Thursday, January 5, 2012

လွတ်လပ်ရေးနဲ့ ထိုက်တန်ကြောင်း ပြသဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

2012-01-04

မြန်မာ့လွတ်လပ်ရေး ခေါင်းဆောင်ကြီးတွေရဲ့ ယုံကြည်ချက် အတိုင်း မြန်မာ ပြည်သူတွေဟာ လွတ်လပ်ခွင့်နဲ့ ထိုက်တန်တယ် ဆိုတာ ပြသဖို့ ဒီကနေ့ ကျရောက်တဲ့ ၆၄ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မိန့်ခွန်းမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွားပါတယ်။

“ကျွန်မတို့ရဲ့ လွတ်လပ်ရေး ခေါင်းဆောင်ကြီးတွေက လွတ်လပ်ရေး ရအောင် ယူခဲ့တယ်ဆိုတဲ့ နောက်မှာ ဘာရှိနေလဲ ဆိုတော့ အင်မတန်မှ ခိုင်မာတဲ့ ယုံကြည်ချက်နဲ့ လေးနက်တဲ့ သန္နိဋ္ဌာန် ရှိပါတယ်။ ဒီယုံကြည်ချက်က ဘာလဲ ဆိုတာဟာ လူတိုင်းလူတိုင်း ဟာ လွတ်လပ်မှုနဲ့ ထိုက်တန်တယ် ဆိုတဲ့ ယုံကြည်ချက်ပဲ။ သန္နိဋ္ဌာန်က ဘာလဲဆိုတော့ ထိုက်တန်တယ် ဆိုတာ ကမ္ဘာက သိ အောင်လို့ ပြနိုင်မယ်ဆိုတဲ့ သန္နိဋ္ဌာန်ပဲ ဖြစ်ပါတယ်။ ဒီယုံကြည်ချက်တွေ ဒီသန္နိဋ္ဌာန်တွေဟာ ကျွန်မတို့က ဆက်လက်ပြီးတော့ ကိုင်စွဲသွားရမှာ ဖြစ်ပါတယ်။ လူတိုင်းလူတိုင်းဟာ လွတ်လပ်မှုနဲ့ ထိုက်တန်တယ်၊ ထိုက်တန် သလိုလည်း နေတတ်တယ်၊ ထိုက် တန်တယ် ဆိုတာကိုလည်း အများက သိအောင်လို့ ပြနိုင်တယ် ဆိုတဲ့ သန္နိဋ္ဌာန်နဲ့ ကျွန်မတို့ ဆက်ပြီးသွားရမှာ ဖြစ်ပါတယ်”


အန်အယ်လ်ဒီ ရွှေဂုံတိုင် ဌာနချုပ်မှာ ကျင်းပတဲ့ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားမှာ ဗဟိုအောင်နိုင်ရေး အဖွဲ့ တာဝန်ခံ ဦးတင်ဦး ကလည်း နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး အတွက် သန္နိဋ္ဌာန်ပြု ကြိုးပမ်းသွားမှာ ဖြစ်ကြောင်း ပြောကြားသွားပါတယ်။

“တစ်မျိုးသားလုံး လွတ်လပ်ရေး၊ လုံခြုံရေး၊ စိုးရိမ်ကြောင့်ကြမှု ကင်းဝေးစွာ နေထိုင်နိုင်ရေးတို့ အတွက် ယုံကြည် စိတ်ချစွာဖြင့် စည်းလုံး ညီညွတ်မှုသည် အရေးကြီးပါတယ်။ တစ်မျိုးသားလုံး စည်းလုံး ညီညွတ်စွာ ပါဝင် ကြိုးပမ်းရင် ထူးခြားတဲ့ အောင်ပွဲ မြန်မာနိုင်ငံ သမိုင်းမှာ ရစမြဲ ဖြစ်ခဲ့ပါတယ်”

လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေ အရပ်ရပ်ကြောင့် ဒီနှစ် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို အင်န်အယ်လ်ဒီ အနေနဲ့ အကျဉ်းရုံးပဲ ကျင်းပခဲ့ပါတယ်။

ဝါရင့် နိုင်ငံရေးသမားဟောင်းများ အဖွဲ့ကလည်း ပါရမီမှာ ရှိတဲ့ သခင်သိန်းဖေ နေအိမ်မှာ အခမ်းအနား ကျင်းပခဲ့ပြီး ဒေါ်အောင် ဆန်းစုကြည် တက်ရောက်ခဲ့ပါတယ်။

Ref: အာရ်အဖ်အေ

Read More...

မြန်မာအစိုးရရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကို အမေရိကန်အစိုးရ စိတ်ပျက်

2012-01-04

အကျဉ်းသားတွေကို ထောင်ဒဏ်လျှော့ပေးတဲ့ မြန်မာအစိုးရရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အပေါ် စိတ်ပျက်မိကြောင်း အမေရိကန် နိုင်ငံ ခြားရေးဝန်ကြီးဌာနမှာ အင်္ဂါနေ့က ပြုလုပ်တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီး Victoria Nuland က ပြောကြားလိုက်ပါတယ်။

အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသားတစ်ထောင်ကျော် ကျန်ရှိနေသေးတဲ့အပေါ် အမေရိကန်အစိုးရအနေနဲ့ စိုးရိမ်ပူပန် နေဆဲ ဖြစ်ကြောင်း၊ အမေရိကန်အနေနဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းက မြင်တွေ့ချင်တဲ့အတိုင်း နိုင်ငံရေး အကျဉ်းသားတွေအားလုံး လွတ်မြောက်တဲ့အထိ မြန်မာအစိုးရကို ဆက်လက်ဖိအားပေးသွားမှာ ဖြစ်ကြောင်း Ms. Nuland ပြောသွားပါတယ်။


ဒါ့အပြင် အမေရိကန်အစိုးရအနေနဲ့ ထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားတစ်ယောက်ကျန်နေတာကိုက များလွန်းလှတယ်ဆိုတာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ပြီးခဲ့တဲ့လ မြန်မာနိုင်ငံခရီးစဉ်အတွင်း မြန်မာခေါင်းဆောင်တွေကို ပြော ကြားထားခဲ့ပြီး ဖြစ်ကြောင်း၊ မြန်မာအစိုးရရဲ့ အခုဆောင်ရွက်ချက်ဟာ အမေရိကန်အစိုးရ အသိအမှတ်ပြုတုံ့ပြန်ရမယ့် အဆင့် တစ်ရပ်မဟုတ်ကြောင်းကိုလည်း Ms. Nuland ပြောပါတယ်။

မြန်မာအစိုးရအနေနဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်မှုမရှိရင် အမေရိကန်အစိုးရအနေနဲ့ ပြစ် ဒဏ်ခတ်ပိတ်ဆိုမှုတွေကို ရုပ်သိမ်းပေးမှာ မဟုတ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်က မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ပြောကြားခဲ့ပါတယ်။

Ref: အာရ်အဖ်အေ

Read More...

နိုင်ငံရေး အကျဉ်းသားကိစ္စ မြန်မာအစိုးရ အလေးအနက်မထားဟု ဝေဖန်

2012-01-04

လွတ်ငြိမ်းချမ်းသာခွင့်အမိန့်မှာ ထင်ရှားတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပါဝင်ခြင်းမရှိတာဟာ နိုင်ငံရေး အကျဉ်းသားကိစ္စကို မြန်မာ အစိုးရက အလေးအနက် မထားဘူးဆိုတာ ပြသရာရောက်နေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်ရေး အထူးကိုယ်စားလှယ်က ပြော ကြားလိုက်ပါတယ်။

လွတ်လပ်ရေးနေ့အချိန်ကာလနဲ့တိုက်ဆိုင်ပြီး ထုတ်ပြန်ကြေညာခဲ့တဲ့ သမ္မတဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်း သာခွင့်အမိန့်အရ လျှော့ရက် နဲ့ လွှတ်ပေးလိုက်တာနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Mr. Tomas Quintana က အခုလို ပြော ကြားလိုက်တာပါ။


နိုင်ငံရေးအကျဉ်းသားတွေကိစ္စမှာ သမ္မတ ဦးသိန်းစိန်က အခုလို ဆုံးဖြတ်လိုက်တာဟာ မြန်မာအစိုးရအနေနဲ့ နိုင်ငံတကာ ဆက်ဆံ ရေးမှာ အဆင်မပြေတာတွေကို ချောမွေ့စေရုံသက်သက် ဆောင်ရွက်ချက်မျိုးသာဖြစ်နေပါတယ်လို့လည်း Mr. Quintana က ပြောသွားပါတယ်။

ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေကို ဆက်လက် ဖမ်းဆီးချုပ်နှောင်ထားတာဟာ နိုင်ငံတကာ လူ့အခွင့်အရေး ပဋိညာဉ် စာချူပ် ဥပဒေတွေမှာပါတဲ့ အခွင့်အရေးတွေကို ဆက်ချိုးဖောက်နေတာပဲဖြစ်တယ်ဆိုတဲ့အချက်ကို မြန်မာအစိုးရအနေနဲ့ နားလည် သဘောပေါက်ပုံမရဘူးလို့လည်း မစ္စတာကင်တားနားက ပြောပါတယ်။

Ref: အာရ်အဖ်အေ

Read More...

အစိုးရကြေညာချက် ပြည်သူတွေ မကျေနပ်နိုင်လို့ ဦးဝင်းတင်ပြော

2012-01-04

နိုင်ငံရေး အကျဉ်းသားဟောင်း ဦးဝင်းတင်က အစိုးရရဲ့ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာချက်ကြောင့် ပြည်သူတွေ ရင်ထဲမှာ အကျိတ် အခဲတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ သတိပေး ပြောကြားလိုက်ပါတယ်။

ရန်ကုန်မြို့ ၈ မိုင် ပေါက်စေတီ ကျောင်းတိုက်မှာ ဒီကနေ့ မနက်ပိုင်းက ပြုလုပ်တဲ့ ၁၉၆၂ က ၂၀၀၇ နိုင်ငံရေး အကျဉ်းသား ဟောင်းများ တွေ့ဆုံပွဲမှာ ဦးဝင်းတင်က အခုလို ပြောခဲ့တာပါ။


ဒီပွဲမှာ ၁၉၆၂ ကျောင်းသားသမဂ္ဂ ခေါင်းဆောင် ဦးလှရွှေနဲ့ ဦးဝင်းတင်တို့က အမှာစကား ပြောကြားသလို ဒေါ်အောင်ဆန်းစုကြည် ကလည်း သ၀ဏ်လွှာ ပေးပို့ခဲ့ပါတယ်။ ဦးဝင်းတင်က အစိုးရ ထုတ်ပြန်တဲ့ လွတ်ငြိမ်း ချမ်းသာခွင့်ဟာ ပြည်သူတွေရဲ့ မျှော်လင့် ချက်တွေ၊ တောင်းဆိုချက်တွေကို လျစ်လျူရှုတာ ဖြစ်သလို ကိုယ့်အရှက် ကိုယ်ခွဲတာလည်း ဖြစ်တယ်လို့ ပြောပါတယ်။

“ကမ္ဘာမှာ ကိုယ့်ကိုယ်ကိုယ် အရှက်ခွဲပြတာ ဒီအစိုးရလို အစိုးရဟာ ဒီအစိုးရပဲ ရှိမယ်လို့ ကျွန်တော်တို့ ပြောလို့ရတယ်။ ဒီအခြေ အနေတွေ အကုန်လုံးဟာ ကျွန်တော်တို့ဆက်ပြီးတော့ ရုန်းကန်ပြီးတော့ လုပ်သွားရမှာပဲ ဖြစ်တယ်”

ပြည်သူတွေအနေနဲ့လည်း ကိုယ်လိုချင်တာ အတွက် ဆက်လက် ဆောင်ရွက်သွားဖို့ ဦးဝင်းတင်က ပြောပါတယ်။ နိုင်ငံရေး အကျဉ်းသား ၂၅၀ ကျော် တက်ရောက်တဲ့ ဒီတွေ့ဆုံပွဲကို ၁၉၇၄ နိုင်ငံရေး အကျဉ်းသားဟောင်း ဦးကိုကိုလေးက ကြီးမှူး စီစဉ်ပေးတာပါ။

Ref: အာရ်အဖ်အေ

Read More...

အမေရိကန်နဲ့ တရုတ် မြန်မာ့အရေး ဆွေးနွေး

04 ဇန်နဝါရီ 2012
ဒေါ်ခင်မျိုးသက်

အမေရိကန်နိုင်ငံရဲ့ မြန်မာနိုင်ငံအပေါ် သဘောထားနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံမှာ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကတ် ကမ်ဘဲလ် (Kurt Campbell) က ရှင်းလင်း ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ရာမှာ အမေရိကန်ပြည်ထောင်စုက ဆက်လက်အားပေး ကူညီနေတယ်လို့ တရုတ်၊ တောင်ကိုရီးယားနဲ့ ဂျပန်၊ အာရှ ၃ နိုင်ငံကို ခရီးထွက်လာတဲ့ မစ္စတာ ကမ်ဘဲလ်က တရုတ်နိုင်ငံ ခရီးစဉ်အပြီးမှာ ပြောကြားခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

အာရှ ၃နိုင်ငံ ခရီးထွက်လာတဲ့ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ကတ် ကမ်ဘဲလ်ဟာ ဇန်န၀ါရီလ ၃ရက် အင်္ဂါနေ့ မှာ တရုတ်နိုင်ငံကို ရောက်ရှိခဲ့ပြီး တရုတ်အစိုးရ တာဝန်ရှိသူတွေနဲ့ ဆွေးနွေး ခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဌာန ပြောခွင့်ရ ဗစ်တိုးရီးယား နူလန် (Victoria Nuland) က ပြောပါတယ်။

“လက်ထောက် နိုင်ငံခြားရေးဝန်ကြီးရဲ့ တရုတ်နိုင်ငံ ဘေဂျင်း ခရီးစဉ်ဟာ ပြီးဆုံးပါပြီ။ အခုဆိုရင် သူ့ရဲ့ ဒုတိယ ခရီးတထောက်ဖြစ်တဲ့ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်ကို ခရီး ဆက်နေပါပြီ။ ဘေဂျင်းမှာ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဂျန်ဂျီဂျွန်း (Zhang Zhijun) နဲ့ရော ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ချွေ တီယန်ကိုင် (Cui Tiankai) နဲ့ ပါတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆန်ရေးနဲ့ ဒေသတွင်း ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ပါတယ်။ အဲဒီမှာ မြန်မာနဲ့ မြောက်ကိုရီးယား အရေးတွေမှာ ပူးပေါင်းဆောင်ရွက်ရေး တွေကို အဓိကထား ဆွေးနွေးခဲ့တာပါ။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးရဲ့ မြန်မာနိုင်ငံ ခရီးစဉ်ကနေ ရလာတဲ့ အချက်အလက် တွေပေါ် မူတည်ပြီး မြန်မာနိုင်ငံ ပြုပြင် ပြောင်းလဲရေး လုပ်ဆောင်ရာမှာ အမေရိကန်က ဘယ်လိုအားပေး ဆောင်ရွက်နေတယ် ဆိုတာ ဆွေးနွေးခဲ့ပါတယ်။”

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) ရဲ့ မြန်မာနိုင်ငံ ခရီးစဉ် အပြီးမှာ မြန်မာနိုင်ငံ မှာ နိုင်ငံရေး လွတ်လပ်ခွင့်အတွက် အစပျိုးတဲ့ ခြေလှမ်းတွေ တွေ့နေရပေမယ့် တကယ်စစ်မှန်တဲ့ ပြောင်းလဲမှုတွေ ရှိလာဖို့ လုပ်စရာတွေ အများကြီး ကျန်နေသေးတယ်လို့ ပြောကြားခဲ့သလို မြန်မာ အစိုးရသစ်ဖက်က ပြုပြင်ပြောင်းလဲမှုတွေ အရှိန်မပျက် ဆက်လုပ်သွားဖို့လည်း အားပေးနေကြောင်း ပြောကြားခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ကို သွားရောက်ရာမှာ မစ္စတာ ကာ့တ် ကမ်ဘဲလ်လည်း လိုက်ပါသွားခဲ့ပြီး သမ္မတ ဦးသိန်းစိန်နဲ့တကွ အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ သူ့ရဲ့ မြန်မာနိုင်ငံ ပထမ ခရီးစဉ်ကတော့ ၂၀၀၉ ခုနှစ် နိုဝင် ဘာ လဆန်းမှာဖြစ်ပြီး သူဟာ စစ်အစိုးရ ခေါင်းဆောင်ပိုင်းနဲ့ရော နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ဆုံခဲ့သူပါ။

ပြီးခဲ့တဲ့လက အမေရိကန်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဒဲရက် မစ်ချဲလ် (Derek Mitchell) က တောင်ကို ရီးယား၊ ဂျပန်နဲ့ တရုတ်နိုင်ငံတွေကို သွားရောက်ခဲ့ပြီး မြန်မာ့အရေး ဆောင်ရွက်ရာမှာ ဒေသတွင်း မိတ်ဆွေနိုင်ငံများရဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ ရစေဖို့ ကျိုးပမ်းခဲ့ပါတယ်။ အခု မစ္စတာ မစ်ချဲလ် သွားရောက်ခဲ့တဲ့ ဒေသတွင်း အင်အားကြီး ၃ နိုင်ငံကိုပဲ မစ္စတာ ကမ်ဘဲလ်က ထပ်မံ သွားရောက်ခဲ့တာ ဖြစ်ပါတယ်။

မစ္စတာ ကမ်ဘဲလ်ဟာ ဇန်န၀ါရီလ ၄ ရက် ဗုဒ္ဓဟူးနေ့မှာ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ကို ရောက်ရှိခဲ့ပြီး မြန်မာ့အရေး အပါ အ၀င် ဒေသတွင်း နိုင်ငံတွေနဲ့ ၂ နိုင်ငံ အကျိုးတူ ကိစ္စရပ်တွေကို ဆွေးနွေးမှာ ဖြစ်သလို ဇန်န၀ါရီလ ၆ ရက်နေ့မှာတော့ ဂျပန်နိုင်ငံ တိုကျိုမြို့ကို သွားရောက်မှာ ဖြစ်ပါတယ်။

Ref: ဗွီအိုအေ

Read More...

အီရန်ရေနံ ဥရောပသမဂ္ဂ သပိတ်မှောက်မည်

04 ဇန်နဝါရီ 2012

အီရန်နိုင်ငံကနေ ရေနံတင်သွင်းတာကို ပိတ်ပင်ပစ်ဖို့ ဥရောပသမဂ္ဂ EU အစိုးရတွေ သဘော တူလိုက်ကြပါတယ်။ အီရန်နိုင်ငံရဲ့ အငြင်းပွားဖွယ် နျူကလီးယား အစီအစဉ်အပေါ် ဖိအားပေးဖို့ အနောက်နိုင်ငံတွေ ကြိုးပမ်းနေကြတာရဲ့ တစိတ်တပိုင်းအဖြစ် အခုလို သဘောတူလိုက်ကြတာပါ။

အီရန်ရေနံကို ပိတ်ပင်ဖို့ ၂၇ နိုင်ငံပါ အီးယူက မူအားဖြင့် သဘောတူထားပြီလို့ အီးယူ သံတမန်တွေက ဗုဒ္ဓဟူးနေ့မှာ ပြောပါ တယ်။ ဒါပေမဲ့လည်း ဘယ်တော့ စပြီး အကောင်အထည် ဖော်မလဲဆိုတာကို ဆွေးနွေးဖို့ အချိန် ထပ်လိုတယ်လို့ ပြောပါတယ်။ စပြီး ပိတ်ပင်မယ့်ရက်ကို ဇန်န၀ါရီလ ၃၀ ရက်နေ့မှာ ကျင်းပမယ့် အစည်းအဝေးတခုမှာ အီးယူ နိုင်ငံခြားရေးဝန်ကြီးတွေ သတ် မှတ်ကြဖို့ ပြင်သစ်က ဖြစ်စေချင်နေပါတယ်။

အီရန်နိုင်ငံဟာ အရပ်ဘက်စွမ်းအင် အစီအစဉ်တခုအဖြစ် ဖုံးကွယ်ပြီး နျူကလီးယား လက်နက်ထုတ်လုပ်ဖို့ ကြိုးစားနေတယ်လို့ အနောက်နိုင်ငံတွေက အီရန်ကို စွပ်စွဲထားပါတယ်။ အီရန်ကတော့ ဒါကို ငြင်းထားပါတယ်။

အီရန်ကနေ ရေနံတင်ပို့တာကို ပိတ်ပစ်ဖို့ အီးယူက သဘောတူလိုက်တာကို အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဗစ်တိုးရီးယား နူးလန်း (Victoria Nuland) က ကြိုဆိုပါတယ်။ အီရန်နိုင်ငံအပေါ် စီးပွားရေးအရ ဆက်ပြီး တင်းတင်း ကျပ်ကျပ် ဖိအားပေးနိုင်ဖို့ တခြားနိုင်ငံ တွေကလည်း အလားတူ လုပ်ဆောင်ပါလို့ ဆိုပါတယ်။

တရုတ်နိုင်ငံဟာ အီရန်ကနေ ရေနံအများဆုံး ၀ယ်ယူနေတဲ့ နိုင်ငံဖြစ်ပါတယ်။

Ref: ဗွီအိုအေ

Read More...

အသုံးစရိတ်လျော့ပြီး ကျစ်လစ်တဲ့ စစ်ဗျူဟာ အမေရိကန် ချမှတ်မည်

04 ဇန်နဝါရီ 2012

တချိန်ထဲမှာ စစ်ပွဲနှစ်ပွဲကို တိုက်ခိုက်နိုင်တဲ့ စွမ်းရည်ရှိတဲ့ တပ်ဖွဲ့တခုကို ထိန်းသိမ်းထားဖို့ဆိုတဲ့ အမေရိကန် စစ်ဌာနချုပ် (Pentagon) ရဲ့ မဟာဗျူဟာကို အဆုံးသတ်မယ့် အစီအစဉ်တခုကို အမေရိကန် ကာကွယ်ရေးဝန်ကြီး လီယွန် ပန်နက်တား (Leon Panetta) က ကြေညာတော့မယ်လို့ ခန့်မှန်း ထားကြပါတယ်။

ဆယ်စုနှစ်ပေါင်းများစွာ ကိုင်စွဲလာခဲ့တဲ့မူဝါဒကို အဆုံးသတ်တော့မယ့် အစီအစဉ်ဟာ မကြာခင် ကြုံလာတော့မယ့် ဘဏ္ဍာငွေ ဖြတ်တောက်ခံရတော့မယ့် အခြေအနေကို ရင်ဆိုင်နိုင်အောင် နည်းလမ်းရှာဖို့ ပန်နက်တားက ညွှန်ကြားထားတဲ့ မဟာဗျူဟာ ပြန်လည်သုံးသပ်ခြင်း အစီအစဉ်ရဲ့ တစိတ်တပိုင်းဖြစ်ပါတယ်။

ဒီကိစ္စကို ဒီကနေ့ ကြာသပတေးနေ့မှာ ပန်နက်တားက ၀ါရှင်တန် မြို့တော်မှာ ကြေညာမယ်လို့ ခန့်မှန်း ထားကြပါတယ်။

ပန်တဂွန်စစ်ဌာနချုပ်အနေနဲ့ စစ်ပွဲတပွဲကို အနိုင်တိုက်နိုင်သလို တချိန်ထဲမှာပဲ ကမ္ဘာ့ ဘယ်နေရာမှာပဲ ဖြစ်ဖြစ် ရန်လိုတဲ့ အပြုအမူ တွေကို တားဆီးပိတ်ဆို့နိုင်တဲ့ ဒါမှမဟုတ် ဖျက်ဆီးပစ်နိုင်တဲ့ စွမ်းရည် ရှိနေမယ့် မဟာဗျူဟာတရပ်ကို ဖန်တည်းမှာဖြစ်တယ်လို့ အမေရိကန် သတင်း မီဒီယာတွေက အစီရင်ခံကြပါတယ်။

တပ်ဖွဲ့အရေအတွက်ကို လျှော့ချဖို့၊ အရပ်ဘက်ဝန်ထမ်းတွေကို လျှော့ချဖို့နဲ့ လေယာဉ်တင်သင်္ဘော အသစ်တစင်း တည်ဆောက်ဖို့ အပါအ၀င် လက်နက်သစ်တွေ ထုတ်လုပ်မယ့် အစီအစဉ် အများအပြားကို ရွှေ့ဆိုင်းပစ်ဖို့ အစီအစဉ်တွေကို ပန်နက်တားက ကြေညာလိမ့်မယ်လို့ သတင်းတွေကပြောပါတယ်။

Ref: ဗွီအိုအေ

Read More...

လွတ်လပ်ရေးနဲ့ ထိုက်တန်အောင်ကြိုးပမ်းဖို့ ဒေါ်စုတိုက်တွန်း

04 ဇန်နဝါရီ 2012
မစုမြတ်မွန်

လွတ်လပ်ရေးဟာ ကိုယ်နဲ့ထိုက်တန်တယ်ဆိုတဲ့ စိတ်ဓာတ်ကို လူတိုင်းထားဖို့ လိုအပ်တယ်လို့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ဒီကနေ့ ကျရောက်တဲ့ ၆၄ နှစ်မြောက် လွတ်လပ်ရေး နေ့အတွက် NLD ရုံးချုပ်မှာ ကျင်းပတဲ့ အထိမ်းအမှတ် အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က ခုလို ပြောခဲ့တာဖြစ်ပါတယ်။ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့ကြတဲ့ ခေါင်းဆောင်ကြီးတွေ ကိုယ် တိုင်လည်း လူတိုင်း လွတ်လပ်ရေးနဲ့ ထိုက်တန်တယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ကြိုးပမ်းခဲ့ကြတာ ဖြစ်တယ်လို့ ပြောခဲ့တဲ့ မိန့်ခွန်းထဲမှာ ပါပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး ဘန်ကောက်ရုံးက မစုမြတ်မွန်က တင်ပြပေးထားပါတယ်။

ဒီကနေ့ ကျရောက်တဲ့ ၆၄ နှစ်မြောက် လွတ်လပ်ရေးနေ့မှာ လူတိုင်းဟာ လွတ်လပ်ရေးနဲ့ ထိုက်တန်တယ်ဆိုတဲ့ ယုံကြည်ချက် ရှိသင့်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှာ လုပ်ခဲ့တဲ့ လွတ်လပ်ရေးနေ့ အခမ်းအနားမှာ ခုလို ပြောခဲ့တာဖြစ်ပါတယ်။

“လွတ်လပ်ရေးကို ကိုယ်နဲ့လည်းထိုက်တန်သလို ကိုယ့်ဘေးမှာရှိနေတဲ့၊ ကိုယ့်ပတ်ဝန်းကျင်မှာရှိနေတဲ့ နိုင်ငံသူ နိုင်ငံသားတွေ အားလုံးနဲ့လည်း ထိုက်တန်တယ်ဆိုတဲ့ ယုံကြည်ချက်ကို ခိုင်ခိုင်မာမာ စွဲကိုင်ထားစေချင်ပါတယ်။ နောက်ပြီးတော့ ဒီလို ထိုက်တန် ကြောင်းကို တိုင်းသိ၊ ပြည်သိ၊ ကမ္ဘာသိ ပြမယ်ဆိုတဲ့ သန္နိဋ္ဌာန်ကိုလည်း လေးလေးနက်နက်ချပြီးတော့ လုပ်ကိုင်သွားစေချင်ပါတယ်”

ဗြိတိသျှကိုလိုနီအုပ်ချုပ်ရေးအောက်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံဟာ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ၇က်နေ့မှာ လွတ်လပ်ရေး ရခဲ့ပါတယ်။ မြန်မာနိုင်ငံလွတ်လပ်ဖို့ ခက်ခက်ခဲခဲကြိုးပမ်းခဲ့ကြတဲ့ ခေါင်းဆောင်ကြီးတွေ အားလုံးက ခိုင်မာတဲ့ယုံကြည်ချက်တွေနဲ့ ကြိုးပမ်းခဲ့လို့ လွတ်လပ်ခဲ့တာဖြစ်တယ်ဆိုတာကိုလည်း ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ လွတ်လပ်ရေးမိန့်ခွန်းထဲမှာ ထည့်ပြောသွားခဲ့ပါတယ်။

“ကျမတို့ရဲ့လွတ်လပ်ရေးခေါင်းဆောင်ကြီးတွေက လွတ်လပ်ရေးရအောင်ယူခဲ့တယ်ဆိုတဲ့နောက်မှာ ဘာရှိနေလဲဆိုတော့ လွတ်လပ်ရေး နဲ့ထိုက်တန်တယ်ဆိုတဲ့ အင်မတန်မှခိုင်မာတဲ့ယုံကြည်ချက်နဲ့ သန္နိဋ္ဌာန်ရှိပါတယ်။ ဒီယုံကြည်ချက်က ဘာလဲဆိုတာဟာ လူတိုင်းလူတိုင်းဟာ လွတ်လပ်မှုနဲ့ ထိုက်တန်တယ်ဆိုတဲ့ ယုံကြည်ချက်ဖြစ်တယ်။ သန္နိဋ္ဌာန်က ဘာလဲဆိုတော့ ထိုက်တန်တယ် ဆိုတာကို ကမ္ဘာကသိအောင် ပြနိုင်တယ်ဆိုတဲ့ သန္နိဋ္ဌာန်ပဲဖြစ်ပါတယ်။ ဒီယုံကြည်ချက်တွေ၊ ဒီသန္နိဋ္ဌာန်တွေဟာ ကျမတို့က ဆက်ပြီးတော့ ကိုင်စွဲသွားရမှာဖြစ်ပါတယ်။ လူတိုင်းလူတိုင်းဟာ လွတ်လပ်မှုနဲ့ ထိုက်တန်တယ်။ ထိုက်တန်သလိုလည်းနေတတ် တယ်။ ထိုက်တန်တယ်ဆိုတာကိုလည်း အများကသိအောင် ပြနိုင်တယ်ဆိုတယ်ဆိုတဲ့ သန္နိဋ္ဌာန်နဲ့ ကျမတို့က ဆက်ပြီးတော့ သွားရမှာဖြစ်ပါတယ်”

ပြည်သူတွေအနေနဲ့ ယုံကြည်ချက်ရှိနေရုံနဲ့ ကျေနပ်နေလို့ မရဘဲ လက်တွေ့အလုပ်လုပ်ဖို့ လိုတယ် ဆိုတာကိုလည်း ဒေါ်အောင် ဆန်းစုကြည်က ထောက်ပြသွားခဲ့ပါတယ်။ ဒီလွတ်လပ်ရေး အခမ်းအနားမှာပဲ NLD ခေါင်းဆောင် ဦးတင်ဦးကလည်း လွတ်လပ် ရေးရခဲ့တာ နှစ်ပေါင်း ၆၀ ကျော်သွားပြီဖြစ်ပေမဲ့ ခုချိန်ထိ လွတ်လပ်ရေးရဲ့အကျိုးတွေကို အပြည့်အဝ မခံစားနိုင်သေးတဲ့ အကြောင်း အရင်းကို ခုလို ပြောသွားပါတယ်။

“တိုင်းပြည်ရဲ့နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ တရားရေး စသည်တို့ဟာ ပြည့်ပြည့်စုံစုံနဲ့ ချမ်းသာ ကြွယ်ဝနေရမှာဖြစ် သော် လည်း တိုင်းပြည်မှာ ငြိမ်းချမ်းရေးမရှိသေးဘဲ အမျိုးသားညီညွတ်ရေး ပျက်ပြားနေတာကြောင့် ဖော်ပြပါ အခြေအနေမျိုးများ ပေါ်ပေါက်လာခဲ့ခြင်းမရှိသေးပါ။ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ မရှိပါလျှင် နိုင်ငံတော် တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်လာနိုင်မည်မဟုတ်ပါ။”

ခေတ်မီဖွံ့ဖြိုးပြီး ငြိမ်းချမ်းသာယာ ဖွံ့ဖြိုးတဲ့ နိုင်ငံတည်ဆောက်နိုင်ဖို့ အတွက် တိုင်းရင်းသားတွေအားလုံး စည်းလုံးညီညွတ်ကြဖို့ လိုတာကိုလည်း ဦးတင်ဦးက ပြောကြားသွားခဲ့ပါတယ်။ လွတ်လပ်ရေးနေ့ အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ပြန်တဲ့ လွတ်လပ်ရေးနေ့ ကြေညာချက်ထဲမှာလည်း အသက်ပေးပြီး လွတ်လပ်ရေးရအောင် ယူပေးခဲ့ကြတဲ့ ခေါင်းဆောင်ကြီးတွေ မျှော်မှန်း ခဲ့ကြတဲ့ ဒီမိုကရေစီ အခွင့်အရေးတွေနဲ့ နိုင်ငံသားတွေရဲ့ မူလအခွင့်အရေးတွေကို ပြည်သူတွေ မခံစားကြရသေး ဘူးလို့ ဖော်ပြ ထားပါတယ်။ ဒီအခွင့်အရေးတွေကို ခံစားနိုင်ကြဖို့အတွက် ပြည်သူလူထုအားလုံးက စိတ်ထက်ထက်သန်သန်နဲ့ တက်ညီလက်ညီ လုပ်သွားကြဖို့ တိုက်တွန်းထားပါတယ်။

ဒီကနေ့ အစိုးရသတင်းစာတွေထဲမှာဖော်ပြထားတဲ့ သမ္မတဦးသိန်းစိန်ရဲ့ လွတ်လပ်ရေးနေ့ သဝဏ်လွှာ ထဲမှာလည်း ဒီမိုကရေစီစနစ် ကျင့်သုံးနိုင်ဖို့ တိုင်းရင်းသား အချင်းချင်း စည်းလုံးညီညွတ်ပြီး တိုင်းပြည် ငြိမ်းချမ်းဖို့ လိုအပ်တဲ့အကြောင်းနဲ့ ဒီမိုကရေစီစနစ် ကျင့်သုံးပြီး တိုင်းပြည်တိုးတက်မှ တိုင်းရင်းသား ပြည်သူတွေရဲ့ လူမှု စီးပွားဘဝ မြင့်မားမယ်လို့ အသားပေး ဖော်ပြထား တာ တွေ့ရပါတယ်။ ဒီကနေ့ ကျရောက်တဲ့ လွတ်လပ်ရေးနေ့အတွက် သမ္မတဦးသိန်းစိန်က အကန့်အသတ်နဲ့ ငြိမ်းချမ်းခွင့်ကိုလည်း ပေးခဲ့ပါတယ်။

အကန့်အသတ်နဲ့ ထောင်ဒဏ်တွေကို လျှော့ပေါ့ပေးခဲ့တာနဲ့ ပတ်သက်လို့ NLD ခေါင်းဆောင် ဦးတင်ဦးက သမ္မတအနေနဲ့ သူ့ရဲ့ အရှိန်အဝါကို ရဲရဲအသုံးချသင့်တယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ ကိုယ့်ရဲ့ယုံကြည်ချက်ကြောင့် ထောင်ချခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ရှိနေသေးတယ် ဆိုတာဟာ တရား ဥပဒေစိုးမိုးမှုမရှိတာကို ပြသနေတာ ဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က လွတ်လပ်ရေးနေ့မိန့်ခွန်းတခုမှာ ပြောကြား သွားခဲ့ပါတယ်။ ပြည်သူတွေ အားလုံး လွတ်လပ်ရေး အရသာကို ခံစားနိုင်ဖို့ လွတ်လပ်ရေးရဲ့ တန်ဖိုးကိုသိအောင် လုပ်သွားကြဖို့ အတွက်ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ၆၄ နှစ်ပြည့် လွတ်လပ်ရေးနေ့မှာ တိုက်တွန်းသွားပါတယ်ရှင်။

Ref: ဗွီအိုအေ

Read More...

မြန်မာပြည်သူတွေ ဒီမိုကရေစီမျှော်မှန်းချက် အမေရိကန်ထောက်ခံ

04 ဇန်နဝါရီ 2012

အခုကျရောက်တဲ့ ၆၄ ကြိမ်မြောက် မြန်မာနိုင်ငံ လွတ်လပ်ရေး အတွက် အမေရိကန်ပြည်ထောင်စု ကလည်း ကြေညာချက်တရပ် ထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး၊ သာယာဝပြောရေးနဲ့ ဒီမိုကရေစီရေးအတွက် အမေရိကန်ပြည်ထောင်စုအနေနဲ့ အပြည့်အဝထောက်ခံ အားပေးပါတယ်လို့ ပြောထားပါတယ်။

မြန်မာနိုင်ငံအပေါ်မှာ အခြေခံကျကျ ဆက်ဆံသွားရေးကို အမေရိကန်ပြည်ထောင်စုအနေနဲ့ ဆက်ပြီးတော့ လုပ်ဆောင်မှာဖြစ်သလိုပဲ မြန်မာပြည်သူတွေ တောင့်တလိုလားနေတဲ့ ဒီမိုကရေစီရေး အတွက် ပြုပြင်ပြောင်းလဲမှုတွေ၊ တိုးတက်မှုတွေကို အားပေးထောက်ခံ သွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ ဗစ်တိုးရီးယား နျူလန်က ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့၊ နောက် တိုင်းရင်းသားဒေသတွေမှာ စစ်ဆင်တာတွေကို ရပ်စဲဖို့နဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် တိုင်းရင်းသားလူနည်းစုတွေနဲ့ဆွေးနွေးဖို့ ကိစ္စရပ်တွေကိုလည်း အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာအစိုး ရကို ဆက်ပြီးတော့ တိုက်တွန်းတောင်းဆိုသွားမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အခုလာမယ့် ဧပြီလ ၁ ရက်နေ့၊ ကြားဖြတ်ရွေး ကောက်ပွဲမှာ နိုင်ငံရေးအဖွဲ့အစည်းတွေအားလုံး လွတ်လွတ်လပ်လပ် ပါဝင်ခွင့်ရဖို့နဲ့ နိုင်ငံတကာ စံနှုန်းစံထားအရ အခွင့်အရေးတွေ မြန်မာပြည်သူတွေ ခံစားခွင့်ရဖို့ ဥပဒေပြဌာန်းချက်တွေ ဆောင်ရွက်နိုင်ခွင့်ရဖို့ကိုလည်း တိုက်တွန်းသွားမယ်ဆိုပြီးတော့ အမေရိ ကန်နိုင်ငံခြားရေးဌာနက ထုတ်ပြန်ထားပါတယ်။

Ref: ဗွီအိုအေ

Read More...

လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Kurt Campbell တရုတ်ထိပ်တန်းအရာရှိတွေနဲ့ဆွေးနွေး

04 ဇန်နဝါရီ 2012

အမေရိကန်ပြည်ထောင်စုရဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကပ်၊ ကမ့်ဘဲလ်( Kurt Campbell) တရုတ်နိုင်ငံက အဆင့်မြင့်အရာရှိတွေနဲ့ ဘေဂျင်းမြို့တော်မှာ တွေ့ဆုံခဲ့ပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအီးလ်ကွယ်လွန်ပြီးတဲ့နောက်ပိုင်း ငြိမ်းချမ်းမှုနဲ့တည်ငြိမ်မှုတွေ ရရှိဖို့ကိစ္စနဲ့ ပတ်သက်ပြီးတော့ ပြောဆိုဆွေးနွေးကြတာပါ။

မြောက်ကိုရီးယားနဲ့ပတ်သက်ပြီးတော့ တရုတ်နဲ့အမေရိကန်ကြားမှာရှိတဲ့ တူညီတဲ့ဦးစားပေးကိစ္စတချို့ အကြောင်းကို တရုတ်နိုင်ငံခြား ရေးဝန်ကြီးဌာနက အရာရှိတွေနဲ့ တွေ့ဆုံပြောဆိုခဲ့တာလို့ ကပ်၊ ကမ့်ဘဲလ်က ဆိုပါတယ်။

အာရှ-ပစိဖိတ်ဒေသတွင်း နိုင်ငံအားလုံးအနေနဲ့ အခြေအနေတွေကို သတိထားပြီးတော့ ဆက်ဆံကြဖို့၊ ရန်စမှုတွေထပ်ပြီးတော့ ဖြစ်မလာအောင်သတိထားကြဖို့ကိုလည်း တိုက်တွန်းခဲ့ပါတယ်။ တရုတ်နဲ့ မြောက်ကိုရီးယားရဲ့ နီးကပ်တဲ့ဆက်ဆံရေးမှာ မြောက် ကိုရီးယားနိုင်ငံကို ဒီမိုကရေစီပြုပြင် ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာအောင် တရုတ်ဘက်က တွန်းအားပေးလုပ်ဆောင်ဖို့ တရုတ် နိုင်ငံကို အမေရိကန်ဘက်ကနေ မကြာခဏတိုက်တွန်းနေတာပါ။

ဒီဇင်ဘာလ ၁၇ ရက်နေ့က မစ္စတာ ကင်မ်ဂျုံအီးလ်ကွယ်လွန်ပြီးတဲ့နောက်ပိုင်း အာရှ-အရှေ့မြောက် ပိုင်းကို မစ္စတာ ကပ်၊ ကမ့် ဘလဲလ်က အမေရိကန်ဘက်က အဆင့်အမြင့်ဆုံးပုဂ္ဂိုလ်တဦးအနေနဲ့ ပထမဦးဆုံး ရောက်လာခဲ့တာပါ။ တောင်ကိုရီးယား နဲ့ဂျပန် နိုင်ငံကိုလည်း မစ္စတာ ကပ်၊ ကမ့်ဘဲလ် ခရီးထွက်မှာဖြစ်ပြီးတော့ သူ့ရဲ့ခရီးစဉ်အတွင်းမှာ မြန်မာ့အရေးကိုလည်း ထည့်သွင်းပြောဆို ဖို့ ရှိပါတယ်။

Ref: ဗွီအိုအေ

Read More...

အိုင်အိုဝါရွေးကောက်ပွဲ Mitt Romney ကပ်ပြီးနိုင်

04 ဇန်နဝါရီ 2012

ဒီနှစ်နိုဝင်ဘာလမှာကျင်းပမယ့် အမေရိကန်ပြည်ထောင်စုက သမ္မတရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်ပါတီဘက်က သမ္မတ လောင်းအဖြစ် ဝင်ပြိုင်ဖို့ အိုင်အိုဝါပြည်နယ်မှာ မနေ့က မဲပေးရွေးချယ်ခဲ့တဲ့အခါ မက်ဆာချူးဆက်စ်ပြည်နယ်၊ အုပ်ချုပ်ရေးမှူး ဟောင်း Mitt Romney က အနိုင်ရခဲ့ပါတယ်။

သူနဲ့ပြိုင်ဘက် Rick Santorumကို မဲအနည်းငယ်နဲ့ကပ်ပြီး အနိုင်ရခဲ့တာပါ။ အခုတလော လူကြိုက်များနေတဲ့ Rick Santorum ကို ထိပ်ဆုံးမှာ အမြဲရှိနေတဲ့ Mitt Romney က ၈ မဲအသာနဲ့ အနိုင်ရသွားခဲ့တယ်လို့ ရီပတ်ဘလစ်ကန်ပါတီက ဒီကနေ့ ကြေညာပါတယ်။

Mitt Romney က မဲ ၃၀,၀၁၅ ရပြီး Rick Santorumက ၃၀,၀၀၇ မဲရခဲ့တာပါ။ နောက်ထပ်ပြိုင်ဘက် တဦးဖြစ်တဲ့ စစ်ဆန့်ကျင်ရေးသမား Ron Paul ကတော့ မဲတွေရဲ့ ၂၁ ရာခိုင်နှုန်းပဲ ရခဲ့ပါတယ်။ Mitt Romney က သူ့ရဲ့အဓိကပြိုင်ဘက် Rick Santorum ကို ဂုဏ်ယူတယ်လို့ ဒီကနေ့ ပြောဆိုလိုက်ပြီး အိုင်အိုဝါပြည်နယ်က မဲပေးကြတဲ့သူတွေကိုလည်း ကျေးဇူး တင် စကားပြောပါတယ်။

အိုင်အိုဝါပြည်နယ်ရဲ့မြို့တော် ဒီမွိုင်းစ်မှာပြောခဲ့တဲ့ Mitt Romney ရဲ့မိန့်ခွန်းထဲမှာ သူ့ရဲ့စီးပွားရေးလုပ်ငန်း အတွေ့အကြုံတွေကို အဓိကထား ပြောဆိုခဲ့ပြီး လက်ရှိသမ္မတ ဘာရက်၊ အိုဘားမားရဲ့ အလုပ်အကိုင်တွေပြန်ရရေး ကြိုးပမ်းမှုတွေကိုလည်း ဝေဖန် ခဲ့ပါတယ်။

Ref: ဗွီအိုအေ

Read More...

ထား​ဝယ်​ကျောက်မီး​သွေး​စက်ရုံအ​ကြောင်း​ ​မောင်း​မကန်တွင် ​ဒေသခံကို အသိ​ပေး​ပွဲလုပ်

January 4, 2012
ရွှေအောင်

ထား​ဝယ်​ရေနက်ဆိပ်ကမ်း​ တည်​ဆောက်​ရေး​မှာပါဝင်တဲ့​ ​ကျောက်မီး​သွေး​စက်ရုံနဲ့​ ပတ်သက်ပြီး​ ​ဒေသခံပြည်သူ​တွေကို အသိ​ပေး​တဲ့​ လှုပ်ရှား​မှုတခု ဇန်နဝါရီ ၄ ရက် လွတ်လပ်​ရေး​နေ့​မှာ ပြုလုပ်ခဲ့​ပါတယ်။

ထား​ဝယ်​ဒေသက နာမည်​ကျော် ​မောင်း​မကန်ကမ်း​ခြေမှာ ဒီ​နေ့​ မနက်ပိုင်း​က ပြုလုပ်ခဲ့​တာဖြစ်ပြီး​ ​ဒေသခံ ၂၀၀ ​ကျော် တက်​ရောက်ခဲ့​ကြတယ်လို့​ လှုပ်ရှား​မှုကို ဦး​ဆောင်ပြုလုပ်တဲ့​ ထား​ဝယ်​ဒေသဖွံ့​ဖြိုး​တိုး​တက်​ရေး​အဖွဲ့​က တာဝန်ရှိသူတဦး​က ​ပြောပါတယ်။


သူတို့​အဖွဲ့​ရဲ့​ ဒီ​နေ့​လုပ်​ဆောင်မှုနဲ့​ ​ဒေသခံ​တွေရဲ့​ သ​ဘောထား​ကို သူက ခုလို ​ပြောပါတယ်။

“​ကျောက်မီး​ သွေး​စက်ရုံ လာလုပ်မယ်။ သူတို့​ အဲဒါ လုပ်မယ့်​အ​ကြောင်း​၊​ ပြီး​ရင် ​ကျောက်မီး​သွေး​စက်ရုံက​နေပြီး​တော့​ ​ဘေး​ထွက်ဆိုး​ကျိုး​တွေ ဘယ်လို ရှိတယ်။ သိသင့်​တဲ့​ဟာ​တွေ​ပေါ့​ဗျာ။ အဲဒါကို ကျ​နော်တို့​ လူ​တွေကို သူတို့​ သိသင့်​သိထိုက်တဲ့​ message (သတင်း​) ​တွေ​ပေါ့​။ သူတို့​အ​နေနဲ့​ ပြန်စဉ်း​စား​ပေါ့​။ အဲဒါကို လက်ခံသင့်​ကြောင်း​၊​ လက်မခံသင့်​ကြောင်း​ အဲဒီ အတွက် ကျ​နော်တို့​ ​ပေး​တယ်။ ပြီး​ရင် အဲဒါနဲ့​ ပတ်သက်ပြီး​ ​ဒေသခံ​တွေရဲ့​ သ​ဘောထား​ကို လက်မှတ်ထိုး​ လှုပ်ရှား​မှု လုပ်ပြီး​ ပြန်ပြီး​တော့​ ယူတယ်။ အခု သူတို့​က အဲဒါကို တကယ်လာမှာလား​ပေါ့​၊​ တကယ်လာရင် ငါတို့​က ဘယ်လိုလက်ခံရမလဲဆိုပြီး​ စိတ်ထဲက​တော့​ နည်း​နည်း​ ​ရှော့​ဖြစ်သွား​တာ​ပေါ့​။”

ကျောက်မီး​ သွေး​စက်ရုံ တည်​ဆောက်ဖို့​ဖြစ်လာတဲ့​ အ​ကြောင်း​ရင်း​တွေ၊​ တည်​ဆောက်ဖြစ်ရင် ဖြစ်​ပေါ်လာနိုင်တဲ့​ ဆိုး​ကျိုး​တွေကို အဖွဲ့​ဝင်အချင်း​ချင်း​ မျှ​ဝေ​ပြောပြတာနဲ့​ လက်ကမ်း​စာ​စောင်​တွေ ဖြန့်​ချိတာ​တွေလည်း​ လုပ်​ဆောင်ခဲ့​ကြတယ်လို့​ ​ပြောပါတယ်။

ထား​ဝယ်​ဒေသ ဖွံ့​ဖြိုး​တိုး​တက်​ရေး​အဖွဲ့​က ဦး​ဆောင်ပြီး​ ပြီး​ခဲ့​တဲ့​ဒီဇင်ဘာထဲမှာ ထား​ဝယ်​ရေနက်ဆိပ်ကမ်း​ တည်​ဆောက်​ရေး​အ​ပေါ် ​ဒေသခံ​တွေရဲ့​ သ​ဘောထား​ကို ရန်ကုန်မှာ သတင်း​စာရှင်း​လင်း​ပွဲ လုပ်ခဲ့​ပါ​သေး​တယ်။

အဲ့​ဒီသတင်း​ စာရှင်း​လင်း​ပွဲ ပြီး​တဲ့​နောက်မှာလည်း​ ထိုင်း​နိုင်ငံက မက်တဖွတ် (Map Ta Phut) စက်မှုဇုန်ကို သွား​ရောက် ​လေ့​လာခဲ့​ကြပြီး​ အဲ့​ဒီက​တွေ့​ရှိလာတဲ့​ ​ဘေး​ထွက်ဆိုး​ကျိုး​တွေကိုလည်း​ ဒီ​နေ့​မှာ တဆင့်​ မျှ​ဝေခဲ့​ကြပါတယ်။

ထား​ဝယ်​ဒေသခံ ​တွေရဲ့​ သ​ဘောထား​တွေ ​ဖော်ထုတ် သိရှိပြီး​ရင်​တော့​ သက်ဆိုင်ရာ တိုင်း​အစိုး​ရအဖွဲ့​နဲ့​ သမ္မတထံ စာ​ရေး​တင်ပြဖို့​ ရှိတယ်လို့​ သိရပါတယ်။

ထား​ဝယ်​ ရေနက်ဆိပ်ကမ်း​ စီမံကိန်း​မှာပါဝင်တဲ့​ မဂ္ဂါဝပ် ၄၀၀၀ ထုတ်လုပ်မယ့်​ ​ကျောက်မီး​သွေး​ ဓာတ်အား​ပေး​စက်ရုံဟာ ကာဗွန် ထုတ်လွှတ်မှု တနှစ် တန်သန်း​ ၃၀ ရှိနိုင်ပြီး​ ထိုင်း​တနိုင်ငံလုံး​ ထုတ်လွှတ်မှုရဲ့​ ထက်ဝက်ရှိလာမှာဖြစ်ပါတယ်။

ဒါ့​အပြင် စက်ရုံက ထွက်ရှိလာမယ့်​ ဓာတ်​ငွေ့​တွေ​ကြောင့်​လည်း​ လူနဲ့​ ပတ်ဝန်း​ကျင်တို့​ ထိခိုက်ပျက်စီး​နိုင်တယ်လို့​ ​လေ့​လာမှု စစ်တမ်း​ တခုအရ သိရ​ကြောင်း​ ပြီး​ခဲ့​တဲ့​အပတ်ထုတ် ဝီး​ကလီအဲလဗင်း​ဂျာနယ်မှာ ​ဖော်ပြထား​ပါတယ်။

Ref: ဒီဗွီဘီ

Read More...

ခေတ်အဆက်ဆက် ​ကျောင်း​သား​လှုပ်ရှား​မှုတွင် ပါဝင်သူများ​ ​တွေ့​ဆုံ

January 4, 2012
မင်းလွင်

မြန်မာနိုင်ငံမှာ ဖြစ်ပွား​ခဲ့​တဲ့​ ​ကျောင်း​သား​လှုပ်ရှား​မှု​တွေမှာ ပါဝင်ခဲ့​တဲ့​သူ​တွေရဲ့​ ​တွေ့​ဆုံပွဲကို ဒီ​နေ့​ ကျင်း​ပခဲ့​ပါတယ်။

ဒီက​နေ့​ မနက်ပိုင်း​က ရန်ကုန် ရှစ်မိုင် ​ပေါက်​စေတီ​ကျောင်း​တိုက်မှာ ကျင်း​ပခဲ့​တာပါ။

အမျိုး​သား​ ဒီမိုက​ရေစီအဖွဲ့​ချုပ်က ဦး​ဝင်း​တင်၊​ ၁၉၆၂၊​ ၁၉၇၄၊​ ၁၉၈၈၊​ ၁၉၉၆-၉၈နဲ့​ ၂၀၀၇ ​ကျောင်း​သား​လှုပ်ရှား​မှုမှာ ပါဝင်ခဲ့​သူ​တွေ အပါအဝင် ပရိသတ် ၅၀၀ ​ကျော် တက်​ရောက်ခဲ့​ပါတယ်။

ကျောင်း​သား​ မျိုး​ဆက်​တွေ ​ခေတ်တိုင်း​ ​ခေတ်တိုင်း​မှာ စွန့်​လွှတ်အနစ်နာခံတဲ့​ စိတ်ဓာတ်း​တွေ ဆက်လက် ရှင်သန်နိုင်​အောင် ဒီပွဲ ကိုကျင်း​ပတာလို့​ ပွဲစီစဉ်သူ ဦး​ကိုကို​လေး​က ​ပြောပါတယ်။


လုပ်ရခြင်း​ အ​ကြောင်း​ရင်းရှိတယ်။ အဲဒီအ​ကြောင်း​ရင်း​က တော့​ ကျ​နော်တို့​ ၆၂ က​နေပြီး​တော့​ ၂၀၀၇ သံဃာ့​အ​ရေး​အခင်း​အထိ​ပေါ့​ဗျာ​နော်၊​ ၂၀၀၇ အ​ရေး​အခင်း​အထိ ထိန်း​သိမ်း​ခံခဲ့​ရတဲ့​ အထိန်း​သိမ်း​ခံ​တွေကို ကျ​နော်တို့​ ဂုဏ်ပြုတဲ့​အ​နေနဲ့​ ကျ​နော်တို့​ ​တွေ့​ဆုံပွဲလုပ်တာပါ။ ရည်ရွယ်ချက်က ၂ ခုရှိပါတယ်။ တခုက နိုင်ငံ​ရေး​ဘဝမှာ ဒီလို စွန့်​လွှတ်စွန့်​စား​ပြီး​တော့​ အနစ်နာခံခဲ့​တဲ့​လူ​တွေ၊​ ပြန်ပြီး​တော့​ ရှင်သန်နိုင်​အောင် အချင်း​ချင်း​ဝိုင်း​ဝန်း​ပြီး​တော့​ တတ်နိုင်သ​လောက် ကူညီ​အောင် အား​လုံး​စုစည်း​ပေး​တဲ့​ သ​ဘောပါပဲ။”

အခုလို ​ကျောင်း​သား​မျိုး​ဆက်​တွေ ​တွေ့​ဆုံတာဟာ ဒုတိယအကြိမ်​မြောက် ဖြစ်ပါတယ်။

နိုင်ငံ​ရေး​ အကျဉ်း​သား​ဟောင်း​ မဇင်မာ​အောင်က​တော့​ အခုလို ​ခေတ်အဆက်ဆက် ​ကျောင်း​သား​လှုပ်ရှား​မှု​တွေမှာ ပါဝင်သူ​တွေ ​တွေ့​ဆုံခွင့်​ရတဲ့​အတွက်လည်း​ ပိုပြီး​တော့​ ချိတ်ဆက်မိမယ်လို့​ ​ပြောပါတယ်။

“ပိုပြီး​တော့ ​ ချိတ်ဆက်မိသွား​ကြမယ်​ပေါ့​။ တခြား​ကွဲလွဲ​နေတာ​တွေ ရှိ​နေ​ပေမယ့်​လည်း​ လက်ရှိအ​ခြေအ​နေအရက​တော့​ ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ ​ခေါင်း​ဆောင်မှု ​နောက်က​နေ ပြီး​တော့​ ပြတ်ပြတ်သား​သား​ ​ထောက်ခံဝန်း​ရံရမယ်​ပေါ့​နော်။ အဲဒီ တူညီချက်​လေး​တွေကျပါတယ်။ ချိတ်ဆက်မိသွား​ပါတယ်။ မျိုး​ဆက်အသီး​သီး​က​နေ ပြီး​တော့​ မျိုး​ဆက်ကွာဟမှု ကို​တော့​ အထိုက်အ​လျှောက် ​စေ့​စပ်​ပေး​သွား​နိုင်တဲ့​ ပွဲ​လေး​လို့​ ထင်ပါတယ်။”

ဒါ​ပေမယ့်​ လက်ရှိအချိန်မှာ အကျဉ်း​ထောင်​တွေမှာ ​ကျောင်း​သား​တွေ အထူး​သဖြင့်​ ၈၈မျိုး​ဆက် ​ကျောင်း​သား​ခေါင်း​ဆောင်​တွေ ဟာ မလွတ်​မြောက် သေး​ဘဲ အကျဉ်း​ကျခံ​နေရဆဲပဲလို့​လည်း​ ဆိုပါတယ်။

ကျောင်း​သား​လှုပ်ရှား​မှု​တွေဟာ ၁၉၆၂ ခုနှစ်ကတည်း​က ​မြေ​အောက် လှုပ်ရှား​မှုဖြစ်ခဲ့​တာပါ။

ဒီ​နေ့​ ဖြစ်​ပေါ်​နေတဲ့​ နိုင်ငံ​ရေး​အ​ခြေအ​နေကိုလည်း​ ဦး​ကိုကို​လေး​က “တခု​တော့​ရှိတယ်ဗျ ကျ​နော်တို့​ကို အ​နှောင့်​အယှက်​ပေး​တာ​တော့​ မရှိဘူး​။ ​နောက် တား​ဆီး​တာလည်း​မရှိဘူး​။ ဒီ​နေ့​ နိုင်ငံ​ရေး​အခင်း​အကျင်း​က မင်း​တို့​လည်း​ လုပ်ချင်တာလုပ်၊​ ငါတို့​လည်း​ လုပ်ချင်တာ လုပ်မယ် ဆိုတဲ့​ ပုံစံမျိုး​ ဖြစ်​နေတယ်။ ဘာလို့​လဲဆို​တော့​ ​ကျောင်း​သား​ခေါင်း​ဆောင်​တွေကို​တော့​ ပြန်မလွှတ်ဘူး​လေ ဟုတ်တယ်မဟုတ်လား​။ ကျ​နော်တို့​ကိုလည်း​ တပိုင်း​က ခွင့်​ပြုတယ်၊​ တပိုင်း​ကလည်း​ပဲ ပြန်မလွှတ်​ပေး​ဘူး​ ဆိုတဲ့​ သ​ဘောဖြစ်​နေတာ​ပေါ့​။ အဲဒီ​တော့​ ကျ​နော်တို့​ကို လုပ်ခွင့်​ပေး​တယ် လုပ်​နေရတယ် ဆိုတာက ကျ​နော်တို့​ ​ချွေး​သိပ်​နေတာလား​ဆိုတာ ကျ​နော်တို့​လည်း​ မ​ပြောတတ်ဘူး​။ နိုင်ငံ​ရေး​ အခင်း​အကျင်း​က​တော့​ လမ်း​စ​လေး​တခု​ပေါ်မှာ ​ရောက်​နေတာပဲ ရှိ​သေး​တယ်။ ကျ​နော်တို့​ တကယ့်​ အကျိုး​အမြတ်​တွေက​တော့​ ကျ​နော်တို့​ ပြည်သူ​တွေမှာ မရ​သေး​ပါဘူး​။”

Ref: ဒီဗွီဘီ

Read More...

မြန်မာနိုင်ငံတွင် ကျပ် ၅၀၀၀ တန် ဖုန်း​ဆင်း​ကတ် ၁ သန်း​ရောင်း​မည်

January 4, 2012
ကို​ထွေး

မြန်မာနိုင်ငံမှာ ဆင်း​မ်ကတ်​တွေကို ကျပ်​ငွေ ၅၀၀၀ ​လောက်နဲ့​ဝယ်လို့​ရ​တော့​မယ်လို့​သိရပါတယ်။

ရွှေပြည်တံခွန် ကုမ္ပဏီက ဖုန်း​ဆင်း​မ်ကတ်​တွေကို မြန်မာကျပ်​ငွေ ကျပ် ၅၀၀၀ နဲ့​ ​ရောင်း​ချ​ပေး​မယ့်​ အစီအစဉ်တခုကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာက အစိုး​ရထံ ခွင့်​ပြုမိန့်​တင်ထား​တယ်လို့​ ကုမ္ပဏီရဲ့​ မန်​နေဂျင်း​ ဒါရိုက်တာ ဦး​လွင်နိုင်ဦး​က ​ပြောပါတယ်။

ဝင်​ငွေနည်း​ တဲ့​ ပြည်သူ​တွေ၊​ ဆရာ၊​ ဆရာမနဲ့​ ​ကျောင်း​သူ ​ကျောင်း​သား​တွေအတွက် ရည်ရွယ်တာလို့​ မန်​နေဂျင်း​ဒါရိုက်တာ ဦး​လွင်နိုင်ဦး​က ​ပြောပါတယ်။


“ဝင်​ငွေနည်း​ တဲ့​ ပြည်သူ​တွေ ​ကျောင်း​သူ ​ကျောင်း​သား​တွေနဲ့​ ရုံး​ဝန်ထမ်း​တွေ ဆရာဆရာမ​တွေ သူတို့​ လူ​နေမှုဘဝ မြှင့်​တင်ဖို့​ပေါ့​နော်၊​ အဓိကက ဆင်း​ရဲမွဲ​တေမှု တိုက်ဖျက်ဖို့​ နိုင်ငံ​တော် သမ္မတက မူ​ဘောင်နဲ့​ လုပ်​နေချိန်မှာ ကျ​နော်တို့​ ကုမ္ပဏီကလည်း​ အင် တိုက်အား​တိုက် ပါဝင်ဖို့​ သံန္နိဌာန်ချပြီး​တော့​ ဒီလိုလုပ်တာပါ။ နိုင်ငံတကာ အာရှနဲ့​ အာဆီယံ စံနှုန်း​တွေနဲ့​ အညီ ကျ​နော်တို့​လုပ် တာပါ။”

စက်မှုနဲ့​ နည်း​ပညာပိုင်း​ဆိုင်ရာ အကူအညီ​တွေကို​တော့​ ဂျာမဏီနဲ့​ အ​မေရိကန်က ယူထား​ပြီး​ လက်ရှိ ဖြစ်​ပေါ်​နေတဲ့​ လိုင်း​ကြပ်တာ​တွေကို ​ဖြေရှင်း​နိုင်ဖို့​ အတွက်လည်း​ ကြိုး​စား​ထား​တယ်လို့​ဆိုပါတယ်။

ခွင့်​ပြုချက်ရရှိရင်​တော့​ မတ်လ ပထမပတ်မှာ ဆင်း​မ်ကတ် ၁ သန်း​ ဖြန့်​ဖြူး​သွား​မယ်လို့​ ကုမ္ပဏီက ​ပြောပါတယ်။

ဖုန်း​ ခေါ်ဆိုရာတွင် ​ခေါ်ဆိုမှုအတွက်တာ ​ငွေ​ပေး​ဆောင်ရမှာ ဖြစ်ပြီး​တော့​ အဝင်ဖုန်း​တွေအတွက်​တော့​ ​ငွေ​ပေး​စရာ မလိုဘူး​လို့​ ဆိုပါတယ်။ အထွက် ​ခေါ်ဆိုခ အတွက် တမိနစ် ၂၅ ကျပ်၊​ နယ်​ဝေး​ကို​ခေါ်ရင်​တော့​ တမိနစ်ကို ၃၀ ကျပ် ကုန်ကျမယ် လို့​သိ ရပါတယ်။

ဆင်း​မ်ကတ် ဝယ်ယူအသုံး​ပြုသူများ​က နံပါတ်တခု ရရှိမှာဖြစ်ပြီး​တော့​ ယင်း​နံပါတ်ဟာ တခါသုံး​မဟုတ်ဘဲ ထည့်​သွင်း​ထား​တဲ့​ငွေကုန်ပါက ထပ်မံ ထည့်​သွင်း​နိုင်မှာပါ။

လက်ရှိမြန်မာနိုင်ငံမှာ တယ်လီဖုန်း​ ဆင်း​မ်ကတ်တခုကို ​ပေါက်​ဈေး​ ကျပ် ၅ သိန်း​လောက်နဲ့​ပေး​ဝယ်​နေရတာပါ။

Ref: ဒီဗွီဘီ

Read More...

ပြည်​ထောင်စု​နေ့​တွင် နိုင်ငံ​ရေး​အကျဉ်း​သား​အား​လုံး​ ပြန်လွှတ်​ပေး​ရန် ​တောင်း​ဆို

January 4, 2012

ဦး​သိန်း​ စိန်အစိုး​ရအ​နေနဲ့​ စစ်မှန်တဲ့​ ဒီမိုက​ရေစီနိုင်ငံကို ထူ​ထောင်လိုရင် နိုင်ငံ​ရေး​အကျဉ်း​သား​အား​လုံး​ကို လာမယ့်​ ပြည်​ထောင်စု​နေ့​မှာ လွှတ်​ပေး​ရမယ်လို့​ ရှမ်း​တိုင်း​ရင်း​သား​များ​ဒီမိုက​ရေစီအဖွဲ့​ချုပ် (အက်စ်အန်အယ်လ်ဒီ) က ​ပြောပါတယ်။

ဒီက​နေ့​ကျ​ ရောက်တဲ့​ ၆၄ နှစ်​မြောက် လွတ်လပ်​ရေး​နေ့​ကို ကြိုဆိုတဲ့​အ​နေနဲ့​ သမ္မတဦး​သိန်း​စိန်က အကျဉ်း​သား​ တချို့​ကို ​လျှော့​ရက်​တွေနဲ့​ လွှတ်​ပေး​ခဲ့​ပါတယ်။

ဒါ​ပေမယ့်​ ဒီထဲမှာ ရှမ်း​တိုင်း​ရင်း​သား​ခေါင်း​ဆောင် ခွန်ထွန်း​ဦး​အပါအဝင် ယုံကြည်ချက်​ကြောင့်​ အကျဉ်း​ကျခံ​နေရတဲ့​ နိုင်ငံ​ရေး​ အကျဉ်း​သား​တွေ ပါမလာ​သေး​တဲ့​အတွက် ကျန်ရှိ​နေ​သေး​တဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေ အား​လုံး​ကို ပြန်လွှတ်​ပေး​ဖို့​ရှမ်း​တိုင်း​ရင်း​သား​များ​ ဒီမိုက​ရေစီအဖွဲ့​ချုပ်က ​တောင်း​ဆိုလိုက်တာပါ။

“အခုအစိုး​ရအ​ နေနဲ့​ တူတာကိုတွဲလုပ်မယ်၊​ မတူတာကို ​ဘေး​ဖယ်ထား​ ပြီး​တော့​မှ သီး​ခြား​လုပ်မယ်၊​ ဒီမိုက​ရေစီ ခရီး​စဉ်ကြီး​မှာ ပါဝင်သင့်​ ပါဝင်ထိုက်သူများ​ အား​လုံး​ကို လက်ကမ်း​ ကြိုဆိုပြီး​တော့​မှ အတူ တွဲလုပ်သွား​ကြမယ်လို့​ တဖွဖွ ​ပြော​နေတဲ့​ ကြား​ထဲက ရှမ်း​တိုင်း​ရင်း​သား​ခေါင်း​ဆောင်​တွေနဲ့​ ဂဂမျိုး​ဆက် ​ကျောင်း​သား​ ​ခေါင်း​ဆောင်​တွေကို ချန်လှပ်ထား​ခြင်း​အား​ဖြင့်​ အခုသွား​နေတဲ့​ ဒီမိုက​ရေစီလမ်း​ကြောင်း​၊​ လက်ရှိအစိုး​ရရဲ့​ ပထမ ၅ နှစ်စီမံကိန်း​ ဒီ ၅ နှစ်လွှတ်​တော်သက်တမ်း​ထဲမှာ ရှမ်း​ခေါင်း​ဆောင်​တွေနဲ့​ ​ကျောင်း​သား​ ​ခေါင်း​ဆောင်​တွေကို ​ဘေး​ဖယ်ထား​သလို ဖြစ်​နေတယ်။ ခွဲခြား​ဆက်ဆံခံ​နေရသလို ဖြစ်​နေတယ်။ ဒါ​ကြောင့်​မို့​လို့​ အား​လုံး​ပါဝင်သင့်​ ပါဝင်ထိုက်တဲ့​ နိုင်ငံ​ရေး​အခင်း​အကျင်း​မျိုး​ ဖြစ်ဖို့​ဆိုရင် တိုင်း​ရင်း​သား​ခေါင်း​ဆောင်​တွေ​ရော၊​ ​ကျောင်း​သား​ခေါင်း​ဆောင်​တွေ​ရော၊​ သံဃာ့​လှုပ်ရှား​မှုမှာ ဦး​ဆောင်ပါဝင်တဲ့​ လူ​တွေ​ရော အကုန်လုံး​ကို ခြွင်း​ချက်မရှိ အမြန်ဆုံး​လွှတ်ဖို့​လိုတယ်။ ဒါ​ကြောင့်​မို့​လို့​ ဒီဥစ္စာဟာ မဖြစ်မ​နေ လုပ်သင့်​လုပ်ထိုက်တဲ့​ ကိစ္စလို့​ ကျ​နော်​ပြောရခြင်း​ ဖြစ်ပါတယ်။”

ဦး​သိန်း​ စိန်အစိုး​ရ တက်လာပြီး​တဲ့​ ​နောက်ပိုင်း​ ပြီး​ခဲ့​တဲ့​နှစ် ​မေလ ၁ရရက်​နေ့​မှာ အကျဉ်း​သား​ပေါင်း​ ၁၄၀၀၀ ​ကျော်၊​ ​အောက် တိုဘာလ ၁၁ရက်​နေ့​မှာ အကျဉ်း​သား​စုစု​ပေါင်း​ ၆၃၅၉ ဦး​၊​ ဒီနှစ်ဦး​မှာ တကြိမ် လွှတ်​ပေး​ခဲ့​ပေမယ့်​ အဲဒီထဲမှာ ယုံကြည် ချက်​ကြောင့်​ အကျဉ်း​ကျ​နေတဲ့​ နိုင်ငံ​ရေး​ အကျဉ်း​သား​ အနည်း​ငယ်ပဲ ပါဝင်ခဲ့​တယ်။

လွှတ်​ပေး​သူ​ တွေထဲမှာ ပါသင့်​ပါထိုက်သူ​တွေ ပါမ​ပေး​သေး​တဲ့​အတွက် နိုင်ငံ​ရေး​အကျဉ်း​သား​ မိသား​စုဝင်​တွေအတွက် စိတ်ပျက် စရာဖြစ်​စေပါတယ်။

က​လေး​ ထောင်မှာ အကျဉ်း​ကျခံ​နေရတဲ့​ အက်စ်အန်အယ်လ်ဒီ အ​ထွေ​ထွေအတွင်း​ရေး​မှူး​ စိုင်း​ညွန့်​လွင်ရဲ့​ဇနီး​ဖြစ်သူက “အကုန်လုံး​လွှတ်​ပေး​မယ်လို့​ပဲ ထင်​နေတာ​လေ။ အခုမပါလာ​တော့​လည်း​ စိတ်မ​ကောင်း​ဘူး​ပေါ့​။ နိုင်ငံ​ရေး​အကျဉ်း​သား​တွေ အကုန်လုံး​ကို​တော့​ လွှတ်​ပေး​စေချင်တာ​ပေါ့​။ အရမ်း​ကြီး​ ​မျှော်လင့်​နေပါတယ်” လို့​ ​ပြောပါတယ်။

ဦး​သိန်း​ စိန်အစိုး​ရက ဒီမိုက​ရေစီကို တကယ်မြတ်နိုး​တယ်၊​ နိုင်ငံ​တော်ကို အမှန်တကယ် ပြုပြင်​ပြောင်း​လဲချင်တယ်ဆိုရင် ပြည်​ထောင်စု​နေ့​မတိုင်ခင် နိုင်ငံ​ရေး​အကျဉ်း​သား​အား​လုံး​ကို လွှတ်​ပေး​ဖို့​ အက်စ်အန်အယ်လ်ဒီက ​တောင်း​ဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံက အကျဉ်း​ထောင်​တွေထဲမှာ နိုင်ငံ​ရေး​အကျဉ်း​သား​ပေါင်း​ ၁၅၀၀ ​ကျော် ရှိတယ်လို့​ နိုင်ငံ​ရေး​အကျဉ်း​သား​များ​ ကူညီ​စောင့်​ရှောက်​ရေး​အဖွဲ့​ (​အေ​အေပီပီ) က ၂၀၁၁ နှစ်ကုန်ပိုင်း​က ထုတ်ပြန်ထား​ပါတယ်။

Ref: ဒီဗွီဘီ

Read More...

အပေါ်သို့