Thursday, January 5, 2012

နိုင်ငံရေး အကျဉ်းသားကိစ္စ မြန်မာအစိုးရ အလေးအနက်မထားဟု ဝေဖန်

2012-01-04

လွတ်ငြိမ်းချမ်းသာခွင့်အမိန့်မှာ ထင်ရှားတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပါဝင်ခြင်းမရှိတာဟာ နိုင်ငံရေး အကျဉ်းသားကိစ္စကို မြန်မာ အစိုးရက အလေးအနက် မထားဘူးဆိုတာ ပြသရာရောက်နေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်ရေး အထူးကိုယ်စားလှယ်က ပြော ကြားလိုက်ပါတယ်။

လွတ်လပ်ရေးနေ့အချိန်ကာလနဲ့တိုက်ဆိုင်ပြီး ထုတ်ပြန်ကြေညာခဲ့တဲ့ သမ္မတဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်း သာခွင့်အမိန့်အရ လျှော့ရက် နဲ့ လွှတ်ပေးလိုက်တာနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Mr. Tomas Quintana က အခုလို ပြော ကြားလိုက်တာပါ။


နိုင်ငံရေးအကျဉ်းသားတွေကိစ္စမှာ သမ္မတ ဦးသိန်းစိန်က အခုလို ဆုံးဖြတ်လိုက်တာဟာ မြန်မာအစိုးရအနေနဲ့ နိုင်ငံတကာ ဆက်ဆံ ရေးမှာ အဆင်မပြေတာတွေကို ချောမွေ့စေရုံသက်သက် ဆောင်ရွက်ချက်မျိုးသာဖြစ်နေပါတယ်လို့လည်း Mr. Quintana က ပြောသွားပါတယ်။

ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေကို ဆက်လက် ဖမ်းဆီးချုပ်နှောင်ထားတာဟာ နိုင်ငံတကာ လူ့အခွင့်အရေး ပဋိညာဉ် စာချူပ် ဥပဒေတွေမှာပါတဲ့ အခွင့်အရေးတွေကို ဆက်ချိုးဖောက်နေတာပဲဖြစ်တယ်ဆိုတဲ့အချက်ကို မြန်မာအစိုးရအနေနဲ့ နားလည် သဘောပေါက်ပုံမရဘူးလို့လည်း မစ္စတာကင်တားနားက ပြောပါတယ်။

Ref: အာရ်အဖ်အေ

0 comments:

အပေါ်သို့