22 November 2012
Thursday, November 22, 2012
(၁၅) ကြိမ်မြောက် KNU ညီလာခံသို့ ပြည်တွင်း ကရင်အမျိုးသား အဖွဲ့အစည်း များမှ ပေးပို့သော အကြံပြု စာတမ်း
Monday, May 21, 2012
ဒေါက်တာဦးမြင့်၏ “ရန်ကုန်တက္ကသိုလ်ရဲ့ အစဉ်အလာ ဂုဏ်သိက္ခာကို ပြန်လည်တည်ဆောက်ရေး ပြည်သူသို့ အိတ်ဖွင့်ပေးစာ”
Friday, May 18, 2012
အမေရိကန်ပြည်ထောင်စု၊ ဘဏ္ဍာရေးဝန်ကြီး ဌာနက ထုတ်ပြန် ထားသည့် စီးပွားရေး ပိတ်ဆို့ အရေးယူ ခံထားရသော “အထူးပညတ်ထားသည့် ဗမာနိုင်ငံသားများစာရင်း”
Thursday, March 22, 2012
ဖမ်းဆီးထားသော မြန်မာနိုင်ငံ လုပ်သား ၁၅၄ ယောက်အား ခိုးကြောင်ခိုးဝှက် နှင်လွတ်
ယနေ့ ၂၁.၃.၂၀၁၂ ည ၉း၃၀ အချိန်တွင် ကျန်းဖုံး အထပ်သား စက်ရုံမှ ဖမ်းဆီးထားသော မြန်မာနိုင်ငံ လုပ်သား ၁၅၄ ယောက်အား ခိုးကြောင်ခိုးဝှက် နှင်လွတ် လိုက်သည်။
အလုပ်သမား ၁၅၄ ယောက်သည် ကျန်းဖုံး အထပ်သား စက်ရုံမှ ဖြစ်သည်။ ထိုစက်ရုံမှ အလုပ်သမားများအား လုပ်ခ လစာများ ရှင်းပေးခြင်း မရှိသဖြင့် ဆန္ဒပြရာမှ အလုပ်သမားများ နေထိုင်ခွင့် စာအုပ် စစ်၍ မရှိသဖြင့် ဖမ်းဆီး ထားခြင်းဖြစ်သည်။ နေထိုင်ခွင့် စာအုပ်လုပ်ရန် မှတ်ပုံတင် လိုပါသည်။ အလုပ်သမားများ၏ မှတ်ပုံတင်များအား စက်ရုံပိုင်ရှင်မှ သိမ်းဆည်း ထားပါသည်။ အလုပ်သမားများ နေထိုင်ခွင့် စာအုပ် လုပ်ရန် အလုပ်ရှင်မှ တာဝန် ယူရပါသည်။
ဖမ်းဆီးထားသော အလုပ်သမားများအား တနေကုန် မည်သည့် အစားအစာမှ ကျွေးမွေးခြင်း မရှိပဲ ည ၉း၀၀ နာရီ အချိန်မှ လူမသိ သူမသိ ခိုးချောင်ခိုးဝှက် စက်လှေဆိပ် တံတားမှ နှင်လွတ်ခြင်း ဖြစ်ပါသည်။ ဖမ်းဆီး ထားသူများကို တကယ်ဆိုလျှင် နှစ်နိုင်ငံ တရားဝင် လွဲပြောင်း ရမည်ဖြစ်ပါသည်။ အလုပ်သမား ၁၅၄ ယောက်အား မူဆယ်ဘက် နော်တောင်းဘုန်းကြီး ကျောင်းဝန်း အတွင်းတွင် ထားရှိပါသည်။ ယခုမှ မူဆယ်ဘက်မှ တာဝန်ရှိသူများ လာရောက်ကြည့်ရှု့ ပဏာယူလျက် ရှိပါကြောင်း ။ တာဝန် ယူချင်စိတ် ရှိလျှင် တရုတ်ပြည်ဘက် ရဲစခန်းတွင် ဖမ်းဆီး ထားသော မြန်မာ အလုပ်သမားများ အများအပြား ရှိပါသေးသည်။ ဆက်လက်၍လည်း ဖမ်းဆီး နေပါသေးသည်။
Ref: Aung Kyaw Zaw
Wednesday, March 14, 2012
Monday, March 12, 2012
KIO ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့မှ နိုင်ငံရေးဆွေးနွေးပွဲ အစီစဉ်အား ရှင်းလင်း တင်ပြခြင်း
Sunday, March 11, 2012
Friday, March 9, 2012
KIO ကိုယ်စားလှယ်အဖွဲ့၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့သို့ တင်သွင်းသည့် အဆင့် (၃) ဆင့်
Wednesday, March 7, 2012
Wednesday, November 30, 2011
Tuesday, November 15, 2011
Wednesday, November 2, 2011
“Freedom House” အဖွဲ့ကြီး၏ နှစ်(၇၀) မြောက် နှစ်ပတ်လည် ညစာစားပွဲ၌ ဖရက် ဟိုက်ရက်(Fred Hyatt) ပြောကြားသော မိန့်ခွန်း၏ အဆုံးသတ် ကောက်နှုတ်ချက်
နိုဝင်ဘာ ၂ ရက် ၂၀၁၁
၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ (၂၆) ရက်နေ့ညတွင် ပြုလုပ်သော ဝါရှင်တန် အခြေစိုက် “Freedom House” အဖွဲ့ကြီး၏ နှစ်(၇၀) မြောက် နှစ်ပတ်လည် ညစာစားပွဲ၌ ဝါရှင်တန်ပို့စ် သတင်းစာ အယ်ဒီတာ ဘုတ်အဖွဲ့အား ချီးမြင့်သော “Awareness Raising Award” ကို လက်ခံရယူစဉ် အယ်ဒီတာ ဖရက် ဟိုက်ရက်(Fred Hyatt) ပြောကြားသော မိန့်ခွန်း၏ အဆုံးသတ် ကောက်နှုတ်ချက်ကို ဖေါ်ပြ လိုက်ပါတယ်။
နောက်ဆုံးပိတ်ပြောချင်တာကတော့ သူတို့အတွက် အကြီးအကျယ် အန္တရာယ်ရှိနိုင်ပေမဲ့လည်း ကျနော်တို့ အတွက် နှစ်ပေါင်းများစွာကြာ သူတို့ရဲ့သဘောထား အမြင်တွေကို ရေးသား ပေးပို့ကြတဲ့ အစိုးရနဲ့ သဘောထား အမြင် ဆန့်ကျင်သူတွေနဲ့ လွတ်လပ်ရေး အတွက် တိုက်ပွဲဝင်သူတွေ အားလုံးကို ကျေးဇူး တင်ပါရစေ။
ဥပမာ၊ လွန်ခဲ့တဲ့ ၄ နှစ် လောက်တုန်းက မပြီးဆုံးသေးတဲ့ ဗမာပြည်က ရွှေဝါရောင် တော်လှန်ရေးကို ဦးဆောင်ခဲ့တဲ့ ဘုန်းကြီး တပါးဖြစ်တဲ့ ဦးဂမ္ဘီရ ရေးသား ပေးပို့ခဲ့တဲ့ သူ့ရဲ့အမြင်တွေကို ကျနော်တို့ ထုတ်ဝေ ခဲ့ပါတယ်။ “ကျနော်တို့ အနေနဲ့ အကြမ်းမဖက်တဲ့ နည်းကို စွဲကိုင် ထားပါတယ်။ ဒါပေမဲ့ တချိန်တည်းမှာ ကျနော်တို့ရဲ့ ကျောရိုး တွေကိုလည်း သံမဏိနဲ့ ဖွဲ့တည်ထားပါတယ်။” လို့ သူရေးခဲ့ပါ တယ်။ “နောက်ပြန် မလှည့်ဘူး၊ ငါ့အသက်၊ ငါ့ရဲဘော်တွေရဲ့အသက်ကို ဒီခရီးလမ်းမှာ စတေးရမယ် ဆိုရင်လည်း ကိစ္စ မရှိပါဘူး။ တခြားသူတွေ ကျနော်တို့ လမ်းကို ဆက်လျှောက်ပါမယ်။ နောက်ထပ်လည်း ပူးပေါင်းပါဝင်ပြီး ဒီလမ်းကို လိုက်ပါ လာကြမှာဖြစ်တယ်” ။
တိုက်တိုက်ဆိုင်ဆိုင် သတင်းစာထဲမှာ သူ့အမြင် ရေးသားချက်တွေ ပါလာတဲ့ နေ့မှာပဲ ဗမာပြည် တွင်းမှာ ပုန်အောင်း နေထိုင်နေတဲ့ ဦးဂမ္ဘီရဟာ အဖမ်း ခံလိုက်ရတယ်။ ဒီနောက်ပိုင်းမှာတော့ ဒီအစီအစဉ်မှာ ကျနော်တို့ ဘာမှ ကြားရတော့မှာ မဟုတ်ဘူးဆိုတာ သံသယဖြစ်စရာ မလိုတော့ပါဘူး။
ဗမာပြည်မှာဖြစ်နေတဲ့အရာတွေဟာ အကောင်းဖက်ကို ရောက်ဖို့အတွက် ပိုပြီး နိုးကြွ လာနေတယ်။ ဒါပေမဲ့ ဦးဂမ္ဘီရက ထောင်ထဲမှာပဲ ရှိနေတုန်းပဲ။ ဒီအပတ်ထဲမှာပဲ သူ့ကျန်းမာရေးဟာ အတော်ဆိုး ၀ါးနေတယ်လို့ ကျနော်တို့ သိရတယ်။ ကျနော့်အနေနဲ့ ဒီဆုကို သူ့အတွက် သတ်မှတ် ရည်စူးထား ချင်ပါတယ်။ နောက်ပြီး ၀ါရှင်တန်ပို့စ် သတင်းစာထဲမှာ သူ့အမြင်တွေ ပုံနှိပ် ထုတ်ဝေနိုင်တဲ့နေ့ကို မျှော်လင့် စောင့်စား နေမိပါတယ်။
Finally, and most of all, I would like to thank the many dissidents and freedom fighters who have written op-eds for us over the years, often at great risk to themselves. Four years ago, for example, we published an oped by U Gambira, a monk who had helped lead the unfinished Saffron Revolution in Burma. “We adhere to nonviolence, but our spine is made of steel,” he wrote. “There is no turning back. It matters little if my life or the lives of colleagues should be sacrificed on this journey. Others will fill our sandals, and more will join and follow.”
By coincidence, on the day his op-ed appeared, U Gambira, who had been living in hiding inside his country, was found and arrested. Things in Burma, as we will no doubt hear more of later in this program, may be stirring for the better. But U Gambira remains in jail, and just this week we saw reports that his health may be in jeopardy. I would like to dedicate this award to him, and to the day when we can print his next op-ed in the Washington Post.
The Prize Dedicated to U Gambira
November 2. 2011
The 70th anniversary dinner of the Washinton based “Freedom House” Group was held on October 26, 2011. At the dinner, the Group gave the “Awareness Raising Award” to the board of editors of The Washinton Post, and Fred Hyatt, editor of The Washinton Post, accepted this award on behalf of the editors’ board, and addressed a speech. In his address, he made some honorific comments on U Gambira, a monk who led the Saffron Revolution in Burma in September, 2007. And Daw Aung San Suu Kyi was also given “Freedom Award” prize at the dinneer.
Below’s the comments on U Gambira expressed in the ending part of his speech.
Finally, and most of all, I would like to thank the many dissidents and freedom fighters who have written op-eds for us over the years, often at great risk to themselves. Four years ago, for example, we published an oped by U Gambira, a monk who had helped lead the unfinished Saffron Revolution in Burma. “We adhere to nonviolence, but our spine is made of steel,” he wrote. “There is no turning back. It matters little if my life or the lives of colleagues should be sacrificed on this journey. Others will fill our sandals, and more will join and follow.”
By coincidence, on the day his op-ed appeared, U Gambira, who had been living in hiding inside his country, was found and arrested. Things in Burma, as we will no doubt hear more of later in this program, may be stirring for the better. But U Gambira remains in jail, and just this week we saw reports that his health may be in jeopardy. I would like to dedicate this award to him, and to the day when we can print his next op-ed in the Washington Post.
Read full version:
Thursday, July 28, 2011
Wednesday, July 27, 2011
Friday, July 22, 2011
Wednesday, June 29, 2011
Saturday, June 18, 2011
Wednesday, June 1, 2011
အိုဘယ့် မြန်မာပြည် (ဒါ... ဒို့ပြေ.. ဒါ... ဒို့မြေ.... ဒို့ ....မပိုင်တဲ့မြေ)
Gateway များပြုပြင်ပြီးသွားသောအခါ နဂိုအတိုင်းပြန်ဖြစ်သွားသော ကွန်နက်ရှင်ကို
ဆိုလိုသည်။
ကိုယ့်ဖင်မနိုင်ဘဲ ပဲကြီးဟင်း သောက်ချင်
Connection မကောင်းလျက်နဲ့ Facebook ဗီဒီယိုများကြည့်လိုခြင်းကို ဆိုလိုသည်။
ခင်ရာဆွေမျိုး မြိန်ရာဟင်းကောင်း
Connection ကောင်းရာ လိုင်း/ အင်တာနက်ဆိုင် ကိုပြောင်းသုံးသည်။
ဂါထာပေး တေးဖြစ်
မြန်မာနိုင်ငံတွင် MS Office 2007, 2010 စသည်တို့ကို ဖောဖောသီသီ
သုံးစွဲခြင်းကိုဆိုလိုသည်။
ငါးစိမ်းမြင် ငါးကင်ပစ်
ပထမ Dial-up, နောက် Broad Band, ADSL, IP star, WiMax, CDMA 800Hz, McWiLL, Sky
Net, FTTX စသည်ဖြင့် အဆင့်ဆင့် ပြောင်းလဲ ခြင်းကို ဆိုလိုသည်။
စိန်ကောင်း ကျောက်ကောင်းရောင်းဝယ်ရာ ဆေးရိုးသည်ကန့်လန့်
ဆေးရိုးသည် = Access Denied Page
ဆင့်ပါးစပ် နှမ်းပက်
ဆင့်ပါးစပ် = Internet Users
နှမ်း = Internet Bandwidth
ညောင်ဦးကမ်းပါးပြို စမ္မနဂိုက နွားမပေါင်ကျိုး
မိုးခြိမ်းသဖြင့် အင်တာနက်လိုင်းကျသွားသည်.... :D
တစ်ခါသေဖူး ပျဉ်ဖိုးနားလည်
ဒုတိယအကြိမ် ကွန်ပျူတာသွားဝယ်ခြင်းကို ဆိုလိုသည်
တစ်ရွာ တစ်ကျီဆောက်သည်
ရောက်ရာ ဆိုဒ်၊ ရောက်ရာ နေရာတွင် အကောင့်များစွာဖွင့်သည်
ထိုင်နေရင်အကောင်း ထသွားမှ ကျိုးမှန်းသိသည်
ကောင်းမလားလို့ Windows 7 (64-bits) ပြောင်းတင်ကာမှ Drivers ရှာမရတာနဲ့
တိုးနေသည်။
ဒူးလောက်တင်မှ ရင်လောက်ကျသည်
Download ဆွဲနေစဉ် ကြာမည့်အချိန်တွင် ပေါ်သော နာရီဂဏန်းကို ဆိုလိုသည်။
နဂိုရှိမှ နကိုင်းထွက်သည်
Laptop အဟောင်းကို ပစ္စည်းထည့်၊ မွမ်းမံနေရုံဖြင့် သိသိသာသာ ပိုမမြန်နိုင်၊
ပိုကောင်းသာ အသစ်ဝယ်မှရမည်။
ပန်းထိမ်မတတ်ခင် ရွှေခိုးသင် (ဝမရှိပဲ ဝိလုပ်သည်)
မြန်မာစာလက်ကွက်ကို ကောင်းစွာ မရိုက်တတ်သေးပဲ ချက်တင်ပွားချင်သူများကို
ဆိုလိုသည်။
ပျက်အစဉ် ပြင်ခဏ
MPT (ဟိုတလောက လိုင်းတွေပြင်တုန်းက အင်တာနက် အရမ်းကောင်းသည်)
ဖိုးသူတော်လဲ တောင်ဝှေးမထူနိုင်
ဘန်းဆိုက်များကို proxy ဆိုဒ်ဖြင့် ကျော်ကြည့်နိုင်သော်လည်း ထို proxy
ဆိုဒ်ကိုပါ ပိတ်ထားသောအခါ...
ဗူးကောင်းမှစင်ခံ၊ လင်ကောင်းမှစံ
ကွန်နက်ရှင်ကောင်းမှ အင်တာနက် အရသာကိုသိနိုင်သည်။
ဘုရားလည်းဖူးရင်း လိပ်ဥလည်းတူးရင်း
ဒေါင်းလုပ်ဆွဲထားရင်း ချက်တင်ပွားခြင်းကို ဆိုလိုသည်။
မမှားသောရှေ့နေ၊ မသေသောဆေးသမား
မကျဖူးသော ကွန်နက်ရှင်လိုင်း....
မရွယ်ဘဲနှင့် စော်ကဲမင်းဖြစ်သည်
နေ့လည်ပိုင်းကြီး ကွန်နက်ရှင်ကောင်းနေခြင်းကို ဆိုလိုသည်။
ရှင်ဘုရင့်ပုဆိုး ပိုးချည်းပဲ
Mac Book Air, Pro, iPad 2, iPhone 5
လင်းတလောက်တော့ ငှက်တိုင်းလှသည်
လင်းတ = မြန်မာပြည် ကွန်နက်ရှင်
လယ်ထွန်သွား နွားမေ့
အင်တာနက်သုံးရန်သွားရာ Facebook, G-mail account Password များမေ့နေခြင်းကို
ဆိုလိုသည်။
လသာတုန်းဗိုင်းငင် (မိုးရွာတုန်းရေခံ၊ အချိန်ရှိခိုက် လုံ့လစိုက်၊ အချိန်နှင့်
ဒီရေသည် လူကို မစောင့်)
ညဥ့်နက်သန်းခေါင် လူများအိပ်ချိန် ဒေါင်းလုပ် ထဆွဲခြင်းကို ဆိုလိုသည်။
လင်းကြက်တွန်လျှင် လိုင်းပြန်ကျတော့မည်။ (ကွန်နက်ရှင် လဲ သရဲကားထဲက
သရဲတွေလိုပဲ။ နေ့ပိုင်းပျောက်နေ။ ညပိုင်းပေါ်လာ.. မိုးလင်းလျှင် မရှိတော့)
ဝက်ဖြစ်မှ မစင်မကြောက်နှင့်
အင်တာနက်သုံးမှတော့ ထိုင်စောင့်ရမှာ မကြောက်ပါနဲ့။
သန်းခေါင်ထက် ညဥ့်တိုးမနက်
Connection Speed ဟူသည် 0KB/s သာရှိသည်။ -5KB/s ဟူ၍ မရှိပါ။
သေချင်တဲ့ကျား၊ တောပြောင်း
မြန်သည်ဟုပြော၍ EVDO ပြောင်းသုံးကာမှ လိုင်းကျတာနဲ့ချည်းတိုးနေသည်။
အုတ်ရောရော ကျောက်ရောရော
Facebook News Feed များကို ဆိုလိုသည်။ အရေးကြီးတာရော၊ မကြီးတာရော၊ Spam များပါ
တက်လာလေ့ရှိသည်။
အရေးကြီးတော့ သွေးနီးရာ
အင်တာနက်သုံးသူအချင်းချင်း ကောင်းတာလေးတွေ၊ Proxy, softwares စသည်ဖြင့်
မျှဝေသည်။
အငိုလွယ်လျက် အရှိုက်ခက်သည်
Download လွယ်သလောက် Upload ခက်သည်။
အရူးမီးဝိုင်းသလို
တပြိုင်တည်း G-talk 20 ဦး ခန့် ကိုပြောခြင်း။
အကြံတူရန်သူ
အင်တာနက်ဆိုင်တွင် ၂ယောက်တပြိုင်တည်း ဒေါင်းလုပ်ပြိုင်ဆွဲသည်။
အနာပေါ်တုတ်ကျသည်
ဤစာကို MPT မှ လူများဖတ်သည့်အခါ ဖြစ်မည့်ပုံစံ.
(ပြည်တွင်းဘလော့ဂ္ဂါတဦး ပေးပို့သည်။)
Tuesday, March 29, 2011
တပ်မတော်ကွဲပြဲရခြင်း၏အကြောင်း ဗိုလ်ချုပ်မှူးကြီးဖွင့်ဟ
၂၉ မတ်လ ၂၀၁၁
၂၅ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ဗိုလ်ချုပ်မှူးကြီးမှ တပ်မတော်ကွဲပြဲရခြင်း၏ အကြောင်းကို ဖွင့်ဟ ခဲ့ကြောင်း သိရပါသည်။
“ တရုတ်တို့၏ သြဇာနှင့် အယူဝါဒများအား မဆင်မခြင်လိုက်နာတာကြောင့် အချင်းချင်း ဖြုတ်၊ ထုတ်၊ သတ်ပြီး နိဂုံးချုပ်သွားတဲ့ ဗိုလ်ချုပ်တွေရှိသလို ကိုယ့်နိုင်ငံရဲ့ စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုရာ ဖွံ့ဖြိုး တိုးတက်မှုတွေ၊ နောက်ခံသမိုင်းကြောင်းတွေနဲ့ မတူတဲ့ နိုင်ငံကို ပုံတူကူးချလို့ ဒုက္ခရောက်ကြရသူတွေလည်း အများအပြားရှိခဲ့တယ်” လို့ ဆိုပါတယ်။



BBC News
VOA News
DVB News
RFA News
မဇ္ဈိမ
ဧရာဝတီ
နေ့သစ်
သျှမ်းသံတော်ဆင့်
ကရင်သတင်းစဉ်
ကောင်းဝါ
ကချင်သတင်းစဉ်
ယနေ့မြန်မာ
ကန္တာရဝတီ တိုင်းမ်
ငုရင်ပြင်
ရိုးမ (၃)
မိုးမခ
ဟစ်တိုင်
ဟံသာဝတီ
နိရဉ္စရာ
ခေတ်လူငယ်
မြို့တော်ပုသိမ်သတင်းစဉ်
မြန်မာသတင်းရပ်ဝန်း
ရိုးရာလေး
Mandalay Gazette
People Media Voice
KIC News
BNI News
Burma Daily
Burma Digest
Burma Net
Kaladan
Network Media Group Rebound 88