Thursday, March 22, 2012

ဖမ်းဆီးထားသော မြန်မာနိုင်ငံ လုပ်သား ၁၅၄ ယောက်အား ခိုးကြောင်ခိုးဝှက် နှင်လွတ်



ယနေ့ ၂၁.၃.၂၀၁၂ ည ၉း၃၀ အချိန်တွင် ကျန်းဖုံး အထပ်သား စက်ရုံမှ ဖမ်းဆီးထားသော မြန်မာနိုင်ငံ လုပ်သား ၁၅၄ ယောက်အား ခိုးကြောင်ခိုးဝှက် နှင်လွတ် လိုက်သည်။

အလုပ်သမား ၁၅၄ ယောက်သည် ကျန်းဖုံး အထပ်သား စက်ရုံမှ ဖြစ်သည်။ ထိုစက်ရုံမှ အလုပ်သမားများအား လုပ်ခ လစာများ ရှင်းပေးခြင်း မရှိသဖြင့် ဆန္ဒပြရာမှ အလုပ်သမားများ နေထိုင်ခွင့် စာအုပ် စစ်၍ မရှိသဖြင့် ဖမ်းဆီး ထားခြင်းဖြစ်သည်။ နေထိုင်ခွင့် စာအုပ်လုပ်ရန် မှတ်ပုံတင် လိုပါသည်။ အလုပ်သမားများ၏ မှတ်ပုံတင်များအား စက်ရုံပိုင်ရှင်မှ သိမ်းဆည်း ထားပါသည်။ အလုပ်သမားများ နေထိုင်ခွင့် စာအုပ် လုပ်ရန် အလုပ်ရှင်မှ တာဝန် ယူရပါသည်။

ဖမ်းဆီးထားသော အလုပ်သမားများအား တနေကုန် မည်သည့် အစားအစာမှ ကျွေးမွေးခြင်း မရှိပဲ ည ၉း၀၀ နာရီ အချိန်မှ လူမသိ သူမသိ ခိုးချောင်ခိုးဝှက် စက်လှေဆိပ် တံတားမှ နှင်လွတ်ခြင်း ဖြစ်ပါသည်။ ဖမ်းဆီး ထားသူများကို တကယ်ဆိုလျှင် နှစ်နိုင်ငံ တရားဝင် လွဲပြောင်း ရမည်ဖြစ်ပါသည်။ အလုပ်သမား ၁၅၄ ယောက်အား မူဆယ်ဘက် နော်တောင်းဘုန်းကြီး ကျောင်းဝန်း အတွင်းတွင် ထားရှိပါသည်။ ယခုမှ မူဆယ်ဘက်မှ တာဝန်ရှိသူများ လာရောက်ကြည့်ရှု့ ပဏာယူလျက် ရှိပါကြောင်း ။ တာဝန် ယူချင်စိတ် ရှိလျှင် တရုတ်ပြည်ဘက် ရဲစခန်းတွင် ဖမ်းဆီး ထားသော မြန်မာ အလုပ်သမားများ အများအပြား ရှိပါသေးသည်။ ဆက်လက်၍လည်း ဖမ်းဆီး နေပါသေးသည်။



Ref: Aung Kyaw Zaw

0 comments:

အပေါ်သို့