘာရီက ဆင်းသက် လာတာပါ။ အဲဒီ ရွာကလေးမှာ ၁၉၆၇ ခုနှစ်တုန်းက ချာရုနဲ့ ကနုခေါင်းဆောင်တဲ့ အိန္ဒိယကွန်မြူနစ်ပါတီ (မာ့က်စ်ဝါဒီ) ရဲ့ ဂိုဏ်းတခုက အကြမ်းဖက်ပုန်ကန်ထကြွမှုတခုကို ဦးဆောင်လှုပ်ရှားခဲ့တယ်။ CPI (M) ရဲ့ တရားဝင်ခေါင်းဆောင်မှုကို အတိုက်အခံအပြုတဲ့ တော်လှန်ရေးအတိုက်အခံ လှုပ်ရှားမှုတခုအဖြစ် ဖွံ့ဖြိုးလာ တဲ့ကြိုးပမ်းမှုတခု ဖြစ်ပါတယ်။ ဒီအချိန်က ဒေသခံအာဏာပိုင်တွေက လူမျိုးစုတွေကို မြေယာကိစ္စနဲ့ ပတ်သက်ပြီး တိုက်ခိုက်နေတဲ့အချိန်၊ ၁၉၆၇ ခုနှစ် မေလ ၂၅ ရက်က နာဆာလိုက်ရွာကလေးမှာ ဒီပုန်ကန် ထကြွမှုကို စတင်ခဲ့ပါတယ်။ လူမျိုးစုတွေက အတိုက်အခံမြေရှင်တွေကို တိုက်ခိုက်ခဲ့ပြီး တစတစအကြမ်းဖက် မှုတွေ ဖြစ်ပွားလာပါတယ်။

မဂျမ်ဒါဟာ တရုတ်ပြည်ကမော်စီတုန်းကို တကယ့်ကိုနှစ်သက်လေးစားသူဖြစ်ပြီး၊ အိန္ဒိယလယ်သမားတွေနဲ့ အောက်တန်းလွှာ လူတန်းစားတွေဟာ မော်စီတုန်းခြေရာအတိုင်းနင်းပြီး အစိုးရကို ဖယ်ရှားပစ်ရမယ်။ အထက်တန်းလွှာတွေဟာ ဒီဆိုးဝါးတဲ့အခြေအအနေတွေအတွက် တာဝန်ရှိတယ်လို့ ထောက်ခံပြောဆိုပါ တယ်။ သူ့ရဲ့အရေးအသားတွေကတဆင့် နာဆာလိုက်လှုပ်ရှားမှုကို ပေါက်ဖွားစေပါတယ်။ ဒီအထဲမှာ အကျော်ကြားဆုံးကတော့ နာဆာလိုက်အတွေးအခေါ် အခြေခံတွေကို ထုတ်ဖော်ထာားတဲ့ “သမိုင်းဝင် မှတ်တမ်း ၈ ချက်” ဆိုတဲ့ စာတမ်း ဖြစ်ပါတယ်။ ၁၉၆၇ခုနှစ်မှာ နာဆာလိုက်တွေဟာ “ကွန်မြူနစ် တော်လှန် ရေးသမားများ၏ အိန္ဒိယတိုက်လုံးဆိုင်ရာ ညှိနှိုင်းရေးကော်မတီ (AICCCR)” ကို ဖွဲ့စည်းခဲ့တယ်။ နောက်ပိုင်း မှာ CPI (M) ကနေ ခွဲထွက်သွားပါတယ်။ တိုင်းပြည်နေရာအချို့မှာ ပုန်ကန်ထကြွမှုတွေ စည်းရုံးလုပ်ဆောင်ခဲ့ ပါတယ်။ ၁၉၆၉ခုနှစ်မှာ AICCCR ကနေ အိန္ဒိယကွန်မြူနစ်ပါတီ (မာ့စ်ဝါဒီ-လီနင်ဝါဒီ) ကို မွေးဖွားပေးခဲ့ပါ တယ်။

လက်တွေ့မှာ နာဆာလိုက်အုပ်စုအားလုံးရဲ့မူလဇစ်မြစ်ဟာ CPI (ML) က လာကြတာပါ။ အစကတည်းက သီးခြားလမ်းကြောင်းရှိတဲ့အဖွဲ့ကတော့ မော်ဝါဒီကွန်မြူနစ်ဗဟို (MCC) အဖွဲ့ဖြစ်ပါတယ်။ ဒီအဖွဲ့ဟာ ဒက်ရှင် ဒက်ရှ်အုပ်စုက တဖြည်းဖြည်း ပြောင်းလဲဖွဲ့တည်လာတာ ဖြစ်တယ်။ နောက်ပိုင်းမှာ MCC အဖွဲ့ဟာ ပြည်သူ့စစ် အဖွဲ့ (PWG) နဲ့ပေါင်းပြီး အိန္ဒိကွန်မြူနစ်ပါတီ (မော်ဝါဒီ) အဖွဲ့ကို ထူထောင်လိုက်ပါတယ်။

တတိယလမ်းကြောင်းက အန်ဒရာဒေသက တော်လှန်တဲ့ကွန်မြူနစ်တွေရဲ့ လမ်းကြောင်းဖြစ်တယ်။ အဓိက UCCRI (ML) က တင်ပြခဲ့တာ ဖြစ်ပြီး တီနာဂီရက်ဒီရဲ့အမွေဖြစ်တဲ့ လူထုလမ်းစဉ်ပါပဲ။ ဒီတိမ်းညွန်မှုက အစောပိုင်းကတည်းက AICCCR ကနေ ခွဲထွက်လာခဲ့တာပါ။ ၁၉၇၀ စုနှစ်တွေမှာ ဒီလှုပ်ရှားမှုဟာ အစိတ်စိတ် အမွှာမွှာ ကွဲသွားတယ်။ ၁၉၈၀ ထိ လှုပ်ရှားနေတဲ့ နာဆာလိုက်အုပ်စု ၃၀ လောက် ရှိတယ်လို့ ခန့်မှန်းရတယ်။ စုစုပေါင်းလိုက်ရင် အဖွဲ့သား ၃၀,၀၀၀ လောက်ရှိမယ်။ ၂၀၀၄ခုနှစ်၊ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ခန့်မှန်းချက် အရဆိုရင် အဲဒီအချိန်က နာဆာလိုက် မြေအောက်အမာခံ ကေဒါစုစုပေါင်း ၉,၃၀၀ လောက်ရှိပြီး၊ လိုင်စင်မဲ့ လုပ်သေနတ်ကိုင်သူ အများအပြားအပြင် အမြဲတန်းလက်နက်ကိုင် ၆၅၀၀ လောက်ရှိမယ်လို့ ဆိုတယ်။

၂၀၀၆ ခုနှစ်က ဂျူဒစ်ဗီဒယ်လ်ဟော အဆိုအရ မကြာသေးမီကလေးတင်က စာရင်းတွေအရ နာဆာလိုက် အင်အား ၁၅,၀၀၀ ဟာ နိုင်ငံတ၀ှမ်းမှာရှိတဲ့ အုပ်ချုပ်ရေး ခရိုင်ပေါင်း ၆၀၄ ထဲက ခရိုင် ၁၆၀ လောက်မှာ လှုပ်ရှားထကြွနေပြီး အိန္ဒိယသစ်တောအားလုံးရဲ့ ငါးပုံတပုံကို ထိမ်းချုပ်ထားတယ်။ ကနေ့ဆို အိန္ဒိယ လွတ် မြောက်ရေးကွန်မြူနစ်ပါတီ (မာ့က်စ်ဝါဒီ-လီနင်ဝါဒီ) လို တချို့အုပ်စုတွေဟာ ပါလီမန်ရွေးကောက်ပွဲတွေမှာ ပါဝင်နေတဲ့ တရားဝင်အဖွဲ့အစည်းတွေ ဖြစ်လာတယ်။ အိန္ဒိယကွန်မြူနစ်ပါတီ(မော်ဝါဒီ)နဲ့ အိန္ဒိယကွန်မြူနစ် ပါတီ (မာ့က်စ်ဝါဒီ-လီနင်ဝါဒီ)ဂျနာရှက်တီ လို အခြားအဖွဲ့တွေကတော့ လက်နက်ကိုင်ပြောက်ကျားတိုက်ပွဲ တွေ ဆင်နွှဲနေကြတယ်။



ဘင်္ဂလားပြည်နယ်သောင်းကျန်းထကြွမှု

နာဆာလိုက်တွေဟာ ကာလ်ကတ္တားကျောင်းသားလှုပ်ရှားမှုထဲက အခြေခံအပြောင်းအလဲလိုလားတဲ့ အုပ်စု တွေကြားမှာ အားကောင်းမောင်းသန် ထောက်ခံမှုရနေတယ်။ ကျောင်းသားအမျာစုဟာ ကျောင်းကထွက်ပြီး တော်လှန်ရေးလှုပ်ရှားမှုထဲကို ၀င်ရောက်ပူးပေါင်းလာကြတယ်။ မဂျမ်ဒါက CPI (ML) ရဲ့နည်းပရိယာယ်ကို အခြေအနေနဲ့အညီ ပြောင်းလိုက်တယ်။ တော်လှန်စစ်တွေကို ကျေးလက်မှာသာမက နေရာတိုင်းမှာ သဘာဝ ကျကျလှုပ်ရှားဖို့ ထုတ်ဖော်ကြေညာလိုက်တယ်။ ဒါဟာ အလုံးစုံ သုတ်သင်ချေမှုန်းရေလမ်းစဉ် ဖြစ်တယ်။ ဘာလို့လဲဆိုတော့ မြေရှင်တွေကိုသာမက တက္ကသိုလ်ကျောင်းဆရာ-ဆရာမတွေ၊ ပုလိပ်အရာရှိတွေ၊ နိုင်ငံရေးသမားတွေ စတဲ့သူတွေကို ဆန့်ကျင်တာဟာလည်း တော်လှန်စစ်ရဲ့တစိတ်တပိုင်းကို လက်တွေ့ ကျင့်သုံးတာဖြစ်တာကြောင့် တော်လှန်ရေးသမားတွေဟာ တဦးချင်း လူတန်းစားရန်သူတွေကို လုပ်ကြံ သတ်ဖြတ်ရမယ်လို့ ဆိုတယ်။

ကာလ်ကတ္တားပြည်နယ်တခုလုံးမှာရှိတဲ့ ကျောင်းတွေ ပိတ်ပစ်တယ်။ နာဆာလိုက်ကျောင်းသားတွေက ဂျဒဗ် ပူရ တက္ကသိုလ်ကိုသိမ်းပြီး ပုလိပ်တွေကို တိုက်ခိုက်ဖို့ ပိုက်သေနတ်တွေလုပ်ဖို့ အလုပ်ရုံတွေအဖြစ် အသုံးပြုခဲ့ တယ်။ ကာလ်ကတ္တားမှာရှိတဲ့ သမတကောလိပ်က သူတို့ဌာနချုပ် ဖြစ်လာတယ်။ ဂျဒဗ်ပူရတက္ကသိုလ် ရဲ့ဒုတိယကျောင်းအုပ်ဖြစ်တဲ့ ဒေါက်တာဂိုပါလ်ဆင်းကို လုပ်ကြံတာလည်း သူတို့ပဲလို့ အထင်ခံရတယ်။

မကြာမီမှာပဲ တဦးချင်းအကြမ်းဖက်မှုမဟာဗျူဟာကနေ တန်ပြန်အကျိုးသက်ရောက်မှုတွေ ပေါ်ထွက်လာ တယ်။ အဆုံးမတော့ ပြည်နယ် ၀န်ကြီးချုပ်ဆစ်ဒါးသာရေးက နာဆာလိုက်တွေအပေါ် ရက်စက်ကြမ်းတမ်းတဲ့ တန်ပြန်ဆောင်ရွက်မှုတွေ ဖွဲ့စည်းလုပ်ဆောင်လာခဲ့တော့တာပါပဲ။ ပုလိပ်တွေက နာဆာလိုက်တွေအပေါ်မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အတော်များများကျူးလွန်ခဲ့တယ်။ ဘာမှမမေးမမြန်းဘဲ ဖမ်းတယ်။ နှိပ်စက် တယ်။ ပစ်သတ်တယ်။ လအတော်ကြာထိ နာဆာလိုက်ပုန်ကန်ထကြွမှုဟာ ရပ်သွားတယ်။ ပုလိပ်နဲ့ ပြည်နယ် အစိုးရရဲ့အမြင်မှာ နာဆာလိုက်တွ နားလည်မယ့် ဘာသာစကားကတော့ အကြမ်းဖက်သတ်ပြမှ ရမယ်ဆိုတဲ့ စကားတလုံးပဲရှိတယ်တဲ့။ ပြည်နယ်က ကွန်မြူနစ်တွေနဲ့ ပြည်တွင်းစစ်ကို တိုက်နေတာ ထိရောက်မှုရှိသလား ဆိုတာနဲ့၊ စစ်ပွဲမှာ အထူးသဖြင့် အတိုက်အခံက ဒီမိုကရေစီနဲ့ ယဉ်ကျေးသိမ်မွေ့တဲ့ စံနှုန်းဘောင်ထဲက မတိုက်ခိုက်တဲ့အခါမှာ ဒီမိုကရေစီစကားတွေ ပြောနေစရာမလိုဘူး စတာ စတာတွေလည်း ငြင်းခုံနေကြ တယ်။ ဒီပုန်ကန်ထကြွမှုက တော်လှန်တဲ့ မော်ဝါဒီတွေရဲ့ပုံရိပ်ကို မှေးမှိန်သွားစေခဲ့ပြီး သူတို့အပေါ် ထောက်ခံ မှုလည်း ဆုတ်ယုတ်သွားတယ်။

ဒါ့ပြင် အတွင်းပိုင်းအငြင်းပွားမှုတွေကြောင့် ဒီလှုပ်ရှားမှုဟာ သီးခြားကွဲထွက်ကုန်ကြတယ်။ အဓိကအုပ်စုကြီး က မဂျမ်ဒါရဲ့ တိုက်ပွဲလမ်းစဉ်ကို မေးခွန်းထုတ်လာခဲ့ကြတယ်။ ၁၉၇၁ ခုနှစ်မှာ ဆာ့ယာနာရယန်ဆင်းက မဂျမ်ဒါရဲ့ ခေါင်းဆောင်မှုကို တော်လှန်ပုန်ကန်ခဲ့တာကြောင့် CPI (ML) ဟာ ၂ ခြမ်းကွဲထွက်သွားတယ်။ ၁၉၇၂ ခုနှစ်မှာ မဂျမ်ဒါ အဖမ်းခံရပြီး ပုလိပ်တွေက ညှင်းပမ်းနှိပ်စက်ပြီး သတ်ပစ်လိုက်တယ်။ သူသေပြီး နောက်ပိုင်းမှာ လှုပ်ရှားမှုဟာ အစိတ်စိတ်အမွှာမွှာ ပိုဖြစ်ကုန်တယ်။



မကြာသေးခင်က လှုပ်ရှားမှုတွေ

ပြီးခဲ့တဲ့နှစ်အနည်းငယ်က နာဆာလိုက်တွေရဲ့သြဇာလွှမ်းမိုးမှုဟာ ပြည်နယ် ၁၂ ခုမှာ၊ ၇၆ ခရိုင်ကနေ ၁၁၈ ခရိုင်အထိ ပျံ့နှံ့လာခဲ့တယ်။ ၂၀၀၄ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့မှာ ထင်ရှားတဲ့ နာဆာလိုက်အုပ်စု ၂ခု ဖြစ်တဲ့ အိန္ဒိယကွန်မြူနစ်ပါတီ (မာ့က်စ်ဝါဒီ-လီနင်ဝါဒီ) ပြည်သူ့စစ်ပွဲ (CPI (ML) -PWG)) အုပ်စုနဲ့ အိန္ဒိယ မော်ဝါဒီ ကွန်မြူနစ်ဗဟို (MCCI) အုပ်စုတို့ ပူးပေါင်းလိုက်ကြပြီး အိန္ဒိယကွန်မြူနစ်ပါတီ (မော်ဝါဒီ) ကို ဖွဲ့စည်း ခဲ့ကြတယ်။

နာဆာလိုက်အများအပြားဟာ တမီလ်အီလမ်လွတ်မြောက်ရေးကျားအဖွဲ့လို အုပ်စုတွေနဲ့ အဆက်အသွယ် လုပ်ပြီး သူတို့နဲ့ လက်နက်ကုန်ကူးတဲ့ လုပ်ငန်းတွေလုပ်ဖို့ ကြိုးစားနေကြတယ်လို့ သုတေသနနဲ့ အကဲဖြတ် အုပ်စုတွေက စွပ်စွဲကြတယ်။ ဘာရာတီရာဂျနာတာပါတီခေါင်းဆောင် ရာနတ်ဆင်းကလည်း နာဆာလိုက် တွေနဲ့ ပါကစ္စတန်ထောက်လှမ်းရေးတွေ အဆက်အသွယ်ရှိတယ်လို့ စွပ်စွဲတယ်။ အန်ဒရာ ပရာဒက်ရှ်ဒေသ မှာ CPI (Maoist) တွေကို တားမြစ်ထားတယ်။ သူတို့ကို နာဆာလိုက်ဆန့်ကျင်ရေး ပါလီမန်အုပ်စုတွေက လည်း တိုက်ခိုက်ကြတယ်။ ချာတီဂါးပြည်နယ်မှာ တက်တက်ကြွကြွနဲ့ လုပ်နေတဲ့ ဒီအုပ်စုထဲက တခုကတော့ ဆာလ်ဝါဂျူဒမ်အဖွဲ့ပါပဲ။

နိပေါ၊ ဘီဟာ၊ ဂျာခမ်ကနေ ချာတီဂါးပြည်နယ်က ဘတ်စ်တာခရိုင်ကိုဖြတ်ပြီး အန်ဒရာပရာဒက်ရှ်ထိ ကျယ်ပြန့်တဲ့ ကျစ်လစ်စုစည်းတဲ့ တော်လှန်ရေးဇုံ (Compact Revolutionary Zone-CRZ) တခုထူထောင်ဖို့ စီမံကိန်းတခုရှိတယ် ဆိုတဲ့အချက်ကို စိုးရိမ်ပူပန်နေကြတယ်။ အနောက်ဘင်္ဂလားပြည်နယ်နဲ့ ဘီဟာက ကျစ်လစ်ခိုင်မာတဲ့စုစည်းမှုက CRZ အောင်မြင်မှုရဲ့ အခရာသော့ချက်ဖြစ်တယ်။ အိန္ဒိယနဲ့ နိပေါနိုင်ငံမှာရှိတဲ့ သူတို့လွှမ်းမိုးတဲ့ဒေသတွေအကြား ဆက်သွယ်ပေါင်းကူးပေးမယ့် စင်္ကြန်လမ်းမကြီးတခုအဖြစ် အနောက် ဘင်္ဂလားဒေသကို အသုံးပြုဖို့ နာဆာလိုက်တွေက စီမံထားတယ်။

၂၀၀၇ ခုနှစ်မှာ နာဆာလိုက်တွေဟာ သူတို့ရဲ့ပုန်ကန်မှုတွေကို တိုးမြှင့်လုပ်ဆောင်လာတယ်။ အခုအခါ အိန္ဒိယမှာရှိတဲ့ ပြည်နယ်တ၀က်မှာ အထူးသဖြင့် ကျေးလက်ဒေသတွေမှာ တက်တက်ကြွကြွ လှုပ်ရှား တိုက်ခိုက်ကြတယ်။ ဒါတွေကတော့ စက်မှုလုပ်ငန်းကြီးတွေကို ဆွဲဆောင်ဖို့အတွက် အထူးစီးပွားရေးဇုံတွေ ဖန်တီးဖို့ အိန္ဒိယအရှေ့ပိုင်းမှာရှိတဲ့ လယ်သမားတွေရဲ့လယ်မြေတွေကို အစုလိုက်ပြုံလိုက်သိမ်းပိုက်တဲ့ အစိုးရ ရဲ့စီမံကိန်းကို တုံ့ပြန်တဲ့ လယ်သမားတွေရဲ့ ပုန်ကန်မှုကိုအားပေးဖို့ ကြိုးပမ်းချက်လည်း ဖြစ်ပါတယ်။ အခု တော့ အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်းကိုယ်တိုင်က နာဆာလိုက်တွေရဲ့လှုပ်ရှားမှုဟာ လွတ်လပ်ရေး ရပြီးချိန်ကစလို့ အိန္ဒိရဲ့ပြည်တွင်းလုံခြုံရေးကို အကြီးမားဆုံး ခြိမ်းခြောက်လာနေပြီလို့ ထုတ်ဖော်ပြောဆိုလာရ ပါတယ်။

၂၀၀၇ ခု၊ မတ်လ ၅ ရက်နေ့က ပြည်နယ်မြို့တော် ရန်ချီရဲ့အရှေ့ဘက် ၊ ကီလိုမီတာ ၁၆၀လောက်ဝေးတဲ့ ကီရှန်ပူရအနီး ဟိုလီမြို့ကလေးမှာ ကျင်းပတဲ့ ဟိန္ဒူပွဲတော်တခုမှာ ဘောလုံးပွဲကြည့်နေစဉ်မှာ လွှတ်တော် အမတ်တဦးကို နာဆာလိုက်သူပုန်တွေက ပစ်သတ်ခဲ့ပါတယ်။ နာဆာလိုက်ခေါင်းဆောင်တွေကတော့ ဒီကိစ္စ အတွက် သူတို့မှာ တာဝန်မရှိဘူးလို့ ငြင်းဆိုပါတယ်။ ၂၀၀၇ ခု၊ မတ်လ ၁၅ ရက်က ရာဒီဘော့ဒ်လီရွာမှာရှိတဲ့ ပုလိပ်ကင်းစခန်းတခုကို နာဆာလိုက် သူပုန်တွေ ၀င်တိုက်တာ ပုလိပ် ၄၉ ယောက် ကြွသွားပါတယ်။ သေဆုံး သူတွေထဲမှာ ချာတီဂါးပြည်နယ်လက်နက်ကိုင် တပ်ဖွဲ့က လူ ၁၅ ယောက်နဲ့ အထူးပုလိပ်အရာရှိ ၃၄ ယောက်ပါဝင်ပါတယ်။ နောက်ထပ် ၁၂ ယောက်လောက်လည်း ဒဏ်ရာရသွားပါတယ်။ ဒီတိုက်ပွဲဖြစ်နေစဉ်မှာ အစိုးရဘက်က အရာရှိ ၂၃ ယောက်နဲ့ အထူးပုလိပ်အရာရှိ ၅၅ ယောက် စခန်းထဲမှာ ရှိနေတာပါ။

၂၀၀၈ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်မှာ ချာတီဂါးပြည်နယ်၊ နာရာရမ်ပူရခရိုင်မှာ ဗဟိုအရံရဲတပ်ဖွဲ့က ရဲစစ်ဆေး ရေး အရာရှိတဦးအပါအ၀င် ရဲဝန်ထမ်း ၆ ဦး မိုင်းထိပြီး သေဆုံးခဲ့ပါတယ်။ အောက်တိုဘာလ ၂၀ ရက်နေ့ တုန်းကလည်း ချာတီဂါပြည်နယ်၊ ဘီဂျာပူရခရိုင်အတွင်းမှာလည်း တိုက်ပွဲဖြစ်ပွားလို့ ဗဟိုအရံရဲတပ်ဖွဲ့က တပ်သား ၁၂ ဦး ကျဆုံးပြန်ပါတယ်။ ဒီလို နာဆာလိုက်တွေရဲ့ တိုက်ခိုက်မှုတွေကို တုံ့ပြန်ဖို့အတွက် ပြည်ထောင်စုအစိုးရက နာဆာလိုက်နှိမ်နှင်းရေး ရဲတပ်ရင်းတပ်ဖွဲ့တွေကို အင်အား ၁၀,၀၀၀ ထိ တိုးမြှင့် လိုက်တယ်လို့ အတည်ပြုပြောဆိုပါတယ်။ ၀န်ကြီးချုပ်က ဥက္ကဌလုပ်တဲ့ ကက်ဘိနက်လုံခြုံရေးကော်မတီက လည်း ဗဟိုရဲအရံတပ်ဖွဲ့ရဲ့အမိန့်နဲ့ ထိန်းချုပ်မှုအောက်မှာ မြွေဟောက်စစ်ဆင်ရေးလုပ်ဖို့ ခေါင်းညိမ့်လိုက်ပါ တယ်။

ဒီနှစ်အတွင်းမှာလည်း နာဆာလိုက်တွေက တိုက်ခိုက်မှုတွေ တိုးမြှင့်လုပ်ဆောင်လာလို့ ပြီးခဲ့တဲ့လအတွင်းက ပဲ အန်ဒရာပရာဒက်ရှ် ပြည်နယ်က ”အမဲလိုက်ခွေးညိုကြီးတွေ” လို့ခေါ်တဲ့ လူ့မလိုင်တွေရဲ့ပြူစောထီးတပ်ဖွဲ့ က တပ်ဖွဲ့ဝင် ၂၄ ယောက် ပစ်သတ်ခံလိုက်ရပါသေးတယ်။

(Source:Internet Pages)



REF: နေ့သစ်

Read More...

ဒီခေတ်ရဲ့ "ရင်လျားယဉ်ကျေးမှု" - လူထုစိန်ဝင်း

ကျောင်းသား။ ။ ဆရာကြည့်စေချင်လို့ စီဒီတချပ် လာပေးတာခင်ဗျ။
ကျောင်းသူ။ ။ အဲဒါကြည့်ပြီး ဆရာ့သဘောထား မေးမလို့ပါ။ နောက်တခေါက် ထပ်လာပါဦးမယ်။
ဆရာ။ ။ ဘာအခွေများလဲကွဲ့။ ခုတလော ဘောလုံးပွဲတွေပဲ ကြည့်ဖြစ်တယ်။ ရုပ်ရှင်တွေ မကြည့်ဖြစ်တာ ကြာ ပြီ။
ကျောင်းသား။ ။ ဖက်ရှင်ပြပွဲခွေ တခုပါဆရာ။ ကျွန်တော်တို့ ကျောင်းတက်တုန်းက မိန်းကလေးတွေ ဘောင်း ဘီဝတ်တာ၊ ဆံပင်တိုထားကို ဆရာက အားပေးတယ် မဟုတ်လား။ ခုခေတ် မိန်းကလေးတွေ ၀တ်ပုံစားပုံ တွေကိုကော ဆရာဘယ်လိုရှုမြင်သုံးသပ်မလဲဆိုတာ သိချင်လို့ပါ။
ကျောင်းသူ။ ။ ကျမက ခုထိ ဆံပင်တိုထားတုန်းပါဆရာ။ ခေတ်မီ ဆန်းသစ်တာကိုလည်း သဘောကျပါတယ်။ ဒါပေမဲ့ ခုခေတ် မိန်းကလေးတွေကတော့ နည်းနည်းလွန်ကဲ နေသလားလို့ပါ။ အဲဒါကြောင့် ဆရာ့အမြင် သိ ချင်တာပါ။
ဆရာ။ ။ မင်းတို့ စီဒီ မကြည့်တော့ပါဘူးကွယ်။ ဒီအတိုင်းပဲ ဆွေးနွေးကြတာပေါ့။
ကျောင်းသား။ ။ မဟုတ်ဘူးဆရာ...ကြည့်လိုက်ပါဦး။ နောက်တခေါက်ကျမှ ဆွေးနွေးပါမယ်။
ဆရာ။ ။ ဆရာ ကြည့်ပြီးပါပြီးကွဲ့။ ခေတ်နောက်မကျပါဘူး။ ဒီအခွေတော့ ဟုတ်ချင်မှ ဟုတ်မယ်။ ဖက်ရှင်ရှိုး ခွေဆို အတူတူနေမှာပဲကွယ်။ ဟုတ်တယ်မို့လား။
ကျောင်းသား။ ။ ဟုတ်ပါတယ်ဆရာ။ အားလုံးအတူတူပါဘဲ။ အဲဒီလိုဆို အခု ဆရာ့အမြင် ပြောလို့ရတယ်ပေါ့ နော်။
ဆရာ။ ။ အခွေမကြည့်ဖူးခင်ကတည်းက ဒီခေတ်ရဲ့"ရင်လျားယဉ်ကျေးမှု" ကို ဆရာသိနေ မြင်နေပါတယ်ကွဲ့။ မဂ္ဂဇင်းတွေထဲမှာ တွေ့နေရတာပဲ။
ကျောင်းသူ။ ။ ဖက်ရှင်ရှိုးတွေကို ဆရာ ဘယ်လိုမြင်သလဲရှင့်။

ဆရာ။ ။ ပြောရမှာ အားတော့နာတယ်ကွယ်။ မြန်မာလူမျိုးတယောက်အနေနဲ့ ပြောရရင်တော့ တော်တော်ကို မတင့်တယ်ဘူးလို့ပဲ ပြောချင်တယ်။ တခါတခါ ကြည့်ရင်းနဲ့ နိုင်ငံခြား စီဒီခွေများ မှားပြီး ယူလာကြသလားလို့ တောင် ထင်လိုက်မိတဲ့ မြင်ကွင်းတွေလည်း တွေ့ရမြင်ရတယ်။
ကျောင်းသူ။ ။ တချို့များ ဆရာရယ် ကျမတို့ မိန်းမချင်းတောင် ကြည့်ရတာ မျက်စိရှက်မိပါတယ်။
ကျောင်းသား။ ။ ကျွန်တော်တို့ ယောက်ျားတွေလည်း မျက်စိရှက်ပါတယ်ခင်ဗျ။ ကျွန်တော်လည်း အင်္ဂလန် သွားပြီး ဘွဲ့လွန်ယူလာခဲ့တာပဲ။ ဒါပေမဲ့ ဒီလိုရှိုးပွဲတွေတော့ မရောက်ဖူးလို့ မပြောတတ်ဘူး။ ကျွန်တော်တို့ တက္ကသိုလ်ဝန်းကျင်မှာတော့ ၀တ်စားဆင်ယင်တာ ဒါလောက်မရိုင်းပါဘူး။
ကျောင်းသူ။ ။ ကျမတို့လည်း ဗမာပီပီ ရေချိုးပြီး ထွက်လာရင် ရင်လျားနဲ့ ထွက်တာပါပဲ။ ဒါပေမဲ့ တဘက်ကြီး ကြီးနဲ့တော့ လုံအောင် ခြုံထားပါသေးတယ်။ အခုတော့ ဆရာရယ် စင်ပေါ်မှာ မီးမောင်းတွေအောက်မှာ ကျော ဗလာကျင်းပြီး ထွက်လာလိုက်နဲ့၊ ရင်ဘတ်တ၀က်ဖော်ပြီး ထွက်လာလိုက်နဲ့ တခါတလေများကိုဆို အောက်က ရင်တမမ ဖြစ်နေရတာ။ သူတို့ ရင်လျားကြီး ဘယ်တော့များ လျှောကျသွားမလဲလို့ ကျမဖြင့် စိတ်ပူလိုက်ရတာ ဆရာရယ်။
ကျောင်းသား။ ။ ဖန်ပေါင်းချောင်ထဲမှာ ရွှေငါးလေးတွေ ဆတ်ဆလူး ကူးခတ်နေတာ ကြည့်ရသလိုပဲလို့ ကျွန်တော်တော့ အောက်မေ့မိတယ်။ ဆရာက အမြဲတမ်း မိန်းကလေးတွေဟာ ယောက်ျားလေးတွေနဲ့ တန်း တူ ဘာမဆို လုပ်နိုင်ရမယ်။ သွားရဲ လာရဲ ပြောရဲ ဆိုရဲ ရှိရမယ်။ ခြေတလှမ်း ကုဋေတသန်းဆိုတဲ့ခေတ် မဟုတ်တော့ဘူး။ မိန်းကလေးတွေလဲ ဘတ်စကားတိုးတက် တိုးဆင်း လုပ်နေရတာပဲ။ ဘောင်းဘီဝတ်တော့ အန္တရာယ်ကင်းတယ်၊ ပေါ့ပါးဖျတ်လတ်တယ်လို့ ပြောနေကျ မဟုတ်လား။ အဲဒါကြောင့် ဆရာ ဘာပြောမလဲ ဆိုတာ သိပ်သိချင်နေတာ။
ဆရာ။ ။ ရှေးခေတ်တုန်းကတော့ မိန်းကလေးဆိုတာ "ဗိုင်းကောင်းကျောက်ဖိ" နေပြီး "အိမ်တွင်းမှုလုပ် သိမ်းထုတ်သေချာ" ရှိအောင်သာ အလေးထား ဆုံးမခဲ့ကြတာလေ။ သူ့ခေတ်သူ့အခါနဲ့တော့ ကိုက်ညီမှာပေါ့။ ယောက်ျားက စီးပွါးရှာပြီး မိန်းမက အိမ်ထောင် ထိန်းသိမ်းရေး လုပ်ရတာကိုး။ ခုခေတ်ကျတော့ အိမ်ရှိသမျှ လူကုန်ထထွက် အလုပ်လုပ်နိုင်မှ တော်ကာကျတာလေ။ ဒီတော့ မိန်းကလေးတွေလည်း အလုပ်လုပ်နိုင် အောင် ပညာတွေသင်ရ၊ အလုပ်လုပ်ရ၊ ခရီးတွေသွားရ လုပ်ကြရတာပေါ့။ ဒါကြောင့် "ဗိုင်းကောင်း ကျောက်ဖိ" နေလို့ ဘယ်ဖြစ်တော့မလဲ။ ပိနေတဲ့ ကျောက်တုံးကြီးကို တွန်းချပြီး မားမားမတ်မတ် ထရပ်ကြရ မှာပေါ့။
ကျောင်းသား။ ။ ခုဟာက မားမားမတ်မတ် မဟုတ်တော့ဘူးဆရာရဲ့၊ ကော့ကော် ကန်ကား ဖြစ်နေလို့ ပြောနေ ရတာ၊ ကန်တော့နော်ဆရာ၊ ကန်တော့၊ ကန်တော့။
ကျောင်းသူ။ ။ ဟုတ်တယ်ဆရာ၊ သူပြောတာ မလွန်ဘူး။
ဆရာ။ ။ ဆရာလည်း တွေ့ပါတယ်ကွယ်။ ဆရာတယောက်အနေနဲ့ ခေတ်ရှေ့က ပြေးဖို့ အမြဲတမ်း မင်းတို့ကို တိုက်တွန်းခဲ့တာပဲ။
ကျောင်းသူ။ ။ ဟုတ်တယ်၊ ဆရာက ခေတ်ကို မီအောင်လိုက်တယ်ဆိုတာတင်နဲ့ မလုံလောက်ဘူး။ ခေတ်ရှေ့ ကကို ပြေးနေရမယ်လို့ အမြဲပြောခဲ့တာပဲ။
ဆရာ။ ။ ဆရာပြောခဲ့တာက အတွေးအခေါ်တွေ၊ စိတ်ဓာတ်တွေ၊ အသိဥာဏ်ပညာတွေ ခေတ်ရှေ့က ရောက် နေအောင်လုပ်ဖို့ပြောတာပါ။ ၀တ်စားဆင်ယင်မှုတွေ အဆောင်အယောင်တွေကို ပြောတာမဟုတ်ပါဘူး။
ကျောင်းသား။ ။ ခုခေတ် လူငယ်တွေက အနှစ်ကိုပယ်ပြီး၊ အကာကိုပဲ ယူနေကြတယ်ထင်ပါရဲ့ ဆရာရယ်။ ကျွန်တော်တို့ကို ပေါ့ပ်ယဉ်ကျေးမှုအကြောင်း ပြောပြတုန်းက ဆရာပြောခဲ့တာတွေကို အခုမှတ်မိနေသေး တယ်။ ပေါ့ဂီတ၊ ပေါ့စာပေ၊ ပေါ့ယဉ်ကျေးမှု ဆိုတာတွေဟာ၊ ဘုရင်တွေ၊ မိဖုရားတွေနဲ့ မှူးကြီးမတ်ကြီးတွေကို နန်းတော်ကြီးထဲမှာဖျော်ဖြေတဲ့ နန်းထိုက်ဝင် သဘင်သမားတွေနဲ့ ဆန့်ကျင်ဘက် လူတွေကြားထဲက လူတွေ ကို ဖျော်ဖြေဖို့၊ လမ်းပေါ်မှာ သီဆိုတီးမှုတ်ကခုန်ကြတဲ့ လူထုဂီတ၊ လူထုအနုပညာ စစ်စစ်ဖြစ်တယ်လို့ ဆရာ က ပြောခဲ့တယ်လေ။ ပြီးတော့မှ ဆရာက နောက်ခေတ်လူငယ်တွေက၊ ပေါ့ပ် ဂီတ၊ ပေါ့ပ်အနုပညာရဲ့ အနှစ်သာရကို အတုယူရကောင်းမှန်း မသိဘဲ၊ ဆင်းရဲသားတွေကြားက ထွက်လာတဲ့ ပေါ့ပ်အနုပညာသမား တွေရဲ့ စုတ်ပြတ်နုံချာတဲ့ အ၀တ်အစားတွေကို အတုယူပြီးတော့ ဂျင်းဘောင်းဘီအကောင်းစားကို အနားတွေ ဖွာလန်အောင်လုပ်၊ ဒူးမှာပြဲအောင်ဖြဲပြီး ၀တ်ပြကြတယ်။ အဲဒီက တဆင့်တက်လာတော့ ပညာမဲ့ ခြေသလုံး အိမ်တိုင်တွေရဲ့ စရိုက်လို အတုယူပြီး မူးယစ်ဆေးဝါး၊ အရက်သေစာနဲ့ လိင်ကိစ္စတွေမှာ အချုပ်အထိန်းမဲ့ ဗရမ်းဗတာ လုပ်ချင်တာတွေ လုပ်ကုန်ကြတော့တယ်။ ဒါကြောင့် ပေါ့ပ်ဟာ နာမည်ပျက်ရတာလို့ ပြောခဲ့တယ် နော်။
ကျောင်းသူ။ ။ ဆရာပြောတဲ့အတိုင်းလည်း ဖြစ်ခဲ့တာပဲနော်။
ဆရာ။ ။ အဲဒါကြောင့် "ခေတ်မီ" တာနဲ့ "လျှပ်ပေါ်လော်လီ" တာကို ခွဲခြားမသိနိုင် ဖြစ်နေကြတာပါကွယ်။
ကျောင်းသူ။ ။ အဲဒီတော့ ရှိုးပွဲတွေကို ဆရာဘယ်လိုမြင်သလဲ။
ဆရာ။ ။ ဆရာကတော့ မိန်းကလေးတွေကို စင်ပေါ်မှာ ယောက်ျားတွေအတွက် ဖျော်ဖြေရတဲ့ သဘောမျိုး မှန် သမျှကို မနှစ်မြို့ဘူး။ ယောက်ျားတွေကို ဖျော်ဖြေဖို့ အမျိုးသမီးမှာ ဘာတာဝန်မှမရှိဘူးလို့ ယူဆတယ်။
ကျောင်းသူ။ ။ ဟုတ်ပါပြီ၊ ဒါမှ ကျမတို့ ဆရာကွ။


လူထုစိန်ဝင်း
၂၄၊ ၁၀၊ ၂၀၀၈။
[ချယ်ရီမဂ္ဂဇင်း၊ အတွဲ(၁) အမှတ် ၁၅၉၊ ဒီဇင်ဘာ၊ ၂၀၀၈ က ကူးယူဖော်ပြပါတယ်။]

Read More...

ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ် ဦးကျော်တင့်ဆွေကို ပြန်ခေါ်ပြီ

၂၁ ဇန်န၀ါရီ ၂၀၀၉

အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့တွင် တာဝန်ထမ်းဆောင်နေသည့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အမြဲ တမ်းကိုယ်စားလှယ် ဦးကျော်တင့်ဆွေအား အသက် (၆၀) ပြည့်ပြီးနောက် (၂) ကြိမ်တိုင် သက်တမ်းတိုး တာဝန်ပေးထားခဲ့သည့်အတွက် စစ်အစိုးရက ပြန်ခေါ်ထားသည်ဟု သံတမန်အသိုင်းအ၀န်းက ပြောသည်။

နယူးယော့ခ်အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ်ရာထူးမှာ စစ်အစိုးရ သိက္ခာ ကို ကာကွယ်ပေးရသူဖြစ်သည့်အတွက် စစ်အစိုးရအတွက် အရေးပါသည့် သံတမန်စစ်မျက်နှာတခုဖြစ်ပြီး ဦးကျော်တင့်ဆွေနေရာကို မည်သူနှင့် အစားထိုးမလဲဆိုသည်ကို သံတမန်အသိုင်းအ၀န်းက စိတ်ဝင်တစား ဖြစ်နေကြသည်။


ဦးကျော်တင့်ဆွေ၏ နေရာကို နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်များဖြစ်သည့် အပြင် ၀ါရင့်သံတမန်များဖြစ်သည့် ဦးဖေသန်းဦးနှင့် ဦးဥာဏ်လင်းတို့အနက် တဦးဦးကို လျာထားသည်ဆို သည့် သတင်းထွက်နေသော်လည်း အတည်ပြုနိုင်ခြင်း မရှိသေးပေ။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ်အဖြစ် (၈) နှစ်ကြာ တာဝန်ယူခဲ့သည့် ဦးကျော်တင့် ဆွေသည် မြန်မာစစ်အစိုးရ ခေါင်းဆောင်ပိုင်းက ယုံကြည်စွာအားထားရသည့် သံတမန်တဦးအဖြစ် ထင်ရှား သည်။

မကြာခင်က အင်တာနက်တွင် ဖြန့်ဝေခဲ့သည့် ဦးကျော်တင့်ဆွေ ရေးသားသည်ဆိုသည့် အစီရင်ခံစာ တပိုင်း တစမှာ စစ်အစိုးရဘက်က အတိုက်အခံနှင့် မီဒီယာများအား လှည့်စားရန် လုပ်ကြံဖြန့်ဖြူးသည့် အချက်ဖြစ် နိုင်သည်ဟု သံတမန်အသိုင်းအ၀န်းတွင် ပြောဆိုနေသည်။ သို့သော် ထိုစာတမ်းနောက်ဆုံးပိုင်းပါ လက်မှတ် မှာမူ ဦးကျော်တင့်ဆွေလက်မှတ်နှင့် ဆင်တူသည်ဟု အချို့သံတမန်များက ပြောသည်။

ဦးကျော်တင့်ဆွေကို ၂၀၀၁ ခုနှစ် ဧပြီလမှစပြီး မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ် ခန့် အပ်ခဲ့ခြင်းဖြစ်သည်။ ကုလသမဂ္ဂ အထွေထွေညီလာခံ မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်လည်း ဖြစ်သည်။ ၁၉၆၈ ခုနှစ်မှစပြီး နိုင်ငံခြားရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့သည်။



REF: ခေတ်ပြိုင်

Read More...

အရှင်ဂမ္ဘီရကို ထောင်ပြောင်းပြီ

Wednesday, 21 January 2009

စစ်အစိုးရက ထောင်ဒဏ် ၆၈ နှစ် ချမှတ်ထားသော သံဃာ့ တပ်ပေါင်းစုအဖွဲ့ ဦးဆောင် သံဃာတော်တပါး ဖြစ်သည့် အရှင်ဂမ္ဘီရကို ပြီးခဲ့သည့် စနေနေ့က မန္တလေးမြို့ အိုးဘိုထောင်မှ စစ်ကိုင်းတိုင်း ခန္တီးထောင်သို့ ပြောင်းရွှေ့လိုက်ကြောင်း မိသားစုဝင်တဦးက ပြောသည်။

အရှင်ဂမ္ဘီရအား ထောင်ပြောင်းလိုက်သည်ကို မိသားစုသို့ အကြောင်းကြားခြင်းမရှိကြောင်းနှင့် ယနေ့ ထောင် ၀င်စာ သွားရောက်တွေ့သည့် အချိန်တွင်မှ သိရှိရခြင်းဖြစ်သည်ဟု အရှင်ဂမ္ဘီရ၏ ညီမ တော်စပ်သူ မခင်သူဌေးက ပြောပြသည်။

“အမေနဲ့ မောင်လေးက ဒီနေ့ ၆နာရီလောက်ကတည်းက အိမ်ကထွက်တယ်တဲ့၊ ထောင်ရောက် တော့ ဦးပဉ္ဖင်းကို ခန္တီးထောင်ကို ပို့လိုက်ပြီတဲ့၊ စနေနေ့ကတည်း က ပို့လိုက်တယ်တဲ့၊ အကြောင်းမကြားဘူး၊ ကျန်းမာရေးအခြေအနေစိတ်ပူတယ်ဆိုတော့ ကျန်းမာရေးအခြေအနေ ကောင်းကောင်းမွန်မွန်နေမှာပါတဲ့၊ ဆေးစစ်ပြီးမှ သေချာမှ ပို့တာ ဖြစ်မှာပါလို့ ထောင်မှူးက ပြောတယ်”ဟု မခင်သူဌေးက ဧရာဝတီသို့ ပြော သည်။

မိသားစုနှင့် ပေးမတွေ့ချင်သောကြောင့် ယခုကဲ့သို့ အရှင်ဂမ္ဘီရကို ထောင်ပြောင်းလိုက်ကြောင်း ပြောဆိုခြင်း ဖြစ်နိုင်သည်ဟုလည်း ၎င်းက ဆိုသည်။

ယခင်ရက်များက အရှင်ဂမ္ဘီင်္ရ အစာငတ်ခံ ဆန္ဒပြသည်ဟူသော သတင်းများ ထွက်ပေါ်လာခြင်းနှင့် ပတ်သက် ၍ အသေအချာမသိရသေးသော်လည်း ဇန်န၀ါရီ ၁၃ ရက်က စတင်ပြီး အရှင်ဂမ္ဘီရ အစာမစား၊ ရေမသောက်၊ ရေမချိုးဟူသော သတင်းများ ကြားသိရကြောင်း၊ ဆက်လက်၍ စုံစမ်းနေဆဲ ဖြစ်ကြောင်းလည်း မခင်သူဌေး က ပြောသည်။

အဆိုပါ အရှင်ဂမ္ဘီရ သက်တော်(၂၉) နှစ်သည် လွန်ခဲ့သည့် ၂၀၀၇ ခု ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်ခဲ့ သောကြောင့် စစ်အစိုးရက ဖမ်းဆီး၍ ပုဒ်မ ၅၀၅(က)၊ ၅၀၅ (ခ) ၊ လ၀က ပုဒ်မ ၁၃/၁ ၊ ပုဒ်မ ၁၇/၁ ၊ အီလက်ထရွန်နစ် ပုဒ်မ ၃၀၃(က)၊ အသင်းအဖွဲ့ပုဒ်မ ၆/၈၈ စသည်တို့ဖြင့် တရားစွဲဆိုပြီး ထောင်ဒဏ်များ ချမှတ်ခဲ့ခြင်းဖြစ်သည်။

အရှင်ဂမ္ဘီရကို ၂၀၀၇ ခု နိုဝင်ဘာ ၄ ရက် နေ့တွင် မန္တလေးတိုင်း စဥ့်ကိုင်မြို့၌ စစ်အာဏာပိုင်များက ဖမ်းဆီး ခဲ့ခြင်းဖြစ်သည်။

စစ်အစိုးရက ဖမ်းဆီးထားသည့် တခြားသော ရွှေဝါရောင်တော်လှန်ရေးနှင့် ပတ်သက်သည့် သံဃာတော် ဦးခေမာစာရ သက်တော် (၂၈)နှစ်ကိုလည်း ယမန်နေ့က ထောင်ဒဏ် ၁၄ နှစ် ချမှတ်လိုက်ကြောင်း ၎င်းနှင့် နီးစပ်သည့် နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တဦးကပြောသည်။

“သူ့ကို မရန်းကုန်းမြို့နယ်တရားရုံးက တရားသူကြီး ဒေါ်ခင်သန့်စင်က အမှု ၂ မှုနဲ့ ထောင် ၁၄ နှစ် ချလိုက် တယ်၊ သူက စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးမှာပါတဲ့ သံဃာတပါးပဲ”ဟု ၎င်းက ပြောပြသည်။

ယင်း ဦးခေမာစာရအား ပုဒ်မ ၃၈၀ ဘုရားခိုးမှု၊ ပုဒ်မ ၄၆၈ တရားမ၀င် စာရွက်စာတန်း အမှုများဖြင့် တမှုလျှင် ထောင်ဒဏ် ၇ နှစ်ဖြင့် ၂ မှုပေါင်း ထောင်ဒဏ် ၁၄ ချမှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“အရင် ရုံးစထုတ်စဉ်က ၂၉၅ (က) ဆိုတဲ့ ပုဒ်မ တခုပါတယ်၊ ပုဒ်မ ၃ ခု ၊ အဲဒါကို ၂၉၅(က) ဖြုတ်လိုက်တယ်၊ အဲဒါက သာသနာညိုးနွမ်းတဲ့ ပုဒ်မ၊ နိုင်ငံရေးနဲ့နွယ်တယ်၊ ၂၉၅(က) ကို ဖြုတ်လိုက်ခြင်းအားဖြင့် နိုင်ငံရေး မနွယ်တော့တဲ့အတွက် နောက်ပိုင်း ရဲဘက်တောင်ထုတ်နိုင်တယ်လို့ ယူဆရတယ်”ဟု ထောင်ဝန်ထမ်းတဦး က ပြောဆိုသည်။

ဦးခေမာစာရသည် ပဲခူးတိုင်း သနပ္ပင်မြို့နယ် ကလိုင်ရွာ ဇာတိဖြစ်ပြီး ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ကန်သာ ကျောင်းမှ ပညာတတ်၊ ဓမ္မာစရိယဘွဲ့ရဖြစ်သည်။ ၎င်းသည် ၂၀၀၇ ခု စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး တွင် ပါဝင်လှုပ်ရှားခဲ့သည့်အတွက် တိမ်းရှောင်နေရကာ ၂၀၀၇ ခု ဒီဇင်ဘာလကုန်ပိုင်းတွင် ရန်ကုန်မြို့ မရန်းကုန်းမြို့နယ်အတွင်း၌ စစ်အာဏာပိုင်များ၏ ဖမ်းဆီးမှုခံခဲ့ရခြင်းဖြစ်သည်။



ကိုစိုး
REF: ဧရာဝတီ

Read More...

Wednesday, January 21, 2009

ပစ်မှတ် (၁) တဦးတယောက်မှ တဖွဲ့လုံးသို့ - ရဲဘော်ဖိုးသံချောင်း

၂၁ ဇန်န၀ါရီ ၂၀၀၉
နအဖရဲ့လမ်းပြမြေပုံအဆင့် (၇) မှာ ရေးမထားတဲ့ လုပ်ငန်းတရပ်ဟာ အခု အခါ တော်တော်လေး ပုံပေါ်လာ နေပြီလို့ ယူဆရပါတယ်။ အဲဒါကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို တရားဝင်နိုင်ငံရေးပါတီတရပ် အဖြစ်က နေ ဖယ်ရှားပစ်ဖို့ပဲ ဖြစ်ပါတယ်။

ပြောရရင် ဦးဝင်းတင်ကို ထောင်ကနေ လွှတ်လိုက်တယ်ဆိုကတည်းက နအဖဟာ နောက်ကွယ်မှာ အကြံပုပ် ဉာဏ်ယုတ် တခုခုတော့ ရှိလောက်တယ်လို့ လူတိုင်းက တွေးနေကြတာပါ။ ကိုမင်းကိုနိုင်တို့တသိုက်ကို ထောင်ကလွှတ်ပေး၊ ပြီးတော့ (၂၄) နာရီ အပြတ်ကပ်ထား၊ စောင့်ကြည့်၊ သူတို့နဲ့ဆက်သွယ်သူတွေကိုဆွဲ၊ တော်လောက်ပြီထင်တော့ ပြောလောက်တဲ့အကြောင်းပြချက်မရှိဘဲ အားလုံးကို (အပွားများနဲ့အတူ) ထောင် ထဲကို ဆွဲထည့်လုပ်ပါတယ်။ အခုလည်း ဦးဝင်းတင်ကို လွှတ်ပေးရတာအပေါ် အတတ်နိုင်ဆုံး အမြတ်ထုတ် နေပါတယ်။ အခုအခါ နအဖကိုယ်တိုင်ကဖြစ်စေ၊ သူတို့ရဲ့တပည့် လက်ကိုင်းတွေကဖြစ်စေ၊ အမျိုးသား ဒီမို ကရေစီအဖွဲ့ချုပ်ကို တိုက်ဆိုရင် အားလုံးလိုလိုပဲ ဦးဝင်းတင်ရဲ့ နာမည်ကို ထိပ်မှာတင်ပြီး တိုက်တာကို တွေ့ နေရပါတယ်။ တိုက်တာမှ ဦးဝင်းတင် မပြောတာကို အပြောလုပ်ပြီး လိမ်ညာသိက္ခာချတဲ့အထိ ကမ်းကုန် အောင် လုပ်ပါတယ်။ ကပြောင်းကပြန်လုပ်ဖို့ တမင်အင်တာဗျူးတာတွေတောင် လုပ်ပါတယ်။ စနစ်တကျလုပ် တာပါ။

နောက်တချက် မဖြစ်မနေ ထောက်ပြရမှာက နအဖနဲ့ သူ့လက်ပါးစေတွေဟာ ဦးဝင်းတင်နဲ့ ဦးခင်မောင်ဆွေ တို့ကို အောက်ခြေ လူငယ်ထုနဲ့ သိပ်ပေါင်းမိသွားမှာ၊ တခြားအဆင့် အသီးသီးခေါင်းဆောင်တွေနဲ့ သိပ် ညီညွတ်သွားမှာကို အကြီးအကျယ်စိုးရွံ့နေ ကြတယ်ဆိုတာပါပဲ။ ဒါကြောင့်မို့ သူတို့ရေးသမျှ ပြောသမျှမှာ ဦးဝင်းတင်နဲ့ ဦးခင်မောင်ဆွေကြောင့်ပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြိုကွဲသွားတော့မယောင်ယောင်၊ စစ် အစိုးရက မဖြစ်မနေ အရေးယူရတော့မယောင်ယောင် အာဘော်တွေ ဖန်တီးနေတာဖြစ်ပါတယ်။ တခါတလေ ဆိုရင် နအဖတပည့် ဆောင်းပါးရှင်တွေက ဦးဝင်းတင်နဲ့ ဦးခင်မောင်ဆွေတို့ဟာ ကမ်းပါးစွန်းရောက်နေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ချောက်ကမ်းပါးထဲ တွန်းချနေတယ်လို့ ရေးပါတယ်။ ဒါဟာ အမျိုးသား ဒီမို ကရေစီအဖွဲ့ချုပ်အတွင်း အချင်းချင်း သွေးခွဲပေးပြီး တရားခံရှာပေးနေတာပါပဲ။ ကြည့်လိုက်ရင် အဲဒီလို ရေးတဲ့လူတွေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပေါ်မှာ တယ်လည်း စေတနာထားနေပါလားလို့တောင် အောချရမလိုဖြစ်ပါတယ်။ တကယ်ကျတော့ စစ်အစိုးရဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပိတ်ပင် ဖျက် သိမ်းပစ်ရင်တောင် လူတွေက ဦးဝင်းတင်ကို တရားခံအဖြစ်မြင်အောင် အခြေအနေတွေ ဖန်တီးနေတာ ဖြစ်ပါ တယ်။

အခုလို ဦးဝင်းတင်အနားကို သူများတွေ မကပ်ရဲအောင်၊ မှိုင်းတိုက်ရာမှာ ဆောင်းပါးရေးသူတွေက ဦးဝင်းတင် ဟာ လက်ဝဲသမားဆိုပြီး ပုဒ်မတပ်တာလည်း ပါပါတယ်။ ဒါဖြင့် လက်ဝဲသမားဆိုတော့ရော ဘာဖြစ်လဲဆိုတာ မေးစရာလိုဖြစ်လာပါတယ်။ နအဖရဲ့ “စည်းကမ်းရှိတဲ့ ဒီမိုကရေစီ” ဘောင်ထဲမှာ လက်ဝဲသမားတွေအတွက် နေရာမရှိဘူးတဲ့လား။ ဒါဟာ စစ်ဗိုလ်တွေကျတော့ ဒီမိုကရေစီကို (၂ဝဝ) ရာခိုင်နှုန်းခံစားကြပြီး သူတို့ မကြိုက်တဲ့လူကိုတော့ (ဝ) ရာခိုင်နှုန်းတောင် ခံစားခွင့်မပေးချင်ကြဘူးဆိုတာကို ဖော်ပြနေတာပါပဲ။

ပိုဆိုးတာက သူတို့ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဗကပနဲ့ အတင်းဆွဲဆက်ပေးနေတာ ဖြစ်ပါတယ်။ ဗမာပြည်မှာပေါ်ပေါက်ခဲ့တဲ့ အစိုးရတိုင်း၊ အထူးသဖြင့် စစ်အစိုးရတိုင်းဟာ အတိုက်အခံတွေကို ဗကပနဲ့ ပတ်သက်တယ်လို့ လက်ညှိးထိုးပြီး ဖိနှိပ်၊ ချေမှုန်းတာ လုပ်လေ့ရှိကြပါတယ်။ လူတယောက်၊ အဖွဲ့အစည်း တခုဟာ ဗကပနဲ့ပတ်သက်သတဲ့ဆိုရင် သေဒဏ်ချလို့လည်း ရတယ်။ သေဒဏ်မချဘဲ အပျောက်ရှင်းလို့ လည်း ရတယ်၊ လုပ်ချင်တာ လုပ်ပစ်လို့ ရတယ်ဆိုတဲ့ အစဉ်အလာကို ဗမာပြည်မှာ ဆိုရှယ်လစ်ပါတီနဲ့ ဗိုလ် နေဝင်းတို့က ထူထောင်ခဲ့တာပါ။ အခုတော့ နအဖကလည်း နိုင်ငံရေးချွတ်ခြုံကျလာတာနဲ့အမျှ ဒီနည်းလမ်း ဟောင်းကြီးကိုသုံးပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ချေမှုန်းဖို့ ပြင်ဆင်နေတာလား စဉ်းစားရပါတော့မယ်။

နအဖဟာ ဖြစ်နိုင်ရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို သူတို့လက်ရာမပေါ်ဘဲ ဗမာပြည်နိုင်ငံရေး ဇာတ်ခုံ ပေါ်က ပျောက်သွားစေချင်တာပါ။ တတ်နိုင်ရင် သူတို့က ဥပဒေအသစ်ထုတ်ပြီး ဖျက်သိမ်းပစ်တာမဟုတ်ဘဲ တခြားနည်းတွေနဲ့ ပျောက်ကွယ်သွားအောင် လုပ်ချင်တာဖြစ်ပါတယ်။ အခုလို ဦးဝင်းတင်တို့ကို လက်ညှိးထိုး ပြပြီး ဒီချုပ်ကို တိုက်တာ၊ သွေးကွဲအောင်လုပ်တာတွေဟာ နောက်ဆုံး ခြေလှမ်းအတွက် ပြင်ဆင်နေတာလား လို့ ယူဆစရာအကြောင်းတွေ ရှိနေပါတယ်။ သေချာနေတာတခုက နအဖဟာ တဖြည်းဖြည်းနဲ့ အမျိုးသား ဒီမို ကရေစီအဖွဲ့ချုပ်ကို ထောင့်ထဲကို တွန်းပို့နေပါတယ်။ ထောင့်ပိတ်ပြီး တခုခုလုပ်ချင်တဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။

အခုအခါမှာ နအဖစစ်အစိုးရအဖို့ ၂ဝ၁ဝ ရွေးကောက်ပွဲအပါအဝင် လမ်းပြမြေပုံ အကောင်အထည်ဖော်ရေးမှာ အဓိကအကျဆုံး အတားအဆီးကြီး (၃) ခု ရှိနေတယ်လို့ ထင်ပါတယ်။ အဲဒါတွေက (အရေးပါမှု အစဉ်အလိုက်မဟုတ်ပါ)

(၁) ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ အောင်ပွင့်နဲ့ ကိုယ်စားပြု အထိမ်းအမှတ်ဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ၁၉၉ဝ ရွေးကောက်ပွဲရဲ့ ရလဒ်ဖြစ်ပါတယ်။

(၂) အပစ်အခတ်ရပ်စဲထားတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေ တည်ရှိနေသေးတဲ့ ပြဿနာဖြစ်ပါတယ်။

(၃) ရွေးကောက်ပွဲလွန်ပြီးနောက် သူတို့တွင်းမှာပေါ်လာမယ့် ဂိုဏ်းအုပ်စုပြဿနာတွေပဲ ဖြစ်ပါတယ်။

ဒီပြဿနာတွေ ဖြေရှင်းဖို့အတွက် နအဖဟာ အမျိုးမျိုးလှည့် သွေးတိုးစမ်းနေတာ အတော်လေးကြာသွားပါပြီ။

အခုဖော်ပြတဲ့အထဲက နံပါတ် (၃) ကို အာဏာနဲ့ဖြေရှင်းလို့ အလွယ်တကူ ရကောင်းရနိုင်ပေမယ့် နံပါတ် (၁) နဲ့ (၂) ဟာ နအဖအဖို့ ဆုပ်စူးစားရူးတွေပါ။ ဒီနှစ်ရပ်တည်ရှိနေလို့လည်း နအဖဟာ သူလုပ်ချင်တိုင်း လုပ်မရ ဘဲ လမ်းပြမြေပုံဟာ အခုလောက်ကြာနေတာ ဖြစ်ပါတယ်။

တကယ်ကျတော့ ဒီနေ့ နိုင်ငံတကာအခြေအနေ၊ ပြည်တွင်းအခြေအနေတွေက တယ်ပြီးကောင်းလှတာ မဟုတ်ပါဘူး။ အချိန်မရွေး၊ နေရာမရွေး စစ်ထဖြစ်နိုင်တဲ့ အခြေအနေတွေ ရှိနေပါတယ်။ ဒါကို စစ်နဲ့ တော်လှန်ရေး မီခဲ့တဲ့လူတိုင်းက ပူပင်သောကဖြစ်ကြပါတယ်။ နိုင်ငံကိုချစ်သူတိုင်း၊ အရှည်ကို မျှော်တွေးနိုင် သူတိုင်း အချိန်အခါကို အမိအရအသုံးချ၊ အကောင်းဆုံးကိုမျှော်မှန်း၊ အဆိုးဆုံးအတွက် ပြင်ဆင်တာတွေ လုပ်ရမယ့်ကာလပါ။ ဒါပေမယ့် အခုတော့ အခြေအနေတွေဟာ နအဖကြောင့်မို့ ပိုလို့သာဆိုးလာ၊ အန္တရာယ် ရှိလာနေပါတယ်။ နအဖစစ်အုပ်စုအတွင်း ဘယ်လောက်ကျစ်လျစ်ခိုင်မာတယ် မသိရပေမယ့် ဗမာပြည်ကြီး ကတော့ စီးပွားရေးကလည်း ချူချာ၊ အမျိုးသားသွေးစည်းညီညွတ်ရေးကလည်း ဒုက္ခိတလိုဖြစ်၊ လှေကွဲကြီးနဲ့ လှိုင်းလေကို ဖြတ်ရတဲ့အဖြစ် ရောက်မှာ စိုးရိမ်နေရပါတယ်။



ရဲဘော်ဖိုးသံချောင်း
REF: ခေတ်ပြိုင်

Read More...

ဝါဒမှိုင်းတိုက် မြှောက်ပင့်နေတာ ဘယ်သူတွေလဲ - မောင်သြ

၂၁ ဇန်န၀ါရီ ၂၀၀၉
မြန်မာနိုင်ငံရဲ့ ၂၀၀၉ ခုနှစ် ဇန်န၀ါရီလဆန်း နှစ်ဦးပိုင်းတွင် ထုတ်ဝေခဲ့ကြတဲ့ ဂျာနယ်အချို့မှာ ဖခင်အမည် မပေါ်ဘဲ မွေးထုတ်လိုက်တဲ့ သားသမီးများလို၊ စာရေးသူအမည်မပါဘဲ သတင်းလိုလို၊ အတင်းလိုလို၊ အဖျင်း လိုလို လျောမွေးစာတပုဒ်ကို တွေ့မြင်ဖတ်ရှုခဲ့ရပါတယ်။

ရုတ်တမ်း ရမ်းတုတ်၍လည်းကောင်း၊ အကွပ်မပါသောကြမ်း ပရမ်းပတာ နေသကဲ့သို့လည်းကောင်း၊ အိုးနင်း ခွက်နင်း မဆင်မခြင် ရေးထားတာတွေကို တွေ့ရပါတယ်။ အဲဒီတပုဒ်တည်းကိုပဲ ဂျာနယ်အတော်များများမှာ အလားတူ ထည့်သွင်းဖော်ပြထားတာကို တွေ့ရတယ်။

အဲဒီစာရဲ့ ခေါင်းစဉ်က…
အန်အယ်လ်ဒီလူငယ်ပါတီဝင် (၉) ဦးတို့ မတည်မငြိမ်ဖြစ်စေရန် ရည်ရွယ်ကာ လမ်းလျှောက်အော်ဟစ် ဆန္ဒပြ စဉ် သက်ဆိုင်ရာက အချိန်မီ ထိန်းသိမ်းခဲ့ရ၊ ထိုသူများမှာ အန်အယ်လ်ဒီမှ ဦးဝင်းတင်နှင့် ဦးခင်မောင်ဆွေတို့ ၏ ၀ါဒမှိုင်းတိုက် မြှောက်ပင့်မှုကြောင့် ဆန္ဒပြခြင်းဟုသိရ…ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးထားတဲ့ စာတပုဒ်ရဲ့ အကြောင်းအရာပါ။ အချက်အလက်တွေဟာ တကယ့်ဖြစ်စဉ်နှင့် ကွဲလွဲဆန့်ကျင်ပြီး တဖက် အန်အယ်လ်ဒီ အဖွဲ့ချုပ်ကို ဂုဏ်သိက္ခာထိခိုက်အောင်နှင့် အန်အယ်လ်ဒီမှ စီအီးစီနှစ်ဦးဖြစ်တဲ့ ဦးဝင်းတင်နှင့် ဦးခင်မောင် ဆွေတို့ကို ယခင် စီအီးစီများနှင့် စိတ်ဝမ်းကွဲပြားအောင် ပုဏ္ဏားယုတ်တို့က ခြေထိုးကုန်းတိုက်စာဖြစ်တယ်။ တနည်းအားဖြင့် အန်အယ်လ်ဒီခေါင်းဆောင်ပိုင်းထဲကို ဖောက်ခွဲရေး ဗုံးတလုံး ပစ်ထည့်လိုက်တာပါပဲ။ အဲဒါ ကို အန်အယ်လ်ဒီမှ လူကြီးတွေက သတိထားနားလည်တတ်ဖို့ပဲ လိုပါတယ်။ အန်အယ်လ်ဒီ လူကြီးတွေ ကလည်း နိုင်ငံရေးအတွေ့အကြုံ ရှိပြီးသားပါ၊ မညံ့ပါဘူး။ ကြားစကား၊ ကြားသတင်းတွေနဲ့ မဟုတ်မမှန်ပြော၊ မဟုတ်တမ်းတရမ်းတွေ ရေးနေကြတာကို အနှစ် (၂၀) တိုင်တိုင် ဖန်တရာတေ နောကျေပြီးသားပါ။ လူယုတ် မာ တွေရဲ့ စကားတွေ၊ စာသတင်းတွေဟာ လူလိမ္မာတွေရဲ့ နားထဲကို မထိုးဖောက်စွမ်းနိုင်ပါဘူး။

သတင်းပဲရေး၊ ဆောင်းပါးပဲရေးရေး ရေးတဲ့အကြောင်းအရာ အချက်အလက်တွေဟာ တိကျမှန်ကန်ဖို့ လိုပါ တယ်။ စေတနာဖြူစင်ဖို့နဲ့ အာဃာတ ကင်းစင်ဖို့လည်း လိုအပ်ပါတယ်။ မိမိရေးလိုက်တဲ့ စာဟာ တဖက်သား ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေသလား၊ အကျိုးစီးပွား ပျက်စီးစေနိုင်သလား ရေးသူ၊ ဖော်ပြသူ၊ ခွင့်ပြုသူတို့က အပြန်ပြန်အလှန်လှန် စိစစ်သုံးသပ်ဖို့ လိုပါတယ်။ စာရေးသူ ကလောင်အမည် မပါတဲ့ စာမူကို ဖော်ပြခြင်းဟာ
စာရေးသူ၊ ဖော်ပြသူ၊ ခွင့်ပြုသူ (စာပေစိစစ်ရေး) ဤသုံးဦးမှာ အစွယ်လိုသူ မိဖုရား၊ အသွားစေခိုင်းသူ မင်း ဧကရာဇ်၊ လေးပစ်သူ ဘုရားကျွန်တော်၊ ကြံဖော်ကြံဖက် သုံးယောက်သားအနက်မှ… ဆိုတဲ့ ဦးပုညရဲ့ ဆဒ္နဆင်မင်း ၀တ္ထုထဲကလို အဓိကတရားခံတွေကတော့ စာဖတ်သူများကသာ ဆုံးဖြတ်ပါလိမ့်မယ်။

ရှေးဦးစွာ ဆောင်းပါးရှင်ပဲဆိုဆို၊ အတင်းအဖျင်းရေးသူပဲပြောပြော၊ စာရေးသူရဲ့စာထဲက အန်အယ်လ်ဒီမှ ဦးဝင်းတင်နှင့် ဦးခင်မောင်ဆွေတို့၏ ၀ါဒမှိုင်းတိုက် မြှောက်ပေးမှုကြောင့် ဆန္ဒပြခြင်းသိရ…ဆိုတဲ့အပေါ်မှာ သုံးသပ်ကြည့်ရအောင်။

ယခုဆန္ဒပြသူများမှာ ဦးဝင်းတင်၊ ဦးခင်မောင်ဆွေတို့ (၂၃-၉-၀၈) မလွတ်မီကတည်းက စဉ်ဆက်မပြတ် ဆန္ဒပြလှုပ်ရှားနေကြသူများဖြစ်ကြောင်း စာထဲမှာ ဖော်ပြထားတာ တွေ့ရပါတယ်။

ဥပမာ… ထွန်းထွန်းဝင်း (စမ်းချောင်းလူငယ်) မှာ (၂၀-၈-၀၇) နေ့က မဟာဗန္ဓုလပန်းခြံအနီးတွင် ဆန္ဒပြမှု ကြောင့်လည်းကောင်း၊ (၂၇-၅-၀၈) နေ့ ရွေးကောက်ပွဲ နှစ်ပတ်လည်နေ့ ဆန္ဒပြရာတွင်လည်းကောင်း ဖမ်းဆီး ခံရပြီး ခံဝန်ဖြင့် ပြန်လွှတ်ပေးခဲ့သည်။

ထက်ထက်ဦးဝေသည် (၂၂-၈-၀၇) နေ့တွင် လောင်စာဆီဈေးနှုန်းမြင့်တက်မှုကို အကြောင်းပြု၍ ချီတက်ဆန္ဒ ပြရာတွင်လည်းကောင်း၊ (၁၈-၉-၀၇) နေ့တွင် ရွှေတိဂုံဘုရားပေါ်တွင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက် ရေး ဆုတောင်းပွဲပြုလုပ်ခဲ့ရာတွင်လည်းကောင်း၊ (၂၂-၅-၀၈) နေ့တွင် သင်္ကန်းကျွန်းမြို့နယ်တွင်း ဖောက်ခွဲ ရေးပစ္စည်းများနှင့် ပတ်သက်၍လည်းကောင်း၊ (၂၇-၅-၀၈) နေ့ ရွေးကောက်ပွဲနှစ်ပတ်လည်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ဆန္ဒပြချီတက်ရာတွင်လည်းကောင်း၊ (၂၇-၉-၀၈) နေ့ အန်အယ်လ် ဒီ အဖွဲ့ချုပ် နှစ် (၂၀) ပြည့်တွင်လည်းကောင်း အကြိမ်ကြိမ်ဖမ်းဆီးခဲ့ပြီး ခံဝန်ဖြင့် ပြန်လွှတ်ပေးခဲ့သည်။

မိုးပြည့်ပြည့်ဇင်အောင် (ခ) ပြည့်ပြည့်သည် (၂၇-၅-၀၈) နေ့တွင် ထက်ထက်ဦးဝေတို့နှင့်အတူ ပါဝင်လှုပ်ရှားခဲ့ သူဖြစ်ပြီး ခံဝန်ဖြင့် ပြန်လွှတ်ပေးထားသူဖြစ်သည်။ ၎င်းလူငယ်များ၏ ငြိမ်းချမ်းစွာ ဆန္ဒပြလှုပ်ရှားမှု နေ့ရက် များကို ကြည့်လျှင် ဦးဝင်းတင်၊ ဦးခင်မောင်ဆွေတို့ (၂၃-၉-၀၈) မလွတ်မီ အကျဉ်းထောင်ထဲတွင် ရှိနေစဉ်က တည်းက စဉ်ဆက်မပြတ် လှုပ်ရှားနေကြောင်း ပေါ်လွင်ထင်ရှားနေပါသည်။ စာရေးသူမှာ တဖက်သားကို အပြစ်တင်လိုစိတ်၊ အာဃတစိတ် ကြီးမားမှုကြောင့် အတွေးချော်ခဲ့ရတာ ရှက်စရာကောင်းလှပါတယ်။ စေတနာမမှန်တဲ့ စာတပုဒ်ကြောင့် မိမိရဲ့ ဂုဏ်ပုဒ်၊ မိမိရဲ့ လူကြီးလူကောင်း မဆန်မှု ပျက်ပြားဆုံးရှုံးရတာကို နောင်တယူဖို့ သင့်ပါတယ်။ အထက်ပါ လူငယ်များရဲ့ အကြိမ်ကြိမ် လှုပ်ရှားမှု ရက်စွဲများကိုကြည့်ရင် ထောင်ထဲမှာ ရှိနေသော ဦးဝင်းတင်နှင့် ဦးခင်မောင်ဆွေတို့၏ ၀ါဒမှိုင်းတိုက် မြှောက်ပင့်ပေးမှုကြောင့် ဆိုတာ ဟာ ဖြစ်နိုင်ပါမလား။ ဆောင်းပါးရေးသူခမြာ ပညာရှိသတိဖြစ်ခဲ သွားတယ်ထင်တယ်။ နောက်တချက်က အန်အယ်လ်ဒီအဖွဲ့ချုပ်အတွင်း ပုဏ္ဏားယုတ်ခြေထိုးတာလေးတွေ ကြည့်ကြရအောင်။

“ဦးအောင်ရွှေက စည်းရုံးရေးလုပ်ငန်းတွေကို ညွှန်ကြားချက်တွေနဲ့သာ ဆောင်ရွက်ဖို့နဲ့ ညွှန်ကြားချက် မရှိတာတွေ မလုပ်ဖို့ တားမြစ်ထားပြီးသားပါ။ အဲဒီကြားက အခုလို ဥပဒေမဲ့ လုပ်တယ်ဆိုတော့ ဘယ်သူတွေ မြှောက်ပေးနေတယ်ဆိုတာ သိသာပါတယ်” ဆိုတဲ့ လူငယ်ပါတီဝင်ဟောင်းတဦးက ပြောသလိုလိုနဲ့ လန်ကြုတ်လုပ်ကြံ ဇာတ်ခင်းရေးထားတာကိုက စီအီးစီအဟောင်းနဲ့ ဦးဝင်းတင်၊ ဦးခင်မောင်ဆွေတို့အကြား စိတ်ဝမ်းကွဲအောင် ပုဏ္ဏားခြေထိုးလိုက်တာပါ။
နောက်တခုက “အန်အယ်လ်ဒီပါတီခေါင်းဆောင်ပိုင်းမှာ စည်းစနစ်နဲ့ သွားချင်တဲ့သူတွေက ၀ရုန်းသုန်းကား ပရမ်းပတာလုပ်ချင်နေတဲ့ ခေါင်းဆောင်ပိုင်းကို ထိန်းကျောင်းသင့်ပါပြီ” ဆိုတဲ့ စာကကော။ ဒါလည်း အန်အယ်လ်ဒီအဖွဲ့ချုပ်အတွင်းကို စည်းလုံးညီညွတ်မှု ပြိုကွဲအောင် သပ်လျှိုလိုက်တာပဲ။ အန်အယ်လ်ဒီကို ပြိုကွဲအောင် နအဖလက်ကိုင်တုတ် စာရေးဆရာတွေက မှိုင်းတိုက်မီးရှို့နေတာလား အဖြေက ရှင်းပါတယ်။ နောက်တချက်က သစ္စာသတင်းဂျာနယ်မျက်နှာဖုံးမှာ ထက်ထက်ဦးဝေက ငွေပေးမည်ဟု စည်းရုံးထားသော လူငယ်များမှ စတန့်ထွင်လမ်းလျှောက်မှုတခုဟုဆိုထားရာ အန်အယ်လ်ဒီလူငယ်များကို ဖွံ့/ကြံ့၊ စွမ်းအားရှင် အဖွဲ့များလို ငွေပေးခိုင်း လုပ်တတ်တဲ့ ကြေးတန်းစားများနှင့် တန်းညှိရေးထားခြင်းကိုက အောက်တန်းကျနေ ပါတယ်။

သတင်းရေးသူ၊ အတင်းအဖျင်းရေးသူဟာ မိမိကလောင်နာမည်ကိုတောင် မဖော်ပြ၀ံ့ဘဲ စာပေစိစစ်ရေးက ခွင့်ပြုချက်နဲ့ ဖော်ပြခဲ့တာဟာ စာပေ စာနယ်ဇင်းကျင့်ဝတ်ကို ခေါင်ကအစ အရှက်မရှိ ချိုးဖောက်လိုက်တာပါ ပဲ။

လူငယ်ပါတီဝင်ဟောင်းတဦးကလိုလို၊ အငြိမ်းစားကျောင်းအုပ်ဆရာကြီးကလိုလို၊ ဘတ်စ်ကားစီး ပြည်သူ အချို့ကလိုလို၊ တက္ကစီဒရိုင်ဘာတဦးက လိုလိုနဲ့ လုပ်ကြံဖန်တီးထားတဲ့ အငှားလူတွေရဲ့ စကားလုံးတွေနဲ့ ကုလားဖန်ထိုးပြီး နအဖအစိုးရအကြိုက် စစ်အာဏာရှင် ၀ါဒမှိုင်းတိုက် မြှောက်ပင့်ဖော်လံဖား လိမ်ညာရေးနေ တာတွေ အနှစ် (၂၀) ကျော်ပါပြီ။ မိမိရဲ့ အကျိုးအမြတ်အခွင့်အရေးကို မျှော်ကိုးပြီး စာကလိန် စာကကျစ် တွေ၊ စာဗရုတ်တွေ ဆက်ရေးနေကြမယ်ဆိုရင်တော့ တိုင်းပြည်ရဲ့ အနာဂတ်ဟာ မတွေးဝံ့စရာ ဖြစ်လာပါလိမ့် မယ်ခင်ဗျား။



မောင်သြ
REF: ခေတ်ပြိုင်

Read More...

ကိုယ့်လမ်း ကိုယ်ထွင်စေချင်သူ

Wednesday, 21 January 2009

ရန်ကုန်မြို့တွင်နေထိုင်သည့် သတင်းစာဆရာ လူထုစိန်ဝင်းအား အမေရိကန် သမ္မတသစ် ဘရက်အိုဘားမား နှင့် ပတ်သက်ပြီး ဧရာဝတီက ဆက်သွယ် မေးမြန်းခဲ့ပါသည်။

လူထု စိန်ဝင်းသည် တပါတီ အာဏာရှင် ဦးနေ၀င်းအစိုးရ လက်ထက်တွင် ထောင်ဒဏ်ချမှတ်၍ တကျွန်းအပို့ ခံခဲ့ရသည်။ ဆရာသည် သတင်းစာဆရာတဦးအနေဖြင့် မဂ္ဂဇင်း၊ ဂျာနယ်များတွင် ဆောင်းပါးများ၊ စာအုပ် စာတမ်းများကို ရေးသားထုတ်ဝေနေခဲ့သူ ဖြစ်သည်။ ယခု ဆက်သွယ်မေးမြန်းမှုကို ကျန်းမာရေး ချို့ယွင်းနေ သည့် ကြားမှ ဖြေကြားပေးခဲ့ခြင်းဖြစ်ပါသည်။


နိုင်ငံရေး အကျဉ်းသားဟောင်း တဦးဖြစ်ခဲ့သူ
သတင်းစာ ဆရာကြီး လူထုစိန်ဝင်း (ဓာတ်ပုံ - Jennifer Hsu)

မေး။ ။ အမေရိကန် သမ္မတသစ် မစ္စတာ ဘရက် အိုဘားမားအပေါ် မြန်မာသတင်းစာသမား တယောက် အနေနဲ့ အမြင်ကိုသိချင်ပါတယ်။

ဖြေ။ ။ ကျနော်က တလျှောက်လုံးပေါ့၊ under dog တွေဘက်က ရပ်တည်ပြီးတော့ ရေးခဲ့တဲ့လူပါ၊ အထူး သဖြင့် အမေရိကန် လူမည်းတွေရဲ့ တိုက်ပွဲပေါ့လေ၊ အဆက်ဆက်ကို အများကြီးထောက်ခံပြီး ရေးခဲ့တဲ့လူပါ၊ “အဖြူနဲ့ အမည်း”ဆိုတဲ့ စာအုပ်လည်းပဲ ကျနော် ထုတ်ဝေခဲ့ဖူးတယ်၊ ကျနော်က အမြဲတမ်း အနှိမ်ခံ အဖိခံ တွေဘက်က ရပ်တည်တာပါ။

သာမန်အားဖြင့် ကျနော်က အိုဘားမားကို ထောက်ခံတယ်၊ အိုဘားမားဟာ လူတော်တယောက်ပါပဲ၊ လူဖြူ တွေ ကြီးစိုးတဲ့နိုင်ငံမှာ သာမန် အောက်ခြေကလူတယောက်က ဒီနေရာကို အရွေးခံရတယ်ဆိုတာ သူ အင်မတန်တော်လို့သာ ဖြစ်ပါတယ်၊ လူတော်တယောက်လို့ ကျနော် သူ့ကိုချီးကျူးပါတယ်၊ အသိအမှတ်ပြုပါ တယ်၊ လေးစားပါတယ်။

ဒါပေမယ့် အမေရိကန် နိုင်ငံရဲ့ မူဝါဒတွေကို ဖန်တီးနေတာက အမေရိကန် လူတော်တွေ၊ သမ္မတတွေ မဟုတ် ကြဘူး၊ ဘဏ်သူဌေးကြီးတွေ၊ Wall street က ငွေကြေးကုန်သည်တွေတို့၊ လက်နက်ကုန်သည်တွေတို့၊ ရေနံ ကော်ပိုရေးရှင်းကြီးတွေပေါ့လေ၊ သူတို့က ဖန်တီးနေတာ ဖြစ်တယ်။

အဲဒီတော့ အိုဘားမားဟာ ဘယ်လောက်ပဲ တော်တော် လက်ရှိ ရှိနေတဲ့ အမေရိကန်နိုင်ငံရဲ့ အခြေခံမူဝါဒ တွေကိုတော့ သူ များများစားစား ပြောင်းလဲနိုင်လိမ့်မယ်လို့ မထင်ဘူး၊ သူ့ရှေ့ကရှိခဲ့တဲ့ ကစ်ဆင်းဂျားတို့ ဆို လည်း လူတော်တွေပါပဲ၊ နောက် ကွန်ဒိုလီစာရိုက်စ်ဆိုရင်လည်း တကယ့်ကို ထိပ်ထိပ်ကြဲ အင်မတန် ထက်မြက်တဲ့ အမျိုးသမီးတယောက်ပါပဲ၊ ဒါပေမယ့်လို့ သူတို့ရဲ့အစွမ်းအစတွေဟာ ငွေကြေး အဓိကထားတဲ့ ကော်ပိုရေးရှင်းကြီးတွေရဲ့ အောက်မှာ တိမ်မြုပ်သွားကြတာပဲ။

အဲဒီတော့ကာ ကျနော့်အနေနဲ့ သိပ်ပြီးအများကြီး မျှော်လင့်မထားပါဘူး၊ အနည်းအကျဉ်း အပေါ်ယံ အပြောင်း အလဲတွေလောက်ပဲ ဖြစ်မယ်ထင်တယ်၊ အခြေခံ မူဝါဒတွေကတော့ ဒီအတိုင်းပဲ ဆက်သွားမယ်လို့ ထင်ပါ တယ်၊ တခု ကျနော် သတိပေးချင်တာပေါ့လေ၊ အိုဘားမားကလည်း အာဖဂန်နစ္စတန်မှာ စစ်အင်အားတွေ တိုးပြီး ပို့မယ်လို့ ပြောခဲ့တာတွေရှိတယ်။

အာဖဂန်နစ္စတန်ဆိုတာ ဟိုး အင်္ဂလိပ်လက်ထက်၊ အင်္ဂလိပ် ကျွန်ဘ၀တုန်းကလည်း အင်္ဂလိပ်တွေ ခွက်ခွက် လန် ရှုံးအောင် ပထန် တော်လှန်ရေးသမားတွေက တိုက်ခိုက်ခဲ့တယ်၊ နောက်တခါ ရုရှတွေ အာဖဂန်နစ္စတန် ကို သိမ်းပိုက်တဲ့အခါမှာလည်း ရုရှတွေ လက်မြှောက်ပြီးတော့ ပြန်ပြေးရလောက်အောင် တိုက်ရေးခိုက်ရေး မှာ အစွမ်းထက်တဲ့ တကယ့် စစ်သူရဲတွေပါ။

အခုအမေရိကန်ကလည်း အာဖဂန်မှာ တိုးပြီး စစ်အင်အားတွေ မြှင့်မယ်ဆိုလို့ ရှိရင်လည်း ဒီစစ်သူရဲ ပထန် တွေရဲ့ အောက်မှာပဲ ရုရှတွေ ပြေးသလိုပဲ နောက်ဆုံးကြ ပြေးရလိမ့်မယ်လို့ ကျနော်ကတော့ အိုဘားမားကို သတိပေးလိုက်ချင်တယ်။

မေး။ ။ မြန်မာ့အရေးနဲ့ ပတ်သက်ပြီးတော့ရော အိုဘားမားကို မျှော်လင့်လို့ရမလား၊ ဘယ်လောက်အထိ မျှော်လင့်နိုင်ပါသလဲ။

ဖြေ။ ။ ကျနော်ကတော့ သိပ်ပြီးတော့ မမျှော်လင့်ဘူးဗျ၊ ဘာဖြစ်လို့လည်းဆိုတော့ ဘုရှ် လက်ထက်မှာ လည်းပဲ၊ ဘုရှ် Lip service ပေးတဲ့ (ပါးစပ်နဲ့ ဆောင်ရွက်တဲ့) နေရာမှာ အင်မတန်တော်တဲ့လူပဲ၊ ဘုရှ်ကော လော်ရာဘုရှ်ကော တလျှောက်လုံး မြန်မာပြည်အရေးအတွက် Lip service တွေ ပေးခဲ့တာပဲ၊ တကယ် လက်တွေ့ကြတော့ ဘာမှ မလုပ်နိုင်ပါဘူး၊ လုပ်ချင်တဲ့ဆန္ဒလည်း မရှိပါဘူး။

ဘာကြောင့်လည်းဆိုတော့ မြန်မာပြည်နဲ့ပတ်သက်လို့ ရေနံအကျိုးစီးပွားတွေ၊ ရေနံကုမ္ပဏီကြီးတွေပေါ့၊ တိုတယ်လ်တို့လို၊ ပရီးမီးယားတို့လို ရေနံကုမ္ပဏီကြီးတွေရဲ့ သြဇာက အများကြီး ကြီးမားတယ်၊ အဲဒါကြောင့် ကျနော်ကတော့ အိုဘားမား လက်ထက်မှာလည်းပဲ Lip service ပေးတာထက်ပိုပြီး လုပ်နိုင်လိမ့်မယ်လို့ မျှော် လင့်မထားပါဘူး။

ကျနော်တို့က နဂိုကတည်းက ခဏခဏ ကျနော့် ပုဂ္ဂိုလ်ရေးအရ ပြောပါတယ်၊ ဘယ်သူ့မှ အားမကိုးနဲ့ ကိုယ် လုပ်မှ ကိုယ်ရမယ်ဆိုတာပဲ၊ အခုလည်း အဲဒီအတိုင်းပဲ ထပ်ပြီးတော့ ဆော်သြချင်တယ်၊ အိုဘားမားကိုလည်း အားကိုးမနေပါနဲ့၊ ဘန်ကီမွန်းလည်း အားကိုးမနေပါနဲ့၊ ကိုယ့်အားကိုယ်ကိုးပါလို့။

မေး။ ။ ဒါဆိုရင် မြန်မာပြည်အပေါ် အမေရိကန်ရဲ့အရေးယူပိတ်ဆို့တဲ့ ဒဏ်ခတ်မှု (Sanction) တွေက အသုံးမတဲ့ဘူး၊ မထိရောက်ဘူးဆိုတဲ့ သဘောလား။

ဖြေ။ ။ ဟုတ်ကဲ့ တကယ်တမ်း ထိရောက်မှု မရှိခဲ့ပါဘူး၊ သာမန် အပေါ်ယံကြော ထိခိုက်တာမျိုးတော့ အနည်းအကျဉ်း ရှိမှာပေါ့လေ၊ အစိုးရတဖွဲ့ကို ပြုတ်ကျသွားအောင် Sanction က လုပ်လိုက်တယ်လို့ ကမ္ဘာ မှာ မရှိခဲ့ပါဘူး၊ အစိတ်အပိုင်းတခုအထိတော့ အထိုက်အလျောက် အကျိုးရှိပါတယ်၊ လုံးဝ အသုံးမကျဘူးလို့ တော့ မဆိုလိုပါဘူး၊ ဒီ တခုတည်းအပေါ်မှာလည်း မြန်မာလူမျိုးတွေက မျှော်လင့်နေလို့ မဖြစ်ဘူး၊ ကျနော်တို့ တခြားနည်းလမ်းပေါင်းစုံ အသုံးပြုဖို့လည်း လိုအပ်ပါတယ်။

မေး။ ။ နည်းလမ်းပေါင်းစုံ အသုံးပြုဖို့ လိုတယ်ဆိုတော့၊ အကြံပြုလိုတဲ့ နည်းလမ်းများ ရှိပါသလား။

ဖြေ။ ။ ကျနော် ခဏခဏ ပြောပါတယ်၊ ဧရာဝတီမှာပဲ ကျနော် လွန်ခဲ့တဲ့ နှစ်ထဲက ပြောခဲ့ပါသေးတယ်၊ ကျနော်တို့က ဒီ ကုလသမဂ္ဂကိုလည်း အားမကိုးနဲ့၊ အမေရိကန်ကိုလည်း အားမကိုးနဲ့ ဘယ်သူ့ကိုမှ အားမကိုး နဲ့ ကိုယ့်ပြည်သူလူထုကို ကိုယ်အားကိုးပါ၊ မြန်မာပြည်သူလူထုက နိုင်ငံရေးနိုးကြားမှုမှာ မညံ့ပါဘူး၊ ကျနော်တို့ စက်တင်ဘာ သံဃာ့အရေးအခင်းက ပြခဲ့ပြီပဲ၊ မြန်မာပြည်သူတွေဟာ ကြောက်မနေပါဘူး၊ ညံ့မနေပါဘူး၊ ကိုယ့်ပြည်သူ ကိုယ်အားကိုးပါလို့ ကျနော်ပြောခဲ့တယ်၊ အခုလည်း အဲဒီနည်းပဲ ကျနော်ထပ်ပြီးတော့ တိုက်တွန်းချင်တယ်၊ ပြည်သူ့အားကို ယုံပါ၊ ပြည်သူကို အားကိုးပါ။

မေး။ ။ လက်ရှိအခြေအနအရ မြန်မာပြည်သူတွေက ၂၀၁၀ ရွေးကောက်ပွဲကို မဖြစ်မနေသွားပြီး မဲပေးရ တော့မယ့် အခြေအနေဖြစ်နေတော့၊ အဲဒီ အပေါ်မှာရော ဘယ်လိုပြောမလဲ။

ဖြေ။ ။ ဒါကလည်း ကျနော်တို့ဆီမှာ၊ ဒါမျိုးတွေ အကြိမ်ကြိမ်ကြုံခဲ့ပြီးပါပြီ၊ ၁၉၇၄ ခုနှစ်ကလည်း ဆန္ဒခံယူပွဲ တို့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတို့ ကြုံခဲ့သလိုပဲ၊ ရွေးကောက်ပွဲတွေလည်း အကြိမ်ကြိမ် ကျင်းပခဲ့တာပဲ၊ အခုလာမယ့် ရွေးကောက်ပွဲလည်း အဲဒီ ၇၄ ရွေးကောက်ပွဲတွေလိုပဲ ဖြစ်မှာပါပဲ၊ ဘာမှ ထူးမှာ မဟုတ်ပါဘူး၊ သာမန် ပြည်သူလူထုကတော့ ရွေးကောက်ပွဲတို့ ၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတို့ အပေါ်မှာ စိတ်ဝင်စားမှု တယ်မရှိပါဘူး။

မေး။ ။ ဒါဆို မြန်မာပြည်သူလူထုကိုရော ဘာထပ်ပြောချင်ပါသေးလဲ။

ဖြေ။ ။ စောစောက ကျနော်ပြောခဲ့တဲ့အတိုင်းပါပဲ၊ ကုလသမဂ္ဂတို့ ဘန်ကီမွန်းတို့ အားမကိုးနဲ့ ရွေးကောက် ပွဲကိုလည်း မျှော်လင့်ချက်ကြီး ထားမနေနဲ့ ကိုယ့်ပြည်သူအားကို အားကိုးပြီး ကိုယ်လုပ်စရာရှိတာကို ကိုယ် လုပ်ပါလို့ ကျနော်ကတော့ နောက်ဆုံး ပြောချင်ပါတယ်။ ။



REF: ဧရာဝတီ

Read More...

မြန်မာဗိုလ်ချုပ်ကြီးများအပေါ် တရုတ်၏ သြဇာမှေးမှိန်သွားပြီလော

မုံပီး
ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ 21 2009

နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံ၏ အခိုင်မာဆုံးမဟာမိတ် တရုတ်နိုင်ငံသည် အုပ်ချုပ်သူ စစ်ဗိုလ်ချုပ် ကြီးများအပေါ် သြဇာရှိသည့် တခုတည်းသောနိုင်ငံဟု နိုင်ငံတကာက ထင်မှတ်သော်လည်း ဗိုလ်ချုပ်ကြီးများ သည် သူတို့၏ အကိုကြီး တရုတ်နိုင်ငံက ပြောသည်ကို လိုက်မလုပ်ဘဲ ခေါင်းမာနေသည့်အတွက် တရုတ် အနေဖြင့် ခက်ခဲသော အခြေအနေတရပ် ရင်ဆိုင်နေရကြောင်း အကဲခတ်တဦးက ဆိုလိုက်သည်။

အကြံပေးချက်များကို လိုက်နာရန် ခေါင်းမာစွာ ငြင်းဆန်နေသည့်အတွက် တရုတ်အနေဖြင့် လောလောဆယ် တွင် တင်းကျပ်သော အနေအထားတွင် ရောက်ရှိနေကြောင်း နှစ်နိုင်ငံနယ်စပ် ရွှေလီမြို့တွင် နေထိုင်ကာ တရုတ်-မြန်မာ ဆက်ဆံရေးကို ကြာမြင့်စွာ အကဲခတ်လေ့လာနေသူ ဦးမြမောင်က ပြောဆိုလိုက်ခြင်းဖြစ် သည်။

တရုတ်၏ အကြံပြုချက်များတွင် အတိုက်အခံများနှင့် အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန် နှင့် စစ်အစိုးရက မေလဆန္ဒခံယူပွဲတွင် အတည်ပြုပြီးဖြစ်သည်ဟု ပြောဆိုနေသော ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်စဉ်းစားရန်တို့ အံ့အားသင့်စရာကောင်းလောက်အောင် ပါဝင်နေသည်ဟု သူက ပြောသည်။

ဦးမြမောင်က "ဒါပေမဲ့ ခက်နေတာက တရုတ်အတွက်လည်း သူ့အမျိုးသား အကျိုးစီးပွားက ရှိနေတော့ စစ် အစိုးရအပေါ် အပြင်းအထန် ဖိအားပေးဖို့ဆိုတာ မဖြစ်နိုင်ဘူး" ဟု ပြောသည်။

တရုတ်က မြန်မာထံမှ လိုချင်နေသော စီးပွားရေးလုပ်ငန်းများတွင် မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်မှ ယူနန်ပြည်နယ်သို့ ဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းရေးနှင့် စစ်တွေဆိပ်ကမ်းကို ပင်လယ်ထွက်ပေါက်အဖြစ် အသုံးပြုခွင့်ရရေးတို့မှာ အရေးပါသည်ဟု သူက ဆိုသည်။

"တရုတ်က စစ်အစိုးရရဲ့ လမ်းပြမြေပုံကို ထောက်ခံတယ်လို့ ထင်စရာရှိတယ်။ ဒါပေမဲ့ သူတို့အတွက် ပို အရေးကြီးတာက တိုင်းပြည်တွင်းမှာ တစုံတရာ တည်ငြိမ်မှုရှိနေဖို့ပဲ" ဟု ဦးမြမောင်က ပြောသည်။

စစ်အစိုးရအပေါ် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်သည့် အမေရိကန်နှင့် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ များ၏ လုပ်ရပ်ကို အပြင်းအထန် ဆန့်ကျင်ခဲ့သော တရုတ်နိုင်ငံအတွက် ကုလသမဂ္ဂ၏ ကြံဆချက်များမှာ မြန်မာ့နိုင်ငံရေး အဖြေရှာရေးအတွက် စံကျသော တွေးဆချက်များဖြစ်သည်ဟု တရုတ်က ရှုမြင်သည်ဟု သူက ပြောသည်။

တရုတ်က ဆက်ဆံရေးမူဝါကို ယုံကြည်သော်လည်း တာဝန်ခံမှုရှိပြီး အင်အားကောင်းကာ တည်ငြိမ်သည့် အစိုးရတရပ် ရှိစေလိုသည်ဟုလည်း သူက ဆိုသည်။

လတ်တလောတွင် အမေရိကန်နှင့် ဥရောပသမဂ္ဂက မြန်မာစစ်အစိုးရအပေါ် စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့မှု များ ချမှတ်အရေးယူထားသည်။

ဦးမြမောင်၏ သုံးသပ်ချက်ကို ထောက်ခံသည့် လျှို့ဝှက်အစီရင်ခံစာ တစောင်ကိုလည်း မဇ္ဈိမက ရရှိထား သည်။ ထိုအစီရင်ခံစာအရ မြန်မာပြည်ဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာကျွမ်းမူ (Juan Mu) က မြန်မာ နိုင်ငံခြားရေးဝန်ကြီးနှင့် ယမန်နှစ်အစောပိုင်းက တွေ့ဆုံရာတွင် ကုလအထူးသံတမန် မစ္စတာအီဘရာဟင် ဂမ်ဘာရီနှင့် ပူးပေါင်းဆောင်ရွက်ရန်နှင့် နိုင်ငံရေးပြုပြင်ပြောင်းလဲရေး လုပ်ငန်းများနှင့် စပ်လျဉ်းသည့် သူ့ အကြံပြုချက်များကို လိုက်နာလုပ်ဆောင်ပါရန် မြန်မာအစိုးရကို တိုက်တွန်းခဲ့သည်ဟု ဆိုသည်။

မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းနှင့် တရုတ်သံအမတ်ကြီးတို့၏ တွေ့ဆုံပွဲအစည်းအဝေး မှတ်တမ်းတွင် ဖော်ပြထားသည်မှာ မစ္စတာဂမ်ဘာရီ၏ ပါဝင်လုပ်ဆောင်နိုင်မှု အခန်းကဏ္ဍကို ပိုမိုမြှင့်တင်ပေးသည့်အနေနှင့် ဒေါ်အောင်ဆန်းစုကြည်၊ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်နှင့် မစ္စတာဂမ်ဘာရီတို့ သုံးပွင့်ဆိုင်တွေ့ဆုံခွင့် ပေးရန်နှင့် သူ့ကို မြန်မာနိုင်ငံတွင်းသို့ အကြိမ်ကြိမ်ဝင်ရောက်ခွင့် ဗီဇာပေးရန်၊ ရန်ကုန်မြို့တွင် ဆက်သွယ်ရေး ရုံး ဖွင့်လှစ်ခွင့်ပေးရန်တို့ကို ဦးဉာဏ်ဝင်းအား တရုတ်သံအမတ်ကြီးက တိုက်တွန်းပြောကြားခဲ့သည်ဟု ဖော်ပြ ထားသည်။

ထို့ပြင် တရုတ်နိုင်ငံသည် ကုလသမဂ္ဂ၏ ကြံဆချက်များကို ထောက်ခံကြောင်းနှင့် အထူးသံတမန် အီဘရာ ဟင် ဂမ်ဘာရီကို လိုအပ်သော ထောက်ပံ့ကူညီမှုများ ပေးအပ်ရန် အသင့်ရှိကြောင်းလည်း သံအမတ်ကြီး မစ္စတာကျွမ်းမူက ပြောကြားခဲ့သည်။

သို့သော် စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ နောက်ထပ် ရုပ်သေးရုပ် တရုပ်မျှသာဖြစ်သော နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက ဂမ်ဘာရီ၊ ဦးအောင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ သုံးပွင့်ဆိုင် တွေ့ဆုံခွင့်ပေးရေး မေတ္တာရပ်ခံချက်ကို မဖြစ်နိုင်ကြောင်း ပြောဆိုငြင်းပယ်ခဲ့ပြီး၊ စစ်အစိုးရ အငယ်တန်း တာဝန်ရှိသူအရာရှိများနှင့် တွေ့ဆုံခွင့်ရရေးကိစ္စကိုမူ အာမခံခဲ့သည်။

ထို့ပြင် မစ္စတာဂမ်ဘာရီကို မြန်မာနိုင်ငံတွင်းသို့ အကြိမ်ကြိမ် ဝင်ရောက်ခွင့်ဗီဇာကို စစ်အစိုးရကို ခွင့်မပြုနိုင် ကြောင်းနှင့် ရန်ကုန်မြို့တွင် ဆက်သွယ်ရေးရုံးတရုံး ဖွင့်လှစ်ခွင့်လည်း မပေးနိုင်ကြောင်း ဦးဉာဏ်ဝင်းက မစ္စတာကျွမ်းမူနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။

သို့သော် တရုတ်နိုင်ငံ၏ သဘောထားကို ကိုယ်စားပြုသူ တရုတ်သံအမတ်ကြီး မစ္စတာကျွမ်းမူကမူ တရုတ် နိုင်ငံအနေဖြင့် မြန်မာ့အခြေအနေကို နားလည်သဘောပေါက်ပါကြောင်းနှင့် စစ်အစိုးရက စီစဉ်ထားသော လမ်းပြမြေပုံကို နိုင်ငံတကာအသိုင်းအဝိုင်း အထူးသဖြင့် ရန်ကုန်မြို့ရှိ သံတမန်အသိုင်းအဝိုင်း နားလည် သဘောပေါက်စေရန် မိမိတို့၏ အရှိန်အဝါသြဇာကို အသုံးပြုပြောကြားပေးပါမည်ဟု မစ္စတာကျွမ်းမူက ဦးဉာဏ်ဝင်းကို ပြောကြားခဲ့သည်ဟု ဆိုသည်။

တရုတ်နိုင်ငံအနေဖြင့် တည်ငြိမ်သော မြန်မာနိုင်ငံကို မြင်တွေ့လိုသော်လည်း မကြာသေးခင်ရက်များအတွင်း စစ်အစိုးရအပေါ် သြဇာမရှိဖြစ်ခဲ့ရသည်ဟု ဦးမြမောင်က ပြောသည်။ ကြောက်မက်ဖွယ်ကောင်းလှသော နာဂစ်ဆိုင်ကလုံး မုန်တိုင်းအပေါ် တုံ့ပြန်မှုကိစ္စအပါအဝင် ကိစ္စတော်တော်များများတွင် ထိုသို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေခေါင်းဆောင်သည့် စစ်အစိုးရအပေါ် မိမိတို့၏ သြဇာအရှိန်အဝါကို သုံးစွဲရာတွင် မအောင်မမြင်ဖြစ်ခဲ့ရ သည်ဟု ဆိုသည်။

"ဒါဟာ မြန်မာစစ်ခေါင်းဆောင်တွေအပေါ် သြဇာအရှိန်အဝါ အများကြီးရှိတဲ့ တရုတ်နိုင်ငံတောင်မှ ဗိုလ်ချုပ် ကြီးတွေနဲ့ ဆက်ဆံရာမှာ ခက်ခဲကျပ်တည်းလာနေပြီ ဆိုတာကို ပြတဲ့ လက္ခဏာတရပ်ပဲ။ သူတို့အနေနဲ့လည်း သူတို့အကျိုးစီးပွားအတွက် ပြန်ပြီး စဉ်းစားရတော့မယ့် အခြေအနေဖြစ်လာနေပြီ" ဟု ဦးမြမောင်က နိဂုံးချုပ် ပြောကြားသွားသည်။



REF: မဇ္ဈိမ

Read More...

ဒေါ်အောင်ဆန်းစုကြည်အားချုပ်ပိုင်ခွင့် မေလကုန် (၆) နှစ်ပြည့်ပြီဟု ရှေ့နေ ဦးကြည်ဝင်းပြော


၂၁ ဇန်န၀ါရီ ၂၀၀၉

ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ် ချုပ်ပိုင်ခွင့်မှာ ၂၀၀၉ ခုနှစ် မေလ (၂၉) ရက်တွင် (၆) နှစ် သက်တမ်း ကုန်ဆုံးပြီဖြစ်ကြောင်းနှင့် အယူခံအမှုမှာ အမှုအဖြစ်လက်ခံထားသည့်အဆင့်တွင်သာ ရှိနေသေး ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ရှေ့နေ ဦးကြည်ဝင်းက ခေတ်ပြိုင်သို့ ပြောကြားသည်။

၎င်းက “အခုဆိုရင် အကျယ်ချုပ်က လွတ်ဖို့ လေးလသာသာလောက်ပဲ လိုတော့တယ်လေ။ ဒေါ်စုကို သူတို့ တားဆီးထားတဲ့အမိန့်က (၂၉) ရက် မေဗျ။ ဆိုတော့ မေလ (၂၉) ရက်ဆိုရင် ကုန်ဆုံးပြီ။ အဲဒီမှာ (၆) နှစ် ပြည့်ပြီ။ ဒါ…သူတို့တွက်ကိန်းနဲ့သူတို့ ချုပ်ပိုင်ခွင့်ရှိတယ်ဆိုပြီး သူတို့ဘာသာထားတာ။ ကျနော်တို့ တွက်ကိန်း ကတော့ (၅) နှစ်ပဲ။ အဲတော့ ကောင်းပြီ… ဒါက အငြင်းပွားစရာဖြစ်လာပြီဆိုတော့ လျှောက်လဲပေါ့ဗျ။ အဲဒီ လျှောက်လဲမှုကို ဘယ်သူက ဆုံးဖြတ်မှာလဲဆိုတော့ တရားရုံးချုပ်လိုဟာမျိုးလည်း မရှိဘူးဗျ။ ဆိုတော့ (၆) နှစ်လို့ ယူဆတဲ့ ပုဂ္ဂိုလ်ကပဲ ပြန်ပြီးတော့ ဆုံးဖြတ်ရမယ့်သဘော ဖြစ်နေတယ်” ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်အား ၂၀၀၃ ခုနှစ် ဒီပဲယင်းအရေးအခင်းအပြီးတွင် နအဖအစိုးရက နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေပုဒ်မ ၁၀ (ခ) ဖြင့် ထိန်းသိမ်းအရေးယူခဲ့သည်။ ထိုဥပဒေသည် ၁၉၇၅ ခုနှစ် ဥပဒေသတ်မှတ်ချက်အရ (၁) နှစ်အထိ တားဆီးမှု ပြုလုပ်နိုင်ကာ ဆက်လက်တားဆီးလိုပါက ၀န်ကြီးအဖွဲ့၏ ခွင့်ပြုချက်ဖြင့် တကြိမ်လျှင် ရက် (၁၈၀) ထက်မပို စေဘဲ စုစုပေါင်း (၃) နှစ်ထိ ခွင့်ပြုနိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

၎င်းနောက် ၁၉၉၁ ခုနှစ် န၀တလက်ထက်တွင် တကြိမ်လျှင် (၁) နှစ်ထက်မပိုစေဘဲ စုစုပေါင်း (၅) နှစ်ထိ ခွင့်ပြုနိုင်ကြောင်း ပြင်ဆင်ခဲ့သည်။ ထိုဥပဒေအရ နအဖက ဗဟိုအဖွဲ့၏ တားဆီးခွင့် (၁) နှစ်၊ ၀န်ကြီးအဖွဲ့၏ ခွင့်ပြုခွင့် (၅) နှစ် စုစုပေါင်း (၆) နှစ် ချမှတ်ခွင့်ရှိကြောင်း ကိုင်စွဲထားကာ အန်အယ်လ်ဒီက ဥပဒေတွင် စုစု ပေါင်း (၅) နှစ်ဟု ပြဋ္ဌာန်းထားချက်ကို ထောက်ပြသည်။

“အခုလို အငြင်းပွားစရာတွေဖြစ်လာပြီဆိုတော့ အယူခံလျှောက်လဲရတာပေါ့။ လျှောက်လဲတယ်ဆိုတာကိုက အမှန်တရားကိုသိချင်လို့။ ကျနော်တို့ကလည်း တင်ပြမယ်။ တဖက်ကလည်း ကျနော်ထင်တယ်။ ဗဟိုအဖွဲ့ အတွက် များသောအားဖြင့်တော့ ရှေ့နေချုပ်ရုံးက လုပ်ပေးတာ။ အဲတော့ ကျနော်တို့ နှစ်ဦးပြိုင်ပြောတာကို အစိုးရအဖွဲ့က ဆုံးဖြတ်ပေါ့။ အခုဟာကတော့ အချိန်ဆွဲနေလို့ပဲ လေးလကျန်တော့တယ်” ဟု ဦးကြည်ဝင်းက ရှင်းလင်းပြောဆိုသည်။

ဇန်န၀ါရီ (၁၂) ရက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ရှေ့နေအဖွဲ့ တွေ့ခွင့်ရခဲ့သည်ဟူသော သတင်း များ ပေါ်ထွက်ခဲ့ရာ မဟုတ်ပါကြောင်း ဦးကြည်ဝင်းက ငြင်းဆိုသည်။ သို့ရာတွင် တွေ့ဆုံနိုင်ရန် ၀န်ကြီးချုပ်ထံ မေတ္တာရပ်ခံစာတစောင် ပေးပို့ထားကြောင်း သိရသည်။

“ကျနော်တို့ ဇန်န၀ါရီ (၂၀) ရက်နေ့ကမှ ဒေါ်စုနဲ့တွေ့ခွင့်ရဖို့ ၀န်ကြီးချုပ်ဆီ မေတ္တာရပ်ခံစာ ပေးပို့ထားပါ တယ်။ သတင်းတပ်ဖွဲ့ကိုတင်ပြတော့ သူတို့မှာ ခွင့်ပြုနိုင်ခြင်းမရှိပါဘူးဆိုတော့ ၀န်ကြီးချုပ်ဆီကိုပဲ တင်လိုက် တယ်။ တွေ့ခွင့်ပြုဖို့တင်ထားတဲ့ ရက်ကိုတော့ ထုတ်မပြောတော့ဘူးဗျ” ဟု ဦးကြည်ဝင်းက ပြောသည်။



မင်းနိုင်သူ
REF: ခေတ်ပြိုင်

Read More...

ရန်ကုန် UNODC ရုံးကို ကုလမှ စာရင်းစစ်၊ မူးယစ်နှင့် အိပ်ခ်ျအိုင်ဗွီ စီမံကိန်းများ ကျေနပ်မှုမရှိ

၂၁ ဇန်န၀ါရီ ၂၀၀၉

ရန်ကုန်မြို့ရှိ UNODC ခေါ် ကုလသမဂ္ဂ မူးယစ်ဆေးနှင့် ရာဇ၀တ်မှုရုံးခွဲကို ကုလသမဂ္ဂ စာရင်းစစ်အဖွဲ့က ၀င် ရောက်စစ်ဆေးရာ အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်ရောဂါ စမ်းသပ်ဒေသရွေးချယ်ရာ၌ ဆေးထိုးအပ်သုံး မြို့ နယ်များ ကျန်နေခြင်း၊ အန်ဂျီအိုများအားပေးသည့် စီမံကိန်းငွေကို စောင့်ကြည့်စစ်ဆေးမှုမရှိခြင်း စသည့် ချို့ ယွင်းချက်များတွေ့ရကြောင်း ကုလသမဂ္ဂအစီရင်ခံစာတရပ်၌ ဖော်ပြထားသည်။

ခေတ်ပြိုင်က ဖတ်ရှုခွင့်ရသည့် အဆိုပါ ကုလသမဂ္ဂစာရင်းစစ်အဖွဲ့အစီရင်ခံစာကို ၂၀၀၈ ခု သြဂုတ် (၂၉) ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ကုလစာရင်းစစ် ညွှန်ကြားရေးမှူး Dagfinn Knusten က လက်ထောက် အထွေထွေအတွင်းရေးမှူးချုပ် Mr Antonio Maria Costa ထံ တင်ပြသည့် အစီရင်ခံစာဖြစ်သည်။

မြန်မာနိုင်ငံ၌ ၂၀၀၀ ပြည့်နှစ် အချက်အလက်များအရ ဆေးထိုးအပ်သုံး ဆေးသမားများ၌ အိပ်ခ်ျအိုင်ဗွီ/ အေအိုင်ဒီအက်စ် ရောဂါစွဲနေသူ အရေအတွက်မှာ မန္တလေး (၈၈) ရာနှုန်း၊ လားရှိုး (၈၈) ရာနှုန်း၊ မြစ်ကြီးနား (၇၇) ရာနှုန်းနှင့် ရန်ကုန်တွင် (၃၉) ရာနှုန်းရှိသည်။ သို့သော် ရန်ကုန် UNODC ရုံးက လားရှိုးတခုတည်း ကွက်ပြီး စမ်းသပ်မြို့နယ်လုပ်ကိုင်ခဲ့ပြီး အခြား အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်ရောဂါ သံသယရှိသည့် မြို့နယ် များကို စမ်းသပ်စီမံကိန်းထဲ မပါဝင်သည့်အချက်ကို ကုလသမဂ္ဂ စာရင်းစစ်အဖွဲ့က ထောက်ပြထားသည်။

UNAIDS ခေါ် ကုလသမဂ္ဂအေအိုင်ဒီအက်စ်အဖွဲ့၏ ၂၀၀၆ ခု ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် အိပ်ခ်ျ အိုင်ဗွီ ရောဂါပိုးစွဲကပ်နေသူပေါင်း (၃၆၀,၀၀၀) ခန့်ရှိပြီး ၂၀၀၅ ခုနှစ်ကုန်တွင် မြန်မာတနိုင်ငံလုံး အိပ်ခ်ျအိုင်ဗွီ/ အေအိုင်ဒီအက်စ် ရောဂါရှိနေသည့် အရွယ်ရောက်သူပေါင်း (၁.၃) ရာနှုန်းရှိသည်။
အထက်ဖော်ပြပါပုံများအရ မြန်မာနိုင်ငံတွင်း စမ်းသပ်မြို့နယ် (၁၆) မြို့နယ်တွင် မူးယစ်ဆေးစွဲသူပေါင်း (၉) သန်းနီးပါးရှိပြီး ဆေးထိုးအပ်သုံး ဆေးစွဲသူဦးရေမှာ အဆိုပါ လူဦးရေစုစုပေါင်း၏ (၁) ရာနှုန်းနီးပါးရှိသည်။ ထို့ ကြောင့် ရန်ကုန် UNODC ရုံးအနေဖြင့် ၎င်း၏ အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် စီမံကိန်းများကို ပြန်လည် သုံးသပ်ပြီး လားရှိုးနှင့် မူဆယ်သာမက ဆေးထိုးအပ်သုံး ဆေးစွဲသူများရှိသည့် အခြားဒေသများပါ စီမံကိန်းထဲ အကျုံးဝင်အောင် လုပ်သင့်သည်ဟု ကုလသမဂ္ဂ စာရင်းစစ်အဖွဲ့က အကြံပြုထားသည်။

ရန်ကုန် UNODC ရုံးသည် ၎င်း၏ စီမံကိန်းများအား ကူညီနေသည့် အစိုးရမဟုတ်သည့် အန်ဂျီအိုများအား ထုတ်ပေးငွေမှာ ၂၀၀၇ ခု UNODC အတွက် ချပေးငွေစုစုပေါင်း၏ (၆၀) ရာနှုန်းနီးပါးရှိသည်ဟု ကုလသမဂ္ဂ စာရင်းစစ်အဖွဲ့ အစီရင်ခံစာတွင် ဖော်ပြထားသည်။ သို့သော် အဆိုပါ အန်ဂျီအိုများက ငွေကို မည်သို့ သုံးစွဲကြောင်း ရန်ကုန် UNODC စီမံကိန်းဝန်ထမ်းများက ကြီးကြပ်စိစစ်မှုမရှိဟုပါ အစီရင်ခံစာတွင် ဖော်ပြထား သည်။

ရန်ကုန် UNODC စီမံကိန်းများကို ကူညီနေသည့် အန်ဂျီအို (၃) ခုဖြစ်သည့် CARE, Marie Stopes နှင့် Myanmar Business Coalition ရုံးများသို့ ကုလစာရင်းစစ်အဖွဲ့က သွားရောက် စစ်ဆေးရာ CARE အဖွဲ့ဆို လျှင် UNODC ချပေးငွေ စုစုပေါင်း၏ (၆၃) ရာနှုန်းကို လစာနှင့် အထွေထွေ အုပ်ချုပ်မှုစရိတ်အဖြစ် ပြထား သည်ကို တွေ့ရကြောင်း ကုလစာရင်းစစ်အဖွဲ့က ထောက်ပြသည်။



REF: ခေတ်ပြိုင်

Read More...

မဟာဗျူဟာချမှတ် ရေးဆွဲအကောင်အထည်ဖော်ခြင်း - ခင်မမမျိုး

မဟာဗျူဟာချမှတ် ရေးဆွဲအကောင်အထည်ဖော်ခြင်း

စစ်ရေး၊ စီးပွားရေး၊ နိုင်ငံရေးစတဲ့ ကဏ္ဍအားလုံးမှာ မဟာဗျူဟာ (strategy) ဆိုတဲ့ကားလုံးဟာ အလွန် အရေးကြီးတဲ့ စကားလုံးတခုပါ။ လူတစုအနာဂတ်။ နိုင်ငံရေး (သို့) စီးပွားရေးအဖွဲ့အစည်းတခုရဲ့ အနာဂတ်၊ တိုင်းပြည်တခုရဲ့ အနာဂတ်ကို ကောင်းကျိုး၊ ဆိုးကျိုးများစွာ သက်ရောက်စေတဲ့ စကားလုံးဖြစ်ပါတယ်။ ဒီ စကားလုံးကို တချို့က ရေပက်မ၀င်ပြောတတ်ကြတယ်။ လူအများစုက မဟာဗျူဟာဆိုတာကို စီမံချက်တွေ၊ သဘောတရားတွေ၊ လုပ်ဆောင်ချက်တွေ၊ အမြင်တွေနဲ့ ရောထွေးပြောလေ့ရှိကြတယ်။ ဒီလိုပြောလာတာ တွေများလာတဲ့အခါကျတော့ မဟာဗျူဟာနဲ့ စီမံကိန်းတွေမှာ ရောထွေးရှုပ်ယှက်ခတ်မှုတွေ ဖြစ်လာတယ်။ မဟာဗျူဟာကျ တွေးခေါ်မှုတွေကို ကန့်သတ်ချက်တွေဖြစ်လာတယ်။ မျှော်လင့်ချက်ကို အခြေတည်တဲ့ ရလာဒ်တွေကို မဆီလျော်ပဲ ချတတ်လာကြတယ်။

အဲဒီလိုအခြေအနေတွေမှာ အဆိုးဆုံးဖြစ်လာနိုင်တာကတော့ ကိစ္စတခုတည်းပေါ်မှာတင် မဟာဗျူဟာပေါင်း များစွာ ပေါ်ထွက်လာတော့တာပဲ။ တကယ်တန်းကျတော့ မဟာဗျူဟာချမှတ် ရေးဆွဲခြင်းဆိုတာဟာ ကလေး မွေးဖွားခြင်းနဲ့ တူပါတယ်။ ကလေးတယောက်ကို လူ့လောကထဲမရောက်လာ ခင်မှာ ကိုယ်ဝန်ဆောင်မိခင်က ရှောင်သင့်တာ၊ ဆောင်သင့်တာတွေ စနစ်တကျအများကြီး ပြင်ဆင်ရတယ်။ မဟာဗျူဟာ ချမှတ်ရာမှာလဲ အဲလိုပါပဲ။ စနစ်တကျ ရေးဆွဲ ချမှတ်ရပါတယ်။ ကောင်းတာ၊ ဆိုးတာတွေ၊ အားသာချက်၊ အားနည်းချက် တွေအားလုံးကို စဉ်းစားဆုံးဖြတ်ရပါတယ်။ ချမှတ်ပြီးပြီဆိုတာနဲ့လဲ မပြီးသေးပါဘူး။ အကောင်အထည်ဖော် ဆောင်ရွက်ရပါတယ်။ ကလေးမွေးပြီးရင် မွေးထားတာနဲ့ မပြီးသေးပဲ ပြုစုစောင့်ရှောက်ရသလိုပါပဲ။ အဲလို မဟုတ်ပဲ မဟာဗျူဟာချမှတ်တာတွေချည်းပဲ လုပ်နေရင် ကလေးတွေမွေးပြီး လမ်းပေါ်သွား ပစ်လိုက်တာနဲ့ အတူတူပဲ။ ဘယ်လိုမှ လူလားမြောက်တော့မှာ မဟုတ်ပါဘူး။

အခု ဒီဆောင်းပါးမှာ မဟာဗျူဟာနဲ့ ပတ်သက်တဲ့ အကြောင်းအရာလေးတချို့ကို တစေ့တစောင်း တင်ပြ ချင်ပါတယ်။

မဟာဗျူဟာဆိုရာဝယ်

မဟာဗျူဟာ (Strategy) ဆိုတဲ့ စကားလုံးဟာ ဂရိဘာသာစကား strategos (general) ဆိုတာကနေ ဆင်း သက်လာတာပါ။ ယနေ့ခေတ်မှာတော့ စစ်ရေးတခုတည်းတင်သာမက၊ နိုင်ငံရေး၊ စီပွားရေးရာကိစ္စတွေမှာပါ ဒီစကားလုံးဟာ တွင်ကျယ်နေပြီဖြစ်ပါတယ်။

မဟာဗျူဟာနဲ့ ပတ်သက်တဲ့ classical definition တခုကတော့ စစ်မဟာဗျူဟာလေ့လာရေးပညာရှင်ကြီး Carl Von Clausewitz ရေးသားခဲ့တဲ့ On War ဆိုတဲ့ စာအုပ်လေးထဲမှာ ပါပါတယ်။ စစ်ရေး၊ နိုင်ငံရေး လောကမှာ သူ့သြဇာဟာ ကြီးမားလွန်းလှပါတယ်။ စစ်မဟာဗျူဟာ လေ့လာရေးဌာနတိုင်းမှာ ယနေ့အချိန်ထိ ကလော့ဝစ်ကျွမ်းကျင်သူ ပညာရှင် အနည်းဆုံးနှစ်ယောက် ခန့်ထားကြရပါတယ်။ သူကတော့ မဟာဗျူဟာ ဆိုတာကို "the use of engagements for the object of war" လို့ အဓိပ္ပာယ်ဖွင့်ဆိုခဲ့ပါတယ်။

စစ်အေးတိုက်ပွဲကာလ နှစ်ဆယ်ရာစု အလယ်ပိုင်းကျတော့ Basil Hart ဆိုတဲ့ နိုင်ငံရေးသိပ္ပံပညာရှင် တယောက်က "မဟာဗျူဟာဆိုတာ ပေါ်လစီရည်မှန်းချက်တွေ ပြည့်မှီဖို့ စစ်ရေးနည်းစနစ်တွေနဲ့ ချမှတ်အသုံး ပြုခြင်းအနုပညာတရပ်" လို့ဆိုပါတယ်။ ဒါပေမယ့် သူ့အဓိပ္ပာယ်ဖွင့်ဆိုချက်က စစ်ရေးနည်းတခုကိုပဲ ပြောဆို ထားတာကြောင့် သိပ်ကျဉ်းမြောင်းတယ်လို့ ဝေဖန်ကြပါတယ်။ US. Joint Chief of Staff, Dictionary of United States Military Terms for Joint Usage ထဲကျတော့ မဟာဗျူဟာဆိုတာကို စစ်ပွဲနဲ့ ငြိမ်းချမ်းရေး ကာလတွေမှာ ပေါ်လစီရည်မှန်းချက်များ ပြည့်မှီဖိုပအတွက် နိုင်ငံရေး၊ စီးပွားရေ၊ စိတ်ဓာတ်ရေးနဲ့ စစ်ရေး နည်းလမ်းများ ချမှတ်သုံးစွဲတဲ့ ၀ိဇ္ဇာသိပ္ပံပညာလို့ ဖော်ပြထားပါတယ်။

နှစ်ဆယ့်တစ်ရာစု နိုင်ငံရေးပညာရှင်များကကျတော့ မဟာဗျူဟာဆိုတာ လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေ မှန်တွေနဲ့ လိုချင်တဲ့ အနာဂတ်အခြေအနေတွေကြားကို ပေါင်းကူးပေးတဲ့ blueprint တခုပါလို့ ဆိုကြပါတယ်။ လွယ်ကူရိုးရှင်းတဲ့ စကားလုံးတွေနဲ့ ဆိုရမယ်ဆိုရင်တော့ မဟာဗျူဟာဆိုတာ မိမိတို့လိုချင်တဲ့ ရလာဒ်တွေကို သူ့အလိုလိုဖြစ်ပျက်လာတာ၊ တခြားသူတွေရဲ့လက်ထဲမှာပဲ ရှိနေတာတွေမဖြစ်စေပဲ ရည်မှန်းချက်တွေ၊ သဘောတရားတွေနဲ့ စွမ်းအားအရင်းအမြစ်တွေကို တွက်ချက်အသုံးချပြီး အကောင်အထည်ဖော်တာ ဖြစ်ပါ တယ်။

စီးပွားရေးလုပ်ငန်းတခုမှာ ကိုယ့်ပြိုင်ဘက်ရဲ့ ကစားကွက်မှာပဲ ကိုယ်က လိုက်ကစားနေရပြီဆိုရင် ဒါဟာ strategic failure ဖြစ်နေပြီလို့ဆိုနိုင်ပါတယ်။ စနစ်တကျသာ ကိုင်တွယ်ပြင်ဆင်မှုမရှိရင် အရှုံးပေါ်တော့မှာ ဖြစ်ပါတယ်။ နိုင်ငံရေးမှာလဲ ဒီအတိုင်းပါပဲ။ ကိုယ့်ကြမ္မာကို ရန်သူရဲ့ဆုံးဖြတ်မှု ခံနေရပြီဆိုရင် အင်မတန် အန္တရာယ်ရှိနိုင်ပါတယ်။ ဒီလို strategic failure ကို အချိန်မှီ အဖတ်ဆယ်နိုင်အောင် ကြိုးပမ်းအားထုတ်ရပါ မယ်။ သူ့ကစားကွက်ကို ကိုယ်လိုက်ကနေရတဲ့ အခြေအနေမျိုးကနေ ဖောက်ထွက်နိုင်ရပါမယ်။ ဒီလို ဖောက် ထွက်နိုင်ဖို့က ကောင်းမွန်တဲ့ မဟာဗျူဟာတရပ်လိုအပ်လှပါတယ်။

မဟာဗျူဟာဆိုင်ရာအင်္ဂါရပ်များ

စစ်ရေး၊ နိုင်ငံရေးပညာရှင်တွေက ကောင်းမွန်ပြည့်စုံတဲ့ မဟာဗျူဟာတွေမှာ လိုအပ်တဲ့ အင်္ဂါရပ်များစွာကို ထောက်ပြပြောဆိုခဲ့ကြပါတယ်။

တချို့သော အရေးကြီးတဲ့အချက်တွေကို ဖော်ပြရရင် -

(၁) မဟာဗျူဟာဆိုတာ ကြိုတင်တွေးခေါ်ပြီးလုပ်ဆောင်ရတဲ့ အနာဂတ်တခုဖြစ်ပါတယ်။ တကယ်ကောင်းမွန် တဲ့ မဟာဗျူဟာတရပ်ဆိုတာ အနာဂတ်မဟာဗျူဟာဝန်းကျင်ကို လွှမ်းမိုးချုပ်ကိုင်နိုင်ရပါမယ်။ တချို့လူတွေ က အဖြစ်အပျက်တွေလာမှ အစည်းအဝေးတွေလုပ်ပြီး၊ response လုပ်ကြပါတယ်။ မဟာဗျူဟာဆိုတာ အဲဒီ လို "crisis management" ကို ဆိုလိုတာမဟုတ်ပါဘူး။

(၂) တချို့သော အဖွဲ့အစည်းတွေက မဟာဗျူဟာဆိုတာကြီးကို နိုင်ငံရေးရည်ရွယ်ချက် (political purpos -es) မရှိပဲ ချမှတ်ပြောဆိုတတ်ကြပါတယ်။ အ၀တ်အစားလို ထည်လဲ သုံးနေတတ်ကြပါတယ်။ နိုင်ငံရေး ရည်ရွယ်ချက်မပါပဲ ရေးဆွဲထားတဲ့ မဟာဗျူဟာဆိုတာတွေဟာ တကယ်တော့ အုန်းရည်မပါတဲ့ အုန်းသီး ခြောက်ကြီးတွေပါပဲ။

(၃) မဟာဗျူဟာဆိုတာ strategic environment ရဲ့ သဘောသဘာဝနဲ့လဲ ကိုက်ညီရပါတယ်။ မဟာဗျူဟာ ၀န်းကျင်ဆိုတာမှာ physical attributes တွေသာမက metaphysical attributes တွေလဲ ပါပါတယ်။ ပြည်တွင်းနိုင်ငံရေးသာမက ပြည်ပနိုင်ငံရေးတွေလဲ ပါပါတယ်။ ဒီအချက်တွေအားလုံးကို သုံးသပ်ပြီး အခြေ အနေနဲ့အညီ လိုက်လျောညီထွေရှိရပါမယ်။

(၄) တခါတရံမှာ မဟာဗျူဟာတွေဟာ လက်ရှိအဖွဲ့အစည်းတွေရဲ့ status quo အပေါ် သက်ရောက်မှုတွေ ရှိ တတ်ပါတယ်။ အဲဒီအခါမှာလဲ လိုအပ်တယ်ဆိုရင် လိုက်လျောညီထွေ ပြောင်းလဲမှု လိုက်လုပ်ရပါမယ်။ အဲလို မလုပ်ရင် ထိရောက်ကောင်းမွန်တဲ့ မဟာဗျူဟာ ထွက်မလာနိုင်တော့ပဲ လှုပ်လေ မြုပ်လေ ၀ဲဂယက်ထဲ ရောက်သွားတတ်ပါတယ်။


(၅) မဟာဗျူဟာဆိုတာ ဘာကိုပြီးမြောက်အောင်လုပ်ဆောင်မှာလဲ၊ ဘာကြောင့် ဒီလိုလုပ်ဆောင်ရတာလဲဆို တဲ့ အချက်အပေါ်မှာ မူတည်ပါတယ်။ အဆုံးသတ်မှာ ဘာလုပ်ချင်တာလဲ၊ ဘာဖြစ်ချင်တာလဲဆိုတာတောင် မကွဲပြားပဲနဲ့တော့ မဟာဗျူဟာဆိုတာကို ချနေလဲ ဘာမှ အကြောင်းမထူးပါဘူး။

(၆) မဟာဗျူဟာကို အကောင်အထည်ဖော်ရမယ့် လူသားတွေရဲ့အမြင်တွေ၊ အယူအဆတွေ၊ ယုံကြည်ချက် တွေ၊ တန်ဖိုးထားမှုတွေကို လေ့လာပြီးမှ ရေးဆွဲသင့်ပါတယ်။ အကောင်အထည်ဖော်မယ့် လူတွေရဲ့ တန်ဖိုး ထား၊ ယုံကြည်မှုတွေနဲ့ မကိုက်ညီနိုင်မယ့် မဟာဗျူဟာဆိုတာ ကျားသေကောင်ကြီးနဲ့ပဲ တူပါလိမ့်မယ်။

(၇) မဟာဗျူဟာဆိုတာ ဖြစ်ပွားရတဲ့ အကြောင်းအရာတွေ၊ ရည်ရွယ်ချက်တွေအပေါ်မှာ အခြေခံရပါတယ်။ အတွေ့အကြုံတွေကနေ သင်ခန်းစာ ယူတတ်ရပါတယ်။ သမိုင်းကြောင်းက ဖြစ်ရပ်တွေ၊ ရန်သူရဲ့ လှုပ်ရှားမှု ပုံစံတွေကို လေ့လာနားလည်ရပါတယ်။ အဲလိုမဟုတ်ရင် ပင်လယ်ထဲမှာ တ၀ဲဝဲလည်လည်ဖြစ်နေတဲ့ လှေငယ် လို လှော်လိုက်ရင်း မူလနေရာပြန်ရောက်လာရင်းနဲ့ စုန်းစုန်းမြုပ်သွားတတ်ပါတယ်။

(၈) မဟာဗျူဟာဆိုတာကို ချမှတ်ပြီးရင် အကောင်အထည်ဖော်ရမယ့် နိုင်ငံရေးဦးဆောင်မှု လိုအပ်ပါတယ်။ ဒေါင်လိုက် အမိန့်ပေးနိုင်တဲ့ structure တခု လိုအပ်ပါတယ်။ ဒါတွေမှ မရှိပဲ ချထားတဲ့ မဟာဗျူဟာဆိုတာ စက္ကူကျားတခုလိုပါပဲ။ ဘယ်လိုနည်းနဲ့မှ အသက်မ၀င်နိုင်ပါဘူး။

(၉) မဟာဗျူဟာဆိုတာ အချိန်ကာလတခုနဲ့လဲ ပတ်သက်စပ်ဆိုင်ပါတယ်။ အတိတ်ကာလက strategic choices အချိန်တွေအားလုံးကို လေ့လာထားရမယ်။ ဘယ်အချိန်ကာလမှာ ဘယ်လို ရွေးချယ်မှုလုပ်ခဲ့ရင် လက်ရှိမှာ ဘာတွေဖြစ်နေမလဲဆိုတဲ့ ကောင်းကျိုး ဆိုးကျိုးတွေကို ဆန်းစစ်သင့်ပြီး၊ အခုအချိန်မှာ ရွေးချယ် လိုက်မှုဟာ နောင်အနာဂတ်မှာ ဘာတွေဖြစ်လာမလဲဆိုတာကို ထည့်သွင်းစဉ်းစားရမှာဖြစ်တယ်။

ဒီအချက်တွေကတော့ မဟာဗျူဟာနဲ့ ပတ်သက်ပြီး ပညာရှင်များ ထောက်ပြပြောဆိုထားကြတာပါ။

ရေတို၊ ရေရှည်မဟာဗျူဟာများ ချမှတ်ရာမှာ အရေးအကြီးဆုံး ထည့်စဉ်းစားရမှာကတော့ ends နဲ့means ပါပဲ။ မဟာဗျူဟာကျ ဆုံးဖြတ်ချက်များချမှတ်ရာမှာ ဒီအချက်က အရေးကြီးပါတယ်။ မဟုတ်ရင် ကိုယ်စီးနေ တဲ့ မြင်း အထီးလား၊ အမလား မသိတဲ့ အခြေအနေမျိုးဖြစ်တတ်ပါတယ်။ Ends ဆိုတာကို ဘာကိုအောင်မြင် အောင် လုပ်မှာလဲ ဆိုတာပါ။ Means ဆိုတာက ဘယ်လိုအောင်မြင်အောင်လုပ်မှာလဲ ဆိုတာပါ။ ရေရှည် ရည်မှန်းချက်တွေ ပြည့်မြောက်အောင်မြင်ဖို့ grand strategies တွေ ချမှတ်ရပါတယ်။ ရေတိုရည်မှန်းချက် တွေ အောင်မြင်ဖို့ short-term strategies တွေ ချမှတ်ရပါတယ်။ ဒီနေရာမှာ မဟာဗျူဟာ စီမံခန့်ခွဲမှုဖြစ်စဉ် က စနစ်တကျရှိနေဖို့ လိုအပ်လှပါတယ်။

အဖွဲ့တခုပဲဖြစ်ဖြစ်၊ နိုင်ငံတနိုင်ငံမှာပဲဖြစ်ဖြစ်၊ တပ်ပေါင်းစုတခုမှာပဲဖြစ်ဖြစ်၊ စီးပွားရေးလုပ်ငန်းမှာပဲဖြစ်ဖြစ် မဟာဗျူဟာ စီမံခန့်ခွဲမှုပုံစံဆိုတာ စနစ်တကျရှိရပါတယ်။ သူ့ process နဲ့သူ အဆင့်ဆင့်လုပ်ရပါတယ်။ အဲလို မဟုတ်ရင် ချလိုက်တဲ့ မဟာဗျူဟာတွေအားလုံးဟာ သဲထဲရေသွန်ပဲ ဖြစ်သွားပါလိမ့်မယ်။ များသောအားဖြင့် အသုံးပြုလေ့ရှိတဲ့ ပုံစံကတော့

(၁) mission ကို ချမှတ်ရပါမယ်။ အဖွဲ့တခုချင်းမှာဆို သိပ်မရှုပ်ထွေးလှပေမယ့် တပ်ပေါင်းစုလိုမျိုး၊ ဖက်စပ် စီးပွားရေးလိုမျိုးတွေမှာကျတော့ ဒီအချက်က အရေးကြီးပါတယ်။ အားလုံးညီညွတ်လက်ခံကြတဲ့ mission ကို ပြတ်ပြတ်သားသားမချနိုင်ဘူးဆိုရင် ရှေ့ဆက်မတက်တာ အကောင်းဆုံးပါပဲ။ မဟုတ်ရင်လဲ ဘာမှ မထူးပါ ဘူး။ အချိန်ကုန်၊ လူပမ်းတာပဲ အဖတ်တင်လိမ့်မယ်။

(၂) ပြင်ပပတ်ဝန်းကျင် အခြေအနေ (external environment) ကို ဆန်းစစ်ရပါတယ်။ အမြင်အားလုံးကို ဖလှယ်ရပါတယ်။ သုံးသပ်ရပါတယ်။

(၃) မဟာဗျူဟာဆန်းစစ်ချက် (strategic analysis) နဲ့ မဟာဗျူဟာ ရွေးချယ်မှု (strategic choices) တွေ ကို ပြုလုပ်ရပါတယ်။

(၄) ပြီးတဲ့အခါကျမှ ရေရှည်ရည်မှန်းချက်တွေ ရေးဆွဲရပါတယ်။

(၅) အဲဒီ ရေရှည်ရည်မှန်းချက်တွေအပေါ် အခြေခံပြီးမှ grand strategies တွေကို ချမှတ်ရပါတယ်။

(၆) တချိန်တည်းမှာပဲ ရေတိုရည်မှန်းချက်တွေ ချမှတ်ရပါမယ်။

(၇) ဒီလို ရေတိုရည်မှန်းချက်တွေကို ပြည့်မှီဖို့ grand strategy ကို အခြေတည်တဲ့ functional tactics တွေ ကို ထပ်မံရေးဆွဲရပါမယ်။

(၈) ချထားပြီးသား ဗျူဟာတွေ တကယ်ကော အလုပ်ဖြစ်ရဲ့လားဆိုတာ သိရှိနိုင်ဖို့ strategic control measure တွေ လိုအပ်ပါတယ်။ စဉ်ဆက်မပြတ်တိုးတက်မှုတွေလုပ်ဖို့ လိုအပ်ပါတယ်။

အခု ဆက်လက်ပြီး မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ်နဲ့ ပတ်သက်တဲ့ မဟာဗျူဟာပိုင်းဆိုင် ရာ စဉ်းစားသုံးသပ်ချက်များကို ရေးသားဖော်ပြပါမယ်။

ဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ်

ဒီမိုကရေစီဆိုတာ စနစ်တခုသာဖြစ်ပါတယ်။ အဲဒီစနစ်ကို အသက်သွင်းဖို့အတွက်က ဖြစ်စဉ်တရပ်လိုအပ်ပါ တယ်။ ဒီမိုကရေစီစနစ်ကျင့်သုံးနိုင်မယ့် လမ်းကြောင်းပေါ်ကိုသွားရောက်နေတဲ့ နိုင်ငံရေးပြောင်းလဲမှုများဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုဖြစ်စဉ်ပဲ ဖြစ်ပါတယ်။ နိုင်ငံရေးသိပ္ပံပညာရှင်များဖြစ်ကြသော Rustow, Guillermo O' donnell, Scott Mainwaring, Yossi Shain, Juan Linz စသူတို့က ကမ္ဘာ့သမိုင်းရဲ့ ဒီမိုကရေ စီ ကူးပြောင်းမှုဖြစ်စဉ်ကြီးတွေဖြစ်တဲ့ First long wave in USA, France, Italy, Argentina, the overseas British dominions (1828-1926) First, reverse wave in Italy, Germany, Argentina (1922-1942), Second short wave in West Germany, Italy, Japan, India, Israel (1943-62), Second, reverse wave in Brazil, Argentina, Chile (1958-1975), Third wave in Portugal, Spain, others in Latin America, Asia, Africa, Eastern Europe စတာတွေကို လေ့လာပြီး၊ ဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ် မှာ အပိုင်းနှစ်ပိုင်းပါဝင်ကြောင်း ရေးသားဖော်ထုတ်ခဲ့ကြပါတယ်။

သူတို့အဆိုအရ ပထမအပိုင်းမှာ အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ ကနဦးအသွင်ကူးပြောင်းမှု (initial transition from authoritarian rule)၊ ဒုတိယပိုင်းမှာကား လစ်ဘရယ်ဒီမိုကရေစီစနစ်ကို စနစ်တကျ တည် တံ့အောင် (consolidate) ပြုလုပ်ခြင်းတို့ဖြစ်ပါတယ်။ ကနဦးအသွင်ကူးပြောင်းမှုမှာ အရေးကြီးဆုံးကတော့ ကြားဖြတ်အစိုးရပါပဲ။

ကြားဖြတ်အစိုးရ (Interim Government)

ကနဦးဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ်ရဲ့ အဓိကသော့ချက်ဟာ interim period မှာ ဘယ်သူတွေက အုပ်ချုပ်ပြီး အာဏာကို ဘယ်လိုခွဲဝေသုံးစွဲမလဲဆိုတဲ့ အချက်အပေါ်မှာ မူတည်ပါတယ်။ အဲဒီအချက်ကို သေချာစွာ ဖော်ထုတ်ပြီးမှသာ ဒီမိုကရေစီလှုပ်ရှားမှုလမ်းကြောင်းမှာ တည့်တည့်မတ်မတ်နဲ့ ထိထိရောက် ရောက်ရှိပါတယ်။

နှစ်ဆယ်ရာစုနှောင်းပိုင်း ကနဦးဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ်တွေကို လေ့လာပြီး ပညာရှင် Shain နှင့် Lintz ဆိုသူတွေက ဒီပြောင်းလဲမှုဖြစ်စဉ်တွေမှာ ပါဝင်တဲ့ ကြားဖြတ်အစိုးရပုံစံလေးမျိုးကို ထုတ်ဖော်ခဲ့ကြပါ တယ်။

ပထမတမျိုးက အတိုက်အခံတွေဦးဆောင်တဲ့ အစိုးရ (opposition-led provisional government) ဖြစ်ပါ တယ်။ နောက်တမျိုးက ပါဝါခွဲဝေသုံးစွဲတဲ့ အစိုရ (power-sharing interim government) ဖြစ်ပါတယ်။ နောက်တမျိုးက အာဏာရှင်က ဦးဆောင်ဖွဲ့စည်းလိုက်တဲ့ အိမ်စောင့်အစိုးရ (incumbent-led caretaker government) ဖြစ်ပါတယ်။ နောက်တမျိုးက နိုင်ငံတကာ ကြားဖြတ်အစိုးရ (international interim government) ဖြစ်ပါတယ်။ ဒီလေးမျိုးမှာ ဘယ်အစိုးရမျိုးဟာ မြန်မာပြည်အခြေအနေနဲ့ ကိုက်ညီနိုင်မလဲ လေ့လာကြည့်ရအောင်ပါ။

မဟာဗျူဟာရှုဒေါင့်ကနေ Ends နဲ့ Means ကို ကြည်ကြရအောင်ပါ။

Ends#

Ends က စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် လက်ရှိစစ်အစိုးရပဲဖြစ်ဖြစ်၊ နောင်လာမယ့် စစ်အစိုးရကြိုး ကိုင်အစိုးရကိုပဲဖြစ်ဖြစ် ဖြုတ်ချပြီး ဒီမိုကရေစီစနစ်ဖော်ဆောင်ဖို့ပါ။

Means#

ဒီလို ဖော်ဆောင်မယ်ဆိုရင် ဘယ်လို means တွေ လိုမလဲ။

(၁) တိုက်ပွဲ ဦးဆောင်ကွပ်ကဲနိုင်မယ့် တပ်ပေါင်းစုလိုမယ်။

(၂) တိုင်းရင်းသားလူမျိုးတွေ စုပေါင်းနေထိုင်နေပြီး၊ ရေရှည်ပြည်တွင်းစစ်ဖြစ်ပွားခဲ့တဲ့ တိုင်းပြည်တခုဖြစ်တာ ကြောင့် တိုင်းရင်းသားညီညွတ်ရေးအတွက် ခေါင်းဆောင်များအချင်းချင်း ကြိုတင်သဘောတူညီချက်တွေ လို အပ်မယ်။ ညှိနှိုင်းထားမှုတွေလိုမယ်။

(၃) နိုင်ငံတကာအကူအညီနှင့် အသိအမှတ်ပြုမှုတွေလိုပါမယ်။

(၄) စစ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ အတွေးအခေါ်၊ နိုင်ငံတကာစတဲ့ စစ်မျက်နှာ ငါးရပ်လုံးမှာ ဘက်ညီနေဖို့ လိုအပ်မယ်။

ဘယ်လိုအမျိုးအမည်တွေပဲ တပ်တပ်၊ အစိုးရခေါ်ခေါ်၊ တပ်ပေါင်းစုခေါ်ခေါ်၊ ဘာနာမည်နဲ့ပဲဖြစ်ဖြစ် အရေးကြီး တာကတော့ အရည်အချင်းနဲ့ အရည်အသွေးပဲ။ ကနဦး အသွင်ကူးပြောင်းမှုကို ကြားဖြတ်အစိုးရအနေနဲ့ တာဝန်ယူနိုင်တဲ့ အရည်အသွေး။ အဲဒါ ရှိကိုရှိရမယ်။

အပြောင်းအလဲဆိုတဲ့ ကာလတခုမှာ တာဝန်ယူရတဲ့ ကြားဖြတ်အစိုးရဟာ "ပွဲပြီးရင် မီးသေပြီ၊ အောင်ပွဲခံနိုင် ပြီ" လို့ တရားသေ ယူဆထားပြီး၊ အောင်ပွဲခံတတ်တဲ့အစိုးရမျိုး ဖြစ်လို့မရဘူး။ အဲဒီအခြေအနေဟာ တကယ် အရေးကြီးတဲ့ critical hours တွေ ဖြစ်တယ်။ အကိုင်အတွယ်တွေ အများကြီး လိုအပ်တယ်။ (ဗြိတိသျှအရာ ရှိဟောင်းတဦးက ပြောဖူးတယ်။ မြန်မာတွေ လွတ်လပ်ရေးလိုချင်တယ်ဆိုပြီး တကယ်လဲရရရော တိုင်းပြည် အုပ်ချုပ်ရေးလေးတောင် နိုင်နိုင်နင်းနင်းမရှိဘူး။ ရန်ကုန်အစိုးရဖြစ်သွားပါလေရောတဲ့) ကြားရရင်တော့ စိတ် တိုချင်စရာပဲ။ ဒါပေမယ့် တကယ့်သမိုင်းဖြစ်ရပ်မှန်တွေကလဲ ရှိနေပြန်တယ်။ တခုရှိတာက အဲဒီတုန်းက ဗြိတိသျှက အခွင့်ကောင်းယူပြီး ပြန်လာသိမ်းခဲ့တာမဟုတ်ဘူး။ အခု စစ်အုပ်စုကျတော့ ပြန်သိမ်းဖို့ ကြိုးစား တာတွေ ရှိလိမ့်မယ်။ ဒီမိုကရေစီတိုက်ပွဲကို သွေးတွေနဲ့ရင်းပြီး တိုက်ခဲ့ကြပြီးပြီ။ ဆက်တိုက်ကြရဦးမယ်။ တကယ့် အပြောင်းအလဲကာလရောက်မှ စကားထိုင်များ၊ အငြင်းအခုံလုပ်နေကြတုန်း စစ်တပ်က အာဏာပြန် သိမ်းသွားလို့ကတော့ အကုန်လုံး သဲထဲရေသွန်ဖြစ်ပြီ။ ၁၉၈၈ မှာ အာဏာရှင်တွေပြုတ်ကျပြီးမှ လနဲ့ချီအချိန်ရ နေတဲ့ အခြေအနေမှာ ကြားဖြတ်အစိုးရလေးတခုတောင် မဖွဲ့နိုင်ခဲ့ကြတာကို ပြန်ပြီး သင်ခန်းစာယူသင့်တယ်။ ဘာမဟုတ်တဲ့ ပုဂ္ဂိုလ်ရေးလေးတွေကြောင့် တော်လှန်ရေးကံကြမ္မာတခုလုံး ဘယ်လိုဖြစ်သွားခဲ့သလဲ။

ပြည်ပမှာ ဝေလေလေလုပ်ဖို့ ငါးဦး၊ ဆယ်ဦး အစိုးရတွေ ငြင်းနေကြတာတွေက အရေးမကြီးဘူး။ အရေးကြီး တာက အဲဒီအကူးအပြောင်းကာလမှာ ပြတ်ပြတ်သားသား၊ ခိုင်ခိုင်မာမာနဲ့ စနစ်တကျတာဝန်ယူနိုင်မယ့် ကြား ဖြတ်အစိုးရ။ ဒါကိုပဲ ဦးတည်သင့်တယ်။ ဒါကိုပဲ ဦးစားပေးပြီး အမြော်အမြင်နဲ့ လုပ်သင့်တယ်။ ကမ္ဘာတ၀ှမ်းက အသွင်ပြောင်းမှုပုံစံတွေအရ စနစ်တခုကနေ စနစ်တခုကို ပြောင်းလဲရင် လက်အောက်ခံ တိုင်းပြည်တခုဘ၀ ကနေ လွတ်လပ်တဲ့တိုင်းပြည်တခုကို ထူထောင်ရင် ဒီလိုအချိန်မျိုးတွေမှာ ခေါင်းဆောင်တွေ လုပ်ကြံသတ် ဖြတ်ခံရမှု၊ ပြည်တွင်းစစ်မီးပွားတွေ ပေါ်ပေါက်လာမှု၊ ရာဇ၀တ်မှု ထူပြောမှု၊ ခေါင်းဆောင်များအကြား အယူအ ဆကွဲလွဲမှုဆိုတာတွေ ဖြစ်တတ်တယ်။ ဖြစ်ဖန်များလွန်းလို့ ဘယ်လိုမှ နလန်မထူနိုင်တဲ့တိုင်းပြည်တွေ ကမ္ဘာ မှာ အများကြီးပဲ။ ဒါတွေအတွက် ကြိုတင်ပြင်ဆင်ထားဖို့၊ ကိုင်တွယ်ဖြေရှင်းနိုင်မယ့်နည်းလမ်းတွေ ကြိုရှာထား ဖို့ တကယ်ကို လိုအပ်တယ်။

လက်ရှိအာဏာရှင်နဲ့ ပါဝါခွဲဝေသုံးစွဲတဲ့ ကြားဖြတ်အစိုးရ

မဟာဗျူဟာရှုဒေါင့်ကနေ Ends နဲ့ Means ကို ကြည့်ကြရအောင်ပါ။

Ends#

Ends က လက်ရှိအာဏာရှင်နဲ့ အတိုက်အခံနဲ့ အာဏာကို ခွဲဝေသုံးစွဲတဲ့ ကြားဖြတ်အစိုးရပါ။ အတိုက်အခံ ပါတီ အဲန်အယ်လ်ဒီက နအဖကို ဒီလိုအစိုးရပုံစံမျိုးအတွက် ကမ်းလှမ်းခဲ့ဖူးတယ်။ ၂၀၀၆ ခုနှစ်ကပါ။ နအဖက ပယ်ချလိုက်တယ်။

Means#

ဒီလို ဖော်ဆောင်မယ်ဆိုရင် ဘယ်လို Means တွေ လိုမလဲ။

(၁) အာဏာရှင်က သူ့အာဏာကို အတိုက်အခံနဲ့ ခွဲဝေလာအောင် နိုင်ငံတကာဖိအား၊ ပြည်တွင်းဖိအားတွေ လိုအပ်တယ်။

(၂) အတိုက်အခံတွေကို အလုံးစုံချေမှုန်းရေးလုပ်လို့ရမှာ မဟုတ်ဘူးဆိုတာကို အာဏာရှင်ဘက်က သဘော ပေါက်သွားစေနိုင်တဲ့ စစ်ရေးအင်အား၊ နိုင်ငံရေးအလေးသာမှုတွေရှိရမယ်။

(၃) တွေ့ဆုံဆွေးနွေးပွဲဆိုတာကို အတိုက်အခံတွေရော၊ အာဏာရှင်ကပါ လုပ်ချင်တဲ့စိတ်တွေရှိရမယ်။

ဒီအစိုးရပေါ်လာနိုင်ရင် အကောင်းဆုံးလို့ ပညာရှင်တော်တော်များများက ဆိုတတ်ကြတယ်။ ဘယ်လိုပဲဆိုပေ မယ့် ဖြစ်လာဖို့ကျတော့ အင်မတန်ခက်ခဲလွန်းနေတယ်။ တော်ရုံတန်ရုံ နိုင်ငံတကာဖိအားနဲ့ မလုံလောက်ဘူး။ အတိုက်အခံဘက်မှာလဲ လူရိုသေ၊ ရှင်ရိုသေ စစ်အင်အားရှိရမယ်။ စစ်ရေးမလိုပါဘူး သတ်မှတ်ထားရင်တော့ ကျွဲပါးစောင်းတီးပဲ ဖြစ်နေမှာပဲ။ လက်ခုပ်ဆိုတာ နှစ်ဘက်မတီးပဲ မမြည်နိုင်ဘူး။ ကိုယ့်လက်နဲ့ သူ့လက်ထိချင် လာအောင် သူ့လက်ကို တွန်းအားပေးရမယ်။ မဟုတ်ပဲ လက်သွားဆွဲပြီး "တီးပါနော်" လုပ်နေလို့ကတော့ လက်ခုပ်မတီးပဲ လက်သီးနဲ့ ပြန်ထိုးလိုက်တာပဲ ခံရလိမ့်မယ်။

ပြီးတော့အစိုးရလုပ်ဖို့ Ends ကိုချမှတ်ပြီး၊ ဒိုင်ယာလော့ခ်ကို Means အဖြစ်အသုံးပြုတဲ့အခါ မလိုလားအပ်တဲ့ ဆိုးကျိုးတွေက ထွက်ပေါ်လာနိုင်သေးတယ်။ ဘာလဲဆိုတော့ ရန်သူက ကိုယ့်ကို မြွေအလမ္မာယ်ဆရာလို လုပ်ပြသွားတတ်တာမျိုးတွေပါ။ ကိုယ်ကတော့ မြွေဟောက်လို တရှူးရှူးပဲ။ လိုက်ပေါက်ဖို့လုပ်နေတုန်း၊ ဟိုက ဟိုဘက် ရှောင်ပြေးလိုက်၊ ဒီဘက်က ရှောင်ပြေးလိုက်နဲ့ ကိုယ့်အင်အားတွေနည်းပြီး ငြိမ်ကျသွားအောင်လုပ် နိုင်တဲ့ ရန်သူ့လက်နက်တမျိုးဖြစ်သွားတတ်တယ်။ လုပ်ခဲ့ကြတာတော့ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးပဲ။ အတိုက်အခံဦးဆောင်တဲ့ ကြားဖြတ်အစိုးရဖွဲ့စည်းရေးပဲ။ ဒီအတွက် မြွေဟောက်လို တရှူးရှူးဖြစ်ကြတာပဲ။ လုပ်ကြတာပဲ။ အဲဒီအချိန်မှာ ရန်သူက ဒိုင်ယာလော့ခ်လာပြောတာကို လက်ခံလို့မရဘူး။ တိုက်ပွဲရှိန်လျှော့လို့ မဖြစ်ဘူး။ အဲလိုဖြစ်တာက ဘာနဲ့တူလဲဆိုရင် လှေနံနှစ်ဘက်နင်းတာနဲ့ တူတယ်။ နောက်ဆုံးတော့ အရည်မရ အဖတ်မရနဲ့ပဲ အဆုံးသတ်မှာပဲ။ လုံးဝသေချာနေတဲ့ အချက်တခုရှိတယ်။ စစ်အုပ်စုဟာ ဘယ်တော့မှ လက်ခုပ်နှစ်ဘက်မြည်အောင်တီးမှာ မဟုတ်ဘူး။ စစ်အုပ်စုဟာ အတိုက်အခံကို အလုံးစုံချေမှုန်းရေးဝါဒ အပေါ်မှာပဲ အခြေခံလှုပ်ရှားထားတယ်။ ဒီအတွက် တီးမယောင်လက်ခုပ်ယောင်တွေကို ဂရုစိုက်စရာမလိုဘူး။ ယောင်စရာလုံးဝမလိုအပ်ဘူး။

ကြားဖြတ်အစိုးရအနေနဲ့ ပြည်ထဲရေး၊ ကာကွယ်ရေး၊ နိုင်ငံတော်လုံခြုံရေးကိစ္စတွေကို ဟန်ချက်ညီထိန်းနိုင်ပြီ ဆိုတဲ့အချိန်ကျမှ ဆွေးနွေးချင်တယ်ဆို ဒိုင်ယာလော့ခ်ပြန်ခေါ်ချင်ရင်လဲရတယ်။ နိုင်ငံရေးချိန်ခွင်လျှာကို ကိုယ့်ဘက်က အလေးသာအောင် အရင်လုပ်သင့်တယ်။

အာဏာရှင်က ဦးဆောင်ဖွဲ့စည်းတဲ့ အိမ်စောင့်အစိုးရ

မဟာဗျူဟာရှုဒေါင့်ကနေ Ends နဲ့Means ကို ကြည့်ကြရအောင်ပါ။

Ends#

Ends က ဒီမိုကရေစီအသွင်ကူးပြောင်းမှုအတွက်ဆိုပြီး အာဏာရှင်က ဦးဆောင်ဖွဲ့စည်းတဲ့ အိမ်စောင့်အစိုးရ ပုံစံမျိုးဖြစ်တယ်။

Means#

နိုင်ငံတကာဖိအား
အတိုက်အခံများရဲ့ ခြိမ်းခြောက်နိုင်မှုစွမ်းရည်
အာဏာရှင်ဘက်တော်သားများ ကွဲပြားမှု၊ အာဏာရှင်စနစ်တွင် ပြောင်းလဲမှု

အာဏာရှင်အစိုးရကိုယ်တိုင်က နိုင်ငံရဲ့စီးပွားရေးယိုယွင်းမှုကို ဘယ်လိုမှ မထိန်းနိုင်တော့တဲ့အခါ၊ အုပ်စိုးသူ တွေ အချင်းချင်း သဘောထားကွဲလွဲလာတဲ့အခါ၊ အတိုက်အခံတွေရဲ့ခြိမ်းခြောက်မှု အင်အားကြီးမားလာတဲ့ အခါ၊ ဆက်လက်ထိန်းထားရင် တိုင်းပြည်တခုလုံး ဖရိုဖရဲဖြစ်လာတော့မယ့်အခါ အာဏာရှင်ကိုယ်တိုင်က ကနဦး ဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ်ကို စတင်လိုက်ရတာမျိုးတွေ ရှိလာတယ်။ တောင်အာဖရိက ဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ်ဟာ အဲလိုပြောင်းလဲမှုနဲ့ စတင်ခဲ့တာဖြစ်တယ်။ incumbent de Klerk government က အိမ်စောင့်အစိုးရအဖြစ်စတင်ခဲ့ပြီး (၁၉၉၃) စက်တင်ဘာရောက်မှ power-sharing coalition အနေနဲ့ပြောင်းလဲပြီး ဒီမိုကရေစီအသွင်ကူးပြောင်းမှုကို စတင်ခဲ့တာဖြစ်တယ်။

မြန်မာပြည်မှာတုန်းက စောမောင်က အာဏာသိမ်းပြီး ၉၀ ရွေးကောက်ပွဲလုပ်မယ်ဆိုတော့ နိုင်ငံတကာ အသိုင်းအ၀ိုင်းက စောမောင်အစိုးရကို အဲဒီလို အိမ်စောင့်အစိုးရမျိုးလို့ ထင်ခဲ့ကြတယ်။ ဖိအားပေးမှုတွေ လျှော့ချခဲ့ကြတယ်။ အတိုက်အခံအများစုကလဲ န၀တခင်းတဲ့လမ်းပေါ် လျှောက်လိုက်ကြတော့တယ်။ ဒါပေ မယ့် န၀တက အတိုက်အခံတွေရဲ့မျှော်လင့်ချက်၊ ယုံကြည်ချက်တွေကို ရိုက်ချိုးပစ်လိုက်ပါလေရော။ ကျော ချမှ ဓားပြမှန်းသိပြီး ကောက်ခါငင်ခါအဲဒီကျမှ အစိုးရထဖွဲ့မယ်လုပ်တော့ စစ်အုပ်စုက အသာစီးရနေခဲ့ပြီ။

မြန်မာပြည်ဟာ တောင်အာဖရိကနဲ့ နိုင်ငံရေးပထ၀ီဝင်အနေအထားတွေ လုံးဝမတူပါဘူး။ ဒါကြောင့် နိုင်ငံ တကာ ဖိအားထိရောက်နိုင်မှု အခြေအနေလဲမတူပါဘူး။ နိုင်ငံရေး လူ့အဖွဲ့အစည်းရဲ့စိတ်ဓာတ်တွေ၊ အတွေး အခေါ်တွေ၊ ရင့်ကျက်မှုတွေလဲ မတူပါဘူး။ ဖြစ်နေတဲ့ ပဋိပက္ခတွေရဲ့ ဖြစ်ရခြင်းအကြောင်းရင်း၊ သမိုင်းနောက် ခံ အနေအထားတွေလဲ လုံးဝမတူပါဘူး။ ဒီလိုအခြေအနေမှာ စီးပွားရေးပိတ်ဆို့မှုလေးလုပ်လိုက်တာနဲ့၊ ပြည် တွင်းလှုပ်ရှားမှုလေးကို ငြိမ်းချမ်းစွာလေးလုပ်လိုက်တာနဲ့ နအဖက ကြောက်ပြီး သူ့ဘာသူ အိမ်စောင့်အစိုးရပဲ ထဖွဲ့တော့မလိုလို၊ ဒီမိုကရေစီပြောင်းလဲမှုတွေပဲ လုပ်ပေးတော့မလိုလို၊ ဒိုင်ယာလော့ခ်ကြီးပဲ ထခေါ်ပေးတော့ မလိုလိုနဲ့ သမုဒ္ဒရာထဲမှာ လှေတစီးနဲ့ စိတ်ကူးယဉ်အိပ်မက် မက်နေလို့မရပါဘူး။ နိုးလာတော့မှ ကြောက်အား လန့်အား ထခုန်မိပြီး ရေထဲပြုတ်ကျနေရင် အခက်ကြုံပါလိမ့်မယ်။ ရန်သူ နအဖဘက်က စတင်သဘောထား ပြောင်းလာမှုဆိုတာကို လုံးဝ မမျှော်လင့်ပါနဲ့။

နိုင်ငံတကာ ကြားဖြတ်အစိုးရ

မဟာဗျူဟာရှုဒေါင့်ကနေ Ends နဲ့ Means ကို ကြည့်ကြရအောင်ပါ။

Ends#

Ends က ကနဦးဒီမိုကရေစီအသွင်ကူးပြောင်းမှုအခြေအနေမှာ နိုင်ငံတကာအဖွဲ့အစည်းများ၊ အင်အားကြီးနိုင် ငံများဝင်လာပြီး၊ ကြားဖြတ်အစိုးရအနေနဲ့ ခေတ္တထိန်းသိမ်းပြီး အသွင်ကူးပြောင်းမှုကို စတင်ပေးတာမျိုးပါ။

Means#

ကုလသမဂ္ဂနဲ့ အင်အားကြီးနိုင်ငံများအား မြန်မာစစ်အုပ်စုအားအရေးယူပေးရန် တောင်းဆိုခြင်း
မြန်မာနိုင်ငံသို့ စစ်အရေးအရ အရေးယူဝင်ရောက်နိုင်ရေးအတွက် လိုအပ်သောအကူအညီများပေးခြင်း၊ ပူးတွဲဆောင်ရွက်ခြင်း

လက်ရှိနိုင်ငံတကာဖြစ်ရပ်များကို ဥပမာပေးရရင် အီရတ်၊ အာဖဂန်နစ်စတန်နိုင်ငံများကို ဥပမာပေးရပါမယ်။ နာမီးဘီးယား (၁၉၈၉-၁၉၉၀) နှင့် ကမ်ဘောဒီးယား (၁၉၈၃-၉၃) အခြေအနေတွေလဲ ဒီလိုပြောင်းလဲမှု ဖြစ် စဉ်တွေပါပဲ။ ယူအန်ကိုစာတန်းတွေတင်၊ မြန်မာပြည်ကို အရေးယူပေးအောင်လုပ်ပြီး၊ နိုင်ငံတကာတပ်ပေါင်းစု တွေ မြန်မာပြည်ဝင်၊ စစ်အုပ်စုကို မောင်းထုတ်၊ ကြားဖြတ်အစိုးရဖွဲ့ဆိုတဲ့ ဒီပုံစံလေးက ပြောရရင် လွယ်လွယ် လေးရယ်။ ဒါပေမယ့် ပြောတဲ့လူတွေ လေကုန်မောဟိုက်ပြီး ဆံဖြူသွားကျိုးတဲ့ အချိန်အထိ အကောင် အထည်ပေါ်လာဖို့ တော်တော်ခဲယဉ်းနိုင်တဲ့ ကိစ္စကြီးပါ။ ယူအန်ဆိုတာက structural failure ဖြစ်နေတဲ့ အဖွဲ့ ကြီးတခုပါ။ သူ့ဟာသူ reform လုပ်ဖို့ကိုတောင် မနည်းကြိုးစားနေရတာပါ။ ဒါတောင် အောင်မြင်သေးတာ မဟုတ်ပါဘူး။

လုံခြုံရေးကောင်စီမှာထိုင်နေကြတဲ့ နိုင်ကြီးငါးနိုင်ငံရဲ့ ဗွီတိုအာဏာကို ကျော်လွှားနိုင်ဖို့ဆိုတာကလဲ ထီထိုး သလိုပဲ အခါတရာလောက်ထိုးတောင် တခါမပေါက်နိုင်တဲ့ အခြေအနေမျိုးပါ။ မြန်မာပြည်ဟာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံရဲ့ မဟာဗျူဟာအချက်အချာနေရာတခုဖြစ်နေပါတယ်။ ဒါကြောင့် တရုတ်ရဲ့ ဗွီတိုအာဏာကို ကျော်လွှားနိုင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ မဖြစ်နိုင်တာကို လုပ်နေတာဟာ အိတ်ပေါက်နဲ့ ဖား ကောက်နေသလိုပဲ ဖြစ်နေပါလိမ့်မယ်။

တကယ်လို့ ယူအန်ရဲ့ ဆုံးဖြတ်ချက်ကျသွားခဲ့ရင်တော့ US-led Coalition အသွင်မဟုတ်ပဲ၊ China-led Coalition ပုံစံမျိုးအထိ ဖြစ်သွားနိုင်ပါတယ်။ အနည်းဆုံး အောက်မြန်မာပြည်ကို US-led Coalition, အထက် မြန်မာပြည်ကို China-led Coalition ပုံစံတွေနဲ့သာ ၀င်လာခဲ့ကြရင် နေရင်းထိုင်ရင်း တောင်ကိုးရီးယား၊ မြောက်ကိုးရီးယားလို ဖြစ်သွားပါလိမ့်မယ်။ မြန်မာနိုင်ငံဟာ ဒီအင်အားစုနှစ်ခုရဲ့ကြားမှာ ညပ်သွားပါလိမ့်မယ်။ နိုင်ငံတကာဖိအားတွေ ပြင်းထန်တင်းမာလာချိန်မှာ နေပြည်တော်ကိုပြောင်းရွှေ့ထားမှုတွေ၊ နယူးကလီးယား စက်ရုံးလုပ်ထားတဲ့ နေရာဒေသတွေ၊ တပ်ရင်း၊ တပ်မနေရာချထားမှုတွေ၊ ငြိမ်းချမ်းရေးအဖွဲ့တွေကို လုပ် ဆောင်ခိုင်းစေထားတဲ့ ပရောဂျက်တွေကို မြေပုံပေါ်မှာ ချပြီးကြည့်လိုက်ပါ။ အဖြေမှန်ကို သိရပါလိမ့်မယ်။

အချိန်တွေဟာ အရမ်းတန်ဖိုးရှိပါတယ်။ ရေကြောမရှိတဲ့နေရာမှာ ရေတွင်းတူးသူကို ကြိုးစားတာလို့ ဘယ် လောက်ပဲ သူအော်နေနေ၊ ရေတွင်းဆိုတာ ရေကြောရှိတဲ့နေရာမှာသာ တူးရတယ်ဆိုတာသိနေသူတွေက တော့ "မိုက်လိုက်တာကွယ်" လို့ပဲ မြင်ပါလိမ့်မယ်။ စိတ်နှလုံးကောင်းသူတွေကတော့ "သနားပါတယ်ကွယ်" ဆိုပြီးပဲ ပြောမရတဲ့အဆုံး လက်မှိုင်ချပြီး ထိုင်ကြည့်နေကြပါလိမ့်မယ်။

နိဂုံး

ဒီကြားဖြတ်အစိုးရပုံစံလေးမျိုးအောက်မှာ ဘယ်ပုံစံဟာ လက်ရှိ မြန်မာပြည်အတွက် အသုံးဝင်မလဲဆိုတာကို သေချာစွာရွေးချယ်သင့်ပါတယ်။ အမှန်တကယ်ဖြစ်နိုင်ချေလည်းရှိပြီး၊ ကိုယ့်အားကိုယ်ကိုး ၀ိုင်းလုပ်သင့်ကြတဲ့ ပုံစံကတော့ အတိုက်အခံများကဦးဆောင်သော ကြားဖြတ်အစိုးရဖွဲ့စည်းရေးလို့ပဲ စာရေးသူ မြင်ပါတယ်။ မြန်မာပြည်အရေးဟာ အာဏာရှင်စနစ်တခုလုံးကို မြေလှန်ပစ်ရမယ့် တော်လှန်ရေးတခုဖြစ်ပါတယ်။ တော်လှန်ရေးဆိုတာဟာ လူထုထဲမှာပဲ အခြေတည်မှ အောင်မြင်နိုင်မှာပါ။ အင်အားဆိုတာကလဲ လူထုထဲမှာ ပဲရှိပါတယ်။ လူထုနဲ့ တော်လှန်ရေးကို တသားတည်းပေါင်းစပ်ပေးနိုင်ဖို့က အရာအားလုံးထက်ပိုပြီး အရေးကြီး နေပါတယ်။

မဟာဗျူဟာကို သေသေချာချာရွေးချယ်ချမှတ် အကောင်အထည်ဖော်နိုင်ကြဖို့လဲ လိုအပ်လှပါတယ်။ တခုနဲ့ တခု သဘောသဘာဝမတူတဲ့ မဟာဗျူဟာတွေကို မရောထွေးကြပါနဲ့။ Strategic doctrine အနေနဲ့ဆိုရင် စစ်အုပ်စုကိုဖြုတ်ချပြီး၊ ကြားဖြတ်အစိုးရဖွဲ့တာက offensive doctrine ပါ။ ဒိုင်ယာလော့ခ်ဆိုတာကကျတော့ နှစ်ဘက်စလုံးကို ဆက်တိုက်နေရင် အကျိုးမရှိတော့တဲ့ အနေအထားကြောင့် စစ်ပြေငြိမ်းမှုလုပ်ပြီး ညှိနှိုင်း ဆွေးနွေးတဲ့ Resolution တခုပါ။ ဒီလိုဖြစ်လာဖို့ဆိုတာက လက်ခုပ်နှစ်ဘက်မတီးပဲမရပါဘူး။ ငါ့ပါတီ အသက် ဆက်ရှင်နေရင်ပြီးရောဆိုတာမျိုးကျတော့ defensive doctrine ပါ။ ဒီလို မူအပေါ် အခြေခံသူတွေကို တိုက်ပွဲ ၀င်စစ်သူကြီးနေရာမှာ ထားလို့မရပါဘူး။ ငုတ်တုတ်ကြီးဖြစ်နေပြီး၊ ရန်သူကတလှမ်းတိုးလာလိုက်၊ နောက် ဆုတ်ပေးလိုက်နဲ့ ဆုတ်ရင်းဆုတ်ရင်း ချောင်ထဲမှာ ပိတ်မိနေတတ်ပါတယ်။ လမ်းကြောင်းတွေကို ဟိုတခု၊ ဒီ တခု ခုန်မကူးမိအောင်လဲ သတိထားရပါမယ်။ အခုပဲ ပြည်ပကို ၀င်ခိုင်းလိုက်၊ အခုပဲ ပြည်တွင်းမှာ လူထုတိုက် ပွဲလုပ်ရမယ်ပြောလိုက်၊ အခုပဲ ဒိုင်ယာလော့ခ်အော်လိုက် လုပ်နေရင်တော့ နောက်ကလိုက်နေသူတွေလဲ ဘာ လုပ်လို့ လုပ်ရမှန်းမသိ၊ ပြည်သူလူထုလဲ ဘာလုပ်ရမယ်မသိပဲ ဦးဆောင်သူတွေလဲ မျောက်သစ်ကိုင်းလွတ် သလို ဖြစ်သွားတတ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အခု မြန်မာ့နိုင်ငံရေးအခြေအနေရဲ့ strategic environment က တောင်းဆိုနေတာတွေ ကတော့

(၁) ယာယီတိုက်ပွဲဝင်အစိုးရ (သို့) တပ်ပေါင်းစု ဖြစ်ပေါ်ရေး

(၂) လူထုနှင့် တော်လှန်ရေးပေါင်းစပ်ပါဝင်နိုင်စေရေးနဲ့

(၃) အသွင်ကူးပြောင်းမှု အခြေအနေကို ထိန်းချုပ်နိုင်မည့် အရည်အသွေးနှင့် အရည်အချင်းရှိသော တိုင်းရင်း သားလူမျိုးအားလုံးကို ကိုယ်စားပြုတဲ့ ကြားဖြတ်အစိုးရတရပ်ပေါ်ပေါက်လာရေးတို့ပဲ ဖြစ်ပါတယ်။

ခင်မမမျိုး

Dip. IT (NCC,UK), Dip. Politics & Government (UK),
Dip. Journalism (UK), Adv. Dip. Management (Cambridge UCLES)
BA (Hons) management (HW, UK), P.G. Dip Mgt (London, UK)
MA Economics (Political Economy) (Aberdeen, UK)
MSc Strategic Studies (Aberdeen, Uk), MIISS (UK)

ရည်ညွှန်းကိုးကား။ ။
Baylis, J. et. Al (2002) Strategy in the Contemporary World, Oxford, OUP

Betts, R. (2000) "Is Strategy an illusion?" International Security, Vol. 205, No.2, Fall 2000

Calusewitz, C. (1997) On War, London, Wordsworth

Faringdon (1989) Strategic Geography, London & New York, Routledge
Freedman, L. (2008) "The Transformation of Strategic Affaris", Adelphi Paper, Vol. 379

Gracy, C. (2005) Another Bloody Century: Future Warfare, London, Phoenix

Gracy, C. (1999) Modern Strategy, Oxford, OUP, Harvard, Belknap

Liddell Hart, B. H. (1967) Strategy: The Indirect approach, London, Faber & Faber

Murray, W. et. al. (1994) The Making of Strategy: Rulers, States & Wars, Cambridge, Cambridge University Press

Paret, P. (ed) (1986) Makers of modern strategy from Machiavelli to the Nuclear age, Princeton University Press

Pearce & Robinson (1997) Strategic Management: Formulation, Implementation and Control, London, IRWIN

REF: ခင်မမမျိုး

Read More...

အပေါ်သို့