Monday, May 18, 2009

ဘုရားသုံးဆူမြို့သံဃာတော်အချို့ ဘုန်းကြီးကျောင်းမှ နှင်ထုတ် ခံရခြင်း၊

၁၁-ဝ၅-ဝ၉

၁ဝ မေ ၂ဝဝ၉ ရက်နေ့ည (၈)နာရီ ခန့်အချိန်တွင် ဘုရားသုံးဆူမြို့နှင့် ဂျပန်ရေတွင်း ကျေးရွာ အစပ်ကြားရှိ ဓမ္မဝိဟာရကျောင်း အတွင်းသို့ စဗဟမှူး ခင်မောင်ညွှန့်၊ (၃၂ )တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ခင်ဇော်၊ လဝကမှူး၊ SB အထူးသတင်းရဲ စိုးပိုင်၊ နယ်ထိန်းဒုရဲအုပ် အောင်နိုင် ရဲအုပ် သန်းဌေး အပါအဝင် အခြား အဖွဲ့ပေါင်းစုံ ဝင်ရောက် စစ်ဆေးခဲ့ပြီး ကျောင်းထိုင် ဆရာတော်နှင့် အခြားတပါး ကျောင်းကလေးရှိ သံဃာတော်စုစုပေါင်း ၁၂ ပါးတို့ကို ကျောင်းမှ ၁၂-မေ -၂ဝဝ၉ ရက်နေ့ နောက် ဆုံးထားပြီး ရွေ့ပြောင်း ထွက်သွားရန် အမိန့် ထုတ်ခဲ့သည်။


ဓမ္မဝိဟာရ ကျောင်း

၎င်းအဖွဲ့ပေါင်းစုံမှ ဆရာတော်အား ဒီကျောင်းအတွင်းရှိ စေတီ ၊ ဘုရား ဗုဒ္ဓ ပုံတော်များကို ဘယ်ကရသည့် ငွေဖြင့် တည်ခဲ့သည်ကို မေးမြန်းကြောင်း သိရသည်၊ ထိုအပြင် နယ်မြေ အာဏာပိုင်မှ သံဃာတော်များ မိန်းမများနှင့် ရှုပ်ထွေးမှု ရှိသည်ဟု စွပ်စွဲချက်များဖြင့် အကြောင်းပြခဲ့သည်၊

ယင်းညတွင်ပင် ဗုဒ္ဓ ပုံတော် အတွင်းရှိ ဌာပနာကို ရိုက်ဖေါက် ထုတ်ယူပြီး နတ်ရုပ်ထု အချို့ကိုလည်း ရိုက်ချိုး ဖျက်ဆီးမှုများ ပြုလုပ် သွားခဲ့သည်၊ သို့သော် ဖျက်ဆီးသူများကိုတော့ အတိအကျ မသိပါ၊

0 comments:

အပေါ်သို့