Wednesday, April 11, 2012

ပဲခူးတိုင်းဒေသကြီး အစိုးရနဲ့ KNU တွေ့ဆုံဆွေးနွေး

2012-04-10

မြန်မာအစိုးရနဲ့ သဘောတူညီချက် ရရှိထားတဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်ပြီး အကောင်အထည်ဖော်ဖို့ ပဲခူးတိုင်း ဒေသကြီး အစိုးရနဲ့ KNU တို့ ဒီကနေ့ တွေ့ဆုံဆွေးနွေး ကြတယ်လို့ သိရပါတယ်။

အစည်းအဝေးကို ပဲခူးမြို့မှာ ဒီကနေ့မနက်ပိုင်းက စတင်တာဖြစ်တယ်လို့ KNU ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့က ပြောခွင့်ရှိသူ နော်မေဦး က ပြောပါတယ်။

အစည်းအဝေးမှာ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ကို ၀န်ကြီးချုပ် ဦးဥာဏ်ဝင်း ဦးဆောင်တာဖြစ်ပြီး၊ တောင်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ် စောညိုလည်း တက်ရောက်ပါတယ်။

အစည်းအဝေးမှာ အပစ်အခတ် ရပ်စဲရေးနဲ့ ပတ်သက်ပြီး နှစ်ဘက်လိုက်နာဆောင်ရွက်ရမဲ့ ကျင့်ဝတ်များ၊ စည်းကမ်းများကို အသေးစိတ် ဆွေးနွေး သဘောတူတယ်လို့ သိရပါတယ်။

Ref: အာရ်အဖ်အေ

0 comments:

အပေါ်သို့