Wednesday, November 10, 2010

နအဖ ဗြောင်လိမ်၊ ဗြောင်ညာ

နိုဝင်ဘာ ၁၀ ရက် ၂၀၁၀


တစ်တိုင်းပြည်လုံး တကမ္ဘာလုံးက သိနေတဲ့ သတင်းကို နအဖ က ဗြောင်လိမ်သွားပါကြောင်း အောက်ပါပုံတွင် ကြည့်ရှုနိုင်ပါသည်။

ဒီကနေ့ထုတ်မြန်မာ့အလင်း သတင်းစာမှ KNU အပေါ် စွပ်စွဲပြောဆိုချက်


နိုဝင်ဘာ ၈ ရက်နေ့ မနက်ပိုင်းက မြဝတီမြို့ပေါ်တွင် ဖြစ်ပွားခဲ့သော နအဖနှင့် DKBA တို့၏ စစ်ပွဲအား KNU တို့၏ လက်ချက်ဟု မဟုတ်မမှန် စွပ်စွဲ ပြောဆို သွားခဲ့ပါသည်။


ထိုင်းစစ်တပ်ဝင်းအတွင်း ထိမ်းသိမ်းထားသော စစ်ပြေးဒုက္ခသည်များအား မဲဆောက်မြို့နေ စက်ရုံ အလုပ်ရုံများမှ မြန်မာပြည်သား အလုပ်သမားများ၊ အသင်းအဖွဲ့များ၊ စေတနာ့ဝန်ထမ်းများ၊ ရဟန်းသံဃာများ၊ ကုန်သည်များက ထိုင်းနိုင်ငံသား အလှုရှင်များနှင့် စုပေါင်းပြီး ဒုက္ခသည် ၂၀၀၀၀ ကျော်ကို နေ့ရောညပါ အပင်ပန်း ဆင်းရဲခံပြီး ကျွေးမွေးစောင့်ရှောက် ခဲ့ကြတာ မြဝတီမြို့သားတိုင်း သိကြသော်လည်း နအဖမှ ပြည်သူလူထုနှင့် အလုပ်သမားများ သွားလာနေထိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများမှ စီစဉ် ဆောင်ရွက် ပေးလျှက်ရှိကြောင်း လိမ်လည် ရေးသားထားတာကို တွေ့မြင်နိုင်ပါတယ်။

ထိုင်းစစ်တပ်ဝင်းအတွင်းရှိ မြန်မာပြည်သား စစ်ပြေးဒုက္ခသည်များ

0 comments:

အပေါ်သို့