■ ဦးဝင်းတင် ပထမဆုံး နယ်ဝေးခရီး ထွက်ခွင့်ရ သတင်း
■ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ပထမဆုံးအကြိမ် အစည်းအဝေး ကျင်းပ သတင်း
■ အန်အယ်လ်ဒီ ပြည်နယ်/တိုင်း ဗဟိုအလုပ်အမှုဆောင် ပြင်ဆင်ဖွဲ့စည်းမည် သတင်း
■ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဘတ်စကားပေါ် ဓာတ်ပုံဖြန့်ဝေ သတင်း
■ ဒေါ်အောင်ဆန်းစုကြည်အမှု ပြင်ဆင်လျှောက်ထားချက် ဗဟိုတရားရုံးချုပ် အပြီးသတ် ကြားနာ သတင်း
■ ဒေါ်အောင်ဆန်းစုကြည် လွတ်လာလိမ့်မည်ဟု ရှေ့နေများ မျှော်လင့် သတင်း
■ အန္တရာယ်ကြားက ပြည်တွင်းသတင်းထောက်များကို ကာကွယ်ကူညီပေးဖို့ သတင်း
■ နိုင်ငံရေးသမား (၂၀) ကျော် အမှု တလအတွင်း စီရင်ဖွယ်ရှိ သတင်း
■ နိုင်ငံရေးအကျဉ်းသား ထောင်ဝင်စာ အပိတ်ခံရ သတင်း
■ ညီညီအောင်ကို မိသားစုနှင့် ထောင်ဝင်စာတွေ့ခွင့် ထပ်မံကန့်သတ် သတင်း
■ မြစ်ဆုံရေလှောင်တမံ (၂၄) နာရီကြာ ၀တ်ပြုဆုတောင်းပွဲ စတင် သတင်း
■ တိုင်းမှူး၏ နေကြာစီမံကိန်းကြောင့် ဘိုကလေး လယ်သမားများ အခက်တွေ့ သတင်း
■ ပေါက်ယူချန်း၏ စစ်ရေးသတိရှိရန် မိန့်ခွန်း ဝတပ်ဖွဲ့တီဗွီမှ ထုတ်လွှင့် သတင်း
■ မြန်မာအမျိုးသားမှတ်ပုံတင်ကို ကိုင်ပြီး ဘုရားဖူးသွားသူ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား (၁၂) ဦး ထောင် (၆) လစီ ချမှတ်ခံရ သတင်း
■ ရိုဟင်ဂျာဝင်ရောက်မူ ကာကွယ်တားဆီးရေး အစိုးရထံ အချက် (၇) ချက်ကို တောင်းဆို သတင်း
■ 800 MHz ဖုန်းများ ရန်ကုန်တွင် ချထားပေးပြီ သတင်း
■ ရှမ်းချစ်သူများနေ့ လူကုန်ကူးမှု ပညာပေးဟောပြော သတင်း
■ ကျောင်းဆရာတဦးကို နအဖ စစ်ဗိုလ်များက အရက်မူးပြီး မတရား ရိုက်နှက် သတင်း
■ ထောက်ခံစာဖြင့်သာ ဖုန်းဝယ်ယူနိုင် သတင်း
■ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်နှင့် ခေါင်းဆောင်မှုပြဿနာ (ဆောင်းပါး)
■ အမေရိကား၌ အိမ်နောက်ဖေး ဈေးဆိုင်တည်ခြင်း (ဆောင်းပါး)
■ အလုပ်သမားရပိုင်ခွင့် အလုပ်သမားသမဂ္ဂများကသာ မြှင့်တင်နိုင်မည် (ဆောင်းပါး)
■ အခြေခံဥပဒေအသစ်နှင့် ကြံ့ဖွံ့အခန်းကဏ္ဍ (ဆောင်းပါး)
■ ပိတောက်တွေလှိုင်တဲ့ နှစ်၊ ခမောက်တွေနိုင်တဲ့ ခေတ် (ဆောင်းပါး)
Tuesday, January 19, 2010
နေ့စဉ်သတင်းများ ( ၁၈ - ၁ - ၁၀)
မြန်မာနိုင်ငံရဲ့ဒုတိယ အကြီးဆုံးဖြစ်သော နယ်စပ်ကုန်သွယ်ရေးရှိ အကောက်ခွန် ၀န်ထမ်းများ ပြည်သူ၏ မျက်နှာကို မကြည့်ဘဲ တဘို့တည်းသာ ကြည့်နေခြင်း
Saturday, January 16, 2010
အပေါ်မှာရေးထားသောစာသားများသည် အကောက်ခွန် ၀န်ထမ်းများအဖို့တော့ ရှက်ရမည့် အစား ပန်းနှင့် ပေါက်နေသလိုပင် ဖြစ်နေပါလိမ့်မည်...
အကောက်ခွန်ဌာန၏ အမျိုးမျိုးသော လာဘ်စားမှုများသည် မည်သူ့ကို ထိခိုက်စေသနည်း.. မည်မျှထိ ဆိုးကျိုး ထိရောက်သနည်း… ဒီမိုမီဒီယာတွေ ဘာကြောင့် ဒီအကောက်ခွန်တွေရဲ့ လာဘ်စားမှုတွေ အမြဲလိုလို ထောက်ပြ နေရတာလဲ..
အဲဒါ တွေကို မရှင်းမီ အခု မြ၀တီမှာ ကြည့်မကောင်းအောင် မြင်နေရသော တရားမ၀င် ပစ္စည်း သယ်ယူမှုကို ကြည့်ပါလေ.. မြင်တတ်သူတိုင်း မြင်ပါလိမ့်မည်…
- လျှပ်စစ်ပစ္စည်း အမျိုးမျိုး
- အထည်အလိပ် အမျိုးမျိုး
- ဂတ်စ်အိုးနှင့် ဆက်စပ်ပစ္စည်း အမျိုးမျိုး
- ကားနှင့်ပတ်သတ်သည့်စက်ပစ္စည်း အမျိုးမျိုး
- အလှကုန် အမျိုးမျိုး
- လူသုံးကုန်ပစ္စည်းမျိုးစုံ
- ဆိုင်ကယ်နှင့် ဆက်စပ်ပစ္စည်း အမျိုးမျိုး
- ဆောက်လုပ်ရေးပစ္စည်း အမျိုးမျိုး
များကို မယ်ဆောက်တခွင် ပြဲပြဲစင်အောင် မြ၀တီမှ Light Track ၊ Town Ace၊ Hilux များ တင်ဆောင်ကြသည်.. သူတို့သည် မည့်သည် အခွန်မှ ပေးဆောင်စရာ မလိုပါ..
မည်သည့် အစစ်အဆေးကိုမှလည်း မခံရပါ…ဘာကြောင့်ပါလဲ
ရှင်းရှင်းလေးပါ….သူတို့အကောက်ခွန်ဝန်ထမ်းများ၏ ရှိသမျှ ဒွါရ ခြောက်ပေါက်လုံးကို တန်ဖိုး မရှိသော ပိုက်ဆံနှင့် ထိုးထားလေသည်… ကားတစ်စီး စီ တစ်ခေါက်ကို ဘတ် ၃၀၀၀ ယူပြီး အကောက်ခွန် ၀န်ထမ်းများ အိတ် မတရားဖောင်း နေကြသည်.. ကားတစ်စီးသည် တစ်နေ့ကို ၁ ခေါက်မှ ၅ ခေါက်ဝန်းကျင် ကားနောက်ခန်း ပြည့်ကျပ်ပြီး ခေါင်းထောင်နေအောင် တရားမ၀င် ပစ္စည်းမျိုးစုံကို သယ်သည်.. အဲဒီလို ကားပေါင်းစုံ၏ သယ်ယူသည့် အားသည် တစ်နေ့တည်းတွင်ပင် ၁၀ ဘီးကား ၁၀ စီးစာနဲ့ ညီမျှနေလေသည်… ကားအားလုံး နီးပါးသည် ပစ္စည်းကို ပုံစံမျိုးစုံနှင့် ချည်နှောင်ပြီး သယ်နေကြသည်…. တရားဝင်ပစ္စည်း သယ်ယူသည့် ကားများကို တချက်လောက် ကြည့်ကြည့်ပါ… ဒီလို တရားဝင်ကုန် သွယ်ခွင့်ရအောင် နေပြည်တော် ရုံးအဆင့်ဆင့်ကို လျှောက်လွာ တင်ရလေသည်…. အခွန်ဆောင်ထားသည့် ကုမ္မဏီ တစ်ခုကိုလည်း ထောင်ထားရသည်…ပြီးမှ ပို့ကုန်ဖြစ်သော ဆန်၊ ပြောင်း၊ နှမ်း၊ ပဲမျိုးစုံ နှင့် ပရိဘောဂ အစရှိသော ပစ္စည်းများကို ပို့ရလေသည်… ထိုပို့ကုန်ဖြစ် ဒေါ်လာရမှ သူတင်သွင်းချင်သည့် သွင်းကုန်ကို ပစ္စည်း အမည် တိတိကျကျ ဖော်ပြ၍ နိုင်ငံတော်က သတ်မှတ်နှုန်းထား အတိုင်း အခွန်ပေးချေပြီးမှ သွင်းခွင့်ရသည်… ထိုသွင်းကုန်သည်လည်း လျှောက်ထားပြီး ခွင့်ပြုချက်ရမှ တင်သွင်းရခြင်းဖြစ်သည်…
ထိုင်း - မြန်မာ ချစ်ကြည်ရေးတံတားပေါ်မှ ပစ္စည်းတင်သွင်းလာသည့် အခါတွင်လည်း အကောက်ခွန် ဂိတ်တွင် ပစ္စည်းတစ်ခုချင်းစီ ကို လျှောက်လွာနှင့် တိုက်ဆိုင် စစ်ဆေးပါသေးသည်…
ဒီလိုဘာကြောင့်နိုင်ငံတော်က လုပ်ရပါသလဲ…
နည်းပညာခေတ်ကြီးတွင် အင်အားကြီးနိင်ငံတွေ၏ စွန့်ပစ် ပစ္စည်းများသည် ဖွံ့ဖြိုးဆဲ နိုင်ငံထဲတွင် ဈေးကွက်ကြီး တစ်ခု ဖြစ်လာလေသည်… သူတို့ဆီက အမှိုက်သည် ကိုယ့်ဆီမှ ရွေဖြစ်နေသည့် အခါ အလုံးအရင်းနှင့် ၀င်လာလေသည်… ထိုအခါတွင် ကြောက်စရာ အကောင်းဆုံး စီးပွားရေး ကျွန်ပြုမှုကြီး ဖြစ်လာလေသည်… တိုင်းပြည်၏ ပိုက်ဆံသည် လုံးဝ တန်ဖိုးမရှိသည့် အဆင့်ကို ထိုးဆင်းသွားသည်… တိုင်းရင်းသား လုပ်ငန်းရှင်တွေ၊ တနိုင်တပိုင် ထောင်ထားသော လျှပ်စစ်စက်ရုံလေးတွေ၊ ပလပ်စတစ် စက်ရုံလေးတွေ၊ တရွာလုံး ယက်ကန်းရက်ပြီး အသက်မွေးတဲ့ ယက်ကန်းစင်လေးတွေ၊ ကာယ နှင့် ဥာဏ အားကိုးပြီး ဆင်ထားတဲ့ ကားတွေ၊ မိတ်ကပ်၊ ပေါင်ဒါ ထုတ်ပြီးစားနေတဲ မိသားစု လုပ်ငန်းလေးတွေ၊ သန်လျှက်လေး၊ ရေအိုးလေးလုပ်ပြီး ခြေတိုအောင် လိုက်ရောင်းပြီး အသက်မွေးရတဲ့ ပြည်သူ သန်းပေါင်းများစွာဟာ အလုပ်လက်မဲ့တွေ ဖြစ်ကုန်ပြီပေါ့ဗျာ ……………
ဒီလိုအလုပ်လက်မဲ့ဖြစ်သွားတဲ့ပြည်သူတွေ သန်းနှင့်ချီအောင် ဖြစ်နေပါပြီ… တကယ်ကို ဖြစ်ခဲ့တဲ့ အဖြစ်လေး တစ်ခုကတော့… “တရွာလုံး ဆိုင်ကယ်မှာ ထည့်တဲ့ စပရိန်လေးကို ထုတ်ပြီး အသက်မွေးနေတာ ကနေ ကုန်သည်က တရုတ်ကနေ ဖေါ်ဖေါ်သီသီနဲ့ အကောက်ခွန် ဌာနကို ပိုက်ဆံပေးပြီး တန်နဲ့ချီ သွင်းလိုက်တာ ရွာလုံးကျွတ် ထမင်းအိုး ကွဲသွားကြပါတယ်ဗျာ”…. အခုဆို ကားလုပ်ငန်းတွေလည်း ရပ်ဆိုင်းလုနီးပါး ဖြစ်နေပါပြီ..
ဘာကြောင့်လဲဆိုတော့………… ထိုင်းဘက်ကမ်းမှာ ကြောက်စရာကောင်းလောက်အောင် သူများနိုင်ငံ အမှိုက်ပုံ ကားတွေက တောင်လို ပုံနေပြီလေ…
ဒါကြောင့် မြ၀တီရှိ အကောက်ခွန် ၀န်ထမ်းတွေသည် သန်းကြွယ် သူဌေးဖြစ်ဖို့ အမျှော်မှန်းကြီး မှန်းနေလေပြီ.. အကောက်ခွန် ၀န်ထမ်းတွေ ကြွယ်ဝ ချမ်းသာဖို့ အတွက် တိုင်းပြည်က လခ ပေးပြီး ခန့်ထားသလိုတောင် ဖြစ်နေပါပြီ။
…ဘယ်လောက်တောင်လဲဆိုတော့ ထိုင်းနိုင်ငံကထုတ်ပြန်သော တိုင်း - မြန်မာ ၂၀၀၉ တွင် ကုန်သွယ်မှု ပမာဏသည် အမေရိကန် ဒေါ်လာ ၇၂၄ သန်း ရှိခဲ့လေသည်.. သို့ပေမယ့် အကောက်ခွန် ၀န်ထမ်းများတွေ၏ လောဘဇောတိုက် ငွေများကိုပါ ထည့်သွင်း ရေလိုက်ပါက အမေရိကန်ဒေါ်လာ သန်း ၁၀၀၀ ကျော်သွားပေလိမ့်မည်.... တိုင်းပြည် ငတ်အောင်လုပ်မယ့် သူတွေကိုမှ ဒီတာဝန်ကို ပေးရလေခြင်းဗျာ......................
…မဖြစ်စလောက်ဘဲနဲ့ရလိုက်သောပိုက်ဆံသည် မြန်မာပြည်သူ အတတ်ပညာရှင်တွေ သန်းနှင့်ချီပြီး အလုပ်လက်မဲ့ ဖြစ်စေပါသည်…. တို့ထက်လည်း ခန့်မှန်း၍ မရနိုင်သော ဆိုးကျိုးတွေ အများကြီး ဖြစ်နိုင်ပါသည်……….
မည်သို့ပင်ဆိုစေ ၂၀၀၉ နှစ်ကုန်ခါနီးမှ ရောက်လာသော အကောက်ခွန် ၀န်ထမ်းများ၏ လုပ်ရပ်သည် ယုတ်မာ မိုင်းရိုင်း လှသည်…. ထိုကားများသည် အရင် ကတည်းကလည်း ပြေးနေသည်…အခုလည်း ပြေးနေသည်…ဒါပေမယ့် ဦးတည်ချက်ချင်း မတူတော့ချေ……. အရင် ကားများသည် မြန်မာပြည်သားတွေ အဆင်ပြေစေရေးကို ဦးတည်ပေမယ့် အခုလက်ရှိကားများကတော့ လူသည် ပဓာနမဟုတ်…..ပစ္စည်းသာ အဓိက ဖြစ်နေလေပြီ…..မြင်မကောင်း ရှုမကောင်းအောင်တင်ပြီး တဖက်နိုင်ငံမှ ထွက်သော ပစ္စည်းများကို ကိုယ့်အိမ်မှ ပစ္စည်းကဲ့သို့ အခေါက်ခေါက် အခါခါ ကဲ့ယူ နေပုံကတော့ဖြင့် မြ၀တီ အကောက်ခွန် ၀န်ထမ်းတွေ ဘယ်လောက်တောင် စည်းပျက် ကမ်းပျက်ဖြစ်နေပြီး ပိုက်ဆံကို ငန်းငန်းတတ် လိုချုင်နေသလဲ ဆိုတာကတော့ ချစ်ကြည်ရေး တံတားမှာ ကားပေါ်က အကောက်ခွန်မဲ့ တရားမ၀င် ပစ္စည်း အမြင့်သည် မြန်မာဘက်ကမ်း ချစ်ကြည်ရေး တံတား အမိုးကိုပင် ထိနေပါတကား
……
……………..ရင်လေးစွာဖြင့်……………………………
ကိုသီလ
Monday, January 18, 2010
နေ့စဉ်သတင်းများ ( ၁၇ - ၁ - ၁၀)
■ အကျယ်ချုပ် သက်တမ်းပြည့်တော့မည့် ဦးတင်ဦး ပြန်လွတ်မည်လော သတင်း
■ Google က ထုတ်လုပ်လိုက်တဲ့ Nexus One တယ်လီဖုန်း သတင်း
■ ကဗျာဆရာကြီး (ဦး) တင်မိုး ကွယ်လွန်ခြင်း ၃ နှစ်ပြည့် ဆွမ်းကျွေးအခမ်းအနား မိသားစုနှင့် မိတ်ဆွေတို့ ကျင်းပကြမည် သတင်း
■ နအဖ စစ်ယာဉ်တန်း အစီး (၁၀၀) ခန့် သျှမ်းပြည်အလယ်ပိုင်းသို့ တက်ဖြည့်တင်း သတင်း
■ ကရင်အပစ်ရပ်အဖွဲ့များကို အရှေ့တောင်တိုင်း စစ်တိုင်းမှူး တွေ့ဆုံ သတင်း
■ ၂၀၁၀ ရွေးကောက်ပွဲကို NLD ၀င်ရေး၊ မ၀င်ရေးနဲ့ ပတ်သက်ပြီး ဘလော်ဂါတချို့ရဲ့ အမြင် သတင်း
■ အကျဉ်းထောင်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု ကောင်းမွန်ဟု အာဏာပိုင်တို့ ပြောကြား သတင်း
■ တရားစွဲခံရ၍ လယ်မလုပ်ရသည့် လယ်သမားများ စားဝတ်နေရေး အခက်တွေ့ သတင်း
■ မွန်အမျိုးသားနေ့ ပိုစတာပါ အကြောင်းအရာစာတမ်း မွန်ဘာသာဖြင့် ဖတ်ကြားမည် သတင်း
■ ဆယ်တန်းတွင် မြန်မာစာကျသူ (၂၇) ရာခိုင်နှုန်းရှိဟု ဂုဏ်ထူးဦးသိန်းနိုင် ပြောဆို သတင်း
■ အမေရိကန် သမ္မတသို့ မင်းတုန်းမင်း ပေးပို့သောစာ (အသံလွှင့်ဆောင်းပါး)
■ အရင်က ရေဒီယိုဂျာနယ်လစ်၊ အခုတော့ အချိန်ပြည့် ပန်းချီဆရာ (အင်တာဗျူး)
■ စပိန်နိုင်ငံရေးသမားဓာတ်ပုံကို ဘင်လာဒင်၏ လက်ရှိပုံရိပ်အဖြစ် အမေရိကန် ပုံမှားရိုက် သတင်း
■ EXPO' 2010 ကုန်စည်ပြပွဲ တွက်ချေမကိုက် သတင်း
■ ကြံ့ဖွံ့က လူထုစည်းရုံးရေး တိုးမြှင့် လုပ်ဆောင်လာ သတင်း
■ ပန်းချီဆရာ ဇော်မင်းက ဇင်းမယ်တွင် တကိုယ်တော် ပြမည် (ဓာတ်ပုံသတင်း)
Sunday, January 17, 2010
အထစ်အငေါ့ မရှိသော CEC ဖွဲ့စည်းမှုဟု ဦးဝင်းတင် ပြော
မဇ္ဈိမသတင်းဌာန
သောကြာနေ့၊ ဇန်နဝါရီလ ၁၅ ရက် ၂၀၁၀
ချင်းမိုင် (မဇ္ဈိမ)။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ယခုလ ၁၁ ရက်နေ့တွင် ဗဟို အလုပ်အမှုဆောင် ကော်မတီ - CEC ကို အဖွဲ့ဝင်သစ် ၉ ဦးဖြင့် ထပ်မံ တိုးချဲ့လိုက်ပြီ ဖြစ်သည်။
CEC အဖွဲ့ဝင် ၇ ဦး တက်ရောက်လာနိုင်သည့် အစည်းအဝေးက ထိုကဲ့သို့ ဆုံးဖြတ်ပြီး ဖြစ်သော်လည်း အသစ် ဖွဲ့စည်းပြီး CEC အဖွဲ့ဝင် ဦးရေ ၂ဝ ၏ အမည်စာရင်းကိုမူ ယမန်နေ့ ၁၄ ရက်နေ့ကျမှ တရားဝင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ထိုသို့ ရက်ရွှေ့ဆိုင်းကာ CEC အမည်စာရင်း ထုတ်ပြန်မည်ဟု ပါတီ ပြောခွင့်ရ ပုဂ္ဂိုလ်များက မီဒီယာများသို့ ပြောကြားသည့် အပေါ် အကဲခတ် အချို့က ပါတီတွင်း သဘောထား ကွဲလွဲမှုများ ရှိနိုင်ကြောင်း ခန့်မှန်းသည်များလည်း ရှိခဲ့သည်။
ထို့ကြောင့် မဇ္ဈိမက CEC အဖွဲ့ဝင်တဦးဖြစ်သူ သတင်းစာဆရာကြီး ဦးဝင်းတင်ကို CEC အသစ်တိုးချဲ့ ဖွဲ့စည်းမှု အခြေအနေနှင့် ပတ်သက်၍ တွေ့ဆုံ မေးမြန်းခဲ့ပါသည်။
ဦးဝင်းတင်က လတ်တလော CEC တိုးချဲ့မှုတွင် အထစ်အငေါ့ မရှိသလို၊ ပါတီတွင်း၌ ညီညွတ်မှု တည်ရှိ နေကြောင်းနှင့် ဆက်လက်၍လည်း ညီညွတ်ရေးကို ထိန်းသိမ်း သွားမည့်အကြောင်း ပြောဆို လိုက်ပါသည်။
အသေးစိတ် အခြေအနေကို မဇ္ဈိမ တီဗီသတင်းထောက်က မေးမြန်းထားခြင်း ဖြစ်ပါသည်။
ဦးဝင်းတင် ပြောဆိုချက်များ
အခု NLD ကနေပြီးတော့ CEC တိုးချဲ့ဖွဲ့စည်းလိုက်တယ်ပေါ့ဗျာ။ ဒါဟာ လိုအပ်လာလို့ ကျနော်တို့ လုပ်တာပါ။ ဒီဟာဖွဲ့ဖို့ ကျနော်တို့ စီစဉ်နေတာ ကြာပြီ၊ ညှိနှိုင်းနေတာလည်း ကြာပြီ။ အခုမှ ဖွဲ့ဖြစ်တယ်ပေါ့။ ဒါဟာလည်း အောက်ခြေတို့ ဘာတို့ကလည်း တိုးချဲ့ ဖွဲ့စည်းဖို့ တောင်းဆို နေတာလည်း ကြာပြီ။ အထက်မှာလည်း လိုအပ်ချက်တွေ အရ ဖွဲ့ဖို့ စီစဉ်နေတာလည်း ကြာပြီပေါ့။ အခု ဖွဲ့ဖြစ်တယ်။
ဖွဲ့တဲ့နေရာမှာလည်း အဖုအထစ်၊ အထစ်အငေါ့ မရှိဘဲနဲ့ အပြေပြစ်ဆုံး၊ အချောမောဆုံး ဖြစ်ဖို့ဆိုတဲ့ ရည်ရွယ်ချက် ရှိတယ်။ နောက်တခုက ညီညီညွတ်ညွတ် ဖြစ်အောင်လို့ အရှိနိုင်ဆုံးရှိအောင် လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက် ရှိတယ်။ ဒါကြောင့် အခုဖွဲ့လိုက်တဲ့ CEC အသစ်ဟာ လုပ်ငန်းများကို ချောချောမွေ့မွေ့၊ အထစ်အငေါ့မရှိ ဆောင်ရွက်နိုင်လိမ့်မယ်။ နောက်တချက်ကလည်း ညီညီညွတ်ညွတ်နဲ့ ပေါင်းစည်း လုပ်နိုင်မယ်လို့ ယူဆတယ်။
CEC ဖွဲ့တာက အကုန်လုံး ညီလာခံကြီးတို့၊ အစည်းအဝေးကြီးတို့ လုပ်နိုင်ခြင်း မရှိဘူး။ ကျနော်တို့ လုပ်နိုင်ခြင်း မရှိဘူး။ ကျနော်တို့ ဖွဲ့နိုင်တာကတော့ CEC အဖွဲ့ဆိုတဲ့ နဂိုကတည်းက ၁၄ ဦး အဖွဲ့ရှိတဲ့ အထဲက ၉ ဦးကို CEC အဖွဲ့ဝင် အဖြစ် ကျနော်တို့ သတ်မှတ်တယ် ပေါ့ဗျာ။ အတွေ့အကြုံ ရှိနေတဲ့၊ နဂိုကတည်းက CEC နဲ့ ပူးတွဲပြီးတော့ ခိုင်းတယ်၊ ပြီးတော့ CEC အစည်းအဝေးပြီးတော့ ပြန်ပြီး ညှိနှိုင်းကြတယ် ဆိုတဲ့ အလေ့အကျင့်တွေ အများကြီး ရှိတဲ့ အတွက်ကြောင့် အဲဒီလူတွေရဲ့ လုပ်ရည်ကိုင်ရည်၊ အရည်အချင်း မြင့်မြင့်မားမား ရှိတယ်လို့ ယူဆပါတယ်။ ဒါက တခုပေါ့။
အဖွဲ့တွေ ဖွဲ့တဲ့နေရာမှာ ကျနော်တို့ တတ်နိုင်သမျှ အကျယ်ပြန့်ဆုံး လုပ်ပါတယ်။ ပုံမှန်ကတော့ CEC ထိုင်တဲ့ ၇ ယောက် ရွေးလိုက်တာပဲ။ သို့သော် အဲဒီ ၇ ယောက်ကလည်း ဒီဟာတွေ ဖွဲ့မယ် ဆိုပြန်တော့လည်း ဥက္ကဋ္ဌတို့၊ ဒုဥက္ကဋ္ဌတို့၊ အထွေထွေ အတွင်းရေးမှူး၊ အတွင်းရေးမှူးတို့ စတဲ့ ပုဂ္ဂိုလ်များ ရှေ့ကနေပြီးတော့ တတ်နိုင်သမျှ အကြံဥာဏ်၊ တတ်နိုင်သမျှ သဘောထားတွေ၊ သဘောတူညီချက် မတူညီချက်တွေ ယူတယ်။ ယူပြီးတော့ ဖွဲ့တယ်။ ဒါကြောင့် တတ်နိုင်သမျှ အကောင်းဆုံး အနေအထားနဲ့ CEC ပေါ်ထွက်လာတယ် ပေါ့ဗျာ။
ဘယ်သူဘယ်ဝါ ပါမယ်ဆိုတာ ပြောလို့ မရသေးဘူး။ ဘာလို့ မရသလဲဆိုရင် ကျနော်တို့ ဆုံးဖြတ်ချက် ချတာကတော့ ပြီးခဲ့တဲ့ တနင်္လာနေ့ပေါ့ဗျာ၊ ၁၁ ရက်နေ့က ချောချောမွေ့မွေ့ ပြီးတယ်။ ကျနော်တို့ ဘာမှ အငြင်းပွားခြင်း မရှိဘူးပေါ့ဗျာ။ သို့သော် CEC အမည် စာရင်းများကို ချက်ချင်း ထုတ်ပြန် ကြေညာနိုင်ခြင်း မရှိတဲ့ အခါကျတော့ ဒီမှာ သံသယတွေ ဖြစ်တာပေါ့။ အထစ်အငေါ့တွေ ရှိနေသလား၊ အငြင်းပွားမှုတွေ ရှိနေသလားလို့။ အဲဒါ မဟုတ်ပါဘူးခင်ဗျ။ ဘာ့လို့လဲဆိုတော့ လုပ်ထုံး လုပ်နည်းအရ ကော်မရှင်တို့ ဘာတို့ဆီ စာရင်းပို့ရမယ်။ ကော်မရှင်ကို ပို့တဲ့ စာရင်းကို နအဖတို့ ဘာတို့ ဆိုတဲ့ဆီ၊ အသိပေးရမယ့်၊ အကြောင်းကြားရမယ့် ပုဂ္ဂိုလ်များရှိရင် အကြောင်းကြားရမယ်။ အဲဒါကြောင့်ပါ။
အခု CEC ဖွဲ့လိုက်တဲ့ အဖွဲ့သစ်က အဖွဲ့သစ်မှာ ဘာတွေ လုပ်ကြမလဲ ဆိုတာ စဉ်းစားစရာတွေ ဖြစ်လာတယ်။ လုပ်ငန်းတွေက အောက်ခြေနဲ့ ကျနော်တို့ အထက် အဖွဲ့အစည်း ဆက်ဆံရေးတို့၊ စည်းရုံးရေး လုပ်ငန်းတွေ၊ လူ့အခွင့်အရေး လုပ်ငန်းတွေ စသည်ပေါ့။ လုပ်ငန်းတွေ အများကြီးရှိတဲ့ အထဲမှာ ဒီလုပ်ငန်းတွေမှာ CEC ကို သဘောတူညီစွာနဲ့ ဖွဲ့မယ်။ လုပ်ငန်းတွေရှိတဲ့ အထဲမှာ သူတို့ ကော်မတီက လူတွေပါ ဖော်ထုတ်ပြီးတော့၊ ကျနော်တို့နဲ့ တွဲပြီးတော့ ကျနော်တို့ လုပ်ငန်းတွေ ပိုပြီးတော့ အဆင်ပြေလာမယ်၊ ပိုမို ချောမွေ့လာမယ်၊ ပိုပြီးတော့ ကျယ်ပြန့်လာမယ်၊ သွက်လက်လာမယ်၊ ပိုပြီးတော့ လုပ်ငန်းတွေ ထိရောက်လာလိမ့်မယ်။
CEC အသစ် ပေါ်ထွက်လာတဲ့အတွက် ဒီလုပ်ငန်းနဲ့ပတ်သက်လို့၊ စည်းရုံးရေးတို့၊ ခုနက ပြောခဲ့တဲ့ လူ့အခွင့်အရေး၊ အောက်ခြေနဲ့ ပတ်သက်တဲ့ ကိစ္စတွေ၊ စည်းရုံးရေးကိစ္စတွေ၊ တခြား နိုင်ငံတကာ ဆက်သွယ်ရေး ကိစ္စတွေ၊ အသစ်တွေ ပေါ်လာတဲ့ အခါကျတော့ ဒီလုပ်ငန်းကြီးတွေနဲ့ ပတ်သက်ပြီးတော့ ပြုပြင် ပြောင်းလဲမှုတွေ ကတော့ ပေါ်လာတော့မှာပေါ့။ ဘယ်လို ပြုပြင်ပြောင်းလဲမှု ဆိုတာကိုတော့ ကျနော် ပြောလို့မရပါဘူး။ ဒါကတော့ ညှိနှိုင်းပြီးတော့ လုပ်ကြရမှာပဲ။
သို့သော် CEC အသစ်လိုဟာမျိုး ပေါ်ပေါက်လာပြီ ဆိုကတည်းကိုက ကျနော်တို့ထဲမှာလည်း လုပ်ငန်းဆိုင်ရာ အပြောင်းအလဲတွေ၊ လုပ်ပုံ ကိုင်ပုံတွေကလည်း အသစ်တွေ၊ လုပ်ငန်းသစ်တွေ၊ အတွေးအခေါ်သစ်တွေ၊ လူသစ်တွေ ပေါ်လာမယ်။ CEC အသစ်ကို အသက် သွင်းပြီးရင် အသက်ရှင်လာတဲ့ လူတယောက်လို လုပ်ငန်းဆောင်ရွက်မှုတွေ လုပ်နိုင်အောင်၊ အားပေးကူညီမှုဖြစ်အောင်၊ ဟိတ်ဟန် အပြည့်နဲ့ လုပ်နိုင်အောင် ကျနော်တို့ ဆက်ပြီးတော့ လုပ်သွားကြရမယ်ပေါ့။ လုပ်ငန်းသစ်တွေ၊ အစီအမံ အသစ်တွေ ပေါ်လာမယ်လို့ ယူဆပါတယ်။
မီဒီယာကနေ မေးတယ်။ မေးတိုင်းလည်း ဖြေလိုက်ပါတယ်။ ကျနော့်ကို သဘောထား တင်းမာတယ်၊ တချို့လူများဆို သဘောထား ပျော့တယ် ဆိုတာမျိုးတွေ ပြောနေတယ်။ ဒါလည်း မဟုတ်ဘူး ခင်ဗျာ့။
ပါတီထဲမှာ လူတွေဟာ နိုင်ငံရေးလုပ်တယ်ဆိုကတည်းက အယူအဆတွေ၊ ကိုယ်ပိုင်အယူအဆတွေ၊ ခိုင်မာတဲ့ သဘောထားတွေ ရှိကြလို့ နိုင်ငံရေး လုပ်ကြတာကိုး။ အဲဒီအခါမှာတော့ အကြောင်း အခြေအနေပေါ်မှာ တည်ပြီးတော့ ဒါမှမဟုတ် မူဝါဒ သဘောထားမှာ အခြေ တည်ပြီးတော့၊ လုပ်ငန်းပေါ်မှာ အခြေတည်ပြီးတော့ အယူအဆ မတူညီတဲ့ ဟာတွေတော့ ရှိကောင်း ရှိနိုင်တာပေါ့။ ဘယ်လိုပဲရှိရှိ ကျနော်တို့ ကတော့ ဒါကို သဘောထား ကွဲလွဲတယ်လို့ သဘောမထားဘူး။ အရေးကြီးတာက ဆုံးဖြတ်ချက်၊ ပေါ်ပေါက်လာတဲ့ ဆုံးဖြတ်ချက် တွေပေါ်မှာ တညီတညွတ်ထဲ ရပ်တည်နိုင်သလား ဆိုတဲ့အပေါ်မှာပဲ သဘောထား ညီညွတ်မှုကို အကဲ ဖြတ်နိုင်တယ်လို့ပဲ သဘောထားတယ်။
ကျနော့်ကို သဘောထားတင်းမာတယ်လို့ ပြောတာမျိုးတွေလည်းရှိတယ်။ ကျနော်က အဲဒီလို မထင်ဘူး။ ကျနော်က မူဝါဒတွေအပေါ်မှာ စွဲမြဲတဲ့လူလို့ပဲ ပြောချင်ပါတယ်။ သဘောထား တင်းမာတယ်လို့ မပြောချင်ဘူး။ ဘာလို့မပြောချင်တာလဲဆိုတော့ ကျနော်က သတင်းစာဆရာ လုပ်လာတာ။ သတင်းစာဆရာ ဆိုတာ အယူအဆတွေ မြောက်မြားစွာ၊ အကြောင်းအရာတွေ မြောက်မြားစွာ ထိတွေ့ဆက်ဆံချင်တဲ့လူ၊ လူပေါင်းများစွာနဲ့ ဆက်ဆံချင်တဲ့လူ။ ပြောချင်တယ်၊ နားထောင်ချင်တယ်။ ဒီအကျင့်လေးက ကျနော့်မှာ ဒီနေ့အထိ ရှိတယ်ဗျ။ အဲဒီတော့ ကျနော်ကတော့ အမြဲတမ်းပဲ ဘယ်သူနဲ့ဖြစ်ဖြစ် ညှိညှိနှိုင်းနှိုင်းလုပ်ဖို့၊ အပေးအယူလုပ်ဖို့၊ အကြံဥာဏ်တွေကို နာခံဖို့ဆိုတာ အမြဲတမ်း ဒီအလေ့အထက ရှိပါတယ်။ ဆိုတော့ ကျနော် စောစောက ပြောသလိုပဲ၊ ကျနော်က မူဝါဒမှာ စွဲမြဲတဲ့လူ။
ဥပမာ NLD မှာ ဆိုပါတော့ဗျာ။ မူဝါဒရှိတယ်။ ဥပမာ အာဏာရှင်စနစ် မှန်သမျှကို ကျနော်တို့ ဆန့်ကျင်မယ်။ စစ်မှန်တဲ့ ပြည်ထောင်စုကို ဖော်ထုတ်မယ်၊ တည်ဆောက်မယ် ပေါ့ဗျာ။ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ဆောင်ရွက်မယ်၊ လူအခွင့်အရေးတွေ ပြည့်ဝရေးကို ဆောင်ရွက်မယ်၊ စစ်မှန်တဲ့ ဒီမိုကရေစီ ရရှိရေးကို ဆောင်ရွက်မယ်။ ဒီမူဝါဒတွေ ရှိတယ်။ ဒီမူဝါဒတွေကို လွယ်လွယ်နဲ့ မစွန့်နိုင်ဘူး။ ဒီမူဝါဒအတိုင်း ရပ်တာ။ အလားတူပဲ ကျနော်တို့ ပြီးခဲ့တဲ့နှစ်ထဲ ကျနော်တို့လုပ်ခဲ့တဲ့ ရွှေဂုံတိုင်လိုဟာမျိုး။ ရွှေဂုံတိုင်မှာ ကွန်ကရက်မှာ တွေ့ဆုံဆွေးနွေးရေး တောင်းဆိုတယ်။ ၁၉၉ဝ ရွေးကောက်ပွဲရဲ့ ရလဒ်များကို တနည်းနည်းနဲ့ အသိအမှတ် ပြုရေးကို တောင်းဆိုတယ်။ အကျဉ်းသား အားလုံးကို လွှတ်ပေးရေး တောင်းဆိုတယ်။ အခြေခံဥပဒေ ပြင်ဆင်ရေးကို တောင်းဆိုတယ်။ တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲများ ကျင်းပနိုင်ရေးကို တောင်းဆိုတယ်။ ဆိုတဲ့ဟာတွေက ဒီလို တောင်းဆိုချက်တွေနဲ့ ကျနော်တို့က စွဲစွဲမြဲမြဲ တိုက်မှာပဲ။ ဒီဟာတွေကို ကျနော်တို့ လွှတ်မချနိုင်ဘူး။ ဒါက ကျနော်တို့ရဲ့ ရပ်တည်ချက်ပဲလေ။ ဒီလိုဟာမျိုးတွေမှာ၊ မူဝါဒဆိုင်ရာတွေမှာ၊ တောင်းဆိုချက်တွေမှာ အများသိ ကြေညာထားတဲ့ တောင်းဆိုချက်တွေ၊ လုပ်ငန်းစဉ်တွေ။ ဒါတွေကို ကျနော်တို့ အလွယ်တကူနဲ့ မစွန့်ပစ်နိုင်ဘူးဗျ။ ဒီဟာတွေအပေါ်မှာ စွဲစွဲမြဲမြဲ ရပ်တည်ရမယ်လို့ ကျနော် ယူဆတယ်။ အဲဒီအပေါ်မှာ တည်ပြီးတော့ လူတွေက အမျိုးမျိုး ထင်ကြေးပေးကြ၊ ပြောကြဆိုကြပေါ့။
နောက်တခုက ဘာလဲဆိုတော့ ကျနော်တို့ အကြောင်းတွေကို ရေးတဲ့နေရာမှာ ရေးတဲ့ လူကလည်း ပြည်ပမှာ နေတဲ့ လူဗျာ။ နောက်တခါ ဖော်ပြတဲ့ သတင်းစာကလည်း ပြည်ပက သတင်းစာ။ ဆိုတဲ့ အခါကျတော့ ကျနော်တို့က ကျန်တဲ့ အထောက်အထားနဲ့၊ အကိုးအကားနဲ့၊ စာနဲ့ပေနဲ့ ရှိတဲ့ ကျနော်တို့ရဲ့ ဆုံးဖြတ်ချက်တွေ၊ တောင်းဆိုချက်တွေ၊ မူဝါဒတွေနဲ့ ပတ်သက်လို့ ဘယ်လို ဘယ်လိုတော့ သဘောရှိတယ် ဆိုတာ ရေးတာက အပြင်က လူကလည်း ရေးလို့ရတယ်၊ အထဲကလူကလည်း ရေးလို့ရတယ်။ ဒါပေမဲ့ အတွင်းမှာရှိတဲ့၊ ပြည်ထဲမှာရှိတဲ့ လူပုဂ္ဂိုလ်တဦး နှစ်ဦးချင်းရဲ့ ဆက်ဆံရေးကို ပြည်ပက နေပြီးတော့ တယ်ပြီးတော့ ယုံကြည်စိတ်ချရတဲ့ အနေအထားလည်း မရှိဘူး၊ မှန်လည်း မမှန်ဘူး၊ ကောင်းလည်း မကောင်းဘူး။
အဲ့ဒီတော့ ဘာပဲဖြစ်ဖြစ် ကျနော်ဆိုရင် အမြဲတမ်း ညီညွတ်ရေးကို ဦးထိပ်ပန်ဆင်ပြီးတော့ လုပ်နေတာပဲ။ အမြဲတမ်း အလျှော့ပေးဖို့၊ အမြဲတမ်း လိုက်လျောဖို့၊ အမြဲတမ်း ညှိနှိုင်းဖို့၊ အမြဲတမ်း ဆက်စပ်မှုကို ဖော်ထုတ်ဖို့ကို ကျနော်တို့ လုပ်နေတာပဲ။ ဒါကြောင့်လည်း ရွှေဂုံတိုင် အစည်းအဝေးမှာ ပြောခဲ့တဲ့ ကျနော့် မိန့်ခွန်းတွေမှာ ဆိုလို့ရှိရင် မူလဘူတ မူဝါဒတွေ၊ မူလဘူတ တောင်းဆိုချက်တွေကို ကျနော်တို့ မစွန့်ပစ်နိုင်ဘူး။ ၂ က ကျနော်တို့ ညီညွတ်ရေးကို လုပ်မယ်။ ၃ က လူထုကို မျက်နှာ မငယ်စေမယ့် နိုင်ငံရေးကို လုပ်မယ် ဆိုတဲ့ ကျနော်တို့ သဘောထား ၃ ရပ်ကိုလည်း အတိအလင်း ပြောဆို ကြေညာပြီး ဖြစ်ပါတယ်။ ကျနော်တို့ ဒီအတိုင်းပဲ ကျနော် ကျင့်သုံး နေပါတယ်။
အဲဒီတော့ ပါတီအတွင်းမှာ ညီညွတ်ရေးတွေဘာတွေ မရှိဘူးဆိုတာက မဟုတ်ပါဘူး။ ပါတီအတွင်းမှာ ကျနော်တို့ ရှိတဲ့အခါရော၊ မရှိတဲ့အခါရောမှာ ……. ဒီနေ့အထိ ညီညွတ်ရေးကို ဦးထိပ် အထားဆုံး၊ အလေးအထားဆုံး ကိစ္စ ဖြစ်ပါတယ်ဆိုတာကို ကျနော် ပြောချင်ပါတယ်။ ဒါကြောင့်လည်း ဒီနေ့အထိ ပါတီဟာ အမျိုးမျိုးသော နိုင်ငံရေး ပြဿနာတွေ၊ လူပုဂ္ဂိုလ် ပြဿနာတွေ ရှိနေသော်ငြားလည်း ဒီနေ့အထိ တည်မြဲ နေတာဟာ ညီညွတ်ရေးရှိတဲ့ လက္ခဏာပဲလို့ ပြောလိုပါတယ်။ အဲဒါကို ကျနော်တို့ နောက်ထပ် ဆက်လက်ပြီးတော့လည်း ထိန်းသိမ်းသွားမှာ၊ ကာကွယ် စောင့်ရှောက်သွားမှာ၊ ကျင့်သုံးသွားမှာ ဖြစ်တယ်လို့ ပြောချင်ပါတယ်။
Ref: မဇ္ဈိမ
နေ့စဉ်သတင်းများ ( ၁၆ - ၁ - ၁၀)
■ မြန်မာပြည်ရောက် အမေရိကန်ပညာရှင်အဖွဲ့ NLD နဲ့ ဆွေးနွေး သတင်း
■ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန်ပါမောက္ခ တွေ့ဆုံဆွေးနွေး သတင်း
■ အဖွဲ့ချုပ် ရေနံချောင်း အမျိုးသမီးလုပ်ငန်းအဖွဲ့ ဖွဲ့မည် သတင်း
■ ရွေးကောက်ပွဲလုပ်မယ့်ရက်ကို မကြေညာရဲတဲ့ နအဖ သတင်း
■ မြန်မာ့အရေး ဆွေးနွေးပွဲ ကျင်းပ သတင်း
■ နှစ်လကြာ စစ်ဆေးခံနေရသည့် မီဒီယာသမားနှစ်ဦးကို အင်းစိန်ထောင် ပြန်ပို့ သတင်း
■ ရွေးကောက်ပွဲဥပဒေ (၇၀) ရာခိုင်နှုန်း ပြီးစီးနေပြီဟု နအဖနိုင်ငံခြားရေးဝန်ကြီးက ပြော သတင်း
■ နအဖနိုင်ငံခြားရေးဝန်ကြီးကို ဂျပန်ရောက် မြန်မာများက ဆန္ဒပြမည် သတင်း
■ ထူးခြားသည့် နေကြတ်မှုကို စိတ်ဝင်တစား စောင့်ကြည့်သူများရှိ သတင်း
■ စစ်အစိုးရ၏ ရာဇ၀တ်မှုများကို အရေးယူရန် ဗြိတိန်ပါလီမန်အမတ်များ တောင်းဆို သတင်း
■ ဒီကေဘီအေ ပစ်ခတ်မှုကြောင့် ထိုင်းရွာလူကြီးတဦး ဆေးရုံတက်ရ သတင်း
■ စာရေးဆရာကြီး ဦးသုခ နှစ် (၁၀၀) ပြည့် နာရေးကူညီမှုအသင်း (ရန်ကုန်) ကုသိုလ်လုပ် သတင်း
■ အောင်လံက လယ်သမားတဦး သရက်ထောင်မှ လွတ်၊ (၁၆) ဦး ထောင်ကျနေဆဲ သတင်း
■ မြစ်ဝကျွန်းပေါ်မှာ အိမ်သိန်းချီပြီး ပြန်ဆောက်ဖို့ လိုအပ်နေဆဲ သတင်း
■ ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ခွင့် သက်တမ်း (၂) နှစ်တိုး သတင်း
■ ရုပ်ရှင်အကယ်ဒမီပွဲ ကျင်းပရန် စီစဉ်နေ သတင်း
■ ရတနာပုံအသင်း အလိုအလျောက် ချန်ပီယံဖြစ်သွား သတင်း
■ ရိုးတိုးရိပ်တိပ် မျှော်လင့်လာရတဲ့ အစုအပြုံလိုက် ပြန်ပို့မှု (ဆောင်းပါး)
Saturday, January 16, 2010
နေ့စဉ်သတင်းများ ( ၁၅ - ၁ - ၁၀)
■ မြန်မာနိုင်ငံ နေရာအများမှာ နေလုံးဝကြတ်တာ မြင်တွေ့ကြရ သတင်း
■ နေကြတ်ကြည့်သူ နိုင်ငံခြားသားများ ပြည့်နှက် သတင်း
■ ၂၀၁၀ နှစ်သစ် နေကြတ်သည်ကို ရန်ကုန်မှလည်း မြင်တွေ့ခဲ့ရ သတင်း
■ ယနေ့နေကြတ်မှုအပေါ် ရခိုင်ဝေဒနှင့် သမိုင်းသုတေသီတဦး ဟောပြောချက် သတင်း
■ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည်တို့ ထပ်မံတွေ့ဆုံဆွေးနွေး သတင်း
■ အဖွဲ့ချုပ် ဒု-ဥက္ကဌ ဦးတင်ဦး လွတ်မြောက်ရေး ဂျပန်မှာ ယနေ့ ဆန္ဒပြ သတင်း
■ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် (၉) ဦး ထပ်မံတိုးချဲ့ သတင်း
■ ရွေးကောက်ပွဲ ကျင်းပမည်ဟု ကတိထပ်ပေးပြန် သတင်း
■ နအဖ ကျင်းပမည့် ရွေးကောက်ပွဲ တရားမျှတမှု မရှိနိုင်ဟု ဥပဒေအတိုင်ပင်ခံတဦး ထောက်ပြပြောဆို သတင်း
■ ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ကြရန် ရှေ့နေများကောင်စီ တိုက်တွန်း သတင်း
■ ဝန်ထမ်းလစာတိုးပြီးနောက် အခြေခံစားကုန်အချို့ ဈေးနှုန်းတက်လာ သတင်း
■ တရားမ၀င် မြန်မာ (၃၀) ကျော် ထိုင်းရေပိုင်နက်အတွင်း အဖမ်းခံရ သတင်း
■ လူကုန်ကူးခံရသူ မြန်မာအမျိုးသမီး (၃၃) ဦး တရုတ်အာဏာပိုင်တွေ နယ်စပ်က နှင်ထုတ် သတင်း
■ ပထမဆုံး အမျိုးသမီးလေယာဉ်မှူးများ ကောင်းကင်ယံ ပျံတက်မည် သတင်း
■ စစ်အစိုးရကို ပံ့ပိုးသူ လုပ်ငန်းရှင်နှစ်ဦး သီရိပျံချီဘွဲ့ ချီးမြှောက်ခံရ သတင်း
■ ၀ တောင်းဆိုချက် နအဖ မလိုက်လျော သတင်း
■ တပ်သားသစ် တထောင်ကျော် ၀ တပ် စစ်ရေးသင်တန်းဆင်းပွဲ လားဟူအမျိုးသား အများဆုံးပါဝင် သတင်း
■ ချောက်ထဲဆင်းမည့် ဦးဆောင်မှုမျိုးမလုပ်ဟု အပစ်ရပ် SSA ခေါင်းဆောင်တဦး ကတိပေး သတင်း
■ (၅၈) နှစ်မြောက် ကယားဒေး အခမ်းအနားတွင် ယမန်နှစ်ထက် လူဦးရေထက်ဝက်ခန့် လျော့နည်း သတင်း
■ နအဖ ကကကြည်းရုံးချုပ်မှ တပ်မှူးများကို နည်းဗျူဟာမှူးအဖြစ် ပြောင်းရွှေ့ သတင်း
■ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် (၂) ခု နအဖ အတွင်းရေးမှူး (၁) တိုက်ရိုက်ရွေးချယ်မည် သတင်း
■ ဂျပန်ရောက် မြန်မာများ ဆန္ဒပြမည့် အစီအစဉ် ဖျက်သိမ်း သတင်း
■ ကုန်ဈေးနှုန်းတက်၍ စားသုံးသူ အကျပ်တွေ့ သတင်း
■ ပို့ကုန်ဝင်ငွေနှင့် FEC ဈေး ဆက်လက်မြင့်တက်နေ သတင်း
■ ပဲခူးမြို့တွင်း ဈေးသည်များကို အခွန်နှစ်ဆ တိုးမြှင်ကောက်ခံ သတင်း
■ ဂျော်ဒန်ရှိ ဆန္ဒပြမြန်မာများ လုပ်ငန်းခွင် ပြန်ဝင် သတင်း
■ (၂၁) ရာစု၏ အကြာမြင့်ဆုံး နေကြတ်မှုကို တွေ့မြင်ရမည့် ဒေသခံများ အယူအဆ သတင်း
■ ကွယ်လွန်သူ စာရေးဆရာ တသက်တာစာပေဆု ချီးမြှင့်ခံရ သတင်း
■ အလွန့်ယောက်ျားလုပ်မှာလား နအဖ (ဆောင်းပါး)
■ ပါမောက္ခ ဒေါက်တာဖေသိန်း အမှတ်တရ (ဆောင်းပါး)
■ နျူကလီးယား အစည်းပြေမှု (ဆောင်းပါး) သတင်း
Friday, January 15, 2010
ပါတီတခုလုံးကို ထောင်ကျတဲ့အနေအထားမျိုးရောက်လာမယ်ဆိုရင် ကျနော် တို့ရဲ့ တုံ့ပြန်မှုတွေဟာ ပိုပြီးတော့ ပြင်းထန် တင်းမာလာမယ်
NEJ / ၁၄ ဇန်န၀ါရီ၂၀၁၀
နအဖစစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ယခုနှစ်တွင် ရွေးကောက်ပွဲ ပြုလုပ်မည်ဟု လွတ်လပ်ရေးနေ့ သ၀ဏ်လွှာတွင် အတည်ပြု ပြောကြားခဲ့သည်။ ထို့ကြောင့် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ အနိုင်ရ အန်အယ်လ်ဒီ ပါတီအနေဖြင့် ယခုနှစ် ကျင်းပမည့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ မည်ကဲ့သို့ စဉ်းစား ဆုံးဖြတ်မည် ဆိုသည်ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်တဦး ဖြစ်သူ ဦးဝင်းတင်နှင့် ခေတ်ပြိုင် ဆက်သွယ် မေးမြန်းချက်။
မေး။ ။ အန်အယ်လ်ဒီအနေနဲ့ ရွှေဂုံတိုင်ကြေညာစာတမ်းပါ အဓိက တောင်းဆိုချက်တွေ မရရင် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဘယ်လို စဉ်းစားမယ်ဆိုတာ သိပါရစေ။
ဖြေ။ ။ ဒါကတော့ ဖြစ်မလာခင်အခြေအနေပေါ်မှာ ကျနော်တို့ ဘယ်လို လုပ်မယ် ကိုင်မယ် ဆိုတာ ပြောရဆိုရ နည်းနည်းတော့ ခက်ပါတယ်။ ကျနော်တို့က အဖွဲ့အစည်းဖြစ်တော့ အဖွဲ့အစည်းထဲမှာ ရှိတဲ့ ခေါင်းဆောင်ပိုင်း ပုဂ္ဂိုလ်များ ညှိရုံနဲ့တင် မကဘူး အောက်ခြေပိုင်း အနေအထားတွေပါ ရှိလာတယ်။ ဘာလို့လဲ ဆိုတော့ ဒါက အသစ်ဖြစ်မယ့် သဘောကိုး။ သာမန် အားဖြင့်ဆိုရင် ကျနော်တို့ ရပ်တည်နေတဲ့ အနေအထားက တရားဝင် နိုင်ငံရေး အဖွဲ့အစည်း တရပ်အနေနဲ့၊ တရားဝင် တောင်းဆိုချက်တွေနဲ့ ရပ်တည် နေတာကိုး။ အဲဒါတွေ မဖြစ်တော့ဘူးဆိုရင် အခြေအနေသစ် တခု ဖြစ်သွားမယ်၊ အဲဒီ အခြေအနေသစ်ကို ကျနော်တို့ ကျော်ဖြတ်ရမယ့် အနေအထားသစ်တွေ ကလည်း ပေါ်လာ တော့မယ်ပေါ့။ အခုဟာက အခြေအနေသစ် ကလည်း မပေါ်သေးတဲ့ အခါကျတော့ ကျနော်တို့ ကျော်ဖြတ်ရမယ့် ပုံသဏ္ဌာန်ဆိုတာ သာမန် အားဖြင့်တော့ ပြောရခက်ပါတယ်။ ဒါမျိုးဆိုတာ ညှိနှိုင်းပြီးမှ ပေါ်ထွက်လာမယ့် ကိစ္စ ဖြစ်တာကိုး။
မေး။ ။ ဆရာပြောတဲ့ ပေါ်ပေါက်လာမယ့်အခြေအနေသစ်ဆိုတာ ဘာကို ဆိုလိုတာပါလဲ။
ဖြေ။ ။ ပေါ်ပေါက်လာမယ့်အခြေအနေကို ကျနော်တို့ မှန်းကြည့်တဲ့ အခါကြတော့ သာမန်အားဖြင့် အခု ကမ္ဘာကလည်း ပြောနေတယ်၊ အမေရိကန် အစိုးရတို့၊ ဂျပန်အစိုးရတို့၊ ကုလသမဂ္ဂတို့၊ အီးယူတို့ ဆိုတာတွေက ပြောနေတဲ့ အနေအထားက ဘာလဲဆိုတော့ ကျနော်တို့ ရွေးကောက်ပွဲဟာ အန်အယ်လ်ဒီတို့ တိုင်းရင်းသား အဖွဲ့အစည်းတို့ ဆိုတဲ့ ဗမာပြည် နိုင်ငံရေးမှာ အထင်ကရဖြစ်တဲ့ သို့မဟုတ်လည်း အင်အား ကြီးမားတဲ့ ပါတီ အဖွဲ့အစည်းတွေ မပါဘဲနဲ့ ရွေးကောက်ပွဲကို ကျင်းပပေးမယ် ဆိုရင် အားလုံး ပါဝင်ပတ်သက်မှု အခြေအနေ (all inclusive) ဟာ ဘယ်လိုမှ ဖြစ်ထွန်းလာမယ့် အနေအထား မရှိဘူး။ ဘယ်လိုမှလည်း ပေါ်ပေါက်လာနိုင်မယ့် အနေအထား မရှိဘူးဆိုရင် ဒီရွေးကောက်ပွဲဟာ ကျနော်တို့ရဲ့ဆန္ဒသဘောထား၊ တကမ္ဘာလုံးရဲ့ ဆန္ဒသဘောထား၊ ဒါတင်မက စစ်အစိုးရ ကိုယ်တိုင်က လက်ခံပါတယ် ဆိုတဲ့ သဘောထားနဲ့လည်း အကုန်လုံးဆန့်ကျင် သွားတော့မယ်။ ပျက်ပြား သွားတော့မယ်။ နောက်တခုက ဘာလဲဆိုတော့ ဒီရွေးကောက်ပွဲ ကျင်းပတဲ့ အခါမှာလည်း အခုလုပ်နေတဲ့ ပုံသဏ္ဌာန်အရ ပါတီ မှတ်ပုံတင် ဥပဒေတို့၊ ရွေးကောက်ပွဲ ဥပဒေတို့ဆိုတာ ဘာမှကို ထွက်လာခြင်း မရှိတာ အပါအ၀င် နောက်ပိုင်း ရွေးကောက်ပွဲ ကျင်းပတဲ့ အခါမှာလည်း ပြည်သူများ ပါဝင် ပတ်သက်မှု၊ မဲပေးမှု၊ မဲလိမ်မဲခိုးမှုတွေ စတဲ့ကိစ္စတွေ ပေါ်လာလို့ရှိရင် ကမ္ဘာက တောင်းဆိုနေတဲ့ မြင်သာ ထင်သာရှိခြင်း၊ အများယုံကြည် စိတ်ချရခြင်း ဆိုတဲ့ အနေအထားမျိုးကလည်း ဘယ်လိုမှ ပေါ်လာမှာ မဟုတ်ဘူး။ အဲဒါကြောင့် ဒီအနေအထားနှစ်ခု မရှိဘူးဆိုရင် ဒီရွေးကောက်ပွဲကို ကမ္ဘာကလည်း ဆန့်ကျင်ရှုတ်ချ ပြစ်တင်လာမယ်၊ ကမ္ဘာက အသိအမှတ် မပြုခြင်း အပါအ၀င် အများကြီး တုံ့ပြန်မှုတွေ ပေါ်လာမယ်။
အဲလိုအခြေအနေမျိုးမှာ အားလုံးပါဝင်မှုကို ပစ်ပယ်ထားတဲ့အတွက် ကျနော်တို့ကလည်း ဘေးရောက်နေမယ်။ နောက်တခါ ယုံကြည်စိတ်ချရမှု အနေအထားကလည်း လုံးဝ မရှိဘူး ဆိုတဲ့ အခါကျတော့ ကျနော်တို့ အနေနဲ့ကလည်း ရွေးကောက်ပွဲမှာ အနည်းဆုံး ကိုယ်တိုင် မပါဝင်တောင်မှ ဒီမိုကရေစီ အင်အားစုတွေကို ပါဝင်နိုင်အောင်၊ ပါဝင်နေတဲ့ ဒီမိုကရေစီ အင်အားစုလို့ ယူဆရတဲ့ အဖွဲ့အစည်းတွေကို တောင်မှ ကျနော်တို့ ၀ိုင်းဝန်း ပံ့ပိုးနိုင်တဲ့ အနေအထားမျိုး မရှိဘူးဆိုရင် အန်အယ်လ်ဒီရဲ့ အနေအထားက လုံးဝကို ပါတီတခုလုံး ထောင်သွင်း အကျဉ်းခံရတဲ့ အနေအထားမျိုးကို ရောက်သွားမယ့် အခြေအနေမျိုးကို ဆိုက်ရောက် သွားမယ်လို့ ကျနော်တို့ ပြောလို့ ရတယ်ပေါ့ဗျာ။
အဲလိုအခါမျိုးဆိုရင်တော့ အန်အယ်လ်ဒီဟာ တနည်းတဖုံအားဖြင့်တော့ လှုပ်ရှားမှုတွေ၊ စီမံ ဆောင်ရွက်မှုတွေ၊ ရုန်းကန်မှုတွေ၊ သဘောထား ဖော်ထုတ်မှုတွေဟာ ဒီနေ့လို ကာလမျိုးနဲ့တော့ အများကြီး ကွဲလွဲသွားမယ် လို့တော့ ကျနော်တို့ ပြောလို့ ရပါတယ်။ ကျနော်တို့ရဲ့ အနေအထားတွေဟာ ပိုပြီးတော့ တင်းမာတဲ့ အနေအထားမျိုး သို့မဟုတ်လည်း ပိုပြီးတော့ ပြတ်သားတဲ့ အနေအထားမျိုးကို ရောက်လာမယ်လို့ အဲလောက်တော့ ပြောလို့ရမယ်။ ဘာပဲပြောပြော အန်အယ်လ်ဒီဟာ တရားဝင် ပါတီတော့ ဖြစ်နေမယ်လို့ မှန်းဆတယ်။ တရားဝင်ပါတီ တခုဟာ ပါတီတခုလုံးကို ထောင်ကျတဲ့ အနေအထားမျိုး ရောက်လာမယ်ဆိုရင် ကျနော်တို့ရဲ့တုံ့ပြန်မှုတွေဟာ ပိုပြီးတော့ ပြင်းထန် တင်းမာလာမယ်လို့ ကျနော်တို့ အဲလို ယူဆပါတယ်။
မေး။ ။ ဒါဆို အခုပြုလုပ်မယ့် ရွေးကောက်ပွဲဟာ နိုင်ငံရေးပြဿနာတွေကို ပြေလည်စေမယ့် ရွေးကောက်ပွဲ မဟုတ်ဘူးလို့ ဆရာ ဆိုလို ချင်တာပါလား။
ဖြေ။ ။ ဟုတ်ပါတယ်။ မယူဆတဲ့ အကြောင်းကလည်း ခုဏ ပြောသလိုပေါ့။ အဓိက အချက်ကတော့ ဒီရွေးကောက်ပွဲဟာ ၂၀၀၈ အခြေခံ ဥပဒေအရ ကျင်းပမယ့် ရွေးကောက်ပွဲ။ တခါ အဲဒီရွေးကောက်ပွဲက ပေါ်ပေါက်လာမယ့် ရလဒ်တွေဖြစ်တဲ့ လွှတ်တော်တို့၊ အစိုးရ အဖွဲ့တို့ ဆိုတာလည်း ၂၀၀၈ အခြေခံ ဥပဒေကို အကောင်အထည်ဖော်မယ့် ယန္တရားတွေဖြစ်တယ်လို့ ကျနော်တို့က သတ်မှတ်တယ်။
ဒီအခြေခံဥပဒေဟာ လက်ရှိရှိနေတဲ့ စစ်အစိုးရရဲ့ အာဏာရှင်ပုံစံနဲ့ အုပ်စိုးခြင်းပေါ့ဗျာ။ ပြည်သူကို ဖိနှိပ်ခြင်းတို့ ချုပ်ချယ်ခြင်းတို့ နိုင်ထက်စီးနင်း ပြုခြင်းတို့၊ နောက် တိုင်းပြည်မှာ ဆင်းရဲမွဲတေ ငတ်ပြတ်မှုတွေကို လျစ်လျူရှုပြီးတော့ သူတို့ရဲ့စစ်အာဏာ တည်မြဲရေးကိုသာ လုပ်နေတဲ့ လုပ်ငန်းများကိုသာ သက်ဆိုးရှည်စေမယ့် အခြေခံ ဥပဒေဖြစ်တယ်။ ဒီအခြေခံ ဥပဒေကိုတော့ ကျနော်တို့က လက်မခံနိုင်ဘူး။ ဒါကြောင့် ဒီအခြေခံ ဥပဒေနဲ့ ကျင်းပမယ့် ရွေးကောက်ပွဲကိုလည်း ဒီအခြေခံ ဥပဒေကိုသာ မပြင်ဘူး ဆိုရင်တော့ လက်မခံနိုင်ဘူးလို့ ပြောနေခြင်း ဖြစ်ပါတယ်။
မေး။ ။ ဒီ ၂၀၀၈ ခုနှစ် ဖွဲစည်းပုံအခြေခံဥပဒေကို ပြင်နိုင်မယ့် အလားအလာရော ဆရာ မြင်ပါသလား။
ဖြေ။ ။ ဒီလိုရှိပါတယ်။ ပြင်တယ်ဆိုတာမျိုးက နှစ်မျိုးရှိတယ်။ စစ်အစိုးရက နေပြီးတော့ ဒါဟာ အများပြည်သူကလည်း လက်မခံဘူး၊ အတိုက်အခံ နိုင်ငံရေး အင်အားစုတွေကလည်း လက်မခံဘူး၊ ကမ္ဘာကလည်း လက်မခံတဲ့ သဘောတွေ ပြလာပြီဆိုရင် သူတို့က လိုအပ်တဲ့ အနေအထားမျိုးကို ပြင်မယ်ဆိုလို့ရှိရင် သူတို့ပြင်နိုင်တာပေါ့။ သူတို့က စစ်အာဏာပိုင် အဖွဲ့အစည်းပဲ၊ နောက်ပြည်သူများက ဆန္ဒ ပေးထားတယ် ဆိုတာကလည်း ရှင်းရှင်းပြောရရင် သူတို့ရဲ့ဖန်တီး လုပ်ဆောင်ချက်တွေ ဖြစ်တဲ့ အခါကျတော့ သူတို့ ပြင်မယ်ဆိုလည်း ပြင်လို့ရတာပေါ့။ သို့သော် အကောင်းဆုံး ပုံသဏ္ဌာန်ကတော့ အဲဒီ အခြေခံဥပဒေကို လိုအပ်သလို ပိုပြီးတော့ ကောင်းမွန်အောင် အများပြည်သူ ဆန္ဒနဲ့လည်း ကိုက်ညီအောင်၊ သို့မဟုတ်လည်း အခြေအနေနဲ့ ကိုက်ညီအောင်ပေါ့ဗျာ။ သူတို့ အဆိုအရတော့ အများပြည်သူက (၉၂) ရာခိုင်နှုန်း ဆန္ဒမဲ ပေးထားတယ် ဆိုတော့ အများပြည်သူ ဆန္ဒနဲ့ ကိုက်ညီပြီးသား ဖြစ်တယ်လို့ သူတို့ကတော့ ပြောတော့မှာပေါ့ဗျာ။ ဒါပေမယ့် အဲဒီလို အများပြည်သူ ဆန္ဒနဲ့ ကိုက်ညီတယ် ဆိုသော်လည်း အဲဒါက ၂၀၀၈ ခုနှစ် သို့မဟုတ် ၂၀၀၈ အကြိုကာလတွေက ကိုက်ညီခြင်း ဖြစ်သော်လည်း လက်ရှိ ပြောင်းလဲလာတဲ့ အခြေအနေတွေ အရ သိပ်မကောင်းဘူး ဆိုရင် သူတို့ပြင်ဖို့လမ်းက ဘာလဲဆိုတော့ တွေ့ဆုံဆွေးနွေးပွဲ စားပွဲပေါ်မှာ နှစ်ဘက်စလုံးကနေ အဆုံးအဖြတ် ပေးနိုင်သော ပုဂ္ဂိုလ်များ သို့မဟုတ် ဒိုင်ယာလော့ စားပွဲပေါ်မှာ ဒီကိစ္စကို ကျနော်တို့ စဉ်းစားလို့ရပါတယ်။ တိုင်းပြည်ရဲ့အဆုံးအဖြတ် ပေးနိုင်တဲ့ ခေါင်းဆောင် ပုဂ္ဂိုလ်များက နေပြီးတော့ ဆုံးဖြတ်လိုက်ရင် အဲဒီအစည်းအဝေးလို နေရာမျိုးကနေ စီးဆင်းလာတဲ့ နိုင်ငံရေး သဘောထားဟာ အကုန်လုံးကို ပြောင်းလဲလို့ ရပါတယ်။ ဥပမာ ပင်လုံ တွေ့ဆုံ ဆွေးနွေးပွဲကနေ စီးဆင်းလာတဲ့ အာဏာသဘောဟာ ပြည်ထောင်စု ဖွဲ့စည်းရေးလို ဟာမျိုးကို ဖြစ်ပေါ်စေနိုင် ပါတယ်။ ဒါကြောင့် တိုင်းပြည်မှာ အဆုံးအဖြတ် ပေးနိုင်တဲ့ ထိပ်သီး ပုဂ္ဂိုလ်များ ဆွေးနွေးကြမယ် ဆိုရင် အဲဒီက စီးဆင်းလာတဲ့အာဏာ၊ သဘောထားဟာ အကုန်လုံးကို ပြုပြင်ပြောင်းလဲလို့ ရပါတယ်လို့ ကျနော်တို့ ယူဆတယ်။
မေး။ ။ဘယ်လို ပြုပြင်ပြောင်းလဲလို့ ရမှာလဲဆိုတာ သိပါရစေ။
ဖြေ။ ။ အခုရွေးကောက်ပွဲက ဒီအခြေခံဥပဒေအတိုင်းသွားမှာဖြစ်တဲ့ အတွက် နိုင်ငံရေး အဖြေ မဟုတ်ဘူး၊ နိုင်ငံရေး ပြဿနာ တွေကို ရှင်းလည်း ရှင်းနိုင်မှာ မဟုတ်ဘူး။ နိုင်ငံရေး ပြဿနာတွေကို ဒီနေ့ ရွေးကောက်ပွဲ အကြိုကာလမှာ ရှင်းချင်လို့ပဲ ဖြစ်ဖြစ်၊ ရွေးကောက်ပွဲ ကာလမှာ ရှင်းချင်လို့ပဲ ဖြစ်ဖြစ်၊ ရွေးကောက်ပွဲ အလွန်ကာလမှာ ရှင်းချင်လို့ပဲ ဖြစ်ဖြစ် အဲလို သဘောထားမျိုး ကျနော်တို့မှာ ရှိတယ်ဆိုရင် အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆွေးနွေးပွဲက နေပြီး ၂၀၀၈ အခြေခံ ဥပဒေထဲကနေပြီး ပြင်ဖို့ လိုအပ်တဲ့ အချက်များကို ပြုပြင် ပြောင်းလဲနိုင်မယ် ဆိုရင် အဲဒီက ပေါ်ထွက်လာမယ့် ဆုံးဖြတ်ချက် သဘောထား အာဏာများဟာ ဒီအခြေခံ ဥပဒေကို ပြင်နိုင်ပါတယ်။ ဒီအခြေခံ ဥပဒေကိုသာ ပြင်လိုက်ရင် ပြဿနာပေါင်းစုံ ရှင်းသွားမှာ ဖြစ်ပါတယ်။ ပြဿနာပေါင်းစုံဆိုတာ တိုင်းရင်းသားတွေမှာ ရှိတဲ့ သဘောထားတွေကို ပြောင်းလဲ သွားစေနိုင်မယ်၊ တိုင်းရင်းသားတွေနဲ့ စစ်အစိုးရ ဆက်ဆံရေးဟာလည်း ပြောင်းလဲ သွားနိုင်တယ်။ အလားတူပဲ အန်အယ်လ်ဒီလို ဒီမိုကရေစီ အင်အားစုတွေနဲ့ အစိုးရ ဆက်ဆံရေးဖြစ်တဲ့ ရွေးကောက်ပွဲမှာ ပါဝင်ရေးဆိုတဲ့ အချက်တွေကိုလည်း ကျနော်တို့ ပြောင်းလဲ သွားစေနိုင်မယ်။ အလားတူပဲ ကမ္ဘာနဲ့ ဆက်ဆံရေးပါ ပြောင်းလဲ သွားမယ်လို့ ကျနော်က ယူဆတယ်။ ဒါကြောင့် ကျနော်က ဒီနေ့ကာလဟာ ရွေးကောက်ပွဲဟာ အဖြေ မဟုတ်ပါဘူး၊ အဖြေဟာ တွေ့ဆုံ ဆွေးနွေးပွဲသာ ဖြစ်ပါတယ်လို့ ပြောနေတာပါ။ ကျနော်တို့ အဖို့ကတော့ သို့မဟုတ်လည်း ကျနော်တို့နဲ့အတူ လက်တွဲပြီး ဆောင်ရွက်နေတဲ့ တိုင်းရင်းသား အဖွဲ့အစည်းများ အဖို့၊ ကျနော်တို့ကို ထောက်ခံ အားပေးနေတဲ့ ကမ္ဘာနဲ့တကွ ကုလသမဂ္ဂတို့ အဖို့ကတော့ ဒီတွေ့ ဆုံဆွေးနွေးပွဲ ဖြစ်လိုက်ရင် အကောင်းဆုံး အခြေအနေများ ပေါ်ထွန်းလာဖို့အတွက် အလားအလာတွေ အများကြီးရှိတယ်လို့ ကျနော်က အဲလိုပဲ ယူဆတယ်။
မေး။ ။ အမျိုးသားစည်းလုံးညီညွတ်ရေး ကိစ္စရော ပြေလည်နိုင်ပါ့မလား ဆရာ။
ဖြေ။ ။ ပြေလည်နိုင်တာပေါ့ခင်ဗျာ။ ဘာလို့လဲဆိုတော့ ဒီတွေ့ဆုံဆွေးနွေးပွဲဟာ နိုင်ငံရေး အားဖြင့် အဓိက ကျတယ်လို့ တဖက်က ပြောနေပေမယ့်လို့ တိုင်းပြည်ကြီး တခုလုံး သို့မဟုတ် ပြည်ထောင်စုကြီး တခုလုံးရဲ့ အနာဂတ် အနေနဲ့ ဆိုရင်လည်း အမျိုးသား ပြည်လည် သင့်မြတ်ရေးလို့ ကျနော်တို့ ပြောနေတာကနေ တဆင့် အမျိုးသား ညီညွတ်ရေးဆိုတာ ပေါ်ထွက် လာနိုင်တဲ့ အနေအထား ရှိပါတယ်။ ဒီတွေ့ဆုံ ဆွေးနွေးပွဲကသာလျှင် ချက်ချင်းလက်ငင်း အဖြေ မပေါ်ထွက်လာသော်ငြားလည်း အခြေခံ သဘောထားတွေ ပေါ်လို့ရှိရင် ကျနော်တို့ ဆက်လက် ညှိနှိုင်းသွားဖို့ပဲ ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ တွေ့လိုက်ရင် အဲဒီကနေ ချမှတ်တဲ့ သဘောထားတွေ အပေါ် ဆက်လက်ပြီး အဆင့်ဆင့်သော ဆွေးနွေးပွဲများ ကျင်းပသွားခြင်း အားဖြင့် ရွေးကောက်ပွဲ အခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စကနေ အမျိုးသား ညီညွတ်ရေး ကိစ္စအထိ အကျိုးဆက်များ ဆက်တိုက် ပေါ်သွားနိုင်ပါတယ်။ ဒီဆွေးနွေးပွဲကနေ အစွန်းတဖက်မှာ အခြေခံ ဥပဒေပြင်ဆင်ရေး ကိစ္စတွေရှိသလို နောက်အစွန်း တဖက်မှာလည်း အမျိုးသား ညီညွတ်ရေးအထိ ရည်မှန်းချက်တွေ ရှိတဲ့အတွက် ဒီလို ကျင်းပခြင်းဟာ ဒီနေ့ကာလ တိုင်းပြည်ရဲ့ ထွက်ပေါက် အဖြေပဲဖြစ်ပါတယ်။
မေး။ ။ တကယ်လို့ အန်အယ်လ်ဒီဟာ ၂၀၁၀ ရွေးကောက်ပွဲဝင်လိုက်မယ် ဆိုရင် ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ဟာ အတိတ်မှာ ကျန်ခဲ့မယ်လို့ ပြောဆိုသံတွေ ထွက်ပေါ်နေပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ဆရာဘယ်လို ပြောချင်ပါသလဲ။
ဖြေ။ ။ ရွေးကောက်ပွဲလိုဟာမျိုးကို ကျနော်တို့က ခေါင်းလျှိုပြီးတော့ ၀င်သွားရင် ၁၉၉၀ ရွေးကောက်ပွဲဟာ အတိတ်မှာ ကျန်ခဲ့တယ် ဆိုတဲ့ဟာမျိုးထက် အဖြစ်မှန်က ဘာလဲဆိုတော့ ကျနော်တို့ဟာ ပြည်သူလူထုကနေ အပ်နှင်းထားတဲ့ မန်းဒိတ်ကို အစိုးရ ကိုယ်တိုင် ကလည်း မဖျက်သေးဘူးဗျ။ ရွေးကောက်ပွဲ ကော်မရှင်ကနေ ဒါကို တရားမ၀င်တော့ဘူးလို့ ပြောဆိုခြင်း မရှိဘဲနဲ့ စစ်အစိုးရ လုပ်နေတဲ့ ပုံသဏ္ဌာန်ဟာ ရွေးကောက်ပွဲ တခုကို နောက်ရွေးကောက်ပွဲ တခုနဲ့ ကျော်လွှားဖို့ လုပ်နေတာ။ အဲဒါကို ကျနော်တို့ လက်မခံနိုင်ဘူး။ ကျနော်ကတော့ အတိတ်မှာ ကျန်ခဲ့တယ်လို့ မပြောချင်ဘူး။ ကျနော်တို့ဟာ ရွေးကောက်ပွဲ အသစ်ကို ၀င်လိုက်တယ်ဆိုရင် ရွေးကောက်ပွဲ အဟောင်းတုန်းက အကောင်အထည်လည်း ရလဒ် တစုံတရာ မပေါ်ခဲ့ဘူး၊ ပြည်သူလူထုက အပ်နှင်းတဲ့ အာဏာကိုလည်း ကျနော်တို့က ဘာမှ အကောင်အထည် ဖော်ပေးနိုင်ခြင်း မရှိဘူး၊ နောက်တခါ အဲဒီရွေးကောက်ပွဲရဲ့ ရလဒ်ကြီး တခုလုံးကိုလည်း တာဝန်ရှိတဲ့ စစ်အစိုးရက နေပြီးတော့ ဖျက်သိမ်းခြင်းတို့ ဘာတို့လည်း ကြေညာခြင်း မရှိဘဲနဲ့ ဒီတိုင်း ချန်ခဲ့လို့ မရဘူး။ အဲဒါနဲ့ ပတ်သက်လို့ ကျနော်တို့ရဲ့သဘောထားက ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ရလဒ်ကို တနည်းနည်းနဲ့ အသိအမှတ် ပြုမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်က ပြောတဲ့စကားဗျ။ တနည်းနည်းနဲ့ဆိုတာ ကျနော်တို့ အနိမ့်ဆုံး ပုံစံနဲ့လည်း ဖြစ်နိုင်ပါတယ်။ အမြင့်ဆုံး ပုံသဏ္ဌာန်နဲ့လည်း ဖြစ်နိုင်ပါတယ်။
အမြင့်ဆုံးပုံသဏ္ဌာန်ဆိုတာက အာဏာလွှဲပြောင်း ပေးဖို့ပေါ့။ အနိမ့်ဆုံး ပုံသဏ္ဌာန် ဆိုတာကလည်း တွေ့ဆုံဆွေးနွေးပွဲ ကနေ သဘောတူညီချက် ရရင် အဲဒါတွေကို အခြေခံပြီးတော့ လွှတ်တော်ခေါ်လိုက်။ တနေ့တည်းပဲ ခေါ်ခေါ် ဒီလွှတ်တော်ကနေ သဘောတူညီချက် များကို အတည်ပြုလိုက်ပြီ ဆိုတဲ့ ဟာမျိုးနဲ့ ပြီးရင် ဒီလွှတ်တော်ကို ဖျက်သိမ်းပြီးတော့ နောက်ထပ် ရွေးကောက်ပွဲ အသစ် လုပ်မယ် ဆိုတာမျိုးပါ။ အဲလို လုပ်လို့ရပါတယ်။ ဒါက ကျနော်ရဲ့ ကိုယ်ပိုင် အတွေးအခေါ်ပါ။ တနည်းနည်းနဲ့ ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည် စကားဟာ အနိမ့်ဆုံးလည်း လုပ်လို့ရပါတယ်။ အမြင့်ဆုံးလည်း လုပ်လို့ရပါတယ်။ ဒါပေမယ့်လို့ ဒီလို တနည်းနည်းနဲ့ အသိအမှတ် ပြုခြင်းကတော့ လုပ်ဖို့ကောင်းတယ်။ အဲလိုလုပ်တာ မဟုတ်ဘဲနဲ့ ရွေးကောက်ပွဲ တခုကို နောက်ရွေးကောက်ပွဲ တခုနဲ့ နင်းကြိတ် ချေသလို လုပ်ရင်တော့ ဒါတွေဟာ သမိုင်းမှာလည်း မလှမပ ဖြစ်မယ်။ ရှေ့ဆက်ပြီး အငြင်း ပွားစရာတွေကလည်း ရှိမယ်။ အကြောင်းကြောင်းကြောင့် ဒီရွေးကောက်ပွဲ ကိုပဲ ဆုပ်ကိုင်ပြီး ထားပြီးတော့ နောက်ရွေးကောက်ပွဲကို ကျောခိုင်းတဲ့ ပုံသဏ္ဌာန်မျိုး လုပ်ရင်လည်း ဗမာပြည်ရဲ့ နိုင်ငံရေး ပြဿနာတွေဟာ ရှင်းစရာ ပြေလည်စရာ ဘာမှ ရှိမှာ မဟုတ်ဘူးလို့ ကျနော်က ယူဆပါတယ်။
Ref: ခေတ်ပြိုင်
နေ့စဉ်သတင်းများ ( ၁၄ - ၁ - ၁၀)
■ ဗဟိုအလုပ်အမှုဆောင်သစ် (၉) ဦး၏ အမည် အန်အယ်လ်ဒီ ကြေညာ သတင်း
■ NLD အဖွဲ့ဝင် (၃) ဦးကို ထောင် (၃) နှစ်စီ ချမှတ် သတင်း
■ ယခုနှစ်အတွင်း ရွေးကောက်ပွဲလုပ်မည်ဟု နအဖနိုင်ငံခြားရေးဝန်ကြီး ပြောကြားပြန် သတင်း
■ လွတ်လပ်မျှတမယ့် ရွေးကောက်ပွဲ ဖြစ်မယ်လို့ စစ်အစိုးရ ကတိပေး သတင်း
■ လူထုစိတ်ဝင်စားမှုနည်းသော ၂၀၁၀ ရွေးကောက်ပွဲ သတင်း
■ တပ်မ (၆၆) ပြဿနာ မဟုတ်မှန်ဟု ငြင်းဆန် သတင်း
■ တွေ့ဆုံဆွေးနွေးရန် ဝ ဥက္ကဋ္ဌ ငြင်းဆို သတင်း
■ SSA အပစ်ရပ် ထိုးစစ်ဆင်မည့် သတင်းကြောင့် ဗမာတပ်မိသားစု ပြောင်းရွှေ့ သတင်း
■ နအဖစစ်သင်တန်းအသွား ကိုးကန့်နယ်ခြားစောင့်တပ်ဖွဲ့ဝင် လမ်းခုလတ်၌ ထွက်ပြေး သတင်း
■ ကချင်အထူးဒေသ (၁) အထူးအစည်းအဝေးပွဲ ကျင်းပ သတင်း
■ နစကနှင့် ဘီဒီအာရ်တပ်မှူးများ နယ်စပ်တွင် အလံတင်ဆွေးနွေးပွဲ ကျင်းပ သတင်း
■ လူကုန်ကူးခံရသူ မြန်မာနိုင်ငံသား (၃၀) ကျော် တရုတ်က မြန်မာထံ လွှဲအပ် သတင်း
■ ရှမ်းပြည်မြောက်ပိုင်းဒေသအတွင်းမှ ဘိန်းခင်းများ မကြာမီ အစေးခြစ်နိုင်တော့မည် သတင်း
■ ကချင်ငြိမ်းအဖွဲ့၏ မှောင်ခိုပစ္စည်းများ ဖမ်းဆီးခံရ သတင်း
■ ဆန်နှင့် အခြေခံစားသောက်ကုန် ဈေးနှုန်းမြင့်တက် သတင်း
■ ထိုင်းတောင်ပိုင်းတွင် မြန်မာနိုင်ငံသားများ ဖမ်းဆီးခံရ သတင်း
■ ဗိုလ်ချုပ်မှူးကြီး၏ သမီး နိုင်ငံခြားဘာသာတက္ကသိုလ် တက်ရောက် သတင်း
■ နေပြည်တော်တွင် ဘောလုံးကွင်း (၂) ကွင်း ဆောက်လုပ် သတင်း
■ စစ်တွေ မြို့မသင်္ချိုင်းကို မြို့နှင့် (၇) မိုင်အကွာအထိ ပြောင်းရွှေ့ သတင်း
Thursday, January 14, 2010
ဗမာပြည်နိုင်ငံရေးနဲ့ ရွေးကောက်ပွဲနှစ်ရဲ့အရေးပါမှု
ရဲဘော်ဖိုးသံချောင်း
၁၃ ဇန်န၀ါရီ ၂၀၁၀
အင်္ဂလိပ်နဲ့ အမေရိကန်အစိုးရ တို့ရဲ့ တာဝန်ရှိသူတွေက နအဖရဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲ အပေါ်မှာ သံသယ ရှိကြောင်း ထုတ်ပြော နေကြတုန်းမှာပဲ နအဖ ခေါင်းဆောင် ဗိုလ်ချုပ်သန်းရွှေက ဒီနှစ်ထဲမှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ သူ့ရဲ့လွတ်လပ်ရေးနေ့ မိန့်ခွန်းထဲမှာ ထည့်ပြော သွားပါတယ်။ တဆက်တည်းပဲ ဂျပန် အဆာဟိရှင်ဘွန်း သတင်းစာမှာလည်း ရွေးကောက်ပွဲကို ဒီနှစ် အောက်တိုဘာ (၁ဝ) ရက်မှာ လုပ်မယ်လို့ သတင်း ပါလာတယ်။ ဗမာပြည်ရဲ့ ၂ဝ၁ဝ ခုနှစ် နိုင်ငံရေးဟာ ဒါနဲ့ပဲ အစဖွင့်လိုက်တယ်လို့ ဆိုကြပါစို့။
အခု နအဖနဲ့ ရင်ဆိုင်နေရတာကို ဒုတိယ လွတ်လပ်ရေး တိုက်ပွဲလို့ ပြောကြတာကို မကြာခဏ ကြားရပါတယ်။ အနှစ်သာရချင်း မတူပါဘူး ထင်ပါတယ်။ နယ်ချဲ့သမားကို တွန်းလှန် ရတာနဲ့ ကိုယ့်နိုင်ငံ သားချင်းကို တွန်းလှန်ရတာ မတူပါဘူး။ ကိုယ့်နိုင်ငံ သားချင်း အကြားမှာ ဖြစ်ပွားတဲ့ ကိုယ့်နိုင်ငံ သားချင်း ဖြစ်နေလို့ကို ပဋိပက္ခဟာ ပိုမိုရှုပ်ထွေးပြီး သဘော မပေါက်တာ၊ မျက်စိ လည်တာတွေ အများအပြား ဖြစ်ပေါ် တတ်ပါတယ်။ ကိုလိုနီ ခေတ်တုန်းကတော့ ကိုလိုနီ လုပ်ထားတဲ့ နိုင်ငံက အင်အားကြီး နိုင်ငံ ဖြစ်နေတော့ တခြားနိုင်ငံတွေက ဝင်စွက်ဖက်တာ နည်းပါတယ်။ သူတို့ချင်း စစ်ဖြစ်ကာမှ ဖြစ်ရောပါ။ ဒါပေမယ့် ဒီနေ့လို အနေအထားမှာ ကျတော့ ပြည်ပ နိုင်ငံတွေရဲ့ စွက်ဖက်မှုတွေ များတတ်ပါတယ်။
ဒါပေမယ့် အခုအရေးတော်ပုံမှာ လွတ်လပ်ရေး တိုက်ပွဲတုန်း ကလို အမြင်ကြည်လင် ပြတ်သားမှု ရှိကြဖို့၊ စည်းလုံး ညီညွတ်ကြဖို့ လိုပါတယ်။ အာဏာ ပလ္လင်ပေါ်မှာ ရာစုနှစ် တဝက်ကျော် အခြေကျနေတဲ့ စစ်အုပ်စုကို ဖယ်ရှားဖို့ဆိုတာ လွယ်တဲ့ကိစ္စ မဟုတ်ဘူး ဆိုတာ မမေ့သင့်ပါဘူး။ သူတို့မှာ ဖိနှိပ်တဲ့ အတွေ့အကြုံ၊ သပ်လျှိုဖြိုခွဲတဲ့၊ အကြမ်းဖက် ဖြိုခွဲတဲ့ အတွေ့အကြုံတွေ အင်မတန် ကြွယ်ဝတယ် ဆိုတာလည်း သတိပြုသင့်ပါတယ်။ တဆက်တည်းမှာပဲ တခြားနိုင်ငံနဲ့ အတိုက်အခံ အဖွဲ့အစည်းတွေ ထဲမှာ သူတို့လူတွေ မြှုပ်နှံတဲ့ အတွေ့အကြုံလည်း ရာစုနှစ် တဝက်စာ ရှိတယ် ဆိုတာကို အမြဲ နှလုံးသွင်းထား ရမှာပါ။ နောက်ပြီး အင်အား (၅) သိန်းနီးပါး ရှိတဲ့ စစ်တပ်ကြီး။
ဒီလိုအင်အားကြီးပြီး လူသတ်တာ လက်ယဉ်နေတဲ့ အစိုးရတရပ်ကို ရင်ဆိုင်ဖို့ဆိုရင် ၁၉၄၆ ခုနှစ် တုန်းကထက် မလျော့တဲ့ လူထု အင်အားမျိုးကို စုစည်းဖို့ လိုပါတယ်။ ခေါင်းဆောင်မှု ဟာလည်း ၁၉၄၅-၄၆ တုန်းက ဖဆပလ အဖွဲ့ကြီးလို သွေးစည်းညီညွတ်ပြီး တောင့်တင်းရပါမယ်။ ဒါ့အပြင် ဖက်ဆစ်ဂျပန် တော်လှန်ရေး တုန်းကလို လိုအပ်ရင် တိုက်ပွဲသဏ္ဌာန် မျိုးစုံကို ပြောင်းလဲ ဆင်နွှဲတဲ့ အတွေးအခေါ်နဲ့ ပိုင်းဖြတ်ချက် များလည်း ရှိရပါမယ်။
ဒီ ၂ဝ၁ဝ ခုနှစ်ဟာ ဗမာပြည်အတွက် အရေးကြီးတဲ့ နှစ်တနှစ် ဖြစ်တယ် ဆိုတာကို ဘယ်သူမှ မငြင်းပါဘူး။ ဗိုလ်သန်းရွှေတို့ အနေနဲ့ မျိုးဆက်လက်သစ်ကို လက်လွှဲတာ လုပ်မလား၊ လုပ်ရင်ကော ရှောရှောရှူရှူ ဖြစ်ပါ့မလား။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ နအဖ စီစဉ်တဲ့ အတိုင်း လက်မခံသေးတဲ့ အပစ်ရပ် အဖွဲ့တွေကို ဘယ်လို ဖြေရှင်းမလဲ၊ ဗိုလ်ချုပ်တွေမှာ “အပြတ်” ကိုင်ဖို့ အင်အား ရှိနေပြီလား။ အမေရိကန်နဲ့ ရွှေလမ်း ငွေလမ်း ဖောက်တာ အောင်မြင်မလား၊ အောင်မြင်သွားရင် တရုတ်ပြည်က ဘယ်လို ခြေလှမ်းမျိုး လှမ်းလေ မလဲ။ အနေဆင်းရဲ၊ အသေဆင်းရဲ ဖြစ်နေကြတဲ့ ရဟန်းရှင်လူ ပြည်သူ အပေါင်းကရော ဘာလုပ်ကြ မလဲ။ တလောက ဖြစ်ပေါ်လိုက်တဲ့ သပိတ်မျိုးတွေကနေ သပိတ်ကြီးတွေ ပေါ်လာမလား။ အချိန်ပေးပြီး ထိုင်စိတ်ကူးယဉ် နေရင်တောင် အတော် အတွေးနယ်ချဲ့လို့ ကောင်းတဲ့ အနေအထားတွေ ဖြစ်ပါတယ်။
ဒါပေမယ့် ဘယ်သူမှ စိတ်ကူးယဉ်နေလို့မရတဲ့ ၂ဝ၁ဝ ခုနှစ်ဖြစ်ပါတယ်။ ဒီနှစ်ဟာ နအဖအဖို့ ဗမာပြည်မှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ အညီ တည်ရှိနေတဲ့ ဒုတိယမြောက် စစ်အာဏာရှင် စနစ် ဖြစ်ဖို့ လုပ်ရတာ ဖြစ်ပါတယ်။ သူတို့ရဲ့ အာဏာရှင်စနစ်ကို ရေရှည် ထိန်းသိမ်းသွားရေးနဲ့ တိုက်ရိုက် ဆက်စပ်နေတဲ့ သမိုင်းဝင် အကွေ့အပြောင်း ဖြစ်ပါတယ်။ အကွေ့ မတော်ရင် အာဏာသိမ်းပွဲ တွေတောင် ဖြစ်လာနိုင်တဲ့ အဆင့်ပါ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဆိုရင်လည်း ခေါင်းဆောင်မှု ပြန်လည် ဖွဲ့စည်းတဲ့ အချိန်မှာ နအဖရဲ့ အဆိုးဝါးဆုံး ဖိနှိပ်ခံရနိုင်တဲ့ကိန်းနဲ့ ရင်ဆိုင် နေရပါတယ်။ တကယ့်ကို အစမ်းသပ်ခံရမယ့် နှစ်ပါ။ အပစ်ရပ် အဖွဲ့တွေ အတွက်ကတော့ အထူးပြောစရာ မလိုပါဘူး။ ကိုးကန့် ကံကြမ္မာ အတိုင်း ဖြစ်မလား၊ ကျားပေါ် ခွစီးထားရာ ကနေ အောက်ကို ဆင်းတော့မလား ဆိုတာကို ရင်ဆိုင်ရပါတော့မယ်။ နောက်ပြီး ဒီ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ သူဌေးဖြစ် ဖြစ်ကြဲဖို့ ပြင်ဆင် ထားကြသူတွေ ဆိုရင်လည်း သူတို့ရဲ့ဘဝတခုလုံး ပုံအော ထားတာတွေ အဖြေ ထွက်မှာ ဖြစ်ပါတယ်။
ဒီတော့ နအဖအနေနဲ့ ဒီနှစ်ထဲ၊ ဒီတပွဲမှာ အကြမ်းအနု၊ အပစ်အခတ် အညစ်အပတ် တွေနဲ့ ချဲတော့မယ် ဆိုတာ သံသယရှိစရာ မလိုပါဘူး။ ကမူးရှူးထိုး လုပ်တာ၊ ရှက်ရမ်း ရမ်းတာတွေ ကိုတောင် ကြုံရကောင်း ကြုံရနိုင်ပါတယ်။ သူတို့ မြှုပ်ထားတဲ့ အင်အားတွေကို ထုတ်သုံးတာ၊ ထိုးကျွေးတာတွေလည်း လုပ်လာ နိုင်ပါတယ်။ တနည်းပြောရရင် သူတို့လည်း ဒီတပွဲမှာ ပုံအော လာနိုင်ပါတယ်။ ဒါကို ရင်ဆိုင်တဲ့ အခါမှာ အတိုက်အခံ တွေဟာ နအဖ စစ်အာဏာရှင်တွေကို စက္ကူကျားလို့ မြင်နိုင်ဖို့ သိပ် အရေးကြီးပါတယ်။ စက္ကူကျားလို့ ဆိုလိုက်တော့ ဒီအသုံးအနှုန်းကို ထပ်ပြန်တလဲလဲ ကြားဖူးနေတာမို့ နှာခေါင်းရှုံ့ကောင်း ရှုံ့ပါလိမ့်မယ်။ ဒါပေမယ့် ဒီလို သေနင်္ဂ ဗျူဟာအမြင်၊ ရေရှည် အမြင် မရှိရင် နအဖ စစ်အုပ်စု၊ စစ်အာဏာရှင် စနစ်နဲ့ စစ်အစိုးရကို ဖယ်ရှားဖို့ မဖြစ်နိုင်ပါဘူး။ အခု တတိယ အင်အားလို့ ကိုယ့်ကိုယ်ကိုယ် ပြောနေသူတွေနဲ့ နအဖ အတွက် ရှေ့နေလိုက် သဘောတရား ထုတ်ပေးနေသူတွေ အထဲက အများစု ကြီးဟာ တချိန်က နအဖကို ဆန့်ကျင်တဲ့ အင်အားစုတွေ၊ လှုပ်ရှားမှုတွေထဲမှာ ပါဝင်ခဲ့ဖူးတယ် ဆိုတာ မှတ်မိ ကြပါလိမ့်မယ်။ ဒါပေမယ့် တိုက်ပွဲ အချိန်ကြာလာတော့ သူတို့ဟာ နအဖ စစ်အုပ်စုကို စက္ကူကျားလို့ မမြင်တော့ဘဲ တကယ့်ကျားကြီးလို့ မြင်လာ၊ ရွံ့လာကြပါတယ်။
ဒီလိုနဲ့ နအဖကို ဆန့်ကျင်လို့ မရတော့ဘူးဆိုတဲ့ ဆုံးဖြတ်ချက်ကို ချပြီး ရပ်တည်ချက် ပြောင်းသွားကြတာ ဖြစ်ပါတယ်။ ဒါကြောင့် စက္ကူကျားလို့ ကြည့်မြင်တယ် ဆိုတာဟာ အခြေခံ ရပ်တည်ချက် ပြဿနာ ဖြစ်ပါတယ်။ ကိုယ့်ထက် အဆမတန် အင်အားကြီးတဲ့ စစ်အုပ်စုကို ရေရှည်ရင်ဆိုင် တိုက်ပွဲဝင်ဖို့ အတွက် အခြေခံ လိုအပ်ချက်လည်းဖြစ်ပါတယ်။
စက္ကူကျားလို့ မြင်တယ်ဆိုတာနဲ့ တချိန်တည်းမှာ လက်တွေ့လုပ်ငန်းတွေကို အင်မတန် အလေးအနက်ထား၊ အစီအစဉ်ရှိရှိနဲ့ ချမှတ်လုပ်ကိုင်သွားဖို့ လိုပါတယ်။ ဗမာပြည်က စစ်အာဏာရှင် စနစ်ဟာ သူ့အလိုလို ပျောက်ပျယ်သွားမယ်လို့ စဉ်းစားလို့ လုံးဝ မဖြစ်ပါဘူး။ သူ့အင်အားနဲ့ ကိုယ့်အင်အားကို တွက်ချက်ပြီး လုပ်ငန်းတွေ သင့်တော်သလို ချမှတ်တတ်ဖို့ လိုပါတယ်။ နောက် တချက် ပြောသင့်တာက တော်လှန်ရေး လုပ်တယ်ဆိုတာ ဆန်စင်ရာ ကျည်ပွေ့လိုက်၊ မီးစင်ကြည့် ကနေလို့ မဖြစ်ဘူး ဆိုတာပါပဲ။ မှန်ပါတယ်။ လောလောဆယ် ပေါ်လာတဲ့ ကိစ္စတွေကို ရင်ဆိုင်တာ၊ ဖြေရှင်းတာတွေ လုပ်ရပါတယ်။ ဒါပေမယ့် အဲဒါတွေက အဓိက လုပ်ငန်း ဖြစ်မသွားဖို့၊ အဓိက လုပ်ငန်းကို ဖုံးလွှမ်း မသွားဖို့ သိပ်အရေးကြီးပါတယ်။
ဒီနည်းပရိယာယ်လုပ်ငန်းဟာ ဗမာပြည်ရဲ့ နိုင်ငံရေး အခြေအနေ ပြောင်းတဲ့ အလျောက် သွက်သွက် လက်လက် လိုက်ပြောင်း နိုင်ဖို့လည်း အရေးကြီပါတယ်။ ဗမာပြည် လွတ်လပ်ရေး အတွက် လုပ်ကြတယ် ဆိုရာမှာ ၁၃ဝဝ ပြည့် သပိတ်ကြီးလို ဟာကနေ ဂျပန် ဖက်ဆစ်ကို လက်နက်ကိုင် တော်လှန်ခဲ့တာ၊ တခါ အဲဒီ လက်နက်တွေကို စွန့်ပြီး ၁၉၄၆ ခုနှစ် သပိတ်ကြီး ဆင်နွှဲတာ၊ အချိန်မရွေး လက်နက်ကိုင် တိုက်နိုင်ကြောင်း အင်္ဂလိပ်တွေကို သတိပေးနေတာ စသဖြင့် အမျိုးအစား လုံးဝ မတူတဲ့ တိုက်ပွဲ သဏ္ဌာန်တွေကို ဆင်နွှဲခဲ့ကြလို့ အောင်ပွဲ ခံခဲ့ကြတာပါ။
လက်ရှိနိုင်ငံတကာအခြေအနေဟာ ဗမာပြည်သူတွေရဲ့ အရေးတော်ပုံ အတွက် အကောင်းကြီး မဟုတ်ပေမယ့် မဆိုးဘူးလို့ ပြောနိုင်ပါတယ်။ တကယ်လို့ နအဖသာ လိမ့်လိမ့်လဲလဲ ဖြစ်ရင် ဘယ်နိုင်ငံကမှ လာကယ်မှာ မဟုတ်ပါဘူး။ ကိုယ့်ပြည်တွင်းမှာ ကိုယ့်အင် ကိုယ့်အားနဲ့ လုပ်နိုင်ရင် ဘယ်သူကမှ ပြောမှာ မဟုတ်ပါဘူး။ စွက်ဖက်မှာလည်း မဟုတ်ပါဘူး။ တခုပဲ။ နိုင်ငံတကာ အချက်အလက်ကို အသုံးချဖို့ ချဉ်းကပ် တာပဲ ဖြစ်သင့်ပါတယ်။ ဂျပန်တွေ ဝင်လာတုန်းက ဆရာကြီး သခင်ကိုယ်တော်မှိုင်းက ဗိုလ်ချုပ် အောင်ဆန်းကို ပြောတဲ့စကားကို မမေ့ကြဖို့ လိုပါတယ်။
ဂျပန်တွေ ၀င်လာတုန်းက ဆရာကြီး သခင်ကိုယ်တော်မှိုင်းက ဗိုလ်ချုပ်အောင်ဆန်းကို ပြောတဲ့ “ဟေ့အောင်ဆန်း၊ မင်းပင့်လာတဲ့ ဘုရားကို မင်းပြန်ခေါ်သွားနော်” ဆိုတဲ့ စကားကို မမေ့ကြဖို့ လိုပါတယ်။
Ref: ခေတ်ပြိုင်
နေ့စဉ်သတင်းများ ( ၁၃ - ၁ - ၁၀)
■ တပ်မ (၆၆) တပ်နှင့် ထောက်လှမ်းရေးတပ် တင်းမာမှုဖြစ်ပွား သတင်း
■ စစ်အုပ်စုက မှားယွင်းစွာ သေဒဏ်စီရင်ခြင်းဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ထမ်းဟောင်းက ပြောဆို သတင်း
■ တိုင်းမှူးအမိန့်ဖြင့် နွေစပါးစိုက်ပျိုးနေရပြီး မစိုက်သူများ ငွေပေးနေရ သတင်း
■ အတိုက်အခံ အမျိုးသမီးများ (၂၂) မြို့နယ် ဖြန့်ကျက် သတင်း
■ အခွင့်အရေး အကင်းမဲ့ဆုံး လူတွေထဲ မြန်မာတွေ ပါဝင် သတင်း
■ ဥက္ကဋ္ဌ ပေါက်ယူချန်းနှင့် တွေ့ဆုံဆွေးနွေးလိုကြောင်း နအဖ ကမ်းလှမ်းမှုကို ဝတပ်ဖွဲ့ ပယ်ချ သတင်း
■ တလ (၁၀၀) သွင်းစနစ်ဖြင့် ကြံ့ဖွံ့က အိမ်ဆောက်ပေးနေ သတင်း
■ မြန်မာ့အလင်းသတင်းစာ (၂) ရက်ဆက်တိုက် မှားယွင်း သတင်း
■ သံဃာမက ဒကာပါ ဖမ်းဆီးခံရ သတင်း
■ ၂၁ ရာစုနှစ် အကြာဆုံး နေကြတ်မှု မြန်မာပြည်မှာ မြင်ရမည် သတင်း
■ အာဏာပိုင်အသိုင်းအဝိုင်းကြောင့် ဖားကန့်ဒေသ ပိုမိုပျက်စီး သတင်း
■ ဘဏ္ဍာရေးနှစ်မကုန်ခင် ကန်ထရိုက်များ ခပ်သွက်သွက် ချထား သတင်း
■ အိန္ဒိယ-မြန်မာ ပြည်ထဲရေးအတွင်းဝန်များ ဆွေးနွေးမည် သတင်း
■ ရခိုင်လူငယ် (၁၁) ဦး အမူကို ယနေ့တွင် ပြန်လည်စစ်ဆေးမည် သတင်း
■ ကျောက်ကပ်၊ အသည်းတို့အား အမှန်တကယ် လိုအပ်နေသူများ ရှိနေခဲ့ပါက ချက်ချင်းလှူဒါန်းသွားမည်ဟု အရှင်အရိယ၀ံသ မိန့်ဆို သတင်း
■ သဘက်ချောင်းရေ သောက်သုံးမှုကြောင့် ၀မ်းရောဂါဖြစ်ပွား (၅) ဦးထက်မနည်း သေဆုံး သတင်း
■ ခွဲစိတ်သေဆုံးမှုသတင်းများကို ပြည်တွင်း၌ ပိတ်ပင် သတင်း
■ မလေးရှား အငှားကားမောင်းသူက မြန်မာမိန်းကလေးကို လုယက် သတင်း
■ အဲပုဂံ တကျော့ပြန် ခေါင်းထောင်ရန် ကြိုးစား သတင်း
■ မြန်မာအမျိုးသမီးများ လေယာဉ်မောင်းတော့မည် သတင်း
■ Miss Tourism 2010 အား သံတမန်အဖြစ် ရွေးချယ်မည် သတင်း
■ ဘာသာရေး၊ လူမှုရေးနဲ့ မြန်မာအသိုင်းအ၀ိုင်း လှုပ်ရှားမှုသတင်းများ သတင်း
■ ဟေတီငလျင်ကြောင့် ဆူနာမီ အလားအလာ စောင့်ကြည့် သတင်း
■ သံသယရှိသူ နိုင်ငံခြားသား (၅) ဦးအား ရဲက နောက်ထပ်အမှုတွေ ဆက်ဖွင့် သတင်း
■ အပမ်းဖြေ ကမ်းခြေက ဘဝအမော မဖြေနိုင်သူများ (ဆောင်းပါး)
■ ခတ္တမန္ဒူမှ အတွေးများ (ဆောင်းပါး)
■ ရာပြည့်၊ ဆယ်ပြည့် မြန်မာ့မျက်နှာဖုံးများ၊ ဖြစ်ရပ်များ (ဆောင်းပါး)
■ ရောက်တတ်ရာရာ ခဏတာ (ဆောင်းပါး)
■ ပန်းပွင့်များရဲ့ ဒဏ္ဍာရီ (ဆောင်းပါး)
Wednesday, January 13, 2010
သမိုင်းဘီးနစ်ခဲ့သူများ အပိုင်း(၃)
စိန်လွင်
ဇန်နဝါရီ ၁၂ ၊၂၀၁၀။
ရင်ထဲက အမှတ်တရ ဂျိမ်းမောစ်လီ
ကျွန်တော် ကောင်စစ်ဌာနတွင် ရှိနေစဉ် ပထမ ဆုံးအကြိမ်အဖြစ် ၁၉၉၈ မေလ ထဲတွင် သူ့ကို အင်းစိန်ထောင်သို့ သွားရောက် သတင်းယူစဉ် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်၊ ထိုစဉ် ကလထ-ညွန်မှူး ဒေါ်ယဉ်ယဉ်ဦး (၁၉၈၈ သမ္မတ ဒေါက်တာမောင် မောင်၏သမီး၊ ယခု ရီယဒ်မြို့၊ မြန်မာသံရုံး၊ သံမှူးကြီး)၊ နိုင်ငံခြားရေးသို့ အထူးအရာရှိ အဖြစ် တွဲပေးသော ဗိုလ်မှူးမင်းသိန်း (ကကလှမ်း) တို့ဖြင့် အင်းစိန် လမ်းမဘက် အကျဉ်း ဦးစီးရုံးချူပ် ဘက်ရှိ ထောင်ရိပ်သာတွင် ဂျိမ်းကို တွေ့ဆုံခဲ့ရသည် ထိုအချိန်က သူ့ကို ထောင် (၅) နှစ် ကျရန် ချခဲ့ပြီး ဖြစ်သည်။ ထို့နောက်ပိုင်းတွင် ရန်ကုန်ရှိ သြစတြေးလျနှင့် အင်္ဂလန် သံရုံး တို့မှ မကြာဏ consular Access တောင်းခံကာ ပြန်လွှတ်ပေးရန် တောင်းဆိုနေခြင်းကြောင့်၊ နခဌ အနေဖြင့်လည်း၊ သူထံသို့ သွားရောက်ကာ ဤခြေအနေ မေးမြန်းခြင်း ဖြစ်သည်၊ သူသည် ထိုအချိန်က ၂၅ နှစ် ဝန်းကျင် အရွယ် သဘောထား ပြတ်သားပြီး၊ စစ်အစိုးရကို အကြမ်းဖက် သမားတွေ Junda တွေဟုပင် သုံးနှုန်းသည်၊ နိုင်ငံရေး မလုပ်ကြောင်း၊ ခံဝန်လည်း မထိုးနိုင်ကြောင်း၊ အကြမ်းဖက် သမားတွေ ပြည်သူကို မတရား ဖိနှိပ်လို့ အာဏာ ရနေတာက လွှဲရင် တရားတဲ့ ရွေးကောက်လို့ရတဲ့ အစိုးရ မဟုတ်လို့ အသိအမှတ် မပြုနိုင်ကြောင်း၊ လက်မှတ်မှ မထိုးနိုင်ကြောင်း၊ ထောင်ချမယ်မှန်း သိပြီး ဖြစ်လို့ ကြောက်နေမှာ မဟုတ်ကြောင်း၊ ပြင်းထန်စွာ ပြောပါသည်။
ထိုအနားတွင် ကကလှမ်း၊ တို့လည်း အရပ်ဝတ် တိုက်ပုံ လည်ကတုံးတို့ဖြင့် ရှိနေရာ၊ ကျွန်တော်မှ သူ့ကို မျက်စိ မှိတ်ပြလိုက်၏ သူအနေနှင့် ကျွန်တော့်ကို နားလည် နိုင်လောက်ပါသည်၊ ဘာဖြစ်လို့လဲ ဆိုတော့၊ ကျွန်တော် သူ့ကို ဤနေရာမျိုးမှ အမြန်ဆုံး ပြန်လွှတ် စေလို၍ ဖြစ်သည်၊ သူ့ကိုယ်မှ ချုန်းချုန်းကျ နေသည်၊ မျက်နှာပေါ်တွင် အနီနီ အဖုဖု အပိတ်ပိတ် တို့ကို သူ့လို အဖြူ European တစ်ယောက်တွင် ထင်သာစွာ မြင်ခဲ့ရသည်ကို ရင်ထဲမှာ ဆို့နင် မိပါသည်၊
ထို့ကိစ္စအတွက် မှတ်တမ်းများ ရေးရခြင်း၊ ကကလှမ်းသို့ အစီရင်ခံစားများ ပို့ရခြင်း၊ အထူးသဖြင့် UK သံရုံးသို့ ၄င်းနှင့် ထောင်တွင် တွေ့ဆုံနိုင်ရန် စီစဉ် ပေးရပါသည်၊ မှတ်မှတ်ရရ ဌာနတွင် သူနှင့် ပါတ်သက်သော Britanica Encyclopedia ကဲ့သို့ ထူထဲသော ဖိုင်တွဲ အထူကြီး (၇) ဖိုင်မျှ ဖြစ်ပေါ်လာပါသည်၊ သူ့ကိစ္စ အားလုံး ပြန်လွှတ်ချိန် အထိသည် ကကလှမ်း အဆုံးအဖြတ်၊ အတိအကျ ဆိုပါလျှင် မင်းသားကြီးသာ ခရာသာ ဖြစ်ပါသည်၊ ကကလှမ်း ဘက်မှ တန်ပြန်နှင့် ပြည်ပ ထောက်လှမ်းရေး ဌာနတို့မှ သူ့ကိစ္စကို ကိုင်ခဲ့သည်၊ သူသည် ကရင်ပြည်နယ်မှ နယ်စပ်ဘက်မှ ဝင်လာခဲ့ခြင်း ဖြစ်၍၊ သူ့ကို KNU ABSDF စခန်းတို့၏ အခြေအနေများ၊ သူ့ကို မည်သည့် အဖွဲ့အစည်းက တာဝန်ပေး စေလွှတ်ခဲ့သည့် (MI 5) ၊ ကို ရည်ညွန်း ပါသည်၊ လန်ဒန် မြန်မာသံရုံးမှ Conservative Party ပါတီဝင် တစ်ဦးဖြစ်ကြောင်းမှ လွှဲ၍ ၄င်းသည် ဗြိတိသျှ ထောက်လှမ်းရေး တစ်ဦး၊ ဟုတ်-မဟုတ် စုံစမ်း မပေးနိုင်၍ မင်းသားကြီးမှ ထိုစဉ်က သံအမတ် ဒေါက်တာ ကျော်ဝင်းကို မျက်မှန်တော်ရှ ခဲ့ပါသည်၊
(သံအမတ်ဒေါက်တာကျော်ဝင်းဆိုသည်မှာ ကက(ဆေး) ညွှန်ကြားရေးမှူး ဖြစ်စဉ်၊ သားတော်မောင် စက်မှု တက္ကသိုလ် ကျောင်းသား၏ ကားတိုက်မှုကြောင့် သံအမတ် ဘဝသို့ မမျှော်လင့်ဘဲ၊ ဦးဝင်းအောင် (သံအမတ်မှ ဝန်ကြီးဖြစ်စဉ်) နေရာ သို့ရောက်ရှိ ခဲ့သည်မှ လွှဲ၍၊ ဆေးကုတတ်ခြင်းမှ လွှဲလျှင်၊ ထောက်လှမ်းရေး လုပ်ငန်းကို စိတ်ဝင်စားသူလည်း မဟုတ်၊ လုပ်လည်း မလုပ်တတ်ပါ၊) တပ်မှ ရောက်လာသူ အများစုမှာ ကိုယ်စီ Case တွေ ဖြစ်ပြီးမှ နိုင်ငံခြားရေး ဘက်သို့၊ သံအမတ်နှင့် သော်လည်းကောင်း၊ စစ်သံမှူး သော်လည်းကောင်း၊ အရှင်လတ်လတ် ဘဝပြောင်း လာသူများပါ၊ နိုင်ငံခြားရေး ဝန်ထမ်းများ အတွက်ကတော့၊ ထောက်လှမ်းရေးမှ လာသည့် သံအမတ်တွေလို မဟုတ်၍ သူနှင့်လုပ်ခဲ့သူများ စိတ်ချမ်း သာခဲ့ရသည်။
မော်လမြိုင်တွင် SB မှ စတင်ဖမ်းမိကာ၊ နှိပ်စက် စစ်ဆေး ခံရကာ တရားရုံးတွင် အမိန့်ချခြင်း၊ အင်းစိန်ထောင်တွင် ကြိုးတုတ် ထဲ့ထားခြင်း၊ သီးသန့်ထားခြင်း၊ စကားပြောဖော် မရှိအောင် ပြုလုပ်ခြင်း၊ ၄င်း အစားအသောက် ပျက်အောင် ကန်စွန်းရွက် အပုပ်နှင့် ဆားခဲများ ထဲ့ပေးခြင်း၊ ညစ်ပတ်စွာ ထားရှိခြင်း စသော စိတ်ပိုင်း၊ ရုပ်ပိုင်း ဆိုင်ရာ နှိပ်စက်မှုများကို လှမ်း၏ ထိပ်တန်း လျှို့ဝှက် မိန့်ချက်အရ ပြုလုပ်ရကြောင်း၊ ထောင်အရာရှိ တစ်ဦးက ပြောပြလို့ သိခဲ့ရပါသည်၊
(၉ လေးလုံး) ကို ဆင်နွဲလိုသည့် ဂျိမ်းစ်၏ တတိယ အကြိမ် စွန့်စားခန်း
ဤအကြိမ်တွင် လူစွန့်စား ဂျိမ်းစ်သည် ကျိုင်းတုံရှိ ထမင်းဆိုင် တစ်ဆိုင်တွင် ထမင်းစားနေစဉ်၊ ၄င်းနောက်သို့ နောက်ယောင်ခံ လိုက်လာသည့် ထလရ (၂၂) မှ မသင်္ကာ၍၊ စစ်ဆေးရာမှ ဖမ်းမိခဲ့ခြင်း ဖြစ်ပါသည်၊ ၄င်းတို့၏ စစ်ကြောရေး စခန်းတွင် ထားရှိပြီး၊ မင်းသားကြီးမှ ကျိုင်းတုံတွင်သာ ထားရှိရန်၊ နေ့တွင်းချင်း အမိန့်ပေးခဲ့ပြီး ဖြစ်သည်၊ ၁၉၉၉ သြဂုတ်၊ စက်တင်ဘာ ကာလသည် လုံခြုံရေး တိုးမြင့်ထားသည့် အချိန် ဖြစ်ပါသည်၊ ထို့နောက် နိုင်ငံခြားရေးသို့၊ ရုံးစာဖြင့် လှမ်းမှ အကြောင်းကြားလာ၍၊ သြစတြေးလျနှင့် အင်္ဂလန် သံရုံးသို့၊ အကြောင်း ကြားရခြင်း၊ ၄င်းတို့မှ ရုံးသို့ လာရောက်ကာ၊ လွတ်ပေးရန် ထပ်မံ တောင်းဆိုပါသည်၊ ဤအကြိမ်တွင်မူ ဦးဝင်းအောင်ကပါ တင်းမာစွာဖြင့် သံအမတ်များကို တုံ့ပြန်ခဲ့သည်၊ မကြာမှီ၊ သြစတြေးလျ အစိုးရဘက်မှ မြန်မာ နအဖဘက်မှ စေလွှတ်မည့်၊ ဗိုလ်မှူးချုပ်ကို သံအမတ်အဖြစ် ငြင်းပယ်ခဲ့ပြီး၊ အရပ်သား ဝန်ထမ်းကိုသာ လက်ခံလိုကြောင်း တုံ့ ပြန်ခဲ့ရာ၊ ဂျနီဗာရှိ သံအမတ်ဦးအေး (နိုင်ငံခြားရေး) က သံအမတ် အဖြစ်၊ ကင်ဘာရာသို့ ရောက်ခဲ့ရ ပြန်သည်၊
(မရှေးမနှောင်း အောက်တိုဘာလထဲတွင် ဘန်ကောက်၊ မသရသို့၊ ABSDF မှ ဝင်သိမ်း ခဲ့ပြန်သည်၊ ထိုအချိန်က ကျွန်တော် မနလမှာ ဘန်ကောက်သို့ နယူဇီလန် ဗီဇာယူရန် ရောက်ရှိနေချိန် ဖြစ်သည်၊) ကျွန်တော် နယူးဇီလန်မှ ပြန်ရောက်ချိန် ဇူလိုင် ၂ဝဝဝ ထိ၊ ဂျိမ်းစ်သည် ကျိုင်းတုံတွင် ရှိနေဆဲ၊ စက်တင်ဘာတွင် ဂျိမ်းစ်ကို ထောင်တွင်း ဆန္ဒပြမှုဖြင့်၊ ထောင်အတွင်း၊ အကစ ဝန်ထမ်းများက ဝိုင်းရိုက်ခဲ့ကြသည်၊ ထိုကိစ္စ အတွက် John Battle , UK နိုင်ငံခြားရေး ဝန်ကြီးမှ သံအမတ် ဒေါက်တာ ကျော်ဝင်းကို လန်ဒန်တွင် ခေါ်ယူ သတိပေး ခဲ့သည်၊ ဦးဝင်းအောင်က ဖုံးဖြင့် “စောက်ဂရု စိုက်မနေနှင့် ၄င်းစိတ် သိတ်မမှန်တော့ကြောင်း ပြန်ပြောရန်” သံအမတ်ကို ညွှန်ကြားခဲ့သည်၊
၂ဝဝဝအောင်တိုဘာထဲတွင် အန်တီစုနှင့် ဗခကျော်ဝင်း(လှမ်း၊ ဒုညွှန်မှူး) ဦးဝင်းအောင် တို့သည်၊ အစိုးရ ဧည့်ဂေဟာတွင် စတင် တွေ့ဆုံ ဆွေးနွေးသည်၊ ထိုလတွင် Razili မလေးရှား သံတမန် ရောက်ရှိလာပြီး၊ တွေ့ဆုံသည်၊ ထိုအချန်က နိုင်ငံခြားရေး၊ သံတမန်ရေးရာ ဌာနမှ ၄င်းခရီးစဉ်ကို အသေးစိတ် စီစဉ်ပေးရပြီး၊ စတင် ရောက်ရှိချိန်မှ မြန်မာပြည်မှ ထွက်ခွာမည့် နောက်ဆုံးအချိန် အထိ ခရီးစဉ် ဇယားကို ကကလှမ်းသို့ ပို့ရသည်၊ အပါယ်လေက်၊ ယုတ်မာသနည်း ဆိုလျှင်၊ ၄င်းအား ပုဂံဘုရားများ ပို့ခြင်း၊ ပဲခူးသို့ နေ့လယ်စာ စားခြင်း၊ ကားဖြင့် နေ့ခရီးစဉ်များ ထွက်ခြင်း၊ ၄င်းခရီးစဉ်၏ အချိန်များကို တမင်တကာ၊ ကုန်အောင်၊ လူပင်ပန်းအောင် ရည်ရွယ်ချက် ရှိရှိဖြင့်၊ ပြုလုပ်ကာ၊ ဒေါ်စုအိမ်သို့ ညနေ ၅း၃ဝ - ၆းဝဝ၊ ညစာ စားခါနီး အချိန်တွင် မကောင်းသော အချိန် (လူပန်း၊ ဗိုက်ဆာ) ဖြစ်အောင် ပြုလုပ် ခဲ့ကြသည်၊
ဤကဲ့သို့၊ ပြည်ပ ဖိအားများပြား လာချိန်တွင် ဂျိမ်းစ်ကို ပြန်လွှတ်ရန်၊ ကကလှမ်းမှ နခဌသို့ အကြောင်းကြားလာ သည်ကို ကျွန်တော်တို့မှ အင်္ဂလန်သံရုံး၊ သြစတြေးလျ သံရုံးတို့ကို ဆက်လက် အကြောင်းကြား ပေးခဲ့ရသည်၊ ဤသည်မှာ သူ၏ ၃ကြိမ်မြောက် လွှတ်မြောက်ခြင်းနှင့် နောက်ဆုံး ဖြစ်ပါစေဟု ဆုတောင်း မိပါသည်၊
စိတ်မှာ နာကျင်ခံရသည်၊ မတရားသော ဥပဒေများကို။
ကောင်စစ်ဌာနတွင်ရှိစဉ်က ကကလှမ်း၏ သတင်းပေးများ အတွက် နိုတြီအတုများ၊ လှမ်းမှ တပ်ကြပ်ကြီး တစ်ချို့ ဘုန်းကြီး ဝတ်ဖြင့် အိန္ဒိယ၊ ထိုင်း၊ တစ်ချို့ အမေရိကန် ဘက်သို့ သွားကြရာ မနလ ထူးများဖြင့် သွားကြသည်ကို ရင်နာစွာ မှတ်မိ နေပါသေးသည်၊
မလေးရှာနိုင်ငံရှိမြန်မာများ
၂ဝဝဝ ခုနှစ် (ဝ၁၊ ဝ၂) ဝန်းကျင်ကာလများတွင် မလေးရှားမှ အထူးသဖြင့် ကော်လာပြာ လုပ်သားများ ဌားရန်းရန် ကမ်းလှမ်းလာသည်၊ ထိုကိစ္စတွင် ရွှေအင်းဝ အေဂျင်စီကို ရွေးချယ်ကြောင်း၊ ၄င်းသည်လည်း၊ S2 ဗိုလ်ချုပ်တင်ဦး၊ မိသားစု ဝင်များ ပိုင်ဆိုင်သော ကုမ္မဏီမှန်း သိရသည်၊ မြန်မာ အလုပ်သမားများ၏ လစာကို ဖြတ်တောက်ခြင်း၊ မလေး အလုပ်ရှင်များအား ၄င်းတို့၏ နိုင်ငံကူး လက်မှတ်များကို သိမ်းဆည်း ထားစေခြင်းတို့ဖြင့် မြန်မာ လူမျိုးခြင်းများစွာ ဂုတ်သွေး စုတ်နေသည်ကို ရင်နာဖွယ် မြင်တွေ့ခဲ့ရသည်၊
ထို့ပြင်၊ မလေးရှားနှင့် ထိုင်းရှိ မြန်မာသံရုံးတို့သည် မြန်မာတို့ အပေါ် ကောင်းကျိုး မပေးသော ရုံးများ ဖြစ်သည်ကိုလည်း တွေ့ရှိရသည်၊ သံရုံးရှေ့သို့ လာရောက် ဆန္ဒပြသူများ၏ ဓာတ်ပုံများကို အသွင်သွင်ရိုက်ကာ၊ သတင်းပေးများက မည်သူ မည်ဝါ ခွဲခြားပေးသည်ကို နခဌသို့ ပဏာစားကာ စီရင်ခံ ပေးပို့လာသည်၊
အခွန်တွေကို ဘုံးကာ၊ ဗီဇာခတွေကို ဖြောင်ကာ၊ ကိုယ့်ရုံးကို မီးတင်ရှို့ကာ စာရင်းဖျောက်သည်မှာ မကြာခဏ၊ အချင်းချင်းလည်း စားကွက်လုကာ ဆော်နေကြသည်၊
ဤသို့ အဝေးမတော့သည့် ကြားမှ စစ်သံရုံးများက စစ်သံမှူးနှင့် စစ်ထောက်လှမ်းရေး တို့က ဝင်လာပြီး ကတုံးပေါ် ထိပ်ကွက် နေသည်မှာ သချိုင်းကုန်းရှိ ခွေးသေကောင် ပုပ်ကို ဋင်းတ တစ်အုပ်နှင့် မြေခွေး တစ်စုတို့ ဖုန်းတထောင်းထောင်း ထအောင် ဆော်နေသည်နှယ် ယနေ့ထိတိုင်ပါ၊
စခဲ့သည်ကို ထိုအချိန် မလေးရှားရှိ သံတမန်လောကတွင် ပြောစမှတ် သွင်ကာ အောချခဲ့ရပါသည်၊ ထိုင်းမှာ အစားဆုံး ထဲက တစ်ယောက်သော သံအမတ်မှာ လှမ်းဒဗမက လှမောင်၊ သူက မြန်မာပြည် အလယ်ပိုင်းတွင် သိန်း ၃ဝဝ တန် စာသင် ကျောင်း တစ်ကျောင်းကို လှူရာ၊ သူ၏ ဆရာ ဖိုးကံကောင်း (၁၉၉၇ တွင် လာဘ်စားသော နဝတ ဝန်ကြီးများကို ဖြုတ်ခဲ့ သော၊ TV မင်းသားကြီး ခင်ညွန့်) က ပြုံးပြုံးကြီးနှင့် ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးခဲ့ပုံကို မြန်မာ့ ရုပ်သံမှ ထုတ်လွှတ်ခဲ့ပုံမှာ ထိုင်းရောက် မြန်မာနိုင်ငံသားတို့မှ သာဓု သာဓု (ဒို့ဟာတွေ) ခေါ်နိုင် ပါ ပေသည်၊
၁၉၉၉၊ ၂ဝဝဝ ဝန်းကျင်ကာလတွင် ကက(လှမ်း)သို့ သတင်းများ ပို့ပြီး၊ မြန်မာနိုင်ငံ သားများ ထံမှ အစားခဲ့ ဆုံးသော ဖျံများ မှာ - စိန်ညွှန့် (သံရုံးအုပ်)၊ လှိုင်ဘုန်းမြင့် (ပထမ အတွင်းဝန်၊ ယခုဒုညွှန်မှူး၊ နခဌ၊ နေပြည်တော် ဝန်ကြီးရုံး) ၊ တို့သည် ၄င်းတို့၏ စွမ်းဆောင်ချက်များကို ဖော်ပြ၍ ကားသွင်းခွင့် ပါမစ်များ ရရှိကာ၊ သိန်း ၈ဝဝ ဝန်းကျင်စီ ရရှိခဲ့ကြသည်၊ လက်ရှိ ၂ဝဝ၈၊ ၂ဝဝ၉ ဝန်းကျင် ကာလများတွင် ထိုကဲ့သို့ ခြေရာ နင်းနေသူက သက်ထွန်း၊ (ပထမအတွင်းဝန်) ဖခင် လဝကဝန်ကြီး ဗိုလ်မှူးစောထွန်း ဖြစ်ကာ၊ အောက်ခြေသိမ်း ငွေရှာ ပေးသော စာရေး အောင်ကြီးကတော့ အထုတ်ပိုက်ကာ ပြန်ရောက်နေပြီး ဖြစ်သည်၊ ၂ဝဝ၉ ထဲမှာ ဤခွင်ကို သိ၍ ဘန်ကောက် မြန်မာသံရုံးသို့ ဒုတိယ အကြိမ် တာဝန်ပြန်ကျအောင် လုပ်ယူလာသူက ဒုတိယ အတွင်းဝန် (ခင်မောင်ဌေး) နှင့် သက်ထွန်းတို့ စားကွက်လုသည်မှာ ယခုအခါ ပွဲကြီးပွဲကောင်း။
ထိုင်း- မြန်မာဆက်ဆံရေး၊
နိုင်ငံခြားရေးဌာန၊ နိုင်ငံရေးဦးစီးဌာန၊ အရှေ့တောင်အာရှ ဌာနမှ နှစ်နိုင်ငံ ခရီးစဉ်များ ရှိလျှင်၊ ဘာစာချုပ်တွေ ရှိသည်၊ ဘာတွေလုပ်ရန် ကျန်သည် စသည်တို့ကို ဝန်ကြီးထံ တင်ပြပေးရသည်၊ သို့သော် တကယ့် အရေးကြီး ကိစ္စများ ဖြစ်သော KNU စခန်းများကိစ္စ၊ ဝ ကိစ္စ စတာတွေက ခင်ညွှန့်ပင်၊
၂ဝဝဝ ခုနှစ်ဝန်းကျင်တွင် ထိုင်းနိုင်ငံမှ လူငယ်များ မူးယစ်ဆေးဝါး သုံးစွဲမှု များပြားလာမှုနှင့် ဆန္ဒပြပွဲများ ဖြစ်ပေါ်လာရာ၊ ထိုင်းဘက်မှ “ဝ” တပ်များကို ၂ဝဝ၁ ထဲတွင် စတင် ထိုးစစ် ဆင်ရာမှ၊ ထိုင်း -မြန်မာနယ်စပ် တင်းမာမှုများ ဖြစ်ပေးလာသည်၊
ဤအခြေအနေကြောင့် သက်ဆင် ရန်ကုန်သို့ ၂ဝဝ၁ စက်တင်ဘာတွင် လာခဲ့ပြီး၊ ခင်ညွှန့် ဦးဝင်းအောင်တို့ ထိုင်းသို့ စက်တင်ဘာတွင် သွားခဲ့သည်၊
ထိုင်း Huahin ရှိ Swan San Guest house တွင် ထိုစဉ်က ဒုဝန်ကြီးချုပ် တဖြစ်လဲ၊ ချာဗလစ် ယောင်ချိုင်ယုတ်နှင့် ခင်ညွှန့် တွေ့ဆုံခဲ့ပြီး၊ KNU ကို ထိုင်းနယ်မြေထဲတွင် လက်မခံရန် ဆွေးနွေးသော်လည်း မအောင်မြင်ပါ၊ သို့သော်၊ ထိုင်း ထဲရှိ မနီးလျိုင် ( Refugee camp)ကို ပိတ်ရန် သဘော တူခဲ့သည်၊
သက်ဆင်မှလည်း Thaicom Teleport အနေဖြင့် Cybertech Myanmar ကို နည်းပညာပေး ကူညီရန်၊ အသေးစိတ် Project ကိုမူ ရဲနိုင်ဝင်းနှင့် ဆောင်ရွက်ရန်၊
စိန်လွင်
Ref: ကောင်းဝါ
သမိုင်းဘီးနစ်ခဲ့သူများ အပိုင်း(၂)
စိန်လွင်
ဇန်နဝါရီ ၁၁ ၊၂၀၁၀။
၁၉၉၇ ဧပြီလ တရုတ်နိုင်ငံမှ စွယ်တော် ကမ္ဘာအေးတွင် စံပါယ်စဉ်၊ ဒု ဗခက တင်ဦး လာရောက် ခါနီးတွင် ဗုံး ပေါက်ကွဲခဲ့သည်၊ ထိုဖြစ်စဉ်တွင် ကကကြည်း အမိန့်နှင့် လုံခြုံရေး ယူသည့် ခြေလျင် တပ်များနှင့် ခင်ညွှန့် အမိန့်အရ ပိတ်ဆို့ လမ်းကြောင်းကို ထလရ တပ်များက ဖွင့်ပေး လိုက်သည်ကို အခြေအတင် အချင်းချင်း ပစ်ခတ်လုနီးပါး ဖြစ်ခဲ့ရသည်ကို……
ရှာဖွေရာတွင် တွေ့ရှိသော ဗုံးအစအနများမှာ ကပစ ထုတ်များ ဖြစ်သော်လည်း၊ အမေရိကန် နိုင်ငံ ထုတ်များ ဖြစ်ကြောင်း၊ သတင်းစာများတွင် “ပါပီမ” ၏ ဇာတ်ညွှန်း ဆရာ၊ မင်းသားကြီးက… သတင်း ဖော်ထုတ်ခဲ့သည်ကို…
၁၉၉၇ တွင် နဝတ ဝန်ကြီးများဖြစ်သော ထွန်းကြည်၊ ကျော်ဘ၊ မောင်လှ၊ မျိုးညွှန့် စသည့် သူ့ထက် စီနီယာ ကျနေသူ များကို လာဘ်စားပြီး “လာမပေးပါ” ဟု ဦးသန်းရွှေကို တင်ပြပြီး ဖြုတ်ချကာ နယက သို့ ပြောင်းလဲကာ သူ၏ အာဏာကို ပို၍ တည်ဆောက်လာသည်၊ ထို့အပြင်လည်း ထွန်းကြည်နှင့် နာန္ဒာလှိုင်တို့၏ တတိယ အရွယ်၏ ဒုတိယ ဝေဒနာ ဇာတ်လမ်းကိုလည်း၊ ထလရ (၁၄) မှ ရိုက်ကူးကာ၊ ကက လှမ်းတွင် တည်းဖြတ်ကာ၊ ဒဂုံမြို့နယ်ရှိ ကက ကြည်း စစ်ဆင်ရေး ခန်းမတွင် ရုံတင်ခဲ့ပါသည်၊
၂၀၀၁ တွင် ပခုံးချင်းယှဉ်နေသည့် ကြည်းတပ် အနောက်ခံ ရှိနေသော ဒုဗခက တင်ဦး၊ နောက်တက်မည့် ကျန်စစ်သား ဖြစ်သော ဗိုလ်ချုပ်သူရ သီဟသူရ စစ်မောင်တို့ ရုရှလုပ် MI 17 ဖြစ် မော်လမြိုင်ဘက် ခရီးထွက်စဉ် Helicopter Pilot က သောက်တာများ၍ ပျက်ကျသည့် သဖွယ် ဒဏ္ဍရီနှယ်၊ တရားသူကြီး ပေါင်ချိန်သို့ မင်းသားကျန်ချောင်း ဖော်ထုတ် ခဲ့ပါသည်၊
၂၀၀၀ ခုနှစ် ခေါ်စု နှင့် လျို့ဝှက်ဆွေးနွေးပွဲများတွင် သူမကို ဒုဝကခ နေရာ၊ ထိုအချိန်က တမင် လှစ်လပ်ထားသော လဝက လူမှုဝန်ထမ်း၊ ဝန်ကြီး နေရာများကို NLD မှ ယူနိုင်ကြောင်း၊ ကမ်းလှမ်းခဲ့သူမှာ ခင်ညွှန့်ပင်၊ (ဒေါ်စု လုပ်နေခြင်း မှာ ဖခင်ကဲ့သို့ပင်၊ စစ်အာဏာရှင် စနစ်အောက်မှ မြန်မာနိုင်ငံ လွတ်မြောက်ရန်၊ ဤလို ရာထူးနေရာဖြင့် လုပ်စားဖို့ မဟုတ်၊ သံလွင်ခွေကို နားထောင်မိလျှင် သူမကိုပို၍ လေးစား မိလာမည်၊ အမြဲတမ်း ဖမ်းဆီးခံ နိုင်ငံရေး အကျဉ်းသားများ အားလုံး ပြန်လွှတ်ပေးရန်၊ ၉၀ ရွေးကောက်ပွဲသည် ပြည်သူတို့ ဆန္ဒအမှန်၊ စစ်မှန်သည့် နိုင်ငံရေး ဆွေးနွေးပွဲများ ပြုလုပ်ရန်၊ တကယ် ပင်ကျွန်တော်တို့ မြန်မာပြည်သူ အားလုံးအတွက် သူမသည် ဒုတိယ ဗိုလ်ချုပ်အောင်ဆန်းပင်)
၂၀၀၂ မတ်လ၊ တပ်မတော်နေ့အနီးတွင် ဦးနေဝင်း မြေများ၏ မောင်အေးတို့ကို ဖြုတ်ချလိုသော မအောင်မြင်သော အာဏာသိမ်းပွဲ ဖြစ်လာခဲ့ပြီး၊ ထိုကိစ္စ သတင်းစာ ရှင်းလင်းပွဲကို ကျော်ဝင်းမှ ပြုလုပ်ခဲ့သည်၊ အမြဲတမ်း သတင်းစာ ရှင်းလင်းသော ယခုကိစ္စတွင် ခင်ညွှန့် အနေဖြင့် များစွာ စိတ်မကောင်း ဖြစ်ခဲ့ကြောင်း ဦးဝင်းအောင်ကို ပြောပြခဲ့သည်၊ ၂၀၀၂ ဝန်းကျင် ကာလများတွင် မောင်အေးကိုပင် ပြည်ပ ခရီးစဉ်များ လိုက်ပို့သည့် အခါ အလေးမပြုခြင်း တို့ကို မြန်မာ့ ရုပ်သံတို့တွင် ထုတ်လွှင့် လာပါသည်၊ (မြန်မာ့ရုပ်သံ ထုတ်လွှင့်မှုကို လှမ်းမှ အမြဲတည်းဖြတ် ထိန်းကွပ်ထားသည်)၊ တကယ်တော့ တပ်မတော် ထောက်လှမ်းရေး တပ်သည်၊ ထောက်ပို့၊ အင်ဂျင်နီယာ၊ ဆေးတပ်များ ကဲ့သို့၊ ကြည်းတပ်၏ လက်ရုံးတပ် တစ်ခုသာ ဖြစ်ပြီး၊ ညွှန်မှူးသည် ဗိုလ်ချုပ် အဆင့်သာ ဖြစ်ကာ (၆၅) တွင် ပင်စင် ယူရမည် ဖြစ်သည်၊ သို့သော်လည်း မင်းသားကြီး ခင်ညွန့်သည် က လှမ်းကို ကက ကြည်းကဲ့သို့ ဌာနအဆင့် (တနည်းဆိုသော်) သူနှင့် ကာကွယ်ရေး ဦးစီးချုပ်ကြည်း၊ the same role ဖြစ်အောင်၊ လှမ်း၊ ဌာနချုပ် အဖြစ် ၂၀၀၂ ထဲတွင် ဖွဲ့စည်းပုံ တိုးချဲ့ခဲ့ပြီး ဌာန ကြီးမှုးများကို ဗိုလ်ချုပ်အဆင့် ထားရှိကာ၊ ဤကဲ့သို့ နိုင်ငံရေးအရ လက်တွေ့ပိုင်းတွင် ပုံဖော် အားပြိုင် လာပါသည်။

ဤအခြေအနေတွင် မင်းသားကြီးခင်ညွန့်က အရွယ်တင် နုပျိုနေသေးရာ၊ ဗိုလ်တထောင် ဘုရားမှ အင်္ဂါဒေါင့် အနီး၊ လိပ်ကန်တွင် စံပါယ်တော်မူသော .. .. ကမ္ဘာစောင့် နတ်မင်းကြီးများ ဖြစ်သော.. .. အဲလေ.. ဦးသန်းရွှေနှင့် မောင်အေးကို စောမောင်တုန်းကလို သူက ဆေးပင်စင် ပေးလိုခြင်း ဖြစ်သည်။ ဦးသန်းရွှေနှင့် မောင်အေးတို့ ကလည်း သူ့ကို ဝန်ကြီးချုပ် အဖြစ် သြဂုတ် ၂၀၀၃ တွင်ခန့်ကာ၊ တပ်မှ ဖယ်ထုတ်ပြီး ဦးသန်းရွှေ တပည့် ကျော်ဝင်းကို ကကလှမ်း ညွှန်းမှူး ခန့်ရန် လုပ်သောအခါ၊ ခင်ညွန့်မှ ကျော်ဝင်းကို သက်ပြည့် ပင်စင်ယူရန် သန်းရွှေကို ပြန်လည် အာခံခဲ့သည်၊ ဤအခြေအနေကို ဆရာကောင်း တပည့် ဦးဝင်းအောင် ကောင်းကောင်း သိသည်၊ ဦးဝင်းအောင်သည် ဌာနတွင် ၄င်းသည် တစ်ချိန်တွင် ဒုဝန်ကြီး ချုပ် သို့မဟုတ် ဝန်ကြီးချုပ်ထိ သူအနေအထား ရှိကြောင်း ဌာနတွင် လာဘ်စားမှု လုပ်မှာ မဟုတ်ကြောင်း အတွင်းစကား ပြောခဲ့ပါသည်၊ ဦးဝင်းအောင်မှ သူ့ဆရာကို- ယခုအခါ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ချုပ်မှာလည်း ဗခက ကြီး၏ စည်းရုံး နိုင်မှုကြောင့် အောင်မြင်ကြောင်း၊ (ဝ နယ်တွင် ဗခက ခင်ညွှန့်၏ ပြုံးနေသော ဓါတ်ပုံကို စိုက်ထူထားသည်။ တိုင်း ရင်းသားတို့သည် လူကို ခင်မင်တတ်သည်။
တဖက် NLD ကိုလည်း စည်းရုံးပြီး ဒေါ်အောင်ဆန်းစုကြည်ကိုလည်း လွတ်လပ်စွာ စည်းရုံးခွင့် ပေးကာ၊ နောက်ဆုံးတွင် ဖီလစ်ပိုင်တွင် အာဏာရှင် မားကိုစ်ကို ဖြုတ်ချရာတွင် ကိုရာဇန် အကွီနိုနှင့် ထိုအချိန်က ကာချုပ် ရာမိုစ်တို့ ပေါင်းခဲ့ကြောင်း၊ ယခုလည်းသန်းရွှေ၊ မောင်အေးတို့ကို ဤအတိုင်း ဖြစ်လာနိုင်ကြောင်း၊ ထို့အပြင်လည်း ၁၉၉၀ NLD အောင်ပွဲ ခံသောအခါ ရန်ကုန်ရှိ တရုတ် သံအမတ်ကြီးက NLDN HQ သို့ သွားကာ Congratulation လုပ်ထား ဘူးကြောင်း၊ NLD နှင့် နိုင်ငံရေး အရ မဟာမိတ်ပြု၍ နိုင်ငံတော် တာဝန်ကို ယူလျှင် တရုတ်နှင့်လည်း ပြဿနာ မရှိကြောင်း၊ သန်းရွှေ၊ မောင်အေး တို့ကို လာဘ်စားမှုဖြင့် ဖော်ထုတ်ကာ တပ်တွင်း စည်းရုံးမှု ရနိုင်ကြောင်း၊ အာဆီယံကိုမူ ထောက်ခံမှုရရန် သူတာဝန်ယူကြောင်း၊ ကျော်ဝင်းကိုမူ ဦးသန်းရွှေလူ ဖြစ်၍ အရင် ရှင်းသင့်ကြောင်း၊ ဦးဝင်းအောင်မှ ဗခက ခင်ညွန့်နှင့် စည်းဝါး ကိုက်ခဲပြီး ဖြစ်သည်၊ မင်းသားကြီး ကလည်း ဦးဝင်းအောင်ကို ပုံကာ အားထားလာသည်၊
[(ထို့အပြင် ဦးဝင်းအောင်သည် ဧရာဝတီတိုင်း၊ ဘိုကလေး စစ်ပွဲ အပြီးတွင် ထိုစဉ်က ဗိုလ်ချုပ် ခင်ညွန့်ထံသို့ ငပွေးတို့သည် ပြောက်ကျားစစ်တွင် အားသာကြောင်း၊ ဌာနချုပ် မာနယ်ပလော တို့လို စခန်းမျိုးကို ခြေလျင် စစ်စင်လျှင်၊ တပ်မ(၃)ခု လောက် ကုန်နိုင်ကြောင်း၊ ထို့အတွက် အကောင်းဆုံးမှာ “KNU ကို ဘာသာရေး အရ ဖဲ့ထုတ်နိုင်လျှင် စစ်ရေးအရ အောင်နိုင်ရုံမက နိုင်ငံရေးပိုင်းပါ စကားပြော နိုင်လာမည် ဖြစ်ကြောင်း” လေးနက်စွာ ၄င်းသံအမတ် ဘဝဖြင့် ရှိစဉ်ကပင် ခင်ညွန့်ကို အကြံပြု တင်ပြခဲ့ဘူးသည်၊
သူ၏အကြံအတိုင်း၊ ဗခခင်ညွန့်သည် ဗခက ကျော်ဝင်းကို ကရင်ပြည်နယ် အတွင်းသို့ စေလွှတ်ကာ၊ မြိုင်ကြီးငူ ဆရာတော် ကိုပါ အပိုင်ကပ်ပြီး၊ စည်းရုံးရေး ဝင်ခဲ့သည်၊ များမကြာမှီ ၁၉၉၄-၉၅ ဝန်းကျင်တွင် KNU အဖွဲ့တွင်း ရာထူး ကိစ္စများနှင့် စတင်ကာ အချင်းချင်း မကြေနပ်သော အချိန်တွင် နားစွင့်နေသော ကျော်ဝင်းတို့မှ ထောက်လှမ်းရေးကောင်း ပီပီ၊ “ဘာသာရေး နှိပ်ကွပ်သည်ဟု” မီးလောင်ရာသို့ ဓါတ်ဆီကား (၁၀)စီး လွှတ်နိုင်ခဲ့၍ DKBA ဖြစ်ပေါ် လာခဲ့သည်၊ ဤသို့ဖြင့် မြန်မာနိုင်ငံ သမိုင်း နှစ် ၄၀ တွင် ပြောက်ကျား စစ်အင်အား ကောင်းသော KNU မှာ ဌာနချုပ် မာနယ် ပလော နှင့် အရေးပါ သော စခန်းများမှာ DKBA ကြောင့် ဆက်တိုက် ကျသွား ခဲ့ရသည်၊ ထို့ကိစ္စ အောင်မြင်မှုကြောင့် သန်းရွှေ၊ မောင်အေးတို့မှ ကက လှမ်း၏ စွမ်းဆောင်မှုကို အသိမှတ်ပြု ဂုဏ်ပြု ခဲ့ကြပါသည်၊ ထိုကြောင့်လည်း ခင်ညွန့်မှလည်း နိုင်ငံရေးပိုင်း၊ သံအမတ်ရေးပိုင်း၊ ကလိမ်ကကျစ် လုပ်ရမည့် ထောက်လှမ်းရေး ပိုင်းတို့တွင် (လှမ်း) ဗိုလ်မှူးဟောင်း ဝင်းအောင်ကို ပိုမိုယုံကြည်ကာ အမြဲဖုံးဆက်ကာ တိုင်ပင်တတ်ပါသည်၊)]
နောက်ပိုင်းတွင် မင်းသားကြီးမှ ထလရ လုပ်ငန်းဆိုင်ရာ ကိစ္စများကို စည်သူငြိမ်းအေးထံ တိုက်ရိုက် စာများ ပို့လာခဲ့သည် ကို သတိပြုမိသည်၊ ၂၀၀၂ မေတွင် အန်တီစု အကျယ်ချုပ်မှ လွှတ်ခဲ့ရသည်၊ နောက်ဆုံး ၂၀၀၃ မုံရွာဘက်သို့ အန်တီစု စည်းရုံးရေး ခရီးစဉ် ထွက်သောအခါ နယ်မြေခံ ထလရ တပ်များကို လိုအပ်သော ပံ့ပိုးမှုဖြင့် ကူညီရန်ဟူသော အလွန်ထူး ခြားသော လျှို့ဝှက်အမိန့် ရောက်နေပါသည်၊ နယ်မြေရှိ ခြေလျင် တပ်များနှင့် ထလရ များအကြား ပြဿနာများ ဖြစ်ပေါ် သည်၊ ၂၀၀၃ မေတွင် ထိုကဲ့သို့ အခြေအနေများကို ကကကြည်း သို့ သတင်းများ စဉ်ဆက် ရောက်ရှိလာကာ၊ ဒေါ်အောင် ဆန်းစုကြည် အပေါ် ပြည်သူ့ ထောက်ခံမှု ပိုမို ကြီးမားလာပုံ အောက်ခြေပိုင်း တပ်များကပါ တွေဝေ လာပုံတို့ကို ဗွီဒီယို မှတ်တမ်းခွေ တို့ဖြင့် သန်းရွှေ ကိုယ်တိုင် ကြည့်ရှု့ခဲ့ပြီး ခင်ညွန့်ကို လှမ်းမှ ဖြိုခွဲရန် အမိန့်ပေးသည်၊
ခင်ညွန့်မှ ဤအခြေနေတွင်-
* မြန်မာသည် အာဆီယံဝင်ဖြစ်လာပြီး ဖြစ်ကြောင်း၊
* သူမနောက်သို့ လူအုပ်ကြီး ဖြစ်ပေါ်သည်မှာ နယ်ဘက်တွင် ဖြစ်ပြီး၊ သံရုံးများ ရှိကြောင်း၊ ပြဿနာ မရှိကြောင်း၊
* ထလရ တပ်များ အနေဖြင့် လူအုပ်ကြီးကို ၈၈ လို ပစ်ခတ်ရန် အင်အား မရှိကြောင်း၊
* လူအုပ်ဖြစ်တိုင်း ပစ်လျှင် ပြဿနာ ဘယ်တော့မှ ပြီးမှာ မဟုတ်ကြောင်း၊
* တရုတ်ခေါင်းဆောင်းကြီးများပင်လျှင် ထိုသို့လုပ်လျှင် မြန်မာနိုင်ငံကို စိတ်ပျက် လာနိုင်ကြောင်း၊ (ယနေ့ထိ ထိုင်ဝမ်ကို ပစ်ခတ် မသိမ်းပိုက်ကြောင်း)
ဤခြေအနေတွင် သန်းရွှေနှင့် မောင်အေးတို့မှ ခင်ညွန့်သည် မူမမှန်သော ခြေလှမ်းလာပြီကို သိရှိ နားလည်သွားပြီးလည်း ဖြစ်ပါသည်၊ တကယ်တော့လည်း ခင်ညွန့်သည် ၁၉၉၈ နောက်ပိုင်း မြေပေါ် နိုင်ငံရေး အဖွဲ့အစည်းများကို နည်းမျိုး စုံသုံးကာ အမှန်တကယ် ဖြိုခွင်းခဲ့ပြီး ပြည်ပရှိ မြန်မာ သံရုံးများသို့ လှမ်းမှ ဒုဗခက ကြီးများကို သံအမတ်များ ခန့်ကာ၊ ပြည်ပ ထောက်လှမ်းရေး လုပ်ငန်းများ လုပ်ခဲ့ပြီး ဖြစ်ပါသည်၊
(၁၉၉၀ ထဲတွင် လူ့ဘောင်သစ် ပါတီအား “မိုးသီးဇွန် (သို့) ကြိုးမဲ့လေတံခွန်” စာအုပ်ဖြင့် ကွဲစေပြီး၊ ၁၉၉၁ တွင် လသာ မြို့နယ်၊ ၁၆ လမ်း၊ ဗန္ဒူလလမ်း ဒေါင့်ရှိ ပါတီ ဆိုင်းဘုတ်ကို နေ့လည် ၁ နာရီ အချိန်တွင် တပ်မ (၁၁)၊ Light arm carrier vehicle ဖြင့်၊ ဝိုင်းရံကာ ပါတီကို ပယ်ဖျက်ပြီ ဖြစ်သည့် အတွက်၊ မတရား အသင်း (မြေအောက်) ဖြစ်ပြီးမို့၊ ချက်ခြင်းဆိုင်းဘုတ် ဖြုတ်ချရန်၊ မဖြုတ်လျှင်၊ အင်အား သုံးမည်ဟု လောစပီကာနှင့် ကြေညာကာ ဖြုတ်ခိုင်းခဲ့သူမှာ...)
ထိုနောက်တွင် သန်းရွှေ၏ သားတပည့် စိုးဝင်း၏ တိုက်ရိုက် အမိန့်ဖြင့် အောင်သောင်း၊ မုံရွာခဝတ ဥက္ကဌ ဒဗမက သန်းဟန် တို့မှ အကြမ်းဖက်ပွဲကို အနီးကပ် ကြီးကြပ်ကာ၊ ခလရ ၁၆ ၊ ကြံ့ဖွံ၊ ထောင်သားများဖြင့် အသေးစိပ် စီမံကာ၊ ဒီပဲယင်း လူသတ်ပွဲကြီး ဖြစ်ပေါ်ခဲ့ပါသည်။ တဆက်တည်းမှာပင် သန်းရွှေနှင့် မောင်အေးမှ ထိုစဉ်က ရမခ တိုင်းမှူး ဗိုလ်ချူပ်လှိုင်မြင့်နှင့် ရွှေမန်းတို့အား စစ်ထောက်လှမ်းရေးကို လျှိုဝှက်စွာ ပြန်လည် ထောက်လှမ်းရန်၊ စီစဉ်ခဲ့ပြီး ဖြစ်ပါသည်။
၂ဝဝ၃ သြဂုတ်လထဲတွင် မင်းသားကြီး Road Map ကို ကြေငြာခဲ့ခြင်းကို သန်းရွှေမှ လုံးဝ မကြိုက်ပါ၊ သို့သော်၊ ဖြုတ်ပြီး သောအခါ၊ အာဆီယံထဲတွင် နိုင်ငံရေး သိက္ခာအရ၊ မသွားချင်ဘဲ၊ ဆက်သွားခြင်းသာ ဖြစ်သည်။ ထိုမျှမက၂ဝဝ၄ ဇန်နဝါရီ ထဲတွင် ဗိုလ်ချူပ်ကြီး စောဘိုမြနှင့်ပါ တွေ့ဆုံ ဆွေးနွေးခဲ့ရာ၊ နိုင်ငံခြားရေး ဝန်ကြီး တစ်ဦးဖြစ်သော ဦးကျော်သူက ဦးသန်းရွှေ အလွန် စိတ်ဆိုးကြောင်း ပြောခဲ့ဘူးသည်။
(ဦးကျော်သူသည် သွားရှာသူဒေါက်တာမောင်မောင်၏ သားဖြစ်ကာ၊ ၁၉၈၈ နောက်ပိုင်းတွင်၊ တပ်မ ၂၂ မှူး အဖြစ် ကရင်ပြည်နယ်သို့ စစ်ဆင်ရေးများ ထွက်ခဲ့ရသည်။ ထိုမှ တောင်အာဖရိက နိုင်ငံဆိုင်ရာ မြန်မာသံအမတ်၊ ထို့နောက် အိန္ဒိယ နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်တို့ ဖြစ်ကာ၊ ၂ဝဝ၄ ထဲတွင် ဝန်ကြီး ဖြစ်လာသည်၊ ၂ဝဝ၉ ထဲတွင် ဝန်ထမ်းရွေး ဥက္ကဌဖြစ်လာ ပါသည်။
Ref: ကောင်းဝါ
နေ့စဉ်သတင်းများ ( ၁၂ - ၁ - ၁၀)
■ ခမရ (၈၀) နှင့် ထောက်လှမ်းရေးတပ်အကြား တင်းမာမှု မြင့်မား သတင်း
■ သေဒဏ်ကျ စစ်အရာရှိဟောင်း လွတ်ငြိမ်းခွင့်ပေးရန် သံဃာ့တပ်ပေါင်းစု ပန်ကြား သတင်း
■ နအဖစစ်တပ်အတွင်း အလယ်အလတ်အဆင့်ရှိ အရာရှိတချို့ တာဝန်တိုးခန့်အပ် သတင်း
■ ဒီမိုကရက်တစ်ပါတီ ရွေးကောက်ပွဲဝင်ရေး ပြန်လည်သုံးသပ်တော့မည် သတင်း
■ ပါတီထိပ်ပိုင်း အယူအဆကွဲသည့် သတင်းကို NLD ငြင်းဆို သတင်း
■ အပြီးသတ် လျှောက်လဲချက်ကိစ္စ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှေ့နေများ တွေ့ဆုံ သတင်း
■ အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေး တည်ဆောက်ပြီးကြောင်း စစ်အစိုးရပြော သတင်း
■ သျှမ်းပြည်မြောက်ပိုင်း၌ နအဖဆန့်ကျင်သောလှုပ်ရှားမှု ဖြစ်ပေါ် သတင်း
■ မြန်မာပြည် လွတ်လပ်မှု ဆုံးရှုံးဆဲ သတင်း
■ ပလောင်လွတ်မြောက်ရေးတပ်ဦးအနေနှင့် ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင် သတင်း
■ ၀ နှင့် မိုင်းလားတပ်ဖွဲ့ကို မျက်ခြေမပြတ်စောင့်ကြည့်ရန် တြိဂံတိုင်းမှူး ပြော သတင်း
■ ၀ နယ်မြေ၌ မူးယစ်ဆေးရောင်းဝယ်မှု တင်းကျပ်၊ လူထုနေအိမ်များ စစ်ဆေးခံရ သတင်း
■ အသက်ရှင်နေသရွေ့ သမိုင်းဝင် တပ်နာမည် မပြောင်းနိုင်ဟု အပစ်ရပ် SSA တပ်မှူးတဦး ပြော သတင်း
■ ၀န်ထမ်းလစာတိုးကြောင်း နအဖစစ်အစိုးရ အတည်ပြု သတင်း
■ အခြားနိုင်ငံရောက် မြန်မာဒုက္ခသည်များ အခက်အခဲမျိုးစုံ ရင်ဆိုင်နေရ သတင်း
■ အင်္ဂါဆုတောင်းပွဲ ဆက်လက်ပြုလုပ် သတင်း
■ တပ်ရိက္ခာစိုက်ပျိုးရန် လယ်ယာမြေများ အဓမ္မသိမ်းယူ သတင်း
■ ကြိုးဖုန်းပြောင်းခိုင်း၍ ဖုန်းပိုင်ရှင် ဒုက္ခရောက် သတင်း
■ နေကြတ်မှုကို မြန်မာနိုင်ငံတွင် မြင်တွေ့ခွင့်ရနိုင် သတင်း
■ မြန်မာ-ဘင်္ဂလားဒေ့ရှ် ရေပိုင်နက် သတ်မှတ်ရန် သဘောတူ သတင်း
■ ဦးတေဇနှင့် ဦးဇော်ဇော်ကို သီရိပျံချီဘွဲ့ စစ်အစိုးရပေးအပ် သတင်း
■ အွန်လိုင်းလုံခြုံမှု သက်သေခံလက်မှတ်စနစ်သုံးရန် စစ်အစိုးရ စီစဉ် သတင်း
■ ဆန် အမြောက်အမြား တင်ပို့ရန် စီးပွားရေးပညာရှင် တိုက်တွန်း သတင်း
■ ကရင်နီပြည်တွင် ရွာလုံးကျွတ် ထွက်ပြေးရ သတင်း
■ ရွာရှောင်များ၏ မြေကွက်များကို သိမ်းယူကာ အရာရှိများက ဈေးတင်ရောင်း သတင်း
■ (၃) မျိုးသုံး ဖိုင်ဘာဆက်ကြောင်း ရန်ကုန်တွင် စတင်တော့မည် သတင်း
■ လူထုကို အနိုင်ကျင့်သည့် ရဲတပ်ကြပ်ကြီး ဓားထိုးခံရ သတင်း


BBC News
VOA News
DVB News
RFA News
မဇ္ဈိမ
ဧရာဝတီ
နေ့သစ်
သျှမ်းသံတော်ဆင့်
ကရင်သတင်းစဉ်
ကောင်းဝါ
ကချင်သတင်းစဉ်
ယနေ့မြန်မာ
ကန္တာရဝတီ တိုင်းမ်
ငုရင်ပြင်
ရိုးမ (၃)
မိုးမခ
ဟစ်တိုင်
ဟံသာဝတီ
နိရဉ္စရာ
ခေတ်လူငယ်
မြို့တော်ပုသိမ်သတင်းစဉ်
မြန်မာသတင်းရပ်ဝန်း
ရိုးရာလေး
Mandalay Gazette
People Media Voice
KIC News
BNI News
Burma Daily
Burma Digest
Burma Net
Kaladan
Network Media Group Rebound 88