Wednesday, November 24, 2010

ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် နှစ်ရပ်ပေါင်းတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၈၀ ရာခိုင်နှုန်း နီးပါးရရှိ

Nov 24, 2010


၂၀၁၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ရလဒ်များကို နိုဝင်ဘာလ ၈ရက်၊ ၁၀ရက်၊ ၁၁ရက်၊ ၁၂ ရက်၊ ၁၃ ရက်၊ ၁၄ရက် နှင့် ၁၅ ရက်၊ ၁၆ ရက်နှင့် ၁၇ ရက် နေ့များတွင် နိုင်ငံပိုင် သတင်းစာများမှ တစ်ဆင့် တရားဝင် ထုတ်ပြန် ကြေညာခဲ့သည်။

အဆိုပါ ကြေညာချက်များအရ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် နှစ်ရပ်ပေါင်းတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက ၈၀ ရာခိုင်နှုန်း နီးပါးဖြင့် နေရာယူထားပြီ ဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာလ ၁၇ ရက်နေ့အထိ ကြေညာချက်များအရ ပြည်သူ့လွှတ်တော်တွင် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီမှ ကိုယ်စားလှယ် ၂၆၁ ဦး၊ ပအိုဝ်း အမျိုးသားအဖွဲ့ချုပ် မှ ကိုယ်စားလှယ် သုံးဦး၊ တအောင်း (ပလောင်) အမျိုးသားပါတီမှ ကိုယ် စားလှယ် တစ်ဦး၊ မွန်ဒေသလုံးဆိုင် ရာဒီမိုကရေစီပါတီမှ ကိုယ်စားလှယ် သုံးဦး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီမှ ကိုယ်စားလှယ် ၁၂ ဦး၊ အမျိုးသား ဒီမိုကရေစီအင်အားစုမှ ကိုယ်စားလှယ် ရှစ်ဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီမှ ကိုယ်စားလှယ် ၁၈ ဦး၊ '၀' ဒီမိုကရက်တစ် ပါတီမှ ကိုယ်စားလှယ်နှစ်ဦး၊ စည်းလုံး ညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (စဒက) မှ တစ်ဦး၊ အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီမှ တစ်ဦး၊ ဖလုံစဝေါ်ဒီမိုကရက် တစ်ပါတီမှ နှစ်ဦး၊ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှကိုးဦး၊ ချင်းတိုးတက်ရေး ပါတီမှ နှစ်ဦး၊ ချင်းအမျိုးသား ပါတီမှ နှစ်ဦးနှင့် တစ်သီးပုဂ္ဂလ တစ်ဦး နေရာရရှိနေပြီဟု သိရသည်။

ထို့အတူ အမျိုးသားလွှတ်တော်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ် ၁၂၉ ဦး၊ အမျိုးသား ဒီမိုကရေစီ အင်အားစုမှ ကိုယ်စားလှယ်လေးဦး၊ တအောင်း (ပလောင်) အမျိုးသားပါတီမှ ကိုယ်စားလှယ် တစ်ဦး၊ မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီ ပါတီမှ ကိုယ်စားလှယ် လေးဦး၊ ပအိုဝ်း အမျိုးသားအဖွဲ့ချုပ် မှကိုယ်စားလှယ် တစ်ဦး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီမှ ကိုယ်စားလှယ်ငါးဦး၊ ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး ပါတီမှ ကိုယ်စားလှယ်တစ်ဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီမှ ကိုယ်စားလှယ်သုံးဦး၊ စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (စဒက)မှ တစ်ဦး၊ ဖလုံစဝေါ် ဒီမိုကရက်တစ် ပါတီမှ သုံးဦး၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ ခုနစ်ဦး၊ ကရင်ပြည်သူ့ ပါတီမှ တစ်ဦး၊ ချင်းတိုးတက်ရေး ပါတီမှ လေးဦး၊ ချင်းအမျိုးသား ပါတီမှနှစ်ဦး၊ '၀' ဒီမိုကရက်တစ် ပါတီမှ တစ်ဦးနှင့် တစ်သီးပုဂ္ဂလ တစ်ဦး နေရာရနေပြီ ဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာလ ၁၇ ရက်နေ့အထိ ကြေညာချက်များအရ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် နှစ်ရပ် ပေါင်းတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်ဦးရေ ၃၉၀ ဦးရှိပြီး၊ ကျန်ပါတီများမှ ၁၀၄ ဦးသာ ရှိကြောင်း သိရသည်။ ကျန်ပါတီ ဆိုသည်တွင် အမျိုးသား ဒီမိုကရေစီအင်အား စုပါတီ၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ တအောင်း (ပလောင်) အမျိုးသားပါတီ၊ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်၊ ကရင်ပြည်နယ် ဒီမိုကရေစီ နှင့်ဖွံ့ဖြိုး တိုးတက်ရေး ပါတီ၊ ကရင် ပြည်သူ့ပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ချင်းတိုးတက် ရေးပါတီ၊ ချင်းအမျိုးသားပါတီ၊ '၀' ဒီမိုကရက်တစ်ပါတီ၊ စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (စဒက)တို့ ပါဝင်ခြင်း ဖြစ်သည်။

ကြေညာပြီးသော ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် နှစ်ရပ်ပေါင်း ကိုယ်စားလှယ် စုစုပေါင်း ၄၉၄ ဦးတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက လွှတ်တော် နှစ်ရပ်ပေါင်း ၃၉၀ နေရာ ရရှိနေပြီ ဖြစ်သောကြောင့် ရာခိုင်နှုန်း ၈၀ နီးပါးနေရာ ရထားပြီး ဖြစ်ကြောင်း သိရသည်။

ပြည်သူ့လွှတ်တော်တွင် ကြေညာပြီး ကိုယ်စားလှယ်ဦးရေ စုစုပေါင်း ၃၂၆ ဦး၌ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေး ပါတီမှ ကိုယ်စားလှယ်ဦးရေ ၂၆၁ ဦး နေရာရရှိထားသော ကြောင့် ၈၀ ရာခိုင်နှုန်းကျော် နေရာ ရထားခြင်း ဖြစ်ကြောင်း၊ ထို့အတူ အမျိုးသား လွှတ်တော်တွင် ကြေညာပြီး ကိုယ်စားလှယ်ဦးရေ၊ စုစုပေါင်း ၁၆၈ ဦး၌ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ် ၁၂၉ ဦး နေရာ ရရှိထားသောကြောင့် ၇၆ ရာခိုင်နှုန်းကျော် နေရာ ရရှိထားကြောင်း သိရသည်။

ပြည်သူ့လွှတ်တော်ကို လွှတ်တော်ကိုယ်စားလှယ် ဦးရေ အများဆုံး ၄၄၀ ဦးဖြင့် ဖွဲ့စည်းရမည်ဖြစ်ပြီး ၄၄၀ ဦး ထဲတွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၁၁၀ ဦးနှင့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် မဟုတ်သူ ပါတီများနှင့် တစ်သီး ပုဂ္ဂလထဲမှ ကိုယ်စားလှယ် ၃၃၀ ဦး ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

အမျိုးသားလွှတ်တော်ကို လွှတ်တော်ကိုယ်စားလှယ်ဦးရေ အများဆုံး ၂၂၄ ဦးဖြင့်ဖွဲ့စည်းရမည် ဖြစ်ပြီး ၂၂၄ ဦး ထဲတွင် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၅၆ ဦးနှင့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် မဟုတ်သူ ပါတီများနှင့် တစ်သီး ပုဂ္ဂလထဲမှ ကိုယ်စားလှယ် ၁၆၈ ဦး ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြည်သူ့လွှတ်တော်တွင်ပါဝင်မည့် လွှတ်တော်ကိုယ်စား လှယ်ဦးရေ ၃၃၀ တွင် လက်ရှိ အချိန်ထိ ကြေညာချက်အရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ က သုံးပုံ နှစ်ပုံကျော် နေရာရနေပြီး ဖြစ်ကြောင်း၊ အမျိုးသား လွှတ်တော်တွင်ပါဝင်မည့် လွှတ်တော်ကိုယ်စား လှယ် ၁၆၈ ဦးတွင် လက်ရှိအချိန်ထိ ကြေညာချက်အရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကသုံးပုံ နှစ်ပုံကျော် ကိုယ်စားလှယ်ဦးရေ နေရာ ရရှိထားကြောင်း ဥပဒေ ပညာရှင် တစ်ဦးက သုံးသပ်ခဲ့သည်။

ပြည်ထောင်စု လွှတ်တော်တွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်နှစ်ရပ်ပေါင်းမှ လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း ၆၆၄ ဦး ပါဝင်မည်ဖြစ်ပြီး ၆၆၄ ဦး၏ဆန္ဒဖြင့် သမ္မတရွေးချယ်မည် ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ပြည်ထောင်စုလွှတ်တော်ရှိ လွှတ်တော်ကိုယ်စားလှယ် ဦးရေစုစုပေါင်း ၆၆၄ ဦးနေရာတွင် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ အင်အားကို ထည့်သွင်း မရေတွက်ခင် ကပင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက ကိုယ်စားလှယ် ၃၉၀ ဦး နေရာ ရနေပြီဖြစ်ကြောင်း သိရသည်။


နိုဝင်ဘာလ ၁၇ ရက်နေ့အထိ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်အတွက် ကြေညာပြီးသော ပါတီများမှ ကိုယ်စားလှယ် စာရင်း































































































































စဉ်ပါတီအမည်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးရေအမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးရေ
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
၂၆၁
၁၂၉
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်

တအောင်း(ပလောင်)အမျိုးသားပါတီ
မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ
၁၂
အမျိုးသားဒီမိုကရေစီအင်အားစု
ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ
၁၈
'၀' ဒီမိုကရက်တစ်ပါတီ
စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (စဒက)
၁၀အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ
-
၁၁ဖလုံစဝေါ်ဒီမိုကရက်တစ်ပါတီ
၁၂ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ
၁၃ချင်းတိုးတက်ရေးပါတီ
၁၄ချင်းအမျိုးသားပါတီ
၁၅ကရင်ပြည်နယ်ဒီမိုကရေစီနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီ
-
၁၆ကရင်ပြည်သူ့ပါတီ
-
၁၇တစ်သီးပုဂ္ဂလ ၁ ၁


Ref: ELEVEN MEDIA GROUP

0 comments:

အပေါ်သို့