Wednesday, April 3, 2013

စစ်တွေ တက္ကသိုလ်ဝင်း အတွင်း လောင်ကျွမ်းခဲ့သောမီးမှာ ပေါ့ဆမီးဟု ဆို

April 3, 2013

ရခိုင်ပြည်နယ် စစ်တွေ တက္ကသိုလ်ဝင်း အတွင်း မတ်လ ၃၀ ရက်နေ့က လောင်ကျွမ်းခဲ့သောမီးမှာ ပေါ့ဆမီး ဖြစ်ကြောင်း ဧပြီလ ၂ရက်နေ့ထုတ် မြန်မာ အစိုးရ သတင်းစာ ကြေးမုံတွင် ဖေါ်ပြသည်။

လောင်ကျွမ်းခဲ့သော မီးကြောင့် တက္ကသိုလ်ဝင်း အထဲမှ အပင်ငယ်များ တဧကခန့် လောင်ကျွမ်းခဲ့ပြီး အဆောက်အဦးများ လောင်ကျွမ်းခဲ့ခြင်း မရှိဟု ဆိုသည်။

၎င်းမီးအား စစ်တွေမြို့နယ် မီးသတ် စခန်းမှ မီးသတ်ယာဉ် နှစ်စီး၊ အကူယာဉ် တစ်စီး၊ မီးသတ်တပ်ဖွဲ့ဝင် ၂၃ ဦး၊ လုံထိန်း တပ်ဖွဲ့ဝင် ၅၀ ဦးနှင့် တပ်မတော်သားများက ၀ိုင်းဝန်း ငြိမ်း သတ်ခဲ့ရသည်ဟု ဆိုသည်။ မီးမှာ ၁၁ နာရီခွဲတွင် ငြိမ်းသွားသည်ဟု သတင်းတွင် ဖေါ်ပြသည်။

မတ်လ ၃၀ ရက်နေ့ နံနက် ၁၀ နာရီ ၅၀ မိနစ်တွင် တက္ကသိုလ်ဝင်း အတွင်းရှိ အမိုက်များမှ စတင် လောင်ကျွမ်းခဲ့သည်ဟု သတင်းစာက ဆိုသည်။

Rakhine News Group မှ မီးလောင်မူကြောင့် ဘုမေရွာမှ သံသယရှိသူ ဒီမာမောက်(၃၃)နှစ် ၄င်း၏ဇနီး မာခါဆူ (၃၂)နှစ်တို့ အားဖမ်းဆီးရမိကြောင်း ဖေါ်ပြသည်။

Ref: နိရဉ္စရာ

0 comments:

အပေါ်သို့