Monday, December 22, 2008

ဒေါ်အောင်ဆန်းစုကြည်အား ကမ္ဘာ့အမျိုးသမီးခေါင်းဆောင်များ ကောင်စီက ဂုဏ်ထူးဆောင် အဖွဲ့ဝင်အဖြစ် ကြေငြာ

ဒီဇင်ဘာ - ၁၉ ရက်၊ ၂၀၀၈။

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်မှာ အခြေစိုက်ပြီး ကမ္ဘာ့နိုင်ငံများမှာ သမတ ဒါမှမဟုတ် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး၊ တာဝန်ထမ်းဆောင်နေဆဲ အမျိုးသမီးများနဲ့ ဖွဲ့စည်းထားတဲ့ ကမ္ဘာ့ အမျိုးသမီးခေါင်းဆောင်များကောင်စီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးချုပ် ဒေါ် အောင်ဆန်းစုကြည်အား ဂုဏ်ထူးဆောင်အဖွဲ့ဝင်အဖြစ် ၂၀၀၈ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်နေ့က ကြေငြာလိုက်ပါ တယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံမှာ လွတ်လပ်မှုထွန်းကားလာအောင် လုပ်ဆောင်မှု၊ လူ့အခွင့်အရေးလေးစားလိုက်နာကြရန်ဆောင်ရွက်မှုနဲ့ ဒီမိုကရေစီ ပြန်လည်ထွန်းကားအောင် လုပ်ဆောင်မှု တွေမှာ သူမတူအောင် ဆောင်ရွက်ခဲ့တဲ့အတွက် ကောင်စီအဖွဲ့ဝင်တွေက ဂုဏ်ထူးဆောင်အဖွဲ့ဝင်အဖြစ် မဲပေး ရွေးချယ်လိုက်ကြတာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အဲဒီအဖွဲ့ရဲ့ ဂုဏ်ထူးဆောင်အဖွဲ့ဝင်အဖြစ် ပထမဆုံးရွေးချယ်ခံရသူဖြစ်ပါတယ်။

အဆိုပါအဖွဲ့ရဲ့ ကြေငြာချက်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၁၉၉၀ ရွေး ကောက်ပွဲမှာ ၈၂ ရာခိုင်နှုန်းနဲ့ အနိုင်ရခဲ့ကြောင်း၊ မြန်မာစစ်အစိုးရက အဲဒီရလဒ်ကို ငြင်းဆန်ခဲ့ကြောင်း၊ ဒေါ် အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်အခြေခိုင်နိုင်ရေးအတွက် အကြမ်းမဖက်တဲ့ နည်းလမ်းနဲ့ လှုပ်ရှားဆောင်ရွက်ရာ ၁၉ နှစ်အတွင်း ထောင်ကျခြင်း ဒါမှမဟုတ် နေအိမ်အကျယ်ချုပ်ကျခြင်း ကို ၁၃ နှစ်ကြာခံခဲ့ရကြောင်း၊ သူ့ရဲ့သတ္တိ၊ ပညာဉာဏ်ရှိမှုနဲ့ အမျှော်အမြင်ရှိမှုတို့ကို နိုင်ငံတကာက အသိအ မှတ်ပြုခံခဲ့ရကြောင်း၊ သူဟာ တဦးတည်းသော အကျဉ်းကျခံ နိုဘယ်ငြိမ်းချမ်းရေးဆုရှင်ဖြစ်ကြောင်း စသည် ဖြင့်ဖော်ပြထားပါတယ်။

ကမ္ဘာ့အမျိုးသမီးခေါင်းဆောင်များ ကောင်စီကို ၁၉၉၆ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့ပြီး တာဝန်ထမ်းဆောင်နေဆဲ၊ တာဝန်ထမ်းဆောင်ပြီး နိုင်ငံခေါင်းဆောင်နဲ့ အစိုးရအဖွဲ့ခေါင်းဆောင် အမျိုးသမီးများနဲ့ ဖွဲ့စည်းခဲ့တာဖြစ်ပါ တယ်။ အဲဒီ အမျိုးသမီးတွေဟာ သူတို့ရဲ့ အတွေ့အကြုံတွေကို ဖလှယ်ကြရင်း နိုင်ငံခေါင်းဆောင်တယောက် နဲ့ တယောက် အကူအညီပေးကြဖို့၊ အစိုးရကောင်းတေါ ပေါ်ပေါက်လာဖို့နဲ့ အမျိုးသား အမျိုးသမီး ညီမျှမှုဖြစ် ပေါ်လာဖို့ စသည်ဖြင့် ဆွေးနွေးပွဲတွေ၊ ဆက်သွယ်မှု ကွန်ယက်တွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်ကြ တာဖြစ်ပါတယ်။

အဆိုပါအဖွဲ့ထဲမှာ ဖိလစ်ပိုင်သမတအဖြစ် ၁၉၈၆ ခုနှစ်မှ ၁၉၉၂ အထိ တာဝန်ယူခဲ့တဲ့ ကိုရာဇန် အာကွီနို၊ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်အဖြစ် ၁၉၉၆ ခုနှစ်မှ ၂၀၀၁ အထိ တာဝန်ယူခဲ့တဲ့ sheikh Hasina၊ ၂၀၀၁ ခုနှစ်မှ ယနေ့အထိ ဖိလစ်ပိုင်သမတအဖြစ် တာဝန်ယူနေတဲ့ Gloria Macapagal Arroyo၊ ၁၉၉၄ ခုနှစ်မှ ၂၀၀၅ ခုနှစ် အထိ သီရိလင်္ကာ သမတအဖြစ်တာဝန်ယူခဲ့တဲ့ Chandrika Kumaratunga၊ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်အဖြစ် ၁၉၉၁ ခုနှစ်မှ ၁၉၉၆ ခုနှစ်အထိ တာဝန်ယူခဲ့တဲ့ Khaleda Zia စတဲ့ အာရှနိုင်ငံများက အမျိုးသမီးခေါင်း ဆောင်များ ပါဝင်သလို ကမ္ဘာတဝှမ်းမှ အမျိုးသမီးခေါင်းဆောင် ၃၇ ဦးနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။


REF: ဘားမားတူဒေး


0 comments:

အပေါ်သို့