Monday, September 28, 2009

အပစ်ရပ်၊ ငြိမ်းအဖွဲ့တွေကို ချေမှုန်းဖို့ပြင်နေတဲ့ နအဖ

September 28, 2009

သြဂုတ်လကုန်ပိုင်းလောက်ကပဲ နယ်ခြားစောင့်တပ် လုပ်ရေးကို သဘော မတူဘဲ ငြင်းဆိုခဲ့တာကြောင့် ငြိမ်းချမ်းရေး ယူထားတဲ့ ကိုးကန့်အဖွဲ့ကို အကြောင်းရမယ်ရှာပြီး ရက်ရက်စက်စက် ချေမှုန်း ဖျက်သိမ်း ပစ်ခဲ့တဲ့ နအဖ ဟာ အခုအခါမှာ ကိုးကန့်အဖွဲ့ရဲ့မဟာမိတ်လည်းဖြစ်၊ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို လုံးဝ လက်မခံနိုင်တဲ့ အဖွဲ့လည်း ဖြစ်တဲ့ ၀သပ အဖွဲ့ကို ထိုးစစ်ဆင်ဖို့ တပြည်လုံး အတိုင်းအတာနဲ့ ပြင်ဆင်နေပါတယ်။

ပထမအဆင့်အနေနဲ့ ကိုးကန့် တိုက်ပွဲအပြီးမှာ နေရာယူထားတဲ့ တပ်တွေကို ပြန် မရုတ်သိမ်းတဲ့ အပြင် ၀သပ ဒေသ ပတ်လည်မှာ တပ်တွေ တိုးချဲ့နေရာယူ ချထားတာတွေ လုပ်ပါတယ်။

အခုအခါမှာ ဒုတိယအဆင့်အနေနဲ့ တပ်အင်အား ဖြည့်တင်းရေး အတွက် ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း အနောက်ခြမ်း ဒေသက ကျေးရွာတွေမှာ အတင်းအဓမ္မ စစ်သားသစ် ကောက်ခံနေပါတယ်။ တရွာကို ၅ ယောက်၊ ရွာငယ်ရင် ၃ယောက်နှုန်းနဲ့ ကောက်ခံနေတာ ဖြစ်ပါတယ်။

ဒီလိုလုပ်နေတာတွေဟာ ၀သပနဲ့ ငြိမ်းချမ်းရေး အဖွဲ့တွေကို ချေမှုန်းဖို့ ပြင်ဆင်နေတာ ဖြစ်တယ်လို့ စစ်တပ်နဲ့နီး စပ်တဲ့ အသိုင်းအ၀ိုင်း အကြားမှာ ပြောဆို နေကြပါတယ်။

ဝိမုတ္တိဝိုင်းတော်သားတဦး

0 comments:

အပေါ်သို့