Wednesday, October 5, 2011

သင့်​ဘဝမဂ္ဂဇင်း​ အယ်ဒီတာ​ဟောင်း​ တင်​မောင်သန်း​ မြန်မာပြည်သို့​ ​ခေတ္တပြန်​ရောက်

October 5, 2011

သင့်​ ဘဝမဂ္ဂဇင်း​ အယ်ဒီတာချုပ်အဖြစ် တာဝန်ထမ်း​ဆောင်ခဲ့​သူ ဆရာဦး​တင်​မောင်သန်း​ဟာ မြန်မာပြည်က​နေ နှစ်​ပေါင်း​များ​စွာ ထွက်ခွာခဲ့​ရာက မြန်မာနိုင်ငံကို ဒီမနက် ပြန်​ရောက်လာပါတယ်။

“အခု​ပြောင်း​ လဲ​နေတဲ့​ မြန်မာပြည်မှာ ဘာ​တွေလုပ်နိုင်မလဲဆိုတာ လာကြည့်​တာပါ” လို့​ ‘ဗဟု’ ဖွံ့​ဖြိုး​မှုအဖွဲ့​မှာ အကြီး​တန်း​ သု​တေသနမှူး​အဖြစ် တာဝန်ထမ်း​ဆောင်​နေတဲ့​ ဦး​တင်​မောင်သန်း​က မြန်မာပြည်ကို ဝင်ခါနီး​မှာ ဒီဗွီဘီကို ​ပြောကြား​ခဲ့​ပါတယ်။


အခု မြန်မာပြည်ကို ပြန်လာတာဟာ ​ခေတ္တပြန်လာတာဖြစ်​ကြောင်း​လည်း​ အ​မေရိကန်မှာ အ​ခြေချ​နေတဲ့​ ဦး​တင်​မောင်သန်း​က ​ပြောပါတယ်။

ဦး​တင်​ မောင်သန်း​က ရန်ကုန် ကုန်သည်များ​နှင့်​စက်မှုလက်မှုလုပ်ငန်း​ရှင်များ​အသင်း​ချုပ် (UMFCCI) မှာ လုပ်မယ့်​ Asia Economic Cooperation 2015 စာတမ်း​ဖမ်း​ပွဲကိုလည်း​ ဗဟုအဖွဲ့ဝင် စီး​ပွား​ရေး​ပညာရှင် ​ဒေါက်တာ​ဇော်ဦး​နဲ့​အတူ တက်​ရောက်မယ်လို့​လည်း​ သိရပါတယ်။

ဦး​တင်​ မောင်သန်း​ဟာ ပြည်ပကို ထွက်ခွာခဲ့​ပြီး​ ဗွီအို​အေ ​ရေဒီယိုသတင်း​ဌာနမှာ တာဝန်ထမ်း​ဆောင်ခဲ့​ပြီး​နောက် ‘ဗဟု’ ဖွံ့​ဖြိုး​မှုအဖွဲ့​မှာ အကြီး​တန်း​သု​တေသနမှူး​အဖြစ် တာဝန်ထမ်း​ဆောင်​နေတာပါ။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့