Tuesday, January 3, 2012

ဓါတ်ဆီဈေး ပြောင်းလဲ သတ်မှတ်

03 January 2012

ပြီးခဲ့သည့်နှစ်ဆန်း (၁) ရက်နေ့မှ စပြီး၊ ရန်ကုန်မြို့၌ ရောင်းချနေတဲ့ ဓာတ်ဆီဈေးနှုန်းကို ၃၀% ကျော် တိုးမြှင့်လိုက်ပါသည်။ ဓာတ်ဆီ တစ်ဂါလံကို မူလက ၂,၅၀၀ ကျပ်နှုန်းဖြင့် ရောင်းချနေရာမှ ၃,၃၅၀ ကျပ်နှုန်းနှင့် အစိုးရပိုင် ဆိုင်များမှာ စတင် ရောင်းချနေခြင်း ဖြစ်သည်ဟု ယာဉ်ပိုင်ရှင် များက ပြောပါသည်။

“ ရုတ်တရက် သိခဲ့ကြရတာပါ။ သဘာဝဓာတ်ငွေ့ (CNG) နဲ့ ဒီဇယ်ဈေးနှုန်းတွေကတော့ အပြောင်းအလဲ မရှိခဲ့ပါဘူး။ အစိုးရနဲ့  ပါတ်သက်တာမှန်သမျှ တဖြည်းဖြည်းဈေးနှုန်းတွေ ပြင်ဆင် သတ်မှတ်နေတာ သတိထားမိပါတယ်။ သဘောကအရှူံးခံပြီး အစိုးရ က မထိမ်းထားတော့ ဘူးလေ၊ ပြီးတော့ ပုဂ္ဂလိက လက်ကို လွှဲနေတယ်ဆိုတော့ ချက်ချင်း မဟုတ်ပေမဲ့ တဖြည်းဖြည်းနဲ့ ဈေး နှုန်းတွေ ပြင်ဆင်နေတာဖြစ်မယ်ဟု “ ယာဉ်ပိုင်ရှင်တဦးက ပြောပါသည်။

လွန်ခဲ့သည့် ၂၀၁၀ ကစပြီး အစိုးရက ဓာတ်ဆီဆိုင်များကို ပုဂ္ဂလိက လုပ်ငန်းရှင်များကိုပါ စတင်လုပ်ကိုင်ခွင့် ပြုခဲ့သော် လည်း ဈေးနှုန်းနဲ့ ဖြန့်ဖြူးမှုများကိုမူ ဆက်လက် ထိန်းချုပ်ထားပါသည်။ ယာဉ်တစ်စီးအတွက် တစ်နေ့ကို ဓာတ်ဆီ ၂ ဂါလံ နှုန်းသာ ဖြည့်ခွင့် ပြုထားသည့် အတွက် ပြင်ပမှောင်ခို ဓာတ်ဆီဈေးကွက်လည်း ဆက်လက်ရှိနေခဲ့ပါသည်။

လောင်စာဆီဈေးနှုန်း တက်လျှင် ကုန်ဈေးနှုန်းတက်မှာမို့ ဆန္ဒပြမှုများ ဖြစ်ပေါ်နိုင်သည့် အတွက် အစိုးရသည် သတိထားပြီး ထိမ်းထိမ်း သိမ်းသိမ်းနှင့် တဖြည်းဖြည်းချင်း ဈေးကွက်နှင့် အပြိုင် ဈေးနှုန်းများ မြှင့်နေကြသည်ဟု ဈေးကွက်စီးပွားရေးသမား များက သုံးသပ်နေပါသည်။ မကြာခင်တုန်းကလည်း လျှပ်စစ်မီတာခများ မြှင့်တင်မည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ယနေ့အချိန်ထိ မမြင့်သေးဟု သိရပါသည်။

Ref: ရွှေဟင်္သာ

0 comments:

အပေါ်သို့