Monday, January 16, 2012

တိုးတက်တဲ့ ခြေလှမ်းတွေ ဆက်ပြီးဆောင်ရွက်ဖို့ ကနေဒါတိုက်တွန်း

2012-01-15

မြန်မာအစိုးရက နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေ၊ ဘာသာရေး ဆိုင်ရာ ပုဂ္ဂိုလ်တွေနဲ့ သတင်း ထောက်တွေ အပါအဝင် အကျဉ်းသား အတော်များများ ပြန်လွှတ်ပေးလိုက်တဲ့အပေါ် ကြိုဆိုကြောင်း ကနေဒါ နိုင်ငံခြားရေးဝန်ကြီး John Baird က ကြေညာချက် ထုတ်ပြန်ပါတယ်။

ဒါဟာ အရေးပါတဲ့ ခြေလှမ်းတရပ်ဖြစ်ပြီး ဒီလမ်းကြောင်းအတိုင်း ဆက်လက်ဆောင်ရွက်ဖို့နဲ့ မြန်မာပြည်သူ အားလုံးအတွက် ဒီမို ကရေစီရေး ၊ လွတ်လပ်မှု၊ လူ့အခွင့်အရေး၊ တရားဥပဒေ စိုးမိုးရေး စတာတွေ ဖြစ်ထွန်းလာအောင် လုပ်ဆောင်ဖို့လည်း တိုက်တွန်း ထားပါတယ်။


လတ်တလော မြန်မာအာဏာပိုင်တွေရဲ့ ဒီမိုကရေစီ ဖြစ်ပေါ်တိုးတက်ရေး ခြေလှမ်းတွေနဲ့ ပတ်သက်လို့ မိမိတို့ အားတက်မိကြောင်း၊ ဒါတွေဟာ မြန်မာပြည်သူတွေအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို ဦးတည်မယ့် ပဏာမ ခြေလှမ်းတွေဖြစ်လိမ့်မယ်လို့ မျှော်လင့် ကြောင်းလည်း ရေးသားထားပါတယ်။

မြန်မာအစိုးရအနေနဲ့ အတိုက်အခံတွေ၊ တိုင်းရင်းသား အဖွဲ့အစည်းတွေ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ လုပ်ဖို့ ကနေဒါ နိုင်ငံက ဆက်လက် တိုက်တွန်းကြောင်းလည်း ကနေဒါ နိုင်ငံခြားရေးဝန်ကြီး John Baird ရဲ့ ကြေညာချက်မှာ ပါရှိပါတယ်။

Ref: အာရ်အဖ်အေ

0 comments:

အပေါ်သို့