Friday, December 14, 2012

ရှမ်းပြည်နယ်မှာ ကျင်းပတဲ့ HRDP သင်တန်း သတိပေးခံရ

2012-12-13

လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများကွန်ယက်က ရှမ်းပြည်နယ် ဖယ်ခုံမြို့မှာ အလုပ်ရုံဆွေးနွေးပွဲပြုလုပ်တာကို ဒေသခံအာဏာပိုင် တွေက တားမြစ်ပိတ်ပင်နေတယ် လို့သိရပါတယ်။

နောက်ဆုံးကြေညာလိုက်တဲ့ သမ္မတရဲ့လွတ်ငြိမ်းသက်သာခွင့်နဲ့ပြန်လွတ်လာတဲ့ လူ့အခွင့်အရေးကာကွယ်မြှင့်တင် သူများ ကွန်ယက်အဖွဲ့ ခေါင်းဆောင် ဦးမြင့်အေး ဦးဆောင်ပြီး ကယားပြည်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းကမြို့တချို့မှာ လူ့အခွင့်အရေး ဆိုင်ရာဆွေးနွေးပွဲတွေကို တစ်နေရာ ၂ ရက်နှုန်းနဲ့ပြုလုပ်နေတာဖြစ်ပါတယ်။

ဒီဇင်ဘာလ ၁၀ ရက်နေ့ကတော့ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ အထိမ်းအမှတ်နဲ့အလုပ်ရုံဆွေးနွေးပွဲကို လွိုင်ကော်မြို့မှာ အနှောက်အယှက်မရှိပဲ ပြုလုပ်နိုင်ခဲ့ပေမယ့်၊ ဒီနေ့တော့ ဖယ်ခုံမြို့ကဆွေးနွေးပွဲကို တားမြစ်စာပို့ခံ ရတာလို့ ဦးမြင့်အေးက ပြောပါတယ်။

ဒါပေမယ့် သူတို့ဆောင်ရွက်ချက်ဟာ လမ်းမပေါ်ထွက်ဆန္ဒပြတာမဟုတ်သလို၊ နိုင်ငံရေးပါတီတွေရဲ့စည်းရုံး လှုပ်ရှားမှုမျိုးလဲမဟုတ်တဲ့အတွက် အာဏာပိုင်တွေ တားမြစ်စာမှာဖေါ်ပြထားသလို ခွင့်ပြုချက်ယူစရာမလိုတဲ့အပြင် ဥပဒေနဲ့လဲငြိစွန်းတာမဟုတ်လို့ ဆက်ပြီးပြုလုပ်သွား မယ်လို့ ဦးမြင့်အေးကပြောပါတယ်။

Ref: အာရ်အဖ်အေ

0 comments:

အပေါ်သို့