Friday, May 22, 2009

အကြောက်တရား ကင်းသူ



သူတို့က အကြိမ်ကြိမ် ချုပ်နှောင်တယ်
နှလုံးသားကို မချုပ်နှောင်ဖြစ်ဘူး
သူတို့က အမုန်းကို ဈေးကွက်တင်ပြီး ရောင်းကြည့်တယ်
ကျင့်ဝတ်သိသူတွေက ကဲကြည့်ရုံမျှနဲ့ လှည့်ထွက်သွားတာပါပဲ
ဝယ်ရကောင်းနိုး တန်ဖိုး မတွက်တတ်သူတွေက
တွေဝေနေဆဲပေါ့။

သူတို့က အကြိမ်ကြိမ် မီးတင်ရှို့တယ်
နှလုံးသားကို မလောင်ကျွမ်းနိုင်ခဲ့ဖူး
သူတို့က အပေးအယူကို ရောင်စုံချယ်ပြီး လှည့်စားကြည့်တယ်
သီလ သိသူတွေက ကဲကြည့်ရုံမျှနဲ့ လှည့်ထွက်သွားတာပါပဲ။
ဆောင်ကြဉ်းရကောင်းနိုး မှတ်ကျောက် မတင်တတ်သူတွေက
ဝေဝါးနေဆဲပေါ့။

သူတို့က အကြိမ်ကြိမ် အသေသတ်ဖို့ ကြိုးစားတယ်
ကျူပင်ခုတ် ကျူငုတ်မကျန်
အာဃာတနဲ့ ရန်ငါစည်းပြတ်ပေါ့

တကယ်တော့....
ငြိမ်းချမ်းနေသူကို မတုန်လှုပ်စေနိုင်ခဲ့ဖူး
ဘယ်တော့မှလည်း အနိုင်ရမှာ မဟုတ်ဘူး။

အမှန်တရားသိသူ
အကြောက်တရားကင်းသူ
အတ္တအခန်းကျဉ်းထဲမှာ မနေသူ
ပရအတွက် ဆောင်ကြဉ်းသူ
တရားမျှတမှုကို မြတ်နိုးသူ
ခွင့်လွတ်ခြင်းအတွက် စံပြဖြစ်သူ။

သူ့အတွက်.........
တောင်တန်းတွေက သြဘာပေးနေတယ်
မြစ်ချောင်းတွေက သံပြိုင်သီချင်းတွေ ဟစ်ကြွေးနေတယ်
ကြယ်ပွင့်တွေက ကဗျာတွေချွေချ ပေးနေတယ်။

ကမ္ဘာတခုလုံး
အုံးအုံးကျွက်ကျွက်
သိမ့်သိမ့်တုန်လျှက်ပေါ့။ ။

.... စိုင်းဘုန်းလူ ...

Read More...

ဒေါ်အောင်ဆန်းစုကြည်ကို ရုပ်သံတွင်တွေ့ရသဖြင့် ပြည်သူများ စိတ်ချမ်းသာ

NEJ / ၂၁ မေ ၂၀၀၉

ဒေါ်အောင်ဆန်းစုကြည်ကို ရုပ်မြင်သံကြားက ထုတ်လွှင့်ပေးသည့် အတွက် ရန်ကုန်မြို့ခံ များက အတိုင်းထက် အလွန် ကျေနပ်လျက် ရှိကြောင်း သိရသည်။

ပြည်တွင်းမှ ဂီတစာဆိုတဦးက “တည်ကြည်လိုက်တဲ့ ရုပ်ရည်၊ ကြည်လင် လိုက်တဲ့ မျက်နှာဗျာ။ ဒီ အမျိုးသမီးက သူ့စိတ်ထဲမှာ ဥပေက္ခာ တရားတွေ နှလုံးသွင်းထားပုံ ပေါ်တယ်။ ပြီးတော့ ဒီစစ်အစိုးရကို လုံးဝ မတုန်လှုပ်ဘူး ဆိုတဲ့ ပုံပေါ်တယ်။ သူ့ကို အခုအချိန်မှာ ရုပ်မြင်သံကြားက ပြသလို့ လူတွေရဲ့ စိတ်မှာ ကြည်လင် အေးမြမှု တခုရတယ်ဗျ” ဟု ပြောသည်။

YCDC (ရန်ကုန်စည်ပင်) ၏ အငြိမ်းစား ဗိုလ်မှူးတဦးကလည်း ဒေါ်အောင်ဆန်း စုကြည်ကို (၁၀) နှစ်ကျော် မတွေ့ မမြင်ခဲ့ရဘဲ ယခုကဲ့သို့ ရုပ်မြင် သံကြားပေါ်မှာ တွေ့လိုက်ရသည့် အတွက် အတိုင်းထက် အလွန် ၀မ်းသာ ကြည်နူးမိကြောင်း ပြောသည်။

“သူ့ကို အစိုးရက အခုလိုထားလေလေ သူက ပါဝါတွေ တက်လာလေပါပဲ။ သူ့ကို ကြည့်ရတာ အန်ကယ်တို့ စိတ်ထဲမှာ ချမ်းမြေ့တယ်။ ဒါပေမယ့် အခုလို နေရတာမျိုးတော့ မဖြစ်စေချင်ဘူး။ စစ်အစိုးရ ၀န်ထမ်း တဦးဆိုပေမယ့် ဒေါ်အောင်ဆန်းစုကြည် အပေါ် ကရုဏာ ရှိပြီးသားပါ” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ယခုကဲ့သို့ (ယက်တောအိမ်ထဲ ၀င်ရောက်မှု) တရားခံဟု စွပ်စွဲသုံးနှုန်း စစ်ဆေးသည်ကို မကျေနပ်ကြကြောင်း၊ သို့သော် ပြောမိပါကလည်း ၎င်းတို့၏ စားဝတ်နေရေး အတွက် အလုပ်ပြုတ် သွားမည်ကို စိုးရိမ်ကြကြောင်း အစိုးရ ၀န်ထမ်းများကလည်း ပြောကြသည်။

တောင်ဥက္ကလာပမြို့နယ်တွင် နေထိုင်သော ဆက်သွယ်ရေး အရာရှိ တဦးက “ဘယ်သူ့ကို ဖြစ်ဖြစ် မေးလိုက်ပါ။ ဘယ်သူကမှ မကျေနပ်ကြဘူး။ ဒီကြားထဲ ရဲကားတွေက မြို့ထဲမှာ အင်အား ပြနေသေးတယ်။ ရှင်းရှင်းလင်းလင်း ပြောမယ်ဗျာ။ ဘယ်သူမှ သူတို့ကို မလိုလားဘူး။ ဒေါ်အောင်ဆန်းစုကြည် ကိစ္စမှာ ပိုဆိုး သွားတယ်” ဟု ပြောသည်။

ရန်ကုန်အခြေစိုက် ပြည်တွင်းသတင်းဂျာနယ်တစောင်၏ အယ်ဒီတာ တဦးကလည်း ယခုကဲ့သို့ စစ်အစိုးရ၏ လုပ်ရပ်အပေါ် စာပေ စာနယ်ဇင်းသမား အတော်များများက မနှစ်သက် ကြကြောင်း ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းအတွင်း အမေရိကန် နိုင်ငံသား ရေကူး ၀င်ရောက်မှုနှင့် ပတ်သက်၍ အင်းစိန် အထူး တရားရုံးတွင် မေ (၁၈) ရက်မှ စတင်၍ အမှုစစ်ဆေး ကြားနာခဲ့သည်။

တတိယနေ့ဖြစ်သည့် ယမန်နေ့တွင် နိုင်ငံခြားသံတမန် (၂၉) ဦးနှင့် ပြည်တွင်း ပြည်ပ သတင်းနှင့် စာနယ်ဇင်းများမှ သတင်းထောက် (၁၀) ဦးတို့ကို တရားခွင်သို့ လာရောက်ခွင့် ပြုခဲ့သည်။ စင်ကာပူ သမ္မတနိုင်ငံ၊ ရုရှား ဖက်ဒရေးရှင်းနှင့် ထိုင်းတို့မှ သံတမန်များနှင့် ဒေါ်အောင်ဆန်း စုကြည် တွေ့ဆုံသည့် သတင်းကို ယမန်နေ့ည (၈) နာရီတွင် စစ်အစိုးရ ရုပ်မြင်သံကြားမှ ထုတ်လွှင့် ပြသခဲ့သည်။

ယနေ့ မေလ (၂၁) ရက်နေ့ထုတ် အစိုးရ သတင်းစာများ တွင်လည်း အလားတူ သံတမန်များနှင့် ဒေါ်အောင်ဆန်းစုကြည် အင်းစိန် အကျဉ်းထောင် အထူး တရားရုံးတွင် တွေ့ဆုံသော သတင်းကို ဖော်ပြထားသည်။

Ref: ခေတ်ပြိုင်

Read More...

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကြေညာချက် - ၁၀/ ၀၅/ ၀၉

Read More...

နေ့စဉ်သတင်းများ ( ၂၁ - ၅ - ၀၉ )

ကုလအတွင်းအရေးမှူးချုပ် မြန်မာနိုင်ငံကို သွားမည် သတင်း
အင်းစိန်ထောင်ရှေ့ စတုတ္ထနေ့ မြင်ကွင်းမှတ်တမ်း သတင်း
နအဖ၏ ၂၀၀၉ အင်းယားကန်လုပ်ကြံမှုအဖြစ် မြန်မာပြည်သူတို့က ရှုမြင် သတင်း
နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး “ဝ” လက်မခံ သတင်း
မြန်မာစစ်အစိုးရ ကျူးလွန်တဲ့ပြစ်မှု ယူဂိုဆလားဗီးယား၊ ရ၀မ်ဒါတို့နဲ့ အလားတူ သတင်း
မြန်မာနိုင်ငံမှာ လူသားမျိုးနွယ်ဆန့်ကျင်ကျူးလွန်မှု ICC က စစ်ဖို့ တောင်းဆိုနေ သတင်း
ဒေါ်အောင်ဆန်းစုကြည်အမှု ၄ ရက်မြောက်နေ့ သတင်းများ သတင်း
ဒေါ်အောင်ဆန်းစုကြည်အမှုကို လေးရက်မြောက် ဆက်လက်စစ်ဆေး သတင်း
ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ .. သတင်း
တရားခွင်အတွင်း သံတမန်နှင့် စာနယ်ဇင်းကို ဝင်ရောက်ခွင့် မပေးပြန် သတင်း
သံတမန်နှင့် သတင်းသမားများကို တရားရုံးသို့ နောက်ထပ်ဝင်ခွင့်မပေး သတင်း
တံခါးပိတ် စီရင်ပြန်ပြီ သတင်း
ဒေါ်အောင်ဆန်စုကြည်နဲ့ ပတ်သက်တဲ့ စစ်အစိုးရရဲ့ ရှင်းလင်းချက် သတင်း
စတုတ္ထနေ့ ရုံးချိန်တွင် မစ္စတာယက်တော၏ ဗွီဒီယို၊ ဓာတ်ပုံများ ပြသ သတင်း
မစ္စတာယက်တောနှင့် ပတ်သက်ပြီး ရှေ့နေ ၂ ဦး၏ ပြောပြချက်များ သတင်း
ဆီဆိုင်နှင့် မောက်မယ်မြို့ရှိ ရွာသားများ နအဖ ဖမ်းဆီးရိုက်နှက် သတင်း
ကချင်ကျောင်းသားများ အစိုးရဆန့်ကျင်ရေး စာကပ် သတင်း
ကလေး ၃ ဦးကို မွန်အမျိုးသားဝတ်စုံ ဝတ်ဆင်မှုဖြင့် ရဲက ခြောက်လှန့်ပြီး ဖမ်း သတင်း

Read More...

Thursday, May 21, 2009

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကြေညာချက်- ၉/ ၀၅/ ၀၉


Read More...

နေ့စဉ်သတင်းများ ( ၂၀ - ၅ - ၀၉ )

ဒေါ်အောင်ဆန်းစုကြည်ကို ရုံးထုတ်သည့် တတိယနေ့ (မနက် ၁၁ နာရီမှ နေ့လည် ၁ နာ ရီ ၄၅ အထိ) သတင်း
ဒေါ်အောင်ဆန်းစုကြည်ကို ရုံးထုတ်သည့် တတိယနေ့ (မနက် ၃ နာရီမှ မနက် ၉ နာရီအထိ) သတင်း
သံအမတ်ကြီးများနှင့် သတင်းထောက်အချို့ ဒေါ်အောင်ဆန်းစုကြည်အမှု တက်ရောက်ခွင့်ရ သတင်း
အဖွဲ့ချုပ်ရုံးတဝိုက် လုံခြုံရေးတိုးမြှင့် သတင်း
ဗြိတိန်ဝန်ကြီးချုပ်ရဲ့ အိတ်ဖွင့်ပေးစာ သတင်း
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ဆင်ကွက်အတိုင်း သတင်း
ဒေါ်အောင်ဆန်းစုကြည်အမှု တရားခွင်သည် Half-open Court သတင်း
မြန်မာ့အရေး လုံခြုံရေးကောင်စီ ဆွေးနွေးရန် စင်ပြိုင်အစိုးရ တောင်းဆို သတင်း
လုံခြုံရေးရဲအရာရှိကြီးများ အင်းစိန်မီးရထားဆေးရုံအတွင်းမှ အနီးကပ် စီစဉ်ညွှန်ကြားနေ သတင်း
ဒေါ်အောင်ဆန်းစုကြည်အမှု သံတမန်များ မေးမြန်းခွင့်ရ၊ လုံခြုံရေးများ လျှော့ချထား သတင်း
ပြည်တွင်းအခြေစိုက် နိုင်ငံခြားသတင်းထောက်များ ဒေါ်အောင်ဆန်းစုကြည်အမှု သတင်းယူခွင့်ရ သတင်း
ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် အာဆီယံအဖွဲ့ဥက္ကဌ တောင်းဆို သတင်း
သတင်းသမား ၁၀ ဦးကို တရားရုံးသို့ ဝင်ခွင့်ပေးပြီ သတင်း
ဒေါ်အောင်ဆန်းစုကြည်အမှုကို စစ်ဆေးရန် အချိန်အနည်းဆုံး (၃) လခန့် ဆွဲထားနိုင် သတင်း
နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ၉ ဦးက ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးရေး တောင်းဆို သတင်း
လန်ဒန်မြို့က မြန်မာ့ဒီမိုကရေစီအင်အားစုတွေ ဆက်လက်ဆန္ဒပြ သတင်း
ဒေါ်အောင်ဆန်းစုကြည် တရားရင်ဆိုင်သည့် တတိယနေ့ သတင်းယူခွင့်ပြုမည်ဟုဆို သတင်း
မတရားဖမ်းဆီးခြင်းကိုခံနေရသော ဒေါ်အောင်ဆန်းစုကြည်အား ချက်ချင်းလွှတ်ပေးရန် တောင်းဆို သတင်း
စစ်အစိုးရရဲ့ ညစ်ပတ်တဲ့ တိုက်ကွက်တွေ အသင့်ဖြစ်နေပြီ (ဆောင်းပါး)
ကောက်ရိုးမီးတောက်ကို ကျော်လွန်၍၊ မီးကုန်ယမ်းကုန် အဆုံးသတ်တိုက်ပွဲဆီသို့ (ဆောင်းပါး)

Read More...

Wednesday, May 20, 2009

ကြားဖြတ်သတင်းများ

ယမန်နေ့ တရားခွင်သတင်း သတင်းစာများတွင် ဖော်ပြ
ဗုဒ္ဓဟူးနေ့၊ မေလ 20 2009 12:55 - မြန်မာစံတော်ချိန်

ယမန်နေ့က ပြုလုပ်သော ဒေါ်အောင်ဆန်းစုကြည်အမှု ဒုတိယနေ့ စစ်ဆေးမှုတွင် စစ်အစိုးရဘက် တရားလိုပြသက်သေ ၅ ဦး အစစ်ဆေးခံခဲ့ပုံနှင့် ထွက်ဆိုချက်များကို စစ်အစိုးရ ထိန်းချုပ်ထားသော နေ့စဉ် သတင်းစာများတွင် ဖော်ပြထားသည်။

မှုခင်းတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး မောင်မောင်ခင်၊ ရဲအုပ်သန်းနိုင်၊ ဒုတိယ တပ်ကြပ် မျိုးလွင်၊ ဒုတိယရဲမှူး မောင်မောင်မြင့် ၊ ရယကဥက္ကဌ ဦးသာစိန် တို့ကို စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

ဒုတိယရဲမှုးကြီး မောင်မောင်ခင်က သူ့အနေဖြင့် အမေရိက နိုင်ငံသား ဂျွန်ဝီလီယံ ယက်တောကို စစ်ဆေးရကြောင်း ပြောဆိုကာ မစ္စတာ ယက်တော မြန်မာနိုင်ငံသို့ ရောက်လာခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် နေအိမ်သို့ မည်သို့ သွားရောက်ခဲ့ပုံနှင့် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ဒေါ်ခင်ခင်ဝင်း၊ မဝင်းမမ တို့က အစားအစာများ ကျွေးမွေးခဲ့ပုံကို ထွက်ဆိုသွားသည်ဟု မြန်မာ့အလင်း သတင်းစာက ရေးသားထားသည်။

တရားလိုပြသက်သေ အမှတ် (၇ ) ရဲတပ်ရင်းမှ ရဲအုပ်သန်းနိုင်ထွက်ဆိုချက်တွင်တော့ သူသည် ပြည်လမ်းတံတားဖြူ မှတ်တိုင် အနီး ကန်သာယာ ဆေးရုံဟောင်းတွင် အခြေပြုပြီး မေလ ၄ရက် နံနက်ပိုင်း လုံခြုံရေးတာဝန်ယူခဲ့ကြောင်းနှင့် မေလ ၆ရက်နံနက် ၅နာရီခွဲတွင် အင်းလျားကန်စပ်ဘက် သွားရောက်ကြည့်ရှုရာ ကမ်းစပ်နှင့် ကိုက်၁ဝဝခန့်တွင် အထုပ်ကို တွေ့ရကြောင်း၊ အထုပ်နှင့် ကပ်ပါလာသူမှာ နိုင်ငံခြားသား တဦး ဖြစ်သည်ကို တွေ့ရကြောင်းပြောဆိုပြီး သိမ်းဆည်းရမိသည့် ပစ္စည်းများစာရင်းကို ဖတ်ပြသွားသည်။

တရားလိုပြသက်သေ သတင်းတပ်ဖွဲ့ စစ်ဆင်ရေး ဌာနခွဲမှ ဒုတိယ ရဲမှုးမောင်မောင်မြင့် ထွက်ဆိုချက်မှာ မေ ၆ရက် နံနက် ၅နာရီခွဲခန့်တွင် ရဲတပ်ရင်း (၇ ) တပ်ခွဲ (၃ ) မှ ရဲအုပ်သန်းနိုင်က ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်မှ အင်းလျားကန်ကို ဖြတ်ပြီး ရေကူးလာသော မစ္စတာယက်တော အား လာရောက်ပို့ အပ်ပေးသဖြင့် လက်ခံခဲ့ကြောင်းနှင့် မစ္စတာယက်တော နှင့် အတူပါလာသော ပစ္စည်းများကို သက်သေ မရမ်းကုန်း မြို့နယ် အမှတ် (၄ ) ရပ်ကွက် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌ ဦးသာစိန်၊ ဦးစိုးမြင့် တို့နှင့် အတူရှာဖွေ သိမ်းဆည်းကြောင်း ထွက်ဆိုသွားကြောင်း သတင်းစာက ရေးသားထားသည်။
------------------------------------------------

သတင်းစာဆရာ ၁ဝ ဦးကို ဒေါ်အောင်ဆန်းစုကြည် တရားခွင် တက်ရောက် နားထောင်ခွင့်ပြု
ဗုဒ္ဓဟူးနေ့၊ မေလ 20 2009 12:45 - မြန်မာစံတော်ချိန်

အင်းစိန်ထောင်အတွင်း အထူးတရားရုံး၌ ပြုလုပ်နေသော တတိယနေ့မြောက် ဒေါ်အောင်ဆန်းစုကြည်၏ အမှု တရားခွင်ကို ရန်ကုန်အခြေစိုက် နိုင်ငံခြားသတင်းထောက် ငါးဦးနှင့် ပြည်တွင်း ဂျာနယ်တိုက်များမှ သတင်းထောက် ငါးဦးကို တက်ရောက် နားထောင်ခွင့်ပြုလိုက်သည်။

“နိုင်ငံခြားသတင်းဌာန သတင်းထောက် ငါးယောက်နဲ့ ဂျာနယ် သတင်းထောက် ငါးယောက်ကို မဲနှိုက်ပြီး ရွေးချယ်လိုက်တယ်” ဟု ရန်ကုန်အခြေစိုက် နိုင်ငံခြား သတင်းဌာန သတင်းထောက်တဦးက မဇ္ဈိမသို့ ပြောသည်။

“အခုပဲ ကျနော်တို့ အင်းစိန်ထောင်ကို ဝင်နေပြီ ခင်ဗျ” ဟု သူက ပြောသည်။

တရားခွင်ကို ပြည်သူအများ တက်ရောက် နားထောင်ခွင့်ပြုရန် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများနှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အစောပိုင်းက တောင်းဆိုထားခဲ့သော်လည်း စစ်အစိုးရက တံခါးပိတ် တရားခွင်ကို ဆက်လက် ပြုလုပ်နေပြီးမှ သတင်းထောက် အချို့ကို နားထောင်ခွင်ပြုမှု ပေါ်ပေါက်လာခြင်း ဖြစ်သည်
------------------------------------------------

သံတမန်များကို ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် ပြုမည်
ဗုဒ္ဓဟူးနေ့၊ မေလ 20 2009 11:30 - မြန်မာစံတော်ချိန်

နိုင်ငံခြား သံတမန်များထဲမှ သံတမန်အချို့ကို အင်းစိန်ထောင်အတွင်း အထိန်းသိမ်းခံနေရပြီး အမှုဆိုင်နေရသော ဒေါ်အောင်ဆန်းစုကြည်ကို ယနေ့ မွန်းလွဲပိုင်းတွင် တွေ့ဆုံခွင့်ပြုမည်ဟု သံတမန် သတင်းရပ်ကွက်အရ သိရသည်။ ထို့အပြင် ရန်ကုန်အခြေစိုက် နိုင်ငံတကာ ကြေးနန်း သတင်းဌာနများမှ သတင်းထောက်အချို့ကိုလည်း လိုက်ပါခွင့် ပြုမည်ဟု စုံစမ်း သိရှိရသည်။


ဂမ်ဘာရီကို မြန်မာပြည်သို့ အမြန်လွှတ်ရန် စင်ပြိုင်အစိုးရပြော
ဗုဒ္ဓဟူးနေ့၊ မေလ 20 2009 11:30 - မြန်မာစံတော်ချိန်

စင်ပြိုင်အစိုးရဖြစ်သော ပြည်ထောင်စုမြန်မာနိုင်ငံ ညွှန့်ပေါင်းအစိုးရ (အန်စီဂျီယူဘီ)က ကမ္ဘာ့ ကုလသမဂ္ဂလုံခြုံရေး ကောင်စီအနေဖြင့် အရေးပေါ် အစည်းအဝေးတရပ် ကျင်းပပြီး ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂမ်ဘာရီကို မြန်မာနိုင်ငံသို့ အမြန်ဆုံး စေလွှတ်သင့်ကြောင်း အကြံပြုပြောဆိုလိုက်သည်။
------------------------------------------------

စစ်အစိုးရက သံတမန်များကို ရှင်းလင်း
ဗုဒ္ဓဟူးနေ့၊ မေလ 20 2009 09:48 - မြန်မာစံတော်ချိန်

ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားသော အမှုနှင့်ပတ်သက်ပြီး စစ်အစိုးရက မြန်မာနိုင်ငံရှိ နိုင်ငံခြား သံရုံးများမှ သံတမန်များနှင့် ကုလသမဂ္ဂရုံးများမှ ကိုယ်စားလှယ်များကို ကို ရန်ကုန်မြို့ ဒဂုံမြို့နယ်ရှိ ပြည်လမ်းရှိ နိုင်ငံခြားရေး ဝန်ကြီးရုံး အဆောက်အဦဟောင်းတွင် ယနေ့နံနက်တွင် ခေါ်ယူကာ ရှင်းလင်းမှု ပြုလုပ်မှာ ဖြစ်သည်။

Ref: မဇ္ဈိမ

Read More...

နေ့စဉ်သတင်းများ ( ၁၉ - ၅ - ၀၉ )

အင်းစိန်ထောင် တရားခွင် ဒုတိယနေ့ တရားလိုပြသက်သေ ၅ ဦး စစ်ဆေး သတင်း
ဒေါ်အောင်ဆန်းစုကြည်ကို ချွင်းချက်မရှိ ချက်ချင်းလွှတ်ပေးဖို့ နိုဘဲလ်ဆုရှင်တွေရဲ့ တောင်းဆိုသံများ သတင်း
ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးခံရမှုအပေါ် NLD (LA) တာဝန်ခံရဲ့ အမြင်သုံးသပ်ချက် သတင်း
ဒေါ်အောင်ဆန်းစုကြည်အား ရုံးထုတ်စစ်ဆေးမှု ဒုတိယနေ့ အခြေအနေ သတင်း
ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး မှုတ်ဆေးစာတန်းလှုပ်ရှားမှု ဆင်နွှဲ သတင်း
ဗြိတိန်ဝန်ကြီးချုပ်မှ ဒေါ်အောင်ဆန်းစုကြည်သို့ အိတ်ဖွင့်ပေးစာပို့ သတင်း
ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ပြန်လွှတ်ပေးဖို့ အာဆီယံတောင်းဆို သတင်း
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ယက်တော နေထိုင်ခဲ့ သတင်း
ရန်ကုန်-မန္တလေးမြို့များတွင် လုံခြုံရေးများ တင်းကျပ်ဆဲ သတင်း
ဒေါ်အောင်ဆန်းစုကြည်အမှု ဒုတိယရုံးချိန်းတွင် ရဲ ၄ ဦးနှင့် အရပ်သားတဦးကို စစ် သတင်း
ထိုင်း-မြန်မာနယ်စပ်တွင် ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ဆုတောင်းပွဲ ကျင်းပ သတင်း
ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ရန် KNU တောင်းဆို သတင်း
ဒေါ်အောင်ဆန်းစုကြည် ရုံးချိန်းဒုတိယနေ့သို့ လာရောက်သည့် ပရိသတ်အပေါ် စစ်အုပ်စုက ပိုမိုရိုင်းပြ သတင်း
စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အမှုကို အမြန်ပြီးလိုဟန်ရှိ သတင်း
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဗြိတိသျှပါလီမန်တွင် လှုံ့ဆော် သတင်း
မြန်မာ့အရေး အာဆီယံနဲ့ တရုတ် သဘောထားထုတ်ပြန် သတင်း
ဗြိတိသျှအောက်လွှတ်တော်ဥက္ကဋ္ဌ နှုတ်ထွက် သတင်း
ကင်းတားဆည် ရေလွှဲမြောင်းကျိုးသဖြင့် ကျေးရွာများ ရေနစ်မြုပ် သတင်း
ဘုရားကြီးတွင် လုံခြုံရေးယူထားသော ရဲသားများကြောင့် ဘုရားဖူးသူများ စိတ်အနှောင့်အယှက်ဖြစ် သတင်း
၂၆ နှစ်ကြာ သီရိလင်္ကာပြည်တွင်းစစ် အဆုံးသတ်ကြောင်း သမ္မတ ကြေညာ သတင်း

Read More...

Tuesday, May 19, 2009

ကြားဖြတ်သတင်းများ

အင်းစိန်ဈေးအနီးရှိ လာရောက် နားစွင့်နေသူတဦး
အင်္ဂါနေ့၊ မေလ 19 2009 13:50 - မြန်မာစံတော်ချိန်

“ခုနကတော့ ရဲကားတစီး ရောက်လာတယ်။ အနီးဆုံး နေရာပေါ့နော်။ သူတို့ သံဆူးကြိုးချထားတဲ့ အနီးဆုံးနေရာနဲ့ မလှမ်းမကမ်းမှာ ထိုင်နေတဲ့ လူတွေကို မောင်းထုတ်တယ်။ မောင်းထုတ်ပြီးတော့ ပြန်ထွက်သွားတာပဲ။

၁၂းဝဝ နာရီ သာသာလောက်ကပေါ့။ အဲဒီ ရဲကားက သေနတ်တွေနဲ့လေ။ သူတို့ ရောက်လာတယ်။ ဆင်းပြီးတော့ အဲဒီနား ထိုင်နေတဲ့ လူတွေဘေးမှာ ရပ်တယ်။ ရပ်ပြီးတော့ မောင်းထုတ်တယ်။ ဒီနေ့ လုံခြုံရေးက မနေ့ကထက် ပိုများတယ်။ စွမ်းအားရှင်တွေ၊ ကြံ့ဖွံ့တွေ၊ အရပ်ဝတ်နဲ့ ရဲတွေကလည်း သူတို့အုပ်စုနဲ့ ရောနေတာပဲ။”
-----------------------------------

သေနတ်ကိုင် လုံခြုံရေးနှင့် လူအုပ်စု
အင်္ဂါနေ့၊ မေလ 19 2009 13:25 - မြန်မာစံတော်ချိန်

ဦးဝင်းတင် အရှေ့ဘက်တွင် ရပ်ထားခဲ့သော လက်နက်ကိုင် လုံခြုံရေးကားသည် နေရာရွှေ့သွားပြီ ဖြစ်သော်လည်း လူအုပ်စုများ ရှိရာဘက်သို့ ဦးတည်မောင်းလာလိုက်၊ လူအုပ်စုက အိနြေ္ဒမပျက် ဖယ်ရှားလိုက်နှင့် ဖြစ်နေသည်။

ယမန်နေ့က ရှင်းလင်းနေခဲ့သည့် လမ်းမပေါ် ယခုနေရာတွင် ယခု စစ်ကားတစီးထဲ သေနတ်ပြောင်းများ ချိန်ရွယ်ကာ ဟန်ရေးပြနေသဖြင့် လူငယ်အများစု ပါဝင်သော ၄၀၀ ကျော်ရှိမည့် လူအုပ်စုကြီးက မကျေမချမ်း ပြောဆိုမှုများလည်း ရှိနေသည်။

တိုက်ရိုက် မမြင်တွေ့ရ၊ မကြားရသော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ တရားခွင်ကို လာရောက်နားစွင့်သူမှာ ယမန်နေ့ကထက် များလာပြီး လူငယ်အများစု ပါဝင်သည်ကို တွေ့ရသည်။
-----------------------------------

လက်နက်ကိုင် လုံခြုံရေးများ ဦးဝင်းတင်ရှိရာ ချဉ်းကပ်လာ
အင်္ဂါနေ့၊ မေလ 19 2009 12:35 - မြန်မာစံတော်ချိန်

ချင်းမိုင် (မဇ္ဈိမ)။ ။ ဦးဝင်းတင် ထိုင်နေရာ တည့်တည့်သို့ ယူနီဖောင်းဝတ် လက်နက်ကိုင် လုံခြုံရေးများ ကားတစီး အပြည့်ဖြင့် ရောက်ရှိလာရာ ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။

ယမန်နေ့က လက်ကိုင်စကားပြော ကိုင်သူ နှစ်ဦး၊ သုံးဦးသာ ထိုနေရာသို့ ရောက်ခဲ့ရာမှ အထူးတပ်ဖွဲ့ ဖြစ်ဟန်ရှိသည့် လုံထိန်းရဲ ၃ဝ ခန့်က ကားဖြင့် ရောက်လာပြီး ဦးဝင်းတင်ရှေ့ဘက် တဖြည်းဖြည်း ချဉ်းကပ်လာခဲ့ရာ စိုးရိမ် ထိတ်လန့်လာသူ အချို့ ရှောင်တိမ်းကုန်သည်။

ဦးဝင်းတင်မှာ ထိုင်မြဲထိုင်လျှက်ရှိပြီး အခြေအနေမှာ လာရောက်ကြည့်ရှုသူ အချို့ စိုးရိမ်မှုများ အတိုင်းသား မြင်တွေ့နေရကြောင်း အခြေအနေကို အကဲခတ် စောင့်ကြည့်နေသူ တဦးက ပြောသည်။
-----------------------------------

ဦးဝင်းတင် အင်းစိန်ထောင်အနီး ရောက်ရှိ
အင်္ဂါနေ့၊ မေလ 19 2009 12:17 - မြန်မာစံတော်ချိန်

အင်းစိန်လမ်း ပိတ်ထားသည့် နေရာအနီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် တဦးဖြစ်သော ဦးဝင်းတင်၊ ဒေါ်နော်အုန်းလှတို့ အပါအဝင် လူ ၂၀၀ ခန့်က စောင့်ဆိုင်းလျှက် ရှိသည်။
-----------------------------------

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် အာဆီယံတောင်းဆိုပြီ
အင်္ဂါနေ့၊ မေလ 19 2009 11:50 - မြန်မာစံတော်ချိန်

ချင်းမိုင် (မဇ္ဈိမ)။ ။ ဒုတိယနေ့ တရားရင်ဆိုင်နေရသည့် ဒေါ်အောင်ဆန်းစုကြည်ကို ချက်ခြင်းလွှတ်ပေးရန် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ)က တောင်းဆိုလိုက်သည်။

”ဒေါ်အောင်ဆန်းစုကြည်ကို ချက်ခြင်းလွှတ်ပေးဖို့ မြန်မာနိုင်ငံတော် အစိုးရကို အာဆီယံ ခေါင်းဆောင်များက တောင်းဆိုလိုက်ပါသည်” ဟု အာဆီယံ၏ ယနေ့ ထုတ်ပြန်သော ကြေညာချက်တွင် ပါရှိသည်။

”အာဆီယံ အနေဖြင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီသို့ ငြိမ်းချမ်းစွာ ကူးပြောင်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်အတွက် အပြုသဘောဆောင်တဲ့ ကူညီပံ့ပိုးမှုလုပ်ပေးဖို့ အဆင့်သင့်ဖြစ်နေကြောင်း ထိုင်းနိုင်ငံသည် အာဆီယံရဲ့ ဥက္ကဌအနေနဲ့ ထပ်လောင်းပြောလိုက်ရပါသည်၊” ဟုလည်းပါရှိသည်။


ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်မှ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင် လူငယ်တဦးကို ဆက်သွယ်မေးမြန်းချက်
အင်္ဂါနေ့၊ မေလ 19 2009 11:50 - မြန်မာစံတော်ချိန်

” ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ ကိစ္စကို ကျနော်တို့ မြို့နယ်ကလည်း ကန့်ကွက်တယ်။ အင်းလေးဒေသ ညောင်ရွှေမြို့နယ်ပေါ့လေ။ ဒီကစ္စက မတရားနည်းလုပ်တာ ဖြစ်တဲ့အတွက်ကြောင့် လုံးဝ ကန့်ကွက်တယ်လို့ပြောချင်တယ်။”

” အခုကျနော်တို့ ဒီဘက်မှာက လုံးဝ မကျေနပ်လို့ လိုက်ပြောနေတာ ကျေးရွာတွေအထိပဲ။ တတိုင်းပြည်လုံးက မကျေမနပ် ဖြစ်နေကြတယ်။”

” လှည်းသမား၊ ရွာသားတွေ၊ ဆိုက်ကားသမားတွေကအစ ဒါကို လုံးဝ မခံဘူး။ ကျနော်တို့တောင် ဘာမှ ပြောနေစရာ တောင်မလိုဘူး။ ရွာက ငါးရွာလောက် လုပ်ပြီးပါပြီ မိုင်းသောက်၊ ရွာမ၊ မြေနီကုန်း၊ သာလေးကျေးရွာများကို လိုက်ပြောနေတာ။ ကျနော်တို့ အန်အယ်ဒီ လူငယ်တွေပေါ့လေ။ နီးစပ်ရာ စုပြီး ပြောဖြစ်ကြတယ်လေ။”

” ကျနော်တို့ကတော့ ပြည်သူ ဆန္ဒကို ဖော်ထုတ်ရမှာပဲ။ ရွာသားတွေက ဘာပြောလဲဆိုတော့ ခင်ဗျားတို့ ခေါင်းဆောင်မယ်ဆိုရင် ကျနော်တို့ကတော့ နောက်ကနေလိုက်လာမှာပဲ။ ရွာသားတွေက ကျနော်တို့တောင် တားနေရတယ်။ စပြီး တရားစွဲတဲ့ နေ့ကစပြီး အကုန်လုံး စိတ်မကောင်း ဖြစ်နေကြတယ်။”
-----------------------------------

အင်းစိန်ထောင်အနီး အခြေအနေ
အင်္ဂါနေ့၊ မေလ 19 2009 10:55 - မြန်မာစံတော်ချိန်

ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက တရားစွဲဆိုထားမှုနှင့် ပတ်သက်ပြီး ယနေ့ ပြုလုပ်မည့် တရားခွင်မတိုင်မီ အင်းစိန်ထောင်ရှေ့ လမ်းမကြီးကို ယမန်နေ့က ကဲ့သို့ပင် နှစ်ဘက်ညှပ် ပိတ်ထားသည်။ သို့သော်လည်း ယမန်နေ့က ပိတ်ခိုင်းထားခြင်း ခံရသော ဈေးဆိုင်များ ယနေ့တွင် ပုံမုန်လို ဖွင့်လှစ် ရောင်းချနေကြသည်။

လုံခြုံရေးကို ထပ်မံ အားဖြည့်ထားဟန်ရှိပြီး ဘောလုံးကွင်းအတွင်း စစ်တပ်ကိုပါ ချထားသည်။

နံနက် ၉ နာရီခွဲခန့်တွင် တရားဆိုင်ဘက်မှ ရှေ့နေများ ဖြစ်ကြသော ဦးကြည်ဝင်း၊ ဦးဥာဏ်ဝင်း၊ ဦးလှမျိုးမြင့်နှင့် ဒေါ်ခင်ဌေးကြွယ်တို့ တံခါးပိတ် အထူး တရားရုံးရှိရာ အင်းစိန်ထောင်အတွင်းသို့ ဝင်ရောက်သွားကြသည်။

တရားခွင် အခြေအနေကို လာရောက် နားစွင့်လိုသူများနှင့် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူများ တဖွဲဖွဲ ရောက်လာနေသည်ဟု အခြေအနေကို စောင့်ကြည့် လေ့လာနေသူ တဦးက ပြောသည်။
-----------------------------------

ဒေါ်အောင်ဆန်းစုကြည်အမှု သတင်းစာများတွင် စတင်ဖော်ပြ
အင်္ဂါနေ့၊ မေလ 19 2009 10:33 - မြန်မာစံတော်ချိန်

ချင်းမိုင် (မဇ္ဈိမ)။ ။ နေအိမ် အကျယ်ချုပ်ကာလအတွင်း စည်းကမ်း ချိုးဖောက်သည်ဆိုသော စွဲချက်ဖြင့် စစ်အစိုးရက စွဲဆိုထားခြင်းခံရသော ဒေါ်အောင်ဆန်းစုကြည်၏ အမှုအကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် အကျဉ်းချုပ် ဖော်ပြလာသည်။

နေအိမ်ကို ရေကူး ဝင်ရောက်ခဲ့သော အမေရိကန်နိုင်ငံသား ဂျွန် ဝီလီယံ ယက်တောကို လက်ခံစကားပြော ဧည့်ခံခဲ့မှုဖြင့် သတင်းတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး ဇော်မင်းအောင်က တရားလိုပြုလုပ်ကာ တရားစွဲဆိုထားခြင်း ဖြစ်ကြောင်း စစ်အစိုးရ ထိန်းချုပ်ထားသည့် သတင်းစာက ဖော်ပြထားသည်။

နိုင်ငံတကာ သတင်းဌာနများနှင့် ပြည်ပအခြေစိုက် မြန်မာသတင်းဌာနများက အလေးထား ဖော်ပြနေသော်လည်း သတင်းအမှောင်ချ ဆင်ဆာ ကျင့်သုံးသည့် နိုင်ငံ၏ သတင်းစာက ယနေ့မှ စတင် ဖော်ပြလာခြင်း ဖြစ်သည်။

မစ္စတာ ယက်တောသည် ဒေါ်အောင်ဆန်းစုကြည် နေအိမ်ခြံဝင်း အတွင်းသို့ နှစ်ကြိမ် ရောက်ရှိခဲ့ပြီး ယမန်နှစ်က လာရောက်ခဲ့သော ပထမအကြိမ်က စာအုပ်တအုပ် ထားခဲ့ကြောင်း ပါရှိသည်။

မေလ ၃ ရက် အင်လျားကန်ဖြတ် ရေကူးရောက်လာသော မစ္စတာ ယက်တောကို ဒေါ်အောင်ဆန်းစုကြည်က လက်ခံ စကားပြောခြင်း၊ အစားအသောက်များ ကျွေးမွေးခြင်းတို့ ပြုလုပ်ခဲ့သလို မေ ၅ ရက် ညအချိန်အထိ နေအိမ်အတွင်း နေထိုင်ခွင့် ပြုခဲ့သည်ဟု ပါရှိသည်။

နိုဝင်ဘာ ၃၀ ရက်၊ ၂၀၀၈ ခုနှစ်က ခြံဝ၌ Book of Mormon အမည်ရှိ စာအုပ်ကို ချထားပေးခဲ့ကြောင်း ပါရှိသည်။

ဒေါ်အောင်ဆန်းစုကြည်အတွက် တရားရုံးချုပ် ရှေ့နေများဖြစ်သည့် ဦးကြည်ဝင်း၊ ဦးဥာဏ်ဝင်း၊ ဦးလှမျိုးမြင့်တို့က လိုက်ပါ ဆောင်ရွက်ပေးနေကြောင်း ဒေါ်ခင်ဌေးကြွယ်၊ ဦးလှမျိုးမြင့်၊ ဦးဥာဏ်ဝင်းတို့က လည်းကောင်း၊ မစ္စတာ ယက်တောအတွက် အထက်တန်းရှေ့နေ ဦးခင်မောင်ဦးက လည်းကောင်း လိုက်ပါ ဆောင်ရွက်ပေးနေကြောင်း ပါရှိသည်။

Ref: မဇ္ဈိမ

Read More...

ဒေါ်အောင်ဆန်းစုကြည် တရားခွင် ပထမနေ့ အင်းစိန်ထောင်ရှေ့ လုံခြုံရေး တင်းကျပ်

18 May 2009

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန် အင်းစိန်ထောင်တွင်း အထူးတရားခွင်မှာ အာဏာပိုင်တွေက ဒီကနေ့ ရုံးထုတ် စစ်ဆေးလိုက်ပါတယ်။ ပထမအကြိမ် ထောင်တွင်း ကြားနာ စစ်ဆေးမှုကို လုံခြုံရေးတွေ တင်းတင်းကျပ်ကျပ် ချထားတဲ့ကြား ကပဲ တရားခွင်အခြေ အနေကို သိလိုကြတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူတွေ၊ စိတ်ဝင်စားသူတွေ အများအပြားလည်း အင်းစိန်ထောင် ပတ်ဝန်း ကျင်မှာ ဒီကနေ့ စုဝေးရောက်ရှိ လာကြပါတယ်။ အကြောင်းစုံကို စုံစမ်းထားတဲ့ ကိုအောင်လွင်ဦးက တင်ပြပေးထား ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်ကို အမေရိကန်နိုင်ငံသား တယောက် တိတ်တဆိတ် ရေကူး ၀င်ရောက် ခဲ့တာနဲ့ ပတ်သက်ပြီး တရားစွဲဆို ကြားနာမှုတွေ စလုပ်ခဲ့တာပါ။ လုံခြုံရေးတွေ ထူထူထဲထဲ ချထားတဲ့ ရန်ကုန် အင်းစိန်ထောင်တွင်း တရားခွင် အတွင်း တရားလို သက်သေ အဖြစ်နဲ့ ဒုတိယရဲမှူးကြီး တဦးကို စတင် စစ်ဆေးတာတွေ လုပ်ပြီး တော့ နေ့လယ်ပိုင်းမှာ တရားခွင် အဆုံးသတ်သွားပြီး မနက်ဖြန် ဆက်စစ်မယ်လို့ အမှုမှာ လိုက်ပါ ဆောင်ရွက်ပေးမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ တဦးဖြစ်တဲ့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ဒီနေ့တရားခွင်က မနက် ၁၀ နာရီ ကျော်ကျော်လောက်မှာ စပါတယ်။ ကျနော်တို့ ရှေ့နေ ၄ ဦး ၀င်ပါတယ်။ မစ္စတာဂျွန်ဝီလျမ် အတွက်ပါဆိုရင် အားလုံး ၅ ဦးပေါ့။ ပထမဆုံး အနေနဲ့ တိုင်ကြားတဲ့ ပုဂ္ဂိုလ် ဒုတိယ ရဲမှူးကြီး တယောက်ကို ဒီနေ့ စစစ်ပါတယ်။ ၁၀ နာရီ ကျော်ကျော်လောက်က စစ်တာ ၂ နာရီ၊ ၂ နာရီခွဲ လောက်မှာ ပြီးပါတယ်။ ဒီနေ့ ရုံးချိန်းကတော့ ဒီတယောက်နဲ့ပဲ ပြီးသွားတယ်။ ကျနော်တို့ မနက်ဖြန် ဆက်ချိန်းတယ်။”

နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ ကန့်သတ် တားဆီးမိန့်ကို ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အာဏာပိုင်တွေက ပြီးခဲ့တဲ့ အပတ်ထဲမှာပဲ ဒေါ်အောင်ဆန်းစုကြည်ကို တရား စွဲဆို လိုက်တာပါ။ ဒါပေမယ့်လည်း ဒီစွပ်စွဲချက်နဲ့ ပတ်သက်လို့ ကာယကံရှင် ဖြစ်တဲ့ ဒေါ်အောင်ဆန်း စုကြည်က အပြစ် မရှိကြောင်းလည်း ပြောဆိုထားတာ ဖြစ်ပါတယ်။ ဒီအပေါ်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥပဒေ အကျိုးဆောင် တွေက အခုတရား ခွင်မှာ သက်သေစစ်ချက် အပေါ် ဥပဒေကြောင်း အရ ပြန်လှန် မေးခွန်း ထုတ်ခဲ့တယ်လို့ လည်း ရှေ့နေကြီး ဦးကြည်ဝင်းက ပြောပါတယ်။

“ကျနော်တို့က ပြန်လှန်မေးတဲ့အခါ သူတို့ တားဆီးမိန့်ကို ဖတ်ပြတယ်။ ဖတ်ပြပြီးတော့ အဲဒီထဲမှာပါတဲ့ တချက်ချင်း မေးလိုက်တယ်။ အဲဒီထဲမှာ ဘာပါလဲဆိုတော့ မကျွေးရ ဘူးတို့၊ စကား မပြောရဘူးတို့ ပါလား။ ပြင်ပနဲ့ ဆက်သွယ်တာ မဟုတ်ဘူး။ သူက အခု လုံခြုံရေး ယူထားတဲ့ကြားက ဖောက်ပြီးဝင်လာတာ။ ဒီလို လုံခြုံရေး ယူထားတာ မပေါက်လို့ရှိရင် ဒီအမှု မဖြစ်ဘူး။”

ပထမဆုံးအကြိမ် တရားရုံးတင် စစ်ဆေးမှုတွေအတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်န်အယ်လ်ဒီ) ပါတီဝင်တွေ၊ သူ့ကို ထောက်ခံကြ သူတွေနဲ့ စိတ်ဝင်စားသူ အများ အပြား ရောက်လာ ကြပေမယ့် အာဏာပိုင်တွေက လုံခြုံရေး အစီအမံတွေကို တင်းတင်းကျပ်ကျပ် ချထားတာပါ။ အင်းစိန်ထောင်ရှေ့ သာမက အင်းစိန်မြို့ထဲ အဓိကနေရာ အတော် များများမှာပါ လုံခြုံရေးတပ်ဖွဲ့တွေ၊ အစိုးရ ကျောထောက် နောက်ခံပေးထားတဲ့ စွမ်းအားရှင် အဖွဲ့ဝင်တွေက လမ်းပေါ်မှာ တားဆီး ပိတ်ဆို့ တာတွေ လုပ်ထားတာလို့ ရန်ကုန်မြို့ခံ တယောက်က ပြောပြပါတယ်။

“ဟိုဘက် ပန်းခြံဘက်ကလည်း ပိတ်တယ်။ ဒီဘက် ပေါက်တောဝ ဘက်ကလည်း ပိတ်တယ်။ နှစ်ဖက်လုံး ပိတ်လိုက်တာ၊ ဟိုဘက်ဒီဘက်ကို။ မနက် အစောကြီးပိုင်းက လူဝင်လို့ ရသေးတယ်။ ၂ ယောက် ပါသွားတယ်လို့ ပြောတယ်၊ ဘယ်သူတွေလဲ ဆိုတာတော့ မသိရသေးဘူး။ ၈ နာရီခွဲ လောက်က ဆိုရင် ကားလမ်း မမှာ အများကြီးပဲ၊ စွမ်းအားရှင်တွေရော၊ လုံထိန်းတွေရော၊ ရဲတွေရော အများကြီးပဲ။ ဒါပေမယ့် အဲဒီ လမ်းပိတ်တဲ့ နေရာမှာကြတော့ စစ်တပ်ကို ချထားတယ်၊ စစ်ကားတွေပဲ ရှိတယ်။ သံဆူးကြိုးနဲ့ ပိတ်ထားတာ။ မနက်ပိုင်းကတော့ လူဝင်လို့ရတယ်၊ ကားသွားလို့ မရဘူး။ အခုကြတော့ လူပါ ၀င်လို့ မရတော့ဘူး။ သံဆူးကြိုးနဲ့ ပိတ်တယ်၊ အရှေ့မှာ စစ်သား ၃ ယောက် လက်ပတ်အနီနဲ့။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှုကို ကြားနာမယ်ဆိုလို့ မနက် ၇ နာရီလောက် ကတည်းက ထောင်ရှေ့ကို သွားခဲ့ပေမယ့် အတားအဆီးတွေနဲ့သာ တွေ့ရလို့ အင်းစိန်ဈေး အနီးကနေ ကြားနာမှု ပြီးတဲ့အထိ စောင့်ဆိုင်း နေခဲ့တဲ့ အန်န်အယ်လ်ဒီ အတွင်းရေးမှူး ဦးဝင်းတင်ရဲ့ အတွေ့အကြုံကတော့ …

“ဈေးရှေ့မှာ ကျနော်ရောက်နေတာ။ ဈေးရှေ့မှာ လူတော်တော် များတယ်ဗျ။ ဈေးလောက်ကနေ စပြီး ပိတ်လိုက်တာ ဟိုဘက် ပေါက်တောဝ အထိ ပိတ်ထားတယ်။ ပေါက်တောဝ ဘက်မှာလည်း လူတွေ တော်တော်များများ ရှိတယ်လို့ ပြောတယ်။ ရပ်ကွက်တွေ ထဲမှာလည်း အကုန်လုံး လျှောက်ပိတ် ထားတယ်။ ဘုန်းကြီးကျောင်းတို့ ဘုရားတို့လည်း ပိတ်ထားတယ်။ အခုက ပိတ်တဲ့အပေါ်မှာ မူတည်ပြီး လူတွေက စုရုံးစုရုံး ဖြစ်နေတာပဲ။ ခုနတုန်းက ကလေး တယောက်တော့ ခေါ်သွားတယ်။ ရွှေပြည်သာ မြို့နယ် အန်န်အယ်လ်ဒီ မြို့နယ်စည်းက မောင်ထွေးသိန်းဆိုတာ၊ သူ့ကို ဘယ်လို မသင်္ကာ ဖြစ်တယ် မသိဘူး၊ ခေါ်သွားတယ်။

“သာမန်အားဖြင့် တရားရုံးဆိုတာ ထောင်ထဲမှာမှ ဟိုးအတွင်းမှာကို ထောင်နံရံနား ကပ်နေတာ။ အဲဒီတော့ အထဲက အခြေအနေလည်း ကျနော်တို့ ဘာမှ သိစရာ အကြောင်း မရှိဘူး။ ဖွင့်ထားလို့ လမ်းတွေ ဘာတွေ သွားလာနေရင် ကျနော်ထင်တယ် ဒီကိစ္စက ဘာမှ ရှိမှာမဟုတ်ဘူး။ တချို့လူတွေကတော့ ပြောတယ်၊ ဘယ်လိုလဲ ဒီဟာ ဖွင့်ပေးဖို့ တောင်ကောင်းတယ်၊ ဘာညာပေါ့ဗျာ။ Open Court ပေါ့။ တရားခွင်နား သွားနားထောင် ရရင်၊ ကျနော်ကတော့ ရယ်စရာတောင် ပြောလိုက်သေးတယ်။ Open Court ဖြစ်ဖို့ နေနေ သာသာ အခု ထောင် Open Compound တောင်မှ မဖြစ်ဘူးလို့။”

အန်န်အယ်လ်ဒီ အတွင်းရေးမှူး ဦးဝင်းတင် ပြောပြသွားတာ ဖြစ်ပါတယ်။

အခုအမှုအတွက် အာဏာပိုင်တွေဘက်က တရားလိုသက်သေ အဖြစ်နဲ့ လူပေါင်း ၂၂ ယောက်ကို တင်သွင်းဖို့ ရှိနေပြီးတော့ ဒီအထဲက အများစုဟာ အစိုးရ ၀န်ထမ်းတွေ ဖြစ်တယ်လို့လည်း ဥပဒေ အကျိုးဆောင်တွေက ပြောပါတယ်။ မနက်ဖြန် အင်္ဂါနေ့ အတွက် စစ်ဆေး မေးမြန်းမှုတွေမှာ ဆိုရင်လည်း အလားတူ ရဲအရာရှိတွေ၊ အစိုးရ ၀န်ထမ်းတွေ ပါဝင်ထွက်ဆိုဖို့ ရှိတယ်လို့လည်း သိရပါတယ်။

Ref: VOA News

Read More...

နေ့စဉ်သတင်းများ (၁၈ - ၅ - ၀၉ )

ဒေါ်အောင်ဆန်းစုကြည် ဥပဒေ မချိုးဖောက်ဟု ရှေ့နေဦးကြည်ဝင်း လျှောက်လဲ သတင်း
မြန်မာအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု အားဖြည့်ဖို့ အီးယူ စဉ်းစား သတင်း
ဒေါ်အောင်ဆန်းစုကြည်အမှုကို အများပြည်သူ နားထောင်ခွင့်မပေး သတင်း
ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ တရားစွဲခံထားရသူများ၏ အခြေအနေ သတင်း
လက်ရှိအခြေအနေပေါ် ရှုမြင်သုံးသပ်ချက်များ ထုတ်ဖော်ပြောဆို သတင်း
ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲမှု ပြည်တွင်းအန်အယ်လ်ဒီများ ပြစ်တင်ရှုတ်ချ သတင်း
ရန်ကုန်အင်းစိန်ထောင်အနီး စောင့်ဆိုင်းနေတဲ့ လူထု သတင်း
အာဏာပိုင်တို့က အင်းစိန်ထောင်သို့ ချည်းကပ်ရာလမ်းများကို ပိတ်ဆို့ သတင်း
ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး နိုင်ငံတကာတွင် ဆန္ဒပြ သတင်း
သီရိလင်္ကာ ကျားသူပုန်ခေါင်းဆောင် ကျဆုံး သတင်း

Read More...

Monday, May 18, 2009

အကြီးဆုံး မြေရှင် နအဖ စစ်အစိုးရနှင့် သူတို့ရဲ့ ချစ်တီး လက်သစ်များ

ရဲဘော်ဖိုးသံချောင်း

၁၄ မေ ၂၀၀၉

“ခေါင်းတခါခါနှင့် ဆတ်လှစွာသော
လှလှစွေ့စွေ့ ရယ်နှင့်
၀၀ပြေ့ပြေ့ နွားပြာ တရှဉ်းကိုလ
ကျောင်းတကာကိုသာ အပ်လိုက်ပေရော့”

ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ အညာမင်္ဂလာဆောင် လေချိုးကြီး ထဲက ဆိုတာ အားလုံး သိကြပါတယ်။ ဒုတိယ ကမ္ဘာစစ် မဖြစ်မီက ကိုလိုနီလက်ထက် ဗမာပြည်က လယ်သမားများရဲ့ ဘ၀ကို ထောက်ပြထားတာပါ။ ဒါပေမယ့် အခုခေတ် လယ်သမား သရုပ်ကို ဖော်မယ် ဆိုရင်တော့ အထက်မှာပါတဲ့ ကျောင်းတကာဆိုတဲ့ နေရာမှာ စစ်ဗိုလ်ကိုသာ ထည့်လိုက်ဖို့ ရှိပါတော့တယ်။

တကယ်က ဗမာနိုင်ငံမှာ လယ်သမားတွေရဲ့ လယ်လုပ်သူ လယ်ပိုင်ခွင့် ဆိုတဲ့ အခွင့် အရေးဟာ သာမာန် ကိစ္စ မဟုတ်ပါဘူး။ အင်္ဂလိပ် ကိုလိုနီ လက်ထက်က စလို့ ဆရာစံ အရေးတော်ပုံ အပါအ၀င် လယ်သမားတွေ မျိုးဆက်နဲ့ ချီ၊ သမိုင်းနဲ့ချီ တိုက်ပွဲ ၀င်ခဲ့ပြီးမှ အသိအမှတ် ပြုခံခဲ့ရတဲ့ အခွင့်အရေး ဖြစ်ပါတယ်။ မွေးရာပါ အခွင့်အရေး ပြဿနာလည်း ဖြစ်ပါတယ်။ လွတ်လပ်ရေး မရခင် ကာလတုန်းက ပြည်ချစ်နိုင်ငံရေး အင်အားစု အားလုံး လိုလိုက လယ်လုပ်သူ လယ်ပိုင်ရေး ကြွေးကြော်သံကို တင်ခဲ့ကြပါတယ်။ အဲဒီအင်အားစုတွေဟာ ဖက်ဆစ် ဂျပန်တော်လှန်ရေးမှာ တက်သန် တက်ကြွစွာ ပါဝင်ခဲ့ကြလို့ ဒုတိယကမ္ဘာစစ် နောက်ပိုင်း နိုင်ငံရေးမှာ သူတို့တတွေ ဗမာပြည်နိုင်ငံရေး ဇာတ်ခုံရဲ့ ထိပ်ပိုင်းကို ရောက်လာကြပါတယ်။ မြေရှင် ပဒေသရာဇ် စနစ်ကို ဆန့်ကျင်သူတွေ ဒီလိုရှေ့တန်းကို ရောက်လာ၊ ထိပ်ပိုင်းကို ရောက်လာတော့ မြေရှင်တွေနဲ့ မြေရှင်စနစ်ဟာ ဒီကာလမှာ ခေါင်းလျှို နေရတယ်ဆိုရင် မမှားပါဘူး။ ဒါ့အပြင် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီး နောက်မှာလည်း လက်နက်ကိုင် တော်လှန်ကြတဲ့ အင်အားစုတွေဟာ လယ်လုပ်သူ လယ်ပိုင်ရေး ကြွေးကြော်သံကို ထိပ်တန်းတင် တိုက်ပွဲဝင်ခဲ့ကြ၊ သူတို့ သြဇာလွှမ်းမိုးရာ ကျေးလက် ဒေသတွေမှာ မြေရှင့် မြေတွေ သိမ်းပြီး ဝေတာတွေ လုပ်ခဲ့လို့ ဗမာပြည်မှာ မြေရှင်စနစ်ဟာ အင်မတန်ကို ချည့်နဲ့ သွားခဲ့ရပါတယ်။

ဒါပေမယ့် ၁၉၆၂ ခုနှစ်ကိုရောက်တော့ ဗိုလ်နေ၀င်းတို့ရဲ့ မဆလ စစ်အုပ်စုဟာ “လယ်လုပ်သူ လယ်လုပ်ပိုင်ခွင့် ရှိရေး” ဆိုတဲ့ စကားနဲ့ လက်တလုံးခြား လုပ်ပြီး လယ်ယာမြေ အားလုံးကို မြေပိုင်ရှင်ဆွေဆီ ကရော၊ လယ်သမားတွေဆီ ကပါ “နိုင်ငံတော်” အမည်ခံပြီး လုယူ သွားခဲ့ပါတယ်။ နအဖစစ်အုပ်စုဟာ ဒီနေရာမှာတော့ ဗိုလ်နေ၀င်းတို့ရဲ့ မဆလ အစိုးရ နောက်က ဖ၀ါးခြေထပ် လိုက်ခဲ့ပါတယ်။ သူတို့ရဲ့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေ ပုဒ်မ (၃၇) မှာ “နိုင်ငံတော်သည် မြေအားလုံး………၏ ပင်ရင်း ပိုင်ရှင်ဖြစ်သည်” လို့ ထည့်သွင်း ထားပါတယ်။ ဒီနေရာမှာ “နိုင်ငံတော်” ဆိုတာနဲ့ ပတ်သက်လို့ ပြောစရာ ရှိလာပါတယ်။ နိုင်ငံတော်ဆိုတာ ဘယ်သူလဲ။ တကယ်က နိုင်ငံတော်ဆိုတာက ဒြပ်မဲ့နာမ် (abstract noun) တခုဖြစ်ပါတယ်။ ဒါပေမယ့် အခုတော့ နိုင်ငံတော်ဆိုတာဟာ နအဖအစိုးရလို့ အဓိပ္ပာယ် ထွက်နေပါပြီ။

သူတို့ထင်သလို လုပ်နေတာတွေကို နိုင်ငံတော် တံဆိပ် နှိပ်ပေးနေတာသာ ဖြစ်ပါတယ်။ ဒါကြောင့် အခုအခါမှာ နိုင်ငံတော် ဆိုတာ နအဖ စစ်အုပ်စုဖြစ်တယ်။ ဗိုလ်သန်းရွှေ ဖြစ်တယ်လို့တောင် ပြောရင် ရလောက်ပါတယ်။ မြေယာတွေကို သူတို့ထင်သလို စီမံ ခြယ်လှယ် တာကလည်း တကြောင်း၊ တိုင်းပြည်ရဲ့ စီးပွားရေးကို သူတို့ လုပ်ကိုင်ရာမှာ ကိုယ်ကျိုးစီးပွားကို အခြေခံတာ ကြောင့်လည်း တကြောင်း၊ လယ်မြေတွေ လက်လွှတ်ကုန်ရတဲ့ လယ်သမားတွေ များသထက် များလာနေပါတယ်။
ကချင်ပြည်နယ်ကနေ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်ကနေ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်၊ ဗမာပြည် တနံတလျားမှာ လယ်သမားတွေ လယ်မြေတွေ အလုခံရ၊ ဆုံးရှုံးရတဲ့ သတင်းတွေ နေ့စဉ်မပြတ် ကြားနေရပါတယ်။ ဆုံးရှုံးတဲ့ ကိန်းဂဏန်းကိုလည်း ကြည့်ပါဦး။ တချို့ နေရာများ ဆိုရင် လယ်မဲ့ ယာမဲ့ အရေအတွက်ဟာ (၅၀-၆၀) ရာခိုင်နှုန်း အထက်မှာတောင် ရှိနေပါတယ်။ ဒါဟာ စစ်မဖြစ်မီ ကိုလိုနီကာလက နှုန်းထားထက် မလျော့ပါဘူး။ မတိမ်းမယိမ်းပါ။ ဒါ့အပြင် လယ်သမားတွေ ကြွေးလည်ပင်း ခိုက်နေတဲ့ အခြေအနေဟာလည်း ကြောက်ခမန်း လိလိ ဖြစ်နေတာကို သတိမပြုဘဲ မနေနိုင်ပါဘူး။

မဆလ စစ်အစိုးရလက်ထက်တုန်းကတော့ ဆိုရှယ်လစ် စကားတွေ ပြော၊ သူများတွေရဲ့ ဥစ္စာဓန တွေကို “ပြည်သူပိုင်သိမ်း” နေရတော့ ဗိုလ်နေ၀င်းတို့ရဲ့ စစ်အုပ်စုဟာ မြေယာကို ပုဂ္ဂလိကပိုင် မလုပ်ရဲ ပါဘူး။ ဒါပေမယ့် ဗိုလ်သန်းရွှေတို့ လက်ထက်ကျတော့ ဈေးကွက် စီးပွားရေးလို့ ပြောနေတာမို့ နိုင်ငံခြားသားတွေအပါ ငွေရှင်ကြေးရှင်တွေကို သူတို့ကြိုက်သလို လုပ်ပိုင်ခွင့်ချပေး၊ ကျေးလက်မှာ ဗိုလ်ကျရမ်းကား ခွင့်ရတဲ့ သူတို့ရဲ့ တပည့် သားမြေးတွေက ထင်သလို သိမ်းယူ၊ စစ်တပ်က ထင်သလို သိမ်းယူ၊ တနိုင်ငံလုံး ဗြောင်းဆန် နေတယ်လို့ ပြောရမယ့် အခြေအနေ ဖြစ်ပါတယ်။ ဒါ့အပြင် ကျေးလက်မှာ သူတို့ ခန့်ထားတဲ့ အာဏာပိုင် အမျိုးမျိုးဟာ အတိုးကြီး ပေးရာကနေ လယ်သမားတွေရဲ့ မြေတွေကို အကြွေးအကြောင်းပြ သိမ်းပြီး မြေရှင်တွေ ဖြစ်လာနေကြတာလည်း မနည်းပါဘူး။ နအဖ မွေးထုတ်တဲ့ ချစ်တီးလက်သစ် တွေပါ။ ပြည်တွင်းပြည်ပက လုပ်ငန်းရှင်တွေက လယ်ဧကတွေ ရာနဲ့ချီပြီး သိမ်းယူတဲ့ ဖြစ်ရပ်တိုင်းမှာ စစ်တပ်ထိပ်ပိုင်းတွေနဲ့ တိုက်ရိုက်ပဲ ပတ်သက်နေပါတယ်။ အနည်းဆုံး တိုင်းမှူး ဆိုသူကတော့ “ပွ” သွားတာပါပဲ။

ဆိုးတဲ့အချက်တခုက အဲဒီလို စစ်တပ်တွေက၊ ကုမ္ပဏီကြီးတွေက လယ်ယာတွေ သိမ်းသွားလို့ ကျေးလက်တွေမှာ စက်မှု လက်ယာ ပေါ်မလာဘဲ သီးစားချထားတဲ့ စနစ်ပဲ ဆိုးဝါး ပြင်းထန်လှတဲ့ နှုန်းတွေနဲ့ ထွန်းကား လာတာပါပဲ။ တပ်ရင်းတွေကတောင် လယ်သမားတွေရဲ့ မြေတွေကို အနိုင်ကျင့် လုယက်ပြီး သီးစား ပြန်ပေးတယ်လို့လည်း အံ့မခန်း ကြားနေရပါတယ်။ ဒီလို မြေယာ လုယက်မှုတွေဟာ နအဖရဲ့ ၂၀၀၈ ခု ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြု လိုက်တဲ့ အတွက် ပိုတောင်များလာ၊ ကြမ်းလာတယ်လို့ ယူဆစရာ ရှိပါတယ်။ ဒါကြောင့် ဒီအခြေခံ ဥပဒေဟာ ဘယ်သူတွေ ကို အကျိုးပြုတယ် ဆိုတာကို ဒီမြေရှင်သစ်တွေ ပေါ်ပေါက်မှုက အထင်ရှားဆုံး မြင်သာစေတယ်လို့ ဆိုရင် မမှားပါဘူး။ ဒီနေရာမှာ နအဖဟာ သူတို့ရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲမှာ သူတို့ရဲ့ ခါးပိုက်ဆောင်တပ်နဲ့ ပတ်သက်လို့ကျတော့ အခန်းကြီးတခန်း သီးသန့်ဖွင့်ပြီး ပုဒ်မရှစ်ခုနဲ့ ဖွင့်ဆိုထားပြီး အားလုံးရဲ့ ထမင်းရှင် လယ်သမားများနဲ့ ပတ်သက်လို့ ကျတော့ ပုဒ်မ (၂၃) မှာ အပိုဒ်တိုလေး နှစ်ပိုဒ်ပဲ ဖော်ပြထားဆိုတာ ထောက်ပြလိုပါတယ်။
အခုတော့ ကျေးလက်တွေမှာ လူဦးရေ တိုးတက်လာတဲ့ အပြင် မြေမဲ့ယာမဲ့တွေ ပိုများလာတဲ့ အတွက် အတည်တကျ မရှိတဲ့ အလုပ်လက်မဲ့ တပ်ဖွဲ့ကြီး အဖြစ် စုစည်း မိလာနေပါတယ်။ ဒီအလုပ်လက်မဲ့ တပ်ဖွဲ့ကြီးမှာ ပြည်ပက အလုပ်ပြုတ် ပြန်လာသူ တွေ ထပ်တိုး လိုက်တော့ ဒီဂဏန်းဟာ ဧရာမဂဏန်းကြီး ဖြစ်လာပါတယ်။ သူတို့ဟာ ပြည်တွင်းမှာလည်း ဟိုသွားဒီလှည့် အလုပ်ရှာကြ၊ ပြည်ပ-အထူးသဖြင့် အိမ်နီးနားချင်း တွေမှာ ဟိုစမ်းတိုး၊ ဒီရမ်းတိုး အလုပ်ရှာကြ၊ ၀မ်းမပြည့်၊ စိတ်မငြိမ် ဖြစ်နေကြတာတော့ အမှန်ပါပဲ။ ဒီကြားထဲမှာ ကမ္ဘာ့စီးပွားရေး အကျပ်အတည်း ကလည်း မကျော်လွန်နိုင်သေး ဆိုတော့ အရေအတွက်ဟာ ပိုလို့သာ များလာစရာ ရှိပါတယ်။ လယ်ယာကို မှီခိုအသက်ရှင်သူ အရေအတွက်ဟာ ဗမာပြည်လူဦးရေ ရဲ့ (၇၀) ရာခိုင်နှုန်း ကျော်လို့ သုတေသန ပြုချက်များက ဆိုထားချက်နဲ့ ဆက်စဉ်းစားလိုက်ရင် ဒီပြဿနာ ဘယ်မျှကြီးမား တယ်ဆိုတာ ရှင်းနေပါတယ်။

ဘာတွေဆက်ဖြစ်နိုင်တယ်ဆိုတာကို တွေးတတ်သူတိုင်း တွေးပူမိကြမှာပါ။

အခုတော့ ဒီနိုင်ငံမှာ မြေအများစုကြီးဟာ နအဖစစ်ဗိုလ်တွေနဲ့ သူတို့ အသိုင်းအ၀ိုင်း တွေဆီမှာ စုနေပါပြီ။ ဒါ့အပြင် သူတို့ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကောင်းမှုကြောင့် နောင်မှာလည်း အများကြီး သူတို့ လက်ထဲရောက်ဖို့ ရှိနေပါသေး တယ်။ ဒါကြောင့် အခုအခါ ဗမာပြည်မှာ ဘယ်သူဟာ အကြီးဆုံး မြေရှင်လည်းလို့ မေးလာရင် နအဖ စစ်အုပ်စုလို့ပဲ ပြောရတော့မှာပါ။

ရဲဘော်ဖိုးသံချောင်း

Ref: ခေတ်ပြိုင်

Read More...

ဘုရားသုံးဆူမြို့သံဃာတော်အချို့ ဘုန်းကြီးကျောင်းမှ နှင်ထုတ် ခံရခြင်း၊

၁၁-ဝ၅-ဝ၉

၁ဝ မေ ၂ဝဝ၉ ရက်နေ့ည (၈)နာရီ ခန့်အချိန်တွင် ဘုရားသုံးဆူမြို့နှင့် ဂျပန်ရေတွင်း ကျေးရွာ အစပ်ကြားရှိ ဓမ္မဝိဟာရကျောင်း အတွင်းသို့ စဗဟမှူး ခင်မောင်ညွှန့်၊ (၃၂ )တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ခင်ဇော်၊ လဝကမှူး၊ SB အထူးသတင်းရဲ စိုးပိုင်၊ နယ်ထိန်းဒုရဲအုပ် အောင်နိုင် ရဲအုပ် သန်းဌေး အပါအဝင် အခြား အဖွဲ့ပေါင်းစုံ ဝင်ရောက် စစ်ဆေးခဲ့ပြီး ကျောင်းထိုင် ဆရာတော်နှင့် အခြားတပါး ကျောင်းကလေးရှိ သံဃာတော်စုစုပေါင်း ၁၂ ပါးတို့ကို ကျောင်းမှ ၁၂-မေ -၂ဝဝ၉ ရက်နေ့ နောက် ဆုံးထားပြီး ရွေ့ပြောင်း ထွက်သွားရန် အမိန့် ထုတ်ခဲ့သည်။


ဓမ္မဝိဟာရ ကျောင်း

၎င်းအဖွဲ့ပေါင်းစုံမှ ဆရာတော်အား ဒီကျောင်းအတွင်းရှိ စေတီ ၊ ဘုရား ဗုဒ္ဓ ပုံတော်များကို ဘယ်ကရသည့် ငွေဖြင့် တည်ခဲ့သည်ကို မေးမြန်းကြောင်း သိရသည်၊ ထိုအပြင် နယ်မြေ အာဏာပိုင်မှ သံဃာတော်များ မိန်းမများနှင့် ရှုပ်ထွေးမှု ရှိသည်ဟု စွပ်စွဲချက်များဖြင့် အကြောင်းပြခဲ့သည်၊

ယင်းညတွင်ပင် ဗုဒ္ဓ ပုံတော် အတွင်းရှိ ဌာပနာကို ရိုက်ဖေါက် ထုတ်ယူပြီး နတ်ရုပ်ထု အချို့ကိုလည်း ရိုက်ချိုး ဖျက်ဆီးမှုများ ပြုလုပ် သွားခဲ့သည်၊ သို့သော် ဖျက်ဆီးသူများကိုတော့ အတိအကျ မသိပါ၊

Read More...

နေ့စဉ်သတင်းများ (၁၇ - ၅ - ၀၉ )

ဒေါ်အောင်ဆန်းစုကြည် အမှုရင်ဆိုင်ဖို့ အဆင်သင့်ရှိ သတင်း
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆရာဝန် ပြန်လွတ်ပြီ သတင်း
ဒေါ်အောင်ဆန်းစုကြည်လွတ်ရေး ကမ္ဘာ့မြို့ကြီးပေါင်း ၂၀ ကျော်မှာ တပြိုင်နက်တည်း တောင်းဆိုမည် သတင်း
ဒေါ်အောင်ဆန်းစုကြည်လွတ်ရေး ငြိမ်းချမ်းတဲ့နည်းနဲ့ ဆန္ဒပြဖို့ သံဃာနဲ့ကျောင်းသား ဆော်သြ သတင်း
အပြစ်မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ခုခံချေပသွားမည် သတင်း
ဒေါ်အောင်ဆန်းစုကြည်ကို စစ်မည့် တရားခွင်သို့ အများပြည်သူ လာရောက်နိုင်အောင် တောင်းဆိုမည် သတင်း
ဒေါ်အောင်ဆန်းစုကြည်အတွက် ပြည်သူတွေရဲ့ ခံစားချက် သတင်း
ဦးအောင်သိန်းနဲ့ ဦးခင်မောင်ရှိန် ရှေ့နေလိုင်စင် ရုတ်သိမ်းခံရ သတင်း
အဖွဲ့ချုပ်မြို့နယ် လပတ်အစည်းအဝေးများ သတင်း
နအဖ၏ လုပ်ကြံဇာတ်လမ်းကို တာဝန်သိပြည်သူတဦးက စတင်ထုတ်ဖော်ပြောဆိုပြီ သတင်း
သီရိလင်္ကာကျားသူပုန်တွေ အပစ်ရပ်ကြပြီ သတင်း

Read More...

အပေါ်သို့