■ သေဒဏ်စီရင်ခံရသည့် ပေါက်ကြားမှုကိစ္စ ဆက်သွယ်မေးမြန်းချက် သတင်း
■ အဖွဲ့ချုပ် ဗဟိုအလှုပ်အမှုဆောင် တိုးချဲ့မည့်အပေါ် အမြင်ကွဲပြား သတင်း
■ ကချင်ပြည်နယ်နေ့ အခမ်းအနားကို မြန်မာစစ်တပ်က ချုပ်ချယ် သတင်း
■ ဘာသာရေးအလှူ ပိတ်ပင်မှု အလုံ NLD ကန့်ကွက်စာပို့ သတင်း
■ မြစ်ဆုံရေကာတာ အလိုမရှိကြောင်း စာရွက် ထပ်မံဖြန့် သတင်း
■ ဓာတ်မြေသြဇာဖိုး အတင်းအကျပ် ပြန်တောင်းသည့်ကိစ္စ တယက စစ်ဆေး သတင်း
■ မြန်မာ့လယ်ယာအခြေခံ စီးပွားရေးစနစ် သတင်း
■ ထိုင်းနိုင်ငံ၌ မြန်မာအလုပ်သမားများကို ဖမ်းဆီး သတင်း
■ တတိယအကြီးဆုံး ပုဂ္ဂလိက မြန်မာလေကြောင်းလိုင်း နိုင်ငံသုံးနိုင်ငံသို့ တိုးချဲ့ပျံသန်းမည် သတင်း
■ မြစ်ကြီးနားတွင် အစိုးရဆန့်ကျင်ရေး စာကပ်လှုပ်ရှားမှု ပြုလုပ် သတင်း
■ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် သူ၏ ရှေ့နေအဖွဲ့ တောင်းဆို သတင်း
■ နယ်စပ်အရေး ဆွေးနွေးရန် ဘီဒီအာရ်ညွှန်ချုပ် မြန်မာသို့ ထွက်ခွာ သတင်း
■ စတစ်ဂလစ်၏ အကြံပြုချက်များကို မြန်မာစီးပွားရေးပညာရှင်က ပြန်လည်ရှင်းလင်း သတင်း
■ ဝန်ထန်းလစာ တိုးမြှင့်ခြင်းကြောင့် လက်လုပ်လက်စား ပြည်သူများ ဆိုးကျိုးသက်ရောက်နိုင် သတင်း
■ မွန်ရဟန်းပျို အသျှင်အဇ္ဇ ခေါ် ဦးဇင်းဇော်လတ်အား စစ်ကြောရေးမှ ညှင်းပမ်းမှုကြောင့် အရေးပေါ် ဆေးရုံ တင်ထားရ သတင်း
■ ၂၀၁၀ ၌ လုပ်အားပေးနှင့် ကလေးစစ်သား ပပျောက်နိုင်ခြေအပေါ် သုံးသပ်ချက် သတင်း
■ စာရေးဆရာမကြီး ခင်မျိုးချစ် ကွယ်လွန်ခြင်း (၁၁) နှစ်မှာ ပိတောက်ပွင့်သစ်မဂ္ဂဇင်းက မျက်နှာဖုံးတင် ထုတ်ဝေ သတင်း
■ သမိုင်းဘီးနစ်ခဲ့သူများ အပိုင်း(၁) (ဆောင်းပါး)
Monday, January 11, 2010
နေ့စဉ်သတင်းများ ( ၁၀ - ၁ - ၁၀)
Sunday, January 10, 2010
နှစ်ခါသုံးခါ အလိမ်ခံရမှတော့ ကိုယ့်အပြစ်ပေါ့
ဇော်မင်း (လူ့ဘောင်သစ်)
သောကြာနေ့၊ ဇန်နဝါရီလ ၀၈ ရက် ၂၀၁၀
ပီရူးနိုင်ငံ သမ္မတဟောင်း ဂျပန်နွယ်ဖွား ဖူဂျီမိုရီကို ပီရူးနိုင်ငံ တရားရုံးက သူသမ္မတအနေနဲ့ အုပ်ချုပ်တုန်းက တိုင်းပြည်အတွင်း လူ့ အခွင့်အရေးကစလို့ ချိုးဖောက်ခဲ့တဲ့ ပြစ်မှုပေါင်းများစွာ အတွက် ထောင်ဒဏ် ၂၅ နှစ်ကျခံဖို့ တလောလေးက ဆုံးဖြတ် စီရင်ချက် ချခဲ့တယ်။
ပီရူးနိုင်ငံမှာ ဖူဂျီမိုရီ သမ္မတလုပ်ခဲ့တုန်းက တိုင်းပြည်အတွက် တိုးတက်ရာ တိုးတက်ကြောင်း မယ်မယ်ရရ မလုပ်ခဲ့ဘူးလို့ ဆိုကြတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုများကလည်း တပုံတပင်၊ ကိုယ်ကျိုးအတွက် အိတ်ထဲ ထည့်ခဲ့တဲ့ ပိုက်ဆံတွေကလည်း မနည်းလို့ ဆိုကြတယ်။ အာဏာရှင်လို အုပ်ချုပ်သူတွေဟာ တဦးနဲ့ တဦး သိပ်မကွာလှပါ။ ကိုယ့်အာဏာအတွက်က လွဲပြီး ဘာကိုမှ ဂရုစိုက်သူတွေလည်း မဟုတ်ပါ။
ဖူဂျီမိုရီနဲ့ ပတ်သက်လို့ ကျနော့်မှာ မှတ်မှတ်ရရ သတင်းတခု ကြားခဲ့ ဖတ်ခဲ့ဖူးတယ်။ နှစ်အတိအကျတော့ မမှတ်မိတော့။ လွန်ခဲ့တဲ့ ၁ဝ နှစ်ကျော်၊ ၁၅ နှစ်ခန့်က ဖြစ်မည်လို့ ထင်တယ်။ အဲဒီသတင်း အချက်အလက် ကတော့ ပီရူးနိုင်ငံမှာ တစတစ ပြန့်ပွားလာနေတဲ့ အိပ်ခ်ျအိုင်ဗီ၊ အေအိုင်ဒီအက်စ်နဲ့ ပတ်သက်လို့ ဖြစ်ပါတယ်။ အထူးသဖြင့် ပီရူး ကျေးလက် ဒေသတွေမှာ ဆင်းရဲသားတွေ အဲဒီဝေဒနာအတွက် ဆေးဝါးမကုသနိုင်တာကြောင့် အများအပြား သေဆုံး နေခဲ့ကြတယ်။ ဒေသခံ အန်ဂျီအို အဖွဲ့အစည်းတွေက ဖူဂျီမိုရီ အစိုးရကို အိတ်ခ်ျအိုင်ဗီ၊ အေအိုင်ဒီအက်စ် ခံစားနေရတဲ့ နိုင်ငံအတွင်းက ဆင်းရဲသားတွေ အတွက် အကူအညီပေးဖို့ ဘက်ပေါင်းစုံကနေ ဖိအားပေး တိုက်တွန်း ခဲ့ကြတယ်။
အဲဒီအချိန်ကာလမျိုးမှာ သမ္မတလုပ်သူ ဖူဂျီမိုရီက ဘာထလုပ်တယ် ထင်ပါသလဲ။ နိုင်ငံတော် ကာကွယ်ရေး အတွက် ဆိုပြီး နိုင်ငံခြားကနေ တိုက်လေယာဉ် တဒါဇင် ဝယ်ယူလိုက်ခြင်းပါ။ အဲဒီတိုက်လေယာဉ်တွေ ဝယ်ဖို့အတွက် ဒေါ်လာသန်းပေါင်း ရာနဲ့ချီပြီး သုံးစွဲခဲ့တယ်။ အိတ်ခ်ျအိုင်ဗီ သယ်ဆောင်နေသူ၊ အေအိုင်ဒီအက်စ် ခံစားနေရသူ ဆင်းရဲသားတွေအတွက် ဖူဂျီမိုရီ ပေးလိုက်တဲ့ အဖြေပဲ ဖြစ်ပါတော့တယ်။ အဲဒီငွေတွေဟာ ကမ္ဘာ့ဘဏ်နဲ့ အမေရိကန် အပါအဝင် အနောက်နိုင်ငံအချို့ကနေ ပီရူးနိုင်ငံရဲ့ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ကူညီထားတဲ့ ငွေတွေပါ။
တိုက်လေယာဉ်ဝယ်ဖို့ ကူညီတဲ့ ငွေတွေ မဟုတ်ပါ။ လက်ထဲကို ငွေရောက်လာတဲ့အခါ အာဏာရှင်တွေဟာ သူတို့ လုပ်ချင်တာကိုပဲ လုပ်လေ့ ရှိပါတယ်။
အဖြစ်ကတော့ ဆင်ဆင်တူပါတယ်။ မြန်မာပြည်မှာ ဒီနှစ် ၂ဝ၁ဝ အတွင်း ရွေးကောက်ပွဲအသစ် လုပ်ပေးမယ်လို့ စစ်အစိုးရက ထပ်ပြီး အတည်ပြု ပြောကြားခဲ့တယ်။ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ ဘာညာတွေကလည်း ပါလိုက်ပါသေးတယ်။ တချိန်ထဲမှာလည်း မြန်မာနိုင်ငံက ရုရှားအစိုးရ ဆီကနေ တိုက်လေယဉ်တွေ ဝယ်ယူဖို့ သဘောတူ စာချုပ်လိုက်တယ်လို့ မကြာမီ ရက်ပိုင်းအတွင်းက ကြားရတယ်။ မြန်မာပြည်မှာ တိုက်လေယာဉ်က ပြည်သူ ပြည်သားတွေထက် အရေးကြီးနေပုံရတယ်။ မြန်မာပြည်မှာလည်း ပီရူးနိုင်ငံမှာ ကြုံခဲ့သလို အိတ်ခ်ျအိုင်ဗီ၊ အေအိုင်ဒီအက်စ် ဝေဒနာနဲ့ တိုင်းသူပြည်သားတွေ ရင်ဆိုင်နေရတာက ဆယ်စုနှစ်တခု မကတော့။
နောက်တချက်ကလည်း လတ်တလော အဖြစ်အပျက်ကို ပြန်ကြည့်ရင် ၂ဝဝ၈ ခုနှစ်အတွင်း နာဂစ် မုန်တိုင်းဒဏ်ကြောင့် လူတသိန်း လေးသောင်းနီးပါး သေဆုံးခဲ့ပြီး ရှိသမျှ၊ ပိုင်ဆိုင်သမျှ ပစ္စည်းတွေ ဆုံရှုံးခဲ့ရတဲ့ လယ်သမားတွေ မြစ်ဝ ကျွန်းပေါ်မှာ သန်းနဲ့ချီပြီး ရှိနေတာပါ။ သူတို့အတွက် စစ်အစိုးရက လောက်လောက်လားလား ကူညီခဲ့ပါသလား။ မေးရမယ့် မေးခွန်းဖြစ်ပါတယ်။ ဒါမှမဟုတ် နိုင်ငံရပ်ခြား အစိုးရတွေနဲ့ အဖွဲ့အစည်းတွေက ကူညီပါမယ်လို့ ပြောလာတာကို လွတ်လွတ်လပ်လပ် ကူညီခွင့် ပေးခဲ့ပါသလား။ စစ်အစိုးရရဲ့ လက်ကတုံး၊ တောင်ဝှေးသဖွယ် ဖြစ်နေတဲ့ လူမှုအခြေပြု အဖွဲ့အစည်း အတုတွေ မြစ်ဝကျွန်းပေါ်မှာ လမ်းသလား နေကြတာကိုတော့ မြင်နေရ၊ ကြားနေရတယ်။
များမကြာမီကလည်း ရန်ကုန်မှာ အသေးစား ပြိုင်ကားကွင်း ဖွင့်ပွဲလုပ်ပါတယ်တဲ့။ ပြိုင်ကား မောင်းနေရအောင် မြန်မာပြည်ရဲ့ ဓနက အဲသလောက် ပိုလျှံနေလို့လားလို့ မေးစရာ ဖြစ်လာပါတယ်။ ဂေါက်သီးကွင်းသစ်တွေ ဖွင့်လှစ်ပြီး ဂေါက်သီး ရိုက်နေတာကိုပဲ လွန်လှပါပြီ။ အခုတော့ ပြိုင်ကားမောင်းကွင်းတဲ့။ ဗိုလ်ချုပ်မှူးကြီးရဲ့ မြေး ပြိုင်ကားရောဂါ အရူးထရာကနေ ဖြစ်လာခဲ့တဲ့ စနက်လို့ ဆိုနိုင်ပါတယ်။ မြန်မာပြည်က စစ်ဗိုလ်ချုပ်တွေဟာ အာဏာမက်ခြင်းနဲ့ မိုက်မဲခြင်းမှာ သူမတူအောင် ထူးချွန်သူတွေ ဖြစ်ပါတယ်။ နေရာတကာမှာလည်း ဝင်ပါတယ်။ ကြည့်ပါလား၊ မြန်မာ့တူရိယာတွေနဲ့ အနောက်တိုင်း တူရိယာတွေ တွဲဖက်တီးမှုတ်ခြင်း မပြုရဆိုပြီး အမိန့် ထုတ်လိုက်သေးတယ်။ အနုပညာကိစ္စကို အနုပညာသည် တွေပဲ လွတ်လွတ်လပ်လပ် ဖန်တီးသီကုံးဖို့ လိုပါတယ်။ အနုပညာနဲ့ သင်းတို့ ဘာဆိုင်သလဲ။
ငွေ အကုန်တကာ့ အကုန်ဆုံး ကိစ္စကြီး ပြန်ကြည့်မယ်ဆိုရင် နေပြည်တော်သစ်ကြီး တည်ဆောက်ခဲ့တာနဲ့ ကာကွယ်ရေး အတွက် မြေအောက် လှိုဏ်ခေါင်းတွေ တူးဖော် ဆောက်လုပ်နေတာတွေ ဖြစ်ပါတယ်။ မြန်မာပြည်သားတွေ အတွက် မြို့တော် နောက်ထပ် အသစ်တခု မလိုပါ။ အမှောင်ထဲမှာ ဆင်းနေစရာ မလိုတဲ့အတွက် လှိုဏ်ခေါင်းတွေ၊ ဥမင်တွေလည်း မလိုပါ။ နိုင်ငံသားတွေ အတွက် အလွန် လိုအပ်နေတာကတော့ ကျန်းမာရေး၊ ပညာရေးနဲ့ လယ်ယာ စိုက်ပျိုးရေးတွေ အတွက် အကူအညီတွေပဲ ဖြစ်ပါတယ်။ အဲဒီကဏ္ဍတွေ အတွက် ငွေကို မသုံးဘဲ တလွဲတွင် ဆံပင်ကောင်း နေကြတယ်။
ဗိုလ်ချုပ်တွေ ရောဂါအထဆုံး ကိစ္စကတော့ နျူကလီးယား ဓာတ်ပေါင်းဖို တည်ဆောက်ရေးပါ။ မြန်မာပြည်မှာ နျူကလီးယား စွမ်းအင်သုံးဖို့ အရေးတကြီး လိုနေသလားလို့ စောကြောစရာ ရှိလာတယ်။ မြန်မာပြည်က ထွက်ရှိနေတဲ့ သဘာဝ ဓာတ်ငွေ့ဟာ တကယ်တမ်းဆိုရင် ပြည်တွင်းမှာ စွမ်းအင်အဖြစ် ပြည်သူတွေ သုံးစွဲဖို့ လက်ဦးဆုံး အရေးကြီးပါတယ်။ ပိုလျှံတာကို နိုင်ငံခြား ထုတ်ရောင်းတာ မပြောလိုပါ။ နောက်ထပ်လည်း ကမ်းလွန်ပင်လယ်ပြင်ကနေ သဘာဝဓာတ်ငွေ့တွေ ထပ်ပြီး ထွက်ရှိပါဦးမယ်။ စွမ်းအင်အတွက် မြန်မာပြည်သားတွေ ပူစရာ မလိုပါ။ ဒါပေမဲ့ ကိုယ့်တိုင်းပြည်ကနေ သဘာဝအရင်းအမြစ်ကို နိုင်ငံသားတွေ သုံးစွဲခွင့် မရတာကတော့ အတော် ရင်နာစရာ ကောင်းပါတယ်။
နျူကလီးယားရောဂါ အရူးထတာကြောင့် စစ်ဗိုလ်အများအပြားကို ရုရှားဆီ ပညာသင်လွှတ်တယ်။ ငွေအမြောက်အမြား သုံးစွဲရတယ်။ နျူကလီးယား ဓာတ်ပေါင်းဖိုအတွက် စတင်ပြင်ဆင်နေတာလို့လည်း ကြားရတယ်။ အဲဒီစရိတ်တွေက တပြားနှစ်ပြားနဲ့ လုပ်လို့ရတာမျိုး မဟုတ်။ ဒေါ်လာသန်းပေါင်း ရာနဲ့၊ ထောင်နဲ့ ချီပြီး သုံးစွဲရမယ့် ကိစ္စမျိုးတွေပါ။ ဒါပေမဲ့ တချိန်ထဲမှာပဲ ပြည်သူတွေကတော့ ပါးစပ်ဟောင်းလောင်းနဲ့ ငတ်နေရပါတယ်။ တိုင်းပြည်တပြည် ဖွံ့ဖြိုးတိုးတက်အောင် လုပ်တာကို ဗိုလ်ချုပ်တွေ ဘယ်လိုများ နားလည်နေသလဲ မသိ။
မြောက်ကိုရီးယားကို ကြည့်ရင် မြင်နိုင်ပါတယ်။ မြောက်ကိုရီးယားဟာ အနုမြူထိပ်ဖူးတပ် ဒုံးပျံတွေ ပစ်လွှတ်နိုင်တဲ့ အဆင့်မှာ ရောက်နေပါပြီ။ ဒီမိုကရေစီနဲ့ လွတ်လပ်မှုဆိုတာက ရေပြင်မှာ အရုပ်ရေးသလိုပါ။ ထားပါတော့။ ဒါပေမဲ့ အဲဒီအစိုးရဟာ သူ့နိုင်ငံသားတွေရဲ့ ကျန်းမာရေးနဲ့ စားဝတ်နေရေးကို ပြေလည်အောင် မဖြေရှင်းနိုင်သေး။
ကလေးငယ်အများစု ပါဝင်တဲ့ အငတ်ဘေးနဲ့ သေဆုံးခဲ့သူ မြောက်ကိုရီးယား နိုင်ငံသားတွေ သန်းနဲ့ချီပြီး ရှိခဲ့တာကို ကျနော်တို့ မမေ့သင့်။ ရိုးရိုးနဲ့ လွယ်လွယ်ပြောရရင် အနုမြူထိပ်ဖူးတပ် ဒုံးကျည်ဟာ ကိုက်စားလို့ မရပါ။ အနုမြူထိပ်ဖူးတပ် ဒုံးကျည် အလုံးတထောင် ပိုင်ပြီး တိုင်းသူပြည်သားတွေက ငတ်နေတယ်၊ မွဲနေတယ်၊ ပညာမတတ်၊ နိုင်ငံတကာအလယ်မှာလည်း မဝင်ဆန့်လို့ ဆိုပါရင် ရေရှည်မှာ ကောင်းကျိုးထက် ဆိုးကျိုးကိုပဲ သယ်ဆောင်လာမှာ ဖြစ်ပါတယ်။
တဖက်မှာလည်း စစ်အစိုးရကို ဖားနေသူတွေက ပြောနေတာတွေ ကြားနေရပါတယ်။ ၂ဝ၁ဝ ရွေးကောက်ပွဲပြီးလို့ အချိန်အခါ တခုကို ရောက်တာနဲ့ တိုင်းပြည်ကို ဗိုလ်ချုပ်တွေ လက်ထဲကနေ တစတစနဲ့ ပြုပြင်ယူသွားမယ်လို့ ဆိုနေကြတယ်။ ပြောတဲ့အတိုင်း ဖြစ်ပါရင် ပန်းကုံးစွပ်ပြီး ချီးကျူးပါမယ်။ ဒါပေမဲ့ စစ်တပ်အသာစီး ယူထားတဲ့ အစိုးရတခုအောက်မှာ လူ့အဖွဲ့အစည်း တခုဟာ ဘယ်လောက် ဖွံ့ဖြိုးတိုးတက်နိုင်သလဲ။ ဒီမေးခွန်းကိုတော့ အဲဒီလူတွေ ဖြေဖို့ လိုပါတယ်။ နောက်ကျမှ ကျနော်တို့လည်း အတွက် မှားသွားတယ်ဗျာ၊ ဒီဗိုလ်ချုပ်တွေကို ကျနော်တို့ နားချလို့ ရလိမ့်မယ်လို့ ထင်ခဲ့တာ၊ ဒီလောက် ခေါင်းမာလိမ့်မယ်လို့ အစက မထင်ခဲ့ဘူးလို့ တောင်းပန်ပေမယ့် တကယ်တမ်း နစ်နာရမယ့် သူတွေကတော့ အများစုဖြစ်တဲ့ နိုင်ငံသားတွေပဲ ဖြစ်တာကို မမေ့သင့်။ တံတားအောက်က စီးသွားတဲ့ ရေတွေဟာ တံတားအောက်ကို ပြန်လာလေ့ မရှိတာကို သတိချပ်သင့်ပါတယ်။
ပြန်ကောက်ရမယ်ဆိုရင် ဖူဂျီမိုရီဟာ ရွေးကောက်ပွဲနဲ့ တက်လာခဲ့တဲ့ ပီရူးနိုင်ငံရဲ့ သမ္မတ ဖြစ်ပါတယ်။ စစ်ဗိုလ်ချုပ် ဖြစ်ခဲ့ဖူးသူ မဟုတ်။ ဒါပေမဲ့ သူဟာလည်း အာဏာရှင် ဖြစ်ခဲ့ဖူးပါတယ်။ လုပ်ချင်တာတွေ လုပ်ခဲ့တယ်။ တိုင်းသူပြည်သား မျက်နှာကို မထောက်ထားခဲ့။ ရွေးကောက်ပွဲနဲ့ တက်လာတိုင်း ဒီမိုကရေစီနဲ့ လွတ်လပ်ခြင်းကို မြတ်နိုးတဲ့ ခေါင်းဆောင်လို့ ကောက်ချက်ချလို့ မရပါ။ ရွေးကောက်ပွဲကို ဘန်းပြပြီး တက်လာသူဟာ တိုင်းသူပြည်သားတွေ အကျိုးကို ဆောင်လိမ့်မယ်လို့ ရူးရူးမိုက်မိုက် မတွက်ချက်သင့်။
မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအဆင်က ပီရူးထက် ပိုဆိုးဖို့ ရှိပါတယ်။ ရွေးကောက်ပွဲရှိမယ်လို့ ဆိုပေမယ့်လည်း စစ်ဗိုလ်တွေက ပါလီမန်မှာ အော်တိုမက်တစ် ၂၅ % နေရာယူမယ်။ အခြေခံဥပဒေသစ်ကလည်း စစ်ဗိုလ်တွေအတွက်ပဲ ဖေးမ ပေးထားတဲ့ ဥပဒေ ဖြစ်တယ်။ နိုင်ငံတော်ဟာ ချောက်ထဲကျတော့မယ့် အခြေအနေမှာ ရောက်နေတယ်လို့ ကာကွယ်ရေးဦးစီးချုပ်က ရှုမြင်ရင် လက်ရှိ အစိုးရလက်ထဲကနေ နိုင်ငံတော် အာဏာကို သိမ်းလို့ရတယ်လို့ ဆိုထားမှတော့ သူတို့ဖို့ချည်းပဲပေါ့။
နိဂုံးချုပ်ရရင် ၂ဝ၁ဝ မှာ ရွေးကောက်ပွဲ ကျင်းပဖြစ်လို့ အစိုးရသစ်၊ ပါလီမန်သစ်တွေ ရှိလာတဲ့တိုင် အခွင့်အရေး မှန်သမျှကို စစ်တပ်နဲ့ သူတို့နောက်မြီးဆွဲတွေက ဖားလာလည်း သိမ်း၊ ငါးလာလည်း သိမ်း၊ အကုန်လုံး သူတို့ အိတ်ထဲ ထည့်နေသရွေ့ တိုင်းပြည်ကြီး ဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်မှာ မဟုတ် (ဒါမှမဟုတ်) လုပ်လိမ့်မယ် မဟုတ်လို့ တင်ပြလိုရင်းသာ ဖြစ်ပါတယ်။
သက်ဆိုင်သူ အားလုံးကို ခဏခဏ အလိမ်မခံကြရပါစေနဲ့လို့ သတိပေးလိုက်ရပါတယ်။
Ref: မဇ္ဈိမ
နေ့စဉ်သတင်းများ ( ၉ - ၁ - ၁၀)
■ ကေအိုင်အိုအဖွဲ့က မနောပွဲကို လက်နက်နှင့်အတူ တက်ရောက် သတင်း
■ ကချင်ကျောင်းသားအဖွဲ့ မြစ်ကြီးနားမြို့မှာ စစ်အစိုးရဆန့်ကျင်ရေး စာဖြန့် သတင်း
■ (၅၀၀၀) ကျပ်တန် ငွေအတုများ ပဲခူးတွင် ဖမ်းဆီးရမိ သတင်း
■ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ တိုးချဲ့ဖွဲ့စည်းရန် ပြင်ဆင် သတင်း
■ မြန်မာဒုက္ခသည် ဂျပန် စတင် လက်ခံတော့မည် သတင်း
■ ဂျော်ဒန်နိုင်ငံရှိ မြန်မာအလုပ်သမများ စိုးရိမ်ဖွယ်ရာ အခြေအနေနှင့် ကြုံနေရ သတင်း
■ ရေပိုင်နက်ပြဿနာ စေ့စပ်ဖြေရှင်းရေး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် သဘောတူ သတင်း
■ ဇောတိက သဘာဝဓာတ်ငွေ့များကို ထိုင်းနိုင်ငံ စွမ်းအင်ဝန်ကြီးဌာနမှ အမေရိကန်ဒေါ်လာ သန်း (၁ဝဝဝ) ကျော် တန်ဖိုးရှိသည့် နားလည်မှုစာချွန်လွှာချုပ်ဆိုပြီး ဝယ်ယူမည်ဟုဆို သတင်း
■ အကျဉ်းကျရဲဘက် (၄ဝဝ)ခန့် စစ်တပ်ရိက္ခာ သယ်ဆောင်ရန် ပေါ်တာအဖြစ် အသုံးပြု သတင်း
■ နွေစပါး အတင်းစိုက်ခိုင်းပြီး ဆည်ရေမပေးလို့ အခက်တွေ့ သတင်း
■ နေရာမပြောင်းသည့် ဈေးသည်များကို ဒဏ်ငွေရိုက် သတင်း
■ လွှတ်တော်ထဲကနေ ပြုပြင်ပြောင်းလဲရေး လုပ်ချင်သူ (အင်တာဗျူး)
■ နယ်စပ်လမ်းက ဝမ်းတထွာ - (၁ဝ) (အသံလွှင့်ဆောင်းပါး)
Saturday, January 9, 2010
နေ့စဉ်သတင်းများ (၈ - ၁ - ၁၀)
■ ဗိုလ်မှူးဝင်းနိုင်ကျော်တို့ သေဒဏ် ဥပဒေနဲ့ မကိုက်ညီ သတင်း
■ စစ်အစိုးရ ရွေးကောက်ပွဲ အောက်တိုဘာလမှာ ကျင်းပမယ့် သတင်းထွက် သတင်း
■ မြန်မာရွေးကောက်ပွဲအခြေအနေ ကုလသမဂ္ဂ စောင့်ကြည့်မည် သတင်း
■ ၀န်ထမ်းအားလုံး လစာအပြင် နေ့စားလုပ်ခတွေပါ တိုးပေး သတင်း
■ အငြင်းပွား ရေပိုင်နက်ကိစ္စ ဆွေးနွေး သတင်း
■ ကချင်ပြည်နယ်နေ့နှင့် မနောပွဲ လုံခြုံရေးတင်းကျပ် သတင်း
■ တိုင်းရင်းသားပေါင်းစုံ စုဝေးတွေ့ဆုံနေကြသော မြစ်ကြီးနားမှ ၂ဝ၁ဝ မနောပွဲ သတင်း
■ စစ်တပ်မှ ပေါ်တာခေါ်ရာတွင် အမျိုးသမီးများကို ပိုအသုံးပြုလာ သတင်း
■ ရန်ကုန်တိုင်း လယ်သမားများကို လယ်သိမ်းရုံမက ခြိမ်းခြောက်နေ သတင်း
■ မန္တလေးတိုင်း ယာဉ်ထိန်းရဲများက ဒဏ်ရိုက်ပြီး ငွေရှာနေ သတင်း
■ အန်အယ်လ်ဒီက ဗဟိုအလုပ်အမှုဆောင်များ ထပ်တိုး သတင်း
■ တက်ကြွသူများ ထောင်ဒဏ် (၇၁) နှစ်အထိ အမြင့်ဆုံးကျခံရ သတင်း
■ စစ်အစိုးရက ဆယ်သုံးလုံးနေ့ (၁၀၊ ၁၀၊ ၁၀) မှာ ရွေးကောက်ပွဲလုပ်မည်ဟု သတင်းထွက် သတင်း
■ အရပ်သားအစိုးရ ပေါ်ပေါက်သည်အထိ လှုပ်ရှားမည်ဟု အမျိုးသားနိုင်ငံရေးအင်အားစု ပြော သတင်း
■ ဟီလာရီကလင်တန် အာရှခရီး မြန်မာ့အရေး ဆွေးနွေးဖို့ရှိ သတင်း
■ ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေး နာဂစ်ဒေသ သွားမည် သတင်း
■ ရန်ကုန်က ခွဲစိတ်ကုသလူနာ သေဆုံးမှုဖြစ်ပြန်ပြီ သတင်း
■ SNLD တင်ပြချက်အပေါ် စစ်အစိုးရ တုန့်ပြန်မှုမရှိ သတင်း
■ ၀ တပ်ဖွဲ့ကို စရဖအကြီးအကဲနှင့်အဖွဲ့က စည်းရုံးနေ သတင်း
■ ၂၀၀၉ ခုနှစ်အတွင်း ကေအဲန်ယူ ထိန်းချုပ်နယ်မြေများ၌ တိုက်ပွဲပေါင်း (၁၀၀၀) ကျော် ဖြစ်ပွားခဲ့ သတင်း
■ စကခ (၅) လက်အောက်ခံ တပ်ရင်း (၆) ရင်း ရှေ့တန်းမှ ရခိုင်သို့ ပြန်ရောက် သတင်း
■ ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်ပွဲတော်အတွင်း ကေအိုင်အိုအား ယူနီဖောင်း ဝတ်ခွင့်မပြု သတင်း
■ ရဲထောက်လှမ်းရေးက NLD အမတ် ဆွေမျိုးများကို ဓာတ်ပုံရိုက် သတင်း
■ မြန်မာ့အလင်းသတင်းစာ အရောင်ဖြင့် ထုတ်တော့မည် သတင်း
■ လှိုင်သာယာ စက်မှုဇုန်တွင် အလုပ်သမားများ ဆန္ဒပြ သတင်း
■ ဂျော်ဒန်နိုင်ငံ၌ ပါးရိုက်ခံရမှုကြောင့် ပဋိပက္ခဖြစ်ပြီး မြန်မာအလုပ်သမများ ဆန္ဒပြ သတင်း
■ ယစ်ပူဇော်မည် ဆိုသောကြောင့် မြန်မာအလုပ်သမားတို့ အလုပ် မဆင်းရဲ သတင်း
■ မလေးရှားရောက် မြန်မာများကို ဒေသခံရဲများက အခါအားလျော်စွာ ငွေညှစ် သတင်း
■ MiG တိုက်လေယာဉ်များအတွက် ပေးလိုက်ရသော အရင်းအနှီး (ဆောင်းပါး)
■ ဥပါယ် (ဆောင်းပါး)
■ မေမေ့ တရားခွင် (ဆောင်းပါး)
Friday, January 8, 2010
အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုနှင့် တိုက်ပွဲဝင်ပန်းတိုင် သတ်မှတ်ချက်
ခင်မမမျိုး
Friday, January 08, 2010
ကမ္ဘာတဝှမ်းမှာ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ အများအပြား ပေါ်ပေါက်ခဲ့ပါတယ်။ အောင်မြင်သွားတဲ့ လှုပ်ရှားမှုတွေ ရှိသလို မအောင်မြင်သေးပဲ နိုင်ငံရေး အကျပ်အတည်းဆိုက်မှု ပြဿနာနဲ့ ကြုံတွေ့နေရတဲ့ လှုပ်ရှားမှုတွေလဲ အများကြီးပါပဲ။ အောင်မြင်တဲ့ လှုပ်ရှားမှုတွေဆီကနေ လိုက်နာကျင့်သုံးဖွယ်ရာ သင်ခန်းစာတွေ ရရှိနိုင်သလို၊ မအောင်မြင်သေးတဲ့ လှုပ်ရှားမှုတွေဆီကနေလဲ ရှောင် ရှားသတိထားဖွယ်ရာ သင်ခန်းစာတွေ ရရှိနိုင်ပါတယ်။ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ လှုပ်ရှားမှုအဆင့်ဆင့်ကို စနစ်တ ကျ အကောင်အထည်ဖော်မှု၊ တိကျတဲ့ တိုက်ပွဲဝင်ပန်းတိုင် သတ်မှတ်နိုင်မှုနဲ့ လှုပ်ရှားမှု အဂါင်္ရပ်တွေ ပြည့်ဝစေရေးက အရေးကြီးပါ တယ်။
လှုပ်ရှားမှု အဆင့်ဆင့်
အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ သမဂ္ဂတွေ၊ အသင်းအဖွဲ့တွေ ဖော်ဆောင်ရေးကို ပထမအဆင့်၊ ကွန်ယက်ချိတ်ဆက်ပြီး တပ်ပေါင်းစုသဏ္ဌာန်ချိတ်ဆက်ရေးက ဒုတိယအဆင့်၊ ကျစ်လျစ် ခိုင်မာအောင် တည်ဆောက်ရေးက တတိယအဆင့်၊ အခြေအနေနဲ့ အချိန်ကာလပေါ် မူတည်ပြီး ချိန်ကိုက်လှုပ်ရှားမှုက စတုတ္ထအဆင့် စပြီး အဆင့်ဆင့် လှုပ်ရှားအကောင်အထည်ဖော်ဆောင်တဲ့ လှုပ်ရှား မှုတွေက ပိုပြီး အောင်မြင်တတ်လေ့ရှိတယ်လို့ နိုင်ငံရေး ပညာရှင်များက လေ့လာဖော်ပြခဲ့ကြပါတယ်။
ပထမအဆင့်ဖြစ်တဲ့ အသင်းအဖွဲ့တွေ၊ အာဏာရှင်ဆန့်ကျင်ရေး အုပ်စုတွေ ဖော်ဆောင်ရေးမှာလဲ ပျောက်ကျားတိုက်ပွဲဖော်ဆောင်ရေး အုပ်စုငယ်လေးတွေကို သီးခြားစီ ဖွဲ့စည်းထားသင့်ပါတယ်။ ဒုတိယအဆင့်ကို တက်လှမ်းပြီး တပ်ပေါင်းစုထဲမှာ ပါဝင်လာရမယ့် အုပ်စု တွေကို ပျောက်ကျားတိုက်ပွဲ ဖော်ဆောင်ရေးမှာ တာဝန်ပေးမိရင် တပ်ကျွံသွားတတ်ပါတယ်။ သတင်းလုံခြုံရေးကို ထိခိုက်မှု ရှိလာနိုင် တာကြောင့် တပ်ပေါင်းစုသဏ္ဌာန် ချိတ်ဆက်ရေးမှာ အခက်အခဲ ဖြစ်စေတတ်ပါတယ်။ တပ်ပေါင်းစု သဏ္ဌာန်ချိတ်ဆက်ရေးမှာလဲ သ တင်းလုံခြုံမှုရှိရေးနဲ့ လျှို့ဝှက်ရေးက အဓိကအရေးကြီး ပါတယ်။ ဒီနှစ်ချက်ကို မထိန်းနိုင်ရင် တတိယအဆင့်ဖြစ်တဲ့ ကျစ်လျစ်ခိုင်မာ အောင် စည်းရုံးရေးနဲ့ တည်ဆောက်ရေးကို ထိခိုက်စေနိုင်ပါတယ်။
တတိယအဆင့်မှာ ဟာကွက်တွေ၊ လိုအပ်ချက်တွေ ရှိနေရင်လဲ စတုတ္ထအဆင့်ကို တက်လှမ်းနိုင်ခဲ့ရင်တောင်မှ မအောင်မြင်တဲ့အခါ နိုင်ငံရေး ခါးဆက်ပြတ်သွားတတ်ပါတယ်။ တတိယအဆင့်ကို ပြန်ဆင်းပြီး နောက်တကြိမ် ထိုးစစ်ကို ပြန်မဖော်ဆောင်နိုင်ပဲ ပထမ အ ဆင့်ကနေ ပြန်စရတာကြောင့် အချိန်နှောင့်နှေးသွားပါတယ်။ စဉ်ဆက်မပြတ် လှုပ်ရှားမှုကို မဖော်ဆောင်နိုင်တော့တာကြောင့် လူထုရဲ့ နိုင်ငံရေး ရေချိန် ပြန်ကျသွားတတ်ပါတယ်။ ရန်သူ စစ်အာဏာရှင်တွေဘက်က ထိုးစစ်၊ ခံစစ် ဆင်ဖို့ အချိန်တွေ ပိုရသွားပါတယ်။ နောက်တကြိမ် ထပ်ပြီး လူထုရဲ့ နိုင်ငံရေး ရေချိန်နဲ့ ချိန်ကိုက်လှုပ်ရှားဖို့ ပြန်စောင့်ရတဲ့အတွက် အချိန်တွေ ပိုကြာသွားတတ်ပါတယ်။
တိုက်ပွဲဝင် ပန်းတိုင်သတ်မှတ်ချက်
တိုက်ပွဲဝင် ရည်မှန်းချက်ပန်းတိုင်နဲ့ ပတ်သက်ပြီး အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုကို အကောင်အထည်ဖော်တဲ့ အဖွဲ့အစည်းတွေမှာ အယူအဆက နှစ်မျိုးကွဲပြားပါတယ်။ တချို့ အဖွဲ့အစည်းတွေက အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေဟာ စစ်အာဏာရှင်စနစ်ကို ဖြုတ်ချပြီး၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် အာဏာရှင်တွေဘက်က ညှိနှိုင်းလာအောင် တွန်းအားပေးတာလို့ ယူဆကြပါ တယ်။ တချို့အဖွဲ့အစည်းတွေကကျတော့ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေဟာ စစ်အာဏာရှင်တွေရဲ့ အုပ်ချုပ်ရေး ယန္တရားကို ရပ်တန့်စေပြီး၊ ကြားဖြတ်အစိုးရ အနေနဲ့ အာဏာလွှဲပြောင်း ရယူပြီးမှ ညှိနှိုင်းဆွေးနွေးပွဲတွေ ပြုလုပ်တာလို့ ယူဆကြပါတယ်။ ဒီယူ ဆ ချက် နှစ်မျိုးမှာ ပထမအယူအဆနဲ့ အောင်မြင်သွားတဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုတွေလဲ ရှိသလို၊ ဒုတိယအယူအဆနဲ့ အောင်မြင် သွားတဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုတွေလဲ ရှိပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် အယူအဆ နှစ်မျိုးလုံးမှာ အားနည်းချက်တွေ ရှိပါတယ်။
ပထမအယူအဆမှာ အာဏာရှင်ဘက်ကနေ ဆွေးနွေးပွဲလုပ်မယောင် ဟန်ပြပြ၊ အင်အားကို ပြန်စုစည်းယူပြီးမှ အာဏာရှင် အုပ်ချုပ် ရေး ယန္တရားကို အသက်ပြန်သွင်းသွားနိုင်တဲ့ အားနည်းချက် ရှိပါတယ်။ အဲဒီအခြေအနေမျိုးဖြစ်လာခဲ့ရင် အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူတွေဘက်က ဆွေးနွေးပွဲဖြစ်လာမလားလို့ မျှော်လင့်စောင့်စားနေကြရင်းနဲ့ အချိန်တွေကြာလာပြီး လှုပ်ရှားမှုအရှိန် ပြုတ်ကျ သွားပါတယ်။
ဒုတိယ အယူအဆမှာကျတော့ ပြင်ဆင်မှုအားနည်းချက်တွေ ရှိတာကြောင့် အောင်မြင်မှုမရတာမျိုးတွေ ရှိနိုင်ပါတယ်။ နိုင်ငံတနိုင်ငံမှာ အစိုးရအုပ်ချုပ်ရေးယန္တရား အသက်ဝင်မှုဟာ အရေးကြီးပါတယ်။ ယန္တရားတခုကို ရပ်စဲပြီးတဲ့အခါ နောက်ထပ်ယန္တရားတခုက အချိန်မ ဆိုင်းပဲ အသက်ဝင်လာရမှာ ဖြစ်ပါတယ်။ မဟုတ်ရင် အာဏာရှင်စနစ် အသက်ပြန်ဝင်လာဖို့ လမ်းဖွင့်ပေးလိုက်သလို ဖြစ်တတ်ပါတယ်။ သို့ပေမယ့် လူတွေဆိုတာက လူအမျိုးမျိုး၊ စိတ်အထွေထွေရှိပါတယ်။ မင်းသားကြီးလုပ်ချင်သူတွေ၊ မလုပ်ရလို့ ပတ်မကြီး ထိုးဖောက် ချင်သူတွေ၊ အရေးပေါ်အခြေအနေကျမှ တွေဝေနေသူတွေ၊ အတိတ်က နာကျည်းချက်တွေပြန်ဖော်ပြီး ရန်ဖြစ်ငြင်းခုံနေချင်သူတွေက နိုင်ငံရေး အခြေအနေ ပြောင်းလဲမှု ကာလတွေမှာ ထွက်ပေါ်လာတတ်ပါတယ်။
ပမာဆိုရရင် ရွာထဲကို ကျားဆိုးဝင်လာတဲ့အခါ တချို့က ကျားဆိုးကို သူနှိမ်နင်းလိုက်တယ်ဆိုတာ နာမည်ကြီးချင်လို့ သူများတွေကို နှိမ်နင်းမှာကို ရှေ့ကနေ ပိတ်ပင်တားဆီးမှုတွေ လုပ်တာမျိုး၊ တချို့ကျတော့လဲ ကိုယ့်ကို ရွာရဲ့ သူရဲကောင်းလို့ သတ်မှတ်ခံထားရတာ မို့ သူရဲကောင်းဂုဏ်ကို ကိုင်တွယ်ပြီး သူပဲ နှိမ်နင်းမယ်လို့ ရှေ့ကနေ ဆိုတာမျိုး၊ တချို့က ကျတော့လဲ ဓားနဲ့ခုတ်ရင်ကောင်းမလား၊ လှံ နဲ့ ထိုးသတ်ရင် ကောင်းမလားဆိုတာ အရင် ညှိနှိုင်းဆွေးနွေးကြရအောင်လို့ ဆိုနေတာမျိုး ဖြစ်နေတာနဲ့ တူပါတယ်။ ဘယ်သူသတ် သတ်၊ မသတ်သတ် ကျားဆိုးကြီး သေသွားဖို့က အရေးကြီးပါတယ်။ ဘယ်သူချောက်ချောက်၊ မချောက်ချောက် ကျားဆိုးကြီး ကြောက်ပြီး ပြေးဖို့က အရေးကြီးပါတယ်။ မဟုတ်ရင် ကျားဆိုးက လူတွေကို ကိုက်သတ်သွားတာပဲ အဖတ်တင် ကျန်ခဲ့ပါလိမ့်မယ်။
နိုင်ငံရေးအကူးအပြောင်း ကာလတခုမှာ ဒီလို အရေးမပါတဲ့ ကိစ္စတွေနဲ့ အချိန်မကုန်ဖို့ အရေးကြီးပါတယ်။ ကြားဖြတ်အစိုးရတခု လို အပ်ချက်အရပေါ်ထွက်လာခဲ့ရင်လဲ ဒီကြားဖြတ်အစိုးရဟာ အုပ်ချုပ်ရေးယန္တရားကို ယာယီဝင်ရောက်ထိန်းသိမ်းမှု ဆိုတာကို သဘော ပေါက်နေဖို့ လိုအပ်ပါတယ်။ လိုအပ်တဲ့ ပံ့ပိုးမှုတွေ ပြုလုပ်ပြီး ဝန်းရံဖို့ လိုအပ်ပါတယ်။ ကြားဖြတ်အစိုးရကာလအတွက် လိုအပ်မယ့် လုပ်ငန်းဆောင်တာတွေကို ကြိုတင်ပြင်ဆင်ထားဖို့လဲ လိုအပ်ပါတယ်။ တိုက်ပွဲအတွက် ကြိုတင်ပြင်ဆင် တည်ဆောက်ရေးဆိုတာမှာ လူထုတိုက်ပွဲတွင်းကာလအတွက် ပြင်ဆင်မှုတွေသာမက၊ ကြားဖြတ်အစိုးရ ကာလအတွက် လိုအပ်မယ့် လုပ်ငန်းဆောင်တာတွေမှာ ကြိုတင်ပြင်ဆင် တည်ဆောက်ရေးတွေပါ ပြုလုပ်ရမှာ ဖြစ်ပါတယ်။ ဒီအချက်တွေမှာ အားနည်းချက်ရှိရင် လူထုတိုက်ပွဲထွက်ပေါ်လာ ပြီးမှ အရှိန်သေပြီး ရှေ့ဆက်မတိုးနိုင်ပဲ ဖြစ်သွားတတ်ပါတယ်။
အမှန်တကယ် လူထုတိုက်ပွဲတွေ ထွက်ပေါ်လာတဲ့အခါမှာ ပထမအယူအဆဖြစ်တဲ့ ဒိုင်ယာလော့ခ် ဆွေးနွေးပွဲတွေအတွက် တွန်းအား ပေးသလို ဖြစ်သွားမလား၊ အာဏာရှင်ယန္တရားပြိုကျတဲ့အထိ တိုက်ပွဲဝင်ပြီး ကြားဖြတ်အစိုးရအထိ တက်လှမ်းသွားမလား ဆိုတာက တော့ တဘက်ရန်သူ စစ်အာဏာရှင်တွေအပေါ်မှာ ဘယ်လောက်အထိ ယုံကြည်မှု ပေးမှာလဲ ဆိုတာပေါ်မှာပဲ မူတည်ပါလိမ့်မယ်။ အာဏာရှင်တွေရဲ့ စိတ်နေသဘောထားတွေ၊ ကမ္ဘာ့နိုင်ငံရေးအခြေအနေ အခင်းအကျင်းတွေ၊ လူထုရဲ့ နိုင်ငံရေး ရေချိန် အတက်အ ကျတွေ၊ ရေရှည်တောင့်ခံနိုင်မှု စတာတွေကို ထည့်သွင်းစဉ်းစားရမှာ ဖြစ်တဲ့အတွက် အချိန်အခါနဲ့ ကိုက်ညီပြီး လက်တွေ့ကျတဲ့ ဆုံး ဖြတ်ချက်ကို ချမှတ်နိုင်ဖို့ လိုအပ်ပါလိမ့်မယ်။ သို့ပေမယ့် ကြိုတင်ပြင်ဆင်မှုကတော့ ရည်မှန်းချက် ပန်းတိုင် နှစ်မျိုးလုံးအတွက် ပြင် ဆင်ထားသင့်ပြီး၊ အယူအဆမတူတဲ့ အဖွဲ့အစည်းတွေက ငါ့အယူအဆ ကောင်းတယ်၊ သူ့အယူအဆကောင်းတယ်လို့ မျက်စိမှတ် ဇွတ် မငြင်းပဲ ညှိယူနိုင်ဖို့ အရေးကြီးဆုံးပါပဲ။ ငါ့စကားနွားရဆိုပြီး စွတ်ငြင်းနေရင်တော့ ဘာအကျိုးကျေးဇူးမှ မရှိပဲ စစ်အာဏာရှင်စနစ် သက် ဆိုးရှည်ရေးကို အကောင်အထည် ဖော်ပေးလိုက်သလိုပဲ ဖြစ်ပါလိမ့်မယ်။
ဒိုင်ယာလော့တကယ် ဖြစ်သွားနိုင်တဲ့ အခြေအနေ၊ အချိန်အခါမှာ ကြားဖြတ်အစိုးရဖွဲ့ရေးကိုပဲ အားသန်နေရင်လဲ ယုံကြည်မှု တည် ဆောက်ရေး ပျက်တတ်ပါတယ်။ ကြားဖြတ်အစိုးရဖွဲ့ပြီး လုပ်ရမယ့် အချိန်မှာ ရန်သူအယောင်ပြတဲ့ ရွှေသမင် ဒိုင်ယာလော့ခ်နောက် အ လိုက်မှားပြန်လာရင် ဒဿဂီရိဘီလူးလက်ထဲ မယ်သီတာရောက်ကိန်းကို ဆိုက်ပါလိမ့်မယ်။ အခြေအနေရဲ့ တောင်းဆိုမှုကို ချိန်ကိုက် လှုပ်ရှားနိုင်မှုက အရေးကြီးဆုံးပါ။
အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု အင်္ဂါရပ်များ
အာဏာရှင်တွေဟာ လူထုလှုပ်ရှားမှုတွေကို အလွန်ကြောက်ပါတယ်။ ဒါကြောင့်လဲ လူ့အဖွဲ့အစည်းအတွင်းမှာ လူတွေ စုဝေးလို့ မရ အောင် နည်းမျိုးစုံနဲ့ အကောင်အထည်ဖော်တတ်လေ့ ရှိပါတယ်။ ကျောင်းသားတွေ စုဝေးလို့ မရအောင်၊ လူငယ်တွေ စုဝေးလို့ မရ အောင်၊ လူထုနဲ့ နိုင်ငံရေး ဆက်စပ်လို့ မရအောင် နည်းမျိုးစုံနဲ့ အကောင်အထည်ဖော်လေ့ ရှိကြပါတယ်။ ရှိနေပြီးသား အဖွဲ့အစည်း၊ အသင်းအပင်းတွေကို ရေရှည်ရပ်တည်လို့ မရအောင်၊ အဖွဲ့အစည်းသစ်တွေ မပေါ်ထွက်လာအောင် ဘက်ပေါင်းစုံကနေ နှိပ်ကွပ်တား ဆီးမှုတွေ ပြုလုပ်လေ့ ရှိပါတယ်။
ဒီလို အခြေအနေမျိုးတွေမှာ အဖွဲ့အစည်းအသင်းအဖွဲ့တွေကို ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ ပေါ်ထွက်နိုင်အောင် မြေအောက်လှုပ်ရှားမှု သဏ္ဌာန်နဲ့ အကောင်အထည်ဖော်ဖို့ လိုအပ်ပါတယ်။ အဲဒီအဖွဲ့တွေထဲမှာ ရေရှည်မြှုပ်နှံပြီး အချိန်အခါကို စောင့်ခိုင်းတဲ့ အဖွဲ့တွေ၊ လေ့ လာရေးအုပ်စုတွေရှိဖို့ လိုသလို ပြောက်ကျားလှုပ်ရှားတဲ့ အဖွဲ့ငယ်လေးတွေလဲ ရှိနေဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် ရေရှည်မြှုပ်နှံရေး အုပ်စုတွေ၊ လေ့လာရေးအုပ်စုတွေနဲ့ လှုပ်ရှားရေး အဖွဲ့တွေကို လိုင်းမပူးသွားစေဖို့ အထူးသတိထားရပါမယ်။ ပျောက်ကျားလှုပ်ရှားမှု တွေ အကောင်အထည်ဖော်ရာမှာလဲ လုံခြုံရေးသာ ပထမ၊ လုံခြုံရေးသာ ဒုတိယ၊ လုံခြုံရေးသာ တတိယ ဆိုတာကို သတိပေးထားပြီး မှ တိုက်ပွဲဖော်သင့်ပါတယ်။
အာဏာရှင်တွေဟာ ပြည်သူလူထုကို အကြောက်တရားနဲ့ ထိန်းချုပ်ဖို့ ကြိုးစားနေချိန်မှာ ဆန့်ကျင်ရေး ပျောက်ကျားလှုပ်ရှားမှုတွေ ဟို တစ၊ ဒီတစ ပေါ်ထွက်နေမှုဟာ အဆုံးသတ်အောင်ပွဲကို ရရှိစေတာ မဟုတ်ပေမယ့် အာဏာရှင်တွေရဲ့ အလုံးစုံဖိနှိပ်မှုဟာ အရာမ ရောက်ပဲ တက်ကြွလှုပ်ရှားသူတွေကတော့ ပေါ်ထွက်နေဆဲပဲဆိုတာကို လူထုကို တပ်လှန့်ပေးလိုက်နိုင်ပါတယ်။ ဒါကြောင့် အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုမှာ စဉ်ဆက်မပြတ် ပျောက်ကျားတိုက်ပွဲများ ပေါ်ထွက်နေခြင်းဟာ အင်္ဂါရပ် တခုပါ။
ဒုတိယအင်္ဂါရပ်တခုကတော့ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေရဲ့ ဖြစ်နိုင်ချေနဲ့ သဘောသဘာဝ ဖြစ်ပါတယ်။ အစုအဖွဲ့၊ အသင်း အပင်းတွေ ဖွဲ့စည်းတဲ့အဆင့်၊ ချိတ်ဆက်လှုပ်ရှားမှု အဆင့်၊ ကျစ်လျစ်အောင် တည်ဆောက်ရေး အဆင့်တွေကို အဆင့်ဆင့် ဖော် ဆောင်ပြီး တိုက်ပွဲဝင်အဆင့်ကို စတင် အကောင်အထည်ဖော်တဲ့အချိန်မှာ တည်ဆောက်ထားတဲ့ အင်အားစုအားလုံးကို ထုတ်နှုတ် သုံးဖို့ မလိုအပ်ပါဘူး။ တိုက်ပွဲဝင်စစ်ကြောင်း၊ အကူစစ်ကြောင်း၊ ခြေကုပ်ယူပြီး အင်အားပြန်ဖြည့်ရမယ့် စစ်ကြောင်းတွေကို ခွဲထားဖို့ လို အပ်ပါတယ်။ ပထမဦးဆုံး လူထုလှုပ်ရှားမှု တိုက်ပွဲမှာ အလုံးစုံ ချေမှုန်းမခံရအောင် သတိထားရပါမယ်။ ပွဲဦးထွက် လှုပ်ရှားမှု တခု တည်းနဲ့ အာဏာရှင်စနစ်ကို ချက်ချင်း မဖြုတ်ချနိုင်ပါဘူး။ ရေရှည်တောင့်ခံနိုင်ဖို့အတွက် အလှည့်ကျ တာဝန်ယူစနစ်တွေ ရှိဖို့ လိုအပ် ပါတယ်။
အာဏာရှင်စနစ်ကို ဖြုတ်ချပြီး၊ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ဖြစ်လာနိုင်ဖို့မှာ နိုင်ငံရေးဦးဆောင်မှုနဲ့ စည်းရုံးလှုပ်ရှားနိုင်မှုက အရေး ကြီးဆုံးပါ။ နိုင်ငံရေးဦးဆောင်မှုဟာ အဲဒီအချိန်မှာ ဘယ်လောက်အထိ အောင်မြင်မှုရနိုင်မလဲ ဆိုတာကတော့ လှုပ်ရှားမှု အကောင်အ ထည်ဖော်တဲ့ အခါတွေမှာတုန်းက ချိတ်ဆက်မှုကွန်ယက်ကို ဘယ်လောက်အထိ နက်နက်နဲနဲ ဖော်ဆောင်ထားတယ် ဆိုတာပေါ်မှာ မူတည်ပါတယ်။ ပွဲဦးထွက် လှုပ်ရှားမှု စတင်ပြီးတာနဲ့ နိုင်ငံရေးဦးဆောင်မှုတရပ် ထွက်ပေါ်လာဖို့ လိုအပ်ပါတယ်။ အာဏာရှင်ကို ဆန့် ကျင်တဲ့ အင်အားစုတွေအားလုံး လမ်းကြောင်းတခုပေါ်မှာ လာပြီးဆုံနိုင်စေဖို့ ကြိုးပမ်းမှုက အရေးကြီးပါတယ်။ လူထုနဲ့ ဆက်ဆံလှုပ် ရှားနေတဲ့ ခေါင်းဆောင်တွေ ရှေ့မှာရှိနေဖို့ လိုအပ်သလို နောက်ကွယ်ကနေ အင်အားစုတွေအားလုံး လမ်းကြောင်းတခုပေါ် လာဆုံ စေဖို့ ကြိုးပမ်းနေတဲ့ ခေါင်းဆောင်တွေလဲ ရှိရပါမယ်။
ဒီနေရာမှာ အင်အားစုတွေအကြားက ကြားခံ ဆက်သွယ်ရေး တာဝန်ယူရသူတွေရဲ့ ကဏ္ဍဟာ အရေးကြီးပါတယ်။ ဒီလိုဆက်သွယ် ရေး တာဝန်ယူမယ့် သူတွေကို ပျောက်ကျားတိုက်ပွဲတွေ၊ ပွဲဦးထွက် လူထု တိုက်ပွဲတွေမှာ ဘာတာဝန်မှ မပေးသင့်ပါဘူး။ ရန်သူက လုံးဝ မသိထားတဲ့ လူတွေ ဖြစ်သင့်ပါတယ်။ ကွင်းဆက်ကို ရန်သူက သိနေရင် ကွင်းဆက်ဖြတ်ဖို့ လွယ်ပါတယ်။ ဒီအချက်ကို အထူး ဂရုစိုက်သင့်ပါတယ်။ အာဏာရှင်ဆန့်ကျင်ရေး လူထုတိုက်ပွဲတွေမှာ မိုက်ရူးရဲဆန်တာတွေ၊ စိတ်ခံစားမှုကို ဦးစားပေးဆုံးဖြတ်တာတွေ ကိုလဲ အထူးရှောင်ကြဉ်သင့်ပါတယ်။
တတိယအင်္ဂါရပ်တခုကတော့ အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ တိကျပြတ်သားတဲ့ နိုင်ငံရေး ကြွေးကြော်သံ ရှိဖို့ပဲ ဖြစ်ပါ တယ်။ ဥပမာ- ဒီမိုကရေစီ ရရှိရေး ဆိုရုံနဲ့ မပြီးပါ။ စစ်အစိုးရ ပြုတ်ကျရေး၊ ကြားဖြတ်အစိုးရ ပေါ်ပေါက်ရေး စသဖြင့် တိကျတဲ့ နိုင်ငံရေး ကြွေးကြော်သံ ရှိဖို့ လိုအပ်ပါတယ်။ လူထုတိုက်ပွဲကြီး ရေချိန်တက်နေတုန်းမှာ နိုင်ငံရေး အင်အားစုတွေအကြားက ကြွေးကြော်သံတွေ မညီရင် အခက်အခဲတွေ ဖြစ်တတ်ပါတယ်။ လူထုတရပ်လုံး ပါဝင်နေတဲ့ တော်လှန်ရေးတိုက်ပွဲကြီး မပြီးခင်ကာလမှာ အင်အားစုတွေ အကြား ပြိုကွဲစေနိုင်တဲ့ ကိစ္စရေးရာတွေကို အာရုံစိုက်ဖော်ဆောင်မှု မလုပ်မိစေဖို့ကလဲ အရေးကြီးပါသေးတယ်။ တအိမ်လုံးကို ဓားပြ ဝင်စီးပြီး၊ ကြိုးတုပ် အငတ်ထားနေတဲ့ အချိန်မှာ တရုတ်စာ စားချင်တယ်၊ ကုလားစာ စားချင်တယ်၊ ပြင်သစ်စာ စားချင်တယ်၊ ဘိုစာ စားချင်တယ်ပြောပြီး ရန်ဖြစ်နေလို့လဲ ဘာမှ မထူးပါ။ ငတ်ပြီး သေမှာက သေမှာပါပဲ။ ငတ်ပြီး မသေချင်ရင် ပထမဆုံး ဓားပြကို မောင်း ထုတ်ရပါမယ်။ ပြီးမှ ဘယ်လိုအစာ စားမယ်ဆိုတာ ညှိနှိုင်းသင့်ပါတယ်။
နောက်ဆုံးတချက်ကတော့ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုဆိုတာမှာ ရည်မှန်းချက် ပန်းတိုင် ရှိရပါမယ်။ တတိုင်းပြည်လုံးက လူ တွေ လမ်းမပေါ် ထွက်လာရုံနဲ့လဲ ပြီးတာ မဟုတ်ပါ။ အာဏာရှင်တွေ တယောက်ပြီးတယောက် နှုတ်ထွက်ပြီး နာမည်ပြောင်းသွား ရုံ နဲ့လဲ အောင်မြင်တယ် မဆိုနိုင်ပါ။ အာဏာရှင်တွေဘက်မှာ ယုံကြည်ဖွယ်ရာ တစုံတရာမှ မရှိဘူးဆိုရင် အစိုးရအုပ်ချုပ်ရေးယန္တရားကို ဖြိုချပြီး ကြားဖြတ်အစိုးရနဲ့ အစားထိုးရပါမယ်။ ဒီလိုကြားဖြတ်အစိုးရမှာ အတိုက်အခံနဲ့ အာဏာရှင်ဘက်ကနေ လူထုနဲ့ ပူးပေါင်းလာတဲ့ ခေါင်းဆောင်တချို့ ပူးတွဲပါဝင်ရင် နိုင်ငံရေးတည်ငြိမ်မှုကို အမြန်ဆုံး ပြန်ပြီး ဆောင်ကျဉ်းပေးနိုင်ပါတယ်။ ဒီအတွက် ကြိုတင် လမ်းခင်း ပေးထားမှုတွေ လိုပါတယ်။ ဒီလိုလမ်းခင်းမှုတွေမှာလဲ လျှို့ဝှက်မှုက အရေးကြီးပါတယ်။ အချိန်မတန်ခင်မှာ သတင်းထုတ်လိုက်ရင် ကောင်းကျိုးထက် ဆိုးကျိုးက ပိုများစေနိုင်ပါတယ်။
ဒီလိုမဟုတ်ပဲ လူထုတိုက်ပွဲတွေ ဖော်ဆောင်ပြီးမှ အဆုံးသတ်မှာ လူထုခေါင်းဆောင်နဲ့ အာဏာရှင်တွေ တွေ့ဆုံဆွေးနွေးမှုကို ဦးတည် သွားစေလိုတဲ့ ပန်းတိုင်ဆိုရင်တော့ တော်လှန်ရေးသမားတွေဘက်မှာ အမှန်တကယ် ဖိအားပေးနိုင်မယ့် နိုင်ငံတကာ ကူညီပံ့ပိုးမှု လို အပ်ပါတယ်။ မထိရောက်တဲ့ ယောင်ပြ ဖိအားကို ဆိုလိုတာ မဟုတ်ပါဘူး။ အာဏာရှင်တွေဘက်က အမှန်တကယ် ကမ်းလှမ်းမှုလား၊ အချိန်ဆွဲကမ်းလှမ်းမှုလား ဆိုတာကို ခွဲခြားနိုင်မယ့် သတ်မှတ်ချက်တွေလဲ ရှိဖို့ လိုပါတယ်။
လူမှုဗေဒ ပရော်ဖက်ဆာ Manuel Antonio Garretón ကတော့ ကမ္ဘာတဝှမ်းက တော်လှန်ရေး လှုပ်ရှားမှုတွေမှာ စိတ်ကူးယဉ် မိုက် ရူးရဲတော်လှန်ရေးတွေလဲ ရှိနိုင်ကြောင်းကို ထောက်ပြခဲ့ပါတယ်။ လူထုလှုပ်ရှားမှုတွေကို ဖော်ဆောင်ပြီး အဆုံးသတ်ပန်းတိုင်အတွက် ပြင်ဆင်မှု အားနည်းချက်ရှိတဲ့ တော်လှန်ရေးတွေကို ဆိုလိုတာ ဖြစ်ပါတယ်။ လူထုခေါင်းဆောင်တွေနဲ့ အာဏာရှင်တွေအကြား တွေ့ဆုံ ဆွေးနွေးမှု ဖြစ်မြောက်သွားစေဖို့ ဆိုတာမှာ အာဏာရှင်တွေဘက်က မတွေ့ဆုံရင် မဖြစ်တော့ဘူးဆိုတဲ့ အခြေအနေကို သိလာတော့မှ အကောင်အထည်ပေါ်ပါတယ်။ တွေ့ပါလို့ ထိုင်ပြောနေရုံနဲ့ ပြီးတဲ့အရာ မဟုတ်ပါ။ ဒီလိုသိလာစေဖို့မှာကလဲ မြင်သာထင်သာတဲ့ ဖိအား လိုပါတယ်။ လူထုလှုပ်ရှားမှုတွေကို ဒီလိုဖိအားအဖြစ် အသုံးပြု ဖော်ဆောင်တဲ့အခါ ဘယ်အချိန်မှာ တိုက်စစ်တိုးမြှင့်ရမယ်၊ ဘယ်အချိန် မှာ ဆုတ်ပေးရမယ် ဆိုတာတွေကို စနစ်တကျ ဖော်ဆောင်နိုင်မယ့် စီမံချက် လိုအပ်ပါတယ်။ တော်လှန်ရေးအင်အားစုတွေက ဒီလို အချက်တွေမှာ အားနည်းနေရင် အာဏာရှင်တွေဘက်က တွေ့ဆုံဆွေးနွေးပွဲကို ဟန်ပြ အကောင်အထည်ဖော်ပြပြီး၊ နောက်ဆုံးမှာ အာဏာရှင်လက်ထဲကိုပဲ ပြန်ပြီး အာဏာရောက် သွားနိုင်ကြောင်း ပညာရှင်တွေက ဆိုထားကြပါတယ်။ ဒါကြောင့် အာဏာရှင် ဆန့် ကျင်ရေး လှုပ်ရှားမှုတွေမှာ အဆုံးသတ် ရည်မှန်းချက် ပန်းတိုင်အတွက် ကြိုတင်ပြင်ဆင် ထားမှုတွေဟာ အင်္ဂါရပ် တခုအနေနဲ့ လိုအပ် တာ ဖြစ်ပါတယ်။
နိဂုံး
နိဂုံးချုပ်ဆိုရရင် အာဏာရှင်တွေဆိုတာ အာဏာကို တပ်မက်ရူးသွပ် ခုံမင်လွန်းတာအတွက်ကြောင့် လူ့အရိုးပုံမှာ အားရပါးရထိုင်ရင်း အာဏာရှင်ဘဝကို ခံယူထားသူတွေ ဖြစ်ပါတယ်။ အာဏာရှင်စနစ် အဆောက်အအုံ တည်တံ့ခိုင်မြဲရေးကို ရှေးရှုပြီး ဘက်စုံ ထောင့်စုံမှာ ဒေါက်တိုင်တွေ ဖန်တီးပြီး၊ အုပ်ချုပ်ရေးယန္တရားကို ထောက်မထားသူတွေ ဖြစ်ပါတယ်။ ဒါကြောင့် ဒီယန္တရားကြီးတခုလုံး ပြိုလဲဖို့အတွက် အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု အဆင့်ဆင့်ကို စနစ်တကျ ဖော်ဆောင်မှုတွေနဲ့ တိကျတဲ့ ရည်မှန်းချက် ပန်းတိုင် တွေကို သတ်မှတ်နိုင်မှု၊ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုမှာ လိုအပ်တဲ့ အင်္ဂါရပ်တွေ ပြည့်စုံမှုတွေက အလွန်ပဲ အရေးကြီးလှပါ ကြောင်း တင်ပြလိုက်ရပါတယ်။
(၇၊ ၁၊ ၂ဝ၁ဝ)
Ref: ခင်မမမျိုး
နေ့စဉ်သတင်းများ ( ၇ - ၁ - ၁၀)
■ သတင်းပေါက်ကြားမှုဖြင့် ထိန်းသိမ်းထားသူများကို သေဒဏ်ပေးပြီ သတင်း
■ လွတ်လပ်ရေးနေ့ ကျင်းပဖို့ နိုင်ငံရေးအကျဉ်းသားများ ကြိုးပမ်း သတင်း
■ မြန်မာနယ်စပ်က လူ့အခွင့်အရေးကိစ္စများကို ဗြိတိသျှပါလီမန်တွင် ဆွေးနွေး သတင်း
■ နှစ်ရှည် နိုင်ငံရေးအကျဉ်းသားများ ထပ်တိုး သတင်း
■ မြန်မာပြည်နိုင်ငံရေးပြောင်းလဲရန် နေကြာပန်းလှုပ်ရှားမှု စတင် သတင်း
■ ရှမ်းအန်အယ်လ်ဒီပါတီက အကျဉ်းကျ ခေါင်းဆောင်များကို တွေ့ခွင့်တောင်း သတင်း
■ ထောင်ဒဏ် မချမှတ်ခင် စစ်ကြောရေးမှာ ပြင်းပြင်းထန်ထန် နှိပ်စက်ခံရ သတင်း
■ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းမှု ယခင်နှစ်ထက် ထက်ဝက်လျှော့နည်း သတင်း
■ ရပ်နားသွားတဲ့ ခရီးစဉ်များ အဲပုဂံက ပြေးဆွဲလို သတင်း
■ ၆၂ နှစ်မြောက် လွတ်လပ်ရေးနေ့ အတိုက်အခံများက ကြေညာချက်ထုတ် သတင်း
■ ရွေးကောက်ပွဲအပေါ် စစ်အစိုးရ မရိုးသားကြောင်း ထိုင်းသတင်းစာ ရေးသား သတင်း
■ ရှမ်းခေါင်းဆောင်တို့နှင့် တွေ့ဆုံခွင့်ပေးရန် ရှမ်းအဖွဲ့ချုပ်က နအဖဥက္ကဌကို တောင်းဆို သတင်း
■ မွန်အမျိုးသားနေ့ ကြော်ငြာများ ဆင်ဆာထိ သတင်း
■ ALP တတိယအကြိမ်ညီလာခံမှ ခိုင်ရဲခိုင်ကို ဥက္ကဌအဖြစ် ပြန်လည်ရွေးချယ်တင်မြှောက် သတင်း
■ နအဖ၏ ရွေးကောက်ပွဲအစီအမံကို မစ္စတာ ဂျင်မ်ဝက်ဘ်က ထောက်ခံ သတင်း
■ ၂၀၁၀ ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ဆန့်ကျင်သွားမည် သတင်း
■ ရွေးကောက်ပွဲအကြို မည်သို့ လှုပ်ရှားနေကြသလဲ သတင်း
■ သတင်းထောက် မလှလှဝင်းကို ပြစ်ဒဏ်ချမှတ်မှု ၂၀၁၀ ရွေးကောက်ပွဲ သတင်းရယူခွင့်ကို ခြိမ်းခြောက် သတင်း
■ ဒီဗွီဘီသတင်းထောက် ထောက်ဒဏ်ကျသည့်အပေါ် ဒီဗွီဘီ ဒါရိုက်တာ၏ ဖြေကြားချက် သတင်း
■ ဂျပန်သတင်းထောက် ကန်ဂျိနာဂါးအိဆုအတွက် မဲပေးရွေးချယ်နေပြီ သတင်း
■ မဇ္ဈိမကို မြန်မာပြည်တွင်း ဖတ်ရှုရပြီ သတင်း
■ မီးရထားက ဆင်ဆာ သီးသန့် ထပ်ဆောင်း သတင်း
■ ရေပိုင်နက်ကိစ္စ ဆွေးနွေးဖို့ မြန်မာအဖွဲ့ ဘင်္ဂလားဒေ့ရှ်ရောက် သတင်း
■ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ လျှပ်စစ်ဓာတ်အားနှင့် သဘာဝဓာတ်ငွေ့ ဝယ်ယူနိုင်ရန် ကမ်းလှမ်း သတင်း
■ ထောင်တွင်း လွတ်လပ်ရေးအခမ်းအနား ပျက်ပြားသွား သတင်း
■ ရုံးထုတ်စစ်ဆေးနေသည့် အမှုတွဲများ၏ နောက်ဆုံးအခြေအနေ သတင်း
■ အောင်လံက လယ်သမား (၃) ဦး အမှုအယူခံ ခရိုင်တရားရုံးက ပယ်ချ သတင်း
■ အမှုလိုက် ရှေ့နေငှားရမ်းခ ကျပ်သိန်း (၂၄၀) လိမ်လည်မှု စတင်စစ်ဆေး သတင်း
■ ကလေးများ စစ်သားအဖြစ် စုဆောင်းခံနေရဆဲ သတင်း
■ အသက်မပြည့်သူကို စစ်သားအဖြစ် စုဆောင်းခြင်းကို မိဘများက (ILO) သို့ တိုင်ကြား သတင်း
■ နအဖ တပ်ကြပ်ကြီးတဦး အထက်အရာရှိနှင့် စကားများရာမှ မိမိကိုယ်ကိုယ် သတ်သေ သတင်း
■ မူဆယ် ကြံ့ဖွံ့အတွင်းရေးမှူး ရုတ်တရက် သေဆုံး သတင်း
■ ဘင်္ဂလားတွင် တရားမဝင် မြန်မာများ ဖမ်းဆီး သတင်း
■ စစ်တွေသင်္ချိုင်းကို လူထုသဘောထားမပါဘဲ မန်ဇီသို့ ရွှေ့ပြီ သတင်း
■ ရခိုင်လူမျိုးတဦး လူသတ်မှုဖြင့် မတရားစွပ်စွဲခံရပြီး ထိုင်းနိုင်ငံတွင် အကျဉ်းကျခံနေရ သတင်း
■ ကံပေါက်သတ္တုတွင်းကို DELCO ကုမ္ပဏီလီမီတက်ကို လွှဲအပ်ပြီး သတင်း
■ ဒုတိယအအေးလှိုင်း ယခုလလယ်၌ မြန်မာပြည်ကို ဖြတ်မည်ဟု မိုး/ဇလ ခန့်မှန်း သတင်း
■ လူနာကွန်ရက် မြို့ကလေး (ဆောင်းပါး)
၂၀၁၀ ရွေးကောက်ပွဲသည် မြန်မာ့နိုင်ငံရေး၏ အဖြေမဟုတ်
ဇင်လင်း
၇ ဇန်န၀ါရီ ၂၀၁၀
၂၀၁၀ ခုနှစ်ဆန်းပေပြီ။ မြန်မာ့နိုင်ငံရေးမြင်ကွင်းကား အမှောင်ဖုံးနေဆဲ။ “အာဃာတ ကင်းစင်သော အထွေထွေ သဟဇာတ ဖြစ်ရေးမူ” ကို တာဝန်ရှိ နိုင်ငံခေါင်းဆောင် အသီးသီး လေးနက်စွာ နှလုံးမသွင်းသရွေ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် အလှမ်း ဝေးနေပေဦးမည်။ တိုင်းပြည်လူထု ဆင်းရဲဒုက္ခ နွံအတွင်းမှ လွတ်မြောက်ရေးလည်း မျှော်တိုင်း ဝေးနေကြရဦးမည်။
၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးအား သွေးမြေကျအောင် လူ့အခွင့်အရေး ချိုးဖောက်၊ အကြမ်းဖက် နှိမ်နင်းခြင်း၏ အကျိုးဆက်အဖြစ် နအဖ စစ်အုပ်စုသည်လည်း နိုင်ငံရေး အကျဉ်းအကျပ် အတွင်း၌ ချောင်ပိတ်မိနေသည်။ (၁၄) နှစ်ကြာ စည်းမျဉ်းစည်းကမ်း တိတိကျကျမရှိဘဲ အချိန်ဆွဲ ကျင်းပခဲ့သည့် ညောင်နှစ်ပင် အမျိုးသား ညီလာခံကို တက်သုတ်ရိုက် နိဂုံးသတ်ကာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမူကြမ်း (၂၀၀၈) ဆိုသည်ကို ထုတ်ပြန်ခဲ့သည်။ ထို့နောက် နာဂစ် မုန်တိုင်းဒဏ်ကြောင့် ပြည်သူလူထု ဆင်းရဲ ဒုက္ခရောက်နေချိန် ၂၀၀၈ ခုနှစ် မေလတွင် သေနတ်ဖြင့် ခြိမ်းခြောက်၍ မည်ကာမတ္တ လူထုဆန္ဒ ခံယူပွဲဖြင့် ညောင်နှစ်ပင် ဖွဲ့စည်းပုံ အခြေခံမူကြမ်းကို မျက်နှာပြောင်တိုက် အတည်ပြုခဲ့သည်။ (၉၂) ရာခိုင်နှုန်းကျော် လူထုဆန္ဒမဲ ထောက်ခံမှုအရ ၂၀၀၈ ဖွဲ့စည်းပုံကို အတည်ပြုလိုက်ကြောင်း အရှက်ကင်းမဲ့စွာ ကြေညာခဲ့သည်။ ဆက်လက်၍ ၂၀၁၀ ပြည့်နှစ်တွင် လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပမည်ဟုလည်း အခြေအမြစ်မဲ့စွာ ကြေညာခဲ့သည်။
သို့သော် ၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင် လူထုဆန္ဒမဲ (၈၂) ရာခိုင်နှုန်း အနိုင်ရရှိခဲ့သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ပါလီမန်တွင် စစ်ဗိုလ် တမတ်သား အလိုအလျောက် ပါဝင်မည့် နအဖ၏ ၂၀၀၈ ညောင်နှစ်ပင် ဖွဲ့စည်းပုံ အခြေခံဥပေဒေသည် ဒီမိုကရေစီ နည်းမကျသဖြင့် ပြန်လည် သုံးသပ် ပြင်ဆင်ရန် လိုသည်ဟု ၂၀၀၉ ခုနှစ် ဧပြီလ (၂၉) ရက်နေ့တွင် ‘ရွှေဂုံတိုင်ကြေညာစာတမ်း’ ၌ ဝေဖန် ထောက်ပြခဲ့သည်။ ထိုအချက်ကို နအဖက လက်ခံမှသာ၂၀၁၀ ရွေးကောက်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်ရန် စဉ်းစားမည်ဟုလည်း တောင်းဆိုခဲ့သည်။ အန်အယ်လ်ဒီ၏ ‘ရွှေဂုံတိုင်ကြေညာ စာတမ်း’ ကို ပြည်တွင်း ပြည်ပရှိ အတိုက်အခံ အင်အားစုများကလည်း သဘောတူ ထောက်ခံခဲ့ကြသည်။ စင်စစ် ယနေ့ မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြဿနာသည် ရွေးကောက်ပွဲကျင်းပ အဖြေထုတ်ယူရမည့် အဆင့်အထိ မရောက်သေးပေ။ လက်ငင်း ရှာရမည့်အဖြေမှာ တိုင်းရင်းသား ပြည်သူလူထု အများစုကြီးက သဘောတူ လက်ခံနိုင်မည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေတရပ် ပေါ်ထွန်းရေးဖြစ်သည်။ ထို့ကြောင့်လည်း အန်အယ်လ်ဒီနှင့် တိုင်းရင်းသား နိုင်ငံရေး အင်အားစုများက ရွေးကောက်ပွဲမကျင်းပမီ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲများ ကျင်းပရန် တောင်းဆို နေကြခြင်းဖြစ်သည်။
ရွေးကောက်ပွဲဟု ဆိုလိုက်သည်နှင့် နိုင်ငံသားတဦးချင်းစီ၏ ရွေးချယ်ပိုင်ခွင့်ကို လမ်းဖွင့်ပေးသည့် အစီအစဉ် ဖြစ်သဖြင့် ကောင်းသည်ဟု ယေဘုယျ ဆိုကြသော်လည်း လွတ်လပ်မျှတသည့် ရွေးကောက်ပွဲလား၊ အတုအယောင် ရွေးကောက်ပွဲလား၊ အရောင်အသွေးစုံ ပါဝင်ခွင့်ရှိသည့် ရွေးကောက်ပွဲလား၊ နိုင်ငံတကာ လေ့လာ အကဲခတ်သမားများ၏ ရှေ့မှောက်၌ မြင်သာထင်သာ ကျင်းပသည့် ရွေးကောက်ပွဲလား၊ တံခါးပိတ်ကျင်းပသည့် ရွေးကောက်ပွဲလား စသည်ဖြင့် မဆန်းစစ်ဘဲ ‘ကောင်းသည်’ ဟု မျက်စိမှိတ် မဆိုနိုင်ပေ။ ဒီမိုကရေစီ ဖြစ်စဉ်တွင် ‘ရွေးကောက်ပွဲ’ သည် ပဓာန ကျသော်လည်း၊ ပြည်သူလူထု၏ လိုအင်ဆန္ဒကို အကောင်အထည် ဖော်ဆောင် မပေးနိုင်လျှင် ယင်းရွေးကောက်ပွဲကား အချည်းနှီးသာ ဖြစ်လိမ့်မည်။
ပြည်သူလူထု၏ အခြေခံရပိုင်ခွင့်တို့ကို အာမခံသည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ဆိုသည်မှာ လူထု၏ အခွင့်အာဏာ (Mandate) ကို ရယူ ကျင့်သုံးမည့် အစိုးရနှင့် ပြည်သူလူထုတို့ အကြား သဘောတူ ချုပ်ဆိုထားသော လူမှု အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် (Social Contract) ဖြစ်သည်။ ယနေ့ (နိုင်ငံတော်၏ အချုပ်အခြာ အာဏာသည် နိုင်ငံသားများထံမှ တိုက်ရိုက် ဆင်းသက်စေရမည်) ဆိုသော အချက်ကို အစိုးရအာဏာ ရယူကျင့်သုံးနေသူများက နည်းအမျိုးမျိုးဖြင့် မှေးမှိန်အောင် ပြုလုပ်ထားကြသည်။ မြန်မာ စစ်အာဏာရှင် တို့ကမူ နိုင်ငံသားများက ပိုင်ဆိုင်သည့် အချုပ်အခြာ အာဏာကို သူတို့၏ ဘိုးဘွားမိဘပိုင် ပစ္စည်းသဖွယ် ထင်ရာစိုင်း ကျင့်သုံး နေကြသဖြင့် ပို၍ဆိုးပေသည်။ ဥပမာအားဖြင့် ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ပစ်ပယ်လျက် အာဏာ ဆက်သိမ်းထားသည်မှာ ပြည်သူလူထုနှင့် တကွ ဒီမိုကရေစီ ကျင့်စဉ်ကို သရော်မော်ကား လုပ်ခြင်းဖြစ်သည်။
စင်စစ် ရွေးကောက်ပွဲဆိုသည်မှာ ဒီမိုကရေစီကျင့်စဉ်၏ အစိတ်အပိုင်း ဖြစ်ရုံမျှမက လူ့အခွင့်အရေးဆိုင်ရာ ရပိုင်ခွင့်လည်း ဖြစ်သည်။ ‘အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း’ အပိုဒ် (၂၁) တွင် ယခုကဲ့သို့ ဖော်ပြထားသည်။
(၁) လူတိုင်းသည် မိမိတို့နိုင်ငံ၏ အစိုးရဆိုင်ရာလုပ်ငန်းများတွင် တိုက်ရိုက်ဖြစ်စေ၊ လွတ်လပ်စွာ ရွေးချယ် တင်မြှောက်ထားသော ကိုယ်စားလှယ်များမှ တဆင့်ဖြစ်စေ ပါဝင် ဆောင်ရွက်ရန် အခွင့်အရေးရှိသည်။
(၂) လူတိုင်းသည် မိမိတို့နိုင်ငံ၏ အများပြည်သူဆိုင်ရာ ၀န်ဆောင်မှုလုပ်ငန်းများကို ညီမျှစွာ ရယူ ခံစားပိုင်ခွင့် ရှိစေရမည်။
(၃) ပြည်သူအများ၏ဆန္ဒသည် အစိုးရအာဏာပိုင်စိုးမှု၏ အခြေခံအုတ်မြစ် ဖြစ်စေရမည်။ ဤဆန္ဒများကို ပုံမှန်အချိန် အပိုင်း အခြားအလိုက် ကျင်းပသော၊ ‘စစ်မှန်သော ရွေးကောက်ပွဲများ’ ဖြင့် ဖော်ပြရမည်ဖြစ်ပြီး ဤ ရွေးကောက်ပွဲများတွင် လူတိုင်း မခွဲမခြား မဲပေးခွင့်ရှိ၍ လျှို့ဝှက် မဲပေးစနစ်ဖြင့်ဖြစ်စေ သို့မဟုတ် အလားတူ ညီမျှသော လွတ်လပ်သည့် မဲဆန္ဒပေးနိုင်သည့် လုပ်ငန်းစဉ်များဖြင့် ဖြစ်စေ ကျင်းပပေးရမည်။
‘အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း’ သည် လူ့အခွင့်အရေး ဆိုင်ရာ စံပြု သတ်မှတ်ထားသော အခြေခံ ကတိ က၀တ်များလည်း ဖြစ်သည်။ ထို့ပြင် “ကုလသမဂ္ဂ နိုင်ငံသား အခွင့်အရေးနှင့် နိုင်ငံရေး အခွင့်အရေးများ ဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက်” (UN International Convenant on Civil and Political Rights - ICCPR) ၏ အပိုဒ် (၂၅) တွင်လည်း နိုင်ငံသားတိုင်းအား ခွဲခြားကန့်သတ်မှု မရှိစေရဘဲ၊ ‘မဲပေးခွင့် အခွင့်အရေးနှင့် အခွင့်အလမ်း’ ရှိစေရမည်ဖြစ်ပြီး ‘ရွေးချယ်ခံပိုင်ခွင့်’ လည်း ရှိစေရမည်ဟု ဖော်ပြထားသည်။
ဤနေရာ၌ ‘ဥရောပလုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့’ (The Organization for Security and Co-operation in Europe – OSCE) ၏ သဘောတူညီချက် မှတ်တမ်းများအား ကိုးကားလျက် ရွေးကောက်ပွဲ ကျင့်ဝတ်များနှင့် စပ်လျဉ်း၍ နိုင်ငံအများ လိုက်နာရမည့် အချက်အလက် အနှစ်ချုပ်ကို ဖော်ပြလိုသည်။
● သင့်လျော်သော ကာလအပိုင်းအခြားတွင် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများ ကျင်းပပေးရမည်။
● ဥပဒေပြုလွှတ်တော်တွင် ကိုယ်စားလှယ်နေရာအားလုံးကို လူထုအများစု၏ ဆန္ဒမဲဖြင့် ရွေးချယ် တင်မြှောက်ရမည်။
● လူမျိုး၊ အသားအရောင်၊ ကိုးကွယ်မှု၊ လိင် အစရှိသော အကြောင်းပြချက်များဖြင့် ခွဲခြား ဆက်ဆံ ခံရခြင်း မရှိစေဘဲ နိုင်ငံသားတိုင်း တန်းတူညီမျှ မဲပေးနိုင်ခွင့်နှင့် ရွေးချယ်ခံပိုင်ခွင့် အခွင့်အရေးများ ရရှိရန် အာမခံရမည်။
● ဆန္ဒမဲများကို လျှို့ဝှက်စနစ်ဖြင့် ပေးနိုင်အောင် စီမံ ဆောင်ရွက်ပေးရမည်။
● ရိုးသားဖြောင့်မတ်စွာ မဲရေတွက်၍ အစီရင်ခံတင်ပြရမည်။ ရလဒ်ကို အများပြည်သူသိရှိ နိုင်ရန်လည်း ကြေညာ ပေးရမည်။
● အစိုးရအာဏာပိုင်များ၊ တာဝန်ရှိသူများက နိုင်ငံသားများ၏ ရွေးချယ်ခံပိုင်ခွင့်ကို လေးစား အသိအမှတ် ပြုရမည်။
● နိုင်ငံရေးပါတီများတည်ထောင်ခွင့်ကို လေးစားအသိအမှတ်ပြု၍ ပါတီအားလုံးကို ဥပဒေရှေ့မှောက်၌ တန်းတူ အခွင့် အရေးများ ပေးကာ ယှဉ်ပြိုင်စေရမည်။ အာဏာပိုင်များက ပါတီအားလုံးကို မခွဲမခြား တန်းတူ ဆက်ဆံရမည်။
● ပါတီများအား လွတ်လပ်ပွင့်လင်းသော ၀န်းကျင်တွင် နိုင်ငံရေး စည်းရုံးမှုများ ဆောင်ရွက်ခွင့် ပေးရမည်။ နိုင်ငံရေး ပါတီများ အပေါ်၌ဖြစ်စေ၊ ကိုယ်စားလှယ်များ အပေါ်၌ဖြစ်စေ၊ မဲဆန္ဒရှင် ပြည်သူများ အပေါ်၌ဖြစ်စေ၊ အာဏာပိုင်များက မလျော် မကန်ပြုမှု၊ ခြိမ်းခြောက်မှု၊ အကြမ်းဖက်မှု၊ လက်စားချေမှုများ ပြုလုပ်မည်ကို ကြောက်ရွံ့နေရသည့် အခြေအနေများ မရှိစေရ။
● သတင်းမီဒီယာကို အကန့်အသတ်မရှိ၊ ခွဲခြားမှုမရှိ၊ လွတ်လပ်စွာ တန်းတူ အသုံးပြုခွင့် ပေးရမည်။
● မဲအရေအတွက် ပြည့်မီသည့် အနိုင်ရ ကိုယ်စားလှယ်များအား သက်ဆိုင်သည့် အခွင့် အာဏာကို အပ်နှင်းရမည်။
● နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်စာတမ်းများတွင် တိုင်းရင်းသား လူနည်းစု အုပ်စုများကို ကာကွယ် စောင့်ရှောက်ရေးနှင့် ထိုအုပ်စုဝင် လူသားတိုင်းအား တန်းတူ နိုင်ငံရေး ရပိုင်ခွင့်များ ပေးရန် ဖော်ပြထားပြီး ဖြစ်သည်။ ‘ကုလသမဂ္ဂ၏ လူမျိုးရေး ခွဲခြားဖိနှိပ်မှု ပုံသဏ္ဌာန်အားလုံး ဖျက်သိမ်း ဖယ်ရှားရေး နိုင်ငံတကာ သဘောတူညီချက်’ (UN Convention on the Elimination of All Forms of Racial Discrimination) နှင့် (OSCE) ၏ ‘၁၉၉၁ ခုနှစ် ရှုထောင့်ဆိုင်ရာ မော်စကို မှတ်တမ်းများ’ (1991 Moscow Document on the Human Dimension) တွင် တိုင်းရင်းသား လူနည်းစုများအား တန်းတူနိုင်ငံရေး ရပိုင်ခွင့်များ ပေးရန် ဖော်ပြထားကြောင်း တွေ့နိုင်သည်။ ဆိုလိုသည်မှာ ရွေးကောက်ပွဲသည် လူ့အခွင့်အရေး ဆိုင်ရာ ရပိုင်ခွင့်ဖြစ်သည့် အလျောက် တိုင်းရင်းသား လူနည်းစုများအားလည်း တန်းတူ နိုင်ငံရေး ရပိုင်ခွင့်များ ပေးရမည်။
● နောက်ထပ် အရေးကြီးသော ကိစ္စတရပ်မှာ အစိုးရနှင့် ပြည်သူ့ လုပ်ငန်းဆောင်တာ များတွင် ‘အမျိုးသမီးများ’ ပိုမိုတိုးတက် ပါဝင် ဆောင်ရွက်ခွင့် ရရှိရေးဖြစ်သည်။ ‘အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း’ နှင့် အခြား နိုင်ငံတကာ စာချုပ် စာတမ်းများတွင် လူမျိုး၊ အသားအရောင်၊ ကိုးကွယ်မှု၊ လိင် အစရှိသော အကြောင်းပြချက်များဖြင့် ခွဲခြား ဆက်ဆံခံရံခြင်း မရှိစေဘဲ နိုင်ငံသားတိုင်း တန်းတူညီမျှ မဲပေးနိုင်ခွင့်နှင့် ရွေးချယ်ခံပိုင်ခွင့် အခွင့်အရေးများ ရရှိစေရမည်ဟု ဖော်ပြထားသည်။
ထိုကိစ္စနှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များကို ‘ကုလသမဂ္ဂ အမျိုးသမီးများ ခွဲခြားဆက်ဆံခံရမှု ပပျောက်ရေးဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက်’ (UN Convention for the Elimination of Discrimination Against Women – CEDAW) နှင့် (OSCE) ၏ ‘၁၉၉၁ ခုနှစ် ရှုထောင့်ဆိုင်ရာ မော်စကိုမှတ်တမ်းများ’ (1991 Moscow Document on the Human Dimension) တွင် တွေ့နိုင်သည်။
ဤသဘောတူညီချက် မှတ်တမ်းများအရ ‘ရွေးကောက်ပွဲ’ သည် ‘လူ့အခွင့်အရေးဆိုင်ရာ ရပိုင်ခွင့်’ တွင် အကျုံးဝင်သဖြင့် ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံ အသီးသီးအနေဖြင့် ‘နိုင်ငံတကာ စံချိန်စံညွှန်းများ’ ကို လိုက်နာရန် တာဝန်ရှိသည်။ ‘နိုင်ငံတကာ စံချိန်စံညွှန်းများ’ ၏ သဘောသည် ကျယ်ပြန့်၍ ယေဘုယျဆန်ကာ နိုင်ငံအများ လိုက်နာ အကောင်အထည် ဖော်နိုင်စေမည့် မူဘောင်များဟု ဆိုနိုင်သည်။ သက်ဆိုင်ရာ နိုင်ငံများအနေဖြင့် ရွေးကောက်ပွဲများ ကျင်းပကြရာတွင် ထိုစံချိန် စံညွှန်းများကို လိုက်နာ ကျင့်ကြံရန် လိုအပ်ပေသည်။
နိုင်ငံများသည် ယင်းရွေးကောက်ပွဲ စံချိန်များကို မည်၍မည်မျှ လိုက်နာကြသနည်း ဆိုသည်ကို သိရှိနိုင်ရန် လေ့လာ စောင့်ကြည့် သူများ ထားရှိဖို့လည်း လိုအပ်ပြန်သည်။ ၁၉၉၀ ခုနှစ်က ‘ကိုပင်ဟေဂင်’ ၌ ကျင်းပသော (The Organization for Security and Co-operation in Europe) OSCE ညီလာခံတွင် ‘ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်သူများ’ ၏ အခန်းကဏ္ဍကို ထည့်သွင်း ဖေါ်ပြခဲ့သည်။ နိုင်ငံတကာ (သို့မဟုတ်) ပြည်တွင်းမှ ‘ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်သူများ’ ရှိနေခြင်းအားဖြင့် ရွေးကောက်ပွဲ၏ လွတ်လပ်မှု၊ တရားမျှတမှု ဆိုင်ရာ ယုံကြည် ကိုးစားနိုင်မှု အခြေအနေ နှုန်းစံများကို ပိုမို မြင့်မားစေမည်ဖြစ်သည်။ ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်မှု လုပ်ငန်းစဉ်သည် လူ့အခွင့်အရေး ကာကွယ် မြှင့်တင်ခြင်းနှင့်လည်း တိုက်ရိုက် ဆက်စပ် နေသည်။
ပြည်တွင်း၌ ရွေးကောက်ပွဲစောင့်ကြည့်အဖွဲ့များ ရှိခြင်းအားဖြင့် ဥပဒေ ချိုးဖောက်မှုများကို ထိန်းကျောင်း ပေးနိုင်၍ ရွေးကောက်ပွဲ ရလဒ်အပေါ် လူထု၏ ယုံကြည်အလေးထားမှုကို ရရှိစေသည်။ ရွေးကောက်ပွဲတွင် လူထု၏ ပူးပေါင်းပါဝင်မှုကိုလည်း ပိုမိုအားပေးရာ ရောက်သည်။ ၁၉၉၀ မေ (၂၇) ရွေးကောက်ပွဲတွင် ‘အစိုးရ မဟုတ်သော ရွေးကောက်ပွဲ စောင့်ကြည့်အဖွဲ့’ မျိုးကို စောင့်ကြည့်ခွင့် မပြုခဲ့။ ထူးခြားချက်မှာ လူထုက စည်းလုံး ညီညွတ်စွာ ရွေးကောက်ပွဲ စောင့်ကြည့်တာဝန်ကို ယူခဲ့ကြခြင်းဖြစ်သည်။ အခြား အခြေအနေ တခုမှာ စစ်အာဏာရှင် တို့၏ ဥပဒေမဲ့ ဖိနှိပ်မှုများ အဆမတန် များခြင်းမှာလည်း လူထု၏ နိုင်ငံရေး အသိနှင့် ဆုံးဖြတ်ချက်တို့ကို ပိုမို ခိုင်မာပြတ်သား လာစေသည့် အကြောင်းဟု ဆိုနိုင်သည်။ ထိုအချက်ကြောင့်ပင် လူထုက ရွေးကောက်ပွဲ၌ မည်သူအား ဆန္ဒမဲ ပေးရမည် ဆိုခြင်းကို တွေဝေမှု မရှိဘဲ ဆုံးဖြတ်နိုင်ခဲ့သည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အား ပုံအော မဲထည့်ခဲ့ကြသည်။
အထူးအလေးအနက် ပြောစရာကိစ္စအချို့ ရှိသေးသည်။ နိုင်ငံတကာ သဘောတူ စာချုပ်များတွင် အောက်ပါ အချက်တို့ကို အထပ်ထပ် အဖန်ဖန် လိုက်နာရန် တိုက်တွန်း ထားသည်ကို တည်ဆဲ အစိုးရများအနေဖြင့် လေးစားလိုက်နာ စောင့်ထိန်းကြရမည့် ၀တ္တရားရှိသည်။
● နိုင်ငံရေးပါတီများတည်ထောင်ခွင့်ကို လေးစားအသိအမှတ်ပြု၍ ပါတီအားလုံးကို ဥပဒေရှေ့မှောက်၌ တန်းတူ အခွင့်အရေးများ ပေးကာ ယှဉ်ပြိုင်စေရမည်။ အာဏာပိုင်များက ပါတီအားလုံးကို မခွဲမခြား တန်းတူ ဆက်ဆံရမည်။
● ပါတီများအား လွတ်လပ်ပွင့်လင်းသော ၀န်းကျင်တွင် နိုင်ငံရေးစည်းရုံးမှုများ ဆောင်ရွက်ခွင့် ပေးရမည်။ နိုင်ငံရေး ပါတီများ အပေါ်၌ဖြစ်စေ၊ ကိုယ်စားလှယ်များ အပေါ်၌ဖြစ်စေ၊ မဲဆန္ဒရှင် ပြည်သူများ အပေါ်၌ဖြစ်စေ၊ အာဏာပိုင်များက မလျော်မကန်ပြုမှု၊ ခြိမ်းခြောက်မှု၊ အကြမ်းဖက်မှု၊ လက်စားချေမှုများ ပြုလုပ်မည်ကို ကြောက်ရွံ့ နေရသည့် အခြေအနေများ မရှိစေရ။
သို့သော် ယင်းကတိက၀တ်တို့ကို မြန်မာစစ်အစိုးရက မသိကျိုးကျွန်ပြုလျက် ရှိကြောင်း သက်သေ သာဓကများ တွေ့ခဲ့ရပြီး တွေ့နေရဆဲ ဖြစ်သည်။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲကို ပြန်ကြည့်လျှင်လည်း စစ်အစိုးရက ကျောထောက် နောက်ခံ ပေးထားသော ‘တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ (တစည)’ က ငွေကြေး အင်အား တောင့်တင်းစွာဖြင့် မဲနိုင်ရေး အားထုတ်ခဲ့သည်။ တစညပါတီ၏ အဓိက အမှားမှာ မဆလ၏ ငွေကြေးနှင့် ပစ္စည်းပစ္စယ အမြောက်အမြားကို အမွေခံယူခဲ့ခြင်း ဖြစ်သည်။ ထိုအမွေများသည် နိုင်ငံပိုင် ပြည်သူ့ ဘဏ္ဍာများဖြစ်သည်။ ယင်း ဘဏ္ဍာငွေကြေးတို့ကို အသုံးပြု၍ ပါတီအမာခံများ မွေးခြင်း၊ ကျွေးမွေး ဧည့်ခံပွဲများဖြင့် မဲဆွယ် ဟောပြောပွဲများ ပြုလုပ်ခြင်း၊ အတိုက်အခံ ပါတီခေါင်းဆောင်များအား အပုပ်ချသည့် စာရွက် စာတမ်းများ ဖြန့်ဝေခြင်း အစရှိသော မရိုးမဖြောင့်၊ ဥပဒေနှင့် မညီသည့် နိုင်ငံရေး လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြောင်း တွေ့ခဲ့ရသည်။ တစည၏ အဆိုးဆုံးအမှားမှာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံရေးအပုပ်ချ၊ ပုဂ္ဂိုလ်ရေး ထိုးနှက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ရလဒ်မှာ လူထုက တစညပါတီကို ပိုမိုရွံရှာလာခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အပေါ် ပိုမို ထောက်ခံလာခဲ့သည်။
ယခုလည်း နအဖစစ်အစိုးရသည် ထို ‘ကရွတ်ကင်းလျှောက် အမှားသံသရာ’ အတွင်း ဆက်လက် လျှောက်လှမ်းနေဆဲ ဖြစ်သည်။ ဒီပဲယင်း နိုင်ငံရေး လုပ်ကြံမှုမှာ အလွန်ထင်ရှားသည်။ နိုင်ငံပိုင် သတင်းစာနှင့် မီဒီယာများကို တဖက်သတ် အလွဲသုံးစားပြုလျက် အန်အယ်လ်ဒီနှင့် ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံရေးအပုပ်ချ၊ ပုဂ္ဂိုလ်ရေး ထိုးနှက်တိုက်ခိုက်မှုများ ပြုလုပ်မြဲ ပြုလုပ်နေသည်။ ထို့ပြင် နအဖသည် ‘ရွေးကောက်ပွဲဥပဒေ’ နှင့် ‘နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ’ များကို မထုတ်ပြန်သေးဘဲ လက်ဝေခံများ၊ ကြံ့ဖွံ့နှင့် တစည ကိုယ်စားပြုသူများကို မဲဆွယ်လှုပ်ရှားမှုများ လုပ်ခွင့် ပေးထားပြန်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုမူ အမှုမရှိ အမှုရှာ ချုပ်နှောင် ထားဆဲရှိသည်။ ယင်းလုပ်ရပ်များသည် နိုင်ငံတကာ လူ့အခွင့်အရေး ဆိုင်ရာ ကတိက၀တ်များကို ဗြောင်ကျကျ ချိုးဖောက်ခြင်း ဖြစ်သည်။
ပြည်သူလူထု အထူးသတိပြု မှတ်သားသင့်သည့်အချက်မှာ န၀တ၏ ပြည်သူ့ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေအမှတ် (၁၄/ ၈၉) ကို ၁၉၈၉ ခုနှစ် မေလ (၃၁) ရက်နေ့တွင် ပြဋ္ဌာန်း ခဲ့ခြင်းဖြစ်သည်။ ၁၉၉၀ မေ (၂၇) ရွေးကောက်ပွဲမတိုင်မီ (၁) နှစ်တိတိ ဖြစ်သည်။ ယင်းဥပမာအရ ဆိုလျှင် ၂၀၁၀ ခုနှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပရေး ကိစ္စကို ဆက်လက် ဆောင်ရွက်ခြင်း မပြုသင့်ချေ။ ‘ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ’ နှင့် ‘နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ’ များကို ယခုထိ မထုတ်ပြန်သေးဘဲ ၂၀၁၀ တွင် ရွေးကောက်ပွဲ လုပ်မည်ဆိုပါက အတိုက်အခံပါတီများအား လုံလောက်သည့် ပြင်ဆင် စည်းရုံးချိန် မပေးလိုသော သဘောဖြစ်ပေမည်။ ထိုလုပ်ရပ်သည် အထက်တွင် ဆိုခဲ့သည့်အတိုင်း နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ ပြဋ္ဌာန်းချက်များကို လိုက်နာရန် ပျက်ကွက်ခြင်း ဖြစ်သည်။ လက်ငင်း မြန်မာ့ နိုင်ငံရေး ပြဿနာမှာ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို အာမခံမည့် ဖွဲ့စည်းပုံ ဖြစ်ပေါ်ရေးဖြစ်သည်။ သို့မှသာ လူထုဆန္ဒကို မှန်ကန်စွာ ကိုယ်စားပြုမည့် ပြည်သူ့ လွှတ်တော် တရပ်ကို ထူထောင်နိုင်မည် ဖြစ်သည်။
လက်ရှိနိုင်ငံရေးရာသီဥတုအခြေအနေမှာ ‘အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း’၊ ‘အပိုဒ်၂၁’ ကို ဖော်ဆောင်နိုင်မည့် အနေအထားမရှိ။ ၂၀၀၈ ဖွဲ့စည်းပုံသည် အဆိုပါ လူ့အခွင့်အရေး ရပိုင်ခွင့်နှင့် ဆန့်ကျင်ဘက် အရပ်သို့ ဦးတည်နေသည်။ ထို့ကြောင့် လူ့အခွင့်အရေး ကြေညာစာတမ်း ‘အပိုဒ်-၂၁’ နှင့် ဆီလျော်အောင် ၂၀၀၈ ဖွဲ့စည်းပုံကို ပြန်လည် သုံးသပ် ပြင်ဆင်ရမည်။ အတိုက်အခံ ပါတီများအပါအ၀င် နိုင်ငံရေး ပါတီ အသီးသီးအား လုံလောက်သည့် ပြင်ဆင် စည်းရုံးချိန် ပေးရမည်။ ပါတီများအား လွတ်လပ် ပွင့်လင်းသော ၀န်းကျင်တွင် နိုင်ငံရေး စည်းရုံးမှုများ ဆောင်ရွက်ခွင့်ပေးရမည်။ နိုင်ငံရေးပါတီများ အပေါ်၌ဖြစ်စေ၊ ကိုယ်စားလှယ်များ အပေါ်၌ဖြစ်စေ၊ မဲဆန္ဒရှင် ပြည်သူများ အပေါ်၌ဖြစ်စေ၊ အာဏာပိုင်များက မလျော်မကန်ပြုမှု၊ ခြိမ်းခြောက်မှု၊ အကြမ်းဖက်မှု၊ လက်စားချေမှုများ ပြုလုပ်မည်ကို ကြောက်ရွံ့နေရသည့် အခြေအနေများ မရှိစေရ။ ယင်းသို့သော နိုင်ငံရေး ရေခံမြေခံမျိုး ဖန်တီးပြီးနောက်မှ ရွေးကောက်ပွဲဥပဒေ ထုတ်ပြန်ပေးရမည်။ ထို့နောက် အနည်းဆုံး တနှစ်အချိန်ပေးမှသာ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်နိုင်စရာ ရှိသည်။ နိဂုံးချုပ်ရလျှင် ၂၀၁၀ တွင် ရွေးကောက်ပွဲ ကျင်းပရန်မသင့်။ လက်ရှိ အခြေအနေနှင့် အချိန်ကာလ အောက်တွင် လူ့အခွင့်အရေး အာမခံချက် မရှိသော ၂၀၁၀ ရွေးကောက်ပွဲကို တိုင်းရင်းသား ပြည်သူတရပ်လုံးက သွေးစည်း ညီညွတ်စွာ ၀ိုင်းဝန်း ဆန့်ကျင်ကြရန် တာဝန်ရှိပေသည်။
ကိုးကား ။ ။
(၁) ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှတ်တမ်း - မြန်မာ့အလင်း အောင်သန်း
(၂) ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှတ်တမ်း - ဦးခင်ကျော်ဟန် (ရေနံချောင်းမြို့နယ် အမှတ် (၂) ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်)
(၃) ပြည်တွင်းရွေးကောက်ပွဲများ စောင့်ကြည့်လေ့လာရေးအတွက် လက်စွဲ။ OSCE ၏ ဒီမိုကရေစီ အဖွဲ့ အစည်းများနှင့် လူ့အခွင့်အရေး ဆိုင်ရာရုံး ODIHR မှ ထုတ်ဝေ ဖြန့်ချီသည်။
Ref: ခေတ်ပြိုင်
Thursday, January 7, 2010
ဘလော့ဂါများ
ကမှအ အက္ခရာစဉ်
က
ကသစ်ဝိုင် ဝိပဿနာ
ကလိုစေးထူး
ကနေဒါမြန်မာ
ကရဝိတ်၏တေးသံချို
ကောင်းကင်
ကောင်းကင်ကို
ကောင်းကင်ပြာ
ကာရီကေးချား
ကောင်မလေး
ကျေးလက်နိုင်ငံတော်
ကျေးလက်သားလေး
ကျွန်တော်၏ဘလော့ဂ်
ကျွန်တော့်အိမ်
ကိုမျိုး(UAE)
ကိုဝေ
ကျော်ဇေယ
ကျော်မင်းထွန်း
ကျော်မင်းနိုင်
ကျော်ခိုင်
ကျော်ဟိန်း
ကျော်သူရ
ကိုကို
ကိုကျော်
ကိုကိုမောင်အေး
ကိုရင်နော်ခင်လေးငယ်
ကိုထွေး
ကိုမျိုးအောင်
ကိုမောင်
ကိုရင်နော်ခင်လေးငယ်
ကိုဦး+မသန္တာ
ကိုငယ်
ကိုဇင်
ကိုကျော်ထက်
ကိုပေါ
ကိုရဲ
ကိုကျော်မြင့်ဦး
ကိုမျိုးသန့်
ကိုအောင်
ကိုထွေး
ကိုဝတုတ်
ကိုအောင်သူ
ကိုယ်ရံတော်
ကော့သောင်းသား
ကောင်းခန့်ဇင်
Kawn Mon Win ကောင်းမွန်ဝင်း
ခ
ခမိခဆဲ
ခင်မောင်ရွှေ
ခင်မင်းဇော်
ခင်မမမျိုး
ခင်မျိုး
ခင်မင်းဟန်
ခင်မာလာအောင်
ခွန်မြလှိုင်
ခွတ်ဒေါင်းသွေး
ခိုင်ဇော်
ခန့်ဇော်အောင်
ချမ်းမြစိုး
ချမ်းလင်းနေ
ချမ်းမြဦး
ချစ်ကြည်အေး
ချစ်သားငယ်
ချစ်ကလေး
ချစ်လေပြေ
ခြေလှမ်းသစ်
ဂ
ဂျိုး(ငြိမ်းချမ်းရေး)
ဂေါက်သီးရဲ့ ရင်တွင်းဖြစ်
ဂူးဂူး
ဂျစ်ပစီလေး
င
ငစနေ
ငယ်နိုင်
ငယ်ငယ်
ငှက်ငယ်လေးရဲ့ဒိုင်ယာရီ်
ငြိမ်းဝေ
ငြိမ်းချမ်း
စ
စန္ဒကူး
စတီဗင်အလက်ဇန္ဒား
စပ်မိစပ်ရာ
စစ်ကိုင်း
စောကျော်လွင်
စိတ်မီးအိမ်
စိုးမင်း
စိုးထက်
စိုးလေး
စိုးမိုးသိန်း
စိုင်းနက္ခ
ဆ
ဆရာဘ
ဆုံစည်းရာ
ဆွိသင်ဇာ
ဆွေနိုင်
ဆူရှီ
ဆန္ဒာလွင်
ဆိုးသွမ်း
ဆောင်းယွန်းလ
ဆိုင်းဘုတ်
ဆန်းဝင်း (ကျောက်ပန်းတောင်း)
ဆြာယော၏ မှတ်တမ်း
ဇ
ဇောင်း
ဇီဝက
ဇေဝသုန်
ဇော်မိုးအောင်
ဇော်ဇော်
ဇာနီမင်းထက်
ဇော်ရဲနိုင်
ဇင်ကိုလတ်
ဇင်အေးမိသားစု
ဇင်ယော်
ဇင်အောင် ၂၇
ဇော်ရဲနောင်
ဇိုးဇတ်
ည
ညမီးအိမ်
ညီလင်းဆက်
ညီထွဋ်
ညီရဲခေါင်
ညိမ်း
ညောင်ဦး
ညိုကြီး
တ
တီကောင်
တော်ကီ
တောင်ကြီးချယ်ရီမြေ
တေဇာဝင်း
တင်ဇာ
တင်ဇာ 21
တာဟန် သားများအတွက်
တက်လူငယ်
ကိုဖြိုးရဲ့ဆော့ဖ်ဝဲလ်မှတ်စုများ
တသက်တာ
တိုးတိုး
တွေးမိတာလေးတွေ
ထ
ထူးပ
ထူးတေဇာ
ထွန်းမျိုးလှိုင်
ထက်ထက်
ထက်နိုင်
ထားဖြူ
ထူးလမင်းအောင်
ထူးမြတ်
ထူးဆန်းအံ့ဖွယ် ဤကမ္ဘာ ၁
ထူးဆန်းအံ့ဖွယ် ဤကမ္ဘာ ၂
ဒ
ဒဿန
ဒီရေ
ဒီမိုဝေယံ
ဒီမိုကရေစီစွမ်းပကား တပ်မတော်အား
ဒေါင်းမာန်ဟုန်
ဒေါင်းကွင်း
ဒေါင်းဇာနည်
ဒေါက်တာလွဏ်းဆွေ
ဒေါက်တာထွန်းလင်းမိုး
ဒေါက်တာခိုင်မျိုး
ဒီးဒုတ်
ဒီကိုလာ
အိပ်မက်ကမ္ဘာ
န
နှလုံးသားကွန်ယက်
နေ့သစ်
နစ်နေမန်း
နှံကောင်
နေနေနိုင်
နေလင်းထူး
နေခြည်ဇော်
နေသန်း
နေလင်းအောင်
နေဇော်မင်းမောင်
နေရာသစ်
နေဇော်
နေမင်းနွယ်
နေဖုန်းလတ်
နေသွေးညို
နေမင်းညီ
နွေနှင်းမြူ
နွေလမင်း
နီနီဝင်း
နိုင်းနိုင်းစနေ
နိုင်ဝင်းလှိုင်
နိုင်မြန်မာ
နှစ်ကူး
နှင်းနဲ့မာယာ
နှင်းခါးမိုး
နှင်းပွင့်ဖြူလေး
နှင်းဝဿန်
ပ
ပလာတူးရဲ့အရူးလွယ်အိတ်
ပန်ဒိုရာ
ပန်းပွင့်လေး
ပန်းဝေသီ
ပန်းခရေ
ပန်းခရမ်းပြာ
ပေးဆပ်သူ
ပေါင်းသား
ပေါက်ပေါက်ဆုပ်
ပြခန်း
ပြည်ချစ်မောင်မဲ
ပြည့်ဖြိုးအောင်
ပြည့်စုံလေး
ပြည်သူ့ဘုန်းဘုန်း
ပြည့်စုံ
ပြည်စိုးရာဇာ
ပျံသန်းနေသောခွတ်ဒေါင်းတကောင်
ပျုနိုင်ငံ
ဖ
ဖိုးတရုတ် (စည်းလုံးခြင်းရဲ့အင်အား)
ဖက်တီးလေး
ဖိုးဇင်
ဖိုးပါ
ဖိုးသက်
ဖောင်းဖောင်း
ဖြိုးဝေကျော် (IT Mg Mg)
ဖြန့်ကျတ်ထားသော ကျွန်တော်၏ ၀ိဥာဉ်များ
ဗ
ဗမာလေး
ဗြက္ခ
ဘ
ဘသားချော
ဘဇံလင်း
ဘလော့ဂါလေး
ဘုရင့်နောင်
ဘိုစိုး
ဘိုဘိုလန်းစင်
မ
မင်္ဂလာပါ
မန္တလာ
မဒီဇွန်
မနက်သစ်
မနောသား
မလေးရှားမှမြန်မာ
မလေး Migrant
မနော်ဟရီ
မာယာ
မေဓါဝီ
မေမဒီ
မေသစ္စာမောင်
မိုးသောက်မာန်
မိုးညို
မိုးကုတ်မီဒီယာ
မိုးဂျိုး
မိုးနှင့်သီရိ
မိုးသောက်ယံ ရဲ့အခန်းငယ်
မိုးစက်
မိုးမခ
မိုးယံလွင့်
မိုးမိုး
မိုးအေး
မိုးမင်းသား
မုတ်သုံမိုးဦး
မျိုးမြင့်ချို
မျိုးကိုကို
မျိုးညီ
မျိုးဝင်းဇော်
မျိုးလှိုင်
မျက်လုံး
မင်းဒင်
မယ်လိုဒီမောင်
မာ့ခ်၏ ကိုယ်ပိုင် အတ္တများ
မင်းယွန်းသစ်
မင်းသစ္စာ
မင်းလွမ်းနောင် (ပန်းတနော်)
မုန်းမုန်း
မောင်ကောင်းအောင်
မောင်ဒိုင်း
မောင်ပါလ
မောင်ဖုန်းမြင့်
မောင်မောင်
မောင်မောင်လှဝင်း
မောင်ဘိုတောက်
မောင်မျိုးမင်း
မောင်လှ၏ ဒိုင်ယာရီ
မောင်ဝေယံ
မောင်ဇန်
မောင်သင်္ကြန်
မောင်ဝလုံး
မောင်ရိုး
မောင်ချစ်
မောင်စေတနာ
မွေးရပ်မြေ
မွန်းသက်ပန်
မိဘမေတ္တာ
မီးငယ်
မီးမီးငယ်
မီးသွေး
မေတ္တာရေစဉ်
မော်စကွီတို
မော်လမြိုင်သားတို့ နေတဲ့အိမ်
မှတ်မှတ်ရရ Hokkaido ကျွန်းရဲ့ပုံရိပ်လွှာများ
မြတ်ဆု
မြစ်ကျိုးအင်း
မြရွက်ဝေ
မြောက် ၇ ကောင်
မြတ်ဇော်လင်း
မြန်မာသင်္ဘောသားများ
မြန်မာပြည်သား (JACBA)
မြားပြာ
မြတ်သူရ
မြလွာ
မြန်မာအိုအေစစ်
မြန်မာပြည်ကိုလွမ်းတယ်
မြန်မာ့ပညာရေး
မြန်မာအင်ဂျင်နီယာ
ယ
ယမုံ
ယောလေး
ယောဟန်အောင်
ယင်းမာပင်မြို့
ယုံကြည်ရာရပ်ဝန်း
ရ
ရတနာ Foundation
ရှေးမြန်မာ
ရွှေညာသားလေး
ရွှေမိုးတိမ်
ရွှေရတုမှတ်တမ်း
ရွှေမြတ်
ရွှေမြန်မာအတွက် အသိနဲ့သတိ
ရွှေဂျမ်း
ရွှေအောင်ရဲ့ စိမ်းလန်းသောမြေ
ရွှေဂျမ်းသူ
ရွှေပြည်သူ
ရောင်ခြည်ဦး အလုပ်သမားများ အဖွဲ့
ရှမ်းကလေး
ရှမ်းရိုး
ရန်အောင်
ရန်ကုန်သား
ရန်ကုန်သူ
ရင်ငြိမ်းပန်း (Foundation)
ရင်ငြိမ်းပန်း (ဂရုဏာဖောင်ဒေးရှင်း)
ရင်ထဲရှိတာ
ရေပျော်ငှက်
ရွက်မွန်
ရဲလင်းဖြိုး
ရဲရင့်ငယ်
ရဲရင့် (ကနေဒါ)
ရင်ဝေးကြယ်
လ
လင်းကြယ်ဖြူ
လင်းပြာနွေ
လင်းထက်
လီယိုနတ်
လွယ်ကူမြန်ဆန် စားမြိန် ဟင်းချက်နည်းများ
လောရှည်
လေးမ
လေးဆယ့်ရှစ်
လီယိုဂျက်
လူသစ်
လူလ (ခရီးသည်၏မျောလွင့်ခြင်း)
လူဘောင်ချစ်ဘုန်းကျော်
လူကြီးမင်း
လှိုင်ဖြိုးလင်း
လုံမေ
လင်းလက်ကြယ်စင်
လေပြေသွေး
လူကလေး
လင်းငယ်၏မှတ်စုများ
ဝ
ဝလုံး
ဝင်္ကဘာ
ဝါဝါ 81
ဝင်းဇော်
ဝေဖြိုး
ဝေဟန်ထွဋ်
ဝါဆိုဦး
သ
သဇင်နီ
သီရိလွင်
သီဟကျော်ဇော
သန့်ဇင်
သန့်ဇင်အောင်
သူနှင်းဆီ
သူရိန်
သဒ္ဒာ
သရဖီ
သစ္စာ
သစ္စာနွယ်
သာကီနွယ်
သန္ဒာထက်
သက်ဝေ
သောင်းဦး
သံလုံငယ်
သံလွင်နဒီ သက်သေတည်
သက်ပိုင်သူ
သူငယ်ချင်းများ
သျှမ်းနီလူငယ်
ဟ
ဟိုလိုလိုဒီလိုလို
ဟန်းဂုရွာ
အ
အရှင်ကိလေသာ
အရှင်မေတ္တာစာရ
အရှင်ကုမာရ
အဇ္ဈတ္တပြခန်း
အဝီဇိ
အကြင်နာနန်းတော်
အပြာရောင်သက်တံ့
အမှတ်တရလေးများ
အမှောင်ထုထဲက အလင်းစက်များ
အလင်းတန်း
အလင်းရနံ့ဂျာနယ်
အချစ်ကြီးသူကြီး
အပြုံးပန်း
အိမ်နီ
အိမ်လေး
အိမ်မက်ချိုချို
အော်လံမောင်
အာလူး
အာဗြဲ
အောင်ချမ်းလင်း
အေးအေးသော်
အောင်ကောင်း
အောင်ကျော်မော်
အန်တီမြင့်
အိမ်မက်ဒိုင်ယာရီ
အေးချမ်းသူ
အောင်ဖြိုး
အေးအေးချမ်းချမ်း
အောင်မျိုးဟန်
အေးမျိုးဝင်း
အော်တိုကတ်
အေးမြတ်မြတ်ကို
အောင်မြေ
အိပ်မက်များနဲ့ ရှင်သန်ခြင်း
ဥ
ဥက္ကာကိုကို(သံတွဲ)
ဦးကုလားဟုခေါ်ပါသည်
ဦးကျော်လင်းဦး
၉၆ မျိုးဆက်
A to Z
Burma Strange News
Hiriautatpa
Ki Ki- Idiot Love
Universal Inter Faith
VOA Burmese Blog
Myanmar Defence
နေ့စဉ်သတင်းများ ( ၆ - ၁ - ၁၀)
■ လက်ခံနိုင်သည့် ရွေးကောက်ပွဲဖြစ်ဖို့ လုပ်ဆောင်မှု မတွေ့သေးကြောင်း အမေရိကန် ပြောကြား သတင်း
■ ၂၀၁၀ ရွေးကောက်ပွဲအပေါ် သံသယရှိသည်ဟု အမေရိကန်အစိုးရက ပြော သတင်း
■ စစ်အစိုးရ ရွေးကောက်ပွဲ အမေရိကန် မယုံကြည် သတင်း
■ ဗိုလ်ချုပ်မိသားစုများ ရွှေ ပိဿာလိုက် ဝယ်ယူ သတင်း
■ အငြိမ်းစား ပညာရေးဝန်ထမ်းစာရင်း ကောက်ခံ သတင်း
■ ဂျော်ဒန်မှာ မြန်မာအလုပ်သမား (၆၀၀) ခန့် လုပ်ငန်းခွင်တွင်း ဒုက္ခကြုံတွေ့ သတင်း
■ ရွာအပြင်ရှိ လယ်ခြံတောင်ယာ မထွက်ရ နအဖတပ်မှ အမိန့်ထုတ်ပြန် သတင်း
■ မိခင်ပါတီသို့ ပြန်လာရန် မွန်ပြည်သစ်ပါတီ၏ သဘောထားကြေညာချက် သတင်း
■ တာချီးလိတ်မှ ခြံမြေဈေးများ အဆမတန် ခုန်တက် သတင်း
■ ၀န်ထမ်းဘောလုံးသမားတွေကို ဌာနဆိုင်ရာက ပြန်ခေါ် သတင်း
■ ကလေးများနှင့် အမျိုးသမီးများအတွက် ကရင်အဆိုတော်များ ဂီတပွဲ ပြုလုပ်ခဲ့ သတင်း
■ အလွတ်သတင်းထောက် လှလှဝင်း ထောင်ဒဏ် နှစ် (၂၀) ချခံရမှု မီဒီယာစောင့်ကြည့်ရေးအဖွဲ့ ရှုတ်ချ သတင်း
■ မြန်မာဘလော့ဂ်များ ပြည်တွင်းမှာ လေးငါးရက် ပွင့်ပြီးမှ ပြန်ပိတ်ဆို့ခံရ သတင်း
■ ပါတီဥက္ကဌနှင့် အထွေထွေအတွင်းရေးမှူးအား တွေ့ဆုံခွင့်ရရန် SNLD တောင်းဆို သတင်း
■ စစ်အစိုးရ၏ ရွေးကောက်ပွဲကို မှုတ်ဆေးလှုပ်ရှားမှုဖြင့် ဆန့်ကျင်ဆန္ဒပြ သတင်း
■ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်သည့် လှုပ်ရှားမှု မွန်ပြည်နယ်တွင် ပြုလုပ် သတင်း
■ အေးဂျင့်များ ထိန်းသိမ်းခံရသဖြင့် မိသားစုများ တုန်လှုပ် သတင်း
■ ပုဂံဒေသ ကျေးရွာများသို့ ကမ္ဘာလှည့်ခရီးသွားများကို ပိတ်ပင် သတင်း
■ ကရင်မိန်းကလေးငယ်များကို နအဖစစ်တပ် ပေါ်တာဆွဲဟု မွန်လူ့အခွင့်အရေးအဖွဲ့ ပြော သတင်း
■ ကချင်သတင်းစာကို အစိုးရတပ်က တည်းဖြတ် သတင်း
■ ကချင်ပြည်နယ်နေ့ အခမ်းအနားကို ကချင်အဖွဲ့ပေါင်းစုံမှ တက်ရောက်မည် သတင်း
■ စစ်တကောင်းတွင် ရေပြင်ပိုင်နက်အငြင်းပွားမူကို ဖြေရှင်းရန် မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့တို့ တွေ့မည် သတင်း
■ မြန်မာအလုပ်သမား (၁၀၀) ခန့် ပြန်ပို့ခံရ သတင်း
■ ဝန်ထမ်းလစာ တိုးပေမယ့် မပျော်ရဲကြ သတင်း
■ FEC က ဒေါ်လာလဲနှုန်းထက် (၁၅) ကျပ် မြင့်တက် သတင်း
■ သစ်များ အဆမတန် ခုတ်ယူနေမှုတွင် အာဏာပိုင်များ ပါဝင်ပတ်သက်နေ သတင်း
■ စစ်အရာရှိကိုယ်တိုင် ရထားလက်မှတ် မှောင်ခိုလုပ် သတင်း
■ အတင်းအကျပ် ရောင်းခဲ့သည့် ဓာတ်မြေသြဇာများကြောင့် တောင်သူများ အခက်ကြုံ သတင်း
■ ပုဂ္ဂလိက စာပေဆုများကို စာပေစာနယ်ဇင်းမှ သတိပေး သတင်း
■ အတွင်းက စ ပြောင်းမှသာ (ဆောင်းပါး)
■ ၀က်စတင်ယူနီယံမှ ထောင်ဝင်စာ (ဆောင်းပါး)
■ ကရင်ဒုက္ခသည်များ၏ အဖြူရောင် ခရစ္စမတ် (ဆောင်းပါး)


BBC News
VOA News
DVB News
RFA News
မဇ္ဈိမ
ဧရာဝတီ
နေ့သစ်
သျှမ်းသံတော်ဆင့်
ကရင်သတင်းစဉ်
ကောင်းဝါ
ကချင်သတင်းစဉ်
ယနေ့မြန်မာ
ကန္တာရဝတီ တိုင်းမ်
ငုရင်ပြင်
ရိုးမ (၃)
မိုးမခ
ဟစ်တိုင်
ဟံသာဝတီ
နိရဉ္စရာ
ခေတ်လူငယ်
မြို့တော်ပုသိမ်သတင်းစဉ်
မြန်မာသတင်းရပ်ဝန်း
ရိုးရာလေး
Mandalay Gazette
People Media Voice
KIC News
BNI News
Burma Daily
Burma Digest
Burma Net
Kaladan
Network Media Group Rebound 88