24 ဇွန် 2012
တူရကီ ဂျက်တိုက်လေယာဉ် တစ်စင်းကို နိုင်ငံတကာလေပိုင်နက်ထဲ ပျံသန်းနေတုန်း ဆီးရီးယားက ပစ်ချလိုက်တယ်လို့ တူရကီနိုင်ငံ ခြားဝန်ကြီးက ပြောပါတယ်။ ဂျက်တိုက် လေယာဉ်မှူးတွေဟာ မြေထဲပင်လယ်ပေါ်မှာ အဲဒီဂျက်လေယာဉ်ရဲ့ ရေဒါစနစ် စွမ်းရည်ကို စမ်းသပ်နေတုန်း ဆီးရီးယားဘက်က သောကြာနေ့က ပစ်ချလိုက်တာ ဖြစ်ပါတယ်။ ဒီတိုက်လေယာဉ်အနေနဲ့ ဆီးရီးယားရဲ့ လေပိုင် နက်ထဲကို ဖြတ်ရုံလေး ဖြတ်ပျံသွားတာဖြစ်ပြီး ဒါဟာလည်း ပစ်ချမခံရမှီ ၁၅ မိနစ်လောက်မှာ ဖြတ်ခဲ့တာလို့ တူရကီဝန်ကြီးက နိုင်ငံပိုင် ရုပ်မြင်သံကြားTRT နဲ့ တနင်္ဂနွေနေ့က တွေ့ဆုံစဉ်မှာ ပြောကြားလိုက်ပါတယ်။
ဒီဖြစ်ရပ်နဲ့ပတ်သတ်ပြီး တူရကီအာဏာပိုင်တွေနဲ့ သံတမန်တွေ အင်္ဂါနေ့မှာ တွေ့ဆုံ ဆွေးနွေးကြမှာဖြစ်တယ်လို့ မြောက်အတ္တလန္တိတ် စာချုပ် နေတိုးအဖွဲ့က ပြောပါတယ်။ တူရကီနိုင်ငံဘက်က ဒီဆွေးနွေးပွဲလုပ်ပေးဖို့ တောင်းဆိုခဲ့တာ ဖြစ်တယ်လို့ နိုင်ငံတကာ မဟာမိတ် အဖွဲ့က လည်း ပြောပါတယ်။
ဒီတိုက်လေယာဉ်အနေနဲ့ ဆီးရီးယားလေပိုင်နက်ထဲကို ကျူးကျော်ဝင်ရောက်သွားမိတာ ဖြစ်နိုင်ပေမဲ့ ဒီလေယာဉ်တွေရဲ့ ပျံသန်းနှုန်းက အရမ်းမြင့်တဲ့အတွက် ဝေဟင်ထဲက နယ်စပ်လမ်းကြောင်းတွေကို အချိန်တိုတိုလေးနဲ့ပဲ ဖြတ်ပျံသွားမိ တာလည်း ဖြစ်နိုင်တယ်လို့ စနေနေ့က တူရကီသမ္မတ Abdullah Gul ကလည်း ပြောပါတယ်။ ဆီးရီးယားနိုင်ငံနဲ့ တူရကီနိုင်ငံကြား ဒီတိုက်လေယာဉ် ပစ်ချတဲ့ကိစ္စနဲ့ပတ်သတ်ပြီး ထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖို့ကို အီရန်နိုင်ငံက တိုက်တွန်းလိုက်ပါတယ်။
Ref: ဗွီအိုအေ
Monday, June 25, 2012
တူရကီတိုက်လေယာဉ် နိုင်ငံတကာ လေပိုင်နက်မှာ ပစ်ချခံရ
ရခိုင်ပြည်ကိစ္စ နိုင်ငံရေးပါတီတွေနဲ့ သတင်းသမားတွေ သတိပေးခံရ
23 ဇွန် 2012
မသင်းသီရိ
ရခိုင်ပြည်နယ်ထဲက အခြေအနေတွေနဲ့ ပတ်သက်လို့ သတင်းမီဒီယာတွေကို တရားစွဲတာတွေနဲ့ နိုင်ငံရေးပါတီတွေ ၀င်ရောက် ပတ် သက်ခြင်းမပြုဖို့ တားမြစ်ချက်တွေဟာ ဒီမိုကရေစီနိုင်ငံ တခုဆီကို ဦးတည်နေတဲ့ မြန်မာနိုင်ငံအတွက် မသင့်တော်တဲ့ လုပ်ရပ်တွေ ဖြစ်တယ်လို့ မြန်မာ့အရေး လှုပ်ရှားသူတွေက ပြောလိုက်ပါတယ်။ ရခိုင်ပြည်နယ် အခြေအနေတွေမှာ နိုင်ငံရေးပါတီတွေ ၀င်မပတ် သက်ဖို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က သတိပေးခဲ့သလို အပတ်စဉ်ထုတ် လျှပ်တပြက် ဂျာနယ်ကိုလည်း ရန်ကုန်တိုင်း အစိုးရအဖွဲ့က တရားစွဲဆိုထားတဲ့အပေါ် အခုလို ဝေဖန်ထောက်ပြ လိုက်ကြတာလည်း ဖြစ်ပါတယ်။ ဒီအခြေအနေ အပြည်အစုံကိုတော့ မသင်းသီရိက တင်ပြထားပါတယ်။
လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ လွတ်လပ်စွာ ရေးသားခွင့်တွေကို ကိုယ်စားပြုတဲ့ ဒီမိုကရေစီစနစ် ထွန်းကားရေးကို ဦးတည်သွားနေတဲ့ မြန်မာနိုင်ငံအတွက် လက်ရှိ အစိုးရ အဖွဲ့တချို့ရဲ့ လုပ်ဆောင်ချက်တွေဟာ သံသယဖြစ်စရာ အခြေအနေတွေလို့ မြန်မာ့အရေး လှုပ်ရှား သူတွေက သုံးသပ်လိုက်ကြတာပါ။
ရခိုင်ပြည်နယ်ထဲမှာ ဖြစ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ အပတ်စဉ်ထုတ် လျှပ်တပြက်ဂျာနယ်ကို အစိုးရက တရားစွဲတာ နိုင်ငံ ရေးပါတီတွေကိုလည်း ရခိုင်ပြည်နယ်ကိစ္စနဲ့ ပတ်သက်ပြီးတော့ ၀င်ရောက် ပြောဆိုတာတွေ မလုပ်ဖို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သတိပေးချက် ထုတ်ပြန်တဲ့အပေါ်ကို ခုလို ပြန်လည် ထောက်ပြကြတာ ဖြစ်ပါတယ်။
အထူးသဖြင့် မြန်မာနိုင်ငံမှာ စာပေစိစစ်ရေးအဖွဲ့ကို ဖျက်သိမ်းပြီး သတင်းမီဒီယာတွေကို လွတ်လပ်ခွင့်ပေးမယ်လို့ ကတိက၀တ်တွေ ပြုထားတဲ့အချိန်နဲ့ တပြိုင်နက် သတင်းမီဒီယာတွေကို တရားစွဲဆိုတာ၊ ခေါ်ယူသတိပေး တားမြစ်နေတာတွေဟာ သတင်းသမားတွေ အတွက် စိုးရိမ်စရာ အခြေအနေတွေ ဖြစ်တယ်လို့ နော်ဝေနိုင်ငံက မြန်မာ့သတင်း သမဂ္ဂ ဥက္ကဋ္ဌ ဦးမောင်မောင်မြင့်က သုံးသပ်ပါတယ်။
“အခုလိုမျိုး သတင်းဂျာနယ်တွေကို အစိုးရက စိတ်မထင်ရင် မထင်သလို မကြာခဏ တရားစွဲတဲ့ ဓလေ့ဟာ ဒီမိုကရေစီ နိုင်ငံတခုကို ဦးတည်နေတဲ့ မြန်မာနိုင်ငံအတွက်တော့ သိပ်ပြီး မသင့်လျော်လှဘူးလို့ ထင်ပါတယ်။ အစိုးရအနေနဲ့ ဒီလကုန်မှာ စာပေစိစစ်ရေးအဖွဲ့ကို ဖျက်သိမ်းတော့မယ်လို့ ပြောထားတာလည်း ရှိပါတယ်။ ဒါပေမဲ့ ဒီ လက်တွေ့ အခြေအနေတွေကို မြင်ရတာမှာတော့ အစိုးရဟာ စာပေ စိစစ်ရေးအဖွဲ့ကို ဖျက်သိမ်းပေမယ့်လို့ စာပေစိစစ်ရေးနဲ့ ပတ်သက်တဲ့မူတွေ၊ တင်းကျပ်မှုတွေ၊ ချုပ်ထိန်းမှုတွေကိုတော့ တရားရုံးကို အ သုံးပြုပြီးတော့ သတင်းဂျာနယ်တွေကို သူတို့ကို တနည်းတဖုံ ပြန်ပြီးတော့ ထိန်းချုပ်နေတဲ့ သဘောပါပဲခင်ဗျ။”
လျှပ်တပြက် ဂျာနယ်ဟာ ရခိုင်ပြည်နယ်နဲ့ ပတ်သက်တဲ့ သတင်းတွေ ဖော်ပြချက်နဲ့ ပတ်သက်ပြီးတော့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့က အပတ်စဉ်ထုတ် လျှပ်တပြက် ဂျာနယ်ကို ပုဒ်မ ၅၀၅ (ခ)(ဂ) နဲ့ ဇွန်လ ၁၉ ရက်နေ့မှာ သမ္မာန်စာ ပို့ တရားစွဲဆိုထားပြီး ဇွန်လ ၂၅ ရက်နေ့မှာ ရုံးချိန်း ချိန်းထားပါတယ်။ ဒီပုဒ်မဟာ ထောင်ဒဏ်၂ နှစ်နဲ့ ငွေဒဏ်အပြင် ပြစ်ဒဏ် နှစ်ရပ်လုံး ချနိုင်တာဖြစ်ပါတယ်။
လျှပ်တပြက် ဂျာနယ်ဟာ ရခိုင်ပြည် နယ်သတင်းနဲ့ ပတ်သက်လို့ ရမ်းဗြဲမြို့နယ် ကျောက်နီမော် ကျေးရွာမှာ ဖြစ်ခဲ့တဲ့ မသီတာထွေးရဲ့ အမှုနဲ့ ပတ်သက်လို့ ဓာတ်ပုံတချို့ ဖော်ပြခဲ့ပြီး သတင်းစာရဲ့ အသုံးအနှုန်း အမှားတွေကို ဝေဖန် ထောက်ပြတာတွေကို ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ လျှပ်တပျက် ဂျာနယ်က ဖော်ပြခဲ့တဲ့ မူလ သတင်း အရင်းအမြစ်တွေကိုလည်း ပြန်လည် ဆန်းစစ်ဖို့လိုမယ်လို့လည်း ဦးမောင် မောင်မြင့်က ထောက်ပြပါတယ်။
“တကယ်တမ်းကတော့ အစိုးရအနေနဲ့ ပြန်ပြီး ကြည့်သင့်တဲ့အချက်တွေ ရှိပါတယ်။ ဒီ လျှပ်တပြက်ဂျာနယ်က သုံးစွဲခဲ့တဲ့ သမ္မတရုံး ညွန်ကြားရေးမှူး သူ့ရဲ့ ကိုယ်ပိုင် facebook ပေါ်မှာ တင်ခဲ့ပါတယ်။ ဓာတ်ပုံကိုလည်း လျှပ်တပြက် ဂျာနယ်က သူ့ရဲ့ facebook စာမျက်နှာပေါ်က ယူတယ်ဆိုတဲ့ သတင်းကိုလည်း ကျနော်တို့ ကြားရပါတယ်။ ရခိုင်ကိစ္စနဲ့ ပတ်သက်ပြီးတော့ ကုလားဆိုတဲ့ အသုံး အနှုန်းမျိုးကို သုံးနှုန်းပြီးတော့ အစိုးရရဲ့ ကိုယ်ပိုင်သတင်းစာကနေ စပြီး ဖန်တီးခဲ့ပါတယ်။ ဆိုတော့ အစိုးရဟာ သူ့ရဲ့ သမ္မတရုံးဝန် ထမ်း ကို အရေးမယူဘူး။ အစိုးရရဲ့ ကိုယ်ပိုင်သတင်းစာ ကိုလည်း အရေးမယူဘူး။ ဒါပေမဲ့လို့ ပုဂ္ဂလိကဂျာနယ်တွေကိုမှ ရွေးပြီးတော့ အရေး ယူတာဟာ အစိုးရအနေနဲ့ စာပေလွတ်လပ်ခွင့်ကို ဆက်ပြီးတော့ ထိန်းချုပ်ထားချင်တဲ့ သာဓက ပြတယ်လို့ပဲ ကျနော်တို့ မြင်ပါတယ်။”
ဒါ့အပြင် ရခိုင်ပြည်နယ်ထဲက အကြမ်းဖက်မှုတွေနဲ့အတူ နေရပ် စွန့်ခွာ ထွက်ပြေးရသူတွေနဲ့ ပတ်သက်လို့လည်း နိုင်ငံရေးပါတီတွေဟာ လူထုနဲ့ ထိတွေ့ပြောဆိုတာတွေ၊ သတင်းမီဒီယာတွေနဲ့ ပြောဆိုတာအပြင် ပါတီသဘောထား ထုတ်ပြန်ခြင်းတွေ မလုပ်ဖို့ ပြည်ထောင် စုရွေးကောက်ပွဲ ကော်မရှင်ကလည်း ဇွန်လ ၁၈ ရက်နေ့မှာ နိုင်ငံရေးပါတီတွေကို သတိပေးစာ ထုတ်ပြန် အကြောင်းကြားပါတယ်။ ဒီ အချက်တွေဟာ နိုင်ငံရေးပါတီတွေ မှတ်ပုံတင်စဉ်က ဥပဒေပုဒ်မ (၆) ကို ချိုးဖောက်တာမျိုး ဖြစ်တာမို့ အရေးယူလို့ရတယ်လို့လည်း ဖော်ပြထားပါတယ်။ လတ်တလော ဖြစ်နေတဲ့ ရခိုင်ပြည်နယ် ပြဿနာအပြင် လျှပ်စစ်မီးမရတဲ့ ကိစ္စအတွက် ဆန္ဒဖော်ထုတ်တာတွေ၊ အလုပ်သမား ဆန္ဒပြမှုတွေမှာပါ နိုင်ငံရေးပါတီတွေ ပါဝင်ပတ်သက်မှုတွေကိုလည်း သတိပေးထား ပါတယ်။ ဒါပေမဲ့ လူထုအကျိုး အတွက် လုပ်ဆောင်ကြမယ့် နိုင်ငံရေးပါတီ အနေနဲ့ နိုင်ငံသားတွေရဲ့ အရေးကို ပြောဆိုရမှာ ဖြစ်တယ်လို့ လန်ဒန်မြို့ကို အခု ရောက် နေတဲ့ ရုပ်ရှင်သရုပ်ဆောင် ကိုဇာဂနာကလည်း ထောက်ပြပါတယ်။
“ကျနော်တို့ တိုင်းပြည်မှာ လျှပ်စစ်မီး မရတာလည်း နိုင်ငံသားတွေရဲ့ ပြဿနာပါပဲ။ ထိုနည်းတူ လုပ်ခလစာနည်းပြီးတော့ တနေ့ကိုမှ ၀င်ငွေ ၁,၀၀၀၊ ၁,၅၀၀ ပဲ ရတာလည်း နိုင်ငံသားတွေရဲ့ ပြဿနာပါပဲ။ ဒီနိုင်ငံသားတွေကို ကိုယ်စားပြုနေတဲ့ နိုင်ငံရေးပါတီတွေဆိုတာ နိုင်ငံသားတွေကိစ္စကို ၀င်ပြီး ဖြေရှင်းရမှာပါပဲ။ ဒါကို နိုင်ငံရေးပါတီတွေရဲ့ လွတ်လွတ်လပ်လပ် နိုင်ငံရေးလုပ်ပိုင်ခွင့်နဲ့ သူတို့ရဲ့ လွတ် လွတ် လပ်လပ် ရပ်တည်ခွင့်ကိုတော့ အနှောက်အယှက် မပေးသင့်ဘူးလို့တော့ ကျနော့်အနေနဲ့ကတော့ ရွေးကောက်ပွဲ ကော်မရှင်ကို ဒီလိုပဲ ပြတ်ပြတ်သားသား ပြောချင်တယ်။”
အခု ရခိုင်ပြည်နယ်ထဲမှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် သေဆုံးသူ ၆၂ ဦး ရှိနေပြီလို့ အစိုးရက ထုတ်ပြန်ထားပါတယ်။ အခု ရခိုင် ပြည်နယ်ထဲက ပဋိပက္ခတွေနဲ့ ပတ်သက်လို့ သတင်းမီဒီယာတွေဟာ စာပေစိစစ်ရေးရဲ့ မူဝါဒအတိုင်း ဖော်ပြဖို့ နဲ့ ဥပဒေ ချိုးဖောက်မှု ရှိတယ်ဆိုရင် အရေးယူမယ်လို့ ရန်ကုန်တိုင်း အစိုးရ ၀န်ကြီးချုပ် ဦးမြင့်ဆွေကရော၊ စာပေစိစစ်ရေး အကြီးအကဲကပါ သတင်းသမားတွေ ကို ခေါ်ယူ သတိပေးထားတာလည်း ရှိပါတယ်။
Ref: ဗွီအိုအေ
ရခိုင်ပြည်ကိစ္စ နိုင်ငံရေးပါတီတွေနဲ့ သတင်းသမားတွေ သတိပေးခံရ
23 ဇွန် 2012
မသင်းသီရိ
ရခိုင်ပြည်နယ်ထဲက အခြေအနေတွေနဲ့ ပတ်သက်လို့ သတင်းမီဒီယာတွေကို တရားစွဲတာတွေနဲ့ နိုင်ငံရေးပါတီတွေ ၀င်ရောက် ပတ် သက်ခြင်းမပြုဖို့ တားမြစ်ချက်တွေဟာ ဒီမိုကရေစီနိုင်ငံ တခုဆီကို ဦးတည်နေတဲ့ မြန်မာနိုင်ငံအတွက် မသင့်တော်တဲ့ လုပ်ရပ်တွေ ဖြစ်တယ်လို့ မြန်မာ့အရေး လှုပ်ရှားသူတွေက ပြောလိုက်ပါတယ်။ ရခိုင်ပြည်နယ် အခြေအနေတွေမှာ နိုင်ငံရေးပါတီတွေ ၀င်မပတ် သက်ဖို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က သတိပေးခဲ့သလို အပတ်စဉ်ထုတ် လျှပ်တပြက် ဂျာနယ်ကိုလည်း ရန်ကုန်တိုင်း အစိုးရအဖွဲ့က တရားစွဲဆိုထားတဲ့အပေါ် အခုလို ဝေဖန်ထောက်ပြ လိုက်ကြတာလည်း ဖြစ်ပါတယ်။ ဒီအခြေအနေ အပြည်အစုံကိုတော့ မသင်းသီရိက တင်ပြထားပါတယ်။
လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ လွတ်လပ်စွာ ရေးသားခွင့်တွေကို ကိုယ်စားပြုတဲ့ ဒီမိုကရေစီစနစ် ထွန်းကားရေးကို ဦးတည်သွားနေတဲ့ မြန်မာနိုင်ငံအတွက် လက်ရှိ အစိုးရ အဖွဲ့တချို့ရဲ့ လုပ်ဆောင်ချက်တွေဟာ သံသယဖြစ်စရာ အခြေအနေတွေလို့ မြန်မာ့အရေး လှုပ် ရှားသူတွေက သုံးသပ်လိုက်ကြတာပါ။
ရခိုင်ပြည်နယ်ထဲမှာ ဖြစ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ အပတ်စဉ်ထုတ် လျှပ်တပြက်ဂျာနယ်ကို အစိုးရက တရားစွဲတာ နိုင်ငံ ရေးပါတီတွေကိုလည်း ရခိုင်ပြည်နယ်ကိစ္စနဲ့ ပတ်သက်ပြီးတော့ ၀င်ရောက် ပြောဆိုတာတွေ မလုပ်ဖို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သတိပေးချက် ထုတ်ပြန်တဲ့အပေါ်ကို ခုလို ပြန်လည် ထောက်ပြကြတာ ဖြစ်ပါတယ်။
အထူးသဖြင့် မြန်မာနိုင်ငံမှာ စာပေစိစစ်ရေးအဖွဲ့ကို ဖျက်သိမ်းပြီး သတင်းမီဒီယာတွေကို လွတ်လပ်ခွင့်ပေးမယ်လို့ ကတိက၀တ်တွေ ပြုထားတဲ့အချိန်နဲ့ တပြိုင်နက် သတင်းမီဒီယာတွေကို တရားစွဲဆိုတာ၊ ခေါ်ယူသတိပေး တားမြစ်နေတာတွေဟာ သတင်းသမားတွေ အတွက် စိုးရိမ်စရာ အခြေအနေတွေ ဖြစ်တယ်လို့ နော်ဝေနိုင်ငံက မြန်မာ့သတင်း သမဂ္ဂ ဥက္ကဋ္ဌ ဦးမောင်မောင်မြင့်က သုံးသပ်ပါတယ်။
“အခုလိုမျိုး သတင်းဂျာနယ်တွေကို အစိုးရက စိတ်မထင်ရင် မထင်သလို မကြာခဏ တရားစွဲတဲ့ ဓလေ့ဟာ ဒီမိုကရေစီ နိုင်ငံတခုကို ဦးတည်နေတဲ့ မြန်မာနိုင်ငံအတွက်တော့ သိပ်ပြီး မသင့်လျော်လှဘူးလို့ ထင်ပါတယ်။ အစိုးရအနေနဲ့ ဒီလကုန်မှာ စာပေစိစစ်ရေးအဖွဲ့ကို ဖျက်သိမ်းတော့မယ်လို့ ပြောထားတာလည်း ရှိပါတယ်။ ဒါပေမဲ့ ဒီ လက်တွေ့ အခြေအနေတွေကို မြင်ရတာမှာတော့ အစိုးရဟာ စာပေ စိစစ်ရေးအဖွဲ့ကို ဖျက်သိမ်းပေမယ့်လို့ စာပေစိစစ်ရေးနဲ့ ပတ်သက်တဲ့မူတွေ၊ တင်းကျပ်မှုတွေ၊ ချုပ်ထိန်းမှုတွေကိုတော့ တရားရုံးကို အသုံးပြုပြီးတော့ သတင်းဂျာနယ်တွေကို သူတို့ကို တနည်းတဖုံ ပြန်ပြီးတော့ ထိန်းချုပ်နေတဲ့ သဘောပါပဲခင်ဗျ။”
လျှပ်တပြက် ဂျာနယ်ဟာ ရခိုင်ပြည်နယ်နဲ့ ပတ်သက်တဲ့ သတင်းတွေ ဖော်ပြချက်နဲ့ ပတ်သက်ပြီးတော့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့က အပတ်စဉ်ထုတ် လျှပ်တပြက် ဂျာနယ်ကို ပုဒ်မ ၅၀၅ (ခ)(ဂ) နဲ့ ဇွန်လ ၁၉ ရက်နေ့မှာ သမ္မာန်စာ ပို့ တရားစွဲဆိုထားပြီး ဇွန်လ ၂၅ ရက်နေ့မှာ ရုံးချိန်း ချိန်းထားပါတယ်။ ဒီပုဒ်မဟာ ထောင်ဒဏ်၂ နှစ်နဲ့ ငွေဒဏ်အပြင် ပြစ်ဒဏ် နှစ်ရပ်လုံး ချနိုင်တာဖြစ်ပါတယ်။
လျှပ်တပြက် ဂျာနယ်ဟာ ရခိုင်ပြည် နယ်သတင်းနဲ့ ပတ်သက်လို့ ရမ်းဗြဲမြို့နယ် ကျောက်နီမော် ကျေးရွာမှာ ဖြစ်ခဲ့တဲ့ မသီတာထွေးရဲ့ အမှုနဲ့ ပတ်သက်လို့ ဓာတ်ပုံတချို့ ဖော်ပြခဲ့ပြီး သတင်းစာရဲ့ အသုံးအနှုန်း အမှားတွေကို ဝေဖန် ထောက်ပြတာတွေကို ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ လျှပ်တပျက် ဂျာနယ်က ဖော်ပြခဲ့တဲ့ မူလ သတင်း အရင်းအမြစ်တွေကိုလည်း ပြန်လည် ဆန်းစစ်ဖို့လိုမယ်လို့လည်း ဦးမောင် မောင်မြင့်က ထောက်ပြပါတယ်။
“တကယ်တမ်းကတော့ အစိုးရအနေနဲ့ ပြန်ပြီး ကြည့်သင့်တဲ့အချက်တွေ ရှိပါတယ်။ ဒီ လျှပ်တပြက်ဂျာနယ်က သုံးစွဲခဲ့တဲ့ သမ္မတရုံး ညွန်ကြားရေးမှူး သူ့ရဲ့ ကိုယ်ပိုင် facebook ပေါ်မှာ တင်ခဲ့ပါတယ်။ ဓာတ်ပုံကိုလည်း လျှပ်တပြက် ဂျာနယ်က သူ့ရဲ့ facebook စာမျက်နှာပေါ်က ယူတယ်ဆိုတဲ့ သတင်းကိုလည်း ကျနော်တို့ ကြားရပါတယ်။ ရခိုင်ကိစ္စနဲ့ ပတ်သက်ပြီးတော့ ကုလားဆိုတဲ့ အသုံး အနှုန်းမျိုးကို သုံးနှုန်းပြီးတော့ အစိုးရရဲ့ ကိုယ်ပိုင်သတင်းစာကနေ စပြီး ဖန်တီးခဲ့ပါတယ်။ ဆိုတော့ အစိုးရဟာ သူ့ရဲ့ သမ္မတရုံးဝန်ထမ်း ကို အရေးမယူဘူး။ အစိုးရရဲ့ ကိုယ်ပိုင်သတင်းစာ ကိုလည်း အရေးမယူဘူး။ ဒါပေမဲ့လို့ ပုဂ္ဂလိကဂျာနယ်တွေကိုမှ ရွေးပြီးတော့ အရေး ယူတာဟာ အစိုးရအနေနဲ့ စာပေလွတ်လပ်ခွင့်ကို ဆက်ပြီးတော့ ထိန်းချုပ်ထားချင်တဲ့ သာဓက ပြတယ်လို့ပဲ ကျနော်တို့ မြင်ပါတယ်။”
ဒါ့အပြင် ရခိုင်ပြည်နယ်ထဲက အကြမ်းဖက်မှုတွေနဲ့အတူ နေရပ် စွန့်ခွာ ထွက်ပြေးရသူတွေနဲ့ ပတ်သက်လို့လည်း နိုင်ငံရေးပါတီတွေဟာ လူထုနဲ့ ထိတွေ့ပြောဆိုတာတွေ၊ သတင်းမီဒီယာတွေနဲ့ ပြောဆိုတာအပြင် ပါတီသဘောထား ထုတ်ပြန်ခြင်းတွေ မလုပ်ဖို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကလည်း ဇွန်လ ၁၈ ရက်နေ့မှာ နိုင်ငံရေးပါတီတွေကို သတိပေးစာ ထုတ်ပြန် အကြောင်းကြားပါတယ်။ ဒီ အချက်တွေဟာ နိုင်ငံရေးပါတီတွေ မှတ်ပုံတင်စဉ်က ဥပဒေပုဒ်မ (၆) ကို ချိုးဖောက်တာမျိုး ဖြစ်တာမို့ အရေးယူလို့ရတယ်လို့လည်း ဖော်ပြထားပါတယ်။ လတ်တလော ဖြစ်နေတဲ့ ရခိုင်ပြည်နယ် ပြဿနာအပြင် လျှပ်စစ်မီးမရတဲ့ ကိစ္စအတွက် ဆန္ဒဖော်ထုတ်တာတွေ၊ အလုပ်သမား ဆန္ဒပြမှုတွေမှာပါ နိုင်ငံရေးပါတီတွေ ပါဝင်ပတ်သက်မှုတွေကိုလည်း သတိပေးထား ပါတယ်။ ဒါပေမဲ့ လူထုအကျိုး အတွက် လုပ်ဆောင်ကြမယ့် နိုင်ငံရေးပါတီ အနေနဲ့ နိုင်ငံသားတွေရဲ့ အရေးကို ပြောဆိုရမှာ ဖြစ်တယ်လို့ လန်ဒန်မြို့ကို အခုရောက် နေတဲ့ ရုပ်ရှင်သရုပ်ဆောင် ကိုဇာဂနာကလည်း ထောက်ပြပါတယ်။
“ကျနော်တို့ တိုင်းပြည်မှာ လျှပ်စစ်မီး မရတာလည်း နိုင်ငံသားတွေရဲ့ ပြဿနာပါပဲ။ ထိုနည်းတူ လုပ်ခလစာနည်းပြီးတော့ တနေ့ကိုမှ ၀င်ငွေ ၁,၀၀၀၊ ၁,၅၀၀ ပဲ ရတာလည်း နိုင်ငံသားတွေရဲ့ ပြဿနာပါပဲ။ ဒီနိုင်ငံသားတွေကို ကိုယ်စားပြုနေတဲ့ နိုင်ငံရေးပါတီတွေဆိုတာ နိုင်ငံသားတွေကိစ္စကို ၀င်ပြီး ဖြေရှင်းရမှာပါပဲ။ ဒါကို နိုင်ငံရေးပါတီတွေရဲ့ လွတ်လွတ်လပ်လပ် နိုင်ငံရေးလုပ်ပိုင်ခွင့်နဲ့ သူတို့ရဲ့ လွတ် လွတ် လပ်လပ် ရပ်တည်ခွင့်ကိုတော့ အနှောက်အယှက် မပေးသင့်ဘူးလို့တော့ ကျနော့်အနေနဲ့ကတော့ ရွေးကောက်ပွဲ ကော်မရှင်ကို ဒီလိုပဲ ပြတ်ပြတ်သားသား ပြောချင်တယ်။”
အခု ရခိုင်ပြည်နယ်ထဲမှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် သေဆုံးသူ ၆၂ ဦး ရှိနေပြီလို့ အစိုးရက ထုတ်ပြန်ထားပါတယ်။ အခု ရခိုင်ပြည်နယ်ထဲက ပဋိပက္ခတွေနဲ့ ပတ်သက်လို့ သတင်းမီဒီယာတွေဟာ စာပေစိစစ်ရေးရဲ့ မူဝါဒအတိုင်း ဖော်ပြဖို့ နဲ့ ဥပဒေ ချိုးဖောက်မှု ရှိတယ်ဆိုရင် အရေးယူမယ်လို့ ရန်ကုန်တိုင်း အစိုးရ ၀န်ကြီးချုပ် ဦးမြင့်ဆွေကရော၊ စာပေစိစစ်ရေး အကြီးအကဲကပါ သတင်းသမား တွေကို ခေါ်ယူ သတိပေးထားတာလည်း ရှိပါတယ်။
Ref: အာရ်အဖ်အေ
နေအိမ်အမွေပိုင်ဆိုင်မှု ဆုံးဖြတ်ချက် ဒေါ်အောင်ဆန်းစုကြည် အယူခံဝင်မည်
2012-06-24
တရားရုံးရဲ့ အမွေပိုင်ဆိုင်မှု ဆုံးဖြတ်ချက်အပေါ် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အယူခံဝင်မယ်လို့ ရှေ့နေဦးဥာဏ်ဝင်းက RFA ကို ဒီက နေ့ ပြောဆိုပါတယ်။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရတဲ့ အမွေဆိုင် အမှုကို ဇွန်လ ၂၂ ရက်နေ့က ရန်ကုန် အနောက်ပိုင်း ခရိုင် တရားရုံးကနေ အမိန့်ချမှတ်ခဲ့တာပါ။

အစ်ကိုဖြစ်သူ အမေရိကန် နိုင်ငံသား ဦးအောင်ဆန်းဦးက တရားစွဲဆိုထားတဲ့ အမွေဆိုင် ကိစ္စမှာ သားသမီး နှစ်ဦးလုံး ဖြစ်နေတာကြောင့် အမွေတွေကို အညီအမျှ တ၀က်စီ ခွဲဝေယူဖို့ တရားရုံးရဲ့ ဆုံးဖြတ်ချက်မှာ ဥပဒေကြောင်းအရ လွဲချော်မှုတွေ ရှိနေတာကြောင့် အယူခံ ၀င်မှာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ဦးဥာဏ်ဝင်းက ပြောပါတယ်။
ရွှေ့ပြောင်း နိုင်တဲ့ အမွေပစ္စည်းတွေကို မြန်မာဓလေ့ ထုံးတမ်းအရ အညီအမျှ ခွဲဝေလို့ ရပေမယ့် ၁၉၅၃ ခုနှစ်က ပြဌာန်းထားတဲ့ ဥပဒေအရ မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်းတွေကို နိုင်ငံခြားသား အနေနဲ့ ပိုင်ဆိုင် တောင်းဆိုခွင့် မရှိဘူးလို့ ဦးဥာဏ်ဝင်းက ဆိုပါတယ်။
ဖခင်ဖြစ်သူ မြန်မာ့လွတ်လပ်ရေး ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ မိခင် ဒေါ်ခင်ကြည်တို့ ပိုင်ဆိုင်တဲ့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ လက်ရှိ နေထိုင်နေတဲ့ ညီမဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးက သူ့အနေနဲ့ တ၀က် ပိုင်ဆိုင်တယ် ဆိုပြီး နှစ်အတန်ကြာကတည်းက တရားစွဲဆိုထားတာ ဖြစ်ပါတယ်။
Ref: အာရ်အဖ်အေ
ဘင်္ဂါလီ လှေစီးဒုက္ခသည်တွေ ပစ်ခတ်ခံရတဲ့သတင်း ပြည်နယ် ဥပဒေချုပ် ငြင်းဆို
2012-06-23
ရခိုင်ပြည်နယ်တွင်း ပဋိပက္ခတွေကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ကို လှေတွေနဲ့ ထွက်ပြေးခဲ့ကြတဲ့ ဘင်္ဂါလီ ရိုဟင်ဂျာတွေကို ရဟတ် ယာဉ်နဲ့ လိုက်လံပစ်ခတ် ခဲ့တယ်ဆိုတဲ့ သတင်းတွေ မကြာခင် ရက် ပိုင်းက ပေါ်ထွက်ခဲ့ပါတယ်။
ဒီသတင်းတွေနဲ့ ပတ်သက်ပြီး အတည်ပြုနိုင်မှု ရှိမရှိ ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းကို အာအက်ဖ်အေက မေးမြန်းခဲ့ရာမှာ အတည် မပြုနိုင်ကြောင်း ငြင်းဆိုခဲ့ပါတယ်။
"အဲဒီဟာ မမှန်ပါဘူး။ ကျွန်တော်တို့ သိထားတဲ့ထဲမှာ အခုစက်လှေတွေနဲ့ ပင်လယ်ထဲမှာ နေတယ်ဆိုတာ မရှိပါဘူး။ ကျွန်တော်ခုနက
ပြောတဲ့ အလယ် ဖရုံကာက ရွာတစ်ရွာနားမှာ ရှိတယ်"

စစ်တွေအနီး အလယ်ဖရုံကာမှာ ခိုလှုံနေသူ လူသုံးထောင်ကျော် ဘင်္ဂါလီ ရိုဟင်ဂျာအဖွဲ့တစ်ဖွဲ့ရှိပြီး ကယ်ဆယ်ရေး ပစ္စည်းတွေနဲ့ လုံခြုံရေးတွေ ပေးထားကြောင်း၊ အခုအခါ သူတို့ကို စစ်တွေမှာရှိတဲ့ ဘင်္ဂါလီ ရိုဟင်ဂျာ ဒုက္ခသည်တွေနဲ့ ပူးပေါင်းထားရှိဖို့ စီစဉ်နေကြောင်း ဦးလှသိန်းက ပြောပါတယ်။
စစ်တွေမြို့ ဈေးကြီးကိုလည်း ပြန်ဖွင့်ဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။ ဒါ့ပြင် စစ်ရေယာဉ်တွေနဲ့ ရောက်ရှိနေတဲ့ ကုန်ပစ္စည်းတွေကို ပဋိပက္ခ ကာလအတွင်း အလုပ်သမား မလုံလောက်တဲ့အတွက် မချနို င်ဘဲ ဖြစ် ခဲ့ရာက မနေ့ကစလို့ တစ်စီးပြီးတစ်စီး အမြန်သယ် ချနေကြောင်း၊ ကုန်သည်တွေလက်ထဲ ကုန်ပစ္စည်းတွေ ရောက်ရှိသွားရင် ပြည် သူတွေဆီ ကုန်စည်စီးဆင်းမှု မြန်ဆန်လာမှာ ဖြစ် ကြောင်း လည်း ပြောဆိုပါတယ်။
စစ်တွေ အပါအ၀င် ရခိုင်ပြည်နယ် မြို့တချို့မှာ ထုတ်ပြန်ထားတဲ့ ပုဒ်မ (၁၄၄) ရုပ်သိမ်းနိုင်ခြေ ရှိမရှိနဲ့ ပတ်သက်လို့လည်း ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းက -
"ပုဒ်မ ၁၄၄ ထုတ်တယ်ဆိုတာ ဥပဒေကြောင်းပေါ့။ ၁၄၄ ထုတ်တယ်ဆိုလို့ရှိရင် ၂ လပေါ့။ ၂ လကြာတဲ့ အခါမှာ ရုတ်သိမ်းဖို့ မသင့် သေးဘူး၊ မတည်ငြိမ်သေးဘူး ဆိုရင်တော့ ဒီအမိန့်ကို ဆက်လက်ပြီးတော့ ကျင့်သုံးဖို့ ကြေညာမှာ ဖြစ်ပါတယ်။ ဒီ ၂ လ မကြာပဲနဲ့ လုံခြုံမှုတွေက ကောင်းသွားပြီ၊ စောစောစီးစီး အခြေအနေ ကောင်းသွားပြီ ဆိုလို့ရှိရင် စောစောစီးစီး ပြန်ရုပ်လိုက်ရင် ရပါတယ်။ ခဲရာ ခဲဆစ်တော့ မဟုတ်ပါဘူး"
အလားတူ ရခိုင်ပြည်နယ်မှာ ထုတ်ပြန်ထားတဲ့ အရေးပေါ် အခြေအနေ ကြေညာချက်ဟာလည်း (၃) လအတွင်း အစိုးရက ပြည် ထောင်စု လွှတ်တော်ကို တင်ပြရမှာဖြစ်ပြီး၊ လွှတ်တော်က ဆက်လက် ထားရှိဖို့ သင့်မသင့် ဆုံးဖြတ်မှာ ဖြစ်တယ်လို့ ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းက ရှင်းလင်းပြောဆိုခဲ့ပါတယ်။
ရခိုင်ပြည်နယ်အတွင်း လယ်သမားတွေ လယ်ပြန်ထွန်နိုင်ဖို့ အတွက် လြုံခုံရေးတွေ စီစဉ်နေတယ်လို့ သိရပါတယ်။
Ref: အာရ်အဖ်အေ
မန္တလေးရသာကောင်းအလုပ်သမားတောင်းဆိုချက် အလုပ်ရှင်လိုက်လျော
2012-06-24
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်မှာရှိတဲ့ ရသာကောင်းချိုချဉ် စက်ရုံက အလုပ်သမားတွေ တောင်းဆိုထားတဲ့ အခြေခံ လုပ်အားခ တိုးမြှင့်ရေး အပါအဝင် အချက် ၉ ချက်ပါ အလုပ်သမား အခွင့်အရေးတွေကို လိုက်လျောဖို့ အလုပ်ရှင်က ဒီနေ့မှာ သဘောတူလိုက် ပါတယ်။
မနေ့ကညနေ ၆ နာရီခွဲခန့်မှာ မြို့နယ်အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမား အရေး ညှိနှိုင်းဖြန်ဖြေရေးကော်မတီဥက္ကဋ္ဌ ဦးကျော် စွာ ထွန်းနဲ့ အတွင်းရေးမှူး ဒေါ်အေးမာတို့ ရှေ့မှောက်မှာ အလုပ်သမားကိုယ်စားလှယ် (၅၀) ဦးနဲ့ လုပ်ငန်းရှင်ဘက်က ဦးကျော်စိန်(ခေါ်) တွမ်လျှော့ကြုံတို့က လက်မှတ်ရေးထိုး သဘောတူခဲ့တာလို့ အလုပ်သမားတွေကို အကူ အညီပေးခဲ့တဲ့ ကုန်ဈေးနူန်းကျဆင်းရေးအဖွဲ့က ဦးသိန်းအောင်မြင့် ကပြောပါတယ်။
“အလုပ်သမားတွေတောင်းတဲ့အထဲက ရတဲ့အချက်တွေကတော့ အမျိုးသမီး ဝန်ထမ်းတွေကို ယခင်(၁၈၀၀) ရတဲ့သူကို (၂၁၀၀) ကို တိုးပေးတယ်၊ (၁၉၀၀) ရတဲ့သူကိုလည်း (၂၁၀၀) ပဲခင်ဗျ၊ (၂၀၀၀) ရတဲ့သူကို (၂၂၀၀) တိုးပေး တယ်ပေါ့ခင်ဗျာ၊ ဒါသူတို့က နေ့စား သမားတွေကိုး။ ပြီးတော့ လခစား သမားတွေကလည်း သူတို့က လုပ်သက်က (၃) လကနေ (၁)နှစ် အထိ လုပ်သက်ကို (၅၆၇၀၀) အထိ တိုးပေးတယ်၊ (၁)နှစ်ကနေ(၃)နှစ်အထိ လုပ်ထားတဲ့သူကို (၆၀၀၀၀) ပေးတယ်။ လုပ်သက်(၄)နှစ်ကနေ(၅)နှစ်အထိ လုပ်ထား တဲ့သူကို (၇၀၀၀၀)ပေါ့ဗျာ၊ (၅)နှစ်အထက်ကိုသူက (၇၅၀၀၀) ပေးတယ်။ အဲဒီအချိန်မှာ သူတို့စက်ရုံမှာ လုပ်တဲ့ ဒီမြေပဲ လုပ်သားတို့ ဆန်မရွေး လုပ်သားတို့ ဘွိုင်လာ လုပ်သား တွေကြတော့ သူက ပင်ပန်းကြေးအနေနဲ့ တလကို(၄၀၀၀)ပေးတယ်ခင်ဗျ၊ အလုပ်ချိန်က တော့ ဟိုတုန်းကလို သူက (၁၂) နာရီ မလုပ်ရတော့ဘူး တရက်ကို(၈)နာရီပဲ သူခိုင်းတော့တယ်ခင်ဗျ”
မနေ့က ညှိနှိုင်းရာမှာ အမျိုးသမီးဝန်ထမ်းတွေကို လခစားအဖြစ် သတ်မှတ်ရေး အချက်မှာ ညှိနှိုင်းမရဖြစ်နေခဲ့တာ ဖြစ်ပြီး လုပ်ငန်းရှင်က အခုလိုအခြေခံလစာငွေကို တိုးပေးလိုက်တဲ့အတွက် အကုန်လုံးမရတောင်မှ ထိုက်သင့်တဲ့ အနေအထားရတဲ့အတွက် အလုပ်သမား တွေက ကျေနပ်ကြောင်း ပြောတယ်လို့ သူကပြောပါတယ်။
Ref: အာရ်အဖ်အေ
ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေး ၀င်ငွေ ထိခိုက်
အောင်သန်း
June 22, 2012
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားသည့် ပဋိပက္ခကြောင့် နယ်စပ်ကုန်သွယ်ရေး နှစ်ပတ်ခန့် ရပ်ဆိုင်းခဲ့ရာ ဘင်္ဂလားဒေ့ရှ် ဘက်က တရက် လျှင် ဘင်္ဂလားဒေ့ရှ်ငွေ တာကာ သိန်း ၄၀ ခန့် ထိခိုက်မှုရှိကြောင်း တာ့ခ်နာဖ် ဆိပ်ကမ်း တာဝန်ရှိသူများ က ပြောသည်။
လတ်တလောတွင်လည်း မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးမှာ ရပ်ဆိုင်းနေသေးသည်ဟု တာ့ခ်နာဖ်(Teknaf)ဆိပ်ကမ်း တာဝန်ရှိသူများ က ဆိုသည်။
“အခုလိုနယ်စပ် စီးပွားရေး ၂ ပတ်ကြာ ပိတ်နေတာဟာ ဘင်္ဂလာနိုင်ငံတော်ဝင်ငွေနဲ့ စီးပွားရေးနေ့စဉ် အကျိုးအမြတ် ၀င်ငွေ အပြင် နေ့စား အလုပ်သမားတွေအတွက် အခက်အခဲကြုံနေရပါတယ်၊ မြန်မာ့ကုန်တွေမလာဘဲ ပိတ်နေရတာဟာ တရက်ကို တာကာ သိန်း ၄၀ တန်ဖိုး ရှုံးဆုံးမှုတွေ ရှိနေပါတယ်၊ ဘင်္ဂလာက မြန်မာ့တင်ပို့ကုန်တွေကို အဓိက အားထားနေရတာပါ”ဟု ဆိပ်ကမ်း အကောက်ခွန် တာဝန်ရှိသူ တဦးက ပြောသည်။
ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်းမှုအခြေအနေ ကြာရှည်မည်ကို စိုးရိမ်ကြောင်း ကုန်သည်များကလည်း ပြော ဆိုသည်။
နှစ်နိုင်ငံအကြား နယ်စပ် ကုန်သွယ်ရေးမှာ ယခုကဲ့သို့ ရပ်ဆိုင်းနေခြင်းမျိုး နှစ်ပေါင်း၂၀ နီးပါး၌ တကြိမ်တခါမျှ မရှိခဲ့ဘူးကြောင်း သိရ သည်။
နယ်စပ် ကုန်သွယ်ရေးမှာ ပြီးခဲ့သည့် ဇွန် ၈ ရက် ရခိုင်ပြည်နယ် အဓိကရုဏ်း အတွင်း က စတင်ရပ်ဆိုင်းခဲ့ရာမှ ဇွန်လ ၁၈ ရက်နေ့က ပြန်လည် စတင်ခဲ့သော်လည်း ဇွန် ၁၉ ရက်တွင် ရပ်ဆိုင်းခဲ့ပြန်ကြောင်း ကုန်သည်များက ပြောသည်။
ဇွန်လ ၁၇ ရက်နေ့ကမူ ရခိုင်ပြည် စစ်တွေမြို့ဘက်မှ တန်ချိန် ၉၀ ကျော် ရေခဲရိုက် ငါး သင်္ဘော ၂ စီး တာ့ခ်နာဖ် ဆိပ်ကမ်းသို့ ညနေ ပိုင်းတွင် ဆိုက်ရောက်ခဲ့ကြောင်း အထက်ပါ ဆိပ်ကမ်း အကောက်ခွန် တာဝန်ရှိသူ က ပြောသည်။
ထို့အပြင် ရခိုင်ပြည်နယ် ဘက်မှ ဘင်္ဂလားဒေ့ရှ် ဘက်သို့ အိမ်မွေး တိရစ္ဆာန်များ တင်ပို့မှုရှိခဲ့ကြောင်း သိရသည်။
ဇွန်လ ၈ ရက်နေ့က မြန်မာနိုင်ငံမှ ကုန်တန်ဖိုး တာကာ ၁၀ ကုဋေ ခန့်ရှိ ငါးသင်္ဘော၂ စီး တာ့ခ်နာဖ် ဆိပ်ကမ်းသို့ ဆိုက်ရောက် လာခဲ့ သော်လည်း ငါးချခွင့်မရ၍ ဇွန် ၁၂ ရက်တွင် ပြန်လည် ထွက်ခွာသွားခဲ့သည်ဟု အကောက်ခွန်ဌာနက ပြောဆိုသည်။ လက်ရှိ ဘင်္ဂလား ဒေ့ရှ် ၁ တာကာ လျှင် မြန်မာ ငွေ ၁၀ ကျပ် ၀န်းကျင် ရှိသည်။
ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခကြောင့် ယနေ့ အထိ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံမှ ကုန်သည် ၂၀၀ ကျော်၏ ကုန်သွယ်မှု ရပ် ဆိုင်း လျက် ရှိကြောင်း သိရသည်။
Ref: ဧရာဝတီ
ဖို့ဝိန်းမြို့မှာ ဘာသာပေါင်းစုံ ဆုတောင်းပွဲ ကျင်းပ
2012-06-24
ရခိုင်ပြည်နယ်က ပဋိပက္ခနဲ့ တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် အပြစ်မဲ့သူတွေ သေဆုံးရတာနဲ့ နေရပ်အိုးအိမ် စွန့်ခွာရသူတွေအတွက် အဖွဲ့လေးဖွဲ့က ကြီးမှူးပြီး အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့မှာ ဘာသာပေါင်းစုံ ဆုတောင်းပွဲကို ဒေသစံတော်ချိန် မနေ့ည ၇ နာရီက ကျင်းပပါတယ်။
ဖို့ဝိန်းမြို့လည် ပန်းခြံမှာ ကျင်းပတဲ့ ဒီအခမ်းအနားကို Peace for Burma မြန်မာပြည် ငြိမ်းချမ်းပါစေ စာတမ်းပါ မိုးပျံ ဘူဘောင်း လွှတ် တင်ပြီး စတင်လိုက်တယ်လို့ ပွဲစီစဉ်သူတစ်ဦးဖြစ်တဲ့ ဦးအောင်မြင့်ထွန်းက ပြောပါတယ်။
"ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေပေါ့နော်၊ အပြစ်မဲ့ သေသွားတဲ့ လူတွေပေါ့နော်၊ အဲတာတွေကို ဝတ်ပြု ဆုတောင်း ပေးတာပေါ့နော်။ နောက်တစ်ချက်က တိုင်းရင်းသား နယ်မြေအသီးသီးမှာ ဖြစ်ပေါ်နေတဲ့ စစ်ပွဲတွေကြောင့် အကြောင်းမဲ့ သေရတဲ့ လူတွေ၊ နောက်အိုးအိမ် မြေယာတွေကို စွန့်ခွာပြီးတော့ ဒုက္ခတွေရင်ဆိုင်နေရတဲ့ လူတွေအတွက်ပေါ့လေ၊ အားလုံးတည်တည် ငြိမ်ငြိမ်အေးအေး ချမ်းချမ်းနဲ့ အာဃာတတွေ ကင်းကြစေဖို့ ဝတ်ပြုဆုတောင်းကြတာပေါ့။ ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ ဒီပဋိပက္ခတွေက တကယ်မဖြစ်သင့် မဖြစ်ထိုက်တဲ့ ဟာတွေပေါ့နော်။ အဲဒီဟာတွေကို ကျွန်တော်တို့ ဒီဘက်ကနေပြီးတော့ ဘာသာအားလုံးက စုစု စည်းစည်း ညီညီညွတ်ညွတ်နဲ့ တစ်ဦးနဲ့တစ်ဦး စုစည်းညီညွတ်စွာ ရှိတာကို ကျွန်တော်တို့က ပြချင်တယ်။ ဒီဟာလေးကို စံနမူနာ ထား ပြီးတော့ ပြည်တွင်းထဲမှာလည်း အေးအေးဆေးဆေး တည်တည် ငြိမ်ငြိမ်နဲ့ ငြိမ်းငြိမ်းချမ်းချမ်း ရှိကြအောင်ပေါ့နော်။ အာဃာတတွေ ကင်းကြအောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျွန်တော်တို့ လုပ်ကြတာပါ"
ဒီ သတင်းရေးသားချိန်မှာ ဘာသာပေါင်းစုံ ၀တ်ပြုဆုတောင်းပွဲကို ကျင်းပနေဆဲ ဖြစ်ပြီး နောက်ပိုင်းမှာ ၈၈-မျိုးဆက် ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုမြအေးကလည်း skype ကနေတဆင့် ဗီဒီယို အမှာစကား ပြောကြားဖို့ စီစဉ်ထားကြောင်း၊ ပြည်တွင်းမှာ တင်းမာမှုတွေ ပေါ်ပေါက်နေတဲ့အတွက် ဘာသာရေး အဖွဲ့လေးဖွဲ့က ဒီဝတ်ပြု ဆုတောင်းပွဲကို ကမကထလုပ် ကျင်းပတာ ဖြစ်ကြောင်း လည်း ဦးအောင်မြင့်ထွန်းက ပြောပါတယ်။
"ဗုဒ္ဓဘာသာအဖွဲ့ရယ်၊ မြန်မာတိုင်းရင်း ခရစ်ယာန် အသင်းတော်ရယ်၊ မြန်မာမွတ်ဆလင် လူမှုအဖွဲ့အစည်းရယ်၊ ၈၈ မျိုးဆက် ကျောင်း သားများအဖွဲ့ ပြည်ပရယ် ကျွန်တော်တို့ လေးဖွဲ့ပေါင်းပြီး ဆုတောင်းတာပေါ့"
ဒီ အခမ်းအနားမှာ ပြည်တွင်းက ပဋိပက္ခတွေ ချုပ်ငြိမ်းသွားစေဖို့ ဘာသာပေါင်းစုံ အဖွဲ့တွေက ကိုယ့်နည်းနဲ့ကိုယ် ဖယောင်းတိုင် ထွန်းညှိ ဆုတောင်းကြတယ်လို့လည်း သိရပါတယ်။
Ref: အာရ်အဖ်အေ
ကိုယ်ထိလက်ရောက် ခံရသူ မြန်မာအမျိုးသမီး ၃ဦး လျော်ကြေးရ
24 June 2012
နော်ဆဲကလယ်
ရန်ကုန်မြို့၊ လှိုင်သာယာရှိ တိုးမြတ်အောင် ဇာပန်းထိုးစက်ရုံမှ မြန်မာအမျိုးသမီးအလုပ်သမား ၃ ဦးအား ကိုယ် ထိလက်ရောက် ကျူးလွန်ခဲ့သူ တရုတ်အမျိုးသား မစ္စတာချိုင်းကို ရဲစခန်းတွင် အမှုဖွင့်ထားရာ လျော်ကြေးပေး၍ ကျေအေးလိုက်ပြီဖြစ်ကြောင်း အလုပ်သမားအခွင့်အရေးဆောင်ရွက်ပေးသူ မမြင့်မြင့်ဌေးက ပြောသည်။
“တစ်ယောက်ကို ၅ သိန်းပေးတယ်။ သူဌေး(အလုပ်ရှင်)နဲ့ သူတို့ ၃ ယောက် ညှိပြီး လုပ်ခဲ့ကြတာပါ။ ပြီးခဲ့တဲ့ ကြာသပတေးနေ့(ယခု ဇွန်လ ၂၂ရက်) ကတည်းကပါ။”ဟု ကေအိုင်စီသို့ ပြောသည်။
ရန်ကုန်မြို့ရှိ မမြင့်မြင့်ဌေးအပါအ၀င် အလုပ်သမားများအခွင့်အရေး ဆောင်ရွက်နေကြသော ခေါင်းဆောင် များသည် လှိုင်သာယာ ရဲစခန်းတွင် အမှုဖွင့်ထားရာ ထိုအမှုအတွက် ၀ိုင်းဝန်းကူညီပေးကြရန် တောင်းဆိုနေချိန် တွင် ကျူးလွန်ခံရသော အမျိုးသမီးများကို ခေါ်ယူကာ အလုပ်ရှင်သူဌေးမှ လျော်ကြေးပေးခဲ့ခြင်းဖြစ်သည်။
“ကျမတို့ ကိုယ့်မြန်မာအမျိုးသမီးတွေကို စော်ကားတဲ့ ဒီတရုတ်အမျိုးသားကို မမြင်ချင်လို့ တိုင်ခဲ့ကြတာပါ။ အခု သူက အရင်လို ပေါ်တင်ကြီး မနေပေမယ့် သူ့ကို တစ်ခါတစ်ခါ တွေ့နေရပါတယ်။ ရဲစခန်းကလည်း တရုတ်သူဌေး နဲ့ဆက်သွယ်ပေးမယ်ပြောပြီး ကျမတို့ကို အကြောင်းမပြန်ဘဲ ခံရတဲ့ ၃ ဦးကိုဘဲ ခေါ်တွေ့ ညှိပေးခဲ့တာပါ။“ဟု မမြင့်မြင့်ဌေးက ဆက်ပြောသည်။
ထိုဇာပန်းထိုးစက်ရုံမှ ပါကင်ဝန်ထမ်းတဦးကလည်း “ဒီလိုသာဆို ကျမတို့ အလုပ်သမားတွေအတွက လုပ်ပေး နေတာတွေ အလ ကားဖြစ်သလိုဘဲ ဖြစ်နေပါတယ်။ ခံရတဲ့သူတွေကလည်း အချင်းချင်းတိုင်ပင် သင့်ပါတယ်။ သူဌေးတွေက ငွေပေးရင်ရတယ် ဆိုတဲ့ အမြင်နဲ့ ဆက်လုပ်သွားမှာ စိုးတယ်။ ရဲစခန်းနဲ့ တရားရုံးကလည်း စည်းကမ်းရှိစေချင်ပါတယ်။”ဟု ဆိုသည်။
ပြီးခဲ့သည့် မေလ ၂၂ ရက်နေ့က အလုပ်သမားလစာတိုးပေးရေး ဆန္ဒပြတောင်းဆိုအပြီး ၂၃ ရက်နေ့တွင် မစိုးစိုးသန်း၊ မမြင့်မြင့်အေး နှင့် မဖြူဖြူတို့ ၃ ဦးသည် ဖယ်ရီကားပေါ်အတက်တွင် တရုတ်အမျိုးသားဖြစ်သူ မစ္စတာချိုင်းမှ သူမတို့၏ ရင်ဘတ်များကို တွန်းထုတ်၍ ပါးရိုက်ခဲ့သောကြောင့် ဦးဆောင်သူ အလုပ်သမား အဖွဲ့များက လှိုင်သာယာရဲစခန်းသို့ အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။
Ref: ကေအိုင်စီ
အတိုက်အခံလည်း အစိုးရဖြစ်နိုင်တယ်ဆိုတာကို လက်ခံရမယ်
လင်းသန့်
June 23, 2012
ဒီမိုကရေစီ စနစ်ကျင့်သုံးရာမှာ အတိုက်အခံအဖွဲ့အစည်းဟာလည်း အစိုးရဖြစ်နိုင်တယ်ဆိုတာကို လက်ခံဖို့လိုကြောင်း ဗြိတိန်နိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
“ဒီမိုကရေစီ ပြည့်ပြည့်ဝဝ ရဖို့ဆိုတာဟာ အတိုက်အခံဆိုတာဟာ အစိုးရဖြစ်နိုင်တဲ့ အဖွဲ့အစည်းဆိုတာကို ကျမတို့နိုင်ငံက လက်ခံဖို့လို တယ်။ အခုအထိတော့ ဒီသဘောတရားကိုတော့ သိပ်နားလည်သေးတယ်လို့တော့ ပြောလို့မရဘူး” လို့ ဒေါ်အောင်ဆန်းစုကြည်က ယမန်နေ့က ဗြိတိန်ရောက် မြန်မာမိသားစုများနဲ့ တွေ့ဆုံအပြီး သတင်းစာ ရှင်းလင်းပွဲမှာ ပြောလိုက်တာပါ။
အတိုက်အခံဆိုတာ အချိန်မရွေး အစိုးဖြစ်နိုင်တာကို နားလည်လာအောင်လည်း အားလုံးက ကြိုးစားသွားကြရမှာ ဖြစ်ကြောင်း၊ ဗြိတိန် နိုင်ငံအပါအ၀င် ဒီမိုကရေစီ နိုင်ငံကြီးတွေမှာ Shadow Government ခေါ် အတိုက်အခံပါတီတွေရဲ့ ရွေးချယ်ခံ ကိုယ်စား လှယ်များနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့မျိုး ပေါ်ပေါက်လာရေးကိုလည်း ဆက်လက် ကြိုးပမ်းသွားရမှာ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

“အန်တီတို့ ပါတီက ၄၄ ယောက်ပဲ ရှိတယ်။ ၄၄ ယောက်ဆိုတာဟာ တကယ်တော့ ၆၀၀ ကျော်ထဲမှာဆိုလို့ရှိရင် သိပ်များတယ်လို့ မဆိုနိုင်ဘူး။ အဲဒီတော့ ဒီ လေးဆယ့်နဲ့လေးယောက်ထဲမှာ၊ အခု ဒီ ဗြိတိန်မှာဆိုလို့ရှိရင် Shadow Government ဆိုတာ အများ အားဖြင့် အရွေးချယ်ခံ ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတာပေါ့၊ အခု အန်တီတို့ အရွေးချယ်ခံ ကိုယ်စားလှယ်တွေက အင်မတန် နည်းပါသေးတယ်။ ဒါကတော့ တဆင့်ချင်း လုပ်သွားရမယ့် ကိစ္စပါ” လို့ သူက ရှင်းပြပါတယ်။
ဇွန်လ ၂၂ ရက်နေ့က လန်ဒန်ရှိ နာမည်ကျော် Royal Festival Hall မှာ မြန်မာ မိသားစု စုစုပေါင်း ၂၅၀၀ ကျော်နဲ့ တရင်းတနှီး တွေ့ဆုံ ခဲ့အပြီး ၁၀ မိနစ်ကြာ သတင်းစာရှင်းလင်းပွဲ လုပ်စဉ် အထက်ကအတိုင်း ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
မြန်မာမိသားစုများနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ တွေ့ဆုံပွဲမှာ ခမ်းနားတဲ့ သီရိမောင်မောင် မြန်မာ့ဆိုင်းဝိုင်းကြီးနဲ့ နိုင်ငံတော် သီချင်းသံ သီဆိုသံဟာ လန်ဒန်မှာ ပဲ့တင်ထပ်ခဲ့ပါတယ်။ အဆိုတော်ကြီး ဒေါ်မာမာအေးကလည်း သီချင်းနဲ့ ဖျော်ဖြေတဲ့အပြင် တိုင်းရင်းသားများ ကလည်း တေးသီးချင်း၊ သရုပ်ဖော်များနဲ့ တင်ဆက်သွားခဲ့ပါတယ်။
ဘယ်လို အကြောင်းမျိုးနဲ့ပဲ ဖြစ်ဖြစ် ပြည်ပမှာရောက်နေတဲ့ မြန်မာများအနေနဲ့ ရောက်နေတဲ့နိုင်ငံရဲ့ ကျေးဇူးကိုလည်း လေးစား နားလည် ဖို့ လိုသလို မူလဇစ်မြစ် ပေါက်ဖွားခဲ့ရာ မြန်မာနိုင်ငံအတွက်လည်း တတ်စွမ်းတဲ့ဘက်က ၀ိုင်းဝန်းကူညီပေးဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က မြန်မာမိသားစုတွေနဲ့ တွေ့ဆုံပွဲမှာ တိုက်တွန်းသွားပါတယ်။
“နိုင်ငံခြားမှာ ရောက်နေတဲ့အခါမှာ ကျမ အမြဲပဲ သတိပေးပါတယ်။ ကျမတို့ဟာ အိမ်ရှင်နိုင်ငံကို ကျေးဇူးတရားရှိရမယ်။ အိမ်ရှင်နိုင်ငံရဲ့ ကျေးဇူးတရားကို ကျမတို့ မေ့လို့ မဖြစ်ဘူး။ အိမ်ရှင်နိုင်ငံ စိတ်ချမ်းသာအောင်၊ ကျမတို့ နေတတ်အောင် အိမ်ရှင်နိုင်ငံက ကျမတို့ရဲ့ ပြည်သူပြည်သားတွေကို လေးစားအောင်လို့၊ ခင်မင်အောင်လို့ ကျမတို့ နေတတ်အောင် နေရမယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းသလို သက်ဆိုင်ရာ နိုင်ငံများတွင် နိုင်ငံသားဖြစ်သွားသူ မြန်မာများနဲ့ ပတ်သက်လို့လည်း အခုလို မေးခွန်းထုတ်သွား ခဲ့ပါ သေးတယ်။
“ကိုယ့်ကို မွေးထုတ်လိုက်တဲ့ နိုင်ငံရဲ့ ကျေးဇူးတရားကို မေ့သွားတဲ့ သူများဟာ ကိုယ့်ကို မွေးစားတဲ့ နိုင်ငံအပေါ်မှာရော တကယ် ကျေးဇူးတရား ရှိနိုင်ပါ့မလားဆိုတာ ကျမ အမြဲပဲ ဒီမေးခွန်းကို ထုတ်ပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။
ဒါ့အပြင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ နှစ်ပေါင်း ၂၀ ကျော် ဒီမိုကရေစီ အရေးခရီးတလျှောက်မှာ တကယ့် မဟာမိတ် စစ်စစ်တွေက တိုင်းရင်းသား မဟာမိတ်ပါတီတွေ ဖြစ်ကြောင်း၊ NLD ပါတီအနေနဲ့ နိုင်ငံရေးပါတီ မှတ်ပုံမတင်ဘူးဆို၊ ရွေးကောက်ပွဲ မ၀င်ဘူးဆိုတော့လည်း တိုင်းရင်းသားပါတီများက ကြံ့ကြံ့ခံ အတူရပ်တည်ခဲ့ကြကြောင်း၊ ၂၀၁၀ ရွေးကောက်ပွဲ ပြီးတော့လည်း ပါတီ မှတ်ပုံတင်ကြမယ်ဆိုတော့ အတူတူ တသားတည်း ရှိကြကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က အသိအမှတ်ပြု ပြောသွားပါတယ်။
“အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ သစ္စာအရှိဆုံး၊ အခိုင်မာဆုံး မဟာမိတ်ပါတီတွေဟာ တိုင်းရင်းသား မဟာမိတ်ပါတီတွေပဲ။ ကျမတို့နဲ့ အတူတူ အေးအတူ ပူအမျှဆိုတာ အပြောအရ မဟုတ်ဘူး၊ အလုပ်အရကို ရပ်တည်ခဲ့တာပါ” လို့ သူက ဆိုပါတယ်။
မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲမှု အခြေအနေနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က “အခုအချိန်ဆိုလို့ရှိရင် ကျမတို့ နိုင်ငံအတွက် အင်မတန်မှ မကြုံဘူးတဲ့ အခွင့်အရေးတွေ ရနိုင်တဲ့အချိန်အခါဖြစ်တယ်။ ရနေတယ်လို့ ကျမ မပြောလိုပါဘူး၊ အခွင့်အရေးတွေကို ရနိုင် တဲ့အခြေအနေမှာ ရောက်နေတယ်” လို့ ပြေကြားသွားပါတယ်။
ဗြိတိန်ရောက် မြန်မာမိသားစုများနဲ့ တွေ့ဆုံရာမှာ မေးခွန်းများကို ဖြေကြားတဲ့အစီအစဉ်တခုလည်း ပါဝင်ပါတယ်။
ပရိတ်သတ်ရဲ့ မေးခွန်းတွေများလို့ မေးခွန်းလွှာတွေထည့်ထားတဲ့ ငွေဖလားကို လူရွှင်တော် ကိုဇာဂနာက ကိုင်ဆောင်ထားပြီး ဒေါ်အောင်ဆန်းစုကြည်က မဲစနစ်နဲ့ပဲ မေးခွန်းတွေကို ဖြေဆိုပေးသွားပါတယ်။
ဒီအထဲမှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပ ခရီးစဉ်အတွင် အများဆုံး မွေးခွန်းအမေးခံရတဲ့ လတ်တလော ရခိုင်ပြည်နယ်က ပဋိ ပက္ခနဲ့ ရိုဟင်ဂျာအရေး မေးခွန်းတွေလည်း ပါဝင်ပါတယ်။ ဒါကိုလည်း ဒေါ်အောင်ဆန်းစုကြည်က တရားဥပဒေ စိုးမိုးရေးသည် အရေး ကြီးကြောင်း၊ နိုင်ငံသားဥပဒေများနှင့် ပတ်သက်၍ နိုင်ငံတကာ စံချိန်မီရန် လိုအပ်ကြောင်း၊ ယခုဖြစ်ခဲ့သည့် ပြဿနာသည် စည်းကမ်းမဲ့ နယ်စပ်ဖြတ်ကျော်မှုနှင့် အစိုးရ ၀န်ထမ်းများ၏ လာဘ်ပေးလာဘ်ယူမှုကြောင့် ဖြစ်ရကြောင်း အခုလို ဖြေကြားသွားပါတယ်။
NLD ပါတီက Professional များဆီက အကြံဥာဏ်များ ယူပါသလားမေးခွန်းကိုလည်း ဒေါ်အောင်ဆန်းစုကြည်က အကြံပေးမှုများ အလွန်များကြောင်း၊ သင့်တော်တဲ့ အကြံဉာဏ်များကို လက်ခံယူကြောင်းလည်းပြောပါတယ်။
ပြည်ပရောက်မြန်မာများအနေနဲ့ ယခုကာလမှာ မြန်မာနိုင်ငံကိုပြန်ဖို့ အချိန်တန်ပြီလား ဆိုသည့်မေးခွန်းအပေါ် မိမိ ကိုယ်တိုင်သာ ဆုံး ဖြတ်ရမှာဖြစ်ကြောင်း၊ ကိုယ်ဘက်က လုပ်ပေးနိုင်သည်နှင့် ရယူလိုသည်ကို ချိန်ညှိရမည်ဖြစ်ကြောင်း၊ လက်တွေ့ကျဖို့လိုပြီး စမ်းသပ်တဲ့ အနေနဲ့ ပြန်လေ့လာကြည့်တာမျိုးလည်း လုပ်သင့်ကြောင်း၊ Dual Citizenship အခွင့်အရေးရဖို့ကိုတော့ မြန်မာနိုင်ငံသားအားလုံးက ဆုံးဖြတ်ပေးရမှာသာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားပါတယ်။
အမေရိကန် နိုင်ငံသား မစ္စတာ ယက်ထော အင်လျားကန်ဘေး နေအိမ်ကို ရေကူးဝင်တဲ့အပေါ် အမြင်၊ သုံးရောင်ခြယ် ကျောင်းသားများ အပေါ် သဘောထား၊ မြန်မာ့ပညာရေးအခြေအနေ စတာတွေကို ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားသွားခဲ့ပါတယ်။
Ref: ဧရာဝတီ
‘လျှပ်တပြက်’အား ရန်ကုန်အစိုးရ တရားစွဲခြင်း ရုတ်သိမ်းပေးရန် MJA တောင်းဆို
ဝေစန္ဒာ
ဇွန်လ ၂၅ ရက် ၂၀၁၂ ခုနှစ်
လျှပ်တပြက် သတင်းဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင်အား ရန်ကုန်တိုင်း အစိုးရအဖွဲ့မှ ပုဒ်မ ၅၀၅ (ခ) (ဂ) ဖြင့် ပုဇွန်တောင် တရားရုံး တွင် တရားစွဲထားခြင်းကို ပြန်လည် ရုပ်သိမ်းပေးရန် မြန်မာနိုင်ငံ သတင်းစာ ဆရာအသင်း MJA ဖြစ်မြောက်ရေး ကော်မတီမှ ဇွန်လ ၂၃ ရက်နေ့က တောင်းဆိုလိုက်သည်။
ဂျာနယ်အား ထုတ်ဝေခွင့် ယာယီ ပိတ်ထားခြင်းဖြင့် အစိုးရမှ အရေးယူပြီး ဖြစ်သောကြောင့် အယ်ဒီတာချုပ်အား ထပ်မံအရေးယူရန် ဆောင်ရွက်နေမှုများအား ပြန်လည် ရုတ်သိမ်းပေးရန် ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်ခြင်း ဖြစ်သည်။
“စာပေစိစစ်က စည်းကမ်းကို ဖောက်ဖျက်တယ်ဆိုပြီး လျှပ်တပြက် သတင်းဂျာနယ်ကို ထုတ်ဝေခွင့် ယာယီ ရပ်ဆိုင်း ထားခိုင်းပြီး အုပ်ချုပ် ရေး အာဏာအရ အရေးယူပြီးပါပြီ။ အခု ထပ်ပြီး တရားဆွဲဆို လာတဲ့အပေါ်မှာ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း ဖြစ် မြောက်ရေး ကော်မတီအနေနဲ့ အမှု ပြန်လည်ရုပ်သိမ်းပေးဖို့် သတင်းထုတ်ပြန်ချက်ကို နိုင်ငံတော် သမ္မတရုံးနဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို စာပို့ပြီး တရားဝင် တောင်းဆိုသွားမှာပါ” ဟု ကော်မတီ ဒုဥက္ကဋ္ဌ ဦးသီဟစော က မဇ္ဈိမကို ပြောသည်။

ကြေညာချက်တွင် “အသွင်ကူးပြောင်းရေးကာလ၏ သဘောသဘာဝအလျောက် ဖြစ်ပေါ်တတ်သော ချို့ယွင်း အားနည်းမှုရှိခြင်းများကို တဘက်နှင့်တဘက် သဘောထားကြီးစွာ နားလည်ပေးခြင်း၊ အပြုသဘောဖြင့် တည့်မတ် ပေးခြင်း၊ ဥပဒေများဖြင့် ဟန့်တားခြင်းထက် စည်းရုံးပညာပေးခြင်းများဖြင့် သိမ်မွေ့စွာ ဆောင်ရွက်သင့်သည်” ဟု ပါရှိသည်။
ဤသို့သောကာလတွင် “သတင်းမီဒီယာများအား တရားစွဲဆိုခြင်းများ၊ ခြိမ်းခြောက်ခြင်းများသည် အပြန်အလှန် ယုံကြည်နားလည်မှု တည်ဆောက်ရေးအတွက် အဟန့်အတားများ ဖြစ်စေနိုင်ပါသည်” ဟုလည်း MJA ဖြစ်မြောက်ရေး ကော်မတီ၏ ကြေညာချက်တွင် ဖော်ပြပါရှိသည်။
ရန်ကုန်တိုင်း အစိုးရအဖွဲ့မှ တရားဆွဲထားသည့် အမှုအား တနင်္လာနေ့တွင် အယ်ဒီတာချုပ် ဦးမြတ်ခိုင် ရင်ဆိုင်ရမည် သည်။
“အမှုကတော့ ပုဒ်မ ၅၀၅ (ခ) (ဂ) နဲ့ဆွဲတာပါ။ အမှုရင်ဆိုင်ဖို့ ရှေ့နေကတော့ ဦးသိန်းညွှန့် ဖြစ်ပါတယ်” ဟု ဦးမြတ်ခိုင် က မဇ္ဈိမကို ပြောသည်။
လျှပ်တပြက်ဂျာနယ် အတွဲ (၃) အမှတ် ၉၁ တွင် ရခိုင်အရေး ကိစ္စရပ်အပေါ် သတင်းရေးသားပုံနှင့် မသီတာထွေး အလောင်းပုံ ဖော်ပြ ခြင်းနှင့် ပတ်သက်ပြီး အုပ်ချုပ်ရေးပိုင်း၊ ဥပဒေ ပိုင်းများဖြင့် အရေးယူမည်ဟု ဇွန်လ ၁ဝ ရက်နေ့က ရန်ကုန်တိုင်း လွှတ်တော်တွင် ဝန်ကြီးချုပ်က အစိုးရ အဖွဲ့ဝင်များနှင့် မီဒီယာများ ရှေ့တွင် ပြောကြားခဲ့သည်။
ပုဒ်မ ၅ဝ၅ (ခ)မှာ “နိုင်ငံတော် အစိုးရကိုဖြစ်စေ၊ နိုင်ငံတော်ငြိမ်ဝပ်ရေးကိုဖြစ်စေ ထိခိုက်သော ပြစ်မှုကို တဦး တယောက်သောသူက ကျူးလွန်ချင်လာအောင် အများပြည်သူကို သော်လည်းကောင်း၊ အများပြည်သူ၏ သီးခြားလူစုကို သော်လည်းကောင်း ကြောက်ခြင်း၊ ထိတ်လန့်ခြင်း တခုခုဖြစ်စေရန် အကြံရှိလျှင် သို့တည်း မဟုတ် ထိုသို့ဖြစ်စေတန်ရာသည့် အကြောင်းရှိလျှင် သို့တည်းမဟုတ် (ဃ) လူအမျိုးအစား အချင်းချင်းဖြစ်စေ၊ လူမျိုးစု အချင်းချင်းဖြစ်စေ တဖက်နှင့်တဖက် ပြစ်မှုကျူးလွန်အောင် လှုံ့ဆော်ရန် အကြံရှိလျှင် သို့ တည်းမဟုတ် အဆိုပါ လှုံ့ဆော်ခြင်းကို ဖြစ်စေတန်ရာသည့် အကြောင်းရှိလျှင် ထိုသူကို ၂ နှစ်အထိ ထောင်ဒဏ် တမျိုးမျိုးကို ဖြစ်စေ၊
ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ ချမှတ်ရမည်” ဟု ရန်ကုန်ဝန်ကြီးချုပ် ဦးမြင့်ဆွေက သတင်းမီဒီယာများအား ထိုနေ့ သတင်း စာရှင်းပွဲတွင် ပြစ်တင် သတိပေးခဲ့သည်။
Ref: မဇ္ဈိမ
စားပွဲထိုးအား ရန်ကုန်ဘူတာကြီး ရဲက ဖမ်းဆီးနှိပ်စက်ဟု မိသားစုဝင် ပြော
ဟင်္သာနီ (မွန်မြေ)
ဇွန်လ ၂၂ ရက် ၂၀၁၂ ခုနှစ်
ရန်ကုန် ဘူတာကြီး မီးရထား ရဲစခန်းမှ ရဲတပ်သား သုံးဦးက တောင်ဒဂုံ ရပ်ကွက်အမှတ် ၆၅၃၊ ယုဇနလမ်းနေ ဦးမြင့်ဝေ ၏သား ကိုကျော်မင်းခိုင် အား ဇွန်လ ၁၈ ရက်နေ့တွင် ဖမ်းဆီးပြီး ရိုက်နှက်ကာ ထိုည၌ ကန်တော်ကြီးစောင်းသို့ သွားရောက် စွန့်ပစ်ခဲ့သည်ဟု ကာယကံရှင် မိသားစုမှ ပြောသည်။
“ဘာကြောင့် ဖမ်းပြီး ခေါ်တာလဲဆိုတာ ကျမတို့လည်း မသိဘူး။ လက်ထိပ်ခတ်ပြီး ခေါ်သွားတယ်။ လက်မှာလည်း လက်ထိပ် ခတ် ထားတဲ့ ဒဏ်ရာ အညို စွဲနေတယ်။ မီးရထား ရဲစခန်းထဲမှာ ကျမ မောင်လေးကို ဝိုင်းနှိပ်စက် ရိုက်နှက်ပြီး သေလုမျောပါး ဖြစ်တော့မှ ကန်တော်ကြီး စောင်းမှာ သွားပစ်ထားကြတယ်။ ဂန်းပိုက်တွေနဲ့ စခန်းထဲမှာ ရိုက်တယ်။ စစ်ဘွတ်ဖိနပ်တွေနဲ့ ကန်တယ်။ အခုဆိုရင် ကျမ မောင်လေးက ခါးအောက်ပိုင်း လုံးဝ လှုပ်လို့ မရတော့ဘူး။ မျက်နှာ နှစ်ဖက်မှာလည်း ညိုမဲရာတွေနဲ့ ဒဏ်ရာတွေချည်းပဲ” ဟု ကိုကျော်မင်းခိုင်၏ အမ ဖြစ်သူ မသင်းနော်စိုး က ပြောသည်။
စွန့်ပစ်ခံရပြီး တရက်နှင့် နှစ်ည အကြာ ဇွန်လ ၂၀ ရက်နေ့ မနက်တွင်မှ ကွမ်းယာ ရောင်းသူ တဦးက တွေ့ရှိပြီး ကိုကျော်မင်းခိုင်အား တက္ကစီဖြင့် တောင်ဒဂုံရပ်ကွက် နေအိမ်သို့ ပို့ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။
ကိုကျော်မင်းခိုင်သည် မီးရထား ဌာနတွင် မီးရထား စားသောက်တွဲ စားပွဲထိုးအဖြစ် ၁၁ နှစ် လုပ်ကိုင်ခဲ့သည်။ ၎င်း၏ အဖ ဦးမြင့်ဝေမှာ လည်း မီးရထား ရုံပိုင်ဟောင်းတဦး ဖြစ်သည်။
အခင်း ဖြစ်ပွားခဲ့သည့် ဇွန်လ ၁၈ ရက်နေ့တွင် ကိုကျော်မင်းခိုင်သည် မိခင် ဖြစ်သူအား ပဲခူးမြို့ရှိ ဆွေမျိုးများထံ အလှူလုပ်ရန် သွားပို့ပြီး ညနေ ၃ နာရီ နေပြည်တော် ရထားဖြင့် ရန်ကုန်သို့ ပြန်လာခဲ့ခြင်း ဖြစ်သည်။
မီးရထားပေါ်၌ အိပ်ပျော်သွားကာ တောင်ဒဂုံ ဘူတာ၌ မဆင်းမိဘဲ ရန်ကုန် ဘူတာကြီးထိ ပါသွားခဲ့သည်။ ထို့နောက်မှ ယခုကဲ့သို့ ဖမ်း ဆီး နှိပ်စက်ခံရခြင်း ဖြစ်သည်ဟု ကာယကံရှင် မိသားစုမှ ပြောသည်။
အဆိုပါ မှုခင်းအား ရန်ကုန် ဆေးရုံကြီး မှုခင်းဌာနမှ ရဲတပ်ကြပ်ကြီး ကျော်ရှိန်က မင်္ဂလာ တောင်ညွှန့် ရဲစခန်း၌ အမှုဖွင့်ရန် စီစဉ်ဆောင် ရွက်ပေးခဲ့သည်။ မင်္ဂလာတောင်ညွှန့် မြို့နယ် ရဲတပ်ဖွဲ့မှ စခန်းမှူးက ထိုအမှုအား လက်ခံထား သည်။
သို့သော် ရန်ကုန် ဘူတာကြီး မီးရထား ရဲစခန်းမှ စခန်းမှူး ဦးစိန်သန်း က ထိုလုပ်ရပ်မှာ ၎င်းတို့ မီးရထား ရဲစခန်းနှင့် မည်သို့မျှ မပတ် သက်ကြောင်း ငြင်းချက် ထုတ်ထားသည်။
“ကျမတို့ မောင်လေးလည်း မီးရထားမှာ အတော်ကြာ လုပ်ဖူးပါတယ်။ မီးရထား ရဲဝတ်စုံကို ကောင်းကောင်း မှတ်မိပါ တယ်။ သူ့ကို ဖမ်းတဲ့ အချိန်မှာလည်း အဲဒီ ရဲသား သုံးယောက်က သူ့မှာ ရှိတဲ့ မီးရထား စားသောက်တွဲ စားပွဲထိုးကဒ် ကို တောင်းကြည့် သေးတယ်။ အဲဒီ လူသုံးယောက် စခန်းမှာ ခေါ်ပြီး နှိပ်စက်တုန်းက စခန်းမှူး လုပ်တဲ့သူ ဦးစိန်သန်း ကိုယ်တိုင် စခန်းမှာ ရှိပါတယ်လို့ မောင်လေးက အသေအချာ ပြောပါတယ်” ဟု မသင်းနော်စိုး က ပြောပါသည်။
အသက် ၃၃ နှစ်အရွယ်ရှိ ကိုကျော်မင်းခိုင်အား ယခု ရန်ကုန် ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြောဌာနတွင် ဆေးကုသမှု ခံယူနေ လျက်ရှိကြောင်း သိရသည်။
ထိုကိစ္စနှင့် ပတ်သက်၍ မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေးကွန်ယက်မှ ကူညီ ဆောင်ရွက်ပေးနေကြောင်း ဗိုလ်ကြီးဟောင်း နေမျိုးဇင်က ပြောသည်။
Ref: မဇ္ဈိမ
မြန်မာနိုင်ငံသို့ မိတ်ဆွေတဦး၏ မေတ္တာရပ်ခံချက်
ဇွန်လ ၂၂ ရက် ၂၀၁၂ ခုနှစ်
ပြီးခဲ့သည့် နှစ်ပါတ် ကာလအတွင်း ရခိုင်ပြည်နယ်မှ အကြမ်းဖက်မှုများသည် လူအချို့အတွက် စိတ်ပျက် ရှုတ်ထွေးဖွယ် ဖြစ်စေပြီး လူ အများ စုအတွက် ကွဲပြားငြင်းခုံဖွယ် ဖြစ်စေသလို လူတဦးချင်းစီ အတွက်မူ သွေးပျက်ထိတ်လန့်မှုနှင့် ဒေါသဖြစ်စေခဲ့ ရသည်။ အပေါ်ယံ တွင် တည်ငြိမ်သကဲ့သို့ ထင်ရသော မျက်နှာပြင်အောက်တွင် နှစ်ပေါင်းများစွာ တိမ်မြုပ်ဆူပွက်နေခဲ့သည့် လူမျိုးရေး၊ ဘာသာရေး တင်းမာ မှုများက ပေါက်ကွဲပေါ်ထွက်လာပြီး အရုပ်ဆိုး အကျည်း တန်လှသည့် အပြန်အလှန် ဖျက်ဆီးမှု သံသရာတွင်းသို့ ကျခဲ့ရသည်။ လက်စား ချေမှုများ ဖြစ်ပေါ်လာခဲ့ရသည်။ ဤအခြေအနေများက မြန်မာနိုင်ငံ၏ ဒီမိုကရေစီ နှင့် ငြိမ်းချမ်းရေးခရီးစဉ်ကိုပင် လမ်းလွဲသွား စေရန် ခြိမ်း ခြောက်နေ ပေတော့သည်။
အကြမ်းဖက်မှုများ၊ လူမျိုးရေးအရ စော်ကားမှုများ၊ တမင်တကာ လွဲမှားအဓိပ္ပါယ် ဖွင့်ဆိုမှုများ၊ လုပ်ကြံဖန်တီးထား သည့် ပုံများ၊ သတင်း အမှား ပေးမှုများ၊ ဘက်လိုက်သည့် သတင်းဖော်ပြမှုများက ရက်စက်ကြမ်းကြုတ်သည့် အလှည့်အပြောင်းကို ထပ်လောင်းဆင့်ပိုး လာ ခဲ့ပြီး သွေးစွန်းရသည့် ဝမ်းနည်းကြေကွဲဖွယ် အဖြစ်အပျက်များ ပေါ်ပေါက်လာစေခဲ့သည်။
အချို့သောသူများက မိမိကို ဘက်လိုက်သည်ဟု ပြောကောင်း ပြောကြပါလိမ့်မည်။ ဤသို့ စွပ်စွဲချက်အတွက်လည်း မိမိက ပြန်၍ လျှောက်လှဲလိုပါသည်။ သို့သော်လည်း မိမိ ဘက်လိုက်သည်ဆိုသည်မှာ လူအုပ်စုတခုကို သာစေ၊ တစုကို နာစေဟူ၍ ဘက်လိုက်ခြင်း မဟုတ်ပါ။ လူမျိုးတစုကို သာစေ၊ တခုကို နာစေ၊ ဘာသာကိုးကွယ် ယုံကြည်မှုတခုကို သာစေ၊ တခုကို နာစေ ဟူ၍ ဘက်လိုက်ခြင်း မဟုတ်ပါ။ နိုင်ငံရေးပါတီတခုကို သာစေ၊ တခုကို နာစေဟူ၍ ရည်ရွယ်ချက်လည်း မရှိခဲ့ပါ။ ၎င်းတို့အစား မိမိ ဘက်လိုက်သည် ဆို သည်မှာ ဘာသာရေး လွတ်လပ်ခွင့်အပါအဝင် လူ့အခွင့်အရေးများ၏ တကမ္ဘာလုံးက လက်ခံကြသည့် တန်ဖိုးများဘက်က လိုက်ခြင်း ဖြစ်ပါသည်။
မိမိက အပြန်အလှန် လေးစားမှု၊ တန်းတူအခွင့်အရေး၊ ဘာသာ-လူမျိုးအုပ်စုများအကြား ငြိမ်းချမ်းရေးနှင့် သဟဇာတ ဖြစ်စေရေး ဘက်က ဘက်လိုက်ခြင်းသာ ဖြစ်ပါသည်။ မိမိက မည်သည့်လူမျိုး၊ မည်သည့် ဘာသာကိုးကွယ်ယုံကြည် သည် ဖြစ်စေ၊ လူသား တဦးချင်းစီ၏ ဂုဏ်သိက္ခာအတွက် ဘက်လိုက်ခြင်း ဖြစ်ပါသည်။ မိမိက သည်းညည်းခံစိတ် မထားတတ်မှု၊ မုန်းတီးမှု၊ လူမျိုးစွဲဝါဒနှင့် အစွန်းရောက်ဝါဒကို ဆန့်ကျင်၍ ဘက်လိုက်ခြင်း ဖြစ်ပါသည်။
ရခိုင်ပြည်နယ်ရှိ ဝမ်းနည်းဖွယ် အဖြစ်အပျက်များကြောင့် ရခိုင်နှင့် ရိုဟင်ဂျာ လူမှုအဖွဲ့အစည်းများမှ သာမန်ပြည်သူများ ထိခိုက်နစ်နာ ခဲ့ကြရပါသည်။ အိမ်များ မီးလောင်ပျက်စီးခဲ့ရပြီး၊ ဗလီများလည်း ဖျက်ဆီးခံခဲ့ကြရသည်။ အမျိုးသမီးများ မုဒိန်းပြုကျင့်ခံခဲ့ကြရပြီး၊ လူ သတ်မှုများလည်း ရှိခဲ့ကြသည်။ မည်သည့်ရည်ရွယ်ချက်ဖြင့် ဤသို့ ဆောင်ရွက်ပြုမူခဲ့ကြပါ သနည်း။ ၎င်း အကြမ်းဖက်မှုများကြောင့် လူပေါင်း ၃ဝ,ဝဝဝ အထိ အိုးအိမ်စွန့်ပစ် ထွက်ပြေးခဲ့ကြရသည်ဟု ဆိုကြ သော်လည်း အရေအတွက် အတိအကျကိုမူ အတည်မပြု နိုင်ခဲ့ပါ။ အကြောင်းမှာ ကုလသမဂ္ဂက ၎င်း၏ဝန်ထမ်းများကို ပြန်လည် ရုတ်သိမ်းခဲ့ပြီး သီးခြားလွတ်လပ်သည့် စောင့်ကြည့်သူများကို လည်း ဤဒေသတွင်းသို့ ဝင်ရောက်ခွင့် မပြုခဲ့သောကြောင့် ဖြစ်ပါသည်။မြန်မာအစိုးရအနေဖြင့် ပထမဦးဆုံး ဆောင်ရွက်သင့်သည့် ကိစ္စမှာ ယခုအခြေအနေကို အကဲဖြတ်နိုင်ရန် နိုင်ငံတကာလေ့လာ စောင့်ကြည့်သူများ ဝင်ခွင့်ပြုရေးပင် ဖြစ်သည်။
မိမိက ယခုစာကို ရေးခြင်းမှာ မြန်မာနိုင်ငံနှင့် မြန်မာပြည်သူ များ၏ မိတ်ဆွေတဦးအနေဖြင့် ရေးသားခြင်း ဖြစ်ပါသည်။ မိမိက မြန်မာ နိုင်ငံ လွတ်မြောက်ရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ကိစ္စများအတွက် ပြီးခဲ့သည့် ၁၅ နှစ်တာ ကာလ တွင် လှုပ်ရှားလုပ်ဆောင်ခဲ့ပြီး မြန်မာနိုင်ငံတွင်းနှင့် နယ်စပ်ဒေသများသို့ အကြိမ် ၄ဝ ကျော် ခရီးလှည့်လည်ခဲ့ဖူးပါ သည်။ မြန်မာ့ ဒီမိုကရေစီအရေး တက်ကြွ လှုပ်ရှား သူများ၊ နိုင်ငံရေး အကျဉ်းသားဟောင်းများနှင့် ပူးတွဲဆောင်ရွက်ခဲ့ သလို ကရင်၊ ကရင်နီ၊ ရှမ်း၊ မွန်၊ ကချင်၊ ချင်း၊ ရခိုင်၊ ရိုဟင်ဂျာ ပြည်သူများနှင့်လည်း ပူးတွဲလုပ်ကိုင်ခဲ့ဖူးပါသည်။ အင်ဒိုနီးရှား၊ ပါကစ္စတန်၊ မောလ်ဒိုက်..စသည့် အစွန်းရောက် အစ္စလာမ်ဝါဒီများ ခေါင်းထောင်ထလာသည့် အခြားသော နိုင်ငံများတွင် ဘာသာရေးအရ သည်းညည်းမခံလိုစိတ် တိုးတက်ဖြစ်ပေါ်လာနေသည့် အခြေ အနေကို အတွေ့အကြုံ များစွာ ရှိခဲ့သူတဦးအနေဖြင့် ယခုစာကို ရေးသားခြင်းလည်း ဖြစ်ပါသည်။
ဤ နောက်ခံအကြောင်းအချက်များကြောင့် မြန်မာအစိုးရနှင့် ပြည်သူများကို အကြမ်းဖက်မှုများ ရပ်တန့်ရုံမျှသာမက ပြီးခဲ့ သည့် ရက်သတ္တပါတ်များက ဘာသာရေးအရ သည်းညည်း မခံနိုင်မှု၊ လူမျိုးရေး မုန်းတီးမှုများ ရှေ့တန်းရောက်လာသည့် ရပ်တည်ချက်များကို ပြောင်းလဲကြပါရန် မေတ္တာရပ်ခံ ပါသည်။ မြန်မာပြည်သူများ အနေဖြင့်လည်း မြန်မာနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုများရှိ ကောင်းမြတ် မှန်ကန်သည့် တန်ဖိုးများနှင့် နေထိုင်ကြပါရန်၊ မိမိတို့ တောင်းဆို တိုက်ပွဲ ဝင်လာခဲ့ကြသည့် လွတ်လပ်ခွင့် နှင့် လူ့အခွင့်အရေး တန်ဖိုး များအတိုင်း ဆက်လက်ရပ်တည်ကြပါရန် မေတ္တာရပ်ခံ လိုပါသည်။ ဤသို့ မေတ္တာရပ်ခံရသည်မှာ အကြောင်းအချက်များစွာ ရှိပါသည်။
ပထမအချက်မှာ လူသားဆန်မှုနှင့် လူ့အခွင့်အရေး အခြေခံပေါ်မှ လူသားတို့၏ အသိဉာဏ်ရှိမှုကို မေတ္တာရပ်ခံ တောင်းဆိုခြင်း ဖြစ် ပါသည်။ တကမ္ဘာလုံးလက်ခံသည့် လူ့အခွင့်အရေးကြေညာစာတမ်း ဆိုသည်မှာ အတိအကျ အားဖြင့် လူသားအားလုံးအတွက် ရည်ရွယ်ခြင်း ဖြစ်ပါသည်။ ပြီးခဲ့သည့် စနေနေ့က နိုဘယ်ဆုချီးမြှင့်ပွဲ မိန့်ခွန်းတွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သကဲ့သို့ လူ့ အခွင့်အရေးများသည် “အားလုံးအနက် အထွန်းတောက်ဆုံးအရာ” ဖြစ်ပါသည်။ မြန်မာ စစ်အစိုးရက ပြည်သူများကို ကာလကြာရှည် ဖိနှိပ်ပြုမူခဲ့သလို မည်သူတဦးကိုမျှ နှိမ်ချ သိက္ခာ မကျစေသင့်၊ ကန့်သတ်ထားခြင်း၊ ဖိနှိပ် ချိုးနှိမ်ခြင်း မပြုသင့်ပါ။ ၎င်းကိစ္စတွင် ရိုဟင်ဂျာ ပြည်သူများလည်း အပါအဝင် ဖြစ်ပါသည်။
ဒုတိယအချက်မှာ ဘာသာရေးအခြေခံဖြင့် မေတ္တာရပ်ခံခြင်း ဖြစ်ပါသည်။ ဗုဒ္ဓဘာသာနှင့် ပတ်သက်၍ မိမိ၏ အခြေခံ နားလည် သဘောပေါက်မှုအရ ‘မေတ္တာ’ကို ရှေ့ထားကြပါသည်။ ၎င်းသည် မိမိ ယုံကြည်ကိုးကွယ်သည့် ခရစ်ယာန် ဘာသာ၏ အခြေခံမူလည်း ဖြစ်ပါသည်။ “သင်၏ အိမ်နီးချင်းကို သင့်ကိုယ်တိုင်ကဲ့သို့ ချစ်လော့” ဟု သွန်သင်ထားပါ သည်။ ခရစ်ယာန် အယူတွင်၊ “မိမိ၏ ရန်သူ ကိုပင် ချစ်ရန်” သင်ကြားထားပါသည်။ အိမ်နီးချင်းဖြစ်စေ၊ ‘ရန်သူ’ဖြစ်စေ၊ ရခိုင်ဖြစ်စေ၊ ရိုဟင်ဂျာ ဖြစ်စေ၊ ဗုဒ္ဓဘာသာဖြစ်စေ၊ ခရစ်ယာန်၊ မူစလင်၊ နတ်ကိုးကွယ်သူ ဖြစ်စေ၊ မေတ္တာကို ရှေ့တန်း မထားသင့်ပါသလော။ အားလုံးကို မချစ်သင့်ပါသလော.. ဟု စောကြော မေးမြန်း လိုပါသည်။
အရိုးရှင်းဆုံးသော လူသားဝါဒ၊ အခြေခံလူ့အခွင့်အရေး၊ ဘာသာရေး အနှစ်သာရများကြောင့် မေတ္တာထားရန်၊ သည်းခံ စိတ်ထားရန်၊ လေးစားကြပါရန်၊ ငြိမ်းချမ်းရန်နှင့် တန်းတူအခွင့်အရေးကို ထိန်းသိမ်းကာကွယ်ပေးရန် တိုက်တွန်းမှု မပြုနိုင်စေသည့်တိုင်၊ နောက်ဆုံး မိမိတို့၏ အကျိုးစီးပွား အခြေခံအပေါ် စဉ်းစားဆောင်ရွက်ကြပါရန် မေတ္တာရပ်ခံ လိုပါသည်။
မိမိဖော်ပြ ပြောဆိုခဲ့သမျှအပေါ် လူအချို့က စိတ်မကွက်စေသည့်တိုင်အောင် မိမိ ဆက်လက် ဖော်ပြလိုသည့် အချက် များအပေါ် လူအချို့က စိတ်ကွက်ဒေါသ ဖြစ်နိုင်ပါသေးသည်။ မည်သို့ဖြစ်စေ ဆိုရေးရှိက ဆိုရပါလိမ့်မည်။ မိမိ ကြုံတွေ့ ခဲ့ရသမျှတွင် ရိုဟင်ဂျာ များသည် အစွန့်ပယ်၊ အခွဲခြား အခံရဆုံး၊ အဖိနှိပ်အခံရဆုံးသူများ ဖြစ်ကြပါသည်။ မိမိအနေဖြင့် ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ် ရိုဟင် ဂျာ ဒုက္ခသည်များထံ သွားရောက်ခဲ့ဖူးပြီး သူတို့၏ မျက်လုံးများထဲတွင် စိတ်ပျက် အားငယ်မှုများကို မြင်တွေ့ခဲ့ရပါသည်။ ရိုဟင်ဂျာ ဒုက္ခသည်များကို ၎င်းဒေသပြင်ပတွင် တွေ့မြင်ခဲ့ရဖူးပါသည်။ ထိုသူတို့ ၏ နှလုံးအိမ်ထဲတွင် စိတ်ဓာတ်ကျဆင်းနေမှုကို မြင်ခဲ့ကြရ ပါ သည်။ မိမိသိရှိသမျှ ရိုဟင်ဂျာများမှာ ဧည့်ဝတ်အကျေ ပြွန်ဆုံး၊ ကြင်နာသည့်၊ ယဉ်ကျေးသိမ်မွေ့သည့်၊ ရည်မွန်သည့်၊ သည်းညည်း ခံတတ်သည့်၊ ငြိမ်းချမ်းရေးမြတ်နိုးသည့် လူသားများ ဖြစ်ကြပါသည်။ အခြားသူများက သူတို့၏ လူသားဂုဏ်သိက္ခာကို ငြင်းပယ် ကြသည့်တိုင် လူသားဆန်သည့် ရည်မွန်မှုကို ဆုပ်ကိုင်နိုင်ကြသူများ ဖြစ်ပါသည်။
သို့သော်လည်း သူတို့ကို စစ်အစိုးရက သာမက လူမှုအသိုက်အဝန်းကပါ ဆက်လက်ခွဲခြား ငြင်းပယ် ဖိနှိပ်နေပါက ဆက်လက်ဖြစ် ပေါ်လာမည့် အန္တရာယ်ကိုလည်း မိမိသိမြင်နေပါသည်။ ၎င်းမှာ သဘောထား အစွန်းရောက်လာမည့် အန္တရာယ် (radicalization) ပင် ဖြစ်ပါသည်။
ရိုဟင်ဂျာများကို ‘အကြမ်းဖက်သမားများ’ ဟု မည့်သည့်အခြေခံအကြောင်းမျှ ခိုင်ခိုင်လုံလုံ မရှိပါဘဲ လူမျိုးရေး မုန်းတီးမှုဖြင့် စတင်စွပ်စွဲ မှု များ ရှိနေပြီ ဖြစ်ပါသည်။ သို့သော်လည်း ဤ စွပ်စွဲပြောဆိုချက်များမှာ မိမိဘာသာ စိတ်ကျေနပ်အောင် လုပ်ကြံ ပြောဆိုကြခြင်းသာ ဖြစ်ပါသည်။ အကယ်၍ ရိုဟင်ဂျာများကို အစိုးရက ဖိနှိပ် နှိပ်ကွပ် နေခဲ့လျှင်၊ ဒီမိုကရေစီလှုပ်ရှားမှုက ဖယ်ကြဉ်ထားခဲ့လျှင်၊ လူမှု အ သိုက်အဝန်းက ခွဲခြားဖိနှိပ်ဆက်ဆံပြီး တိုက်ခိုက်နေ လျှင်၊ နိုင်ငံတကာမိသားစုက သူတို့အရေးကို လျစ်လျူရှုထားခဲ့လျှင်၊ အစွန်းရောက် အစ္စလာမ် ဝါဒီများက ရိုဟင်ဂျာ လူထုများအကြား ရှိနေသည့် စိတ်ပျက်အားငယ်မှုကို အသုံးချ စည်းရုံးလာခဲ့လျှင်၊ ရိုဟင်ဂျာများ အနေ ဖြင့် သူတို့ အတွက် နောက်ဆုံးထွက်ပေါက်လမ်း မရှိတော့ဟု မြင်လာလျှင်၊ ရိုဟင်ဂျာအများစုက သဘောထားပြင်းထန် အစွန်း ရောက် သူများ ဖြစ်လာကြဖွယ် ရှိပါသည်။ ပါကစ္စတန်၊ အင်ဒိုနီးရှားတို့တွင် အစွန်းရောက် အစ္စလာမ်ဝါဒီများ လှုပ်ရှားလာခဲ့သည်ကို မြင်တွေ့ ခဲ့ကြရသည့်နည်းတူ မော်လ်ဒိုက် နှင့် လန်ဒန်မြို့၏ လမ်းမများ၊ ဆက်ဖော်ပြ၍ မဆုံးနိုင်သည့် အချို့သော နေရာများတွင်လည်း အစွန်း ရောက်အစ္စလာမ်ဝါဒီများ စည်းရုံးလှုပ်ရှား လာ သည်ကို တွေ့ခဲ့ ကြရသည်။ မြန်မာနိုင်ငံတွင် ရှိနေသည့် ပြဿနာများအပေါ် နောက် ထပ်ရန်စွယ်တခု တိုးလာ မည်ကို မိမိ စိုးရိမ်မိပါ သည်။ မိမိဆိုလိုသည်မှာ ဗုံးခွဲခြင်း၊ လေယာဉ်ပြန်ပေးဆွဲခြင်း ကိစ္စများ မဟုတ်ပါ။ မိမိဆို လိုသည်မှာ နိုင်ငံရေး သွေးထိုးမှုပါ သည့် အစ္စ လာမ်အယူဝါဒ ရှေ့တန်း ရောက်လာမည့်အရေး ဖြစ်ပြီး လူအများစု ကိုးကွယ်ယုံကြည် ကြသည့် အစ္စလာမ် ဘာသာရေး အယူ အဆနှင့် ခြားနားပါသည်။ ကျန် ကိုးကွယ်ယုံကြည်သူ အများစုက ငြိမ်းချမ်းသည့် ဘာသာ တရားကိုသာ လက်ကိုင်ထား ယုံကြည်ကြ ပါသည်။
ခွဲခြားဖယ်ကြဉ်ခြင်း၊ စိတ်ပျက်အားငယ်ခြင်း၊ နိုင်ငံမရှိသူများ ဖြစ်နေခြင်း စသည့် အချက်များမှနေ၍ သဘောထား အစွန်းရောက်စေရန် ရေခံမြေခံ ဖြစ်ပေါ်လာစေနိုင်ပါသည်။ အော်စလိုမြို့တွင် ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့သကဲ့သို့ “စစ်ပွဲများသည် ငြိမ်းချမ်းရေးကို သေကြေစေနိုင်သည့် နယ်ပယ်တခုမျှသာ မဟုတ်ပါ။ အကယ်၍ နစ်နာခံစားနေရမှု များကို ငြင်းပယ် ပါက၊ ပဋိပက္ခများ ပေါက်ဖွား လာစေမည့် မျိုးစေ့များ ဖြစ်လာစေနိုင်ပါသည်။ နစ်နာခံစားရမှုများ ကြောင့် သိမ်ငယ်ပြီး၊ နာကျည်းမှုများ၊ ဒေါသများ ဖြစ်ပေါ်လာ စေ နိုင်ပါသည်။”
မိမိကို အထင်အမြင် မလွဲစေလိုပါ။ မိမိပြောဆိုသည့်အချက်အပေါ် အခြေခံ၍ ရိုဟင်ဂျာများကို တိုက်ခိုက်ရန် အကြောင်းပြချက် မဖြစ် စေလိုပါ။ အမှန်တွက် ၎င်း၏ ဆန့်ကျင်ဖက်ကို ရည်ရွယ်ပြောဆိုရင်း ဖြစ်ပါသည်။ အစ္စလာမ်ဝါဒီ များကို စိန်ခေါ်သွေးဆွမှုကို ရှောင်လွှဲ နိုင်ရန်အတွက်၊ ရခိုင်များ၊ ဗမာများ၊ မြန်မာပြည်သူများအားလုံးက သဘောထား ပျော့ပြောင်းသည့်၊ အခြားသူများနှင့် တန်းတူ အခွင့် အရေး ရရှိရေးသာ အလိုရှိကြသည့်၊ လူ့ဂုဏ်သိက္ခာနှင့် ထိုက်တန် သည့် လေးစားမှု ရလိုကြသည့်၊ ငြိမ်းချမ်းစွာ နေလိုကြသည့် ရိုဟင်ဂျာများနှင့် ပူးပေါင်းအလုပ်လုပ်သင့်ပါသည်။ လွန်ခဲ့သည့် နှစ်ပေါင်းများစွာက ရိုဟင်ဂျာတဦးက သူ၏မြော်မြင်ချက်ကို မိမိထံ လှပစွာ ပုံဖော်ပြောပြခဲ့ဖူးပါသည်။ သူက မြန်မာနိုင်ငံကို ပန်းပေါင်းစုံ ပွင့်သည့် ဥယျာဉ်ကြီးဖြင့် တင်စားပြီး၊ ရိုဟင်ဂျာများမှာ ၎င်းတို့ အနက်မှ ပန်းတမျိုး ဟု ဖော်ပြခဲ့ဖူးပါသည်။
ရိုဟင်ဂျာများနှင့် ပတ်သက်၍ ယုံမှတ်မှားချက် နှစ်ခု ရှိနေပြီး ၎င်းတို့ကိုလည်း ချေဖျက်ရန် လိုအပ်ပါသည်။ ပထမ အချက်မှာ ၎င်းတို့၏ လူမျိုးဖြစ်မှု၊ တိုင်းရင်းသားဖြစ်မှုကို မြေကြီး သို့မဟုတ် ပြည်နယ်နှင့် ပူးတွဲထားသည်ဟူသည့် အမြင်ဖြစ်ပါသည်။ ရိုဟင်ဂျာများက အနည်းဆုံး မိမိသိရှိရသမျှ သူတို့ကိုယ်ပိုင်နယ်မြေ တောင်းဆိုနေခြင်း မဟုတ်ပါ။ သူတို့က မြန်မာနိုင်ငံ၏ နိုင်ငံသားဖြစ်ခွင့် အသိအမှတ် ပြုမှု လိုချင်နေခြင်းမျှသာ ဖြစ်ပါသည်။ အကယ်၍ သူတို့ ကိုယ်ပိုင်ပြည်နယ် တောင်းဆိုနေသည့်တိုင် သူတို့ကို ဂုဏ်သိက္ခာ၊ တန်းတူ အခွင့်အရေးနှင့် ဆက်ဆံနေသမျှ ကာလ ပတ်လုံး ဤသို့ ပေးအပ်ရန်လည်း အကြောင်းအချက် မရှိပါ။
ဒုတိယအချက်မှာ ၎င်းတို့ကို ခိုးဝင်ကျူးကျော်လာသည့် ဘင်္ဂါလီရွှေ့ပြောင်း အခြေချလာသူများဟု မြင်နေခြင်း ဖြစ်ပါသည်။ ယခု စွပ်စွဲ ချက်အတွက် မိမိတွင် တုံ့ပြန်ရန်အချက်များစွာ ရှိပါသည်။
ပထမအချက်မှာ သမိုင်းမှတ်တမ်းများအရ ရိုဟင်ဂျာများ သည် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် မျိုးဆက်ပေါင်းများ စွာကတည်းက အခြေချ နေထိုင်လာခဲ့ကြသည်မှာ ထင်ရှားပါသည်။ ပညာရှင်များက တိကျသည့် အထောက်အထား များဖြင့် ငြင်းခုံနိုင်ကြပါသည်။ မည်သို့ပင်ဖြစ်စေ ထိုသူများ ဤနေရာတွင် မျိုးဆက်ပေါင်း များစွာ ရှိနေကြသည်မှာ ငြင်းဆိုမရသည့် အချက်ပင် ဖြစ်သည်။ မြန်မာ နိုင်ငံ၏ ပထမဦးဆုံး သမ္မတ ရှမ်းလူမျိုး တဦးဖြစ်သူ စဝ်ရွှေသိုက်က “ရခိုင် မူဆလင်များသည် မြန်မာနိုင်ငံ၏ ဌာနေတိုင်းရင်းသားများ ဖြစ်ကြသည်မှာ သေချာသည်။ အကယ်၍ သူတို့ကိုသာ ဌာနေ တိုင်းရင်းသားထဲသို့ မထည့်ပါက မိမိတို့ကိုယ်တိုင်လည်း ဌာနေတိုင်းရင်း သားအဖြစ် မခံယူသင့်” ဟု ပြောဆိုခဲ့ ဖူးပါသည်။ မြန်မာနိုင်ငံ၏ပထမ ဝန်ကြီးချုပ် ဦးနုကလည်း ယခု အငြင်းပွားနေကြသည့် ရိုဟင်ဂျာ အမည်ကို သုံးစွဲခဲ့ဖူး ပါသည်။ ရိုဟင်ဂျာဘာသာဖြင့် အသံလွှင့်ရန် မြန်မာ့အသံကိုပင် အသုံးပြုခွင့်ပေးခဲ့ပါသည်။
ရိုဟင်ဂျာအမတ်များလည်း လွှတ်တော်တွင်း နေရာယူခဲ့ကြဖူးပါသည်။ ဦးနေဝင်း အာဏာရရှိသည့်အချိန်မှသာ သူ၏လူမျိုးရေး အစွဲ၊ မူဆလင် ဆန့်ကျင်ရေး စိတ်ဓာတ်ကြောင့် ယခုကိစ္စများ ဖြစ်ပေါ်လာခြင်း ဖြစ်ပါသည်။ ၎င်းတို့ကို နိုင်ငံသားအဖြစ်မှ ရုပ်သိမ်း၍ ဆယ်စု နှစ်များစွာ ဖိနှိပ်ညှဉ်းပမ်းမှုများ ဒုက္ခတွင်းသို့ ပစ်ချထားခဲ့ပါသည်။
အကယ်၍ သူတို့က ဘင်္ဂလားဒေ့ရှ်မှ တရားမဝင် ခိုးဝင်လာသူများ ဆိုပါက သူတို့အများစုက အဘယ်ကြောင့် မြန်မာစကား လည် ပတ်စွာ ပြောဆိုနိုင်ကြပါသနည်း။ မြန်မာအမည်များ မှည့်ခေါ်ကြပါသနည်း။ အကယ်၍ သူတို့က ဘင်္ဂလားဒေ့ရှ်မှ တရားမဝင် ခိုးဝင် လာသူများ ဆိုပါက ၎င်းဒုက္ခသည်များကို လက်ခံရန် ဘင်္ဂလားဒေ့ရှ်က အဘယ် ကြောင့် လက်ခံရန် ငြင်းပယ်ရပါသနည်း။ အကယ်၍ သူတို့က ဘင်္ဂလားဒေ့ရှ်မှ တရားမဝင် ခိုးဝင်လာသူများ ဆိုပါက အဘယ်ကြောင့် ယခုလို ဖိနှိပ်မှုများ ခံစားနေကြရသည့် ကြားထဲတွင် မြန်မာနိုင်ငံ၌ အခြေချနေထိုင်လိုပြီး သူတို့အိုးအိမ် သဖွယ် သဘောထားကြပါသနည်း။ ယေဘုယျအားဖြင့် တရားမဝင် ခိုးဝင်လာကြသူ များသည် ဆင်းရဲမှုနှင့် ဖိနှိပ်သည့် နေရာများမှ ထွက်ပြေးလာကြသူများသာ ဖြစ်ပါသည်။ ပို၍ကြွယ်ဝသည့် လွတ်လပ် သည့် နေရာကို သာ ရှာဖွေကြသူများ သာ ဖြစ်ပါသည်။ အဘယ်ကြောင့် သူတို့က ဘင်္ဂလားဒေ့ရှ်ကို စွန့်ခွာ၍ မြန်မာနိုင်ငံသို့ ထွက်ပြေး ကြပါသနည်း။
အချို့မြန်မာများက နယ်စပ်မျဉ်းက ဟင်းလင်းပွင့်နေသောကြောင့်ဟု မိမိကို ပြောကြပါသည်။ ရိုဟင်ဂျာဟု ဆိုနေကြသူ များမှာ တရားမဝင် ခိုးဝင်လာသည့် ဘင်္ဂါလီများဟု ဆိုကြပါသည်။ သို့ဆိုလျှင်လည်း မြန်မာနိုင်ငံတွင် စနစ်တကျ လူသတ်မှတ် ခွဲခြားသည့် စနစ်လို အပ်ပါသည်။ အကယ်၍ မြန်မာနိုင်ငံတွင် မွေးဖွားသူများမှန်ပါက သူတို့ကို နိုင်ငံသား အဖြစ် လက်ခံသင့်ပါသည်။ အကယ်၍ ခိုးဝင်လာသူများဟု ခိုင်လုံစွာ တွေ့ရှိပါက၊ လျော်ကန်စွာ ဆက်လက် ဆောင်ရွက်သင့်ပါသည်။ ထိုသူများကို နိုင်ငံသားအဖြစ်ပေးသည် ဖြစ်စေ၊ သို့မဟုတ် အခြား နိုင်ငံများတွင် ခိုးဝင်လာ သူများကို ကိုင်တွယ်ကြသည့်နည်းတူ သူတို့မူရင်းလာရာ နိုင်ငံသို့ ပြန်လည် ပို့ ဆောင်သင့်ပါသည်။ မည်သည့် အခြေအနေမျိုးတွင်မဆို သူတို့ကို လူမဆန်သည့် ခွဲခြားဖိနှိပ်မှုမျိုး မပြုသင့်ပါ။ တရားမဝင် ခိုးဝင်လာ ကြသူများ သည်ပင်လျှင် လူ့အခွင့်အရေး ရှိပါသည်။
ဤအကြောင်းကို မာတင်လူသာကင်း က ကောင်းစွာဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ သူက “မည်သည့်နေရာတွင် ရှိနေသည့် မတရားမမျှတမှု မဆို၊ နေရာတိုင်းတွင် ရှိနေသည့် တရားမျှတမှုကို ခြိမ်းခြောက်နေသည်” ဟု ဆိုခဲ့သည်။ ရိုဟင်ဂျာ များမှာ နိုင်ငံမဲ့များ၊ ပညာရေးရရှိခွင့် ကို ငြင်းပယ်ခံနေရသူများ၊ ခရီးသွားလာရန်၊ လက်ထပ်ထိမ်းမြားရန်၊ ဝတ်ပြုကိုးကွယ်ရန် ကန့်သတ် ပိတ်ပင်ခံနေရသူများ၊ ပြင်းထန် ဆိုးရွား သည့် မတရားမမျှတမှုများ နှစ်ပေါင်းများစွာ ခံစားလာကြရသူများ ဖြစ်ပါသည်။ ရခိုင်ပြည်သူများမှာလည်း မြန်မာနိုင်ငံသား အခြားသူများကဲ့သို့ပင်၊ မတရား မမျှတမှုကို ခံစားလာကြရသူများ ဖြစ်ပါသည်။ ၎င်းလူ့အဖွဲ့အစည်းနှစ်ရပ်က အကြမ်းဖက်မှုနှင့် ဖျက်ဆီး မှု သံသရာကို ဆက်လက်ကျူးလွန်နေကြလျှင်မူ အချင်းချင်း အပြန်အလှန် ဖျက်ဆီးနေကြသကဲ့သို့ ရှိလိမ့်မည် ဖြစ်ပြီး ယခု ပဋိပက္ခ အကျပ်အတည်းသာ ဆက်လက်ဖြစ်ပေါ်နေပါက မြန်မာနိုင်ငံ၏ ဒီမိုကရေစီခရီးလည်း လမ်းလွဲသွားစေနိုင်ပါသည်။
သို့အတွက်ကြောင့် မြန်မာနှင့် နိုင်ငံတကာ ပြည်သူများအတွက် ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေး၊ လူသားဂုဏ်သိက္ခာ၊ ငြိမ်းချမ်းရေး တို့အပေါ် အလေးထား လေးစားကြရတော့မည့် အချိန်ဖြစ်ပြီး အကြမ်းဖက်မှုများ ရပ်စဲစေရန် ရပ်တည် ပေးကြရတော့ မည် ဖြစ်ပါသည်။
ရှည်ကြာခက်ခဲမည့် ပြန်လည်တည်ဆောက်ရေး၊ ပြန်လည်ရင်ကြားစေ့ရေးခရီးကို လျှောက်လှမ်း ကြရတော့မည့် အချိန်လည်း ဖြစ် ပါသည်။
ယနေ့ကာလတွင် အကြမ်းဖက်မှုတွင် သားကောင် ဖြစ်ကြရသူများအတွက် အရေးပေါ် လူသားချင်းစာနာမှု အကူအညီများ လိုအပ်နေ ပါသည်။ အိုးအိမ်ဆုံးရှုံးခဲ့ကြရသူ ထိုသူများမှာ စားရေရိက္ခာ မရှိဘဲ ဖြစ်နေကြရပါသည်။
မနက်ဖြန်တွင်မူ လူမျိုးကွဲ၊ ဘာသာကွဲများအကြား စေ့စပ်ညှိနှိုင်းဆွေးနွေးမှုများနှင့် ပြန်လည်ရင်ကြားစေ့ရေး ပံ့ပိုးပေးမှု များ လုပ်ဆောင် ရန် လိုအပ်ပါသည်။ မိမိတို့စတင်ရမည့် လုပ်ငန်းမှာ ဒေါ်အောင်ဆန်းစုကြည် နိုဘယ်ဆု လက်ခံရယူ စဉ် ပြောကြားသွားသည့် မိန့်ခွန်းကို အခြေပြုရမည် ဖြစ်ပါသည်။
“မိမိတို့၏ အန္တိမ ရည်မှန်းချက်မှာ အိုးအိမ်ပြောင်းရွှေ့ထွက်ပြေးရသူများ၊ အိုးအိမ်မဲ့နှင့် မျှော်လင့်ချက်မဲ့သူများ မရှိသည့် ကမ္ဘာကြီးတခု၊ မည်သည့်အရပ်တွင်ပင် ဖြစ်စေ မှီခိုနေထိုင်သူများကြသူများကို ကာကွယ်လုံခြုံစေမည့်၊ လွတ်လပ်စွာ နေထိုင်နိုင်မည့်၊ အရည်အသွေး ကို ပြနိုင်မည့်၊ ငြိမ်းချမ်းသည့် ကမ္ဘာကြီးတခု ဖန်တီးကြရန်ပင် ဖြစ်ပါသည်။ တွေးခေါ်မှု တခုချင်းစီ၊ စကားလုံး တခုချင်းစီ၊ လှုပ်ရှားမှု တခုချင်းစီတိုင်းသည် အပြုသဘောဆောင် ပေါင်းစည်းစေရမည် ဖြစ်ပြီး အလုံးစုံ ပေါင်းစည်းပါက ငြိမ်းချမ်းရေးကို ဦးတည် အထောက် အကူ ပြုစေကြရမည် ဖြစ်ပါသည်။ မိမိတို့ တဦးချင်းက ယခုကဲ့သို့ ဖြည့်ဆည်းဆောင်ရွက်ရန် တတ်စွမ်းကြပါသည်။ မိမိတို့လက်များ တွဲဆက်၍ မိမိတို့ အိပ်နေစဉ် လုံခြုံ၍ နိုးထသည့်အချိန်တွင် ပျော်ရွှင်ချမ်းမြေ့စွာ နိုးထရသော ငြိမ်းချမ်းသည့် ကမ္ဘာကြီးကို ဖန်တီးကြ ပါစို့” ဟု ပြောဆိုခဲ့ပါ သည်။
မြန်မာများ၊ ရခိုင်များ၊ ရိုဟင်ဂျာများ၊ အစိုးရအရာရှိများနှင့် နိုင်ငံရေး အကျဉ်းသားများ၊ မြန်မာနိုင်ငံသူ နိုင်ငံသားများနှင့် မြန်မာပြည် ၏ မိတ်ဆွေ နိုင်ငံခြားသားများလည်း ဤနည်းအတိုင်းသာ ရှေ့ဆက်ကြစေလိုပါတော့သည်။
Benedict-Rogers ရေးသားသည့် A friend’s appeal to Burma ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။
ဘန်နဲဒစ် ရော်ဂျာစ် (Benedict Rogers) ၏ စာအုပ်အသစ် [လမ်းဆုံ လမ်းခွမှ မြန်မာပြည်] “Burma: A Nation at the Crossroads” ယခုလတွင်ပင် Rider ကုမ္ပဏီမှ ထုတ်ဝေ ဖြန့်ချိခဲ့သည်။
Ref: မဇ္ဈိမ
ကချင်ဒုက္ခသည် လေးဦးကို အစိုးရတပ်ဖွဲ့မှ ဖမ်းဆီးထား
ဖနိဒါ
ဇွန်လ ၂၂ ရက် ၂၀၁၂ ခုနှစ်
ကျွဲကုန်သည်များနှင့် လိုက်ပါသွားသူ ဒုက္ခသည်စခန်းတွင်းမှ ကချင်အမျိုးသား လေးဦးအား မြောက်ပိုင်းတိုင်းစစ် ဌာနချုပ် (မပခ) လက်အောက်ခံ ခလရ ၃၇ တပ်ဖွဲ့က ဖမ်းဆီးခဲ့ရာမှ ယနေ့ထိ ပျောက်ဆုံးနေ သဖြင့် ပြည်နယ် ဝန်ကြီးချုပ်ထံ တင်ပြထားသည်ဟု လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေ ဦးမာခါးက ပြောသည်။
ဇွန်လ ၁၅ ရက်နေ့က မြစ်ကြီးနားမြို့နယ် ရွှေစက်ကျေးရွာ နှစ်ခြင်းအသင်းတော် ဘုရားကျောင်းမှ စစ်ပြေးဒုက္ခသည် စခန်းတွင် ခိုလုံ နေသူ ဦးဘရန်ယုန်၊ ဦးလဖိုင်ဂမ်နှင့် တာလောကြီးကျေးရွာမှ ဦးဇော်ဘောမ်နှင့် ဦးဇခွန်လရိန်တို့ကို ဝိုင်းမော်မြို့နယ် တာလောကြီး ကျေးရွာ အနီးတွင် ခလရ ၃၇ တပ်ဖွဲ့များက ဖမ်းဆီးသွားခဲ့ရာ ယနေ့ထိ အဆက်အသွယ် မရခြင်း ဖြစ်သည်။
ဆားမှော်မြို့မှ ကျွဲကုန်သည် ကိုအောင်ထွေးနှင့် ဇနီး၊ တာလောကြီး ကျေးရွာမှ ဒေါ်အကိုင်တို့ကိုလည်း ၎င်းတို့နှင့်အတူ ဖမ်းဆီး ခံခဲ့ရသော်လည်း ထိုသုံးဦးမှာ ကျပ်ငွေ ၁၂ သိန်း ပေးဆောင်၍ ပြန်လည် လွတ်မြောက်လာခဲ့သည်ဟု ရှေ့နေ ဦးမာခါးက ပြောသည်။
“သူတို့က ကျွဲမောင်းလိုက်သွားတာ တာလောကြီးအနားက လယ်ကွင်းမှာ ဖမ်းခံတယ်။ သူဌေး သုံးယောက်က ပိုက်ဆံပေးလို့ လွှတ် ပေး လိုက်တယ်။ ဒီ လေးယောက်ကိုတော့ ဒီနေ့ထိ ဘယ်မှာရှိနေတယ်ဆိုတာ မသိဘူး။ ၁၈ ရက်နေ့ စာပို့ပြီး အကူအညီ တောင်း တာလည်း ဘာမှ ထူးခြားတာ မရှိလို့ ဒီနေ့က ဝန်ကြီးချုပ်ကို စာတင်လိုက်တာပါ” ဟု ဦးမာခါး က မဇ္ဈိမကို ပြောသည်။
ဇွန်လ ၁၈ ရက်နေ့က ရှေ့နေ ဦးမာခါး ကိုယ်တိုင် ခလရ ၃၇ တပ်သို့ သွားရောက် စုံစမ်းရာ တာဝန်ရှိ ဗိုလ်မှူး ညီညီထွန်း က ဖမ်းဆီး ထားသူများအား စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့-စရဖ ထံ လွဲပြောင်းပေးလိုက်ကြောင်း ပြောဆိုခဲ့သည်ဟု သူက ပြောသည်။
ယနေ့ ဝန်ကြီးချုပ်ထံ ပေးပို့ခဲ့သောစာထဲတွင် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၃၇၆ နှင့် ၂၁(ခ)အရ နိုင်ငံသား တဦး လွတ်လပ်ခွင့် မရှိဘဲ အခွင့်အရေး ချိုးဖောက်ခံနေရသည်ဟု ရေးသားဖော်ပြထားသည်ဟု သူက ဆက်ပြော သည်။
“ဖွဲ့စည်းပုံမှာ ပါတဲ့ အခွင့်အရေး ချိုးဖောက်ခံနေရတာဘဲ။ ဥပမာ လူတယောက်ကို ၂၄ နာရီထက် ကျော်ပြီး ဖမ်းဆီးလို့ မရဘူး။ တရား ရုံးရဲ့ ခွင့်ပြုချက် မရှိဘဲ ဖမ်းဆီးလို့ မရဘူး။ အသက်ရှင် နေသေးလား ဆိုတာလည်း မသိဘူး။ တရား ဥပဒေအရ လုပ်မယ်ဆိုလည်း တရားရုံး မရောက်တော့ ဘာမှ လုပ်လို့မရဘူး” ဟု ဦးမာခါး က မဇ္စျိမကို ပြောသည်။
ဖမ်းဆီးခံရသည်မှာ ရှစ်ရက် ကြာပြီဖြစ်သော်လည်း မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကို မသိရသဖြင့် မိသားစုများက စိုးရိမ်နေ သည်ဟု ဖမ်းဆီးခံရသူ ဦးဘရာယုန်း၏ ဇနီး ဒေါ်ခေါင်နန်က ပြောသည်။
“ကျမ အမျိုးသားက ကျွဲသူဌေးဆီမှာ ကျွဲဆွဲသွားတဲ့အခါ ပါသွားတာ။ တခါ ကျွဲလိုက်သွားရင် ကျပ် ငါးသောင်း ရတယ် ပြောလို့ ခဏ လေးဆိုပြီး လိုက်သွားခိုင်တာ။ ဒီမှာက ကလေးကျောင်း ထားရတယ်၊ ပိုက်ဆံ အခက်အခဲရှိလို့ နည်းနည်းရရင်ရဆိုပြီး လိုက် သွားတာ။ မမျှော်လင့်ဘဲ ခုလို သူပျောက်သွားတော့၊ သူ့ကို ဘယ်လို ရှာရမလဲဆိုတာ ငွေရေးကြေးရေးလည်း အရမ်းခက်ခဲတယ်” ဟု မဇ္ဈိမကို ပြောသည်။
ဦးဘရာယုန်းနှင့် ဒေါ်ခေါင်နန်တို့တွင် သားသမီးသုံးဦးရှိပြီး ဝိုင်းမော်မြို့နယ် အင်ပွန်း ကျေးရွာတွင် နေထိုင်ခဲ့ရာမှ စစ်ပြေးဒုက္ခသည် အဖြစ် မြစ်ကြီးနားမြို့ ရွှေစက်ကျေးရွာ နှစ်ခြင်းအသင်းတော်မှ ဖွင့်လစ်ထားသော ဒုက္ခသည်စခန်း တွင် လာရောက်ခိုလှုံနေခြင်း ဖြစ် သည်ဟု ဆိုသည်။
ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငံဆိုင်းထံ လိပ်မူပြီး မိတ္တူကို သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ်၊ ဝန်ကြီးများ၊ ကချင်ပြည် နယ်ရှိ ကုလသမဂ္ဂအဖွဲ့များ၊ ပြည်နယ်ရဲမင်းကြီး၊ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် KBC၊ ကက်သလစ် အသင်းတော်များသို့ ပေးပို့ ထားသည်။
ထို့အပြင် မေလနှင့် ဇွန်လအတွင်း ဖောက်ခွဲမှု၊ ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် ဆက်သွယ်သည့် မတရားသင်းပုဒ်မ ၁၇(၁)တို့ဖြင့် မပခ လက်အောက်ခံ တပ်ဖွဲ့များနှင့် စရဖ တို့မှ ယခုရက်ပိုင်းအတွင်း လိုက်လံဖမ်းဆီးမှုများ ရှိနေသည် ဟု အင်ဂျန်းယန်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်ဒွဲဘူ က ပြောသည်။
“ခုတလော မြို့ထဲမှာ မိုင်းခွဲတဲ့ ၁၇ နှစ်အရွယ် ကလေးတယောက်ကို ဖမ်းမိတယ်။ သူနဲ့ ဆက်စပ်ပြီး ဖမ်းတာ။ သူ့ဖြောင့်ချက်အရ ဖမ်းတာလား မသိဘူး။ ရှေ့နေတို့ တရားသူကြီးတို့ ပြောပြတယ်။ အဲဒီကလေးက ရိုက်စစ်စရာ တောင် မလိုဘူး။ ဘယ်နေ့ ဘယ်မှာ မိုင်းထောင်တယ်။ ဘယ်သူနဲ့ ဘယ်လိုလုပ်တယ်ဆိုတာ အကုန်လုံး သူ ပြောသွားတယ်” ဟု သူက မဇ္စျိမကို ပြောသည်။
ဇွန်လ ၁၇ ရက်နေ့ မြစ်ကြီးမြို့ ဂျန်မိုင်ကောင်ရပ်ကွက်ရှိ စစ်ပြေးဒုက္ခသည်စခန်းတွင် ခိုလုံနေသူ ဦးဘရန်ရှောင် ဆိုသူအားလည်း ပေါက်ကွဲ (၃) အမှုဖြင့် ဆက်စပ်၍ မေးမြန်း စစ်ဆေးရန် ရှိသည်ဟုဆိုကာ အမှတ် ၁ ရဲစခန်း ဒုရဲအုပ် ကျော်မျိုးနိုင်၏ အမိန့်စာဖြင့် ဖမ်းဆီးခံခဲ့ရသည်။
ဒုရဲအုပ် ကျော်မျိုးနိုင်အား မဇ္စျိမက ဆက်သွယ် မေးမြန်းခဲ့ရာ အထက်က အမိန့်အရ ဖမ်းဆီးခြင်း ဖြစ်၍ ယင်းတို့ ဖမ်းဆီးပြီးနောက် စရဖထံ လွဲအပ်လိုက်သည်ဟု ပြောသည်။
မြစ်ကြီးနားမြို့ တပ်ကုန်ရပ်ကွက်အတွင်း မေလအတွင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ရဲ တဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီး ထိုဖောက် ခွဲ မှုဖြင့် ဖမ်းဆီးခံရသူ အနည်းဆုံး ၁ဝ ဦးကျော် ရှိနေသည်ဟု ရှေ့နေ ဦးမာခါးက ပြောသည်။ တခြား ၁၇(၁) နှင့် ဖမ်းဆီးခံရသူများလည်း ၂ဝ ဦးထက် မနည်းရှိနေသည်ဟု ဆိုသည်။
မတရားသင်းဥပဒေ ပုဒ်မ ၁၇(၁) ကို ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှ ဒု-ဥက္ကဋ္ဌ မီးရထားဝန်ကြီး ဦးအောင်မင်း၏ နှုတ်မိန့် ညွန်ကြားချက်အရ ကချင်ပြည်နယ်တွင် ကြာသပတေးနေ့မှ စတင်၍ ပယ်ဖျက်လိုက်ကြောင်း ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငံဆိုင်း က ပြောသည်။
ဗန်းမော် လေဆိပ်တွင် ပြည်ထောင်စုဝန်ကြီးက ပြည်နယ် ဝန်ကြီးချုပ်အား မှာကြားချက်ကို ဌာနဆိုင်ရာများအား တဆင့်ညွှန်ကြား လိုက်ခြင်း ဖြစ်သည်။
Ref: မဇ္ဈိမ
လူမျိုးရေးဥပဒေ ဆိုသည်မှာ ဆွေးနွေးဆဲသာ ဖြစ်ကြောင်း RNDP ရှင်းလင်း
နေမျိုး
ဇွန်လ ၂၂ ရက် ၂၀၁၂ ခုနှစ်
တိုင်းပြည်အတွင်း တရားမဝင် ဝင်ရောက်လာသူများကိစ္စ ထိရောက်စွာ တားဆီး ဖြေရှင်းနိုင်ရေး အတွက် လူမျိုးရေးဆိုင်ရာ ဥပဒေတခု ကို ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ (RNDP) မှ ဇူလိုင်လ လွှတ်တော်သို့ တင်သွင်းမည်ဟု သတင်း ထွက်ပေါ်နေသော်လည်း ပါတီတွင်း ဆွေးနွေးရဦးမည် ဖြစ်ကြောင်း ပါတီ ထိပ်တန်းခေါင်းဆောင်များက ပြောသည်။
RNDP လွှတ်တော် ကိုယ်စားလှယ်တဦးအား ကိုးကား၍ အင်တာနက် သတင်းတရပ်တွင် ဖော်ပြပါရှိလာသော်လည်း ၎င်းမှာ ပါတီတွင်း အဆိုပြုချက်တခုသာ ဖြစ်သေးကြောင်း ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင် က ပြောကြားလိုက်သည်။
“ရန်ကုန်ကျမှ ဆုံရမှ အသေးစိတ်ကိုတော့ သိရမယ်။ ကျနော်တို့ ပြန်မညှိရသေးဘူး။ သူက ရန်ကုန်ကနေပြီး အဆိုပြု တာကိုး။ သူအ ဆိုပြုတာလည်း ပါတီတွင်းပေါ့။ သူ တင်မယ်ဆိုတဲ့ ဥစ္စာကလည်း အသေးစိတ်က ကျနော်တို့နဲ့ မညှိရသေးဘူး။ အမျိုးသားရေးကို အခြေပြုတယ်ဆိုတာ ဘယ်လိုဟာမျိုးလဲဆိုတာ အသေးစိတ် ညှိရမှာပေါ့” ဟု ရခိုင်ပြည်နယ်တွင်း ဒုက္ခသည်များအရေး ကူညီဆောင် ရွက်ပေးနေစဉ် မဇ္ဈိမကို ပြောသည်။
လက်ရှိ ရခိုင်ပြည်နယ် အခြေအနေသည် ပုံမှန် အနေအထားသို့ မရောက်ရှိသေးဘဲ ပြဿနာရပ်များ ရှုပ်ထွေးနေပြီး အခက်အခဲကြား တွင် ရုန်းကန်ဖြေရှင်း နေရကြောင်းနှင့် ပြန်လည် သုံးသပ်ရန် လိုအပ်ကြောင်း RNDP အထွေထွေ အတွင်းရေးမှူး ဦးဦးလှစော က ပြော သည်။
“ေယဘုယ်ပါ။ ကျနော်တို့ကြိုးစားနေတာပါ။ ပြင်ဆင်နေတာပါ။ ဥပဒေအမည် တိတိကျကျ မရှိသေးဘူးခင်ဗျ။ လွှတ်တော်ကလည်း နီးလာပြီ။ ၄ ရက်နေ့ လွှတ်တော်ခေါ်တဲ့ အခါမှာ ကျနော်တို့ ရခိုင်ပြည်ရဲ့ ဖြစ်ပျက်ခဲ့တဲ့ အနေအထားပေါ်မှာ ကျနော်တို့ ပြန်လည် သုံးသပ်ပြီးတော့ ဥပဒေတွေ၊ အဆိုတွေ၊ မေးခွန်းတွေ တင်နိုင်အောင် ကျနော်တို့ ဥပဒေရေးရာ ကော်မတီက စနေနေ့မှာ အစည်း အဝေးရှိပါတယ်” ဟု မဇ္ဈိမကို ပြောသည်။
ဧပြီလ ၂ ရက်နေ့က ကျင်းပပြီးစီးခဲ့သည့် တတိယအကြိမ် လွှတ်တော်အစည်းအဝေးတွင် တိုင်းပြည်အတွက် လိုအပ်သော ယင်း ကဲ့သိုသော ဥပဒေတရပ် ရေးဆွဲပေးပါရန် ရခိုင်တိုင်းရင်းသား တိုးတက်ရေး ပါတီမှလွှတ်တော် ကိုယ်စားလှယ်များက လက်မှတ် ရေးထိုး၍ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းထံသို့ တင်ပြတောင်းဆိုခဲ့သည်။
မြန်မာတနိုင်ငံလုံး လွှမ်းခြုံနိုင်မည့် သန်းခေါင်စာရင်း ကောက်ခံမှုကို ကုလသမဂ္ဂမှ နည်းပညာပိုင်းဆိုင်ရာနှင့် ငွေကြေး အကူအညီ များဖြင့် ၂ဝ၁၄ ခုနှစ် ဧပြီလတွင် စတင်ဆောင်ရွက်ရန် စီစဉ်ထားပြီး ၂ဝ၁၅ ခုနှစ်တွင် ထုတ်ပြန်သွားမည် ဖြစ်သည်။
သန်းခေါင်စာရင်း မေးခွန်းလွှာတွင် ပါဝင်ရမည့် အချက်များ၊ နယ်စပ်ဒေသများ အပါအဝင် မြန်မာနိုင်ငံ တဝှမ်းလုံး အကြုံးဝင်နိုင်ရေး၊ ရပ်ကျေးအဆင့်မှ မြို့နယ်၊ ပြည်နယ်/တိုင်း အဆင့်ဆင့် အာဏာပိုင် အဖွဲ့အစည်းများအား စုရုံးနိုင်ရေးတို့ကိုလည်း ဆွေးနွေးထားသည်။
Ref: မဇ္ဈိမ


BBC News
VOA News
DVB News
RFA News
မဇ္ဈိမ
ဧရာဝတီ
နေ့သစ်
သျှမ်းသံတော်ဆင့်
ကရင်သတင်းစဉ်
ကောင်းဝါ
ကချင်သတင်းစဉ်
ယနေ့မြန်မာ
ကန္တာရဝတီ တိုင်းမ်
ငုရင်ပြင်
ရိုးမ (၃)
မိုးမခ
ဟစ်တိုင်
ဟံသာဝတီ
နိရဉ္စရာ
ခေတ်လူငယ်
မြို့တော်ပုသိမ်သတင်းစဉ်
မြန်မာသတင်းရပ်ဝန်း
ရိုးရာလေး
Mandalay Gazette
People Media Voice
KIC News
BNI News
Burma Daily
Burma Digest
Burma Net
Kaladan
Network Media Group Rebound 88