Tuesday, January 3, 2012

နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး မိသားစုတွေမျှော်လင့်

2012-01-01

လာမယ့် ဇန်နဝါရီလ ၄ ရက်၊ လွတ်လပ်ရေးနေ့မှာ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွတ်လာမယ် ဆိုတဲ့သတင်းတွေ ထွက်ပေါ် နေတဲ့ အတွက် နိုင်ငံရေး အကျဉ်းသားတွေရဲ့ မိသားစုဝင် တချို့ ဆိုင်ရာအကျဉ်းထောင်တွေကို ကြိုတင် သွားရောက် စောင့်ဆိုင်း ဖို့ ထွက် ခွာသွားခဲ့ကြပါတယ်။

နယ်ဝေး အကျဉ်းထောင်တွေဆီ အပို့ခံထားရတဲ့ နိုင်ငံရေး အကျဉ်းသား တွေရဲ့ မိသားစုဝင်တချို့ ဒီကနေ့ မနက်က ထောင်တွေ ဆီ ထွက်ခွာ သွားခဲ့ကြတယ်လို့ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့ဝင် ကိုကိုကြီး (စမ်းချောင်း) က ပြောပါတယ်။

“မျှော်လင့်လို့ပေါ့ဗျာ။ ၃ ရက်နေ့ ကြေညာမယ်၊ ၄ ရက်နေ့ လွှတ်မယ် လို့ ကြားနေရတာကိုး။ ကျနော် သိသလောက် အတော် များများ သွားကြ တယ်။ ဒီနေ့မနက်က ဆိုရင် ပူတာအို ဗျာ။ ကျနော် လေယာဉ်ကွင်း လိုက်ပို့လိုက်တာ။ မနက်ဖြန် ကျောက်ဖြူ သွားကြမယ့်သူတွေ ရှိတယ်”

လာမယ့် ဇန်နဝါရီလ ၄ ရက်နေ့မှာ နောက်ထပ် အကျဉ်းသားတွေ လွှတ်ပေးဖို့ ရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေရာမှာ ၈၈ ကျောင်းသားခေါင်းဆောင် တချို့လည်း ပါလိမ့်မယ်လို့ မျှော်လင့်နေ ကြပါတယ်။ ဒါပေမယ့် ၈၈ ကျောင်းသားခေါင်းဆောင် တွေထဲ က သရက်အကျဉ်းထောင်မှာ ရှိနေတဲ့ ကိုမင်းကိုနိုင်နဲ့ မိုင်းဆတ် အကျဉ်းထောင်မှာ ရှိနေတဲ့ ကိုကိုကြီး တို့ရဲ့ မိသားစုတွေကတော့ အိမ်မှာပဲ ရှိနေကြကြောင်း ကိုကိုကြီး (စမ်းချောင်း) က ပြောပါတယ်။

Ref: အာရ်အဖ်အေ

0 comments:

အပေါ်သို့