Friday, March 23, 2012

မွန်အမျိုးသားကျောင်းများ လွှဲပြောင်း တာဝန်ယူရန် ခက်ခဲလျက်ရှိ

ကွန်းချမ်း
မတ်လ ၂၂ ရက် ၂၀၁၂ ခုနှစ်

မွန်ပြည်သစ်ပါတီ ဧရိယာပြင်ပရှိ မွန်အမျိုးသားကျောင်းများကို မွန်စာပေနှင့် ယဉ်ကျေးမှု ကော်မတီ (ဗဟို) သို့ လွှဲပြောင်းယူနိုင်ရန် ဆွေးနွေးနေ ရှိသော်လည်း တာဝန်ယူရန် ခက်ခဲလျက်ရှိကြောင်း သိရသည်။

မွန်ပြည်သစ်နှင့် ပြည်ထောင်စု အစိုးရတို့ ဖေဖော်ဝါရီလ အပစ်အခတ် ရပ်စဲပြီးနောက် လွှဲပြောင်းယူရန် မွန်ပြည်သစ်၏ ကမ်းလှမ်းချက်ကို မတ်လ ၁၈ ရက်နေ့က မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ မွန်ဓမ္မာရုံတွင် ပြုလုပ်သည့် မွန်စာ/ယဉ်၏ ဗဟိုကော်မတီ အစည်းအဝေးတွင် ဆွေနွေးခဲ့ကြသည်ဟု ကော်မတီ ဒု-ဥက္ကဋ္ဌ ဒေါက်တာ မင်းစိုးလင်း က ပြောသည်။

“သူတို့ ထိန်းချုပ် ဧရိယာပြင်ပမှာ ရှိတဲ့ ကျောင်းတွေ ဆက်လက် ပညာသင်ကြားနိုင်ဖို့အတွက် ကျနော်တို့ မွန်စာပေနဲ့ ယဉ်ကျေးမှု ကော်မတီ ဗဟိုကို စီမံကွပ်ကဲနိုင်ဖို့ အပ်နှင်းတာ ဖြစ်တယ်” ဟု မဇ္ဈိမကို ပြောသည်။

လွှဲပြောင်းပေးမည့် ကျောင်းများတွင် မွန်ပြည်နယ် သံဖြူဇရပ်၊ မုဒုံ၊ ကျိုက်မရောမြို့နယ်နှင့် ကရင်ပြည်နယ် ကော့ကရိတ်၊ ဘားအံမြို့ နယ်ရှိ မွန်အမျိုးသားကျောင်းများအပြင် အစိုးရကျောင်းနှင့် တွဲဖက်သင်ကြားသည့်ကျောင်း စုစုပေါင်း ၁၄၅ ကျောင်း ပါဝင်သည်။

အဆိုပါကျောင်းများကို တာဝန်ယူရန်မှာ ကြီးလေးသည့် တာဝန်တခု ဖြစ်ပြီး ကျောင်းဆရာ ဆရာမများ၏ လစာ အပါအဝင် အခြား ကုန်ကျမှုများအတွက် ဘဏ္ဍာငွေ ရှာဖွေရေး ကော်မတီတရပ်ကိုလည်း ဖွဲ့စည်းထားပြီ ဖြစ်ကြောင်း အဆိုပါ ကော်မတီမှ နာယက ဆရာတော်တပါး ဖြစ်သည့် ဘဒ္ဒန္တ သီလဝန္တက မိန့်သည်။

“အမျိုးသားကျောင်း ဆိုတာက နွေရာသီ သင်တန်းကျောင်းလို မဟုတ်ဘူး၊ တာဝန် အရမ်းကြီးတယ်။ ဘုန်းကြီးတို့က ရွာဘုန်းကြီးတွေဆီ သွားမယ်။ သူ့ရွာနဲ့သူ ရန်ပုံငွေ ရှာပြီး၊ အမျိုးသားကျောင်းအတွက် ဘဏ္ဍာရေး စုဆောင်းသွားမယ်” ဟု ဘဏ္ဍာ ရှာဖွေရေး ကော်မတီဝင် လည်း ဖြစ်သည့် ဆရာတော်က မိန့်ကြားသည်။

“အခု လေး ငါး မြို့နယ်ပဲ သူတို့ အရင် လွှဲတယ်။ ကွပ်ကဲနိုင်မယ်ဆိုရင် အားလုံးကို လွှဲပေးဖို့ အစီအစဉ် ရှိတယ်” ဟု ဆရာတော်က ဆက်လက်မိန့်ကြားသည်။

မွန်ပြည်သစ် လက်အောက်ရှိ မွန်အမျိုးသား ပညာရေးဌာနမှ တာဝန်ရှိသူတဦးကလည်း မွန်စာပေနှင့် ယဉ်ကျေးမှု ကော်မတီ (ဗဟို) အနေနှင့် မွန်အမျိုးသားကျောင်းများကို တာဝန်ယူနိုင်ရန်မှာ ဖြစ်နိုင်ခြေ နည်းကြောင်း ပြောသည်။

မွန်စာပေနှင့် ယဉ်ကျေးမှု ကော်မတီ (ဗဟို) ကို

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့