Wednesday, March 24, 2010

နအဖကို တရားစွဲမှု အန်အယ်လ်ဒီ ပယ်ချခံရ ဒေါ်စုက မတရားသည့်ဥပဒေဖြင့် မှတ်ပုံတင်ခြင်းကို လက်မခံဟု ပြောကြား

NEJ/ ၂၃ မတ် ၂ဝ၁ဝ

နအဖစစ်အစိုးရက ထုတ်ပြန်သည့် ရွေးကောက်ပွဲဥပဒေသည် တရားမျှတမှု လုံးဝ မရှိသည့်အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) က စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား ယနေ့မတ်လ (၂၃) ရက်တွင် ရန်ကုန်မြို့ တရားရုံးချုပ်၌ တရား စွဲဆိုလိုက်သည်။

“အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်အရ ဥက္ကဋ္ဌ ဦးအောင်ရွှေကိုယ်တိုင် သွားပြီးတော့ ဗဟိုတရားရုံးချုပ် တရားမဌာနမှာ ယနေ့ နံနက်ပိုင်းက အမှု သွားပြီးတင်ပါတယ်။ အမှုဆောင်ရှေ့နေ ဦးကြည်ဝင်း၊ ဦးဉာဏ်ဝင်းတို့နဲ့အတူပါ” ဟု ဗဟို အလုပ်အမှုဆောင် တဦးဖြစ်သူ ဦးအုန်းကြိုင်က ပြောသည်။

ယင်းသို့ တရားစွဲဆိုမှုကို တရားရုံး တရားမဌာနမှ တာဝန်ရှိသူက အမှုတွဲကို လက်မခံဘဲ ပြန်လည် ပေးအပ်ခဲ့ကြောင်း အန်အယ်လ်ဒီ ဗဟို အလုပ်အမှုဆောင် အဖွဲ့က မတ် (၂၃) ရက် နေ့စွဲဖြင့် အထူး ကြေညာချက် ထုတ်ပြန်သည်။

အဆိုပါကြေညာချက်တွင် အန်အယ်လ်ဒီဥက္ကဋ္ဌက နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ဥက္ကဋ္ဌအပေါ် ၂၀၀၀ ပြည့်နှစ် တရား စီရင်ရေး ဥပဒေပုဒ်မ ၅ (က) (ခ) (ည) နှင့် ၁၈၈၇ ခုနှစ် သီးခြား သက်သာခွင့် အက်ဥပဒေပုဒ်မ (၄၅) နှင့် (၅၄) တို့အရ တရားရုံးချုပ်တွင် တရား စွဲဆိုခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားပြီး တရားရုံး တရားမဌာနမှ တာဝန်ရှိသူက “ကျမတို့၌ စီရင်ပိုင်ခွင့်မရှိ” ဟု ပြောဆိုကာ အမှုတွဲကို နေ့လယ် (၁၂) နာရီခွဲခန့်တွင် ပြန်လည် ပေးအပ်လိုက်ကြောင်း ဖော်ပြထားသည်။

နအဖစစ်အစိုးရက မတ်လ (၈) ရက်နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွင် ပါတီ ထောင်လိုသူများသည် ထောင်ဒဏ် ကျခံနေရသူ မဖြစ်စေရဟု အတိအလင်း ဖော်ပြထားပြီး ထောင်ဒဏ် ကျခံနေရသူများသည် ပါတီဝင်ဖြစ်ခွင့် မရှိဟု ဖော်ပြထားသည်။

ထို့အပြင် ထောင်ကျသူကို ပါတီဝင်အဖြစ်မှ ထုတ်ပယ်ခြင်းမပြုပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်၍ ပါတီကို ဖျက်သိမ်းရမည်ဟုလည်း ဖော်ပြထားသည်။

ယနေ့ မွန်းလွဲပိုင်းတွင်လည်း ရှေ့နေကြီး ဦးဉာဏ်ဝင်းသည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရခဲ့ပြီး ယင်းတွေ့ဆုံမှုကို အန်အယ်လ်ဒီ ရုံးချုပ်တွင် ပြန်လည် ရှင်းလင်း ပြောပြခဲ့ကြောင်း သိရသည်။

ယင်းသို့ တွေ့ဆုံမှုတွင် ဒေါ်အောင်ဆန်းစုကြည်က “မတရားတဲ့ ဥပဒေနဲ့ မှတ်ပုံတင်ခြင်းကို ကျမ ဘယ်တော့မှ လက်မခံဘူး။ ဒါပေမယ့် ဒီလိုပြောတာဟာ အဖွဲ့ချုပ်ကို အမိန့်ပေးတာလည်း မဟုတ်ဘူး၊ ညွှန်ကြားတာလည်း မဟုတ်ဘူး။ အဖွဲ့ချုပ် အနေနဲ့ကတော့ ဒီမိုကရေစီ နည်းလမ်းနဲ့အညီ ဆုံးဖြတ်ကြပါ” ဟု ပြောဆိုကြောင်း ဦးဉာဏ်ဝင်းက ပြန်လည်ပြောပြသည်။

၎င်းက “ဒါ သူ့စကားလုံးအတိုင်းပဲ၊ ဒီမိုကရေစီ နည်းလမ်းနဲ့အညီ ဆုံးဖြတ်ကြပါ။ သူလုံးဝ လက်မခံဘူးလို့ ပြောတယ်။ သူ့အနေနဲ့ လက်မခံတာ ပြောတာ။ နောက် ဒါဟာ အဖွဲ့ချုပ်ကို ပရက်ရှာပေးတာလည်း မဟုတ်ဘူး ညွှန်ကြားတာလည်း မဟုတ်ဘူး။ သူ့သဘောထား သူပြောတာ။ သူပြောတာ ရှင်းပါတယ်။ ရှင်းရှင်းလေးပါ” ဟု ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အယူခံအမှုနှင့် ပတ်သက်၍ အထူး အယူခံ ကိစ္စများကိုလည်း ဦးဉာဏ်ဝင်းက ယနေ့ ဆွေးနွေးခဲ့ကြောင်း သိရသည်။


Ref: ခေတ်ပြိုင်

Read More...

နေ့စဉ်သတင်းများ ( ၂၃ - ၃ - ၁၀ )

■ NLD က စစ်အစိုးရကို တရားစွဲပြီ သတင်း
■ စစ်အစိုးရကို NLD ၏ တရားစွဲမှု ပယ်ချခံရ သတင်း
■ (၂၉) ရက်နေ့ စည်းဝေးပွဲအတွက် အန်အယ်လ်ဒီ ဗဟိုဦးစီးအဖွဲ့ ညှိနှိုင်း သတင်း
■ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့လို သတင်း
■ ရွေးကောက်ပွဲ ၀င်သင့်၊ မ၀င်သင့် အချေအတင် ဆွေးနွေး သတင်း
■ ရွေးကောက်ပွဲဥပဒေ လက်မခံရေး မြန်မာ့ဒီမိုကရေစီအင်အားစုတွေ ဘန်ကီမွန်းကို တိုက်တွန်း သတင်း
■ NLD တရားဝင် မဆုံးဖြတ်ခင်မှာ ကြိုတင်လမ်းကြောင်းမှာမဟုတ်လို့ NCGUB ပြောကြား သတင်း
■ တရုတ် ဗဟိုလုံခြုံရေးအဖွဲ့ နေပြည်တော် ရောက်ရှိခဲ့ သတင်း
■ ခရစ်ယာန် ဘာသာရေးခေါင်းဆောင်များအား တိုင်းမှူးက ဖမ်းဆီးရသည့် ဗုံးများ ပြသ သတင်း
■ အရှင်ဥက္ကံသကို အင်းစိန်ထောင်တွင် ထိန်းသိမ်းထား သတင်း
■ ရွေးကောက်ပွဲသစ်ကို ၀င်ရေး မ၀င်ရေး မြို့နယ်အဖွဲ့ချုပ်ဝင်များ၏ ပြောဆိုချက် သတင်း
■ ရွေးကောက်ပွဲ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ပြည်တွင်းပြည်ပ နိုင်ငံရေးလှုပ်ရှားမှုအချို့ သတင်း
■ အသင်းအဖွဲ့များ ပါတီနိုင်ငံရေး ကင်းရှင်းရန်မလို သတင်း
■ ကချင်ပါတီ ဧပြီလတွင် မှတ်ပုံတင်မည် သတင်း
■ နယူးဒေလီ မြန်မာသံရုံးရှေ့ဆန္ဒပြ၍ တရားစွဲခံရသူများ ပြန်လွတ် သတင်း
■ AAPP (၁၀) နှစ်ပြည့် ကျင်းပ သတင်း
■ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် နိုင်ငံရေးအကျဉ်းသားများ၏ အခန်းကဏ္ဍ အစီရင်ခံစာထုတ်ပြန် သတင်း
■ ပုဂ္ဂလိက ကျောင်းဖွင့်ခွင့်ကို စစ်တိုင်းမှူးများက အဆုံးအဖြတ်ပေး သတင်း
■ DKBA တပ်မှူး အိမ်သစ်တက်ပွဲ သိန်းရာချီ အကုန်ခံမည် သတင်း
■ ဒုက္ခသည်စခန်း မီးလောင်၊ (၃၀၀) ခန့် အိုးအိမ်မဲ့ဖြစ် သတင်း
■ လပွတ္တာမြို့နယ်တွင် ခြင်မှတဆင့် ကူးစက်သော အဖျားရောဂါဆန်း ဖြစ်ပွား သတင်း
■ စစ်ဘက်အရာရှိကားကို တိုက်ခဲ့မိလို့ ... (ရှေ့နေ ကိုညီညီထွေးနှင့် အင်တာဗျူး)
■ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးနှင့် ၂ဝ၁ဝ ရွေးကောက်ပွဲများ (ဆောင်းပါး)
■ နိုင်ငံတော်၏ စံတန်ဖိုးများ မြှင့်တင်ခြင်း (ဆောင်းပါး)
■ ရွေးကောက်ပွဲ အသက်ကယ်ဆေး မစွမ်းပါ (ဆောင်းပါး)

Read More...

Tuesday, March 23, 2010

ခြင်္သေ့နှင့် မနှိုင်းလောက်တဲ့ ကျဖင်ချုပ်အောင်သိန်းလင်း

20/03/2010


၂၀၁၀ ခုနှစ် ရွေးကောက်ပွဲအတွက် စည်ပင်သာယာရေး အရာရှိကြီးများနှင့် ၀န်ထမ်းများအား မဲဆွယ်စည်းရုံး ဟောပြောမှုကို ရန်ကုန် မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်းမှ ရန်ကုန် မြို့တော်ခန်းမ စည်ပင်သာယာရေး ကော်မတီ ရုံးတွင်းတွင် ကျင်းပ ပြုလုပ်ခဲ့သည်။ ၄င်းမဲဆွယ် စည်းရုံး ဟောပြောပွဲတွင် ပြောကြားသွားသော ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်း၏ စကားများမှာ အောက်ပါအတိုင်းဖြစ်သည်။

`` ဒီနေ့ စည်ပင်ရုံးမှာ ရှိကြတဲ့ အရာရှိတွေနဲ့ ၀န်ထမ်းအားလုံးကို ကျုပ်ပြောမယ်။ အခုလာမယ့် ရွေးကောက်ပွဲမှာ ဘယ်သူ့ကို မဲထည့်ရမယ် ဆိုတာ သိကြလား´´ (မည်သူမှ မဖြေဆိုပါ) `` ခင်ဗျားတို့ သိကြလား။ ခင်ဗျားတို့အားလုံး ခြင်္သေ့ကို မဲထည့်ရမယ်။ ခြင်္သေ့ကို မဲထည့်မှ ခင်ဗျားတို့၊ ခင်ဗျားတို့ရဲ့ မိန်းမတွေ၊ သားသမီး ဆွေမျိုးတွေ ကောင်းစားမယ်။ ဘယ်သူ့ကို ထည့်မှာလဲ ခြင်္သေ့နဲ့ ခွပ်ဒေါင်း ဘယ်သူ့ကို ထည့်မှာလဲ´´ (မည်သူမှ မဖြေဆိုပါ) `` ခင်ဗျားတို့ ခြင်္သေ့နဲ့ ဒေါင်းမှာ ခြင်္သေ့ကိုပဲ မဲထည့်ရမယ်။ မသေမချင်း မှတ်ထားကြပါ။ ဒီရွေးကောက်ပွဲမှာ ခင်ဗျားတို့ ခြင်္သေ့ကို မဲမထည့်လို့ ဟိုကောင်မ နိုင်သွားရင် ခင်ဗျားတို့ ဘာဖြစ်သွားမလဲ သိလား´´ ( ၄င်းမှ အမျိုးသမီး ၀န်ထမ်းများကို အစည်းအဝေးခန်းပြင်သို့ ထွက်ခိုင်းသည်။) ထို့နောက် `` ဒေါင်းနိုင်သွားရင် ဒီကို အမေရိကန်ကောင်တွေ ရောက်လာလိမ့်မယ်။ ပြီးရင် ဒီကောင်တွေက အလကားနေကြမှာ မဟုတ်ဘူး။ ခင်ဗျားတို့ မအေတွေ၊ မိန်းမတွေ၊ နှမတွေ၊ သမီးတွေ တက်လုပ်ကြမှာ ခင်ဗျားတို့ အလုပ်ခံချင်ရင် ဒေါင်းကို မဲပေးကြ ကျုပ် တစ်ခု ထပ်ပြောမယ်။ ခင်ဗျားတို့ စည်ပင်က လူတွေအားလုံး ခြင်္သေ့ကို မဲမထည့်ရင် ဘယ်လို အရေးယူမလဲ ဆိုတာ တွေ့ရမယ်။ ခင်ဗျားတို့အားလုံး ကျုပ်တို့ကိုပဲ မဲ ထည့်ကို ထည့်ရမယ်။´´

ဒါကတော့ ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ်အောင်သိန်းလင်း၏ ၀န်ထမ်းများအား ခြိမ်းခြောက် အကျပ်ကိုင်သော စစ်အာဏာရှင် စကားပင် ဖြစ်ပါသည်။ ၄င်းမှ ထိုသို့ စကားပြောကြား နေစဉ်အတွင်း မည်သူ တစ်ဦး တစ်ယောက်ကမှ ပြန်လည် ဖြေကြားသံ၊ ရှင်းလင်း တင်ပြသံတို့ကို လုံးဝ မကြားရခဲ့ပါဟု အဆိုပါ အစည်းအဝေးကို တတ်ရောက်ခဲ့သော စည်ပင် ၀န်ထမ်းတစ်ဦးမှ ပြောပြခဲ့ပါသည်။ (၄င်း ဗိုလ်မှူးချုပ် အောင်သိန်းလင်း၏ အစည်းအဝေးအတွင်း စကားပြောသံ များကို အသံဖမ်းယူ ပေးခဲ့သော စည်ပင်သာယာ အဆောက်အဦး ဌာနမှ ၀န်ထမ်းအား အထူးပင်ကျေးဇူး တင်ရှိပါသည်။)

နအဖ အာဏာရှင်လက်အောက်ခံ ဗိုလ်မှူးချုပ်အောင်သိန်းလင်း ပြောဆိုသွားသော စကားများတွင် ( အမေရိကန်များ ၀င်ရောက်လာမည်) ဆိုသော စကားတစ်ခွန်းကြောင့် လွန်ခဲ့သော နှစ်ပေါင်း ၂၅ နှစ်ခန့်က ဖြစ်ရပ်တစ်ခုကို ပြန်လည် သတိရမိပါသည်။ ထိုဖြစ်ရပ်၏ အဓိက ဇာတ်ကောင်မှာ အခြားသူ မဟုတ်ပါ။ ကျွန်တော်တို့ မြန်မာပြည်ကြီး လွတ်လပ်ရေး ရအောင် ကိုယ်ကျိုးစွန့် ဆောင်ရွက်ပေးခဲ့သော လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သားကြီး ဦးအောင်ဆန်းဦး၏ ဇနီး ဒေါ်လဲ့လဲ့နွယ်သိန်း ဖြစ်ပါသည်။ ဒေါ်လဲ့လဲ့နွယ်သိန်းသည် လွန်ခဲ့သော ၂၅ နှစ်ခန့်က အမေရိကန် နိုင်ငံသို့ အလွန် သွားရောက်ချင် သဖြင့် နည်းအမျိုးမျိုးဖြင့် ကြိုးစားခဲ့သူ တစ်ယောက် ဖြစ်သည်။ ဒေါ်လဲ့လဲ့နွယ်သိန်းသည် အမေရိကန် နိုင်ငံသို့ သွားရောက် နေထိုင်နိုင်ရန် အတွက် နည်းမျိုးစုံဖြင့် ကြိုးပမ်းခဲ့သည်။

နောက်ဆုံးတွင် ရန်ကုန်၊ တက္ကသိုလ်ရိပ်သာလမ်း ရုပ်ရှင်သရုပ်ဆောင် ဒေါ်ဝါ၀ါဝင်းရွှေ၏ အိမ်အနီးနားတွင် နေထိုင်သော အသက် (၅၀) ခန့် အမေရိကန်လူမျိုး မုဆိုးဖိုကြီးအား သိမ်းသွင်း စည်းရုံးပြီး လက်ထပ် စာချုပ်တွင် တရားဝင် လက်မှတ်ရေးထိုး ပေါင်းသင်းခဲ့သည်။ ထိုလက်ထပ်စာချုပ် အားကိုးဖြင့် အမေရိကန်နိုင်ငံသို့ သွားရောက် နေထိုင်နိုင်ရန် အတွက် အသုံးချခဲ့ပါသည်။ ၄င်းအကြောင်း အရာများသည် ဦးအောင်ဆန်းဦးနှင့် မပေါင်းသင်းမီ အချိန်က ဖြစ်ပါသည်။ ယခုအခါမှာ ဒေါ်လဲ့လဲ့ နွယ်သိန်းသည် လက်ရှိ မြန်မာ့နိုင်ငံရေး လောက၏ မိခင်ဟု အသိအမှတ် ပြုခံထား ရသော ၄င်း၏ ယောက်မ တော်စပ်သူ ဒေါ်အောင်ဆန်း စုကြည်အား နအဖ စစ်အစိုးရ၏ အားကိုးဖြင့် နည်းမျိုးစုံ နှောက်ယှက်၊ တိုက်ခိုက်နေသည်မှာ ယနေ့အထိပင် ဖြစ်ပါသည်။ နအဖ စစ်အစိုးရနှင့် စစ်အစိုးရ၏ လက်ကိုင်တုတ်ဖြစ် အသုံးချ နေကြသော သူများမှာ တကယ့် တကယ်တမ်းတွင် နိုင်ငံခြားသား အမေရိကန် လူမျိုးများအား အထင်တကြီး အားကိုး ယုံကြည် အောက်ကျို့နေကြသော လူ့ပြိတ္တာ၊ လူ့ငရဲသားများ သာလျှင် ဖြစ်တော့သည်။

နအဖ စစ်အစိုးရ၏ လက်ကိုင်တုတ် တစ်ချောင်းဖြစ်သော ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်း ပြောဆိုခဲ့သော စကားများမှာ တကယ့် တကယ်တမ်း လက်တွေ့တွင် ဇာတိဂုဏ် မျိုးချစ်စိတ်ဓါတ် ရှိသယောင်ဖြင့် နအဖ စစ်အစိုးရ ဆက်လက် အာဏာရရှိရေးအတွက် ခြိမ်းခြောက် ပြောဆို စည်းရုံးနေခြင်းပင် ဖြစ်ပါတော့သည်။

(ယခု သတင်းအားရရှိအောင် ၀ိုင်းဝန်းပံ့ပိုးပေးကြသော ရန်ကုန်မြို့တော် စည်ပင်သာယာရေးမှ ၀န်ထမ်းများနှင့် ရန်ကုန်သတင်း အသိုင်းအ၀ိုင်းအား အထူး ကျေးဇူးတင်ရှိပါသည်။)


Ref: Wanna23

Read More...

NLD Chair U Aung Shwe Sends a Letter to Sen Gen Than Shwe

March 23, 2010


NLD Chair U Aung Shwe Sends a Letter to Sen Gen Than Shwe

Read More...

နေ့စဉ်သတင်းများ ( ၂၂ - ၃ - ၁၀ )

■ ဗမာစစ်တပ်အရာရှိများ ရာထူးပြောင်းရွှေ့ သတင်း
■ တောင်းဆိုချက်အချို့ အလျှော့ပေးရန် တရုတ်တိုက်တွန်းချက် ၀ လက်မခံ သတင်း
■ ကိုးကန့်ဒေသ တည်ငြိမ်ရေး တရုတ်ကို နအဖ အကူအညီတောင်း သတင်း
■ သူတို့ပြောတဲ့ ၂၀၁၀ ရွေးကောက်ပွဲ သတင်း
■ အန်အယ်လ်ဒီ လူထုအခြေပြုတိုက်ပွဲဝင်ရန် ဒီမိုကရက်တစ်အင်အားစု တိုက်တွန်း သတင်း
■ ရွေးကောက်ပွဲသစ်ကို ၀င်ရေး မ၀င်ရေး ဤသို့ တုံ့ပြန်ကြ၏ သတင်း
■ ရွေးကောက်ပွဲကိစ္စကို ဗဟိုကော်မတီက ဆုံးဖြတ်မည် သတင်း
■ ဦးဝင်းတင်၏ ထောင်အတွေ့အကြုံစာအုပ် အင်တာနက်နှင့် ပြည်ပပရိသတ်ကြားတွင် ပျံ့နှံ့ သတင်း
■ မြန်မာ့အရေး နှီးနှောဖလှယ်ပွဲ ချူလာတွင် ကျင်းပ သတင်း
■ စွမ်းအားရှင်များအား သင်တန်းပေးရန် စီစဉ် သတင်း
■ ပါတီ (၂) ခု စတင် မှတ်ပုံတင် သတင်း
■ မွန်တိုင်းရင်းသားအဖွဲ့ ရွေးကောက်ပွဲဝင်ရန် ပြင်ဆင် သတင်း
■ နေပြည်တော် အထူးတပ်ဖွဲ့မှ ဘင်္ဂလားသို့ သစ်၊ နွား တင်ပို့ခွင့် ပါမစ်တခုစီကို ကျပ်ငွေ (၁၀) သိန်းဖြင့် ထုတ်ရောင်း သတင်း
■ အန္တရာယ်ရှိ အဆောက်အအုံများမှ ဖယ်ရှားရန် အမိန့်ထုတ် သတင်း
■ ပြောင်းရွှေ့မိန့်ကြောင့် အိုးမဲ့အိမ်မဲ့ဖြစ် သတင်း
■ စည်းကမ်းမလိုက်နာသူ ဦးပိုင်ဝန်ထမ်း ကြိမ်ဒဏ်ပေးခံရ သတင်း
■ စည်းကမ်းတင်းကျပ်၍ ပုဂ္ဂလိကကျောင်း ဖွင့်လိုသူတို့ အခက်တွေ့ သတင်း
■ ရန်ကုန်သင်္ကြန် နေပြည်တော်လောက်မစည်ရန် အမိန့်ထုတ် သတင်း
■ သင်္ကြန်မဏ္ဍပ်များ စပွန်ဆာ အခက်တွေ့ သတင်း
■ အဖွဲ့ချုပ် ညီညွတ်ရေးမျက်နှာကို ကြည့်ပါ (ဆောင်းပါး)
■ ဆန်ပြဿနာ၊ နိုင်ငံရေးတည်ငြိမ်မှုနဲ့ ခေတ်သစ်ဘူလင်ဂျာပူးလ်အဖွဲ့ (ဆောင်းပါး)
■ အသွင်ကူးပြောင်းရေးကာလ ယူကရိန်း (ဆောင်းပါး)
■ တို့ကိုယ်ကျိုး လုံးလုံးမပါနှင့် အတွေးအမြင် အတွေးများ (ဆောင်းပါး)
■ ပုံစံခွက်ထဲမှ အလွဲများ (ဆောင်းပါး)
■ ကဗျာရက်သတ္တပတ်ရဲ့ ဒုတိယနဲ့ တတိယနေ့ မြင်ကွင်းများ (သတင်းဆောင်းပါး)

Read More...

Monday, March 22, 2010

နအဖရွေးကောက်ပွဲနှင့်စပ်လျဉ်းသည့် တစ်ပတ်အတွင်း နိုင်ငံရေး အဖြစ်အပျက်များ


နအဖရွေးကောက်ပွဲနှင့်စပ်လျဉ်းသည့် တစ်ပတ်အတွင်း နိုင်ငံရေး အဖြစ်အပျက်များ

Read More...

ဘာလဲဟဲ့ လူ့ငရဲ

ဘာလဲဟဲ့ လူ့ငရဲ (ဦးဝင်းတင်)

Read More...

နေ့စဉ်သတင်းများ ( ၂၁ - ၃ - ၁၀ )

■ ဒေါ်အောင်ဆန်းစုကြည် မပါရင် မှတ်ပုံမတင်သင့် သတင်း
■ ရက် (၆၀) တိုက်ပွဲ ဒုတိယ သတင်းပတ်၊ အန်အယ်လ်ဒီပါတီ မှတ်ပုံတင်သင့် မတင်သင့် သတင်း
■ NLD ပါတီအနေနဲ့ လူထုကို မျက်နှာမူသင့်ကြောင်း လူ့ဘောင်သစ်ပါတီက အကြံပြု သတင်း
■ ကေအိုင်အိုနှင့် နအဖ အခြေအနေ တင်းမာ၊ စစ်ရေး တိုးမြှင့်ပြင်ဆင် သတင်း
■ မြစ်ကြီးနား၌ ပြည်သူ့စစ်သင်တန်းများ ဆက်တိုက် သတင်း
■ ကျောက်ထုတ်စခန်း ယာဉ်မီးရှို့မှု ကေအန်ယူလက်ချက်ဟု စွပ်စွဲပြန်ပြီ သတင်း
■ ကလေးများကို စစ်သားအဖြစ် သွတ်သွင်းမှု ဆက်လက်ဖြစ်ပွားနေ သတင်း
■ စစ်အကျဉ်းစခန်းမှ ပြန်လည်လွတ်မြောက်လာသူ ကိုညီညီအောင်ရဲ့ ရှင်းလင်းပြောဆိုချက် သတင်း
■ လမ်း (၃၀) တိုက်ပြိုကျမှုကြောင့် အန္တရာယ်ရှိ အဆောက်အအုံတွင် နေသူများကို အမြန်ဆင်းခိုင်း သတင်း
■ အဖွဲ့ချုပ်ကို လူထုစိန်ဝင်း ဝေဖန် သတင်း
■ NLD မှတ်ပုံတင်ရေး မတင်ရေး အယူအဆ (၂) မျိုး ထွက်ပေါ် သတင်း
■ အင်န်စီဂျီယူဘီ ညွန့်ပေါင်းအစိုးရ၀န်ကြီးချုပ် ဒေါက်တာစိန်ဝင်း၏ အမြင်၊ ၂၀၁၀ ရွေးကောက်ပွဲနဲ့ NLD သတင်း
■ NLD လွတ်မြောက်နယ်မြေ သဘောထား သတင်း
■ မတရားတဲ့ ဥပေဒတွေကို ဆန့်ကျင်ဖို့ လူ့ဘောင်သစ်ပါတီ တိုက်တွန်း သတင်း
■ နယူးဒေလီ မြန်မာသံရုံးရှေ့ ဆန္ဒပြသူများ အာမခံဖြင့် ပြန်လွှတ်ပေး သတင်း
■ နာဂစ် နာလန်ထူရေး ပျက်စီးတာတမံတွေကြောင့် နှောင့်နှေးနေ သတင်း
■ ရန်ကုန်တွင် စင်မြင့်ဖျော်ဖြေပွဲများ ဆက်တိုက် ကျင်းပ သတင်း
■ အစိုးရနဲ့ UDD တနင်္လာနေ့မှာ စဆွေးနွေးကြတော့မယ် သတင်း
■ ရှပ်နီလူစုလူဝေးကြီးက ဘန်ကောက်တမြို့လုံးကို သိုင်းခြုံနေ သတင်း
■ ထိုင်းရှပ်နီတွေ သွေးပန်းချီရေး ကန့်ကွက်မည် သတင်း
■ အိုင်ယာလန် ဘုန်းကြီးတွေ လုပ်ရပ်အတွက် ပုပ်ရဟန်းမင်း တောင်းပန် သတင်း
■ အမေရိကန် စစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲ စစ်သင်္ချိုင်း သရုပ်ဖော် သတင်း
■ ဒေါ်အောင်ဆန်းစုကြည်ကို NLD မှ ထုတ်ပယ်ခြင်း (ဆောင်းပါး)
■ သန့်ရှင်း-တည်မြဲ ကွဲဖို့မလိုပါ (ဆောင်းပါး)

Read More...

လူထုစိန်ဝင်း၏ အမြင် - အန်အယ်လ်ဒီနှင့် ၂၀၁၀ ရွေးကောက်ပွဲ

Friday, 19 March 2010


မိုးမခ

မတ် ၁၉၊ ၂၀၁၀

“ရွေးကောက်ပွဲဥပဒေ ကိုကြေညာတဲ့နေ့က စပြီးတော့ တယောက်ပြီး တယောက် လူငယ်တွေရော လူကြီးတွေရော လာလာပြီးတော့ မေးကြတယ်။ မေးကြတဲ့ အကြောင်းကတော့ အန်အယ်လ်ဒီဟာ ရွေးကောက်ပွဲ ၀င်မယ် ထင်သလား။ ပါတီ မှတ်ပုံမတင်ပဲ ရွေးကောက်ပွဲလဲ မ၀င်ဘူးဆိုပြီးတော့ ရွှေဂုံတိုင်ကြေငြာ စာတမ်းကိုပဲ ဆုပ်ကိုင်ပြီး ရပ်တည်သွားမလား ဆိုတဲ့ မေးခွန်းကို တယောက်ပြီး တယောက် မေးကြတယ်။ မေးကြတဲ့ သူတိုင်း ကိုလည်း တစ်ခုတည်းသော အဖြေကိုပဲ ကျွန်တော်ပေးခဲ့တယ်။

အဲဒါဘာလဲဆိုတော့ အန်အယ်လ်ဒီဟာ ပါတီလည်း မှတ်ပုံတင်မှာပဲ ရွေးကောက်ပွဲလဲ ၀င်မှာပဲဆိုတဲ့ အဖြေပဲ။
ဘာကြောင့်ဒီလို တပ်အပ် ဖြေလိုက်သလဲ ဆိုတော့ နှစ် ၂၀ ကာလအတွင်း အန်အယ်လ်ဒီ ဌါနချုပ် ခေါင်းဆောင်တွေရဲ့ ရပ်တည်ချက်ဟာ ထင်ရှားနေတယ်။ သူတို့ ရပ်တည်ချက်က ဘာလဲဆိုရင် အစိုးရ မကြိုက်တာ မှန်သမျှ ဘာမှ မလုပ်ဘူး၊ အစိုးရခိုင်းတာပဲ လုပ်မယ်။ ဒါသူတို့ရဲ့ အနှစ် ၂၀လုံး ရပ်တည်ချက်ပဲ။ အဲဒီအနှစ် ၂၀ အတွင်းမှာ တိုင်းပြည်အတွက် အရေးကြီးတဲ့ ကိစ္စတွေ ပေါ်ပေါက်လာတဲ့ အခါတိုင်းမှာလည်း အန်အယ်လ်ဒီဟာ မသိကျိုးကျွံ ပြုနေခဲ့တာပဲ။

အဲဒီအနှစ် ၂၀အတွင်းမှာ တိုင်းပြည်အတွက် အရေးကြီးတဲ့ ကိစ္စတွေ ပေါ်ပေါက်လာတဲ့ အခါတိုင်းမှာလည်း အန်အယ်လ်ဒီဟာ မသိကျိုးကျွံပြု နေခဲ့တာပဲ …

ပြောမယ်ဆို အန်အယ်လ်ဒီဟာ ပဲခူးက လမ်းပြကြယ် ဦးအေးမြင့်ဆိုတဲ့ လူတယောက် လောက်တောင်မှ တိုင်းပြည် အကျိုးကို ဆောင်ရွက်တာမျိုးကို မတွေ့ရဘူး။ ဦးအေးမြင့် ဆောင်ရွက်လို့သာ ကလေးစစ်သားတွေ မိဘရင်ခွင်ထဲကို ပြန်ရောက်လာတာမျိုး တွေ့ရတယ်။ တခါ လယ်ယာ အသိမ်းခံရရုံတင်မက အဖမ်းခံရပြီး ထောင်ထဲ ရောက်သွားတဲ့ လယ်သမားတွေ ဦးအေးမြင့် ဆောင်ရွက်လို့ပဲ ထောင်က ပြန်လွတ်လာကြတယ်။ ဒီကိစ္စမျိုးမှာ အန်အယ်လ်ဒီဟာ သူတို့နဲ့ဘာမှ မဆိုင်သလိုပဲ နေတယ်။ သူတို့ရဲ့ တခွန်းထည်းသော အပြောကတော့ ပါတီရေရှည် တည်တံ့ရေး အတွက်သူတို့ဟာ ဒီလို လုပ်ရတာလို့ ပြောတယ်။

ပြည်သူပြည်သားအတွက် အရေးကြီးတဲ့အချိန်မှာ ပြည်သူလူထု အတွက် ဘာမှ မလုပ်ဘဲ ရပ်တည် မနေရင် အဲဒီပါတီဟာ ဘာအဓိပ္ပါယ် ရှိမှာလဲ …

ပြည်သူပြည်သားအတွက် အရေးကြီးတဲ့အချိန်မှာ ပြည်သူလူထု အတွက် ဘာမှ မလုပ်ဘဲ ရပ်တည်မနေရင် အဲဒီပါတီဟာ ဘာအဓိပ္ပါယ် ရှိမှာလဲ။ ပါတီတစ်ခုရဲ့ တန်ဖိုးဆိုတာ ပြည်သူလူထု အကျိုးကို ဘယ်လောက် သယ်ပိုး ရွက်ဆောင်သလဲ ဆိုတဲ့ အချက်နဲ့ တိုင်းတာရတယ်။ ဒီနေ့ အန်အယ်လ်ဒီ ဌါနချုပ်ရဲ့ လုပ်ဆောင်ချက်တွေကို ကြည့်ရင် တစညတို့ ကြံ့ဖွံ့တို့နဲ့ ဘာမှ မထူးတော့ဘူး။ အစိုးရ ခိုင်းတာပဲ လုပ်မယ်။ အစိုးရ မကြိုက်တာ မလုပ်ဘူး။ ဒါဆိုရင်တော့ တစညနဲ့လဲ တူတူပဲ၊ ကြံ့ဖွံ့နဲ့လည်း အတူတူပဲ။

ပါတီတစ်ခုရဲ့ တန်ဖိုးဆိုတာ ပြည်သူလူထုအကျိုးကို ဘယ်လောက် သယ်ပိုး ရွက်ဆောင်သလဲ ဆိုတဲ့ အချက်နဲ့ တိုင်းတာရတယ်။ ဒီနေ့ အန်အယ်လ်ဒီ ဌါနချုပ်ရဲ့ လုပ်ဆောင်ချက်တွေကို ကြည့်ရင် တစညတို့ ကြံ့ဖွံ့တို့နဲ့ ဘာမှ မထူးတော့ဘူး …

တခါတုန်းက ဆရာပြောခဲ့ဘူးတယ်။ အန်အယ်လ်ဒီ ပါတီဟာ အသက် ၈၀ ကျော်တွေ ၉၀ကျော်တွေ ဖြစ်ကုန်ကြပြီ မျက်စေ့မမြင်တဲ့ သူလည်း မမြင်တော့ဘူး။ နားမကြားတဲ့သူလည်း မကြားတော့ဘူး။ အစည်းအဝေး လုပ်ရင်းနဲ့ ထိုင်ရင်းနဲ့ ငုတ်တုတ်ကြီး မေ့နေတဲ့သူလည်း မေ့နေကြပြီ။ အသက်အရွယ်တွေ အိုမင်းနေကြပြီ။ လူငယ်တွေနဲ့ အစားထိုး သင့်တယ်လို့ ပြောခဲ့တယ်။ အဲဒီမှာ စကားလုံးတလုံး သုံးလိုက်တယ်။ အန်အယ်လ်ဒီ ပါတီဟာ နိုင်ငံရေး ပါတီတခု ဌါနချုပ် တစ်ခုနဲ့ မတူဘူး။ နိုင်ငံရေးပါတီ ဆိုတာ အမြဲတမ်း နိုင်ငံရေး အကြောင်း လူမှုရေး အကြောင်းတွေ ဆွေးနွေး ငြင်းခုံနေကြတယ်။ ဘယ်နိုင်ငံရေး ပါတီမဆို။ အန်အယ်လ်ဒီ ပါတီမှာတော့ အကုန်လုံးဟာ တိတ်ဆိတ်နေတာပဲ။ ဒါကြောင့်မို့လို့ ဆွံ့ အ နားမကြားကျောင်းနဲ့ တူတယ်လို့ အဲဒီတုန်းက ပြောခဲ့တယ်။ ပြောတော့ တော်တော်လေးကိုပဲ သူတို့ တီကိုဆားနဲ့ တို့လိုက်သလို ဖြစ်ပြီး မခံချိမခံသာတွေ ဖြစ်ကုန်ပြီး မိုက်မိုက်ရိုင်းရိုင်း တုံ့ပြန်တာတွေလည်း ကြားရတယ်။

နိုင်ငံရေးပါတီ ဆိုတာ အမြဲတမ်း နိုင်ငံရေး အကြောင်း လူမှုရေးအကြောင်းတွေ ဆွေးနွေးငြင်းခုံနေကြတယ်။ ဘယ်နိုင်ငံရေးပါတီမဆို။ အန်အယ်လ်ဒီပါတီမှာတော့ အကုန်လုံးဟာ တိတ်ဆိတ်နေတာပဲ။ ဒါကြောင့်မို့လို့ ဆွံ့အနားမကြားကျောင်းနဲ့ တူတယ်လို့ …

အဲဒီလိုပြောပြီးတော့ ဒုတိယတခေါက် ထပ်ပြီးတော့ ပြောဖို့ ရှိသေးတယ်။ အဲဒီ ပြောမယ့်ဟာ ကတော့ ဌါနချုပ်ကို အမြောက်နဲ့ ပစ်ကြ၊ အဲဒါကို ဒုတိယအကြိမ်ပြောဖို့ ရည်ရွယ်ထားတာ။ အဲဒီအခြေအနေမှာ အန်အယ်လ်ဒီပါတီ အပေါ်မှာ တဘက်က ပရက်ရှာ (ဖိအား) တွေလည်း သိပ်များလာတယ်။ အဲဒီအတွက် ခဏလေးတော့ စောင့်နေလိုက်ဦးမယ် ဆိုပြီး စောင့်နေလိုက်တာ။

စောင့်နေလိုက်တဲ့အတွက် ဌါနချုပ်ကို အမြောက်နဲ့ ထုကြ ဆိုတာကို မပြောလိုက်ရဘူး အဲဒီတုန်းက ပြောလိုက်ရရင် တော်တော်ကောင်းမယ် ဆိုပြီး အခုနောင်တရ မိတယ်။ ဘာကြောင့် ဌါနချုပ်ကို အမြောက်နဲ့ ထုခိုင်းတာလဲ ဆိုတော့ အန်အယ်လ်ဒီ ဌါနချုပ်ဟာ အနှစ် ၂၀ အတွင်းမှာ ဘာတခုမှ တိုင်းပြည်အတွက် ပြည်သူလူထု အတွက် လုပ်တာ မရှိခဲ့ဘူး။ ပါတီ ဌါနချုပ်ဟာလည်း ဒီမိုကရေစီ ပါတီတခုနဲ့ မတူဘူး။ မဆလပါတီနဲ့ ဘာမှ မထူးတော့ဘူး။ တယောက်ထဲက နေပြီးတော့ အကုန်လုံးကို စီမံခန့်ခွဲပြီး အမိန့်ပေးနေတာ။ အဲဒီ အမိန့်ပေးနေတာကို ပြန်ပြီးတော့ ပြောလားဆိုလား ငြင်းလား ခုံလားလည်း ဘာမှ မရှိဘူး။ အဲဒီတော့ အန်အယ်လ်ဒီ ဌါနချုပ်ဟာ တတိုင်းပြည်လုံးမှာ ရှိတဲ့ အန်အယ်လ်ဒီ အောက်ခြေ ပါတီဝင်တွေနဲ့ လုံးဝ ကင်းကွာပြီးတော့ တခြားစီ ဖြစ်နေပြီ။

ဌါနချုပ်ကို အမြောက်နဲ့ ထုကြ ဆိုတာကို မပြောလိုက်ရဘူး အဲဒီတုန်းက ပြောလိုက်ရရင် တော်တော်ကောင်းမယ် ဆိုပြီး အခုနောင်တရ မိတယ် …

အဲဒီတော့ သာမန်အားဖြင့် အပြင်မှာ နောက်ရင်းပြောင်ရင်း လူငယ်တွေကို ပြောလေ့ရှိတယ်။ အန်အယ်လ်ဒီ လက်ရှိ ရှိနေတဲ့ ၈၀ ကျော် ၉၀ကျော် စီအီးစီတွေ အစား တက်တက်ကြွကြွနဲ့ ရဲရဲတောက် လုပ်ကိုင်နေကြတဲ့ အမျိုးသမီးတွေနဲ့ အစားထိုး လိုက်ရင်တောင်မှ အန်အယ်လ်ဒီဟာ ဒိထက် အဆတစ်ရာ လောက်ကို ပိုပြီးတော့ ကောင်းသွားမယ်လို့ ပြောခဲ့တယ်။ အန်အယ်လ်ဒီမှာ အင်မတန်တော်ပြီး အင်မတန် သတ္တိရှိကြတဲ့ အန်အယ်ဒီ ပါတီဝင် ပီသတဲ့ အမျိုးသမီးတွေ တပြည်လုံး အများကြီး ရှိကြတယ်။

အန်အယ်လ်ဒီမှာ အင်မတန်တော်ပြီး အင်မတန် သတ္တိရှိကြတဲ့ အန်အယ်ဒီ ပါတီဝင် ပီသတဲ့ အမျိုးသမီးတွေ တပြည်လုံး အများကြီးရှိကြတယ် …

လူတွေကို မသိပေမယ့်လို့ နံမည်တွေကို ကြားဘူးနေပြီး ခေါင်းထဲမှာ စွဲနေတဲ့ နာမည်တွေ မန္တလေးက ဒေါ်ဝင်းမြမြတို့ မိတ္ထိလာက ဒေါ်မြင့်မြင့်အေးတို့ ရန်ကုန်က နော်အုန်းလှတို့ ဘားအံက နန်းခင်ထွေးမြင့်တို့၊ မကွေးက ဒေါ်ခင်စောဌေးတို့ ဒေါ်အုန်းမြတို့ ခင်စန္ဒာဝင်းတို့ ဆိုတဲ့ နာမည်တွေ အဲဒီ အမျိုးသမီးတွေဟာ တကယ်တန်း ပြည်သူလူထု အတွက် တက်တက်ကြွကြွ အလုပ်လုပ်ကြတယ်။ ဘယ်ပြဿနာပဲ ဖြစ်ဖြစ် ငြိမ်မနေကြဘူး သူတို့ ၀င်ပါကြတယ်။ ကလေးစစ်သား ကိစ္စလည်း ၀င်ပါကြတာပဲ။ လယ်ယာမြေ အသိမ်းခံရတဲ့ ကိစ္စလည်း ၀င်ပါကြတာပဲ။ နာဂစ် ကိစ္စဆိုလည်း တက်တက်ကြွကြွ ၀င်လုပ်ကြတာပဲ။ အဲဒီ အမျိုးသမီးတွေနဲ့ အစားထိုးလိုက်ရင် တောင်မှ အန်အယ်လ်ဒီဟာ ပိုကောင်းသွားမယ် ဆိုပြီး နောက်ပြောင်ပြီး အပြင်မှာ ပြောလေ့ရှိတယ်။

အဲလိုပြောရလောက်အောင်ပဲ လက်ရှိ အန်အယ်လ်ဒီရဲ့ ခေါင်းဆောင်မှု စီအီးစီတွေဟာ ဘာမှကိုပဲ သုံးမရ လောက်အောင် ဖြစ်နေတယ်။ ဒါကြောင့်မို့လို့ ဒီရွေးကောက်ပွဲ ဥပဒေ ထွက်လာတဲ့အခါ သေချာပေါက် အစိုးရ အကြိုက် လိုက်လုပ်မှာပဲ လို့ဆရာက ယူဆပြီး မှတ်ပုံလည်းတင်မှာပဲ ရွေးကောက်ပွဲလည်း ၀င်မှာပဲ လို့ ပြောလိုက်တယ်။

ရွေးကောက်ပွဲ ၀င်တာကောင်းတယ် မကောင်းဘူး၊ မှတ်ပုံတင်တာကောင်းတယ် မကောင်းဘူးလို့ ဆရာက ပြောတာ မဟုတ်ဘူး။ ဒါက မည်သူမဆို နိုင်ငံသူ နိုင်ငံသားတိုင်း လွတ်လွတ်လပ်လပ် ဆုံးဖြတ်ပိုင်ခွင့် ရှိတဲ့ ကိစ္စ၊ ဆရာ့အနေနဲ့ အကောင်းအဆိုး ဘာမှ ဝေဘန်စရာ အကြောင်းမရှိဘူး။ ရွေးကောက်ပွဲ ၀င်မယ့် သူတွေကိုလည်း ဆရာဘာမှ ပြောစရာ အကြောင်းမရှိဘူး။ အန်အယ်လ်ဒီပါတီ အနေနဲ့ကတော့ မူမရှိတဲ့ အဖြစ်ကို ထောက်ပြတာပါ။

သူတို့ဟာ မူမရှိတဲ့ နိုင်ငံရေး ပါတီတခု၊ အဲတော့ မူမရှိတဲ့ ပါတီတခုဟာ ရာသီဥတု ပြောင်းတိုင်း အရောင် ပြောင်းတဲ့ ပုတ်သင်ညိုလို အမြဲတမ်း သူဟာ အရောင်ပြောင်းပြီး ခေါင်းညိတ်နေမှာပဲ …

ဘယ်လိုမူမရှိလဲ ဆိုတော့ အမျိုးသားညီလာခံက နေပြီး သပိတ်မှောက်ပြီး ဦးအောင်ရွှေ ခေါင်းဆောင်ပြီး ထွက်လာခဲ့တာ။ အခုတကယ်ဆိုရင် ရွေးကောက်ပွဲ ၀င်တော့မယ် ဆိုရင် အမျိုးသား ညီလာခံက ထွက်လာတာ ကျွန်တော်တို့ မှားပါတယ် ဆိုပြီး တိုင်းပြည်ကို ၀န်ခံတဲ့ ကြေငြာချက် သူတို့ ထုတ်သင့်တယ်။ နောက်တခါ ရွှေဂုံတိုင် ကြေငြာစာတမ်း၊ ဒါလည်းပဲ အခုသူတို့ ထည့် မစဉ်းစားတော့ဘူး ။ အဲဒီတော့ ပါးစပ်ကပဲ ကြေငြာချက်တွေ ပါးစပ်ကပဲ ပြောနေတယ်။ ဒီအနှစ် ၂၀ အတွင်းမှာ ကြေငြာချက်တွေပဲ ပလူပျံအောင် ထုတ်ခဲ့တယ်။ ကိုယ်ထုတ်ခဲ့တဲ့ ကြေငြာချက်တွေကိုတောင် ကိုယ်က အခိုင်အမာ ရပ်တည်ဖို့ သူတို့မှာ စိတ်ဓါတ်မရှိဘူး။ ဒီတော့ သူတို့ဟာ မူမရှိတဲ့ နိုင်ငံရေး ပါတီတခု၊ အဲတော့ မူမရှိတဲ့ ပါတီတခုဟာ ရာသီဥတု ပြောင်းတိုင်း အရောင်ပြောင်းတဲ့ ပုတ်သင်ညိုလို အမြဲတမ်း သူဟာ အရောင်ပြောင်းပြီး ခေါင်းညိတ်နေမှာပဲ အဲဒါကြောင့် ဆရာက အန်အယ်လ်ဒီဟာ ရွေးကောက်ပွဲလည်း ၀င်မှာပဲ ပါတီလည်း မှတ်ပုံတင်မှာပဲလို့ ပြောလိုက်တာ။

အန်အယ်လ်ဒီပါတီ ဟာ လူထုက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီလို့ နားလည်ထားတာ ၊ ဒေါ်အောင်ဆန်းစုကြည် မပါတဲ့ အန်အယ်လ်ဒီဟာ အသက် ၀ိဥာဏ် မရှိတဲ့ အဖွဲ့အစည်းပဲ ဖြစ်မယ် …

သူတို့ပါတီကို ဒေါ်အောင်ဆန်းစုကြည် မပါပဲ အန်အယ်လ်ဒီဟာ ရွေးကောက်ပွဲ ၀င်ခဲ့ရင် နောက်ဆုံးမှာ သူတို့ပဲ ခွက်ခွက်လန်အောင် ရှုံးပြီးတော့ အရှက်ကွဲကြမှာ။ ၁၉၉၀ ရွေးကောက်ပွဲ တုန်းက တစညက ၇ နေရာ အနိုင်ရတယ်။ ဒီတကြိမ် ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီဟာ ၇ နေရာ မပြောနဲ့ ၃ နေရာ ၄ နေရာတောင် အနိုင်ရမယ်လို့ ဆရာတော့ မထင်ဘူး။ ဘာလို့ဆိုတော့ အန်အယ်လ်ဒီ ပါတီဟာ လူထုက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီလို့ နားလည်ထားတာ ၊ ဒေါ်အောင်ဆန်းစုကြည် မပါတဲ့ အန်အယ်လ်ဒီဟာ အသက် ၀ိဥာဏ် မရှိတဲ့ အဖွဲ့အစည်းပဲ ဖြစ်မယ်။ သူတို့ ဘယ်လိုနည်းနဲ့ ရွေးကောက်ပွဲမှာ နိုင်မှာ မဟုတ်ဘူး။ နိုင်တာ ရှုံးတာထား၊ ရွေးကောက်ပွဲ ၀င်တာမ၀င်တာ လည်းသူတို့ရဲ့ ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့ လုပ်ခွင့်ရှိပါတယ်။ ဒါတွေကို ကောင်းတယ် မကောင်းဘူးလည်း မပြောဘူး မှတ်ပုံတင်သင့် မတင်သင့်လည်း ဆရာမပြောဘူး။ အန်အယ်လ်ဒီ ရွေးကောက်ပွဲ ၀င်မလား၊ မ၀င်ဘူးလားလို့ လာလာ မေးကြတဲ့သူတွေကို အဲလို ဖြေလိုက်တာ။ အဲလို ဖြေရတဲ့ အကြောင်းရင်းကို ဆရာရှင်းပြတာ။

အန်အယ်လ်ဒီ မရှိလဲ ၈၈လို တနိုင်ငံလုံးအတိုင်းအတာနဲ့ ကြီးမားတဲ့ အုံကြွမှုကြီး တစ်ခုဟာ ဖြစ်ပေါ်လာခဲ့တာပဲ …

ဒါက တလျောက်လုံးပေါ့လေ မောင်စူးစမ်းတို့ ပြောခဲ့တဲ့ စကားရှိတယ်။ ရွေးကောက်ပွဲမှ တပါး အခြားနည်းလမ်း မရှိပြီ။ ရွေးကောက်ပွဲ ဆိုတာဟာ ထွက်ရပ်လမ်း မဟုတ်ဘူး။ အခြား နည်းလမ်းတွေလည်း အကြပ်အတည်းမှ လွတ်မြောက်အောင် လုပ်လို့ရအောင် ရှိနိုင်တယ် ၊ ရှိအောင်လည်း ရှာရမယ်။ ဒါနိုင်ငံရေး ပါတီတွေရဲ့ တာဝန်ဖြစ်တယ်။ ၈၈ တုန်းက အန်အယ်လ်ဒီ မရှိခဲ့ပါဘူး။ ၈၈ကြောင့် အန်အယ်လ်ဒီ ပါတီ ဆိုတာ ပေါ်ပေါက်လာတာ။ အခု အန်အယ်လ်ဒီမှာ စီအီးစီ လုပ်နေတဲ့ ပုဂ္ဂိုလ်တွေ ၈၈ တုန်းက ဒီလူတွေ ဘယ်မှာရှိသလဲ။ ၈၈ ကြောင့်မို့ သူတို့ဟာ စင်ပေါ် ရောက်လာတဲ့ သူတွေပါ။ အန်အယ်လ်ဒီ မရှိလဲ ၈၈ လို တနိုင်ငံလုံး အတိုင်းအတာနဲ့ ကြီးမားတဲ့ အုံကြွမှုကြီး တစ်ခုဟာ ဖြစ်ပေါ်လာခဲ့တာပဲ။ အခုလည်း ၈၈ လိုပဲ အန်အယ်လ်ဒီ မရှိလဲပဲ တိုင်းပြည်က ဘာမှ မဖြစ်ပါဘူး။ အန်အယ်လ်ဒီ ရှိနေလဲ ဘာမှ မဖြစ်ပါဘူး။

လွန်ခဲ့တဲ့ ၂နှစ် ၃နှစ်က အင်တာနေရှင်နယ် ဟယ်ရယ် ထရီဗြွန်းမှာ ဆရာ ဆောင်းပါး ရေးခဲ့တယ်။ အခြေအနေဟာ ဒီအတိုင်းသာ သွားလို့ရှိရင် နောက်ဆုံးမှာ လူတွေဟာ မခံမရပ်နိုင်ဖြစ်ပြီး သည်းမခံနိုင်တဲ့ အဆုံး အုံကြွမှုတွေ ပေါ်လာနိုင်တယ်။ အဲဒီလို သွေးချောင်းစီးမှုတွေ မဖြစ်စေချင်တဲ့ အတွက် အားလုံးဟာ နိုင်ငံရေး ပါတီရော အစိုးရရော လူကြီးလူကောင်းတွေ စကားပြောကြပါ။ ဆွေးနွေး ညှိနှိုင်းပြီး အဖြေရှာကြပါလို့ ဆရာ ရေးခဲ့ဘူးတယ်။ ဒါတွေကို ဆရာတို့က ကြိုပြီးတော့ မြင်နေလို့ပဲ။

သွေးချောင်းစီးမှုတွေ မဖြစ်စေချင်တဲ့အတွက် အားလုံးဟာ နိုင်ငံရေးပါတီရော အစိုးရရော လူကြီးလူကောင်းတွေ စကားပြောကြပါ။ ဆွေးနွေးညှိနှိုင်းပြီး အဖြေရှာကြပါလို့ ဆရာ ရေးခဲ့ဘူးတယ် …

၇၄ ခုနှစ်တုန်းကလည်းပဲ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ မရှိတာနဲ့စာရင် ရှိတာက ကောင်းတာပေါ့ လို့ ဆိုပြီးတော့ တခဲနက် ထောက်ခံခဲ့ကြတာပဲ။ ရွေးကောက်ပွဲတွေ တခုပြီး တခုလုပ်ခဲ့တာပဲ။ သို့သော်လည်း အဲဒါတွေဟာ ကောင်းတဲ့ရလဒ် ရခဲ့သလား။ မရခဲ့ဘူး။ မရခဲ့လို့ပဲ ၈၈ နဲ့ အဆုံးသတ် သွားခဲ့တာပဲ။ အခုလည်းပဲ ဒီရွေးကောက်ပွဲကြောင့် ရလဒ်ကောင်းတွေ ထွက်လာမယ်လို့ ဘယ်လိုမှ ပြောလို့မရဘူး။ လက်တွေ့ ပြည်သူလူထုရဲ့ အခြေခံ စားဝတ်နေရေး ပြဿနာကို ဖြေရှင်းနိုင်ခြင်း မရှိသေးဘူး ။ မရှိရင် နောက်ဆုံးမှာ လူတွေဟာ ငတ်လာရင်တော့ ဘယ်သူမှ ငြိမ်နေကြမှာ မဟုတ်ဘူး။ ဒီလို ၈၈တုန်းကလို သွေးချောင်းစီးမှုတွေ ဖြစ်လာမှာကို စိုးရိမ်တယ်။ မဖြစ်စေချင်ဘူး။ မဖြစ်စေချင်တဲ့ အတွက် အဲဒါကြောင့် လည်း စကားပြောကြပါ။ ဆွေးနွေးကြပါ လို့ပြောနေရခြင်း ဖြစ်တယ်။ ဒါ မလုပ်ရင် ဘာလုပ်မလဲ ဆိုတာ တိုင်းသူ ပြည်သားတွေရဲ့ တာဝန် မဟုတ်ဘူး။ နိုင်ငံရေးသမားတွေ၊ တိုင်းပြည်ကို ဦးဆောင်နေသူတွေ ရဲ့ သူတို့ရဲ့ တာဝန် ဖြစ်တယ်။ ဒီတာဝန်ကို သူတို့ဟာ ကျေပြွန်အောင် ထမ်းဆောင်ဖို့အတွက် သူတို့ဟာ ဒီနည်းလမ်းတွေကို ရှာရမှာပဲ။”

ဒါမလုပ်ရင်ဘာလုပ်မလဲဆိုတာ တိုင်းသူပြည်သားတွေရဲ့ တာဝန်မဟုတ်ဘူး။ နိုင်ငံရေးသမားတွေ၊ တိုင်းပြည်ကို ဦးဆောင်နေသူတွေ ရဲ့ သူတို့ရဲ့ တာဝန် ဖြစ်တယ်။ ဒီတာဝန်ကို သူတို့ဟာ ကျေပြွန်အောင် ထမ်းဆောင်ဖို့အတွက် သူတို့ဟာ ဒီနည်းလမ်းတွေကို ရှာရမှာပဲ …

(လူထုစိန်ဝင်း)



Ref: မိုးမခ

Read More...

Sunday, March 21, 2010

နေ့စဉ်သတင်းများ ( ၂၀ - ၃ - ၁၀ )

■ “ပါတီမရှိလည်း နိုင်ငံရေးရှိနေဖို့က အရေးကြီးတယ်” (ဦးဝင်းတင်) သတင်း
■ ပါတီမှတ်ပုံတင်ရေး တိုက်တွန်းချက် ၀ ခေါင်းဆောင်တွေ ငြင်းပယ် သတင်း
■ ကေအိုင်အိုအဖွဲ့ လိုလားချက်များ စစ်အစိုးရထံ စာပို့ တင်ပြ သတင်း
■ စစ်ဖြစ်ပွားမယ့် အလားအလာတွေ သတင်း
■ ဗုံးပေါက်ကွဲမှု ကေအန်ယူလက်ချက်ဟု နအဖ စွပ်စွဲ သတင်း
■ မြန်မာပြည်၌ ကမ္ဘာ့လူတုပ်ကွေး ဆက်လက်ဖြစ်ပွားနေ သတင်း
■ စီအာပီပီက ရွေးကောက်ပွဲဥပေဒအပေါ် သုံးသပ်ဆွေးနွေး သတင်း
■ ရွေးကောက်ပွဲအပေါ် ပြည်နယ်နှင့်တိုင်း အဖွဲ့ချုပ်ဝင်များ သဘောထား ဗဟိုက တောင်း သတင်း
■ NLD ရွေးကောက်ပွဲ မ၀င်သင့်လို့ ဒီမိုကရက်တစ်အင်အားစုက ပြော သတင်း
■ ရွေးကောက်ပွဲကို နိုင်ငံတကာက ဆန့်ကျင်ရန် မြန်မာအတိုက်အခံများက တိုက်တွန်း သတင်း
■ ၂၀၁၀ ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီတချို့ မှတ်ပုံတင်ရန် ပြင်ဆင် သတင်း
■ တစညပါတီက ရွေးကောက်ပွဲဝင်ရန် ပြင်ဆင် သတင်း
■ ပါတီများ ရန်ပုံငွေ အခက်အခဲ ရင်ဆိုင်ရ သတင်း
■ ရက်ပေါင်း (၆၀) အတွင်း ပြန်လည်မှတ်ပုံတင်ရမည့် တည်ဆဲပါတီများ သတင်း
■ နယူးဒေလီမြို့က မြန်မာသံရုံးရှေ့တွင် ဒီမိုကရေစီအင်အားစုများ ဆန္ဒပြ သတင်း
■ ဒေါက်တာ နေ၀င်းမောင် ဘန်ကောက်တွင် မြန်မာ့အရေး ဟောပြောမည် သတင်း
■ စေတနာ့ဝန်ထမ်း ရှေ့နေတဦး မြ၀တ်ီတွင် အဖမ်းခံရ သတင်း
■ ဥယျာဉ်ခြံ (၁၀၀)ကျော်ကို နအဖစစ်တပ် မီးရှို့ သတင်း
■ စိုက်ပျိုးရေးမဖြစ်ထွန်း သျှမ်းပြည်သား ရာနှင့်ချီ ထိုင်းနယ်စပ်ရောက်ရှိ သတင်း
■ မြန်မာအမျိုးသမီးကို နှိပ်စက်မှုဖြင့် စင်္ကာပူအိမ်ရှင် ထောင်ဒဏ်ကျ သတင်း
■ ဆယ်လူလာကို GSM ဖြင့် အစားထိုးမည် သတင်း
■ အင်တာနက် မြန်နှုန်းနိမ့်သော်လည်း အိုင်တီပြပွဲ နှစ်စဉ် ပြုလုပ် သတင်း

Read More...

ဒီကေဘီအေတပ်မှူး၏ နေအိမ်သစ်ဖွင့်ပွဲ ကြော်ငြာကပ် ဖိတ်ကြား

ရဲရင့်/ ၁၉ မတ် ၂ဝ၁ဝ

တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) (၉၉၉) အခြေချ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောချစ်သူ၏ အိမ်သစ်တက် အခမ်းအနား တက်ရောက်ရန် ဖိတ်ကြားထားသည့် ကြော်ငြာ ပိုစတာများကို မဲဆောက်မြို့ အနှံ့တွင် လိုက်လံ ကပ်ထားသည်။



မြ၀တီခရိုင် အခြေချဗျူဟာ တည်ရှိရာ ရွှေကုက္ကိုမြိုင် ကျေးရွာတွင် ဗိုလ်မှူးကြီး စောချစ်သူနှင့် နန်းခင်လှသူ တို့၏ သန်းရာကျော်တန် “ချစ်သူမြိုင်စံအိမ်” ဟု အမည်ပေးထားသည့် အိမ်သစ်တက်ပွဲတွင် နာမည်ကြီး မြန်မာ အဆိုတော်များ၊ ကရင် အဆိုတော်များဖြင့် (၃) ရက်တိုင် စည်ကား သိုက်မြိုက်စွာ ကျင်းပမည့် အခမဲ့ ဖျော်ဖြေပွဲများကို လာရောက် ကြည့်ရှု အားပေးရန် ကြော်ငြာထားခြင်း ဖြစ်သည်။

အဆိုပါ အိမ်သစ်ဖွင့်ပွဲနှင့် ပတ်သက်၍ ကုက္ကိုမြိုင်တွင် နေထိုင်သူတဦးက “ဗိုလ်မှူးချစ်သူက ဒီအိမ်ကို စင်ကာပူက အင်ဂျင်နီယာကို ပုံဆွဲခိုင်းပြီး ဆောက်တာဖြစ်တယ်။ အိမ်ကတော့ နန်းတော်လိုပဲ။ အိမ်ရဲ့ လုံခြုံရေးစနစ် အားလုံးကို နောက်ဆုံးပေါ် နည်းပညာတွေနဲ့ ဆောက်လုပ်ထားတာ ဖြစ်တယ်။ သူတို့ရဲ့ အိပ်ခန်းတွေကို ကျည်ကာမှန်တွေနဲ့ တပ်ထားပြီး အခန်းတိုင်းကို သူတို့ လက်ဗွေနှိပ်မှ တံခါးဖွင့်တဲ့ နည်းပညာနဲ့ လုပ်ထားတယ်။ ရေကူးကန်ပါ ပါတဲ့ ဒီအိမ်မျိုး မြ၀တီမြို့မှာတောင် မရှိဘူး” ဟု ပြောသည်။



(၅) ဧကခန့် ကျယ်ဝန်းသည့် ခြံဝင်းထဲတွင် ဆောက်လုပ်ထားသည့် အိမ်သစ်နှင့် ပတ်သက်၍ မြ၀တီမြို့ခံ တဦးက “ကရင် အမျိုးသားတွေ တိုးတက်ကြီးပွားဖို့ လုပ်မယ်ဆိုတဲ့ လူတွေက ကရင်လူမျိုးတွေရဲ့ ဘ၀အနေအထား တိုးတက်အောင် ဘာမှ မလုပ်ပေးနိုင်ဘူး။ ဒါပေမယ့် သူတို့တွေကျတော့ တိုက်နဲ့ ကားနဲ့ လိုလေသေးမရှိ ကြီးပွား ချမ်းသာကြကုန်ပြီ။ ဒီပုံအတိုင်း ဆိုရင် သူတို့ အတွက်ကော ကရင်လူမျိုးတွေ အတွက်ကော ရင်လေးဖို့ ကောင်းတယ်” ဟု ပြောသည်။

အဆိုပါ အိမ်သစ်တက်ပွဲ တက်ရောက်ရန် ထိုင်းနိုင်ငံရောက် မြန်မာများအပြင် ထိုင်းလုပ်ငန်းရှင်ကြီးများ ကိုလည်း ဖိတ်ကြား ထားသည်ဟု သိရသည်။


ဒီကေဘီအေ (၉၉၉) တပ်မဟာ၏ အခြေချဗျူဟာမှူး ဗိုလ်မှူးကြီး စောချစ်သူသည် ဒီကေဘီအေအဖွဲ့ကို နယ်ခြားစောင့်တပ် အဖြစ် အသွင်ပြောင်းမည့် နအဖ၏အစီအမံကို လက်ခံကြောင်း ပထမဆုံး တရားဝင် ပြောကြားသည့် ဒီကေဘီအေ တပ်မှူးတဦးဖြစ်သည်။

အိမ်သစ်ဖွင့်ပွဲကို ထိုင်းဘက်ခြမ်းတွင် လာရောက်ကြော်ငြာသဖြင့် ဒီကေဘီအေ အဖွဲ့၏ လုပ်ရပ်ကို နားမလည်နိုင်အောင် ဖြစ်ရသည်ဟု ထိုင်းနိုင်ငံသား အချို့နှင့် မဲဆောက်ရောက် မြန်မာနိုင်ငံသား အချို့က ပြောဆိုသည်။

မဲဆောက်ရောက် မြန်မာနိုင်ငံသားတဦးက “ထင်ပေါ်ကျော်ကြားချင်တယ်။ အများရဲ့ ဂရုစိုက်မှုခံချင်တယ်။ လူထုတွေရဲ့ မေတ္တာကို လိုချင်တယ်ဆိုရင် ဒီလိုနည်းမျိုးကိုမသုံးဘဲ လူထု အကျိုးပြု လုပ်ငန်းတွေ လုပ်ပြမှ လူထု လက်ခံမှာဖြစ်တယ်” ဟု ပြောသည်။

ဒီကေဘီအဖွဲ့သည် ၁၉၉၄ ခုနှစ်တွင် ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) မှ ခွဲထွက်ပြီး မြန်မာ စစ်အစိုးရနှင့် သွားရောက် ပူးပေါင်းခဲ့ကာ အဖွဲ့၏ နာယက ဆရာတော်မှာ ဦးသုဇနဖြစ်သည်။

အိမ်သစ်တက်ပွဲနှင့် ပျော်ပွဲရွှင်ပွဲများကို ယခုလ (၂၄၊ ၂၅၊ ၂၆) ရက်နေ့တို့တွင် စည်ကား သိုက်မြိုက်စွာ အခမဲ့ ကျင်းပမည်ဟု မဲဆောက်မြို့တွင် ကြော်ငြာထားသည်။

ဓါတ်ပုံများအား တောသီခိုဘလော့ မှ ကူးယူဖေါ်ပြသည်

Ref: ခေတ်ပြိုင်

Read More...

Saturday, March 20, 2010

နေ့စဉ်သတင်းများ ( ၁၉ - ၃ - ၁၀ )

■ အမေရိကန်အစိုးရအဖွဲ့အတွင်း မြန်မာကို တိုးမြှင့်ဒဏ်ခတ်ဖို့ ဆွေးနွေးနေကြပြီ သတင်း
■ ကုလအတွင်းရေးမှူးချုပ် မြန်မာ့အရေး ဆွေးနွေးမည် သတင်း
■ လူထုစိန်ဝင်း၏ အမြင် - အန်အယ်လ်ဒီနှင့် ၂၀၁၀ ရွေးကောက်ပွဲ သတင်း
■ ရွေးကောက်ပွဲ မှတ်ပုံတင်ရေး နိုင်ငံရေးအသိုင်းအ၀န်း ရှင်းလင်းမှုမရှိ သတင်း
■ ရွေးကောက်ပွဲဆန့်ကျင်ရေးလှုပ်ရှားမှု ဒီမိုကရက်တစ်အင်အားစုများ စတင် သတင်း
■ အန်အယ်လ်ဒီ နှစ်ခြမ်းကွဲမှာ စိုးရိမ်မှုများ ထွက်ပေါ် သတင်း
■ ရန်ကုန်မြို့ လုံခြုံရေးတင်းကျပ်မှု မြင်ကွင်း သတင်း
■ စစ်အစိုးရနှင့် ကချင်အကြား တင်းမာမှုပိုလာ သတင်း
■ မြန်မာသင်္ဘောသားများ ကံကြမ္မာ- ဆိုမာလီဓားပြများနှင့် ညှိနှိုင်း သတင်း
■ ကချင်နယ်စပ်ကုန်သွယ်ရေးဂိတ် ကုန်ပစ္စည်းတင်သွင်းခွင့် ပိတ် သတင်း
■ ရေနံချောင်းမြို့နယ်က တောင်သူတွေ နစ်နာနေ သတင်း
■ ဘင်္ဂလားဒေ့ရှ်မြေပေါ် ခြံစည်းရိုးကာရံမှု ကန့်ကွက်ခံရ သတင်း
■ မြန်မာနဲ့ တောင်ကိုရီးယား ဆက်ဆံရေးမှာ စီးပွားရေးကို ပိုပြီး ရှေ့တန်းတင် သတင်း
■ ကမ္ဘာပေါ်က အချမ်းသာဆုံး ကုဋေကြွယ် သူဋ္ဌေးကြီးများ သတင်း
■ နောက်ချေးကရတဲ့ အစားထိုးလောင်စာ သတင်း
■ ၀က်ချေးကရတဲ့ လျှပ်စစ်မီး သတင်း
■ တိုက်ခိုက်ခံခဲ့ရသော AMI ရုံးကို ဘူးသီးတောင်မှ တရားဝင် ရုတ်သိမ်းပြီ သတင်း
■ ဗုဒ္ဓဘာသာနှင့် သက်ဆိုင်သော ပစ္စည်းများကို နစကမှ သိမ်းဆည်း သတင်း
■ ဒေါ်အောင်ဆန်းစုကြည်၏ အိမ် အရေးပေါ် ပြင်ဆင်ရန် လိုအပ်နေ သတင်း
■ ရန်ကုန်တိုင်းရဲမှူး စစ်ဘက်အရာရှိဖြင့် ပြောင်းရွှေ့ခန့်ထား သတင်း
■ ရန်ကုန်မြို့လယ်ခေါင်တွင် လုံခြုံရေး အင်အားပြ သတင်း
■ ၀နယ်မှာ မူးယစ်ဆေးဝါး နှိမ်နင်းရေးလုပ်ငန်း လုပ်ဆောင် သတင်း
■ စစ်အစိုးရက မွန် (၁၅) ဦး ကော်မတီကို စည်းရုံး သတင်း
■ နယ်ခြားစောင့်တပ်ဖွဲ့ရေး မွန်ပြည်သစ်ကို နအဖက ဖိအားပေး သတင်း
■ ကရင်ဒုက္ခသည် (၃၀၀) ခန့် ထိုင်းယာယီဒုက္ခသည်စခန်းမှ ထွက်ခွာ သတင်း
■ ဒီကေဘီအေတပ်မှူး၏ နေအိမ်သစ်ဖွင့်ပွဲ ကြော်ငြာကပ် ဖိတ်ကြား သတင်း
■ မြန်မာလုပ်သားများ သေမှု အရေးယူရန် ထိုင်းကို တောင်းဆို သတင်း
■ စစ်တပ်မှ ခင်ပွန်းသည်အား သတ်ဖြတ်၊ ရင်သွေးငယ်မှာ ပြေးလွှားရင်း သေဆုံး သတင်း
■ ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ မေးခွန်းလွယ်ကူသဖြင့် ဖြေနိုင်သူ များပြား သတင်း
■ ခေတ်ရဲ့သားကောင် (ဆောင်းပါး)
■ ၂၀၁၀ ရွေးကောက်ပွဲနှင့် ရွေးလမ်းသုံးသွယ် (ဆောင်းပါး)
■ ပေးသလောက် ရသလောက်ကိုပဲ ဒူးကလေးထောက်ကာ ခံယူ (ဆောင်းပါး)

Read More...

မန္တလေးသား စစ်စစ်ကြီးပါဗျာ

Read More...

Friday, March 19, 2010

ကချင်အထူးဒေသ (၂) ကေအိုင်အို ၏ အသွင်ကူးပြောင်းရေးဆိုင်ရာ လုပ်ငန်းနှင့်ပတ်သတ်၍တင်ပြခြင်း

March 19, 2010

ကချင် အထူးဒေသ(၂)ကေအိုင်အို

Read More...

ဆင်ဖြူတော်နဲ့ ခွေးတိုးပေါက်

March 19, 2010


မင်းမှာသစ္စာ လူမှာကတိတဲ့။ လူတိုင်းကြားဖူးတဲ့ စကားပါ။ ခက်တာက အနှစ် လေးငါးဆယ်ကျော် မင်းစိုးရာဇာဆိုတဲ့ ဗမာလူ့အဖွဲ့အစည်းရဲ့ ဖောက်ပြန်တဲ့ အစိုးရ အဆက် ဆက်က သစ္စာလည်းမတည် ကတိလည်း ဘယ်တုန်းကမှ မမြဲလေတော့ ဒီနေ့ခေတ်လူ အများက ဒီစကားဟာ ဘုရားဟော ဘုတ်အုပ်ကြီးတွေထဲက ဟာတွေလို့ပဲ ပေါ့ပေါ့ သဘောထားကြတော့တယ်။ အဲဒီလို အဆက်ဆက်သော အုပ်စိုးသူ ဖောက်ပြန်ရေး သမားတွေရဲ့ ဖောက်ပြန် သစ္စာဖောက်သမျှတွေထဲမှာ အောက်တန်း အကျတကာ့ အကျဆုံး၊ အယုတ်တကာ့ အယုတ်ဆုံး စံချိန်သစ်ကို ပြိတ္တာသန်းရွှေ့နဲ့ စစ်မိစ္ဆာတွေက မတ်လ (၈) ရက် နေ့က ချိုးလိုက်ပါပြီ။ စိတ်ကြိုက်ကုလားဖန်ထိုး စိတ်ကြိုက်ချိုးပြီး ကိုယ့်ဖဲကိုယ်ဝေခဲ့တဲ့ (၉၀) ခု ရွေးကောက်ပွဲ ဆိုတာကို ပယ်ဖျက်လိုက်ပြီ ဆိုပါလား။ သူတို့ကိုယ်တိုင် လုပ်ခဲ့ပြီး ရလာဒ်ကို လေးစားပါမယ်၊ အနိုင်ရပါတီကို အာဏာ လွဲပေးပါမယ်ဆိုတဲ့ ကတိကို ဖောက်ဖျက်တာပါ။ တကယ်ဆို ဒီလို ကြီးကျယ်တဲ့ ကိစ္စရပ်ကို သီးခြား အမိန့်စာနဲ့ ကြေငြာရမှာ ဖြစ်ပေမဲ့ အခုတော့ ခိုးကြောင်ခိုးဝှက်နဲ့ ရွေးကောက်ပွဲ ဥပဒေတွေထဲမှာ လုံးချထည့်လိုက်တယ်။ ယောက်ျား ရင့်မကြီး စစ်ဗိုလ်စစ်သားလုပ်ပြီး သူရဲဘောနည်းတာ၊ သစ္စာဖောက်တာပါ။

လွယ်လိုက်တာ။ နိုင်ငံ့အရေးကိစ္စကိုလုပ်ချလိုက်ပုံက ဘုရားကြို ဘုရားကြားကနေ ကလေးကုလား ခွေးစကားပြော ဆိုသလိုပါပဲ။ ကြောင်လိုက်တဲ့ သူရဲဘော၊ သတ္တိဆိုတာ ဒီဗိုလ်ချုပ်တွေဆီမှာ မုန်ညင်းစေ့ တစေ့စာတောင် မရှိဘူးဆိုတဲ့သဘောပဲ။ ကျလိုက်တဲ့ ဗမာ့သိက္ခာ ကုန်းကောက်ချင် ငရဲပြည်ထိ လိုက်ရမည့်ကိန်း။

ပြီးခဲ့တဲ့ ၂၀၀၇ သံဃာ့အရေးအခင်းတုန်း ကလည်း ကိုယ်ကိုးကွယ်တဲ့ ဘုရားကျောင်းကန်တွေဖျက် သံဃာတွေ သတ်ပြီး အမျိုးဘာသာ သာသနာ့ဂုဏ်ကို သူမတူအောင် စော်ကား နှိမ့်ချနိုင်ခဲ့သလို ၂၀၀၈ နာဂစ် မုန်တိုင်းဘေးမှာ လည်း ဒုက္ခသည်တွေကို ဒုက္ခထပ်ပေး၊ နှိပ်စက်၊ အလှူပစ္စည်းတွေကို ခိုးဝှက်ပြီး ကမ္ဘာ့ အလယ်မှာ ဗမာ့ဂုဏ်သိက္ခာကို အစွမ်းကုန် ချပြနိုင်ခဲ့ကြတဲ့ မဟာဗာလနံ လူမိုက်ဗိုလ်ချုပ်တွေပါ။ ထောင်သောင်းချီတဲ့ ကျဆုံးရဲဘော် သူရဲကောင်းတွေ၊ ဒေါ်စုတို့၊ ဦးဝင်းတင်တို့၊ မင်းကိုနိုင်တို့နဲ့ တခြားအကျဉ်းစံ သူရဲကောင်း နှစ်ထောင်ကျော်တို့ ရှိနေလို့သာ တော် တော်တော့သေးတယ်။ သူတို့ရဲ့ ဇွဲ၊ သတ္တိ၊ အာဇာနည် လုပ်ရပ်တွေနဲ့ ကမ္ဘာ့အလယ်မှာ ဗမာ့ဂုဏ် သိက္ခာကို ဖာထေးနေရတယ်။ နိုင်ငံ့ခေါင်းဆောင် ဆိုတဲ့ ဒီဗာလနံ ဗိုလ်ချုပ်တွေလိုသာဆို ဗမာ့ဂုဏ်သိက္ခာဟာ ကမ္ဘာ့အလယ်မှာ ခေါင်းဖော်ရဲ စရာတောင် မရှိဘူး။

သူရဲဘော ကြောင်သော၊ သစ္စာမဲ့သော၊ ယုတ်မာသော၊ ကောက်ကျစ်သော၊ စဉ်းလဲ သော၊ တိုင်းပြည်နှင့် လူမျိုးအပေါ် ကျေးဇူးမဲ့သော၊ အရှက်သိက္ခာ ကင်းမဲ့သော၊ မိုက်မဲသော၊ ကြမ်းကြုတ်သော၊ အတ္တကြီးသော၊ တရားမဲ့သော၊ သောတထောင်ပြည့်အောင်ရေ အဲဒီ့ မကောင်းမှု ဂုဏ်ပုဒ်အားလုံးနဲ့ ပြည်စုံနေတဲ့ ပြိတ္တာသန်းရွှေနဲ့ မိစ္ဆာစစ်အုပ်စုရဲ့ အောက်တန်း ကျတဲ့ ဘ၀နဲ့ ဗီဇကို ဒီမတရားဥပဒေတွေက ထုတ်ဖော်ပြလိုက်တာပဲ။ အစိုးရမင်း အမည်ခံပြီး ကိုယ်လုပ်ခဲ့တဲ့ အလုပ်၊ ကိုယ်ပြုခဲ့တဲ့ ကတိကို ခိုးကြောင်ခိုးဝှက်နဲ့ ဖျက်တယ်ဆိုတာ ကိုယ်ဂွေးကို ကိုယ်ပြန်မျိုသလိုပါပဲ၊ ဒီဗိုလ်ချုပ်တွေ သူရဲဘောကြောင်ပုံကတော့ လိုအပ်ရင် အဲဒီပျော့စိစိကြီး မာလာရင်လည်း မျိုအုံးမယ်ဆိုတဲ့ ပုံစံတွေပဲ။

အပုပ်နံ့ တထောင်းထောင်းထနေတဲ့ သူတို့ရဲ့ဥပဒေဆိုတဲ့ မိလ္လာကျင်းအဖုံးကို ဖွင့်ပြပါ ဦးမယ်။ သီးခံကြပါတော့။ ဥပဒေတွေက ဒေါ်စုနဲ့ NLD အတွက် တိုင်းချုပ်ထားတဲ့အတိုင်းပဲ။ ကွက်တိ။ အကျဉ်းကျခံနေသူတွေ ပါတီဝင်မဖြစ်ရဘူး (နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ- ၁၀/ င) ပါတီခေါင်းဆောင်မဖြစ်ရဘူး ( နပမ ဥ- ၄/င) ရွေးကောက် ခံခွင့်မရှိဘူး (ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ- ၁၀/ က ) ပြီးတော့ ပါတီတွေရဲ့ လွတ်လပ်ခွင့်နဲ့ ရပ်တည်ခွင့် ဆိုတာကို သူတို့ လက်ခုတ်ထဲက ရေဖြစ်အောင် လုပ်ထားတယ်။ (နပမ ဥ- ၂၀၊ ၂၄)။ ဒါတောင် စစ်ကျွန်ဖွဲ့စည်းပုံထဲမှာ ဒေါ်စုမပါနိုင်အောင်၊ အတိုက်အခံ လုပ်မယ့်သူတွေ မလှုပ်နိုင်အောင် ပြဋ္ဌာန်းထားတဲ့ ကန့်သတ်ချက်တွေ အများကြီးရှိပြီးသား။ တခါ သူတို့ ဖွဲ့လိုက်တဲ့ ကြက်တူရွေးကော်မရှင်က ဘယ်လို ချုပ်ချယ်ရေး နည်းဥပဒေတွေ လုပ်လာဦးမယ် မသိသေးဘူး။ ယုတ်မာမှုတွေ သူရဲဘော ကြောင်မှုတွေ ဆက်ရန်ရှိသေးတယ်။

အိန္ဒိယပြည်ဆိုတာ ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံ၊ လူဦးရေ သန်း (၁၁၀၀) ရှိတယ်။ မှတ်ပုံတင်စာရင်းအရ လူမျိုးပေါင်း (၁၆၀၀) ကျော်နဲ့ ပြည်နယ်/ နယ်မြေ (၄၀) ကျော်ရှိတယ်။ ဒီတော့ နိုင်ငံရေးပါတီတွေကလည်း အများကြီး၊ ရွေးကောက်ပွဲ ကော်မရှင်မှာ မှတ်ပုံတင်ထား တဲ့ နိုင်ငံရေးပါတီက (၆၇၀) ကျော်တောင်ရှိတယ်။ မှတ်ပုံမတင်ဘဲ နိုင်ငံရေး စည်းရုံးရေး လုပ်နေတဲ့ ပါတီတွေကလည်း ရာကျော်ရှိတယ်။ မှတ်ပုံမတင်လည်း သက်ဆိုင်ရာ မဲဆန္ဒနယ်က ရွေးကောက်ပွဲ အရာရှိဆီမှာ စာရင်းသွင်းပြီး ရွေးကောက်ပွဲ ၀င်နိုင်တယ်။ ရွေးကောက်နည်း ဥပဒေတွေကို လေးစားလိုက်နာရင် ပြီးတာပဲ။ မှတ်ပုံတင်ထားတဲ့ ပါတီတွေကလည်း ရွေးကောက်ပွဲကို ၀င်ချင်ဝင်တယ်၊ မ၀င်ချင်မ၀င်ဘူး။ ကိုယ်ပိုင် ဆုံးဖြတ်ခွင့်ရှိတယ်။ ရွေးကောက်ပွဲကို ၀င်ကိုဝင်ရမယ်လို့ စစ်အုပ်စုရဲ့ ဥပဒေလို အကြပ် ကိုင်ထားတာမရှိဘူး၊ အဓမ္မ ပုဒ်မတွေ မရှိဘူး။

ဗဟိုအဆင့် ပါတီ ( National) ဒေသပါတီ (State/ Regional) ဆိုတာကို ကော်မရှင်က ဆုံးဖြတ်တာ မဟုတ်ဘူး။ နည်းဥပဒေ အရ ကော်မရှင်က အတည်ပြု သတ်မှတ်ပေးရတာသာ ဖြစ်တယ်။ ဗဟိုအဆင့် ပါတီဖြစ်ဖို့အတွက် ပြည်နယ် အနည်းဆုံး (၁၅)ခုကနေ တပြည်လုံး ဆန္ဒမဲရဲ့ ( ၅) ရာခိုင်နှုန်း ရဖို့လိုတယ်။ ဒါမှမဟုတ် လွှတ်တော်မှာ ပြည်နယ်ငါးခုကို ကိုယ်စား ပြုတဲ့ လွှတ်တော်ရှိ အမတ်ဦးရေရဲ့ (၃) ရာခိုင်နှုန်း ရှိဖို့လိုတယ်။ အဲဒီအချက်တွေနဲ့ ပြည့်စုံရင် အလိုလို ဗဟိုအဆင့် ပါတီဖြစ်တယ်။ ကော်မရှင်က လက်ခံအသိအမှတ်ပြုပေးယုံပဲ။ လူထုသဘော ဆန္ဒကိုပဲ အခြေခံတယ်။ ပြီးတော့ ဟိုလူကို မစည်းရုံးရ၊ ပါတီဝင် မဖြစ်စေရ၊ ခေါင်းဆောင်မလုပ်စေရ ဆိုတာမျိုး ဖောက်ပြန်တဲ့ ကန့်သတ်ချက်တွေ မရှိဘူး။

ဒီနေ့ အိန္ဒိယမှာ အာဏာရနေတဲ့ အိန္ဒိယအမျိုးသား ကွန်ဂရက် ပါတီရဲ့ ခေါင်းဆောင်ဟာ ကွယ်လွန်သူ ၀န်ကြီးချုပ်ဟောင်း မစ္စတာ ရာဂျစ်ဂန္ဒီရဲ့ ဇနီး အီတလီနွယ်ဖွား ဆိုနီယာ ဂန္ဒီဖြစ်တယ်။ သူ ၀န်ကြီးချုပ် လုပ်ချင်ရင် အချိန်မရွေး လုပ်နိုင်တယ်။ နိုင်ငံခြားသား သို့မဟုတ် တိုင်းခြားနွယ်ဖွား ဆိုပြီး ခွဲခြား ကန့်သတ်ထားတာ မရှိဘူး။ ဘာစည်းကမ်းကမှ ပိတ်ပင်ထားတာ မရှိဘူး။ ဒါပေမဲ့ အခြေအနေအရ သူမလုပ်ဘူး။ လောဘနည်းပြီး စိတ်ဓာတ်ရင့်ကျက် သဘောထားကြီးသူတွေရဲ့ ပြယုဂ်ပါပဲ။

နောက်ပိုပြီး စိတ်ဝင်စားစရာကောင်းတာက ပြစ်ဒဏ်ကျ အကျဉ်းသားတွေလည်း ရွေးကောက်ခံပိုင်ခွင့် ရှိတယ်။ သာဓက က ၁၉၇၅ ခုနှစ်မှာ အင်ဒီရာဂန္ဒီက တိုင်းပြည်အ၀ှန်း အရေးပေါ်အခြေအနေ ကျေညာတယ်။ လူထု လွတ်လပ်ခွင့် တချို့ကို ယာယီ ရုတ်သိမ်းတယ်။ အတိုက်အခံ နိုင်ငံရေးသမား အမြောက်အများကို ဖမ်းဆီး ထောင်ချထားတယ်။ အင်ဒီရာဂန္ဒီရဲ့ အရေးပေါ် အုပ်ချုပ်ရေးကို ပြည်သူတွေက အပြင်းအထန် ဆန့်ကျင် ကန့်ကွက်ကြတယ်။ အဲဒီအချိန်က အလုပ်သများခေါင်းဆောင် အိန္ဒိယ မီးရထား အလုပ်သမား သမဂ္ဂ ဥက္ကဋ္ဌ မစ္စတာ ဂျော့ဖာနန်ဒက် (Mr George Fernandes) လည်း တဦးအပါအ၀င် ဖြစ်တယ်။ မစ္စတာ ဖာနန်ဒက်ဆိုတာ ဗမာပြည်သူတွေရဲ့ ဒီမိုကရေစီတိုက်ပွဲကို အပြည့်အ၀ အားတက်သရော ထောက်ခံ အားပေးနေသူဖြစ်တယ်။ အိန္ဒိယ မီးရထား ဋ္ဌာနဟာ ကမ္ဘာမှာ အကြီးဆုံး ကော်ပို ရေးရှင်းကြီးဖြစ်ပြီး အလုပ်သမား သန်း (၂၀) ကျော်ရှိတယ်။ အိန္ဒိယရဲ့ သယ်ယူပို့ဆောင်ရေး ကဏ္ဍရဲ့ အဓိက မဏ္ဍိုင်ဖြစ်တယ်၊ အသက်သွေးကြောဖြစ်တယ်။ မစ္စတာ ဖာနန်ဒက်က မီးရထား သပိတ်မှောက်ပြီး အရေးပေါ်အုပ်ချုပ်ရေးကို ကန့်ကွက် တိုက်ပွဲဆင်တယ်။ အိန္ဒိယတပြည်လုံး ကမောက်ကမ ဖြစ်ကုန်တယ်။ သူဟာ တခြားတဖက်မှာလည်း လျှို့ဝှက် သံလွှင့်ဋ္ဌာနတခု ထူထောင်ပြီး လူထုကို စည်းရုံးတယ်။ မီးရထား သံလမ်းများနဲ့ အစိုးရ အဆောက်အဦးတွေကို ဖောက်ခွဲတိုက်ခိုက်ဖို့ ကြိုးစားခဲ့တယ်လို့ ဆိုတယ်။

ဒီအခြေအနေတွေကြောင့် ၁၉၇၆ ခုနှစ်မှာ အင်ဒီရာဂန္ဒီရဲ့ ဖိတ်ခေါ်ချက်နဲ့ မစ္စတာ ဖာနန်ဒက်က ပုန်းအောင်းရာကနေ ဆွေးနွေးဖို့ ထွက်လာတယ်။ ဒီတော့မှ အင်ဒီရာဂန္ဒီက ဖမ်းဆီးပြီး နိုင်ငံတော် ပုန်ကန်မှုနဲ့ တရားစွဲတယ်။ အစိုးရရုံးများကို ဖောက်ခွဲ တိုက်ခိုက်ရန် အားထုတ်မှုနဲ့ ရုံးတင်တယ်။ ဘာရိုးဒါး ဒိုင်းနမိုက် အမှုအခင်း ( Baroda Dynamite Case) လို့ နိုင်ငံရေးအရ လူသိများတယ်။ နောက်ဆုံး တပြည်လုံးအုံကြွ ဆန့်ကျင်ကြလို့ အင်ဒီရာဂန္ဒီက အရေးပေါ် အုပ်ချုပ်ရေးကို ရုတ်သိမ်း ပေးလိုက်ရတယ်။ ရွေးကောက်ပွဲသစ် လုပ်ပေးဖို့ ကတိပြုခဲ့ ရတယ်။ ဒီလိုနဲ့ ၁၉၇၇ မှာ ရွေးကောက်ပွဲတွေ လုပ်တော့ မစ္စတာ ဖာနန်ဒက်က ထောင်ထဲ ကနေ ၀င်ပြိုင်တယ်။ အနိုင်ရတယ်။ သူ့ပါတီ ( Janata Party) လည်း အပြတ်အသတ် အနိုင်ရပြီး အစိုးရ ဖွဲ့နိုင်ခဲ့တယ်။ မစ္စတာ ဖာနန်ဒက်လည်း ထောင်ထဲကထွက်တာနဲ့ တခါတည်း အစိုးရအဖွဲ့ဝင် ၀န်ကြီး ဖြစ်ခဲ့တယ်။ အဲဒီအချိန်က စလို့ မစ္စတာ ဖာနန်ဒက်ဟာ အကျမရှိ တော့ဘဲ အမတ်နိုင်ငံရေးသမား၊ အိန္ဒိယရဲ့ နိုင်ငံရေး ခေါင်းဆောင် ဖြစ်လာခဲ့တယ်။

အိန္ဒိယလို လူမျိုးစုံ၊ ဘာသာစုံနဲ့ ၀ါဒ သောင်းခြောက်ထောင်ရှိတဲ့ နိုင်ငံမှာတောင် ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ဥပဒေ ထုံးနည်းတွေဟာ တင်းကြပ်မထားဘဲ လူထုရဲ့ သဘောဆန္ဒကို အလေးပေး အခြေခံထားတယ်။ ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်တဲ့ လူထုဆန္ဒကို အထူးအရေးပေး စဉ်းစားဆောင်ရွက်တယ်။ စစ်အုပ်စုရဲ့ အဓမ္မဥပဒေတွေ ကတော့ မနှိုင်းယှဉ်သာအောင် အောက်တန်းကျလှတယ်။ နှိုင်းယှဉ်စရာတကွက်တောင် မမြင်မိပါဘူး။ နံ့သာဆီနဲ့ အီး၊ သမုဒ္ဒရာနဲ့ ကျင်ငယ်ရေလို ကွာခြားတယ်။ သူတို့ အဓမ္မဥပဒေတွေက ပေးယောင်ပဲ ပြထားပြီး၊ လူထုအခွင့်အရေးကမရှိ၊ မရ။ ဗိုလ်ချုပ်တွေရဲ့ ဆန္ဒက ပဓာန ဖြစ်နေတယ်။

အဲဒီထဲမှာ အဆိုးဆုံး အယုတ်ဆုံးနဲ့ တမျိုးသားလုံးရဲ့ အချုပ်အခြာ ဂုဏ်သိက္ခာကို စော်ကားထားတာကတော့ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ အပိုဒ် (၃၃) ဖြစ်တယ်။ အဲဒီအပိုဒ်မှာ လွှတ်တော်ကို ခွေးတိုးပေါက်က၀င်လာတဲ့ စစ်ဓားပြ အမတ်တွေကို စစ်ဦးစီး ချုပ်က ဖြုတ်နိုင်တယ်၊ အစားထိုးခန့်နိုင်တယ်လို့ ဆိုထားတယ်။ ဒီနေ့ခေတ် ကမ္ဘာ့နိုင်ငံရေးမှာ တိုင်းပြည်/လူမျိုးတခုရဲ့ အချုပ်အခြာဟာ ပြည့်သူလွှတ်တော် ပါလီမန်ပဲ။ လူထုက ရွေးကောက်ခံထားရတဲ့ နိုင်ငံသားတဦးဟာ လွှတ်တော်ဥက္ကဋ္ဌဆီမှာ ကျမ်းကျိန်ပြီးတာနဲ့ အချုပ်အခြာအာဏာပိုင် လွှတ်တော်ရဲ့အစိတ်အပိုင်း အဖွဲ့ဝင် သို့မဟုတ် လွှတ်တော် အမတ် ဖြစ်တယ်။ ဒီတော့ ဒီအမတ်ဟာ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာ ပြယုဂ်သင်္ကေတပဲ။ ဒီအမတ်ကို တရားရုံးတခုခုက တရားမမှုနဲ့ ပြစ်ဒဏ် စီရင်ချက် ချပြီးမှသာ လွှတ်တော် ဥက္ကဋ္ဌက နည်းဥပဒေများနဲ့အညီ လွှတ်တော်အမတ်အဖြစ်က ရပ်စဲနိုင်တယ်။ နောက်တနည်းက သူ့ကိုရွေးကောက်တင်မြောက်လိုက်တဲ့ မဲဆန္ဒနယ်က သတ်မှတ်ထားတဲ့ မဲဆန္ဒရှင် အရေ အတွက်က လက်မှတ်ထိုးထားတဲ့ ရုတ်သိမ်းစာ ( Re-Call ) ကို လွှတ်တော်ဥက္ကဋ္ဌဆီ ပို့ရတယ်။ လွှတ်တော်ဥက္ကဋ္ဌက နည်းလမ်းတကျ အရေးယူတယ်။ ဒါပဲ။ လွှတ်တော်အမတ်ကို ဘယ်သူတဦးတယောက်ကမှ ဖြုတ်ချတာ ရုပ်သိမ်းတာ မလုပ်နိုင်ဘူး။ ရာဇ၀တ်မှုနဲ့ စွဲဆိုခံထားရတဲ့ အမတ်ကိုတောင် လွှတ်တော် ဥက္ကဋ္ဌရဲ့ သဘောတူညီမှု မပါဘဲ စစ်ဆေးခွင့်၊ အရေးယူ အပြစ်ပေးခွင့်၊ ဖမ်းဆီးခွင့် မရှိဘူး။ ဒါကြောင့် ဒီအပိုဒ်ပါ ပြဋ္ဌာန်းချက်ဟာ နိုင်ငံ့ဝန်ထမ်းတဦးသာဖြစ်တဲ့၊ ပြည်သူ့ရိက္ခာကို စားနေတဲ့ စစ်ဦးစီးချုပ်က နိုင်ငံ/ ပြည်သူရဲ့ အချုပ်အခြာ အာဏာပိုင် လွှတ်တော်ကို ခွထိုင် စော်ကားထားတာဖြစ်တယ်။ ဘာတွေ ဘယ်လိုဖြစ်ဖြစ် အနှစ်သာရကတော့ စစ်အာဏာရှင်စနစ်လို့ ပြောထားတာဖြစ်တယ်။

ဥပဒေဆိုတာ တရား (ဓမ္မ) ဆိုတဲ့ စကားလုံးနဲ့ အစဉ်ဒွန်တွဲနေတယ်။ တရားဥပဒေ လို့ပဲရှိတယ်။ တရားမျှတမှု ရှိရတယ်။ သဘာဝဓမ္မကျရတယ်။ ဒါမှသာ လူအများလေးစား ကြည်ညိုလိုက်နာတယ်။ ကာကွယ်စောင့်ရှောက်တယ်။ မတရားတဲ့ဥပဒေကို လေးစား လိုက်နာသူမရှိဘူး။ ကိုယ်ကျိုးအတွက် အသုံးချသူသာ ရှိတယ်။ အခု စစ်အုပ်စုရဲ့ ဥပဒေဆိုတာတွေက တောတွင်း ဥပဒေလို အဓမ္မ လိုက်နာခိုင်းတဲ့ အမိန့် ( Diktat ) တွေပဲ ဖြစ်တယ်။ ဆန်းတော့မဆန်းပါဘူး။ အာဏာကို ဓားပြ တိုက်ယူထားတဲ့ အဓမ္မ၀ါဒီတွေ ထုတ်ထားတာဆိုတော့ တရားဥပဒေ ဘယ်ဖြစ်နိုင်ပါတော့မလဲ။

အဲဒီအထဲကဘဲ ဒီမိုကရေစီ ရလိမ့်နိုး၊ ရအောင်လုပ်လို့ ရလေနိုးနဲ့ ဆင့်ဟိုဒင်း ခွေးမျှော်ဆိုသလို နိုး ဆရာကြီးတွေက ရှိသေးတယ်။ စစ်အုပ်စု ဖွင့်ပေးတဲ့ ပုံစံထဲကနေ ရသလောက်လုပ်နေပြီး တဖြည်းဖြည်းချင်း ပြောင်းယူမယ် ဆိုကြတယ်။ ဒီပုံစံ ဒီဥပဒေ ဒီဘောင်တွေထဲကနေ ဒီမတရား ဖွဲ့စည်းပုံနဲ့ ဥပဒေကို ပြင်ဘို့ဆိုတာ နွားသိုးချိုကို နို့ညစ်ဖို့ အားထုတ်သလိုပါပဲ။ မှတ်ထား သင်းကွပ်နဲ့ အမြုံညားလို့ ဘာမှ ပေါက်ဖွားမလာဘူး။ ဒီမိုကရေစီတရားဆိုတဲ့ လူ့ယဉ်ကျေးမှု သင်းကွပ်ထားတဲ့ စစ်အာဏာရှင်တွေနဲ့ သူတို့ရဲ့ အမြုံစစ်ကျွန် ဖွဲ့စည်းပုံ ဥပဒေတွေကနေ ဒီမိုကရေစီရလိမ့်နိုး ထင်စားနေသူတွေဟာ လမင်းကို ဒိန်ခဲထင် စာရနိုးနဲ့ အူနေတဲ့ မြေခွေးထက် မိုက်မဲတယ် ဆိုရင်တောင် မလုံလောက်သေးဘူး။

ဒီမတရားဥပဒေတွေကို ဖျက်ဖို့ဆိုတာ နည်းလမ်းတခုပဲရှိတယ်။ အဲဒါကတော့ လူထု အားပဲ ဖြစ်တယ်။ ဆရာကြီး ဦးဝင်းတင် ပြောနေတဲ့ လူထုကို မျက်နှာမူဖို့ဆိုတာ ဒါကို ရည်ရွယ်ရင်း ဖြစ်ပါတယ်။ နိုင်ငံရေးမှာ တခါခါ နည်းနာ ပရိယာယ်တွေဟာ အရေးပါတာ မှန်ပေမဲ့ အခါခပ်သိမ်း နည်းနာတွေ နောက်ကိုပဲ လိုက်နေရင်း ကျောရိုးပျောက်ပြီး လမ်းမှားရောက် လူထုနဲ့ ကင်းကွာ ချောက်ကျတတ်ပါတယ်။ ဒီနေ့ ရင်ဆိုင်နေရတာက စစ်အုပ်စုရဲ့ စစ်ကျွန်ဖွဲ့စည်းပုံကို လက်ခံမလား လက်မခံဘူးလား ဆိုတဲ့ ကျောရိုးကျတဲ့ အခြေခံမူ ပြဿနာ ဖြစ်ပါတယ်။ အခြေခံမူ ကိစ္စရပ်တွေကို ပရိယာယ်နည်းနာနဲ့ ဖြေရှင်းဖို့ ကြိုးစားရင် ဖောက်ပြန်ရေးလမ်းကြောင်းပေါ် ရောက်သွားတတ်ပါတယ်။ ရှစ်လေးလုံးကာလက မဆလ အစေခံ လွှတ်တော် ညွှန်ချုပ် ဦးအောင်ခင်တင့်က သူ့ညီ ဒီမိုကရေစီဘက်သား အောင်ခင်ဆင့် ကို ပြောတဲ့စကားအတိုင်း ပြောရရင် " နှမပေးချင် ပေးလို့ရတယ်၊ အမေတော့ ပေးလို့ မရဘူး"။ အခြေခံမူနဲ့ နည်းပရိယာယ် ခြားနားချက်ကို ပြောတာပါ။

ဒီနေ့စစ်အာဏာရှင်တွေရဲ့ ဖွဲ့စည်းပုံတို့ ရွေးကောက်ပွဲတို့ ဆိုတာ ဘက်ပေါင်းစုံက ဖိအားအကြပ်အတည်း တွေကြောင့် ပေါ်လာတာပါ။ ဗိုလ်ချုပ်တွေရဲ့ စိတ်ကောင်း စေတနာ ကောင်းရှိလို့ ပေါ်လာတာ မဟုတ်ပါဘူး။ ရာစုတ၀က်ကျော် သူတို့ ဓားပြတိုက် အပိုင်စီးထားတဲ့ နိုင်ငံတော်အာဏာ၊ နိုင်ငံရေး အ၀န်းအ၀ိုင်း တံခါးကို အရပ်သား နိုင်ငံသားတွေ အတွက် ဖွင့်ပေးတာတောင် မရိုးမသား ကလိမ်ကကျစ်နဲ့ အချုပ်အနှောင်တွေနဲ့ ဖွင့်ပေးတာပါ။ မွန်ပညာရှိ အမတ် အမတ်ဒိန်မဏိရွတ်လို တခါးတဖက်ပိတ်ပြီး တဖက်ပဲ ဖွင့်ပေးထား တာတောင် မဟုတ်ဘူး။ မတရားဥပဒေတွေနဲ့ ချည်တုပ်ပြင်ဆင်ပြီး ခွေးတိုးပေါက်လောက်ပဲ ဖွင့်ပေးထားတာပါ။ ဒီလိုခွေးတိုးပေါက်က ၀င်ဘို့ဆိုတာ " ခေါ်ရင်သွား၊ ခိုင်းတာလုပ်၊ ခံမပြောနဲ့၊ ခိုးစား" ဆိုတဲ့ "ခ" လေးလုံး သမားတွေလောက်သာ လုပ်နိုင်ပါတယ်။

တကယ်တော့ စစ်ကျွန်ဖွဲ့စည်းပုံနဲ့ မတရားဥပဒေတွေဟာ အမျိုးသား ဇာတိမာန်နဲ့ အချုပ်အခြာ အာဏာကို သားကြောဖြတ်တဲ့ ဓားတွေ ယန္တယားတွေပဲ။ ရွေးကောက်ပွဲ ဆိုတာက လည်း ဒီသားကြောဖြတ်ဓားကို အသက်သွေးတဲ့ ပွဲပါပဲ။
ဒါကြောင့်လည်း ဆရာကြီး ဦးဝင်းတင်က ဘာလဲဟဲ့ လူ့ငရဲဆိုတဲ့ သူ့စာအုပ်မှာ "စစ်အစိုးရဟာ ဘီလူးရုပ်ကို ဖုံးဖို့ ကြိုးစားနေပါပြီး၊ လူယောင်ဆောင်ဘို့ စိုင်းပြင်းနေပါပြီ။ ရွေးကောက်ပွဲဆိုတာ အဲဒီလူယောင်ဆောင်ရာမှာ လိမ်းချယ်မဲ့ သနပ်ခါး ဖြစ်ပါတယ်။ သနပ်ခါး ဘယ်လိုလိမ်းလိမ်း ဘီလူးကတော့ ဘီလူး အစွယ်နဲ့ ပြူးပြူးပဲနေမှာပါ။……. နိုင်ငံရေး အင်အားစု အားလုံး၊ တိုင်းရင်းသား လူမျိုးစုအားလုံး၊ နိုင်ငံရေး လှုပ်ရှားသူအားလုံးရဲ့ အဓိကတာဝန်က ဘီလူးကို အစွယ်ချိုးဖို့၊ အစွယ်နုတ်ဖို့ပဲ ဖြစ်ပါတယ်။ စစ်ဘီလူးရဲ့ လူယောင်ဆောင်ပွဲကြီးမှာ နိုင်ငံရေး နားမယောင်ကြဖို့ပဲ ဖြစ်ပါတယ်" လို့ ရေးထားပါတယ်။
ဒါက အနှစ် (၂၀) လောက် စစ်ဘီလူးတွေရဲ့ ငရဲခန်းမှာ နေခဲ့ရပြီး အခုထိလည်း အချိန်မရွေး အဲဒီ ငရဲခန်းကို ပြန်ရောက်နိုင်တဲ့ အန္တရယ်ကြားက မူအပေါ်မှာ ကြံ့ခိုင်သူတယောက်ရဲ့ အမှာစကားပါ။ နိုင်ငံရေးမှာ လုပ်ဟန် ပျော့ပြောင်းဖို့ လိုတာမှန်ပါတယ်။ လုပ်ဟန် ပျော့ပြောင်းခြင်းဆိုတာ မူကို ဈေးဆစ်ခံဖို့ မဟုတ်ပါဘူး။ ကိုယ့်ကိုကိုယ် လေးစား တန်ဘိုးထားတဲ့ လူတယောက် အတွက်တော့ မူဟာ အသက်ဖြစ်ပါတယ်။

အဓိပ္ပါယ်က " ဆင်ဖြူတော်ဆိုတာ ခွေးတိုးပေါက်က မ၀င်ဘူး" ။

ရဲဘော်ကျော်သန်း
Kyaw_than2004@yahoo.com



Read More...

အပေါ်သို့