Tuesday, July 10, 2012

ကေအိုင်အေ ငြိမ်းချမ်းရေးလိုလားကြောင်း ၈၈ ခေါင်းဆောင် ပြောကြား

2012-07-09

ကချင်ပြည်နယ်ကို ရောက်ရှိနေတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေဟာ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO အရာရှိတွေနဲ့ လိုင်ဇာမြို့မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။

သူတို့အနေနဲ့ KIA ကချင်တပ်မတော် ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော် အပါအ၀င် အရာရှိတချို့နဲ့ KIO ဌာနချုပ်မှာ ၃ ကြိမ် တွေ့ဆုံခဲ့ရာမှာ KIO အဖွဲ့အနေနဲ့ ကချင်ဒေသ ငြိမ်းချမ်းရေးအတွက် အစိုးရနဲ့ ပြေလည်မှုရလိုတဲ့ သဘောထားကို တွေ့ရတယ်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေးက ပြောပါတယ်။

၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့ဟာ ဇူလိုင် ၅ ရက်နေ့မှာ တရုတ်ပြည်ဘက်ခြမ်း ကြယ်ခေါင်မြို့မှာ မြန်မာနိုင်ငံသားတွေနဲ့ တွေ့ဆုံ ခဲ့သလို လိုင်ဇာမြို့က ကချင် စစ်ပြေးဒုက္ခသည် စခန်းတွေကိုလည်း သွားရောက်ခဲ့ကြောင်း သိရပါတယ်။

ဇူလိုင် ၅ ရက်နေ့က စတင်တဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေရဲ့ ကချင်ပြည်နယ် ခရီးစဉ်မှာ ကိုမြအေးနဲ့ အတူ ကိုပဏ္ဍိတ်ထွန်း၊ ကိုစိုးထွန်းနဲ့ ကိုထွန်းမြင့်အောင်တို့ လိုက်ပါသွားပြီး ဒီကနေ့ တနင်္လာနေ့မှာ မူဆယ်မြို့ကနေတဆင့် ရန်ကုန်မြို့ကို ပြန်လည် ထွက်ခွာလာပြီ ဖြစ်ပါတယ်။

Ref: အာရ်အဖ်အေ

0 comments:

အပေါ်သို့