Showing posts with label အမှတ်တရများ. Show all posts
Showing posts with label အမှတ်တရများ. Show all posts

Tuesday, November 17, 2009

၂၀၀၉ ထဲမှာ လာဦးမယ့် အမှတ်တရ ရက်စွဲလေးများ

Written by ဘိုဘို လန်းစင်


ဧပြီ ၂၇ စိုင်းခမ်းလိတ် ၆၀ ပြည့်
ဧပြီ ၂၉ စော်ဘွားများ အာဏာစွန့် နှစ် ၅၀ ပြည့်

ရတနာပုံ နေပြည်တော် သတင်းစာ အယ်ဒီတာ ဘိုးဝဇီရ (၁၈၄၉-၁၉၃၆) ဧပြီမှာ ၁၆၀ ပြည့်

မေ ၉ မှာ ဆရာ ထင်လင်း (၁၉၁၉-၁၉၉၆) ၉၀ ပြည့်

မေ ၁၀ မှာ ဆရာ ဒဂုန်တာရာ ၉၀ ပြည့်

ပါမောက္ခချုပ် ဒေါက်တာ စည်သူ ထင်အောင် (၁၉၀၉-၁၉၇၈) က မေ ၁၈ မှာ ၁၀၀ ပြည့်

မေ ၁၉ ကျတော့ သော်တာဆွေ (၁၉၁၉-၁၉၉၅) ၉၀ ပြည့်

မန္တလေး မြို့ တည်တာက မေ ၂၂ မှာ နှစ် ၁၅၀ (ရန်ကုန်ကို အင်္ဂလိပ် ပြန်တည်တာထက် နောက်ကျ)

မေ ၂၃ မှာပဲ ဆရာ မြသန်းတင့် (၁၉၂၉-၁၉၉၈) ၈၀ ပြည့်

သိပ္ပံမောင်ဝ (၁၈၉၉-၁၉၄၂)က ဇွန် ၅ မှာ ၁၁၀ ပြည့်

ဇူလိုင် ၁ မှာ လက်ရှိ ဝါအရင့်ဆုံး မြန်မာသမိုင်းဆရာ မကြန် ၉၀ ပြည့်



မယ်ခခွေး ( ပြည်ခင်ခင်၊ ကက်သလင်းခင်ခင်) (၁၉၀၉-၁၉၉၅)က ဇူလိုင် ၇ မှာ ၁၀၀

ဇူလိုင် ၇ မှာပဲ ဘေပုရှိန် အင်္ဂလန် နန်းမြေသွားတာက နှစ် ၉၀

အပျိုပေါက်၊ လူပျိုပေါက် စာအုပ်နဲ့  ခလေးလေးတွေကို ပညာပြခဲ့တဲ့ ဆရာညို (ပါမောက္ခ ဒေါက်တာ မောင်မောင်ညို)က ဇူလိုင် ၂၁ မှာ ၇၀

အောက်တိုဘာ ၂၄ (ကုလသမဂ္ဂနေ့ ) မှာ ဆရာကြီး ဝဏ္ဏကျော်ထင် ရွှေဥဒေါင်း (၁၈၈၉-၁၉၇၃) ၁၂၀ ပြည့်

အဖိုးနဲ့ အမျိုးမကင်းတဲ့ ဆရာ သင်္ခါ (၁၉၀၉-၁၉၉၇)က အောက်တိုဘာ ၃ဝမှာ ၁၀၀ ပြည့်



ဘဏ္ဍာရေး ဝန်ကြီးဖြစ်ဖူးတဲ့ ရခိုင်ညီနောင်ထဲက အိုင်စီအက်စ် ဦးကျော်မင်း (၁၈၉၉-၁၉၈၅)က နိုဝင်ဘာ ၁၅ မှာ ၁၁၀

မဆလနဲ့  မြဝတီရဲ့  ဖခင်တဦးဖြစ်တဲ့ ဂျာနယ်ကျော်စောဦး (၁၉၁၉-၁၉၉၁)က နိုဝင်ဘာ ၁၈ မှာ ၉၀ ပြည့်

တံငါဝတ္ထုတွေရေးတဲ့ မောင်သိက္ခာ (၁၉၂၉-၁၉၈၂) လည်း နိုဝင်ဘာ ၂၁ မှာ ၈၀ ပြည့်

ဗိုလ်မှူးချုပ်ဟောင်း သရေစည်သူ ကျော်ဇော (ရဲဘော်သုံးကျိပ်) က ဒီဇင်ဘာ ၃ မှာ ၉၀



ဆောင်းဝင်းလတ် ဒီဇင်ဘာ ၉မှာ ၆၀ပြည့်

ဒီဇင်ဘာ ၁၃ မှာ နျူးယော့က ဒေါ်ကြည်အေး ၈၀ပြည့်

ဒီနှစ်ထဲမှာ-

ပထမဆုံး သတင်းစာဆရာမ သုံးဆယ်မြို့  စကြာဝဠာ ပုံနှိပ်တိုက်ရှင် မဖွားရှင် (၁၈၇၉-၁၉၅၇) ၁၃၀ ပြည့်

မန္တလေး ဈေးချို နာရီစင် ၁၀၀ ပြည့်

၁၉၇၀ကျော်က ဗမာပြည်မှာလုပ်သည်နဲ့  ပေါက်သွားခဲ့တဲ့ ဆရာ မာန်မြင့်၊ ဘတ်စ်ဆဲလား ဆရာကြီး ဆရာဖေ (ဖေမြင့်)၊ ဆရာ မြင့်သန်း၊ မြနှောင်းညို တို့ လည်း ၆၀ပြည့်

ဆူးငှက်နဲ့  စုထားက ၅၀ပြည့်

ကျွန်းဆွယ်ပွဲ အရေးအခင်း က အနှစ် ၄၀ ပြည့်

(ရှိစုရှိမဲ့ အထောက်အထားနဲ့ပဲ ကွန်ပိုင်းလ် လိုက်ရတယ်)

ဘိုဘိုလန်းစင်

Ref: (www.kaungkin.com က တဆင့်ကူးယူဖော်ပြပါတယ်)

Read More...

အပေါ်သို့