Saturday, January 30, 2010

ပေါချောင်ကောင်းနဲ့ ခေတ်ကို အမီလိုက်ကြစို့ရဲ့

ဝေလင်း
၂၉ ဇန်န၀ါရီ ၂၀၁၀

နအဖ တပ်မတော် (လေ)

စကတည်းက တော်တော်ကြီးလွဲသွားခဲ့တဲ့ မြန်မာ့တပ်မတော်တွင်း ကိစ္စလေးတခု အကြောင်းပါ။ သူများကို မခံချင်လို့ ထသတ်ပါတယ်၊ ဒါပေမယ့် ကိုယ်က အောက်ကပဲ ဆိုတဲ့ အဖြစ်မျိုးနဲ့ကြုံပြီး နအဖတို့ နှစ်ထပ်ကွမ်း အရှက် ရသွားခဲ့ပုံတွေပါ။ ၂၀၀၁ ခုနှစ် ထိုင်း-မြန်မာနယ်စပ် ပြဿနာမှာ ထိုင်းဘက်က အမေရိကန်လုပ် F 16 တိုက်လေယာဉ် တွေနဲ့ မြန်မာ့နယ်နိမိတ်ကို ဖြတ်ကျော် ပျံသန်း ခြိမ်းခြောက်တာကို နအဖတို့ ခံခဲ့ရပါတယ်။

အဲဒီနောက်ပိုင်း အင်အားတောင့်တင်းတဲ့ ခေတ်မီ တပ်မတော်ကြီး တည်ဆောက်ရေး ဆိုပြီး စစ်တပ်တွေ ထဲမှာ နအဖတို့ အရှက်ပြေ လေသံတွေ ပစ်ခဲ့ကြပြန်ပါတယ်။ F 16 လေယာဉ်တွေတင် မဟုတ်ပါဘူး၊ ထိုင်းတပ်တွေ ဘက်ကနေ GPS စနစ်ကိုသုံးပြီး ပစ်ခတ်လိုက်တဲ့ အမြောက်ဆန်တွေကြောင့် နအဖတို့ တင်မက တာချီလိတ်မြို့ခံ တွေတောင် ထိတ်လန့်သွားပါ သတဲ့။ ဒီကစလို့ ခေတ်မီ တပ်မတော်ဆိုတဲ့ စကားလုံးတွေပဲ နအဖ ဗိုလ်ချုပ်တွေ နေ့စဉ်နဲ့အမျှ တောက်လျှောက် ရွတ်ဖတ်နေ ကြပါတော့တယ်။ စစ်လက်နက် ခေတ်မီရေး ကိစ္စမှာ နအဖတို့အနေနဲ့ ဘယ်လိုများ ဆက်စွမ်းဆောင် နိုင်ခဲ့ကြသလဲ ဆိုတဲ့ အကြောင်းတွေကို ထပ် မိတ်ဆက် ပေးချင်ပါသေးတယ်။

မူးတင်းပဲတင်း ငြင်းမနေနဲ့ အလကားရ မြန်မာ့လေတပ်မတော်

မြန်မာ့လေတပ်မတော်ကို ၁၉၄၇ ခုနှစ် ဇန်န၀ါရီလ (၁၆) ရက်နေ့မှာ စတင် ဖွဲ့စည်းခဲ့ပါတယ်။ လွတ်လပ်ရေး ရပြီး နောက်ထပ် (၁) နှစ်နီးပါး အင်္ဂလိပ်တို့ပဲ မြန်မာ့ လေတပ်မတော်ကို ဆက်ပြီး ကွပ်ကဲ၊ ထောက်ပံ့၊ လေ့ကျင့် ပေးခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ် လက်ကျန် အင်္ဂလိပ်၊ အမေရိကန်လုပ် လေယာဉ်တွေနဲ့ အခြား နိုင်ငံတချို့က ၀ယ်ယူထားတဲ့ လေယာဉ်အချို့ပဲ လေတပ်မှာ ရှိခဲ့ပါတယ်။ တိုက်ဂါးမောက် (tiger moths)၊ စပစ်ဖိုင်းယား (spit fires) နဲ့ အော်တာ (otter)၊ ဒါကိုတာ (dakota) စတဲ့ ကမ္ဘာစစ်သုံး လေယာဉ်ပေါင်း (၆၃) စီးနဲ့ ဗမာ့ လေတပ်မတော်ကို စဖွင့်ခဲ့တာပါ။ စွမ်းရည်ကျနေတဲ့ လေယာဉ်တွေ ဖြစ်တာမို့လည်း ၁၉၄၉ ခုနှစ် တနှစ်ထဲမှာ လေယာဉ် ပျက်ကျမှု (၂၄) ကြိမ် ဖြစ်ပွားခဲ့ပါတယ်။ ၁၉၆၄ ခုနှစ်ရောက်တော့ မြန်မာလေတပ်မှာ အရာရှိ (၂၃၂) ဦး၊ အခြားအဆင့် (၅,၆၇၇) ဦးအထိ အင်အား တိုးလာခဲ့ပါတယ်။

မူလ မင်္ဂလာဒုံ (ပင်မတိုက်ခိုက်ရေး) လေတပ်စခန်းနဲ့ မိတ္ထီလာ (ထောက်ပို့) လေတပ် စခန်းတို့အပြင် နောက်ထပ် လေယာဉ်အုပ်၊ ရေဒါအုပ်တွေကို ဆက်တိုးချဲ့ ခဲ့သလို အရာရှိ (၂၆) ဦးနဲ့ စစ်သည် (၇၅၀) ဦးပါ လေထီးတပ်လို့ ခေါ်တဲ့ လေကြောင်းချီတပ် တခုကိုလည်း မဆလတို့ ခေတ်မှာ တိုးချဲ့ ဖွဲ့စည်း နိုင်ခဲ့ပါသေးတယ်။ ၁၉၈၄ နဲ့ ၁၉၈၆ ခုနှစ်တွေမှာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကိစ္စအတွက် ဗီယက်နမ် စစ်ပွဲကျ ရဟတ်ယာဉ် စုစုပေါင်း (၂၁) စီးကို အမေရိကန်ဆီက အလကားရပြီး တပ်မတော်လေရဲ့ ပြည်တွင်း သောင်းကျန်းသူ စစ်ဆင်ရေး ကိစ္စတွေမှာ အသုံးပြုခဲ့ပါတယ်။ ဒါကြောင့် မြန်မာ့လွတ်လပ်ရေး ရပြီးနောက် တလျှောက်လုံး အလကားရတဲ့ စစ်လက်နက်တွေနဲ့ ခေတ်မီအောင် မြန်မာ့ လေတပ်မတော်ကို မဆလ အစိုးရတို့ တည်ဆောက် ခဲ့ပါတယ်လို့ ပြောရမှာပါ။

ဗရုတ်သုတ်ခထဲ တရုတ်ပဲ ကယ်ပေလို့

၁၉၈၈ ခုနှစ်နောက်ပိုင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် မြန်မာ စစ်အစိုးရကို နိုင်ငံတကာက ၀ိုင်းဝန်း ပိတ်ဆို့ခဲ့ပါတယ်။ ဒီပိတ်ဆို့မှုတွေထဲမှာ စစ်လက်နက် ၀ယ်ယူခွင့်တွေ အပြင် လေယာဉ်နဲ့ ရဟတ်ယာဉ် အင်ဂျင် ပစ္စတင်တွေမှာ သုံးတဲ့ အေဗီဂက် (avgas) တွေပါ ၀ယ်မရတာကြောင့် အရင် မဆလခေတ်က တစီးစ နှစ်စီးစ ဟန်ပြအဖြစ် ၀ယ်ထားတဲ့ အနောက်နိုင်ငံလုပ် လေယာဉ်တွေ ပျံတက်ဖို့ မဖြစ်နိုင်တော့ပါဘူး။ ဘဲလ် (bells)၊ အော်တာ (otters)၊ ချက်မောက် အမျိုးစား လေယာဉ်တွေကို ကနေဒါ၊ သြစတြေးလျနဲ့ အမေရိကန် နိုင်ငံသား ပုဂ္ဂလိက လေယာဉ်မောင်းသမားတွေ ဆီကို လျှော့ဈေးနဲ့ ပြန်ရောင်း ပစ်ခဲ့ရပါတယ်။ ၁၉၇၅ ကနေ ၁၉၈၈ ခုနှစ်အထိ အီတလီ၊ ဆွစ်ဇာလန်၊ ယူဂိုစလပ်လုပ် လေယာဉ် (၅၇) စီးဟာ ဆက်အလုပ် မဖြစ်နိုင်တဲ့ အခြေကို ဆိုက်သွားပါတယ်။ မပျံနိုင်တဲ့ အနောက်အုပ်စု လေယာဉ်တွေ နေရာမှာ တရုတ်၊ ရုရှနိုင်ငံလုပ် လေယာဉ်တွေနဲ့ အစားထိုးဖို့ နအဖတို့ထပ်ပြီး စဉ်းစားလာရပါတော့တယ်။

အာရှဒေသတွင်း ဒုတိယစစ်အင်အားအကြီးဆုံး တပ်မတော်တခု ဖြစ်အောင် တည်ဆောက်ရာမှာ ကြည်းတပ်၊ ရေတပ်တို့လို ခေတ်မီ လေတပ်ကြီး ဖြစ်လာအောင် နောက်ဆုံးပေါ် လေယာဉ်တွေ အများကြီး လိုပါတယ်။ အရင် မဆလ ခေတ်တုန်းက လေတပ်မှာ လေယာဉ်နဲ့ ရဟတ်ယာဉ်ပေါင်း (၁၃၁) စီး ရှိရာကနေ ၁၉၈၈ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်အတွင်း နောက်ထပ် အစီး (၁၀၀) တိုးပြီး စုစုပေါင်း အစီး (၂၃၁) ရှိလာပါပြီ။ မြန်မာ့ အိမ်နီးချင်း ထိုင်းနိုင်ငံက လေယာဉ်ပေါင်း (၃၁၅) စီး၊ ဘင်္ဂလားဒေ့ရှ်က (၂၀၀) စီးစီ အသီးသီး ရှိကြပေမယ့် အဆင့်မြင့် လေယာဉ်တွေ အများစု ဖြစ်ပါတယ်။

နိုင်ငံတကာရဲ့ ပိတ်ဆို့ခံထားရတာကြောင့် စစ်လက်နက် ၀ယ်ယူရေးမှာ ‘တရားအားထုတ် တရုတ်အားထား’ ဆိုသလို နအဖ အစိုးရအဖို့ တရုတ်ကလွဲရင် ဘယ်ကမှ အားကိုးရာ မရခဲ့ပါဘူး။ ၁၉၉၀ ခုနှစ်တုန်းက အမေရိကန် ဒေါ်လာ (၂) ဘီလီယံဖိုး တရုတ်လုပ် လေယာဉ်တွေ နအဖတို့ ၀ယ်ယူခဲ့ပါတယ်။ ၂၀၀၁ ခုနှစ် တရုတ်ဘက်က မှာယူတဲ့ စစ်လက်နက် ပစ္စည်းတွေနဲ့ အတူ ရုရှလုပ် MiG 21 လေယာဉ်ကို တုပြီး တည်ထွင်ထားတဲ့ တရုတ်လုပ် J အမျိုးစား တိုက်လေယာဉ် (၁၂) စီးကို ၀ယ်ယူခဲ့ကြောင်း သိရပါတယ်။ နိုင်ငံစုံကနေ ၀ယ်ထားတဲ့ စုစုပေါင်း လေယာဉ် (၂၃၁) စီးအနက် ထက်ဝက်နီးပါး ပမာဏရှိတဲ့ တရုတ်လေယာဉ် (၁၂၀) စီး ယနေ့ မြန်မာ့ လေတပ်မှာ ရှိနေပါပြီ။

အမျိုးအစားအားဖြင့် ...
ချင်ဒူး (Chengdu) F 7 (၆၀) စီး
ရှင်ယန်း (Shenyang) J (၆) စီး
နန်ချန် (Nanchang) Q 5 (၃၆) စီး
ရှန်စီ (Shaanxi) Y 8 D 2 (၆) စီး
ဟုန်ဒူး (Hongdu) K 8 (၁၂) စီး

… ပေါင်း (၁၂၀) စီး ဖြစ်ပါတယ်။

မြန်မာအစိုးရ၀ယ်ယူခဲ့သမျှ စစ်လက်နက်ပစ္စည်း အားလုံးရဲ့ (၉၀) ရာခိုင်နှုန်းဟာ တရုတ်ဆီကပါပဲ။ ၁၉၈၉ ခုနှစ် နအဖ တက်လာကတည်းက အမေရိကန်ဒေါ်လာ (၁.၂) ဘီလီယံဖိုး လက်နက်တွေကို တရုတ်က ထောက်ပံ့ ပေးခဲ့ပြီး ၁၉၉၀ နောက်ပိုင်း အလတ်စားနဲ့ အပေါ့စား တင့်ကား အစီး (၂၀၀)၊ သံချပ်ကာယာဉ် (၂၅၀)၊ ဒုံးပစ် စနစ်များနဲ့ အမြောက်ကြီး၊ လေယာဉ်ပစ် အမြောက်တွေ၊ မြေပြင်ဝေဟင်ပစ် ဒုံးတွေ၊ ကင်းလှည့် ရေယာဉ်တွေ၊ ဒုံးကျည်တပ် အမြန်တိုက် ရေယာဉ်တွေ၊ ကင်းလှည့်တိုက် ရေယာဉ် … စတာတွေအပြင် တရုတ်ဘက်က သင်တန်း ဆရာတွေပါ ကူညီ ပေးခဲ့ပါတယ်။

ဒုတိယအသုတ် ဒေါ်လာသန်း (၄၀၀) ဖိုးရှိ လက်နက်တွေကို ရောင်းချပေးရာမှာ ရေတပ် ကင်းလှည့် သင်္ဘောတွေ၊ အမြောက်တင် သင်္ဘောနဲ့ ရဟတ်ယာဉ်များစွာ ပါဝင်ခဲ့ပါတယ်။ အင်အား (၄) သိန်းကနေ (၅) သိန်းရှိတဲ့ ဒီကနေ့ အခြေအနေထိ အင်အား တောင့်တင်းလာအောင် မြန်မာ့ တပ်မတော်ကို အဓိက ကူညီ ပံ့ပိုးပေးခဲ့တာ တရုတ်ပါပဲ။ ဒါကြောင့် မြန်မာပြည် နေရာအနှံ့မှာ လူသုံးတရုတ်ကုန်ပစ္စည်းတွေတင် သာမက မြန်မာ စစ်တပ်ထဲ ရှိရှိသမျှ စစ်လက်နက် ပစ္စည်းတိုင်းဟာ တရုတ်ဖြစ်တွေ အများစုပါ။ ၀ယ်ယူပြီး တရက်အတွင်းမှာ ကံမကောင်းရင် အစုတ် ဖြစ်သွားတတ်တဲ့ တရုတ်စက်တွေရဲ့ သဘောအတိုင်း နအဖတပ်ထဲက စစ်လက်နက် ပစ္စည်းတွေ အားလုံး ဘာတခုမှ ရေရှည် အာမခံချက် မရှိကြပါဘူး။ အခု ရောင်းထားတဲ့ တရုတ်လုပ် လေယာဉ်တွေ အားလုံး ရုရှ လေယာဉ်ဒီဇိုင်းကို တုပထားပြီး ၁၉၉၀ ခုနှစ်ထုတ် မော်ဒယ်တွေသာ အများစုပါ။

ဒါကြောင့် ၂၀၀၇ ဒီဇင်ဘာ (၁၈) ရက်နေ့က ပျက်ကျခဲ့တဲ့ တရုတ်လုပ် နန်ချန် Q 5 တစီးဟာ ၁၉၉၄ ခုနှစ်မှာ ၀ယ်ခဲ့တာဖြစ်ပြီး အဲဒီဝယ်ခဲ့တဲ့ လေယာဉ်အားလုံးကို (၅) နှစ်သက်တမ်း အာမခံချက်ပဲ တရုတ် ကုမ္ပဏီတွေက ပေးထားပါတယ်။ ဒါကြောင့် တရုတ်လုပ် လေယာဉ်တွေ စီးဖို့ကို လေသူရဲတိုင်း ထိတ်လန့် နေကြတဲ့ အဖြစ် ရောက်နေရပါပြီ။ လေတပ်ထဲက သက်သာဆိုင်တွေမှာ စစ်ဆင်ရေးရှိရင် ဖယောင်းတိုင်တွေ သိပ်ပြီး ရောင်းကောင်းကြပါတယ်။ လေယာဉ် ပျက်မကျအောင် လေယာဉ်မှူးတွေ ဆုတောင်းဖို့ပါတဲ့။

တပ်မတော်တရပ်ကို အခြေခံကစပြီး ခေတ်မီအောင် မတည်ဆောက်ဘဲ ပေါချောင်ကောင်း ဟန်ရေးပြ ကောင်းလောက်ရုံ အဆင့်သာရှိတဲ့ တပတ်ရစ် စစ်လက်နက်တွေကို ၀ယ်ယူ တပ်ဆင်ခဲ့တာကြောင့် အလွဲလွဲ အမှားမှားတွေဖြစ်ပြီး နအဖတို့ ခေတ်နောက်ကျ ကျန်ရစ်ခဲ့ပုံကို ၂၀၀၁ ခုနှစ် ထိုင်းနယ်စပ် ဖြစ်ရပ်တွေက မီးမောင်း ထိုးပြခဲ့ပြီးပါပြီ။ ၂၀၀၁ ခုနှစ် ထိုင်း-မြန်မာနယ်စပ် အရေးပြီးတဲ့နောက် အရေးပေါ် အဖြစ် ရုရှလုပ် MIG 29 လေယာဉ် (၁၂) စီးနဲ့အတူ အမေရိကန် F 16 တိုက်လေယာဉ်ကို တုပထားတဲ့ တရုတ်လုပ် လေယာဉ်တွေကို နအဖတို့ ၀ယ်ယူခဲ့ပါတယ်။

အခုလည်း မြန်မာ့တပ်မတော် (လေ) က တရုတ်ပြည်လုပ် J အမျိုးစား ရှင်ယန်း တိုက်လေယာဉ် တစင်း ၂၀၀၉ ခုနှစ် ဒီဇင်ဘာ (၃) ရက်နေ့မှာ မှော်ဘီ လေတပ်စခန်းကနေ ပျံသန်း လေ့ကျင့်စဉ် ကြံခင်းမြို့အနီး ပျက်ကျ သွားပြန်ပါတယ်။ ၀ နယ်စပ်မှာ စစ်ပွဲတွေ ဖြစ်လာခဲ့ရင် အသင့်ရှိနေအောင် အမှတ်စဉ် (၁၃) ဦးမြောက် လေချုပ်ကြီး ဗိုလ်ချုပ်မြတ်ဟိန်း အမိန့်အရ အခုလို ပျံသန်းခဲ့ခြင်း ဖြစ်ပါတယ်တဲ့။ ၁၉၈၈ ခုနှစ်ကနေ ၂၀၀၇ ခုနှစ်အထိ လေယာဉ် ပျက်ကျမှု ပေါင်း (၉) ကြိမ်ဖြစ်ခဲ့ပြီး ပျမ်းမျှ တနှစ်ကို တစင်းလောက် ပျက်ကျနေတယ်လို့ ဆိုရမှာပါ။ လေယာဉ်တွေက အဆင့်နိမ့်သလို လေသူရဲတွေ ခမျာလည်း ကျွမ်းကျင်မှု နည်းကြပါတယ်။ လိုအပ်သလို အမြဲတမ်း လေ့ကျင့် ပျံသန်းနိုင်ခွင့်လည်း လေယာဉ်မှူးတွေ မရကြပါဘူး။

သင်တန်းဆင်း ရဟတ်ယာဉ်မှူးကောင်းတယောက် အဆင့်ရောက်အောင် ပျံသန်း လေ့ကျင့်ချိန် နာရီ (၅၀) လောက်သာ ခွင့်ပြု ပေးထားပါတယ်။ ကျန်အချိန်တွေမှာလည်း နေပြည်တော်က အမိန့်ပေးလာမှ လေယာဉ်ပေါ်တက် လေ့ကျင့် ပျံသန်းခွင့် ရှိကြပါတယ်။ လေ့ကျင့်ပျံသန်းစဉ် စစ်လက်နက်၊ ဗုံးသီး၊ မြေပြင်ဝေဟင်ပစ် ဒုံးတွေကို တပ်ဆင်မောင်းနှင်ခွင့် လုံးဝမရှိဘူးလို့ သိရပါတယ်။ တဘက်ကလည်း လေယာဉ် တခါပျံတက်ရင် တနာရီမှာ လေယာဉ်ဆီ PC 7 အတွက် (၃၄) ဂါလန်၊ Mi2 ရဟတ်ယာဉ်အတွက် ဆို (၆၈) ဂါလန်၊ A 5 လေယာဉ်များ အတွက် (၆၂) ဂါလန် လောက်စီ ကုန်ပါတယ်။ လေယာဉ်ဆီ အလွန် ကုန်ကျတာကြောင့် မို့လည်း လေယာဉ်တွေကို အမြဲတမ်း ပျံတက်လေ့ကျင့် ပေးမနေနိုင်ပါဘူး။ မြေပြင်မှာ စက်နှိုး စမ်းသပ်ရုံလေးနဲ့ကို တစီးကို လေယာဉ်ဆီ နေ့စဉ် (၁၀) ဂါလန်ကျော် ကုန်ကျပါတယ်။ ဒါကြောင့် မြေပေါ်မှာပဲ (၁၀) မိနစ်လောက် စက်ကိုပူအောင် စက်နှိုးပြီး မြေပြင် စမ်းသပ် ပျံသန်းခြင်းတွေကိုသာ နေ့တိုင်းနေ့တိုင်း လုပ်နေ ကြရပါတယ်။

မပျံဘဲ အပျံစာရင်းပြပြီး လေယာဉ်ဆီ ထုတ်ရောင်းစားတဲ့ ဖြစ်ရပ်မျိုးတွေကလည်း လေတပ် စခန်းတိုင်းမှာ တပုံကြီးပါ။ ပစ္စည်းတွေက ခေတ်မမီ၊ စစ်သည်တွေက စားဝတ်နေရေး မပြေလည်တော့ ဆီခိုးရောင်းစား အကျင့်ပျက်ကြ၊ ပြုပြင်ထိန်းသိမ်း လေ့ကျင့်ဖို့ နေနေသာသာ လေယာဉ်ဆီဖိုးနဲ့ လေ့ကျင့် ပျံသန်းစရိတ်ကိုတောင် တပ်မတော်လေမှာ လုံလောက်အောင် ချထားမပေးပါဘူး။ မြန်မာ့ ဝေဟင်ကို စိုးမိုးမယ့် တပ်မတော်လေ လေယာဉ်တွေ မြေပေါ်မှာ နေ့တိုင်း အပျံကျင့်ပေး နေရတယ်လို့ လေတပ် ပြုပြင်ထိန်းသိမ်းရေး အုပ်က စစ်သည်တွေ ကိုယ်တိုင် ပြောစမှတ် တွင်နေလေတော့ မခက်ပါလား၊၊

လွဲတာကတော့ အတော့်ကို လွဲနေကြတာပါ။ လေယာဉ်ကို စက်နှိုးပြီး နွားလှည်းလို မြေပြင်မှာ ပျံခိုင်းနေတဲ့ တပ်မတော်ကို ဒါမှ မြန်မာ့ ခေတ်မီတပ်မတော် စစ်စစ်ပါလို့ ပြန်ပြင်ပြီး ခေါ်ရတော့ မလိုပါပဲ။ စစ်ဆင်ရေးရှိလို့ ပျံကြရပြီ ဆိုရင်လည်း ဘုရားတပြီး လေယာဉ်တွေ မောင်းနေကြရတဲ့ အဖြစ်မျိုး။ တနှစ်တယောက် ကံဆိုးသူ မောင်ရှင်စာရင်းထဲ ပါသွားတဲ့ အဖြစ်ဆိုးနဲ့ တပ်မတော်လေက အရာရှိတွေ ရင်ဆိုင် နေရပါတယ်။ ။

Ref: ခေတ်ပြိုင်

Read More...

နေ့စဉ်သတင်းများ ( ၂၉ - ၁ - ၁၀)

မြန်မာနဲ့ မြောက်ကိုရီးယား အထူးစောင့်ကြည့်ဖို့လို သတင်း
ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ဖို့ ပြင်သစ် ထပ်မံတောင်းဆို သတင်း
ရန်ကုန်တိုင်း အန်အယ်လ်ဒီနဲ့ မြို့နယ်အဖွဲ့ဝင်များ ဒုတိယအကြိမ် ဆွေးနွေးပွဲကျင်းပ သတင်း
တွေ့ဆုံညှိနှိုင်းမှုတွေ မရှိမဖြစ်လို့ ၈၈ မျိုးဆက်ကျောင်းသားများ တိုက်တွန်း သတင်း
ရန်ကုန်တက္ကသိုလ် ကျောင်းသားလှုပ်ရှားမှု ဖြစ်ပွား သတင်း
ရွေးကောက်ပွဲဆန့်ကျင်သူ ရဟန်းပျို ချုပ်နှောင်သည့်နေရာ သိခွင့်မရသေး သတင်း
တရားမျှတသည့် ရွေးကောက်ပွဲလုပ်ရန် တိဘက် တိုက်တွန်း သတင်း
ပြည်ထဲရေးဝန်ကြီး ပြောကြားချက် ဒေါ်အောင်ဆန်းစုကြည် တုံ့ပြန် သတင်း
အထွေထွေ အကျပ်အတည်းများကြောင့် ရဲအရာရှိတဦး ပြည်ပသို့ တိမ်းရှောင် လာ သတင်း
တန်းတူရေး လက်ခံလျှင် တော်လှန်ရေး စွန့်မည်ဟု KIO ထပ်ပြော သတင်း
အကြမ်းဖက်ဗုံးခွဲမှုသည် မိမိတို့၏ လမ်းစဉ်မဟုတ်ဟု ကေအဲန်ယူ ဆို သတင်း
မွန်ပြည်သစ်ပါတီ တပ်တည်ဧရိယာအတွင်း နအဖစစ်ကြောင်း တပ် စွဲထား သတင်း
ကုလလူ့အခွင့်အရေးကိုယ်စားလှယ် မြန်မာခရီးစဉ်အတွင်း ရခိုင် ပြည်နယ်သို့ သွားမည် သတင်း
တပ်တွင်းရန်ပုံငွေ အုတ်ဖို ရေ၀င်၍ ရွာသားများ ဒဏ်ငွေပေးဆောင် ရ သတင်း
ရေးမြို့နယ်အတွင်း စစ်အစိုးရမှ စည်းရုံးရေးပြုလုပ်နေဆဲ သတင်း
ကျန်းမာရေးမကောင်းသူ နိုင်ငံရေးအကျဉ်းသား (၁၂၉) ဦးရှိ သတင်း
လျှို့ဝှက်သတင်းထောက်နှင့် မီဒီယာဌာနများရဲ့တာဝန် - ပြည်တွင်းက သတင်းထောက်တွေ ဘာပြန်ပြောကြ သလဲ (သတင်းဆောင်းပါး)
စနစ်ဆိုးတခုအား စုပေါင်းဆန့်ကျင်အံ့တုကြရာဝယ် (ဆောင်းပါး)
ဘယ်မအေရိုးမှ မကောင်းပါဘူး (ဆောင်းပါး)
ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံကို အထောက်အပံ့တွေ ပြန်ပေးဖို့ စဉ်းစားနေ သတင်း
ပွဲစားများကြောင့် မြန်မာနိုင်ငံမှ အလုပ်သမားများ ဒုက္ခဖြစ်ရ သတင်း
လက်ရှိ ရာဘာဈေး ပြန်လည်ဦးမော့လာ သတင်း
တိုးချဲ့စီအီးစီနှင့် လာတော့မည့် စီစီအသစ် (ဆောင်းပါး)
၁၉၉၉ လှိုင်သာယာသွား တောလား သို့မဟုတ် ငရဲဆီသို့ (ဆောင်းပါး)
ဟေတီကယ်ဆယ်ရေးက မြန်မာနာဂစ်ထက် ပိုမိုသာလွန် (ဆောင်းပါး)
လူငယ်များ တိုးတက်ရေးအတွက် ဆရာဖေမြင့် ဟောပြောမည် (အင်တာဗျူး)
သမိုင်းမှန်ရေးသူတယောက် ဆုံးရှုံးခြင်း (ဆောင်းပါး)

Read More...

Friday, January 29, 2010

စစ်သားစုဆောင်းရေး ရဲဘော်

January 29, 2010

ရန်ကုန်ဘူတာကြီး

ရန်ကုန်ဘူတာကြီး
ဘူတာ ဆိုတော့လဲ သိတဲ့အတိုင်း ရထား အဝင် အထွက်တွေနဲ့ ခရီးသည်တွေ ဥဒဟို သွားလာ နေကြလို့ ရှုပ်ထွေးနေတာပေါ့။ ဒီထဲမှာ ကျနော်လည်းပါတယ်။ ဒီနေ့တော့ အလုပ်တွေ အားလုံး စောစောပြီးလို့ မြောက်ဥက္ကလာကို ပြန်တော့မယ်။ ကားနဲ့ဆို မလွယ်ဘူး ကားတွေက အမောင်း ကြမ်းတာနဲ့ လူကလည်း ပင်ပမ်းလို့ နွမ်းနေတာနဲ့ဆို မလွယ်ဘူးလေ။ ရန်ကုန် ဘူတာကြီးကနေ မြောက်ဥက္ကလာ ပုရွက်ဆိတ်ကုန်း ဘူတာကို ဆိုရင် ၆ ဘူတာ ၇ ဘူတာ လောက်ပဲစီးရတယ်။ ပြီးတော့ ရထားပေါ်မှာ အေးအေးဆေးဆေး အိပ်စက်ရင်း အနားယူသွားလို့ရတယ်။ ဒါကြောင့် ရထားစီးပြီး ပြန်မယ်လို့ပဲ ဆုံးဖြတ်လိုက်တော့တယ်။

မြို့ပတ်ရထားလက်မှတ်လေးဝယ်ပြီး ရထားအလာကို စင်္ကြန်ပေါ်မှာ ရပ်စောင့်နေတုန်း ရထားတစီး ဝင်လာပါတယ်။ ကျနော်လည်း ထိုင်ခုံနေရာရချင်တော့ ရထားက ကိုယ့်ဆီ မရောက်ခင် အသော့လေး ပြေးသွားပြီး ရထားပေါ်က ဆင်းနေတဲ့ ခရီးသည်တွေ ကုန်အောင် ခဏ စောင့်ရင်း ကိုယ့်အသိ သူငယ်ချင်းတွေများ တွေ့မလားလို့ ဟိုဟိုဒီဒီ လိုက်ကြည့်နေချိန်မှာ လူအုပ်ကြားထဲမှာ စစ်သားနှစ်ယောက်ကို အမှတ်မထင် တွေ့လိုက်ရတယ်။ သူတို့ လက်မှာလည်း တာဝန်လို့ ရေးထားတဲ့ လက်ပတ်အနီ ကိုယ်စီနဲ့။ ကျနော့်ရင်တွေ ဒိတ်ကနဲ ခုန်သွားပြီး ရထားပေါ် မတက်တော့ဘဲနှင့် သူတို့နှစ်ယောက်ကိုသာ ကြည့်နေမိတော့တယ်။ သူတို့ နှစ်ယောက်က ကျနော့်ကိုမမြင်၊ ရထားအတွဲတွေ ထဲကိုသာ လိုက်လံ စူးစမ်း ကြည့်နေပါတယ်။ ကျနော် အနောက်ကိုဆုတ်ရင်း သူတို့နှစ်ယောက်ကို မြတ်ခြေမပြတ် လိုက်ကြည့်တယ်။ ရင်တွေလည်း တအား ခုံနေတယ်။ စိတ်ထဲမှာတော့ ဖြစ်နိုင်တယ်၊ မဖြစ်နိုင်ဘူး ဝေခွဲမရ တွေဝေနေတုံးပါ။

မြို့ပတ်ရထားက မကြာခင်မှာပဲ ဥသြသံပေးပြီး ထွက်ခွါသွားပေမယ့် ကျနော် မလိုက်သွားနိုင် သူတို့ နှစ်ယောက်ကို သေခြာအောင် ကြည့်နေ မိတယ်။ ဟုတ်တယ်..သူမှ သူအစစ် အရမ်း စိတ်လှုပ်ရှား နေတဲ့ ကျနော်စိတ်ကို ထိမ်းရင်း သူတို့နှစ်ယောက်ထံ ကျနော် ချဉ်းကပ် သွားလိုက်တယ်။

“အကို..”
ကျနော်သူ့ကို ခေါ်လိုက်တာပါ။ ဟုတ်တယ် သူက လွန်ခဲ့တဲ့ ၁၀ နှစ်လောက် ကတည်းက ပျောက်နေတဲ့ ကျနော့်တဝမ်းကွဲ အကိုနဲ့ တထေရာတည်းဘဲ စစ်တပ်ထဲမှာလို့တာ သိတာ ဘယ်မှာ ဘာတာဝန်တွေ ထမ်းဆောင်နေလည်း ကျနော်မသိ။ အခုလို တရပ်တကျေးမှာ ကိုယ့်အကို ကိုမှ အမှတ်မထင်တဲ့ နေရာမှာ တွေ့လိုက်ရတော့ အရမ်းပဲ ဝမ်းသာသွားမိတယ်။ ကျနော်ခေါ်လိုက်တော့ သူက ကျနော့်ဖက် လှည့်လာပြီး မှတ်မိသလို ဘာလိုလိုနဲ့.... “ဟာ.. ညီ.. လာကွာ” တဲ့ ကျနော့် ပုခုံးကိုဖက်ပြီး ခေါ်သွားတယ်။ ကျနော်လည်း သူကပါ မှတ်မိတယ် ဆိုတော့ ပျော်သွားပြီး သူခေါ်ရာနောက်ကို လိုက်သွားတာပေါ့။ စကားတွေကတော့ အရမ်းပြောချင်နေပြီလေ။

လူရှင်းတဲ့ တနေရာရောက်တော့ “ ညီ မင်းက စစ်ထဲဝင်မလို့လား” တဲ့ ကျနော်မှင်တက်ပြီး သူ့ကို မော့ကြည့်မိတယ်။ ပြီးမှ “အကို ကျနော့်ကို မမှတ်မိဘူးလား ကျနော် အကို့ရဲ့ ညီလေဗျာ” ဆိုတော့ သူက ကျနော့်ကို သေသေချာချာကြည့်ပြီး.. “နေပါဦး မင်းက ဘယ်သူ့သားလဲ” “ဟာ အကို ကလည်း ကျနော် ဦး...၊ ဒေါ်... ရဲ့သားလေ” ဆိုတော့မှ “ ဟား.. အမေလေး ငါ့ညီ .. ငါ့ညီ အမေလေး လူကောင်ကြီးကထွားလို့ ဆံပင်တွေကလည်းရှည်လို့ ငါက ဘယ်မှတ်မိလဲကွာ.. ကဲ .. ကဲ လဖ္ဘက်ရည်ဆိုင်သွားမယ် လာ... လာ..” စသဖြင့် အံ့သြခြင်း၊ ဝမ်းသာခြင်းများနဲ့ ပြောဆိုပြီး သူ့အဖော် ရဲဘော်နဲ့ သုံးယောက်သား ဘူတာကြီး နားက လဖ္ဘက်ရည်ဆိုင်ကို သွားလိုက်ကြတယ်။

ညီအကိုတွေဆုံတော့ သာကြောင်းမာကြောင်း နဲ့ ရှေးဟောင်း နှောင်းဖြစ်တွေ ပြောကြ ဆွေတွေ မျိုးတွေ အကြောင်း မေးမြန်းကြနဲ့ စကားတွေက မကုန်နိုင်၊ နောက်တော့ နေလည်းစောင်းလာပြီ ပြန်ဦးမယ် အကိုရေဆိုတော့။

“ အေး နောက်ဆိုလာလည်ကွာ ငါက မင်္ဂလာဒုံ စစ်သား စုဆောင်းရေး တပ်မှာ နေတယ်။ အဲဒီမှာ အိမ်ထောင်သည်လိုင်းက ကို........ ဆိုပြီးပြောလိုက် ရပြီ ဘယ်လိုဘဲဖြစ်ဖြစ် အဆက်သွယ် မပြတ်စေနဲ့ လာလည်ပေါ့ကွာ မင်း ဒီဘူတာဖက်ကို ရောက်ရင်လည်း ငါ့ကို တွေ့နိုင်တယ် ငါက ဒီဘူတာမှာ တာဝန်ကျတယ်။ အခုတောင် ဒီမှာ လေးယောက် ရထားပြီးပြီ” ဆိုပြီး လက်ညိုးထိုးပြမှ လဖ္ဘက်ရည်ဆိုင်ရဲ့ ထောင့်လေးမှာ လူလေးယောက်၊ တယောက်က အသက် ၃၀ လောက် ရှိပေမယ့် ကျန်တဲ့သုံးယောက်က လူငယ်လေးတွေ အငယ်ဆုံးတယောက်ဆို အလွန့်ကျွန်ရှိမှ ၁၅ နှစ်ပေါ့။ နောက် သူကပဲ ကျနော့်ပခုံးလေးဖက်ပြီး ...........

“မင်းကိုတောင် စောစောကတုန်းက စစ်ထဲဝင်ဖို့ လာပြောတာထင်လို့ကွာ ဆောရီးပဲ ဟဲဟဲ” တဲ့ အကိုက ကျနော့်ကို လိုက်ပို့ရင်း ဘူတာဘက်ကို လမ်းလျှောက်လာခဲ့တယ်။ ဘူတာရောက်ပြီး လမ်းခွဲ နှုတ်ဆက်ပြီးတော့ နောက်ဆုံးအနေနဲ့ ကျနော့်ရဲ့အကို စစ်သားစုဆောင်းရေး ရဲဘော်ကြီးက စကားတခွန်း ပြောလိုက်ပါသေးတယ်။

ညီ တဲ့ မင်းစစ်ထဲဝင်ချင်ရင် အကို့ဆီကိုသာ လာခဲ့ မင်းကို ထောက်/ပို့ ရောက်အောင်ပို့ပေးမယ်... တဲ့ ဗျာ။


မင်းလွင် (မြစ်ကျိုး) (၀ိမုတ္တိဝိုင်းတော်သားတဦး)



Read More...

နေ့စဉ်သတင်းများ ( ၂၈ - ၁ - ၁၀)

နိုဝင်ဘာလွှတ်မည် ပြောကြားမှု တရားဥပဒေနှင့်မညီဟု ဒေါ်အောင်ဆန်းစုကြည်ဆို သတင်း
ရွေးကောက်ပွဲမတိုင်မီ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ရန် အတိုက်အခံများ ပြော သတင်း
ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံးလွှတ်ရန် အမေရိကန် တောင်းဆို သတင်း
အန်အယ်လ်ဒီပါတီက ရန်ကုန်တိုင်းနှင့် မြို့နယ်စည်းရုံးရေးအဖွဲ့များ တွေ့ဆုံ သတင်း
မိုင်းလားဒေသလုပ်ကြံမှု ထင်မြင်ချက်များ ရှုပ်ထွေးနေ သတင်း
အဓိကရုဏ်းနှိမ်နင်းရေးတပ်ဖွဲ့များ စတင်ဖွဲ့စည်း သတင်း
ဖောက်ခွဲရေးသမား (၁၁) ဦးကို ဖမ်းဆီးကြောင်း စစ်အစိုးရ ကြေညာ သတင်း
ရွေးကောက်ပွဲဖျက်ရန် ဗုံးခွဲနေဟု စစ်အစိုးရဆို သတင်း
ကျောက်ကြီးဗုံးကွဲမှု ကေအန်ယူလက်ချက်ဟု နအဖ ကြေညာ သတင်း
စစ်အစိုးရ စွပ်စွဲချက်သည် သိက္ခာချလိုခြင်းသာဖြစ်သည်ဟု ပြော သတင်း
ဒီဗီဘီသတင်းထောက် ထောင်ဒဏ် (၁၃) နှစ် ကျခံရ သတင်း
အကျဉ်းကျ သတင်းထောက်နှစ်ဦးကို ဂုဏ်ပြုဆုချီးမြှင့် သတင်း
ကေအိုင်အို ကိုယ်စားလှယ်အဖွဲ့နှင့် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်တို့ တွေ့မည် သတင်း
ဒီကေဘီအေက နယ်ခြားစောင့်တပ်ဖွဲ့ရေး တပ်သားစာရင်း မပေးနိုင်သေး သတင်း
ပြည်သူ့စစ်တပ်ဖွဲ့ နယ်ခြားစောင့်တပ်အသွင်ကူးပွဲ လူအားရာချီနှင့် ဆန်များ ဆင့်ဆို သတင်း
မီးပျက်မှု ကေအန်ပီပီကို အပြစ်တင် သတင်း
အဝေးရောက် တိဘက်အစိုးရကို မြန်မာလူငယ်များ သွားရောက်လေ့လာ သတင်း
ကလေးစစ်သားများ စစ်တပ်က ဆက်လက်စုဆောင်းနေ သတင်း
ကရင်စစ်ပြေးဒုက္ခသည်များကို နေရပ်ပြန်ပို့မည်ဟု ထိုင်းပြောကြား သတင်း
ကပ်ဘေးသင့် အာရှကလေးများကို စိတ်ဒဏ်ရာ ကုစားရေး ပညာရှင်များ ဆွေးနွေး သတင်း
ကိုရီးယား သင်္ဘောမှောက်၊ မြန်မာသင်္ဘောသား (၂) ဦး ပျောက်ဆုံး သတင်း
မိုးညိုမြို့နယ်ရှိ လယ်မြေ (၃၀၈) ဧကကို ဒေသအာဏာပိုင်များ သိမ်းယူ သတင်း
တပ်ရိက္ခာစပါး ၀ယ်ယူနိုင်ရန် ဆန်ဈေးကျရေး ကြိုးပမ်း သတင်း
စစ်တွေမြို့က စက်မှုလုပ်ငန်းများကို စက်မှုဇုန်နေရာသစ်သို့ ပြောင်းရွှေ့ခိုင်း သတင်း
ပို့ကုန်ဝင်ငွေ ( export earning ) ဈေးနူန်းများ ဆက်တက်နေ သတင်း
အရေပြားရောဂါ ကူးစက်မှုဆိုးရွားခြင်းကြောင့် နို့စို့အရွယ် ကလေးငယ်များအတွက် စိုးရိမ်နေရ သတင်း
ပထမဆုံး ပန်းပုကျေးရွာ ရန်ကုန်တွင် တည်ဆောက်မည် သတင်း
သခင်တင်မြ - စာမေးပွဲ ဖြေနေရဆဲလား (ဆောင်းပါး)

Read More...

Thursday, January 28, 2010

မိုင်းလားတပ်ဖွဲ့ အတွင်းရေးမှူး သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံရ

ခိုင်လင်း
၂၇ ဇန်န၀ါရီ ၂ဝ၁ဝ



ရှမ်းပြည်အရှေ့ပိုင်း၊ အထူးဒေသ (၄)၊ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် ခေါ် မိုင်းလား တပ်ဖွဲ့၏ အတွင်းရေးမှူး ဖြစ်သူ ဦးမင်းအိမ်သည် ယနေ့နံနက်ပိုင်း၌ မိုင်းလားမြို့တွင် လုပ်ကြံခံရ၍ သေဆုံးသွားသည်။

အသက် (၅၄) နှစ်ရှိပြီဖြစ်သည့် ဦးမင်းအိမ်သည် ၎င်း၏နေအိမ်အနီးတွင် အမျိုးသား တဦးနှင့်အတူ လမ်းလျှောက် နေစဉ် နံနက် (၆) နာရီခန့်၌ သေနတ်ဖြင့် ပစ်ခတ်ခံရကာ ပွဲချင်းပြီး သေဆုံးခဲ့သည်ဟု မိုင်းလား တပ်ဖွဲ့ဝင်များနှင့် နီးစပ်သူ တရုတ်-မြန်မာနယ်စပ် ဒေသခံ တဦးက ပြောသည်။

၎င်းက “ဦးမင်းအိမ်ကတော့ သေနတ်ဒဏ်ရာ (၇) ချက်နဲ့ ပွဲချင်းပြီး သေဆုံးသွားတယ်။ သူရဲ့ အဖော်ကတော့ သေနတ်ဒဏ်ရာ (၃) ချက်နဲ့ ဆေးရုံအသွားမှာ သေဆုံးသွားတယ်။ မြို့ထဲက သူ့အိမ်နားပဲ သေနတ်တွေနဲ့ ပစ်ခတ်သွားတာ။ ဘယ်သူပစ်တယ် ဆိုတာတော့ မသိရသေးဘူး” ဟု ပြောသည်။

၁၉၈၉ ခုနှစ်၊ ဇွန် (၃ဝ) ရက်၊ ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက်ပြီးနောက်ပိုင်း ဦးမင်းအိမ်သည် ရှမ်းပြည် အရှေ့ပိုင်း၊ အထူးဒေသ (၄)၊ ဒေသန္တရ အုပ်ချုပ်ရေး အဖွဲ့၏ အတွင်းရေးမှူး တာဝန်နှင့် မိုင်းလား တပ်ဖွဲ့၏ အတွင်းရေးမှူး တာဝန်ကို ယူထားသူဖြစ်ပြီး ညောင်နှစ်ပင် အမျိုးသားညီလာခံ ကိုယ်စားလှယ်အဖြစ် တက်ရောက် ခဲ့သူလည်း ဖြစ်သည်။

မိုင်းလားတပ်ဖွဲ့အတွင်း နိုင်ငံရေးကိစ္စများနှင့် ပတ်သက်၍ နအဖနှင့် ဆက်ဆံရာတွင် ပြေပြစ်ကာ ပါးပါးနပ်နပ်ရှိသူ ဖြစ်သည့် အတွက် ဒေသနှင့်တပ်ဖွဲ့အတွက် ဆုံးရှုံးမူဖြစ်သည်ဟု တရုတ်-မြန်မာနယ်စပ် စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက ပြောသည်။

၎င်းက “အခုချိန်မှာ ပြောဖို့တော့ စောသေးတာပေါ့။ ဒါပေမယ့် အခုလို ကိုမင်းအိမ်လို ဒေသအတွင်း နိုင်ငံရေးအရ ပါးပါးနပ်နပ်ရှိတဲ့ ပုဂ္ဂိုလ်မျိုး မရှိတဲ့အတွက် နအဖအတွက် အကျိုးရှိပါတယ်။ သူတို့ လက်ချက်လည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်” ဟု ပြောသည်။

မိုင်းလားတပ်ဖွဲ့သည် ယမန်နှစ်ကတည်းက စ၍ နယ်ခြားစောင့်တပ်ဖွဲ့ အသွင် ပြောင်းရေးအတွက် နအဖ၏ ဖိအားပေးမှုကို ခံနေရပြီး ဝ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော်၊ ကချင်ပြည် လွတ်လပ်ရေး အဖွဲ့တို့ ကဲ့သို့ နယ်ခြားစောင့် တပ်ဖွဲ့ရေး လက်မခံဘဲ ယခုအချိန်ထိ နအဖနှင့် ဆွေးနွေးနေဆဲဖြစ်သည်။

Ref: ခေတ်ပြိုင်

Read More...

နေ့စဉ်သတင်းများ ( ၂၇ - ၁ - ၁၀)

ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲပြီးမှ လွှတ်မယ့်ကိစ္စ အမေရိကန် လက်မခံ သတင်း
ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံကို သတင်းစဉ်က သုံးခွင့်မပေးတော့ သတင်း
၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ စင်ပြိုင်အစိုးရသစ် ဖွဲ့စည်းနိုင်ဖွယ်ရှိ သတင်း
အဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် ဦးကြည်ဝင်းကို နေအိမ်မငှားရန် ဖိအားပေး သတင်း
ဇာဂနာမွေးနေ့ ချင်းမိုင်တွင် ကျင်းပ သတင်း
မိုင်းလားအပစ်ရပ်အဖွဲ့မှ ထိပ်ပိုင်းခေါင်းဆောင်တဦး လုပ်ကြံခံရ သတင်း
အမေရိကန်တပ်များ၏ ဟေတီ လူမှုကယ်ဆယ်ရေးသတင်း ဆင်ဆာထိ သတင်း
‘၀’ တခုတည်း ကိုယ်လွတ်ရုန်းမရဟု ပလောင်ခေါင်းဆောင် ပြော သတင်း
KIO နှင့် စစ်အစိုးရ တွေ့ဦးမည် သတင်း
နိုင်ငံတကာရောက် ကချင်များ တရုတ်အစိုးရကို ကန့်ကွက် သတင်း
မွန်ပြည်သစ် ထိန်းချုပ်နယ်မြေအတွင်း ကျူးကျော်ဝင်ရောက်မှု ဆက်တိုက်ဖြစ်ပွား သတင်း
လုပ်အားပေးမှုများ ပေါက်ကြားပါက ရွာမီးလောင်မည်ဟု ခြိမ်းခြောက်ထား သတင်း
နအဖ ထိန်းချုပ်ဒေသများတွင် ဘိန်းစိုက်ပျိုးမှု ပိုတိုးလာ သတင်း
ပလောင်တောင်သူများ ရိုးရာလက်ဖက်အစား ဘိန်းစိုက်ပျိုးမှု ပိုများလာ သတင်း
ကိုညီညီအောင်အမှု အမိန့်ချမည့်ရက် ရွှေ့ဆိုင်း သတင်း
သတင်းပေးအဖြစ် လူငယ်များကို ကြံ့ဖွံ့ စည်းရုံး သတင်း
စစ်သားများ ခိုးရောင်းစားသည့် သံဆူးကြိုး ဘင်္ဂလာရဲမှ ဖမ်းဆီး သတင်း
ရိုဟင်ဂျာများကို လိုက်ထုတ်ပြီး ဒေသခံများကို အလုပ်ပေးရန် ဘင်္ဂလာဒေခ်ျ့ကျောင်းသားနှင့် လူငယ်များက ဆန္ဒပြ သတင်း
သိမ်းဆည်းခံရသည့် မြေဧက (၄၀၀၀) ကျော်အား နစ်နာကြေးတိုးပေးရန် တောင်းဆို သတင်း
ထိုင်း-မြန်မာ ချစ်ကြည်ရေးလမ်းမ (၄) ခုတိုးချဲ့ရန် အစည်းအဝေး စတင် သတင်း
ပုဂ္ဂလိက စက်သုံးဆီလုပ်ငန်းများ ဦးတေဇနှင့် ဦးအောင်သက်မန်း ဦးစီးမည် သတင်း
ကင်ဂျိနာဂါအိ အမှတ်တရဆု အကျဉ်းကျ သတင်းထောက် (၂) ဦး ရရှိ သတင်း
မြန်မာ့ဆိုင်းဝိုင်းတွင် ခေတ်ပေါ်တူရိယာ ဆက်သုံးရန် ပရိသတ်တောင်းဆို သတင်း
ဆန်စပါးလောက ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူတို့ဖြင့် စုစည်းမည် သတင်း
၂၀၁၀ ရွေးကောက်ပွဲနဲ့ တိုင်းရင်းသားအရေး (ဆောင်းပါး)
ဗိုလ်ချုပ်ကြီးတင်ဦးနှင့် ရွှေဂုံတိုင်ရပ်တည်ချက် (ဆောင်းပါး)
အမျိုးသားရေး၊ ဒီမိုကရေစီရေး၊ တော်လှန်ရေးနှင့် ရန်သူ (ဆောင်းပါး)
လာဆာလေးသို့ အလည်တခေါက် (ဆောင်းပါး)
“သားကို တပ်ထဲကနေ အိမ်ပြန်ခေါ်ချင်တယ်” (အင်တာဗျူး)

Read More...

Wednesday, January 27, 2010

နေ့စဉ်သတင်းများ ( ၂၆ - ၁ - ၁၀)

နိုင်ငံရေးလှုပ်ရှားမှုကို ခြေမှုန်းဖို့အတွက် ပြင်ဆင်ထားပြီ သတင်း
မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် အစီရင်ခံစာ ပလောင်အမျိုးသမီးအဖွဲ့ ထုတ်ပြန် သတင်း
ရန်ကုန် ဗဟန်းမြို့နယ်တွင် အိမ် (၁၃) လုံး မီးလောင်ပျက်စီး သတင်း
တိုက်လေယာဉ် ပျက်ကျမှု လေတပ်က စုံစမ်းစစ်ဆေးနေ သတင်း
လျှို့ဝှက်ချက် ပေါက်ကြားသူ (၃) ဦး ထောင်ပြောင်းရွှေ့ သတင်း
ရေတပ်နှင့် အမြောက်တပ် အကောက်ကြမ်း၍ ရခိုင်လူထု အခက်ကြုံ သတင်း
နယ်မြေနှင့် ရွေးကောက်ပွဲအတွက် ရွာများ ဖျက်ဆီးခံရဟု KNU ပြော သတင်း
ဖမ်းဆီးသစ်များ တရုတ်ပြည်သို့ ခိုးထုတ် သတင်း
အိန္ဒိယတက္ကသိုလ်များ အဆင့်လျှော့ချရေး ဆိုင်းငံ့ထား သတင်း
မယ်ဆိုင် ဖိနပ်ချုပ်စက်ရုံ အလုပ်သမားများ ဆန္ဒပြ သတင်း
ဖိနပ်စက်ရုံ ဆန္ဒပြမှုကြောင့် ခေါင်းဆောင်များ အလုပ်ထုတ်ခံရ သတင်း
လောင်စာဆီကဏ္ဍ ပုဂ္ဂလိကသို့ လွှဲပြောင်းရန် စီစဉ် သတင်း
လစာတိုးသည့်သတင်း ဆင်ဆာထိ သတင်း
ဝမ်းစာအတွက်လုပ်ကိုင်သူ ရွာသားများ အသက်အန္တရာယ် ကြုံရ သတင်း
သတင်းစာနှင့် ဘ၀နေထိုင်မှုတိုးတက်ရေး ကြိုးပမ်းမည်ဟု ကနေဒါရောက် ကရင်နီများ ကြေညာ သတင်း
ကြံ့ဖွံ့က အခမဲ့ ကျုရှင်ကျောင်းများ ဖွင့်ကာ စည်းရုံး သတင်း
ကိုဇာဂနာမွေးနေ့ပွဲ သီးလေးသီး ပြုလုပ်မည် သတင်း
ကျနော်နှင့် ဗိုလ်ဒေါင်းညို (ဆောင်းပါး)

Read More...

Tuesday, January 26, 2010

တပ်မတော်သားတွေ လေးစားချစ်ခင် အားကိုးယုံကြည်ကြတဲ့ ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးတင်ဦးနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးအစ ရွှေဂုံတိုင်ရပ်တည်

January 26, 2010

လွန်ခဲ့သည့် ၁၅ နှစ်က ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ တွေ့ရသည့် ဦးတင်ဦး။
ယခုအခါ ၎င်းတို့ ၂ ဦးစလုံး ထိန်းသိမ်း ခံနေရသည်။

အန်အယ်ဒီ ခေါင်းဆောင်တဦးဖြစ်တဲ့ ဒုတိယ ဥက္ကဌ ဦးတင်ဦးဟာ လာမယ့် ရှေ့လ ဖေဖေါ်ဝါရီ (၁၃)ရက်နေ့ဆို နေအိမ်အကျယ်ချုပ် သက်တမ်း(၆)နှစ်ပြည့်မှာ ဖြစ်ပါတယ်။ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေး ကောင်စီ နအဖက နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်သည့် ဥပဒေ ပုဒ်မ (၁၀)(ခ) နဲ့ မတရား အပြစ်ပေး အရေးယူ ခံထားရတာ ဖြစ်ပါတယ်။

ယင်းဥပဒေအရ နေအိမ်အကျယ်ချုပ်သက်တမ်းကို (၆)နှစ်သာ သတ်မှတ်နိုင်တာ ဖြစ်တဲ့အတွက် ရှေ့လမှာ လွှတ်ပေးရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ နအဖ စစ်ကောင်စီဟာ တရား ဥပဒေအတိုင်း လိုက်နာ လုပ်ဆောင်လေ့ မရှိ တာကြောင့် အမှန်တကယ် တရားဥပဒေ အတိုင်း ပြန်လည် လွတ်မြောက်မယ် မလွတ်မြောက်ဘူးဆိုတာ တပ်အပ် သေချာ ပြောလို့ မရပါဘူး။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တုန်းကလည်း လွတ်ရက်စေ့ပြီဖြစ်ပေမဲ့ ယက်တော အမှုဖြင့် အကွက်ဆင် စွဲချက်တင် ထပ်မံ ဖမ်းဆီး ထိန်းသိမ်း ခဲ့ခြင်းက လုံလောက်သော အကြောင်းပြချက် ဖြစ်တဲ့အတွက် အခု တခါ ကာကွယ်ရေး ဦးစီးချုပ် ဟောင်းလည်းဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီး တင်ဦးကို ဖေဖေါ်ဝါရီလ(၁၃)ရက်နေ့မှာ လွှတ် မလွှတ်ဆိုတာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပေါ်မှာ မူတည် နေပါတယ်။

အဲဒါကိုက တရားဥပဒေအပေါ်မှာ စစ်ကောင်စီရှိနေတယ်ဆိုတာ အထင်းသား ပေါ်နေပါတယ်။ သူတို့ပြောတဲ့ တရားဥပဒေ စိုးမိုးရေးဆိုတာ သူတို့စစ်အုပ်စုဝင် စစ်ကောင်စီဝင်တွေနဲ့ မဆိုင်ဘဲ ကျန်တဲ့ လူမျိုးစုံတိုင်းရင်းသား ပြည်သူ တရပ်လုံးနဲ့သာ သက်ဆိုင်သလို ဖြစ်နေပါတယ်။ သန်း(၅၈)သော ပြည်သူတွေကသာ တရားဥပဒေကို မဖြစ်မနေ လိုက်နာဖို့လိုပြီး မလိုက်နာရင် အပြစ်ပေး အရေးယူခြင်း ခံရမယ် ဖြစ်ပြီးတော့ကာ သူတို့အနေနဲ့တော့ လိုက်နာစရာ အကြောင်း မရှိဘူးဆိုတဲ့ သဘောပါ။ အတော် ခံပြင်းစရာ ကောင်းလှပါတယ်။

၂၀၀၃ခုနှစ် မေလက ဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်တဲ့ အဖွဲ့ချုပ် မော်တော်ယာဉ်တန်းကို ဒီပဲယင်းမြို့ ကျည်ရွာ အနီးမှာ အင်အား (၅၀၀၀)ခန့် ရှိတဲ့ လူအုပ်ကြီးရဲ့ တိုက်ခိုက် သတ်ဖြတ်မှုကို ခံခဲ့ရပြီး အဲဒီ အချိန်ကတည်းက နအဖရဲ့ ထိန်းသိမ်း ထားခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒီတိုက်ခိုက် သတ်ဖြတ်မှုကြီးဟာ နိုင်ငံတော်က ကြိုးကိုင်စီစဉ်တဲ့ ဒီပဲယင်း လုပ်ကြံမှုကြီး အဖြစ် ကမ္ဘာသိ ထင်ရှား ကျော်ကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန်ထောင်သို့ ပို့လိုက်ပြီး ဦးတင်ဦးကိုတော့ စစ်ကိုင်းတိုင်း ကလေးမြို့ အကျဉ်း ထောင်ကို ပို့ဆောင် ချုပ်နှောင် ထားခဲ့ပါတယ်။ ကလေးမြို့အကျဉ်းထောင်မှာ (၉)လ နေခဲ့ရပြီး ၂၀၀၄ ခုနှစ် ဖေဖေါ်ဝါရီလ (၁၃)ရက်နေ့မှာတော့ ရန်ကုန်မြို့ နေအိမ်မှာ အကျယ်ချုပ်အဖြစ် ဆက်လက် ချုပ်နှောင် ထားခဲ့ပါ တယ်။ အန်အယ်လ်ဒီ် ဒု-ဥက္ကဌ ဦးတင်ဦးဟာ အသက်(၈၃)နှစ် ရှိနေပြီ ဖြစ်ပါတယ်။ ဗမာ့တပ်မတော်မှာ ကာကွယ်ရေး ဦးစီးချုပ်အဖြစ် တာဝန် ထမ်းဆောင်ခဲ့ဘူးပြီး တာဝန်ထမ်းဆောင်စဉ် ကာလတလျှောက် တပ်မတော်သား အများရဲ့ လေးစားချစ်ခင် ကြောက်ရွံ့ခြင်းကို ရယူ ခံစားနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

ကျနော် ကြားဘူးတာ ပြောရရင် ဗိုလ်ချုပ်ကြီးဦးတင်ဦးဟာ သူတာဝန် ထမ်းဆောင်နေစဉ်ကာလတွေ အတွင်း တာဝန်ကျရာ ဒေသ ဒါမှမဟုတ်ရင်လည်း တာဝန်အရ ခရီးထွက်ခွာ ညအိပ် ရပ်နားရာ ဒေသတွေမှာ ရှိတဲ့တပ်တွေကို ရောက်ရင် အရင်ဆုံး တပ်စားဖိုဆောင်ကို သွားရောက်ပြီး ဟင်းအိုးတွေကို လိုက်လှန်ကြည့်တယ်၊ ချက်ထားတဲ့ ဟင်းပုံစံက ရဲဘော်တွေ အတွက် အဟာရဖြစ်မဖြစ်၊ သန့်ရှင်းမှု ရှိမရှိ၊ သတ်မှတ်ထားတဲ့ အတိုင်း စကေး အတိအကျနဲ့ ချက်မချက် စစ်ဆေးတယ်၊ ပြီးရင် ရဲဘော်တွေနဲ့ လက်ရည် တပြင်တည်း ထိုင်စားတယ်လို့ ကြား ဘူးပါတယ်။ သူ့အတွက် သီးသန့် လုပ်ပေးခိုင်းတာမျိုး မရှိဘဲ ကိုယ်တိုင် ထမင်းပန်းကန်ပြားဆွဲ သူများနည်းတူ စကေးအတိုင်း အတူစားတယ်လို့ အတုယူ အားကျဖွယ် မှတ်သား ကြားနာဘူးပါတယ်။

သူပြောတာက ရဲဘော်တွေက တကယ်တန်း အပင်ပမ်းခံ အဆင်းရဲခံ ခြင်ကိုက် ဖြုတ်ကိုက်ခံပြီး နိုင်ငံတော် လုံခြုံရေး အတွက် သက်စွန့်ဆံဖျား အမှုထမ်းနေရတာ ဖြစ်လို့ သူတို့တွေအတွက် အစားအသောက် အချက်အပြုတ်ဟာ အင်မတန် အရေးကြီးတယ်။ အားရှိဖို့ အဟာရဖြစ်ဖို့ လိုတယ်၊ ကျန်းမာရေးနဲ့ ညီညွတ်ဖို့ လိုတယ်၊ ကောင်းကောင်းမွန်မွန် ချက်ကျွေးကြဖို့ မှာလေ့ရှိတယ် ဆိုတာ ကြားဘူးပါတယ်။

ဒါကြောင့်လည်း ရောက်လေရာတိုင်းမှာ ဟိုးအောက်ခြေက အစ တပ်မှူးတပ်သား အကြပ်စစ်သည် တိုင်းက ဗိုလ်ချုပ်ကြီး တင်ဦးကို လေးစားချစ်ခင် ကြောက်ရွံ့ကြတာ ဖြစ်ပါလိမ့်မယ်။ ရဲဘော်တွေရဲ့ ဘ၀ကို သဘောပေါက် နားလည်တဲ့ တကယ့် စစ်သားကောင်း ပီသလွန်းတဲ့ စစ်သားကြီးတယောက် ဖြစ်ပါတယ်။

ဒီလိုမျိုး တပ်မတော်သားအများက လေးစားချစ်ခင်ကြည်ညိုတဲ့ စစ်သားကောင်းကြီး ဗိုလ်ချုပ်ကြီး တင်ဦးဟာ အခုတော့ နေအိမ်မှာ အကျယ်ချုပ် ချခံထားရတာ လာမယ့် ဖေဖေါ်ဝါရီ (၁၃)ရက်နေ့ဆို (၆)နှစ်တင်းတင်း ပြည့်သွားခဲ့ပါပြီ။ စီရင်ချက် ပြစ်ဒဏ်လည်း ပြည့်သွားပြီဖြစ်လို့ လွှတ်ပေးဖို့သာ ရှိပါတော့တယ်။ တရားဥပဒေကြောင်း အရဆို လွှတ်ကို လွှတ်ပေးရမှာပါ။ မလွတ်စရာ အကြောင်းလည်း ဘာမှမရှိပါဘူး။ မလွှတ်ပေးဘူး ဆိုရင် ဥပဒေချိုး ဖောက်ရာ ကျမှာပါ။ နိုင်ငံတော် ကိုယ်တိုင်က တရားဥပဒေကို ချိုးဖောက်ရာ၊ မလိုက်နာရာ ရောက်ပါတယ်။

ဒါပေမဲ့ လွှတ်ပေးမယ် မလွှတ်ပေးဘူးဆိုတာက နအဖဥက္ကဌကြီး သဘောအတိုင်း ဖြစ်နေပါတယ်။ ဒီလိုဆိုရင် နအဖ ဥက္ကဌကြီးက ဥပဒေရဲ့ အထက်မှာ ရှိနေလို့ပေါ့။ သူသဘောတူရင် လွှတ်၊ သူသဘောမတူရင် မလွှတ်နဲ့ အပြစ်ရှိရှိ မရှိရှိ။ သက်ဦးဆံပိုင် ဘုရင်ကြီးလို ဖြစ်နေတာပေါ့။ ဘာကြောင့်များ မလွှတ်ရဲ ဖြစ်နေရတာလည်း မသိ။ ဒီနှစ် လွတ်လပ်ရေးနေ့ သ၀ဏ်လွှာမှာ ဗိုလ်ချုပ်မှူးကြီးက ရွေးကောက်ပွဲကို ၂၀၁၀ခုနှစ်အတွင်း ပြုလုပ်မယ်လို့ အတိအလင်း ပြောဆိုခဲ့တာကို အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ မြန်မာနိုင်ငံခြားရေး ၀န်ကြီး ဦးဉာဏ်ဝင်းက ထပ်လောင်း အတည်ပြု ပြောကြားခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးကို လွှတ်ပေးလိုက်ရင် သူတို့ရွေးကောက်ပွဲအတွက် တမျိုးတမည် ဖြစ်သွားမှာကို စိုးရိမ် ကြောက်လန့်တာလည်း ဖြစ်နိုင်သလို တပ်မတော်ရဲ့ အစဉ်အလာအတိုင်း ကိုယ့်ထက် ၀ါစဉ်အရ သမ္ဘာစဉ် အရမြင့်တဲ့ ဗိုလ်ချုပ်ကြီး တင်ဦးကို မျက်နှာချင်း မဆိုင်ဝံ့ ရင်မဆိုင်ရဲလို့လည်း ဖြစ်နိုင်ပါတယ်။ နောက်ပြီး ကိုယ် ရည်ကိုယ်သွေး အရလည်း မယှဉ်နိုင် မယှဉ်ဝံ့တဲ့အတွက် ဒေါင်းယောင်ဆောင်တဲ့ကျီးလို သူတော်ကောင်းတွေကြား လူမိုက်နေလို့ မရသလိုမျိုး ဖြစ်နေတာလည်း ဖြစ်နိုင်ပါတယ်။

အဓိက နိုင်ငံရေးပါတီကြီးဖြစ်တဲ့ အန်အယ်လ်ဒီဟာ ၁၉၉၀ မေလရွေးကောက်ပွဲမှာ ကတည်းက ၈၂% မဲအပြတ် အသတ်နဲ့ အနိုင်ရထားခဲ့ ပေမဲ့လို့ စစ်ကောင်စီက အာဏာ လွှဲပြောင်းပေးခြင်း မရှိဘဲ အာဏာသိမ်းယူခဲ့တာ ကနေ့ ထိတိုင် ဖြစ်ပါတယ်။ အဲဒီလို အာဏာသိမ်းပြီးနောက် ပြည်နယ်နဲ့ တိုင်းအသီးသီးမှာ ရှိတဲ့ အန်အယ်လ်ဒီ ပါတီ အဖွဲ့ချုပ် မြို့နယ်ရုံးခွဲတွေ ချိပ်ပိတ် ခံခဲ့ရတာဖြစ်ပြီး ပါတီဝင် အများအပြားလည်း ထောင်ဒဏ်ကျခံနေရဆဲ ဖြစ်ပါတယ်။

နောက်တခုက မကြာသေးခင်ကလေးတင် ၁၉၉၀ရွေးကောက်ပွဲ အနိုင်ရပါတီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ပါတီ လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ဖို့ ဗဟို အလုပ်အမှုဆောင်အဖွဲ့ကို ထပ်တိုးချဲ့ ဖွဲ့စည်းလိုက်တာ အခုဆိုရင် စုစုပေါင်း စီအီးစီ အယောက် (၂၀)တောင် ဖြစ်သွားပြီ မဟုတ်ပါလား။ နောက်ထပ်(၉)ဦးကို ထပ်တိုးချဲ့လိုက် တာပါ။ လတ်တလော အန်အယ်လ်ဒီပါတီ ကလည်း အကျဉ်းအကျပ် ကြားထဲက အတော်လေး လှုပ်ရှားလာပါတယ်။ ဖမ်းကာမှ ဖမ်းရော လုပ်ရမယ့်-သင့်တဲ့ ကိစ္စတွေကိုတော့ လုပ်ရမှာပဲ ဆိုတဲ့ အသိ ပိုမို နိုးကြားလာတာဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဓိက ဆုပ်ကိုင်ထားတဲ့ မကြောက်တရား စိတ်ဓါတ် ပိုမို အသက်ဝင် လှုပ်ရှားလာတာ ဖြစ်ပါတယ်။

လူငယ်လုပ်ငန်းအဖွဲ့တွေ ပြင်ဆင်တိုးချဲ့ဖွဲ့စည်း တာဝန်ပေးတာ၊ ပြည်နယ်နဲ့တိုင်း အမျိုးသမီးအဖွဲ့တွေ တွေဆုံ ဆွေးနွေးကြတာ၊ စီအီးစီတိုးချဲ့ ဖွဲ့စည်းပြီးနောက်မှ သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်နဲ့ အဖွဲ့ကို ခရီးသွား ခွင့်ပြုတာ တနည်း ဒီချုပ် အဖွဲ့ဝင်တွေနဲ့ကော ပြည်သူလူထု တွေနဲ့ကော စကားပြောဆို မေးမြန်းတင်ပြ ပြန်လည် ဖြေကြား ရှင်းလင်းနိုင်ခဲ့ တာတွေဟာ ဘုရားလည်းဖူး လိပ်ဥလည်းတူးခွင့် အဖြစ် အမိအရ အသုံးချလိုက်နိုင်တာ ဖြစ်ပါတယ်။ လက်ရှိ အနေအထားတွေကို ချပြ ရှင်းလင်းတဲ့ စည်းရုံးရေး ခရီးစဉ်လို့တောင် ပြောနိုင်မယ်ထင်ပါတယ်။

တဖန် ရွေးကောက်ပွဲနဲ့ပတ်သက်လို့လည်း အန်အယ်လ်ဒီက အဖွဲ့ချုပ်ခေါင်းဆောင်များ အပါအ၀င် နိုင်ငံရေး အကျဉ်းသားများ အားလုံး ပြန်လွှတ်ပေးဖို့၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှ ဒီမိုကရေစီ စံနှုန်းများနဲ့ မကိုက်ညီတဲ့ အချက်များကို ပြင်ဆင်ပေးဖို့၊ လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်မြောက်ရေး နိုင်ငံတကာ စောင့်ကြပ် လေ့လာမှုများကို ခွင့်ပြုဖို့ နအဖထံ တောင်းဆိုထားပြီး ယင်းအချက်များကို လိုက်လျောခဲ့ပါက အန်အယ်လ်ဒီ အနေနဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများကို လေ့လာပြီး ရွေးကောက်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်ဖို့ စဉ်းစားမယ်လို့ တောင်းဆိုရေးသား ဖော်ပြထားတဲ့ ရွှေဂုံတိုင် ကြေညာစာတမ်းကို ပြီးခဲ့တဲ့ ၂၀၀၉ခု ဧပြီလတုန်းက ထုတ်ပြန်ခဲ့ပါတယ်။

ဆက်လက်ပြီးတော့ ထွက်လာမယ့် နိုင်ငံရေးပါတီများ မှတ်ပုံတင်နည်း ဥပဒေတို့၊ ကော်မရှင် ဥပဒေတို့၊ ရွေးကောက်ပွဲ ဥပဒေတို့ အပေါ်မှာလည်း ပါတီ အနေနဲ့ ကြည့်ရဦးမှာ ဖြစ်သလို ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုထားတဲ့ စီအီးစီ အားလုံးနဲ့ မျက်နှာစုံညီ တွေ့ဆုံခွင့် ရရှိရေးကို နအဖက ခွင့်ပြု-မပြုပေါ်မှာလည်း မူတည်ပါတယ်လို့ ဗဟို အလုပ်အမှုဆောင် တဦးဖြစ်တဲ့ ဦးခင်မောင်ဆွေက မကြာသေးခင်လေးက ပြောကြားခဲ့တာလည်း ရှိပါတယ်။ လောလောဆယ်တော့ ရွှေဂုံတိုင် ကြေညာချက် အပေါ်မှာပဲ ဆက်လက် ကိုင်စွဲ ရပ်တည် သွားရဦးမဲ့ အနေအထားပါ။

နောက် ထူးခြားတယ်လို့ ထင်စရာရှိတာက နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နအဖ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်တို့ ဇန်န၀ါရီလ(၁၅)ရက်နေ့က ဒီနှစ်၂၀၁၀မှာ ပထမဆုံးအကြိမ် အဖြစ် တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ ဒီတွေ့ဆုံမှုဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအတွင်း ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ် မှူးကြီးသန်းရွှေထံ ဒုတိယစာ ပေးပို့အပြီးနောက် ဦးအောင်ကြည်နဲ့ ဒုတိယအကြိမ် တွေ့ဆုံတာလည်း ဖြစ်ပါတယ်။

ပထမအကြိမ် တွေ့ဆုံအပြီးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အသက်အရွယ်ကြီးရင့်လို့ နေအိမ်မှာနေ နေကြရတဲ့ အဖွဲ့ချုပ်ခေါင်းဆောင် သုံးဦးတို့ တွေ့ဆုံခွင့် ရရှိခဲ့ပါတယ်။ အခုနှစ် ဒုတိယအကြိမ် တွေ့ဆုံအပြီး နှစ်ရက်အကြာ ဇန်န၀ါရီလ (၁၇)ရက်နေ့ ဂျပန်နိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ ညီလာခံ တခုမှာလည်း ဂျပန် နိုင်ငံခြားရေးဝန်ကြီး ကတ်ဆူတာအိုကားဒါးနဲ့ မြန်မာနိုင်ငံခြားရေး ၀န်ကြီး ဦးဉာဏ်ဝင်းတို့ တွေ့ဆုံခဲ့ရာမှာ စစ်အစိုးရ၀န်ကြီး ဦးဉာဏ် ၀င်းက ၂၀၁၀ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ ပါဝင် ယှဉ်ပြိုင်လိမ့်မယ်လို့ သူ့အနေနဲ့ မျှော်လင့်ထားကြောင်း ဂျပန်အစိုးရ နိုင်ငံခြားရေး ဌာန ကြေညာချက်မှာ ဖော်ပြထားတယ်လို့ ကြားသိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည်တို့ ဒုတိယအကြိမ် တွေ့ဆုံမှုရဲ့ အကြောင်းရင်း၊ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းရဲ့ မှတ်ချက်နဲ့ စစ်အစိုးရ ရွေးကောက်ပွဲဥပဒေ၊ ဒေါ်အောင်ဆန်းစုကြည်အမှု ပြင်ဆင်ချက် ကိစ္စ စတဲ့ ကိစ္စရပ်တွေဟာ လတ်တလော မြန်မာ့ နိုင်ငံရေး အခြေအနေမှာ သို့လောသို့လော ဖြစ်နေရတဲ့ ကိစ္စရပ်တွေ ဖြစ်ပါ တယ်။

ဒီကာလအတွင်းမှာပဲ ဇန်န၀ါရီလ(၁၉)ရက် အင်္ဂါနေ့က ၀ါရှင်တန်ဒီစီ သတင်းစာ ရှင်းလင်းပွဲမှာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကတ်ပ်ကမ်းဘဲလ်က စစ်အစိုးရ အဆင့်မြင့် အရာရှိပိုင်းနဲ့ အမေရိကန် အစိုးရ အရာရှိပိုင်းတို့ မကြာခင်မှာ တွေ့ဆုံမယ့် အကြောင်း ပြောကြားလိုက်သလို ဦးအောင်ကြည်နဲ့ တွေ့ဆုံမှုကို လည်း တိုးတက်မှုတွေ အဖြစ် သုံးသပ် ပြောကြား ထားပါတယ်။ မြန်မာ့အရေး လေ့လာနေသူတွေကတော့ လော လောဆယ် အခြေအနေဟာ မြန်မာနိုင်ငံရဲ့ အနာဂတ် အရေးအတွက် ပါးပါးနပ်နပ် ကိုင်တွယ်ဖို့ လိုအပ်တဲ့ အရေး ကြီးတဲ့ကာလပါလို့ ဝေဖန် ပြောဆိုနေကြပါတယ်။

ပြီးခဲ့တဲ့ ဇန်န၀ါရီလ (၂၁)ရက်နေ့က မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့မှာ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ် မောင်ဦးက ဒေါ်အောင်ဆန်းစုကြည်ကော ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးကိုပါ လွှတ်ပေးမှာပါလို့ နှုတ်ကတိပေး ပြောခဲ့ရာမှာ ဦးတင်ဦးကိုတော့ အရင် ပြန်လွှတ်ပေးမှာ ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ကိုတော့ လာမယ့် နိုဝင် ဘာလမှာ လွှတ်ပေးပါမယ်လို့ ပြောခဲ့ပါတယ်။ တရားဝင် ကြေညာချက်မျိုး၊ တရားဝင် အကြောင်းကြားတာမျိုး မရှိသေးတဲ့အတွက် အတည်ပြု၍ မရသေးပါ။ ဗိုလ်ချုပ်မောင်ဦးဟာ အရင်တခါ ဒေါ်အောင်ဆန်းစုကြည်ကို ပြစ် ဒဏ်(၃)နှစ် ချလိုက်တုန်းက (၁၈)လ (၁)နှစ်ခွဲသာ ကျခံရမယ်လို့ ဗိုလ်ချုပ်မှူးကြီးရဲ့ အမိန့်စာကို ကိုယ်တိုင်လာရောက် ဖတ်ကြား ခဲ့သူလည်း ဖြစ်ပါတယ်။


မြန်မာစစ်အစိုးရ ပြည်ထဲရေးဝန်ကြီး ဗိုလ်ခဵုပ်မောင်ဦး ၂၀၀၈ ခုနှစ် ဇွန်လက
နေပြည်တော်တွင် ပြုလုပ်သည့် အခမ်းအနားတခု၌ မိန်ႛခွန်းပြောနေပုံ။ (Photo: AFP)

ဒါပေမဲ့ စစ်ကောင်စီရဲ့ ပြောကြားချက် နှုတ်ကတိတွေဟာ ဘယ်လောက်မှန်ကန် တိကျမယ်ဆိုတာ သေချာတပ် အပ် ပြောဖို့ရာကတော့ သိကြတဲ့အတိုင်း အရင်က စစ်ဗိုလ်ချုပ်တွေရဲ့ လုပ်ရပ်တွေကို ပြန်ကြည့်ရင် မှန်းဆ တွက်ချက်လို့ ရနိုင်မယ် ထင်ပါတယ်။ ဗိုလ်ချုပ်ကြီးရွှေမန်းတုန်းကလည်း ဒီလိုပဲ ပြောခဲ့ဘူးပါတယ်။ ဘယ်သူမှ ဥပဒေရဲ့အထက်မှာ မရှိစေရဘူးလို့ ဒီလိုပြောခဲ့ပြီး နောက်တော့ လုပ်ချင်သလိုလုပ်တာပါပဲ။ စစ်အာဏာရှင် စနစ်မှာ ထိပ်ဆုံးအာဏာအရှိဆုံး ပုဂ္ဂိုလ်က သူ့စိတ်အတိုင်း လုပ်ချင်သလို လုပ်ကြတာမျိုးပါ။

ဒီလိုအခြေအနေမျိုးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒု-ဥက္ကဌ ဦးတင်ဦးကို ပြန်လွှတ်ပေးလိုက်ရင် အန်အယ်လ် ဒီအတွက် ကြီးမားတဲ့ အင်အားတရပ်ဖြစ်သွားမှာ သေချာသလို ပြည်သူလူထုတရပ်လုံးအတွက်လည်း စိတ်ဓါတ် ခွန်အား သတ္တိကို တိုးပွားစေမှာ ဖြစ်ပါတယ်။ တပ်မတော်သားများအတွက်လည်း သူတို့ရဲ့ ယုံကြည် အားကိုးရာ တိုင်တည်ရာ ဗိုလ်ချုပ်ကြီးတဦး ပြန်လွတ်မြောက်လာတဲ့အတွက် အားတက်မိကြမှာ အမှန်ပါပဲ။ စစ်သားကောင်း ဗိုလ်ချုပ်ကြီးကို အားကိုးတကြီး မျှော်လင့်နေကြမှာ ဖြစ်ပါတယ်။

တဘက်မှာလည်း တပ်မတော်ရေးရာ စစ်ဘက်နောက်ဆက်တွဲကိစ္စရပ်တွေလည်း ပေါ်ပေါက်ကောင်း ပေါ်ပေါက် လာနိုင်ပါတယ်။ အထူးသဖြင့် တပ်မတော်အတွင်းမှာ လက်ရှိဖြစ်ပွားနေတဲ့ ဗိုလ်ကြီးအဆင့် အရာရှိတွေ အပါ အ၀င် တပ်ရင်းလိုက် ထွက်ပြေးမှုတွေ၊ စစ်ဘက်ရေးရာ အရာရှိဟောင်းဖြစ်တဲ့ ဗိုလ်မှူးဝင်းနိုင်ကျော်နဲ့ ကိုသူရ အောင်တို့ကို မတရားပြစ်ဒဏ်ချ သေဒဏ်ပေးလိုက်တာတွေ၊ အခုဆိုရင် ရဲဘက်ဝန်ထမ်းတွေပါ အစုလိုက် ထွက်ပြေးလာနေကြတာတွေဟာ အခြေခံစားဝတ်နေရေး မပြေလည်မှု၊ ၀င်ငွေထွက်ငွေ မညီမျှမှုနဲ့ တပ်မတော် သားအခွင့်အရေး လုံးဝဆုံးရှုံးနေမှု စတာတွေအပေါ် သည်းညည်းမခံနိုင်တော့ဘူး ဆိုတဲ့အချက်ကို မီးမောင်းထိုး ပြနေတာသာ ဖြစ်ပါတယ်။

ဒီလိုအနေအထားမှာ စစ်သားတွေရဲ့ဘ၀ကို ကောင်းကောင်းနားလည် သဘောပေါက်ထားတဲ့ တပ်မတော်သား အများ ကြည်ညိုလေးစား ချစ်ခင်အားကိုးတဲ့ စစ်သားကောင်းကြီး မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဟောင်း ဗိုလ်ချုပ်ကြီးဦးတင်ဦးကို နအဖစစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ပြန်လွှတ်ပေးရဲပါ့မလား ဆိုတာ စောင့်ကြည့်ကြရမှာ ဖြစ်ပါတယ်။ အမှန်ကတော့ နဂိုကတည်းက မတရားဖမ်းဆီး ထိန်းသိမ်းထားတာ ဖြစ်တဲ့အတွက် လွှတ်ကိုလွှတ်ပေးရမှာ ဖြစ်ပါတယ်။ လွှတ်ပေးရင်လည်း ဘာမှကို အံ့သြစရာမရှိသလို ကျေးဇူး လည်းတင်စရာ မလိုပါဘူး။

လက်ရှိတပ်မတော်အတွင်းမှာ ဖြစ်ပွားနေတဲ့ သည်းညည်းမခံနိုင်မှုတွေက အချိန်မရွေး ထပေါက်ကွဲလာနိုင်တာ ကြောင့် ဗိုလ်ချုပ်ကြီးဦးတင်ဦးရဲ့ စစ်သားကောင်းပီသမှုတွေ၊ ရဲဘော်တွေအပေါ် ကိုယ်ချင်းစာနားလည်မှုတွေက ကြည်း ရေ လေ တပ်မတော်သားတွေကို ပြည်သူတွေဘက် ကူးပြောင်းရပ်တည်လာစေနိုင်သလို၊ အမိန့်နာခံမှု လျော့ကျလာပြီး ကြားနေရပ်တည်မယ့် အနေအထားမျိုးကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။

၂၀၁၀ခုနှစ် ဖေဖေါ်ဝါရီလ (၁၃)ရက်ဟာ မြန်မာ့တပ်မတော်ရဲ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ အသက် (၉၅)နှစ် ပြည့်မယ့် မွေးနေ့ဖြစ်သလို အသက် (၈၃)နှစ်ရှိပြီဖြစ်တဲ့ ဗိုလ်ချုပ်ကြီးတင်ဦးရဲ့ မတရားပြစ်ဒဏ်ချ သက်တမ်း (၆) နှစ် ပြည့်မြောက်တဲ့နေ့လည်း ဖြစ်ပါတယ်။ အဲဒါကြောင့် တပ်မတော်သားအားလုံးကို ပြည်သူဘက်ကို မျက်နှာမူ ကူးပြောင်းရပ်တည်ကြဖို့ အချိန်တန်ပြီဖြစ်ကြောင်း ရဲဝံ့ပြတ်သားစွာ ဆုံးဖြတ်ဖို့ ထပ်မံပြောကြားလိုက်ပါရစေ။

အဲဒီတော့ကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယ ဥက္ကဌ ဦးတင်ဦးကို လွှတ်ပေးမယ် မလွှတ်ပေးဘူးဆိုတာ ကျနော်တို့ ကြည်း ရေ လေ တပ်မတော်သားအားလုံးနဲ့ ပြည်သူလူထုတရပ်လုံးက နားစွင့်ထားကြဖို့နဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရွှေဂုံတိုင်ကြေညာချက်ကို အားမာန်အပြည့်နဲ့ ၀န်းရံအားဖြည့်ပေးပြီးတော့ကာ မကြောက် တရားကိုကိုင်စွဲ တိုက်ပွဲဝင်ပေးဆပ်ရန် အဆင်သင့်ပြင်ထားကြဖို့သာရှိကြောင်း တိုက်တွန်းလှုံ့ဆော်လိုက်ရပါ တယ်။

မောင်ခင်အေးတင့် (မဒေါက်)
၂၀၁၀ခုနှစ် ဇန်န၀ါရီလ (၂၆)ရက်။

Read More...

နေ့စဉ်သတင်းများ ( ၂၅ - ၁ - ၁၀)

ဒေါ်အောင်ဆန်းစုကြည်အား နိုဝင်ဘာလတွင် လွှတ်ပေးမည်ဟု နအဖပြည်ထဲရေးဝန်ကြီး ပြောကြား သတင်း
ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံကို သုံးခွင့်မပေးတော့ သတင်း
ရှေ့တန်းစခန်းမှ ထွက်ပြေးသူ တပ်ပြေးများအား ပစ်သတ်မှုရှိ သတင်း
တပ်တွင်း ပြောင်းလဲလာတော့မည်ဟု ပြော သတင်း
နာရေးအသင်းက နိဗ္ဗာန်ယာဉ်ထိန်းသိမ်းရေးဌာန တည်ဆောက်မည်ဟု သိရသည် သတင်း
ကရင်တိုင်းရင်းသား (၁၀၀၀) ကျော် တောတောင်ထဲတွင် ပုန်းအောင်းနေရ သတင်း
ကရင်ဒုက္ခသည်များ အဓမ္မပြန်ပို့မည့်အရေး စိုးရိမ်နေကြ သတင်း
တစညပါတီ အနိုင်မရလျှင် လူထုများ ဒုက္ခရောက်နိုင်ကြောင်း မဲဆွယ်စည်းရုံးသူက ပြော သတင်း
နအဖ စစ်အာဏာပိုင်များမှ ရခိုင်စီးပွားရေးသမားများအပေါ် အနိုင်ကျင့် စော်ကားမှုနှင့် ပတ်သက်ပြီး စီးပွားရေး လုပ်ငန်းရှင် တဦး၏ ဖွင့်ဟပြောကြားချက် သတင်း
မြန်မာဘိန်းဖြူနှင့် အရက် ဘင်္ဂလားတွင် ဖမ်းဆီး သတင်း
ဧရာဝတီမြစ်ကူးတံတားကြီး (၄) စင်း ဆောက်လုပ်ရေး နအဖနှင့် တရုတ်ကုမ္ပဏီ ညှိနှိုင်း သတင်း
ဂယာဘုရားဖူးကား တိမ်းမှောက်၊ တဦး သေဆုံး သတင်း
အကြွေအစားသုံး တိုကင် ကျပ် (၁၀) သိန်းနီးပါး ရခိုင်တွင် ဖမ်းမိ သတင်း
စက်မှုလုပ်ငန်းရှင်များ နေရာသစ်သို့ မပြောင်းပါက စည်ပင်ဥပဒေအရ တရားစွဲခံရမည် သတင်း
တရားမ၀င် နယ်စပ်ကုန်သွယ်ရေး ရပ်တန့်နေသဖြင့် သင်္ဘောများ ကုန်စည်မရှိ သတင်း
စက်သုံးဆီလုပ်ငန်း ပုဂ္ဂလိကလက်ထဲ လွှဲပေးမည် သတင်း
မဲဆောက် ဟန်ထိုင်းအထည်ချုပ်စက်ရုံ (၃) လပိတ်မှု အလုပ်သမားများ စုံစမ်း သတင်း
မယ်ဆိုင်မှ မြန်မာအလုပ်သမားများ တန်းတူအခွင့်အရေး တောင်းဆို သတင်း
ကဗျာဆရာ တင်မိုး ကွယ်လွန်ခြင်း (၃) နှစ်ပြည့် လှုပ်ရှားမှုများ သတင်း
R ဇာနည်နှင့် တခြားအဆိုတော်များ ဘန်ကောက်တွင် စင်တင်ပွဲ ကျင်းပ သတင်း
တာ့ခ်မှာရှိတဲ့ ဒုက္ခသည် (၃,၀၀၀) ရဲ့ ကံကြမ္မာနဲ့ပတ်သက်တဲ့ အစည်းအဝေး ကျင်းပ သတင်း
အခြေခံဥပဒေ ပြင်တာထက်စာရင် လူနည်းစုအစိုးရဖွဲ့ဖို့ PAD က ဒီမိုကရက်ကို တောင်းဆို သတင်း
နိုင်ငံတော်က ဦးဆောင်သော ဈေးကွက်စီးပွားရေး (ဆောင်းပါး)
အရက်လုံခြုံရေးနဲ့ မြန်မာပြည် (ဆောင်းပါး)

Read More...

Monday, January 25, 2010

အမျိုးသမီးနှင့်ဂျင်ဒါ

ဂျူး
January 25, 2010


စာရေးဆရာမ ဂျူး

အမျိုးသမီးနှင့်မီဒီယာဟူသော စကားလုံးတွဲကို စဉ်းစားတိုင်း ကျွန်မအာရုံတွင် ပေါ်လာသော ကြော်ငြာလေးတခု ရှိသည်။ အဲဒါက နှစ်အနည်းငယ် ကြာမြင့်ခဲ့ပြီဖြစ်သော မြန်မာ့ရုပ်မြင်သံကြား ကြော်ငြာတခု ဖြစ်သည်။ ပန်းကန်အိုးခွက်ဆေးသည့် ဆပ်ပြာရည်တခုကို ကြော်ငြာခြင်းဖြစ်သည်။ ခိုင်သင်းကြည်က ပန်းကန်ဆေးပြသည်။ ခိုင်သင်းကြည် လှပါသည်။ ချစ်စရာ လည်းကောင်းပါသည်။ ပန်းကန်ကို ထိုဆပ်ပြာရည်ဖြင့် ဆေးပြသည့်အခါ တောက်ပပြောင်လက်သွားသည်ကို ပြသည်။ ဘယ်လောက်တောင် စင်ကြယ်သွားသလဲ ဆိုလျှင် ပန်းကန်ကို မင်းသမီးက လက်ညှိုးလေးဖြင့် ထောက်ခြစ် ကြည့်သည့်အခါ ဂျရစ် ဂျရစ်ဟု မြည်သွားသည့် ခံစားချက်ကို ကြည့်သူတွေထံမှာ ရလိုက်သည်။ အားလုံးပဲ တောက်ပြောင် သွားတာပဲတဲ့။ ကြော်ငြာက ပြောစရာ မရှိ၊ အပိုအလို မရှိပါ။ ဂီတနှင့် ပုံရိပ်တွေက အဆင်ပြေချောမွေ့ပါသည်။ သို့သော် ကျွန်မက အဲဒီကြော်ငြာကို ကြည့်မိတိုင်း ဂျင်ဒါ (Gender) ခွဲခြားမှုကြောင့် အလေ့အထ ထုံးစံဖြစ်နေရသည့် ကျွန်မတို့နိုင်ငံ၏ ခံယူချက်ကို သတိထားမိသည်။

ခိုင်သင်းကြည်က ဘာဖြစ်လို့ ကြော်ငြာရတာလဲ။ လွင်မိုး သို့မဟုတ် ခန့်စည်သူ သို့မဟုတ် ကျော်ရဲအောင် မင်းသား တယောက်ယောက်ကို မသုံးဘဲ ဘာဖြစ်လို့ မင်းသမီးလေးကို ပန်းကန်ဆေးခိုင်းတာလဲ။ ဘာကြောင့်လဲ ဆိုတော့ မီးဖို ချောင်ကိစ္စက မိန်းမတွေ၏ ကိစ္စအဖြစ် အားလုံးက မေးခွန်းမရှိ၊ သံသယမရှိ လက်ခံ ထားကြလို့ပဲပေါ့။ ခိုင်သင်းကြည် နေရာတွင် ကျော်ရဲအောင်ကို ပန်းကန်ဆေးခိုင်း ကြည့်ပါလား။ ပရိသတ်၏ အမြင်ကိုက ရယ်စရာကြီး ဖြစ်သွားမှာပေါ့။ ယောက်ျားတယောက် ပန်းကန်ဆေးတာ ဟင်းချက်တာဟာ ရယ်စရာဟု အမျိုးသမီး ပရိသတ်တွေ ကိုယ်တိုင် ခံယူထားမှာ သေချာပါသည်။ ဒါက ဂျင်ဒါ (Gender) အရ အလုပ်အကိုင်နှင့် အနေအထားကို ခွဲခြား ပစ်မိလိုက်ကြခြင်း ဖြစ်သည်။

ကျွန်မတို့ မြန်မာအမျိုးသမီးတွေကို မီဒီယာမှာ အထူးသဖြင့် အစုအဝေး မီဒီယာ (Mass media) မှာ ဘယ်လို အသုံး ပြုနေသလဲ။ ဘယ်လို သဘောထား အမြင်တွေဖြင့် ဖော်ပြ ခံရနေသလဲ။ အရင် ကျွန်မ အမြဲ သတိထား လေ့လာမိတတ်၏။ ယခုတော့ ကျွန်မ မြန်မာ့ ရုပ်မြင်သံကြားကို သိပ်မကြည့်ဖြစ်တော့ပါ။ သိပ်မကြည့်ဆို လုံးဝ မကြည့်ဖြစ်သလောက် ရှိတာ နှစ် နှစ်လောက် ရှိပြီ။ ပျက်အစဉ် ပြင်ခဏ ဆိုသော မြန်မာစကားပုံ တခုကို မလိုက်နာမိလို့ ဖြစ်သည်။ ပစ္စည်းတခု ပျက်နေ တာကို ဒီအတိုင်းပဲ ကြည့်နေလျှင် အစဉ်အမြဲ ပျက်နေမည်။ ပြင်လိုက်လျှင် ခဏကလေးတဲ့။ မေမေ ခဏခဏ ရေရွတ်သော စကားပုံမို့ ကျွန်မနှင့် ရင်းနှီးနေခဲ့တာ ငယ်ငယ်တုန်း ကတည်းကပါပဲ။ သို့သော် ကျွန်မ၏ ရုပ်မြင်သံကြား စက်ကို ယုန်နားရွက် အင်တင်နာ လေးဖြင့် လိုင်းဖမ်း မမိတာကိုတော့ အခုထိ ဘာမှ ထပ်မလှုပ်ရှားဘဲ ပျက်အစဉ် နေ နေခဲ့တာ နှစ် နှစ်လောက် ရှိပြီ ထင်သည်။ ထို့ကြောင့် ကျွန်မ ရုပ်မြင်သံကြား အစီအစဉ်တွေကိုလည်း မသိတော့ပါ။ အခုအခါ ကျွန်မ၏ စက်သည် ရုပ်ရှင်ကြည့်ပိတ်ကား မှန်သားပြင် တခုထက် မပိုတော့တာ ကြာပါပြီ။

တလောတုန်းက ပြည်တွင်း အန်ဂျီအို(N.G.O) အဖွဲ့အစည်း တခုက ကျွန်မကို မီဒီယာနှင့် ဂျင်ဒါ (Media and Gender) အကြောင်း ပြောပြပေးပါဟု တောင်းဆိုလာသဖြင့် ကျွန်မလည်း ဂျင်ဒါကို အမြဲ သတိထားလှုပ်ရှား ဆောင်ရွက်တတ် သူဖြစ်လို့ လက်ခံလိုက်ပါသည်။ မီဒီယာတွင် ကျွန်မ သတိထားမိခဲ့သော အမျိုးသမီး အမျိုးသား မတူညီသည့် ခံယူချက်၊ မတူညီသည့် ဝေစု မတူညီသည့် ဆက်ဆံခံရမှု ဒါတွေကို ကျွန်မထည့်ပြော ရှင်းပြခဲ့ရတာ ဖြစ်သည်။ ကျွန်၏ ရုပ်မြင် သံကြားဗဟုသုတသည် နှစ်နှစ်လောက် ဒိတ်အောက်နေပြီ ဆိုပါစို့။ ခေတ်နှင့် မလျော်ညီဘူး ဖြစ်နိုင်သည်။ နှစ်နှစ်ဆိုသော ကာလသည် မြန်မာ Mass media အတွင်း အပြောင်းအလဲတွေ ဖြစ်ဖို့ လုံလောက်သော ကြာမြင့်မှုကာလ ဖြစ်နေခဲ့ လျှင်ပေါ့။ သို့မဟုတ် နှစ်နှစ်ကာလသည် မြန်မာမီဒီယာကို ကြီးမားသည့် အပြောင်းအလဲ ဖြစ်စေအောင် သက်ရောက်မှု မပေးနိုင်သေးဘူး ဆိုရလျှင် ပြောသူနှင့် နားထောင်သူ ဟန်ချက်ညီမှာပေါ့။ ယခုအခါ ထိုပြောပွဲမှ အကြောင်းအရာများ ကိုပင် ဆောင်းပါးအဖြစ် ဖော်ပြ လိုက်ခြင်း ဖြစ်ပါသည်။ ခေတ်မီသော မီဒီယာသုံးစွဲသူတို့ အနေဖြင့်တော့ အချိန်ကာလကို နှစ်နှစ်လောက် နောက်ပြန်ဆုတ်ပြီး ဖတ်ရှုမှ အဆင်ပြေမည် ထင်ပါသည်။

ဂျင်ဒါနှင့် မီဒီယာအကြောင်း မပြောခင် ဂျင်ဒါ (Gender) ဆိုသော စကားလုံးကို အရင် ရှင်းပြဖို့ လိုပါလိမ့်မည်။

ဂျင်ဒါဆိုတာ ဘာလဲ။

မိန်းမ ယောက်ျား အမျိုးအစားခွဲခြားဖို့ လိင် (sex) ဆိုသော စကားလုံးကို သတ်မှတ်ထားသည်။ တနည်းအားဖြင့်တော့ ဂျင်ဒါ ဆိုသည်မှာလည်း လိင် ဆိုသည့် စကားလုံးနှင့် ဆင်တူပါပဲ။ သို့သော် အဓိပ္ပါယ် သက်ရောက်မှု နည်းနည်းကွဲသည်။ sex ဆိုသည့် လိင်တွင် မိန်းမ ယောက်ျားကို ဇီဝဗေဒနည်းဖြင့် ခွဲခြား သတ်မှတ်သည်။ သဘာဝအတိုင်း လိင်ကွဲပြားမှု ဖြစ်သည်။ အမျိုးသမီးမှာ ပါသည့် လိင်အင်္ဂါနှင့် အမျိုးသားမှာပါသည့် လိင်အင်္ဂါမတူ။ ထို့ကြောင့် ဆောင်ရွက်မှုတွေကလည်း မတူ။ အမျိုးသမီးက ကိုယ်ဝန်ဆောင်မည်။ ကလေးမွေးမည်။ နို့တိုက်မည်။ အမျိုးသားက ကိုယ်ဝန်မဆောင်နိုင်။ ကလေး မမွေးနိုင်။ နို့မတိုက်နိုင်။ ဒါက သဘာဝ မွေးကတည်းက ခွဲခြားပေးလိုက်သည့် လိင်ကွဲပြားမှု။

ဂျင်ဒါကျတော့ အဲသည်လိုမဟုတ်။ အနေအထိုင်၊ အမူအကျင့်၊ ယုံကြည်မှု၊ တာဝန်ခွဲဝေမှု၊ လူမှုဝန်းကျင်၏ အခန်းကဏ္ဍ စသည် စသည်ဖြင့် တဖြည်းဖြည်း သတ်မှတ် ခွဲခြားခံရသော ကွဲပြားမှုကို ဂျင်ဒါဟု ခေါ်ခြင်းဖြစ်သည်။ ယဉ်ကျေးမှု၊ ဘာသာ ရေး၊ လူမှုရေးတို့နှင့် ဆက်နွှယ် တွန်းအားပေး ခံရခြင်းကြောင့် ကွဲပြားသွားသော သတ်မှတ်မှုများ ဖြစ်သည်။

မိန်းမက ကိုယ်ဝန်ဆောင်ပြီး ကလေးမွေးသည်။ ယောက်ျားက ကိုယ်ဝန်မဆောင်၊ ကလေးမမွေး။ ဒါက လိင် (Sex) ဖြစ် သည်။ မိန်းမက မီးဖိုချောင်ထဲတွင် ချက်ပြုတ်သည်။ ယောက်ျားက အပြင်ထွက် စီးပွါးရှာသည်။ ဒါကျတော့ လိင်မဟုတ် တော့ဘဲ ဂျင်ဒါကြောင့် ကွဲပြားမှု ဖြစ်သွားသည်။ မိန်းကလေးတွေ သေစာ ရှင်စာ တတ်လျှင်တော်ပြီ။ ယောက်ျားလေး ကတော့ ပညာတတ်မှ ဖြစ်မည်။ ဒါက လိင်ကွဲပြားမှု မဟုတ်တော့၊ ဂျင်ဒါ (Gender) ကွဲပြားမှု ဖြစ်သွားပြီ။ သဘာဝက ခွဲ ခြားပေးတာ မဟုတ်ဘဲ လူမှုရေးနယ်ပယ်၊ ဘာသာရေး နယ်ပယ်၊ ယဉ်ကျေးမှု နယ်ပယ်တို့က ခွဲခြားပေးမှုကြောင့် အခန်း ကဏ္ဍတွေ တာဝန်ယူမှုတွေ ကွဲပြား သွားရတာကို ဂျင်ဒါကြောင့် ခွဲခြား ဆက်ဆံ ခံရခြင်းဟု သတ်မှတ်ပါသည်။

ကျွန်မတို့ မြန်မာနိုင်ငံတွင် ဂျင်ဒါခွဲခြားခြင်းကြောင့် အမျိုးသမီးတွေ နစ်နာတာက အနည်း အကျဉ်းသာ ဖြစ်သည်ဟု ဆိုနိုင် သည်။ တချို့ နိုင်ငံတွေမှာတော့ ဂျင်ဒါ ခွဲခြားခံရမှုကြောင့် အသက် ဆုံးရှုံးသည်အထိ နစ်နာရတာတွေ ရှိပါသည်။ ဥပမာ တရုတ်နိုင်ငံတွင် ဟိုအရင်ကတည်းက မိန်းကလေးကို နှိမ်ချပြီး ယောက်ျားလေးကို မြှောက်စားသဖြင့် မိန်းကလေးမွေးသည့် မိဘတွေ မျက်နှာငယ်ရတာ မိန်းကလေးတွေ မျက်နှာ ငယ်ရတာ။ ခြေထောက်ကို သေးကွေးပြီး လမ်းလျှောက်ဖို့ မဖြစ်နိုင် လောက်အောင် ချိုးဖဲ့စည်းနှောင် ထားတာတွေ ရှိခဲ့သည်။ ထို့ကြောင့် ထိုခေတ်ကတည်းက မိန်းကလေးမွေးလျှင် မလို ချင်သဖြင့် ကလေးတွေကို သတ်ပစ် ခဲ့ကြသည်။ အခုခေတ်လို မိသားစုတခုတွင် ကလေးတယောက်သာ ယူရမည်ဟူသည့် စည်းမျဉ်းဥပဒေ ထုတ်လိုက်သည့် အခါ တယောက်တည်းသော ကလေးကို ယောက်ျားလေးသာ ဖြစ်ချင်ကြသည်က တကြောင်း၊ နည်းပညာ တိုးတက်လာသဖြင့် ကိုယ်ဝန်ကို အာလ်ထရာဆောင်း ခေါ် တီဗွီဓာတ်မှန် ရိုက်ကြည့်လို့ ရသည်မို့ တကြောင်း၊ သန္ဓေသားက မိန်းကလေးမှန်းသိလျှင် ကိုယ်ဝန်ကို ဖျက်ချ ပစ်ကြသည်။

အိန္ဒိယနိုင်ငံတွင်လည်း မိန်းကလေး ရှင်တွေက ယောက်ျားလေးကို တင်တောင်းရသည့် ဒိုဝီ ထုံးစံ ရှိသည်မို့ မိန်းကလေးတွေ မျက်နှာငယ်ရသည်။ ကျွန်မသာ ဆိုလျှင် ပိုက်ဆံ မရှိလို့တကြောင်း ထိုအစဉ်အလာကို ချိုးဖောက်လို၍ တကြောင်း တင်မတောင်း အိမ်ထောင်မပြုဘဲ နေပစ် လိုက်မှာပေါ့ဟု ပေါ့ပေါ့တွေးလို့ မရနိုင်ပါ။ အိမ်ထောင်မကျဘဲ နေသည့် မိန်းကလေးတွေကို တခုခု ချို့ယွင်းနေသည့် အမျိုးအစားအဖြစ် မတူမတန် ခွဲခြား ဆက်ဆံခံရသည့် အခါ မိသားစုလည်း မျက်နှာ ငယ်ရမည်။ မိန်းကလေးလည်း မျက်နှာ ငယ်ရမည်။ တော်တော် အနေရ ကြပ်သော အခြေအနေ ဖြစ်ပါလိမ့်မည်။

မြန်မာနိုင်ငံမှာတော့ အဲသည်လောက် သိသာထင်ရှားသော ချိုးနှိမ်မှုတွေ မရှိပါ။ မီဒီယာ အကြောင်း အနည်းငယ် လေ့လာ ကြည့်ကြပါမည်။

မီဒီယာ
မီဒီယာတွင် ပုံနှိပ်မီဒီယာ၊ လေလှိုင်းမီဒီယာ၊ အီလက်ထရွန်းနစ် မီဒီယာဟု အကြမ်းဖျဉ်း ခွဲခြား သတ်မှတ် နိုင်သည်။ ပုံနှိပ်မီဒီယာတွင် ရှေးခေတ် ကျောက်ကိုထွင်းသော ကျောက်စာများမှ ပေရွက်ပေါ်မှာ စာတင်သော ပေစာခေတ် တို့ကိုပါ ထည့်သွင်းမည် ဆိုပါက လေ့လာရတာ ပိုပြီး ကျယ်ပြန့် လာနိုင်ပါသည်။ လေလှိုင်းမီဒီယာတွင် ရေဒီယိုဖြင့် အသံလွှင့်သော သတင်းများ၊ သုတ ရသ အကြောင်းအရာများ ပါဝင်ပါသည်။ အီလက်ထရောနစ် မီဒီယာတွင် မတ်စ် မီဒီယာခေါ်သော တီဗွီ ရုပ်မြင်သံကြားမှ အစပြုပြီး ဗွီဒီယို၊ ဖလင်၊ ဒီဗွီဒီပြသမှု အားလုံး ပါဝင်ပါသည်။ ယနေ့ခေတ်တွင် မြန်မာနိုင်ငံတွင် လေလှိုင်းမီဒီယာ ဖွံ့ဖြိုးတိုးတက်နေပြီဟု ခေါ်နိုင်ပါသည်။ ရုပ်မြင် သံကြား ပေါ်ခါစက ရေဒီယိုလေလှိုင်းကို စွန့်ပယ်ကာ အသံ ပါမက ရုပ်ကိုပါ ရောင်စုံဖြင့် မြင်ရသော ရုပ်မြင်သံကြားကို ဖက်တွယ်ကြသည်။ ယခုအခါတွင်တော့ မြန်မာ့ အသံဟုခေါ်သော အေအမ်လိုင်းပါ မက ရန်ကုန် အက်ဖ်အမ်၊ မန္တလေးအက်ဖ်အမ် လိုင်းတို့ဖြင့်ပါ ပြည်သူလူထုကို ဆွဲဆောင်နိုင်နေပြီ။ လှိုင်းလတ် medium wave သာမက လှိုင်းတို short wave ဖြင့် တခြားနိုင်ငံက အသံလွှင့် ဌာနတို့ကို နားထောင်နိုင်သည်။ ထို့ကြောင့် လေလှိုင်း မီဒီယာသည်လည်း အရှိန်အဟုန်ဖြင့် ထိုးဖောက်လာနေပြီဟု ဆိုနိုင်ပါသည်။ ထိုအခါ ထိုမီဒီယာ၏ ကောင်းကျိုး ဆိုးကျိုးကို အလျင်အမြန် လက်ခံရသည်။ နိုင်ငံ ဖွံ့ဖြိုး တိုးတက်မှုအတွက် ဆောင်ရွက်လျှင်လည်း ပြည်သူ အတွင်း ပျံ့နှံ့အောင် ထိထိရောက်ရောက် တွန်းအားပေးနိုင်မည်။ ထို့ပြင် လေလှိုင်းမီဒီယာ ရေဒီယို ထုတ်လွှင့်မှုသည် တခြား မီဒီယာနှင့်စာလျှင် ကုန်ကျစရိတ် သက်သာသည်။ ထိရောက်သည်။

ကောင်းပါပြီ။ ကျွန်မတို့ မီဒီယာမှ ဘာတွေကို ရရှိနေပါသလဲ။ သတင်း အချက်အလက်များ(information) ကို ရသည်။ တဦးနှင့်တဦး ဆက်သွယ်မှု (communication) ကို ရသည်။ ဖြေဖျော်မှု (entertainment) ကို ရသည်။ ကြော်ငြာ (advertisement) စိတ်ကူးစိတ်သန်း (idea) တွေ ရသည်။ ယဉ်ကျေးမှု (culture) ကို ရသည်။ ထို့အပြင် ကျွန်မတို့ မိရိုး ဖလာ လက်ခံမှုတွေမှ အပ ဖြစ်သော တခြားတန်ဖိုးများ (value) ကို ရသည်။ ရတာတွေကတော့ အများကြီးပါပဲ။ လိုချင် သည် ဖြစ်စေ မလိုချင်သည် ဖြစ်စေ မီဒီယာက ကျွန်မတို့ကို နေ့စဉ်နှင့်အမျှ ထိုအရာတွေကို ပေးဝေနေခဲ့သည်။

မီဒီယာက ကျွန်မတို့ကို ဘယ်လို အကျိုးဆောင်ပေးပါသလဲ။

Diversion မူလပင်ကိုယ်အနေအထားမှ ခွဲထွက်မှုကို ပေးသည်။ အလုပ်ကြောင့် စိတ်ညစ်ရတာတွေ မိမိ ရင်ဆိုင်နေရသော ပြဿနာတွေမှ ရှောင်ဖယ်ဖို့ မီဒီယာက ကျွန်မတို့ကို အသာလေး ဆွဲဆောင်သွားသည်။ စိတ်ထွက်ပေါက် ရသွားသည်။

Personal relationship ပုဂ္ဂိုလ်ရေး ဆက်နွှယ်မှုကို ပေးသည်။ တဦးတည်း မဟုတ်သော အဖော်ပြု ပေးမှုကို ရသည်။ သီချင်းတပုဒ်ကို နားထောင်လျှင် ရုပ်မြင်သံကြားမှ တခုခုကို မြင်တွေ့ရလျှင် သတင်းတပုဒ်ကို မြင်တွေ့ နားထောင်ရလျှင် မိမိတဦးတည်း မဟုတ်ဘဲ ဘေးမှာ အဖော်တယောက် ရှိနေသလို ပြည့်စုံစေသည်။ ထို့အပြင် မီဒီယာမှ ရရှိသော ရသ သုတ သတင်းအချက်အလက် တခုခုကို ကိုယ်တဦးတည်း ခံယူသည် မဟုတ်ဘဲ ကိုယ့်အပေါင်း အဖော်များအတွင်း ချပြ ဆွေးနွေးကြခြင်းဖြင့် မိမိ၏ ပေါင်းသင်းဆက်ဆံရေးကိုပါ တိုးပွါး စေသည်။

Personal identity ပုဂ္ဂိုလ်ရေး တည်ရှိမှုကို ပေးသည်။ မိမိဘေးက လူမှုရေးကမ္ဘာမှ ခွဲထွက်ပြီး မိမိကိုယ်တိုင်၏ တည်ရှိမှုကို သတိရစေသည်။ ဆင်ခြင်သုံးသပ်စေသည်။ Surveillence မျက်ခြေမပြတ် ခေတ်မီသည်ဟူသော ကိုယ့်ကိုယ်ကို ကျေနပ် စိတ်ကို ရသည်။ သတင်းများကို စောင့်ကြည့်ခြင်း၊ နားထောင်ခြင်း၊ နိုင်ငံနှင့် ကမ္ဘာ၏ အဖြစ်အပျက်များကို ကိုယ်တိုင်မြင် တွေ့ သိရှိနေသလို ခံစားရခြင်း စသည့် စိတ်ခံစားချက်များကို ပေးသည်။

ဒါဖြင့် အမျိုးသမီးနှင့် မီဒီယာ ဘယ်လိုဆက်နွှယ်ပါသလဲ။ ဂျင်ဒါနှင့်မီဒီယာ၏ ဆက်စပ်မှု အကျိုးဆက်ကို သိလိုလျှင် အမျိုးသမီးနှင့်မီဒီယာကို အရင်လေ့လာကြည့် ရမည် ဖြစ်ပါသည်။

၁။ မီဒီယာဖန်တီးသူ သို့မဟုတ် မီဒီယာဖြင့် အသက်မွေးသူ အမျိုးသမီးများ (media person women)
၂။ မီဒီယာ၏ ပရိသတ်အမျိုးသမီးများ (audience women)
၃။ မီဒီယာထဲတွင် အသုံးချခံရသော အမျိုးသမီးများ (women in media) ဟူ၍ သုံးပိုင်း ခွဲခြားကြည့် ပါမည်။

၁။ မီဒီယာဖန်တီးသူ

မီဒီယာဖန်တီးသူ မီဒီယာဖြင့် အသက်မွေးသူ အမျိုးသမီးများမှာ ကျောက်စာရေးထွင်းသည့် ပုဂံခေတ် ကတည်းက အထင်အရှား ရှိခဲ့သည်။ ပုဂံခေတ်တွင် အမျိုးသမီးများ ဘုရားတည်ခြင်း၊ ကျောင်းဆောက်လှူဒါန်း ခြင်း၊ ကျောက်စာရေးထိုး ခြင်း တို့ကို ပြုလုပ်ခဲ့ကြသည်။ မိန်းမသူကြီးများ၊ မိန်းမသူကြွယ်များအနက် နာမည်ကျော် သော ကျောက်စာ နှစ်မျိုးရှိခဲ့ပါ သည်။ သိင်္ဃသူ့ သမီးကျောက်စာနှင့် ဖွားစောကျောက်စာ ဖြစ်သည်။ သိင်္ဃသူ့သမီး ကျောက်စာက ငြိမ်းချမ်းသည်။ အလိုရမက်ကင်းသည်။ တရားရှိသည်။ နှလုံးသိမ်မွေ့သည်။ ဖတ်ရသူကို ကြည်လင် အေးချမ်းစေသည်။ အချင်းချင်း အညှိုး အတေး အမျက်မရှိ ချစ်ခြင်းမျက်စိဖြင့်သာ ကြည့်သောသူများ ဖြစ်ကြပါ စေတဲ့။ ဖွားစော ကျောက်စာကျတော့ အတ္တတွေ ပြည့်နေသည်။ မာန်မာနတွေ ပြည့်နေသည်။ ဘာပဲဖြစ်ဖြစ် ထိုကျောက်စာရေးထိုးသူ မီဒီယာအမျိုးသမီးနှစ်ဦးသည် မတူညီသော ဦးတည်ချက်တွေဖြင့် မီဒီယာကို ဖန်တီးခဲ့ကြသည်။ ကျွန်မတို့ နောင်လာ နောက်သားတွေ လေ့လာစရာ ဖြစ်သည်။

ပေစာခေတ်တွင် အနောက်နန်မးတော် မမြလေးနှင့် သူ့သမီး လှိုင်ထိပ်ခေါင်တင် တို့သည် ထင်ရှားသော မီဒီယာ အမျိုး သမီးများ ဖြစ်ခဲ့ကြသည်။ မိဖုယားနှင့် အိမ်ရှေ့စံ မိဖုယားတို့ ဖြစ်စေကာမူ ကဗျာလင်္ကာ ပြဇာတ်ရေးဖွဲ့ဖို့ ဆန္ဒပြင်းပြသဖြင့် ရေးဖွဲ့ခဲ့ကြသည်။ ယနေ့ခေတ်အထိ ကျွန်မတို့ ထိုစာတွေကို လေ့လာဖတ်ရှု ခံစားနေဆဲ ဖြစ်သည်။ မြန်မာ အမျိုးသမီး တွေကို စာရေးသူအဖြစ် ပုဂံခေတ်ကတည်းက လက်ခံခဲ့ကြတာမို့ အင်းဝခေတ်၊ ကုန်းဘောင်ခေတ်မှာ လှိုင်ထိပ်ခေါင် တင်တို့ သားအမိကို မီဒီယာပါဆင် media person တွေအဖြစ် လက်ခံကြတာပေါ့။ မြန်မာနိုင်ငံတွင် အမျိုးသမီးအပေါ် ချိုးနှိမ်ခြင်း၊ တဆင့်နှိမ့်ထားခြင်း နည်းပါးသည့် ပြယုဂ်တခုပင် ဖြစ်သည်။

ထို့အတူ ကိုလိုနိခေတ်နှောင်းပိုင်းနှင့် ယနေ့ခေတ်တိုင်အောင် လူထုသတင်းစာမှ လူထု ဒေါ်အမာသည် မြန်မာနိုင်ငံတွင် လေးစားထိုက်ဖွယ် ထင်ရှားသော အမျိုးသမီး မီဒီယာ ပြယုဂ်ဖြစ်သည်။ ကမ္ဘာက အသိအမှတ် ပြုရလောက်အောင် မီဒီယာ ဖြင့် နိုင်ငံကို ပုံသွင်းသည့် နေရာတွင် ရှေ့ဆုံးက ပါဝင်ခဲ့သည်ဟု ဆိုရပါမည်။ ထို့နောက် အမျိုးသမီး စာရေးဆရာမ သုံးဦး ဖြစ်သည့် ခင်ဆွေဦး၊ ကလျာ(၀ိဇ္ဇာ-သိပ္ပံ)၊ မလေးလုံ တို့ တည်ထောင်သော စပယ်ဖြူမဂ္ဂဇင်း၊ ကလျာ မဂ္ဂဇင်းနှင့် လုံမလေး မဂ္ဂဇင်းများ ပေါ်ပေါက်လာသည်။ အမျိုးသမီး မဂ္ဂဇင်း ဆိုသော်လည်း ထိုသုံးမျိုးက ထူးခြားသည်။ ဖက်ရှင်အလှအပ၊ ချက် နည်းပြုတ်နည်း၊ ဇာထိုးပန်းထိုးတို့ကို ဦးစားပေးသည် မဟုတ်ဘဲ အတွေးအမြင်၊ နိုင်ငံတကာစာပေ အနုပညာနှင့် သုတ ရသတို့ကို ထည့်သွင်း ဖော်ပြခြင်း ဖြစ်သည်။ ထိုမဂ္ဂဇင်းတို့သည် အမျိုးသမီး ပရိသတ်အတွက်ချည်း မဟုတ် ဂျင်ဒါ တိမ်းညွတ်မှု မရှိသော လွတ်လပ်သည့် စာပေအနုပညာကို ထည့်သွင်း ထုတ်ဝေခြင်း ဖြစ်ပါသည်။ ယနေ့မှာတော့ ခေတ်ပေါ် ဂျာနယ်၊ မဂ္ဂဇင်းတို့တွင် မီဒီယာ အမျိုးသမီးများစွာ ပေါ်ထွက်လာနေသည်။ လေလှိုင်း မီဒီယာဖြစ်သော အက်ဖ်အမ် အစီအစဉ်တွေ များစွာ ပေါ်ပေါက်လာသည်။ ရန်ကုန်စီးတီး အက်ဖ်အမ်၊ မန္တလေးစီးတီး အက်ဖ်အမ်၊ တောင်ကြီး ချယ်ရီ အက်ဖ်အမ် စသည် စသည်....။ သည်တော့ အမျိုးသမီးတွေ အပေါ်ထားသည့် သဘောထားကို လေ့လာစရာ နေရာတွေ ပိုများလာပါသည်။

ကျွန်မ တူတွေ တူမတွေ ငှားပြီးကြည့်နေသည့် မြန်မာကားတွေကို တခါတခါ အမှတ်မထင် ၀င်ကြည့်မိသည်။ ဒါရိုက်တာ ဘယ်သူမှန်း၊ ဇာတ်ညွှန်းဘယ်သူမှန်း မသိသော်လည်း ပြကွက်နှင့် အပြန်အလှန် စကား ပြောခန်းများကို တွေ့ရုံဖြင့် ဒါက အမျိုးသားရေးသည့် ၀တ္ထုလား၊ အမျိုးသား ဇာတ်ညွှန်းဆရာ ရေးသည့် ဇာတ်ညွှန်းလား ခန့်မှန်းကြည့်လို့ ရသည်။ တခါတခါ ကျွန်မက ကလေးတွေကို ၀င်ပြောမိသည်။ ကြည့်စမ်း။ ဒီလိုစကားမျိုး ဇာတ်ကောင်တွေကို ပြောခိုင်းတဲ့ ဇာတ်ညွှန်းဆရာဟာ ယောက်ျားပဲ ဖြစ်ရမယ်။ ဇာတ်ညွှန်း ဘယ်သူ တဲ့လဲဟု မေးမိသည်။ တကယ်လည်း အဲဒါက မိန်းမရေးတာ မဟုတ် မိန်းမ ရိုက်တာမဟုတ်။ ယောက်ျားတွေဟု တွေ့ရသည်။ တခါတလေ သူတို့ ဇာတ်ကားတွေထဲတွင် အမျိုးသမီးကို ပေးထားသည့် နေရာက အူကြောင်ကြောင် ပြောတိုင်းယုံသည့် ဦးဏှောက်ဥာဏ် သိပ်မထက်မြက်သည့် ရယ်စရာဖြစ်နေသည့် ဇာတ်ကောင် နေရာမျိုး ဖြစ်နေသည့်အခါ ကျွန်မ စိတ်အနှောင့် အယှက် ဖြစ်မိတတ်ပါသည်။

လွတ်လပ်သော မည်သည့်အနှောင်အဖွဲ့မှ ချည်နှောင်မထားသော အမျိုးသမီး မီဒီယာ ပါဆင်တွေကို စူးစမ်း လေ့လာကြည့် မည် ဆိုပါက မိန်းမစာရေးဆရာ၊ မိန်းမကဗျာဆရာ၊ မိန်းမဂျာနယ်လစ်၊ မိန်းမပြဇာတ်ရေး ဆရာ၊ မိန်းမရုပ်ရှင်ဒါရိုက်တာ၊ မိန်းမ အဆိုတော်နှင့် သီချင်းရေး ပညာရှင် စသည်ဖြင့် အမျိုးအစား များစွာတွေ့ ရသည်။ သူတို့ဖန်တီးသော ရသ သုတ တို့သည် အမျိုးသား ဖန်တီးသည့် ရသ သုတ တို့နှင့် အနည်းငယ်တော့ ကွာခြားမည်။ သို့သော် ခွဲထွက်သော၊ အမျိုးစုံသော ဆောင်ရွက်မှုတို့ကို တွေ့ရသည်။ ဥပမာ ကဗျာဆရာမ မအိ၏ အသံအက်သွားသော ခေါင်းလောင်းလေး ကဗျာသည် မူလတန်းပြဆရာမတယောက်၏ ရင်မှ ဖြစ်ပေါ်သော ခံစားချက်ကို ရေးဖွဲ့ခြင်း ဖြစ်သည်။

ထိုနေရာတွင် ကျောင်းဆရာတယောက်ဆိုလျှင်ရော သည်ခံစားချက်အတိုင်း ထပ်တူထပ်မျှ ထွက်လာ မလား။ သံစူးပြီး မေးခိုင်ရောဂါပိုးဖြင့် သေဆုံးသွားသော ကျောင်းသားကလေး၏ ဆရာသည် အသံ အက်သွားသော ခေါင်းလောင်းကလေး ကဗျာကို ဖန်တီးဖို့ စိတ်ကူး မိပါမလား။ ၀တ္ထုတပုဒ် ဖြစ်ချင်ဖြစ်သွားမည်။ စကားဝိုင်းမှာ ကြိတ်မနိုင်ခဲမရ ညည်းညူရေရွတ် မိကောင်း ရေရွတ်မိမည်။ အမျိုးမျိုး ဖြစ်နိုင်ပါသည်။ မီဒီယာထဲသို့ အမျိုးသမီးများ ၀င်ရောက်လာသည့် အခါ အမျိုးသမီးတို့၏ မူလက တိတ်ဆိတ်နေသော အသံတို့ကို ကိုယ်စားပြု ဖော်ထုတ်ပေး နိုင်၏။ ထို့ကြောင့် အလွန် အရေးကြီးသော ပြောင်းလဲ မှုတို့ကို ဖြစ်ပေါ်စေပါသည်။

ရှေးခေတ်က ယေဘူယျ မိန်းမတို့သည် စာမတတ်တာများသဖြင့် လက်ရေးကလည်း မလှဘူးဟု အဆိုရှိသည်။ မေရှင်၏ ပျို့မှာတမ်း သီချင်းတွင် မိန်းကလေးလက်ရေးသီရင် ခွင့်လွှတ်စေချင်ဟု ဖော်ပြထားသဖြင့် ကျွန်မ ကရုဏာ သက်မိရသည်။ သို့သော် ထိုအချိန်မျိုးမှာပင် ရှေးခေတ်က အမျိုးသမီးကဗျာဆရာမတွေထဲမှာ အလွန်နာမည်ကျော်ကြားသူတွေ ရှိခဲ့သည်။ ကျွန်မ နှစ်သက်သဖြင့် ခဏခဏ ရွတ်မိသော ကဗျာတော်တော် များများသည် အမျိုးသမီးစာဆိုတော်တွေ၏ လက်ရာဖြစ် သည်။

တောင်ငူခေတ် စာပေအရေးအသား လက်ရာမဟုတ်သဖြင့် ဓါတုကလျာ ရေးတာမဟုတ်နိုင်ဘူးဟု စာပေပညာရှင်များ သံသယ ရှိကြရသော ကဗျာတပုဒ်ကို ကျွန်မ ယခုတိုင် ခဏခဏ ရွတ်ဆိုနေမိဆဲ ဖြစ်၏။ မဟာစေတီ အစချီသည့် ပိုဒ်စုံရတု ဖြစ်သည်။ ငယ်ငယ်ကတည်းက အလွမ်းကို နှစ်သက်သော ကျွန်မသည် ထိုကဗျာ၏ အချပိုဒ်ကို နှလုံးသားဖြင့် ခံစား နိုင်ခဲ့သည်။ ကလျာရွှေညီ၊ နန်းကေသီတို့၊ ဦးချီလက်စုံ၊ ရှိပဒုံဖြင့်၊ ခိုလှုံဖျဖျ၊ ခစားကြ၍၊ ဂီတသံအေး၊ ငြိမ့်လေးညင်းသွဲ့၊ နန်းဟန်ဖွဲ့လျက်၊ ကနွဲ့ကလျ၊ ဖြေဖျော်ကြလည်း၊ သောကကိန်းအောင်း၊ ပူလက်ဟောင်းကြောင့်၊ ပျော်ကြောင်းမမြင်၊ ပူကြွေးတင်လျက်၊ မရွှင်လျက်နှင့်၊ ရွှင်ယောင်ကျင့်သည်၊ ခုဖြင့်ဖြေခက်သည်တကား... တဲ့။ မိန်းမသား၏ အပူသောကကို ဖွင့်ထုတ်ဖော်ပြသည့် နေရာတွင် စကားလုံးတွေ ပြောင်မြောက်လှပါသည်။

နောက်ပြီး အိုင်ချင်းတွေကို ဆရာကြီး တက္ကသိုလ်ဘုန်းနိုင် စာအုပ်တွေ ကျေးဇူးဖြင့် မြည်းစမ်းခွင့် ရရာမှ နှစ်သက်စွဲလမ်းစွာ ရှာဖွေ ဖတ်ရှုမိသည်။ တောင်တွင်းရှင်ငြိမ်းမယ်၏ ရေလိုခန်းခြောက်ပါစေသား ဆိုသည့် စာသားပါဝင်သည့် အိုင်ချင်းကို ၀တ္ထုတွေထဲမှာ ကိုးကားကြတာကို ခဏခဏဖတ်ရပြီး ဖတ်ရသည့်တိုင်လည်း ရင်မှာ နင့်ရသည်။ နောက်ပြီး ဘယ်သူရေး သည်ဟု ကျွန်မမမှတ်မိတော့သော ဘီလူးမောင့်ကြောင့်စောင့် တော့တယ် အိုင်ချင်းတခု ရှိသေးသည်။ ထိုအိုင်ချင်း များသည် ထိုခေတ်က မိန်းကလေးတို့၏ လူမှုဘ၀အခြေအနေနှင့် စိတ်ခံစားမှုကို လေ့လာခွင့်ရသည်။ မီဒီယာ ဖန်တီးသူ အမျိုးသမီးများထဲတွင် ပြဇာတ်ရေးဆရာမတွေ၊ ဇာတ်ညွှန်းရေးဆရာမတွေ ရှိသော်လည်း အမျိုးသမီး မီဒီယာပညာရှင်တွေ နည်းပါးသည်။ ရှေးခေတ်က အီနောင်ဇာတ်တို့ ဒေ၀ကုမ္မာဇာတ်တို့ လိုမျိုး နာမည်ကျော်ကြားသော အမျိုးသမီးပြဇာတ်တွေ ယခုခေတ်မှာ ရှားပါးသည်။ ဇာတ်သဘင်တွင် အမျိုးသမီးများသည် စာပေမှာလောက် နေရာမရကြသည်ကို တွေ့ရသည်။ ယနေ့ခေတ်မှာတော့ ဇာတ်သဘင်နှင့် စင်တင်ပြဇာတ် ဖန်တီးဖို့မှာ အကန့်အသတ်တွေ ရှိနေသည်မို့ အမျိုးသမီးတို့သည် ရုပ်ရှင်ဘက်သို့ တဟုန်တိုး ၀င်ရောက်လာသည်ကို သတိထားမိသည်။ အမျိုးသမီး ဒါရိုက်တာနှင့် ဇာတ်ညွှန်းရေးဆရာမများ ထိုးဖောက်လာ နိုင်ကြသည်ကို တွေ့ရ၏။ ရုပ်ရှင်ဇာတ်ကား ထုတ်လုပ်သူ အမျိုးသမီးတွေ ရှိသည်။ သူတို့၏ ဇာတ်ကားများသည် ငွေကြေးအရ အောင်မြင်သည်ကို တွေ့ရသည်။

အမျိုးသမီးအဆိုတော်တွေကတော့ အရင်ခေတ်ကတည်းက အမျိုးသားတွေနှင့် တန်းတူအောင်မြင်ခဲ့ကြ သည်မှာ အထင်အရှား ဖြစ်သည်။ ကျွန်မမေမေ အလွန်နှစ်သက်သော မကြည်အောင်၊ မေရှင်၊ မအေးမိနှင့် လေဘာတီမမြရင်တို့ သည် ဓာတ်ပြားခေတ်မှာ ထင်ရှားသည်။ နောက်ပိုင်းခေတ်မှာလည်း မေလှမြိုင်၊ ထို့နောက် တင်တင်မြ၊ မာမာအေး၊ ချိုပြုံး မှ ရီရီသန့်အထိ အမျိုးသားပရိသတ်က လေးလေးစားစား နှစ်သက်ကြသော အဆိုတော်တွေပေါ့။ အမျိုးသမီးတို့၏ အနုပညာ ဖန်တီးနိုင်စွမ်းမှာ အမျိုးသားတွေနှင့် တန်းတူလိုက်နိုင်ပါသည်။ သူတို့ ရင်တွင်းက လာသည့်အသံသည် ကျွန်မတို့လို အမျိုးသမီးပရိသတ်အတွက် ကိုယ်စားပြုဖွင့်ဟ ဖော်ပေး လိုက်သလို ရှိသည်။ သူတို့၏ သီချင်းသံကို နားထောင်နေမိချိန်မှာ သူတို့သည် ကျွန်မပဲ ဖြစ်သည်။ လေဘာတီမမြရင်၏ တနာရီတည်းချစ် သီချင်း၊ ရွှေပြည်စိုး သီချင်း၊ မေလှမြိုင် ပြန်လည် သီဆိုသည့် မြခြေကျင်းမငွေမြိုင်၏ မြိုင် သီချင်းတို့ကို ကျွန်မ အလွန်စွဲမက်သည်။ ထိုသီချင်းတွေကို အမျိုးသမီးတွေ သီဆိုဖို့ အမျိုးသမီး၏ ခံစားချက်ကို ငှားယူခံစားပြီး ရေးဖွဲ့ပေးသော အမျိုးသားတေးရေး ပညာရှင်များကို လေးစား ချီးကျူးမိပါသည်။ ရွှေပြည်အေး၏ ရွှေဖူးစာသီချင်းကို ကြည်ကြည်ဌေး၏ မူဖြင့် ခဏခဏ သီဆို ညည်းမိတိုင်း ဆရာရွှေပြည်အေးကို လေးစားမိသည်။ ကျေးဇူးလည်း တင်မိသည်။ အမျိုးသမီး တယောက်၏ ချစ်ဝေဒနာကို သူမို့ ပီပြင်အောင် ရေးဖွဲ့တတ်လေခြင်း။ အမျိုး သမီး ဂီတစာဆိုတွေ ထဲမှာ မိုးဒေ၀ါ သီချင်းကို ရေးသည့် ဒေါ်စောမြ အေးကြည်မှာ တခေတ်မှာ တယောက် ဆိုရမှာပါ။

အသံမှာတော့ အမျိုးသမီးတွေက ညာသံမှာ pitch အမြင့်စားကို ရသည်ဟု ဆိုသည်။ ယနေ့ခေတ်မှာ အောင်မြင် ကျော်ကြားနေသည့် အယ်လ်ဆိုင်းဇီတို့၊ ဖြူဖြူကျော်သိန်းတို့သည် အသံကို လိုသလို ကစားနိုင်သည်ကို တွေ့ရသည်။

မီဒီယာထဲတွင် ပုံဖော်ခြင်းခံရသည့် အမျိုးသမီးတို့၏ နေရာကို လေ့လာကြည့်ရသည်မှာ အလွန်စိတ်ဝင် စားစရာ ကောင်းသည်။ ပုံနှိပ်မီဒီယာတွင် သခင်ဘသောင်း၏ ပန်းသာမစာဥသည် ထိုခေတ်က ရိုး, အ, ပြီး အကာအကွယ်မဲ့သည့် အမျိုးသမီးတွေကို ကိုယ်စားပြုသည်။ မှီငြမ်းသည့် ၀တ္ထုဖြစ်သော်လည်း ပန်းသာမစာဥသည် တကယ့် မြန်မာအမျိုးသမီး တွေ၏ ဘ၀ဖြစ်၏။ ဂျာနယ်ကျော် မမလေး၏ သူမ နှင့် ရင်နင့်အောင်မွှေး ကတော့ ကျွန်မတို့ကို နှလုံးသား နူးညံ့မြင့်မြတ်ပြီး ပြတ်သားသော မိန်းမတွေကို သိမြင်အောင် ပုံဖော် ပေးနိုင်ခဲ့သည်။ ကြည်အေး၏ အမျိုးသမီးဇာတ်ကောင် အများစုကတော့ စိတ်အင်အား ပြင်းထန်ပြီး တော်လှန်စိတ်ရှိသော မိန်းမတွေ ဖြစ်သည်။ တမ်းတတတ်သည်နှင့် နွမ်းလျအိမ်ပြန်ထဲက အမျိုးသမီး ဇာတ်ကောင် နှစ်ယောက်သည် ကွဲပြားသော်လည်း သူ့နေရာနှင့်သူ စွမ်းသည့် ဇာတ်ကောင်တွေ ဖြစ်သည်။

တက္ကသိုလ်ဘုန်းနိုင်၏ ဇာတ်ကောင်အမျိုးသမီးတွေက မြင့်မြတ်သည့် နှလုံးသားပိုင်ရှင်တွေ ဖြစ်သည်။ ၀သန်လေချိန်မှန် ကူးထဲက စစ္စတာမမိုးသူ၊ ချစ်သောဤကမ္ဘာထဲက ဒေါက်နှင်းမောင်၏ အစ်မ မလေးသန့်၊ သူတို့သည် လေးစားထိုက်သူများ ဖြစ်သည်။

မီဒီယာထဲမှာ ဖော်ပြခံရတာခြင်းအတူတူ ထိုခေတ်က အမျိုးသမီးတွေထက် ယနေ့ခေတ် အမျိုးသမီးတွေ နေရာပိုကောင်း လာသည်ကို မတွေ့ရပါ။ တော်တော်များများသည် မီးဖိုချောင်အိမ်ထောင် ထိမ်းသိမ်းမှုနှင့် ဖက်ရှင် အမျိုးအစားအတွက်ပဲ ပုံဖော်ခံရသည်။ အမျိုးသမီးတို့သည် အခုအချိန်မှာ မီးဖိုချောင်ကနေ လွတ်ပြီးဟု မပြောနိုင်။ အမျိုးသမီးတို့သည် ပြင်ပလော ကတွင် ကျင်လည်နေကြရပြီ မှန်သော်လည်း မီးဖိုချောင်ကနေ လွတ်လာတာ မဟုတ်။ မီးဖိုချောင်နှင့် အပြင်ငွေရှာ သည့်အလုပ် နှစ်မျိုးကို တပြိုင်တည်း လုပ်လာရခြင်းဖြစ်သည်။

ရုပ်မြင်သံကြား ကြော်ငြာတွေသည် ဇာတ်လမ်းဖွဲ့ထားတာ မဟုတ်ပဲ နေ့စဉ်လူမှုဘ၀ကို ထင်ဟပ်ပြ နေခြင်း ဖြစ်သဖြင့် အမျိုးသမီးတို့၏နေရာကို မကွယ်မ၀ှက် အရှိကို အရှိအတိုင်း ပြနေသော မီဒီယာတွေ ဖြစ်၏။ ကြော်ငြာထဲတွင် အမျိုးသမီး တို့သည် အ၀တ်လျှော်ဆပ်ပြာ ကြော်ငြာခြင်း၊ ပန်းကန်ဆေးဆပ်ပြာ ကြော်ငြာခြင်း တို့အတွက် အသုံးပြုခံရပြီး၊ အမျိုးသား တို့ကတော့ လုပ်ငန်းခွင်တွင် အလုပ်များနေသည့် ပုဂ္ဂိုလ်အများအဖြစ် တွေ့မြင်ရသည်။ ခေါက်ဆွဲထုပ်ကြော်ငြာ၊ ဆီကြော် ငြာ၊ ငရုတ်သီးမှုန့် ကြော်ငြာတို့တွင် အမျိုးသားသရုပ်ဆောင် တွေကို မသုံးဘဲ ဘာဖြစ်လို့ အမျိုးသမီး သရုပ်ဆောင်တွေ သုံးသလဲ။ ဘာဖြစ်လို့လဲဆိုတော့ ဒါက မေးစရာမလို အောင် နားလည်ပြီးသား ကွဲပြားသည့် အခန်းကဏ္ဍတွေမို့ပါ။ မိန်းမ သည် ချက်ပြုတ်ခြင်း၊ လျှော်ဖွတ်ခြင်းမှာ တာဝန်ယူနေကျ။ ပန်ကန်ဆေးသည့်ကြော်ငြာကို ခိုင်သင်းကြည်နှင့် မကြော်ငြာဘဲ ကျော်ရဲအောင်နှင့် ကြော်ငြာ ကြည့်ပါလား။ ပရိသတ် အိမ်ရှင်မတွေ ကိုယ်တိုင်က ရယ်မောကြလိမ့်မည်။ ပရိသတ် အမျိုးသမီးတွေ ကိုယ်တိုင်က 'ဒါ အူကြောင်ကြောင် ကိစ္စ' ဟု ဝေဖန်လိမ့်မည်။ အထာကျပြီးသား တာဝန်ခွဲဝေမှု အခန်း ကဏ္ဍ မဟုတ်လား။ မီးဖိုချောင်မှာ တသမတ်တည်း နေရာယူနေရတာကို အမျိုးသမီးထုကိုယ်တိုင်က ကျေကျေနပ်နပ် လက်ခံထား သည်ပဲ။ ဒါကြောင့်လည်း မီဒီယာမှာ ဒီအတိုင်း တွေ့ရခြင်း ဖြစ်သည်။ ဗွီဒီယို၊ ရုပ်ရှင်ကားတွေထဲက အမျိုးသမီး တွေ၏ အခန်းကဏ္ဍကို ကြည့်ကြည့်လျှင် အလွန်စိတ်ဝင်စားစရာ ကောင်းပါသည်။ တီဗွီ ကြော်ငြာထဲက အမျိုးသမီးများနှင့် အမျိုးသား အခန်းကဏ္ဍကွဲပြားမှု၊ ဇာတ်လမ်းတွဲတွေထဲက အမျိုးသမီး အမျိုးသားအခန်းကဏ္ဍ ကွဲပြားမှု၊ သီချင်းတွေ ကဗျာ တွေထဲမှ အမျိုးသမီး အမျိုးသားအခန်း ကဏ္ဍကွဲပြားမှုတို့သည် သတိထားကြည့်လျှင် ထင်ထင်ရှားရှား မြင်သာနေပါသည်။

မီဒီယာတွေတွင် အမျိုးသမီးသည် အလှအပလည်း ဖြစ်သည်။ အမျိုးသမီးသည် မြင်သူကို စိတ်ကြည်နူးမှု သို့မဟုတ် စိတ်နှိုးဆွမှု ပေးစွမ်းသည့်အရာလည်း ဖြစ်သည်။ အမျိုးသမီးသည် ဦးဏှောက်အရည်အချင်းကို ဦးစားပေးသည့် အမျိုး အစား မဟုတ်။ ဖက်ရှင်အတွက် မျက်နှာချယ်သမှုဆိုင်ရာ အလှအပ ပစ္စည်းနှင့် ကရိယာတို့ အတွက် ကြော်ငြာပေးရသည့် အမျိုးအစားဖြစ်သည်။ လက်ဗ်တော့ ကွန်ပြူတာကို ကြော်ငြာလျှင်တောင် ကွန်ပြူတာကို သုံးစွဲနေသည့် ပုံရိပ်ထက် အလှ ပြသည့် ပုံရိပ်ကို တွေ့ရမည်။ တကယ်သုံးစွဲနေကြောင်း ကြော်ငြာလျှင်တော့ အမျိုးသားတွေကို သုံးပါလိမ့်မည်။ ကားကို ကြော်ငြာလျှင် ကားမောင်းသူမှာ အမျိုးသမီးတွေ မဟုတ်။ အမျိုးသားတွေ ဖြစ်သည်။ သို့သော် ကားကို အလှပြ လိုလျှင်တော့ အမျိုးသမီး၏ အလှနှင့် ထပ်တူပြလိမ့်မည်။

တခါတခါတော့ မြန်မာ့ရုပ်မြင်သံကြားမှာ ပြသည့် ကြော်ငြာတခုတလေတွင် အမျိုးသမီးကို မြင်းပေါ်မှာ ထိုင်ပြတာ တွေ့ဖူးသည်။ ကားပေါ်မှာထိုင်လျက် ကော်ဖီမှာယူတာကို တွေ့ဖူးသည်။ သို့သော် ဆေးကြော်ငြာ အတွက် ကလေးကို ဆေးတိုက်သည့် ပြကွက်မျိုး၊ ကလေးနေမကောင်းလို့ ပြုစုသည့် ပြကွက်မျိုးတွင် အဖေထက် အမေကိုပဲ တွေ့ရတာ များသည်။ ထိုကြော်ငြာမျိုးတွင် ကလေးကို ပွေ့ချီထားသူသည် အမေမဟုတ်ပဲ အဖေဖြစ်နေ ခဲ့လျှင် တနည်းအားဖြင့် ရုပ်ရှင်မင်းသမီး မဟုတ်ဘဲ မင်းသားဖြစ်နေခဲ့လျှင် ကြည့်သူအတွက် နှာခေါင်းရှုံ့စရာ တောင် ဖြစ်သွားမလားမသိ။ ကလေးအမေက ဘယ်ရောက်နေလဲဟု ဝေဖန်စိတ်ဖြင့် ရေရွတ်မိကြမည်လား မသိ။ ကျွန်မတို့ မိန်းမတွေ၏ အခန်းကဏ္ဍက တကယ်ပဲ ပုံသေ ဖြစ်နေခဲ့ပါပြီ။ ဒါကို မီဒီယာတွင် ဖုံးဖိမရ တွေ့ရသည်။

မီဒီယာ၏ အစွမ်းသတ္တိမှာ အပြင်လောကကို ထင်ဟပ်ပြရုံပဲလား။ အခြေအနေကို မီးမောင်း ထိုးပြရုံ လောက်ပဲလား။ နိုင်ငံတခု၏ အဆင့်အတန်းကို ယဉ်ကျေးမှုကို အလုပ်ခွဲခြားမှုကို ပြရုံပဲလား။ မဟုတ်နိုင်သေးပါ။ မီဒီယာသည် လောက ပတ်ဝန်းကျင်ကို ပုံဖော်ဖို့လည်း အသုံးပြုနိုင်ပါသည်။ ပတ်ဝန်းကျင်ကို ပြုပြင်ပြောင်းလဲဖို့ မီဒီယာက တတ်စွမ်းပါလိမ့်မည်။ မီဒီယာ၏ အသုံးဝင်မှုသည် အကန့်အသတ်မရှိ။ မီဒီယာကို ဖန်တီးအမျိုးသမီး များသည် အမျိုးသားများထက် မကျော် လွန်လျှင်တောင် အမျိုးသားများနှင့် တန်းတူ လောကကို ပုံဖော်ဖို့ ပြောင်းလဲဖို့ တတ်စွမ်းနိုင်ကြပါသည်။

ရေချယ်ကာဆန် ဟူသည့် အမျိုးသမီး စာရေးဆရာမကြီး၏ တိတ်ဆိတ်သောစပရင်းရာသီ Silent Spring စာအုပ်သည် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေသော လူ့အသက်ကို အန္တရာယ်ပြုသော ဒီဒီတီ ပိုးသတ်ဆေး၏ မကောင်းကျိုးတို့ကို ပီပြင်စွာ စနစ်တကျ ဖော်ထုတ်ပေးနိုင်ခဲ့သဖြင့် အမေရိကန်ပြည်ထောင်စုနှင့် အခြားဖွံ့ဖြိုးသောနိုင်ငံတို့တွင် ထိုပိုးသတ်ဆေး အသုံးကို ဥပဒေဖြင့် တားမြစ်လိုက်သည်အထိ ဖြစ်ခဲ့သည်။

စာအုပ်တအုပ်သည် ရုပ်ရှင်ကားတကားသည် လူ့ပတ်ဝန်းကျင်ကို ကောင်းကျိုးအတွက် ပုံပြောင်းအောင် တွန်းအားပေး သည့်နေရာတွင် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်နိုင်၏။ နိုင်ငံတကာတွင် အမျိုးသမီးတို့၏ ဘ၀လူမှုရပ်တည်မှုတို့ကို ပြောင်းလဲဖို့ တွန်းအားပေးသည့်နေရာတွင် ဆီမွန်းဒီဘောဘွား၏ စာအုပ်နှင့်အတူ မာဂရက်မစ်ချယ်၏ စာအုပ်လည်း ပါ သည်။

ယခုအခါ သူတို့ဆီတွင် အမျိုးသမီး ရဲအရာရှိတွေသည် အမျိုးသားတွေနှင့်အတူ လူဆိုးဖမ်းသည့် အလုပ်တွင် တန်းတူပါဝင် နေသည်။ ဘတ်စ်ကားမောင်းသူတွေ အမျိုးသမီးတွေ ဖြစ်သည်။ လေယာဉ်မောင်းသူတွေ၊ လေထီးခုန်ဆင်းသူတွေ အမျိုးသမီးတွေ ပါလာသည်။ ဒါက အမျိုးသမီး အမျိုးသားဟူသည့် ဂျင်ဒါနှင့် မဆိုင်လှဘဲ ကိုယ်ခန္ဓာတည်ဆောက်ပုံနှင့် ကျန်းမာသန်စွမ်းမှုတို့ကသာ အဓိက ကျသင့်ပါသည်။ ဒါတွေကို ပြောင်းလဲဖို့ လိုအပ်သည်ဆိုလျှင် ထိုပြောင်းလဲမှုကို ဖြစ်ပေါ်အောင် မီဒီယာ၏တွန်းအားက အရေးပါသော နေရာမှာ ပါဝင်နေပါသည်။

ဂျူး။

[မြန်မာသစ်မဂ္ဂဇင်း၊ အမှတ် ၁၀၊ ဒီဇင်ဘာလ ၂၀၀၉ မှ ကူးယူဖော်ပြပါတယ်။]




Read More...

နေ့စဉ်သတင်းများ ( ၂၄ - ၁ - ၁၀)

ဒေါ်အောင်ဆန်းစုကြည်ကို နိုဝင်ဘာလမှာ လွှတ်ပေးမယ်လို့ ပြည်ထဲရေးဝန်ကြီး ပြောကြား သတင်း
နေအိမ်အမှု ရုပ်သိမ်းဖို့ ဦးအောင်ဆန်းဦးထံ သံဃာ့တပ်ပေါင်းစု အိတ်ဖွင့်စာပို့ သတင်း
ဦးအောင်ဆန်းဦးကို သံဃာ့တပ်ပေါင်းစုက အိတ်ဖွင့်ပေးစာဖြင့် သတိပေး သတင်း
၂၀၁၀ တွင် မည်သည့်ပုံစံနှင့် NLD စည်းရုံးရေးခရီးဆက်မည်နည်း သတင်း
အာသံတပ်ဦးခေါင်းဆောင် ဖမ်းမိရေး သတင်း
ကလေးစစ်သားကိစ္စ မြန်မာနဲ့ အိုင်အယ်လ်အို ဆွေးနွေး သတင်း
မြန်မာစစ်အစိုးရ၏ သတ်ဖြတ်နှိပ်စက်မှုကြောင့် ကရင်ဒုက္ခသည် နေအိမ်စွန့်ခွာ သတင်း
မယ်တော်ဆေးခန်းတွင် မျက်စိအခမဲ့ ကုသပေးမည် သတင်း
ကဗျာဆရာကြီး ဦးတင်မိုး ကွယ်လွန်ခြင်း (၃) နှစ်ပြည့် အမှတ်တရ အနုလက်ရာများ သတင်း
ပြင်သစ်ယဉ်ကျေးမှုဌာန (ရန်ကုန်) က ရုပ်သေးပြဇာတ် ကပြ သတင်း
ဘ၀နိဂုံးအဆုံးပုံရိပ် ဓာတ်ပုံပြိုင်ပွဲ - နာရေးကူညီမှုအသင်း (၉) နှစ်ပြည့်မှာ ဆုပေးပွဲကျင်းပ သတင်း
မဟာမုနိဘုရား သန့်ရှင်းရေးခေါ်ပြီး ရွေးကောက်ပွဲ ထောက်ခံဖို့ စစ်တပ်မှ စည်းရုံး သတင်း
စစ်တွေရှိ မြို့မရုပ်ရှင်ရုံ အပါအ၀င် ရခိုင်မှ စီးပွားရေးလုပ်ကွက်များကို ပုဂ္ဂလိကလက်သို့ ရောင်းမည် သတင်း
မေတ္တာ၊ မိုးဒီနဲ့ မော့စ် မင်္ဂလာဒုံလေဆိပ်မှာ အာဏာပိုင်တွေက တားမြစ် သတင်း
ဘင်္ဂလားဒေ့ရှ်-မြန်မာ ရေပိုင်နက်ပြဿနာ သတင်း
ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဒီမိုကရေစီအင်အားစုများအကြား ညီညွတ်မှုရှိပါသလား (တိုက်ရိုက်လေလှိုင်း)
လစာတိုးတာ ပြည်သူတွေအတွက် ဘယ်လောက် အကျိုးရှိပါသလဲ (တိုက်ရိုက်လေလှိုင်း)
ဟေတီငလျင် သေဆုံးသူ (၁၅၀,၀၀၀) ရှိပြီ သတင်း
အမေရိကန်လေယာဉ် ဗုံးခွဲဖို့ ကြံစည်မှု ဘင်လာဒင် အခါပေးခဲ့ သတင်း

Read More...

ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေသို့ တိုင်ကြားစာ


Read More...

နေ့စဉ်သတင်းများ ( ၂၃ - ၁ - ၁၀)

မြန်မာစစ်တပ် ထိုးစစ် ကရင်ရွာသားတွေ ထွက်ပြေးရ သတင်း
ချင်းတိုင်းရင်းသား ကလေးငယ်များ ကျန်းမာရေး အန္တရာယ်ရှိနေ သတင်း
ကိုးကန့်၊ ၀ ဒေသ မြန်မာစစ်အစိုးရတပ်ပြေး များလာ သတင်း
မေတ္တာ ဦးဆောင်သော မြန်မာအငြိမ့်အဖွဲ့၏ ဂျပန်ခရီးစဉ် ရန်ကုန်လေဆိပ်တွင် တားမြစ်ခြင်းခံရ သတင်း
တိုင်ကြားသူ အခက်အခဲ ILO ကိုယ်စားလှယ်အဖွဲ့ထံ တိုက်ရိုက်တင်ပြ သတင်း
ILO ခေါင်းဆောင် လူ့အခွင့်အရေးလှုပ်ရှားသူတွေနဲ့ ဆွေးနွေး သတင်း
အိုင်အယ်လ်အို အဆင့်မြင့်အရာရှိများနှင့် ပူးပေါင်းဆောင်ရွက်သူများ တွေ့ဆုံ သတင်း
NLD ရုံးများ ပြန်ဖွင့်ရေး စာတင်ထားတာ အကြောင်းမပြန်သေး သတင်း
ဖွဲ့စည်းပုံအသစ်အတိုင်း ဆက်လုပ်မည်ဟု ဝန်ကြီးက ပြောခဲ့ သတင်း
နယ်စပ်ရှိ မြန်မာစာသင်ကျောင်းများ စကားရည်လုပွဲ လေ့ကျင့်သင်ကြား သတင်း
မောင်စွမ်းရည် ပြောပြတဲ့ တင်မိုးငယ်စဉ်ဘ၀ သတင်း
အန်အယ်လ်ဒီပါတီခေါင်းဆောင် ဦးဝင်းတင် မေမြို့၊ မန္တလေးခရီးစဉ်က ပြန်ရောက် သတင်း
စာမေးပွဲဖြေခါနီး အထက်တန်းကျောင်းသားများကို စစ်သားအဖြစ် စုဆောင်း သတင်း
ကိုညီညီအောင်ကို စီရင်ချက် အမိန့်ချမှတ်တော့မည် သတင်း
ရန်ဖြစ်သူများနှင့် တညနေ (ဆောင်းပါး)

Read More...

အပေါ်သို့