Sunday, April 10, 2011

ဒေါ်အောင်ဆန်းစုကြည်နဲ့ ပေါ်တူဂီ သံအမတ်ကြီး တွေ့ဆုံဆွေးနွေး

2011-04-09

မြန်မာနိုင်ငံဆိုင်ရာ ပေါ်တူဂီ သံအမတ်ကြီး António Félix Machado de Faria e Maya ဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင် ဆန်းစုကြည်နဲ့ မနေ့က ညနေပိုင်းက တွေ့ဆုံခဲ့ပါတယ်။


ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အခြေစိုက်တဲ့ ပေါ်တူဂီ သံအမတ်ကြီးက အမှတ် (၅၄) တက္ကသိုလ် ရိပ်သာလမ်းမှာ ရှိတဲ့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှာ လာရောက် တွေ့ဆုံတာဖြစ်ကြောင်း NLD ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အခုလိုပဲ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးတွေ၊ သံမှူးတွေ၊ သံတမန်တွေ မကြာခဏ လာရောက်တွေ့ဆုံပြီး မြန်မာ့အရေး ဆွေးနွေးကြတယ်လို့ ဦးအုန်းကြိုင်က ပြောပါတယ်။

ဒီလို တွေ့ဆုံတဲ့အခါ ဆွေးနွေးတဲ့ အကြောင်းအရာတွေကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က သတင်း ထုတ်ပြန်လေ့မရှိဘူး လို့လည်း သိရပါတယ်။

Ref;RFA

0 comments:

အပေါ်သို့