မျိုးမင်းထွန်း ဧရာဝတီတိုင်း(မြစ်မခ)
8 Sep, 2012
သတင်းရေးသားဖော်ပြရာတွင် ဂုဏ်သိက္ခာကျဆင်းစေသည့် ရေးသားချက်များအား ထည့်သွင်း ဖော်ပြပေးထားသည်ဟုဆိုကာ ပုသိမ်မြို့ရှိ လက်ဘက်ရည်ဆိုင်ပိုင်ရှင်တစ်ဦးမှ Flower News အယ်ဒီတာဦးကျော်စွာမင်းအား တရားစွဲဆိုထားမှုကို ပုသိမ်ခရိုင် တရားလွှတ်တော်မှ ထပ်မံ ပလပ်ခဲ့ကြောင်း သိရှိရသည်။
“အမှုကို ပထမဆုံးမြို့နယ်တရားရုံးသို့တင်ထားစဉ်ကလည်း မြို့နယ်က ပလပ်ခဲ့တာပါ၊ အဲ့ဒါကို မကျေနပ်လို့ခရိုင်ကို ဆက်တင်တာ ဒါပေမဲ့ မှန်ကန်တဲ့ သတင်းပေးချက်ဖြစ်နေတော့ ဂုဏ်သိက္ခာ ကျဆင်းတယ်လို့ ဆိုလို့မရဘူး ဒါကြောင့် ခရိုင်ကလည်း ထပ်ပြီးပ လပ် ခဲ့တာပါ “ဟု ပုသိမ်ခရိုင် တရားလွှတ်တော်တရားသူကြီးတစ်ဦးက ပြောသည်။
ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်းက ဖြစ်ပွားခဲ့သော(၁၂)နှစ်အရွယ်မိန်းကလေးတစ်ဦးအား အစ်ကိုဝမ်းကွဲတော်စပ်သူမှ မဖွယ်မရာ ကြံစည်ခဲ့မှုအား ဖော်ထုတ်ရေးသားရာတွင် မိန်းကလေး ဖြစ်သူ၏ ရဲစခန်းတွင် ထွက်ဆိုသော ကနဦး ထွက်ဆိုချက်ပါ ဦးလေးဖြစ် သူ ဦးဇော်ဝင်းထံသို့ သွားရောက်စဉ်က ၄င်း၏နာမည်ကိုဖော်ပြခဲ့သည့်အတွက် ယခုကဲ့သို့ တရားစွဲဆိုခံခဲ့ရခြင်း ဖြစ်သည်။
“သတင်းသမားဖြစ်လာပြီဆိုကတည်းက ကျင့်ဝတ်ဆိုတာ ခါးဝတ်ပုဆိုးလို မြဲပြီးပါလာပြီးသားပါ၊ ဒီသတင်းကို ရေးတယ်ဆိုတာက လည်း ဒီခေတ်ထဲမှာ အဲ့ဒီအရွယ်တွေရဲ့ ခန္တာကိုယ်ဖွံ့ဖြိုးမှုအရ ပြစ်မှု ကျူးလွန်သူတွေရဲ့ ပစ်မှတ်ဖြစ်လာတာကြောင့် သူတို့ကိုယ် တိုင်ရယ် မိဘညီအစ်ကို မောင်နှမတွေ ကပါ၊ ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ရမယ့် အသိတရားတွေရအောင် စတုတ္ထမဏ္ဍိုင် မီဒီ ယာသမား တစ်ဦးအနေနဲ့ ကိုယ့်တာဝန်ကိုယ်ကျေပွန်အောင် ထမ်းဆောင်တဲ့သဘောပါ”ဟု ထိုသတင်း အား ဖော်ထုတ်ရေး သား ခဲ့သူ ရန်ကုန်မီဒီယာဂရု(ပ်)မှ နယ်သတင်းထောက် ဦးစိုးညွှန့် (စိုးစိုးပုသိမ်)က ပြောသည်။
ပုသိမ်ခရိုင်တရားရုံးကအမိန့်ချမှတ်ရာတွင်လည်း ယခုအခါတွင်အရွယ် မရောက်သေးသူမိန်းကလေးများကိုမုဒိမ်းမှုကျူးလွန်ခြင်း များ သည်မြန်မာနိုင်ငံနေရာအနှံ့အပြားတွင့်ဖြစ်ပေါ်နေကြောင်း၊အချို့ဖြစ်ရပ်များမှာကိုယ့်သွေးသားရင်းအုပ်ထိန်းသူက ပင်ပြန်လည်ကျူးလွန် သောဆိုးဆိုးရွားရွားဖြစ်ရပ်များအားနေရာအနှံ့၌ဖြစ်ပွားနေကြောင်း၊သတင်းဂျာနယ်များ ယခုကဲ့သို့ပညာပေးဖော်ပြချက်များကို ဖတ်ရှု ပြီးမှ သတိထားရှောင်ရှား နိုင်မည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။
“ပြည်သူတွေက လူ့အဖွဲ့အစည်းအတွင်းမှာ မီဒီယာကဏ္ဍရဲ့ တာဝန်ယူထားရတဲ့အပိုင်းကို ကျယ်ကျယ်ပြန့်ပြန့် နားလည်ဖို့ လိုပါ တယ်၊ အားလုံးက အခုတော့ ပုံသွင်းခံထားရတဲ့ အတိုင်းပဲ၊ မီဒီယာကိုပဲ တစ်ဆိတ်ရှိ မဲဖို့ လုပ်နေတာ၊ ဒီအမြင်တွေကို ပြုပြင်သွား ဖို့ အားလုံးမှာ တာဝန်ရှိတယ်” ဟု အဆိုပါဖြစ်ရပ်နှင့် ပတ်သက်၍ Eleven Media Group မှ နယ်သတင်းထောက် ကို သက်မွန်အေး(သက်ဆွေ-ပုသိမ်) က ပြောသည်။
ယခုအချိန်အထိ မီဒီယာအပေါ် အမြင်စောင်းနေသော အချို့ဒေသခံများနှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းအချို့ကိုမေးမြန်းရန် ခက်ခဲချိန် တွင် နယ်သတင်းများ၏ ရပ်တည်မှုကို မစာနာသော အချို့မီဒီယာလုပ်ငန်းရှင်များနှင့် လက်တွဲလုပ်ကိုင်နေရခြင်းမှာ မိသားစုရပ် တည်မှုအတွက်ပါအခက်အခဲဖြစ်ပေါ်နေချိန်ယခုကဲ့သို့တရားစွဲဆိုမှုကြောင့် နယ်သတင်းထောက်များ ရှားပါးလာနိုင်ကြောင်း နယ် သတင်းထောက်များက သုံးသပ် ကြသည်။
Ref: မြစ်မခ
Showing posts with labelူသတင်း. Show all posts
Showing posts with labelူသတင်း. Show all posts
Monday, September 10, 2012
Flower News အယ်ဒီတာကို လက်ဖက်ရည်ဆိုင်ပိုင်ရှင်က တရားစွဲဆိုမှုအား ခရိုင်မှ ထပ်မံပလပ်
Labels:
ူသတင်း
Subscribe to:
Posts (Atom)



BBC News
VOA News
DVB News
RFA News
မဇ္ဈိမ
ဧရာဝတီ
နေ့သစ်
သျှမ်းသံတော်ဆင့်
ကရင်သတင်းစဉ်
ကောင်းဝါ
ကချင်သတင်းစဉ်
ယနေ့မြန်မာ
ကန္တာရဝတီ တိုင်းမ်
ငုရင်ပြင်
ရိုးမ (၃)
မိုးမခ
ဟစ်တိုင်
ဟံသာဝတီ
နိရဉ္စရာ
ခေတ်လူငယ်
မြို့တော်ပုသိမ်သတင်းစဉ်
မြန်မာသတင်းရပ်ဝန်း
ရိုးရာလေး
Mandalay Gazette
People Media Voice
KIC News
BNI News
Burma Daily
Burma Digest
Burma Net
Kaladan
Network Media Group Rebound 88