Friday, June 5, 2009

သခင်ကိုယ်တော်မှိုင်းနဲ့ တိုင်းရင်းသားအရေး

ဂါမဏိ


သခင်ကိုယ်တော်မှိုင်း
(ပုံတူ - ပန်းချီဝသုန်)

သခင်ကိုယ်တော်မှိုင်းကို မြန်မာနိုင်ငံထဲမှာ စာပေယဉ်ကျေးမှု နယ်ပယ်က တပ်မှူးကြီး၊ သတင်းစာ ဘိုးအေကြီး အဖြစ်တင်မက အမျိုးသား ခေါင်းဆောင်ကြီး၊ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းထက် မြင့်တဲ့ လွတ်လပ်ရေး ဘိုးအေကြီး၊ ငြိမ်းချမ်းရေး ဖခင်ကြီးအဖြစ် အာဏာရ အုပ်စိုးသူ အဆက်ဆက်၊ အထူးသဖြင့် စစ်အာဏာရှင်တွေ ကလွဲလို့ အားလုံးက သတ်မှတ် လက်ခံ ထားကြပါတယ်။ ဒါပေမယ့် နယ်စပ်ဒေသ အပါအ၀င် တချို့ တိုင်းရင်းသားတွေ ကြားမှာတော့ သခင်ကိုယ်တော်မှိုင်းကို မဟာ လူမျိုးကြီးဝါဒီ တယောက်၊ လူမျိုး ခွဲခြားရေးသမား တယောက်အဖြစ် မြင်နေကြပါတယ်။ တိုင်းရင်းသား ခေါင်းဆောင်တွေ ကိုယ်၌က အဲသလို မြင်နေကြတာ ဖြစ်ပါတယ်။

ဒီကိစ္စရဲ့အကြောင်းရင်းကတော့ ဒီနယ်စပ်ဒေသဘက်မှာ တချိန်က ပျံ့နှံ့ ခဲ့ဖူးတဲ့ “သခင်ကိုယ်တော်မှိုင်းရဲ့ သေတမ်းစာ” ဆိုတဲ့ စာတမ်း တခုကြောင့် ဖြစ်ပါတယ်။ ဒီ “သေတမ်းစာ” ဆိုတာထဲမှာ ရခိုင်နဲ့ ပတ်သက်လို့ “သမိုင်း ကြွေးမဆပ်နိုင်အောင်၊ နလံ မထူနိုင်အောင် မင်းတို့တတွေ စွမ်းဆောင်တတ်ရမယ်။ ... ရှမ်းဆိုတဲ့ လူတွေလည်း တောင်ပေါ်သား အသိထက် မကျော်လွှား မိစေဖို့ ကြပ်ကြပ် သတိထားရမယ်။ ဘယ်သူပဲ ဖြစ်ဖြစ် ကြီးထွားလာခဲ့ရင်၊ ဒါဟာ ဗမာ့ရန်သူပဲ၊ ပြတ်သားတဲ့နည်းကို ကျင့်သုံးရမယ်။ ... ကရင်ဆိုတာလည်း ရန်သူတမျိုးပဲ။ ဘ၀ကို မြေတောင် မြှောက်မပေးနှင့်။ လက်မြန် ခြေမြန် ၀ါဒရှိတယ်။ သတိလစ်ရင် လစ်သလို ဗမာတွေ အသက်ရှူကျပ် လိမ့်မယ်။” ကချင်လူမျိုးများနဲ့ ပတ်သက်လို့ “ဘယ်လိုပဲ ဆိုဆို ငါတို့တတွေဟာ လက်ဦးထားဖို့က အရေးကြီးတယ်။ မညှာနဲ့၊ ညှာရင်နာမယ်။ ဗမာတွေ သတိထားကြ။” ... မွန်တိုင်းရင်းသား အပေါ် သဘောထားအဖြစ်လည်း “အတိတ်က သူပိုင်တယ်၊ ငါပိုင်တယ်ဆိုတာ ဗမာတွေ နားမလည်ဘူး။ လက်ရှိမှာ ဘယ်လို ရှိနေသလဲ၊ ရှိနေသလိုပဲ ထိန်းထားတတ်ရမယ်” စသဖြင့် မြန်မာပြည်ရဲ့ အဓိက တိုင်းရင်းသား လူမျိုးစုတွေအပေါ် ဖိနှိပ် ချိုးနှိမ်ရေး တရားတွေ ဟောထားပါတယ်။ “ဗမာဟာ မဟာဗမာဖြစ်ဖို့ အဓိကပဲ”လို့ အဲဒီ “သေတမ်းစာ” ဆိုတာထဲ မှာ နောက်ဆုံး နိဂုံးချုပ် မှာကြားထားပါတယ်။

ဒီ “သေတမ်းစာ” ပါ သဘောထားအမြင်တွေဟာ အင်မတန်မှ ဆိုးဝါးလှပြီး ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ တသက်တာပတ်လုံး ရပ်တည် လှုပ်ရှားချက်တွေနဲ့ ကွဲလွဲနေပါတယ်။ ဒါကြောင့် ဒီသေတမ်းစာဟာ တကယ် အမှန် အကန် ဟုတ်မဟုတ် စိစစ်ဖို့ လိုလာပါတယ်။

သခင်ကိုယ်တော်မှိုင်းရဲ့ စိတ်ဓာတ်နဲ့ ရပ်တည်ချက် အမှန်ကို သိရအောင် သူ့ဘ၀ တသက်တာထဲက ဖြစ်ရပ်တွေ ကို လေ့လာကြည့်တဲ့အခါ အခုလို တွေ့ရပါတယ်။

ဆရာကြီးဟာ အင်္ဂလိပ်ကိုလိုနီဘ၀မှာ နိုင်ငံလွတ်လပ်ရေး အတွက် စည်းရုံးရေး အနေနဲ့ ဇာတိမာန် မျိုးချစ်စိတ် တက်ကြွစေဖို့ အနော်ရထာ၊ ကျန်စစ်သား၊ တပင်ရွှေထီး၊ အလောင်းဘုရား စတဲ့ နာမည်ကျော် ဗမာဘုရင်တွေကို အမွှမ်းတင် ချီးမြှောက်တာ လုပ်ခဲ့ရပါတယ်။ ဒါပေမယ့် အဲဒီခေတ်ဟောင်း ဘုရင်တွေလို စတုတ္ထ မြန်မာနိုင်ငံ ထူထောင်ရေး၊ မဟာဗမာ အင်ပါယာ ထူထောင်ရေး စိတ်ဓာတ်တွေကိုတော့ အမွေ မဆက်ခံခဲ့ပါဘူး။

ရှေးရိုးစွဲ ခေတ်ဟောင်းအတွေးအခေါ် မရှိတဲ့အကြောင်းကို ၁၉၂၇ ခုနှစ်ဆန်းက ဖြစ်ခဲ့တဲ့ “ဆယ်ကုဋေကျော် အရေးတော်ပုံ” ဆိုတဲ့ ဖြစ်ရပ်မှာ စတွေ့နိုင်ပါတယ်။ ၁၉၂၆ နှစ်ကုန်ပိုင်းက သူရိယ သတင်းစာထဲ ပါတဲ့ ဦးဘဖေရဲ့ ဆောင်းပါး တပုဒ်မှာ ဗမာပြည်ဟာ ဘုန်းကြီးပျံတွေ၊ ဘုရားပွဲတွေကြောင့် တနှစ်ကို ကျပ်ငွေ ဆယ်ကုဋေကျော် (ကျပ်သန်း ၁၀၀ ကျော်) ကုန်ကျနေတဲ့ အကြောင်း၊ တိုင်းသူပြည်သားတွေ ဆင်းရဲလှတဲ့ နိုင်ငံမှာ ဒီလိုမျိုး ငွေဖြုန်းတီးမယ့် အစား ဆင်းရဲသား လူထုအကျိုးရှိမယ့် တခြားလုပ်ငန်းတွေမှာ သုံးသင့်ကြောင်း ရေးထားလို့ သံဃာတွေ အပါအ၀င် ဘာသာရေး သမားတွေကြားမှာ ဆူပွက်သွားခဲ့ပါတယ်။ ဒီဆောင်းပါးကို ဆန့်ကျင်တဲ့ ဘက်နဲ့ ထောက်ခံတဲ့ဘက် အပြန်အလှန် အပြင်းအထန် ရေးကြ ဟောပြောကြလို့ ဆယ်ကုဋေကျော် အရေးတော်ပုံ သို့မဟုတ် ဆယ်ကုဋေကျော် တိုက်ပွဲ ဆိုပြီး နာမည် ကျော်သွားပါတယ်။ အဲဒီတိုက်ပွဲမှာ ဆရာကြီး သခင်ကိုယ်တော် မှိုင်းဟာ ဦးဘဖေကို ထောက်ခံပြီး မလိုအပ်တဲ့ ဖြုန်းတီးမှု ဆန့်ကျင်ရေးဘက်က ရပ်တည်ခဲ့ပါတယ်။ သံဃာတော် တွေက အကြီးအကျယ် ရှုတ်ချ တိုက်ခိုက်တာ ခံခဲ့ရပေမယ့်လည်း မိမိအယူအဆကိုပဲ ခိုင်ခိုင်မာမာ ကိုင်စွဲခဲ့ပါ တယ်။ ဒါကိုကြည့်ရင် ဆရာကြီးမှိုင်းဟာ ခေတ်ဟောင်း ပဒေသရာဇ် ၀ါဒစွဲ၊ ဘာသာရေးစွဲ၊ လူမျိုးရေးစွဲ မရှိတာ သိသာပါတယ်။

၁၉၃၃ ခုမှာ ခွဲရေး-တွဲရေးကိစ္စ ပေါ်လာတဲ့အခါမှာလည်း ဗမာပြည်ကို အိန္ဒိယပြည်နဲ့ ခွဲရေးကို ဆရာကြီးက ဆန့်ကျင်ခဲ့ပါတယ်။ အင်္ဂလိပ်ကျွန် ဖြစ်ရတာချင်း အတူတူ လူမျိုးရေးအရ ခွဲတာကို မလိုလားဘဲ အဖိနှိပ်ခံချင်း ရိုင်းပင်းလက်တွဲ တိုက်ပွဲဝင်ရေးဘက်က ရပ်တည်ခဲ့ပါတယ်။ ဒီထက် ပိုထင်ရှားတဲ့ အဖြစ်ကတော့ ၁၉၃၈ ခု ကုလား-ဗမာ အဓိကရုဏ်းမှာ ကုလားဆန့်ကျင်ရေး မဟာဗမာ လူမျိုးရေးကို အတိအလင်း ဆန့်ကျင်ခဲ့တာပဲ ဖြစ်ပါတယ်။ အဲဒီတုန်းက သခင်ကိုယ်တော်မှိုင်းရဲ့ “ကုလားအရေးလောက်ကိုဖြင့်၊ ဓားသွေးလောက်တယ် ဆရာမထင်လို့မို့ ...” ဆိုတဲ့ လေးချိုး ကဗျာစာသားဟာ ထင်ရှား ကျော်ကြားပြီး ထိမိခဲ့လှပါတယ်။

၁၉၃၇ ခုမှာ သခင်ကိုယ်တော်မှိုင်းဟာ တိုးတက်ရေး မဂ္ဂဇင်းထဲမှာ ဆရာစံ သူပုန်ကို ထောက်ခံတဲ့ “ပုန်ကန်ခြင်း” ဆောင်းပါးကို ရေးခဲ့ပါတယ်။ အဲဒီဆောင်းပါးမှာ ရာဇ၀င်ထဲက “အပြစ်လွတ်သော ပုန်ကန်ခြင်း” ဥပမာတွေကို ထောက်ပြရာမှာ မွန်အမတ် ငရန်မန်ကန်းက ဗမာဘုရင် စောလူးမင်းကို ပုန်ကန်တာကို အပြစ်လွတ်တဲ့ ပုန်ကန်ခြင်း၊ အခုခေတ် စကားနဲ့ပြောရရင် တရားတဲ့ တော်လှန်စစ်အဖြစ် ဖော်ပြခဲ့ပါတယ်။ ဗမာပြည်မှာ ဟိုးအရင် ပဒေ သရာဇ်ခေတ်၊ အင်္ဂလိပ်ခေတ်ကရော၊ အခု နအဖခေတ်အထိပါ အများသိထားတာက ငရန်မန်ကန်းဟာ ပထမ မြန်မာနိုင်ငံတော်ကို ဖျက်ဆီးဖို့ကြံတဲ့ ဆူပူသောင်းကျန်းသူ ဗီလိန်အဖြစ် သိထားကြ၊ ၀ါဒ ဖြန့်နေကြတာ ဖြစ်ပါ တယ်။ အဲဒီ အယူအဆကနေ ခွဲထွက်ပြီး ငရမန်ကန်းကို မှန်ကန် တိုးတက်တဲ့ တော်လှန်ရေးသမား အဖြစ် သတ်မှတ်တာဟာ ကျနော်သိသလောက် သခင်ကိုယ်တော်မှိုင်းက ပထမဆုံး ဖြစ်ပါတယ်။ ငရန်မန်ကန်း ပုန်ကန်မှုကို ပထမဆုံး မွန်အမျိုးသား လွတ်မြောက်ရေး တော်လှန်ရေးအဖြစ် ဂုဏ်ပြု သတ်မှတ်ခဲ့တဲ့ ဒုတိယမြောက် ဗမာနိုင် ငံရေးသမား၊ စာပေသမားကတော့ ဆရာ ဗန်းမော်တင်အောင် ဖြစ်ပြီး “မြန်မာနိုင်ငံတော်သမိုင်း” စာအုပ်မှာ သုံးသပ် ခဲ့တာဖြစ်ပါတယ်။

၁၉၄၈ ခုလွတ်လပ်ရေးရပြီးနောက် ဗမာပြည်ကွန်မြူနစ်ပါတီ၊ ပြည်သူ့ရဲဘော်၊ တော်လှန်သော ဗမာ့တပ်မတော်တို့ ပုန်ကန် တော်လှန်ပြီးနောက် ကရင်အမျိုးသား အစည်းအရုံး (KNU) ကလည်း ၁၉၄၉ ခုနှစ်ဆန်းမှာ တော်လှန်ရေး စတဲ့အတွက် ရွက်စုံ တက်စုံ ပြည်တွင်းစစ်ကြီး ဖြစ်လာတဲ့အခါ ဒီလို မဖြစ်ရအောင် စောစောကတည်းက နိုင်ငံရေးအရ ဒီမိုကရေစီ နည်းကျကျ ဖြေရှင်းဖို့ သခင်ကိုယ်တော်မှိုင်း ကြိုးပမ်းခဲ့တာ မအောင်မြင်ခဲ့တဲ့ အကြောင်းကို “လောကတခွင်မှာနော်ကွယ်၊ ဟောမရ ပြောမရတာတွေကြောင့်၊ သောကပူပင် ...” စသဖြင့် ဖဆ ပလခေါင်းဆောင်တွေကို ရှုတ်ချတဲ့ ကဗျာစပ် ရင်ဖွင့်ခဲ့ပါတယ်။

သခင်ကိုယ်တော်မှိုင်းဟာ လက်ဝဲသူပုန်တွေနဲ့ တိုက်တာဖြစ်ဖြစ်၊ တိုင်းရင်းသား သူပုန်တွေနဲ့ တိုက်တာဖြစ်ဖြစ် ပြည်တွင်းစစ် အားလုံးကို ဆန့်ကျင်ခဲ့တဲ့ ငြိမ်းချမ်းရေး သမားစစ်စစ်ကြီး ဖြစ်ပါတယ်။ ဒါပေမယ့် အုပ်စိုးသူတွေက ဘယ်လောက် မတရားလုပ်လုပ် ငုံ့ခံရေး အယူအဆရှိတဲ့ ရွှေပြည်အေး ငြိမ်းချမ်းရေးသမား Pacifist တော့ မဟုတ်ပါဘူး။ နှစ်ဦးနှစ်ဘက် ဆွေးနွေး ညှိနှိုင်းပြီး အာဃာတ မထားရေး၊ သူမနာ-ကိုယ်မနာ ငြိမ်းချမ်းရေး ရဖို့ ရပ်တည်သူ ဖြစ်ပါတယ်။ အခုဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောနေတဲ့ သင်ပုန်းချေရေး၊ စေ့စပ်ဆွေးနွေးရေး ဆိုတာတွေကို ဗမာပြည်မှာ ပထမဆုံး စပြောခဲ့သူ ဖြစ်ပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေးအတွက် သခင်ကိုယ်တော်မှိုင်းဟာ ဗမာပြည်အနှံ့ ခရီးထွက် စည်းရုံး ခဲ့ရာမှာ ၁၉၅၄၊ ၅၆- ၅၇၊ ၆၁ ခုမှာ မြစ်ဝကျွန်းပေါ်ဒေသ၊ ၁၉၅၆ ခုမှာ ကချင်ပြည်၊ ၁၉၅၇ ခုမှာ ရခိုင်ပြည်တို့ကို သွားခဲ့ပါတယ်။ ဗမာ တွေတင်မက ကရင်၊ ကချင်၊ ရှမ်း၊ ရခိုင်တိုင်းရင်းသား လူထုတွေက အကြီးအကျယ် အုတ်အော်သောင်းနင်း ကြိုဆိုကြပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း လာတုန်းက မကြိုဆိုခဲ့တဲ့ ရခိုင် တိုင်းရင်းသားတွေဟာ သခင် ကိုယ်တော်မှိုင်းကိုတော့ အကြီးအကျယ် ကြိုခဲ့ကြပါတယ်။ ရခိုင် တိုင်းရင်းသားတွေ အကြီးအကျယ် ကြိုဆိုထောက်ခံတဲ့ ဗမာခေါင်းဆောင်ဆိုတာ သခင်ကိုယ်တော်မှိုင်းနဲ့ ဒေါ်အောင်ဆန်းစုကြည် နှစ်ယောက်ပဲ ရှိမယ်ထင်ပါတယ်။ ဗမာ အမျိုးသမီးတွေ တင်မက တိုင်းရင်းသူ အမျိုးသမီးတွေကပါ သခင်ကိုယ်တော်မှိုင်း သွားရာလမ်းမှာ ဆံပင်ဖြန့် ခင်းပေးတာတွေ ဖြစ်ခဲ့ပါတယ်။ ဒါတွေကို ကြည့်ခြင်းအားဖြင့် ပြည်တွင်းက တိုင်းရင်းသားတွေနဲ့ သခင်ကိုယ် တော်မှိုင်း ဆက်ဆံရေး အနေအထားကို အလွယ်တကူ သိနိုင်ပါတယ်။

ဆရာကြီးသခင်ကိုယ်တော်မှိုင်းဟာ ပြည်တွင်းငြိမ်းချမ်းရေး အတွက် လှည့်လည် စည်းရုံးရာမှာ ကရင်အမျိုးသား နိုင်ငံရေး သမားတွေဖြစ်တဲ့ မန်းထွန်းရင်၊ မန်းကျော်အုံး၊ စောကျော်စိုး (အင်းစိန်)၊ စောကျော်စိန်၊ ဒေါက်တာ ဆင်ဖိုးတို့နဲ့ တွဲခဲ့ပါတယ်။ ဒေါက်တာဆင်ဖိုးဟာ ဆရာကြီးရဲ့ကျန်းမာရေးကို တောက်လျှောက် အနီးကပ် တာဝန် ယူခဲ့သူ ဖြစ်ပါတယ်။ ဆရာကြီးဟာ ကရင်ခေါင်းဆောင် မန်းဒါဝိတ်နဲ့ အထူးရင်းနှီးလှပြီး ဆရာတပည့်လို၊ သားအဖလို နေထိုင် လက်တွဲခဲ့ပါတယ်။ မန်းဒါဝိတ်ဟာ မြေပေါ် ကရင်အမျိုးသား ခေါင်းဆောင်တယောက် ဖြစ်ရုံမက ကေအဲန်ယူရဲ့ ယူဂျီခေါင်းဆောင် တယောက်ဖြစ်ပြီး မဆလခေတ်မှာ နှစ်ကြိမ်၊ န၀တခေတ်မှာ တကြိမ် ထောင်ကျခဲ့ပါတယ်။ ၁၉၉၂ ခုမှာ အင်းစိန်ထောင်မှာပဲ ကျဆုံးသွားခဲ့ပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေးကော်မတီမှာ သခင်ကိုယ်တော်မှိုင်းနဲ့ လက်တွဲ လှုပ်ရှားခဲ့တဲ့ ရဲဘော် သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောက ဆရာကြီးရဲ့ တိုင်းရင်းသား လူမျိုးတွေအပေါ် သဘောထားကို ၂၀၀၇ ခုနှစ်တုန်းက ဒီလို ပြောပြခဲ့ဖူးပါတယ်။ “သခင်ကိုယ်တော်မှိုင်းဟာ ကေအဲန်ယူနဲ့ ပြည်တွင်းစစ်ကို စေ့စပ် ဆွေးနွေးတဲ့ နည်းနဲ့ ငြိမ်းချမ်းရေး ရဖို့ ရပ်ခံခဲ့တယ်။ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် လှည့်လည်ရာမှာ မြစ်ဝကျွန်းပေါ် ကရင်များက အထူးကြည်ညို လေးစားကြတယ်။ ကရင်ရွာများကို သွားရောက် ဟောပြောခဲ့တယ်။ သူ့မှာ တိုင်းရင်းသားလူမျိုး စုတွေအပေါ် အထင်သေး နှိမ်ချတဲ့စိတ်၊ ခွဲခြားဖိနှိပ်ချင်တဲ့စိတ် လုံးဝမရှိဘူး။ စိတ်သဘောထား အင်မတန်နူးညံ့ သူဖြစ်တယ်။ ... ဆရာကြီး ကွယ်လွန်ချိန်အထိ ကျနော်တောက်လျှောက် အနီးကပ်နေခဲ့တာ၊ ကျနော့်လက်ပေါ် မှာပဲ ဆုံးသွားတာ ဖြစ်တဲ့အတွက် ဒီလိုသေတမ်းစာ ဆိုတာမျိုး လုံးဝ မရှိခဲ့ဘူးလို့ ကျနော် သေချာပြောရဲတယ်။ ဒါ့ အပြင် မြန်မာ့ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးစံမှာ၊ ဗုဒ္ဓဘာသာ ထုံးစံမှာ သေတမ်းစာ ဆိုတာလည်း မရှိပါဘူး” လို့ ဗိုလ်ကျော်ဇောက ခိုင်ခိုင်မာမာ ပြောပြပါတယ်။

၁၉၆၁ ခု ဇွန်လမှာ တိုင်းရင်းသားခေါင်းဆောင်တွေ တောင်ကြီး ညီလာခံ ကျင်းပပြီး ၁၉၄၇ အခြေခံ ဥပဒေ ပြင်ဆင်ရေး အတွက် ဖက်ဒရယ်မူ (ခေါ်) ရှမ်းမူကို ဖော်ထုတ်ခဲ့တဲ့ အခါ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ခေါင်းဆောင်တဲ့ ပြည်တွင်းငြိမ်းချမ်းရေး ကော်မတီ အဖွဲ့ဝင်တွေဖြစ်တဲ့ ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော၊ ဦးအောင်သန်း (ဗိုလ်ချုပ်အောင်ဆန်းအစ်ကို)၊ ဦးသိန်းဖေမြင့်တို့က ထောက်ခံခဲ့ကြပါတယ်။ သူတို့ နောက်ကွယ်မှာ သခင်ကိုယ်တော်မှိုင်း ရှိနေတာ ယုံမှားစရာ မရှိပါဘူး။

အကယ်၍သာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းသာ မဟာဗမာဝါဒီ တယောက်၊ တိုင်းရင်းသား ဖိနှိပ်ရေးသမား တယောက်ဖြစ်ခဲ့ရင် ဗြောင်အတိအလင်း ဖက်ဒရယ်ဆန့်ကျင်ရေး စတုတ္ထ မဟာဗမာ အင်ပါယာ ထူထောင်ရေး ဗမာ အမျိုးသားရေး သက်သက် ၀ါဒသမားတွေဖြစ်တဲ့ သခင်ဗစိန်၊ ဗိုလ်မှူးချုပ်မောင်မောင်၊ ဦးကျော်ငြိမ်းတို့နဲ့ တသားတည်း တွဲမိခဲ့မှာ ဖြစ်ပါတယ်။ ဒါပေမယ့် လက်တွေ့မှာ ဒီလူတွေဟာ ဆရာကြီးအပေါ် အခါးသီးဆုံး ရန်ဘက်တွေ လိုပဲ သဘောထား ခဲ့ကြပါတယ်။ ဒါ့အပြင် ကိုယ့်အာဏာအတွက် တိုင်းရင်းသားတွေကို လိုရင်လိုသလို အသုံးချ သွားတဲ့ ပါလီမန် ဒီမိုကရေစီ ၀န်ကြီးချုပ်ဟောင်း ဦးနု၊ ဖက်ဒရယ် ဆန့်ကျင်ရေး စစ်အာဏာရှင် ဗိုလ်နေ၀င်းတို့နဲ့လည်း ဘယ်လိုမှ အစေးမကပ်ခဲ့ပါဘူး။ ဒါကြောင့် န၀တ-နအဖ တို့ကလည်း သခင်ကိုယ်တော်မှိုင်း အခန်းကဏ္ဍ ကို ဘယ်လိုမှ နေရာမပေး အသိအမှတ် မပြုကြတာ ဖြစ်ပါတယ်။

ဒါကြောင့် “သခင်ကိုယ်တော်မှိုင်းသေတမ်းစာ”ဆိုတဲ့ စာတမ်းဟာ တန်းတူရေးအတွက် တိုက်ပွဲဝင်နေတဲ့ လက်နက်ကိုင် တိုင်းရင်းသား လူမျိုးတွေနဲ့ ရိုးသန့်စင်ကြယ်တဲ့ ဗမာလူမျိုး ဒီမိုကရေစီသမားတွေ ပေါင်းစည်း ညီညွတ် မိသွားမှာကို စိုးရိမ်တဲ့ အာဏာရှင် ဘက်တော်သားတွေရဲ့ လုပ်ကြံ လီဆယ်မှု သက်သက်ပဲ ဖြစ်ပါတယ်။

ဂါမဏိ

Read More...

နေ့စဉ်သတင်းများ (၄- ၆- ၀၉)

အထိန်းသိမ်းခံတဦးကို လွှတ်ပေးရန် အမေရိကန်သံရုံးရှေ့တွင် ဆန္ဒပြ သတင်း
အမေရိကန်သံရုံးရှေ့ ဆန္ဒပြသူများ အဖမ်းခံရ သတင်း
ဆောက်လုပ်ရေးညံ့ဖျင်းမှုကြောင့် ဓနုတ်စေတီတော်ကြီး ပြိုရ၊ နအဖသတင်းစာများ ၀န်ခံရေးသား သတင်း
ကေအန်ယူတပ်မဟာ (၇) ကို နအဖနှင့် ဒီကေဘီအေ ထိုးစစ်ဆင် သတင်း
နယ်ခြားစောင့်တပ်ဖွဲ့ရန် အပစ်ရပ် ကရင်နီအဖွဲ့အများစု သဘောတူရန်ရှိ သတင်း
“ဝ” တပ်ဖွဲ့ကို နယ်ခြားစောင့်တပ်ပြောင်းလဲရန် စစ်အစိုးရ ထပ်ပြော သတင်း
ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးမှုအပေါ် ကိုရီးယားအစိုးရက စိုးရိမ်မှုပြသ သတင်း
ဦးတင်ဦး အကျယ်ချုပ် ၆နှစ် မပြည့်သေးဟု စစ်အစိုးရ တွက် သတင်း
သပိတ်စုံ၊ သူပုန်ထ၊ တော်လှန်ကြစို့ (ဆောင်းပါး)
ပြင်ဆင်နေတဲ့ လှုပ်ရှားမှုသတင်းများနဲ့ ဒေါ်အောင်ဆန်းစုကြည် သတင်းမှတ်စု သတင်း
ရန်ကင်း အန်အယ်ဒီဥက္ကဋ္ဌ ထောင်ပြောင်းရဖွယ်ရှိ သတင်း
နယ်စပ်ကုန်သွယ်ရေး စည်းမျဉ်းတင်းကျပ်၊ တံစိုးလက်ဆောင်ပစ္စည်း ပေးနေရ သတင်း
မိုး/ဇလ ညွှန်ချုပ်ကို တာဝန်မှ ရပ်ဆိုင်း သတင်း
ကော့သောင်းတွင် မြေပြို၊ အနည်းဆုံး ၄ ဦး သေ သတင်း
ကျောင်းသားများ အပါအ၀င် မြန်မာအလုပ်သမား ရာကျော် ဖမ်းဆီးခံရ သတင်း
အရပ်သားလူငယ်တဦး မတော်တဆ ကျည်ဆံထိမှန်၍ သေဆုံး သတင်း
ဇေကမ္ဘာ၏ ချယ်ရီ FM တောင်ကြီးတွင် မကြာမီ စတင်မည် သတင်း
အနှစ် ၂၀ ပြည့် တရုတ်နိုင်ငံ တီယန်မင်အရေးအခင်း သတင်း

Read More...

Thursday, June 4, 2009

မဲဆောက်တွင် နိုင်ငံတကာ တက္ကသိုလ်ဖွင့်ရန်စီစဉ် မြန်မာရွှေ့ပြောင်း ကျောင်းသားများ တက်ရောက်နိုင်

NEJ / ၃ ဇွန် ၂၀၀၉

ဒေသတွင်းရောက် မြန်မာရွှေ့ပြောင်းကျောင်းများမှ ကျောင်းသားများ အဆင့်မြင့် ပညာ သင်ကြားနိုင်ရေး အတွက် မဲဆောက်မြို့တွင် နိုင်ငံတကာ တက္ကသိုလ် ဖွင့်လှစ်နိုင်ရန် ထိုင်းနိုင်ငံရှိ ထမဆတ် တက္ကသိုလ်မှ ကြီးမှူး စီစဉ်နေသည်။

မဲဆောက်ဒေသအခြေစိုက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ပညာရေးကော်မီတီ ဥက္ကဋ္ဌ ဆရာမ နော်ဖောရေက “ကျမတို့ဒေသမှာ နိုင်ငံတကာ တက္ကသိုလ်တခု ဖွင့်နိုင်ခဲ့မယ်ဆိုရင် မြန်မာရွှေ့ပြောင်းကလေးတွေ အတွက် ပညာရေး အခွင့်အလမ်းတွေ ပိုပြီးရရှိလာမယ်။ ရွှေ့ပြောင်းကလေးတွေပါ တက်နိုင်ဖို့ အစီအစဉ်ရှိတယ်ဆိုတော့ ဒီကိစ္စကို ကျမတို့ ကြိုဆိုတယ်” ဟု ပြောသည်။

ထိုင်းနိုင်ငံရှိ ထမဆတ်တက္ကသိုလ်မှ ဒေါက်တာ ဒေးချားတန့်စီဖား၊ အခြား တက္ကသိုလ်များမှ ဆရာဆရာမများနှင့် ဘွဲ့လွန် ကျောင်းသားများသည် မဲဆောက်တွင် နိုင်ငံတကာ တက္ကသိုလ်တခု ဖွင့်လှစ်နိုင်ရန် အတွက် မြန်မာရွှေ့ပြောင်း ကလေးငယ်များ၏ ပညာရေး ဆောင်ရွက်နေကြသည့် အဖွဲ့အစည်းများနှင့် ယမန်နေ့က လာရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲတွင် သင်ရိုးညွှန်းတမ်းများကို ထည့်သွင်းနိုင်ရန်အတွက် မြန်မာရွှေ့ပြောင်း ပညာရေး အဖွဲ့အစည်းများက ကျန်းမာရေး၊ ပညာရေး၊ လူငယ်နှင့် အမျိုးသမီး၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ၊ လူ့ပတ်ဝန်းကျင်နှင့် ထုံးတမ်းစဉ်လာ များ စသည်တို့ကို နှီးနှော ဖလှယ်ခဲ့ကြသည်။

နိုင်ငံတကာတက္ကသိုလ်ဖွင့်လှစ်မည့် ကိစ္စနှင့်ပတ်သက်၍ ဆရာမ နော်ဖောရေက “ဒီကျောင်းဖွင့်ဖို့ အနည်းဆုံး (၃) နှစ် လောက်တော့ ကြာနိုင်တယ်။ သူတို့က အခုမှ လာပြီး သုတေသန လုပ်တဲ့ အဆင့်ပဲရှိသေးတယ်။ အခုလက်ရှိမှာ မြန်မာရွှေ့ပြောင်း အထက်တန်း ကျောင်းကနေ အောင်မြင်သွားတဲ့ သူတွေဟာ တက္ကသိုလ် ဆက်တက်နိုင်ဖို့ အခက်အခဲတွေ အများကြီးရှိတော့ ဒီ အင်တာနေရှင်နယ် တက္ကသိုလ်သာ ဖွင့်လိုက်မယ်ဆိုရင် သူတို့တွေအတွက် အဆင့်မြင့် ပညာရပ်တွေ သင်ကြားခွင့်ရှိလာမယ်” ဟု ပြောသည်။

မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် တက္ကသိုလ်တခုခုမှ ဘွဲ့ရရှိပြီးပါက ထိုင်းနိုင်ငံအတွင်း အစိုးရအလုပ်များ တွင် လုပ်ကိုင်ခွင့် မရရှိသည့်တိုင် အနည်းဆုံး ကုမ္ပဏီများ၊ ပုဂ္ဂလိက လုပ်ငန်းခွင်များတွင် ၀င်ရောက် လုပ်ကိုင်ခွင့် ရကြမည်ဟု သိရသည်။

မြန်မာရွှေ့ပြောင်း အလုပ်သမားများ ပညာရေးကော်မီတီ (BMWEC) ၏ အစီအစဉ်ဖြင့် အထက်တန်း ပညာရေး အောင်မြင်သွားသူ အချို့ကို ဘန်ကောက်ရှိ တက္ကသိုလ်ကြီးများတွင် ပညာသင်ကြားနိုင်ရန် ဆက်လက်ပို့ဆောင် ခဲ့သော်လည်း အခက်အခဲ အမျိုးမျိုးကြောင့် ကျောင်းသားဦးရေ အနည်းငယ်သာ ပို့ဆောင်နိုင်သည်ဟု ဆရာမ နော်ဖောရေက ပြောသည်။

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်အတွင်းရှိ မဲဆောက်၊ မယ်လမတ်၊ ဖို့ဖတ်စသည့် (၃) မြို့နယ်တွင် မြန်မာရွှေ့ပြောင်း ကလေးငယ်များ အတွက် စာသင်ကျောင်းပေါင်း (၆၀) ရှိပြီး ကျောင်းသား (၁) သောင်းကျော် ကျောင်းအသီးသီးတွင် ပညာသင်ကြားလျက်ရှိသည်။

ယင်းဒေသများအတွင်း အရွယ်ရောက်ပြီး ပညာသင်ကြားနိုင်ခွင့် မရှိသည့် ကလေးငယ် အရေအတွက်မှာ (၃) သောင်း ခန့် ရှိသည်ဟု BMWEC အဖွဲ့၏ မှတ်တမ်းများအရ သိရှိရသည်။

Ref: ခေတ်ပြိုင်

Read More...

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကြေညာချက် အမှတ် (၁ / ၆/ ၀၉)

Read More...

နေ့စဉ်သတင်းများ (၃- ၆- ၀၉)

အပြီးသတ်လျှောက်လဲချက် ရုံးချိန်း ထပ်မံရွှေ့ဆိုင်း သတင်း
အထိန်းသိမ်းခံ တကိုယ်တော်ဆန္ဒပြသူ ဦးဇော်ညွန့် မိသားစုနဲ့ တွေ့ခွင့်မရသေး သတင်း
ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး တကိုယ်တော်လှုပ်ရှားသူများရဲ့ နောက်ဆုံးအခြေအနေ သတင်း
ဒေါ်အောင်ဆန်းစုကြည်အမှု သက်သေကိစ္စ ပြင်ဆင်ချက် ရန်ကုန်တိုင်းတရားရုံး ကြားနာမည် သတင်း
ပယ်ချခံသက်သေတွေကိစ္စ ပြင်ဆင်ပေးမှာလား သတင်း
ဦးဝင်းတင်ရဲ့ နိုင်ငံရေးပုံစံသစ် (မျက်မှောက်ရေးရာ)
ဒေါ်အောင်ဆန်းစုကြည် ထောင်ကျသွားရင် NLD ဘာဆက်လုပ်မလဲ (တိုက်ရိုက်လေလှိုင်း)
ပြည်ပက မြန်မာတွေ လမ်းပေါ်ထွက်ဖို့ အချိန်ရောက်ပြီဟု အယ်လ်အေက မြန်မာများက နှိုးဆော် သတင်း
နိုင်ငံရေးအကြောင်းပြောသူများကို စောင့်ကြည့်ရန် အာဏာပိုင်မှ ဆိုင်ရှင်များကိုညွန်ကြား သတင်း
၂၀၀၉-၂၀၁၀ စာသင်နှစ်တွင် ကျောင်းသားအရေအတွက် လျော့နည်း သတင်း
ရာဘာစိုက်ရာသီရောက်လာသော်လည်း ပျိုးပင်ရောင်းအားမကောင်း သတင်း
ဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်ရန် ထိုင်းအမျိုးသမီးအမတ်များ တောင်းဆို သတင်း
ဓနုတ်သတင်း မပြောရ၊ ထောင်ဒဏ် ၃ နှစ် သတင်း
သမ္မတအိုဘားမား အရှေ့အလယ်ပိုင်းခရီးစဉ် ဆော်ဒီအာရေးဗီးယားနဲ့ စတင် သတင်း

Read More...

Wednesday, June 3, 2009

ဥပဒေအမြင်အရ ဒေါ်အောင်ဆန်းစုကြည်တွင် အပြစ်မရှိ

NEJ / ၂ ဇွန် ၂၀၀၉

မြန်မာစစ်အစိုးရ ကာကွယ်ရေးဒု-၀န်ကြီး ဗိုလ်ချုပ်အေးမြင့်က မေ (၃၁) ရက်တွင် စင်ကာပူ နိုင်ငံ၌ ပြုလုပ်သော အာရှ ပစိဖိတ်ဒေသ၏ လုံခြုံရေးဆိုင်ရာ အစည်းအဝေး တွင် မြန်မာနိုင်ငံ၏ လတ်တလော နိုင်ငံရေး ဖြစ်စဉ်များကို ရှင်းလင်း တင်ပြရာတွင် ဒေါ်အောင်ဆန်းစုကြည်အား ဥပဒေနှင့်အညီ အမှုဖွင့် တရားစွဲဆို ခဲ့ကြောင်း ရှင်းလင်း တင်ပြခဲ့သည်။ ယင်းသို့ ဗိုလ်ချုပ်အေးမြင့်၏ ပြောကြားချက်များနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၏ အမှုလိုက် ရှေ့နေတဦးလည်းဖြစ် အန်အယ်လ်ဒီ၏ ပြောခွင့်ရ ပုဂ္ဂိုလ်လည်းဖြစ်သူ ဦးဉာဏ်ဝင်းနှင့် ခေတ်ပြိုင်မှ ဆက်သွယ် မေးမြန်းထားပါသည်။

မေး။ ။ ဗိုလ်ချုပ်အေးမြင့်က ဒေါ်အောင်ဆန်းစုကြည် ခြံဝင်းအတွင်း မစ္စတာ ယက်တော ၀င်ရောက်မှုကို လျှို့ဝှက် ၀င်ရောက်တယ်လို့ ပြောပြီး မေ (၆) ရက် မနက် ပြန်အထွက်ကျမှ အင်လျားကန်အတွင်း မစ္စတာယက်တော ရေကူးနေတာကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေက တွေ့တယ်လို့ ပြောပါတယ်။ အ၀င်တုန်းက မတွေ့ဘဲ အထွက်ကျမှ လုံခြုံရေးတွေက တွေ့တယ်ဆိုတဲ့ ဗိုလ်ချုပ်အေးမြင့်ရဲ့ ပြောဆိုချက်အပေါ် ဘယ်လို တုံ့ပြန် ပြောကြားလိုပါသလဲ။

ဖြေ။ ။ ဒီကိစ္စနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က သူ့ကြေညာချက် ထဲမှာ ဖော်ပြ ထားပါတယ်။ အခု အဖြစ်အပျက်ဟာ လုံခြုံရေး ချို့ယွင်းလို့။ ဘယ်ပုံ ဘယ်နည်း ချို့ယွင်းလဲတော့ သူမသိဘူး။ သို့သော်လည်းပဲ လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့ တစုံတရာ အရေးမယူဘဲနဲ့ သူ့အပေါ်မှာ အရေးယူတာဟာ ဘက်လိုက် ဆောင်ရွက်မှုလို့ ဒေါ်အောင်ဆန်းစုကြည်က ဒီအတိုင်းတင်ပြထားပါတယ်။

မေး။ ။ နောက်တခု ဗိုလ်ချုပ်အေးမြင့်က ပြောပါတယ်။ ပြစ်မှု ကျူးလွန်သူအား အရေး မယူလျှင် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ချိုးဖောက်မှုများ ရှိလာမယ်လို့လည်း ဆိုထားပါတယ်။ အဲဒီအပေါ်မှာ အန်ကယ်ဘယ်လို မြင်ပါသလဲ။

ဖြေ။ ။ အဲဒါကတော့ သူက ခြုံပြီးပြောတာ။ လုံခြုံရေးနဲ့ ပတ်သက်ပြီး ပြစ်မှုကျူးလွန်တဲ့ သူတွေကို ဒီနေ့ထိတော့ အရေးယူတာ ကျနော်တို့ မတွေ့သေးဘူး။

မေး။ ။ တရားရုံးက အမိန့်တစုံတရာမချမှတ်သေးဘဲ ဒေါ်အောင်ဆန်းစုကြည်ကို ဒီလို ပြစ်မှု ကျူးလွန်သူလို့ ပြောဆို သုံးနှုန်းလို့ ရပါသလား။

ဖြေ။ ။ တကယ်တော့ ဒီလိုပြောခွင့် မရှိပါဘူး။ တရားရုံးကို မထီမဲ့မြင် ပြုမှုတောင် မြောက်ပါတယ်။ တရားရုံးက ဘာမှ မဆုံးဖြတ်သေးခင် အာဏာရှိတဲ့ လူတွေက ဒီလို ပြောတာကတော့ တရားရုံးရဲ့ လွတ်လပ်မှုဟာ တကယ်ရှိရဲ့လား ဆိုတာကို ဒီဟာက မီးမောင်း ထိုးပြတာပဲ။

မေး။ ။ အခုလို မစ္စတာယက်တော ဒေါ်အောင်ဆန်းစုကြည် အိမ်ခြံ အတွင်း ရေကူး ၀င်ရောက်ခဲ့တာကို အကြောင်း မကြားလို့ ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ကို အမှုဖွင့် တရားစွဲဆို ခဲ့တာဟာ တကယ်ပဲ ပြစ်မှု မြောက်ပါသလား။

ဖြေ။ ။ အခုလို တရားစွဲဆိုထားမှုနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ ဘာပြစ်မှုမှ မမြောက်ဘူး။ သူတို့ဘက်က ထွက်ချက်တွေ အရကိုပဲ ကျနော်တို့အမြင်က ပြစ်မှု မမြောက်ဘူး။ အဲတော့ ပြစ်မှု မြောက်တယ်လို့ တာဝန်ရှိတဲ့သူက ပြောရင် သူက တရားရုံးကို လွှမ်းမိုးပြီးတော့ ပြောနေတာဖြစ်တယ်။ တရားရုံးရဲ့ လွတ်လပ်မှု ထိခိုက်စေတယ်လို့ ကျနော်မြင်ပါတယ်။

မေး။ ။ ဥပေဒေရဲ့အထက်မှာ မည်သူမျှ မရှိရဆိုတဲ့ တရားဥပဒေ ဆိုင်ရာ အခြေခံမူကို ထိန်းသိမ်းပြီး ကျင့်သုံးနိုင်မှ သာလျှင် တရားဥပဒေ စိုးမိုးမှုရှိမယ် လို့လည်း ဗိုလ်ချုပ်အေးမြင့်က ပြောပါတယ်။ တကယ်ပဲ မြန်မာနိုင်ငံမှာ တရားဥပဒေ အထက်မှာ ဘယ်သူမှ မရှိဘူးဆိုတာ ဟုတ်ပါသလား။ မြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးမှုရော တကယ်ရှိပါသလား။

ဖြေ။ ။ ကျနော်တို့ နိုင်ငံရေးနဲ့ပတ်သက်တဲ့ အမှုတွေကို ပြန်ကြည့်လိုက်ရင် ခွန်ထွန်းဦးတို့၊ မင်းကိုနိုင်တို့က အစ အခုဒေါ်အောင်ဆန်းစုကြည် အထိ ဘယ်မှာ တရားမျှတမှု ရှိမလဲ။ တရားရုံး တရုံးက ဥပမာတခု ကျနော်ပြောမယ်၊ ထောင်ဒဏ် (၁) ရက်ကနေ (၁၀) နှစ်ဆိုရင် (၁) ရက်ကနေ (၁၀) နှစ်ကြားထဲမှာ တရားရုံးက အမှုတခုချင်း အလိုက် သူရဲ့ ဆင်ခြင်တုံနဲ့ ဆုံးဖြတ်ရတာ။ အခု နိုင်ငံရေးပြစ်မှုတွေ အားလုံးက အမြင့်ဆုံးကြီးပဲပေးတယ်။ အဲတော့ တရားရုံး ဆင်ခြင်တုံဆိုတာ ဒီမှာအသုံးကို မပြုဘူး။ အဲဒါကိုက တရားမျှတမှု မရှိဘူးလို့ ကျနော်တို့ နမူနာ တခုအနေနဲ့ ပြောချင်တယ်။ တရားဥပဒေစိုးမိုးမှုနဲ့ ပတ်သက်လို့ကတော့ မေးခွန်း ထုတ်စရာတွေ အများကြီးရှိတယ်။ မမျှမတ လုပ်တာတွေလည်း အများကြီးရှိပါတယ်။

မေး။ ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်ကယ်တို့ ရှေ့နေတွေ တွေ့ပြီး ဆွေးနွေးခွင့် ရတယ်လို့ သိရပါတယ်။ အဲလိုတွေ့ဆုံမှုဟာ လုံလောက်တဲ့ အချိန်ရော ရရှိပါလား။

ဖြေ။ ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြီးခဲ့တဲ့စနေ မေ (၃၀) က တွေ့ခွင့်ရတယ်။ စနေနေ့ တုန်းကတော့ တွေ့ခွင့် အချိန် လုံလုံလောက်လောက် ရပါတယ်။ တကယ်တော့ ဒီလို တွေ့ဆုံခွင့်ဟာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သူ့ရဲ့ ခုခံခွင့်ကို မစခင်မှာရဖို့ ကျနော်တို့ တောင်းလာတာ။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကို စစ်ပြီးတော့မှပဲ ကျနော်တို့ တွေ့ခွင့်ရတယ်။ ဒါကလည်း မမှန်ကန်ဘူးပေါ့။ မိမိခုခံရေး လမ်းကြောင်းကို ရှေ့နေနဲ့ လုံလုံလောက်လောက် တိုင်ပင်ခွင့် မရခဲ့ဘူးလို့ ပြောချင်တယ်။

မေး။ ။ အခုအမှုမှာ တရားလို့ဘက်က သက်သေ (၁၅) ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည် ဘက်ကကျ သက်သေ (၁) ဦး သာ ထွက်ဆိုချက်ရတဲ့ အပေါ်မှာပဲ အမှုကိုကြားနာပြီး အမိန့် ချမှတ်ခဲ့မယ် ဆိုရင် ဒီတရားစီရင်မှု အပေါ်မှာ အန်ကယ် ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ ဒီဆောင်ရွက်မှုတွေဟာ တရားမျှတမှု မရှိဘူးလို့ အမြင်အရကို ပေါ်လွင်ပါတယ်။ နောက် ဥပဒေအရလည်း မှန်ကန်တယ်လို့ ကျနော်တို့ မယူဆဘူး။

မေး။ ။ ဒေါ်အောင်ဆန်းစုကြည်က အန်ကယ်တို့နဲ့ တွေ့တဲ့အခါမှာ အမှုနဲ့ပတ်သက်ပြီး ပြောဆိုမှုတွေ ရှိပါသလား အန်ကယ်။

ဖြေ။ ။ အများကြီးရှိတယ်။ သူကိုယ်တိုင် ကျနော်တို့ကို သူ့လက်ရေးနဲ့ ရေးပေးလိုက်တဲ့ အချက် အလက်တွေနဲ့၊ ဥပဒေနဲ့ ပေါင်းစပ်ပြီး ရေးနေပါတယ်။ ရုံးမှာတင်ဖို့ဖြစ်ပါတယ်။

မေး။ ။ အခုလာမယ့် ဇွန် (၅) ရက် ရုံးချိန်းမှာ နှစ်ဦးနှစ်ဘက် လျှောက်လွှဲချက်ကို အပြီး သတ်မယ်လို့ သိရပါတယ်။ အဲဒီနေ့မှာပဲ တရားရုံးက အမိန့် ချမှတ်လို့ ရပါသလား။

ဖြေ။ ။ လုပ်ခွင့်တော့ရှိတယ်၊ တရားရုံးပေါ်မှာပဲ တည်ပါတယ်။

မေး။ ။ အမှုအပေါ်မှာ အလားအလာနဲ့ အနေအထားကို ဘယ်လို သုံးသပ်ပါသလဲ။

ဖြေ။ ။ အမှုအပေါ်မှာ အလားအလားက သူတို့အပေါ်မှာပဲ တည်ပါတယ်။ ကျနော်တို့ ဥပဒေ အမြင်အရ ဒေါ်အောင်ဆန်းစုကြည်ဟာ အပြစ် မရှိပါဘူး။ ကျနော်တို့ သုံးသပ်တာက ဒီအမှုဟာ စကတည်းကိုက မစွဲသင့်တဲ့ အမှု။ အစိုးရဘက်က ပြောသလို ဥပဒေ ဖောက်ဖျက်တယ်ဆိုတဲ့ အချက်တွေဟာ ကျနော်တို့ ဥပဒေ ပြဋ္ဌာန်းချက်နဲ့လည်း မကိုက်ညီပါဘူး။ စကတည်းက ဒေါ်အောင်ဆန်းစုကြည်ဟာ ဘာပြစ်မှုမှ ကျူးလွန်ခြင်း မရှိဘူးလို့ ကျနော်တို့မြင်ပါတယ်။

မေး။ ။ တကယ်လို့ ဒေါ်အောင်ဆန်းစုကြည်အမှုကို တရားခွင်မှာ ပြစ်ဒဏ် ချမှတ်ခဲ့မယ် ဆိုရင် အန်အယ်လ်ဒီ အနေနဲ့ ရှေ့ ဘာဆက်လုပ်ဖို့ ရှိပါသလဲ။

ဖြေ။ ။ ကျနော်တို့အနေနဲ့ကတော့ ဥပဒေလမ်းကြောင်း အတိုင်းပဲ လုပ်မှာပါ။ ဒီထက် အဆင့်မြင့်တဲ့ ရုံးကို တင်ပြတာမျိုးတွေ ဆက်လုပ်မှာ ဖြစ်ပါတယ်။

Ref: ခေတ်ပြိုင်

Read More...

နေ့စဉ်သတင်းများ (၂- ၆- ၀၉)

စစ်အုပ်စုဘက်က စုံစမ်းစစ်ဆေးရေးနှင့် လုံခြုံရေးများ အရှိန်မြှင့် ပြင်ဆင်နေ သတင်း
နိုင်ငံတကာစိုးရိမ်မှုပပျောက်ရေး မြန်မာဝန်ကြီးချုပ်ကို တောင်ကိုရီးယားသမ္မတ တိုက်တွန်း သတင်း
ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချလျှင် ရွေးကောက်ပွဲပျက်နိုင်ဟု ဦးဝင်းတင်ပြော သတင်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒု-ဥက္ကဌ ဦးတင်ဦးကို လွှတ်ပေးရန် တောင်းဆို သတင်း
စစ်အစိုးရတရားစီရင်ရေး မျှတမှုမရှိဟု ရှေ့နေများဝေဖန် သတင်း
မြန်မာနိုင်ငံနှင့် အချင်းမများရန် ထိုင်းဗိုလ်ချုပ်ဟောင်း သတိပေး သတင်း
သက်သေပယ်ချခံကိစ္စ ဒေါ်အောင်ဆန်းစုကြည် အကျိုးဆောင်ရှေ့နေတွေ တိုင်းတရားရုံး ပြင်ဆင်မှုဖွင့် သတင်း
John Yettaw ရဲ့ ဘဝတစိတ်တပိုင်း သတင်း
မြောက်ကိုရီးယားခေါင်းဆောင်အဖြစ် လျာထားသူ သတင်း
ဒေသဖိအားကြောင့် ဗိုလ်ချုပ်အေးမြင့် ဒေသလုံခြုံရေးကို ခြိမ်းခြောက်တာလား သတင်း
နယ်ခြားစောင့်တပ်ဖွဲ့အတွက် DKBA တပ်သား စုဆောင်း သတင်း
ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် ၃၅ နှစ်မြောက်အခမ်းအနား ထိုင်း-မြန်မာနယ်စပ်တွင်ကျင်းပ သတင်း
ဓနုတ်စေတီတန်ဆောင်းအတွင်း မည်သူမျှမ၀င်ရန် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အမိန့်ထုတ် သတင်း

Read More...

Tuesday, June 2, 2009

အခြေအနေက တောင်းဆိုနေတဲ့ မြေအောက်လှုပ်ရှားမှု

၁ ဇွန် ၂၀၀၉
ရဲဘော်ဖိုးသံချောင်း

ခလုတ်ထိမှ အမိတတယ်ဆိုတာ လူတိုင်းပါ။ သူမှ ဒီလိုဖြစ်တယ်။ ကိုယ်မှ ဒီလိုဖြစ်တယ် ဆိုတာမျိုး မဟုတ်ပါဘူး။ လူ့ဘဝမှာ ဖြစ်နိုင် ခြေအား လုံးအတွက် ပြင်ဆင်ပြီးသား ဖြစ်ဖို့ဆိုတာ မလွယ်ပါဘူး။ ဒါပေမယ့် စဉ်းစား ရသရွေ့ကိုတော့ စဉ်းစား ပြင်ဆင် ထားရပါမယ်။
ဒေါ်အောင်ဆန်းစုကြည်ကို မတရားရုံးတင်အကျဉ်းချဖို့ နအဖက ကြိုးစားလာတော့ တချို့က အင်းစိန်ထောင်ကို ချီတက်ကြပြီး တချို့ကတော့ အလစ်အငိုက် ပိုစတာကပ်တာတွေ၊ စာရွက် ကြဲတာတွေ လုပ်ကြတာ တွေ့ရပါတယ်။ တိုက်ပွဲ သဏ္ဌာန် အမျိုးအမည် များတာမို့ ဝမ်းသာရပါတယ်။ ဒါပေမယ့် တဆက်တည်း တွေ့လာရတာ က ဒါလောက်နဲ့ မလုံလောက်၊ လုံးဝ မလုံလောက် ဆိုတာပဲ ဖြစ်ပါတယ်။ ဒါဖြင့်ရင် တိုက်ပွဲ အမျိုးမျိုး ပေါ်ပေါက်အောင် သဏ္ဌာန်ကို ဘယ်လို ဖော်ထုတ်မလဲ။ ကိုယ့်အတွက် အထိအခိုက် အနည်းဆုံးဖြစ်အောင် ဘယ်လိုလုပ်မလဲ။ ရေရှည်သယ်ဆောင် သွားဖို့ ဘာနဲ့ လုပ်မလဲ။ လက်တွေ့ လုပ်မယ့်လူဟာ လက်တွေ့ စဉ်းစားရပါမယ်။

ဒီလိုနဲ့ အခုတော့ မြေအောက်လုပ်ငန်း အဆောက်အအုံတွေ၊ ကွန်ရက်တွေ လိုအပ်ကြောင်း သဘောပေါက် နားလည် လာတဲ့သူတွေ များသထက် များလာပါတယ်။ ဒါပေမယ့် တည်ဆောက်ကြ၊ လုပ်ကိုင်ကြတာတွေ တော်တော်များများဟာ စစ်ရောက်မှ မြားချွန် ဆိုတာမျိုး ဖြစ်နေပါတယ်။ တချို့ကတော့လည်း မြေအေက်ဆိုတာ ဘယ်လို လုပ်ရသလဲလို့ အခုမှစူးစမ်း၊ မေးမြန်း၊ လေ့လာ တာတွေ လုပ်ကြပါတယ်။ ဘာပဲပြောပြော မလုပ်တာနဲ့စာရင် နောက်ကျတာက တော်သေးတယ် လို့ပဲ ဆိုကြပါစို့။

ဘာဖြစ်လို့ မြေအောက်လုပ်ကြတာလဲ ဆိုတာကို သဘော မပေါက်ကြလို့ နောက်ကျ ကြတာလို့ ဆိုချင်ပါတယ်။ မြေအောက်လုပ်တယ် ဆိုတာ လွယ်လွယ် ပြောရရင် မြေပေါ်မှာ လုပ်မရလို့ဘဲ ဖြစ်ပါတယ်။ မတရားဖိနှိပ်မှု ပြင်းထန်လှတဲ့ အုပ်စိုးသူတွေရဲ့လက်အောက်မှာ နေရတဲ့ အဖိနှိပ်ခံတို့က မိမိတို့ရဲ့ ထွက်ရပ်လမ်းကို ရှာကြရာမှာ မြေအောက်လုပ်ငန်း ဟာ မဖြစ်မနေ လုပ်ရတဲ့ လုပ်ငန်းတခု ဖြစ်လာပါတယ်။ ပြည်သူတရပ်လုံး ဒီမိုကရေစီ အခွင့်အရေးတွေ အပြည့်အဝခံစား ခွင့်ရရင် ဘယ်သူမှ မြေအောက် လုပ်မနေပါဘူး။ လုပ်မယ်ဆိုရင်လည်း ပတ်ဝန်းကျင်က ခွင့်မပြုပါဘူး။ ပေါ်ပေါ်ထင်ထင်၊ လွတ်လွတ်လပ်လပ် လုပ်လို့ရတဲ့ ကိစ္စတရပ်ကို ဘယ်သူကမှ အသက်အန္တရာယ် စွန့်စားပြီး လျှို့ဝှက်သဲဖို လုပ်မနေပါဘူး။

ဒီတော့သမိုင်းမှာ မြေအောက်လုပ်ငန်းကို ဖက်ဆစ်နာဇီတွေ လက်အောက်၊ ကိုလိုနီ အုပ်စိုးသူတွေ လက်အောက်မှာ လုပ်ကြတာ ရှိသလို နအဖလို ဖိနှိပ်တဲ့ အာဏာရှင်တွေ အောက်မှာလည်း လုပ်ကြပါတယ်။ ဒီနေရာမှာ မြေအောက် လုပ်ငန်းဆိုတာ မတရားဖိနှိပ်တဲ့ အစိုးရတရပ်ကို ဆန့်ကျင့်ဖို့အတွက် အဲဒီ အစိုးရမသိအောင် ဖွဲ့စည်း လှုပ်ရှားတာမျိုးကို ဆိုလိုတာဖြစ်ပါတယ်။ ဒါဟာ မူးယစ်ဆေးဝါး လုပ်ငန်းလို၊ မာဖီးယားဂိုဏ်းလို၊ မှောင်ခို စီးပွားရေး လုပ်ငန်းတွေလို ဟာတွေကို ဆိုလိုတာ မဟုတ်ဘူးဆိုတာကို ဦးစွာ ရှင်းအောင်ပြောထားဖို့ လိုပါတယ်။ အခုပြောနေတဲ့ မြေအောက် လုပ်ငန်းဆိုတာဟာ နိုင်ငံရေး ပြဿနာက အစပြုပြီး နိုင်ငံရေး ဦးတည်ချက် တခုအတွက် လှုပ်ရှားတဲ့ လုပ်ငန်း ဖြစ်ပါတယ်။ အစိုးရ ခွင့်မပြုတဲ့ လုပ်ငန်းတိုင်းကို မဆိုလိုပါဘူး။

မြေအောက်လုပ်ငန်းဆိုတာ သူ့ချည်းလှုပ်ရှားရတာ၊ လက်နက်ကိုင် တိုက်ပွဲနဲ့ တွဲဖက် လှုပ်ရှားရတာ၊ လူထုအုံကြွမှုနဲ့ တွဲဖက်ရတာ စသဖြင့် အနေအထားကို လိုက်လို့ သူ့ရဲ့ အခန်းကဏ္ဍတွေက ကွဲပြားပါတယ်။ ဒါကို တနည်း ပြန်ပြောရရင် မြေအောက်လုပ်ငန်းဟာ တိုက်ပွဲ သဏ္ဌာန်ပေါင်းစုံကို အထောက်အကူ ပေးနိုင်တယ်ဆိုတာ ဖြစ်ပါတယ်။ ဒါပေမယ့် မြေအောက် လုပ်ငန်းအားလုံးဟာ လူထုကို အခြေခံပြီး လူထုရဲ့ထောက်ခံအားပေးမှုကို အားပြု လုပ်ကိုင်ရတာ ဖြစ်ပါတယ်။ နောက်ပြီး မြေအောက်လုပ်ငန်းဟာ တိုင်းပြည်ရဲ့ နိုင်ငံရေး ဇာတ်ခုံပေါ်မှာ တခါတလေမှာ အရန်အခန်း၊ တခါတလေမှာ အဓိက အခန်းရယ်လို့လည်း အခြေအနေအရ ကွဲပြားပါသေးတယ်။

အထက်မှာပြောခဲ့သလိုပဲ မြေအောက်လုပ်ငန်းလုပ်တယ်ဆိုတာ အဖိနှိပ်ခံ ပြည်သူတွေက မိမိတို့ရဲ့ ရည်မှန်းချက်ကို လွတ်လပ်စွာ အကောင်အထည် ဖော်ခွင့် မရတဲ့အတွက် သယ်ဆောင်တဲ့ နည်းနာတခု ဖြစ်ပါတယ်။ ဒါနဲ့ပြောင်းပြန် အုပ်စိုးသူ၊ အာဏာ ရနေသူတွေက မြေအောက်လို လုပ်တယ် ဆိုရင်တော့ ဒါဟာ ခိုးကြောင်ခိုးဝှက်၊ ကလိမ်ကကျစ် လုပ်တာသာ ဖြစ်တယ်ဆိုတာ ပြောထားဖို့ လိုပါတယ်။ သူများ နိုင်ငံအပေါ် သူလျှိုလုပ်တာ၊ ထောက်လှမ်းရေး လုပ်တာကိုလည်း မြေအောက် လုပ်ငန်းလို့ မဆိုနိုင်ပါဘူး။

တကယ်တော့ ဗမာပြည် ပြည်သူတွေဟာ မြေအောက်လုပ်ငန်း အတွေ့အကြုံ အင်မတန် ကြွယ်ဝတယ်လို့ ပြောရင် ရပါတယ်။ တနိုင်ငံလုံး သူ့ကျွန်ဘဝ ရောက်တယ်ဆိုတာနဲ့ အင်္ဂလိပ် ကိုလိုနီ တွေကို ပြန်ချဖို့ ပြင်ဆင်ကြတဲ့ မင်းညီ မင်းသားများနဲ့ လူထုတွေ၊ ဆရာတော် သံဃာတော်တွေရဲ့ လှုပ်ရှားမှုတွေက စတွက်လိုက်ရင် ဗမာပြည်ရဲ့ မြေအောက် လုပ်ငန်းသမိုင်းဟာ နှစ်ပေါင်း (၁၂ဝ) ကျော်ပါပြီ။ ဒီလိုမြေအောက် လှုပ်ရှားမှုတွေကနေ ဗမာ့ထွက်ရပ် ဂိုဏ်း၊ ဗမာပြည် ကွန်မြူနစ်ပါတီ၊ ရဲဘော်သုံးကျိပ် စတာတွေပေါ် ထွက်လာပြီး လွတ်လပ်ရေး တိုက်ပွဲကို သယ်ဆောင် ခဲ့ကြပါတယ်။ ထောင်ထဲကနေ မြေအောက်လုပ်ငန်း လုပ်သူတွေကတဆင့် လွတ်လပ်ရေး တိုက်ပွဲကို ခေါင်းဆောင် ကြပါတယ်။ လွတ်လပ်ရေး နောက်ပိုင်းမှာလည်း မြေအောက်လှုပ်ရှားမှုတွေ တောက်လျှောက် တည်ရှိခဲ့ပြီး မြို့ပေါ် လူထုအုံကြွမှုကြီးတွေ အမြောက်အမြားကို ဖော်ထုတ်ခဲ့ကြပါတယ်။ တခြား နိုင်ငံတွေမှာလည်း အလားတူ သာဓကတွေ အများကြီးရှိပါတယ်။ ပြောမကုန်ပါ။

ဒါကြောင့် ဗမာပြည်ရဲ့ ၁၉၄၈ ခုနှစ် နောက်ပိုင်း အုပ်စိုးသူလူတန်းစား၊ အထူးသဖြင့် ဆိုရှယ်လစ်ပါတီနဲ့ သူတို့နဲ့ နွှယ်နေတဲ့ စစ်အုပ်စုဟာ မြေအောက်လုပ်ငန်းကို အကြီးအကျယ် ကြောက်ရွံ့ ရွံမုန်းကြပါတယ်။ ဒီလိုနဲ့ပဲ သူတို့ဟာ ပြည်သူတွေကို ဖိနှိပ်ဖို့၊ ခြောက်လှန့်ဖို့၊ အထူးသဖြင့် မြေအောက် လုပ်ငန်းတွေကို ရှာဖွေဖျက်ဆီးဖို့အတွက် ပြည်တွင်း ပြည်ပမှာ နာမည်ဆိုးနဲ့ ကျော်ကြားလှတဲ့ ထောက်လှမ်းရေး ယန္တရားကြီးတခုကို တည်ဆောက် ထိန်းသိမ်းခဲ့ကြပါတယ်။

ဒါပေမယ့် အခုတော့ အဲဒီထောက်လှမ်းရေးဆိုတာကြီးပဲ အစိပ်စိပ် အမြွာမြွာ ပြိုကွဲ ဖျက်သိမ်း ခံခဲ့ရပြီး မြေအောက် လုပ်ငန်းတွေကတော့ ဆက်လက် တည်ရှိနေ၊ ထပ်မံ ပေါက်ဖွားနေပါတယ်။ ဒါက ဖော်ပြနေတာက စစ်အုပ်စုရဲ့ ထောက်လှမ်းရေးယန္တရားဟာ တပွဲချင်းမှာ ပြည်သူ့ အင်အားစုတွေ အပေါ်မှာ အနိုင်ရတာတွေ ရှိပေမယ့် တရားတခုလုံး အနေနဲ့တော့ အဆုံးမှာ သူတို့ပဲ အရှုံးနဲ့ ဇာတ်သိမ်းရတယ် ဆိုတာ ဖြစ်ပါတယ်။

ဒါပေမယ့် အုပ်စိုးသူအာဏာရှင်များဟာ မြေအောက်လုပ်ငန်းတွေ တည်ရှိ နေသရွေ့ သူတို့ အတွက် အန္တရာယ်ကြီး လှတာမို့ ဖြိုခွဲဖို့အတွက် ထောက်လှမ်းရေးလို အဖွဲ့အစည်းတွေ ဆက်ထူထောင် နေအုန်းမှာပဲ ဖြစ်ပါတယ်။ တိုးချဲ့နေ၊ အားဖြည့်နေအုန်းမှာလည်း ဖြစ်ပါတယ်။

နအဖအစိုးရဟာ အခုလို ဒေါ်အောင်ဆန်းစုကြည်ကို အမှုဆင် ရုံးတင်လိုက်ခြင်း အားဖြင့် သူတို့ ရှေ့ဆက်လျှောက် မယ့်လမ်း၊ ရှေ့ဆက် ကျင့်သုံးမယ့် လမ်းစဉ်တို့ကို ဖော်ပြလိုက်တာ ဖြစ်တယ်ဆိုရင် မမှားပါဘူး။ အဓိပ္ပာယ်က ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲတွေရဲ့ နောက်မှာလည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အဓိက ဦးတည် ရန်သူအဖြစ် သဘောထား၊ ၁၉၉ဝ ပြည့်နှစ်က လက်ကျန် အင်အားစုတွေကို မသေမရှင်ထား၊ တက်ကြွသူတွေကို ထောင်ထဲ၊ ဒါမှမဟုတ် ပြည်ပ၊ ဒါမှမဟုတ် တောထဲကို မောင်းပို့ဆိုတဲ့ ပေါ်လစီကို ဆက်လက် ကျင့်သုံးသွားမယ် ဆိုတာပါပဲ။

ဗမာပြည်ရဲ့ ရှေ့အလားအလာဟာ အလင်းရောင် မမြင်ရတာ မဟုတ်ပါဘူး။ ဒါပေမယ့် စိတ်ကူးယဉ်လို့ မရတာတော့ အမှန်ပါပဲ။ လူသားစားကျားကို တဖြည်းဖြည်းချင်းနဲ့ ဟင်းသီး ဟင်းရွက်ပဲ စားလာအောင် လေ့ကျင့် ပေးသွားမယ်ဆို တာမျိုး မတွေးသင့်ပါဘူး။ ရေရှည် တိုက်ပွဲအတွက် စနစ်တကျ ပြင်ဆင်ရပါမယ်။ အဲဒီလို ပြင်ဆင်ရာမှာ အချို့သော တက်ကြွသူတွေက မြေအောက် လုပ်ငန်းအတွက် သီးသန့် ပြင်ဆင်တာကိုလည်း အာရုံထား လုပ်ရပါမယ်။

အပျော်တမ်းဆံမှု၊ တပွဲတိုးဆံမှုတွေကို ဆန့်ကျင်ပြီး ရေရှည်အတွက် အမြင့်ဆုံး စွန့်လွှတ်မှုကိုပါ ပိုင်းဖြတ်ပြီး စနစ်တကျ လုပ်ရပါမယ်။ ယူဂျီလုပ်တယ်ဆိုတာ အချိန်အားရှိလို့ အပျော်ကစားတာ မဟုတ်ပါဘူး။ သဘောတရား တခုကို လက်တည့်စမ်းတာ မဟုတ်ပါဘူး။ ဖြစ်ကတတ်ဆန်း၊ တော်ရိ လျော်ရိ လုပ်လို့ မဖြစ်ပါဘူး။ စစ်တိုက်သလိုပဲ အသက်ပေါင်း၊ ဘဝပေါင်းများစွာကို အရင်းအနှီးပြုပြီး လုပ်ကိုင်ရတာ ဖြစ်တယ်ဆိုတာ သဘောပေါက်ဖို့ဟာ အလွန်အရေး ကြီးပါတယ်။

နေရာတကာ၊ အလွှာပေါင်းစုံ၊ လူတန်းစားပေါင်းစုံ၊ လုပ်ငန်းပေါင်းစုံထဲမှာ မြေအောက် ကွန်ရက်တွေ ဖြန့်ကြက် တည်ဆောက်ရပါမယ်။ ဒီလိုနဲ့ နအဖ စစ်အာဏာရှင်တွေကို ဆန့်ကျင်တဲ့ ဘယ်လို လှုပ်ရှားမှုမျိုးကို မဆို နည်းမျိုးပေါင်းစုံနဲ့ တွဲဖက်ပေါင်းစပ်ကာ အောင်ပွဲဆီ အတူ တက်လှမ်းနိုင်ပါမယ်။

Ref: ခေတ်ပြိုင်

Read More...

ရွှေဝါရောင်တော်လှန်ရေး တိမ်းရှောင်လာသူများကို အထူးအစီအစဉ် အဖြစ် အမေရိကန်က ခေါ်မည်

NEJ / ၁ ဇွန် ၂၀၀၉

ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်ခဲ့ပြီးနောက် ထိုင်း-မြန်မာနယ်စပ်သို့ တိမ်းရှောင် လာခဲ့ကြ သူများထဲမှ (၁၀၁) ဦးကို အမေရိကန် သံရုံးမှ အထူးအစီအစဉ် တရပ်အဖြစ် အမေရိကန်နိုင်ငံသို့ အမြန်ဆုံး ပို့ဆောင်ပေးမည်ဟု သံရုံး တာဝန်ခံတဦးက ပြောသည်။

တတိယနိုင်ငံသို့ ထွက်ခွာရန် ထိုင်း-မြန်မာနယ်စပ်တွင် ရောက်ရှိပြီးသူများ ထဲမှ ကျန်ရှိသူ (၁၀၁) ဦးကို ယနေ့ နေ့လယ်က မဲဆောက်မြို့ရှိ ၀ပ်ဘိုးလဖား ဘုန်းတော်ကြီး ကျောင်းတွင် ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး၊ IOM၊ UNHCR၊ JRS နှင့် ထိုင်းပြည်ထဲရေး ဌာနမှ တာဝန်ရှိသူအချို့ လာရောက် တွေ့ဆုံခဲ့ပြီး အမေရိကန်သံရုံးမှ တာဝန်ခံ အရာရှိက ၎င်းတို့အား အမေရိကန်နိုင်ငံသို့ အမြန်ဆုံး ပို့ဆောင်ပေးမည်ဟု ပြောသည်။

၎င်းအရာရှိက “ခင်ဗျားတို့ကို အထူးအစီအစဉ်တရပ်အနေနဲ့ အမေရိကန်နိုင်ငံက လက်ခံပြီး အမြန်ဆုံး ပို့ဆောင်ပေး မှာ ဖြစ်တယ်။ ဒါကြောင့် အခုသွားရမယ့်လူတွေအနေနဲ့ မဲဆောက်မှာ ဆန္ဒပြပွဲတွေမလုပ်ဖို့ ပြောချင်တယ်။ ဆန္ဒပြပွဲ တွေမှာ ပါဝင်မယ် ဆိုရင်တော့ အခုရရှိမယ့် အခွင့်အရေးတွေ ပယ်ဖျက်ခံရမယ်။ ခင်ဗျားတို့ ကို ဆန္ဒပြဖို့၊ မပြဖို့တော့ မပြောလိုပါဘူး” ဟု ပြောသည်။

အမေရိကန်သို့ ထွက်ခွာခွင့်ရရှိသူများထဲမှ ဆရာဝန်တဦးက သံရုံးတာဝန်ခံအား “အခုလူတွေ အကုန်လုံးသွား ရမှာလား၊ မသွားရမယ့် လူတွေကော ရှိနိုင်ပါသလား” ဟု မေးမြန်းရာ သံရုံးတာဝန်ခံက အကုန်သွားရမည်ဟု ပြန်လည် ဖြေကြားခဲ့သည်။ ဒုက္ခသည် စခန်းသို့ ၀င်ရောက်ရမည့် ကိစ္စနှင့် ပတ်သက်၍ မ၀င်ရောက်လိုသူများအနေဖြင့် ယခုအစီ အစဉ်မှ ပယ်ဖျက်ခြင်း ခံရမည်ဟု သံရုံးတာဝန်ခံက ပြောသည်။

အဆိုပါ (၁၀၁) ဦးမှာ ယခုအပတ်အတွင်း မဲဆောက်မြို့ရှိ ဒုက္ခသည်များအတွက် အဆင့်ဆင့် လုပ်ဆောင်ခြင်း ဌာနတွင် သွားရောက် နေထိုင်ရမည်ဖြစ်ပြီး ၎င်းဌာနမှတဆင့် မယ်လဒုက္ခသည်စခန်းသို့ ပြောင်းရွှေ့ နေထိုင်ရမည် ဖြစ်သည်။ ၎င်းတို့သည် မယ်လ ဒုက္ခသည်စခန်းမှ တဆင့် ဇူလိုင်လ (၁၀) ရက်နေ့ မတိုင်ခင် အမေရိကန်နိုင်ငံသို့ ထွက်ခွာရမည်ဖြစ်သည်ဟု UNHCR မှ ပေးသည့် ကြေညာချက်တွင် ဖော်ပြထားသည်။

မယ်လဒုက္ခသည်စခန်းတွင် သွားရောက်နေထိုင်စဉ်ကာလအတွင်း ၎င်းတို့၏ စားဝတ်နေရေး ကိစ္စများကို ထိုင်းအစိုးရ မှ စီစဉ် ဆောင်ရွက်သွားမည်ဖြစ်သည်။

၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်ခဲ့ပြီး နအဖ၏ လိုက်လံ နှိမ်နှင်းမှုကြောင့် လူ (၂၀၀) ခန့် ထိုင်း-မြန်မာနယ်စပ်သို့ ထွက်ပြေး ရောက်ရှိလာပြီး သံဃာတော် အပါး (၃၀) နှင့် ကဗျာဆရာ အောင်ဝေး အပါအ၀င် လူ (၈၀) ခန့်မှာ တတိယ နိုင်ငံများသို့ ရောက်ရှိသွားပြီး ယခုထွက်ခွာရမည့် (၁၀၁) ဦးမှာ အထူး အစီအစဉ်အဖြစ် အမေရိကန်သို့ ထွက်ခွာရမည်ဖြစ်သည်။

Ref: ခေတ်ပြိုင်

Read More...

နေ့စဉ်သတင်းများ (၁- ၆- ၀၉)

ဓနုတ်စေတီတော်ကြီး ပြိုကျမှုတွင် သေဆုံးသူ ပိုမိုများပြားဖွယ်ရှိ သတင်း
ဓနုတ်ဘုရားပြို၍ လူသေသည်ကို မပြောရဟု စစ်တပ်မှ တားမြစ် သတင်း
နိုင်ငံတကာဖိအား ဦးဝင်းတင် တန်ဖိုးထား သတင်း
တောင်ပိုင်း ၀ တပ်ဖွဲ့နှင့် နအဖတပ် တင်းမာမှုကြောင့် နှစ်ဘက်ပြင်ဆင်မှုများပြုလုပ် သတင်း
ဇီးကုန်းမြို့တွင် ဒီမိုကရေစီတပ်လှန့်သံဆိုသည့် လှုံ့ဆော်စာများ ပျံ့နှံ့နေ သတင်း
မြန်မာဒုတိယကာကွယ်ရေးဝန်ကြီး ပြောကြားချက် NLD ကန့်ကွက် သတင်း
လုံခြုံရေးထိခိုက်နိုင်သည်ဆိုသည့် နအဖအဆိုကို အဖွဲ့ချုပ်တုံ့ပြန် သတင်း
မြန်မာ့အရေး အာဆီယံပြဿနာ ကမ္ဘောဒီးယား ဝေဖန် သတင်း
ဒေသဆိုင်ရာ ထိပ်သီးညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည်အရေး ဆွေးနွေးမည် သတင်း
ဒေါ်အောင်ဆန်းစုကြည်၏ စာရိတ္တအတွက် သက်သေမလိုကြောင်း တရားရုံးပြောဆို သတင်း
မစ္စတာယက်တောကိစ္စ စီအိုင်အေလက်ချက်ဟု စက်မှုဝန်ကြီးပြောကြား သတင်း
နအဖဟာ တရားစီရင်မှုကို လွှမ်းမိုးဖို့လုပ်နေဟု ဒေါ်အောင်ဆန်းစုကြည်ရှေ့နေပြော သတင်း
ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ဓာတ်ပုံကမ်ပိန်း မိတ္တီလာခရိုင်မှ စတင် သတင်း
ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ဓာတ်ပုံဖြန့်ဝေမည့် လှုပ်ရှားမှုပြုလုပ်မည် သတင်း
မော်လမြိုင်မြို့တွင် ဗုံးပေါက်ကွဲပြီးနောက် စာသင်ကျောင်းများတွင်း လုံခြုံရေးတင်းကျပ်ခိုင်း သတင်း
ဒေသလုံခြုံရေးအတွက် မြန်မာ့နိုင်ငံရေးပြောင်းလဲမှု ထိုင်းနိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း သတင်း
ဒီပဲယင်းအရေးအခင်း (၆) နှစ်ပြည့်၊ စစ်အစိုးရနှင့် နိုင်ငံတကာခုံရုံးတင်ရေး သတင်း
မစုစုနွေး အယူခံကို တရားရုံးက ပယ်ချ သတင်း
မွန်ပြည်သစ်ပါတီ နယ်ခြားစောင့်မည်လော သတင်း
လွတ်လပ်ရေးရတိုင်း မကောင်းဟု သခင်သိန်းဖေပြော သတင်း
မိုးလေ၀သနှင့် ဇလဗေဒဋ္ဌာန ညွှန်ကြားရေးမှူး ဦးထွန်းလွင် ရာထူးမှ အနားယူ သတင်း

Read More...

Monday, June 1, 2009

လူတောမတိုးတဲ့ နအဖ

ဒေါ်အောင်ဆန်းစုကြည်ကို မတရားအမှုဆင် ဖမ်းဆီးထားတဲ့ အတွက် နအဖ စစ်အုပ်စု ကိုယ်စားလှယ် (နိုင်ငံခြားရေး ၀န်ကြီး ဆိုသူ) ညဏ်ဝင်း နိုင်ငံတကာအလယ်မှာ မျက်နှာငယ် အောက်ကျနောက်ကျ ဖြစ်နေပြီ။ ၀န်ကြီးအဆင့်ချင်း တူပေမယ့် လုပ်ရပ်ချင်း မတူတော့ အခုလိုပုံစံမျိုး ဆက်ဆံခံရ အပြောခံရပြီပေါ့။

ရှက်ဖွယ် ရှက်ဖွယ်။

Read More...

နေ့စဉ်သတင်းများ (၃၁- ၀၅- ၀၉)

ဓနုတ်ဘုရားပြိုတဲ့နေရာ အပျက်အစီးတွေကြား ပိတ်မိနေသူတွေ ရှာဖွေနေဆဲ သတင်း
ကျွန်မမောင်လေးကို မကယ်နိုင်ကြတော့ဘူးလား သတင်း
ဗိုလ်ချုပ်အေးမြင့်က နိုင်ငံတကာကို ခြိမ်းခြောက်ပြောဆို၊ သက်တမ်း ၂၀၀၀ ကျော် ဓနုတ်စေတီပြိုကျ၊ လူ ၂ ဦး သေဆုံး (ဓာတ်ပုံသတင်း)
ဒေါ်အောင်ဆန်းစုကြည်အမှု ပြည်တွင်းရေးသာဖြစ်ဟု ဒု-ကာကွယ်ရေးဝန်ကြီး ပြော သတင်း
ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲမှုအပေါ် စစ်အစိုးရခုခံ သတင်း
အာဆီယံ-တောင်ကိုရီးယား ထိပ်သီးဆွေးနွေးပွဲ ဒေါ်အောင်ဆန်းစုကြည်ကိစ္စ ဆွေးနွေးမည် သတင်း
ဒေါ်အောင်ဆန်းစုကြည်အတွက် နောက်ထပ်သက်သေ ထပ်တိုးဖို့ မရှိသေး သတင်း
လူထုအကျိုးပြုဖို့နဲ့ ညီညွတ်ရေးအရေးကြီးကြောင်း သီတဂူဆရာတော် မိန့်ကြား သတင်း
ချင်းတွင်းမြစ်ကြောင်းပေါ်က ရေကာတာများ သတင်း
ဗိုလ်သန်းရွှေမိသားစု စိန်ဖူးတော်တင်ခဲ့တဲ့ ဓနုတ်စေတီတော် ပြိုကျပျက်စီး သတင်း
ဓနုတ်စေတီ ပြိုသည့်သတင်း မဖော်ပြရန် ညွှန်ကြားထား သတင်း
ဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်ဖို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး တိုက်တွန်း သတင်း
ဒီပဲယင်းနှစ်ပတ်လည်အခမ်းအနားများ နေရာအနှံ့မှာ ကျင်းပ သတင်း

Read More...

အပေါ်သို့