Monday, February 23, 2009

မြန်မာနိုင်ငံသို့ ဘန်ကီမွန်း သွားရောက်ရန် တောင်းဆိုမှုများ မြင့်တက်

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်
မစ္စတာ ဘန်ကီမွန်း( သတင်း အထောက်အကူပြု ဓါတ်ပုံ - ဂူးဂဲလ် )

မြန်မာနိုင်ငံသို့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ဘန်ကီမွန်း ကိုယ်တိုင် သွားရောက် သင့်ပြီဆိုသည့် နိုင်ငံတကာ ဖိအားပေး တောင်းဆို နေမှုများသည်အမြင့်မားဆုံး အခြေအနေ အထိ ရောက်ရှိ လာပြီဖြစ်သည်။

မစ္စတာ ကွင်တာနာ ဦးဆောင်သော ကုလသမဂ္ဂ လူ့ အခွင့်အရေးဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ ပြီးနောက် မြန်မာ စစ်အစိုးရ၏ အာဏာ လက်ဝါးကြီးအုပ်မှု နှင့် လူ့အခွင့်အရေး ချိုးဖောက် နေမှုများအား ပိုမို သိရှိလာခဲ့ပြီး ဘန်ကီမွန်း ကိုယ်တိုင် မြန်မာ့အရေးကို ဆောင်ရွက်သင့်ပြီဟု ကမ္ဘာ့ နိုင်ငံများမှ အစိုးရများက တောင်းဆို လာကြသည်။

အထူးသဖြင့် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား မတရား ချုပ်နှောင်ထားမှုမှ ပြန်လွှတ်ပေးရန် အဓိကထား ပြောဆိုလာကြပြီး၊ အခြားသော နိုင်ငံရေး အကျဉ်းသားများ ပြန်လွှတ်ပေးရန် ဘန်ကီမွန်း ကိုယ်တိုင် အားထုတ် သင့်ကြောင်း အနောက်နိုင်ငံများက ဖိအားပေး တောင်းဆို လာကြသည်။

ဘန်ကီမွန်း ကမူ ၎င်းအနေနှင့် မြန်မာနိုင်ငံသို့ သွားရောက်ရန် အစီအစဉ် ရှိပါကြောင်း ပြောကြား ထားသော်လည်း မည်သည့် နေ့ရက်တွင် သွားရောက်မည် ဆိုသည်ကို အတိအကျ ပြောကြားခြင်း မရှိသေးကြောင်း သိရှိရသည်။

REF: လူထုအသံ

0 comments:

အပေါ်သို့