Saturday, May 8, 2010

နေ့စဉ်သတင်းများ ( ၇ - ၅ - ၁၀ )

နယ်အဖွဲ့ချုပ်ရုံးတချို့တွင် ဆိုင်းဘုတ်များ မဖြုတ်ရန် ဆုံးဖြတ် သတင်း
ထောက်လှမ်းရေးအရာရှိဟောင်းအိမ်မှာ ဗုံးပါတဲ့အိတ် အပ်နှံသွား သတင်း
မြန်မာ့အရေးနဲ့ပတ်သက်ပြီး ကုလအတွင်းရေးမှူးချုပ် ဝေဖန်ခံနေရ သတင်း
Kurt Campbell လာလျှင် အဲန်အယ်လ်ဒီနှင့် တွေ့မည် သတင်း
NLD ခေါင်းဆောင်များ ရုံးဆက်တက် သတင်း
NLD နောက်ဆုံးနေ့တွင် အဖွဲ့ဝင်များ ၀မ်းနည်း သတင်း
အန်အယ်လ်ဒီပါတီဝင်ဟောင်းများ ပါဝင်သည့် အန်ဒီအက်ဖ်ပါတီ သတင်း
ခွဲထွက်ပါတီထောင်မှု အဲန်အယ်လ်ဒီ အပြင်းအထန် မဝေဖန် သတင်း
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီအပေါ် သဘောထားအမြင် သတင်း
အတိုက်အခံခေါင်းဆောင် ဦးဝင်းတင်နဲ့ မေးခွန်းများ သတင်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှတ်ပုံတင်သက်တမ်း ကုန်ဆုံးသွားပြီးနောက် ... သတင်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လူမှုရေးလုပ်ဆောင်မှုများ လုပ်ကိုင်ဆောင်ရွက်သွားမယ် သတင်း
NLD က ကျပ်သိန်း (၄၀) ကျော် စက်ရေတွင်း (၂) တွင်း လှူဒါန်း သတင်း
ပါတီနိုင်ငံရေးမဟုတ် လူထုနိုင်ငံရေးလုပ်သွားမည်ဟု ဦးဝင်းတင် ပြော သတင်း
ရွေးကောက်ပွဲ အမတ်လောင်းဝင်ကြေးငွေ လျှော့ပေးရန် ဦးဝင်းနိုင် တောင်းဆို သတင်း
ယာဉ်တိုက်သူကို ကူညီရသည့် အဖွဲ့ချုပ်ဝင်နှစ်ဦး ထောင်ဒဏ်ချမှတ်ခံရ သတင်း
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို UDP ဝေဖန် သတင်း
ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် တုံ့ပြန်ချက်များ သတင်း
သံဖြူဇရပ် မြို့မရဲစခန်းဘေး လက်သည်မပေါ် ဗုံးပေါက်ကွဲ သတင်း
ထောင်တွင်းအခြေအနေများ သတင်း
စစ်ပြေးမွန်ခလေးငယ်များ ပညာသင်ကြားခွင့်များ ဆုံးရှုံးနိုင် သတင်း
အိုင်အယ်လ်အို လက်ကမ်းစာစောင်တွေ ဖြန့်ဝေခွင့် မရသေး သတင်း
အပစ်ရပ် SSA တပ်ဖွဲ့အားလုံး အသွင်ပြောင်းရန် ဥက္ကဌ ဆက်ဖိအားပေးခံနေရ သတင်း
ခွပ်ဒေါင်းအလံ အသုံးပြုသော နိုင်ငံရေးပါတီ ကန့်ကွက်ခံရ သတင်း
သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် သတင်း
ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ သတင်း
ကဗျာဆရာ စောဝေ လွတ်တော့မည်ဟုဆို သတင်း
ကြံ့ဖွံ့မြို့နယ်အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်း
ဒေ၀ါလီခံရဖွယ်သတင်းကြောင့် လားရှိုး မြန်မာ့စီးပွားရေးဘဏ်တွင် အလုအယက် ငွေထုတ် သတင်း
စစ်တွေမြို့တွင်းရှိ စက်မှုလုပ်ငန်းများ မေ (၃၁) နောက်ဆုံး စက်မှုဇုန်သို့ ပြောင်းရွှေ့ရန် အမိန့်ထုတ် သတင်း
ဒီကေဘီအေ အချင်းချင်း သဘောထားကွဲ၊ လူထု စစ်ပွဲဖြစ်မည်ကို စိုးရိမ် သတင်း
မြ၀တီမြို့ ဒီကေဘီအေ အရာရှိတဦးအိမ်တွင် ဗုံးကွဲ သတင်း
ရွှေတူးဖော်ရေး ဒီကေဘီအေ ရပ်တန့်ထား သတင်း
တောင်တွင်းကြီးမြို့၌ မပေါက်ကွဲသေးသော ဗုံးများတွေ့ သတင်း
ရွာအနီး မြန်မာစစ်အစိုးရတပ်တို့ ရောက်လာ၍ ရွာသားများ စိုးရိမ်နေကြ သတင်း
ဗုဒ္ဓရုပ်ပွားတော် (၂၅၀) ထိုင်းနိုင်ငံမှ ဘင်္ဂလာဒေခ်ျ့သို့ ပေးပို့လှူဒါန်း သတင်း
မဲရဖို့ မကြံအပ်တာ လုပ်ကြ (အင်တာဗျူး)
အိန္ဒိယ-မြန်မာ နယ်စပ် ခရီးလမ်း (အင်တာဗျူး)
စစ်အစိုးရရဲ့ ပြိုင်ပွဲဝင် ကားအသစ် (ဆောင်းပါး)

Read More...

Friday, May 7, 2010

ကြံ့ဖွံ့ပါတီကြီးလာချေပြီ

ရဲဘော်ဖိုးသံချောင်း
၆/ မေ ၂၀၁၀

ငယ်ငယ်တုန်းကကြည့်ခဲ့ကြတဲ့ ကောင်းဘွိုင် ရုပ်ရှင်ကားများထဲမှာ ညနေစောင်းလို့ နွားရိုင်းသွင်းချိန် ရောက်တယ် ဆိုတာနဲ့ လူဆိုး အုပ်ကြီးဟာ မြင်းတွေစီးပြီး ဖုန်တထောင်းထောင်းနဲ့ မြို့ထဲကို ၀င်လာကြတာကို မှတ်မိကြပါလိမ့်မယ်။ အခုလည်း မြန်မာပြည် နိုင်ငံရေးရဲ့နေညိုချိန်မှာ ဗိုလ်သိန်းစိန်၊ ဗိုလ်အောင်သောင်းတို့နဲ့ ကြံ့ဖွံ့ပါတီ ဆိုတာကြီး ရွေးကောက်ပွဲ ခတ်ကွင်းထဲကို ဒုန်းစိုင်း ၀င်လာတာ တွေ့ရပါတယ်။ “မဆိုင်သူမကပ်နဲ့၊ အိမ်ကမိန်းမ မုဆိုးမဖြစ်သွားမယ်” ဆိုတဲ့ အော်ဟစ် ကြုံးဝါးသံတွေလည်း ကြားနေရ သလိုလိုပါပဲ။

အခုတော့ လူအရေခြုံ နအဖဗိုလ်ချုပ်တွေက စည်းကမ်းရှိတဲ့ ဒီမိုကရေစီနဲ့ နိုင်ငံရေး လှုပ်ရှားစရာ စပေ့စ်တွေ သယ်လာပါပြီ။ အာဏာရှင် စနစ်ကနေ နောက်တလှမ်း ဆုတ်နေတယ် ဆိုတဲ့ နအဖ စစ်အုပ်စုထဲက ဗိုလ်သိန်းစိန်နဲ့ ဘယ်သူများ ယှဉ်ပြိုင် အရွေးခံရဲသလဲ။ ရွေးကောက်ပွဲဝင်ခ ငါးသိန်းနဲ့ သိန်းရာချီတဲ့ မဲဆွယ် စည်းရုံး စရိတ်တွေ အဆုံးခံနိုင်သူများ အမြန် စာရင်း ပေးကြစမ်းပါဗျာရို့။ ယှဉ်မယ့်လူ မရှိရင် ဒင်းတို့ အလိုအလျောက် အရွေးခံရပြီးသား ဖြစ်သွားပါလိမ့်မယ်။ ဒါပေမယ့် တခုတော့ သတိပေးပါရစေ။ ဒီခေတ် ကြံ့ဖွံ့တွေရဲ့ လက်စောင်းဟာ ငါးဇွန်မှာ ခြောက်လောင်းပြိုင် သတ်ခဲ့တဲ့ ပြူစောထီးတွေထက် မညံ့ဘူးဆိုတာလည်း မမေ့ကြပါနဲ့။

တချို့လူတွေအဖို့တော့ ဗိုလ်သိန်းစိန်တို့နဲ့ ကြံ့ဖွံ့ ထွက်လာတာကြည့်ပြီး ရွေးကောက်ပွဲ ၀င်ဖို့ ပြင်ထားတာလေးတွေကို ပြန်ရုပ်ကောင်း ရုပ်သိမ်းနိုင်ပေမယ့် ပြောထားတဲ့ စကားတွေကတော့ ပြန်ရုပ်လို့ မရတော့ပါဘူး။ သမိုင်း ဖြစ်သွားပါပြီ။

လက်တွေ့အခြေအနေက ပြနေတာကတော့ နအဖစစ်ဗိုလ်တွေ အပြတ် လုပ်တော့မယ် ဆိုတာပါပဲ။ တလျှောက်လုံး ဥပဒေ အထက်မှာ နေခဲ့တဲ့ ဗိုလ်ချုပ်တွေဟာ အခုကိုပဲ သူတို့ကိုယ်တိုင် ရေးဆွဲပြဋ္ဌာန်းခဲ့တဲ့ ဥပဒေတွေကို ခြေနဲ့ ပြန်ဖျက်တာ၊ နိုင်ငံတော်ပိုင်ငွေတွေ၊ အဓမ္မ ကောက်ခံထားတဲ့ အလှူငွေတွေနဲ့ သူတို့ရဲ့ ပါတီကိုပံ့ပိုးတာ၊ ဟိုးအရင် အစောကြီးကတည်းက ၀န်ထမ်းတွေ၊ ကျောင်းသားတွေကို ကြံ့ဖွံ့ထဲ အတင်းအကျပ် ၀င်ခိုင်းထားတာ၊ နယ်ဆင်း မဲဆွယ်နေကြတာ စတဲ့ မသမာမှု မျိုးစုံကိုလည်း တွေ့ခဲ့ကြရပါပြီ။ ဒီတကွေ့မှာ နအဖ စစ်ဗိုလ်ချုပ်တွေဟာ အရှက်အကြောက် မှန်သမျှကို စွန့်လွှတ် လိုက်ပြီဆိုတာ ထင်ထင်ရှားရှား တွေ့နေရပါတယ်။ ဒီပုဆိုးဝတ်ရင် ဒီချေးပဲပါတယ် ဆိုတာလို စစ်အာဏာရှင်တွေဟာ အာဏာကို တာရှည် ဆုပ်ကိုင်ထားချင်တော့ ဗိုလ်နေ၀င်း လုပ်ဟန်အတိုင်း ဗိုလ်ကနေ ဦး ပြောင်းတာကို လုပ်ရတာပဲ မဟုတ်ပါလား။ ဒီလိမ်ဆင်ကို လူထုက နောကျေနေမှန်း သိလျက်နဲ့ လုပ်လာတာတွေဟာ နအဖ ဗိုလ်ချုပ်တွေ ဘယ့်ကလောက် မျက်နှာပြောင်တယ် ဆိုတာအပြင် ဘယ့်ကလောက် မိုက်ရမ်းတော့မယ် ဆိုတာကိုလည်း ပြနေတာ ဖြစ်ပါတယ်။

တကယ်ကျတော့ ရွေးကောက်ပွဲဆိုတာမှာ မဲဆန္ဒပေးသူတွေဟာ ဆန္ဒခံယူပွဲလို အဖြူအမည်းဆိုတဲ့ ရွေးချယ်စရာ နှစ်ခုအထဲက တခုကို ရွေးချယ် မဲထည့်ကြတာ မဟုတ်ပါဘူး။ ၀င်ယှဉ်ပြိုင်တဲ့ ပါတီ အဖွဲ့အစည်းစုံ၊ လူစုံထဲက ရွေးချယ် ကြရတာဖြစ်ပါတယ်။ နောက်ပြီး ၀င်ပြိုင် သူတွေဟာလည်း ကိုယ့်ဂုဏ်သိက္ခာ၊ ဓနငွေကြေး၊ လူအင်အား၊ စိတ်အင်အား စတာတွေ အမြောက်အမြားကို ပုံအောရင်းနှီးပြီး ၀င်ပြိုင်ကြတာ ဖြစ်ပါတယ်။ ဒီတော့ ၀င်ပြိုင်သူတွေဟာ မတရား အညစ်ခံရလို့ ကြုံတွေ့ရတဲ့ အရှုံးကို အလွယ်နဲ့ လက်ခံမှာ မဟုတ်ပါဘူး။ ဒီလို ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲ ကော်မရှင်အားကိုးနဲ့ လုပ်ချင်တိုင်းလုပ်ဖို့၊ ညစ်ဖို့ပြင်ထားတဲ့ နအဖရဲ့ ကိုယ်စားလှယ်လောင်းတွေနဲ့ ရွေးကောက်ပွဲက တဆင့် စပေ့စ်ရှာသူတွေ ဘယ်လို ဖြစ်ကြမယ် ဆိုတာကတော့ ငွေရောင် ပိတ်ကားကြီးပေါ်မှာ စောင့်ကြည့်ရမယ့် တကယ့် ပွဲကြီးပွဲကောင်း ဖြစ်မှာ မုချပါပဲ။

ဒီတခါရွေးကောက်ပွဲ ၀င်ပြိုင်ကြသူတွေထဲမှာ အက်စ်ဘီဆီက လက်ကိုင်ဖုန်း ရထားဖူးသူတွေ ပါသလို နအဖရဲ့ အရင်မျိုးဆက် စစ်အုပ်စုကို ကိုယ်စားပြုတဲ့ တစညလို စစ်အရာရှိ ဟောင်းတွေလည်း ပါပါတယ်။ အဲဒီတော့ ကြံ့ဖွံ့က ညစ်တယ်ဆိုရင် ပထမ အမျိုးအစားဟာ ဘာမှ ပြောဝံ့မှာ မဟုတ်ပေမယ့် ဒုတိယ အမျိုးအစားကတော့ ငြိမ်ခံကောင်းမှ ငြိမ်ခံနေပါလိမ့်မယ်။ ခက်တာက နအဖဘက်က ကြည့်ရင်လည်း လွှတ်တော်ထဲမှာ သူတို့ လုပ်သမျှကို မြွေမြွေချင်း ခြေမြင်သလို မြင်နေမယ့် တစည ကိုယ်စားလှယ် တွေထက် စိတ်တော်သိ ဘောင်းတော်ငြိမ့် ပထမ အမျိုးအစားတွေကို ပိုတွေ့ချင်မှာ သေချာပါတယ်။ နို့ပေမယ့် နအဖက ခွင်လုံးကျွတ် အနိုင်စာရင်းပြဖို့ ဆုံးဖြတ်ထားရင်တော့ ဆန္ဒ ခံယူပွဲနည်း လုပ်ချလိုက်မှာ သံသယဖြစ်စရာ မလိုပါဘူး။ ကြံ့ဖွံ့ကလွဲရင် အားလုံး ကန်တော့ဆွမ်းပဲ ဖြစ်တော့မှာပါ။ အဲ၊ ကံချော်မှားလို့ အနိုင်ရမိရင် ဗိုလ်သိန်းစိုး ကော်မရှင်ရဲ့ တင်းပုတ်နဲ့ လွတ်အောင် ကြည့်သာ ရှောင်ပေတော့လို့လည်း သတိပေးလိုပါတယ်။

ဒီလိုအခါမှာ ပြည်တွင်းပြည်ပက မြန်မာပြည်အရေးစိတ်ဝင်စားသူတွေဟာ ဒီရွေးကောက်ပွဲကို ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲနဲ့ နှိုင်းယှဉ်စောင့်ကြည့်နေကြမယ်ဆိုတာလည်း အထူးပြောစရာမလိုပါဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်တွေအနေနဲ့ အစကတည်းက ငါတို့မပြောလားလို့ ပြောနိုင်ကြတော့မှာပါ။ တကယ်ကျတော့ ဒီနအဖ ဒါရိုက်တာလုပ်၊ မင်းသားလုပ်၊ လူကြမ်းလုပ်တဲ့ စည်းကမ်းရှိ ဒီမိုကရေစီလွှတ်တော်ဇာတ်ကားဟာ ဒီရွေးကောက်ပွဲအဆင့်မှာပဲ ကြည့်ကောင်းမှာပါ။ အဲဒီနောက်ပိုင်းမှာတော့ မဆလတပါတီလွှတ်တော်လိုပဲ ဘယ်သူကမှ စိတ်မ၀င်စားတဲ့ လက်မှတ်ထိုး-တံဆိပ်တုံးထုတဲ့ ရုံးတမျိုးသာဖြစ်သွားတော့မှာပါ။ စည်းကမ်းရှိတဲ့ ဒီမိုကရေစီကပေးတဲ့ စပေ့စ်ဟာ လွှတ်တော်ထဲမှာ ချောင်းကျယ်ကျယ်ဆိုးခွင့်ပြုရင်ပဲ မဆိုးတော့ဘူးလို့ပြောရတဲ့ ဘ၀ရောက်ကြမှာ သေချာပါတယ်။

ဒါပေမယ့် ရေရှည်သဘောအရပြောရရင်တော့ ဒီရွေးကောက်ပွဲတွေရဲ့နောက်ပိုင်းမှာ နအဖအတွင်း သွေးစည်း ညီညွတ်ရေးဟာ ပိုကောင်း လာစရာမရှိပါဘူး။ တပ်တွင်းက အထက်ပိုင်းလူနဲ့ တပ်ပြင် (အရပ်သား) အစိုးရ ထိပ်ပိုင်းက လူတွေအကြား ပခုံးချင်းယှဉ်တာ၊ အာဏာ ပြိုင်တာတွေ မုချဖြစ်လာမှာပါ။ ကြပ်ပြေး နေပြည်တော်ကို စစ်တိုင်းမှူးတွေ လာချင်ရင် အရင် ခွင့်ခံရတယ်ဆိုတဲ့ ကိစ္စမျိုးတွေ ပိုများလာမှာ သေချာပါတယ်။

တဖက်ကပြောရင်တော့ ကြံ့ဖွံ့ပါတီပေါ်လာတာဟာ နအဖ ဗိုလ်ချုပ်တွေအနေနဲ့ လွှတ်တော်ထဲမှာ ကိုယ်စားလှယ် တမတ်သားနဲ့ အားရမှာ မဟုတ်ဘူးလို့ သတိပေးတာကို လက်မခံဘဲ ဘိန်းပြောင်းအိပ်မက် မက်နေသူတွေရဲ့ကျောကို ဗိုလ်ချုပ်တွေက ဖြန်းခနဲ ချလိုက်တာဖြစ်ပါတယ်။ အာဏာရှင် စစ်ဗိုလ်ချုပ်တွေဟာ လွှတ်တော်ထဲမှာ အချေအတင် စကား ပြောနေတာမျိုးကို လုံးဝ မလိုလားပါဘူး။ မဆလခေတ် လွှတ်တော်နဲ့ ညောင်နှစ်ပင် ညီလာခံမှာလို “ဟုတ်ကဲ့” မှတပါး အခြား မကြားရပါဆိုတဲ့ အနေအထားမျိုးပဲ လိုချင်တာပါ။ အဲဒီအနေအထား မရောက် ရောက်အောင်လည်း သူတို့စိတ်ကြိုက် ကော်မရှင်နဲ့၊ သူတို့ထင်တိုင်း လုပ်နိုင်တဲ့ ဥပဒေတွေ ထုတ်ပြန်ထားပါပြီ။

နိုင်ငံရေးအာဏာဆိုတာဟာ မဲပုံးထဲကထွက်တာလား၊ သေနတ်ပြောင်းထဲက ထွက်တာလားဆိုတာ မကြာမီမှာ မြင်ကြရ ပါတော့မယ်။ ၁၉၅၀ စုနှစ်များတုန်းက တက္ကသိုလ် ကျောင်းသားများ သမဂ္ဂက ကပြခဲ့တဲ့ “အမတ်ရူးယိမ်း” ရဲ့ နောက်ခံ သီချင်းထဲက စာသား တကြောင်းလိုပဲ “အဝေးပြေးကြမည်၊ အမတ်ရူးကြီးများလာပြီ” လို့သာ အော်ဆို လိုက်ကြပါစို့လား။

Ref: ခေတ်ပြိုင်

Read More...

နေ့စဉ်သတင်းများ ( ၆ - ၅ - ၁၀ )

ကန်တော်ကြီး ဗုံးကွဲမှု တရားခံ (၁) ဦး ဖမ်းမိထားကြောင်း ရဲချုပ်ခင်ရီ သတင်းစာရှင်းလင်းပွဲတွင် ပြော သတင်း
သင်္ကြန်ဗုံးကွဲမှု စွမ်းအားမြင့် ကျောင်းသားအဖွဲ့ကို စွပ်စွဲ သတင်း
စစ်အစိုးရကို ဆက်လက်ပိတ်ဆို့ရန် လွှတ်တော်အမတ် တိုက်တွန်း သတင်း
စစ်အစိုးရအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု သက်တမ်းတိုးဖို့ ရီပတ်ဘလီကင် ခေါင်းဆောင် တောင်းဆို သတင်း
မြန်မာစစ်အစိုးရ ရွေးကောက်ပွဲ ကတိတည်ရေး လူ့အခွင့်အရေး ကိုယ်စားလှယ် သတိပေး သတင်း
ကုလသံက နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန် တိုက်တွန်း သတင်း
အကျဉ်းကျ ကျောင်းသားခေါင်းဆောင် ကိုမြအေး ကျန်းမာရေး ဆိုးရွား သတင်း
ရခိုင်လူငယ် (၁၁) ဦးကို အင်းစိန်ထောင်တွင် ထပ်မံရုံးထုတ် သတင်း
ဒေါ်အောင်ဆန်းစုကြည် တားဝရမ်းလျှောက်ထားချက် တရားရုံး ပယ်ချ သတင်း
အန်အယ်လ်ဒီက တင်ထားသည့် အမှု (၂) ခု တရားရုံးချုပ်မှ ပယ်ချ သတင်း
အန်အယ်လ်ဒီ နှစ်ရုံး ဆိုင်းဘုတ်များ ဖြုတ်ချ သတင်း
အန်အယ်လ်ဒီက ပညာသင်ထောက်ပံ့ကြေး ပေးအပ် သတင်း
NLD ခေါင်းဆောင်တချို့ ပါတီထောင်မည် သတင်း
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ မှတ်ပုံတင် သတင်း
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ နိုင်ငံရေးပါတီ တည်ထောင်ခွင့်ပြုလိုက်ပြီ သတင်း
ခွပ်ဒေါင်းအလံသုံးမှုကို ကျောင်းသားများသမဂ္ဂ ရှုတ်ချ သတင်း
ဗကသ ခွပ်ဒေါင်းအလံအား ပါတီအလံအဖြစ်သုံးခြင်းကို ဗကသအဖွဲ့ချုပ်က ကန့်ကွက် သတင်း
မွန်ဒေသခံများ ကျီးလန့်စာစားဖြစ်နေကြရ သတင်း
ပြည်တွင်း၌ မွန်အခမ်းအနား မကျင်းပနိုင် သတင်း
လူကုန်ကူးခံရသူများအား ယာယီနေထိုင်ခွင့်နှင့် အလုပ်လုပ်ခွင့်ပြုမည် သတင်း
မယ်လစခန်း၌ စိတ်ကြွဆေးပြား (၅၀) ကျော် ဖမ်းဆီးရမိ သတင်း
“နိုင်ငံရေးပါတီအဖြစ် နအဖထံ မှတ်ပုံတင် ဆက်မတင်ရန် SNLD ဆုံးဖြတ်” (အင်တာဗျူး)
ကြံ့ဖွံ့ပါတီကြီးလာချေပြီ (ဆောင်းပါး)
သိန်းစိုးကော်မရှင်၏ ဗြောင်ကျသော ညစ်ပတ်မှုတစ်ခု (ဆောင်းပါး)

Read More...

Thursday, May 6, 2010

အံကြိတ် လက်သီးဆုပ် မျက်လုံးချင်း စေ့စေ့ဆိုင်ကြည့် မျက်တောင် မခတ်တမ်း

ဂါမဏိ
၅/ မေ ၂၀၁၀

(၁)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၀၉ ခု ဧပြီ (၂၉) ရက်မှာ ရွှေဂုံတိုင် ကြေညာချက်ကို ထုတ်ပြန်ပြီး ရွေးကောက်ပွဲ ဝင်နိုင်ဖို့ အနိမ့်ဆုံး လိုအပ်ချက်တွေကို ပြတ်ပြတ်သားသား သတ်မှတ်ခဲ့ပါတယ်။ ဒီထဲမှာ နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးဖို့၊ နာဂစ် အခြေခံဥပဒေကို ပြန်သုံးသပ်ဖို့၊ နိုင်ငံရေး ပါတီအားလုံး လွတ်လပ်စွာ ဖွဲ့စည်း လှုပ်ရှားခွင့်ရှိဖို့၊ ၉၀ ရွေးကောက်ပွဲ ရလဒ်တွေကို တနည်းနည်းနဲ့ အသိအမှတ်ပြုဖို့၊ တွေ့ဆုံ ဆွေးနွေးကြဖို့ ဆိုတဲ့ ရပ်တည်ချက်တွေကို ကြေညာထားပြီး ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့လည်း ခုနပြောတဲ့ အချက်တွေ အပြင် နိုင်ငံတကာ ကြီးကြပ်မှုအောက်မှာ လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပပေးရင် ဝင်ဖို့ စဉ်းစားမယ်လို့ ရှင်းရှင်းလင်းလင်း သတ်မှတ်ခဲ့ပါတယ်။

နအဖစစ်အစိုးရဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ သဘောထားတွေကို ဂရုမစိုက်ဘဲ မတ်လ (၈) ရက်နေ့စွဲနဲ့ ရွေးကောက်ပွဲ ဥပဒေ၊ နိုင်ငံရေးပါတီ မှတ်ပုံတင် ဥပဒေတွေ ထုတ်ခဲ့ပါတယ်။ ဒီဥပဒေတွေ ထဲမှာ ၉၀ ရွေးကောက်ပွဲ ရလဒ် ပျက်ပြယ်ပြီလို့ ဇွတ်အတင်း ထည့်ထားသလို ရက် (၆၀) အတွင်း မှတ်ပုံ ပြန်မတင်ရင် အဖွဲ့ချုပ်ဟာ ပါတီအဖြစ်က ပျက်ပြယ် မယ်လို့လည်း ထည့်သွင်း ခြိမ်းခြောက်ထားပါတယ်။

အဖွဲ့ချုပ်ဟာ မတ်လ (၂၉) ရက်မှာ ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးထိုင်ပြီး မှတ်ပုံ မတင်ဖို့နဲ့ ရွေးကောက်ပွဲ မဝင်ဖို့ တညီ တညွတ်တည်း ဆုံးဖြတ်ခဲ့ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲမှာ ဒုတိယ မဲအများဆုံးရခဲ့တဲ့ လက်ရှိ တရားဝင် ရပ်တည်ခွင့်ရ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း ၂၀၁၀ ရွေးကောက်ပွဲ အတွက် မှတ်ပုံ မတင်ဘူးလို့ မေ (၃) ရက်မှာ ဆုံးဖြတ် ကြေညာခဲ့ပါတယ်။

မှတ်ပုံပြန်တင်ဖို့ နအဖရဲ့သတ်မှတ်ရက်က မေ (၆) ရက်မှာ ပြည့်မှာ ဖြစ်ပါတယ်။

(၂)
၂၀၀၉ ခု မတ်လမှာ နအဖဟာ အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကို နယ်ခြားစောင့်တပ် သို့မဟုတ် အိမ်စောင့်တပ် အဖြစ် အသွင်ပြောင်းပြီး နအဖ ဦးဆောင်မှုကို အကြွင်းမဲ့ ခံယူဖို့နဲ့ မိမိတို့နယ်မြေ မိမိတို့ တိုင်းရင်းသား ပြည်သူတွေကို နအဖ လက်အောက် ထိုးအပ်၊ မိမိတို့ တိုင်းရင်းသား အဖွဲ့အစည်းတွေကို ဖျက်သိမ်းဖို့ အမိန့် ပေးလာပါတယ်။

ဒီလိုအသွင်ပြောင်းဖို့အတွက် ၂၀၀၉ မေလကုန်မှာ စာရင်းပေးပြီး စက်တင်ဘာလကုန်မှာ အပြီးပြောင်းလဲဖို့ နအဖက ရက်သတ်မှတ်ခဲ့ပါတယ်။ တပ်တွေကို အသွင်ပြောင်း၊ ခေါင်းဆောင်တွေက ပါတီမှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်၊ ဒီလိုမလုပ်ရင် မတရားသင်း ကြေညာပြီး တိုက်မယ်လို့ နအဖက ဖိအားပေး ခြိမ်းခြောက် တာတွေ လုပ်ခဲ့ပါတယ်။

ဒီမိုကရေစီသစ်တပ်မတော် (ကချင်ပြည်နယ်)၊ ကချင်ကာကွယ်ရေးတပ်၊ ပအိုဝ်းအမျိုးသားအဖွဲ့၊ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေး တပ်ဦး၊ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်တို့က အသာတကြည် ခေါင်းညိတ်ခဲ့ပါတယ်။ ခေါင်းညိတ်ပေမယ့် ဒီမိုကရေစီသစ် တပ်မတော် (ကချင်ပြည်နယ်) က ၂၀၁၀ လွှတ်တော်မှာ နအဖ စစ်တပ်အတွက် ထားတဲ့ (၂၅) ရာခိုင်နှုန်းထဲမှာ အပစ်ရပ် တပ်တွေကိုပါ ထည့်သွင်းဖို့ မရဲတရဲ တောင်းဆို သွေးတိုး စမ်းခဲ့ပါသေးတယ်။

ဒါပေမယ့် ဝပြည်သွေးစည်းညီညွတ်ရေးပါတီ၊ ကချင်ပြည် လွတ်လပ်ရေးအဖွဲ့၊ ရှမ်းအရှေ့ နိုင်ငံရေးနှင့် ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့ (ဝါ) အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (မိုင်းလား အထူးဒေသ-၄)၊ မွန်ပြည်သစ်ပါတီ၊ ရှမ်းပြည်တပ်မတော်၊ ကယန်းပြည်သစ်ပါတီ၊ မြန်မာနိုင်ငံ အမျိုးသား ဒီမိုကရေစီ မဟာမိတ်အဖွဲ့ (ကိုးကန့်) တို့က နယ်ခြားစောင့်တပ် လုပ်ရေးကို ပယ်ချခဲ့ကြပါတယ်။ အဲဒီအခါ ၂၀၀၉ သြဂုတ်လမှာ နအဖဟာ မြန်မာနိုင်ငံ အမျိုးသား ဒီမိုကရေစီ မဟာမိတ်အဖွဲ့ကို စမ်းသပ် တိုက်ကွက်ဖော် ချေမှုန်း ပစ်ခဲ့ပါတယ်။

ဝပြည်သွေးစည်းညီညွတ်ရေးပါတီက နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးနဲ့ ပတ်သက်ပြီး တောင်းဆိုချက် (၉) ချက်ကို ၂၀၀၉ နိုဝင်ဘာ (၁၀) ရက်မှာ နအဖဆီ ပေးပို့ခဲ့ပေမယ့် နအဖက လုံးဝ ပယ်ချခဲ့ပါတယ်။ အထူးဒေသ-၄ မိုင်းလား ငြိမ်းချမ်းရေးအဖွဲ့က ဖေဖော်ဝါရီ (၂၈) ရက်မှာ အဆိုပြုချက် (၆) ချက် တင်ခဲ့တာကိုလည်း နအဖက ပယ်ချခဲ့ပါတယ်။

၂၀၁၀ မတ်လမှာ နအဖက အပစ်ရပ်အဖွဲ့တွေ နယ်ခြားစောင့်တပ် အဖြစ် ဧပြီလကုန် (၂၂) ရက် သို့မဟုတ် (၂၈) ရက်မှာ အပြီးပြောင်းဖို့ (၅) ကြိမ်မြောက် ရက်ချိန်း ထပ်ပေးခဲ့ပြန်ပါတယ်။ ဒီရက်ချိန်း မရောက်ခင်မှာ ရှမ်းပြည် တပ်မတော်နဲ့ ကယန်းပြည်သစ် ပါတီတို့က အိမ်စောင့်တပ် အတွက် လူစာရင်းကို နအဖဆီ ပေးလိုက်ပါတယ်။ ဒါပေမယ့် ရှမ်းပြည်တပ်မတော် တပ်မဟာ (၁) ကတော့ ရှမ်းပြည်တပ်မတော် လူစာရင်း ပေးတဲ့အထဲ မပါဝင်ဘဲ နေပါတယ်။

ဧပြီ (၃) ရက်မှာ ဝ က ထိုင်းနယ်စပ်က (၁၇၁) စစ်ဒေသကို ဝ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ဒေသထဲ ထည့်ဖို့ တောင်းဆိုချက်ကို (တရုတ်နိုင်ငံ အကြံပေးတဲ့အတိုင်း) စွန့်လွှတ်တာ၊ တပ်ရင်းအဆင့်မှာ နအဖစစ်သား (၆) ယောက် ထည့်တာ အပါအဝင် အဆိုပြုချက်သစ် (၈) ချက်တင်တာကို နအဖက (၉) ရက်နေ့မှာ ပယ်ချခဲ့ပါတယ်။ ကချင်ပြည် လွတ်လပ်ရေး အဖွဲ့က ဧပြီ (၁၈) ရက်မှာ၊ မွန်ပြည်သစ် ပါတီက ဧပြီ (၂၂) မှာ နယ်ခြားစောင့်တပ် သို့မဟုတ် အိမ်စောင့်တပ် အသွင်ပြောင်းရေးကို အပြီးအပြတ် ငြင်းပယ်ခဲ့ပါတယ်။ ကေအန်ယူက ခွဲထွက်ပြီး နအဖနဲ့ စေ့စပ်သွားခဲ့တဲ့ တပ်မဟာ (၇) မှူးဟောင်း ဗိုလ်ဌေးမောင်ရဲ့ ကေအန်ယူ ငြိမ်းချမ်းရေး ကောင်စီကလည်း ဧပြီ (၂၁) ရက်မှာ နယ်ခြားစောင့်တပ် မလုပ်နိုင်ကြောင်း ပြတ်ပြတ်သားသား အကြောင်း ပြန်လိုက်ပါတယ်။ တိုးတက်သော ကရင်ဗုဒ္ဓဘာသာ အဖွဲ့ထဲမှာလည်း နယ်ခြားစောင့်တပ် လုပ်ဖို့ ငြင်းဆန်သူတွေ ပေါ်လာ နေပါတယ်။

နအဖတပ်ထဲမှာလည်း နယ်ခြားစောင့်တပ်ထဲသွား တာဝန်မယူချင်တာတွေ ဖြစ်နေသလို တိုင်းအဆင့် ဗျူဟာအဆင့်က သန်းရွှေ-မောင်အေး ကျေနပ်အောင် နယ်ခြားစောင့်တပ် လုပ်မယ့် လူအင်အား စာရင်းတွေ လိမ်တင်တာလည်း ဖြစ်နေပါတယ်။ နယ်ခြားစောင့်တပ်ကို သွားခိုင်းဖို့ကလည်း ကလေးစစ်သားတွေ အများစု ဖြစ်နေပါတယ်။

နအဖက သာစည်၊ တောင်ကြီး၊ သီပေါ၊ လားရှိုး၊ ဗန်းမော်၊ မြစ်ကြီးနား၊ မော်လမြိုင်တို့ကို ဖြတ်ပြီး စစ်ကားတွေ၊ တင့်ကားတွေ၊ အမြောက်တွေ သယ်ယူ ပို့ဆောင်ပြခဲ့ပါတယ်။ အမ်အိုင်ဂျီ (၂၉) လေယာဉ်တွေ ဓာတ်ဆီ အကုန်ခံ ပျံပြတာလည်း လုပ်ခဲ့ပါတယ်။ တပ်မဘယ်နှခု၊ တပ်ရင်းဘယ်နှရင်း ဘယ်နယ်စပ် ဒေသတွေကို ပို့ထားပြီဆိုတဲ့ သတင်းတွေလည်း လွှင့်ခဲ့ပါတယ်။ ဒါပေမယ့် ဧပြီ (၂၂) ရက်၊ (၂၈) ရက်တွေ ကျော်သွားခဲ့ပါပြီ။ အပစ်ရပ် အဖွဲ့တွေက ကြံ့ကြံ့ခိုင် ရင်ဆိုင်ဆဲ ဖြစ်ပါတယ်။

(၃)
၁၉၆၂ ခု အောက်တိုဘာ (၁၄) ရက်မှာ အမေရိကန်သူလျှို လေယာဉ်က အမေရိကန်နိုင်ငံနဲ့ မိုင် (၉၀) ဝေးတဲ့ ကျူးဘားနိုင်ငံမှာ ရုရှ ဒုံးပျံစခန်းတွေ ဆောက်နေတာကို ထောက်လှမ်း တွေ့ရှိခဲ့ပါတယ်။ ဒီဒုံးပျံတွေဟာ မိုင် (၂,၄၀၀) အဝေးကို ပစ်နိုင်ပြီး အဏုမြူ ထိပ်ဖူးတွေ တပ်ထားပါတယ်။

အောက်တိုဘာ (၁၆) ရက်မှာ သမ္မတ ကနေဒီ တက်ရောက်တဲ့ အမျိုးသား လုံခြုံရေးကောင်စီ အစည်းအဝေးက နည်းလမ်း (၅) ခု စဉ်းစားခဲ့ပါတယ်။ ဒီအတိုင်း လွှတ်ထားဖို့၊ သံတမန်ဖိအား သုံးပြီး ဒုံးပျံတွေ ရုပ်သိမ်းစေဖို့၊ ဒုံးပျံစခန်းတွေကို လေကြောင်းက တိုက်ခိုက်ဖို့၊ ကျူးဘားနိုင်ငံကို တင်းပြည့် ကျပ်ပြည့် စစ်အင်အားသုံး ကျူးကျော် သိမ်းပိုက်ဖို့၊ ကျူးဘားနိုင်ငံကို ရေတပ် အင်အားသုံး ပိတ်ဆို့ထားဖို့ ဆိုတဲ့ နည်းလမ်းတွေ ဖြစ်ပါတယ်။ ပူးတွဲ စစ်ဦးစီးချုပ်များ အဖွဲ့ကတော့ တင်းပြည့်ကျပ်ပြည့် ကျူးကျော် တိုက်ခိုက်ဖို့ နည်းလမ်းကို ရွေးချယ် အဆိုပြုခဲ့တယ်။

နောက်ပိုင်းမှာ ဗီယက်နမ်စစ် လက်သည်လို့ နာမည်ကြီးခဲ့တဲ့ ကာကွယ်ရေးဝန်ကြီး မက္ကနာမားရား ကတော့ ဒီဒုံးပျံ အစင်း (၄၀) လောက်ဟာ ဘာမှ မပြောပလောက်ဘူး၊ အရေးလုပ်စရာ မဟုတ်ဘူးလို့ သဘောထား ပေးခဲ့ပါတယ်။ (အဲဒီတုန်းက အမေရိကန်မှာ ဒုံးပျံ အစင်း (၅,၀၀၀) လောက်ရှိနေပြီး ရုရှမှာတော့ (၃၀၀) ကျော်ပဲ ရှိလို့တဲ့။) စစ်ရေးအရ အရေးမထားလောက်ပေမယ့် နိုင်ငံရေး အရတော့ အမေရိကန် အကြီးအကျယ် သိက္ခာကျစရာ ဖြစ်မယ်လို့တော့ အမေရိကန် အမျိုးသား လုံခြုံရေးကောင်စီက တညီတညွတ်တည်း သဘော တူကြပါတယ်။ ဒါနဲ့ နည်းလမ်း (၅) ခုမှာ ရေတပ်နဲ့ ပိတ်ဆို့ရေးကို ဆုံးဖြတ် လိုက်ပါတယ်။

အောက်တိုဘာ (၂၂) ရက်မှာ ကျူးဘားမှာ ဒုံးပျံတွေ ရောက်နေတဲ့ ကိစ္စကို အမေရိကန်က တကမ္ဘာလုံးကို အသိပေးလိုက်ပြီး ရေတပ်နဲ့ ပိတ်ဆို့မယ်လို့ ကြေညာ လိုက်ပါတယ်။

အောက်တိုဘာ (၂၄) ရက်မှာ အမေရိကန်ရေတပ်က ကျူးဘားနိုင်ငံကို မိုင် (၈၀၀) အကွာကနေ စတင်ပိတ်ဆို့ လိုက်ပါတယ်။ တကမ္ဘာလုံးမှာရှိတဲ့ အမေရိကန် တပ်တွေကိုလည်း အဆင့် (၂) တပ်လှန့် အခြေအနေ လုပ်ထား လိုက်ပါတယ်။ ဒါဟာ ငြိမ်းချမ်းနေတဲ့ ကာလမှာ အမြင့်ဆုံး တပ်လှန့် အခြေအနေ ဖြစ်ပါတယ်။ တပ်လှန့် ကြေးနန်းစာကိုလည်း ဝှက်စာ မသွင်းဘဲ ဗြောင်ပို့ခဲ့တယ်။ ကျူးဘားကို သွားတဲ့ သင်္ဘောအားလုံးကို ရပ်ခိုင်းပြီး တက်ရှာတာ လုပ်တယ်။ မသွားစေချင်တဲ့ သင်္ဘောတွေကို ပြန်လှည့်ခိုင်းတယ်။ မရပ်တဲ့ သင်္ဘောတွေကို ပစ်ခတ် ရပ်တန့်ပစ်ဖို့ အမိန့်အပြတ် ပေးထားတယ်။ စစ်လက်နက် မပါတဲ့ သင်္ဘောတွေကိုတော့ ဖြတ်သွားခွင့် ပေးပါတယ်။

ရုရှကလည်း ပင်လယ်ပြင်မှာ ပင်လယ်ဓားပြ အလုပ်မျိုးကို လက်မခံနိုင်ဘူး၊ လိုအပ်သလို အင်အားသုံး တုံ့ပြန်မယ်လို့ အကြောင်း ပြန်ခဲ့တယ်။ ဒီအချိန်မှာ အဏုမြူဒုံးပျံတွေ တင်ထားတဲ့ ရုရှ သင်္ဘောတွေဟာ ကျူးဘားကို ဦးတည်လာနေပါတယ်။

(၂၅) ရက်မှာတော့ အမေရိကန်က အဏုမြူဗုံးတွေကို ဗုံးကြဲ လေယာဉ်တွေပေါ် စ,တင်ခဲ့ပါတယ်။

(၂၆) ရက်မှာ ရုရှဝန်ကြီးချုပ်က ဒုံးပျံတွေ ရုပ်သိမ်းပေးမယ်၊ အမေရိကန်ကလည်း ကျူးဘားကို မကျူးကျော်ဘူး ဆိုတာ ကတိပေးရမယ်လို့ ကမ်းလှမ်းခဲ့ပါတယ်။ (၂၇) ရက်မှာ တူရကီမှာရှိတဲ့ အမေရိကန် ဒုံးပျံတွေ ရုပ်ပေးဖို့လည်း ရုရှက တောင်းဆိုခဲ့ပါတယ်။ (၂၇) ရက်မှာပဲ ကျူးဘားမှာရှိတဲ့ ရုရှ အဏုမြူဒုံးပျံတွေကို ပစ်ခတ်ဖို့ အသင့်အနေအထား လုပ်ခဲ့တယ်။ ကျူးဘား သမ္မတ ကက်စထရိုကလည်း အမေရိကန် လေယာဉ်တွေကို တွေ့သမျှ ပစ်ချဖို့ အမိန့်ပေးခဲ့တယ်။ ရုရှကနေ အမေရိကန်ကို စတိုက်ဖို့လည်း ရုရှဝန်ကြီးချုပ်ကို တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။ အမေရိကန် သူလျှို လေယာဉ် တစီးကိုလည်း ကျူးဘားက ပစ်ချခဲ့ပါတယ်။ တခြား စစ်လေယာဉ်တွေကိုလည်း ပစ်ပေမယ့် ထိခိုက်မှု မရှိခဲ့ပါဘူး။ အဏုမြူ တော်ပီဒိုတွေ တပ်ဆင်ထားတဲ့ ရုရှ ရေငုပ်သင်္ဘောတွေကို တားဆီးဖို့ ရေမြှုပ်ဗုံးတွေကိုလည်း အမေရိကန်ရေတပ်က ချခဲ့ပါတယ်။

အောက်တိုဘာ (၂၈) ရက်မှာတော့ ရုရှစစ်သင်္ဘောတွေဟာ နောက်ပြန် လှည့်သွားပါတော့တယ်။ အဲဒီနေ့မှာပဲ ရုရှတွေက ဒုံးပျံတွေ ရုပ်သိမ်းပေးမယ်၊ အမေရိကန်က ကျူးဘားကို မကျူးကျော်ဖို့ အာမခံမယ်ဆိုပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဦးသန့်ရှေ့မှာ နှစ်ဘက်သဘောတူ လက်မှတ် ထိုးခဲ့ကြပါတယ်။ ရုရှနိုင်ငံနဲ့ ကပ်နေတဲ့ တူရကီ နိုင်ငံမှာရှိတဲ့ အမေရိကန် အဏုမြူ ဒုံးပျံတွေကိုတော့ နောက် (၆) လအကြာမှာ အမေရိကန်က ရုပ်သိမ်း ပေးလိုက်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဒင်းရပ်စ်က “ကျုပ်တို့ တယောက်ကို တယောက် မျက်လုံးချင်း စေ့စေ့ဆိုင် ကြည့်နေခဲ့ကြတာ ဟိုဘက်ကကောင်က မျက်တောင် ခတ်သွားတယ်” We've been eyeball to eyeball and the other fellow just blinked. လို့ သမိုင်းဝင်မှတ်ချက်စကား ပြောခဲ့ပါတော့တယ်။

အမေရိကန်သမ္မတ အိုင်စင်ဟောင်ဝါကို “ခင်ဗျားမြေးတွေ လက်ထက်ကျရင် အမေရိကန်နိုင်ငံဟာ ကွန်မြူနစ် စနစ်အောက် ရောက်နေလိမ့်မယ်” လို့ ခြိမ်းခြောက်ခဲ့ဖူးတဲ့ ရုရှဝန်ကြီးချုပ်ဟာ ၁၉၆၂ ခု ကျူးဘား အရေးအခင်းမှာ နိုင်ငံရေးအရ သိက္ခာကျ ရှုံးနိမ့်သွားခဲ့တာဟာ နောက်နှစ်ပေါင်း (၃၀) အကြာမှာ ဆိုဗီယက် ရုရှနိုင်ငံ ပြိုကွဲတဲ့အထိ ဦးတည် သွားခဲ့ပါတော့တယ်။ ဒါပေမယ့် ဒီကြားထဲမှာ ၁၉၆၈ ခု ချက်ကို စလိုဗေးကီးယားကို ကျူးကျော်တာ၊ ၁၉၇၉ ခု အာဖဂန်နစ္စတန်ကို ကျူးကျော်တာတွေတော့ ထလုပ်ခဲ့ ပါသေးတယ်။ နောက်ဆုံးတော့ ကွဲသွားတာပါပဲ။

(၄)
နအဖနဲ့ အန်အယ်လ်ဒီ၊ နအဖနဲ့ အပစ်ရပ်အဖွဲ့တွေ တယောက်ကိုတယောက် မျက်လုံးချင်း စေ့စေ့ဆိုင် ကြည့်နေကြပါတယ်။ စိတ်ဓာတ်ချင်း ပြိုင်ရာမှာ ဘယ်သူက မျက်တောင် အရင်စ,ခတ်မလဲ။ ။

Ref: ခေတ်ပြိုင်

Read More...

နေ့စဉ်သတင်းများ ( ၅ - ၅ - ၁၀ )

ပါတီငယ်များ ရွေးကောက်ပွဲ မဝင်သင့်ဟု CRPP ပြော သတင်း
အမေရိကန်ကိုယ်စားလှယ်အဖွဲ့ လာမည့်ကိစ္စ အန်အယ်လ်ဒီကို အကြောင်းကြား သတင်း
ကမ်းဘဲလ်နှင့် တွေ့ခွင့်ရရန် အတိုက်အခံများ လိုလား သတင်း
NLD မဖျက်သိမ်းဖို့ တားဝရမ်းလျှောက်လွှာ ပယ်ချခံရ သတင်း
တနင်္သာရီတိုင်း၌ မြို့နယ်တချို့ ပါတီဆိုင်းဘုတ် ဖြုတ်ချရန် ဖိအားပေးခံရ သတင်း
ရေးမြို့နယ်တွင် အဖွဲ့ချုပ် မြို့နယ်ခေါင်းဆောင်တဦး အရိုက်ခံရ သတင်း
ပဲခူး အန်အယ်လ်ဒီဆိုင်းဘုတ် ဖြုတ်ပြီ သတင်း
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ပညာသင်ထောက်ပံ့ကြေး ပေးအပ် သတင်း
ပါတီတခုတည်း မဲအများစုနဲ့ နိုင်မှာမဟုတ်လို့ ခန့်မှန်း သတင်း
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ထူထောင်ခွင့်ပြုသည့်အပေါ် အမြင်များ သတင်း
ရွေးကောက်ပွဲအတွက် တပြည်လုံး မြို့နယ်/တိုင်း ကြံ့ဖွံ့ပါတီဝင် စာရင်းကောက်ရန် ညွှန်ကြား သတင်း
မွန်တမျိုးသားလုံး ညီညွတ်ဖို့ အချိန်တန်ပြီဟု နိုင်ဟံသာက ပြော သတင်း
မွန်ပြည်သစ်ပါတီထိန်းချုပ်ရာ ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်မှုကျဆင်း သတင်း
ရခိုင်လူငယ် (၁၁) ဦး အမှုတွဲတွင် မိသားစုဝင်များ နားထောင်ခွင့်မပြု သတင်း
မွန် (၁ဝ၃) ဦးကို ထိုင်းရဲက ပြန်လွှတ်ပေး သတင်း
အောင်စာရင်းထွက်၌ ဘော်ဒါဆောင်နှင့် ကျူရှင်ဝိုင်းများ ဖွင့်ပြီ သတင်း
ရာသီဥတု ပူပြင်း၊ ရေခန်းသည့် ရွာများတွင် လူငယ်များက ရေလှူဒါန်း သတင်း
မြစ်ကြီးနား ကားကြီးဝင်းတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား သတင်း
အန်အယ်လ်ဒီ ရပ်တည်ရေး စီအာပီပီအဖွဲ့ဝင်များ စည်းဝေး သတင်း
ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့ကို နအဖ ပြန်လည်စည်းရုံး သတင်း
နအဖတပ် အင်အားဖြန့်သော်လည်း ဒီကေဘီအေ အင်အားစုစည်း သတင်း
ဝန်ကြီးအဖွဲ့ စစ်ရာထူးက နှုတ်ထွက်တဲ့အပေါ် အမေရိကန် တုံ့ပြန် သတင်း
စိစစ်ရေးကြောင့် သတင်းထောက်နှင့် နိုင်ငံရေးသမား အထင်လွဲမှု ဖြစ်ပွားရ သတင်း
“တပ်မတော်အစိုးရ”ဟု ရေးသား ဖော်ပြခွင့်မပြု သတင်း
မြန်မာသင်္ဘောသား (၂၁) ဦး လွတ်မြောက်မည်ဟု မျှော်လင့် သတင်း
ကြံ့ဖွံ့ကို ဝေဖန်မှုများ ပိတ်ပင်ခံရ သတင်း
အံကြိတ် လက်သီးဆုပ် မျက်လုံးချင်း စေ့စေ့ဆိုင်ကြည့် မျက်တောင်မခတ်တမ်း (ဆောင်းပါး)

Read More...

Wednesday, May 5, 2010

ကြံ့ဖွံ့ပါတီ၏ မှတ်ပုံတင်ခွင့် ကျပြီ

၅ မေလ ၂၀၁၀

ဧပြီလ ၂၉ ရက်နေ့က မှတ်ပုံတင်ခွင့် လျှောက်ထားသော ကြံ့ဖွံ့ပါတီ အပါဝင် ၁၀ ပါတီအား နိုင်ငံရေးပါတီ ထူထောင်ခွင့် ပြုလိုက်ကြောင်း ယနေ့ထုတ် နအဖ သတင်းစာများထဲတွင် ဖေါ်ပြ ပါရှိလာပါသည်။


ကြံ့ဖွံ့ပါတီတွင် အဖွဲ့ဝင် ၂၇ ဦး ရှိသော်လည်း ခေါင်းဆောင် ဦးသိန်းစိန်၏ အမည်သာဖေါ်ပြထားပြီး အခြားပါတီဝင်များ၏ အမည်များအား တရားဝင်ထုတ်ပြန်ကြေညာခြင်းမရှိသေးပေ။ သို့သော်လည်း ဧပြီလ ၂၆ ရက်နေ့က ဦးသိန်းစိန်အပါဝင် အငြိမ်းစားရသွားသော တပ်မတော်ကြည်းမှ စစ်ဗိုလ်ချုပ် ၂၂ ဦး မှာ ကြံ့ဖွံ့ပါတီ မှတ်ပုံတင်လျှောက်ထားသူများ ထဲတွင် ပါဝင်နိုင်ကြောင်း သိရသည်။

ယနေ့အထိမှတ်ပုံတင်ခွင့် လျှောက်ထားသော ပါတီသစ် ၃၀ နှင့် ပါတီဟောင်း ၅ ပါတီရှိပြီး ခွင့်ပြုချက်ရရှိထားသော ပါတီများမှာ ပါတီဟောင်း ၃ ပါတီနှင့် ပါတီသစ် ၂၄ ပါတီတို့ ခွင့်ပြုချက်ရပြီးဖြစ်သည်။ ၎င်းတို့မှာ အောက်ပါအတိုင်းဖြစ်သည်။

ခွင့်ပြုချက်ရပြီဖြစ်သော နိုင်ငံရေးပါတီသစ်များ
၁။ ၈၈ မျိုးဆက်ကျောင်းသား လူငယ် များ(ပြည်ထောင်စုမြန်မာနိုင်ငံ)The 88 Generation Student Youths(Union of Myanmar)၊
၂။ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေးအဖွဲ့ချုပ်၊ The Union of Myanmar Federation of National Politics
၃။ ဒီမိုကရက်တစ်ပါတီ (မြန်မာ)
၎။ ကရင်ပြည်သူ့ပါတီ
၅။ အမျိုးသား နိုင်ငံရေးမဟာမိတ်များ အဖွဲ့ချုပ်
၆။ ပအိုင်းအမျိုးသား အဖွဲ့ချုပ် (PNO)
၇။ မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ
၈။ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ
၉။ ခေတ်သစ်ပြည်သူ့ပါတီ
၁၀။ ချင်းအမျိုးသားပါတီ (Chin National Party)
၁၁။ ပြည်ထောင်စု ဒီမိုကရေစီပါတီ (Union Democracy Party)
၁၂။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ
၁၃။ တအောင်း(ပလောင်) အမျိုးသားပါတီ
၁၄။ ဝံသာနုNLD (ပြည်ထောင်စု မြန်မာနိုင်ငံ)
၁၅။ “ဝ” ဒီမိုကရက်တစ်ပါတီ
၁၆။ ဖလုံ- စဝေါ် ဒီမိုကရေစီပါတီ
၁၇။ ချင်းတိုးတက်ရေးပါတီ (Chin Progressive Party)
၁၈။ ကယန်းအမျိုးသားပါတီ
၁၉။ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ (National Democratic Party for Development)
၂၀။ မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အမျိုးသားအင်အားစု
၂၁။ ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
၂၂။ ဝ အမျိုးသားစည်းလုံးညီညွတ်ရေးပါတီ
၂၃။ အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ
၂၄။ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ


ခွင့်ပြုချက်မရသေးသော နိုင်ငံရေးပါတီသစ်များ
၁။ ကချင်ပြည်နယ်တိုးတက်ရေးပါတီ
၂။ ရှမ်းပြည်နယ်မြောက်ပိုင်း တိုးတက်ရေးပါတီ (Northern Shan State Progressive Party)
၃။ ညီညွတ်သော ဒီမိုကရေစီပါတီ(ကချင်ပြည်နယ်) United Democracy Party (Kachin State)
၎။ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ(UDP)
၅။ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ
၆။ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ

ခွင့်ပြုချက်ရပြီဖြစ်သော နိုင်ငံရေးပါတီဟောင်းများ
၁။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ၊
၂။ မြို (ခေါ်) ခမိ အမျိုးသားများ ညီညွတ်ရေးအဖွဲ့ (မခမညဖ) Mro or Khami National Solidarity Organization (M.K.N.S.O)
၃။ လားဟူအမျိုးသားဖွင့်ဖြိုးတိုးတက်ရေး ပါတီ


ခွင့်ပြုချက်မရသေးသော နိုင်ငံရေးပါတီဟောင်းများ
၁။ ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ
၂။ ပြည်ထောင်စု ကရင်အမျိုးသားများ အဖွဲ့ချုပ်

ဝိမုတ္တိဝိုင်းတော်သားတဦး

Read More...

NDD Monthly Chronology Events April - 2010

NDD Monthly Chronology Events April - 2010

Read More...

နေ့စဉ်သတင်းများ ( ၄ - ၅ - ၁၀ )

ဗုံးပေါက်ကွဲမှု သတင်းစာရှင်းလင်းပွဲ လုပ်မည် သတင်း
နာဂစ်ဒေသ (၂) နှစ်ပြည့်သော်လည်း နာလန်ထူနိုင်ခြင်း မရှိသေး သတင်း
နာဂစ် မြို့သစ် စီမံကိန်းအတွက် အဓမ္မ ပြောင်းရွှေ့ခိုင်းနေ သတင်း
လူ (၁) သိန်း (၈) သောင်း သောက်သုံးရေ ပြတ်တောက် သတင်း
မြန်မာပြည်အလယ်ပိုင်းတွင် အပူချိန် (၁၁၀) ဖာရင်ဟိုက်ကျော် ရောက်ရှိခဲ့ သတင်း
ကေအဲန်ယူ စစ်ဆင်ပြင်ဆင်မှုများ ပြုလုပ်နေ သတင်း
မွန်တရာကျော် ဖမ်းဆီးမိ သတင်း
မြေပြိုမှုကြောင့် တရုတ်အလုပ်သမားများ ထိခိုက်သေဆုံးမှုများရှိ သတင်း
ရန်ကုန်မြို့တွင် တနေ့ (၂) နာရီခန့်သာ မီးလာ သတင်း
လယ်မြေအသိမ်းခံရသူများ စစ်ခေါင်းဆောင်ထံ တိုင်ကြားရန် ပြင် သတင်း
တည်းခိုမည့်နေရာ အတိအကျ ရှိပါက ဆိုက်ရောက်ဗီဇာ ထုတ်ပေးမည် သတင်း
မူးယစ်ဆေးသမား ခိုးယူမှုများသဖြင့် ဒေသခံများ အခက်တွေ့ သတင်း
အင်ဗွိုင်းဂျာနယ် ရပ်နားမှုကြောင့် သတင်းထောက်များ အခက်တွေ့ သတင်း
ရွေးကောက်ပွဲကာလ သတင်းလွတ်လပ်ခွင့် မရှိနိုင်ဟု RSF ထုတ်ပြန် သတင်း
စစ်အာဏာရှင်လက်ပါးစေ ၈၈ မျိုးဆက်အယောင်ဆောင်များကို ကန့်ကွက်သည်ဟု ကျောင်းသားဟောင်း မျိုးဆက်ကြီးငယ်တို့က ထုတ်ဖော်ပြောဆို သတင်း
ချိနဲ့နေဆဲ မြစ်ဝကျွန်းပေါ် (ဆောင်းပါး)
“ငွေ” သို့မဟုတ် ပါတီသစ်တွေ အတွက် အကြီးမားဆုံး စိန်ခေါ်မှု (ဆောင်းပါး)
အကျဉ်းထောင်ချင်းတော့ မတူပါလေ (ဆောင်းပါး)
အညတရ အမေသို့ (ဆောင်းပါး)
အကယ်၍များ (၀တ္ထုတို)

Read More...

ချိနဲ့နေဆဲ မြစ်ဝကျွန်းပေါ်

ဟိန်းဇော်
Tuesday, May 04, 2010

“တနေ့လုံး ဘာမှမစားရ သေးတော့ ဒီညနေ ပိုက်ဆံရမှ ထမင်းအမြန် ချက်စားနေရတာ”ဟု လပွတ္တာခရိုင် ဘီတွတ်ကျေးရွာ ရွာမ ကွက်သစ် (၂) တွင် နေထိုင်သော အသက် ၆၈ နှစ် အရွယ် ဒေါ်သောင်းစိန်က ဆန်လေးလုံးဝင် ဒန်အိုးတလုံးထဲသို့ ၀ါညစ်နေသော ဆန်များကို သွန်ထည့်ရင်း ဆိုသည်။

နေ့လယ် ၁၂ နာရီခန့်က စတင် ဆောက်လုပ်ကာ ပြီးစီးလုရှိနေသော ၁၄ ပေ ပတ်လည်ရှိ ဓနိမိုး ဓနိကာ အိမ်ကလး တလုံးထဲတွင် နံနက်စာကို ညနေစောင်းမှ စတင် ချက်ပြုတ် နေရခြင်းဖြစ်သည်။ နံနက်စာမှာ ညနေ ၅ နာရီခွဲ အထိ မကျက်သေး၍ မိသားစု ၈ ဦး ရှိသော ဒေါ်သောင်းစိန်တို့ အိမ်တွင် ကလေးများက ဆာလောင်ကြသောကြောင့် ဆူဆူညံညံ ဖြစ်နေတော့သည်။

“အမေကြီး ဗိုက်ဆာပြီဟ” “သားကို ထမင်းရည် နည်းနည်း တိုက်ဦး”စသည့် အရွယ် မရောက်သေးသော ကလေးငယ်များ၏ မပီကလာ ပီကလာ စကားသံများသည်လည်း စဉ်ဆက်မပြတ် ကြားနေရသည်။

နာဂစ်မုန်တိုင်းတိုက်ခိုက်မှုကြောင့် အသက်ပေါင်းများစွာ စတေးခဲ့ရပြီး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြသော မြစ်ဝ ကျွန်းပေါ် ဧရာဝတီတိုင်း အတွင်းရှိ မိသားစုများစွာထဲတွင် ဒေါ်သောင်းစိန်တို့ မိသားစုတစုလည်း ပါဝင်သည်။

၂၀၀၈ ခုနှစ် မေလ၂ရက်နှင့် ၃ ရက်နေ့များတွင် နာဂစ်ဆိုင်ကလုန်း မုန်တိုင်းတိုက်ခတ်ခဲ့မှုကြောင့် မုန်တိုင်းပြင်းထန်သည့် ဧရာဝတီတိုင်း အတွင်းရှိ လူဦးရေ ၇ သန်းရှိသည့် အနက် လူဦးရေ ၂. ၄ သန်း ထိခိုက်နစ်နာခဲ့ရပြီး ယင်းမုန်တိုင်းကြောင့် လူဦးရေ ၁၄၀၀၀၀ ခန့် သေကြေ ပျောက်ဆုံးခဲ့ရသည်။ လူ ၈ သိန်းခန့်မှာ အိုးမဲ့အိမ်မဲ့ဘ၀ ရောက်ကာ အိမ်ပေါင်း ၄၅၀၀၀၀ ခန့် ပျက်စီးခဲ့သည် ဟု စာရင်း ဇယားများအရ သိရသည်။

အဆိုပါ မုန်တိုင်းကြောင့် အသက်မသေဘဲ အိုးမဲ့အိမ်မဲ့ဘ၀ ရောက်ခဲ့သူများသည် အချိန် ၂ နှစ်ခန့် ကြာမြင့် လာခဲ့သော်လည်း နာလန် မထူနိုင်သေးသည့် အပြင် စားဝတ်နေရေး ခက်ခဲနေကြဆဲ ဖြစ်သည်။

ထိုသို့ ကြေကွဲစရာအဖြစ်အပျက်များနှင့် ကြုံတွေ့ခဲ့ရပြီး ခက်ခဲကြမ်းတမ်းစွာ အသက်ရှင်နေထိုင်နေခဲ့ကြသော်လည်း စားဝတ် နေရေးသည် အချိန်ကြာလာသည်နှင့် အမျှ ခက်ခဲမှုများကြောင့် အသက်ရှင်နေထိုင်ရန်ပင် များစွာ ခက်ခဲလာကြောင်း ဒေါ်သောင်းစိန်၏ သားအကြီးဆုံး ဖြစ်သူ အသက် ၄၅ နှစ်အရွယ် ဦးလှမောင်ကလည်း ပြောပြသည်။

“မုန်တိုင်းကြောင့် ဘ၀ကို ကျန်တဲ့မိသားစုတွေနဲ့ အသစ်ကပြန်စမယ် အားမွေးလာတာ၊ ဒီနေ့အထိ မိသားစုစုံစုံလင်လင် ထမင်း၀၀ စားရတဲ့နေ့ မရှိသေးဘူး၊ အသက်ဆက် ရှင်နေရတာ ဘယ်လိုလာပြီး ကောင်းတော့လိုလဲ”ဟု ဦးလှမောင်က ဆိုသည်။

ဘီတွတ်ကျေးရွာမှ ဒေါ်အေးမော်ကလည်း“တနေကုန် အုတ်သွားသည်တဲ့ လုပ်အားခက ညနေမှရတော့ အခုမှဆန်ဝယ်ပြီး ထမင်း ချက်တာ၊ တနေကုန် ဘာမှမစားဘဲ ဒီအတိုင်းနေ ညနေကျမှ ထမင်းစားနဲ့ မုန်တိုင်းပြီး တနှစ်လောက် ကတည်းက ဒီလိုနေနေကြရ တာ၊ ဆန်ကွဲကို ချက်စားနေတဲ့ လူတွေဆို အများကြီးပဲ”ဟု ပြောသည်။

မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများက ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို လာရောက် အကူအညီ ပေးကြပြီး တနှစ် ၀န်းကျင်အကြာတွင် ယင်းအဖွဲ့အစည်းများ ဧရာဝတီတိုင်းအတွင်းမှ ပြန်လည် ထွက်ခွာခဲ့ကြရာ ဒေသခံ ဒုက္ခသည်များ အခက်အခဲ ပိုဖြစ်လာကြရသည်။

“အရင်က ပစ္စည်းတွေဘာတွေ လာဝေတဲ့ အဖွဲ့တွေဘာတွေရှိတော့ ကျနော်တို့ရွာတွေ အဆင်ပြေပြေနေနိုင်ပြီ ထင်ထားတာ၊ ဘယ် အဖွဲ့မှလည်း မရှိ၊ ကိုယ့်အလုပ်တွေ ကိုယ်ပြန်လုပ်ကြတော့လည်း ဘာအလုပ်မှ လုပ်စားလို့မရဘူး၊ ရွာမှာ အလုပ်အကိုင် တော်တော်ကို ရှားပါးကုန်တာ၊ အလုပ်တွေ အဆင်မပြေတော့ ထမင်းငတ်တဲ့ လူများလာတယ်”ဟု ကုက္ကို ကျေးရွာတွင် နေထိုင်သော နှစ်၂၀ ကြာ တံငါသည် လုပ်ကိုင်လာသော ဦးစိုးနိုင်က ပြောသည်။

နာဂစ်ဆိုင်ကလုန်း မုန်တိုင်းဒဏ် ခံခဲ့ရသော ဧရာဝတီတိုင်းအတွင်းရှိ ဒေသများမှ လယ်ယာ လုပ်ငန်း၊ ရေလုပ်ငန်းနှင့် ဆားလုပ်ငန်း စသော လုပ်ငန်းကြီးသုံးခုမှာ နှစ်နှစ်ကြာချိန်အထိ အဆင်မပြေမှုကြောင့် ယင်းလုပ်ငန်းကြီးများကို မှီခိုလုပ်ကိုင်ကြသော လုပ်သား များစွာလည်း အလုပ်လက်မဲ့ဖြစ်ကာ စားဝတ်နေရေး အခက်အခဲများ ယနေ့တိုင် ရင်ဆိုင်နေရ ဆဲဖြစ်သည်။

“ကျနော်တို့လည်း အကြွေးတွေနဲ့ လယ်ပြန်လုပ်နေရတာ၊ လယ်ကလည်း ထင်သလောက် မဖြစ်တဲ့အပြင် ကြွက်သောင်းကျန်းလို့ အရှုံးနဲ့ တွေ့နေရတော့ အလုပ်သမားများများ မသုံးနိုင်တော့ဘူး”ဟု ကညင်ကုန်း ကျေးရွာရှိ လယ်ပိုင်ရှင်တဦးက ဆိုသည်။

ထိုသို့ အလုပ်အကိုင်ရှားပါးလာခြင်းကြောင့် နောက်ဆက်တွဲ စားဝတ်နေရေး အခက်အခဲဖြစ်ပွားမှုသည် လက်ရှိတွင် ပိုမိုဆိုးဝါး လာရကြောင်းလည်း ဒေသခံများက ပြောပြသည်။

“အရင်ကဆို အလုပ်အရမ်းပေါတယ်၊ ဘယ်အလုပ်ပဲ ၀င်လုပ်လုပ် ပိုက်ဆံရတယ်၊ အခု ခိုင်းမဲ့လူလည်း မရှိဘူး၊ ရွာမှာ ပိုက်ဆံကို မရှိတော့ စားဖို့ အရမ်း ခက်ခဲနေတယ်”ဟု ပုံကမာ ကျေးရွာတွင် နေထိုင်သော ရေလုပ်သား ဦးခင်မောင်ဝင်း က ပြောသည်။

နာဂစ်မုန်တိုင်းစတင် တိုက်ခတ်စဉ်က ရေလုပ်သားများ ငါး ဖမ်းဆီးရရှိမှု များပြားခဲ့သော်လည်း လက်ရှိတွင် ငါးရရှိမှုလွန်စွာ လျော့ နည်းသည့် အပြင် ငါးဖမ်းဆီးခွင့် ပိတ်ပင်ထားမှုကြောင့် တံငါရွာများတွင် စားဝတ်နေရေးခက်ခဲမှု ဆိုးဝါးနေကြောင်း ဦးခင်မောင်ဝင်း က ငါးဖမ်း ပိုက်ကွန်ကို ဖာထေးရင်း ဆိုသည်။

“တံငါသည်ကို ငါးဖမ်းခွင့်ပိတ်တော့ ပိုက်သိမ်းဗိုက်မှောက် အငတ်ခံရုံပေါ့”ဟု သူက ဒေါသသံဖြင့် မာကြောကြော ပြောသည်။

ဒေသခံ မုန်တိုင်း ဒုက္ခသည် များသည် မှုရင်းအသက်မွေးဝမ်းကျောင်းလုပ်ငန်းများ အဆင်မပြေသည့်အတွက် လုပ်ငန်းပြောင်း လုပ်ကိုင်မှု များပြားလာကြောင်းလည်း သိရသည်။

“လယ်ပိုင်ရှင်တွေ၊ ယာပိုင်ရှင်တွေတောင် ဘောက်သမားဘ၀ရောက်ကုန်တယ်၊ ဒီနေ့ ထမင်းစားပြီးနောက်နေ့ ဆိုတာကို မစဉ်းစား ရဲဘူး၊ နာဂစ်ဒေသ နေသားကျ ပြန်ဖြစ်နေဖို့ နေနေသာသာ ဒုက္ခပိုများလာတယ်”ဟု ဆေးပြင်းလိပ်ကို ခပ်ပြင်းပြင်း ဖွာရိုက်၍ သက်ပြင်းချရင်း ဦးလှမောင်က ပြောသည်။

လက်ရှိ မုန်တိုင်းဒဏ်သင့်ဒေသများတွင် အစိုးရဆီမှ ချေးငွေဖြင့်လယ်ယာ လုပ်ကိုင်သောသူများသည်လည်း လုပ်ငန်းများ အဆင် မပြေမှုကြောင့် အတိုးများ နစ်နေကြသည် သူက ဆိုသည်။

“ထင်သလောက် ဘယ်အလုပ်မှကောင်းကောင်းမဖြစ်တော့ လုပ်နေရင်းက လူတွေလည်း စိတ်ဓာတ်ကျလာတယ်၊ ထမင်းစားဖို့ သက်သက်ကြီး ရှာနေကြတာ၊ စားဖို့တောင် အနိုင်နိုင်ဖြစ်နေတာ၊ နောက်ဆို သူခိုးဓားပြတွေတောင် ပေါလာမှာ ဆိုးရတယ်”ဟု ဦးလှမောင်က ပြောဆိုသည်။

အဆိုပါ မုန်တိုင်းဒဏ်သင့်ဒေသသည် မုန်တိုင်းမတိုက်မီကာလများတွင် နေနိုင်စားနိုင်သော အခြေအနေရှိကြောင်း သိရသည်။

“ဆန်ကွဲချက်စားတဲ့ရက်ပေါင်းတွေလဲ မရေတွက်နိုင်တော့ဘူး၊ အလုပ်လိုချင်လို့ နေရာစုံလိုက်တောင်းတာတောင် မရဘူး”ဟု ဦးခင်မောင်ဝင်းက ပေါင်ပေါ်တွင် အိပ်စက်နေသော အရွယ်မရောက်သေးသည့် သားငယ်ကို ငုံ့ကြည့်ပြီး မျက်ရည်များ ကျဆင်းရင်း ပြောသည်။

နာဂစ်မုန်တိုင်း တိုက်ခိုက်မှု တနှစ်ပြည့်ချိန်တွင် ရွာတိုင်းနီးပါးက သေဆုံးသူများအတွက် တစ်နှစ်ပြည့် အလှူအတန်းလေးများ ပြုလုပ် ပေးနိုင်ကြသော်လည်း ယခုနှစ်နှစ်ပြည့်တွင် မိသားစုတစုချင်း၏ စားဝတ်နေရေး ခက်ခဲမှုများကြောင့် သေဆုံးသူများ အတွက် ကောင်းမှုကုသိုလ် မပြုလုပ်ပေးနိုင်ကြောင်း လပွတ္တာ ဒေသခံများက ပြောပြသည်။

နာဂစ်၂ နှစ် ပြည့်ချိန်တွင် ပြန်လည်ထူထောင်ရေးကာလများက တည်ဆောက်ထားသော တန်ဖိုးနည်းအိမ်ရာများ ဟောင်းနွမ်း ယိုင်နဲ့လာသကဲ့သို့ ဧရာဝတီ တိုင်းသားများ၏ ဘ၀သည်လည်း မသေချာမရေရာ ချိနဲ့နေဆဲ ဖြစ်သည်။

“ဒီည ထမင်းစားတာတော့ ဟုတ်ပါပြီ၊ မနက်ဖြန်ရော ထမင်းဘယ်အချိန် ဆက်စားရဦးမလဲနော်”ဟု ဒေါ်သောင်းစိန် က အားငယ် သံဖြင့် ညည်းညူ ပြောဆိုလိုက်ပါသည်။

Ref: ဧရာဝတီ်

Read More...

Tuesday, May 4, 2010

နေ့စဉ်သတင်းများ ( ၃ - ၅ - ၁၀ )

TIME မဂ္ဂဇင်းကြီးရဲ့ ၂၀၁၀ လူ (၁၀၀) စာရင်း - သူရဲကောင်းများတွင် ဘလော့ဂါ နေဘုန်းလတ် ပါဝင် သတင်း
ကေအန်အယ်လ်အေကို နအဖတပ်များ ထပ်မံထိုးစစ်ဆင်ရန် ပြင်ဆင် သတင်း
စစ်အစိုးရတပ်နှင့် ပြည်သူ့စစ်စခန်းအား မွန်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ စီးနင်းပစ်ခတ် သတင်း
ဗိုလ်ချုပ်လွယ်မောဝ်းနှင့်အဖွဲ့ သောင်မတင် ရေမကျဖြစ်နေ သတင်း
မြန်မာအနောက်ဘက်နယ်စပ်တွင် အာဏာပိုင်များမှ ဗုံးလှန့်ထား သတင်း
(၇) တန်းကျောင်းသူလေးအား နအဖရဲဘော်ဟောင်းအုပ်စု မုဒိမ်းကျင့် သတ်ဖြတ် သတင်း
တိုင်းမှူးကတော် မှာယူသော သဇင်ဥရရှိရေး ဒေသခံရွာသားများ အတင်းအဓမ္မ စေခိုင်းခံနေရ သတင်း
မြန်မာ့စာနယ်ဇင်းလွတ်လပ်ခွင့် အလားအလာ မှေးမှိန်နေဆဲ သတင်း
အင်တာနက်အသုံးပြုမှုအပေါ် ကန့်သတ်မှုနဲ့ အခက်အခဲတွေ ပိုများလာ သတင်း
ခွပ်ဒေါင်းအလံကို ပါတီအလံအဖြစ် အသုံးပြုခြင်းအပေါ် မေးခွန်းများ ထုတ်နေကြ သတင်း
ကြံ့ဖွံ့ပါတီသာ အနိုင်ရမည်ဟု အများက ယူဆ သတင်း
၂ဝ၁ဝ ရွေးကောက်ပွဲ ပြီးခဲ့သော် အာဏရှင်စနစ်အုတ်မြစ် တိုက်ရဦးမည် သတင်း
လူကုန်ကူးသူများ နာဂစ်ဒေသကို ပစ်မှတ်ထား သတင်း
မပြောင်းရွှေ့ချင်သည့် ကျေးရွာသားများ ဖိအားပေးခံနေရ သတင်း
တန်းတူအခွင့်အရေးအတွက် တိုက်တွန်းသွားမည်ဟု ထိုင်းအလုပ်သမားဝန်ကြီး ပြော သတင်း
မြန်မာရွှေ့ပြောင်း အလုပ်သမား (၈) သိန်းကျော် နိုင်ငံသားစိစစ်ရေးလျှောက်လွှာ တင်သွင်းပြီး သတင်း
မြန်မာပြည်သူနဲ့ အလုပ်သမားများနေ့ အသိတရားများ သတင်း
သုံးဘီးဆိုင်ကယ် လိုင်စင်ကြေး ကျပ် (၇) သိန်း တောင်းနေ သတင်း
လောင်းကစားဒိုင်များ အင်တာနက် အထူးလိုင်း အသုံးပြု သတင်း
သံချပ်ကားတွေ သုံးတော့မယ် သတင်း
ငရဲပန်းကို ရွှေပန်းထင်တဲ့ ဦးခင်မောင်ဆွေသို့ အိတ်ဖွင့်ပေးစာ (ဆောင်းပါး)
ကလလတနှင့် ကရင်နီပြည် အနာဂတ် နိုင်ငံရေး (ဆောင်းပါး)
လွတ်မြောက်ခွင့် မရှိသေးသော ဘဝများ (ဆောင်းပါး)

Read More...

နာဂစ်ဒေသ (၂) နှစ်ပြည့်သော်လည်း နာလန်ထူနိုင်ခြင်း မရှိသေး

မျိုးချစ်သူ/ ၄ မေ ၂ဝ၁ဝ

၂၀၀၈ ခုနှစ် မေလ (၂) ရက်နှင့် (၃) ရက်တို့တွင် နာဂစ်ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခဲ့သည်မှာ ၂၀၁၀ ပြည့်နှစ် မေ (၂) ရက်နှင့် (၃) ရက်တွင် (၂) နှစ်တင်းတင်း ပြည့်ခဲ့ပြီဖြစ်သော်လည်း နာဂစ်သင့်ဒေသတွင် နာလန်ထူနိုင်ခြင်း မရှိသေးသည်ကို တွေ့ရသည်။

၂၀၀၈ ခုနှစ် မေလအတွင်း တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းကြောင့် အထိအနာဆုံးဒေသမှာ ဧရာဝတီတိုင်း ဖြစ်ပြီး ဒုတိယ အထိအနာဆုံးဒေသမှာ ရန်ကုန်တိုင်းဖြစ်သည်။

လူပေါင်း (၁) သိန်းခွဲနီးပါး သေဆုံးခဲ့ကြရကာ လူဦးရေ (၂) သန်းကျော် အိုးအိမ် မဲ့ခဲ့ကြရသည့်အတွက် ယနေ့တိုင် အဆိုပါ ဖြစ်ရပ်ဆိုးကို မည်သူမျှ မမေ့နိုင်ဘဲ ရှိနေကြခြင်းဖြစ်သည်။

“ဘယ်သူမှ မမေ့ပေမယ့် အစိုးရကတော့ အားလုံးကို မေ့ထားနေပါတယ်။ အခုဆိုရင် ရပ်ရွာတွေမှာ ရေတွေခန်းပြီး ရေ အခက်အခဲကိုလည်း ကြုံနေရပြီလေ။ မိုးမြန်မြန် ရွာစေချင်တယ်၊ ကန်တွေရေခန်းကုန်ပြီ” ဟု ဘိုကလေးမြို့နယ် ရေနက်ချောင်း ရွာသားတဦးက ပြောသည်။

နာဂစ်သင့်ဒေသတွင် ရေအခက်အခဲသာမက စားဝတ်နေရေးပြဿနာများလည်း ရင်ဆိုင်နေရဆဲ ဖြစ်ကြောင်း ဒေသခံများက ပြောကြသည်။

“ဒီမှာက အဓိက ပြဿနာတွေထဲမှာ စပါးစိုက်မျိုးမှု ပြဿနာ ရှိနေပါတယ်။ မနှစ်က ဖြုတ်တွေကျလို့ စပါးထွက်တဲ့ အရေအတွက် နည်းသွားတဲ့ အတွက် လယ်သမားတွေ အရှုံးပေါ်တယ်။ လယ်စိုက်ဖို့ အတိုးနဲ့ ငွေချေးရတယ်။ ငွေကို စပါးပေါ်ချိန်မှာ ဆပ်ရမှာ ဖြစ်ပေမယ့် တချို့က ပြန်မဆပ်နိုင် ဖြစ်ကြတယ်” ဟု ဘိုကလေးမြို့နယ် ကျောင်းစုရွာမှ လယ်ပိုင်ရှင်တဦးက ပြောသည်။

စပါးစိုက်တောင်သူတို့သည် တဧက စပါးစိုက်စရိတ် ကုန်ကျငွေ (၂) သိန်းခွဲခန့်ရှိပြီး ယင်းဒေသတွင် အချွန်ခေါ် စပါးအမျိုးအစားကို စိုက်ရသောကြောင့် စပါးဈေးမရဟု ၎င်းက ရှင်းပြသည်။

နာဂစ်ဒေသတွင် ဒေသခံများ၏ လယ်ယာလုပ်ငန်းအတွက် တွဲဖက် ရုန်းကန်ခဲ့ကြရသည့် ကျွဲနွား တိရစ္ဆာန်များသည်လည်း သိန်းနှင့်ချီ သေဆုံးခဲ့ကြပြီး လယ်ယာမြေဧကများစွာမှာလည်း ဆားငန်ရေ ၀င်ရောက်ခြင်းကြောင့် ပျက်စီးခဲ့ရသည်။

ထိုအခြေအနေများကို ကျော်လွန်စေရန် ပြန်လည်ထူထောင်ရေးကာလကို (၃) နှစ်အထိ လုပ်ဆောင်ရမည် ဖြစ်သော်လည်း နအဖ စစ်အစိုးရက နာဂစ်သင့် ဒေသများတွင် လွန်စွာ ဖွံ့ဖြိုးနေပြီဖြစ်ကြောင်း နိုင်ငံပိုင် သတင်းစာများမှ တဆင့် ရေးသားဖော်ပြခဲ့သည်။

ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် အမေရိကန်ဒေါ်လာသန်း (၇၀၀) နီးပါး အကူအညီ လိုအပ်နေကြောင်း ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီ (၉) ရက် ဘန်ကောက်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ သုံးပွင့်ဆိုင် ဗဟိုအဖွဲ့ (TCG) က တရားဝင် ပြောကြားခဲ့သည်။

ဘိုကလေးမြို့နယ် ဦးမှုန်စုရွာသူတဦးက “အရင်ကတော့ အလှူပေးတဲ့သူတွေ လာတယ်၊ အခု မလာတာ ကြာပြီ။ ဒီလိုပဲ ရုန်းရ ကန်ရတာပေါ့လေ။ မိုးရာသီဆိုရင် သူများဆီမှာ ကောက်စိုက်၊ နွေဆိုရင် ပိုက်တဲတွေဆီမှာ ငါးရွေးပေါ့” ဟု ပြောသည်။

ဧရာဝတီတိုင်းတွင် ၀မ်းရောဂါ ဖြစ်ပွားမှုကြောင့် ဆေးကုသမှုခံယူကြရကာ သေသူများလည်း ရှိနေကြောင်း သိရသည်။

ဘိုကလေးမြို့နယ် ဘုရားချောင်းရွာသည် တံငါလုပ်ငန်းဖြင့် အသက်မွေးရသူများ၊ လက်လုပ်လက်စားများ ပေါကာ သောက်သုံးရေကို ကန်မှ သောက်ရသောကြောင့် ရေမသန့်သည့်အတွက် ၀မ်းကိုက်ရောဂါ ဖြစ်ပွားကြကြောင်း ဒေသကျန်းမာရေး ဆရာမတဦးက ပြောသည်။

“အမှန်တော့ ဒီဒေသတွေမှာ ရေက ပြဿနာရှိပါတယ်။ ဒေသ အာဏာပိုင်တွေအနေနဲ့ကလည်း ဒီအချိန်မှာ ဒီရေပြဿနာ ရှိတယ် ဆိုတာကို ခေါင်းထဲမှာ ထည့်ထားဖို့ လိုပါတယ်။ အခုက ဘာသိဘာသာ နေကြတာ တွေ့ရတယ်” ဟု ယင်းဆရာမက ပြောသည်။

ဧရာဝတီတိုင်းအတွင်းတွင် နာဂစ်မုန်တိုင်းကြောင့် ရေကန်များကို ဆားငန်ရေများ လွှမ်းခဲ့သည့်နောက်ပိုင်း မိုးရာသီတကြိမ် ကြုံပြီးဖြစ်သည့်တိုင် အချို့ရေကန်များမှာ သုံးမရဘဲ ရှိနေဆဲဖြစ်သည်။

သုံးပွင့်ဆိုင်အဖွဲ့သည် လာမည့်ဇူလိုင်လတွင် နာဂစ်ဒေသ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ရပ်နားတော့မည်ဖြစ်ပြီး မြန်မာနိုင်ငံ နာဂစ်မုန်တိုင်းသင့်ဒေသများအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဖြစ်သည့် အိမ်ရာနှင့် အသက်မွေး ၀မ်းကျောင်းလုပ်ငန်း ကဏ္ဍများတွင် ရန်ပုံငွေလိုအပ်ချက် မြင့်မားဆဲဖြစ်ကြောင်း သုံးပွင့်ဆိုင်အဖွဲ့က ပြီးခဲ့သည့် ဧပြီ (၂၀) ရက်တွင် အစီရင်ခံစာထုတ်ပြန်ထားသည်။

Ref: ခေတ်ပြိုင်

Read More...

Monday, May 3, 2010

နေ့စဉ်သတင်းများ ( ၂ - ၅ - ၁၀ )

ဒေါ်အောင်ဆန်းစုကြည် နေအိမ်ပြင်ဆင်ရေးလုပ်ငန်း ပြန်လည်စတင်မည် သတင်း
မန္တလေးတိုင်း NLD ပါတီ ရှေ့လုပ်ငန်းများ ဆွေးနွေး သတင်း
နာဂစ်ဆိုင်ကလုန်း (၂) နှစ်ပြည့်ပေမယ့် ဒေသခံတွေ အခက်တွေ့နေဆဲ သတင်း
နာဂစ်ဒေသအတွက် အလှူငွေ လေးပုံတပုံပဲ ရသေး သတင်း
နာဂစ်အတွက် လှူဒါန်းကြဖို့ Oxfam တိုက်တွန်း သတင်း
နာဂစ်မုန်တိုင်းစစ်တမ်း သတင်း
ပြည်သူ့ဂုဏ်ရည် ချီးမြှင့်ခံရခြင်းနှင့် နာဂစ် (၂) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် (ဦး) ကျော်သူက မုန့်ဟင်းခါး စတုဒိသာ လှူဒါန်း သတင်း
မြစ်ဆုံဗုံးကွဲအပြီး ရပ်ကွက်အချို့ ရွှေ့ပြောင်းခိုင်း သတင်း
တွံတေးမြို့နယ်၌ ကလေးစစ်သား အဓမ္မ စုဆောင်းမှုနှင့် ပျောက်ဆုံးမှုအခြေအနေ သတင်း
မွန်ဒုက္ခသည် ကလေးများနှင့် အမျိုးသမီးများ ကျန်းမာရေးပြဿနာများ ရင်ဆိုင်နေရ သတင်း
ကျွဲများသေဆုံး၍ လယ်သမားများ ဒုက္ခရောက်နေ သတင်း
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ စက်မှုလယ်ယာဝင်းအတွင်း ဗုံးပေါက်ကွဲ သတင်း
နိုင်ငံရေးအကျဉ်းသား မိသားစုတွေကို အန်အယ်လ်ဒီ ပါတီဝင်တွေ ကူညီ သတင်း
မွန်ပြည်သစ်ပါတီအား လစဉ်ထောက်ပံ့ရန် ဒိန်းမတ်ရောက် မွန်များ ဆုံးဖြတ်ချက်ချခဲ့ သတင်း
ကလေးစစ်သားများနဲ့ မိဘများ - မှတ်တမ်းများကပြောတဲ့ သူတို့ဘ၀များ သတင်း
ကြံ့ခိုင်ရေးအသင်းက နိုင်ငံရေးပါတီထောင်လိုက်သည့်အပေါ် သဘောထားအမြင်များ သတင်း
ဝန်ကြီးချုပ် ဦးသိန်းစိန် နိုင်ငံရေးပါတီ ထူထောင်ခြင်းအပေါ် ဝေဖန်မှုများရှိနေ သတင်း
နီပေါအစိုးရ ပြုတ်ကျရေး နိုင်ငံအ၀န်း ဆန္ဒပြ သတင်း
ထိုင်းဆန္ဒပြပွဲကို အစိုးရ ဖြိုခွဲမည် သတင်း
ဆန္ဒပြပွဲတွေ ထိန်းချုပ်မယ့် လုံခြုံရေးတပ်ဖွဲ့တွေ ငွေကြေးထောက်ပံ့ဖို့ ထိုင်းလွှတ်တော် အတည်ပြု သတင်း
ရေနံယိုဖိတ်မှု BP မှာ တာဝန်ရှိလို့ အိုဘားမား ပြော သတင်း

Read More...

Sunday, May 2, 2010

နေ့စဉ်သတင်းများ ( ၁ - ၅ - ၁၀ )

အဖွဲ့ချုပ်က အလုပ်သမားနေ့ ကြေညာချက်ထုတ်ပြန် သတင်း
ဘိုကလေးမြို့ NLD မေဒေးအလုပ်သမားနေ့ ကျင်းပ သတင်း
အလုပ်သမား၊ လယ်သမားအဖွဲ့ ကြေညာချက်နှင့် ပို့စကတ် ဖြန့်ဝေ သတင်း
အလုပ်သမား ဘ၀ကျပ်တည်းမှု စစ်အစိုးရမှာ တာဝန်ရှိ သတင်း
ဥပဒေကြောင်းအရ တားဆီးရေး ကြိုးပမ်းမှု NCUB ထောက်ခံ သတင်း
တောင်ကုတ်မြို့ အန်အယ်လ်ဒီပါတီဝင် ရိုက်နှက်ဖမ်းဆီးခံရ သတင်း
တောင်ကုတ်မြို့က NLD အဖွဲ့ဝင် ဦးသန်းမောင် ဖမ်းဆီးခံရ သတင်း
အတိုက်အခံခေါင်းဆောင် ဦးဝင်းတင်နဲ့ မေးခွန်းများ သတင်း
စခန်းတွေထဲမှာ နှစ်ရှည်နေထိုင်နေကြရတဲ့ ဒုက္ခသည် သန်းနဲ့ချီရှိ သတင်း
နာဂစ်နှစ်ပတ်လည် မေတ္တာနန္ဒ၏ မိဘမဲ့ကလေးစောင့်ရှောက်ရေး ခရီးဆက်နေဆဲ သတင်း
စစ်တွေတွင် ငလျင်လှုပ်၊ ထိခိုက်ပျက်စီးမူ တစုံတရာမရှိ သတင်း
ပဲခူးစက်ရုံ ဒဏ်ရာရ အလုပ်သမားများ နစ်နာကြေးမရ သတင်း
လုပ်ခလစာတွေ တိုးမြှင့်သတ်မှတ်ပေးရန် မြန်မာနိုင်ငံ လယ်သမား၊ အလုပ်သမား သွေးစည်းညီညွတ်ရေးအ ဖွဲ့ချုပ်က တောင်းဆို သတင်း
ရွေးကောက်ပွဲ အဖျက်သမား တိုက်ဖျက်ရန် ဗိုလ်ချုပ်မှူးကြီး တိုက်တွန်း သတင်း
KNLA နှင့် နအဖတို့ တနာရီကြာ တိုက်ပွဲတွင် နှစ်ဖက်ထိခိုက်ကျဆုံး သတင်း
ပေါ့လျော့မှုကြောင့် ကျည်လွတ်ထွက် CF-SSA ခြုံခိုတိုက်သည်ဟု လားရှိုး ဒု-တိုင်းမှူး စွပ်စွဲ သတင်း
သွေးချင်းတွေ သွေးချင်းချင်း ထပ်မနီစေချင် (ဆောင်းပါး)
ကလေးပျောက်ဆုံးမှုကို နယ်မြေခံစစ်တပ်ကြောင့်ဟု မိဘက ပြောဆို သတင်း
မုန်တိုင်းအလွန် (ဆောင်းပါး)

Read More...

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ကြေညာချက်အမှတ် - ၁၀/၀၅/၁၀

၂ ရက် မေလ ၂၀၁၀





Read More...

အပေါ်သို့