Tuesday, January 29, 2008

ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ရှိ အပစ်ရပ်အဖွဲ့များကို လိုက်လံတွေ့ဆုံ

တပ်မတော်စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ရှိ အပစ်ရပ်အဖွဲ့များကို လိုက်လံတွေ့ဆုံ

၂၀၀၈ုနှစ် ဇန်န၀ါရီလ ၂၇ ရက်

ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသရှိ နအဖစစ်အစိုးရနှင့်အပစ်အခတ်ရပ်စဲထားသည့် တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များကို တပ်မတော် စစ်ဖက်ရေးရာလုံခြုံရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့်က အဖွဲ့အစည်းများ၏ ဌာနချုပ်များတွင် လာရောက်တွေ့ဆုံခဲ့သည်ဟု အဖွဲ့အစည်းသတင်းရပ်ကွက်က ပြောသည်။

ယခုလ (၂၂) ရက်နေ့တွင် ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း) (SSA-North) ဌာနချုပ် စိန်ကျော့ကိုရောက်ရှိလာ ပြီး SSA-North ဥက္ကဌဦးလွယ်မောင်းဦးဆောင်သည့် အဖွဲ့အစည်းခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ (၂၃) ရက်နေ့တွင် မြန်မာနိုင်ငံလူမျိုးစုများ ဒီမိုကရေစီမဟာမိတ်တပ်ပေါင်းစု (MNDAA) ဌာနချုပ်လောက်ကိုင် မြို့တွင် ကိုးကန့်ခေါင်းဆောင် ဦးဖုန်းကျားရှင်ဦးဆောင်သည့် အဖွဲ့အစည်းခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ သည်။ (၂၄)ရက်နေ့တွင် ကချင်အမျိုးသားတိုးတက်ရေးနှင့် လုံခြုံရေးတပ်မတော် (KDA) ဌာနချုပ် ကောင်းခါးမြို့ တွင် ဦးမထူးနော်ဦးဆောင်သည့် အဖွဲ့အစည်းခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

စရခ အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့်သည်'၀'ခေါင်းဆောင် ပေါက်ယူချမ်းဦးဆောင်သည့် မြန်မာနိုင်ငံ အမျိုး သား သွေးစည်းညီညွတ်ရေးပါတီ (MNSP or UWSA)ဌာနချုပ် ပန်ဆန်းမြို့တွင် သွားရောက်တွေ့ဆုံခြင်းရှိမရှိကို အတည်မပြုနိုင်သေးကြောင်းလည်း အဖွဲ့အစည်းသတင်းရပ်ကွက်ပြောသည်။

မြန်မာ-တရုတ်နယ်စပ်တလျှောက်ရှိ ဦးဇောင်းခရားခေါင်းဆောင်သည့် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (KIO) ဦးဇခုံတိန်ယင်းခေါင်းဆောင်သည် ဒီမိုကရေစီသစ်တပ်မတော်-ကချင် (NDA-K) ဦးစိုင်းလင်းခေါင်းဆောင်သည့် အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်ဖွဲ့ (NDAA (Akha)) လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့များကိုလည်း တဆက် တည်း လိုက်လံတွေ့ဆုံလိမ့်မည်ဟု အဖွဲ့အစည်းသတင်းရပ်ကွက်က ယူဆသည်။

ဘာအကြောင်းအရာတွေဆွေးနွေးခဲ့သည်ကိုလည်း မသိရှိရသေးသော်လည်း ပြီးခဲ့သည့် လ(၂၀၀၇ ဒီဇင်ဘာ) အစောပိုင်းကလည်း စရခ အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်သည့် ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသအတွင်း အခြေစိုက်ထားသည့် UWSA (Wa)၊MNDAA (Kokang)၊SSA-North (Shan)၊KDA(Kachin) အပစ်ရပ်အဖွဲ့အ စည်းများကို လားရှိုးမြို့တွင် သီးခြားစီခေါ်ယူတွေ့ခဲ့သေးသည်။

ပြီးခဲ့သည့်လ(၂၀၀၇ ဒီဇင်ဘာ)၁၄ ရက်နေ့တွင်လည်း လားရှိုးမြို့ ရမခ တိုင်းစစ်ဌာနချုပ်၌ နအဖ၏ပြောရေးဆို ခွင့်အာဏာပိုင်အဖွဲ့ ဒုတိယခေါင်းဆောင်၊ ယဉ်ကျေးမှုဝန်ကြီး ဗိုလ်ချုပ်ခင်အောင်မြင့်သည် ရှမ်းပြည်နယ်(မြောက် ပိုင်း)အပစ်ရပ်အဖွဲ့များဖြစ်သည့်UWSA (Wa)၊MNDAA (Kokang)၊SSA-North (Shan)၊KDA (Kachin) အဖွဲ့ များ၏ ခေါင်းဆောင်ပိုင်းများကိုခေါ်ယူတွေ့ဆုံခဲ့ပြီး ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင် ရာအထူးကိုယ်စားလှယ် မစ္စတာအီဗရာဟင်ဂမ်ဘာရီမှတဆင့်ထုတ်ပြန်ကြေညာခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် ၏ ကြေညာချက်ကိုလက်မခံနိုင်ကြောင်း၊ တရားမ၀င်ကြောင်းသဘောထားထုတ်ပြန်ရန် ဖိအားပေးခဲ့သည်။



0 comments:

အပေါ်သို့