Friday, July 13, 2012

ဘင်္ဂလီများသို့ စားနပ်ရိက္ခာ မရောင်းရန်တားမြစ်သူ တဦးအား လုံထိန်းက ခေါ်ယူမေးမြန်း

စောဇင်ညီ(မြစ်မခ)
12 Jul, 2012

ဘင်္ဂလီများဘက်သို့ စားနပ်ရိက္ခာများရောင်းချနေသော ကြားခံပွဲစားများအား ဆက်လက်မရောင်းချရန် တားမြစ် ခြင်းကြောင့် ရခိုင်တိုးတက်ရေးပါတီမှ မြို့နယ်ဗဟိုကော်မတီဝင်နှစ်ဦးအား ယနေ့နေ့လည် တစ်နာရီခန့်တွင် စစ်တပ်နှင့် လုံထိန်းများက ခေါ်ယူ သွားကြောင်း သတင်းရရှိသည်။

အဆိုပါခေါ်ယူသွားသူနှစ်ဦးမှာ ရခိုင်တိုးတက်ရေးပါတီ၏ ဗဟိုကော်မတီဝင် ဦးဘတင်နှင့် ဦးအေးမောင်သန်းတို့ ဖြစ်ကြောင်း ရခိုင် တိုးတက်ရေးပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးလှစောမှ ပြောသည်။

“ကျွန်တော် သိရသလောက်ကတော့ ဘင်္ဂလီတွေနဲ့ ရခိုင်တွေကြားက စားနပ်ရိက္ခာတွေ ပြန်လည်ရောင်းချနေတဲ့ ကြားခံပွဲစား တွေကို သူတို့နှစ်ယောက်က သွားတားမိလို့ ရဲက ၀င်ထိန်းပြီး ခေါ်သွားတာပါ” ဟု အဆိုပါပုဂ္ဂိုလ်ကဆက်လက် ပြောသည်။

အဆိုပါ ဒေသခံသူနှစ်ဦးအား မြောက်ဦးရဲစခန်း၌ ထိန်းသိမ်းထားကြောင်း သိရသည်။

ထိုဖမ်းဆီးမှုနှင့်ပတ်သက်၍ မြောက်ဦးမြို့နေ ပြည်သူတစ်ထောင်ခန့် သံဃာတော် ၁၅၀ ခန့်မှာ မြောက်ဦးရဲစခန်း ရှေ့တွင် ထိုနှစ်ဦးအား ပြန်လည်လွှတ်ပေးရန် တောင်းဆိုနေကျကြောင်း သိရသည်။

“လူအင်အား တစ်ထောင်လောက်ပါတယ်၊ သံဃာတော် ၁၅၀လောက်ပါတယ် ရဲစခန်းရှေ့မှာ နေ့လည်ကတည်း က အခုအချိန်ထိ ပြန်လွှတ်ပေးဖို့ တောင်းဆိုနေတယ်” ဟု အဆိုပါတောင်းဆိုသူများတွင်ပါဝင်သော ကိုတင့်စိုး က ပြောသည်။


Ref: မြစ်မခ

0 comments:

အပေါ်သို့