Thursday, January 20, 2011

အာဆီယံအစည်းဝေးတွင် ဦးဉာဏ်ဝင်း ပြသနာတက်ခဲ့

မင်းသူ
20 Jan 2011

အာဆီယံ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ အထူးအစည်းအဝေးသို့ တက်ရောက်ခဲ့သော နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်းသည် အခြားဝန်ကြီးများနှင့် အတူ မှတ်တမ်းတင် ဓါတ်ပုံရိုက်ကြရာ သူတို့၏ စတိုင်ဖြစ်သော လက်ချင်းချိတ်ပြီး ဓါတ်ပုံ အရိုက်ခံကြပါသည်။(အပေါ်ပုံ) သို့သော်လည်း ဦးဉာဏ်ဝင်းသည် သူ၏ ဘေးနားတွင်ရှိသော အမျိုးသမီးဝန်ကြီး...........၏ လက်ကို မကိုင်မိဘဲ ရင်သားကို ကိုင်မိသောကြောင့် ပြသနာ တက်ခဲ့ရကြောင်း ဝန်ကြီးနှင့်အတူ လိုက်ပါသွားခဲ့သော အမည်မဖေါ်လိုသူ အရာရှိ တဦးက ပြောကြောင်း သတင်း ရရှိပါသည်။

အဆိုပါပြသနာအား အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ အာအမ် မာတီအမ် နာတလီဂါဝါ နှင့် တိုင်ကြားခဲ့ရာ အဆိုပါဝန်ကြီးမှ ဦးဉာဏ်ဝင်းအား ပြင်းပြင်းထန်ထန် ခေါ်ဆူ သတိပေးခဲ့ကြောင်း၊ သတင်းရရှိပါသည်။

ဦးဉာဏ်ဝင်း မှလည်း ဒီကိစ္စသည် မတော်တစ ဖြစ်ခဲ့တာသာ ဖြစ်ကြောင်း နောက်နောင် ဒီလို မဖြစ်အောင် အထူး ဂရုစိုက်ပါမည် ဟုဆိုကာ တောင်းပန်စကား ပြောခဲ့ရကြောင်း သတင်းရရှိပါသည်။

0 comments:

အပေါ်သို့