သိန်းလှိုင်
မတ်လ ၁၉ ရက် ၂၀၁၃ ခုနှစ်
ပြည်တွင်း၊ ပြည်ပဈေးကွက်တွင် အောင်မြင်နေသော သဘာဝ ကင်းနှင့် ကျောက်ပုဇွန်များမှာ တဖြည်းဖြည်း ရှားပါးလာမှုကြောင့် ရေလုပ်ငန်းရှင်များ အခက်ကြုံနေရကြောင်း ရခိုင်ဒေသ ရေလုပ်ငန်းရှင်များ က ဆိုသည်။
“အရင်နှစ်တွေကထက် ဒီနှစ်မှာ ရန်ကုန်တင်ပို့မှု အများကြီး လျော့နည်းသွားတယ်။ မနှစ်ကဆိုရင် ရခိုင်က ကျောက်ပုဇွန် တင်ပို့မှုဟာ တန် ၈၀နဲ့အထက်မှာရှိပေမယ့် ဒီနှစ်မှာ တန်၅၀လောက်ပဲဖြစ်မယ်။နောက်ပြီးတော့ ကင်းပုဇွန်က မနှစ်က ၁၀တန်လောက်ပို့နိုင်ခဲ့တယ်။ ဒီနှစ်မှာ ၇ တန်လောက်ပဲပို့ဖြစ်တယ်။ အဓိက ကတော့ သဘာဝ က ရတဲ့ကင်းပုဇွန်၊ ကျောက်ပုဇွန်တွေရှားပါးလာလို့ပဲ” ဟုကျောက်ဖြူမြို့မှ ငါးပုဇွန်လုပ်ငန်းရှင် ဦးကျော်ညွန့် က ပြောသည်။
၎င်းကရခိုင်ပြည်နယ်အတွင်း ကင်းပုဇွန်နှင့်ကျောက်ပုဇွန်လုပ်ငန်းကို ကျောက်မြူမြို့တွင်အဓိက လုပ်ကိုင်ကြကာ ကင်းနှင့် ကျောက်ပုဇွန် အ၀ယ်ဒိုင် ၁၈ ဒိုင်ရှိကြောင်း ပြောဆိုလိုက်ပြီး “ပြည်တွင်းပြည်ပဈေးကွက်တွင် ကင်းနှင့် ကျောက်ပုဇွန်များမှ နိုင်ငံခြားဝင်ငွေပိုမိုရရှိဖို့ရာ မွေးမြူခြင်းလုပ်ငန်းကိုလုပ်ကိုင်ဖို့လိုအပ်ကြောင်း” ပြောသည်။
“သဘာဝက ပေးသလောက်သာ ထုတ်ယူသုံးစွဲနေကြမယ်ဆိုရင် အဖိုးတန် ရေထွက်ပစ္စည်းတွေ တဖြည်းဖြည်း ပျောက်ကွယ်သွားမှာပဲ။ ဒီရေသတ္တ၀ါတွေကိုမွေးမယ် ဆိုပြန်ရင်လည်း လုပ်ငန်းတခုထူထောင်ဖို့အတွက်က သိန်း ၅၀၀ လောက်ကုန်မယ်။ အစိုးရက နည်းပညာနဲ့ အရင်းအနှီးစိုက် ထုတ်ပေးမယ်ဆိုရင်တော့ အကောင်း ဆုံးပေါ့ဗျာ” ဟု ဦးကျော်ညွန့်က ဆိုသည်။
ထို့ပြင် ကင်းနှင့်ကျောက်ပုဇွန်များကို အောက်စီဂျင်အမြဲလွှတ်ထားရသော အပူချိန် ၁၈ ဒီဂရီရှိ ရေကန်ငယ်များ၌ ယာယီသိုလှောင်ထားလျက် အစားအစာအဖြစ် ပုဇွန်ငယ်များကို ကျွေးမွေးထားပြီး လိုအပ်သည့်ပမာဏ ပြည့်သောခါ ရန်ကုန်သို့ လေယာဉ်ဖြင့်ပို့ဆောင်ရသည်ဟု ကျောက်ဖြူမှ နောက်ထပ် ရေလုပ်ငန်းပိုင်ရှင် တဦးဖြစ်သူ ဦးခင်အေးမောင်က ပြောသည်။
ထို့နောက်ပုဇွန်များသယ်ပို့ရာမှာလည်း ဂရုစိုက်ရပုံကို ၄င်းက “ ဒီပုဇွန်တွေကို ကားနဲ့ပို့ရင် သေသွားနိုင်တဲ့ အတွက် လေယာဉ်နဲ့ပို့ရတာဖြစ်တယ်။ သူတို့ကို စက္ကူပုံးတွေနဲ့ပါကင်လုပ်ပြီး၊ ပုံးရဲ့အလယ်မှာ အအေးပုလင်း ထည့်ပေး ရတယ်။ တပတ်ကို ၄ကြိမ်၊ တကြိမ်မှာ ၃ပုံးကနေ ၁၀ပုံးအထိပို့ရတယ်။ရန်ကုန် မင်္ဂလာဒုံမှာ ဈေးများများ ရတဲ့ ပုဇွန်ကန်ကြီးတွေဆီမှာ ရောင်း တယ်။ ကင်းတွေကိုတော့ ရန်ကုန်စားသောက်ဆိုင်တွေမှာ သီးခြား ရောင်းတာ တွေလည်း ရှိတယ်”ဟုပြောသည်။
ရခိုင်ကင်းပုဇွန်မှာ ပြည်တွင်း၊ ပြည်ပဈေးကွက်နှစ်မျိုးလုံးတွင် ဈေးကောင်းရနေသလို ကျောက်ပုဇွန်မှာလည်း ပြည်ပ ဈေးကွက်တခုတည်းဖြင့် နိုင်ငံခြားဝင်ငွေရရှိနေသော ရေလုပ် ငန်းဖြစ်ပြီး ရခိုင်မှလာသော ကင်းနှင့် ကျောက်ပုဇွန်များမှာ တရုတ်၊ ထိုင်ဝမ်၊ ဟောင်ကောင် စသည့်နိုင်ငံများ၌ ဈေးကွက် ရရှိနေသည်ဟု ရခိုင်ရေလုပ်ငန်းရှင်များက ဆိုသည်။
ကင်းပုဇွန်၏ဒေသ၀ယ်ဈေး ၁၈၀ ဂရမ်မှာ ၇၀၀၀ကျပ် ပေါက်ဈေးရှိ၍ ရန်ကုန်ဈေးကွက်တွင် ၁ ကီလိုဂရမ်ကို ၃၈၀၀၀ကျပ်ဈေးပေါက်နေပြီး ကင်းပုဇွန်ကို ပြည်တွင်း၌ ပင်လယ်စာအဖြစ် စားသောက်ဆိုင်များတွင်
ပေါင်း၍လည်းကောင်း၊ ချဉ်စပ် ဟင်းရည် အဖြစ် လည်းကောင်း ချက်လုပ်ရောင်းချလေ့ရှိသည်။ တရုတ်လူမျိုးများ အထူးနှစ်သက်ကြကြောင်း ရန်ကုန်ဖြန့်ချီရေး ကိုယ်စားလှယ်များ၏ ပြောကြားချက်အရ သိရသည်။
ထို့အတူ ကျောက်ပုဇွန်ဝယ်ယူရာတွင်လည်းကာလာ၊ အစိမ်း၊ ရိုးရိုး ဟူ၍သုံးမျိုးခွဲကာ အရွယ်အစားအလိုက် ဈေးနှုန်း သတ်မှတ်ဝယ်ယူလျက်ရှိရာ ရိုးရိုးကျောက်ပုဇွန် တပိဿာကို ၃၅၀၀၀ကျပ်၊အစိမ်းက ၂၃၀၀၀ကျပ်၊ ကာလာမှာ ၅၅၀၀၀ကျပ်အထိအမြင့်ဆုံးဈေးပေးရပြီး၊ရန်ကုန်ရောင်းဈေးမှာပြည်ပဈေးကွက်တခုတည်း ကိုသာ အမှီသဟဲ ပြုနေရသဖြင့် ပြည်ပဈေးကွက်၏ သတ်မှတ်ဈေးနှုန်းကိုလိုက်၍ ပြည်တွင်းတွင် ဈေးနှုန်း အပြောင်း အလဲများ ဖြစ်ပေါ်နေတတ်သည်ဟုလည်း သိရသည်။
အထူးသဖြင့်ကင်းနှင့် ကျောက်ပုဇွန်များကို ရခိုင်ဒေသ ကျောက်ဖြူ၊ မြေပုံ၊ အမ်း စသည့်မြို့နယ်များတွင် ဖမ်းယူ ရရှိနိုင်ပြီးနှစ်စဉ် ဇန်န၀ါရီ နှင့်ဖေဖော်ဝါရီလများ၌ အများဆုံး ဖမ်းယူ ရရှိနိုင်ပြီး၊ ဇွန်လ သားပေါက်ချိန်တွင် ကျောက်ပုဇွန် ဖမ်းဆီးခြင်းကို ငါးလုပ်ငန်းဥပဒေအရ တားမြစ်ထားသော်လည်း၊ ကင်းပုဇွန်ဖမ်းခြင်းကိုမူ တားမြစ်မှုမရှိကြောင်း ကျောက်ဖြူခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ပြောကြားချက်အရ သိရသည်။
Ref: မဇ္ဈိမ
Showing posts with label စီးပွားေ၇း. Show all posts
Showing posts with label စီးပွားေ၇း. Show all posts
Wednesday, March 20, 2013
ကင်းနှင့် ကျောက်ရှားပါးမှုကြောင့် ရေလုပ်ငန်းရှင်များ အခက်ကြုံနေရ
Labels:
စီးပွားေ၇း
Subscribe to:
Posts (Atom)


BBC News
VOA News
DVB News
RFA News
မဇ္ဈိမ
ဧရာဝတီ
နေ့သစ်
သျှမ်းသံတော်ဆင့်
ကရင်သတင်းစဉ်
ကောင်းဝါ
ကချင်သတင်းစဉ်
ယနေ့မြန်မာ
ကန္တာရဝတီ တိုင်းမ်
ငုရင်ပြင်
ရိုးမ (၃)
မိုးမခ
ဟစ်တိုင်
ဟံသာဝတီ
နိရဉ္စရာ
ခေတ်လူငယ်
မြို့တော်ပုသိမ်သတင်းစဉ်
မြန်မာသတင်းရပ်ဝန်း
ရိုးရာလေး
Mandalay Gazette
People Media Voice
KIC News
BNI News
Burma Daily
Burma Digest
Burma Net
Kaladan
Network Media Group Rebound 88