Sunday, April 10, 2011

မြန်မာ-မြောက်ကိုရီးယား စစ်ရေးပတ်သက်မှု စုံစမ်းဖို့ အမေရိကန်အမတ် တောင်းဆို

2011-04-09

မြန်မာနဲ့ မြောက်ကိုရီးယားအကြား ပိုမို ကြီးထွားလာတဲ့ စစ်ရေးဆက်ဆံမှု အပေါ် စုံစမ်းစစ်ဆေးရေး အတွက် လွှတ်တော်ကိုတင်ပြဖို့ အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီဝင် ရီပတ်ဘလစ်ကန်ပါတီအမတ် Richrad Lugar က သမ္မတအိုဘားမားကို သောကြာနေ့က တောင်းဆိုလိုက်ပါတယ်။


မြောက်ကိုရီးယားက မြန်မာနိုင်ငံကို စစ်လက်နက်နဲ့ နည်းပညာတွေ ကူညီနေတယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ အသေအချာ ဂရုတစိုက် လေ့လာသင့်ကြောင်း၊ ကမ္ဘာတလွားက လတ်တလော ဖြစ်ရပ်တွေကြောင့် မြန်မာနဲ့ မြောက်ကိုရီးယား အကြားက စစ်ရေးနဲ့ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးချဲ့လာနေတဲ့အပေါ် အာရုံ မပျက် သင့်ဘူးလို့ Mr. Lugar က ပြောပါတယ်။

အလားတူ မြန်မာစစ်အစိုးရ ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေအတွက် နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုတွေ ဆောင်ရွက်ဖို့၊ ကလေးစစ်သားတွေကို ကူညီဖို့နဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြာက်လာအောင် တခြား နိုင်ငံတွေနဲ့အတူ တက်တက်ကြွကြွ လှုပ်ရှားဖို့ တိုက်တွန်းထားပါတယ်။

အထက်လွှတ်တော်အမတ် Mr. Lugar နဲ့အတူ တခြားအမတ်တွေဖြစ်တဲ့ Mr. Mc Connell နဲ့ Mr. Inhofe တို့လည်း ပါဝင် တောင်းဆိုခဲ့ကြပါတယ်။

Ref;FRA

0 comments:

အပေါ်သို့