Tuesday, April 21, 2009

စစ်အစိုးရကို ပိုဖိအားပေးရေး အမေရိကန် လွှတ်တော် အမတ်တွေ ကုလကို တိုက်တွန်း

20 April 2009

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ် ဆက်လျှက် ထိမ်းသိမ်း ခံနေရတာကို အမေရိကန် အထက်လွှတ်တော် အမတ်တွေနဲ့ အတူ စိုးရိမ်တဲ့ အကြောင်း ကုလသမဂ္ဂ အတွင်းရေမှုးချုပ် ဘန်ကီမွန်း (Ban-ki Moon) က ပြောဆိုခဲ့ပါတယ်။

မြန်မာ့အရေးနဲ့ ပတ်သက်လို့ အမေရိကန် အထက်လွှတ်တော် အမျိုးသမီး အမတ်တွေက ကုလသမဂ္ဂ အတွင်းရေမှုးချုပ်ဆီ ရေးသား ပေးပို့တဲ့စာကို လက်ခံရရှိခဲ့တဲ့ အကြောင်း ဧပြီလ ၁၅ ရက်နေ့က ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အတွင်းရေးမှုးချုပ်ရဲ့  လက်ထောက် ပြောဆိုခွင့်ရှိသူ ဖာရန် ဟတ်ခ် () က ပြောဆို သွားခဲ့ပါတယ်။


ဧပြီလ ၉ ရက်နေ့ နေ့စွဲနဲ့ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းဆီ ရေးသား ပေးပို့ခဲ့တဲ့ စာကို ကယ်လီဖိုးနီးယား ပြည်နယ် (California) အထက်လွှတ်တော် အမတ် ဒိုင်ယန် ဖိုင်းစတိုင်း (Dianne Feinstein)၊ မယ်ရီလန်ပြည်နယ် (Maryland) အထက်လွှတ်တော် အမတ် ဘာဘရာ မီကူလ်စကီး (Barbara A Mikulski) နဲ့ အာကန်ဆော့ပြည်နယ် (Arkansas) အထက်လွှတ်တော် အမတ် ဘလန်ချီ လင်ကွန်း (Blanche Lincoln) တို့ ပါဝင်ကြပါတယ်။

မြန်မာစစ်အစိုးရက ကျင်းပပြုလုပ်ဖို့ စီစဉ်ထားတဲ့ ၂၀၀၁ ရွေးကောက်ပွဲ အစီအစဉ်ကို ဖျက်သိမ်းဖို့ အတွက် မြန်မာ စစ်အစိုးရကို ဖိအားပေးဖို့လည်း အတွင်းရေးမှုးချုပ် ဘန်ကီမွန်းကို အမေရိကန် အထက် လွှတ်တော်အမတ် တွေက တိုက်တွန်း ထားပါတယ်။

Ref: VOA News

0 comments:

အပေါ်သို့