Wednesday, July 15, 2009

အကျင့်ပျက် သတင်းရဲ ကြောင့် နိုင်ငံကူးလက်မှတ် ပွဲစား (၁၁) ဦး ဖမ်းဆီးခံရ


ရုရှားသင်တန်းပြန် စစ်ဗိုလ်ပြုတ်(၃)ဦးကို နိုင်ငံကူးလက်မှတ် ထုတ်ပေးခဲ့တဲ့ အကျင့်ပျက် သတင်းရဲ အဖွဲ့အတွင်း အရှုပ် အထွေး များကြောင့် ရန်ကုန်တွင် ဇူလိုင်လ စောစောပိုင်းက နိုင်ငံကူး လက်မှတ်ပွဲစား (၁၁) ဦး ဖမ်းဆီး ခံခဲ့ရကြောင်း သတင်း ရရှိပါသည်။

ဗိုလ်ချုပ်မှူးကြီး ခင်ဗျား ..

သတင်းရဲအဖွဲ့အတွင်း ယခုမှ အကျင့်ပျက်ခြင်း မဟုတ်ပါ. (၄)နှစ်တာ ကာလ စနစ်တကျ ပျက်နေသည့် မြန်မာနိုင်ငံကူး လက်မှတ် ထုတ်ပေးရေးကို ပြည်ထဲရေး ၀န်ကြီးရဲ့ လက်ရုံးတစ်ဆူဖြစ်သော ဦးမြင့်သိန်းက အကြီးအကဲ အဖြစ် ဆောင်ရွက်ခဲ့ပါသည်။

ဦးမြင့်သိန်းနှင့် တိုက်ရိုက်ဆက်ဆံပြီး (၁)ရက်အတွင်း (၃)ရက် မကြာစေရ အမြန်ဆုံး ရရှိရေး ဆောင်ရွက် ပေးနိုင်သည့် ပွဲစားကြီးများဖြစ်သော ကူးမား(လွစ္စလမ်း)၊ ဇော်မိုး(စင်ဝှါ)နဲ့ မောင်တိတ်တို့မှာ တပတ်လျှင် (၃)အုပ်ထက် မနည်း တစ်အုပ်လျှင် (၁၅)သိန်းဖြင့် လုပ်ကိုင်ပါသည်။ ကူးမားမှာ ဦးမြင့်သိန်းနှင့် တပည့်များအား (၁၃)သိန်း ပေးပြီး တအုပ်လျှင်(၂)သိန်း တွက်ချေ ကိုက်ပါက လုပ်ကိုင်ပါသည် ဖမ်းဆီး ခံခဲ့ရတဲ့ နိုင်ငံကူး လက်မှတ်ပွဲစား(၁၁)ဦးအနက် ယင်းတို့ ပါဝင်ခဲ့ခြင်း မရှိဘဲ အမှုနှင့် မပတ်သက်ဘူးလို့ သတင်းလွှင့်ပြီး မယားငယ်နှင့် အတူ ပြောင်ပြောင် တင်းတင်း သွားလာ နေတာကို တွေ့ရပါသည်။

ကြာသပတေးနေ့က ကိုကျော်သူမှာ လွယ်အိတ်အတွင်း ပါရှိခဲ့သော နိုင်ငံကူးလက်မှတ် စာရွက်စာတမ်း အတုများနဲ့ ငွေ ကျပ် (၄)သိန်းကို ဖမ်းဆီးရေး အဖွဲ့များနှင့် တွေ့ဆုံသဖြင့် ဖျောက်ဖျက် ခဲ့ရပါသည်။ ကိုကျော်သူမှ ဖမ်းဆီးရေး အဖွဲ့နှင့် ပူးပေါင်း၍ လက်ထောက်ချသဖြင့် ပွဲစားကြီး အောင်ကျော်ဇော အပါအ၀င်(၁၁)ဦးကို ဆက်တိုက် ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်ပါသည်။ ဖမ်းဆီး ခံရသူများအနက် ရဲနိုင်ဦးမှာ နိုင်ငံကူး လက်မှတ် ဌာနမှူး ဦးဝင်းနိုင်ဦး၏ ညီဖြစ်ပါသည်။ အောင်ကျော်ဇော အနေဖြင့် ဗိုလ်ကြီးဟောင်း (၃)ဦး ထံမှ တစ်အုပ်လျှင် (၁၂)သိန်းနှုန်း ရယူ လုပ်ဆောင်ခဲ့ပါသည်။ ကျွန်တော်တို့ ပွဲစား လောကမှာ နိုင်ငံကူး လက်မှတ် တစ်အုပ်ရဘို့ ဆင်သတ် အရပ်ဝေပြီး ပိုင်ရာ ဆိုင်ရာများနဲ့ အဆင့်ဆင့် ဆောင်ရွက်ရပါသည်။

မှတ်ပုံတင်ပြင်ဆင်အတုနှင့် အိမ်ထောင်စုစာရင်းလုပ်ခ - ၁၅၀၀၀၀

ကာယကံရှင်မပါ ပုံစံအရောင်းဌာန လျှောက်လွှာခ - ၃၀၀၀၀

နိုင်ငံသားစာရွက်စာတမ်းစစ်ဆေးရေးဌာန - ၃၀၀၀၀

စလစ်ထုတ်ပုံစံလက်ခံဌာန - ၇၀၀၀၀

မြို့နယ်အခွန်ပုံစံ(၁၇)ကင်းရှင်းခ - ၃၀၀၀၀

ပြည်တွင်းအခွန်ရုံးကြီးပုံစံ(၁၉)ထုတ်ခ - ၃၀၀၀၀

ရေးသွင်းဌာနအမြန်ခ - ၁၀၀၀၀၀

အမှုဟောင်းစစ်၊ စာတွဲတင်/ချခ - ၃၀၀၀၀

အာဏာပိုင်လက်မှတ်ရေးထိုး(သာမန်) - ၃၀၀၀၀၀ (တရုတ်/ကုလား) ၅၀၀၀၀၀

ကွန်ပျူတာဌာနစာရင်းနက်စစ်ခ - ၃၀၀၀၀

စာအုပ်ထုတ်ပေးဌာနအချိန်မီဆောင်ရွက်ခ - ၇၀၀၀၀

လုပ်ငန်းအဆင့်ဆင့်ပိုင်ဆိုင်ရာပွဲစားငယ်တဦးငှားရမ်းခ - ၁၅၀၀၀

မြန်မာနိုင်ငံ နိုင်ငံကူးလက်မှတ် ထုတ်ပေးရာတွင် တာဝန် အရှိဆုံးမှာ ဦးမြင့်သိန်း ဖြစ်ပါသည် ယင်းကိုယ်စား လက်မှတ် ရေးထိုးခွင့် ပြုထားသူ အာဏာပိုင် (၃/၄)ဦး အနက် ညာလက်ရုံး ဦးမျိုးသူစိုး(ထောက်လှမ်းရေးဟောင်း ဗိုလ်ကြီး) ကတော့ တစ်လလျှင် (၃)ကြိမ်မှ (၅)ကြိမ် အထိ လက်မှတ်ရေးထိုးပြီး (၁၅)သိန်းမှ (၂၅)သိန်းနီးပါး ရရှိပါသည်။ ဦးမျိုးသူစိုး၏ ဇနီးမခင်ဆွေဦးသည် ယခင်ကပင် နိုင်ငံကူး လက်မှတ်ပွဲစား တဦးဖြစ်၍ ယခုကိစ္စတွင်လည်း ပါဝင် ပတ်သက်နေရာ ခေါ်ယူ စစ်ဆေးမည်ကို စိုးရိမ်ပြီး ဆေးရုံ တက်ရောက် တိမ်းရှောင်နေပါသည်။ ဖမ်းဆီးရေးအဖွဲ့မှ ဦးဝင်းနိုင်ဦး၏ ဇနီး (ဦးမြင့် သိန်း၏တူမ) အား (၂)ကြိမ် ခေါ်ယူ စစ်ဆေး ခဲ့သော်လည်း မခင်ဆွေဦးအား စစ်ဆေးခြင်း မရှိသည့် အပေါ် ကျေနပ်မှုမရှိကြောင်း ကြားသိရပါသည်။

ဦးမြင့်သိန်း၏ ဘယ်လက်ရုံး ရေးသွင်းဌာနက ဦးကျော်စိုးကတော့ သား မင်္ဂလာဆောင် အခမ်းအနားကို စီဒိုးနားတွင် ပြုလုပ်၍ ဧည့်ခံပွဲအား အမ်သရီးတွင် သိန်းခြောက်ဆယ် အကုန်ကျခံ ကျွေးမွေးခဲ့ရာ ဖိတ်စာ လက်ဆောင်လက်ဖွဲ့ အားလုံးကို ပွဲစားများကပဲ ကမကထ ပြုခဲ့ရပါသည်။ နိုင်ငံကူးလက်မှတ် ဌာနမှူး ဦးဝင်းနိုင်ဦး သည်လည်း ဦးမြင့်သိန်း၏တူ ဖြစ်နေ၍ ယင်းဌာန တစ်ခုလုံးတွင် ဆွေမျိုးသားချင်း တပည့်ရင်းများဖြင့် ဖွဲ့စည်းပြီး စနစ်တကျ အကျင့်ပျက်နေခြင်း ဖြစ်ပါသည်။

အကျင့်ပျက်သတင်းရဲမှ အရာရှိငယ်တဦးသည် အနိမ့်ဆုံး တစ်လလျှင် ကျပ်(၃)သိန်းခွဲ ခန့် လာဘ်ငွေ ရရှိသကဲ့သို့ အရာရှိကြီးများ မှာလည်း တစ်လလျှင် ကျပ်သိန်း(၃၀)ထက် မနည်း ရရှိနေသဖြင့် ဦးမြင့်သိန်းမှာ ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် နေပြည်တော် တို့တွင် ကွန်ဒို တိုက်ခန်း/နေအိမ် အဆောက်အဦး မြောက်များစွာ ပိုင်ဆိုင်ခဲ့ပါသည်။ သန်လျှင် ကျိုက်ခေါက် ဘုရားအနီး မြေကွက် ကျယ်ကြီးတွင် ယခုအခါ (၂)ထပ်တိုက် တစ်လုံးကို ပွဲစားများမှ ထပ်မံ ဆောက်လုပ် ပေးနေရပါသည်။

တရားဥပဒေသည် အားလုံးအတွက် မဟုတ်ဘဲ ပိုင်းခြား၍ စောင့်ရှောက် ကာကွယ်ထားသည်ကို အများပြည်သူနှင့် တကွ
ကျနော်တို့ ပွဲစားလောကသားများ ကိုယ်စား ဗိုလ်ချုပ်မှူးကြီး သိရှိနိုင်ပါရန် ရေးသား ဖော်ပြအပ်ပါသည်။

ပွဲစားတစ်ဦး

Ref: http://www.dawnmanhon.com


0 comments:

အပေါ်သို့