Monday, July 2, 2012

မြစ်ကြီးနား မိုးလုံလေလုံအားကစားကွင်းအနီးတွင် ဗုံးပေါက်ကွဲ လူတစ်ဦးသေဆုံး

လုဆိုင်း(မြစ်မခ)
30 Jun, 2012

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဧရာရပ်ကွက်ရှိ မိုးလုံလေလုံအားကစားကွင်းအနီးတွင် ဇွန်လ(၂၉)ရက် ညနေ ၆ နာရီခန့်က ဗုံးတစ် လုံးပေါက်ကွဲခဲ့ပြီး လူတစ်ဦးသေဆုံးခဲ့ကြောင်း ကချင်ပြည်နယ်ရှိ မြစ်မခ သတင်းထောက်က သတင်းပေးပို့သည်။

သေဆုံးသူမှာ တပ်ကုန်းရပ်ကွက် ထွယ်ဆန်တိုက်နယ်ရှိ အရံမီးသတ်တာဝန်ထမ်းဆောင်နေသူ ဦးမွန်ဂွတ် ဖြစ်ကြောင်း သိရသည်။

“ရပ်ကွက်လူကြီးတွေ ဒီမနက်သွားကြည့်ကြတယ်။ ကျွန်တော်တို့ ရပ်ကွက်ကဖြစ်နေတယ်။” ဟု ထွယ်ဆန် ဒေသခံ တစ်ဦးက ပြော သည်။

ဗုံးပေါက်ကွဲသည့် နေရာမှာ မိုးလုံလေလုံ အားကစားကွင်းနှင့် လူဝင်မှုကြီးကြပ်ရေးရုံး(လဝက) ရုံးလမ်းကြားတွင် ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

သေဆုံးသူ မိသားစုများအား ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး မသင်္ကာမှုများအား စစ်ဆေးရန် သက်ဆိုင်ရာ တာဝန်ရှိသူများမှ ယမန် နေ့ညက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

“မနေ့ည ၆နာရီ လောက်မှာ ဟုတ်တယ်။ ဗုံးပေါက်တာ ကျွန်တော်တို့နဲ့ နီးတယ် ပေါက်သွားတာ။ ဘယ်လိုက ဘယ်လို ပေါက်သွား တယ်မသိဘူး။ လူတစ်ဦး ထိခိုက် သေဆုံးတာ မြင်လိုက်ရတယ်။”ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

မြစ်ကြီးနားမြို့တွင်းတွင် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလမှ စတင်၍ ဗုံးများ ဆက်တိုက်ဆိုသလို မကြာခဏ ပေါက်ကွဲမှု များဖြစ်ပေါ် လျက် ရှိသည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့