Tuesday, March 20, 2012

NLD ပါတီကိုယ်စားလှယ်ရဲ့ ပိုစတာတွေ ဖျက်ဆီးခံရ

2012-03-19

ပုသိမ်ခရိုင် မြောင်းမြမြို့နယ် ရှမ်းရေကျော်ကျေးရွာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့  မြောင်းမြမြို့နယ်က ယှဉ်ပြိုင်အရွေးခံမယ့် NLD ပါတီ ကိုယ်စားလှယ် ဦးမန်းဂျော်နီရဲ့ပုံ ဗီနိုင်းပိုစတာတွေ ဖျက်ဆီးခံရကြောင်း သိရှိရပါတယ်။

အခုလို ပိုစတာတွေ ဖျက်ဆီးခံရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ အာဏာပိုင်တွေကို မြောင်းမြမြို့နယ် NLD ပါတီက တိုင်ကြားထား တယ်လို့ ဧရာဝတီတိုင်း NLD လူငယ်အဖွဲ့ ဝင် ကိုစခင်ဇော်လင်းက ပြောပါတယ်။


NLD ပါတီအနေနဲ့  ဧရာဝတီတိုင်းမှာ စည်းရုံးရေးအခြေအနေ အားရစရာ ကောင်းတယ်လို့လည်း သူကပြောပါတယ်။ ဧရာဝတီတိုင်း လူငယ်အဖွဲ့တွေကလည်း စည်းရုံးရေး အထောက်အကူအနေနဲ့  NLD ကို မဲပေးကြဖို့ စည်းရုံးတဲ့ သီချင်းခွေကို မကြာခင် ဖြန့်ချိတော့ မယ်လို့  ပြောပါတယ်။

မြောင်းမြမြို့နယ်မှာ NDF ပါတီက ဦးအောင်မျိုးလှိုင်၊ ကြံ့ခိုင်ဖွံ့ ဖြိုးရေးပါတီက ဦးဖြိုးကိုကိုတင့်ဆန်းနဲ့  NLD ပါတီက ဦးမန်းဂျော်နီတို့  ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပါတယ် ။

Ref: အာရ်အဖ်အေ

0 comments:

အပေါ်သို့