Thursday, April 11, 2013

ရန်ကုန်သင်္ကြန်လုံခြုံရေး ရဲအင်အားတ၀က်ခန့် အသုံးပြုမည်

စောဇင်ညီ
ဧပြီလ ၁၀ ရက် ၂၀၁၃ ခုနှစ်

ရန်ကုန်တိုင်းဒေသကြီး မပာာ သင်္ကြန်ကာလတွင် ရေကစားကြမည့် ပြည်သူများ လုံခြုံရေးအတွက် ရန်ကုန်တိုင်း တစ်တိုင်းလုံးရှိ ရဲအင်အား ခုနှစ်ထောင်ကျော်မှ တစ်ဝက်ခန့် အသုံးပြု သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဒုတိယ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ဒု- ရဲမှုးကြီး ဦးသက်လွင် ကပြောသည်။

၎င်းက “ဆရာတို့စီမှာ ရှိတဲ့  အင်အားက ၇၀၀၀ ကျော် လောက်ရှိတယ်။အဲဒီထဲက တ၀က်ကို သုံးပြီး လုံခြုံရေးယူမယ်။ လမ်းအလိုက် လုံခြုံရေးပေးသွားမယ်။” ပာု မဇ္ဈိမကို ပြောသည်။

ထို့ပြင် သင်္ကြန်လုံခြုံရေးအတွက် ပြည်သူများအနေဖြင့်လည်း ဒေါသအား အခြေမခံစေဘဲ မိမိ အသိစိတ်များ ဖြင့် လုံခြုံရေးကို ထိန်းသိမ်းသင့်ကြောင်း ဒု-ရဲမှူးကြီး ဦးသက်လွင် မှ သုံးသပ်ပြောကြားသည်။

ယခုနှစ် သင်္ကြန်တွင် အစိုးရလုံခြုံရေးများသည် ရေကစားမဏ္ဍပ်ကြီးများရှိရာ မလှမ်းမကမ်းတွင် ရဲတပ်ရင်းများ ချထားကာ လုံခြုံရေးယူမည်ဖြစ်ကြောင်း သိရသည်။

ထိုပြင် မဏ္ဍပ် ပေါ်၌ လုံခြုံရေး ကင်မရာ များတပ်ထားရမည်ဖြစ်ပြီး ထိုကင်မရာများအားနေ့စဉ် မဏ္ဍပ် သိမ်းချိန်တိုင်း နီးစပ်ရာ ရဲတပ်ဖွဲသို့  ပေးပိုကြရမည် ဖြစ်ကြောင်း မဏ္ဍပ်ဆောက်လုပ်ရေး ဆပ်ကော်မတီက ညွှန်ကြားထားကြောင်း သိရသည်။

သင်္ကြန် ရေကစား မဏ္ဍပ် များ လုံ ခြုံမှု ရှိစေရန် မဏ္ဍပ် ၏ အောက်တွင် အစိုးရပိုင်းဆိုင်ရာ ပြည်ထဲရေးဝန်ကြီးဌာနမှ ပြည်သူ့  လုံခြုံရေးဝန်ထမ်းများအား ချထားပေးစေချင်ကြောင်း မဏ္ဍပ်များမှ တာဝန်ရှိသူ အချို့ ကပြောသည်။

“ဒီနှစ် မဏ္ဍပ်တွေ လုံခြုံရေးအတွက် မဏ္ဍပ်တစ်ခုခြင်းစီရဲ့ အောက်မှာ အစိုးရဘက်က လုံခြုံရေးဝန်ထမ်းတွေ ချထားပေးစေချင်ပါတယ်။”ပာု FHM ရေကစားမဏ္ဍပ် မှမဏ္ဍပ် စီစဉ်သူ ကို ကျော်ကြီးကပြောသည်။

ယခုအခါ သင်္ကြန်မဏ္ဍပ်များ၏ အပေါ်နှင့် အောက်တွင် ပုဂ္ဂလိက လုံခြုံရေးများဖြင့်သာ လုံခြုံရေး ယူရမည် ဖြစ်ကြောင်း ၊ ပုဂ္ဂလိက လုံခြုံရေး တဦးလျှင် ငွေကျပ် ၁သိန်းအထိ ၀န်ဆောင်ခ ပေးရကြောင်း မဏ္ဍပ် စီစဉ်သူများထံမှ သိရသည်။

မဏ္ဍပ်စီစဉ်သူ ကိုကျော်ကြီးက “ကျွန်တော်တို့ မဏ္ဍပ်မှာဆိုရင် အပေါ်ကို လုံခြုံရေး ၃၀၊ အောက်မှာ ၁၀ ယောက် ချထားရတယ်။ အစိုးရ လုံခြုံရေးတွေလဲ မဏ္ဍပ်နားတွေမှာ ရှိမယ်ဆိုတော့ လုံခြုံမှုရှိနိုင် ပါတယ်” ဟု ဆိုသည်။

ယခုနှစ် မဏ္ဍပ် လျှောက်ထားသူများအား ရန်ကုန်မြို့တော် မဏ္ဍပ်နေရာချထားရေး ဆပ်ကော်မတီမှ စည်းကမ်းချက် (၂၈)ချက် ချမှတ်ကာ ထိုအချက်များထဲမှ မဏ္ဍပ်ကြီးနှင့် မဏ္ဍပ်လတ်များတွင် လုံခြုံရေး အတွက် CCTV ကင်မရာများအား တပ်ဆင်ထားရန် အဆိုပါ ကင်မရာများမှ မှတ်တမ်း များအား သက်ဆိုင်ရာ ကွပ်ကဲရေးမှူးရုံးများသို့  ည ၈ နာရီ ထပ်နောက်မကျစေဘဲ ပေးပို့ရန် တို့  ပါဝင်သည်။

ထို့ပြင် ယခုထွက်ပေါ်နေသော အက်စစ်နှင့် သင်္ကြန်တွင် ပတ်မည်ဆိုသည့် သတင်းမှာလည်း မဖြစ်နိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဒုတိယ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ဒု- ရဲမှုးကြီး ဦးသက်လွင် ကပြောသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့