Saturday, December 5, 2009

၁၅ နှစ်အောက် ကလေးများ နေထိုင်ခွင့် လက်မှတ် (ထောရော ၃၈/၁) လုပ်နိုင်ပြီ

အသက်၁၅ နှစ်အောက် ငယ်သော ရွှေ့ပြောင်းအလုပ်သမား တို့၏ သားသမီး ငယ်များသည် နေထိုင်ခွင့် လက်မှတ် (ထောရော၃၈/၁) ကို သွားရောက် လုပ်ဆောင်နိုင်ပြီ ဖြစ်ပါသည်။ ထိုင်းဝန်ကြီးများ အစည်းအဝေး ဆုံးဖြတ်ချက်အရ ရွှေ့ပြောင်း အလုပ်သမားတို့၏ ၁၅ နှစ်အောက် ကလေးများကို ၁၉.၁၁.၂၀၀၉ နေ့ရက်မှ ၂.၁.၂၀၁၀ နေ့ရက် အထိ (၄၅ရက် အတွင်း) နေထိုင်ခွင့် လက်မှတ်ကို သွားရောက် လုပ်ဆောင်နိုင်ပါသည်။ ကုန်ကျငွေမှာ (၈၀) ဘတ်ဖြစ်ပြီး လုပ်ဆောင်ပုံ အဆင့်ဆင့်မှာ-

- အသက် ၁၅ နှစ် အောက် သား၊ သမီး ဖြစ်ရမည်။
- မြို့နယ် အုပ်ချုပ်ရေးရုံး(အမ်ဖေရုံး)နှင့် စည်ပင်သာယာရုံး (ထေ့စဘန်- ရေပန်းကုန်တိုက်နှင့် မျက်နှာချင်းဆိုင်) တို့တွင် သွားရောက် လုပ်ဆောင်ရမည်။
- ကုန်ကျငွေ ၈၀ ဘတ် (ဓါတ်ပုံခ၊ စာရင်းသွင်းခ ဘတ်၆၀၊ စာရွက်ထုတ်ခ ဘတ်၂၀)
- အဖေ၊ အမေ တို့၏ သက်တမ်း မကုန်သေးသော နေထိုင်ခွင့် လက်မှတ် (ထောရော ၃၈/၁) နှင့် လျှောက်လွှာ ထောတော ၁ နမူနာ ပုံပြထားသည့် အတိုင်း ဖြည့်ရမည်။
- ကလေးငယ်၏ အမည်ကို မြန်မာအမည်၊ ထိုင်းအမည် ကြိုက်ရာ ပေးနိုင်ပါသည်။
- အကယ်၍ ကလေးငယ်၏ နံပါတ်၁၃လုံး ပါသော မွေးစာရင်း ရှိပါက တပါတည်း ယူဆောင်လာရမည်။
- ကလေးတွင် ပညာရေး ဌာနမှ ထုတ်ထားသော ၁၀နှစ်ဘတ် (ပုံစံ၈၉) ရှိပါက ယူဆောင်လာရမည်။
- 1 လက္မ ဓါတ်ပုံ နှစ်ပုံနှင့် ဖေါင်ဖြည့်ရမည်။ ကလေး၏ အဖေ(သို့) အမေ ကိုယ်တိုင် သွားလျှင် ရပါသည်။
ကုန်ကျစားရိတ် ၈၀ ဘတ်သာ ကုန်ကျမည် သတိပြုပါ။ အသေးစိတ် မေးမြန်းလိုလျှင် ၀၈၃-၀၁၃၉ ၇၃၆


(ထောရော ၃၈/၁) နှင့် လျှောက်လွှာ

Read More...

နေ့စဉ်သတင်းများ ( ၄ - ၁၂ - ၀၉)

ဒေါ်အောင်ဆန်းစုကြည်ပေးစာ တွေ့ဆုံဆွေးနွေးရေးလမ်းစ သတင်း
ဒေါ်အောင်ဆန်းစုကြည်အမှု ပြင်ဆင်ချက်လက်ခံရေး ဗဟိုတရားရုံး စဉ်းစားမည် သတင်း
ဒေါ်အောင်ဆန်းစုကြည် ဂုဏ်ပြု ကားကြော်ငြာ သတင်း
ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူ ထောင် (၂) နှစ် ချမှတ်ခံရ သတင်း
လျှို့ဝှက်ချက်ပေါက်ကြားမှု တပ်မတော်အရာရှိဟောင်းကို ရုံးတင်စစ်ဆေးနေ သတင်း
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့ကြီး၏ ကြေညာချက် သတင်း
မြင်းခြံက နိုင်ငံရေးအကျဉ်းသား (၉) ဦးအတွက် ရှေ့နေ (၃) ဦး လိုက်မည် သတင်း
ကဗျာဆရာ ခန့်မင်းထက် ပြန်လွတ်လာ သတင်း
မြန်မာနဲ့ ဆွေးနွေးဖို့ အီးယူ ကမ်းလှမ်း သတင်း
တိုင်းရင်းသားအဖွဲ့တွေ မူးယစ်ဆေးဝါး ကင်းရှင်း သတင်း
DKBA နှင့် KNU တို့ကြား တိုက်ပွဲများ နှစ်လကြာ ရပ်ဆိုင်းနေ သတင်း
အန်ဒီအက်ဖ်က ကြေညာချက်ထုတ်ပြန် သတင်း
ရွေးကောက်ပွဲအတွက် ကချင်ပြည်တိုးတက်ရေးပါတီ၏ ပြင်ဆင်မှုများ သတင်း
မြန်မာနိုင်ငံမှာ လူနာတွေရဲ့ အခွင့်အရေး ဆုံးရှုံးနေ သတင်း
မီဒီယာများကြောင့် မခိုင်ရွှန်းလဲ့ရည် သေဆုံးရမှု အရေးယူခြင်းဖြစ်သည် သတင်း
ပျဉ်းမနားမြို့က ရွှေဆိုင်တွင် သိန်းလေးထောင်ကျော်ဖိုး ပျောက်ဆုံး သတင်း
ကလေး-တမူးကားလမ်းတွင် ဂိတ်သစ်တခုဖွင့်၍ ငွေကောက်ခံ သတင်း
ကျပ်ငွေတက်သဖြင့် ပို့ကုန်ကုမ္ပဏီတချို့ တွက်ချေမကိုက် သတင်း
မြန်မာရွှေ့ပြောင်းအလုပ်သမားများ ဆိုင်ကယ်ဝယ်ခွင့်နှင့် လိုင်စင်လုပ်ခွင့် ရပြီ သတင်း
ဆီးဂိမ်းတွင် မြန်မာအသင်း ဗိုလ်စွဲလျှင် ကျပ်သိန်း (၆၀၀၀) ထက်မနည်း ရရှိမည် သတင်း
နေတိုးနဲ့ အာဖဂန်တပ်ဖွဲ့ တာလီဘန်အပေါ် ထိုးစစ်သစ် ဆင်နွှဲ သတင်း
နအဖတပ်တွင်း သတင်းလုံခြုံရေး တင်းကြပ်ထားဟု ဆို သတင်း
အပစ်ရပ် မြောက်ပိုင်း SSA ဆက်တိုက် ဖိအားပေးခံနေရ သတင်း
စစ်အစိုးရနှင့် ပူးပေါင်းခဲ့သော မွန်တပ်ဖွဲ့အချင်းချင်း ပူးပေါင်းလိုခြင်းကြောင့် ခေါင်းဆောင် အထိန်းသိမ်းခံရ သတင်း
ဒေါ်အောင်ဆန်းစုကြည်အမှု အယူခံလက်ခံရေး ဗဟိုတရားရုံးက ကြားနာမည် သတင်း
လင်းလက်ကြယ် အပါအ၀င် ဂျာနယ်အယ်ဒီတာများ လွတ်ပြီ သတင်း
သရက်ထောင်က လယ်သမား (၁၂) ဦးအတွက် အယူခံဝင်မည် သတင်း
မူးယစ်ဆေးဝါးနှင့် မပတ်သက်ဟု မဒတ ရှင်းလင်းချက်ထုတ် သတင်း
‘တစညပါတီ အလိုမရှိ’ ပိုစတာကပ်သူများ အဖမ်းခံရ သတင်း
ရွေးကောက်ပွဲဝင်မည့် ဒီမိုကရက်တစ်ပါတီ ဥပေဒလွတ် စည်းရုံးရေးဆင်း သတင်း
တပ်ရိက္ခာအတွက် စပါးဝယ်ရာတွင် လယ်သမားများ နစ်နာ သတင်း
စပါးထွက်နှုန်း လျော့နည်း၊ လယ်သမားများ စားဝတ်နေရေး ခက်ခဲနိုင် သတင်း
ရုရှားက မြန်မာကို လေယာဉ်ပေးမည် သတင်း
မခမ်းသော မျက်ရည် (ဆောင်းပါး)
ထိုင်းဘုရင်မွေးနေ့အတွက် မြန်မာအလုပ်သမားများလည်း လှူဒါန်း သတင်း
ဒူဘိုင်းရောက် မြန်မာလုပ်သားများ ဆက်လက်ရုန်းကန်ကြဦးမည် သတင်း
မြစ်ငယ်မြစ်ရေ ပေ (၂၀) ကျော် နိမ့်ကျ သတင်း
ငွေဆောင်တွင် ဆိုင်ကယ်မစီးရအမိန့် မထိရောက် သတင်း
အခွန်ဂိတ်များလာ၍ ဘုရားသုံးဆူလိုင်း ကားပြေးဆွဲသူ နည်းပါး သတင်း
အလှဖန်တီးရှင်များကို မြန်မာ့လူမှုဝန်းကျင်က လက်ခံလာပြီလား သတင်း
ဒရမ်မာထက် ဟာသကား ရိုက်ကူးမှု ပိုများလာ သတင်း

Read More...

Friday, December 4, 2009

သေနတ်ကြားက မဲတပြား

ရဲဘော်ဖိုးသံချောင်း
၎ ဒီဇင်ဘာ ၂၀၀၉

၂ဝဝ၉ ခုနှစ်ရဲ့နောက်ဆုံးပိုင်းကို ရောက်လာလို့ ၂ဝ၁ဝ ကို မကြာခင် ရောက်တော့မယ်။ ဒါပေမယ့် နအဖ စစ်အစိုးရဟာ သူတို့ လမ်းပြမြေပုံရဲ့ ခြေလှမ်း နံပါတ် (၅) ဖြစ်တဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ကော်မရှင်လည်း မဖွဲ့နိုင်သေး၊ ဥပဒေလည်း မကြေညာ နိုင်သေးဘူး။ ဒါ့အပြင် ဒီရွေးကောက်ပွဲနဲ့ ပတ်သက်လို့ သူတို့ရဲ့ အာပေါင်အာရင်း သံလှတဲ့ မီဒီယာတွေ ထဲမှာလည်း မောင်းခတ်သံ၊ လော်စပီကာ သံတွေ မကြားရသေးဘဲ အလိုတော်ရိ မျိုးစုံရဲ့ တောခြောက်သံနဲ့ သင်္ကြန်အမြောက် သံတွေသာ ကြားနေရပါတယ်။ ရွေးကောက်ပွဲ ဆင်မည်းကြီးဟာ အမြီးမပြောနဲ့ ကိုယ်လုံးတောင် မရောက်သေး၊ ခေါင်းအလျှိုမှာတင် တစ်နေပါတယ်။

အာဏာရထားပါလျက်နဲ့ နအဖရဲ့ အခက်အခဲတွေက မသေးပါကလားလို့သာ မှတ်ချက် ချရပါတော့မယ်။

နအဖအနေနဲ့ ရွေးကောက်ပွဲကိုမြန်မြန်လုပ်၊ မြန်မြန်ပြီး၊ သူတို့ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ အမြန်ဆုံး အကောင်အထည် ပေါ်သွားတာကို မြင်ချင်လှတယ် ဆိုတာ ဘာမှသံသယ ရှိစရာမလိုပါ။ ဖွဲ့စည်းပုံ ဥပဒေ နောက်ခံရှိတယ် ဆိုတဲ့ လွှတ်တော် ပေါ်ထွက်ရင် နိုင်ငံတကာ အလယ်မှာ သူတို့အတွက် ဘယ့်ကလောက် အဓိပ္ပာယ်ရှိတယ် ဆိုတာ သူတို့သိပါတယ်။ နောက်ပြီး အမေရိကန်၊ အီးယူတို့နဲ့လည်း “မြူမှောင်ဝေကင်း” ဆက်ဆံနိုင်တော့မယ်လို့ သူတို့ တွက်ပါတယ်။ ဒီတော့ နအဖအနေနဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲဟာ မဖြစ်မနေ မုချကို လုပ်ရတော့မယ့် ကိစ္စ ဖြစ်ပါတယ်။

ဒါပေမယ့် ပြဿနာက နအဖမှာ ထုတ်ပြောလို့မရတဲ့ အကျပ်အတည်းတွေ ရှိပါတယ်။ အဲဒါက (၄) သိန်း အင်အား တပ်ကြီးနဲ့လည်း ဖြေရှင်းလို့ မရတဲ့ အကျပ်အတည်း ဖြစ်ပါတယ်။

အဲဒီအထဲက တခုကတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ရွေးကောက်ပွဲမှာ ဝင်ပါအောင် လုပ်လို့ မရတာ ဖြစ်ပါတယ်။ သူတို့ရဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ ၁၉၉ဝ ရွေးကောက်ပွဲတုန်းက မဲဆန္ဒရှင် ရာခိုင်နှုန်း (၈ဝ) ကျော် (၉ဝ) ရဲ့ မဲတွေရထားတဲ့ ပါတီကြီးက ဝင်မပြိုင်ဘူး ဆိုရင် အတော်ကို အဓိပ္ပာယ် မဲ့သွားမယ်ဆိုတာ သူတို့ သိပါတယ်။ အထူးသဖြင့် နိုင်ငံတကာ အမြင်မှာ ပြောစရာ ဖြစ်မှာပါ။ နအဖရဲ့ လက်သုံးတော် စာရေးဆရာ များကတော့ ဒီချုပ်မပါလည်း ဂရုစိုက်စရာ မလိုဘူးလို့ ပြောကောင်းပြော၊ ရေးကောင်း ရေးကြမှာပါ။ ဒါပေမယ့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မပါဝင်တဲ့ ရွေးကောက်ပွဲဟာ ဘရာဇီး မပါတဲ့ ကမ္ဘာ့ဖလားပွဲထက် အများကြီး ပိုမပြည့်စုံဘူးလို့ ပြောနိုင်ပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တင်းခံနေတာက ဖွဲ့စည်းပုံ အခြေခံ ဥပဒေကိစ္စ ဖြစ်နေတော့ နအဖ အစိုးရအဖို့ တပြားသားမှ လျှော့မပေးနိုင်တဲ့ ကိစ္စ ဖြစ်နေပါတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဘက်က ကြည့်ရင်လည်း ဒါလောက်လေးမှ တင်းမခံရင် သူတို့ပါတီရော၊ ဗမာပြည်ရဲ့အနာဂတ်ရော ရေစုံ မျောပြီဆိုတာ ရှင်းနေပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ရွှေဂုံတိုင် ကြေညာချက်ကို ဆုပ်ကိုင်ထားသရွေ့ ရွေးကောက်ပွဲထဲကို ကျုံးသွင်းလို့ မရဘူးဆိုတာ ရှင်းနေပါတယ်။ တဖက်မှာတော့ အဖွဲ့ချုပ်ကလည်း ဒီကြေညာချက် အပေါ်မှာပဲ ခံတပ်ကို ခိုင်မာအောင် တည်ဆောက်နေတဲ့ သဘော တွေ့ရပါတယ်။ ခံတပ်တခုဟာ အတွင်းမှာ စည်းလုံး ညီညွတ်ကြမှ ခိုင်မာ တောင့်တင်းတယ် ဆိုတာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်တွေ နားလည်တယ်လို့ ယုံကြည်ပါတယ်။

ဘာပဲပြောပြော အခုတော့ ရွှေဂုံတိုင်ကြေညာချက်ဟာ နှစ်ဖက်နယ်ခြားမှတ်တိုင်လို ဖြစ်နေပါပြီ။

ဒါပေမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စီအီးစီတာဝန်ကို ထောင်ထဲမှာ စွန့်လွှတ်ခဲ့တဲ့ မောင်စူးစမ်းလို လူကတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ဈေးဆစ်နိုင်တဲ့ အင်အားမရှိဘဲ ဈေးမဆစ်နဲ့လို့ ခြိမ်းခြောက် နေပါတယ်။ ဒါကြောင့် တချိန်က လက်နက်နဲ့ ဒီမိုကရေစီလဲရေး စာတမ်း ရေးခဲ့သူကြီးဟာ အခုတော့ လက်နက်မရှိရင် နိုင်ငံရေး ဈေးဆစ် အားမရှိဘူးလို့ ပြောနေပါ ကလားလို့သာ မှတ်ချက်ချမိပါတယ်။ တကယ်ကျတော့ အထက်မှာ ပြောခဲ့သလို နအဖမှာ အခက်အခဲတွေ တွေ့ရလေလေ ဒီလိုလူတွေက အတိုက်အခံတွေ အပေါ် မာန်ဖီပြလေ ဖြစ်နေတာပါ။

နောက်ပြဿနာတခုက အပစ်ရပ် အဖွဲ့အစည်းတွေ ကိစ္စ ဖြစ်ပါတယ်။ ဒီအဖွဲ့တွေဟာ နအဖထင်သလောက် မီးမသေတာတော့ ရှင်းနေပါပြီ။ ကိုးကန့်ကို နှိပ်ကွပ် ပြလိုက်လို့လည်း ပြဿနာက မပြေလည်ပါဘူး။ စကားအားဖြင့် နယ်ခြားစောင့်တပ် ဘဝကို လက်ခံတယ်လို့ ပြောနေကြပေမယ့် ဈေးဆစ် နေကြပါတယ်။ ချုပ်လိုက်ရင် သူတို့ကလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဿနာပါပဲ။ ညောင်နှစ်ပင် ညီလာခံတုန်းက အညစ်ခံထားရတာကို အပစ်ရပ် အဖွဲ့တွေ အနေနဲ့ အဲဒီတုန်းက ပြန်ပြောခွင့်မသာလို့ ငုံ့ခံခဲ့ရတာ ဖြစ်ပါတယ်။ အခုနောက်ဆုံး အဆင့်မှာတော့ သူတို့လည်း အမောက်ထောင် ပြကြရတော့တာပါပဲ။

ဒီအထဲမှာ ပိုပြီးအခရာကျတဲ့ ပြဿနာတခုကတော့ နအဖ ထိပ်သီးပိုင်း အတွင်း ပြဿနာပါ။ သူတို့ထိပ်ပိုင်းမှာ ကျန်းမာရေး အရရော၊ အသက်အရွယ် အရပါ အပြောင်းအလဲတွေ လုပ်ကို လုပ်ရတော့မယ့် အချိန်ကို ရောက်နေပါပြီ။ ဗိုလ်သန်းရွှေ၊ ဗိုလ်မောင်အေးတို့ အနေနဲ့ ရွေးကောက်ပွဲ အကြောင်းပြပြီး ထွက်ပေးလိုက်ရင် ကောင်းမလား၊ ဒါမှမဟုတ် ရွေးကောက်ပွဲ ပြီးအောင်အထိ စောင့်ကြည့်ပြီးမှ ထွက်ပေးကြမလား ဆုံးဖြတ်ရ ခက်နေကြပါတယ်။ စစ်အုပ်စုတွေရဲ့ထုံးစံအတိုင်း တပ်နဲ့ ကင်းကွာသွားမှာကို သူတို့ အားလုံး လန့်ကြပါတယ်။ ဘာကောင်ကြီး ဖြစ်နေနေ တပ်နဲ့ ကင်းကွာလို့ကတော့ သုညဘဝ ရောက်တာပဲဆိုတာ သူတို့ အသိဆုံးပါ။ ဦးနေဝင်း သေပန်း မလှခဲ့တာကို သူတို့ မမေ့ပါဘူး။ သူတို့သာ လက်ရှိ ရာထူးတွေကို စွန့်လွှတ်လိုက်ရရင် လက်ရှိ စည်းစိမ်တွေဟာလည်း ရေပွက်ပမာ ဖြစ်လိမ့်မယ် ဆိုတာ သူတို့ကောင်းကောင်း သဘောပေါက်ပါတယ်။ ခက်တာက ရွေးကောက်ပွဲ ဆိုတာကြီး ပြီးသွားလို့မှ တိုင်းပြည် ခေါင်းဆောင်ဆိုတဲ့ ထိပ်ပိုင်းမှာ ဒီမျက်ခွက်ကြီးတွေပဲ ပြန်တွေ့နေရရင် လူရီစရာ ဖြစ်မယ် ဆိုတာကိုလည်း ဒီဗိုလ်ချုပ်တွေ မစဉ်းစားလို့ မဖြစ်ပါဘူး။

ဒါဖြင့် ငါလည်းထွက်မယ်၊ မင်းလည်းထွက်ဆိုပြီး ဥပမာ ဗိုလ်ရွှေမန်းလိုလူကို အာဏာ လွှဲပေးလိုက် ရင်ရော သူတို့ထဲမှာ တည်တည် ငြိမ်ငြိမ် ရှိပါ့မလား။ ဗိုလ်သန်းရွှေဟာ ဗိုလ်နေဝင်းလောက် သူတို့ တပ်ထဲမှာ သြဇာ မရှိတာတော့ အမှန်ပါ (ဒါကြောင့်လည်း အခု သူတို့ အထဲမှာ ဗိုလ်သန်းရွှေ ဖြစ်စေချင်သလို ဖြစ်အောင် လုပ်လို့ မရသေးတာ ဖြစ်ပါတယ်)။ ဒါပေမယ့် နောက်လူတွေက သူ့လောက်မှ မီးမသေရင် ပိုပြီး ကသောင်းကနင်း ဖြစ်ကုန်နိုင်ပါတယ်။ အလွယ်ဆုံး ပြောရရင် ဗိုလ်ရွှေမန်းဟာ ဦးအောင်သောင်းကို အာ…မခံအောင် လုပ်နိုင်ပါ့မလား။ တခြားလည်း သူတို့ထဲမှာ အဲဒီလို တယောက်အပေါ် တယောက် နိုင်ပေါက်ကိုကိုင်ပြီး ပခုံးချင်း တိုင်းနေကြတာတွေ အများကြီး ရှိပါတယ်။

ဒီလိုအခြေအနေမျိုးတွေကြားမှာ နအဖစစ်အစိုးရက ရွေးကောက်ပွဲ ကျင်းပမယ့် ရက်ကိုလည်း မကြေညာနိုင်၊ ရွေးကောက်ပွဲ ဥပေဒဆိုတာလည်း ထုတ်မပြောနိုင် ဖြစ်နေတော့ ဒီချုပ်အခက် ဒို့အကွက်ဆိုပြီး ရွေးကောက်ပွဲ ဝင်ဖို့ ခဲထားသူတွေ၊ ဗမာပြည်သားတွေကို ရွေးကောက်ပွဲမှာ မဲပေးနည်း သင်တန်းပေးမယ်လို့ အားခဲထားသူတွေ၊ ဒီရွေးကောက်ပွဲကနေ ပေါ်လာတဲ့ “စပေ့စ်” ထဲမှာ မျောက်က…ကရမယ်လို့ တရားဟောနေသူတွေ အားလုံးပဲ စိတ်မရှည်နိုင်အောင် ဖြစ်လာကြပါတယ်။ နောက်ပြီး သူတို့မှာ ပြောစရာတွေကလည်း ကုန်လာတယ်ဆိုတော့ စောင့်ရုံမှတပါး အခြားမရှိလို ဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ တချို့ကတော့ နအဖကိုတောင် စောင်းပါး ရိပ်ခြည်၊ ချိတ်ပြီး ဝေဖန်တာတွေ တွေ့လာရပါတယ်။

ပြန်ချုပ်ပါ့မယ်။ အခက်အခဲဟာ တဖက်တည်းမှာ ရှိနေတာ မဟုတ်ပါဘူး။ အားလုံးမှာ ရှိနေတာပါ။ အတိုက်အခံတွေမှာချည့် အခက်အခဲ တွေ့နေရတယ်၊ အမေရိကန်ရဲ့ ယက်တော သံတမန်ရေးကြောင့် ဗမာပြည် နိုင်ငံရေး ပြောင်းသွားပြီဆိုပြီး ကိုယ့်နိုင်ငံရေး ဘဝတခုလုံးကို ရွေးကောက်ပွဲထဲမှာ ပုံအောလိုက်တာမျိုးလည်း မလုပ်သင့်ပါဘူး။

၂ဝ၁ဝ ရွေးကောက်ပွဲကို ဆန့်ကျင်ရင် ဒီမိုက်ရေစီ ပိုဝေးသွားမယ်လို့ တချို့က ဆိုနေပါတယ်။ အဲဒီလို ပြောနေသူတွေ ထဲမှာ ရွေးကောက်ပွဲ မလုပ်ဘဲ နအဖ ဆက်မင်းမူနေရင် ဒီမိုကရေစီနဲ့ ပိုဝေးလိမ့်မယ်လို့ စေတနာကောင်းနဲ့ စိုးရိမ်သူများလည်း ပါပါတယ်။ ဒါပေမယ့် ၂ဝဝ၈ အခြေခံဥပဒေနဲ့ ဒီမိုကရေစီကို ရယူမယ်ဆိုတာက ပေါက်နေတဲ့ ရေဘူးနဲ့ ရေပါအောင် ယူမယ် ဆိုတာထက်တောင် ဆိုးပါတယ်။ ‘ထိုင်နေအကောင်းသား’ မုချဖြစ်မှာပါ။

Ref: ခေတ်ပြိုင်


Read More...

နေ့စဉ်သတင်းများ ( ၃ - ၁၂ - ၀၉)

ပြည်သူတွေ၊ တပ်မတော်သားတွေ စည်းလုံးဖို့ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော မှာကြား သတင်း
ဒေါ်အောင်ဆန်းစုကြည် အိမ်လုံခြုံရေးအတွက် ပြုပြင် သတင်း
အမေရိကန် ဓာတ်ပုံသတင်းထောက်ကို ပြည်ဝင်ခွင့်မပေး သတင်း
မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှု ဖယ်ရှားသင့်မသင့် ဆွေးနွေးပွဲ လန်ဒန်မှာ ကျင်းပ သတင်း
စီးပွားရေးနိုဘဲလ်ဆုရှင် နေပြည်တော် စီးပွားရေးနှီးနှောပွဲ အကြံပေးမည် သတင်း
EU ခေါင်းဆောင်တွေ စစ်အစိုးရ၀န်ကြီးချုပ်နဲ့ တွေ့မည် သတင်း
ရွေးကောက်ပွဲအပြီး နိုင်ငံတကာဆက်ဆံရေး ပိုကောင်းမည်ဟု မြန်မာသံအမတ် ပြော သတင်း
မြန်မာ့ဒီမိုကရေစီရေးကို အိန္ဒိယထောက်ခံသင့်ဟု နာမည်ကြီး အိန္ဒိယစာရေးဆရာ ပြောဆို (ရုပ်သံ)
လူမှောင်ခိုနှင့် ကလေးငယ်ခိုးမှု တရုတ်-မြန်မာနယ်စပ်မှာ ပြန်လည်ခေါင်းထောင်လာ သတင်း
လူနာသေဆုံးမှု ဆရာဝန် ဆမ (၅) နှစ် သိမ်း သတင်း
ဗီဒီယိုပြသခွင့်လိုင်စင်ကြောင့် ရန်ကုန်လက်ဖက်ရည်ဆိုင်များ တီဗီဖြုတ်သိမ်း သတင်း
ဆားလုပ်ငန်းရှင်များ အစိုးရချေးငွေ ပြန်မဆပ်နိုင် သတင်း
ဈေးပြောင်းရွှေ့ခိုင်းမှုကြောင့် ထောင်ချီသည့် ဈေးသည်များ အခက်တွေ့ သတင်း
ထိုင်းဘုရင့်မွေးနေ့ပွဲတွင် သီဆိုဖျော်ဖြေမည်ဟု အဆိုတော် ဇော်ပိုင် ပြောဆို သတင်း
စစ်အစိုးရ၏ ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးရန် ဗြိတိန်အမတ်များ တောင်းဆို သတင်း
တန်းတူအခွင့်အရေးရှိသည့် ဒီမိုကရေစီနိုင်ငံကို တည်ဆောက်မည်ဟု ကချင်ပါတီ ပြော သတင်း
မြန်မာ့အရေးမအောင်မြင်သော ဂန်ဘာရီ ဒါဖာအရေးဘက် ပြောင်းမည် သတင်း
နာဂအဖွဲ့က ၂၀၁၀ ရွေးကောက်ပွဲကို ကန့်ကွက် သတင်း
တောင်ငူဒေသတွင်း လုပ်အားခိုင်းစေမှု ပိုများလာ သတင်း
KPF ဥက္ကဌ စောသုမုဟဲ ကျန်းမာရေး အလွန်ဆိုးရွားနေ သတင်း
ကလလတ နယ်ခြားစောင့်တပ်ပြောင်းလဲမှု ပြည်သူများ ပိုမို၍ အခက်ကြုံနိုင်ဟု ကေအဲန်ပီပီ ပြော သတင်း
ရာမညတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး နိုင်ရှောင်အား အရှေ့တောင်တိုင်းမှ ခေါ်ယူတွေ့ဆုံ သတင်း
၅၀၀၀ ကျပ်တန် အတုလုပ်သူတချို့ ဖမ်းဆီးရမိဟု ဆို သတင်း
ချင်းပြည်နယ် စားနပ်ရိက္ခာပြဿနာ ပိုဆိုးလာ သတင်း
ထောင်အတွင်း ခုခံအားကျဆင်းမှု ကူးစက်ရောဂါ ကူးစက် သတင်း
အမေရိကန်စင်တာတွင် စာသင်သည့် နိုင်ငံခြားသူ ပြည်နှင်ဒဏ်ပေးခံရ သတင်း
တရုတ်-မြန်မာ ကုန်စည်ပြပွဲ ဖွင့်လှစ်၊ ဗိုလ်ချုပ်မှူးကြီး သမက် တက်ရောက် သတင်း
အလှဖန်တီးရှင်များ၏ ကမ္ဘာ့ AIDS နေ့ အထိမ်းအမှတ်ပြိုင်ပွဲ ရွှေ့ဆိုင်းရ သတင်း
စာမေးပွဲနီးချိန် မီးမမှန်၍ ဆယ်တန်းကျောင်းသားများ အခက်တွေ့နေ သတင်း
ရန်ကုန်လျှပ်စစ်မီး ခွဲတမ်းစနစ် ပြန်ဖြစ်ပြီ သတင်း
မြန်မာရွှေ့ပြောင်းအလုပ်သမားများ ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ပြီ သတင်း
စတစ်ဂ်လစ်ရဲ့ မြန်မာပြည်ခရီးစဉ် (ဆောင်းပါး)
ယောက်ျား ဖောင်စီး၊ မိန်းမ မီးနေ (ဆောင်းပါး)
အကယ်၍များ … ကျနော်နှင့် ကင်ဆာ (ဆောင်းပါး)

Read More...

Thursday, December 3, 2009

ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော နှစ် (၉၀) ပြည့်မွေးနေ့



Read More...

နေ့စဉ်သတင်းများ ( ၂ - ၁၂ - ၀၉)

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဖုန်းမက်ဆေ့များ ပျံ့နှံ့နေ သတင်း
ဒေါ်အောင်ဆန်းစုကြည်ရဲ့ လွတ်လပ်မှုကို လိုချင်တယ်ဆိုတဲ့ ဆောင်းပါးကို လူငယ်တွေကြား ဖြန့်နေ သတင်း
ဒေါ်အောင်ဆန်းစုကြည်၏ တွေ့ဆုံဆွေးနွေးရေး ကမ်းလှမ်းချက် မြို့နယ်အဖွဲ့ချုပ်များ ထောက်ခံ သတင်း
ဂမ်ဘာရီ မြန်မာ့အရေးမှာ အောင်မြင်မှုမရခဲ့ သတင်း
မြန်မာစစ်အစိုးရမှ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုချိန် ထုတ်ပြန် သတင်း
အောက်တိုဘာလက ဖမ်းဆီးခံရသူ လူငယ် (၂၀) ဦးခန့် ပြန်လည်လွတ်မြောက် သတင်း
တောင်သူ (၁၂) ဦးရဲ့ အယူခံ သတင်း
လတ်တလောအဖြစ်ကြောင့် ကုသမှု မှားယွင်းမှုများ ထပ်မံသိရှိလာရ သတင်း
နာဂစ် (၁) နှစ်ခွဲ့ပြည့်၊ အဓိက စိုက်ပျိုးရေးအတွက် အကူအညီ လိုအပ်နေဆဲ သတင်း
နာဂစ်မုန်တိုင်းဒဏ်သင့်သူများ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးဆဲ သတင်း
မြန်မာဒုက္ခသည် အများအပြား မလေးရှား UNHCR အသိအမှတ်ပြု သတင်း
စခန်းအပြင်ထွက် အလုပ်လုပ်ခွင့်ရရေး လောလောဆယ် မလွယ်သေး သတင်း
မြန်မာရွှေ့ပြောင်းစာသင်ကျောင်းများ တရားဝင် တည်ထောင်ခွင့် ထိုင်းအစိုးရ ကြေညာဖွယ်ရှိ သတင်း
မွန်ပညာရေးကျောင်းများ ဘဏ္ဍာရေး အခက်ကြုံ သတင်း
မြန်မာနှင့် မဲခေါင်ဒေသ သတင်းသမားများ ထိုင်းတွင် တွေ့ကြမည် သတင်း
(၉) ကြိမ်မြောက် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ကုန်စည်ပြပွဲ ကျင်းပ သတင်း
သုံးဆယ်ရေကာတာ နွေစပါးအတွက် ဆည်ရေလွှတ်ရန် အခက်အခဲဖြစ်နေ သတင်း
မြစ်ဆုံရေကာတာလုပ်ငန်း ပြန်လည်စတင်တော့မည် သတင်း
“သံလွင်ဟာ ငါတို့ဘဝ” ဆောင်ပုဒ်ဖြင့် လှုပ်ရှားမှုတစ်ခု ပြုလုပ် သတင်း
လှေလမ်းကြောင်းပိတ်ပွဲကို ချောင်းဆုံနှင့် ကျွန်းချောင်းတွင် နှစ်နေရာ ကျင်းပ သတင်း
မော်လမြိုင် အောက်ဈေးကြီး ပြန်ဖွင့် သတင်း
ရန်ကုန် အမှိုက်ပုံ၊ အမှိုက်ကန်များတွင် အမှိုက်ကောက်ခွင့် မပြုတော့ သတင်း
ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့ မဲဆောက်မြို့တွင် ကျင်းပ သတင်း
အမေရိကန်စစ်သား ၃၀,၀၀၀ အာဖဂန်ကို ထပ်မံစေလွှတ်မည် သတင်း

Read More...

ကေအဲန်ယူ/ကေအဲန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအဖွဲ့ ခေါင်းဆောင် ဗိုလ် မှူးချုပ် စောဌေးမောင်နှင့် နအဖ ဗိုလ်ချုပ်တို့၏ ဆွေးနွေးခန်း

Wednesday, December 2, 2009

Read More...

Wednesday, December 2, 2009

နေ့စဉ်သတင်းများ ( ၁ - ၁၂ - ၀၉)

စစ်တပ်အတွင်း အပြောင်းအလဲများ စတင် သတင်း
မြန်မာပြည် အေအိုင်ဒီအက်စ် ရောဂါသည်နဲ့ ဆေး မမျှသေး သတင်း
NLD အေအိုင်ဒီအက်စ်နေ့ အခမ်းအနား သတင်း
ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့ ထိုင်း-မြန်မာနယ်စပ်နဲ့ လိုင်ဇာမြို့မှာ ပြုလုပ် သတင်း
ခုခံအားကျဆင်းမှုတိုက်ဖျက်ရေး လွတ်လပ်စွာ ဆောင်ရွက်ခွင့်မရသေး သတင်း
HIV/AIDS ပညာပေးလုပ်ငန်းများ တိုးမြှင့်ရန် လှုပ်ရှားနေသူများ ပြောဆို သတင်း
အိမ်မှာနေရင်းကို ဒီရောဂါ ကူးစက်နေတာ (မဖြူဖြူသင်းနှင့် အင်တာဗျူး)
အတိုက်အခံ အမျိုးသမီး (၄) ဦးကို စွဲချက်တင် သတင်း
နှစ်ဘက်အကြား ညှိနှိုင်းဖြေရှင်းမည်ဟု SSA နှင့် PNLO ပြောဆို သတင်း
ကျောင်းသားတပ်မတော် ကျဆုံးရဲဘော်များအတွက် စောထဖောင်ဒေးရှင်း ဖွဲ့ သတင်း
ရဲတိုင်းမှူးသစ်လက်ထက် ရန်ကုန်မြို့လုံခြုံရေး ပိုမိုတင်းကျပ်လာ သတင်း
မွန်ပြည်သစ်ပါတီခရီးစဉ်ကို မသိရှိသည့်အတွက် ဂိတ်တာဝန်ခံ ဗိုလ်ကြီးတဦး ပြောင်းရွှေ့ခံရ သတင်း
တောတွင်းခရီးကြမ်း အပြေးပြိုင်ပွဲတွင် မပါဝင်၍ လုံထိန်းတပ်ရင်း (၂) ရင်းမှ ကျပ်ငွေ တသိန်းစီ ဒဏ်တပ်ခံရ သတင်း
စီးပွားရေးနိုဗဲလ်ဆုရှင်တဦး မြန်မာနိုင်ငံသို့ သွားရောက် အကြံပေးမည် သတင်း
မလေးရှား UNHCR မှ မွန်ဒုက္ခသည် တထောင့်ငါးရာကျော်ကို အသိအမှတ်ပြုပေး သတင်း
ရန်ကုန်ဝန်ထမ်းများ မော်တော်ဆိုင်ကယ် စီးနင်းခွင့် မရှိတော့ သတင်း
အောင်လံတောင်သူများ သီးနှံရင့်မှည့်ပေမယ့် မရိတ်သိမ်းနိုင် သတင်း
တင်ပို့မှုများ၍ ဘင်္ဂလာဒေ့ရှ်ဈေးကွက်တွင် မြန်မာသစ်များ ဈေးကျ သတင်း
အမည်မသိ လက်နက်ကိုင်တစု ပင်လုံမြို့ ရာအိမ်မှူးတဦးအား ပြန်ပေးဆွဲ သတင်း
တောင်အာရှ အမျိုးသမီးများနေ့ အခမ်းအနားသို့ WLB တက်ရောက် သတင်း
၂၀၁၂ ကမ္ဘာပျက်မည့် ရုပ်ရှင်ကား မြန်မာပရိသတ်အကြား ရေပန်းစား သတင်း
လူထုဒေါ်အမာ (သို့မဟုတ်) ပြည်သူချစ်သော ကလောင်ရှင် (ဆောင်းပါး)
အဖေနဲ့ ဂျက်ကိုး ဦးအောင်ဖြိုး (ဆောင်းပါး)
အများအတွက် အသက်ရှင်လိုသူ (ဆောင်းပါး)
ဒုတိယတလှမ်း (ဆောင်းပါး)
ဒီမိုကရေစီအာဘော် မီဒီယာခေတ်ပြိုင် (ဆောင်းပါး)
သတင်းမှားများနှင့် လူ့အဖွဲ့အစည်း (ဆောင်းပါး)

Read More...

မခိုင်ရွှန်းလဲ့ရည် သေဆုံးမှု နောက်ဆက်တွဲ စုံစမ်းစစ်ဆေးမှု စတင်ပြီ

အောင်သက်ဝိုင်း
Tuesday, 01 December 2009 16:19

ရန်ကုန်မြို့ ရွှေဂုံတိုင် အထူးကု ဆေးခန်းတွင် မခိုင်ရွှန်းလဲ့ရည် ဆိုသည့် ကျောင်းသူတဦး သေဆုံး ခဲ့ရခြင်းနှင့် ပတ်သက်၍ ပြည်တွင်း သတင်း ဂျာနယ်များက အကျယ်တ၀င့် ရေးသား ဖော်ပြပြီးနောက် သက်ဆိုင်ရာ ဆေးခန်းနှင့် အထူးကု ဆရာဝန်ကြီး တို့ကို နိုဝင်ဘာလ ၃၀ ရက်နေ့တွင် မြန်မာနိုင်ငံ ဆေးကောင်စီက စုံစမ်းစစ်ဆေးမှုများ စတင်ပြုလုပ်နေပြီဟု သိရှိရသည်။

ယင်းသို့ ပြည်တွင်းသတင်းဂျာနယ်များ၏ သတင်းဖော်ပြမှုကြောင့် ဆေးခန်းနှင့် ဆရာဝန်တို့၏ လုပ်ရပ်သည် တာဝန်မဲ့သည်ဟု ပြည်သူများအကြား ဝေဖန်ပြောဆိုမှုများ ပေါ်ထွက်လာသည့်အတွက် ထိုသို့ စုံစမ်း စစ်ဆေးမှုများ စတင်ခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆေးကောင်စီမှ တာဝန်ရှိသူတဦးက ပြောသည်။

“စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဒီလ၂၆ ရက်နေ့မှာ အထူးအစည်းအဝေး ခေါ်ပြီး ဖွဲ့တယ်၊ စစ်ဆေးမှုတွေ စလုပ်ပြီ”ဟု ၎င်းက ဆိုသည်။

စုံစမ်းစစ်ဆေးရေးအဖွဲ့တွင် ဆေးပညာ ဆိုင်ရာ အငြိမ်းစား ပါမောက္ခ၊ ဌာနမှူးများနှင့် လက်ရှိ တာဝန် ထမ်းဆောင်နေဆဲ ဆရာဝန်ကြီး များပါဝင်ကာ စုံစမ်းစစ်ဆေးမှုများကို သီတင်းတပတ် ပြုလုပ်မည်ဟုလည်း သိရှိရသည်။

အကယ်၍ မခိုင်ရွှန်းလဲ့ရည်အမှုတွင် ဆေးကုသမှုမှားယွင်းကြောင်း စစ်ဆေး တွေ့ရှိပါက လူနာကို ကုသပေးခဲ့သော အထူးကု ဆရာဝန်ကြီး၏ ဆေးကုသခွင့် လိုင်စင် အသိမ်းခံရမည် ဖြစ်ပြီး ရွှေဂုံတိုင် အထူးကုဆေးခန်း (SSC) သည် တရားဝင် ၀န်ချ တောင်းပန်မှု ပြုလုပ်ကာ လူနာရှင်ကို လျော်ကြေး ပေးရဖွယ် ရှိကြောင်း ဆေးကောင်စီ တာဝန်ရှိသူက ဆိုသည်။

“တကယ်ပဲ ဆေးကုသမှု မှားယွင်းတယ်ဆိုရင်တော့ အထူးကု ဆရာဝန် (ဆမ) အသိမ်းခံရပြီး ဆေးခန်းကလည်း လူနာရှင်ကို လျော်ကြေး ပေးရတာမျိုး ဖြစ်နိုင်တယ်၊ စုံစမ်းလို့ရတဲ့ ရလဒ် အပေါ် မူတည်ပြီး ဘယ်လို အရေးယူမလဲ ဆိုတာ အစည်းအဝေးခေါ် ဆုံးဖြတ်မယ်” ဟု ၄င်းကပြောသည်။

အဆိုပါ အသက် ၁၅ နှစ်အရွယ် ၉တန်းကျောင်းသူ မခိုင်းရွှန်းလဲ့ရည်သည် အောက်တိုဘာလ ၂၅ ရက်နေ့တွင် သွေးလွန်တုပ်ကွေး ရောဂါကြောင့် ၀မ်းဗိုက်နာသော ဝေဒနာဖြင့် ရွှေဂုံတိုင် ဆေးခန်းသို့ ရောက်ရှိလာရာ ဆေးခန်းမှ အစာအိမ်နှင့် အူလမ်းကြောင်း ခွဲစိတ် အထူးကု ဆရာဝန်ကြီးက အူအတက်ရောင် ရောဂါ ဖြစ်နေသည်ဟု ပြောဆိုပြီး ခွဲစိတ်ကုသရာမှ အောက်တိုဘာလ ၂၇ ရက်နေ့တွင် သေဆုံး သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မခိုင်ရွှန်းလဲ့ရည်ဖြစ်ရပ်သည် မြန်မာနိုင်ငံတွင် အစိုးရ၏ ညံ့ဖျင်းသော ပြည်သူ့ ကျန်းမာရေး စီမံခန့်ခွဲမှုများ ရှိနေသည်ကို မီးမောင်း ထိုးပြသော ဖြစ်စဉ်တခု ဖြစ်ကြောင်း၊ မခိုင်ရွှန်းလဲ့ရည် ကဲ့သို့သော ဖြစ်ရပ်မျိုး တွေ့ကြုံ ခံစားရမှုများ ပုဂ္ဂလိက ဆေးရုံများနှင့် အစိုးရ ဆေးရုံများတွင် နှစ်ပေါင်းများစွာ ကပင် ဖြစ်ပျက်ခဲ့ခြင်း ဖြစ်ပြီး ယခုမှ ပြည်တွင်း သတင်းဂျာနယ်များ၏ သတင်းဖော်ပြမှုကြောင့် လူအများ သိရှိခြင်း ဖြစ်ကြောင်း၊ အစိုးရ အနေဖြင့် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု အခန်းကဏ္ဍတွင် ပိုမို အရှိန်အဟုန်မြှင့် လုပ်ဆောင်ရန် လိုအပ်ကြောင်း အငြိမ်းစား ကျန်းမာရေး ၀န်ထမ်းတဦးက ဝေဖန် ပြောဆိုသည်။

ယခုအခါ ပြည်တွင်းရှိ ပုဂ္ဂလိဆေးရုံ၊ ဆေးခန်းများ အားလုံး ၂၀၀၇ ခုနှစ် ပုဂ္ဂလိက ကျန်းမာရေး လုပ်ငန်း ဥပဒေအရ တရားဝင် လိုင်စင် ပြန်လည် လျှောက်ထားရမည် ဖြစ်ပြီး မခိုင်ရွှန်းလဲ့ရည် ကဲ့သို့သော ဖြစ်စဉ်မျိုး ဖြစ်ပွားလာပါက ကုသသည့် ဆေးခန်းနှင့် ဆရာဝန်များကို တရားစွဲဆို၍ ဥပဒေအရ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း သိရှိရသည်။

Ref: ဧရာဝတီ်

Read More...

Tuesday, December 1, 2009

နေ့စဉ်သတင်းများ ( ၃၀ - ၁၁ - ၀၉)

ကမ္ဘာ့အတွေးအခေါ်ရှင် (၁၀၀) စာရင်းမှာ ဒေါ်အောင်ဆန်းစုကြည် ဖော်ပြခံရ သတင်း
ကချင်ပြည်နယ် NLD ပါတီက ရွှေဂုံတိုင် နိုင်ငံရေးရပ်တည်ချက်ကို ပြသ သတင်း
မယ်တော်ဆေးခန်းအတွက် အရေးပေါ် ရန်ပုံငွေ လိုအပ်နေ သတင်း
တရုတ်-အီးယူ ထိပ်သီးညီလာခံမှာ မြန်မာ့ကိစ္စ ဆွေးနွေး သတင်း
ခေတ်ပြိုင်ဖခင်ကြီး ဦးတင်မောင်ဝင်း ကွယ်လွန်ခဲ့သည့် (၁၀) နှစ်ပြည် အထိမ်းအမှတ် သတင်း
ဒုက္ခသည်များ စခန်းပြင်ထွက် အလုပ်လုပ်ခွင့် ထိုင်းအစိုးရကို အီးယူ တိုက်တွန်းမည် သတင်း
စီးပွားရေးနိုဘဲလ်ဆုရှင် မြန်မာ့စီးပွားရေး အကြံပေးမည် သတင်း
တနိုင်ငံလုံးသွားခွင့်ရ ဆိုင်ကယ်လိုင်စင် စတင်လုပ်ပေးနေပြီ သတင်း
ရန်ကုန်တွင် အမျိုးသမီးငယ်တဦး မိမိကိုယ်ကို အဆုံးစီရင် သတင်း
မြန်မာ့နည်း မြန်မာ့ဟန် ဒီမိုကရေစီ (ဆောင်းပါး)
မြန်မာပရိတ်သတ်များ ဆီးဂိမ်းပြိုင်ပွဲ LIVE ကြည့်ရှုခွင့်မရ သတင်း
ထိုင်းရေတပ်က ပစ်သဖြင့် မြန်မာစစ်သားများ ဒဏ်ရာရ သတင်း
SSA တောင်ပိုင်းတပ်ဖွဲ့နှင့် PNLO အောက်ခြေတပ်ဖွဲ့များကြား ပစ်ခတ်မှုဖြစ်ပွား သတင်း
၂၀၁၀ ရွေးကောက်ပွဲ နိုင်ငံရေးပါတီဖွဲ့စည်းခွင့်ဥပေဒထွက်မည်ဟု သတင်းထွက်ပေါ် သတင်း
တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု ဗိုလ်ချုပ်မှူးကြီး ပြော သတင်း
အမျိုးသားပြန်လည်သင့်မြတ်ရေး ဖြစ်ပေါ်ရန် ၀ါရင့်နိုင်ငံရေးသမားကြီးများ တိုက်တွန်း သတင်း
မြန်မာလူငယ်များက ရွေးကောက်ပွဲတွင် မဲပေးမည်လော သတင်း
စစ်မှန်သောရွေးကောက်ပွဲ၊ အာဏာရှင်ရွေးကောက်ပွဲနှင့် မြန်မာပြည်အနာဂတ် ရွေးကောက်ပွဲ (ဆောင်းပါး)
ဒီမိုကရေစီအစိုးရနှင့် စာပေလွတ်လပ်ခွင့် (ဆောင်းပါး)
ကြံ့ခိုင်ရေးအသင်းက လူထုငွေကြေးဖြင့် နာမည်ကောင်းယူ၊ တောင်ဒဂုံတွင် လမ်းပြင်ရန် ငွေကောက် သတင်း
အယ်ဒီတာဟောင်း ကိုညီညီထွန်း ဖောက်ခွဲမှုနှင့် နှိပ်စက်ခံနေရ သတင်း
ရန်လုံကျိုင်း နယ်စပ်ကုန်သွယ်ရေးစခန်း မဖြစ်လာသေး သတင်း
ရေအားလျှပ်စစ် စီမံကိန်းအတွက် ကချင်ဒေသခံများ ဖိအားပေးခံရ သတင်း
ရခိုင်ဒေသ ရေအောက်ဓာတ်ငွေ့ပိုက်လိုင်းကို စင်္ကာပူနှင့် မြန်မာ ဆောက်မည် သတင်း
ရဲနှင့် စစ်တပ်ကိုလည်း ဆိုင်ကယ်စီးခွင့် ပိတ်ပင် သတင်း
မွန်တိုင်းရင်းသူ အမျိုးသမီးငယ် (၃၂) ယောက် ပြည့်တန်ဆာဘဝမှ ထပ်မံလွတ်မြောက်ခဲ့ သတင်း
မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်က မြောက်ဥက္ကလာတွင် ဈေးကွက်ချဲ့ထွင် သတင်း
စပါးထွက်နှုန်းကောင်းသော်လည်း ဈေးမတက်၍ လယ်သမားများ မပျော်နိုင် သတင်း
ဆားတောင်သူများအတွက် ချေးငွေအစီအစဉ် ဖျက်သိမ်း သတင်း
ခွဲစိတ်ခံပြီး သေဆုံးခဲ့သည့် ကျောင်းသူလေးကိစ္စ စုံစမ်းရေးအဖွဲ့က စုံစမ်းဖော်ထုတ်မည် သတင်း
UAE က ထပ်စင်ကို သတိပေးပြီ သတင်း
အိန္ဒိယ အနုမြူစက်ရုံတရုံမှာ ရေအဆိပ်ဖြစ် သတင်း
နာဇီအကျဉ်းစခန်းစောင့်တဦးကို ခုံရုံးတင် သတင်း
ဂရိပိုင် ရေနံတင်သင်္ဘော ဆိုမားလီးယား ပင်လယ်ဓားပြတွေ သိမ်းပိုက် သတင်း
ကြွေးမြီပြဿနာ ဒူဘိုင်းပြည်နယ် အစိုးရ အာမခံမည်မဟုတ် သတင်း

Read More...

အမျိုးသားပြန်လည်သင့်မြတ်ရေး ဖြစ်ပေါ်ရန် ၀ါရင့် နိုင်ငံရေး သမားကြီးများ တိုက်တွန်း

မင်းနိုင်သူ / ၃၀ နိုဝင်ဘာ ၂၀၀၉

ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံသို့ ပေးပို့ထားသည့် စာကို အခြေခံကာ ၀ါရင့် နိုင်ငံရေးသမား ကြီးများက ၎င်းတို့၏ သဘောထား တရပ်ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ နိုဝင်ဘာ (၂၈) ရက်တွင် ပေးပို့ခဲ့သည်။

“အဓိကကတော့ အစိုးရအနေနဲ့ ပြန်လည်သင့်မြတ်ရေး လမ်းကြောင်းပေါ် အမြန်ဆုံး တက်လာဖို့ ၀ါရင့် နိုင်ငံရေးသမားကြီးတွေ အနေနဲ့ ဆန္ဒရှိတယ် ဆိုတာကို ဖော်ပြ လိုက်တာပါ” ဟု ၀ါရင့် နိုင်ငံရေးသမားကြီး ဦးသာဘန်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ ထားမှုများကို ရုပ်သိမ်းရေး ကိစ္စ နောက်ဆက်တွဲ ဟူသော ပေးစာ နိုဝင်ဘာ (၁၁) ရက်တွင် နအဖဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ ပေးပို့ခဲ့ပြီး သူ့အနေဖြင့် နိုင်ငံ အကျိုးရှိစေမည့် ကိစ္စရပ်များကို ပူးပေါင်း ဆောင်ရွက်နိုင်ရန် အတွက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်လည်း တွေ့ဆုံ ဆွေးနွေးလိုပါကြောင်း အဆိုပါစာတွင် ဖော်ပြထားသည်။

သို့ရာတွင် အဆိုပါစာနှင့်စပ်လျဉ်း၍ နအဖစစ်အစိုးရဘက်မှ သီတင်း (၂) ပတ်ကျော်အကြာ တုံ့ပြန်မှု တစုံတရာ မရှိခဲ့သည့်နောက် ၀ါရင့် နိုင်ငံရေးသမား ကြီးများက ၎င်းတို့၏ သဘောထားကို ထုတ်ဖော် ပြောကြား လိုက်ကြခြင်းဖြစ်သည်။

ဝါရင့်နိုင်ငံရေးသမားကြီးများ၏စာတွင် ၀ါရင့်အဖွဲ့အနေဖြင့် ၁၉၉၅ ခုနှစ်မှစ၍ ယနေ့အထိ (၁၄) နှစ်တိုင်တိုင် အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် အကြံပေးခြင်း၊ ပန်ကြားခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ယခုလည်း ဒေါ်အောင်ဆန်းစုကြည်၏ ပေးစာသည် အမျိုးသား ပြန်လည်သင့်မြတ်ရေး ဖော်ဆောင်ပေးနိုင်မည့် စာတစောင် ဖြစ်နေကြောင်း၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနေဖြင့်လည်း ဗုဒ္ဓ အဆုံးအမများနှင့် အညီ မေတ္တာတရား ရှေးရှုပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် ကြိုးပမ်း ဆောင်ရွက် သွားသင့်ကြောင်း တို့ကို ရေးသားထားကြောင်း ဦးသာဘန်းက ပြောသည်။

“၀ါရင့်အဖွဲ့အနေနဲ့ အစဉ်တစိုက် တိုက်တွန်းနေတာက အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး ပါပဲ။ လိုအပ်ရင် လိုအပ်သလို စာရေးသား တိုက်တွန်း နေတာပါ။ နအဖ အစိုးရဘက်က တုံ့ပြန်မှုရှိတာ မရှိတာက သူ့အပိုင်းလေ။ တို့ လုပ်စရာရှိတာ၊ ပြောစရာရှိတာကို လုပ်တာ ပြောရမှာက တို့အပိုင်းလေ” ဟုလည်း ၎င်းက ပြောသည်။

ဝါရင့်နိုင်ငံရေးသမားကြီးများအဖွဲ့ကို လွတ်လပ်ရေးအတွက် တိုက်ပွဲ ၀င်ခဲ့ကြသော သခင်ဟောင်းများ၊ ပြည်သူ့ ရဲဘော်ဟောင်းများက ဦးဆောင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး စတင်ဖွဲ့စည်းစဉ်က (၂၃) ဦး ပါဝင်သော်လည်း ယခုအခါ (၁၀) ဦးခန့် သာ ကျန်းမာရေး ကောင်းမွန်စွာ ရှိနေကြောင်း သိရသည်။

“ဗိုလ်မှူးအောင်တို့၊ သခင်သိန်းဖေတို့ စဖွဲ့ခဲ့တာပါ။ နောက်တော့ တချို့တွေလည်း ကွယ်လွန်ကုန်ကြ။ တချို့တွေလည်း ကျန်းမာရေး ညံ့ကုန်ကြနဲ့။ အခု သွားလာလှုပ်ရှား ပြောနိုင်ဆိုနိုင်တာက (၇) ဦး၊ (၈) ဦးလောက်ပဲ ရှိပါတော့တယ်” ဟု ဦးသာဘန်းက ပြောသည်။


Ref: ခေတ်ပြိုင်

Read More...

Monday, November 30, 2009

နေ့စဉ်သတင်းများ ( ၂၉ - ၁၁ - ၀၉)

လူထုဒေါ်အမာ (၉၄) နှစ်ပြည့် မွေးနေ့ သတင်း
ကုလသမဂ္ဂ မူးယစ်အစီရင်ခံစာကြောင့် တိုင်းရင်းသားအဖွဲ့များ မကျေမနပ်ဖြစ်နေ သတင်း
ဝါရင့်နိုင်ငံရေးသမားကြီးများအဖွဲ့နဲ့ ဆက်သွယ်မေးမြန်းချက် သတင်း
ရောင်းစားခံ မိန်းကလေးတချို့ ကယ်တင်နိုင်ခဲ့ သတင်း
နေမျိုးဆေး၏ ရှေးခေတ်အမျိုးသမီးများကို ထိုင်းတွင် ပြသမည် သတင်း
ဘင်လာဒင်ကို အင်အားသုံးမဖမ်းလို့ လွတ်သွားခဲ့ပုံ အစီရင်ခံစာက ဆို သတင်း
ဟွန်ဒူးရပ်စ် သမ္မတရွေးကောက်ပွဲ စတင် သတင်း
ရာထူးက ထွက်သွားတဲ့ သီရိလင်္ကာဗိုလ်ချုပ် ရွေးကောက်ပွဲ ၀င်မည် သတင်း
အီရန်နျူကလီးယားအစီအစဉ် တိုးချဲ့မှာကို နိုင်ငံတကာက ဆန့်ကျင် သတင်း
ကလေး (၃) ဦး မတရားပြုကျင့်ခံရ သတင်း
သုံးနိုင်ငံ ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း ဘင်္ဂလာဒေ့ရှ်မှ ပြန်လည်စဉ်းစားမည် သတင်း
သင်္ဘောနစ်မြုပ်၍ အိဒ်ပွဲတော် အိမ်ပြန်သူ (၃၀) ကျော် သေဆုံး သတင်း
AIDS ရောဂါဝေဒနာ ခံစားနေရသည့် မြန်မာအမျိုးသမီး ပြည့်တန်ဆာ (၂) ဦး ထပ်မံကွယ်လွန်ပြန် သတင်း

Read More...

Sunday, November 29, 2009

နေ့စဉ်သတင်းများ ( ၂၈ - ၁၁ - ၀၉)

အာဆီယံနှင့် အိန္ဒိယအမတ်များ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေကို ဝေဖန်ရှုတ်ချ သတင်း
၂၀၁၀ မှာ ရွေးကောက်ပွဲ ကျင်းပမယ့်အကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ထပ်ပြော သတင်း
ဝါရင့်အဖွဲ့ ဗိုလ်ချုပ်မှူးကြီးထံ အိတ်ဖွင့်ပေးစာ ပေးပို့ သတင်း
မြန်မာ့ဒီမိုကရေစီရေး လမ်းစပေါ်နေပြီလို့ အီးယူကိုယ်စားလှယ် ပြောကြား သတင်း
ရုံးမတက်တဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ သမီး (၂) ဦးကို ရာထူးတိုးပေး သတင်း
ရွှေဈေး (၆) သိန်းအောက် မဆင်းနိုင်တော့ သတင်း
ရုရှားရထား ဗုံးကွဲ (၂၅) ဦးသေ သတင်း
၂၀၁၀ မှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပပေးဦးမည်ဟု စစ်ခေါင်းဆောင် ပြော သတင်း
မြန်မာ့နိုင်ငံရေး ပြေလည်မယ့် လမ်းရှိနေတယ်လို့ အီးယူ ပြော သတင်း
အိန္ဒိယအမတ်များနှင့် AIPMC ၂၀၁၀ ရွေးကောက်ပွဲအတွက် တောင်းဆို သတင်း
အီရန်နျူကလီးယားအရေး IAEA အပြင်းအထန် ဝေဖန် သတင်း
မျက်စိဝေဒနာရှင် (၂) သောင်းခန့်က အခမဲ့ ကုသမည်ဆိုသော ကြံ့ဖွံ့ကို ယုံကြည်မှုကင်းမဲ့ သတင်း
ယဉ်ကျေးမှုသစ်တို့၏ ရသလွန် အလှပန်းချီ (ဆောင်းပါး)
အကျဉ်းအကျပ်ကြားမှ ရိုဟင်ဂျာဒုက္ခသည်များ (ဆောင်းပါး)
စံခလပူရီတံတားပေါ်ဝယ် (ဆောင်းပါး)

Read More...

အပေါ်သို့