Thursday, May 30, 2013

ကိုယ်ထူကိုယ်ထ အိမ်ရာကွက်သစ် ဖော်ထုတ်သူ ၁ဝ ဦး ထောင်ချခံရခြင်းအတွက် အယူခံဝင်မည်

ကေဇင်ဦး
မေလ ၂၉ ရက် ၂၀၁၃ ခုနှစ်

စစ်တောင်းမြစ် ကမ်းပါးပြိုကျမှုကြောင့် မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်များမှ အိမ်ရာမဲ့ဖြစ်သူများအတွက် မြေလွတ်မြေရိုင်းများကို ရှင်းလင်းပြီး အိမ်ရာကွက်များ ဖော်ဆောင်ပေးခြင်းကို ဦးဆောင်သူ ၁ဝ ဦးအား ထောင်ဒဏ်ချမှတ်ခဲ့ရာ ယင်းအတွက် အယူခံဝင်မည်ဖြစ်သည်ဟု ၎င်းးတို့၏ မိသားစုဝင်များက ပြောသည်။

ယင်းသို့ အိမ်ရာကွက် ဖော်ထုတ်ပေးခြင်းအတွက် ဦးဆောင်သူ ၁ဝ ဦးကို ထောင်ဒဏ် ခုနစ်နှစ်ကျော် ချမှတ်ခဲ့ရာ အယူခံဝင်သွားမည်ဟု မေလ ၂၆ ရက်က ရန်ကုန်မြို့၊ ရွှေတောင်ဘုန်းကြီးကျောင်းတွင်
ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် မိသားစုဝင်များက ပြောကြား လိုက်ခြင်းသည်။

ကျိုက်ထိုမြို့နယ်နှင့် သံဖြူဇရပ် မြို့နယ်များမှ အိမ်ရာမဲ့မိသားစုများအတွက် မြေလွတ်မြေရိုင်းများ ဖော်ဆောင်၍ ကိုယ်ထူကိုယ်ထ ကွက်သစ်တစ်ခုကို ဦးဆောင်ဖော်ထုတ်ရန်အတွက် နိုင်ငံတော် သမ္မတ ရုံး၊ ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရတို့ထံ ပြီးခဲ့သည့် ၂ဝ၁၂ ခုနှစ် စက်တင်ဘာလက စတင်ကာ စာတင်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီလအထိ ငါးကြိမ်တိုင်တိုင် စာတင်ခဲ့သည်ဟုလည်း ၎င်းတို့က ပြောသည်။

ယင်းသို့ စာတင်ခဲ့ပြီး တရားဝင်ခွင့်ပြုမိန့်ကို အစိုးရက ဖေဖော်ဝါရီလ ၁၃ ရက်တွင် ချပေးခဲ့သော်လည်း ၎င်းတို့က ခွင့်ပြုမိန့်မကျမီပင် သိမ်ဇရပ်တိုက်နယ် အတွင်းရှိ ဝါးဒက်ကွင်းကျေးရွာ အရှေ့ဘက်တွင် ဦးဆောင် သူ ၁ဝ ဦးက ဦးစီးကာ အိမ်ခြေ ၃၆၉ လုံး ဆောက်လုပ်ခဲ့ပြီးဖြစ်သည်ဟု မိသားစုဝင်များက ဆိုသည်။ တရားဝင်ချပေးသော နေရာမှာလည်း ၎င်းတို့ ဖော်ထုတ်ထားသော နေရာမဟုတ်သဖြင့် အိမ်ရာဆောက်လုပ်
နေထိုင်သူများမှာ မိမိနေအိမ်များကို ပြန်လည်ဖြိုဖျက်ကာ ပြောင်းရွှေ့ပေးရမည်ဖြစ်သည်ဟု ခေါင်းဆောင် ၁ဝ ဦး၏ မိသားစုဝင် တစ်ဦးဖြစ်သည့် မစန္ဒာကပြောသည်။

ထောင်ကျခံရသူတစ်ဦး၏ မိသားစုဝင် ဦးထွန်းအောင်က ''ကွက်သစ်ဖော်တဲ့နေရာမှာ အစိုးရပိုင် ယူကလစ် စိုက်ခင်းကို ခုတ်တယ်ဆိုပြီး ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ ၆/၁၊ နောက်ပြီး ရပ်ကွက်အသစ်ကို နေထိုင်မယ့်သူတွေ ပြောင်းရွှေ့တဲ့အခါ ဘုန်းကြီးပင့်ပြီး ခေါင်းဆောင်တဲ့သူရဲ့နာမည်ကို ရပ်ကွက်နာမည်ပေးတဲ့အတွက် ရပ်ကျေးဥပဒေပုဒ်မ ၂၆ စုစုပေါင်းနှစ်မှုနဲ့ တရားစွဲဆိုပြီး ထောင်ခု နစ်နှစ် နဲ့ ခြောက်လချလိုက်ပါတယ်။ ဒါကို ကျွန်တော်တို့ အယူခံ ဝင်ပြီး လွတ်မြောက်အောင် ဆက်လုပ်သွားမှာပါ'' ဟု မဇ္ဈိမသတင်းစာကို ပြောသည်။

ဦးဆောင်သူ ၁ဝ ဦးအား ယခုနှစ် မတ်လအတွင်းက တရားစွဲဆိုခဲ့ပြီး ကျိုက်ထိုတရားရုံးက သုံးရက်အတွင်း အမိန့်ချခဲ့ခြင်းဖြစ်သည်။ တရားစွဲဆိုရာတွင် ဆိုင်းဘုတ်တင်ပွဲနှင့် သံယာတော်များ ဆွမ်းကပ် အမျှဝေမှုနှင့် ပတ်သက်ပြီး သိမ်ဇရပ်တိုက်နယ် အုပ်ချုပ်ရေးမှူး ဦးခင်ဇော်က ခွင့်ပြုမိန့်မရဘဲ အခမ်းအနားပြုလုပ်သည်ဟူ၍ ပုဒ်မ ၂၆ ဖြင့်လည်းကောင်း၊ ယူကလစ်ပင်များ ခုတ်ယူသည်ဟုဆို ကာ ပြည် သူပိုင်ပစ္စည်း ကာကွယ် စောင့်ရှောက်ရေး ဥပဒေပုဒ်မ ၆/၁ ဖြင့် စစ်တောင်း စက္ကူစက်ရုံမန်နေဂျာမှလည်းကောင်း တရားစွဲဆိုခဲ့သည် ဟု ဦးထွန်းအောင် က ပြောသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့