Friday, March 23, 2012

ပွင်လင်းလူ့အဖွဲ့အစည်း ပေါ်ပေါက်ရေး ဟောပြောပွဲကျင်းပ

2012-03-22

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေနဲ့ ဗကသများအဖွဲ့ချုပ် အမှုဆောင်တွေ ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်မှာ ဒေသခံကျောင်း သားနဲ့လူငယ်တွေ ဒီကနေ့ ဖွဲ့စည်းတဲ့ သွေးကူညီရေးအဖွဲ့ ဖွင့်ပွဲကို တက်ရောက်ခဲ့ကြပြီး၊ ပွင်လင်းလူ့အဖွဲ့အစည်း ပေါ်ပေါက်ရေး ဆိုင်ရာ ဟောပြောပွဲတရပ်ကို ကျင်းပခဲ့တယ်လို့ သတင်းရရှိပါတယ်။

ပွင်လင်းလူ့အဖွဲ့အစည်း ပေါ်ပေါက်ရေး ဟောပြောတာနဲ့ ပတ်သက်လို့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က ကိုဂျင်မီက RFA ကို အခုလိုပြောပါတယ်။

"ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့ဆောင်ပုဒ်ကတော့ ငါတို့မြို့ကို ငါတို့ပိုင်သည် ဆိုတဲ့ဆောင်ပုဒ်၊ အဲဒီဆောင်ပုဒ်အောက်မှာပဲ နံပါတ် (၁) မြို့တိုင်းမြို့တိုင်းမှာ အသင်းအပင်းတွေရှိရမယ်။ နံပါတ် (၂) အဲဒီအသင်းအပင်းတွေဟာ ကွန်ယက်ဖြစ်နေရမယ်။ နံပါတ် (၃) အဲဒီ ကွန် ယက်လှုပ်ရှားမှု အမြဲရှိနေရမယ်။ နံပါတ် (၄) area ရှိရမယ်။ အဲဒီအချက် ၄ ချက်ပေါ် မူတည်ပြီးတော့ မြို့တစ်မြို့ချင်းစီရဲ့ ပွင့်လင်း လူ့အဖွဲ့ အစည်း တည်ဆောက်ကြဖို့ ဟောပြောခဲ့ပါတယ်"

အဲဒီပွဲကို ဒေသခံ အလုပ်သမား၊ လယ်သမား၊ ကျောင်းသား စုစုပေါင်း ၁၀၀ ကျော် တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

Ref: အာရ်အဖ်အေ

0 comments:

အပေါ်သို့